(Unicode)
ပါတီပွဲတွင် တကယ့်အထက်တန်းစားများမှန်း သိသာလှသော လူကြီးတွေက ဂျောင်ဂုကို တရိုတသေ တလေးတစားနဲ့ နှုတ်ဆက်နေကြပြီး ဂျောင်ဂုကလည်း လူကြီးလေးနှယ် ပြုံးပြ ဧည့်ခံနေလေသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ထယ်ယောင်းမှာ ဂျောင်ဂုကို ရှိန်နေမိတာတော့ ဝန်ခံရမည်။ ထို့ပြင် ဒီညမှာတင် ဂျောင်ဂုက ဂျွန်ယန်းလုပ်ငန်းစု၏ တတိယမြောက် အမွေဆက်ခံမည့်သူမှန်း သိလိုက်ရသေးသည်။
ဒါတွေထက် ထိတ်လန့်စရာကောင်းတာကတော့ ဂျောင်ဂုနဲ့ နမ်းခဲ့တယ်ဆိုတဲ့ အချက်ပင်။ အခုချိန်ထိ ဂျောင်ဂု၏ နှုတ်ခမ်းအထိအတွေ့က မိမိနှုတ်ခမ်းပေါ် ကျန်ရှိနေသေးသယောင်။
"စီနီယာ ထယ်ယောင်း"
ဘေးက ဟန်ဘင်းအသံကြားမှ ထယ်ယောင်းအသိစိတ်ပြန်ကပ်ကာ မျက်တောင်လေး ပုတ်ခတ်ဖြစ်သွားပြီး ဟန်ဘင်းကို လှည့်ကြည့်မိ၏။
စားပွဲဝိုင်းတွင် ဟန်ဘင်းနဲ့ ဂန်ဟိုသာ ရှိသဖြင့် တော်သေးသည်။ မဟုတ်ရင် တခြားသူတွေနဲ့ဆို နေရင်းထိုင်ရင်း ရှက်စရာကောင်းပြီး နေရခက်နေရဦးမည်။
"ဂျောင်ဂုကို ကြည့်နေတာလား၊ တောင်းပန်ပါတယ် ကျွန်တော် နှောင့်ယှက်သလို.."
"မဟုတ်ဘူး.. မဟုတ်ပါဘူး.. မကြည့်ပါဘူး၊ ဘာပြောမလို့လဲ"
"ဪ.. အခုမှ သတိရလို့ ပြောမလို့၊ ဟိုတစ်ခါ ဂျောင်ဂုနဲ့ အတူပြန်သွားတယ်လို့ ကျွန်တော်မြင်ခဲ့တာ အေရွန်ကို ပြောတာလေ၊ ကျွန်တော်လည်း အဲ့နေ့ကမှ အေရွန်က ဂျောင်ဂုရဲ့ လုပ်ဖော်ကိုင်ဖက်မှန်း သိတာပါ၊ အဲ့ဒါကြောင့် အခု စီနီယာ့ကို စိတ်မပူဖို့ ပြောချင်လို့"
ဟန်ဘင်းစကားကြောင့် ထယ်ယောင်း ရင်ထဲ ရှက်စိတ်ကလေးများ အနည်းငယ် ဖုံးလွှမ်းသွားပေမယ့် ဟန်ဘင်းနဲ့က ဒီစကားတွေ ပြောနေကျမို့ သိပ်တော့ ရှက်မနေတော့ပါ။
"ဘာမှမဖြစ်ပါဘူး၊ ငါစိတ်ထဲ မထားဘူး"
ထိုညနေက မျက်ရည်ကျသည်အထိ ဝမ်းနည်းခဲ့တာကိုတော့ လျှို့ဝှက်ထားလိုက်ပါမည်။
"ဒါနဲ့ ဟာအိုကို ရှောင်နေတာလား"
"ဗျာ"
ထယ်ယောင်း၏ ရုတ်တရက်မေးလာသော မေးခွန်းတွင် ဟန်ဘင်းက အလန့်တကြားဖြစ်သွားဟန်။ သို့ပေမဲ့ သူလည်း ထယ်ယောင်းနဲ့ဆိုရင် ဒီစကားတွေပြောဖို့ ဝန်လေးနေတာမျိုး သိပ်မရှိတော့။
"ရှက်စရာကောင်းတယ်မလား၊ သူ့ရှေ့မှာ ရန်ဖြစ်ခဲ့ပြီး အတန်းခေါင်းဆောင်ပါ မဟုတ်တော့တဲ့ အဖြစ်က"
"ဒါပေမဲ့ ဟာအိုအတွက် ရန်ဖြစ်တာပဲလေ၊ သူရင်ခုန်သွားနိုင်တာပဲ"
ထယ်ယောင်းအတွက် ပထမဆုံးအကြိမ် ရန်ဖြစ်တာကို အားပေးအားမြှောက်ပြုမိခြင်း။
ဟန်ဘင်းကတော့ ခပ်ရေးရေးလေးသာ ပြုံးရင်း သောက်လက်စ ဝိုင်ကို တစ်ငုံမော့သောက်လိုက်လေသည်။
"ကျွန်တော် အတန်းခေါင်းဆောင်နေရာရဖို့ ကြိုးစားခဲ့တာ အစ်ကိုဟာအိုကြောင့်လေ၊ အတန်းခေါင်းဆောင် အစည်းအဝေးတွေဆို အစ်ကိုဟာအိုကို တွေ့ရလို့ ပျော်တယ်၊ ကျွန်တော်က သူ့ရှေ့မှာ ပုံရိပ်ကောင်းတွေပဲ ဖန်တီးချင်ခဲ့တာ၊ အခုလို ရှက်စရာကောင်းတဲ့ အဖြစ်မျိုးမဟုတ်ဘဲနဲ့ပေါ့"
"ဟာအိုက အဲ့လို တွေးမှာမဟုတ်ပါဘူး၊ ငါသူနဲ့ ပေါင်းလာတာကြာပြီ သူ့အကြောင်းသိတယ်၊ မင်း သူ့ကို စကားသေချာ ပြန်ပြောကြည့်"
ထယ်ယောင်းစကားအဆုံး ဟန်ဘင်းက စိတ်ဓာတ်ကျနေသလိုဖြစ်နေရာမှ မျက်လုံးလေးများ အရောင်ပြန်တောက်လာပြီး မျှော်လင့်ချက် အရိပ်အယောင်လေးများ ဖြတ်ပြေးသွားသယောင်။
ဒုန်း
စားပွဲပေါ် လက်သီးနဲ့ထုလိုက်တဲ့အသံကြောင့် ထယ်ယောင်းရော ဟန်ဘင်းပါ တုန်ခနဲ လန့်သွားရသည်။ တရားခံကတော့ တစ်ဝိုင်းတည်း ထိုင်နေသော ချွဲဂန်ဟိုပင်။ လက်သီးချက်သိပ်မပြင်းသဖြင့် ဘေးလူတွေ မသိနိုင်ပေမယ့် တစ်ဝိုင်းတည်းထိုင်နေတဲ့ ထယ်ယောင်းနဲ့ ဟန်ဘင်းအတွက်တော့ သိသာသည်။
"နားငြီးလို့ တိတ်တိတ်လေး နေပေးလို့မရဘူးလား"
ဂန်ဟိုစကားကြောင့် ဟန်ဘင်းက ဟက်ခနဲ တစ်ချက်ရယ်လိုက်ပြီး
"မင်းကမှ ပုံမှန်ဆို တချိန်လုံး စကားများနေကျလေ၊ စောက်ပိုတွေ လုပ်မနေနဲ့"
"ဂျွန်ဂျောင်ဂုကို မက်ဆေ့ပို့ထားတယ်၊ အနောက်ဘက်မှ ဆေးလိပ်သောက်ဖို့၊ မင်းပါ လိုက်ချင်လိုက် မလိုက်ချင်နေ"
ပြောပြီးတာနဲ့ ထိုင်ရာမှထကာ ထွက်သွားသော ဂန်ဟို။
"အဲ့ကောင် ဘာဖြစ်နေတာလဲ၊ ပါတီစတုန်းက အဲ့ရုပ်မဟုတ်ဘဲ ပြုံးဖြီးနေတာကို"
ထယ်ယောင်း ဘာမှဝင်မပြောမိ။ ထူးဆန်းတာတော့ မှန်ပါသည်။
"စီနီယာရော လိုက်ခဲ့လေ၊ ဆေးလိပ်မသောက်တတ်ရင်တောင် vape ဖြစ်ဖြစ် ကျွန်တော် ပေးပါမယ်"
