Evangeline [ Completed ]

By Imy_be_yoon

3.9K 536 59

ဟုန်းဂျီဆူးသည် ယွန်းဂျောင်ဟန်အတွက်တော့ သီးသန့်ဖြစ်တည်လာသည့် နေရောင်ခြည်နွေးနွေးလေးပင်ဖြစ်သည် More

Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
အသိပေးချက်
Final
ကျေးဇူးတင်လွှာ

Part - 7

203 28 0
By Imy_be_yoon

ဂျီဆူးသည်အိမ်မှထွက်နိုင်ရန်အလုံးစုံကြိုးစားခဲ့ပါ၏ သို့သော်လည်း
သခင်ကြီးဟုန်း၏လူများကအချိန်ပြည့်‌ေစာင့်ကြည့်‌နေသည့်အတွက်ကြောင့်
အသက်ရှူပေါက်ပင်‌ကောင်းစွာမရခဲ့ပါ
မွန်းကြပ်လှပါသည်

" သားလေး မင်းဘာမှမစားတာ၂ရက်ရှိပြီ ဒီလိုပဲဆက်နေနေရင် ကြာရင်လဲသွားလိမ့်မယ် အမေ့သားရဲ့ ငါမင်းတို့သားအဖနှစ်ယောက်ကြားစိတ်ညစ်ပါတယ် "
ဂျီဆူး၏မိခင်သည်အခန်းထဲသို့ဝင်လာချိန်တွင်နဂိုတိုင်းအရာမယွင်းသောထမင်းများကိုတွေ့၍ပြောခြင်းဖြစ်သည်

" သားလေး မင်းDaddy စကားကိုအရင်နားဖထောင်လိုက်ပါလားဟင် ပြီးမှသားဒီကိုပြန်လာပေါ့ "

" သူကကျွန်တော်မရှိလို့မဖြစ်ဘူး ကျွန်တော့်အတွက်ရောပဲ " ဂျီဆူး၏အသံသည်အဖျား၌လှုပ်ခတ်နေသည်မို့ဂျောင်ဟန်နှင့်ဝေးရမှာကိုဘယ်လောက်ကြောက်နေလည်းပေါ်လွင်နေပါသည်

" အမေ့သားကခေါင်းမာလိုက်တာကွယ် "
ဂျီဆူး၏မိခင်သည်လည်းသားဖြစ်သူခေါင်းမာမှုကြောင့်သက်ပြင်းသာချနိုင်တော့တယ် သားသမီးကိုစိတ်ချမ်းသာတာကိုမြင်ချင်သည်မှာမိဘတိုင်းပင်မလား

" ဒီကောင်လေးကိုရွေးချယ်လို့သားဘဝမှာနောင်တမရမှာသေချာလား "

" ဂျောင်ဟာနီးကိုစတွေ့တည်းကအခုချိန်ထိဘယ်အရာကိုမှနောင်တမရခဲ့ဖူးသလို နောက်လည်းနောင်တရမှာမဟုတ်ဘူးမေမေ"
ဂျီဆူး၏ပြတ်သားလှသောအဖြေအောက်တွင်မိခင်ဖြစ်သူသည်ဆုံးဖြတ်ချက်တစ်ခုချလိုက်လေသည်

" ကောင်းပြီ ဒါဆိုသားအထုပ်တွေသိမ်းတော့ မြန်မြန် "
ဂျီဆူးသည်မျက်လုံးများအရောင်လက်လာကာ မိခင်ဖြစ်သူ၏ရင်ခွင်ထဲ၌တိုးဝင်လိုက်လေသည်

" ကျေးဇူးတင်ပါတယ် မေမေ "

" မေမေ့သားလေးတောင်အရွယ်ရောက်လာပြီပဲ "

............................................................

