Summer Night

By AyeThu2

9.3K 1.1K 30

နွေရဲ့ည... ညရဲ့နွေ More

အမှာစာ- ဖတ်ဖြစ်အောင်ဖတ်ရန်
~၁~
~၃~
~၄~
~၅~
~၆~
~၇~
~၈~
~၉~
~၁၀~
~၁၁~
~၁၂~

~၂~

616 73 0
By AyeThu2

ရန်ကုန် မန္တလေး လေကြောင်းခရီးက သိပ်မကြာပေ၊ လေးဆယ့်ငါးမိနစ်သာသာပင်မရှိလှ၊ သို့သော်လည်း မန္တလေးလေဆိပ်ကနေ ဗန်းမော်လေယာဉ်ကိုပြန်ချိန်းရတာဖြစ်သည့်အတွက် အတော်လေးတော့ ကသီကလင်နိုင်ပါသည်။ နာရီဝက်လောက်ပဲအချိန်ရသည်မို့ အိတ်တွေကို မြန်မြန်ရွေးပြီး စီးရမည့် လေယာဉ်ကိုမြန်မြန်သွားရ၏။ အရာရာကို အေးအေးဆေးဆေးလုပ်တတ်သော ညအဖို့တော့ နည်းနည်းတော့ကသိကအောက်နိုင်လှ၏။ သို့သော်လည်း နွေဟာတော့ တည်တည်ငြိမ်ငြိမ်အေးအေးဆေးဆေးပင် ခြေလှမ်းတွေကလည်း ညလိုခပ်သွက်သွက်မဟုတ်ဘဲ ပုံမှန်အတိုင်းတည်ငြိမ်လှ၏။

ရန်ကုန်လေဆိပ်ကစထွက်ကတည်းက ညတို့နှစ်ယောက်စကားမပြောဖြစ်ခဲ့ကြပေ၊ ဘာအကြောင်းအရာကို စပြီးပြောရမလဲဟု ညစဉ်းစားနေသော်လည်း လေယာဉ်ပေါ်တက်ကတည်းက နွေကမျက်လုံးတွေကိုမှိတ်ချကာ အနားယူလို့နေသည်။ ညလည်း မနှောက်ယှက်ချင်၍ ပြတင်းပေါက်ကနေ တိမ်ဆိုင်တွေကိုငေးရင်းသာလိုက်ပါလာခဲ့၏။

ဗန်းမော်မြို့ကိုစီးရမည့်လေယာဉ်ပေါ်ရောက်မှ ထိုင်ခုံပေါ်ထိုင်လိုက်ရင်း ခပ်တိုးတိုးညည်းလိုက်မိ၏။

"လူကိုမှပျာယာခတ်သွားတာပဲ"

"ကိစ္စမရှိပါဘူး မမီလည်း အနီးနားမှာ ဟိုတယ်တွေရှိတာပဲ နောက်နေ့မှသွားလည်းရပါတယ်"

ည၏နှုတ်ခမ်းတွေကော့ညွှတ်သွားကာ သွားတန်းတွေပေါ်အောင်ရယ်ပြလိုက်ပြီး

"ပိုက်ဆံကုန်မှာပေါ့ လေယာဉ်လက်မှတ်ခတွေကစျေးကြီးတယ်လေ"

"လူကပိုအရေးကြီးပါတယ်"

ည မအောင့်အီးနိုင်တော့ဘဲ ထပ်မံပြုံးလိုက်မိပြန်၏။ တကယ်ကို နွေဆိုသည့်အမျိုးသမီးဟာ စိတ်ဝင်စားစရာကောင်းလှ၏။ ည၏ ရင်ခုန်သံတွေ တဖြည်းဖြည်း ပိုပိုမြန်လာပြန်သည်။
ညတို့စကားပြောနေစဉ်မှာပဲ လေယာဉ်ကစတင်ပြေးတော့ နွေဟာမျက်ဝန်းတွေကို ထပ်မံမှိတ်ချလိုက်ပြန်၏။

နွေ၏ပုံစံဟာ အရမ်းတည်ငြိမ်နေသော်လည်း ပင်ပန်းနေလေသလား၊
စောင်းငဲ့ကြည့်လိုက်တော့ ခေါင်းကိုတည့်မတ်နေအောင်ထားထားသည့်အတွက် မေးရိုးသွယ်သွယ်၊နှာတံသွယ်သွယ်နှင့် ကပိုကရို ကျဆင်းနေသည့်ဆံနွယ်တွေကိုတွေ့ရသည်။ နီးကပ်နေသည့်အနေအထားမှာ ရေမွှေးရနံ့အပြင်ရှန်ပူရနံ့ကိုလည်း ရပြန်၏။ လည်တိုင်မှာ ထင်းနေသည့် မှဲ့နက်သေးသေးလေးကိုလည်းတွေ့ရပြန်သည်။ အနီးကပ်တွေ့လေ နွေရဲ့အသားအရည်ဟာ ကြည်လင်ကာ နူးညံ့နေမည်ဆိုကာ ခံစားလို့ရနေသလိုပင်၊ ည တံတွေးမျိုချလိုက်ရင်း မျက်နှာကို ပြတင်းပေါက်ဆီသို့သာလွှဲလိုက်မိပြန်၏။

ဗန်းမော်လေဆိပ်ကိုရောက်တော့ နေ့လယ်ရောက်လုပြီဖြစ်၏၊ ဗန်းမော်လေဆိပ်ကတော့ မန္တလေးမှာလို လူသိပ်မများလှပေ၊ အိတ်တွေရွေးပြီးလေဆိပ်ထွက်ထွက်ချင်း အငှါးယာဉ်များစွာခေါ်နေသော်လည်း ညကတော့ခေါင်းယမ်းကာ နွေနောက်ကိုကပ်လိုက်နေ၏။ နောက်တော့ နွေနှင့်အသိဖြစ်ဟန်တူသော ဦးလေးတစ်ယောက်ရောက်လာကာ ညတို့အိတ်တွေကိုဆွဲယူပြီး ကားဆီသယ်သွားပေးလေသည်။

ဗန်းမော်၏ရာသီဥတုကလည်း ပူတော့ပူတာပင်၊ သို့သော် သူ၏ပူပုံပူနည်းက မြန်မာပြည်အောက်ပိုင်းနှင့်ကွာခြားလှ၏။ ဘယ်လိုဆိုတာကို ညသေချာမပြောတတ်သော်လည်း ကွာတော့ကွာလေသည်။

ကားက ညတို့ကို ယနေ့ညတည်းမည့် ဟိုတယ်ကိုခေါ်သွားပေးသည်။ ညတွင် လမ်းတွေကိုတော်ရုံမမှတ်မိသည့် အကျင့်ရှိတာကြောင့် ငေးကြည့်နေမိသော်လည်း ခဏနေရောက်ရင်မေ့သွားမည်မှာ အသေအချာပင်။

တည်းမည့်နေရာက ဆိပ်ကပ်မှာရှိသော တည်းခိုခန်းတစ်ခုပင်ဖြစ်၏၊ တည်းခိုခန်း၏အရှေ့မျက်နှာစာဟာ ကမ်းနားလမ်းဖြစ်ပြီး ကပ်လျက်ကတော့ မြစ်ဆိပ်ပင်၊ မြစ်ဆိပ်တွင်တော့ သင်္ဘော အကြီးတွေကိုမတွေ့ရဘဲ သင်္ဘောငယ်တွေတော့ တွေ့ရ၏။ စက်လှေတွေနှင့် လှေတွေကတော့ အစီအရီကပ်ထားသလို စျေးသည်တွေလည်းများပြားလှသည်။