ဟန်ဘင်းက အခုလိုခေါ်တာကြောင့် ဝမ်းသာမိပေမယ့် ဒါမျိုး ကိစ္စတွေက မိမိစတိုင်မဟုတ်တာကြောင့် ခေါင်းကို အမြန်ခါလိုက်ရင်း
"နေပါစေ မလိုက်တော့ဘူး၊ မင်းတို့ပဲ သွားပါ"
"ဒါဆို ကျွန်တော် ခဏသွားလိုက်ဦးမယ်"
သို့နှင့် ဟန်ဘင်းရော ဂန်ဟိုပါ စားပွဲဝိုင်းတွင် မရှိကြတော့တာကြောင့် ထယ်ယောင်းတစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။
ထယ်ယောင်းတစ်ယောက်တည်းဖြစ်နေတာကို ဂျောင်ဂုမြင်တော့ ဧည့်သည်တွေအား ဆက်လက်ဧည့်မခံတော့ဘဲ ထယ်ယောင်းနားကို သွားဖို့အလုပ်၊ ပုခုံးပေါ်သို့ ရောက်ရှိလာသော လက်အထိအတွေ့။
"ဂျောင်ဂု စကားခဏပြောရအောင်"
အဖေဖြစ်သူပင်။ ဂျောင်ဂုလည်း ထယ်ယောင်းဆီသွားမယ့် ခြေလှမ်းတွေ ရပ်တန့်သွားပြီး အဖေ့နောက်ကိုသာ လိုက်ခဲ့ရတော့သည်။
လူရှင်းရာ နေရာရောက်မှ အဖေက ဂျောင်ဂုလက်ထဲ ဝိုင်ခွက်တစ်ခွက် ထိုးပေးလာရင်း
"ထယ်ယောင်းလား၊ မင်းနဲ့ နေ့တိုင်း ကျောင်းအသွားအပြန်လုပ်နေတယ်ဆိုတာ"
ဂျောင်ဂု မငြင်းချင်တော့။
"ဟုတ်ပါတယ်"
ဂျောင်ဂုအဖြေစကားတွင် အဖေဖြစ်သူက ဘာစိတ်ခံစားချက်မှ မထုတ်ပြသလို၊ ဘာတုန့်ပြန်မှုမှလည်း မလုပ်။ ဂျောင်ဂုဘက်ကလည်း ဘာမှ ထပ်မပြောဘဲ ဝိုင်ကို တစ်ငုံသောက်လိုက်လေသည်။
"သူ မင်းကို ကြိုက်နေတာလား"
"ဗျာ"
"မင်းကရော သူ့ကို ကြိုက်လား"
ဂျောင်ဂု ဘာမှပြန်မဖြေမိ။ ဒီမေးခွန်းရဲ့ အဖြေကို အဖေဖြစ်သူကို ဘယ်လို ပြောထွက်ရမှာလဲ။ စိတ်ထဲတွင်တော့ အဖြေတစ်ခု ရှိနေပြီဆိုပေမယ့်ပေါ့။
"မင်း သူ့ကို ဒီနေ့ကစပြီး အဆက်အသွယ်ဖြတ်လိုက်တော့"
မထင်ထားသော စကားကြောင့် ဂျောင်ဂု ခေါင်းလေး ဆတ်ခနဲ အဖေ့ဘက်ကို လှည့်ကြည့်လိုက်ပြီး
"အဖေ အစ်ကို့ကို သဘောကျတယ်ထင်နေတာ"
"ငါကလား.. ငါကဘာလို့လဲ၊ သူ့မှာ ပိုက်ဆံရှိလို့လား၊ ဂုဏ်ရှိနေလို့လား၊ အသိုင်းအဝိုင်းတောင့်နေလို့လား၊ သူ့မှာ ဘာမှမပိုင်ဆိုင်ထားဘူးလေ ဂျောင်ဂုရ"
"အဲ့ဒါက ပြဿနာလား"
"အင်း.. အရမ်းကို ကြီးမားတဲ့ ပြဿနာ၊ သူမင်းနဲ့ ဘာလို့ ပေါင်းနေတယ်ထင်လဲ"
"မဟုတ်ဘူး၊ ကျွန်တော်က ဘယ်သူလဲဆိုတာတောင် ဒီနေ့မှသိ..."
"မင်း အတပ်ပြောနိုင်လို့လား"
အဖေဖြစ်သူက ကြားဖြတ်ပြောလာသဖြင့် ဂျောင်ဂု ခဏတာ နှုတ်ပိတ်သွားမိသည်။ ဘာတွေ ဘယ်လိုဖြစ်ဖြစ် ထယ်ယောင်းက ဒီလို စိတ်ဓာတ်မရှိတာ ဂျောင်ဂု ယုံ၏။
"ဂျောင်ဂု... ငါပြောမယ်၊ မင်း ဂေးတစ်ယောက်ဖြစ်တာ မဖြစ်တာ၊ ငါဘာမှ ဝင်မစွတ်ဖက်ချင်ဘူး၊ ဒါပေမဲ့ မင်းလူရွေးမှားတာတော့ ငါမမြင်ချင်ဘူး"
"ကျွန်တော့်ဘာသာ ကြည့်လုပ်လိုက်မယ်၊ အဖေစိတ်ပူနေစရာမလိုဘူး"
"အခုထိ သဘောမပေါက်သေးဘူးလား၊ ပိုက်ဆံမရှိတဲ့သူတွေက မင်းထင်ထားတာထက် ပိုပြီး ဉာဏ်နီဉာဏ်နက်များတယ်၊ သူတို့အပေါ် စိတ်ပါအောင်လုပ်ပြီး မင်း ပိုက်ဆံတွေကို လွယ်လွယ်လေး ယူလိုက်လို့ရတယ်၊ မင်းခံရမှာ စိုးလို့ ပြောနေတာ၊ မင်းက အခုမှ ၁၈တောင် ပြည့်သေးတာမဟုတ်ဘူး"
"အဖေက ကျွန်တော့်ထက် သူ့အကြောင်းသိနေလို့လား"
ဂျောင်ဂုစကားအဆုံး အဖေဖြစ်သူမျက်နှာက ရုတ်ချည်း တည်တင်းသွားပြီး ဂျောင်ဂု မျက်လုံးတွေထဲ သေချာစိုက်ကြည့်လာလေသည်။
"ယောက်ျားတစ်ယောက်က ယောက်ျားတစ်ယောက်ကို ဘယ်လောက်ကြာအောင် ချစ်နိုင်မလဲ၊ ချစ်သွားဖို့ ဖြစ်နိုင်ချေ ဘယ်လောက်ရှိလဲ၊ ဘာလို့ အဲ့ယောက်ျားက မင်းဖြစ်နေရတာလဲ"
ပြောနေရင်းနဲ့ ခပ်ရွဲ့ရွဲ့အပြုံးတစ်ခုကို ပါးစပ်တွင် ချိတ်ဆွဲလိုက်သော အဖေဖြစ်သူ။
"ဒါ ဘာခြေလှမ်းတွေလဲဆိုတာ ငါသိပ်သိတာပေါ့၊ မင်း စိတ်မဆင်းရဲစေချင်ရင် အခုကတည်းက အဆက်အသွယ်ဖြတ်"
ဂျောင်ဂု ဘာမှပြန်မပြောမိ။ ထောက်ခံတာတော့ မဟုတ်၊ စကားထပ်များမနေချင်တာကြောင့်ပင်။
"အဖေပြောချင်တာ ဒါပဲမလား၊ ကျွန်တော် သွားတော့မယ်"
"အေရွန်ဆိုရင်ရော"
"ဘာ"
"အေရွန် ဟက်စလီ၊ သူ့မှာ ငွေရှိတယ်၊ ဂုဏ်ရှိတယ်၊ အသိုင်းအဝိုင်းတောင့်တယ်၊ ရုပ်ရည်ရှိတယ်၊ အားလုံးပြည့်စုံနေရဲ့သားနဲ့ မင်းကို သဘောကျနေတာ ဘာကြောင့်လို့ထင်လဲ၊ မင်းရဲ့ character ကိုကြိုက်တာ၊ မင်းရဲ့ background ကို မဟုတ်ဘူး"
ဂျောင်ဂု ဆက်လည်း နားမထောင်ချင်တော့သလို ပြောချင်စိတ်လည်း မရှိတော့သဖြင့် အဖေ့ကို ကျောခိုင်းကာ အနားမှ ထွက်လာခဲ့တော့၏။
ခပ်လှမ်းလှမ်းရှိ လူတစ်ယောက်မှ ရှိမနေသော စားပွဲဝိုင်းလေးတွင် ထယ်ယောင်းတစ်ယောက်တည်းထိုင်ကာ ကိတ်မုန့်စားနေသည့်ပုံက ဂျောင်ဂု ရင်ကို အေးစေပါသည်။
