Be my guitarist

By louis_nattawat

3.6K 364 47

"ကိုကို" SatangWinny fan fiction COMPLETED More

1
2
3
4
5
6
7
8
9
10
11
13
14(final)
New fic

12

182 21 2
By louis_nattawat

ဒီနေ့ကဘာနေ့လဲ မင်းတို့သိလား။
ငါနဲ့မောင် တွဲတာတပတ်ပြည့်တဲ့နေ့..ပြီးတော့ ငါတို့နှစ်ယောက်ရဲ့ first date!

ငါ မှန်ထဲကြည့်ကာ ကိုယ့်ကိုကိုယ်ပြင်ဆင်နေတုန်း Mae က satang ရောက်နေတယ်ဆိုတာကြောင့် ငါ အောက်ကိုပြေးဆင်းလာလိုက်သည်။

"ကိုကို ဖြေးဖြေးဆင်းပါ ချော်လဲကုန်အုန်းမယ်"

"ဒီကလေးနှယ့် ဘယ်တွေသွားမှာမို့ဒီလောက်တောင်ပျော်နေရတာတုန်း"

"ဟီးဟီး ဘာမှမဟုတ်ပါဘူး Mae ရဲ့ လာ satang"

Mae ကိုငါတို့အကြောင်းမသိစေချင်သေးတာမို့ အရင်လိုဟန်ဆောင်နေရတာပင်။

"ဂရုစိုက်သွားအုန်း ဒါနဲ့ fourth ကောမပါဘူးလား"

"မပါဘူးလေ Mae"

"ဟေ ဘာလို့လဲ ခေါ်လိုက်လေ သားတို့ရဲ့"

ဟာ ဒီMae ကတော့ ရီးစားနဲ့ဒိတ်မှာကို ဘာလို့သူငယ်ချင်းကိုခေါ်ရမှာတုန်း!!

"ခေါ်လိုက်မယ် Mae အခုသားတို့သွားတော့မယ်နော်"

Winny satang ရဲ့လက်ကိုဆွဲကာ အမြန်ထွက်လာလိုက်သည် မဟုတ်ရင် Mae က fourth ကိုသူ့ရှေ့တင်ခေါ်ခိုင်းနေမှဖြင့် first date လေးပျက်သွားအုန်းမယ်။

ငါ့အဖြစ်ကို satang ကကြည့်ကာရယ်နေသည်လေ။ငါမျက်စောင်းတချက်ထိုးလိုက်ပြီး စကားစလိုက်သည်။

"ဘာရီတာလဲ"

"ချစ်ဖို့ကောင်းလို့ပါဗျာ"

*ရွတ်*

မောင်က ငါ့ပါးကိုတချက်မျှလာနမ်းရင်း ပြောသည်။
မောင့်ရဲ့အနမ်းတစ်ချက်က ဆူပုတ်နေတဲ့ငါ့မျက်နှာကို ပြုံးလာအောင်လုပ််နိုင်သည်။

"ကဲ အခုဘယ်သွားမှာလဲဗျ"

"Pee Mak 4 သွားကြည့်မလား"

"ကိုကိုကကြည့်ရဲလို့လား"

"အောင်မာ မင်းလိုကလေးကိုမေးရမှာ.."

ကိုကိုက ပါးစပ်ကပွစိပွစိပြောရင်း ရှေ့ကနေထွက်သွားလို့ ငါ့မှာ ကိုကို့အနောက်ကိုအမြန်လိုက်ရသေးသည်။

ကိုကို့ စိတ်တိုင်းကျ ဇာတ်ကားကို အတွဲခုံမှာလတ်
မှတ်ဖြတ်ပြီး ဇာတ်ကားကြည့်ရင်းစားဖို့ မုန့်တွေကိုလဲ သယ်ပေးထားရသေးသည်။

ငါ့မြတ်နိုးရာပေါက်စကတော့ အအေးတခွက်ကိုကိုင်ကာ လုံးလုံးလေးနဲ့တကယ်အသဲယားဖွယ်အတိ!

ငါ့ကောင်လေးက တကယ်ချစ်စရာလေး!!

ရုပ်ရှင်ကြည့်ဖို့ ခုံပေါ်လဲထိုင်ကော ဘေးနားက ပေါက်စလေးကမကြည့်ချင်ဘူး ကြောက်လို့တဲ့လေ..

