Dada Jeon

Oleh choiluca

48.9K 848 147

အေးစက်ကာ အထီးကျန်မှုအတိပြီးနေသော အသူရာချောက်နက်ထဲ နစ်မြုပ်နေခဲ့သည့်သူ့အတွက် ထယ်ယောင်းက တစ်ခုတည်းသောတောက်ပမှုလ... Lebih Banyak

Part-1
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9

Part-2

247 41 3
Oleh choiluca

ယနေ့လဲ ထယ်ယောင်းအတွက်တော့ သာမန်နေ့တွေထဲကတစ်ရက်ပါပဲ။ အတန်းချိန် နှစ်ချိန်ပြီးသွားပြန်တော့ ကျောင်းပြင်ကိုထွက်လာရင်း ကောင်းကင်ကြီးကိုမော့ကြည့်မိသည်။

ဒီအချိန်လောက်ဆို နေလုံးကြီးလဲ တောက်ပရတာ ပင်ပန်းနေလောက်ရောပေါ့။ ထယ်ယောင်းမှာ တစ်ယောက်ထဲလမ်းလျှောက်ပြန်ချင်သည်မို့ လာကြိုရန်မပြောထား။ ထို့ကြောင့် ဘောင်းဘီအိတ်ထဲလက်လျှိုကာ လေးလံသည့်ခြေလှမ်းများဖြင့် အိမ်သို့ပြန်လာခဲ့​၏။

"မီးမီးလေးက တကယ့်သေးသေးလေးနော် မမကြီး"

ခြံထဲဝင်ဝင်ချင်း ကြားလိုက်ရသည့်အသံကြောင့် အနည်းငယ်ညှိုးနေသည့်မျက်နှာလေးမှာ လန်းဆန်းသွားသည်။ ပုံမှန်ဆို ဂျောင်ကုက အိမ်ကိုစောစောပြန်လာလေ့မရှိပေမဲ့ ယနေ့ကတော့ မိသားစုတွေ စုံမှာဖြစ်တာကြောင့် စောပြန်လာခဲ့ခြင်းဖြစ်နိုင်သည်။

ထို့ကြောင့် လေးလံနေသည့်ခြေလှမ်းများကို အရှိန်မြှင့်တင်ကာ ခပ်သွက်သွက်လျှောက်လာခဲ့ပြီး အိမ်ထဲကို ဝင်လာတော့ ကလေးသေးသေးလေးကိုချီထားသည့် ဂျောင်ကုက သူ့ကိုလှည့်ကြည့်လာသည်။

"ဟန်နီတောင်ပြန်လာပြီပဲ"
"မမကြီးရဲ့ သမီးလေးလေ...ချစ်ဖို့မကောင်းဘူးလား"

ဂျောင်ကုက သူ့လက်ပေါ်တွင် အိပ်ပျော်နေသည့် ကလေးလေးကိုမြှောက်ရင်း ပြောတော့ ပျော်တစ်ဝက် ဝမ်းနည်းတစ်ဝက်ဖြင့် ကြည့်လိုက်ပြီး

"ဟုတ်ပါရဲ့ မီးမီးလေးက ချစ်ဖို့ကောင်းလိုက်တာ"

ဖွေးစွတ်နေသည့် အသားအရည်နှင့် ခပ်ဖောင်းဖောင်းဖြစ်နေသည့် ပါးမို့လုံးလုံးလေးက အနှီးအဖြူလေးထဲ ဝါဂွမ်းလုံးလေးလိုဖြစ်နေသည်မှာ အမှန်ပင်။ ဒါတောင် မမကြီးနဲ့ သူ့အမျိုးသမီးက တအားလှတဲ့ စာရင်းထဲမပါသေး။

"ကိုယ်လက်သန့်စင်ပြီး အဝတ်အစားလဲပြီးမှပြန်လာခဲ့ပါ့မယ်ဗျ"

ထယ်ယောင်းမှာ အမျိုးတွေအကုန်လုံးကို ရိုရိုကျိုးကျိုးနှုတ်ဆက်ရင်း အမျိုးသားဖြစ်သူကိုလဲ နှုတ်ဆက်ဖို့မမေ့ခဲ့။

