သူကြီးသားကဆိုးလိုက်တာ(Complet...

By HyacinthNyein

95.3K 3.1K 31

တစ်ချို့လူတွေက ချစ်တဲ့သူပျော်ရွှင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ချစ်သူကိုစွန့်လွှတ်တတ်ကြတယ်တဲ့ ကျွန်တော်ကတော့... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အခန်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀🚨🔞🚨
အပိုင်း ၂၂
အပိုင်း ၂၃
ဇာတ်သိမ်းပိုင်း
ABO New Story

အပိုင်း ၂၁

3.8K 100 2
By HyacinthNyein

"ဘယ်လိုဖြစ်ရတာလဲ ကိုသဝဏ်ရာ "

"မနေ့က အသုပ်တွေအစားများသွားရုံပါ ငါသေချာဂရုစိုက်ထားပါတယ်"

နှာခေါင်းပွတ်လို့ဆိုလာတဲ့သူကြီးသားကို သူ့လူလေးကမျက်စောင်းထိုးသည်။ပူနေတာလားဖျားနေတာလားမကွဲပြားစွာ ပါးပြင်တွေကခပ်ရဲရဲ။ယနေ့မနက် ကိုသဝဏ်နေမကောင်းကြောင်း အမေ့ဆီကကြားရတုန်းက ငပွေးတို့ကြောင်သွားရသည်။

ဘယ်သွားသွား ဂရုစိုက်လွန်းသူကြောင့် ရေပြောင်းမြေပြောင်းတောင် နှာတစ်ချက်မချေတဲ့လူက အခုအိပ်ယာကမထနိုင်ဘူးတဲ့။သဲသဲကဲကဲသူ့လူကလည်း အနားမှာကပ်နေတာ တောက်တဲ့လိုပဲ။မသိရင် မီးဖွားမယ့် မိန်းမကိုစိတ်ပူနေတဲ့ အိမ်ရှင်ထီးလို။မျက်နှာကြီး ဖြီးမနေရင်ပိုတူပါလိမ့်မည်။

ပြီးမှသိရတာက မနေ့ကအိမ်ကိုလာစားသွားတဲ့အသုပ်ကြောင့် ဝမ်းလျှောတာများသွားတာပါတဲ့။ဟုတ်လောက်ပါသည်။မျက်ကွင်းလေးတွေညိုနေကာ တစ်ညလုံးအိပ်ရသေးပုံမပေါ်။လက်ချောင်းလေးတွေပင် ပျော့တိပျော့ဖတ်။

အိမ်သာတောင် သူကြီးသားက ပွေ့ပို့ရသည်အထိ ခြေတွေခွေနေပါသည်။မနက်စောစော သူကြီးသားကိုယ်တိုင် စောင်တွေအဝတ်တွေ လျှော်လှမ်းထားပုံထောက်ရင် ကိုသဝဏ်အခြေနေက တော်တော်ပြင်းသည့်ပုံ။

မနက်ကကြီးလှက ကြက်သားဆန်ပြုတ်လေးလာပို့သွားကာ အမေတို့လည်းလာကြည့်ပြီးပြီ။ယခုနေ့လည်တွင်တော့ သူတို့မောင်နှမလေးယောက်နှင့် စာကလေး။မြို့သူလေးကလည်းရွာထဲမသွားရဘဲ လူနာနားမှာထိုင်နေရသည့်အဖြစ်။သူ့သူငယ်ချင်းကို စိတ်ပူရှာမှာပေါ့။

"အစ်မနံမည်က ဘယ်သူလဲဟင်"

ပယင်းကရောက်ကတည်းက မြို့သူကိုတကြည့်ကြည့်။မြို့သူချောချောလေးကိုပစ်ပြီး သူတို့သူကြီးသား လူဆိုးကိုရွေးလိုက်သော ကိုသဝဏ်ကိုနားမလည်ဟန်။ဒီလောက်အကြာကြီးသူငယ်ချင်းဖြစ်လာတာတောင် သဘောမကျသောကိုသဝဏ်အားလည်း မယုံနိုင်။တော်သေးသည် လက်ထပ်ရမည့်သူမှန်း မသိသေးတာ။မဟုတ်လျှင် သဝဏ့်ကိုရူးသွားပြီဟုတောင် ထင်သွားနိုင်သည်။

"အစ်မနံမည်က နွေကံ့ကော်နွယ်ပါ "

"နံမည်လေးနဲ့လူနဲ့လိုက်တယ်တော် အစ်မကချစ်စရာလေး အဟီး"

"ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ်ရှင်"

"တကယ်ပြောတာ ဒါနဲ့ အစ်မနွေလည်း ဆရာမပဲဆို"

"ဟုတ်တယ် "

"အစ်မက အဆင်းရောအချင်း​ရောပြည့်စုံနေတာပဲ ဒါနဲ့အိမ်ထောင်မပြုသေးဘူးလားဟင်"

"အစ်မနင် ဘာပေါက်ကရတွေမေးနေတာတုန်း"

ငထွေးက လှမ်းဆူသည်။မိန်းကလေးတွေများ သိပ်စပ်စုတာပဲ။

"မေးလို့ရပါတယ်ရှင် အစကတော့ ရှင်တို့ဆရာနဲ့အတူ အ​ပျိုကြီးလူပျိုကြီးလုပ်ကြေးဆိုပြီးကတိပေးထားတာလေ အခုသူကအချစ်လည်းတွေ့ရော သူငယ်ချင်းကိုမေ့ပစ်တော့တာပဲ"