" သခင်မကြီး ဒီလိုလုပ်လို့မဖြစ်ပါဘူး "
သခင်ကြီးဟုန်း၏အစောင့်တစ်ယောက်ကတားလိုက်လေသည်

" ငါရှင်းလိုက်မှာမို့လို့ ဘာမှမဖြစ်ဘူး ငါ့သားလေးကိုငါကိုယ်တိုင်သွားဖို့ခွင့်ပြုတာ ကျန်တဲ့လူတွေကိုပါခေါ်ပြီးသွားလို့ရပြီ "

" ဟုတ်ကဲ့ သခင်မကြီး "
အစောင့်တို့သည်လည်းထွက်သွားချေပြီမို့

" သားလေး အစစအရာရာဂရုစိုက်နော် တစ်ခုခုဆိုမေမေ့ကိုဖုန်းဆက် "

" ဟုတ်ကဲ့ ကျွန်တော်ဖုန်းဆက်မယ်နော် မေမေ "
ငယ်စဉ်တည်းကအမေကိုသိပ်ခင်တွယ်တတ်သည်မို့ဂျီဆူးသည်လည်းစိတ်တော့မကောင်းလှပါ

" မေမေ့သားလေး အဆင်ပြေပါစေကွယ် "
ဂျီဆူးသည် luggage ကိုဆွဲကာထွက်ရန်ပြင်လိုက်စဉ်

" ဒီခြံကထွက်သွားတာနဲ့ ဘယ်တော့မှပြန်တက်မလာနဲ့ ငါ့သားမဟုတ်တော့ဘူး "
သခင်ကြီးဟုန်း၏အသံကိုကြားလိုက်ရပါ၏

" အစ်ကို သားလေးကိုပေးသွားလိုက်ပါ ကျွန်မတို့သားလေးကဆုံးဖြတ်တတ်တဲ့အရွယ်ရောက်နေပါပြီ "
သခင်ကြီးဟုန်းသည်သူပြောချင်သည့်အရာကိုသာဆက်ပြောလေသည်

"အခုချိန် မင်းဆုံးဖြတ်ချက်ကိုပြင်လို့ရသေးတယ် ဟုန်းဂျီဆူး "

" ကျန်းမာရေးဂရုစိုက်ပါ Daddyနဲ့ မေမေ "
ဂျီဆူးသည်ထိုစကားကိုပြောကာနောက်သို့ပြန်လှည့်မကြည့်ဘဲထွက်လာခဲ့လေသည်
Daddy၏ တောက်ခေါက်သံပြင်းပြင်းကိုတော့ဂျီဆူးကြားလိုက်ရပါ၏

............................................................

" ဂျောင်ဟန် အဆင်ပြေရဲ့လား ဒီရက်ပိုင်းမင်းကောင်လေးကိုလည်းမတွေ့မိပါလား စိတ်ကောက်ထားကြတာလား "
Jihoon hyung ကတော့ပေါ့ပေါ့ပါးပါးပဲပြောပေမယ့်စိတ်မအေးနိုင်သူကတော့ဂျောင်ဟန်ပါ ဂျီဆူးသည်ထိုကဲ့သို့ဘာမှမပြောဘဲပျောက်သွားမယ့်သူမဟုတ်ဘူးဆိုတာဂျောင်ဟန်သိပါသည်
စိတ်ပူသော်လည်းဂျောင်ဟန်ဘာလုပ်ရမလဲမသိပါချေ တကယ်တမ်းဂျီဆူးသာသူ့ကိုမဆက်သွယ်ဘဲထားခဲ့လျှင်လည်းကျန်ခဲ့ရမည့်သူပင်ဖြစ်သည် အတွေးဖြင့်ဝမ်းနည်းလျက်မျက်ရည်စတို့သည်လည်းဝေ့သီလာရင်း
ဒီနေ့လည်းရောက်မလာသောဂျီဆူးကြောင့် ဂျောင်ဟန်အိမ်သို့သာပြန်ခဲ့ပါ၏

နှင်းစတို့သည်လည်းတစ်စတစ်စသည်းထန်လျက်ရှိသည်မို့ဂျောင်ဟန်သည်များများစားစားမတွေးတော့ဘဲအိပ်ရန်သာဆုံးဖြတ်လိုက်လေသည် အစားစားချင်စိတ်လည်းမရှိပါလေ

ဒုန်း ဒုန်း ဒုန်း
အပြင်မှတံခါးခေါက်သံကြောင့်ဂျောင်ဟန်ထလိုက်လေသည်

" ဒီ‌အချိန်ကြီးလာမယ့်သူလည်းမရှိဘဲနဲ့ "