"ခဏနေရင် ပြန်လာခဲ့မယ်နော် ဒါလင်"

ဂျောင်ကုအနားကပ်ကာ ခပ်တိုးတိုးပြောပြီးမှ သူတို့နှစ်ယောက်​၏ အခန်းထဲသို့ ခပ်သုတ်သုတ်ဝင်သွားတော့သည်။ အန်တီငယ်တို့ မိသားစုစုံသည့်အပြင် မာမားပါ Americaကပြန်ရောက်လာသည့်နေ့ဖြစ်တာမို့ ထယ်ယောင်းမှာ အချိန်အကြာကြီးဆွဲလို့မရ။

ကိုယ်လက်သန့်စင်ပြီးနောက် ပေါ့ပေါ့ပါးပါးဖြစ်သည့် ရှပ်အဖြူလေးနှင့် ခြေမျက်စိအထိဖုံးသည့် ချည်သား ဘောင်းဘီအညိုလေးကိုဝတ်ဆင်ကာ ဧည့်ခန်းထဲသို့ပြန်ရောက်လာခဲ့သည်။

သို့ရာတွင် ဂျောင်ကု​၏လက်ထဲက ကလေးလေးမှာ အိပ်ပျော်နေရာမှ မျက်လုံးလေးတွေပွင့်လာခဲ့ပြီမို့ တအိမ်သားလုံး သူ့အပေါ်အာရုံရှိမနေကြ။

"လာထိုင်လေ ဟန်နီ"

ဂျောင်ကုကတော့ သူ့အမျိုးသားကို မျက်နှာမငယ်စေရန် သူ့ဘေးနားက နေရာအလွတ်ကိုပုတ်ပြပြီး လှမ်းခေါ်လိုက်ပါ​၏။

ထို့ကြောင့် ထယ်ယောင်းလဲ ဂျောင်ကု​၏ဘေးတွင် ဝင်ထိုင်တော့ အမျိုးသားဖြစ်သူလက်ထဲက ကလေးလေးက သူ့က်ိုပြုံးပြလာသည်။

"ခိခိ~"

သွားတောင် မပေါက်သေးသည့် ကလေးငယ်က ဘာတွေကို ဒီလောက်ထိသဘောကျနေလို့ အသံသေးသေးလေးထွက်လာသည်အထိ ရယ်နေလဲတော့ မသိ။

ထယ်ယောင်းမှာ ထိုကလေးလေး​၏ လက်ဖမိုးလေးကို လက်ညှိုးဖြင့်တို့ကြည့်တော့ ကလေးငယ်က သူ့လက်ညှိုးကို လှမ်းဆွဲထားသည်။

"မီးမီးက ဟန်နီ့ကို သဘောကျတယ်ထင်တယ်"

စိတ်လှုပ်ရှားမှုအပြည့်ဖြင့် လှုပ်ယမ်းကာ ရယ်မောနေသည့် ကလေးလေးက နောက်လက်တစ်ဖက်ကိုပါဆန့်ထုတ်လာတော့ မာမားက ထိပ်ဆုံးခုံမှာထိုင်နေရာမှ စကားစလိုက်သည်။

"ကလေးကို တစ်ခါလောက် ချီကြည့်ပေါ့"  "မင်းကို သဘောကျတဲ့ပုံပါပဲ"

မာမားက လက်ရှိမှာ Jလုပ်ငန်းစု​၏ အကြီးအကဲနေရာမှ နှုတ်ထွက်ထားသူဆိုပေမဲ့ Jအိမ်တော်​၏ အာဏာအရှိဆုံးသူဖြစ်နေစဲ။

ခွင့်ပြုသူကလဲ ခွင့်ပြုပြီဆိုပေမဲ့လို့ ထယ်ယောင်းမှာ ဘာရယ်မဟုတ် ဂျောင်ကုမျက်နှာကို တစ်ချက်ကြည့်လိုက်မိသည်။

သူသာအလိုရှိတယ်ဆို ဘယ်လိုအရာပဲဖြစ်နေပါစေ ရအောင်လုပ်ပေးတတ်သည့် ဂျောင်ကုက ထုံးစံအတိုင်း ပြုံးပြရင်း ကလေးကို လွှဲပေးလာ​၏။