မြို့သူလေးက ဟာသတစ်ခုလိုပေါ့ပေါ့ပါးပါးပြောသွားမှ သူရောသူ့လူပါသက်ပြင်းကျိတ်ချရသည်။ဟိုငါးယောက်ကတော့ အံ့ဩနေဟန်။

"အစ်မနွယ် သိနေတယ်ပေါ့ မနေ့ကမှရောက်တာကိုဗျာ"

"မသိပဲနေမလားငပွေးရဲ့ အာစရိအပိုတွေလုပ်လွန်းလို့ မွေးကင်းစကလေးတောင်သိနိုင်တယ်"

"ဟုတ်ပါ့ ဧည့်သည်ရှေ့လည်းရှောင်မှာမဟုတ်ဘူး မျက်နှာရူးက"

"နင်တို့အသာနေစမ်းပါ အစ်မကမအံ့သြဘူးလားဟင်"

"ဘာကိုအံ့ဩရမှာလဲရှင် သူ့အတွက်ဝမ်းသာပေးနေတာ သဲသဲလှုပ်ချစ်ပေးနိုင်တဲ့လူတွေ့သွားလို့လေ ဒီကိုလာတဲ့တစ်လမ်းလုံး သူကြီးကအသွန့်ကို အရမ်းချီးကျူးနေတာလေ သားဖြစ်သူဘယ်လိုလိမ္မာသွားကြောင်း အသွန့်စကားကိုဘယ်လိုနားထောင်ကြောင်း ကြောင်း  တစ်သက်လုံးဒီရွာမှာပဲနေသွားစေချင်ကြောင်း အဲ့ဒီကတည်းကနွယ်သဘောပေါက်ပါတယ် တစ်ရွာလုံးကအသွန့်ကိုသိပ်ချစ်မှာပဲလို့ ပြီးတော့သူကြီးသားကလည်း မျက်နှာတစ်ချက်အညှိုးခံမှာမဟုတ်ဘူးလို့ "

"ဟုတ်တယ်ဗျ အဲ့တာတော့စိတ်ချ ဒီကောင်ကြီးကအရင်တုန်းက သူကြီးတောင်မနိုင်လို့ လွှတ်ထားရတာဗျ အခုများဖြင့်သူ့လူကမပြောင်းလဲခိုင်းရသေးဘူး သူကလိမ္မာပြီးနေပြီ ရွာထဲကလူတွေကတောင်ချီးကျူးနေကြတာ ကိုသဝဏ်ကပြုပြင်ပေးလိုက်နိုင်လို့တဲ့ အဲ့တာကြောင့်တစ်ရွာလုံးက သူတို့နှစ်ယောက်ကို အရမ်းသဘောတူနေတာလေ"

"မှန်တယ် မှန်တယ် ယောကျ်ားလေးချင်းလည်းအချစ်စစ်မှန်ရင် ပေါင်းဖက်လို့ရတယ်"

"စာကလေး မင်းတောင်ရွာသွားသွားနေတာ အပျိုကြီးဆီကိုရောဟုတ်ရဲ့လား"

"ဟုတ်ပါတယ် ဘာလို့မဟုတ်ရမှာလဲ"

"မင်းကြည့်ရတာ ယောကျ်ားရမယ့်ရုပ်ဖြစ်နေလို့"

"မိုက်ရိုင်းလိုက်တာ ကြည့်နေ ဝါမဝင်ခင်မအေးမေကို ရအောင်ယူပြမယ်"

"အမလေးတော် အပျိုကြီးကိုသိပ်မယုံနဲ့နော် သူ့မောင် အေးမောင်နဲ့ပေးစားပစ်မှငိုနေရမယ်"

"အစ်မပယင်း ရွာထဲကအပျိုကြီးတွေနဲ့ပေါင်းပြီး ယောကျ်ားချင်းပေးစားချင်မနေနဲ့ တော်ကြာတကယ်အပျိုကြီးတွေကြီး ဖြစ်ကုန်မှ အစ်မတို့ပဲငိုနေရမယ်"

"ငါတို့ကပြောပြရုံပါ တကယ်ငိုရမှဆက်ပြောကြတာပေါ့"

"ကြည့်နေ မမနဲ့ရမှ နင်တို့တစ်အိမ်လုံး ထမင်းလာစားဖို့ဖိတ်ပြီး မဂ်လာမဏ္ဍပ်ရှေ့ မိန့်မိန့်ကြီးလက်ချင်းချိတ်ပြီးရပ်ပြနေမှာ"

"စောင့်ကြည့်ရသေးတာပေါ့"

ယမင်းက နှုတ်ခမ်းမဲ့ကာဆိုတော့ စာကလေးက ဘုကြည့်ကြည့်သည်။ကျန်တဲ့လူတွေကတော့ သူတို့ကိုကြည့်ပြီးပြုံးလို့။

မေတ္တာတွေသာထားပါ။တစ်လောကလုံးမှာ အပြုံးတွေပွင့်လိမ့်မယ်။

...............