ကိုကိုအဆင်မပြေတာကိုသိပေမဲ့ ကြောက်ရင် လာဖက်လိုက် ဆိိုပြီးပြောကာ ဇာတ်ကားအလာကိုမျှော်ရင်း အဖက်ခံရဖို့ကိုစောင့်နေလိုက်သည်။

ရုပ်ရှင်လဲစကော ငါ့ဝက်ဝံပေါက်လေးဟာ ချက်ချင်းပင် ငါ့ရင်ခွင်ထဲကိုတိုးဝင်လာသည်။ငါ တစ်ချိန်လုံး ရုပ်ရှင်ကိုအာရုံမစိုက်နိုင် ငါ့ရင်ခွင်ထဲက ဝက်ဝံပေါက်လေးကိုဘဲအာရုံစိုက်မိသည်။

"ကိုကို"

"ဟင်.."

ကိုကို့ရဲ့နှုတ်ခမ်းတွေကိုနမ်းရှိုက်လိုက်တော့ အလိုက်သင့်ပြန်တုန့်ပြန်တဲ့ နှုတ်ခမ်းပါးတစ်စုံ...

အတော်ကြာထိရေငတ်နေသယောင် စုပ်ယူနှုမ်းရှိုက်မိတော့ အသက်ရှူကြပ်၍ တွန်းဖယ်လာတဲ့ လက်တစ်စုံ...

ငါနှုတ်ခမ်းပါးတွေကိုအလွတ်ပေးလိုက်သည်။ဖူးယောင်ပြီး ရဲနေသော နှုတ်ခမ်းပါးတွေဟာ တကယ်ကိုဆွဲဆောင်နေတုန်းပါဘဲ..ထပ်မံနမ်းရှိုက်ရန် ဖိကပ်လိုက်တော့ ထိုနှုတ်ခမ်းပါး ပိုင်ရှင်ဟာ တွန်းဖယ်ပြီး ပြောသည်။

"မောင် ငါရှက်တယ် တော်ပြီ"

ချစ်ရသူရဲ့ တော်ပြီ ဆိုတဲ့စကားကို အမိန့်လို့သတ်မှတ်ကာ ငါ့စိတ်တွေကိုထိန်းချုပ်ကာရပ်တန့်လိုက်သည်။

ရုပ်ရှင်ပြီးတော့ ရင်ခွင်ထဲကပေါက်စလေးက ခြေထောက်တွေတုန်နေသည်။

"ကိုကို ကြောက်နေလား"

"ဟင့်အင်း မ..မကြောက်ပါဘူး မင်းကော"

"မောင်လဲမကြောက်ပါဘူး"

အမှန်က ရုပ်ရှင်ပြနေတဲ့တစ်လျှောက် သူရုပ်ရှင်ကိုမကြည့်ဘဲ ရင်ခွင်ထဲကမြတ်နိုးရာပိုင်တဲ့နှုတ်ခမ်းပါးလေးကိုသာ ကြည့်နေမိခဲ့တာပါ။

Winny တစ်ယောက်ကြောက်လန့်နေသေးသည်ကိုသတိထားမိသည့် Satang တစ်ယောက် သူ့မြတ်နိုးရာလေးအာရုံလွှဲစေဖို့ရာ လက်ကိုကိုင်ဆွဲလျက် စားသောက်ဆိုင်တစ်ခုထဲသို့ဝင်လာလိုက်သည်...

"‌မောင် စားသောက်ဆိုင်လား ချစ်ဖို့ကောင်းတယ်"

ကြောက်စိတ်တို့ပြေလျော့သွားပုံရသည့်မြတ်နိုးရာလေးဟာဆိုင်ပတ်ပတ်လည်ကို မျက်စိကစားလျက်ကြည့်နေ၏...

ရေပန်းစားလူကြိုက်များလှတဲ့ဒီ‌နေရာကစားသောက်ဆိုင်လေးဟာ အကြီးကြီးလဲမဟုတ် သေးသေးလေး‌လဲမဟုတ် အနေတော်ကိုချစ်စ‌ရာ‌ကောင်းအောင်ပြင်ဆင်ထားသည့်ပုံစံမျိုးပင်

နေရာတော်တော်များများကိုအဖြူရောင်အသုံးပြုပြီး စားပွဲဝိုင်းလေးတွေဟာ ချစိစရာကောင်းနေတာကြောင့် ကလေးလူကြီးမရွေးသဘောကျကြသည်...သူ့မြတ်နိုးရာလေးအပါအဝင်ပေါ့!

ငေးမောနေတဲ့ကိုကို့ရဲ့လက်ကလေးကိုဆုပ်ကိုင်ကာ‌အမှောင်ကျလောက်သည့်ထောင့်တစ်နေရာတွင်နေရာယူလျက်...

