ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2)...

By Wai_30

90.1K 3.2K 422

Semeအလှလေးအဖြစ် ဖန်တီးထားတာပါ Semeအလွေလးအျဖစ္ ဖန္တီးထားတာပါ More

Ep_1(uni)
Ep_1 (zg)
Ep_2 (uni)
Ep_2 (zg)
Ep_3(uni)
Ep_3 (zg)
Ep_4 (uni)
Ep_4 (zg)
EP_5 (uni)
Ep_5 (zg)
Ep_6 (uni)
Ep_6 (zg)
Ep_7 (uni)
Ep_7 (zg)
EP_8 (uni)
Ep_8 (zg)
Ep_9 (uni)
Ep_9 (zg)
Ep_10 (uni)
Ep_10 (zg)
Ep_11 (uni)
Ep_11(zg)
ဇာတ်ကောင်မိတ်ဆက်(ဇာတ္ေကာင္မိတ္ဆက္)
Ep_12 (uni)
Ep_12 (zg)
Ep_13 (uni)
Ep_13 (zg)
Ep_14 (uni)
El_14 (zg)
Ep_15 (uni)
Ep_15 (zg)
Ep_16 (uni)
Ep_16 (zg)
Ep_17 (uni)
Ep_17 (zg)
Ep_18 (uni)
Ep_18 (zg)
Ep_19 (uni)
Ep_19 (zg)
Ep_20 (uni)
Ep_20 (zg)
Ep_21(uni)
Ep_21(zg)
Ep_22 (uni)
Ep_22 (zg)
Ep_23 (uni)
Ep_23 (zg)
Ep_24 ( uni)
Ep_24 (zg)
Ep_25 (uni)
Ep_25 (zg)
Ep_26 (uni)
Ep_26 (zg)
Ep_27 (uni)
Ep_27 (zg)
Ep_28 (uni)
Ep_28 (zg)
Ep_29 (uni)
Ep_29 (zg)
Ep_30 (uni)
Ep_30 (zg)
Ep_31(uni)
Ep_31(zg)
Ep_32 (zg)(End up)

Ep_32 (uni) (End Up)

1.7K 57 6
By Wai_30

"အသက်ကလေး နိုးပြီလား"

မနက်ခင်းနေရောင်ခြည်ခပ်နွေးနွေးလေးနှင့်အတူ ကိုကို့ရင်ခွင်ထဲ ခိုဝင်၍နိုးထရသည်မှာ
တစ်နေ့တာ ဖြတ်သန်းဖို့ အားအင်အပြည့်
ဖြစ်လို့နေသည်။

"ဟုတ် ကိုကို ညက ပါပါး ပြန်လာလား
မသိဘူးနော်"

"daddy ရအောင်ပြန်ခေါ်လာမှာပါ"

"ပါပါးကို အားကျတယ် ကိုကို"

"ဘာလို့လဲ အသက်ကလေးရ"

"daddyကလေ ပါပါးကို ဂရုစိုက်ပေးတယ်
ပါပါး မျက်နှာညိုမှာ အမြဲစိုးရိမ်နေတာ"

"ကိုကိုက အသက်ကလေးကို ဂရုမစိုက်လို့လား
အသက်ကလေး မျက်နှာညိုမှာ
မစိုးရိမ်လို့လား ပြောပါဦး အသက်ကလေး"

မာန်သမိုင်းသည့် ရင်ခွင်ထဲ
ဘေးတဇောင်းရှိနေသည့်
အသက်ကလေးကို ပွေ့ယူပြီး
ကိုယ့်ခန္ဓာကိုယ်ပေါ် မှောက်စေလိုက်သည်။

"ကိုကို သားတို့ လက်ထပ်ရအောင်"

"ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်မလား
ဂေဟာတစ်ခုမှာ အလှူလုပ်ချင်လား
လူအများကြီးပါတဲ့ဧည့်ခံပွဲ မကျင်းပချင်ဘူး"

"ကိုကို့သဘော"

ကိုကို့ခန္ဓကိုယ်ပေါ် ဝမ်းလျားမှောက်လျှက်အတိုင်း မှီတွယ်ထားရတာ ကြာတော့
ကိုကိုညောင်းနေမှာ ဆိုးမိသည်။
ထဖို့ဟန်ပြင်ပေမဲ့ ကိုကိုက အထမခံ
တိုး၍သာ ဖက်ထားတာကြောင့်
အသာငြိမ်နေလိုက်၏။

"မင်္ဂလာဆောင်ပြီးရင် ကိုကို့ကိုပေးမှာလား"

"အတူနေဖို့လားကိုကို ပေးမှာပေါ့"

"ခုကတည်းက လေ့ကျင့်မှဖြစ်မယ်ထင်တယ်"

ဘယ်လိုလေ့ကျင့်မှာလဲ တန်းသိလိုက်သည်
ဖြစ်လို့ ကိုကို့ပခုံကျယ်ကြီးအောက်
လက်လျိုသွင်းကာ ဖက်ထားလိုက်သည်။
ကိုကို့လက်တွေက ကိုယ့်ရဲ့တင်ပါးနှစ်ဖက်ကို
ဆုပ်ချေလာပြီး တဖြေးဖြေး
အနောက်နေရာဆီသို့ ကျူးကျော်လာသည်။