"နောက်တစ်ခါအလည်လာခဲ့အုံးနော် မမနွယ်"

"ဟုတ်ကဲ့ပါရှင့် အစ်မလည်းဒီရွာကို အရမ်းသဘောကျပါတယ် နောက်တစ်ခါလာလည်နိုင်အောင် ကြိုးစားပါ့မယ်"

"ကဲသွားတော့ နေပူနေပြီ"

"ကျွန်တော်ရောလိုက်မှာပါဆို"

"ဟိုကောင် ခရီးသွားမယ့်လူကို စိတ်အနှောင့်ယှက်ဖြစ်အောင် နစ်ရက်သုံးရက်လေးနေမယ့်ဟာကို ဘယ်လိုတွေဖြစ်နေတာတုန်း"

"တစ်ရက်တောင်မရပါဘူးဆို"

ဖြစ်ပုံမှာ မြို့သူပြန်မယ့်အချိန် သဝဏ်ကလိုက်သွားကာ သူငယ်ချင်းမိဘတွေအားလိုက်တွေ့ချင်သည်။သူကြီးသားက မလွှတ်နိုင်။သူပါလိုက်ချင်သည်။ဟိုကလည်း သူ့အကြောင်းနှင့်သူမို့ မခေါ်ချင်။ဒါကို လှည်းနောက်မြီးအားဆွဲလို့ တစ်ချက်ရွေ့လျှင် တစ်လှမ်းလိုက်မည့်ပုံ။

သဝဏ်ကလည်း မျက်နှာမကောင်းချင်သလို သူကြီးသားက ပြိုတော့မယ့်မိုးလိုမျက်နှာနှင့်။

"ငါနှစ်ရက်ပဲနေခဲ့မှာ တန်းပြန်လာခဲ့မယ်"

"နှစ်နာရီ​တောင် လွမ်းပါတယ်ဆို"

"ဒီ​တစ်ခါပဲသွားမှာလေ နောက်ဆိုမင်းမပါဘဲ ဘယ်မှမသွားတော့ဘူး"

စကားပြန်မရသလို ခေါင်းလည်းမော့မလာ။

"လိမ္မာလေနော် ငါကအများကြီးချစ်တယ်လေ"

ထိုသို့ပြောမှ ခေါင်းမော့လာသူက ငိုမဲ့မဲ့နှင့်

"အပြန်လာကြိုမှာနော်"

"အွန်းလာကြိုလှည့်"

"မနက်ဖြန် မြို့ထိလာကြိုမှာ"

"သန်ဘက်ခါမှ လိုက်လာခဲ့"

"မနက်ဖြန်ပါဆို"

"ဟိုကောင် ကလေးကိုနေပူတော့မယ်
လုပ်ပုံကိုက ပြန်ကြိုက်စရာတစ်ကွက်မှမရှိတဲ့ကောင် အဲ့လိုလုပ်နေရင်ပြန်မလာနဲ့တော့ကလေး ဟိုမှာမိန်းမယူပစ်"

"ဦးကိုကိုချစ်"

ဆောင့်ကနဲအော်ပြီး မျက်ရည်ကပေါက်ခနဲ

"ဘာတုန်း"

"အစ်ကို့ကို ဘာတွေမြှောက်ပေးနေတာတုန်း"

"ငါကမှန်တာပြောတာလေ"

"အစ်ကို သူကြီးစကားနားမထောင်နဲ့နော် သန်ဘက်ခါကျွန်တော်လာကြိုမယ် လွမ်းနေမှာနော်"

လက်ကလေးဆုပ်ကိုင်လို့ နားနားကပ်ကာ တိုးတိုးလေးပြောရသေးသည်။

"အွန်းအွန်း"

"သွားတော့နေပူတယ်"

"ဒါဆိုဦးကြီး သွားပြီနော် ဒီရက်တွေအတွက် ကျေးဇူးတင်ပါတယ် နောက်လည်းလာလည်ပါ့မယ်ရှင့်"

"အေး အေး သမီးလေး ကောင်းကောင်းသွား"

"မောင်လေးစိတ်မပူပါနဲ့ အသွန့်ကိုဂရုစိုက်ပေးပါ့မယ်"

"အွန်း"

"ကဲ ကဲ သွားတော့ "

ထွက်သွားတဲ့ လှည်းကလေးကိုကြည့်လို့ မျက်ရည်ကကျချင်လာတယ်။မခွဲခင်တောင် လွမ်းနေပါတယ်ဆို။နှစ်ရက်ကြီးတောင်ခွဲရအုံးမယ်တဲ့။ကံကလည်းဆိုးလိုက်တာ။ဘယ်ဘဝက ဝဋ်ကြွေးတွေပါလိမ့်။

"မျက်နှာထားလေးပြင်စမ်းပါ နှစ်ရက်လေးပဲဟာကိုကွာ"

"အေးလေ မသိရင်နှစ်ချီပြီးခွဲနေရတာကျနေ"

ငပွေးတို့မောင်နှမတွေ သူကြီးသားကိုအမြင်ကပ်နေပြီ။

"မင်းတို့ကရှိမှမရှိတာ ဘယ်လိုခံစားရလဲ ဘယ်ကိုယ်ချင်းစာတတ်မလဲ"

"အံဩဘကွာ ရည်းစားရှိတာမကြာသေးဘူး
မဏ္ဍပ်တိုင်ကတက်ပြနေပြီ ရသွားရင်မလွယ်လောက်ဘူး"

"အဖေ့"

"ဟေ့"

"ပြန်လာရင် မဂ်လာဆောင်ပေး"

"ဟောဗျာ ဘာထဖြစ်တာတုန်းဟ"

"မသိဘူးဗျာ ပြန်လာရင်မဂ်လာဆောင်ပေးဒါပဲ"

ပြောရင်း ဘောက်ဆတ်ဆတ်နဲ့အိမ်ထဲဝင်သွားသူက ငိုတော့မယောင်။အကုန်လုံးသက်ပြင်းသာချမိလိုက်ကြသည်။အရူးအမဲသားကျွေးမိပြီ...

