ကံကောင်းသော ဇနီးသည်

De Ginnie_genevieve

6.5K 517 11

Status - 382 (completed) Gentre - Fantasy, Normal, Harem, Slice of life, Romance, Mature Mais

Summary
1.Tied
2.Save people
3. ComeBack Home
4. Leave
5. Bathing
6. a poor one
7.Write
8.Laundry
9.
10.
...
11.
12.
13.
new one(apocalypse)
15.
16.
17.

14.

241 28 0
De Ginnie_genevieve

[Unicode]

" စတုတ္ထအကို! "

လီ​ရှောင်းဝူက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကာ လက်မောင်းတွေကိုဖွင့်ပြီး သူ့အကိုဆီသို့ ငှက်လေးတစ်ကောင်လို ပြေးဝင်သွားတော့၏။

လီမန်က အံ့သြတကြီးဖြင့် လှည့်ကြည့်လိုက်လျှင် ၁၆နှစ်အရွယ် ကောင်လေးတစ်ယောက်ကိုမြင်လိုက်ရလေသည်။ ကောင်လေးရဲ့ လက်တွေက ​ရှောင်းဝူရဲ့ခေါင်းကိုဖွဖွလေးပွတ်သတ်ပေးနေပြီး သိမ်သိမ်မွေ့မွေ့လေးပြုံးနေခဲ့၏။

" ​ရှောင်းဝူက(ငါးလေးက) အရပ်ပိုရှည်လာတာပဲကွ "

* little five လို့ သုံးထားတာ တကယ်တော့ နံပါတ်ငါးလေးလို့ပြန်ချင်တာရယ်၊ ရှောင်းဝူကလည်းသူ့နာမည်ပါပဲနော် အဲ့တာကိုချစ်စနိုးနဲ့ little five လို့ခေါ်သေးတာကို တျုတ်လိုကျ ​ရှောင်းဝူကရှောင်းဝူပဲထင်ပါတယ် TvT *

သူကအရပ်ရှည်ရှည်၊ ချောမောတဲ့မျက်နှာနဲ့ အနည်းငယ်ဟောင်းနွမ်းချင်နေတဲ့ နက်ပြာရောင် ဝတ်စုံကို ဝတ်ထားသည်။ သူ့အဝတ်အစားတွေက တချို့နေရာတွေမှာ အနည်းငယ်ဖြူလျော်ချင်နေပေမဲ့လည်း သန့်ရှင်းကာသပ်သပ်ရပ်ရပ်ရှိသည်။ သူ့ပခုံးပေါ်မှာတော့ မီးခိုးရောင် လွယ်အိတ်တစ်လုံးရှိနေ၏။

လီရှောင်းဝူက သူ့အကိုရဲ့ အိတ်ကို ယူကာ လွယ်လိုက်ပြီးနောက် သူ့ခြေချောင်းလေးတွေကို အချင်းချင်းပွတ်သပ်လိုက်ပြီး စတုတ္ထအကိုရဲ့နားနားကပ်ကာ တစ်စုံတစ်ခုကိုတိုးတိုးလေးပြောလိုက်၏။

လီမန့်ရဲ့အမြင်တွင် လီက သူ့ခေါင်းကိုငုံ့ကိုင်းပေးထားပြီး ပြုံးနေတာဖြစ်၏။
ပြီးတော့သူက သူ့ညီငယ်လေးရဲ့လက်ကိုဆွဲကာ သူမဆီကိုလှမ်းလာ၏။

လီမန်က ရုတ်တရက်ကြီး စိတ်လှုပ်ရှားလာသည်။ ဒီကောင်လေးကဘယ်သူလဲ?