"!အား"

"နာလား"

"ဟုတ် ကိုကို"

လက်ချောင်းကနေ နောက်တစ်ချောင်း
တိုးဝင်လာချိန်မှာ ကမ္ဘာဗိုလ်သည်
ကိုကို့ကျောပြင်ကို
ဖက်ထားရမှာလွှတ်ကာ ကိုကို့ရင်ဘက်ကို
တွန်းထားမိသည်။

"အသက်ကလေး နာလို့လား"

"ဟုတ် ကိုကို"

စိတ်ကိုအလိုလိုက်ချင်ပေမယ့်
အသက်ကလေး နာကျင်ရမှာဆိုးလို့
မာန်သမိုင်းရဲ့ စိတ်ကို ချွန်းအုပ်လိုက်သည်။

"ဘာလို့ရပ်လိုက်တာလဲ ကိုကို"

"မယူရက်လို့ ထရအောင်ကွာ
ရေချိုးမှာလား"

"ဟုတ်ကိုကို"

အိပ်ရာနိုးနိုးခြင်း ကိုကို ပေးအပ်လာမည့်
နာကျင်မှု့တွေ ရတော့မှာလားလို့
ရင်ခုန်မိရသည်။
သို့ပေမယ့် ကိုယ့်ရဲ့အနောက်ရပ်ဝန်းဆီ
ကျူးကျော်လာသည့် ကိုကို့လက်ချောင်းတွေက
ဖယ်ခွာသွားတော့ ကိုကို မသိအောင်
သက်ပြင်းခိုးချရသည်။

ကိုကို့ကို ပေးအပ်ချင်ပေမယ့်
အမှန်တိုင်းပြောရရင် နာကျင်မှာကို
သိနေတာဖြစ်လို့ ကြောက်မိသည်။

"ကိုကို သားရဲ့ ကိုကို့"

ရေချိုးခန်းထဲ ရေအတူတူချိုးကြရင်း
အနမ်းခြင်းဖလှယ်မိသည်။

မာန်သမိုင်းသည် အသက်ကလေးရဲ့
ခန္ဓာကိုယ်မှာ အဝတ်ကင်းမဲ့နေချိန်
ထိန်းထားရသည့် စိတ်တို့
လွတ်ထွက်ကုန်ရသည်။

အသက်ကလေးကို ရေချိုးခန်းနံရံမှာ
ကပ်ထားလိုက်ပြီး အသက်ကလေးရဲ့
အနောက်ကနေ သိုင်းဖက်ထားလိုက်သည်။
အသက်ကလေးရဲ့ ကျောပြင်
သေးသေးလေးရဲ့နေရာအနှံ့ကို စုပ်ယူရတာ
သောက်လေ သောက်လေ ငတ်မပြေသည့်
ပင်လယ်ရေကိုသောက်နေရသလို
ဖြစ်နေသည်။နေရာအနှံ့ကို အမှတ်အသား
တွေပေးနေမိတာ အရာတွေထင်ကုန်၏။

"အသက်ကလေး ကိုကို့ကို ခွင့်ပြုပါလား"

"ကိုကို့ သဘော! အား"

ကိုကို့ရဲ့စိတ်ကို ထိန်းထားရမှန်း
ကမ္ဘာဗိုလ်သိပါသည်။ကိုကိုက
ကိုယ်နာကျင်မှာဆိုးလို့သာ
ရှေ့ဆက်မလာတာ။

ကိုယ့်ဆီကခွင့်ပြုချက်ရတာနှင့်တပြိုင်နက်
အနောက်ရပ်ဝန်းဆီ တိုးဝင်လာသည့်
ကိုကို့ရဲ့လက်ချောင်းကြောင့် လန့်၍
အော်မိလိုက်သည်။

"နာတယ် ကိုကို့"

"ကိုကို ရပ်လိုက်မယ် အသက်ကလေး"

ကိုကို့ကို စချစ်ခဲ့ရတာဆိုပေမဲ့
နှစ်ယောက်ရဲ့ အချစ်တွေမှာ
ကိုကိုက ပို၍သာတယ်လို့ ကမ္ဘာဗိုလ်
ထင်မိသည်။
ကိုယ့်ကို နာကျင်မှာဆိုးသည့်ကိုကိုက
အတူနေခြင်းမှာ အမြဲဆင်ခြင်ခဲ့သည်။

"ကိုကို သားဆီကယူရင်ရသားနဲ့
ဘာလို့မယူတာလဲဟင်"

"ဟိုလူကြီးကြောင့် အသက်ကလေး
စိတ်ဒဏ်ရာရခဲ့တာ ရခဲ့တဲ့စိတ်ဒဏ်ရာက
ကိုကို့ကြောင့် ပိုဆိုးမှာ စိုးရိမ်တယ်
အတူနေခြင်းကိစ္စမှာ နာကျင်မှု့
ဘယ်လောက်ဆိုးလဲ ကိုကိုအသိဆုံး
အသက်ကလေးရဲ့"

"ကိုကို့ကို ချစ်လိုက်တာ"