ထို့နောက်တံခါးသွားဖွင့်လိုက်ချိန်တွင်လွမ်းနေရသောသူကိုတွေ့လိုက်ရပါ၏

" ဂျောင်ဟာနီးး "
ဂျီဆူး၏မျက်ဝန်းတို့သည်ယခင်ကဲ့သို့အရောင်တောက်မနေသော်လည်းဂျောင်ဟန့်ကိုတော့စိတ်လိုလက်ရပြုံးပြနေပါသည်

" ဂျီဆူးရား "
ထို့နောက်ဂျီဆူးသည်ဂျောင်ဟန်၏ခန္ဓာကိုယ်သေးသေးလေးအားထွေးပွေ့ထားလိုက်သည်
ဂျောင်ဟန်သည်လည်းလွမ်းနေရသည်မို့ဂျီဆူး၏ရင်ခွင်၌သာတိုးဝင်နေလိုက်ပါသည်

.......…..................................................

ဂျောင်ဟန်သည်ဂျီဆူး၏ခေါင်းမှနှင်းမှုန်တို့အားခါပေးကာအနွေးထည်ထုတ်ပေးလေ၏

" ဒါလေးဝတ်ထားလိုက် ‌စားဖို့တစ်ခုခုပြင်ပေးမယ်နော် "

" အွန်း ဂျောင်ဟာနီး "

ဂျောင်ဟန်သည်ခေါက်ပွဲပူပူလေးနှင့်ဟင်းရည်ချက်ကာ ကင်မ်ချီထမင်းကြော်လေးကျွေးရန်ဆုံးဖြတ်လိုက်သည်မို့ ဟင်းအိုးတည်နေစဉ် ဂျောင်ဟန်၏ခါးသွယ်သွယ်လေးတစ်ဝိုက်ဂျီဆူး၏လက်တို့သည်သွယ်ယှက်လာလာကာ နောက်မှသိုင်းဖက်ခြင်းခံလိုက်ရပါ၏ ဂျောင်ဟန်၏ကိုယ်လုံးသေးသေးလေးသည်လည်းဂျီဆူး၏ရင်ခွင်ထဲမြုပ်လျက်
ဂျီဆူးထံရမှရနေကျဖြစ်သော ပန်းသီးစိမ်းနံ့လေးသည်လည်းမပါမဖြစ်ပေ

ထို့နောက်ဂျီဆူး၏မျက်နှာသည်ဂျောင်ဟန်၏လည်တိုင်ဖြူဖြူလေးနားတွင်အက်လာသည်မို့ ဂျီဆူး၏ဝင်သက်ထွက်သက်နွေးနွေးကိုပါခံစားနေရပါသည်
အနည်းငယ်ကိုယ်နွေးနေသည်ကိုရော

ဂျောင်ဟန်သည်ဂျီဆူး၏ရင်ခွင်ထဲတွင်းမှပဲနောက်ဘက်သို့လှည့်ကာနဖူးကိုစမ်းလိုက်လေသည်

" ဖျားနေပြီပဲ "

" အင်း ကိုကိုဖျားနေပြီ ဂျောင်ဟာနီး "

............................................................

" ဖြည်းဖြည်းစား "
ဂျောင်ဟန်သည်ပန်းကန်ထဲမှအသားဖက်လေးများအားဂျီဆူးပန်းကန်ထဲသို့ထည့်ပေးနေလေသည်

" ဂျောင်ဟာနီး လက်ရာကကောင်းလိုက်တာ "
ဂျောင်သည်ဂျီဆူးအဆင်ပြေသည်ကိုခံစားမိသော်လည်း ဘာမှမဖြစ်သလိုအဆင်ပြေဟန်ဆောင်နေသောသူကြောင့် ဘာကိုမှမမေးရက်ခဲ့ပါ

" နောက်လည်းအများကြီးချက်ကျွေးမယ် လောလောဆယ်တော့ပြီးရင်ဆေးသောက်ရမယ်နော် "
ဟင်းရည်နွေးနွေးလေးကိုလည်းဂျီဆူးပန်းကန်ထဲထည့်ပေးလျက်ပြောလေသည်

...............................................................