" ဝူလေးကမင်းအကြောင်းပြောပါတယ်၊ မင်းကိုပင်ပန်းစေမိပြီ "

ချင်မင်းဆက်ရဲ့ သစ်လွင်ကာ သန့်စင်တဲ့လေသံကတော့ ပြောင်းလဲသွားပုံမရပေ။ (*ဒီနားမှာက ချင်မင်းဆက်တည်ထောင်ပြီး အစောပိုင်းမှာပြောကြတဲ့ တရုတ်စကားပြောလေသံကိုပြောချင်တာပါ )

လီမန်က သူပြောလာတဲ့စကား​တွေကို သိပ်မရှင်းမလင်းဖြစ်နေတာကြောင့် လီရှောင်းဝူကသာ မျက်တောင်တွေတဖျတ်ဖျတ်ခတ်ပြရင်း ပြုံးပြလာသည်။

လီက ရှက်ကိုးရှက်ကန်းနဲ့ မသက်မသာဖြစ်နေတာကြောင့် သူကသူ့ညီငယ်လေးရဲ့လက်ကိုဆွဲကာ အရှေ့ဘက်အိမ်ထဲသို့ခေါ်သွားတော့သည်။

လီမန်သည် အရှေ့ဘက်အိမ်တံခါးကိုဖွင့်ထားခဲ့ကြောင့် ခိုးကြောင်ခိုးဝှက်ဖြင့် ကြည့်လိုက်သော်လည်း လူနှစ်ယောက်ကအိမ်အတွင်းထဲမှာမို့ သူမဘာမှမ​မြင်ရပါချေ။

သို့ရာတွင်လည်း အနှီကောင်လေးမှာ ဒီမိသားစုထဲက မိသားစုဝင်တစ်ယောက်ပဲဆိုတာ သူမသိနေပြီဖြစ်သည်။

သူတို့ရဲ့ တူညီတဲ့အချက်လေးတွေနဲ့ သူမရဲ့ထင်မြင်ချက်ကို အတည်ပြုပြီးဆိုပေမဲ့လည်း ညီအကိုငါးယောက်ဆိုတာကြီးကတော့ အနည်းငယ်ပိုတယ်ဟုခံစားနေရတုန်းပင်။

ညနေခင်း နေကျသွားတဲ့အခါမှာတော့ ခြံဝင်းထဲမှာလှန်းထားတဲ့ စောင်နဲ့အခင်း​တွေက ခြောက်သွေ့ကုန်ပြီဖြစ်သည်။ စောင်တွေကလည်း (နေဒဏ်ကြောင့်) အနည်းငယ်တောင် ပူနွေးနေသေး၏။

လီမန်က အဝတ်တွေကိုရုတ်လိုက်ပြီး အနောက်ဖက်အိမ်ရဲ့ တန်းလျားပေါ်မှာ လိပ်တင်ထားလိုက်သည်။ စောင်တွေကိုခေါက်ပြီးတဲ့နောက် သူမက အဝတ်တွေကိုချုပ်ဖို့ပြင်လိုက်သည်။

အဝတ်တွေချုပ်ရတာက လီမန်စိတ်ကူးထားတာထက် ပိုရှုပ်ထွေးသည်။ အပ်နဲ့အပ်ချည်တစ်ချောင်းရုံရှိပုံဖြင့် အဝတ်အစားချုပ်လို့ရပြီ ထင်ခဲ့တာဖြစ်သည်။ အပ်ပေါက်ထဲကို အပ်ချည်ထပ်ရတာကိုက အချိန်အတော်ကြာပြီး စိတ်လည်းအတော်ရှည်ရသေး၏။

မြင်ရသလောက်က ထိုးလိုက်ထုတ်လိုက် လုပ်ရုံပဲဆိုပေမဲ့ အတော်ကိုခက်ပြီး အဝတ်ကောင်းတွေကို မချုပ်လိုက်ရရုံသာမက ​ပျက်တောင်ပျက်စီးသွားအုံးမည်။

အဲ့လိုနည်းနဲ့ သုံး၊လေးချက်လောက် ထိုးပြီးနောက်ဆုံးတော့ လီမန့်မှာချွေးတွေပင်ပျံလာပြီး သူမလက်ချောင်းတွေလည်း နာလာတော့သည်။ စောင်ကထူလွန်းတာကြောင့် နောက်ထပ် အဝတ်စနှစ်စကိုပါထည့်ချုပ်နေရ၏။