ဘာမှထပ်ပြီး တွေးမနေတော့ဘဲ ထယ်ယောင်းနားကို သွားလိုက်တော့ ထယ်ယောင်းဟာ အလန့်တကြား မော့ကြည့်လာပြီး ဂျောင်ဂုမှန်းသိမှ အပြုံးလှလှလေး ပြုံးပြလာကာ တစ်ပြိုင်နက်တည်း ပါးလေးနှစ်ဖက်က သွေးရောင်လေး သမ်းသွားကာ မသိမသာ အကြည့်လွှဲသွားလေသည်။
ထိုအခါမှ ဂျောင်ဂုလည်း ခုနက ထယ်ယောင်းနဲ့ အနမ်းပေးခဲ့သည့်အဖြစ်က ခေါင်းထဲ ပြန်ပေါ်လာကာ အနည်းငယ် ရှိုးတိုးရှန်းတန်းဖြစ်သွားမိ၏။
သို့သော်လည်း ဘာမှမဖြစ်သည့်ဟန် ထယ်ယောင်းဘေးရှိ ခုံတွင် ဝင်ထိုင်လိုက်ပြီး
"တောင်းပန်ပါတယ်၊ တစ်ယောက်တည်း ပျင်းနေပြီလား"
"မဟုတ်ပါဘူး ရပါတယ်"
"အစ်ကိုတစ်ယောက်တည်းလား၊ ဟိုနှစ်ယောက်ရော"
ဂျောင်ဂုက စားပွဲဝိုင်းရှိ ခုံအလွတ်များဆီ မျက်လုံးလေးဝေ့ကာ မေးလာသဖြင့် ဟန်ဘင်းနဲ့ ဂန်ဟိုကို မေးသည့်ဟန်ပင်။
"ပြောတာတော့ ဆေးလိပ်သွားသောက်မလို့တဲ့၊ မင်းကိုလည်း မက်ဆေ့ပို့ထားတယ်ဆိုလားပဲ"
ထယ်ယောင်းစကားကြောင့် ဂျောင်ဂုလည်း ဖုန်းကို ထုတ်ကြည့်လိုက်ရာ တကယ်ပဲ ဂန်ဟိုက လာသောက်ဖို့ ခေါ်ထားခြင်းဖြစ်၏။
"မင်းသွားချင်သွားလေ၊ ငါ့ကို စိတ်မပူပါနဲ့၊ ငါလည်း ပြန်သင့်ပြီထင်တယ်၊ အချိန်ပိုင်းလုပ်ရဦးမှာ"
"ကျွန်တော် သူတို့ဆီ မသွားပါဘူး၊ အစ်ကိုက ပြန်ချင်နေပြီလား"
ထယ်ယောင်း ပြန်ချင်တယ်ရယ်တော့ မဟုတ်ပါ။ ဂျောင်ဂုနဲ့အတူ ရှိနေရတာ ပျော်ပေမယ့် ဒီလို လူချမ်းသာအသိုင်းအဝိုင်းများသာရှိသည့် ပါတီပွဲမျိုးက ထယ်ယောင်းနဲ့ တစ်စက်မှ ကီးမကိုက်တာကြောင့် ပြန်လည်းပြန်ချင်မိပြန်သည်။
ဖြေရခက်နေဟန် မျက်ဆံလေး လှုပ်စိလှုပ်စိဖြစ်နေသော ထယ်ယောင်းကို ကြည့်ကာ ဂျောင်ဂု ခပ်ရေးရေးလေးပြုံးလိုက်မိပြီး
"ကျွန်တော် သဘောပေါက်ပါပြီ၊ သွားရအောင်"
ဂျောင်ဂုက ပြောပြီးတာနဲ့ မတ်တတ်ထရပ်ပြီး ထယ်ယောင်းလက်လေးကို အသာကိုင်ဆွဲကာ ပါတီပွဲ၏ အနောက်ဘက်ဆီ ခေါ်သွားလိုက်သည်။ ဦးတည်ရာကတော့ ကားဂိုဒေါင်ဆီသို့။
"ဂျောင်ဂု.. တစ်နေရာရာသွားမလို့လား"
"ဒီမှာ မွန်းကြပ်တယ်မလား၊ အပြင်သွားကြတာပေါ့"
"မင်း ကားမောင်းဖို့ အသက်မပြည့်သေးဘူးလေ"
ထယ်ယောင်းစကားအဆုံး ဂျောင်ဂုထံမှ အက်ရှရှ ရယ်သံ ခပ်တိုးတိုး ထွက်လာလေ၏။ ဂျောင်ဂု၏ ထိုရယ်သံဟာ ထယ်ယောင်းရင်ကို ရုတ်ချည်း လှုပ်ခတ်သွားစေပါသည်။
"ကျွန်တော် ကားမမောင်းပါဘူး၊ ဆိုင်ကယ်ပဲ"
အဲ့တော့မှ ဂျောင်ဂုမှာ ဆိုင်ကယ်ရှိတာ ထယ်ယောင်း ပြန်အမှတ်ရလာတော့၏။
ထို့ပြင် ကားဂိုဒေါင်ဟာလည်း သိပ်ကို ခမ်းနားလွန်းကာ မြင်ဖူးဖို့ ခဲယဉ်းလှသော ကားဒီဇိုင်းများအား တစ်စုတစ်စည်းတည်း တွေ့နေရသဖြင့် သိပ်ကို သဘောကျစရာကောင်းသည်။ ဂျောင်ဂုဟာ အဲ့ဒီလောက်ကို ချမ်းသာတဲ့ မိသားစုက တစ်ဦးတည်းသောသားလေးပင်။
"အစ်ကို ဒီကိုလာ"
ဂျောင်ဂု၏ အမိန့်မမည်သော ခေါ်သံလေးကြောင့် ထယ်ယောင်း ငေးမောနေရာမှ ချက်ချင်း ဂျောင်ဂုနားကို သွားလိုက်၏။ ဂျောင်ဂု နှုတ်ခမ်းလေး ပြုံးသယောင်ဖြစ်သွားသည်ကို ထယ်ယောင်း သတိထားမိလိုက်ပါသည်။
အနားကို ထယ်ယောင်း ရောက်လာသည်နှင့် ဂျောင်ဂုက helmet လေးကို ဂရုတစိုက်ဆောင်းပေးလာလေ၏။ ထို့ပြင် အရင်က ဂျောင်ဂုမှာ helmet တစ်ခုတည်းသာ တွေ့နေရတတ်ပေမယ့် အခုတော့ နှစ်ခုမို့ မိမိအတွက် ဝယ်လိုက်တာလားဟုပင် အရူးလို တွေးမိလိုက်ပါသေးသည်။
"ဒီ helmet က အစ်ကို့အတွက် သီးသန့်"
ထယ်ယောင်း အတွေးတွေကို ဂျောင်ဂုက ဖတ်လိုက်နိုင်သည့်နှယ် ပါးစပ်က ထုတ်ပြောလာသဖြင့် ထယ်ယောင်း ရင်ခုန်နှုန်းတွေ ပိုမိုမြန်ဆန်သွားမိတာ ဂျောင်ဂုနဲ့ အကြည့်ချင်း မသိမသာလေး လွှဲလိုက်မိ၏။
"ဪ.. အင်း.. ကျေး.. ကျေးဇူးပဲ"
ကျေးဇူးတင်ရမယ့် ကိစ္စ ဟုတ်မဟုတ် မသိပေမယ့် ဒါ့အပြင် ထယ်ယောင်း ပြောစရာ စကားရှာမတွေ့။
"ချစ်စရာကောင်းတယ်"
ဂျောင်ဂုထံမှ ခပ်တိုးတိုးစကားသံ။ ထယ်ယောင်းကြားအောင် ပြောလိုက်တာ မဟုတ်သော်လည်း ထယ်ယောင်း ကြားဖြစ်အောင် ကြားလိုက်သေးတာကြောင့် helmet အောက်ကနေ ကြိတ်၍ ပြုံးနေမိ၏။
ဂျောင်ဂုဟာ သူကိုယ်တိုင်လည်း helmet တပ်လိုက်ပြီးမှ သူ့အပေါ်ကုတ်အင်္ကျီကို ချွတ်လိုက်ကာ ထယ်ယောင်းကိုယ်ပေါ် ခြုံပေးလိုက်သည်။
"နွေဦးမို့ ညဘက် ဆိုင်ကယ်စီးရင် အေးနေဦးမှာပဲ"
"မင်းကရော"
