Unicode>>
အခန်း (၅) ငါအလှပြင်ချင်တယ်!
ရှန်အိမ်တော်သည် အမြဲတစေ စည်းကမ်းကြီး ၊ ဂုဏ်သိက္ခာကြီးသော အိမ်တော်ဖြစ်သည်။ သခင်လေး လေးယောက်သည်လည်း တစ်ဦးနှင့်တစ်ဦး အကျင့်စရိုက်ချင်း မတူညီကြသော်ငြား အချင်းချင်း လေးစားချစ်ခင်ကာ ယဉ်ကျေးမှုရှိသူများ ဖြစ်ကြသည်။ သာမန်နေ့များတွင် အပျော်မယ်ကို အိမ်ခေါ်လာဖို့ မဆိုနှင့် ဆောင်ကြာမြိုင်ကိုသွားပြီး အရက်သောက်တာတောင် မြင်ရခဲလှ၏။ ထို့ကြောင့်မို့ သည်တစ်ခေါက် ရှန်ချန်းချန်၏ အပြုအမူက အားလုံးကို တုန်လှုပ်သွားစေပြီး မီးဖိုဆောင်က အဒေါ်ကြီးကတောင် တစ်ဖက်က ဆန်ဆေးရင်း တစ်ဖက်က သည်ကိစ္စကို စပ်စုဆွေးနွေးရသည်ပင်။ အားလုံးက မျက်လုံးပြူးမျက်ဆံပြာ ထိတ်လန့်သွားကြရသည့်ဖြစ်အင်ပင်။
အားလုံးသိကြသည့်အတိုင်း အတင်းအဖျင်းဟူသည် ပို၍ ပို၍ ချဲ့ကားပျံ့နှံ့သွားတတ်သည်။ ထို့ကြောင့် ချင်ရှောက်ယွီ ညနေပိုင်းအိမ်ပြန်လာချိန်တွင် အဆိုပါကိစ္စနှင့် ပတ်သတ်သော သတင်းပျံ့နှံ့မှု အခြေအနေသည် မြင်းဇောင်းမှလွှတ်လိုက်သော မြင်းပမာ ပြင်းထန်ကြမ်းတမ်းလှသော လမ်းမကြီးပေါ်တွင် မရပ်မနားတမ်းပြေးထွက်သွားတော့သည်။
အိပ်ရာပေါ်တွင် အစွမ်းထက်လှသော ဆေးတစ်မျိုးကိုသုံးကာ ညှို့ငင်ဆွဲဆောင်ထားသည် ဟူသော အပြောမျိုးက ပုံမှန်ဖြစ်သည်။ ပိုအဆင့်မြင့်သော အပြောက ထိုမိန်းမငယ်လေးသည် နှစ်တစ်ထောင် မြေခွေးမိစ္ဆာဖြစ်ကြောင်း။ သူမသည် အမြီးကိုးချောင်းကို ထုတ်ပြလျက် ခြံဝန်းထဲတွင် ဒုသခင်လေးနှင့်အတူ ပျော်မြူးကခုန်နေကြောင်း။ တစ်ချက် တစ်ချက် ငွေခေါင်းလောင်းများ တချွင်ချွင်မြည်နေ့သည့်ပမာ ကြောက်မက်ဖွယ် ရယ်သံများလည်း ကြားရကြောင်း။ သေချာပေါက် သည်လိုအပြောမျိုးကလည်း ရှိသေးသည်။
"ဒုသခင်လေးသည် အမှန်တကယ်တော့ ထိုမိန်းမငယ်လေးကို မိစ္ဆာမမှန်းသိနေကြောင်း။ သို့သော် သတ္တိမွေးကာ သူမနှင့် စုံမက်ရခြင်းဖြစ်ကြောင်း။ ကိုယ့်ဘဝကိုယ် အဆုံးရှုံးခံပြီးတော့ လောကကြီးက ယောကျ်ားတွေကို သည်မိစ္ဆာမလက်က ကာကွယ်ပေးဖို့ ဆုံးဖြတ်ထားကြောင်း။"
သို့သော် သည်ဇာတ်လမ်းကမူ အနည်းငယ် မဆီမဆိုင် ဆွဲစိထားမှန်း သိသာလွန်း၍ထင့်။ အပြင်သို့ပျံ့နှံ့နှုန်း သိပ်မမြင့်ချေ။
သို့ပေမင့် ရှန်ချန်းလင်ကား ပေါင်တို့ထံမှာ "ရှန်ဒုသခင်လေးခမျာ အစွယ်တွေတောင် ထွက်လာပြီ" ဟုသော ဗားရှင်းအသစ်ကို ကြားပြီးနောက် ခြံထဲတွင် အူလှိမ့်နေအောင် ရယ်နေတော့သည်။ သည်ဘက်ကလူတွေ၏ အတင်းအဖျင်းပြောနိုင်ပုံနှင့် အသေးစိတ်ကလေးတွေက အစ စိတ်ကူးယဉ်ကြည့်ဖို့ မမေ့ခြင်းကား ဟိုဘက်ခေတ်က အနုပညာသတင်း အတင်းအဖျင်း တင်ဆက်သူများထက်တောင် သာလွန်နေပေသည်။
"ဘာကိစ္စတွေများရှိလို့လဲ.. သည်လောက်ပျော်ပျော်ရွှင်ရွှင် ရယ်မောနေတယ်ဆိုတော့?"