ခပ်ကြီးကြီးအပ်ဖြင့် စောင်ကိုပေါက်အောင်ထိုးဖို့ သူမလက်ချောင်းတွေနဲ့ ခက်ခက်ခဲခဲလုပ်နေရတာဖြစ်သည်။

အကြိမ်အနည်းငယ်လောက် ချုပ်ပြီးနောက် လက်မနဲ့ လက်ညှိုးရဲ့ လက်ချောင်းထိပ်လေးများက နီရဲလာတော့သည်။

သူမကိုယ်ပိုင် အခင်းနဲ့တင် သုံးခုလောက်ရှိနေတာမို့ လီမန့်မှာစိတ်ဓာတ်တွေပင်ကျလာတော့သည်။ သူမရဲ့အရှိန်ဖြင့် အမှောင်ထဲမှာ အားလုံးကိုအပြီးသတ်ဖို့က မဖြစ်နိုင်ပါချေ။ သူမရဲ့မကျွမ်းမကျင်တဲ့ အရည်အချင်းနဲ့တင် စိတ်ပျက်ဖို့လုံလောက်နေပြီဖြစ်သည်။

ဒါပေမဲ့လည်း သူမက ချုပ်လိုက်၊ သူမ,မကြိုက်ရင် ဖြုတ်လိုက်ဖြင့် တစ်ခါတရံသူမသွားတွေဖြင့် ချည်ကိုကိုက်ဖြတ်ကာ ဆက်ချုပ်နေတုန်းဖြစ်သည်။

" အာ့! "

ရုတ်တရက် သူမသတိတစ်ချက်လွတ်သွားခိုက်မှာ အပ်က သူမရဲ့လက်ချောင်းထိပ်ကိုစိုက်ဝင်သွားပြီး သွေးတွေရုတ်တရက်ထွက်လာသည်။

" ဘာဖြစ်သွားတာလဲ? "

အမျိုးသားရဲ့ သြရှရှအသံက ထွက်ပေါ်လာပြီး လီမန်မတုံ့ပြန်နိုင်သေးသည့်အချိန်တွင် ဒဏ်ရာရနေတဲ့လက်က ထိုအရပ်ခပ်မြင့်မြင့်နဲ့ ကောင်လေး၏ပါးစပ်အတွင်းသို့ ရောက်သွားပြီဖြစ်သည်။

လီမန့်မျက်နှာက နီရဲတက်လာပြီး သူမရင်ခုန်သံတွေလည်း မြန်ဆန်နေခဲ့သည်။

" အဆင်ပြေပါတယ် "

လီက သူမရဲ့လက်ချောင်းတွေကို အောက်သို့ချပေးလိုက်ပြီးနောက် သူမဆွဲဆုပ်ထားသည့် အဝတ်စရဲအထောင့်နားကိုကြည့်ကာ နူးညံ့စွာပြုံးလိုက်၏။

" ကျွန်တော်လုပ်လိုက်မယ် "

သူက တန်းလျားပေါ်က လက်အစွပ်တစ်ခုကိုယူလိုက်ပြီး သူ့ရဲ့ ညာဘက်လက်ခလယ်တွင် ဝတ်လိုက်သည်။ ထို့နောက် အပ်ကိုယူကာ တစ်ချက်ပြီးတစ်ချက် အဝတ်ကို ကျွမ်းကျင်စွာချုပ်နေခဲ့သည်။

လီမန်က အံကြိတ်မိတော့လုနီးပါးပင်။

ကွာခြားချက်ကအရမ်းကိုကြီးမားနေတယ်မဟုတ်လား။

သို့ရာတွင်လည်း, သူမရှေ့ကကောင်လေးမှာ သန့်ရှင်းသပ်ရပ်နေပြီး ငွေအပ်က သူ့ရဲ့လက်ချောင်းသွယ်တွေကြားထဲ တွယ်ကပ်ထားသည့်နှယ် စောင်နှင့်သူ့လက်ချောင်းတွေကြား လူးလားခေါက်ပြန်လျက် ကောင်းမွန်တဲ့ချုပ်ရိုးကြောင်းတစ်ခုကို ချန်ထားရစ်ခဲ့သည်။

