Dada Jeon

By choiluca

48.9K 849 147

အေးစက်ကာ အထီးကျန်မှုအတိပြီးနေသော အသူရာချောက်နက်ထဲ နစ်မြုပ်နေခဲ့သည့်သူ့အတွက် ထယ်ယောင်းက တစ်ခုတည်းသောတောက်ပမှုလ... More

Part-1
Part-2
Part-4
Part-5
Part-6
Part-7
Part-8
Part-9

Part-3

534 67 12
By choiluca

"အဟွတ် အဟွတ်"

ထယ်ယောင်းနှင့် ဂျောင်ကုတို့​၏ ငြိမ်သက်နေသော ထမင်းဝိုင်းမှာ ထမင်းသီးသည့်အသံကြောင့် စတင်ဆူညံလာသည်။ ထိပ်ဆုံးခုံမှာထိုင်ရင်း မနက်စာစားနေသည့်သူဟာလဲ ကြင်သူသက်ထားလေး​၏ ချောင်းသံကိုကြားသည်နှင့် တပြိုင်နက် ထိုင်ခုံမှထလိုက်ပြီး ကျောကုန်းကို ခပ်ဖွဖွပုတ်ပေးရင်း

"ဖြေးဖြေး ဖြေးဖြေး..."

ချောင်းကို သုံးလေးချက်ဟန့်ပြီးသည့်အချိန်မှာတော့ ထယ်ယောင်းတစ်ယောက် အနည်းငယ်အဆင်ပြေသွားပုံရသည်။ ဟင်းရည်ပန်းကန်လုံးဘေးမှ ရေခွက်ကိုယူကာ ရေအနည်းငယ် သောက်လိုက်ပြီး

"ရတယ် ရတယ် အဆင်ပြေသွားပြီ"

ကာယကံရှင်က အဆင်ပြေသွားပြီဟုပြောတာတောင် တစ်ဖက်သူက စိတ်မချနိုင်သေး။ တကယ်အဆင်ပြေတာသေချာကြောင်းအတည်ပြုပြီးမှ သူ့နေရာသူပြန်ထိုင်လိုက်သည်။

သို့ရာတွင် ထယ်ယောင်းကို အရိပ်တကြည့်ကြည့်လုပ်နေသည်က ရပ်မသွား။ ထမင်းတွေကို တူနှင့်ယူကာ နည်းနည်းစီစားနေသည့် ထယ်ယောင်းကိုကြည့်ရင်း သူ့စိတ်ထဲအနည်းငယ်စိုးရိမ်နေသလိုလိုဖြစ်လာ​၏။

"ဟန်နီ နေမကောင်းဘူးလား"

ပုံမှန်ထပ် အနည်းငယ် ငြိမ်နေသည့် ထယ်ယောင်းက သူ့မျက်နှာကို မောကြည့်ရင်း ခေါင်းခါပြသည်။

"ဟင့်အင်း...နေရတာအဆင်ပြေပါတယ်"  "ဘာလို့လဲ"

"ဟန်နီ့ကြည့်ရတာ အစားနည်းနေသလိုပဲ"

ထမင်းပန်းကန်ကိုမေးငေါ့ပြသောသူကြောင့် သူ့ထမင်းပန်းကန်ကိုသူပြန်ကြည့်မိပါသည်။ ထမင်းစားနေတာ အတော်လေးကြာနေပြီဆိုပေမဲ့ ဒီပမာဏက ဒီပမာဏပဲဖြစ်နေသည်မို့ တူကို ချလိုက်ပြီး

"မစားချင်ဘူး ဒါလင်ရယ်...စားရတာ ဘာလိုနေမှန်းမသိဘူး"

"ဟင်...ကိုယ့်စိတ်အထင်တော့ စားရတာအဆင်ပြေပါတယ်"

ဂျောင်ကုမှာ ဟင်းရည်ကိုထပ်မြည်းရင်း အရသာကို အတည်ပြုလိုက်ပေမဲ့ စားနေကျအရသာပဲမို့ ထယ်ယောင်းကိုပြန်ကြည့်ကာ

"ဟုတ်ပါတယ် အရင်အရသာပဲ"

ဂျောင်ကုဘက်က စကားဆုံးဆုံးချင်း ထွက်လာသည့် သက်ပြင်းအရှည်ကြီးမှာ အီဂျစ်ပြည်​၏ နိုင်းမြစ်ကြီးထပ်တောင် ရှည်နေဦးမည်။

ထယ်ယောင်းတစ်ယောက် စိတ်ရှုပ်စွာဖြင့် သပ်သပ်ရပ်ရပ်ဖြစ်နေသည့် ဆံနွယ်တွေကိုဖွလိုက်ပြီး

"မသိတော့ပါဘူး ဒါလင်ရယ် အရသာက ပေါ့နေသလိုခံစားရတယ်"

ထမင်းဝိုင်းက ထပြီး ထိုင်ခုံအနောက်မှာ လွှားထားသည့် Cardiganအညိုလေးကို ထပ်ဝတ်လိုက်သည့် ထယ်ယောင်းကို ခြေဆုံးခေါင်းဆုံးကြည့်နေမိသည်။