တည်းခိုခန်းအသေးစားဆိုတော့ ဟိုတယ်တွေလိုတော့မဟုတ်ပေ၊ အခန်းကအတော်လေးကျဉ်းသော်လည်း သပ်ရပ်သန့်ရှင်းကာအဆင်ပြေပါသည်။ ခရီးဆောင်အိတ်တွေကိုချကာ ကုတင်ပေါ်ကိုပစ်လှဲလိုက်မိတော့ နွေကညကို ကြည့်လာ၏။

"ဗိုက်ဆာလား နွေ၊ ညတော့ ဗိုက်ဆာသလိုလိုပဲ"

"ဒီနားမှာ မျှစ်ချဉ်ခေါက်ဆွဲကောင်းတယ်ပြောတယ် သွားစားကြမလား"

"အိုခေ ဒေသစာဆိုတော့မြည်းကြည့်ရမယ်"

နှစ်ယောက်လုံးအဝတ်အစားတောင်မလဲတော့ဘဲ တည်းခိုခန်းနှင့်မလှမ်းမကမ်းတွင်ရှိသော ခေါက်ဆွဲဆိုင်ကိုသွားကြသည်။ လမ်းလျှောက်ရင်းပင် ဗန်းမော်ကိုရောက်ပြီဖြစ်ကြောင်း တီတီလေးကိုမက်ဆေ့ပို့လိုက်၏။

ခေါက်ဆွဲကတကယ်ကို မြစ်ကမ်းဘေးမှာရောင်းချသော လမ်းဘေးဆိုင်ကလေးပင်၊ စားပွဲဝိုင်းလည်းမရှိသလို သူရောင်းချနေသည့် စားပွဲမှာပဲခုံရှည်လုပ်ထားတော့ အဲ့ဒီခုံမှာပဲထိုင်ကာစားရ၏။ အထက်ပိုင်းဒေသ၏အစားအစာဖြစ်သော ဆန်ခေါက်ဆွဲကတော့ မပါမဖြစ်ပင်၊ ခေါက်ဆွဲရေဖျော်၊ မျှစ်ချဉ်ခေါက်ဆွဲ၊ ရေစိမ်၊ ခေါက်ဆွဲအပြားသုတ်၊ ရေစိမ်သုပ်နှင့် မိုးတားမုန့်တီပါရ၏။

ကချင်ပြည်နယ်ဘက်ကိုမရောက်ဖူးသေးသည့် ညအတွက်အစစအရာရာဟာ အသစ်အဆန်းဖြစ်ကာ စိတ်ဝင်စားဖို့ကောင်းနေ၏။

"မျှစ်ချဉ်ခေါက်ဆွဲစားရမလား မိုးတားမုန့်တီစားရမလား နွေရော ဘာစားမလဲ တစ်ယောက်တစ်ခုမှာပြီး လှယ်စားကြမလား"

"နှစ်ခုစလုံးစားချင်ရင် နှစ်ခုမှာလိုက်"

"မကုန်ရင်ရော အစားအသောက်ဆိုတာ မဖြုန်းတီးရဘူးလေ"

တည်ကြည်နေသည့်နွေ့မျက်နှာကို တည့်တည့်ကြည့်ကာ ချစ်စရာကောင်းအောင် ပြုံးလိုက်ရင်း မျက်တောင်တွေကိုပုတ်ခပ်ပုတ်ခပ်လုပ်လိုက်၏။

"အိုခေ သဘော"

ည တိတ်တိတ်လေးကြိတ်ရယ်လိုက်မိ၏။ စမ်းသပ်တာအောင်မြင်သည်ဟုဆိုရမလားပင် နွေ၏ပုံစံဟာခပ်တည်တည်နေတတ်ပြီး လူတွေနဲ့ကင်းကွာနေသည့်ပုံစံဖြစ်သော်လည်း တကယ်တမ်းကြတော့ အပြင်ပုံစံလိုဟုတ်ပုံမရပေ။

"ဒါဆို ညက မိုးတားမုန့်တီ နွေကမျှစ်ချဉ်ခေါက်ဆွဲ"

မိုးတားမုန့်တီကတော့ မုန့်တီကိုပဲမှုန့်၊ ငရုတ်သီးစိမ်းထောင်း၊ ဆီချက်နှင့် ငါးဟင်းရည်လေးလောင်းပြီးစားရတာပင်၊ ဆီချက်နံ့သင်းသင်း ငါးဟင်းရည်ရနံ့မွှေးမွှေးနှင့် တကယ်စားလို့ကောင်း၏။ ငါးဖယ်ကြော်လည်းကိုယ်စားချင်ရင်ထည့်ခိုင်းလို့ရ၏။ နွေရဲ့မျှစ်ချဉ်ခေါက်ဆွဲကလည်း ငါးဟင်းရည်၊ ဆန်စီးခေါက်ဆွဲ၊ မျှစ်ချဉ်နှင့် မုန့်ညှင်းချဉ်အစိုကိုပါထည့်ပေးထားကာ အရသာရှိလှသည်။ တခြားသောမြို့တွေမှာစားဖူးသော်လည်း ဒေသလက်ရာနှင့်ကတကယ်ကွာခြား၏။ မြစ်ငါးဟင်းရည်နှင့် မျှစ်ချဉ် မုန့်ညှင်းချဉ်ကပင် ခေါက်ဆွဲ၏အသက်ဖြစ်လိမ့်မည်။

တည်းခိုခန်းကိုပြန်ရောက်တော့ ကုတင်ပေါ်မှာတစ်ချက်လှဲရင်း နွေ့ဘက်ကိုကြည့်လိုက်မိသည်။

"ရေအရင်ချိုးမလား"

"ဟင့်အင်း ညအိပ်ခါနီးမှချိုးတော့မယ် မနက်ကရေချိုးလာသေးတယ်"

"အိုခေ ဒါဆို ရေချိုးလိုက်ဦးမယ်"

နွေ ရေချိုးခန်းထဲဝင်သွားတော့ ဘာရယ်မဟုတ် မျက်နှာကျက်ကပန်ကာလည်နေတာကို ကြည့်ရင်းကြည့်ရင်းနှင့်တဖြည်းဖြည်းအိပ်ပျော်သွားတော့၏။

-------

ရေပန်းကတဖြည်းဖြည်းကျဆင်းလာသောရေသည် အေးစက်ကာ လန်းဆန်းသွားစေသည်။ မြစ်ရေကို ယခုမှတင်ထားတာကြောင့်ဖြစ်နိုင်၏။ တစ်ညလုံးနီးပါး အနားမယူရသေးတာကြောင့် လေယာဉ်ပေါ်မှာ အိပ်ငိုက်လာတာဟာ ရေချိုးလိုက်မှ အိပ်ချင်စိတ်ပျောက်သွား၏။