သူ့အမူအရာက အာရုံစူးစိုက်ထားပြီး သူ့လှုပ်ရှားမှုတွေက ကျွမ်းကျင်မှုတွေနဲ့ပြည့်နေပြီး သူ့မျက်လုံးတွေကတော့ စောင်ပေါ်မှာသာ တည်မြဲနေခဲ့သည်။

မျက်တောင်ရှည်များက သဘာဝဆန်စွာ ကော့ဆင်းနေပြီး သွယ်လျကာ ချောမွေ့သည့်ပါးပြင်က အနည်းငယ်ရဲနေပြီး နှုတ်ခမ်းပါးကိုတော့ တင်းတင်းစေ့ထားလေသည်။

ချုပ်ရိုးကြောင်း ဆုံးသွားသည့်အခါတွင်တော့ သူကအနည်းငယ်ငုံ့ကိုင်းလိုက်ကာ ကြိုးကိုကိုက်ဖြတ်လိုက်တော့သည်။

#

[Zawgyi]

" စတုတၳအကို! "

လီေရွာင္းဝူက စိတ္လႈပ္ရွားစြာ ေအာ္ဟစ္လိုက္ကာ လက္ေမာင္းေတြကိုဖြင့္ၿပီး သူ႕အကိုဆီသို႔ ငွက္ေလးတစ္ေကာင္လို ေျပးဝင္သြားေတာ့၏။

လီမန္က အံ့ၾသတႀကီးျဖင့္ လွည့္ၾကည့္လိုက္လွ်င္ ၁၆ႏွစ္အ႐ြယ္ ေကာင္ေလးတစ္ေယာက္ကိုျမင္လိုက္ရေလသည္။ ေကာင္ေလးရဲ႕ လက္ေတြက ေရွာင္းဝူရဲ႕ေခါင္းကိုဖြဖြေလးပြတ္သတ္ေပးေနၿပီး သိမ္သိမ္ေမြ႕ေမြ႕ေလးၿပဳံးေနခဲ့၏။

" ေရွာင္းဝူက(ငါးေလးက) အရပ္ပိုရွည္လာတာပဲကြ "

* little five လို႔ သုံးထားတာ တကယ္ေတာ့ နံပါတ္ငါးေလးလို႔ျပန္ခ်င္တာရယ္၊ ေရွာင္းဝူကလည္းသူ႕နာမည္ပါပဲေနာ္ အဲ့တာကိုခ်စ္စနိုးနဲ႕ little five လို႔ေခၚေသးတာကို တ်ဳတ္လိုက် ေရွာင္းဝူကေရွာင္းဝူပဲထင္ပါတယ္ TvT *

သူကအရပ္ရွည္ရွည္၊ ေခ်ာေမာတဲ့မ်က္ႏွာနဲ႕ အနည္းငယ္ေဟာင္းႏြမ္းခ်င္ေနတဲ့ နက္ျပာေရာင္ ဝတ္စုံကို ဝတ္ထားသည္။ သူ႕အဝတ္အစားေတြက တခ်ိဳ႕ေနရာေတြမွာ အနည္းငယ္ျဖဴေလ်ာ္ခ်င္ေနေပမဲ့လည္း သန့္ရွင္းကာသပ္သပ္ရပ္ရပ္ရွိသည္။ သူ႕ပခုံးေပၚမွာေတာ့ မီးခိုးေရာင္ လြယ္အိတ္တစ္လုံးရွိေန၏။

လီေရွာင္းဝူက သူ႕အကိုရဲ႕ အိတ္ကို ယူကာ လြယ္လိုက္ၿပီးေနာက္ သူ႕ေျခေခ်ာင္းေလးေတြကို အခ်င္းခ်င္းပြတ္သပ္လိုက္ၿပီး စတုတၳအကိုရဲ႕နားနားကပ္ကာ တစ္စုံတစ္ခုကိုတိုးတိုးေလးေျပာလိုက္၏။