"ကျွန်တော်မချမ်းအောင် အစ်ကိုက အနောက်ကနေ ဖက်ထားပေါ့"
ရုပ်တည်ကြီးနဲ့ အေးအေးလူလူ ပြောလာသော ဂျောင်ဂုစကားကြောင့် ထယ်ယောင်း ပါးလေးနှစ်ဖက်ရှိ သွေးကြောလေးများ ဖြန်းခနဲဖြစ်သွားကာ ရှက်စိတ်ဖြင့် ဂျောင်ဂုရင်ဘတ်ကို လက်သီးလေးနဲ့ ခပ်ဖွဖွ တစ်ချက်ထုလိုက်မိ၏။
"ဂျောင်ဂုကလည်းကွာ"
ထယ်ယောင်း အပြုအမူလေးကြောင့် ဂျောင်ဂုမှာ အူယားစွာဖြင့် သွားတန်းလေးများ ပေါ်သည်အထိ ပြုံးရယ်လိုက်မိတော့သည်။
"ဒါဆို ကျွန်တော်တို့ သွားကြတော့မလား"
ဂျောင်ဂုအမေးကို ထယ်ယောင်းက ပါးစပ်က မဖြေဘဲ ခေါင်းလေး တဆတ်ဆတ်ငြိမ့်ပြရင်းနဲ့သာ ချစ်စရာကောင်းစွာ အဖြေပေးလာလေသည်။
အဲ့တော့မှ ဂျောင်ဂုလည်း ဆိုင်ကယ်ကို ရိုးရိုးတွန်းလာကာ ထယ်ယောင်းနဲ့အတူ ခြံအနောက်ဘက်ကနေ ထွက်လာလိုက်တော့၏။ အရှေ့အပေါက်ကဆို အဖေနဲ့ အမေက သေချာပေါက် တားကြမှာပဲလေ။
ခြံအပြင်ကို လွတ်လွတ်ကျွတ်ကျွတ်ရောက်သွားတော့မှ ဂျောင်ဂုလည်း ဆိုင်ကယ်ပေါ် အရင်ခွတက်လိုက်လေသည်။ ပြီးမှ ထယ်ယောင်းဘက်ကို လှည့်ကာ
"ကျွန်တော့်ပေါ်တက်"
"ဟင်"
"ဆိုင်.. ဆိုင်ကယ်ပေါ်"
ထိုအခါမှ ထယ်ယောင်းလည်း ဂျောင်ဂုစကားအတိုင်း အနောက်ကနေ ခွတက်လိုက်လေသည်။
ဂျောင်ဂုမှာတော့ တစ်စုံတစ်ခုကို ထယ်ယောင်းဆီမှ စောင့်စားနေဟန် ဆိုင်ကယ်ကို မထွက်သေး။
"အစ်ကို တစ်ခုခုမေ့နေသလား"
"ဘာမှ မေ့မကျန်ခဲ့ဘူးထင်တာပဲ"
"မဟုတ်ဘူးလေဗျာ"
ဂျောင်ဂုလေသံက အရင်ကနဲ့မတူ၊ အနည်းငယ်ချွဲပျစ်ပျစ်ဖြစ်နေသယောင်။
"ကျွန်တော့်ကို မဖက်ထားတော့ဘူးလား"
"အာ.. ဟို.. တကယ်ဖက်ရမှာလား"
"ကျွန်တော်က နောက်ရမှာလား"
ဂျောင်ဂုက တကယ်ပဲ အတည်ပေါက်ပြောနေသလိုမို့ ထယ်ယောင်းလည်း မရဲတရဲနဲ့ ရှိသမျှ သတ္တိအကုန်စုလိုက်ကာ ဂျောင်ဂုခါးကို ဖွဖွလေး ဖက်လိုက်လေသည်။
အဲ့တော့မှ ဂျောင်ဂုထံမှ ကျေနပ်သွားဟန် ရယ်သံတစ်ချက် ထွက်လာလေ၏။ တစ်ပြိုင်နက်တည်း ဆိုင်ကယ်လေးလည်း စထွက်ပြီဖြစ်သည်။
ဆိုင်ကယ်မောင်းနေရင်းကိုမှ ဂျောင်ဂုဟာ လက်တစ်ဖက်လွှတ်ကာ သူ့ခါးတစ်ဝိုက်ရှိ ထယ်ယောင်းလက်လေးတွေကို အုပ်ကိုင်လိုက်လေ၏။
ဂျောင်ဂု၏ ဆိုင်ကယ်အနောက်ကနေ လိုက်စီးရတဲ့ ခံစားချက်နဲ့တင် လူက ရင်ခုန်ပြီးသားကို၊ အခုလို ခါးကိုပါ ဖက်ထားရသည့် ခံစားချက်က ထယ်ယောင်းအတွက် နွေးထွေးမှုကို အပြည့်အဝ ပေးစွမ်းနိုင်ပါသည်။
နွေဦးတွင် ညဘက် ဆိုင်ကယ်စီးရသည်က တကယ်ပင် အေးစက်နေသော်လည်း ဂျောင်ဂု၏ ကုတ်အင်္ကျီကို ဝတ်ဆင်ထားလျက်၊ ဂျောင်ဂုလက်၏ အနွေးဓာတ်တို့ကြောင့် ထယ်ယောင်း နည်းနည်းလေးမှ မချမ်း။
နောက်ဆုံး လက်ကျန်သတ္တိလေးတို့ဖြင့် ဂျောင်ဂု၏ ကျောပြင်ကျယ်ကြီးပေါ် ခေါင်းလေးအသာမှီလိုက်မိတော့ ဂျောင်ဂုထံမှ ရယ်သံလေး ထပ်ထွက်လာကာ ထယ်ယောင်းလက်တွေကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လာလေသည်။
နွေဦးတွင် ချယ်ရီပန်းရနံ့လေးများဖြင့် လမ်းတစ်လျှောက် သင်းပျံ့နေရုံတင်မကဘဲ ဂျောင်ဂု၏ ကိုယ်သင်းနံ့သင်းသင်းကပါ နှာခေါင်းဝကို ကလူကျီစယ်နေသေး၏။
ယခုအချိန်တွင် နှစ်ယောက်လုံး၏ ရင်ထဲမှာ တကယ့် နွေဦးစစ်စစ်ကို ခံစားနေမိကြမှာတော့ မလွဲမသွေပင်။
.
.
.
to be continued
(Zawgyi)
ပါတီပြဲတြင္ တကယ့္အထက္တန္းစားမ်ားမွန္း သိသာလွေသာ လူႀကီးေတြက ေဂ်ာင္ဂုကို တ႐ိုတေသ တေလးတစားနဲ႔ ႏႈတ္ဆက္ေနၾကၿပီး ေဂ်ာင္ဂုကလည္း လူႀကီးေလးႏွယ္ ၿပဳံးျပ ဧည့္ခံေနေလသည္။
ထိုျမင္ကြင္းကိုၾကည့္ၿပီး ထယ္ေယာင္းမွာ ေဂ်ာင္ဂုကို ရွိန္ေနမိတာေတာ့ ဝန္ခံရမည္။ ထို႔ျပင္ ဒီညမွာတင္ ေဂ်ာင္ဂုက ဂြၽန္ယန္းလုပ္ငန္းစု၏ တတိယေျမာက္ အေမြဆက္ခံမည့္သူမွန္း သိလိုက္ရေသးသည္။
ဒါေတြထက္ ထိတ္လန႔္စရာေကာင္းတာကေတာ့ ေဂ်ာင္ဂုနဲ႔ နမ္းခဲ့တယ္ဆိုတဲ့ အခ်က္ပင္။ အခုခ်ိန္ထိ ေဂ်ာင္ဂု၏ ႏႈတ္ခမ္းအထိအေတြ႕က မိမိႏႈတ္ခမ္းေပၚ က်န္ရွိေနေသးသေယာင္။
"စီနီယာ ထယ္ေယာင္း"
ေဘးက ဟန္ဘင္းအသံၾကားမွ ထယ္ေယာင္းအသိစိတ္ျပန္ကပ္ကာ မ်က္ေတာင္ေလး ပုတ္ခတ္ျဖစ္သြားၿပီး ဟန္ဘင္းကို လွည့္ၾကည့္မိ၏။
စားပြဲဝိုင္းတြင္ ဟန္ဘင္းနဲ႔ ဂန္ဟိုသာ ရွိသျဖင့္ ေတာ္ေသးသည္။ မဟုတ္ရင္ တျခားသူေတြနဲ႔ဆို ေနရင္းထိုင္ရင္း ရွက္စရာေကာင္းၿပီး ေနရခက္ေနရဦးမည္။
"ေဂ်ာင္ဂုကို ၾကည့္ေနတာလား၊ ေတာင္းပန္ပါတယ္ ကြၽန္ေတာ္ ေႏွာင့္ယွက္သလို.."