နွေ ရေချိုးခန်းကထွက်လာတော့ ညသည် ကုတင်ပေါ်တွင်နှစ်ခြိုက်စွာအိပ်ပျော်နေပြီဖြစ်၏။ နွေဟာ ကလေးဆန်ဆန်အပြစ်ကင်းစွာ ငယ်ရွယ်မှုအပြည့်မျက်နှာရှိသောညကိုတစ်ချက်ကြည့်လိုက်ပြီး အခန်းဝရံတာကိုထွက်ခဲ့တော့ လေထုပူပူက ရိုက်ခတ်လာသည်။ သို့သော်လည်း ခေါင်းလျှော်ထား၍လားမပြောတတ် ပူသည်ဟုသိပ်မခံစားရပေ။ နေ့လယ်မွန်းတည့်ချိန်ကျော်နေပြီဆိုတော့ ဆိပ်ခံဘက်မှာဆိပ်ကမ်း အလုပ်သမားတွေ ထမင်းစားနေကြပြီဖြစ်သလို အနီးအနားကဆိုင်တွေမှာလည်း စည်ကားလို့နေသည်။ အစုန်အဆန်လှေခတ်ကာ ကွန်ပစ်နေသောလှေတသ်စီးနှစ်စီးကိုလည်းတွေ့ရသလို ရေကျချိန်ဖြစ်၍ မြစ်လယ်မှာသောင်ထွန်းနေတာကိုလည်းတွေ့ရပြန်၏။

ဒီလိုမြင်ကွင်းမျိုးတွေကို မမြင်တွေ့ရတာ ဘယ်လောက်တောင်ကြာခဲ့ပါလိမ့်၊ နွေ အတိအကျမမှတ်မိတော့ပေ၊ သို့သော် မှတ်ဉာဏ်အစိတ်အပိုင်းတွေမှာတော့ ဒါမြင်ကွင်းတွေကိုမြင်ဖူးပြီးသားဆိုတာ အလိုလိုမှတ်သားထား၏။ ငေးမောမိနေရင်း ဘောင်းဘီအိတ်ကပ်ထဲကိုစမ်းမိတော့ စီးကရက်ဘူးကို ကိုင်မိ၏။ စီးကရက်တစ်လိပ်ကိုထုတ်လိုက်သော်လည်း မသောက်ဘဲ လက်ထဲမှာပင်ညှပ်ထားမိပြန်သည်။

နွေဘာကြောင့်များ ဒီခရီးကိုလာဖို့ရွေးခဲ့သလဲ ကိုယ့်ဘာသာလည်းအဖြေရှာမရ၊ ဒင်္ဂတလွတ်မြောက်မှုအတွက်လား၊ တစ်စုံတစ်ရာကိုရှာဖွေအတွက်လား၊