"အသက်ကလေးသာ အလိုရှိမယ်ဆို
ကိုကို့တို့နှစ်ယောက်ရဲ့ ဘဝတစ်လျှောက်လုံး
ကိုကိုပဲ ပေးအပ်ရမယ်ဆိုရင်တောင်မှ
ကြည်ကြည်ဖြူဖြူပေးအပ်မှာ"

"ကမ္ဘာပေါ်မှာရှိတဲ့ချစ်ကြသူတွေထဲမှာ
သားက ကံကောင်းဆုံးလို့ ခံယူမိတယ်"

"အသက်ကလေး ဖျားမှာစိုးရိမ်မိတယ်
ရေချိုးကြစို့"

"ဟုတ် ကိုကို"

*****
ရေချိုးအဝတ်အစားဝတ်ပြီး
အခန်းထဲကနေ နှစ်ယောက်သား
ထွက်လာခဲ့ကြသည်။
အိမ်ထဲမှာ ပါပါးအရိပ်အယောင်
မတွေ့ရပေ။daddyများ ပါပါးကို
မခေါ်ခဲ့နိုင်ဘူးလားတွေးမိစဥ်။

"ကလေးလေး"

"ကိုကိုရုန်း လာပြီလား"

"ပါပါးကို စိတ်ပူလို့
ဦးဇွဲကို လိုက်ပို့ခိုင်းလိုက်တာ
!ဟောဗျာ"

ကိုကိုရုန်းက ပြောနေရင်း
ကိုယ့်ကိုကျော်ကြည့်ပြီး အံသြပုံပြနေတာဆိုတော့ နောက်လှည့်ကြည့်မိလိုက်သည်။
မြင်လိုက်ရသည့် မြင်ကွင်းက
ကိုကိုရုန်း အံ့အားသင့်မယ်ဆို
အံ့အားသင့်လောက်စေ၏။

"!daddy"

daddyရယ်လေ ဧည့်ခန်းကဆိုဖာခုံမှာ
daddyရဲ့အရပ်ကြီးကိုမှအားမနာ
ခွေခေါက် အိပ်ပျော်နေလျှက်ရှိသည်။
daddyရဲ့အနား ကိုကိုရုန်းနဲ့ကိုယ်
အပြေးသွားမိကြသည်။

"!daddy ထပါဦး
ဘယ်လိုဖြစ်ရတာလဲဗျာ"

"အင်း...သားတို့"

daddyက အိပ်ရေးမဝသည့် ပုံစံဖြင့်
အိပ်နေရာမှ ထထိုင်လာသည်။

"ဘယ်လိုဖြစ်ရတာလဲ daddy
ပါပါးရောဟင်"

"အခန်းထဲမှာ"

"daddy"

ကမ္ဘာပိုင်နဲ့ကမ္ဘာဗိုလ် တစ်ယောက်တစ်ပေါက်
မေးလာသည့် အမေးကို ဖြေဖို့ရာ
ထွဋ်ပိုင်ဦးသည် ကိုယ့်ဆံပင်ကိုသာ
ထိုးဖွ၍ အခန်းထဲမှာရှိကြောင်းပြောလိုက်သည်။

"မင်းတို့ရော မင်းတို့daddyဖက်ကဆို
ပါပါးနဲ့ရန်သူနော် ကြိုပြောထားမယ်"

ပါပါးက အနားရောက်လာပြီး
အသံပြုတော့ ညီအကိုနှစ်ယောက်စလုံး
ပါပါးကို တွဲခေါ်ရသည်။

"ပါပါးကလည်း daddyကို
အပြင်မှာအိပ်ခိုင်းတာလား"

"သားတို့ စဥ်းစားကြည့်ကွာ
ဖေဖေ့အိမ်မှာပြောတော့ ဦးထွဋ်ကလေးလေး
ဆေးရုံမတတ်ချင် အိမ်ပြန်ရအောင်
ပြောပြီးတော့ အိမ်လည်းရောက်ရော
ဆေးရုံပြန်သွားမယ် ပြောလာတာ"

သူရခန့်ဗိုလ်ဆိုတာ ခေါင်းကြောမာတာ
တော်ရုံမဟုတ်မှန်း ထွဋ်ပိုင်ဦး သိပါသည်။
စိတ်ပူလို့ပြောတာလား စေတနာထားပြီး
ပြောတာလား ချစ်လို့ပြောတာလား
မသိရကောင်းလားဆိုပြီး ရိုက်ပစ်ချင်သည့်
စိတ်ကို အတော်ထိန်းထားရသည်။

"ပါပါးပြောတာမှန်တယ် daddy"

"အသက်ကလေး လူကြီးတွေကိစ္စ
ဝင်မပါရဘူး ကိုကို့အနား လာထိုင်"

ပါပါးပြောသည့်စကားကို အသက်ကလေးက
စကားဝင်ထောက်တော့ daddy
မျက်မှောင်ကုတ်သွားတာ မာန်သမိုင်းသည်
မြင်ဖြစ်အောင် မြင်လိုက်သည်။
ကိုယ်လည်း ဖီးနစ်စံအိမ်ရဲ့မိသားစုဝင်
ဖြစ်နေပြီဆိုတော့ အဓိက ခေါင်လူကြီး
နှစ်ယောက်ကြားမှာ ကိုယ့်အသက်ကလေး
ကြားညှပ်မှာ စိုးရိမ်မိသည်။