ဒီနေ့က ဆေးရုံသွားရမည့်နေ့ဖြစ်တာမို့ စိတ်ပူပန်နေတာများလား။

"ဟန်နီ ဒီနေ့ ဆေးရုံသွားရမှာမို့လား"  "ဘယ်အချိန် ချိန်းထားလဲ ကိုယ်လိုက်ပို့ပေးမယ်လေ"

"ဆယ်နာရီခွဲချိန်းထားတာ"  "စောတော့ စောပါသေးတယ်"

အချိန်အားဖြင့် ၈နာရီခွဲသာသာ ရှိသေးသည်ဆိုပေမဲ့ ရုံးကို ကိုးနာရီအရောက်သွားရမည့်သူအတွက် မစောလွန်းတော့။

ရက်ချိန်းဆိုတာကလဲ တခြားတော့မဟုတ်။ ဒီရက်ပိုင်း အစားသေချာမစားနိုင်တာကော stressတွေပိနေတာကြောင့်ကောမို့ စိုးရိမ်ပြီး medical checkupလုပ်ထားခြင်းဖြစ်​၏။ ထို့နောက် ဂျောင်ကုမှာ ထမင်းဝိုင်းကလိုက်ထပြီး ကားသော့ကို ဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်သည်။

"အင်း စောတော့ စောသေးတယ်နော်...ဟန်နီ ကိုယ့်ရုံးကို လိုက်ခဲ့ချင်လား ဒါမှမဟုတ် အမေတို့အိမ်ကို ခဏဝင်မလား"

ဂျောင်ကု​၏ရုံးနှင့် ထယ်ယောင်းမိဘအိမ်မှာ သိပ်မဝေးတာမို့ စကားလမ်းကြောင်း ခင်းပေးလိုက်ခြင်းဖြစ်သည်။ သို့ရာတွင် ထယ်ယောင်းမှာ သူ့ဖုန်းကို တချက်ကြည့်ပြီး

"အမေ့အိမ်မှာပဲ ခဏဝင်နေလိုက်မယ်လေ...မတွေ့ရတာကြာပြီဆိုတော့ မျက်နှာလေးသွားပြလိုက်ဦးမယ်"

ဂျောင်ကုနှင့် လက်ထပ်ပြီးကတည်းက မိဘအိမ်ကို ရောက်ဖြစ်သည်ဆိုသောအကြိမ်အရေအတွက်မှာ လက်ချိုးရေလို့တောင်ရသည်။

လူကိုယ်တိုင်က လုံးဝမလာချင်တာတော့မဟုတ်။ ကျောင်းကိစ္စတွေ၊ Jမိသားစုက အသစ်ဖွင့်သည့် ပရဟိတလုပ်ငန်းတွေ​၏ ဖွင့်ပွဲတက်ရတာတွေနှင့် အလုပ်ရှုပ်နေခဲ့သည်မဟုတ်လား။

ဂျောင်ကုဘက်ကလဲ ထယ်ယောင်းကိုနားလည်သည်မို့ ကုမ္ပဏီသို့ မဝင်ခင် ယောက္ခမဖြစ်သူအိမ်တွင်ချပေးခဲ့​၏။

"ဒါလင် မဝင်တော့တာသေချာလား"

Cardiganအညိုလေးထဲ ဝက်ဝံပေါက်ကလေးလိုဖြစ်နေသောသူက ကားတံခါးကိုပြန်ပိတ်ရင်း နောက်တစ်ကြိမ်ထပ်ပြီး အတည်ပြုလာသည်။

ယောက္ခမအိမ်ကိုလာမလည်ချင်တာမဟုတ်ပေမဲ့ မနက်ပိုင်း အစည်းအဝေးက အရေးကြီးသည့်ကိစ္စဖြစ်တာမို့ ပစ်ထားလို့မရ။ ထို့ကြောင့် ခေါင်းခါလိုက်ပြီး

"ဟင့်အင်း မဝင်ဖြစ်တော့ဘူး ဟန်နီ။ အကယ်၍ ဟန်နီလာစေချင်တယ်ဆို အပြန်ကျမှ အတူတူထပ်လာကြမယ်လေ"

"ရပါတယ် အဲ့လောက်ကြီး စိတ်ထဲမထားနဲ့ ဒါလင်က အမေနဲ့တွေ့ချင်တယ်ပြောနေလို့ မေးကြည့်တာ"

"အင်း...ကိုယ် အပြန်ကျမှဝင်ခဲ့မယ်" "ငါတို့ဟန်နီလေး မျက်နှာရအောင် လက်ဆောင်ကောင်းကောင်းလေးပါယူခဲ့ပေးမယ်နော်" "စားချင်တာရှိလဲ ကိုယ့်ကို ဖုန်းဆက်ပြီးလှမ်းပြောလိုက်"

ဒီလိုနှင့်စကားဆက်ရင်း ကုမ္ပဏီကိုရောက်မှာမဟုတ်တော့တာသူသိသည်မို့ ထယ်ယောင်းမှာ ကားပြတင်းပေါက်မှတဆင့် ဂျောင်ကုကို လက်ယပ်ခေါ်လိုက်သည်။