..............

ဘုရားတွေကြားက တမာပင်ရိပ်သွားထိုင်တော့ အလွမ်းတွေကပိုတိုးလာသည်။သူ့အစ်ကို သူ့ရင်ခွင်ထဲတိုးလို့ငိုခဲ့ဖူးတဲ့နေရာလေး။အဲ့ဒီတုန်းကလည်း မတွေ့ရတဲ့သုံးရက်အတွင်း အနာပေါ်အလွမ်းဆင့်သည်။ဆိုင်သူရှိနေတဲ့တစ်ဖက် ထွက်ပြေးသွားမှာစိုးထိတ်စွာ။

လေပြည်လေးဝေ့တော့ ဆည်းလည်းသံကလွင်သည်။အစ်ကို့ရီသံလေး တန်းသတိရတော့တာပေါ့။အနည်းငယ်ရှည်လာပြီဖြစ်တဲ့ ဆံပင်တွေကြား လက်ဖြင့်ထိုးဖွမိတယ်။အစ်ကို့လက်ကလေး ကိုင်ထားချင်လိုက်တာ။သက်ပြင်းတစ်ချက်ရှိုက်လို့ မျက်လုံးမှိတ်လိုက်မိတယ်။မြင်လေရာရာ အစ်ကိုချည်းပါပဲလေ။

ညရောက်တော့ အိပ်မပျော်တဲ့စိတ်တွေကြောင့် ဂစ်တာပိုက်လို့ပိတောက်ပင်အောက်ရောက်ခဲ့သည်။သူကြီးလင်မယားကတော့ လက်မြှောက်အရှူံးပေးကာ ကြီးစိန်တို့အိမ်ဘက်အိမ်လည်ထွက်သွားပြီ။တိတ်ဆိတ်တဲ့ညထဲ သံဇဥ်တွေသာဂယောက်ဂယက်။အစ်ကိုရှိရင် အချစ်သီချင်းလေးနဲ့လှပနေမှာ။အလွမ်းတွေထဲသံဇဉ်ရှာတော့ စာသားတစ်ချို့ကပါးစပ်ဖျားရောက်လာသည်။

"မိုးသားတွေဝဲ.... ကြည်လင်သွားသလို အချစ်များ.... ခူးခြွေလိုက်စမ်း... မင်းလက်နဲ့...အကုန်လုံးပေးချင်လို့
မင်းသိရက်သားနဲ့...ငါ့ကိုချန်ရစ်ထားခဲ့
ရင်မှာရိုင်းစိုင်းလွန်းတဲ့ညတွေ...ဖျက်စီးသွား...အမျှော်လင့်ဆုံးလှပအိမ်မက်များ...မင်းကဆေးခြယ်ထား...အချိန်တွေရင့်ကျက်လို့ငါ...ရင်တွေကွဲ...ငါတစ်ယောက်တည်း..အလွမ်းများ.. မိတ်ဆွေဖွဲ့အုံးမယ်...အချစ်တွေပျောက်ဆုံးခဲ့....ဆိုးဝါးလွန်းတဲ့ညတွေ..
ရေတွက်ရင်း...မိုးလင်းခဲ့တာအကြီမ်ပေါင်း မနည်း...ဘယ်ဆီမင်းရောက်နေလည်းပဲ...ရင်ခုန်ချိုနမ်းများလည်း...ပျောက်ကွယ်ပြီ..."

တစ်ယောက်တည်း အပီအပြင်အသည်းကွဲနေတဲ့ သားဖြစ်သူအားကြည့်ကာ သူကြီးဦးချစ်ကို အသည်းပေါက်လာပြီ။မသိရင် ကိန္နရီကိန္နရာ ဝင်စားလာသလိုပဲ။အိမ်ထဲဝင်မယ့်ခြေလှမ်းတွေတပ်ခေါက်လို့ ရွာထဲပြန်လှည့်ဖြစ်တယ်။နားပူတော့မခံနိုင်ဘူး။

##############

"ဘယ္လိုျဖစ္ရတာလဲ ကိုသဝဏ္ရာ "

"မေန႕က အသုပ္ေတြအစားမ်ားသြား႐ုံပါ ငါေသခ်ာဂ႐ုစိုက္ထားပါတယ္"

ႏွာေခါင္းပြတ္လို႔ဆိုလာတဲ့ သူႀကီးသားကို သူ႕လူေလးက မ်က္ေစာင္းထိုးသည္။ပူေနတာလား ဖ်ားေနတာလားမကြဲျပားစြာ ပါးျပင္ေတြက ခပ္ရဲရဲ။ယေန႕မနက္ ကိုသဝဏ္ေနမေကာင္းေၾကာင္း အေမ့ဆီကၾကားရတုန္းက ငေပြးတို႔ ေၾကာင္သြားရသည္။

ဘယ္သြားသြား ဂ႐ုစိုက္လြန္းသူေၾကာင့္ ေရေျပာင္းေျမေျပာင္းေတာင္ ႏွာတစ္ခ်က္မေခ်တဲ့လူက အခု အိပ္ယာကမထနိုင္ဘူးတဲ့။သဲသဲကဲကဲ သူ႕လူကလည္း အနားမွာကပ္ေနတာ ေတာက္တဲ့လိုပဲ။မသိရင္ မီးဖြားမယ့္ မိန္းမကို စိတ္ပူေနတဲ့ အိမ္ရွင္ထီးလို။မ်က္ႏွာႀကီး ၿဖီးမေနရင္ပိုတူပါလိမ့္မည္။

