"ဝေ........ဝူးးး"
"မောင်မင်း ခိုင်ဖုန်းရုံးတော်ရှေ့စည်တီးပြီး မတရားမှုကိုတိုင်ကြားခဲ့ပါသလား"
ပေါင်လူကြီးမင်းရဲ့ အသံကျယ်ကျယ်ကြောင့် သူ့ပခုံးဖျားလေး ဆတ်ခနဲတုန်သွားရတယ်။ သူက ကြမ်းပြင်ပေါ် ပုံ့ပုံ့ကလေးထိုင်နေပြီး ခမောက်အကြီးကြီးကို အကာအကွယ်ယူလို့ ဟိုဒီဝေ့ဝဲကြည့်နေတာရယ်။ နဂါးခေါင်းဓားစက်၊ ကျားခေါင်းဓားစက်နဲ့ ခွေးခေါင်းဓားစက်တွေကို ကြည့်ချင်ပေမဲ့ ပိတ်စဝါဝါ အုပ်ထားတာမို့ ဘာတွေမှန်းတော့ မရေရာပါဘူး။ အခုတော့ ပေါင်လူကြီးမင်းရဲ့ မေးခွန်းကိုဖြေရပါဉီးမယ်။
"ဟုတ်ကဲ့...တိုင်ကြားခဲ့ကြောင်းပါ "
"မောင်မင်းနာမည်ပြော"
"ရှောင်ဝါးဝါ...အယ်...ရှောင်ဝမ်......အွန်"
်
သူ့တုံ့ပြန်စကားအဆုံးမှာ ပေါင်လူကြီးမင်းက မေးမြန်းလာပါတယ်။ရုတ်တရက်မို့ သူလည်း နာမ်စားတချို့ လွှတ်ခနဲထွက်သွားပေမဲ့ တကယ်တမ်းကျ ဘယ်လိုပြန်ဖြေရမယ်မှန်း မသိတော့ဘူးရယ်။ အဲ့ဒါမှ ကောင်းရော၊ သူ့နာမည်အရင်းကို သူကိုယ်တိုင်တောင်မသိဘူး။
"ပေါင်လူကြီးမင်းမေးနေတာကို တလေးတစားဖြေစမ်း...မင်းခမောက်ကြီးကရော ခုထိမချွတ်သေးဘူးလား ဟမ်"
ပြောပြောဆိုဆိုနဲ့ ဆွဲချွတ်လာတဲ့ လက်ကြမ်းကြမ်းကြောင့် သူ့ခမောက်ကြီး လွင့်ထွက်သွားရပြီပဲဖြစ်တယ်။သူလည်း အလန့်တကြားဖြစ်သွားရပြီး ဖျတ်ခနဲမော့ကြည့်လိုက်တော့ အနက်ရောင်ဝတ်စုံဝတ် အမှုထမ်းတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။သူလည်း တကယ့်ကို လန့်ဖျပ်သွားရပြီမို့ ခေါင်းကိုအမြန်ငုံ့ချပစ်လိုက်ပြီး လေသံတိုးတိုးလေးနဲ့ပြောလိုက်တာက...
"ကျွန်တော်မျိုးနာမည်က...ရှောင်...ရှောင်ဝါးဝါ ပါ ပေါင်ကုန်း"
"........."
သူ့စကားအဆုံးမှာ ဘာတုံ့ပြန်သံမှ မကြားရဘူး။ တလေးတစား သုံးနှုန်းလိုက်လို့ပဲလားတော့မသိပေမဲ့ ရုံးတော်တစ်ခုလုံး တိတ်ဆိတ်သွားတာပဲဖြစ်ပါတယ်။သူလည်း ဘာဖြစ်သွားမှန်းမသိတာမို့ ခေါင်းလေးမော့ကြည့်မယ်အလုပ်မှာပဲ ပေါင်လူကြီးမင်းဆီက စကားသံထွက်ပေါ်လာပါတော့တယ်။
"မင်းတို့ သမီးရည်းစား ချစ်စနိုးနာမည်တွေကို အိမ်မှာထားခဲ့သင့်တယ်...ကဲ ကဲ...လိုရင်းကိုပဲပြောတော့..."