လီမန့္ရဲ႕အျမင္တြင္ လီက သူ႕ေခါင္းကိုငုံ႕ကိုင္းေပးထားၿပီး ၿပဳံးေနတာျဖစ္၏။
ၿပီးေတာ့သူက သူ႕ညီငယ္ေလးရဲ႕လက္ကိုဆြဲကာ သူမဆီကိုလွမ္းလာ၏။

လီမန္က ႐ုတ္တရက္ႀကီး စိတ္လႈပ္ရွားလာသည္။ ဒီေကာင္ေလးကဘယ္သူလဲ?

" ဝူေလးကမင္းအေၾကာင္းေျပာပါတယ္၊ မင္းကိုပင္ပန္းေစမိၿပီ "

ခ်င္မင္းဆက္ရဲ႕ သစ္လြင္ကာ သန့္စင္တဲ့ေလသံကေတာ့ ေျပာင္းလဲသြားပုံမရေပ။ (*ဒီနားမွာက ခ်င္မင္းဆက္တည္ေထာင္ၿပီး အေစာပိုင္းမွာေျပာၾကတဲ့ တ႐ုတ္စကားေျပာေလသံကိုေျပာခ်င္တာပါ )

လီမန္က သူေျပာလာတဲ့စကားေတြကို သိပ္မရွင္းမလင္းျဖစ္ေနတာေၾကာင့္ လီေရွာင္းဝူကသာ မ်က္ေတာင္ေတြတဖ်တ္ဖ်တ္ခတ္ျပရင္း ၿပဳံးျပလာသည္။

လီက ရွက္ကိုးရွက္ကန္းနဲ႕ မသက္မသာျဖစ္ေနတာေၾကာင့္ သူကသူ႕ညီငယ္ေလးရဲ႕လက္ကိုဆြဲကာ အေရွ႕ဘက္အိမ္ထဲသို႔ေခၚသြားေတာ့သည္။

လီမန္သည္ အေရွ႕ဘက္အိမ္တံခါးကိုဖြင့္ထားခဲ့ေၾကာင့္ ခိုးေၾကာင္ခိုးဝွက္ျဖင့္ ၾကည့္လိုက္ေသာ္လည္း လူႏွစ္ေယာက္ကအိမ္အတြင္းထဲမွာမို႔ သူမဘာမွမျမင္ရပါေခ်။

သို႔ရာတြင္လည္း အႏွီေကာင္ေလးမွာ ဒီမိသားစုထဲက မိသားစုဝင္တစ္ေယာက္ပဲဆိုတာ သူမသိေနၿပီျဖစ္သည္။

သူတို႔ရဲ႕ တူညီတဲ့အခ်က္ေလးေတြနဲ႕ သူမရဲ႕ထင္ျမင္ခ်က္ကို အတည္ျပဳၿပီးဆိုေပမဲ့လည္း ညီအကိုငါးေယာက္ဆိုတာႀကီးကေတာ့ အနည္းငယ္ပိုတယ္ဟုခံစားေနရတုန္းပင္။

ညေနခင္း ေနက်သြားတဲ့အခါမွာေတာ့ ၿခံဝင္းထဲမွာလွန္းထားတဲ့ ေစာင္နဲ႕အခင္းေတြက ေျခာက္ေသြ႕ကုန္ၿပီျဖစ္သည္။ ေစာင္ေတြကလည္း (ေနဒဏ္ေၾကာင့္) အနည္းငယ္ေတာင္ ပူႏြေးေနေသး၏။

လီမန္က အဝတ္ေတြကို႐ုတ္လိုက္ၿပီး အေနာက္ဖက္အိမ္ရဲ႕ တန္းလ်ားေပၚမွာ လိပ္တင္ထားလိုက္သည္။ ေစာင္ေတြကိုေခါက္ၿပီးတဲ့ေနာက္ သူမက အဝတ္ေတြကိုခ်ဳပ္ဖို႔ျပင္လိုက္သည္။