ကောင်းကင်ကိုမော့ကြည့်မိတော့ နေကပူပြင်းသော်လည်း ကောင်းကင်ကတော့ပြာလွင်နေ၏၊ တခဏလေးတိတ်ဆိတ်နေမိရင်း သက်ပြင်းငွေ့ငွေ့ချကာ အခန်းထဲကိုပြန်ဝင်လာတော့ ကုတင်ပေါ်က ညဟာ ပန်ကာလေအေးကြောင့်လားမပြောတတ် ကွေးကွေးလေးအိပ်နေ၏။ ခြေရင်းကစောင်ကို ဆွဲယူပြီးလွှမ်းခြုံပေးလိုက်ကာ နွေလည်းအနားယူဖို့ ကုတင်ပေါ်လှဲချလိုက်သည်၊ စိတ်ထဲတွင်စဉ်းစားစရာတွေများပြားသော်လည်း ပင်ပန်းနေသည့် ခန္ဓာကိုယ်ကမလိုက်နိုင်သည်ထင် ခဏလေးအတွင်းအိပ်မောကျသွားခဲ့၏။

~~~~~~~

ည အိပ်ရာကနိုးလာတော့ ညနေစောင်းနေပြီဖြစ်၏၊ ခန္ဓာကိုယ်ပေါ်တွင်ခြုံထားသော စောင်မှာ ညကိုတစ်ယောက်ယောက်ကခြုံပေးထားဟန်ရှိ၏၊ အေးလာပေမဲ့ အရမ်းအိပ်ချင်နေတာကြောင့် စောင်ကိုထမခြုံတာကို ညသေချာမှတ်မိနေတယ်လေ။ ကျေကျေနပ်နပ်ပြုံးလိုက်ကာ ဘေးကိုငဲ့ကြည့်လိုက်တော့ နွေဟာလည်းနှစ်ခြိုက်စွာအိပ်မောကျနေ၏။ ကုတင်ပေါ်က အသာလေးထကာထိုင်လိုက်ရင်း လက်တစ်ကမ်းစာတောင်မရှိလှသည့် တစ်ဖက်ကုတင်က နွေကိုနိုးသွားမလားစိုးရိမ်စိတ်ဖြင့်ထပ်မံကြည့်လိုက်မိပြန်၏။

ခေါင်းလျှော်ထားဟန်ရှိသေးဆံနွယ်တွေက ပန်းကလေးတွေကြွေကျကာမြေပြင်ကိုလွှမ်းခြုံထားသလိုမျိုး ခေါင်းအုံးဖြူဖြူထက်တွင် ဖြန့်ကျက်လှက်။ လည်တိုင်သွယ်သွယ်က မှဲ့နက်နက်လေးကို ထပ်မံမြင်ရသလို နီရဲရဲနားရွက်ဖျားတွေဟာ ဖိအားထားဟန်ရှိ၏။ မျက်တောင်ရှည်တွေဟာယှက်လျက်ရှိပြီး ကြည်လင်နေသော အသားအရည်ဟာ ခပ်မှောင်မှောင်အခန်းတွင်းမှာတောင် တောက်ပလို့နေ၏။

နွေဟာ တကယ်ကိုကြည့်ကောင်းလှ၏။
ချောမောပြေပြစ်ကာရှုမြင်သူတိုင်းငေးကြည့် ရလောက်သည်မဟုတ်သည့်တိုင် နွေကို တစ်ဖန်လည်ပြန်တော့ကြည့်မိမည်သာ။ သို့သော် နွေဟာ တည်လွန်း၏၊ အပြုံးအရယ်နည်းလှစွာ တစ်နေကုန်နီးပါးရှိနေခဲ့ညသည် နွေပြုံးသည်ကိုမမြင်ခဲ့ပေ၊ အေးစက်နေသည်မဟုတ်ခဲ့သော်လည်း နွေ၏တည်ကြည်မှုဟာ အဓိပ္ပာယ်ကောက်ရခက်လွန်းသည်၊ တည်ငြိမ်နေသောမျက်ဝန်းတံခါးပေါက်တွေကအစ ခန့်မှန်းရခက်လွန်း၏။ လူတွေကိုသူတို့စကား၊ အပြုအမူတွေနှင့် မျက်နှာထား၊ မျက်ဝန်းတွေကနေတစ်ဆင့် ခန့်မှန်းရတာကို ည နှစ်သက်သလို ထိုနေရာမှာ ညဟာအတော်လေးတော်သည်ဟုဆိုရပေမည်။ နွေဟာတော့ တစ်နေကုန်နီးပါးရှိခဲ့သည့်တိုင် ညအတွက် ခန့်မှန်းရခက်လွန်း၏။

ဖျတ်ခနဲပွင့်လာသော မျက်ဝန်းတွေကိုမြင်တော့ ညအစွမ်းကုန်ပြုံးလိုက်ကာ

"နိုးလာပြီလား"

"အင်း"

အနည်းငယ်နီရဲနေသော မျက်ဝန်းတွေကို ခဏမှိတ်ချလိုက်ပြီး ည၏အမေးကိုပြန်ဖြေပေး၏။

"ညစာဘာစားကြမလဲ"

"ကားသမားဦးလေးကိုမှာထားတာ ကချင်ဟင်းတွေ စားတတ်ရဲ့လား"

"ည မစားတာသိပ်မရှိဘူး သွားတိုက်ဆေးအရသာ Mint chocolate ကလွဲရင်ပေါ့"

ည၏စနောက်သည့်စကားကို နွေကကြောင်သွားသည့်ဟန်၊ ပြီးမှ သဘောပေါက်သွားသည့်အလားခေါင်းငုံ့သွား၏။
သူတို့သိပ်ပြီးမစောင့်လိုက်ရ ကားသမားဦးလေးက ငါးဆင့်ချိုင့်ကြီးနှင့် ထမင်းလာပို့တော့သည်။ ငါးမျှစ်ချဉ်ဟင်း၊ ကချင်ဆိတ်ထောင်း၊ မြင်းခွါရွက်သုပ်နှင့် အမဲသားစင်းကောက တကယ်ကိုထမင်းမြိန်စေ၏။

ညနေစောင်းနေဝင်သွားတော့ မြစ်ကမ်းမှာ လမ်းလျှောက်ကြသည့်သူတွေအတော်များလာသလို ကမ်းကပ်ထားသည့် စက်လှေအသေးလေးတွေနှင့် လှေသဗ္ဗာန်တွေလည်းနေ့ခင်းထက်ပိုမိုများပြားလာသည်။ သင်္ကြန်အငွေ့အသက်တွေလည်းရသလို သင်္ကြန်သီချင်းသံဟာလည်း ပျံ့လွင့်နေ၏။

[ကချင်ခေါင်ရည်စစ်စစ်ရသည်]

ကမ်းနားကဆိုင်လေးမှာ ချိတ်ထားသော ထိုဆိုင်းပုဒ်ကိုမြင်တော့ ည စိတ်ဝင်တစားကြည့်လိုက်မိ၏။

"နွေ ခေါင်ရည်သောက်ချင်လား"

"သောက်ချင်လို့လား"

"မြည်းကြည့်ချင်တယ်"

"အင်း"

နွေက သိပ်ချစ်စရာကောင်းသည်ပင်၊ ညပြောသမျှကို မငြင်းပယ်ခဲ့။ ခေါင်ရည်ဆိုင်ကထည့်ပေးလိုက်သည့် ဝါးကျည်ထောက်နှင့်ဘူးရယ်စုပ်သောက်ဖို့ပိုက်ရယ်ကိုကြည့်ကာ ည သဘောကျနေမိ၏။
သောက်ကြည့်လိုက်တော့ ဖောက်ထားခါစမို့ထင်သည် အရမ်းမခါးသလို အချဉ်ဓာတ်အနည်းငယ်ရသည်။

"မဆိုးဘူးပဲ နွေ သောက်ကြည့်"

"အင်း မဆိုးပါဘူး"

နွေ၏အမူအယာဟာ တစ်ချက်လေးတောင်ပျက်မသွား၊ ည တစ်ချက်ကြည့်လိုက်ကာ

"နွေ ဘာလို့ဒီခရီးကိုထွက်ခဲ့တာလဲ"

ည၏မေးခွန်းကြောင့် နွေဟာတစ်ချက်ငြိမ်ကျသွား၏၊

"အဲ့ဒီမေးခွန်းကို ကိုယ့်ဘာသာပြန်မေးနေတုန်းပဲ"

နွေ၏အဖြေဟာ ညအတွက်မထင်မှတ်စရာပင်၊ တည်ငြိမ်လွန်းသည့်နွေဟာ အဖြေထုတ်မရသည့်ကိစ္စတစ်ခုကို ရင်ဆိုင်နေရဟန်ရှိ၏။

"အိုခေ ည မမေးတော့ဘူး ဘယ်လိုပဲဖြစ်ဖြစ် ခရီးတစ်ခုကိုထွက်လာတယ်ဆိုကတည်းက စိတ်အပန်းပြေချင်လို့မလား ညတို့တစ်ခဏလောက် လွတ်မြောက်ကြည့်ကြရအောင်"