"ကမ္ဘာဗိုလ်က daddyရဲ့သား
မဟုတ်တော့ဘူး daddyရဲ့သားက ရုန်ရုန်း
ကမ္ဘာဗိုလ်က သူ့ပါပါးဖက်က"

ကိုကိုရုန်းကို သူ့ဖက်ပါဖို့
dadyစစ်ကူခေါ်နေမှန်းသိတော့
ကိုကိုနဲ့ကိုယ်က တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်၍ ခိုးရယ်မိကြသည်။

"ပါပါးကို ဆေးရုံတတ်ခိုင်းလို့
daddyကိုအပြင်မှာအိပ်ခိုင်းတာလား
တခြား အခန်းတွေရှိလျှက်သားနဲ့daddyရာ"

"သားရဲ့ပါပါးက ဧည့်ခန်းမှာအိပ်
ဆိုလို့"

"ဟုတ်လား ပါပါး"

"အေး ဟုတ်တယ် အဲလူကြီးကို
မပေါင်းချင်တော့ဘူး"

"အသက်တွေလည်း ကြီးနေပါပြီ
ခုချိန်ကွာရှင်းရင် ပတ်ဝန်းကျင်ကလူတွေ
ဘာပြောကြမလဲ ပါပါးရ"

"!ရုန်ရုန်း"

"ဗျာ ပါပါး"

ကိုကိုရုန်းက daddyဖက်ကဝင်ပြောပေးရာ
ပါပါးက အော်မှ ငြိမ်ကုတ်သွားသည်။

"အဲလူကြီးကို ခေါ်သွား အိမ်ပြန်ရင် "

"!ဗျာ ပါပါး"

"ခေါ်သွား"

"ဦးထွဋ် ကလေးလေးက အတော်ဆိုးပါလား"

ထွဋ်ပိုင်ဦးသည် စိတ်တိုစပြုနေသည့်
ကလေးငယ်ရဲ့ဘေးမှာဝင်ထိုင်ကာ
ကိုယ့်ရင်ခွင်ထဲ ခိုဝင်ခိုင်းလိုက်သည်။
ရအောင်ရုန်းထွက်နေသည့်ကလေးငယ်ကို
ချုပ်ထားလိုက်သည်။

"မရုန်းရဘူး ကလေးငယ်ရဲ့
ဒဏ်ရာပြန်ပွင့်ရင် မတတ်ချင်တဲ့ဆေးရုံ
တတ်နေရမယ်"

သူရခန့်ဗိုလ်သည် ဦးထွဋ်ကို
ဆိုးရလို့သာဆိုးနေရတာ
အမှန်ပင် ပင်ပန်းနေပြီဖြစ်သည်။
မနေ့ညကတည်းက ဧည့်ခန်းထဲသွားအိပ်လို့
နှင်ထုတ်တုန်းက ကိုယ့်စကားကို
နားထောင်သည့် ဦးထွဋ်က အမှန်ပင်
ဧည့်ခန်းကဆိုဖာမှာ အိပ်နေရှာသည်။
ကိုယ့်စကားနားထောင်ရဲ့လား
မအိပ်ခင် အခန်းထဲကနေ ထွက်ကြည့်ခဲ့သည်။

ကိုယ်ချစ်ရတဲ့လူကြီးကို ရက်စက်မိမှန်းသိပေမဲ့
ဆေးရုံတတ်ဖို့ပဲ ခေါင်းထဲရှိနေသည့်
လူကြီးကို စိတ်တိုမိသည်။
ပင်ပန်းလွန်းသည်ဖြစ်လို့ ဦးထွဋ်ရင်ခွင်ထဲ
ငြိမ်နေရ၏။

"သား ကမ္ဘာဗိုလ်"

"ဗျာ ပါပါး"

"သားမာန်နဲ့သား လက်ထပ်ဖို့
စီစဥ်ကြတော့ ပါပါးအတွေးထဲဝင်လာတာလေ
မတော်လို့များ သေနတ်ဒဏ်ရာနဲ့သာ
ပါပါး အသက်မရှင်ခဲ့ဘူးဆိုရင်
သားမာန်နဲ့သားရဲ့မင်္ဂလာပွဲကို
ပါပါးတတ်ခွင့်ရမှာမဟုတ်ဘူး"

"အဲလိုမပြောပါနဲ့ဗျာ ကျွန်တော်နဲ့အသက်ကလေးရဲ့ မင်္ဂလာပွဲကို
daddyရော ပါပါးရော ချီးမြှောက်ပေးရမှာ"

"ကိုကို ပြောတာ မှန်တယ်"

ပါပါးရဲ့ ဒဏ်ရာကျက်ခါစအချိန်မှာ
ကိုကို့ကိုလက်ထပ်ချင်တယ်ပြောဖို့
ကမ္ဘာဗိုလ်သည် မပြောရဲရှိနေမိသည်။
ပါပါးက ပြောလာတယ်ဆိုတော့
ကိုယ့်စိတ်ကို နားလည်ပေးသည့်
ပါပါးကို ကျေးဇူးတင်နေမိသည်။
ကိုကိုနဲ့လက်ထပ်ဖို့ရာ ပါပါးအပြောကြောင့်
သေချာခဲ့ပြီ။