"အကိုတို့ဘာများသုံးဆောင်ကြမလဲ"

အနားသို့ရောက်လာသည့် waiter ဟာ menu စာအုပ်ကိုကမ်းပေးရင်းပြောသည်။

"ကိုကိုဘာစားမလဲ ကြည့်လေ"

"အမ် ချောကလက်ကိတ်စားမယ် မောင်ကကော"

Waiter ကောင်မလေးက ငါတို့နှစ်ယောက်ရဲ့ ခေါ်ပုံတွေကိုကြားပြီး ပြုံးစိစိလုပ်နေသည်လေ။

"မောင်လဲ ကိုကိုမှာတဲ့အတိုင်းဘဲ"

"အဲ့ဒါဆို အမ ချောကလက်ကိတ်ရယ် ချောကလက်မစ်ရှိတ်ရယ် နှစ်ခုစီပေးနော်"

"ဟုတ်ကဲ့ပါရှင့်"

Winny satang ဘက်ကိုကြည့်လိုက်တော့ သူ့ကိုခိုးကာဓာတ်ပုံရိုက်နေတဲ့မောင်..

"ဟာ မရိုက်နဲ့လေ မောင်"

"ဒါကမောင်တို့ရဲ့ first date လေ အမှတ်တရဖြစ်အောင်လို့ပါ"

"မောင့်သဘောပါဗျာ"

မောင့် ကို ဓာတ်ပုံရိုက်ဖို့ပိုစ့်ပေးလိုက်တော့ ချစ်ဖို့ကောင်းသည် ဆိုကာ လာနမ်းသေးသည်။

ငါတော့ မောင်နဲ့တကယ်ရူးမှာဘဲ။

ချစ်ရသူနဲ့နှစ်ယောက်ထဲစားရတဲ့ပထမဆုံးစားသောက်ဆိုင်၊ပထမဆုံးတူတူကြည့်တဲ့ရုပ်ရှင်၊ငါတို့ရဲ့ပထမဆုံးအနမ်း..

ငါတွေးရင်း တကယ်ပြုံးမိလာသည်။ဒီကလေးနဲ့တကယ်မခွဲချင်ဘူး။

စားသောက်ပြီးတော့ မောင်နဲ့အတူ စုံတွဲတွေဒိတ်ရင် သွားနေကျနေရာ လုပ်နေကျအရာတွေအကုန်လုပ်ပလိုက်သည်။

ငါ့ရဲ့မောင်ကတော့ ငါ့ကိုဓာတ်ပုံလိုက်ရိုက်ရင်းနဲ့သာ အလုပ်ရှုပ်နေပါသည်။

"မောင် ငါ့တစ်ယောက်ထဲကိုဘဲမရိုက်နဲ့လေ မင်းလဲလာ"

ငါ့စကားကြောင့် မောင်က ခေါင်းညိမ့်ကာ ငါတို့အတူတူ ဓာတ်ပုံရိုက်လိုက်ကြသည်။

မကြာခင် ဒီပုံကငါ့ရဲ့ phone wallpaper ဖြစ်တော့မဲ့ပုံပင်။

"ကဲ ကိုကိုခမျ ပြန်ကြရအောင်"

ရေခဲမုန့်စားရင်းဘဲ အလုပ်ရှုပ်နေတဲ့ ကိုကိုက ငါ့ထက် ရေခဲမုန့်ကိုပိုအာရုံစိုက်နေတာဟာ ငါ့ကိုလာစိန်ခေါ်လိုက်တာဘဲ။

Satang တစ်ယောက် နောက်ဆုံးကျန်တဲ့ winny ရဲ့ရေခဲမုန့်ကိုစားပလိုက်တော့ winny နှုတ်ခမ်းတထော်ထော်နဲ့ဆဲကာ လိုက်ထုတော့သည်။

"ဟေ့ကောင် မင်းစားချင်ရင်မင်းကိုဝယ်လို့ ငါပြောတယ်လေ"

"ကိုကိုက မောင့်ကိုမှအဖက်မလုပ်တာ"

"တော်ပြီကွာ"

"မောင့်ကိုမချစ်ဘူးလား ကိုကို"

ဒီကောင် ဘာလား! စိတ်ကောက်နေတဲ့လူကို မချစ်ဘူးလားတဲ့။

"ဖြေလေ မချစ်ဘူးလားလို့ဗျာ"

"ချစ်တယ်"

"ကျယ်ကျယ်ပြော ဘာပြောတာလဲ"

"ချစ်..တယ်"

"ဟင် ဘာကြီးလဲ"

"ဟာ ချစ်တယ်လို့ ချစ်တယ်!! ပြန်တော့မယ်"

ခြေထောက်တဆောင့်ဆောင့်နဲ့ ထွက်သွားတဲ့ပုံများ ခြေဖဝါးနုနုလေးတွေကိုအောင့်မှာစိုးလို့ ငါ့မှာ လိုက်ကာ ချော့ပြောရသေးပြန်သည်။

"ဟာ မဆောင့်ပါနဲ့ဗျာ"

"ဘာဖြစ်လဲ ဆောင့်တော့ ဟေးး"

စကားနားမထောင်တဲ့ ကိုကိုအဆိုးလေးကို ငါ ပွေ့ချီပလိုက်တော့ ဆွေ့ခနဲပါလာသည်။

"ခြေဖဝါးတွေနာမယ်လေ"

"ပြန်ချ!"