သူ့လက်တစ်ပွေ့စာပဲရှိသည့် ကလေးငယ်က အနှီးထုပ်ကြောင့်အနည်းငယ်ကြီးနေသည်မို့ ချီရတာ အဆင်ပြေပုံပေါ်သည်။ သူ့လက်ထဲအံဝင်ခွင်ကျဖြစ်နေသည့်ပေါက်စလေးက အသံသေးသေးလေးတွေထွက်သည်အထိ တခစ်ခစ်နှင့်ရယ်ရင်း သူ့ကိုမော့ကြည့်​၏။

"မီးမီးလေးက ဟန်နီ့ကိုတော်တော်သဘောကျနေတာပဲ"  "အဲ့လောက်ထိရယ်နေတာမျိုးကို အခုမှမြင်ဖူးတာ"

အနှီးထုပ်လေးကိုကျော်လွန်ကာ ထွက်လာသည့် သခွားမွှေးသီးရနံ့ pheromone လေးတွေဟာလဲ လေနှင်ရာအတိုင်း ပျံ့လွင့်နေရင်း ထယ်ယောင်းကို စိတ်သက်သာရာရစေခဲ့သည်။

"နှမြောစရာပဲ"

ရုတ်တရက်ထွက်လာသည့် မာမား​၏စကားကြောင့် အကုန်လုံးကြောင်တောင်တောင်ဖြစ်သွားသည်။

"နှစ်ယောက်စလုံး ကလေးချစ်တတ်ရဲ့သားနဲ့ ကလေးမရနိုင်တာကတော့-"

"မာမီ!"

ဂျောင်ကုဘက်က စကားကို ဖြတ်ပြောလိုက်သည်မို့ မာမားဘက်ကလဲ ပြောလက်စစကားကိုဆက်မပြောဖြစ်တော့။

"သားကတော့ ကလေးမရှိတာကို ပိုသဘောကျတယ် မာမီ"  "ဒီခေတ်မှာ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတယ်ဆိုတာ ပိုက်ဆံရှိရုံနဲ့ရတာမျိုးမဟုတ်ဘူး"  "မာမီသိတဲ့အတိုင်း သားကော ဟန်နီကောက အလုပ်တွေပိနေတာ နှစ်ယောက်သား အေးအေးဆေးဆေးအနားယူဖို့တောင် အချိန်မနည်းလုနေရတာကို မာမီလဲမြင်တာပဲ"

ကာယကံရှင်ကိုယ်တိုင်က အတော်လေးခါးခါးသီးသီးငြင်းဆိုနေသည်မို့ ကျန်တဲ့သူတွေလဲ ဘာမှဝင်ပြောလို့မရ။ မပြောချင်တာထပ် ပြောလို့မရခြင်းဖြစ်သည်မို့ စိတ်ထဲသိပ်မကျေနပ်သည်မှာ အမှန်ပင်။

"ဒါလင်ကလဲ..."

တစ်ဖက်က ကလေးကိုချီရင်း တစ်ဖက်ကလဲ သူ့အင်္ကျီစကိုဆွဲရင်း လေသံခပ်တိုးတိုးထွက်လာသည့် ထယ်ယောင်းက ထိုအခြေအနေအပေါ် အနေခက်နေသည်။ သို့ရာတွင် ဂျောင်ကုမှာ ကလေးကို ပြန်ယူလိုက်ပြီး

"ရော့ မမကြီးကလေးကိုလဲ မမကြီးတို့ပဲ ချီတော့" "နောက်တစ်ခါ လာမယ်ဆိုလဲ ကြိုပြော" "သားရယ် ဟန်နီရယ် ရှောင်နေမလို့"

ပြောပြောဆိုဆိုနှင့် ကလေးငယ်ကို မမကြီးလက်ထဲထည့်ပေးလိုက်ပြီး စားပွဲပေါ်က ကားသော့ကို ခပ်ကြမ်းကြမ်းလှမ်းယူလိုက်​၏။ ထို့နောက် ထယ်ယောင်း​၏ လက်ကောက်ဝတ်ကို ဆွဲကာ အိမ်ထဲမှထွက်လာသည်။