တစ်ဖက်သူက အနားကိုတိုးလာတော့ ပါးပြင်ချောချောကိုအနမ်းတစ်ပွင့်ပေးပြီး

"သွားတော့ ဒါလင်ရယ်" "မင်းဒီလိုနဲ့ ကုမ္ပဏီကိုရောက်မှာမဟုတ်တော့ဘူး"

အသည်းစိုင်လေးဆီမှ ရသည့်အနမ်းကြောင့် ပြုံးပြုံးဖြီးဖြ်ီးဖြစ်နေသည့်သူမှာ ကားစက်ကိုနှိုးရင်း fly kissပေးကာ

"သွားပြီနော် အချစ်လေး" "မောင့်ရဲ့အသဲအသက်အူကြူကြူးလေး...စားချင်တာရှိရင် ပြောသာပြောလိုက်" "ကိုယ် ကိုယ်တိုင်လာပို့ပေးမယ်"

"ဟုတ်ပါပြီဗျာ သိပါပြီ သွားပါတော့"

"ဆေးစစ်ချက်အတွက်လဲ အရမ်းစိတ်လှုပ်ရှားမနေနဲ့ဦးနော် ဟန်နီလေး"

"သိပါပြီဆို!"

လေသံမာကာ ခြေထောက်ကိုဆောင့်ရင်းပြောလိုက်သည့်သူကြောင့် နှုတ်ခမ်းအနည်းငယ်စူသွားရသည်။ သူ့မှာချွဲစရာဆိုလို့ ဒီဟန်နီလေးပဲရှိသည်မဟုတ်လား။

ဂျောင်ကုမှာ မနက်ခင်းတစ်ခင်းလုံး moodကောင်းကောင်းနှင့်ရှိနေသော်လည်း အစည်းအဝေး​၏ရိုက်ခတ်မှုကြောင့် စိတ်ညစ်ရပြန်ပါသည်။

အစီရင်ခံစာတင်ပါဆိုတာကို အမှိုက်တွေရေးပြီး လာတင်တာကြောင့် အလုပ်တွေဟာလဲ စီစဉ်ထားသလိုဖြစ်မလာခဲ့။

"Buzz Buzz Buzz Buzz"

စိတ်အတော်လေးရှုပ်နေသော်လည်း စားပွဲပေါ်က vibration အသံကြောင့် ဖုန်း screen ကို လှမ်းကြည့်လိုက်မိ​၏။

'Honey❤️'ဟူသော contact nameလေးက ဘာရယ်မဟုတ်သူ့ကိုပြုံးသွားစေသည်။ စိတ်ရှုပ်စရာတွေတောင် ဘယ်ကိုအငွေ့ပြန်သွားလဲမသိ။

"ဟယ်လို ဘေဘီ~ ဘာစားချင်လို့လဲ"

ဖုန်းကိုင်ကိုင်ချင်း အစားအကြောင်းကို အရင်မေးသူကို မုန်းပါသည်။ အနားမှာရှိလျှင် တွေ့တာနှင့် ကောက်ထုမိလောက်မယ်ဆိုသော်လည်း ဆေးရုံကိုရောက်နေသည်မို့ သူ့စိတ်ကိုထိန်းလိုက်ရသည်။

"ဒါလင် ကျုပ်ကို ဝက်များမှတ်နေလား"

နားပူနားဆာလုပ်တတ်သည့်လေသံလေးကြောင့် ခစ်ခနဲ ရယ်လိုက်မိသည်အထိ။

"အဲ့လိုမဟုတ်ပါဘူး ဟန်နီရာ" "ကိုယ်က ဟန်နီ့ကိုအများကြီး ဂရုစိုက်ကြောင်း ပြချင်ရုံပါဗျာ" "ကိုယ့်ဟန်နီလေး ဒီလောက်လှတာကို ဝက်လို့ထင်စရာလား"

အင်း...ဒီလိုစကားတွေကြောင့်ပဲ ကင်မ်ထယ်ယောင်းတို့ အရည်ပျော်ခဲ့သည်မှာမရေမတွက်နိုင်တော့။ သို့ရာတွင် သူဖုန်းဆက်ရသည့်အဓိကအကြောင်းအရာကိုပျောက်မသွားစေရန် ရည်ရွယ်ပြီး

"တခြားတော့မဟုတ်ပါဘူး" "ငါခဏနေရင် ဆေးစစ်ချက်ကြည့်ရတော့မှာ"

"......."

"အဲ့တာ ကျုပ်စိတ်ပူနေတယ်"

ကန့်လန့်တိုက်တတ်သည့် ကလေးငယ်က စိတ်တွေကယောက်ကယက်ဖြစ်လာသည့်အချိန်တိုင်း 'ငါ' နှင့် 'ကျုပ်'ဆိုသည့်အသုံးအနှုန်းကို သုံးတတ်သည်မို့ ဘယ်လောက်ထိ စိတ်လှုပ်ရှားနေမလဲ သူနားလည်ပါသည်။

"ကိုယ်လာခဲ့မယ် ခဏစောင့်" "အလုပ်တွေက သိပ်အရေးမကြီးဘူး ဟန်နီ"

ဂျောင်ကုမှာ ပြောပြောဆိုဆိုနှင့် အလုပ်စားပွဲမှထတော့ ထယ်ယောင်းက ချက်ချင်းတားလိုက်သည်။

"ဟင့်အင်း...မလိုဘူး" "ငါဒီအတိုင်း ပြောပြတာ" "ဒါလင် မင်း လာဖို့မလိုဘူး"

"မဟုတ်တာကွာ ကိုယ်လာခဲ့-"

"ကင်မ်ထယ်ယောင်း shi?"