"မဟုတ္ဘူး.. မဟုတ္ပါဘူး.. မၾကည့္ပါဘူး၊ ဘာေျပာမလို႔လဲ"
"ဪ.. အခုမွ သတိရလို႔ ေျပာမလို႔၊ ဟိုတစ္ခါ ေဂ်ာင္ဂုနဲ႔ အတူျပန္သြားတယ္လို႔ ကြၽန္ေတာ္ျမင္ခဲ့တာ ေအ႐ြန္ကို ေျပာတာေလ၊ ကြၽန္ေတာ္လည္း အဲ့ေန႔ကမွ ေအ႐ြန္က ေဂ်ာင္ဂုရဲ႕ လုပ္ေဖာ္ကိုင္ဖက္မွန္း သိတာပါ၊ အဲ့ဒါေၾကာင့္ အခု စီနီယာ့ကို စိတ္မပူဖို႔ ေျပာခ်င္လို႔"
ဟန္ဘင္းစကားေၾကာင့္ ထယ္ေယာင္း ရင္ထဲ ရွက္စိတ္ကေလးမ်ား အနည္းငယ္ ဖုံးလႊမ္းသြားေပမယ့္ ဟန္ဘင္းနဲ႔က ဒီစကားေတြ ေျပာေနက်မို႔ သိပ္ေတာ့ ရွက္မေနေတာ့ပါ။
"ဘာမွမျဖစ္ပါဘူး၊ ငါစိတ္ထဲ မထားဘူး"
ထိုညေနက မ်က္ရည္က်သည္အထိ ဝမ္းနည္းခဲ့တာကိုေတာ့ လွ်ိဳ႕ဝွက္ထားလိုက္ပါမည္။
"ဒါနဲ႔ ဟာအိုကို ေရွာင္ေနတာလား"
"ဗ်ာ"
ထယ္ေယာင္း၏ ႐ုတ္တရက္ေမးလာေသာ ေမးခြန္းတြင္ ဟန္ဘင္းက အလန႔္တၾကားျဖစ္သြားဟန္။ သို႔ေပမဲ့ သူလည္း ထယ္ေယာင္းနဲ႔ဆိုရင္ ဒီစကားေတြေျပာဖို႔ ဝန္ေလးေနတာမ်ိဳး သိပ္မရွိေတာ့။
"ရွက္စရာေကာင္းတယ္မလား၊ သူ႔ေရွ႕မွာ ရန္ျဖစ္ခဲ့ၿပီး အတန္းေခါင္းေဆာင္ပါ မဟုတ္ေတာ့တဲ့ အျဖစ္က"
"ဒါေပမဲ့ ဟာအိုအတြက္ ရန္ျဖစ္တာပဲေလ၊ သူရင္ခုန္သြားႏိုင္တာပဲ"
ထယ္ေယာင္းအတြက္ ပထမဆုံးအႀကိမ္ ရန္ျဖစ္တာကို အားေပးအားေျမႇာက္ျပဳမိျခင္း။
ဟန္ဘင္းကေတာ့ ခပ္ေရးေရးေလးသာ ၿပဳံးရင္း ေသာက္လက္စ ဝိုင္ကို တစ္ငုံေမာ့ေသာက္လိုက္ေလသည္။
"ကြၽန္ေတာ္ အတန္းေခါင္းေဆာင္ေနရာရဖို႔ ႀကိဳးစားခဲ့တာ အစ္ကိုဟာအိုေၾကာင့္ေလ၊ အတန္းေခါင္းေဆာင္ အစည္းအေဝးေတြဆို အစ္ကိုဟာအိုကို ေတြ႕ရလို႔ ေပ်ာ္တယ္၊ ကြၽန္ေတာ္က သူ႔ေရွ႕မွာ ပုံရိပ္ေကာင္းေတြပဲ ဖန္တီးခ်င္ခဲ့တာ၊ အခုလို ရွက္စရာေကာင္းတဲ့ အျဖစ္မ်ိဳးမဟုတ္ဘဲနဲ႔ေပါ့"
"ဟာအိုက အဲ့လို ေတြးမွာမဟုတ္ပါဘူး၊ ငါသူနဲ႔ ေပါင္းလာတာၾကာၿပီ သူ႔အေၾကာင္းသိတယ္၊ မင္း သူ႔ကို စကားေသခ်ာ ျပန္ေျပာၾကည့္"
ထယ္ေယာင္းစကားအဆုံး ဟန္ဘင္းက စိတ္ဓာတ္က်ေနသလိုျဖစ္ေနရာမွ မ်က္လုံးေလးမ်ား အေရာင္ျပန္ေတာက္လာၿပီး ေမွ်ာ္လင့္ခ်က္ အရိပ္အေယာင္ေလးမ်ား ျဖတ္ေျပးသြားသေယာင္။
ဒုန္း
စားပြဲေပၚ လက္သီးနဲ႔ထုလိုက္တဲ့အသံေၾကာင့္ ထယ္ေယာင္းေရာ ဟန္ဘင္းပါ တုန္ခနဲ လန႔္သြားရသည္။ တရားခံကေတာ့ တစ္ဝိုင္းတည္း ထိုင္ေနေသာ ခြၽဲဂန္ဟိုပင္။ လက္သီးခ်က္သိပ္မျပင္းသျဖင့္ ေဘးလူေတြ မသိႏိုင္ေပမယ့္ တစ္ဝိုင္းတည္းထိုင္ေနတဲ့ ထယ္ေယာင္းနဲ႔ ဟန္ဘင္းအတြက္ေတာ့ သိသာသည္။
"နားၿငီးလို႔ တိတ္တိတ္ေလး ေနေပးလို႔မရဘူးလား"
ဂန္ဟိုစကားေၾကာင့္ ဟန္ဘင္းက ဟက္ခနဲ တစ္ခ်က္ရယ္လိုက္ၿပီး
"မင္းကမွ ပုံမွန္ဆို တခ်ိန္လုံး စကားမ်ားေနက်ေလ၊ ေစာက္ပိုေတြ လုပ္မေနနဲ႔"
"ဂြၽန္ေဂ်ာင္ဂုကို မက္ေဆ့ပို႔ထားတယ္၊ အေနာက္ဘက္မွ ေဆးလိပ္ေသာက္ဖို႔၊ မင္းပါ လိုက္ခ်င္လိုက္ မလိုက္ခ်င္ေန"
ေျပာၿပီးတာနဲ႔ ထိုင္ရာမွထကာ ထြက္သြားေသာ ဂန္ဟို။
"အဲ့ေကာင္ ဘာျဖစ္ေနတာလဲ၊ ပါတီစတုန္းက အဲ့႐ုပ္မဟုတ္ဘဲ ၿပဳံးၿဖီးေနတာကို"
ထယ္ေယာင္း ဘာမွဝင္မေျပာမိ။ ထူးဆန္းတာေတာ့ မွန္ပါသည္။
"စီနီယာေရာ လိုက္ခဲ့ေလ၊ ေဆးလိပ္မေသာက္တတ္ရင္ေတာင္ vape ျဖစ္ျဖစ္ ကြၽန္ေတာ္ ေပးပါမယ္"
ဟန္ဘင္းက အခုလိုေခၚတာေၾကာင့္ ဝမ္းသာမိေပမယ့္ ဒါမ်ိဳး ကိစၥေတြက မိမိစတိုင္မဟုတ္တာေၾကာင့္ ေခါင္းကို အျမန္ခါလိုက္ရင္း
"ေနပါေစ မလိုက္ေတာ့ဘူး၊ မင္းတို႔ပဲ သြားပါ"
"ဒါဆို ကြၽန္ေတာ္ ခဏသြားလိုက္ဦးမယ္"
သို႔ႏွင့္ ဟန္ဘင္းေရာ ဂန္ဟိုပါ စားပြဲဝိုင္းတြင္ မရွိၾကေတာ့တာေၾကာင့္ ထယ္ေယာင္းတစ္ေယာက္တည္းသာ က်န္ခဲ့ေတာ့သည္။
ထယ္ေယာင္းတစ္ေယာက္တည္းျဖစ္ေနတာကို ေဂ်ာင္ဂုျမင္ေတာ့ ဧည့္သည္ေတြအား ဆက္လက္ဧည့္မခံေတာ့ဘဲ ထယ္ေယာင္းနားကို သြားဖို႔အလုပ္၊ ပုခုံးေပၚသို႔ ေရာက္ရွိလာေသာ လက္အထိအေတြ႕။