*****
သုံးလကြာပြီးနောက်

ဒုန်း....ဂျောင်း

"တံခါးဖွင့်ပေးနော် ခင်ဗျားတို့"

"ဝင်ခွင့်မပြုရဘူး ပြောထားလို့ ငါ့ညီ"

"!ဘာသဘောလဲ ဘာလုပ်ကြတာလဲ"

"အကိုတို့ မသိပါဘူး"

အခြေနေဘာတွေမှန်းမသိရဘဲ
ဝင်းတံခါးအပြင်ဘက် နေပြီး
အိမ်ထဲဝင်ရဖို့ သောင်းကျန်းနေရသည်။

မနက်ခင်း ဘုန်းကြီးကျောင်းမှာ
မင်္ဂလာဆွမ်းကပ်ပြီး ပြန်ခဲ့ကြတုန်းက
အကောင်း အဆင်ပြေပြေ မင်္ဂလာပွဲ
အထမြောက်ခဲ့သည်။
ဒေါ်လေးကို အိမ်ပြန်ပို့ပြီး
အသက်ကလေးဆီ လာမှ အိမ်ထဲဝင်ခွင့်မရဘဲ
သော့ခတ်ထားတာ ကြုံရသည်။

ဖုန်းဆက်ကြည့်တော့ daddyရဲ့
ဖုန်းကနေစပြီး အသက်ကလေးရဲ့ဖုန်းထိ
အဝင်သာရှိပြီး
တစ်ယောက်မှ ဖုန်းမကိုင်ကြပေ။
စိတ်မြန်လက်မြန် အုတ်တံတိုင်းပေါ်
ကျော်တတ်ဖို့ရာကြ အိမ်အတွင်းထဲရှိ
daddyရဲ့လူတွေကအသင့်စောင့်နေလျှက်ရှိပြီး
ဝင်ခွင့်မပြုနိုင်ဘူး ပြောကြသည်။

"ကလေးလေးက စကားပါးလိုက်တယ်
သားမာန်"

အကြောင်းအရင်းဘာမှမသိရဘဲ
စိတ်ရှုပ်နေစဥ် ဦးဦးစက်သီဟက
ဝင်းတံခါးအနီး ရောက်လာသည်။

"ဦးဦးစက်သီဟ သားကို ဝင်ခွင့်ပြုပါ"

"ညနေ ခြောက်နာရီမှ လာခဲ့ပါလို့
ကလေးလေး စကားကြုံပါးလိုက်တယ်
ဒေါသမထွက်ဘဲ သားမာန်ရဲ့
အိမ်ကနေစောင့်နေပါတဲ့"

"ဒေါသမထွက်ဘဲလားဗျာ ဘာမှန်းမသိရဘူး"

"စိတ်လျှော့ သားမာန် အခုပြန်လိုက်ဦး"

"မပြန်ဘူး ဒီနေရာမှာ ထိုင်ပြီးစောင့်မယ်"

စက်သီဟသည် ခုခေတ်လူငယ်တွေများ
ခေါင်းကြောမာကြသားဟု မှတ်ချက်ချမိသည်။
အကြောင်းရှိလို့ ပြန်ခိုင်းတာ
အမှန်ပင် အိမ်ရှေ့ကနေ လုံးဝမခွာသည့်
သားမာန်ကို ကြည့်ပြီး လေပူတစ်ချက်
မှုတ်ထုတ်လိုက်သည်။

ကလေးလေးဆီ သတင်းပို့ရမှာဆိုတော့
နေရာကနေ လှည့်ထွက်ခဲ့လိုက်သည်။

အိမ်အပြင်ဖက်ရှိ မာန်သမိုင်းသည်
အလျှံငြီးငြီး တောက်လောင်မတတ်
မန္တလေးနွေအပူချိန်ကြောင့်
ဝတ်ထားသည့် ပုဆိုး တိုက်ပုံအကျီကြောင့်
ချွေးများရွှဲနစ်နေလျှက်ရှိသည်။

******
"သားမာန် ဝင်ခဲ့"

ခြောက်နာရီမထိုးခင် ဆယ့်ငါးမိနစ်လောက်ကြမှ
ပါပါးကိုယ်တိုင် အိမ်ထဲဝင်ခဲ့ဖို့
ပြောလာသည်။နေ့တစ်ဝက်လောက်
စောင့်ခဲ့ရတာ ဒေါသထွက်တာထက်
အသက်ကလေးကို စိတ်ပူမိသည်။
အကြောင်းရင်းမသိရပဲ အသက်ကလေးရဲ့
အရိပ်ကလေးကိုမျှမတွေ့ရတာ
စိတ်မပူဘဲ နေမည်လား။

"လာ သားမာန်"

"အသက်ကလေးက သားကိုမတွေ့ချင်ဘူး
ပြောတာလား ပါပါး
သား အမှားလုပ်မိလား"