ဂျောင်ကုဘက်က စကားတောင် ဆုံးသည်အထိမပြောလိုက်ရ။ တစ်ဖက်သူက ဖုန်းကိုချက်ချင်းချသွားသည်။ ကြည့်ရတာ result ထွက်လာပြီထင်ပါရဲ့။

ထယ်ယောင်းဘက်တွင်လဲ စိတ်ကို တင်းနိုင်သလောက်ထိန်းထားသော်ငြား သူသိရမည့် resultအတွက် အများကြီး စိတ်လှုပ်ရှားနေခဲ့သည်။ အကယ်၍ အစာအိမ်ကင်ဆာဖြစ်ခဲ့မယ်ဆိုရင်ကော၊ သူက ဂျောင်ကုအတွက် အသုံးမဝင်တဲ့သူဖြစ်သွားရင်ကော....

"ကင်မ်ထယ်ယောင်း shi?!"

ဆရာဝန်မှ အသံနည်းနည်းမြှင့်၍ခေါ်လိုက်သည်မို့ ထယ်ယောင်းတစ်ယောက် အတွေးလွန်နေရာမှ သတိပြန်ဝင်လာ​၏။

"သေချာနားထောင်ပေးပါခင်ဗျာ"

"ဟုတ်ကဲ့ တောင်းပန်ပါတယ်ဗျ"

Cardigan အညိုလေးကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း စာရွက်တွေကို အာရုံစိုက်လိုက်သည်။

"ရောဂါလက္ခဏာအရ အစာအိမ်ကင်ဆာလို့ ခန့်မှန်းထားပေမဲ့ တကယ့်အကြောင်းအရင်းကတော့ ဒီဟာကြောင့်ပါ"

ဆရာဝန်က ဘောပင်ကိုအဖုံးပိတ်လျက်ဖြင့် စာရွက်ကို ထောက်ပြလာသည်။ သို့ရာတွင် အဖြူရောင်စာရွက်အပေါ် ထင်ထင်ရှားရှားပေါ်နေသည့်အရာက သူ့ရဲ့အစာအိမ်တော့မဟုတ်။

"သွေးစစ်ချက်အရပြန်ကြည့်မယ်ဆိုရင်လဲ blood cellတွေအများကြီးပြောင်းသွားတာကိုတွေ့ရတယ်" "မျိုးရိုးထဲ betaကနေ omegaပြောင်းတာ ဒါမှမဟုတ် betaကနေ alpha ပြောင်းတာမျိုးရှိပါသလား"

"ဟုတ်ကဲ့ ရှိပါတယ်" "အမေကော အဖေကော နှစ်ယောက်စလုံးပါ"

သူလိုချင်သည့်အဖြေကိုသိရဖို့အတွက် တုန့်ဆိုင်းမှုကင်းမဲ့စွာဖြင့် အမှန်အတိုင်း ဖြေကြားလိုက်သည်။

"အဲ့တာဆို မျိုးရိုးကြောင့်လို့ပဲပြောရမှာပေါ့နော်..."

ဆရာဝန်မှာ နောက်ထပ်တစ်ကြိမ် စာရွက်တွေကိုလှန်လှောရင်း

"ဆေးစစ်ချက်အရ omega ​အဖြစ် cellတွေပြောင်းလဲနေတာ တစ်လလောက်တော့ရှိပါပြီခင်ဗျ" "ပုံမှန်ဆိုလဲ cellတွေပြောင်းလဲတဲ့ကာလမှာ ဗိုက်အောင့်တာ ခေါင်းမူးတာ အစာစားချင်စိတ်ပြောင်းတာတွေဖြစ်လေ့ရှိပါတယ်"

"ဟုတ်ကဲ့"

"ဘာလို့ ပိုဆိုးသွားလဲဆိုရင် ဗိုက်ထဲက ကလေးကြောင့်ပါ"

"ဗျာ!"

သူ့ရင်ဘက်ထဲ ဒိန်းခနဲဖြစ်သွားရသည်။ နွေခေါင်ခေါင်မိုးကြိုးပစ်သွားသလို၊ အစာအိမ်ထဲလိပ်ပြရတွေပျံဝဲနေသလို၊ ခေါင်းထဲ စုပြုံပြီးတင်းနေသမျှ တပြိုင်ထဲပွင့်ထွက်သွားသလိုခံစားချက်မျိုးက တလှိမ့်လှိမ့်နှင့်။

"မဟုတ်မှလွဲရော...အဲ့တာ မစစ်ထားဘူးလား"

ဂျောင်ကုနှင့်အတူနေခဲ့သည်က လွန်ခဲ့တဲ့ သုံးပတ်ကဆိုသော်လည်း သူကိုယ်တိုင်က betaတစ်ယောက်ဖြစ်သည်မို့ ဒီလိုကိစ္စမျိုးဖြစ်လာလိမ့်မယ်မထင်ထား။