"ေဂ်ာင္ဂု စကားခဏေျပာရေအာင္"
အေဖျဖစ္သူပင္။ ေဂ်ာင္ဂုလည္း ထယ္ေယာင္းဆီသြားမယ့္ ေျခလွမ္းေတြ ရပ္တန႔္သြားၿပီး အေဖ့ေနာက္ကိုသာ လိုက္ခဲ့ရေတာ့သည္။
လူရွင္းရာ ေနရာေရာက္မွ အေဖက ေဂ်ာင္ဂုလက္ထဲ ဝိုင္ခြက္တစ္ခြက္ ထိုးေပးလာရင္း
"ထယ္ေယာင္းလား၊ မင္းနဲ႔ ေန႔တိုင္း ေက်ာင္းအသြားအျပန္လုပ္ေနတယ္ဆိုတာ"
ေဂ်ာင္ဂု မျငင္းခ်င္ေတာ့။
"ဟုတ္ပါတယ္"
ေဂ်ာင္ဂုအေျဖစကားတြင္ အေဖျဖစ္သူက ဘာစိတ္ခံစားခ်က္မွ မထုတ္ျပသလို၊ ဘာတုန႔္ျပန္မႈမွလည္း မလုပ္။ ေဂ်ာင္ဂုဘက္ကလည္း ဘာမွ ထပ္မေျပာဘဲ ဝိုင္ကို တစ္ငုံေသာက္လိုက္ေလသည္။
"သူ မင္းကို ႀကိဳက္ေနတာလား"
"ဗ်ာ"
"မင္းကေရာ သူ႔ကို ႀကိဳက္လား"
ေဂ်ာင္ဂု ဘာမွျပန္မေျဖမိ။ ဒီေမးခြန္းရဲ႕ အေျဖကို အေဖျဖစ္သူကို ဘယ္လို ေျပာထြက္ရမွာလဲ။ စိတ္ထဲတြင္ေတာ့ အေျဖတစ္ခု ရွိေနၿပီဆိုေပမယ့္ေပါ့။
"မင္း သူ႔ကို ဒီေန႔ကစၿပီး အဆက္အသြယ္ျဖတ္လိုက္ေတာ့"
မထင္ထားေသာ စကားေၾကာင့္ ေဂ်ာင္ဂု ေခါင္းေလး ဆတ္ခနဲ အေဖ့ဘက္ကို လွည့္ၾကည့္လိုက္ၿပီး
"အေဖ အစ္ကို႔ကို သေဘာက်တယ္ထင္ေနတာ"
"ငါကလား.. ငါကဘာလို႔လဲ၊ သူ႔မွာ ပိုက္ဆံရွိလို႔လား၊ ဂုဏ္ရွိေနလို႔လား၊ အသိုင္းအဝိုင္းေတာင့္ေနလို႔လား၊ သူ႔မွာ ဘာမွမပိုင္ဆိုင္ထားဘူးေလ ေဂ်ာင္ဂုရ"
"အဲ့ဒါက ျပႆနာလား"
"အင္း.. အရမ္းကို ႀကီးမားတဲ့ ျပႆနာ၊ သူမင္းနဲ႔ ဘာလို႔ ေပါင္းေနတယ္ထင္လဲ"
"မဟုတ္ဘူး၊ ကြၽန္ေတာ္က ဘယ္သူလဲဆိုတာေတာင္ ဒီေန႔မွသိ..."
"မင္း အတပ္ေျပာႏိုင္လို႔လား"
အေဖျဖစ္သူက ၾကားျဖတ္ေျပာလာသျဖင့္ ေဂ်ာင္ဂု ခဏတာ ႏႈတ္ပိတ္သြားမိသည္။ ဘာေတြ ဘယ္လိုျဖစ္ျဖစ္ ထယ္ေယာင္းက ဒီလို စိတ္ဓာတ္မရွိတာ ေဂ်ာင္ဂု ယုံ၏။
"ေဂ်ာင္ဂု... ငါေျပာမယ္၊ မင္း ေဂးတစ္ေယာက္ျဖစ္တာ မျဖစ္တာ၊ ငါဘာမွ ဝင္မစြတ္ဖက္ခ်င္ဘူး၊ ဒါေပမဲ့ မင္းလူေ႐ြးမွားတာေတာ့ ငါမျမင္ခ်င္ဘူး"
"ကြၽန္ေတာ့္ဘာသာ ၾကည့္လုပ္လိုက္မယ္၊ အေဖစိတ္ပူေနစရာမလိုဘူး"
"အခုထိ သေဘာမေပါက္ေသးဘူးလား၊ ပိုက္ဆံမရွိတဲ့သူေတြက မင္းထင္ထားတာထက္ ပိုၿပီး ဉာဏ္နီဉာဏ္နက္မ်ားတယ္၊ သူတို႔အေပၚ စိတ္ပါေအာင္လုပ္ၿပီး မင္း ပိုက္ဆံေတြကို လြယ္လြယ္ေလး ယူလိုက္လို႔ရတယ္၊ မင္းခံရမွာ စိုးလို႔ ေျပာေနတာ၊ မင္းက အခုမွ ၁၈ေတာင္ ျပည့္ေသးတာမဟုတ္ဘူး"
"အေဖက ကြၽန္ေတာ့္ထက္ သူ႔အေၾကာင္းသိေနလို႔လား"
ေဂ်ာင္ဂုစကားအဆုံး အေဖျဖစ္သူမ်က္ႏွာက ႐ုတ္ခ်ည္း တည္တင္းသြားၿပီး ေဂ်ာင္ဂု မ်က္လုံးေတြထဲ ေသခ်ာစိုက္ၾကည့္လာေလသည္။
"ေယာက္်ားတစ္ေယာက္က ေယာက္်ားတစ္ေယာက္ကို ဘယ္ေလာက္ၾကာေအာင္ ခ်စ္ႏိုင္မလဲ၊ ခ်စ္သြားဖို႔ ျဖစ္ႏိုင္ေခ် ဘယ္ေလာက္ရွိလဲ၊ ဘာလို႔ အဲ့ေယာက္်ားက မင္းျဖစ္ေနရတာလဲ"
ေျပာေနရင္းနဲ႔ ခပ္႐ြဲ႕႐ြဲ႕အၿပဳံးတစ္ခုကို ပါးစပ္တြင္ ခ်ိတ္ဆြဲလိုက္ေသာ အေဖျဖစ္သူ။
"ဒါ ဘာေျခလွမ္းေတြလဲဆိုတာ ငါသိပ္သိတာေပါ့၊ မင္း စိတ္မဆင္းရဲေစခ်င္ရင္ အခုကတည္းက အဆက္အသြယ္ျဖတ္"
ေဂ်ာင္ဂု ဘာမွျပန္မေျပာမိ။ ေထာက္ခံတာေတာ့ မဟုတ္၊ စကားထပ္မ်ားမေနခ်င္တာေၾကာင့္ပင္။
"အေဖေျပာခ်င္တာ ဒါပဲမလား၊ ကြၽန္ေတာ္ သြားေတာ့မယ္"
"ေအ႐ြန္ဆိုရင္ေရာ"
"ဘာ"
"ေအ႐ြန္ ဟက္စလီ၊ သူ႔မွာ ေငြရွိတယ္၊ ဂုဏ္ရွိတယ္၊ အသိုင္းအဝိုင္းေတာင့္တယ္၊ ႐ုပ္ရည္ရွိတယ္၊ အားလုံးျပည့္စုံေနရဲ႕သားနဲ႔ မင္းကို သေဘာက်ေနတာ ဘာေၾကာင့္လို႔ထင္လဲ၊ မင္းရဲ႕ character ကိုႀကိဳက္တာ၊ မင္းရဲ႕ background ကို မဟုတ္ဘူး"
ေဂ်ာင္ဂု ဆက္လည္း နားမေထာင္ခ်င္ေတာ့သလို ေျပာခ်င္စိတ္လည္း မရွိေတာ့သျဖင့္ အေဖ့ကို ေက်ာခိုင္းကာ အနားမွ ထြက္လာခဲ့ေတာ့၏။
ခပ္လွမ္းလွမ္းရွိ လူတစ္ေယာက္မွ ရွိမေနေသာ စားပြဲဝိုင္းေလးတြင္ ထယ္ေယာင္းတစ္ေယာက္တည္းထိုင္ကာ ကိတ္မုန႔္စားေနသည့္ပုံက ေဂ်ာင္ဂု ရင္ကို ေအးေစပါသည္။