"သားမာန် အိမ်ထဲရောက်ရင်
သိရပါလိမ့်မယ်"

ပါပါးနောက်ကနေ တိတ်တဆိတ်
လိုက်ခဲ့ရာ အိမ်ဝင်းထဲအရောက်
ပြင်ဆင်ထားတာတွေကြည့်ပြီး
အံ့သြမိရသည်။

"သားတို့ရဲ့ ဒင်နာပွဲအတွက်
ပါပါးတို့ပြင်နေတာ"

"အသက်ကလေးရောဟင် ပါပါး"

"ကမ္ဘာဗိုလ် ခဏနေလာလိမ့်မယ်
သားမာန် အဝတ်အစားလဲဖို့
ပါပါးယူလာတယ် လဲပြီးရင်
စတိတ်စင်ပေါ်သွား သားမာန်
ကမ္ဘာဗိုလ် လာလိမ့်မယ်"

"ဒင်နာပွဲအတွက် ပြင်ကြတယ်ဆိုရင်လဲ
ပါပါးရာ ကျွန်တော်အထဲဝင်ခွင့်မရှိဘူးလား"

"ကမ္ဘာဗိုလ်က သားကို အံ့သြစေချင်လို့တဲ့
သားက သူ့ကိုပြောထားတယ်ဆို
မင်္ဂလာပွဲအတွက် အကုန်ကျများမဲ့ဟာ
မကျင်းပချင်ဘူးလို့ ကိုကိုကပြောထားလို့တဲ့"

"အဲဒါတော့ ဟုတ်တယ်ပါပါး"

လက်ထဲထည့်ပေးသွားသည့် အဝတ်အစား
အိတ်ကိုဖွင့်၍နေရာမှာတင်
ကိုယ်မှာဝတ်ထားသည့်
ရှပ်အကျီနဲ့ပုဆိုးကိုချွတ်လဲလိုက်သည်။

ဒင်နာပွဲအတွက် ပြင်စင်ထားပေးထားတွေက
ကြည်နူးဖွယ်ရာ အတိဖြစ်လို့နေသည်။
ဧည့်သည်တွေထိုင်ဖို့ စားပွဲအခင်းကျင်းမှစပြီး
မီးဆိုင်းတွေ စတိတ်စင်မှာအလှဆင်ထားတဲ့
ပန်းအစစ်တွေက ကိုယ့်ရဲ့မြင်ကွင်းမှာ
လှပလို့နေသည်။
အသက်ကလေးက ကိုယ့်ကို
အသိမပေးဘဲ မိသားစုဝင်တွေနဲ့
ပြင်နေပုံရသည်။

အသက်ကလေးနဲ့ ကိုယ့်ရဲ့မင်္ဂလာပွဲက
ပါပါးခွင့်ပြုသည့်အချိန်ကနေ
နောက် သုံးလအကြာမှသာ ပွဲကျင်းပခွင့်
ရခဲ့သည်။ပါပါးရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးမှာ
မန်နေဂျာအဖြစ်တာဝန်ယူခဲ့ပြီးနောက်
ဆိုင်ကယ်စီးခြင်းကို စွန့်လွှတ်ခဲ့လိုက်သည်။

အသက်ကလေးကို ပြည့်ပြည့်စုံစုံထားဖို့
ဆိုင်ကယ် ပြိုင်ပွဲတွေဆီ လှိမ့်နေရုံနှင့်
မရပေ။အသက်ကလေးကိုယ်တိုင်က
ဆိုင်ကယ်ပြိုင်ပွဲတွေမှာ ဝင်ပြိုင်တာ
ကိုကို့ကို စိတ်မချဘူး ပါပါးရဲ့
ကုပ္မဏီမှာ မန်နေဂျာအဖြစ်တာဝန်ယူပါ
ပြောလာသည်။

လုပ်ငန်းတွေများသည့် မိသားစုဆိုတော့
ပါပါးရဲ့ရုပ်ရှင်ထုတ်လုပ်ရေးမှာ
အလုပ်သင်ပြီး ပါပါး လက်လွှတ်လို့ရသည့်အခြေနေကြရင် ကုပ္မဏီကို
သားမာန် လက်ထဲ အပြီးထည့်ပေးမည်
ပြောလာသည်။
အပိုင်ပေးလောက်အောင်ထိ
မလိုကြောင်းပြောခဲ့ပေမဲ့
လက်ထပ်​​ပြီးရင် သားမာန်ကို
လုပ်ငန်းတစ်ခု အတည်တကျရှိစေချင်တယ်ဟု
ပါပါးက ပြောရာ လက်ခံခဲ့ရသည်။

"ကိုကို့"