"အာ...ဒါက ဒီလိုပါ ပေါင်ကုန်း...ကျွန်တော်မျိုး ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းချင်လို့ပါ"
"ဟေ..."
"ဟမ်...."
"အမ်...."
"အိုး...."
သူ့စကားဆုံးတာနဲ့ အာမေဍိတ်သံတွေ မနည်းမနောထွက်ကျလာကြတယ်။သူလည်း ကြောင်အအကလေးဖြစ်သွားရပေမဲ့ အလျင်အမြန်အိန္ဒြဆေည်လိုက်ပြီး အသံစာစာလေးနဲ့ လျှောက်တင်ပါတော့တယ်။
"ဟုတ်ပါတယ်...ခင်ပွန်းဖြစ်သူက သူ့မျက်နှာချောချောကိုမှမထောက် ကျွန်တော်မျိုးကို ဓားတရွယ်ရွယ်နဲ့ ခြိမ်းခြောက်တဲ့လူရမ်းကားဖြစ်ကြောင်းပါ...အဲ့ဒါကြောင့် ကျွန်တော်မျိုးကို အဲ့လူကြီးနဲ့ ကွာရှင်းခွင့်ပေးပါ ပေါင်ကုန်း"
"နေ...နေပါဉီးကွယ်"
သူ့အပြောကြောင့် ပေါင်လူကြီးမင်းတစ်ယောက် ဇဝေဇဝါလေသံနဲ့ တားမြစ်လာပါတယ်။နောက်တော့ သက်ပြင်းကိုဟင်းခနဲချလိုက်ပြီး စကားဆက်လာတာက...
"ခိုင်ဖုန်းရုံးတော်မှာ ကွာရှင်းခွင့်လျှောက်လို့မရဘူး မောင်မင်း"
"အဲ့ဒါဆို ဘယ်မှာလျှောက်ရမှာလဲဟင်"
"ဘယ်ကိုလျှောက်ချင်သေးတာတုန်း..ထုံးစံမှမရှိဘဲ"
"အွန်"
သူ့စကားဆုံးတာနဲ့ ပေါင်လူကြီးမင်းရဲ့ အော်သံဟိန်းဟိန်း ထွက်ကျလာတာကြောင့် သူ့ခမျာ ခေါင်းမော့မတတ်ဖြစ်သွားရတယ်။ အဲ့အချိန်မှာပဲ ပေါင်လူကြီးမင်းက စကားဆက်လာလေရဲ့။
"ခင်ပွန်းသည်က နှင်ထုတ်တာမျိုး၊ ခင်ပွန်းသည် ဒါမှမဟုတ် ဇနီးသည်ဘက်က ထွက်ပြေးတိမ်းရှောင်တာမျိုးကလွဲလို့ မောင်နှံစုံတွဲတွေအနေနဲ့ ကွာရှင်းခွင့်ဆိုတာမျိုးရယ်လို့က ရှိမှမရှိဘဲ၊ ကြေးရတတ်လူတန်းစားနဲ့ မင်းဆွေစိုးမျိုးတွေမှာဆို မယားပြိုင်စနစ်တောင်ရှိနေတာကို မောင်မင်းမေ့သွားပြီလား "
ပေါင်လူကြီးမင်းရဲ့ မေးခွန်းကြောင့် သူ့ခမျာ မျက်ဝန်းလဲ့လဲ့လေးတွေ ဝိုင်းစက်သွားရပြီပဲဖြစ်တယ်။ သူဒါတွေကို သတိမှမရတဲ့ဟာကို။သူက ဘယ်လိုလုပ် သိမှာတဲ့လဲ။ နောက်ပြီး မယားပြိုင်စနစ်ဆိုပဲ။ ဒါနဲ့ ဟိုလူကြီးကရော သူ့အပြင် တခြားတစ်ယောက်ယောက်ကိုများ လက်ထပ်ထားသေးသလား။
ဖြစ်နိုင်တယ်။အဲ့လူကြီးက ဒီလောက်ချမ်းသာပြီး ရုပ်ချောနေတဲ့ဟာ။တစ်မြို့လုံးရဲ့ အလှပဂေးတွေချည်း ရွေးယူထားရင်ရော။ ကျွတ်စ်...ကျွတ်စ်...အဲ့ဒါဆိုရင်တော့ ဧကရာဇ်နဲ့ အတော့်ကိုရှင်းယူရမှာရယ်။နိုင်ငံ့ဥသျှောင်ဧကရာဇ်ရဲ့ မောင်းမဆောင်ကို လုယူမဲ့သူဆိုပြီးလေ။
"မောင်မင်းရဲ့ ခင်ပွန်းနာမည်ကိုပြော...လက်နက်ကိုင်ခြိမ်းခြောက်တာမျိုးကိုတော့ ကျုပ်စီရင်ပေးနိုင်တယ်"
"......."