ဘာမွထပ္ၿပီး ေတြးမေနေတာ့ဘဲ ထယ္ေယာင္းနားကို သြားလိုက္ေတာ့ ထယ္ေယာင္းဟာ အလန႔္တၾကား ေမာ့ၾကည့္လာၿပီး ေဂ်ာင္ဂုမွန္းသိမွ အၿပဳံးလွလွေလး ၿပဳံးျပလာကာ တစ္ၿပိဳင္နက္တည္း ပါးေလးႏွစ္ဖက္က ေသြးေရာင္ေလး သမ္းသြားကာ မသိမသာ အၾကည့္လႊဲသြားေလသည္။
ထိုအခါမွ ေဂ်ာင္ဂုလည္း ခုနက ထယ္ေယာင္းနဲ႔ အနမ္းေပးခဲ့သည့္အျဖစ္က ေခါင္းထဲ ျပန္ေပၚလာကာ အနည္းငယ္ ရႈိးတိုးရွန္းတန္းျဖစ္သြားမိ၏။
သို႔ေသာ္လည္း ဘာမွမျဖစ္သည့္ဟန္ ထယ္ေယာင္းေဘးရွိ ခုံတြင္ ဝင္ထိုင္လိုက္ၿပီး
"ေတာင္းပန္ပါတယ္၊ တစ္ေယာက္တည္း ပ်င္းေနၿပီလား"
"မဟုတ္ပါဘူး ရပါတယ္"
"အစ္ကိုတစ္ေယာက္တည္းလား၊ ဟိုႏွစ္ေယာက္ေရာ"
ေဂ်ာင္ဂုက စားပြဲဝိုင္းရွိ ခုံအလြတ္မ်ားဆီ မ်က္လုံးေလးေဝ့ကာ ေမးလာသျဖင့္ ဟန္ဘင္းနဲ႔ ဂန္ဟိုကို ေမးသည့္ဟန္ပင္။
"ေျပာတာေတာ့ ေဆးလိပ္သြားေသာက္မလို႔တဲ့၊ မင္းကိုလည္း မက္ေဆ့ပို႔ထားတယ္ဆိုလားပဲ"
ထယ္ေယာင္းစကားေၾကာင့္ ေဂ်ာင္ဂုလည္း ဖုန္းကို ထုတ္ၾကည့္လိုက္ရာ တကယ္ပဲ ဂန္ဟိုက လာေသာက္ဖို႔ ေခၚထားျခင္းျဖစ္၏။
"မင္းသြားခ်င္သြားေလ၊ ငါ့ကို စိတ္မပူပါနဲ႔၊ ငါလည္း ျပန္သင့္ၿပီထင္တယ္၊ အခ်ိန္ပိုင္းလုပ္ရဦးမွာ"
"ကြၽန္ေတာ္ သူတို႔ဆီ မသြားပါဘူး၊ အစ္ကိုက ျပန္ခ်င္ေနၿပီလား"
ထယ္ေယာင္း ျပန္ခ်င္တယ္ရယ္ေတာ့ မဟုတ္ပါ။ ေဂ်ာင္ဂုနဲ႔အတူ ရွိေနရတာ ေပ်ာ္ေပမယ့္ ဒီလို လူခ်မ္းသာအသိုင္းအဝိုင္းမ်ားသာရွိသည့္ ပါတီပြဲမ်ိဳးက ထယ္ေယာင္းနဲ႔ တစ္စက္မွ ကီးမကိုက္တာေၾကာင့္ ျပန္လည္းျပန္ခ်င္မိျပန္သည္။
ေျဖရခက္ေနဟန္ မ်က္ဆံေလး လႈပ္စိလႈပ္စိျဖစ္ေနေသာ ထယ္ေယာင္းကို ၾကည့္ကာ ေဂ်ာင္ဂု ခပ္ေရးေရးေလးၿပဳံးလိုက္မိၿပီး
"ကြၽန္ေတာ္ သေဘာေပါက္ပါၿပီ၊ သြားရေအာင္"
ေဂ်ာင္ဂုက ေျပာၿပီးတာနဲ႔ မတ္တတ္ထရပ္ၿပီး ထယ္ေယာင္းလက္ေလးကို အသာကိုင္ဆြဲကာ ပါတီပြဲ၏ အေနာက္ဘက္ဆီ ေခၚသြားလိုက္သည္။ ဦးတည္ရာကေတာ့ ကားဂိုေဒါင္ဆီသို႔။
"ေဂ်ာင္ဂု.. တစ္ေနရာရာသြားမလို႔လား"
"ဒီမွာ မြန္းၾကပ္တယ္မလား၊ အျပင္သြားၾကတာေပါ့"
"မင္း ကားေမာင္းဖို႔ အသက္မျပည့္ေသးဘူးေလ"
ထယ္ေယာင္းစကားအဆုံး ေဂ်ာင္ဂုထံမွ အက္ရွရွ ရယ္သံ ခပ္တိုးတိုး ထြက္လာေလ၏။ ေဂ်ာင္ဂု၏ ထိုရယ္သံဟာ ထယ္ေယာင္းရင္ကို ႐ုတ္ခ်ည္း လႈပ္ခတ္သြားေစပါသည္။
"ကြၽန္ေတာ္ ကားမေမာင္းပါဘူး၊ ဆိုင္ကယ္ပဲ"
အဲ့ေတာ့မွ ေဂ်ာင္ဂုမွာ ဆိုင္ကယ္ရွိတာ ထယ္ေယာင္း ျပန္အမွတ္ရလာေတာ့၏။
ထို႔ျပင္ ကားဂိုေဒါင္ဟာလည္း သိပ္ကို ခမ္းနားလြန္းကာ ျမင္ဖူးဖို႔ ခဲယဥ္းလွေသာ ကားဒီဇိုင္းမ်ားအား တစ္စုတစ္စည္းတည္း ေတြ႕ေနရသျဖင့္ သိပ္ကို သေဘာက်စရာေကာင္းသည္။ ေဂ်ာင္ဂုဟာ အဲ့ဒီေလာက္ကို ခ်မ္းသာတဲ့ မိသားစုက တစ္ဦးတည္းေသာသားေလးပင္။
"အစ္ကို ဒီကိုလာ"
ေဂ်ာင္ဂု၏ အမိန႔္မမည္ေသာ ေခၚသံေလးေၾကာင့္ ထယ္ေယာင္း ေငးေမာေနရာမွ ခ်က္ခ်င္း ေဂ်ာင္ဂုနားကို သြားလိုက္၏။ ေဂ်ာင္ဂု ႏႈတ္ခမ္းေလး ၿပဳံးသေယာင္ျဖစ္သြားသည္ကို ထယ္ေယာင္း သတိထားမိလိုက္ပါသည္။
အနားကို ထယ္ေယာင္း ေရာက္လာသည္ႏွင့္ ေဂ်ာင္ဂုက helmet ေလးကို ဂ႐ုတစိုက္ေဆာင္းေပးလာေလ၏။ ထို႔ျပင္ အရင္က ေဂ်ာင္ဂုမွာ helmet တစ္ခုတည္းသာ ေတြ႕ေနရတတ္ေပမယ့္ အခုေတာ့ ႏွစ္ခုမို႔ မိမိအတြက္ ဝယ္လိုက္တာလားဟုပင္ အ႐ူးလို ေတြးမိလိုက္ပါေသးသည္။
"ဒီ helmet က အစ္ကို႔အတြက္ သီးသန႔္"
ထယ္ေယာင္း အေတြးေတြကို ေဂ်ာင္ဂုက ဖတ္လိုက္ႏိုင္သည့္ႏွယ္ ပါးစပ္က ထုတ္ေျပာလာသျဖင့္ ထယ္ေယာင္း ရင္ခုန္ႏႈန္းေတြ ပိုမိုျမန္ဆန္သြားမိတာ ေဂ်ာင္ဂုနဲ႔ အၾကည့္ခ်င္း မသိမသာေလး လႊဲလိုက္မိ၏။
"ဪ.. အင္း.. ေက်း.. ေက်းဇူးပဲ"