"မချဘူး အိမ်နားရောက်မှချပေးမယ်"

"သဘောကွာ လမ်းလျှောက်ရသက်သာတယ်"

ငါ အသံထွက်အောင်အော်ရီမိသွားသည်။
ငါ့ကောင်လေးက ငပျင်းလေးဘဲ။
________________________
အိမ်ပြန်ရောက်တော့ ပင်ပန်းတာနဲ့ ငါ ကိုကို့အခန်းမှာဘဲအိပ်ဖို့ပြင်လိုက်သည်။

အခန်းထဲဝင်ပြီး ဟိုကြည့်ဒီကြည့်လုပ်နေတုန်း ကိုကို ၁၂ နှစ်ပြည့်တုန်းက ငါ ပေးထားတဲ့ဝက်ဝံလေးက ကုတင်ပေါ်မှာရှိနေတုန်းဘဲ။

"ဘာတွေပြုံးနေတာလဲ"

ရေမိုးချိုးပြီးထွက်လာတဲ့ ကိုကိုက ငါပြုံးနေတာတွေ့လို့မေးခြင်းပင်။

"ဒါကိုအခုထိသိမ်းထားတာလား"

"အင်းလေ ငါချစ်ရတဲ့သူပေးတာဘဲကို"

ငါ ကိုကို့ နားလျှောက်သွားလိုက်ပြီး နှုတ်ခမ်းပါးတွေကိုစတင်တိုက်စစ်ဆင်လိုက်သည်။

အပေါ်ပိုင်းဗလာနဲ့ ကိုကိုကငါ့ကိုအရမ်းဆွဲဆောင်နေတယ်။ခါးကနေဆွဲဖက်ကာ ကိုကို့ ကိုကုတင်ပေါ်
ပစ်တင်ပြီး ငါအုပ်မိုးရင်း အနမ်းတွေကိုဆက်လက်ဆင်နွှဲလိုက်သည်။

ဒုန်း!

"သား...!"

ဒါက Mae ရဲ့ အသံ!!။
___________________
အချိုတွေသိပ်မရေးတတ်လို့ ပေါ့သွားရင် တောင်းပန်ပါတယ်ဗျာ။ရှည်ရှည်လေးရေးပေးထားတယ်နော် ထုခွန်

Zawgyi








"မပါဘူးလေ Mae"






"ဘာရီတာလဲ"


*ရွတ်*

မောင့်ရဲ့အနမ်းတစ်ချက်က ဆူပုတ်နေတဲ့ငါ့မျက်နှာကို ပြုံးလာအောင်လုပ်နိုင်သည်။

"ကဲ အခုဘယ်သွားမှာလဲဗျ"









ကိုကိုအဆင်မပြေတာကိုသိပေမဲ့ ကြောက်ရင် လာဖက်လိုက် ဆိုပြီးပြောကာ ဇာတ်ကားအလာကိုမျှော်ရင်း အဖက်ခံရဖို့ကိုစောင့်နေလိုက်သည်။


"ကိုကို"

"ဟင်.."







"ကိုကို ကြောက်နေလား"


"မောင်လဲမကြောက်ပါဘူး"















"ဟုတ်ကဲ့ပါရှင့်"


"ဟာ မရိုက်နဲ့လေ မောင်"


"မောင့်သဘောပါဗျာ"















"တော်ပြီကွာ"




"ချစ်တယ်"


"ချစ်..တယ်"

"ဟင် ဘာကြီးလဲ"



"ဟာ မဆောင့်ပါနဲ့ဗျာ"



"ခြေဖဝါးတွေနာမယ်လေ"

"ပြန်ချ!"



________________________


"ဘာတွေပြုံးနေတာလဲ"






ဒုန်း!

"သား...!"

ဒါက Mae ရဲ့ အသံ!!။
___________________

Continue Reading

You'll Also Like

8.3K 598 15
ပထမဆုံးfic လေးဖြစ်တဲ့အတွက် အမှားပါရင် ခွင်လြွှတ်ကြပါ (geminifourth) ficလေးပါဗျ အားပေးကြပါအုံး
8.6K 492 21
"wow y/n, this really sounds like fairytale, where Prince come in a ordinary girl's life and make her, his queen.... I'm very happy for you" Her frie...
6.8K 588 12
ကျေးဇူးပြုပြီး မပျောက်ကွယ်သွားပါနဲ့fourth
304K 9.1K 100
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...