အပိုင်း ၂

70.9K 2.2K 239
                                        

အပိုင်း ၂

အနောက်ဘက်ထနောင်းပင်ရွာမှပြန်ရောက်ရောက်ချင်းဒေါ်မြမြနှင်းတစ်ယောက် ခေါင်းပေါ်မှခမောက်အားစားပွဲပေါ်တင်၍ ဦးချစ်ကိုငှဲ့ထားသောရေနွေးကြမ်းခွက်အားကောက်သောက်လိုက်သည်။အညာနွေကညနေစောင်းထိအရှိန်မသေသေး။အပူငွေ့တရိပ်ရိပ်နှင့်ချွေးစို့စေဖို့လုံလောက်ပါသေးသည်။

အမျိုးသားချင်းခိုးပြေးသည်ဆိုသောရွှေကျီးသတင်းက ရွာနီးချုပ်စပ်တွင်နံမည်ကြီးလှသည်။အမျိုးသားချင်းရည်ငံသည်မှာမကြားဖူးသည်မဟုတ်ငြားသော်လည်း  ယခုကဲ့သို့တရားဝင်လူသိရှင်ကြားလက်ဆက်ပေါင်းသင်းမည်ဆိုတော့အထူးဆန်းဖြစ်ရသည်။

ရွှေကျီးမှာအမေတစ်ခုသားတစ်ခုဖြစ်သော်လည်းရိုးသားကြိုးစားသောကြောင့် သမီးရှင်များမျက်စိကျနေသူ​​ သို့သော် ​သူကမူမိမိနှင့်ကလေးကတည်းက ကစားဖော်ကစားဖက် ယောကျ်ားလေးတစ်ယောက်အားချစ်ခင်စုံမက်ပါသတဲ့။သံယောဇဥ်လို့ပဲဆိုဆို မေတ္တာလို့ပဲပြောပြော သူတို့နှစ်ဦးကတော့တစ်ဦးနှင့်တစ်ဦး တရားဝင်ပိုင်ဆိုင်ချင်သည်။

ဤသို့ဖြင့် မိဘများမှာလည်းဖြစ်သမျှအကြောင်းအကောင်းဟုသာသဘောထားလိုက်ရာ ယနေ့လက်ဆက်ပွဲဖြစ်မြောက်လာရခြင်းဖြစ်သည်။လက်ဆက်ပွဲဆိုရာ၌အကြီးကျယ်မဟုတ်ဘဲ နှစ်ဖက်မိဘနှင့်ရပ်ရွာလူကြီးအနည်းငယ်အပါအဝင် ဆွေမျိုးနီးစပ်များအားဧည့်ခံကျွေးမွေးခြင်းမျိုးသာဖြစ်သည်။

ဒေါ်မြမြနှင်းတန်းလျား၌ဝင်ထိုင်ရင်း ဘေးဘီဝဲယာအားလှည့်ကြည့်လိုက်သေးသည်။ထို့နောက် ဘေး၌ထိုင်နေသူဦးချစ်ကိုအား လက်တို့၍

"ကိုကိုချစ် တော့်သားပြန်မရောက်သေးဘူးလား "

"သြော်နှင်းရယ် အခုမှအတူတူပြန်လာတာကိုကွယ်ကိုကိုချစ်လည်းဘယ်သိမှာတုန်း နှင်းသားကဘယ်နေ့တုန်းကများအိမ်ကိုကပ်ဖူးလို့လဲ မသိရင်အိမ်စောင့်နတ်နဲ့ရည်းစားလုဖက်အတိုင်းပဲ ပူမနေပါနဲ့ နှင်းသားကကလေးမဟုတ်တော့ပါဘူး အချိန်တန်ပြန်လာမှာပေါ့ အိမ်ပြန်လမ်းတော့သိလောက်မှာပါ"

သူကြီးသားကဆိုးလိုက်တာ(Complete )Stories to obsess over. Discover now