ၿပီးမွသိရတာက မေန႕က အိမ္ကိုလာစားသြားတဲ့ အသုပ္ေၾကာင့္ ဝမ္းေလွ်ာတာမ်ားသြားတာပါတဲ့။ဟုတ္ေလာက္ပါသည္။မ်က္ကြင္းေလးေတြညိုေနကာ တစ္ညလုံးအိပ္ရေသးပုံမေပၚ။လက္ေခ်ာင္းေလးေတြပင္ ေပ်ာ့တိေပ်ာ့ဖတ္။

အိမ္သာေတာင္ သူႀကီးသားက ေပြ႕ပို႔ရသည္အထိ ေျခေတြေခြေနပါသည္။မနက္ေစာေစာ သူႀကီးသားကိုယ္တိုင္ ေစာင္ေတြအဝတ္ေတြ ေလွ်ာ္လွမ္းထားပုံေထာက္ရင္ ကိုသဝဏ္အေျခေနက ေတာ္ေတာ္ျပင္းသည့္ပုံ။

မနက္က ႀကီးလွက ၾကက္သားဆန္ျပဳတ္ေလးလာပို႔သြားကာ အေမတို႔လည္း လာၾကည့္ၿပီးၿပီ။ယခုေန႕လည္တြင္ေတာ့ သူတို႔ ေမာင္ႏွမေလးေယာက္ႏွင့္ စာကေလး။ၿမိဳ႕သူေလးကလည္း ႐ြာထဲမသြားရဘဲ လူနာနားမွာထိုင္ေနရသည့္အျဖစ္။သူ႕သူငယ္ခ်င္းကို စိတ္ပူရွာမွာေပါ့။

"အစ္မနံမည္က ဘယ္သူလဲဟင္"

ပယင္းက ေရာက္ကတည္းက ၿမိဳ႕သူကို တၾကည့္ၾကည့္။ၿမိဳ႕သူ ေခ်ာေခ်ာေလးကိုပစ္ ၿပီး သူတို႔သူႀကီးသား လူဆိုးကိုေ႐ြးလိုက္ေသာ ကိုသဝဏ္ကိုနားမလည္ဟန္။ဒီေလာက္အၾကာႀကီး သူငယ္ခ်င္းျဖစ္လာတာေတာင္ သေဘာမက်ေသာ ကိုသဝဏ္အားလည္း မယုံနိုင္။ေတာ္ေသးသည္ လက္ထပ္ရမည့္သူမွန္း မသိေသးတာ။မဟုတ္လွ်င္ သဝဏ့္ကို ႐ူးသြားၿပီဟုေတာင္ ထင္သြားနိုင္သည္။

"အစ္မနံမည္က ႏြေကံ့ေကာ္ႏြယ္ပါ "

"နံမည္ေလးနဲ႕ လူနဲ႕လိုက္တယ္ေတာ္ အစ္မကခ်စ္စရာေလး အဟီး"

"ခ်ီးက်ဴးေပးလို႔ ေက်းဇူးတင္ပါတယ္ရွင္"

"တကယ္ေျပာတာ ဒါနဲ႕ အစ္မႏြေလည္း ဆရာမပဲဆို"

"ဟုတ္တယ္ "

"အစ္မက အဆင္းေရာအခ်င္းေရာ ျပည့္စုံေနတာပဲ ဒါနဲ႕အိမ္ေထာင္မျပဳေသးဘူးလားဟင္"

"အစ္မနင္ ဘာေပါက္ကရေတြေမးေနတာတုန္း"

ငေထြးက လွမ္းဆူသည္။မိန္းကေလးေတြမ်ား သိပ္စပ္စုတာပဲ။

"ေမးလို႔ရပါတယ္ရွင္ အစကေတာ့ ရွင္တို႔ဆရာနဲ႕အတူ အပ်ိဳႀကီးလူပ်ိဳႀကီးလုပ္ေၾကးဆိုၿပီးကတိေပးထားတာေလ အခု သူကအခ်စ္လည္းေတြ႕ေရာ သူငယ္ခ်င္းကို ေမ့ပစ္ေတာ့တာပဲ"

ၿမိဳ႕သူေလးက ဟာသတစ္ခုလို ေပါ့ေပါ့ပါးပါးေျပာသြားမွ သူေရာသူ႕လူပါ သက္ျပင္းက်ိတ္ခ်ရသည္။ဟိုငါးေယာက္ကေတာ့ အံ့ဩေနဟန္။

"အစ္မႏြယ္ သိေနတယ္ေပါ့ မေန႕ကမွေရာက္တာကိုဗ်ာ"

"မသိပဲေနမလားငေပြးရဲ႕ အာစရိအပိုေတြလုပ္လြန္းလို႔ ေမြးကင္းစကေလးေတာင္ သိနိုင္တယ္"

"ဟုတ္ပါ့ ဧည့္သည္ေရွ႕လည္းေရွာင္မွာမဟုတ္ဘူး မ်က္ႏွာ႐ူးက"

"နင္တို႔အသာေနစမ္းပါ အစ္မကမအံ့ၾသဘူးလားဟင္"