အဝတ္ေတြခ်ဳပ္ရတာက လီမန္စိတ္ကူးထားတာထက္ ပိုရႈပ္ေထြးသည္။ အပ္နဲ႕အပ္ခ်ည္တစ္ေခ်ာင္း႐ုံရွိပုံျဖင့္ အဝတ္အစားခ်ဳပ္လို႔ရၿပီ ထင္ခဲ့တာျဖစ္သည္။ အပ္ေပါက္ထဲကို အပ္ခ်ည္ထပ္ရတာကိုက အခ်ိန္အေတာ္ၾကာၿပီး စိတ္လည္းအေတာ္ရွည္ရေသး၏။

ျမင္ရသေလာက္က ထိုးလိုက္ထုတ္လိုက္ လုပ္႐ုံပဲဆိုေပမဲ့ အေတာ္ကိုခက္ၿပီး အဝတ္ေကာင္းေတြကို မခ်ဳပ္လိုက္ရ႐ုံသာမက ပ်က္ေတာင္ပ်က္စီးသြားအုံးမည္။

အဲ့လိုနည္းနဲ႕ သုံး၊ေလးခ်က္ေလာက္ ထိုးၿပီးေနာက္ဆုံးေတာ့ လီမန့္မွာေခြၽးေတြပင္ပ်ံလာၿပီး သူမလက္ေခ်ာင္းေတြလည္း နာလာေတာ့သည္။ ေစာင္ကထူလြန္းတာေၾကာင့္ ေနာက္ထပ္ အဝတ္စႏွစ္စကိုပါထည့္ခ်ဳပ္ေနရ၏။

ခပ္ႀကီးႀကီးအပ္ျဖင့္ ေစာင္ကိုေပါက္ေအာင္ထိုးဖို႔ သူမလက္ေခ်ာင္းေတြနဲ႕ ခက္ခက္ခဲခဲလုပ္ေနရတာျဖစ္သည္။

အႀကိမ္အနည္းငယ္ေလာက္ ခ်ဳပ္ၿပီးေနာက္ လက္မနဲ႕ လက္ညွိုးရဲ႕ လက္ေခ်ာင္းထိပ္ေလးမ်ားက နီရဲလာေတာ့သည္။

သူမကိုယ္ပိုင္ အခင္းနဲ႕တင္ သုံးခုေလာက္ရွိေနတာမို႔ လီမန့္မွာစိတ္ဓာတ္ေတြပင္က်လာေတာ့သည္။ သူမရဲ႕အရွိန္ျဖင့္ အေမွာင္ထဲမွာ အားလုံးကိုအၿပီးသတ္ဖို႔က မျဖစ္နိုင္ပါေခ်။ သူမရဲ႕မကြၽမ္းမက်င္တဲ့ အရည္အခ်င္းနဲ႕တင္ စိတ္ပ်က္ဖို႔လုံေလာက္ေနၿပီျဖစ္သည္။

ဒါေပမဲ့လည္း သူမက ခ်ဳပ္လိုက္၊ သူမ,မႀကိဳက္ရင္ ျဖဳတ္လိုက္ျဖင့္ တစ္ခါတရံသူမသြားေတြျဖင့္ ခ်ည္ကိုကိုက္ျဖတ္ကာ ဆက္ခ်ဳပ္ေနတုန္းျဖစ္သည္။

" အာ့! "

႐ုတ္တရက္ သူမသတိတစ္ခ်က္လြတ္သြားခိုက္မွာ အပ္က သူမရဲ႕လက္ေခ်ာင္းထိပ္ကိုစိုက္ဝင္သြားၿပီး ေသြးေတြ႐ုတ္တရက္ထြက္လာသည္။

" ဘာျဖစ္သြားတာလဲ? "

အမ်ိဳးသားရဲ႕ ၾသရွရွအသံက ထြက္ေပၚလာၿပီး လီမန္မတုံ႕ျပန္နိုင္ေသးသည့္အခ်ိန္တြင္ ဒဏ္ရာရေနတဲ့လက္က ထိုအရပ္ခပ္ျမင့္ျမင့္နဲ႕ ေကာင္ေလး၏ပါးစပ္အတြင္းသို႔ ေရာက္သြားၿပီျဖစ္သည္။