ဒီတစ်ခါမှာတော့ တည်ငြိမ်လွန်းသည့် နွေ၏မျက်ဝန်းတွေဟာ တစ်ချက်လှုပ်ရှားသွားကို ည တွေ့ဖြစ်အောင်တွေ့လိုက်ရ၏။ ည ပြုံးလိုက်ကာ နွေရဲ့သွယ်လျသောလက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်၏။

"ဆိုင်ကယ်တွေအရမ်းပေါတာပဲ ည ကြောက်လို့ကိုင်ထားလို့ရတယ်မလား"

နွေဟာ စကားမဆိုလာ၊ တစ်ဖက်သို့ငဲ့စောင်းသွားသော်လည်း လက်တွေကိုရုန်းမထွက်ခဲ့၊ ဆံညှပ်ဖြင့်အပြောင်သိမ်းထားသော ဆံနွယ်တွေအောက်က နားရွက်ဖျားတွေက ခေါင်ရည်အရှိန်ကြောင့်လားမပြောတတ် နီရဲနေတာကိုတော့ ည တွေ့ဖြစ်အောင်တွေ့လိုက်ရ၏။

27.3.2023

Zawgyi >>>

ရန္ကုန္ မႏၲေလး ေလေၾကာင္းခရီးက သိပ္မၾကာေပ၊ ေလးဆယ့္ငါးမိနစ္သာသာပင္မရွိလွ၊ သို႔ေသာ္လည္း မႏၲေလးေလဆိပ္ကေန ဗန္းေမာ္ေလယာဥ္ကိုျပန္ခ်ိန္းရတာျဖစ္သည့္အတြက္ အေတာ္ေလးေတာ့ ကသီကလင္နိုင္ပါသည္။ နာရီဝက္ေလာက္ပဲအခ်ိန္ရသည္မို႔ အိတ္ေတြကို ျမန္ျမန္ေ႐ြးၿပီး စီးရမည့္ ေလယာဥ္ကိုျမန္ျမန္သြားရ၏။ အရာရာကို ေအးေအးေဆးေဆးလုပ္တတ္ေသာ ညအဖို႔ေတာ့ နည္းနည္းေတာ့ကသိကေအာက္နိုင္လွ၏။ သို႔ေသာ္လည္း ေႏြဟာေတာ့ တည္တည္ၿငိမ္ၿငိမ္ေအးေအးေဆးေဆးပင္ ေျခလွမ္းေတြကလည္း ညလိုခပ္သြက္သြက္မဟုတ္ဘဲ ပုံမွန္အတိုင္းတည္ၿငိမ္လွ၏။

ရန္ကုန္ေလဆိပ္ကစထြက္ကတည္းက ညတို႔ႏွစ္ေယာက္စကားမေျပာျဖစ္ခဲ့ၾကေပ၊ ဘာအေၾကာင္းအရာကို စၿပီးေျပာရမလဲဟု ညစဥ္းစားေနေသာ္လည္း ေလယာဥ္ေပၚတက္ကတည္းက ေႏြကမ်က္လုံးေတြကိုမွိတ္ခ်ကာ အနားယူလို႔ေနသည္။ ညလည္း မေႏွာက္ယွက္ခ်င္၍ ျပတင္းေပါက္ကေန တိမ္ဆိုင္ေတြကိုေငးရင္းသာလိုက္ပါလာခဲ့၏။

ဗန္းေမာ္ၿမိဳ႕ကိုစီးရမည့္ေလယာဥ္ေပၚေရာက္မွ ထိုင္ခုံေပၚထိုင္လိုက္ရင္း ခပ္တိုးတိုးညည္းလိုက္မိ၏။

"လူကိုမွပ်ာယာခတ္သြားတာပဲ"

"ကိစၥမရွိပါဘူး မမီလည္း အနီးနားမွာ ဟိုတယ္ေတြရွိတာပဲ ေနာက္ေန႕မွသြားလည္းရပါတယ္"

ည၏ႏႈတ္ခမ္းေတြေကာ့ၫႊတ္သြားကာ သြားတန္းေတြေပၚေအာင္ရယ္ျပလိုက္ၿပီး

"ပိုက္ဆံကုန္မွာေပါ့ ေလယာဥ္လက္မွတ္ခေတြကေစ်းႀကီးတယ္ေလ"

"လူကပိုအေရးႀကီးပါတယ္"

ည မေအာင့္အီးနိုင္ေတာ့ဘဲ ထပ္မံၿပဳံးလိုက္မိျပန္၏။ တကယ္ကို ေႏြဆိုသည့္အမ်ိဳးသမီးဟာ စိတ္ဝင္စားစရာေကာင္းလွ၏။ ည၏ ရင္ခုန္သံေတြ တျဖည္းျဖည္း ပိုပိုျမန္လာျပန္သည္။
ညတို႔စကားေျပာေနစဥ္မွာပဲ ေလယာဥ္ကစတင္ေျပးေတာ့ ေႏြဟာမ်က္ဝန္းေတြကို ထပ္မံမွိတ္ခ်လိဳက္ျပန္၏။

ေႏြ၏ပုံစံဟာ အရမ္းတည္ၿငိမ္ေနေသာ္လည္း ပင္ပန္းေနေလသလား၊
ေစာင္းငဲ့ၾကည့္လိုက္ေတာ့ ေခါင္းကိုတည့္မတ္ေနေအာင္ထားထားသည့္အတြက္ ေမးရိုးသြယ္သြယ္၊ႏွာတံသြယ္သြယ္ႏွင့္ ကပိုကရို က်ဆင္းေနသည့္ဆံႏြယ္ေတြကိုေတြ႕ရသည္။ နီးကပ္ေနသည့္အေနအထားမွာ ေရေမႊးရနံ႕အျပင္ရွန္ပူရနံ႕ကိုလည္း ရျပန္၏။ လည္တိုင္မွာ ထင္းေနသည့္ မွဲ႕နက္ေသးေသးေလးကိုလည္းေတြ႕ရျပန္သည္။ အနီးကပ္ေတြ႕ေလ ေႏြရဲ႕အသားအရည္ဟာ ၾကည္လင္ကာ ႏူးညံ့ေနမည္ဆိုကာ ခံစားလို႔ရေနသလိုပင္၊ ည တံေတြးမ်ိဳခ်လိဳက္ရင္း မ်က္ႏွာကို ျပတင္းေပါက္ဆီသို႔သာလႊဲလိုက္မိျပန္၏။

ဗန္းေမာ္ေလဆိပ္ကိုေရာက္ေတာ့ ေန႕လယ္ေရာက္လုၿပီျဖစ္၏၊ ဗန္းေမာ္ေလဆိပ္ကေတာ့ မႏၲေလးမွာလို လူသိပ္မမ်ားလွေပ၊ အိတ္ေတြေ႐ြးၿပီးေလဆိပ္ထြက္ထြက္ခ်င္း အငွါးယာဥ္မ်ားစြာေခၚေနေသာ္လည္း ညကေတာ့ေခါင္းယမ္းကာ ေႏြေနာက္ကိုကပ္လိုက္ေန၏။ ေနာက္ေတာ့ ေႏြႏွင့္အသိျဖစ္ဟန္တူေသာ ဦးေလးတစ္ေယာက္ေရာက္လာကာ ညတို႔အိတ္ေတြကိုဆြဲယူၿပီး ကားဆီသယ္သြားေပးေလသည္။

ဗန္းေမာ္၏ရာသီဥတုကလည္း ပူေတာ့ပူတာပင္၊ သို႔ေသာ္ သူ၏ပူပုံပူနည္းက ျမန္မာျပည္ေအာက္ပိုင္းႏွင့္ကြာျခားလွ၏။ ဘယ္လိုဆိုတာကို ညေသခ်ာမေျပာတတ္ေသာ္လည္း ကြာေတာ့ကြာေလသည္။

ကားက ညတို႔ကို ယေန႕ညတည္းမည့္ ဟိုတယ္ကိုေခၚသြားေပးသည္။ ညတြင္ လမ္းေတြကိုေတာ္႐ုံမမွတ္မိသည့္ အက်င့္ရွိတာေၾကာင့္ ေငးၾကည့္ေနမိေသာ္လည္း ခဏေနေရာက္ရင္ေမ့သြားမည္မွာ အေသအခ်ာပင္။

တည္းမည့္ေနရာက ဆိပ္ကပ္မွာရွိေသာ တည္းခိုခန္းတစ္ခုပင္ျဖစ္၏၊ တည္းခိုခန္း၏အေရွ႕မ်က္ႏွာစာဟာ ကမ္းနားလမ္းျဖစ္ၿပီး ကပ္လ်က္ကေတာ့ ျမစ္ဆိပ္ပင္၊ ျမစ္ဆိပ္တြင္ေတာ့ သေဘၤာ အႀကီးေတြကိုမေတြ႕ရဘဲ သေဘၤာငယ္ေတြေတာ့ ေတြ႕ရ၏။ စက္ေလွေတြႏွင့္ ေလွေတြကေတာ့ အစီအရီကပ္ထားသလို ေစ်းသည္ေတြလည္းမ်ားျပားလွသည္။

တည္းခိုခန္းအေသးစားဆိုေတာ့ ဟိုတယ္ေတြလိုေတာ့မဟုတ္ေပ၊ အခန္းကအေတာ္ေလးက်ဥ္းေသာ္လည္း သပ္ရပ္သန့္ရွင္းကာအဆင္ေျပပါသည္။ ခရီးေဆာင္အိတ္ေတြကိုခ်ကာ ကုတင္ေပၚကိုပစ္လွဲလိုက္မိေတာ့ ေႏြကညကို ၾကည့္လာ၏။

"ဗိုက္ဆာလား ေႏြ၊ ညေတာ့ ဗိုက္ဆာသလိုလိုပဲ"

"ဒီနားမွာ မွ်စ္ခ်ဥ္ေခါက္ဆြဲေကာင္းတယ္ေျပာတယ္ သြားစားၾကမလား"

"အိုေခ ေဒသစာဆိုေတာ့ျမည္းၾကည့္ရမယ္"