ဒင်နာပွဲအတွက် ပြင်ပေးထားသည့်
စတိတ်စင်ပေါ်မှာ ကျောက်ရုပ်တစ်ရုပ်လို့
ခေါင်းငုံ့၍ အတွေးများနေစဥ်
အသက်ကလေးရဲ့ ခေါ်သံကြောင့်
မော့ကြည့်လိုက်သည်။
အစိမ်းနုရောင်ပိုးသားအကျီလေးနဲ့
တွဲဝတ်ထားသည့် စတိုင်ပန်အနက်ဖျော့ဖျော့လေးက ကိုယ်ဝတ်ထားသည့်ဝတ်စုံနှင့်
ဆင်တူဖြစ်နေသည်။
အဖြူရောင် ဆံပင်အရှည်ကြီးကို
ထုံးဖွဲ့ထားသည်က ကိုယ့်အမြင်မှာ
ယောကျာ်းဆန်ဆန် ကြည့်၍
ကောင်းလွန်းနေသည်။

*လှရက်လိုက်တာ*

daddyက အသက်ကလေးရဲ့လက်ကို
တွဲထားပြီး လျှောက်လမ်းအတိုင်း
စတိတ်စင်ရှိရာသို့ လာသည်။

"daddyရဲ့သားကို သားမာန်လက်ထဲ
ထည့်ပြီနော် ကမ္ဘာဗိုလ်ရဲ့ ကောင်းခြင်း
ဆိုးခြင်းတွေကို သားမာန်က
ကမ္ဘာဗိုလ်ရဲ့လက်ကိုတွဲထားပြီး
အတူတူမျှဝေခံစားပါ"

"စိတ်ချပါ ခင်ဗျာ "

daddyဆုပ်ကိုင်ထားသည့်
အသက်ကလေးရဲ့လက်ကို
လွှဲပြောင်းယူလိုက်သည်။
ကိုယ့်ရဲ့ရှင်သန်ခြင်းနေ့ရက်တွေတိုင်းမှာ
အသက်ကလေးရဲ့လက်ကို
မလွတ်တမ်းဆုပ်ကိုင်ထားတော့မည်ဟု
ဆုံးဖြတ်ချက်ချထားလိုက်သည်။

ဦးဦးဓနဒွန်းနဲ့ ဦးဦးစက်သီဟက
ကမ္ဘာဗိုလ်နဲ့ကိုကိုမာန်သမိုင်းကို
လက်ထပ် လက်စွပ် စွပ်ပေးလေသည်။

"ဒို့တွေရဲ့ကလေးလေး လက်ထပ်နေပြီကွာ
ဦးဦးတို့မျက်လုံးထဲမှာ ကလေးလေးလို့
မြင်နေတုန်း"

ငယ်စဥ်ကတည်းကကြောက်ခဲ့ရသည့်
ဦးဦးဓနဒွန်းက ကိုယ့်လက်ကို
လက်ထပ်လက်စွပ် စွပ်ပေးပြီး
နှမြောတသပြောလာတော့ ကမ္ဘာဗိုလ်သည်
အံ့သြမိသွားသည်။

"ဦးဦးဓနဒွန်းက သားကို နှမြောတာလားဟင်"

"ရုန်ရုန်းရော ကမ္ဘာဗိုလ်ရော စည်းစိမ်ရှင်ရော
ဦးဦးတို့ရဲ့သားတွေလို့ သတ်မှတ်ထားတာ"

"ကိုကို့ကို ကလေးလေးက
အမြဲကြောက်နေရတာ
ကိုကိုက ကလေးလေးဆို အမြဲဆူချင်နေတာ"

ဦးဦးစက်သီဟ ဝင်ပြောတော့
ဟုတ်မှန်ကြောင်း ခေါင်းညိမ့်ပြမိသည်။

"ကိုကို့မျက်နှာ တည်တာ
စက်babyသိသားကွာ ကိုကို့က
သူတို့လေးတွေကို တန်းတူချစ်ပြီးသား
ကမ္ဘာဗိုလ်က လုပ်ချင်ရာလုပ်တတ်တဲ့
ကလေးဆိုးလေးမလို့ စိတ်တိုမိတာရှိတာ
ဘာလို့မချစ်ရမှာလဲ"

"သားက လိမ္မာနေပါပြီ
ဦးဦးဓနဒွန်း"

"ပိုင်ဆိုင်သူရှိပြီဆိုတော့ လိမ္မာသင့်နေပြီ
ကမ္ဘာဗိုလ်"

ဦးဦးတို့နှစ်ယောက်က ကိုယ်တွေကို
ဖက်၍ မင်္ဂလာဆုတောင်းပေးသည်။

"သားတို့ အိမ်ထောင်ရေး
ပျော်ရွှင်မှု့တွေပဲ ရရှိပါစေကွာ"

"ပေးတဲ့ဆုနဲ့ပြည့်ပါစေ ခင်ဗျာ"

ဦးဦးနှစ်ယောက် စတိတ်စင်ပေါ်က
ဆင်းသွားတော့ ဦးဇွဲနဲ့ကိုကိုရုန်းက
စင်ပေါ်တတ်လာကြသည်။

"ကျွန်တော့်ရဲ့ညီ ကမ္ဘာဗိုလ့်ကို
ကိုမာန်သမိုင်းဆီ အပ်ပါတယ်"

"ကိုကိုရုန်း ကျေးဇူး "

"ကလေးလေးက အိမ်ထောင်သည်
ဖြစ်သွားပြီ အရာရာ
ကလေးဆန်လို့မရတော့ဘူး"

"သားက ရင့်ကျတ်နေပါပြီ ကိုကိုရုန်း"