"မောင်မင်း..ကျုပ်မေးတာ ကြားသလား"
သူအတွေးလွန်နေတာမို့ ချက်ချင်းမဖြေနိုင်ခင်မှာပဲ ပေါင်လူကြီးမင်းက အော်ဟစ်လာပြီမို့ ကပျာကယာ ဖြေရပါတော့တယ်။
"အာ...ဝမ်ရိပေါ်လို့ခေါ်ပါတယ် ပေါင်ကုန်း"
"ဝမ်ရိ...ဟမ် "
ပေါင်လူကြီးမင်းက စကားဆက်မလာဘဲ တန့်ခနဲဖြစ်သွားပြီပဲဖြစ်တယ်။သူလည်း ဘာဖြစ်လို့ဖြစ်သွားမှန်း မသိတာမို့ ငြိမ်ငြိမ်ကလေးနေနေတုန်းမှာပဲ ပေါင်လူကြီးမင်းက ပြောလာပြန်ပါတယ်။
"မောင်မင်း ခေါင်းမော့စမ်း"
ပေါင်လူကြီးမင်းစကားကြောင့် သူလည်း မျက်တောင်ရှည်တွေ ပုတ်ခတ်ပစ်လိုက်ပြီး မေးဖျားလေးကိုပင့်မော့လိုက်တယ်ဆိုရင်ပဲ...
"ဟင်...ရှောင်ဝမ်ရယ်"
"ဟာ"
"ဟမ်"
ရုံးတော်ထဲ ဒုတိယအကြိမ် အာမေဍိတ်သံ စီစီညံလာပြန်ပြီမို့ သူ့နှာသီးဖျားလေး တွန့်ရှုံ့သွားရတယ်။ ဒီလူတွေ ဘာဖြစ်ကြပြန်ပြီလဲ။ရုတ်တရက် မတ်တပ်ထရပ်လိုက်တဲ့ ပေါင်လူကြီးမင်းမျက်နှာကတော့ ရှုပ်ထွေးနေပုံပါပဲ။နောက်တော့ အောင်မြင်ခံ့ညားတဲ့လေသံနဲ့ အမိန့်ပေးလာပါတော့တယ်။
"ရုံးတော်ပိတ်ပြီ...အားလုံး ထွက်သွားကြ...ရှောင်ဝမ်ရယ်တစ်ယောက်ပဲ နေရစ်ခဲ့။ ဝမ်ချောင်...မာဟန့် ဝေါယာဉ်အသင့်ပြင်ပြီး ရုံးတော်တံခါးဝက စောင့်နေ..ရုံးတော်ထဲ ဘယ်သူမှ ဝင်မလာစေနဲ့"
"ဟုတ်"
ပေါင်လူကြီးမင်းရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရုံးတော်တစ်ခုလုံး ပျာယာခတ်သွားတယ်။ ခဏအကြာမှာတော့ တံခါးပိတ်သံနဲ့အတူ တိတ်ဆိတ်ငြိမ်သက်သွားပြီပဲဖြစ်ပါတယ်။
"ရှောင်ဝမ်ရယ်...ထပါ"
ပေါင်လူကြီးမင်းက စင်မြင့်ပေါ်ကနေဆင်းလာရင်း ဖြည်းဖြည်းဆေးဆေးပြောလာပါတယ်။သူလည်း ပေရေနေပြီဖြစ်တဲ့ ဝတ်ရုံစကို လက်ဖျားလေးနဲ့ သပ်ခါလိုက်ပြီးမှ ဆတ်ခနဲ ထရပ်လိုက်ပါတယ်။ အဲ့အချိန်မှာပဲ အနားကိုရောက်လာပြီဖြစ်တဲ့ ပေါင်လူကြီးမင်းက ခပ်တိုးတိုးပြောလာပါတော့တယ်။