ထို့အပြင် သူ့ရဲ့ဒေါသတွေနှင့်အတူ တောအုပ်​၏စိုစွတ်လတ်ဆတ်သည့် ရနံ့နှင့်ဆင်တူသော pheromone များကိုလဲဖြန့်ကျင်းကာ ထားခဲ့​၏။

"ဒါလင် ဘယ်သွားမလို့တုန်း"

ကားကို အရှိန်အဟုန်ပြင်းစွာ မောင်းနှင်နေသည့်သူကိုယ်တိုင်ကလဲ ထိုအမေးခွန်း​၏အဖြေကိုမသိပါ။ ဦးတည်ရာမဲ့စွာ မောင်းနှင်နေပြီး ကြုံတဲ့နေရာမှာရပ်လိုက်မည်ဟုစီစဉ်ထားသော်လည်း ကြုံတဲ့နေရာကကော ဘယ်နေရာမှန်းလဲ သူမသိ။

"ဒါလင်...ဟန်နီ့ကိုဖြေဦးလေကွာ!"

ထယ်ယောင်းက လေသံခပ်မာမာဖြင့်ပြောလိုက်ပေမဲ့ ဒေါသထွက်နေသူကတော့ သူ့ကိုတစ်ချက်ငဲ့ကြည့်ရုံသာကြည့်သည်။

"ဒါလင်!!"

အိမ်နှင့်အတော် အလှမ်းဝေးလာခဲ့ပြီး မြို့​၏အစွန်ပိုင်းနှင့် နီးသထပ်နီးလာသည့် ထိုခရီးလမ်းက ထယ်ယောင်း​၏ စိတ်ပူပန်မှုများကို နှိုးဆွလာသလိုလို။

ထယ်ယောင်းမှာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း ကြောက်ရွံ့မှုကို ဖုံးကွယ်နေရ​၏။

အလင်းရောင်တွေလျော့နည်းလာသည့် ကားလမ်းမကြီးက သူငယ်ငယ်က ကြုံတွေ့ခဲ့ဖူးသည့် အမှတ်တရဆိုးကြီးကိုပြန်ပြီး ဆွဲခေါ်ပေးနေသလိုမျိုး။

နောက်ဆုံးတွင် သည်းမခံနိုင်သည့်အဆုံး ဆုပ်ထားသည့်လက်ကို ဖြန့်ကြက်ကာ လက်ဖမိုးကို ကုတ်ခြစ်ရင်း

"တော်သင့်ပြီ ဂျွန်ဂျောင်ကု! ငါအရမ်းကြောက်နေပြီ!!!"

တုန်ရီနေသည့်စကားသံများက ရှိုက်သံသဲ့သဲ့ရောပါနေခဲ့ပြီး ထိုအသံကပဲ ဂျောင်ကုကို သတိပြန်ဝင်လာစေခဲ့သည်။ ထယ်ယောင်းကို ကာကွယ်ချင်စိတ်ဖြင့် တဇွတ်ထိုး လုပ်ခဲ့သည့်လုပ်ရတ်က ထယ်ယောင်းကိုပဲပြန်ထိခိုက်စေမိပြီလား။

သတိရရခြင်းအခိုက်အတန့်မှာပင် ကားကို လမ်းဘေးတစ်နေရာမှာရပ်လိုက်ပြီး ဘေးကသူကိုကြည့်တော့ ထိုသူက မျက်ရည်များရွှဲကာ ရှိုက်ကြီးတငင်ငိုနေခဲ့သည်။

အရှိန်ပြင်းလွန်းသည့်ကားအရှိန်နှင့် မှောင်မိုက်နေသည့်လမ်းမီးများသာမန်လူအဖို့အရေးမပါသော်ငြား ထယ်ယောင်းအဖို့ ဆန့်ကျင်ဘက်အရာဖြစ်နေ​၏။

အသက် ၅နှစ်အရွယ်တုန်းက ပြန်ပေးဆွဲခံရဖူးသည့်အဖြစ်အပျက်ဟာ ယနေ့အသက် ၂၅နှစ်ရောက်သိတိုင် အရိပ်မည်းကြီးလို ဖြစ်နေစဲ။

ဂျောင်ကုမှာ ခေါင်းမဖော်ပဲ ရှိုက်ကြီးတငင်ငိုနေသည့်ကလေးငယ်ကို ညင်ညင်သာသာပွေ့ဖက်ရင်း

"ကိုယ်တောင်းပန်ပါတယ်" "ကိုယ်တအား စိတ်လိုက်မာန်ပါလုပ်လိုက်မိတယ်"

"......."