ႏွစ္ေယာက္လုံးအဝတ္အစားေတာင္မလဲေတာ့ဘဲ တည္းခိုခန္းႏွင့္မလွမ္းမကမ္းတြင္ရွိေသာ ေခါက္ဆြဲဆိုင္ကိုသြားၾကသည္။ လမ္းေလွ်ာက္ရင္းပင္ ဗန္းေမာ္ကိုေရာက္ၿပီျဖစ္ေၾကာင္း တီတီေလးကိုမက္ေဆ့ပို႔လိုက္၏။

ေခါက္ဆြဲကတကယ္ကို ျမစ္ကမ္းေဘးမွာေရာင္းခ်ေသာ လမ္းေဘးဆိုင္ကေလးပင္၊ စားပြဲဝိုင္းလည္းမရွိသလို သူေရာင္းခ်ေနသည့္ စားပြဲမွာပဲခုံရွည္လုပ္ထားေတာ့ အဲ့ဒီခုံမွာပဲထိုင္ကာစားရ၏။ အထက္ပိုင္းေဒသ၏အစားအစာျဖစ္ေသာ ဆန္ေခါက္ဆြဲကေတာ့ မပါမျဖစ္ပင္၊ ေခါက္ဆြဲေရေဖ်ာ္၊ မွ်စ္ခ်ဥ္ေခါက္ဆြဲ၊ ေရစိမ္၊ ေခါက္ဆြဲအျပားသုတ္၊ ေရစိမ္သုပ္ႏွင့္ မိုးတားမုန့္တီပါရ၏။

ကခ်င္ျပည္နယ္ဘက္ကိုမေရာက္ဖူးေသးသည့္ ညအတြက္အစစအရာရာဟာ အသစ္အဆန္းျဖစ္ကာ စိတ္ဝင္စားဖို႔ေကာင္းေန၏။

"မွ်စ္ခ်ဥ္ေခါက္ဆြဲစားရမလား မိုးတားမုန့္တီစားရမလား ေႏြေရာ ဘာစားမလဲ တစ္ေယာက္တစ္ခုမွာၿပီး လွယ္စားၾကမလား"

"ႏွစ္ခုစလုံးစားခ်င္ရင္ ႏွစ္ခုမွာလိုက္"

"မကုန္ရင္ေရာ အစားအေသာက္ဆိုတာ မျဖဳန္းတီးရဘူးေလ"

တည္ၾကည္ေနသည့္ေႏြ႕မ်က္ႏွာကို တည့္တည့္ၾကည့္ကာ ခ်စ္စရာေကာင္းေအာင္ ၿပဳံးလိုက္ရင္း မ်က္ေတာင္ေတြကိုပုတ္ခပ္ပုတ္ခပ္လုပ္လိုက္၏။

"အိုေခ သေဘာ"

ည တိတ္တိတ္ေလးႀကိတ္ရယ္လိုက္မိ၏။ စမ္းသပ္တာေအာင္ျမင္သည္ဟုဆိုရမလားပင္ ေႏြ၏ပုံစံဟာခပ္တည္တည္ေနတတ္ၿပီး လူေတြနဲ႕ကင္းကြာေနသည့္ပုံစံျဖစ္ေသာ္လည္း တကယ္တမ္းၾကေတာ့ အျပင္ပုံစံလိုဟုတ္ပုံမရေပ။

"ဒါဆို ညက မိုးတားမုန့္တီ ေႏြကမွ်စ္ခ်ဥ္ေခါက္ဆြဲ"

မိုးတားမုန့္တီကေတာ့ မုန့္တီကိုပဲမႈန့္၊ င႐ုတ္သီးစိမ္းေထာင္း၊ ဆီခ်က္ႏွင့္ ငါးဟင္းရည္ေလးေလာင္းၿပီးစားရတာပင္၊ ဆီခ်က္နံ႕သင္းသင္း ငါးဟင္းရည္ရနံ႕ေမႊးေမႊးႏွင့္ တကယ္စားလို႔ေကာင္း၏။ ငါးဖယ္ေၾကာ္လည္းကိုယ္စားခ်င္ရင္ထည့္ခိုင္းလို႔ရ၏။ ေႏြရဲ႕မွ်စ္ခ်ဥ္ေခါက္ဆြဲကလည္း ငါးဟင္းရည္၊ ဆန္စီးေခါက္ဆြဲ၊ မွ်စ္ခ်ဥ္ႏွင့္ မုန့္ညွင္းခ်ဥ္အစိုကိုပါထည့္ေပးထားကာ အရသာရွိလွသည္။ တျခားေသာၿမိဳ႕ေတြမွာစားဖူးေသာ္လည္း ေဒသလက္ရာႏွင့္ကတကယ္ကြာျခား၏။ ျမစ္ငါးဟင္းရည္ႏွင့္ မွ်စ္ခ်ဥ္ မုန့္ညွင္းခ်ဥ္ကပင္ ေခါက္ဆြဲ၏အသက္ျဖစ္လိမ့္မည္။

တည္းခိုခန္းကိုျပန္ေရာက္ေတာ့ ကုတင္ေပၚမွာတစ္ခ်က္လွဲရင္း ေႏြ႕ဘက္ကိုၾကည့္လိုက္မိသည္။

"ေရအရင္ခ်ိဳးမလား"

"ဟင့္အင္း ညအိပ္ခါနီးမွခ်ိဳးေတာ့မယ္ မနက္ကေရခ်ိဳးလာေသးတယ္"

"အိုေခ ဒါဆို ေရခ်ိဳးလိုက္ဦးမယ္"

ေႏြ ေရခ်ိဳးခန္းထဲဝင္သြားေတာ့ ဘာရယ္မဟုတ္ မ်က္ႏွာက်က္ကပန္ကာလည္ေနတာကို ၾကည့္ရင္းၾကည့္ရင္းႏွင့္တျဖည္းျဖည္းအိပ္ေပ်ာ္သြားေတာ့၏။

-------

ေရပန္းကတျဖည္းျဖည္းက်ဆင္းလာေသာေရသည္ ေအးစက္ကာ လန္းဆန္းသြားေစသည္။ ျမစ္ေရကို ယခုမွတင္ထားတာေၾကာင့္ျဖစ္နိုင္၏။ တစ္ညလုံးနီးပါး အနားမယူရေသးတာေၾကာင့္ ေလယာဥ္ေပၚမွာ အိပ္ငိုက္လာတာဟာ ေရခ်ိဳးလိုက္မွ အိပ္ခ်င္စိတ္ေပ်ာက္သြား၏။

ေႏြ ေရခ်ိဳးခန္းကထြက္လာေတာ့ ညသည္ ကုတင္ေပၚတြင္ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေနၿပီျဖစ္၏။ ေႏြဟာ ကေလးဆန္ဆန္အျပစ္ကင္းစြာ ငယ္႐ြယ္မႈအျပည့္မ်က္ႏွာရွိေသာညကိုတစ္ခ်က္ၾကည့္လိုက္ၿပီး အခန္းဝရံတာကိုထြက္ခဲ့ေတာ့ ေလထုပူပူက ရိုက္ခတ္လာသည္။ သို႔ေသာ္လည္း ေခါင္းေလွ်ာ္ထား၍လားမေျပာတတ္ ပူသည္ဟုသိပ္မခံစားရေပ။ ေန႕လယ္မြန္းတည့္ခ်ိန္ေက်ာ္ေနၿပီဆိုေတာ့ ဆိပ္ခံဘက္မွာဆိပ္ကမ္း အလုပ္သမားေတြ ထမင္းစားေနၾကၿပီျဖစ္သလို အနီးအနားကဆိုင္ေတြမွာလည္း စည္ကားလို႔ေနသည္။ အစုန္အဆန္ေလွခတ္ကာ ကြန္ပစ္ေနေသာေလွတသ္စီးႏွစ္စီးကိုလည္းေတြ႕ရသလို ေရက်ခ်ိန္ျဖစ္၍ ျမစ္လယ္မွာေသာင္ထြန္းေနတာကိုလည္းေတြ႕ရျပန္၏။

ဒီလိုျမင္ကြင္းမ်ိဳးေတြကို မျမင္ေတြ႕ရတာ ဘယ္ေလာက္ေတာင္ၾကာခဲ့ပါလိမ့္၊ ေႏြ အတိအက်မမွတ္မိေတာ့ေပ၊ သို႔ေသာ္ မွတ္ဉာဏ္အစိတ္အပိုင္းေတြမွာေတာ့ ဒါျမင္ကြင္းေတြကိုျမင္ဖူးၿပီးသားဆိုတာ အလိုလိုမွတ္သားထား၏။ ေငးေမာမိေနရင္း ေဘာင္းဘီအိတ္ကပ္ထဲကိုစမ္းမိေတာ့ စီးကရက္ဘူးကို ကိုင္မိ၏။ စီးကရက္တစ္လိပ္ကိုထုတ္လိုက္ေသာ္လည္း မေသာက္ဘဲ လက္ထဲမွာပင္ညွပ္ထားမိျပန္သည္။

ေႏြဘာေၾကာင့္မ်ား ဒီခရီးကိုလာဖို႔ေ႐ြးခဲ့သလဲ ကိုယ့္ဘာသာလည္းအေျဖရွာမရ၊ ဒဂၤတလြတ္ေျမာက္မႈအတြက္လား၊ တစ္စုံတစ္ရာကိုရွာေဖြအတြက္လား၊

ေကာင္းကင္ကိုေမာ့ၾကည့္မိေတာ့ ေနကပူျပင္းေသာ္လည္း ေကာင္းကင္ကေတာ့ျပာလြင္ေန၏၊ တခဏေလးတိတ္ဆိတ္ေနမိရင္း သက္ျပင္းေငြ႕ေငြ႕ခ်ကာ အခန္းထဲကိုျပန္ဝင္လာေတာ့ ကုတင္ေပၚက ညဟာ ပန္ကာေလေအးေၾကာင့္လားမေျပာတတ္ ေကြးေကြးေလးအိပ္ေန၏။ ေျခရင္းကေစာင္ကို ဆြဲယူၿပီးလႊမ္းၿခဳံေပးလိုက္ကာ ေႏြလည္းအနားယူဖို႔ ကုတင္ေပၚလွဲခ်လိဳက္သည္၊ စိတ္ထဲတြင္စဥ္းစားစရာေတြမ်ားျပားေသာ္လည္း ပင္ပန္းေနသည့္ ခႏၶာကိုယ္ကမလိုက္နိုင္သည္ထင္ ခဏေလးအတြင္းအိပ္ေမာက်သြားခဲ့၏။