" အိပ်ရာကတစ်ခုပဲရှိတော့
ဒီမှာပဲအိပ်လိုက်တော့ "
ဂျောင်ဟန်သည်ဂျီဆူး၏နဖူးပေါ်သို့ရေဝတ်လေးတင်ပေးကာပြောလိုက်လေသည်

" အင်း ဂျောင်ဟာနီးလည်းဒီမှာပဲအိပ် "
ဂျီဆူးသည်ဂျောင်ဟန်၏လက်လေးကိုဆွဲကာသူ့လက်မောင်းပေါ်အိပ်စေသည်

" ကိုကိုဘာဖြစ်လာလဲ မမေးတော့ဘူးလား "

" အဆင်မပြေလာတာခံစားမိပြီး မေးလိုက်ရင်ဂျီဆူးဝမ်းနည်းသွားမယ်ထင်လို့ "

" အာရီဂူးရား ကိုကို့ကောင်လေးကသိတတ်လိုက်တာ ကိုကိုအိမ်ပေါ်ကဆင်းလာတာ ကိုကိုကအရင်လိုပိုက်ဆံအများကြီးလည်းမရှိဘူး အဲ့ဒါကြောင့်မို့လို့ ကိုကို့ကိုအများကြီးပိုချစ်ပေးရမယ်နော် ဒါပေမယ့်ကိုကိုကဂျောင်ဟာနီးတစ်ယောက်ကိုတော့ကောင်းကောင်းလုပ်ကျွေးနိုင်ပါသေးတယ် "

" ငါ..ငါ့ကြောင့်လား "

" မဟုတ်ရပါဘူးကွ မင်းကိုကိုကိုအစတည်းကDaddyကကြည့်မရတာ "
ဂျီဆူးလိမ်နေမှန်းဂျောင်ဟန်သိပါ၏

" ငါ့လိုခက်ခဲတဲ့ဘဝကြီးမှာ မင်းကိုမရုန်းကန်စေချင်ဘူး.."

" ကိုကို့ဂျောင်ဟာနီးအခုတွေးရမှာကအဲ့ဒါမဟုတ်ဘူး ကိုကို့ကိုပဲချစ်နေဖို့တွေးရမှာ ကိုကို့မှာပိုက်ဆံတွေအများကြီးမရှိတော့ပေမယ့် ကိုကို့ကိုယုံ "

" ငါ့မှာဂျီဆူးကလွဲပြီးဘာကိုမှချစ်စရာဘာမှမရှိဘူးလေ အဲ့ဒါကြောင့်ဂျီဆူးကိုပဲလိုတယ် ဘာမှတစ်ခြားအရာတွေကိုစိတ်မဝင်စားဘူး "

" ကိုကို့ကောင်လေးကိုသိပ်ချစ်တာပဲ"
ဂျောင်ဟန်သည်လည်းဂျီဆူး၏ရင်ခွင်ထဲပိုတိုးဝင်နေပါ၏
အနည်းငယ်တိတ်ဆိတ်သွားပြီးမှဂျီးဆူးထံမှစကားသံထွက်လာလေသည်

" ကိုကိုတို့ Seoul ကိုသွားကြရအောင်ဂျောင်ဟာနီး "
ဂျောင်ဟန်သည်တည်ငြိမ်စွာပြောနေသောဂျီဆူးစကားကိုအလေးနက်ထားကာနားထောင်နေပါ၏ ဂျီဆူးသာဆုံးဖြတ်လျှင်သူ့အတွက်ကန်ကွက်စရာမရှိပေ

" ကိုကို့ဆီမှာစုထားတဲ့ပိုက်ဆံရှိတယ် ဟိုမှာနေဖို့အဆင်ပြေတယ် "

" Jihoon hyung ကလည်း Seoulမှာနေခဲ့တာဆိုတော့အသိရှိတယ်ပြောတယ် ပြီးတော့ ငါ့ဆီမှာလည်းစုထားတဲ့ပိုက်ဆံနည်းနည်းရှိတယ် ဂျီဆူး "

" အင်း ကိုကိုတို့အဆင်ပြေမှာပါ အခုတော့အိပ်ကြရအောင် မတွေ့ရတဲ့ရက်အတွင်းကိုကို့ကောင်လေးကပိန်သွားလိုက်တာ အစားသေချာမစားဘူးမလား ကိုယ်မင်းကိုစိတ်မချတာလေ "
ဂျီဆူးသည်လေသံနည်းနည်းလေးတော့တမင်မာပေးလိုက်ပါ၏ ထိုကောင်‌လေးသည်ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့ဆိုအမြဲမေ့နေတတ်သည်မလား