"တကယ်တောင်းပန်ပါတယ်ကွာ ကိုယ်မရည်ရွယ်ခဲ့ပါဘူး"

ထယ်ယောင်းဘက်က betaဖြစ်နေသည်မို့ ငြိုငြင်ခြင်းမရှိခဲ့ပေမဲ့ အခုလိုဖြစ်နေသည့် အခြေအနေကိုတော့ သိပ်သဘောမကျ။ အကယ်၍ ထယ်ယောင်းသာ သူ့ရဲ့ omega ဖြစ်နေခဲ့မည်ဆိုလျှင် forest pheromone တွေသုံးကာ စိတ်သက်သာရာရအောင်လုပ်နိုင်မှာသေချာသည်။

အခုတော့လဲ သည်အတိုင်းနှစ်သိမ့်ပေးရုံကလွဲပြီး လုပ်စရာမရှိ။ ဘယ်လိုပဲ အားကြီးတဲ့ Dominant Alpha တစ်ယောက်လို့ပဲပြောပြော ကိုယ့်partnerကို စိတ်လုံခြုံမှုမပေးနိုင်တာက သူ့ကို အားနည်းသည့်ပုံပေါက်စေ​၏။

"ငါလိုချင်တယ်....."

သူ့ရင်ခွင်ထဲကမြတ်နိုးရသူက အရင်းမရှိ အဖျားမရှိသည့်စကားစလာတော့ သူ့ဘက်က အနည်းငယ် ဇဝေဇဝါဖြစ်သွားရသည်။

"ငါလိုချင်တယ် ဂျောင်ကု...." "မင်းနဲ့တူတဲ့ကလေးပဲဖြစ်ဖြစ် ငါနဲ့တူတဲ့ကလေးပဲဖြစ်ဖြစ်"

"......"

"ဒါမှမဟုတ် ငါတို့နှစ်ယောက်စလုံးနဲ့တူတဲ့ကလေးပဲဖြစ်ဖြစ် လိုချင်မိတယ်"
"အကယ်၍ ကလေးက ငါတို့နဲ့မတူတဲ့မျိုးကွဲဖြစ်နေမယ်ဆိုရင်တောင် မင်းနဲ့ငါရဲ့ သွေးသားမို့လို့ ငါလိုချင်ဦးမှာပဲ"

"........"

"မင်း ကလေးတွေချစ်တတ်တာ ငါသိတယ်" "မင်း ကလေးလေးတွေကိုချီထားတိုင်း မင်းက ငါ့မျက်စိထဲမှာအရမ်းကြည့်ကောင်းတဲ့ alpha တစ်ယောက်လိုဖြစ်နေခဲ့တာ" "အဲ့ကလေးနေရာမှာ ငါတို့ကလေးသာဆို ဖခင်ကောင်းတစ်ယောက်ပုံစံမျိုးဖြစ်နေမလားလို့ ခဏခဏ စိတ်ကူးမိတယ်"

"........"

"Beta ဖြစ်တဲ့ငါ့ကိုယ်ငါလဲအပြစ်တင်လို့မဆုံးဘူး" "ငါမင်းကိုချစ်ပေမဲ့ မင်းနဲ့မိသားစုတစ်ခု မတည်ဆောက်နိုင်တာကို နောင်တရတယ်"

"ကိုယ်က မင်းရှိနေရုံနဲ့ပြည့်စုံတယ်လေကွာ" "မင်းကိုယ့်ကိုမယုံဘူးလား ဟမ်?"