"ဟင့်အင်း...ဒီအတိုင်း အစာအိမ်မကောင်းလို့ ပျို့အန်တယ်ပဲထင်ထားတာခင်ဗျ"

တုန်ရီနေသည့်လက်ချောင်းသွယ်သွယ်လေးများက Cardigan​၏အစွန်းကို ပို၍တင်းကျပ်စွာဆုပ်ကိုင်လျက်။ စိတ်ထဲကလဲ အနည်းငယ်ပျော်သလိုလိုဖြစ်လာပါသည်။

"အဲ့တာဆိုရင်ဂုဏ်ပြုပါတယ်" "ကိုယ်ဝန်က နှစ်ပတ်ဝန်းကျင်ရှိပါပြီ" "အခုမှအစပိုင်းပဲရှိသေးတာဆိုတော့ အသွားအလာဂရုစိုက်ပေးပါ"

"ဟုတ်ကဲ့ခင်ဗျ"

"ဆေးတွေထဲ vitamin Cရယ် အော့အန်တာသက်သာစေတဲ့ဆေးရယ် ထည့်ပေးလိုက်ပါ့မယ်" "Pheromone ကတော့ အခုနေသိပ်မထင်ရှားသေးပေမဲ့ နောက် တစ်ပတ်လောက်ဆိုသိသိသာသာထွက်လာလောက်ပါပြီ"

စာရွက်တွေကိုသေချာသိမ်းရင်း စာအိတ်အဝါထဲထည့်ကာ တဖွဖွပြောနေသည့်သူက ထယ်ယောင်းကဲ့သို့ အပြုံးရိပ်များဖုံးလွှမ်းနေခဲ့သည်။

ဗိုက်ထဲက ရွေ့လျားမှုကို အထူးတလည်မခံစားမိသော်လည်း သူနှင့် ဂျောင်ကုတို့​၏ ကိုယ်ပွားလေးက အခု သူ့ဗိုက်ထဲမှာရှိနေပြီလေ။

ဒီလောက်နှင့်တင် တော်တော်ကျေနပ်စရာကောင်းနေခဲ့ပါပြီ။

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျ"

"ဟုတ်ကဲ့....ကျွန်တော်လဲ ထပ်ပြီးဂုဏ်ပြုပါတယ်ခင်ဗျာ" "ကလေးကို တော်တော်လိုချင်ခဲ့မှာပဲ"

ဆရာဝန်မှမဟုတ်၊ တခြား ဘယ်သူပဲကြည့်ကြည့် အပြုံးရိပ်သန်းနေသည့်မျက်နှာကြောင့် ဒီရင်သွေးလေးကို ဘယ်လောက်ထိမျှော်နေခဲ့ရလဲဆိုတာ ခန့်မှန်းနိုင်ပါ​၏။

ထို့နောက် ထယ်ယောင်းမှာ ဆေးခန်းထဲကထွက်လာပြီး ဂျောင်ကုကို ဖုန်းဆက်ရန်ပြင်လိုက်သည်။ သတင်းကောင်းဆိုတာ အချစ်ရဆုံးသူကိုအရင်ပြောပြသင့်တာမဟုတ်လား။

သို့ရာတွင် သူ​၏စိတ်ကူးမှာအကောင်အထည်ပေါ်မသွား။

"အိုမို ဘယ်သူများလဲလို့ ထယ်ယောင်းဖြစ်နေတာပဲ"

ထိုသူမှာတခြားသူတော့မဟုတ် အန်တီငယ်​၏ သမီးဖြစ်သူ မမလတ်။

ကြည့်ရတာ သူလဲ ဆေးလာစစ်ပုံရပါသည်။

"အော် မမလတ် ဆေးလာစစ်တာလား"

"အင်း ဟုတ်တယ်" "ဒီရက်ပိုင်း ဇက်ကြောနည်းနည်းတက်နေလို့"

အန်တီငယ်က သူ့သမီးတွေကို ဘယ်လောက်ထိအကဲပိုတတ်လဲဆိုတာ တလောကလုံးအသိ။ အခုလဲ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ပိုက်ဆံလာဖြုန်းတာ အသိသာကြီးမဟုတ်လား။

သို့ရာတွင် မမလတ်မှာ ထယ်ယောင်းလက်ထဲက စာအိတ်ကိုလှမ်းကြည့်ရင်း

"ထယ်ယောင်းလဲ ဆေးစစ်လာတဲ့ပုံပဲ" "result ကောအဆင်ပြေရဲ့လား"

စူးရှသည့်အကြည့်များနှင့် ခပ်ရွဲ့ရွဲ့လေသံက သူအဆင်ပြေနေသည်ကို မလိုလားသလိုဖြစ်နေသည်မို့ မျက်နှာထားကိုတည်ထားရင်း

"ဒီလိုပါပဲဗျ...."