"ရှောင်ဝမ်ရယ်ကို မင်္ဂလာပွဲမှာတုန်းကပဲ မြင်ဖူးတာဆိုပေမဲ့ ကျုပ်ကောင်းကောင်းမှတ်မိတယ်။ ကောလာဟလတွေထဲကအတိုင်း နူးညံ့သိမ်မွေ့ပြီး တည်ကြည်ရင့်ကျက်သူမှန်း ကျုပ်အဲ့ကတည်းက မှတ်ချက်ချခဲ့ပြီးသားပဲ..ဒါပေမဲ့ အခုက ဘယ်လိုဖြစ်ရတာလဲ...မဟုတ်မှ ခွိုက်ကျန်းအိမ်တော်သခင်ကများ ခိုင်ဖုန်းရုံးတော်မှာ သွားကစားဖို့ လွှတ်လိုက်လေသလား"
"........."
"ကြင်ဖက်မောင်နှံအချင်းချင်း အချစ်စမ်းတယ်ဆိုရင်တောင် ဒီအဘိုးကြီးကို ခုတုံးမလုပ်ပါနဲ့လား...နှစ်ကိုယ်ကြားနာမ်စားကိုသုံးပြီး မကြားဖူးတဲ့ ဥပဒေနဲ့ ရုံးတော်မှာ လာကစားတာက ရှောင်ဝမ်ရယ်အတွက် မသင့်တော်ပါဘူး"
ပေါင်လူကြီးမင်း စကားအဆုံးမှာ သူ့ခမျာ ပါးစပ်အဟောင်းသားဖြစ်သွားရပါတော့တယ်။ အချစ်စမ်းတယ်။ ဘာအချစ်ကို စမ်းရမှာလဲ။ သူက တကယ်ကြီး ဓားထောက်ခံခဲ့ရတဲ့ နစ်နာသူပါနော်။အတွေးနဲ့အတူ သူ့နှုတ်ခမ်းပါးလေးက တဖြည်းဖြည်းစူထော်လာတယ်။ အဲ့ဒီနောက်တော့ အသံစူးစူးလေးနဲ့အော်ပြောတော့တာပါပဲ။
"လူကိုမဆူပါနဲ့...အဲ့လူကြီးက တကယ်လူရမ်းကားကြီး...လို့...ကျွန်တော်က တရားဥပဒေကိုလေးစားလိုက်နာတဲ့အနေနဲ့ ပေါင်ကုန်းကို လာတိုင်တဲ့ဟာကို..."
"မဖြစ်နိုင်ဘူး...မြို့စားဟောင်း လောင်ဝမ်က ကျုပ်မိတ်ဆွေပဲ...သူ့သားဖြစ်တဲ့ လက်ရှိ ခွိုက်ကျန်းအိမ်တော်သခင်ရဲ့ စိတ်ရင်းကိုလည်း ကျုပ်သိတယ်...သူက လူရမ်းကားမဟုတ်ဘူး"
ပေါင်လူကြီးမင်းက ခေါင်းတခါခါနဲ့ငြင်းလာတာမို့ သူစိတ်ညစ်သွားရတယ်။ဒီပေါင်လူကြီးမင်းက ဟိုလူကြီးကို ဇွတ်ကာကွယ်ပေးနေတော့တာပဲ။သူကဖြင့် တစ်မနက်လုံး နှလုံးသားလေး တုန်ယင်နေရတဲ့ဟာကို။ နောက်ပြီး ခေါင်းပါ တဆစ်ဆစ်ထိုးကိုက်သေးတာရယ်။
အတွေးနဲ့အတူ ပေါင်လူကြီးမင်းဆီ မျက်စောင်းနုနု လှစ်ခနဲထိုးတယ်။လက်ညှိုးကို ဆတ်ခနဲထောင်ပြီးတဲ့အခါ အင့်ခနဲနေအောင် ခြေဆောင့်ချလိုက်ပြီပဲဖြစ်ပါတယ်။အဲ့ဒီနောက်တော့ လက်ညှိုးလေးကို ပေါင်လူကြီးမင်းရဲ့ လက်ဖျံဆီ ထိကပ်ပစ်လိုက်ပြီး...