ဂျောင်ကုမှာ ထယ်ယောင်း​၏ ပါးပြင်ကိုလက်ဖြင့်အုပ်မိုးရင်း တစ်ဖက်လက်ကလဲ မျက်ရည်တွေကိုသုတ်ပေးနေသော်လည်း မျက်ရည်ကြည်များက ရပ်တန့်မသွားခဲ့။

"ငါမင်းကိုယုံပါတယ်" "မယုံတာက ငါ့ကိုယ်ငါပဲ"

"........."

"ငါတို့အမေမျိုးရိုးက အသက် ၂၅နှစ်ကျော်မှ omegaမျိုးရိုးဘက်ပြောင်းတတ်တာမို့လို့ ၂၅နှစ်ပြည့်ကတည်းက ဆေးတွေ ခဏခဏစစ်ကြည့်နေပေမဲ့ beta ဆိုတဲ့ result ကြီးပဲ ဆက်တိုက်ထွက်နေတယ်!!!!" "လောကကြီးက ငါ့ကိုဘာလို့ အရမ်းရက်စက်ရတာလဲ!!!!" "ငါဘာအမှားတွေလုပ်ခဲ့လို့လဲ!!!!"

သူ့ရင်ဘက်ကိုထုရင်း တစ်ဖန်ငိုချင်းချလာသည့်ကလေးငယ်​၏အသံများက ကွဲအက်နေခဲ့သည်။

"ငါလောဘမကြီးပါဘူး!!! ငါမင်းနဲ့အတူ မိသားစုလေးတစ်ခုကိုပဲလိုချင်ခဲ့တာပါ!!! ငါဘာကိုမှလောဘမတက်ပါဘူး ကူးရာ"

ဘယ်လောက်ပဲ လောဘနည်းတယ်ပြောပြော beta တစ်ယောက်က omega ဖြစ်ဖို့ဆိုတာ နည်းနည်းတော့ လောဘကြီးသည့် တောင်းဆိုချက်လို့ပဲ ယူဆရမလား။

ငွေကြေး၊ မိသားစု၊ နောက်ခံ၊ ပညာရေး၊ ရုပ်ရည်။ အကုန်ပြည့်စုံနေပေမဲ့ Beta ဆိုသည့်ခြွင်းချက်ကြီးက တိုက်ဆိုင်မှုတွေပေါ်လာတိုင်း သူ့ကိုအကြိမ်ကြိမ်သေဆုံးစေခဲ့သည်။

ဂျောင်ကုဘက်ကလဲ မြတ်နိုးရသူအတွက် အရာအားလုံး လုပ်ပေးချင်သော်လည်း ဒီတစ်ခုကိုတော့မလုပ်ပေးနိုင်ခဲ့။ Dominant alphaဆိုသည့် မျိုးရိုးကြောင့် အငှားကိုယ်ဝန်ဆောင်ဖို့ဆိုတာ ပိုပြီးမဖြစ်နိုင်။

ချွေးတွေစိုနေသည့် ကျောပြင်ကို ခပ်ဖွဖွပုတ်ကာ နှစ်သိမ့်ရင်း မျက်ရည်တွေကို အဆက်မပြတ်စီးဆင်းစေသည့် မျက်ဝန်းလေးကို နမ်းရှိုက်မိသည်။

"ဟန်နီ တကယ်လိုချင်တယ်ဆိုရင် ကိုယ်တို့ ကလေးမွေးစားလို့ရတယ်လေနော်" "မိဘမဲ့ဂေဟာက ကလေးတွေဆိုတာ သူတို့မိဘတွေမလိုချင်တော့လို့ စွန့်ပစ်တာကိုခံလိုက်ရတာပဲမဟုတ်လား" "ကိုယ်တို့ဆီက မေတ္တာတွေရဖို့ ထိုက်တန်ပါတယ်"

"......."