"အိုမို အိုမို ထပ်ပြီး beta ပဲလား"
"ဝမ်းနည်းစရာ~ ဟက်"

ဝမ်းနည်းစရာကိစ္စသာဆို ခိုးရယ်စရာ ဘာအကြောင်းမှမရှိဘူးလေ။ ဘာပဲဖြစ်ဖြစ် ဒီနေ့က သူတို့နှစ်ယောက်စလုံးအတွက်ထူးခြားသည့်နေ့လေးဖြစ်သည်မို့ ထိုအကြောင်းနှင့်ပက်သက်၍စကားမစတော့။

"ကျွန်တော် ပြန်လိုက်ပါဦးမယ်ဗျ" "မမလတ် ဘာမှာစရာရှိသေးလဲ" "အိမ်ပြန်ရင်း မုန့်နည်းနည်းဝင်ဝယ်မလို့"

တစ်ဖက်သူက သဘောရိုးနှင့်မေးသော်လည်း ကောက်ကျစ်သောသူကတော့ ကောက်ကျစ်စမြဲ။

"အမလေးတော်...မလိုပါဘူး" "မာမီလုပ်ပေးတဲ့မုန့်တွေ ဒီလောက်ကောင်းတာကို ဘယ် bakeryကမုန့်မှဝယ်စရာမလိုပါဘူးအေ ပိုက်ဆံကုန်ပါတယ်"

"အော် ဟုတ်ဟုတ်"

တော်သေးတာပေါ့။ Jမိသားစုကသူဖြစ်နေလို့။ မဟုတ်ရင် ထိုသူကတော့ ထယ်ယောင်းလက်ချက်ဖြင့် နေရာမှာတွင် ပွဲချင်းပြီးသွားနိုင်သည်လေ။

"ကဲကဲ သွားတော့မယ်ကွယ်" "မင်းနဲ့စကားပြောရတာအရည်မရအဖတ်မရနဲ့ အချိန်ကုန်တာအရမ်းပဲ"

သူ့လက်ကောက်ဝတ်ပေါ်က Rolexနာရီကိုတကိုင်ကိုင်နှင့် ထွက်သွားသည့်သူကို ကျိန်ဆဲမိပါသည်။ 'ဆေးခန်းမသွားပဲ သင်္ချိုင်းကုန်းကိုသွားရမှာ' ဆိုပြီးတော့ပေါ့။

ထို့နောက် ပျော်ရွှင်နေသည့် moodလေးပျက်မသွားစေရန် ထိန်းရင်း ဆေးရုံအပြင်ကိုထွက်လာတော့ သူရင်းနှီးနေသည့်သူတစ်ယောက်က ဆီးကြိုနေသည်။

အရင်စိတ်နဲ့သာဆို ပြေးဖက်မိလောက်မှာသေချာပေမဲ့ အခုက ဗိုက်ထဲက အူကြူးလေးကြောင့် ခြေလှမ်းတွေကို ခပ်သွက်သွက်လျှောက်လာခဲ့​၏။

"ကိုယ့်ကိုမြင်ရတာ မပျော်ဘူးလား"

ဂျောင်ကုမှာ ကားတံခါးကိုဖွင့်ပေးပြီး ကားဘောင်ကိုလက်ဖြင့်ကာရင်း မေးတော့ တစ်ဖက်သူမှာစချင်စိတ်ပေါက်လာ​၏။

"ဟူး....မပြောချင်တော့ပါဘူးဒါလင်ရာ" "တကယ် ဂွကျတာပဲ"

ပြောတဲ့သူက ဗန်းစကားအနေနှင့်ပြောလိုက်သော်လည်း ဂျောင်ကုကတော့ ထယ်ယောင်း​၏ဘောင်းဘီဂွကိုလှမ်းကြည့်ရင်း

"ဂွက ဘာဖြစ်လို့လဲဟန်နီရဲ့...ဘောင်းဘီက ဝတ်လို့မကောင်းဘူးလား"

"ဂျွန်ဂျောင်ကု!"

"ခင်ဗျာ~"

ဆူမလို့အော်လိုက်သော်လည်း မျက်လုံးလေး ကလယ်ကလယ်နှင့်ဖြစ်နေသူအား ကြည့်ရင်း ဆူချင်စိတ်တွေပါလွင့်ပြယ်သွားသလိုလို။

ဂျောင်ကုမှာ ထိုအခွင့်အရေးကိုအမိအရဆုပ်ကိုင်၍ driver seatတွင် ခပ်မြန်မြန်ဝင်ထိုင်လိုက်သည်။ ထို့နောက် ဆူပုတ်နေသူ အသည်းအသက်ဖြင့် မျက်နှာချင်းဆိုင်ကာ

"ကဲပြော...ဆရာဝန်က ဘာပြောလိုက်လို့ ဒီလောက်တောင်သက်ပြင်းချနေလဲဆိုတာ"

ထယ်ယောင်းမှာ ယခုအချိန်ထိတိုင် အမှန်တရားကို မဖွင့်ပြောချင်သေး။

"ငွေယိုပေါက်တွေ့လာလို့"

လက်ထဲက စာအိတ်ကိုကမ်းပေးရင်းပြောလာတော့ တစ်ဖက်သူမှာစိတ်ပူသွားရသည်။

"ခွဲစိတ်ရမှာတဲ့လား"

ဆူပုတ်နေသူကလေးငယ်အား မေးလိုက်သော်လည်း ထိုပေါက်စမှာ ဘာမှပြန်မပြော။ ထို့ကြောင့် စာရွက်ကိုထုတ်ရင်း ဖတ်ကြည့်ရန်သာဆုံးဖြတ်လိုက်​၏။

စိတ်လှုပ်ရှားမှု၊ စူးစမ်းမှုနှင့် စိုးရိမ်မှုတို့ဖြင့် ရောထွေးနေသည့် အခြေအနေက ကားထဲကို တိတ်ဆိတ်မှုများဖြင့်လွှမ်းခြုံသွားစေသည်။

အချိန်အနည်းငယ်ကြာတော့မှ ဂျောင်ကုဘက်က စကားစလာပြီး

"ဟန်နီ.."