~~~~~~~

ည အိပ္ရာကနိုးလာေတာ့ ညေနေစာင္းေနၿပီျဖစ္၏၊ ခႏၶာကိုယ္ေပၚတြင္ၿခဳံထားေသာ ေစာင္မွာ ညကိုတစ္ေယာက္ေယာက္ကၿခဳံေပးထားဟန္ရွိ၏၊ ေအးလာေပမဲ့ အရမ္းအိပ္ခ်င္ေနတာေၾကာင့္ ေစာင္ကိုထမၿခဳံတာကို ညေသခ်ာမွတ္မိေနတယ္ေလ။ ေက်ေက်နပ္နပ္ၿပဳံးလိုက္ကာ ေဘးကိုငဲ့ၾကည့္လိုက္ေတာ့ ေႏြဟာလည္းႏွစ္ၿခိဳက္စြာအိပ္ေမာက်ေန၏။ ကုတင္ေပၚက အသာေလးထကာထိုင္လိုက္ရင္း လက္တစ္ကမ္းစာေတာင္မရွိလွသည့္ တစ္ဖက္ကုတင္က ေႏြကိုနိုးသြားမလားစိုးရိမ္စိတ္ျဖင့္ထပ္မံၾကည့္လိုက္မိျပန္၏။

ေခါင္းေလွ်ာ္ထားဟန္ရွိေသးဆံႏြယ္ေတြက ပန္းကေလးေတြေႂကြက်ကာေျမျပင္ကိုလႊမ္းၿခဳံထားသလိုမ်ိဳး ေခါင္းအုံးျဖဴျဖဴထက္တြင္ ျဖန့္က်က္လွက္။ လည္တိုင္သြယ္သြယ္က မွဲ႕နက္နက္ေလးကို ထပ္မံျမင္ရသလို နီရဲရဲနား႐ြက္ဖ်ားေတြဟာ ဖိအားထားဟန္ရွိ၏။ မ်က္ေတာင္ရွည္ေတြဟာယွက္လ်က္ရွိၿပီး ၾကည္လင္ေနေသာ အသားအရည္ဟာ ခပ္ေမွာင္ေမွာင္အခန္းတြင္းမွာေတာင္ ေတာက္ပလို႔ေန၏။

ေႏြဟာ တကယ္ကိုၾကည့္ေကာင္းလွ၏။
ေခ်ာေမာေျပျပစ္ကာရႈျမင္သူတိုင္းေငးၾကည့္ ရေလာက္သည္မဟုတ္သည့္တိုင္ ေႏြကို တစ္ဖန္လည္ျပန္ေတာ့ၾကည့္မိမည္သာ။ သို႔ေသာ္ ေႏြဟာ တည္လြန္း၏၊ အၿပဳံးအရယ္နည္းလွစြာ တစ္ေနကုန္နီးပါးရွိေနခဲ့ညသည္ ေႏြၿပဳံးသည္ကိုမျမင္ခဲ့ေပ၊ ေအးစက္ေနသည္မဟုတ္ခဲ့ေသာ္လည္း ေႏြ၏တည္ၾကည္မႈဟာ အဓိပၸာယ္ေကာက္ရခက္လြန္းသည္၊ တည္ၿငိမ္ေနေသာမ်က္ဝန္းတံခါးေပါက္ေတြကအစ ခန့္မွန္းရခက္လြန္း၏။ လူေတြကိုသူတို႔စကား၊ အျပဳအမူေတြႏွင့္ မ်က္ႏွာထား၊ မ်က္ဝန္းေတြကေနတစ္ဆင့္ ခန့္မွန္းရတာကို ည ႏွစ္သက္သလို ထိုေနရာမွာ ညဟာအေတာ္ေလးေတာ္သည္ဟုဆိုရေပမည္။ ေႏြဟာေတာ့ တစ္ေနကုန္နီးပါးရွိခဲ့သည့္တိုင္ ညအတြက္ ခန့္မွန္းရခက္လြန္း၏။