"အိုက်ယားးးလူရမ်းကားပါဆို...ဒီလို...ဒီလို ဓားနဲ့ထောက်ပြီး ခြိမ်းခြောက်ပါတယ်ဆိုနေမှ"
"လက်ကိုပေါ့..."
"ဟင်"
သူ့လက်ညှိုးလေးကို ငုံ့ကြည့်နေတဲ့ ပေါင်လူကြီးမင်းက ရုတ်တရက်မေးလာတာပဲဖြစ်တယ်။
သူလည်း တခဏတော့ ယောင်နနလေးဖြစ်သွားရပေမဲ့ အသံစာစာလေးနဲ့ ပြန်ဖြေလိုက်တာပါပဲ။
"ဟင့်အင်း...ကျွန်တော့်ဒူးခေါင်းနဲ့ သူ့လက်နက်ကို စမ်းမိတာ..."
"ဒူးခေါင်းနဲ့!...ဘယ်လိုအနေအထားမျိုးမှာ စမ်းမိသွားတာလဲ"
"ဟို...အိပ်ရာထဲမှာ...အာ...သူ့လက်နက်က စောင်ပုံထဲမှာမို့မမြင်ရပေမဲ့..မာမာရှည်ရှည်နဲ့ လုံးပတ်ကြီးတယ်...အဲ့တော့ ဓားဆိုတာ သေချာတယ်"
ခေါင်းလေးမော့ ရင်လေးကော့ထားတဲ့ သူက ယုံကြည်မှုအပြည့်နဲ့ပဲ။ယုန်သွားလေး ခုန်ထွက်မတတ်ပြောချလိုက်တဲ့ စကားအဆုံးမှာ ပေါင်လူကြီးမင်းက မျက်လုံးတွေမှေးစင်းပြီး စေ့စေ့ကြည့်လာပြီပဲဖြစ်တယ်။ဒီတော့မှ သူလည်း လန့်ဖျပ်သွားရပြီး လက်ညှိုးလေးကို ပြန်ရုတ်ချိန်မှာပဲ ပေါင်လူကြီးမင်းက ပြောလာပါတော့တယ်။
"ရှောင်ဝမ်ရယ်...လောလောဆယ်တော့ အိမ်တော်ပြန်ပြီး အနားယူလိုက်ပါဉီး...ကျုပ်ညနေကျမှ ခွိုက်ကျန်းအိမ်တော်သခင်ဆီ လာတွေ့ပါ့မယ်"
"ဟင်"
"ဝမ်ချောင်...မာဟန့်...ရှောင်ဝမ်ရယ်ကို လိုက်ပို့ဖို့အသင့်ပြင်"
"ဟုတ်"
"ဘန်းးးးး"
အမိန့်ပေးသံအဆုံးမှာ ရုံးတော်တံခါးက ရုတ်ချည်းပွင့်လာတယ်။ အဲ့ဒီနောက်တော့ သူ့ကို ဝေါယာဉ္ပေါ် ဆွဲလွဲခေါ်ကြတော့တာပဲ။ အိမ်ပြန်လမ်းဟာ ခပ်ငြိမ့်ငြိမ့်။မချင့်မရဲဖြစ်နေရတဲ့ သူ့မှာတော့ နှုတ်ခမ်းပါးလေး ဖူးလို့ထော်လို့ရယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
TBC