"ဘာကိုအံ့ဩရမွာလဲရွင္ သူ႕အတြက္ဝမ္းသာေပးေနတာ သဲသဲလႈပ္ခ်စ္ေပးနိုင္တဲ့လူေတြ႕သြားလို႔ေလ ဒီကိုလာတဲ့တစ္လမ္းလုံး သူႀကီးက အသြန့္ကို အရမ္းခ်ီးက်ဴးေနတာေလ သားျဖစ္သူဘယ္လို လိမၼာသြားေၾကာင္း အသြန့္စကားကို ဘယ္လိုဂ႐ုစိုက္ေၾကာင္း တစ္သက္လုံးဒီ႐ြာမွာပဲ ေနသြားေစခ်င္ေၾကာင္း အဲ့ဒီကတည္းက ႏြယ္သေဘာေပါက္ပါတယ္ တစ္႐ြာလုံးကအသြန့္ကို သိပ္ခ်စ္မွာပဲလို႔ ၿပီးေတာ့သူႀကီးသားကလည္း မ်က္ႏွာတစ္ခ်က္အညွိုးခံမွာမဟုတ္ဘူးလို႔ "

"ဟုတ္တယ္ဗ် အဲ့တာေတာ့စိတ္ခ် ဒီေကာင္ႀကီးက အရင္တုန္းက သူႀကီးေတာင္မနိုင္လို႔ လႊတ္ထားရတာဗ် အခုမ်ားျဖင့္ သူ႕လူကမေျပာင္းလဲခိုင္းရေသးဘူး သူကလိမၼာၿပီးေနၿပီ ႐ြာထဲကလူေတြကေတာင္ ခ်ီးက်ဴးေနၾကတာ ကိုသဝဏ္က ျပဳျပင္ေပးလိုက္နိုင္လို႔တဲ့ အဲ့တာေၾကာင့္ တစ္႐ြာလုံးက သူတို႔ႏွစ္ေယာက္ကို အရမ္းသေဘာတူေနတာေလ"

"မွန္တယ္ မွန္တယ္ ေယာက်္ားေလးခ်င္းလည္း အခ်စ္စစ္မွန္ရင္ ေပါင္းဖက္လို႔ရတယ္"

"စာကေလး မင္းေတာင္႐ြာသြားသြားေနတာ အပ်ိဳႀကီးဆီကိုေရာဟုတ္ရဲ႕လား"

"ဟုတ္ပါတယ္ ဘာလို႔မဟုတ္ရမွာလဲ"

"မင္းၾကည့္ရတာ ေယာက်္ား ရမယ့္႐ုပ္ျဖစ္ေနလို႔"

"မိုက္ရိုင္းလိုက္တာ ၾကည့္ေန ဝါမဝင္ခင္ မေအးေမကို ရေအာင္ယူျပမယ္"

"အမေလးေတာ္ အပ်ိဳႀကီး ကိုသိပ္မယုံနဲ႕ေနာ္ သူ႕ေမာင္ ေအးေမာင္နဲ႕ေပးစားပစ္မွ မငိုနဲ႕"

"အစ္မပယင္း ႐ြာထဲကအပ်ိဳႀကီးေတြနဲ႕ေပါင္းၿပီး ေယာက်္ားခ်င္းေပးစားခ်င္မေနနဲ႕ ေတာ္ၾကာတကယ္အပ်ိဳႀကီးေတြႀကီး ျဖစ္ကုန္မွ ငိုေနရမယ္"

"ငါတို႔ကေျပာျပ႐ုံပါ တကယ္ငိုရမွ ဆက္ေျပာၾကတာေပါ့"

"ၾကည့္ေန မမနဲ႕ရမွ နင္တို႔တစ္အိမ္လုံး ထမင္းလာစားဖို႔ဖိတ္ၿပီး မဂ္လာမ႑ပ္ေရွ႕ မိန့္မိန့္ႀကီး လက္ခ်င္းခ်ိတ္ၿပီးရပ္ျပေနမွာ"

"ေစာင့္ၾကည့္ရေသးတာေပါ့"

ယမင္းက ႏႈတ္ခမ္းမဲ့ကာဆိုေတာ့ စာကေလးက ဘုၾကည့္ၾကည့္သည္။က်န္တဲ့လူေတြကေတာ့ သူတို႔ကိုၾကည့္ၿပီးၿပဳံးလို႔။

ေမတၱာေတြသာထားပါ။တစ္ေလာကလုံးမွာ အၿပဳံးေတြပြင့္လိမ့္မယ္။

...............

"ေနာက္တစ္ခါအလည္လာခဲ့အုံးေနာ္ မမႏြယ္"

"ဟုတ္ကဲ့ပါရွင့္ အစ္မလည္းဒီ႐ြာကို အရမ္းသေဘာက်ပါတယ္ ေနာက္တစ္ခါလာလည္နိုင္ေအာင္ ႀကိဳးစားပါ့မယ္"

"ကဲသြားေတာ့ ေနပူေနၿပီ"

"ကြၽန္ေတာ္ေရာလိုက္မွာပါဆို"

"ဟိုေကာင္ ခရီးသြားမယ့္လူကို စိတ္အႏွောင့္ယွက္ျဖစ္ေအာင္ နစ္ရက္သုံးရက္ေလးေနမယ့္ဟာကို ဘယ္လိုေတြျဖစ္ေနတာတုန္း"

"တစ္ရက္ေတာင္မရပါဘူးဆို"