ပြောချင်ရာပြောပြီး ငိုချင်တိုင်း ငိုနေသည့်ကလေးငယ်မှာ ဘာမှဆက်မပြောတော့။ အချိန်အတော်ကြာအောင်ငြိမ်သက်နေခဲ့ပြီး သူ့ရဲ့မျက်ဝန်းများကို ငေးကြည့်နေခဲ့သည်။

ခဏကြာတော့မှ ပါးပြင်ပေါ်ကမျက်ရည်များကို သူ့လက်နှင့် သူသုတ်လိုက်ပြီး ခေါင်းညိတ်ကာ

"၂၆နှစ်ပြည့်တဲ့ထိ စောင့်လိုက်ဦးမယ်"

စကားဆုံးဆုံးချင်း သူ့ရင်ခွင်ထဲက ထွက်ကာ ဟိုဘက်ကိုလှည့်သွားသည့်ကလေးငယ်က ယခုထိတိုင် ခေါင်းမာနေစဲ။

ဒါမှမဟုတ် သူ omega ဖြစ်နိုင်သေးတာပဲဆိုသည့်အတွေးကို လက်မလွှတ်သေးတာလဲဖြစ်နိုင်ပါသည်။

ဂျောင်ကုမှာ ထယ်ယောင်းစိတ်ငြိမ်သွားမည့်အချိန်ကို ထပ်စောင့်နေပေမဲ့ ကြေကွဲရသူ betaလေးမှာ သူ့ရဲ့ နို့နှစ်ရောင်ဝမ်းဗိုက်ကလေးကို ပွတ်ရင်း အတွေးတွေလွန်နေခဲ့သည်။

ဒီဝမ်းဗိုက်ထဲ သူတို့​၏မျိုးဆက်ကလေးရောက်လာမည့်နေ့၊ ထိုနေ့ကကမ္ဘာလဆန်းတစ်ရက်နေ့ဆိုရင်တောင် ကမ္ဘာကြီးပျက်သည်ကိုထိုင်ကြည့်ရင်း ရင်သွေးလေးကို စောင့်ကြိုမိနေမှာ အမှန်ပင်။

"ဟန်နီ ဗိုက်ဆာနေပြီမို့လား" "ကိုယ် တစ်ခုခုဝယ်ကျွေးမယ်လေနော်" "ပြီးမှအိမ်ပြန်ကြမယ်"

ဗိုက်ဆာနေတာမှန်သော်လည်း သည်အချိန်မှာတော့ သူဘယ်သူ့ကိုမှစကားမပြောချင်ပါ။ ထို့ကြောင့် နေမြဲအတိုင်း ဆက်၍ငြိမ်နေခဲ့ပြီး ဂျောင်ကုမှာလဲ လက်လျှော့ခြင်းအလျင်းမရှိ။

"ဟန်နီရာ ကိုယ့်ကို မသနားတော့ဘူးလား" "ဟန်နီက ဒီလိုမျိုး ခေါင်းမာနေတော့ ကိုယ်ချော့ရတာ အခက်တွေ့တယ်လေဗျာ"

"......."

"ကိုယ့်မျက်နှာလေးကို တစ်ချက်လောက်ကြည့်ပါဦး ဟန်နီရယ်" "ဟန်နီ့ရဲ့ယောကျ်ားမျက်နှာကိုတောင် မကြည့်ချင်တော့ဘူးလား ဟင် ဟင်"

"ဂျွန်ဂျောင်ကု! မင်းအဲ့ပါးစပ်ကြီးကိုပိတ်လိုက်တော့နော်"

ဂျောင်ကုဘက်က ချွဲချွဲနွဲ့နွဲ့ပြောသည့်အခါတိုင်း လိူက်ရိုက်လေ့ရှိသည့် ထယ်ယောင်းက ယခုလဲ ရိုးရာမပျက်၊ ထမရိုက်ရုံတမယ်ပင်။

ထို့ကြောင့် ဂျောင်ကုမှာအနည်းငယ်ပြုံးသွားပြီး ကားစက်နှိုးကာ

"ကဲကဲ ဒီနေ့ Steak စားကြမယ်ဗျာ~ အချိန်ပွဲကိုတော့ သခင်လေးကြိုက်တဲ့ စတော်ဘယ်ရီ yogurt စားကြမယ်" "ဘယ်လိုသဘောရလဲ"

"မင်းကြိုက်တာသာလုပ်"

"အာ~ အာ~ ဟန်နီးးးးးကလဲ~"

"ငါပိတ်ထိုးမှာနော် ဂျွန်ဂျောင်ကု!"