"......"

"ဒါ-ဒါက..."

"မြင်ပြီလား ငွေယိုပေါက်ကလေးကို"

မျက်နှာခပ်ပြုံးပြုံးဖြင့် မျက်စောင်းထိုးလျက်မေးတော့ တစ်ဖက်သူက ဘာမှမပြောပဲ သူ့ကိုတင်းကျပ်စွာဖက်လာသည်။

"အ့! ဒါလင် ဖြေးဖြေးဖက် ငါအသက်ရှုကျပ်တယ်"

လက်မောင်းကို သုံးလေးချက်လောက်ရိုက်ပြီး သတိပေးလိုက်တော့မှ သူ့ရှေ့က alphaက မော်ကြည့်လာသည်။ မျက်ဝန်းထဲမှာလဲ မျက်ရည်စလေးတွေက စွန်းထင်းလို့။

"ကိုယ့်အချစ်လေး ကိုယ့်အသက်ကလေး ကိုယ့်ကလီစာလေး အစားကောင်းကောင်းမစားလို့ အများကြီးစိတ်ပူနေခဲ့တာကို တော်သေးတာပေါ့"

ကလေးကိစ္စကြောင့် ပျော်ပြီး သူ့ကိုဖက်သည်ဟု ထင်လိုက်သော်လည်း ဂျောင်ကု​၏စကားကြောင့် အနည်းငယ်မှင်သက်သွားရ​၏။

"ကလေးကိစ္စကြောင့် ပျော်နေတာမဟုတ်ဘူးလား"

လက်မောင်းက တင်းမာမှုကို အနည်းငယ်လျှော့လိုက်သော်လည်း သူ့ကိုဖက်ထားစဲဖြစ်သည့်သူက ခေါင်းခါလျက်

"ဟင့်အင်း မဟုတ်ပါဘူးနော်"

"......."

"ဟန်နီ့ကို ကိုယ်ပြောဖူးတယ်မဟုတ်လား" "ကလေးက အရေးမကြီးဘူး ကိုယ့်မှာ ဟန်နီရှိရင်ရပြီလို့"

surprise တိုက်ဖို့လုပ်ထားတာကသူဆိုပေမဲ့ စကားလုံးလှလှလေးတွေနှင့် ပြန်ပြီး surprise တိုက်ခံလိုက်ရတာမို့ မျက်ရည်များဝဲလာခဲ့သည်။

ဤသည်ကို သတိပြုမိသည့်ဂျောင်ကုက ခပ်လောလောဖြင့် စကားကိုထပ်ဖြည့်ရင်း

"ကလေးလေးအတွက် မပျော်ဘူးလို့ ကိုယ်မပြောဘူးနော်" "ကိုယ့်ဟန်နီလေး နေကောင်းတဲ့အတွက် ပိုပျော်တယ်လို့ပြောတာ" "ကိုယ့်ဟန်နီလေး omega လေးဖြစ်လာတာကော ဟန်နီလေးက ကိုယ်နဲ့ bound လုပ်နိုင်ပြီး အနံ့သင်းသင်းလေးတွေနဲ့ကိုယ့်ကိုချုပ်နှောင်ထားမှာကိုကော အကုန်သဘောကျတယ်" "ဟန်နီ့ရဲ့-"

စကားတွေကို တရစပ်ပြောနေသည့် နှုတ်ခမ်းသားတစ်စုံက ဝက်ဝံပေါက်ကလေး​၏ လက်ချက်ဖြင့် ပိတ်သွားရသည်။ ပါးစပ်ကိုပါးစပ်နှင့်ပြန်ပိတ်သွားတဲ့ကလေးငယ်က romantic ​ဆန်ဆန်ဉာဏ်ကောင်းလွန်းသည်မို့ အနည်းငယ်ပြုံးမိပါ​၏။

"ဒါလင် ဘာကိုဆိုလိုချင်လဲ ငါသဘောပေါက်ပါတယ်" "ငါက ဒီလောကမှာ ဒါလင့်ကို နားလည်အပေးနိုင်ဆုံးလူလေ" "ငါ့ကိုမရှင်းပြလဲဖြစ်တယ်"

"မရှင်းပြလဲဖြစ်တာက ဟန်နီ့အပိုင်းလေ" "ကိုယ့်အပိုင်းက ဟန်နီ့စိတ်ထဲနည်းနည်းလေးတောင်ခုမသွားအောင် သေချာရှင်းပြဖို့ပဲ"