ေက်းဇူးတင္ရမယ့္ ကိစၥ ဟုတ္မဟုတ္ မသိေပမယ့္ ဒါ့အျပင္ ထယ္ေယာင္း ေျပာစရာ စကားရွာမေတြ႕။
"ခ်စ္စရာေကာင္းတယ္"
ေဂ်ာင္ဂုထံမွ ခပ္တိုးတိုးစကားသံ။ ထယ္ေယာင္းၾကားေအာင္ ေျပာလိုက္တာ မဟုတ္ေသာ္လည္း ထယ္ေယာင္း ၾကားျဖစ္ေအာင္ ၾကားလိုက္ေသးတာေၾကာင့္ helmet ေအာက္ကေန ႀကိတ္၍ ၿပဳံးေနမိ၏။
ေဂ်ာင္ဂုဟာ သူကိုယ္တိုင္လည္း helmet တပ္လိုက္ၿပီးမွ သူ႔အေပၚကုတ္အက်ႌကို ခြၽတ္လိုက္ကာ ထယ္ေယာင္းကိုယ္ေပၚ ၿခဳံေပးလိုက္သည္။
"ေႏြဦးမို႔ ညဘက္ ဆိုင္ကယ္စီးရင္ ေအးေနဦးမွာပဲ"
"မင္းကေရာ"
"ကြၽန္ေတာ္မခ်မ္းေအာင္ အစ္ကိုက အေနာက္ကေန ဖက္ထားေပါ့"
႐ုပ္တည္ႀကီးနဲ႔ ေအးေအးလူလူ ေျပာလာေသာ ေဂ်ာင္ဂုစကားေၾကာင့္ ထယ္ေယာင္း ပါးေလးႏွစ္ဖက္ရွိ ေသြးေၾကာေလးမ်ား ျဖန္းခနဲျဖစ္သြားကာ ရွက္စိတ္ျဖင့္ ေဂ်ာင္ဂုရင္ဘတ္ကို လက္သီးေလးနဲ႔ ခပ္ဖြဖြ တစ္ခ်က္ထုလိုက္မိ၏။
"ေဂ်ာင္ဂုကလည္းကြာ"
ထယ္ေယာင္း အျပဳအမူေလးေၾကာင့္ ေဂ်ာင္ဂုမွာ အူယားစြာျဖင့္ သြားတန္းေလးမ်ား ေပၚသည္အထိ ၿပဳံးရယ္လိုက္မိေတာ့သည္။
"ဒါဆို ကြၽန္ေတာ္တို႔ သြားၾကေတာ့မလား"
ေဂ်ာင္ဂုအေမးကို ထယ္ေယာင္းက ပါးစပ္က မေျဖဘဲ ေခါင္းေလး တဆတ္ဆတ္ၿငိမ့္ျပရင္းနဲ႔သာ ခ်စ္စရာေကာင္းစြာ အေျဖေပးလာေလသည္။
အဲ့ေတာ့မွ ေဂ်ာင္ဂုလည္း ဆိုင္ကယ္ကို ႐ိုး႐ိုးတြန္းလာကာ ထယ္ေယာင္းနဲ႔အတူ ၿခံအေနာက္ဘက္ကေန ထြက္လာလိုက္ေတာ့၏။ အေရွ႕အေပါက္ကဆို အေဖနဲ႔ အေမက ေသခ်ာေပါက္ တားၾကမွာပဲေလ။
ၿခံအျပင္ကို လြတ္လြတ္ကြၽတ္ကြၽတ္ေရာက္သြားေတာ့မွ ေဂ်ာင္ဂုလည္း ဆိုင္ကယ္ေပၚ အရင္ခြတက္လိုက္ေလသည္။ ၿပီးမွ ထယ္ေယာင္းဘက္ကို လွည့္ကာ
"ကြၽန္ေတာ့္ေပၚတက္"
"ဟင္"
"ဆိုင္.. ဆိုင္ကယ္ေပၚ"
ထိုအခါမွ ထယ္ေယာင္းလည္း ေဂ်ာင္ဂုစကားအတိုင္း အေနာက္ကေန ခြတက္လိုက္ေလသည္။
ေဂ်ာင္ဂုမွာေတာ့ တစ္စုံတစ္ခုကို ထယ္ေယာင္းဆီမွ ေစာင့္စားေနဟန္ ဆိုင္ကယ္ကို မထြက္ေသး။
"အစ္ကို တစ္ခုခုေမ့ေနသလား"
"ဘာမွ ေမ့မက်န္ခဲ့ဘူးထင္တာပဲ"
"မဟုတ္ဘူးေလဗ်ာ"
ေဂ်ာင္ဂုေလသံက အရင္ကနဲ႔မတူ၊ အနည္းငယ္ခြၽဲပ်စ္ပ်စ္ျဖစ္ေနသေယာင္။
"ကြၽန္ေတာ့္ကို မဖက္ထားေတာ့ဘူးလား"
"အာ.. ဟို.. တကယ္ဖက္ရမွာလား"
"ကြၽန္ေတာ္က ေနာက္ရမွာလား"
ေဂ်ာင္ဂုက တကယ္ပဲ အတည္ေပါက္ေျပာေနသလိုမို႔ ထယ္ေယာင္းလည္း မရဲတရဲနဲ႔ ရွိသမွ် သတၱိအကုန္စုလိုက္ကာ ေဂ်ာင္ဂုခါးကို ဖြဖြေလး ဖက္လိုက္ေလသည္။
အဲ့ေတာ့မွ ေဂ်ာင္ဂုထံမွ ေက်နပ္သြားဟန္ ရယ္သံတစ္ခ်က္ ထြက္လာေလ၏။ တစ္ၿပိဳင္နက္တည္း ဆိုင္ကယ္ေလးလည္း စထြက္ၿပီျဖစ္သည္။
ဆိုင္ကယ္ေမာင္းေနရင္းကိုမွ ေဂ်ာင္ဂုဟာ လက္တစ္ဖက္လႊတ္ကာ သူ႔ခါးတစ္ဝိုက္ရွိ ထယ္ေယာင္းလက္ေလးေတြကို အုပ္ကိုင္လိုက္ေလ၏။
ေဂ်ာင္ဂု၏ ဆိုင္ကယ္အေနာက္ကေန လိုက္စီးရတဲ့ ခံစားခ်က္နဲ႔တင္ လူက ရင္ခုန္ၿပီးသားကို၊ အခုလို ခါးကိုပါ ဖက္ထားရသည့္ ခံစားခ်က္က ထယ္ေယာင္းအတြက္ ေႏြးေထြးမႈကို အျပည့္အဝ ေပးစြမ္းႏိုင္ပါသည္။
ေႏြဦးတြင္ ညဘက္ ဆိုင္ကယ္စီးရသည္က တကယ္ပင္ ေအးစက္ေနေသာ္လည္း ေဂ်ာင္ဂု၏ ကုတ္အက်ႌကို ဝတ္ဆင္ထားလ်က္၊ ေဂ်ာင္ဂုလက္၏ အေႏြးဓာတ္တို႔ေၾကာင့္ ထယ္ေယာင္း နည္းနည္းေလးမွ မခ်မ္း။
ေနာက္ဆုံး လက္က်န္သတၱိေလးတို႔ျဖင့္ ေဂ်ာင္ဂု၏ ေက်ာျပင္က်ယ္ႀကီးေပၚ ေခါင္းေလးအသာမွီလိုက္မိေတာ့ ေဂ်ာင္ဂုထံမွ ရယ္သံေလး ထပ္ထြက္လာကာ ထယ္ေယာင္းလက္ေတြကို ပိုမိုတင္းၾကပ္စြာ ဆုပ္ကိုင္လာေလသည္။
ေႏြဦးတြင္ ခ်ယ္ရီပန္းရနံ႔ေလးမ်ားျဖင့္ လမ္းတစ္ေလွ်ာက္ သင္းပ်ံ႕ေန႐ုံတင္မကဘဲ ေဂ်ာင္ဂု၏ ကိုယ္သင္းနံ႔သင္းသင္းကပါ ႏွာေခါင္းဝကို ကလူက်ီစယ္ေနေသး၏။
ယခုအခ်ိန္တြင္ ႏွစ္ေယာက္လုံး၏ ရင္ထဲမွာ တကယ့္ ေႏြဦးစစ္စစ္ကို ခံစားေနမိၾကမွာေတာ့ မလြဲမေသြပင္။
.
.
.
to be continued