ျဖစ္ပုံမွာ ၿမိဳ႕သူျပန္မယ့္အခ်ိန္ သဝဏ္ကလိုက္သြားကာ သူငယ္ခ်င္းမိဘေတြအားလိုက္ေတြ႕ခ်င္သည္။သူႀကီးသားက မလႊတ္နိုင္။သူပါလိုက္ခ်င္သည္။ဟိုကလည္း သူ႕အေၾကာင္းႏွင့္သူမို႔ မေခၚခ်င္။ဒါကို လွည္းေနာက္ၿမီးအားဆြဲလို႔ တစ္ခ်က္ေ႐ြ႕လွ်င္ တစ္လွမ္းလိုက္မည့္ပုံ။

သဝဏ္ကလည္း မ်က္ႏွာမေကာင္းခ်င္သလို။သူႀကီးသားက ၿပိဳေတာ့မယ့္မိုးလို မ်က္ႏွာႏွင့္။

"ငါႏွစ္ရက္ပဲေနခဲ့မွာ တန္းျပန္လာခဲ့မယ္"

"ႏွစ္နာရီေတာင္ လြမ္းပါတယ္ဆို"

"ဒီတစ္ခါပဲသြားမွာေလ ေနာက္ဆို မင္းမပါဘဲ ဘယ္မွမသြားေတာ့ဘူး"

စကားျပန္မရသလို ေခါင္းလည္းေမာ့မလာ။

"လိမၼာေလေနာ္ ငါကအမ်ားႀကီးခ်စ္တယ္ေလ"

ထိုသို႔ေျပာမွ ေခါင္းေမာ့လာသူက ငိုမဲ့မဲ့ႏွင့္

"အျပန္လာႀကိဳမွာေနာ္"

"အြန္းလာႀကိဳလွည့္"

"မနက္ျဖန္ ၿမိဳ႕ထိလာႀကိဳမွာ"

"သန္ဘက္ခါမွ လိုက္လာခဲ့"

"မနက္ျဖန္ပါဆို"

"ဟိုေကာင္ ကေလးကို ေနပူေတာ့မယ္
လုပ္ပုံကိုက ျပန္ႀကိဳက္စရာ တစ္ကြက္မွမရွိတဲ့ေကာင္ အဲ့လိုလုပ္ေနရင္ ျပန္မလာနဲ႕ေတာ့ကေလး ဟိုမွာမိန္းမယူပစ္"

"ဦးကိုကိုခ်စ္"

ေဆာင့္ကနဲေအာ္ၿပီး မ်က္ရည္ကေပါက္ခနဲ

"ဘာတုန္း"

"အစ္ကို႔ကို ဘာေတြျမႇောက္ေပးေနတာတုန္း"

"ငါကမွန္တာေျပာတာေလ"

"အစ္ကို သူႀကီးစကားနားမေထာင္နဲ႕ေနာ္ သန္ဘက္ခါ ကြၽန္ေတာ္လာႀကိဳမယ္ လြမ္းေနမွာေနာ္"

လက္ကေလးဆုပ္ကိုင္လို႔ နားနားကပ္ကာ တိုးတိုးေလးေျပာရေသးသည္။

"အြန္းအြန္း"

"သြားေတာ့ေနပူတယ္"

"ဒါဆို ဦးႀကီး သြားၿပီေနာ္ ဒီရက္ေတြအတြက္ ေက်းဇူးတင္ပါတယ္ ေနာက္လည္း လာလည္ပါ့မယ္ရွင့္"

"ေအး ေအး သမီးေလး ေကာင္းေကာင္းသြား"

"ေမာင္ေလး စိတ္မပူပါနဲ႕ အသြန့္ကို ဂ႐ုစိုက္ေပးပါ့မယ္"

"အြန္း"

"ကဲ ကဲ သြားေတာ့ "

ထြက္သြားတဲ့ လွည္းကေလးကိုၾကည့္လို႔ မ်က္ရည္က က်ခ်င္လာတယ္။မခြဲခင္ေတာင္ လြမ္းေနပါတယ္ဆို။ႏွစ္ရက္ႀကီးေတာင္ခြဲရအုံးမယ္တဲ့။ကံကလည္းဆိုးလိုက္တာ။ဘယ္ဘဝက ဝဋ္ေႂကြးေတြပါလိမ့္။

"မ်က္ႏွာထားေလးျပင္စမ္းပါ ႏွစ္ရက္ေလးပဲဟာကိုကြာ"

"ေအးေလ မသိရင္ ႏွစ္ခ်ီၿပီးခြဲေနရတာက်ေန"

ငေပြးတို႔ ေမာင္ႏွမေတြ အျမင္ကပ္ေနၿပီ။

"မင္းတို႔ကရွိမွမရွိတာ ဘယ္လိုခံစားရလဲ ဘယ္ကိုယ္ခ်င္းစာတတ္မလဲ"

"အံဩဘကြာ ရည္းစားရွိတာ မၾကာေသးဘူး
မ႑ပ္တိုင္က တက္ျပေနၿပီ ရသြားရင္မလြယ္ေလာက္ဘူး"

"အေဖ့"

"ေဟ့"

"ျပန္လာရင္ မဂ္လာေဆာင္ေပး"

"ေဟာဗ်ာ ဘာထျဖစ္တာတုန္းဟ"

"မသိဘူးဗ်ာ ျပန္လာရင္မဂ္လာေဆာင္ေပးဒါပဲ"

ေျပာရင္း ေဘာက္ဆတ္ဆတ္နဲ႕အိမ္ထဲဝင္သြားသူက ငိုေတာ့မေယာင္။အကုန္လုံးသက္ျပင္းသာခ်မိလိုက္ၾကသည္။အ႐ူးအမဲသားေကြၽးမိၿပီ...