"ကိုကိုမျှော်လင့်ပါတယ် ကလေးလေး"

ဦးဇွဲနဲ့ကိုကိုရုန်း စင်ပေါ်ကနေဆင်းသွားပြီဆိုမှ
ကိုကို့လက်ကို ဆုပ်ကိုင်ကာ
စင်ပေါ်ကနေဆင်းခဲ့လိုက်သည်။

လင်းထိန်နေသည့် မီးရောင်အကူဖြင့်
ကျင်းပသည့် ဒင်နာပွဲလေးဟာ
နှစ်ဖက်မိသားစု အစုံအလင်ဖြင့်
ပျော်ရွှင်ဖွယ်ရာ ဖြစ်လို့နေသည်။
ကိုကို့အဒေါ်ကြီးက တစ်နေကုန်ပင်ပန်းထားလို့
ဒင်နာပွဲ မလာတော့ဘူး ကြိုပြော
ထားတာကြောင့် တတ်ရောက်ခြင်းမရှိပေ။

လူငယ်တွေကို ဦးစားပေးကျင်းပတာဆိုတော့
လူကြီးတွေအိမ်ထဲဝင်သွားချိန်မှာ
တေးသွားအလိုက် ကခုန်နေကြသည်။

"မာန်သမိုင်းနဲ့ကမ္ဘာဗိုလ်ရဲ့ မင်္ဂလာပွဲကို
လာရောက်ချီးမြှင့်ပေးကြသူအပေါင်း
စိတ်ကြိုက်ပျော်လို့ရပါတယ်"

ကိုကို့လက်ကို မြဲမြံနေအောင်ကိုင်ထားရသည့်
အခိုက်တန့်ဟာ ကိုယ့်ရဲ့အပျော်ရွှင်ရဆုံးအချိန်ဖြစ်လို့နေသည်။ကိုကိုက
ကိုယ့်ရဲ့လက်ကို ဆုပ်ကိုင်လျှက်
ပါးပြင်ထက်မှာ မျက်ရည်တွေစီးကျနေသည်။

"ဘာလို့ငိုနေတာလဲ ကိုကိုရာ"

"ပျော်လို့ ကိုကို့အသက်ကလေးကို
တရားဝင်ပိုင်ဆိုင်ခွင့်ရပြီ
ကိုကိုတို့နှစ်ယောက် ဘယ်တော့မှ
မခွဲဘူးနော်"

"သားရဲ့ခန္ဓာကိုယ်ထဲမှာ
စီးဆင်းနေတဲ့ သွေးကြောတွေရဲ့
လည်ပတ်မှု့က ကိုကို့ရဲ့အချစ်တွေနဲ့
လည်ပတ်နေရတာ သားရဲ့ရှင်သန်ခြင်း
အဓိပ္ပါယ်က ကိုကိုမလို့
ကိုကို့ရဲ့လက်ကို ဘယ်တော့မှမလွှတ်ဘူး"

"ကိုကို့ရဲ့ရှင်သန်ခြင်ရဲ့အဓိပ္ပါယ်က
အသက်ကလေးဆိုတာ သိတယ်ဟုတ်"

"ကိုကို့ ဘဝထဲကို ခြေစုံပစ်ပြီး
ဝင်ခဲ့ပြီနော်"

"ရင်ခွင်တံခါး အသင့်ဖွင့်ထားလျှက်ပါဗျာ"

ပြီးပါပြီ

(AN_ဇာတ်သိမ်းတာ ပေါ့သွားသလို
ဖြစ်သွားခဲ့ရင် ချစ်သောတို့ကို
တောင်းပန်ပါတယ် ကျနော်စာရေးတာ
အာရုံစိုက်မရဖြစ်နေလို့ updateကြာနေမိတာ
ရှင်သန်ခြင်း၏အဓိပ္ပါယ် S_2ကို
အပိုင်းအတိုလေးဖန်တီးဖို့ အစကတည်းက
တွေးခဲ့တာပါ ချရေးရင်း
ခုအပိုင်းထိရောက်လာခဲ့တာ
S1ကနေ S2ထိ ဖတ်ပေးသူတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်
နှုတ်ဆက်ပါတယ်နော်)

***************************

Continue Reading

You'll Also Like

78.8K 1.7K 27
*completed* An alphabet of bade oneshots *all fluff* ALL CHARACTERS AND THE SHOW IN GENERAL BELONG TO DAN SCHNEIDER AND NICKELODEON
58.9K 2.1K 33
ကိုမာကနေ နိုးထလာပြီးနောက် အတိတ်မှတ်ဉာဏ်များပျောက်ဆုံးသွားပြီး လစ်ဟာနေတဲ့ကောင်လေးတစ်ယောက်နဲ့ သူ့ရဲ့ အတိတ်က ကောင်လေးတစ်ယောက်
253K 10K 32
""SIT THERE AND TAKE IT LIKE A GOOD GIRL"" YOU,DIRTY,DIRTY GIRL ,I WAS TALKING ABOUT THE BOOK🌝🌚
111K 1.5K 18
in a world where only women have quirks, life can be tough for a male. however, for this male, everything is just different, especially when he is me...