လီမန့္မ်က္ႏွာက နီရဲတက္လာၿပီး သူမရင္ခုန္သံေတြလည္း ျမန္ဆန္ေနခဲ့သည္။

" အဆင္ေျပပါတယ္ "

လီက သူမရဲ႕လက္ေခ်ာင္းေတြကို ေအာက္သို႔ခ်ေပးလိုက္ၿပီးေနာက္ သူမဆြဲဆုပ္ထားသည့္ အဝတ္စရဲအေထာင့္နားကိုၾကည့္ကာ ႏူးညံ့စြာၿပဳံးလိုက္၏။

" ကြၽန္ေတာ္လုပ္လိုက္မယ္ "

သူက တန္းလ်ားေပၚက လက္အစြပ္တစ္ခုကိုယူလိုက္ၿပီး သူ႕ရဲ႕ ညာဘက္လက္ခလယ္တြင္ ဝတ္လိုက္သည္။ ထို႔ေနာက္ အပ္ကိုယူကာ တစ္ခ်က္ၿပီးတစ္ခ်က္ အဝတ္ကို ကြၽမ္းက်င္စြာခ်ဳပ္ေနခဲ့သည္။

လီမန္က အံႀကိတ္မိေတာ့လုနီးပါးပင္။

ကြာျခားခ်က္ကအရမ္းကိုႀကီးမားေနတယ္မဟုတ္လား။

သို႔ရာတြင္လည္း, သူမေရွ႕ကေကာင္ေလးမွာ သန့္ရွင္းသပ္ရပ္ေနၿပီး ေငြအပ္က သူ႕ရဲ႕လက္ေခ်ာင္းသြယ္ေတြၾကားထဲ တြယ္ကပ္ထားသည့္ႏွယ္ ေစာင္ႏွင့္သူ႕လက္ေခ်ာင္းေတြၾကား လူးလားေခါက္ျပန္လ်က္ ေကာင္းမြန္တဲ့ခ်ဳပ္ရိုးေၾကာင္းတစ္ခုကို ခ်န္ထားရစ္ခဲ့သည္။

သူ႕အမူအရာက အာ႐ုံစူးစိုက္ထားၿပီး သူ႕လႈပ္ရွားမႈေတြက ကြၽမ္းက်င္မႈေတြနဲ႕ျပည့္ေနၿပီး သူ႕မ်က္လုံးေတြကေတာ့ ေစာင္ေပၚမွာသာ တည္ၿမဲေနခဲ့သည္။

မ်က္ေတာင္ရွည္မ်ားက သဘာဝဆန္စြာ ေကာ့ဆင္းေနၿပီး သြယ္လ်ကာ ေခ်ာေမြ႕သည့္ပါးျပင္က အနည္းငယ္ရဲေနၿပီး ႏႈတ္ခမ္းပါးကိုေတာ့ တင္းတင္းေစ့ထားေလသည္။

ခ်ဳပ္ရိုးေၾကာင္း ဆုံးသြားသည့္အခါတြင္ေတာ့ သူကအနည္းငယ္ငုံ႕ကိုင္းလိုက္ကာ ႀကိဳးကိုကိုက္ျဖတ္လိုက္ေတာ့သည္။

#

Continue lendo

Você também vai gostar

81.4K 3.5K 80
❤️
173K 15.6K 30
"သူက သူစိမ်းမှ မဟုတ်တာ..." "..............." "အဟင်း..ငယ်သူငယ်ချင်းလို့ပြောရမလား..အတန်းတူတက်ခဲ့ဖူးတဲ့ အတန်းဖော်လို့ ပြောရမလား...ဒါမှမဟုတ်..ရန်သူတွေလို...
261K 1.4K 33
This is a mix of different animes that have smut in them
409K 5.5K 28
Emmett loves to be a rebel. He skips school to hang out, drink, and smoke with his two friends when suddenly he and his best friend are cornered and...