..............

ဘုရားေတြၾကားက တမာပင္ရိပ္သြားထိုင္ေတာ့ အလြမ္းေတြကပိုတိုးလာသည္။သူ႕အစ္ကို သူ႕ရင္ခြင္ထဲတိုးလို႔ ငိုခဲ့ဖူးတဲ့ေနရာေလး။အဲ့ဒီတုန္းကလည္း မေတြ႕ရတဲ့သုံးရက္အတြင္း အနာေပၚအလြမ္းဆင့္သည္။ဆိုင္သူရွိေနတဲ့တစ္ဖက္ ထြက္ေျပးသြားမွာစိုးထိတ္စြာ။

ေလျပည္ေလးေဝ့ေတာ့ ဆည္းလည္းသံကလြင္သည္။အစ္ကို႔ရီသံေလး တန္းသတိရေတာ့တာေပါ့။အနည္းငယ္ရွည္လာၿပီျဖစ္တဲ့ ဆံပင္ေတြၾကား လက္ျဖင့္ထိုးဖြမိတယ္။အစ္ကို႔လက္ကေလး ကိုင္ထားခ်င္လိုက္တာ။သက္ျပင္းတစ္ခ်က္ရွိုက္လို႔ မ်က္လုံးမွိတ္လိုက္မိတယ္။ျမင္ေလရာရာ အစ္ကိုခ်ည္းပါပဲေလ။

ညေရာက္ေတာ့ အိပ္မေပ်ာ္တဲ့စိတ္ေတြေၾကာင့္ ဂစ္တာပိုက္လို႔ ပိေတာက္ပင္ေအာက္ေရာက္ခဲ့သည္။သူႀကီးလင္မယားကေတာ့ လက္ျမႇောက္အရႉံးေပးကာ ႀကီးစိန္တို႔အိမ္ဘက္ အိမ္လည္ထြက္သြားၿပီ။တိတ္ဆိတ္တဲ့ညထဲ သံဇဥ္ေတြသာ ဂေယာက္ဂယက္။အစ္ကိုရွိရင္ အခ်စ္သီခ်င္းေလးနဲ႕ လွပေနမွာ။အလြမ္းေတြထဲသံဇဥ္ရွာေတာ့ စာသားတစ္ခ်ိဳ႕က ပါးစပ္ဖ်ားေရာက္လာသည္။

"မိုးသားေတြဝဲ.... ၾကည္လင္သြားသလို အခ်စ္မ်ား.... ခူးေႁခြလိုက္စမ္း... မင္းလက္နဲ႕...အကုန္လုံးေပးခ်င္လို႔
မင္းသိရက္သားနဲ႕...ငါ့ကိုခ်န္ရစ္ထားခဲ့
ရင္မွာရိုင္းစိုင္းလြန္းတဲ့ညေတြ...ဖ်က္စီးသြား...အေမွ်ာ္လင့္ဆုံးလွပအိမ္မက္မ်ား...မင္းကေဆးျခယ္ထား...အခ်ိန္ေတြရင့္က်က္လို႔ငါ...ရင္ေတြကြဲ...ငါတစ္ေယာက္တည္း..အလြမ္းမ်ား.. မိတ္ေဆြဖြဲ႕အုံးမယ္...အခ်စ္ေတြေပ်ာက္ဆုံးခဲ့....ဆိုးဝါးလြန္းတဲ့ညေတြ..
ေရတြက္ရင္း...မိုးလင္းခဲ့တာအႀကီမ္ေပါင္း မနည္း...ဘယ္ဆီမင္းေရာက္ေနလည္းပဲ...ရင္ခုန္ခ်ိဳနမ္းမ်ားလည္း...ေပ်ာက္ကြယ္ၿပီ..."

တစ္ေယာက္တည္း အပီအျပင္အသည္းကြဲေနတဲ့ သားျဖစ္သူအားၾကည့္ကာ သူႀကီးဦးခ်စ္ကို အသည္းေပါက္လာၿပီ။မသိရင္ ကိႏၷရီကိႏၷရာ ဝင္စားလာသလိုပဲ။အိမ္ထဲဝင္မယ့္ေျခလွမ္းေတြ တပ္ေခါက္လို႔ ႐ြာထဲျပန္လွည့္ျဖစ္တယ္။နားပူေတာ့မခံနိုင္ဘူး။

##############

Continue Reading

You'll Also Like

54.8K 1.6K 33
ဤဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးယဥ် ပုံဖော်မှုသာဖြစ်သည် chaများ ၏nameဖြစ်စေဇာတ်လမ်းပါအကြောင်းအရာတစ်စုံတစ်ခုဖြစ်စေတိုက်ဆိုင်မှုရှိပါကလာရော...
18.6K 1.7K 42
ကိုယ်စောင့်နေမှာပေါ့ မင်းမျက်ဝန်းက တိမ်စိုင်တွေ ငွေ့ရည်ဖွဲ့ဖို့ မင်းနှလုံးသားက ဒဏ်ရါတွေ နွေးထွေးစေဖို့ မင်းလက်ဖဝါးလေး အေးစက်မနေစေဖို့ သံသရာဆုံးရင်တော...
3.6M 287K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...