ကောက်ကွေးလိမ်နေသည့် အညိုရောင်ဆံနွယ်လေးတွေကို သပ်တင်ရင်း ပြောလာသည့်သူက သူ့ရဲ့အိမ်တစ်ခုလိုပင်။ ဘယ်လောက်ပင်ပန်းပါစေ နားခိုလို့ ရသည့်နေရာ၊ ဘယ်လောက်ပဲကြံခိုင်နေပါစေ ဒီအိမ်မှာတော့ ပျော့ညံ့လို့ဖြစ်တယ်ဆိုတဲ့အရာမျိုးပေါ့။

"ကဲ...ကိုယ်တို့ ဗိုက်ဗိုက်ကလေး ဗိုက်ဆာနေလောက်ပြီ တစ်ခုခုသွားစားကြမလား"

ဂျောင်ကုမှာ အနည်းငယ် ပုံပျက်နေသည့် Cardigan လေးကို fixလုပ်ပေးပြီး ကားစက်ကိုနှိုးလိုက်သည်။

ဘေးက ဆရာသမားကိုလှည့်ကြည့်တော့ ကိုယ်တော်ချောက သူဘာစားရမလဲဆိုတာ စဉ်းစားပြီးသားဖြစ်နေသလိုပင်။

"အင်း....Takoyakiစားချင်တယ်" "ရေဘဝဲလက်နဲ့မဟုတ်ပဲ baby octopusနဲ့ဟာ"

"ဟုတ်ပြီဗျား...ကိုယ့်ရဲ့ မင်းသားလေး စိတ်ကြိုက်ဖြစ်စေရမယ်" "ဒါစားပြီးရင် ကလေးပစ္စည်းသွားဝယ်ဖို့လုပ်ကြတာပေါ့"

ကလေးမလိုချင်လို့သာ တော်ပေဦးမည်။ တအားကိုတက်ကြွနေသည့် alphaကြီးက တောအုပ်ရနံ့ pheromone တွေကို ဖြန့်ကျင်းထားခဲ့ပြီး ဘာပြီးရင် ဘာလုပ်ကြမယ်ဟု ရေရွတ်နေ​၏။

သို့ရာတွင် ထယ်ယောင်းမှာ ထိုင်ခုံကိုနောက်မှီကာထိုင်လျက်

"ဒီလိုလိုက်ပို့လို့ဖြစ်ရဲ့လား ဒါလင့် ကုမ္ပဏီကိစ္စကကော"

"အရေးကြီးရင်ဖုန်းဆက်လို့ပြောထားခဲ့တယ်" "ကိုယ် ဝန်ထမ်းတွေအများကြီးခန့်ထားတာ သူတို့အလေလိုက်ဖို့မှမဟုတ်ပဲ ဟန်နီရာ"

ပါးစပ်ကပွစိပွစိနှင့်ပြောရင်း လက်တစ်ဖက်ကလဲ သူ့လက်ကိုကိုင်ဆွဲထားရင်းနှင့် CEOကြီးဂျွန်ဂျောင်ကုတို့ကတော့ စည်းစိမ်အပြည့်ခံစားနေသည်။

"အဲ့တာဆို ဒါလင်က မင်းတို့တွေအလေမလိုက်နဲ့ ငါပဲအလေလိုက်မယ်လို့ပြောခဲ့တာပေါ့ ဟုတ်လား"

boxy smileလေးနှင့် ခပ်ရွဲ့ရွဲ့ပြောလာသည့် ကလေးငယ်ကို သူဘာလုပ်လိုက်သင့်လဲ။ ဒီအတိုင်း အိတ်ကပ်လေးထဲဖွက်ပြီး သိမ်းထားချင်သော်လည်း ကလေးငယ်က သူနဲ့ဆို အဆိုးလေးမို့လို့ သိမ်းထားရင်တောင် ငြိမ်ငြိမ်လေးနေမည့်ပုံမပေါ်။

ဂျောင်ကုမှာ လက်ချောင်းသွယ်သွယ်လေးတွေကို တင်းကျပ်စွာဆုပ်ကိုင်ကာ လက်ဖမိုးလေးကို နမ်းလိုက်ပြီး

"အလေလိုက်တာမဟုတ်ဘူး မိသားစုကိုအချိန်ပေးတာ~"

"စကားတတ်ချက်"
























-To be continued-

Updateမျှော်ရတာ ယောကျ်ားတောင်ရတော့မယ်ဆိုလို့ ယောကျ်ားမရခင်ဖတ်လို့ရအောင် ဖုန်လာခါပေးတာပါ ဟီးဟီး

Don't forget to vote and comment. Luv ya🫶🏻

Continue Reading

You'll Also Like

32.5K 1.8K 54
ခေတ်နဲ့ရာဇာဝင်ပါအရှင်ဂျွန်မုန်းတဲ့မင်းသားငယ်ကိုယ်ထဲကိုခေတ်ကဒေါက်တာကင်မ်လေးဝင်ရောက်သွားတော့....အရှင်ဂျွန်ရဲ့ပြောင်းလဲသွားတဲ့အချစ်ပါ။ ယွန်ဂီကထယ်ရဲ့ကိုယ...
2.3M 116K 65
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
18.2K 2.1K 8
Kim Taehyung 💜 Jeon Jungkook
9.5K 427 21
NOBODY GETS ME - A BRADY NOON FIC - jennaawritess , 2024.