"အစကတည်းက ကိုယ်မေးတာကို ကောင်းကောင်းပြန်ဖြေလေ သခင်လေးရဲ့" "ခေါင်းမာလိုက်တာလဲလွန်ရောကွာ"

အနောက်ကစကားကို ခပ်တိုးတိုးပွစိပွစိလုပ်ကာ ပြောလိုက်ပေမဲ့ အကြားအာရုံကောင်းသည့် ကျားပေါက်စလေးအတွက်ကတော့ ရှင်းရှင်းလင်းလင်းကြီးကို ကြားလိုက်ပါသည်။

ထို့ကြောင့် ဘေးကသူကိုမျက်စောင်းထိုးကြည့်ရင်း

"ဘာပြောတယ်! ပြန်ပြောလိုက်စမ်း"

"ဘာမှမဟုတ်ပါဘူး သခင်လေးခင်ဗျ" "ဘာထပ်စားရင်ကောင်းမလဲစဉ်းစားနေတာပါဗျ"

ဒီလိုပဲ အော်လိုက်ကြ၊ ငိုလိုက်ကြ၊ ရန်ဖြစ်လိုက်ကြနဲ့ ပြန်အဆင်ပြေသွားကြပြန်ပါပြီ။ ရည်းစားဘဝတုန်းကထပ် ပိုပြီးသည်းခံရသည်ဆိုပေမဲ့ သူသည်းခံရတာက ချစ်ရသောသူအတွက်ဖြစ်တာကြောင့် ဘာမှမထိခိုက်သွား။

သို့ရာတွင် ဟန်နီပေါက်စမှာ ဗိုက်ဆာသည့် ဒဏ်ကိုသည်းခံနိုင်ပုံမပေါ်။ ထိုအကြောင်းကိုသိသည့် ဂျောင်ကုက သူ့ကားထဲတွင် မုန့်မျိုးစုံကိုထည့်ထားပေးတတ်သည်မို့ ထယ်ယောင်းမှာ ကားထဲက cheese sandwich ကိုဖောက်စားနေ​၏။

"တောင်းပန်ပါတယ်" "ငါ စိတ်နည်းနည်းဆတ်သွားတာ"

တစ်ခုတည်းသော sandwich ကို တစ်ဝက်ဖဲ့ပေးပြီး ဂျောင်ကုအား ကမ်းပေးလာသော်လည်း ခေါင်းမာသူဟန်နီထယ်ကတော့ သူ့ကို မကြည့်။

"ဟန်နီခွံ့မကျွေးရင်မစားဘူး"

ထယ်ယောင်းမှာ ဂျောင်ကု​၏ စကားကြောင့် မျက်စောင်းတစ်ချက်လှမ်းထိုး၏။ ထို့နောက် သက်ပြင်းအရှည်ကြီးတစ်ချက်ချကာ "မျို မျို!"ဟု ကြုံးဝါးရင်း sandwich ကိုလုံးချေကာ ပါးစပ်ထဲထိုးထည့်လိုက်သည်။

ရယ်ရခက် ငိုရခက်ဆိုပေမဲ့ ဒါလဲ ဟန်နီထယ်လေးရဲ့ love language ပဲမဟုတ်လား။


-To be continued-

ဒီအပိုင်းလေးက ပိစိလေးတိုသွားပါတယ် ဆက်ရေးရင် ရှုပ်ပြီး ရောသွားမှာစိုးလို့ပါ

anyway မျှော်နေပေးကြတဲ့သူတွေအကုန်လုံးကိုကျေးဇူးတင်ပါတယ် လပ်ယူㅠㅠ

Lanjutkan Membaca

Kamu Akan Menyukai Ini

10.8K 267 16
What will he do if his girlfriend be kidnapped by most wanted famous killers Will he save you in time before you turn or will it be too late
Muzans sister Oleh

Fiksi Penggemar

15.1K 407 18
y/n kibutsuji was muzans little sister who suffered from the same disease he did. they first met when she was 5. Listen i have read a lot of amazing...
Flutter Oleh Maeve

Fiksi Penggemar

6.4K 215 5
In the months following Mitsuru's promise to protect Kokoro and her unborn child, Mitsuru and Kokoro slowly grow back together. (Published: 2018)
1M 54.9K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...