ဖ်တ္ခနဲပြင့္လာေသာ မ်က္ဝန္းေတြကိုျမင္ေတာ့ ညအစြမ္းကုန္ၿပဳံးလိုက္ကာ

"နိုးလာၿပီလား"

"အင္း"

အနည္းငယ္နီရဲေနေသာ မ်က္ဝန္းေတြကို ခဏမွိတ္ခ်လိဳက္ၿပီး ည၏အေမးကိုျပန္ေျဖေပး၏။

"ညစာဘာစားၾကမလဲ"

"ကားသမားဦးေလးကိုမွာထားတာ ကခ်င္ဟင္းေတြ စားတတ္ရဲ႕လား"

"ည မစားတာသိပ္မရွိဘူး သြားတိုက္ေဆးအရသာ Mint chocolate ကလြဲရင္ေပါ့"

ည၏စေနာက္သည့္စကားကို ေႏြကေၾကာင္သြားသည့္ဟန္၊ ၿပီးမွ သေဘာေပါက္သြားသည့္အလားေခါင္းငုံ႕သြား၏။
သူတို႔သိပ္ၿပီးမေစာင့္လိုက္ရ ကားသမားဦးေလးက ငါးဆင့္ခ်ိဳင့္ႀကီးႏွင့္ ထမင္းလာပို႔ေတာ့သည္။ ငါးမွ်စ္ခ်ဥ္ဟင္း၊ ကခ်င္ဆိတ္ေထာင္း၊ ျမင္းခြါ႐ြက္သုပ္ႏွင့္ အမဲသားစင္းေကာက တကယ္ကိုထမင္းၿမိန္ေစ၏။

ညေနေစာင္းေနဝင္သြားေတာ့ ျမစ္ကမ္းမွာ လမ္းေလွ်ာက္ၾကသည့္သူေတြအေတာ္မ်ားလာသလို ကမ္းကပ္ထားသည့္ စက္ေလွအေသးေလးေတြႏွင့္ ေလွသဗၺာန္ေတြလည္းေန႕ခင္းထက္ပိုမိုမ်ားျပားလာသည္။ သၾကၤန္အေငြ႕အသက္ေတြလည္းရသလို သၾကၤန္သီခ်င္းသံဟာလည္း ပ်ံ့လြင့္ေန၏။

[ကခ်င္ေခါင္ရည္စစ္စစ္ရသည္]

ကမ္းနားကဆိုင္ေလးမွာ ခ်ိတ္ထားေသာ ထိုဆိုင္းပုဒ္ကိုျမင္ေတာ့ ည စိတ္ဝင္တစားၾကည့္လိုက္မိ၏။

"ေႏြ ေခါင္ရည္ေသာက္ခ်င္လား"

"ေသာက္ခ်င္လို႔လား"

"ျမည္းၾကည့္ခ်င္တယ္"

"အင္း"

ေႏြက သိပ္ခ်စ္စရာေကာင္းသည္ပင္၊ ညေျပာသမွ်ကို မျငင္းပယ္ခဲ့။ ေခါင္ရည္ဆိုင္ကထည့္ေပးလိုက္သည့္ ဝါးက်ည္ေထာက္ႏွင့္ဘူးရယ္စုပ္ေသာက္ဖို႔ပိုက္ရယ္ကိုၾကည့္ကာ ည သေဘာက်ေနမိ၏။
ေသာက္ၾကည့္လိုက္ေတာ့ ေဖာက္ထားခါစမို႔ထင္သည္ အရမ္းမခါးသလို အခ်ဥ္ဓာတ္အနည္းငယ္ရသည္။

"မဆိုးဘူးပဲ ေႏြ ေသာက္ၾကည့္"

"အင္း မဆိုးပါဘူး"

ေႏြ၏အမူအယာဟာ တစ္ခ်က္ေလးေတာင္ပ်က္မသြား၊ ည တစ္ခ်က္ၾကည့္လိုက္ကာ

"ေႏြ ဘာလို႔ဒီခရီးကိုထြက္ခဲ့တာလဲ"

ည၏ေမးခြန္းေၾကာင့္ ေႏြဟာတစ္ခ်က္ၿငိမ္က်သြား၏၊

"အဲ့ဒီေမးခြန္းကို ကိုယ့္ဘာသာျပန္ေမးေနတုန္းပဲ"

ေႏြ၏အေျဖဟာ ညအတြက္မထင္မွတ္စရာပင္၊ တည္ၿငိမ္လြန္းသည့္ေႏြဟာ အေျဖထုတ္မရသည့္ကိစၥတစ္ခုကို ရင္ဆိုင္ေနရဟန္ရွိ၏။

"အိုေခ ည မေမးေတာ့ဘူး ဘယ္လိုပဲျဖစ္ျဖစ္ ခရီးတစ္ခုကိုထြက္လာတယ္ဆိုကတည္းက စိတ္အပန္းေျပခ်င္လို႔မလား ညတို႔တစ္ခဏေလာက္ လြတ္ေျမာက္ၾကည့္ၾကရေအာင္"

ဒီတစ္ခါမွာေတာ့ တည္ၿငိမ္လြန္းသည့္ ေႏြ၏မ်က္ဝန္းေတြဟာ တစ္ခ်က္လႈပ္ရွားသြားကို ည ေတြ႕ျဖစ္ေအာင္ေတြ႕လိုက္ရ၏။ ည ၿပဳံးလိုက္ကာ ေႏြရဲ႕သြယ္လ်ေသာလက္တစ္ဖက္ကို ဆုပ္ကိုင္လိုက္၏။

"ဆိုင္ကယ္ေတြအရမ္းေပါတာပဲ ည ေၾကာက္လို႔ကိုင္ထားလို႔ရတယ္မလား"

ေႏြဟာ စကားမဆိုလာ၊ တစ္ဖက္သို႔ငဲ့ေစာင္းသြားေသာ္လည္း လက္ေတြကို႐ုန္းမထြက္ခဲ့၊ ဆံညွပ္ျဖင့္အေျပာင္သိမ္းထားေသာ ဆံႏြယ္ေတြေအာက္က နား႐ြက္ဖ်ားေတြက ေခါင္ရည္အရွိန္ေၾကာင့္လားမေျပာတတ္ နီရဲေနတာကိုေတာ့ ည ေတြ႕ျဖစ္ေအာင္ေတြ႕လိုက္ရ၏။

27.3.2023

Continue Reading

You'll Also Like

35.1K 3K 34
MAIN CAST-Jessica jung Kwon Yuri Imm Yoona
21.3K 1.1K 8
Avni and Neil are worlds apart but a chance encounter in a lift leaves them drawn to eachother like a moth to a flame. Now she's working for him, bum...
25.5K 410 57
"Kiss me," while looking straight into her grey eyes. Chuckling she said, " Sorry, Ms.Walker but I'm not interested". I walked close to her now she w...
70.7K 3.4K 49
ခရမ်းနုရောင် မြေပြင်ထက် ရေးဆွဲခဲ့ကြတဲ့ သူတို့နှစ်ယောက်ရဲ့ကံကြမ္မာ...