" ချစ်တာမို့လို့ ဂျီဆူးကငါ့ကိုမဆူလို့မရဘူးလားဟင် "
ဂျောင်ဟန်သည်လေသံလေးကိုနှိမ့်ကာနဂိုမျက်လုံးအိမ်ဝိုင်းဝိုင်းကြီးကိုပို၍ပင်ဝိုင်းကာပြောနေလေသည်
ခုကထိ ‌ဝမ်းနည်းဖွယ်လေထုကြီးသည်ချက်ချင်းပင် သာယာသောရာသီဥတုလေးအဖြစ်သို့
ပြောပါတယ် ယွန်းဂျောင်ဟန်က Happy pillလေးပါဆို

" အားး ဒီကောင်လေးကတော့ "
ဂျီဆူးသည်အသည်းယားစွာဖြင့်ပါးနှစ်ဖက်ကိုဖျစ်ညှစ်လိုက်ပါ၏

............................….............................

" ဂျောင်ဟာနီး အဆင်ပြေရဲ့လား "
ဂျောင်ဟန်သည်ငယ်စဉ်ကတည်းကဒီမြို့လေးမှာပဲကြီးလာပြီး ဒီမြို့လေးမှအဝေးကိုတစ်ခါမှမသွားဖူးသည်မို့ မကြောက်မိဘူးပြောလျှင်တော့လိမ်ရာကျပါမည်

ဂျီဆူးသည်ဂျောင်ဟန်၏လက်ဖျားအေးအေးလေးကိုဆုပ်ကိုင်ကာပြုံးပြလေ၏
ထို့နောက်အနွေးအိတ်ကလေးကိုဂျောင်ဟန်၏လက်လေးပေါ်၌ကပ်ကာနွေးအောင်လုပ်ပေးနေလေသည်

" ဂျီဆူးသာရှိနေရင်ရပြီ ဘာမှမလိုဘူး "
ဂျီဆူးသည်ဂျောင်ဟန်ပါးအိအိလေးကိုခပ်ဖွဖွညှစ်လိုက်လေသည်

* Seoul သို့သွားမည့်ရထားသည် စင်္ကြန် ( ၁ )
၌ဆိုက်ရောက်နေပြီဖြစ်ပါသဖြင့် ခရီးသည်အားလုံးပြင်ဆင်ပေးထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်

" ဂျောင်ဟာနီး သွားကြရအောင် "

" အင်း ဂျီဆူးရား "

ယွန်းဂျောင်ဟန်အတွက်လည်းဟုန်းဂျီဆူးပဲရှိခဲ့သလို ဟုန်းဂျီဆူးအတွက်လည်းယွန်းဂျောင်ဟန်သာရှိခဲ့သည်
ထိုအချိန်၌တစ်‌ယောက်လက်ကိုတစ်ယောက်မလွှတ်တမ်းဆုပ်ကိုင်ရင်းသာရှေ့ဆက်ခဲ့ကြသည်
ခက်ခဲလှတဲ့ဘဝကြီးမယ် ရှေ့ဆက်ဖို့အကြောင်းအရင်းကတစ်ခုတည်းသာလိုခဲ့ပါ၏...

...........

Evangeline လေးက mini story လေးပဲမို့လို့တစ်ချို့Dialogueလိုတဲ့အပိုင်းတွေကိုဖြတ်ချထားပါတယ်ရှင့် ခန့်မှန်းထားတာကတော့ ၁၅ပိုင်းဝန်းကျင်လောက်ပဲရှိပါမယ် အချိန်ပေးပြီးဖတ်ပေးကြတဲ့အယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့် >_<











Continue Reading

You'll Also Like

483 57 2
"ကိုကို ကျွန်ဝောာ်က ကိုကို့ညီလေးမဟုတ်ဘူး" အပ်ပုဒိတ်ကြာပါမယ်ရှင်
9.3M 278K 200
Seventeen Imagines for all 13 members •S.Coups •Jeonghan •Joshua •Jun •Hoshi •Wonwoo •Woozi •DK •Mingyu •The8 •Seungkwan •Hansol •Dino Book backgroun...
616K 22.3K 96
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
938K 57.6K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...