ချင်ရှောက်ယွီက တံခါးတွန်းဖွင့်ကာ ဝင်လာရင်း မေးလိုက်သည်။ ရှန်ချန်းလင်က တမဟုတ်ချင်း ခပ်တည်တည် မျက်နှာပေးသို့ ပြန်ပြင်လိုက်သည်။ ထို့နောက် အခန်းထဲသို့ လှည့်ထွက်သွားတော့၏။
မျက်နှာအမူအရာ အလျင်အမြန်ပြောင်းလဲနိုင်ပုံကတော့ သရုပ်ဆောင် လောကကို နည်းနည်းလေးမှ အရှက်မရစေဘူးနော်!
"ဇနီးလေးက ကိုယ့်ကို စိတ်ဆိုးနေတုန်းပဲလား?"
ချင်ရှောက်ယွီက သူ့နောက်ကနေ လိုက်လာပြီးမေးသည်။ ရှန်ချန်းလင်က "ဇနီးလေး" သို့မဟုတ် "ရှင်မ" စသည့် အခေါ်အဝေါ်များအား ကြားလိုက်သည်နှင့် ခေါင်းကိုက်သည်ပင်။
"ငါ့နာမည်ပဲ ခေါ်ပါလို့.. တောင်းဆိုပါတယ်"
"ဇနီးလေးလို့ မခေါ်ရင်တောင် ဘယ်လိုပဲဖြစ်ဖြစ် နောက်ကျရင် ကိုယ့် ကျွေးယင်နန်းကို လက်ထပ်ပြီးလိုက်လာရမှာလေ"
ချင်ရှောက်ယွီက သတိပေးလာသည်။
"ငါတောင် မင်းကိုမေ့သွားပြီကွာ... ငါတို့ ဒီလောက်နဲ့ပဲ လမ်းခွဲရအောင်လေ"
ရှန်ချန်းလင်က ထပ်မံစဉ်းစားလိုက်ပြီး ဖြည့်ပြောလိုက်သေးသည်။
"မင်းက လူကောင်းတစ်ယောက်ပါ... သေချာပေါက် ရေစက်ကောင်းကြုံရဦးမှာ!"
"အဲ့ဒါဆို ကလေးကရော?"
ချင်ရှောက်ယွီက မျက်နှာမကောင်းစွာမေးသည်။
"မင်းသေချာလား.. ငါ့ဗိုက်ထဲမှာ ကလေးရှိတယ်ဆိုတာ တကယ်သေချာလား?"
ရှန်ချန်းလင်က မျက်မှောင်ကြုတ်ကာမေးသည်။
"ငါဒီနေ့ ကိုင်ကြည့်တာတော့ အသားတွေလိုပဲနော်"
ဒါမှမဟုတ် မင်းရဲ့ အရင်က ရှန်ချန်းလင်က မင်းကို ကလေးရှိတယ်လို့ ညာထားတာဖြစ်ချင်ဖြစ်နေမှာ! !
ချင်ရှောက်ယွီမှာ ဖွီးကနဲ ရယ်မိတော့မလိုဖြစ်သွားရသည်။ သို့သော် ထိန်းလိုက်နိုင်သေးသည်မို့ သူက ရုပ်တည်ဖြင့် ဆက်ပြောသည်။
"သေချာတာပေါ့.. ခင်ပွန်းသည်ရဲ့ အဲ့ဒီအပိုင်းက စွမ်းဆောင်နိုင်မှုကို ယုံကြည်စမ်းပါ"
မင်းညီမကိုပဲယုံကြည်ခိုင်းပါ့လား! ! !
ရှန်ချန်းလင်က စိတ်တိုစွာ ခြေထောက်ဖြင့် ပိတ်ကန်ပစ်လိုက်သည်။
သည်လိုစကားမျိုးကိုလည်း အရှက်မရှိပြောရဲသေးတယ်! !
ခင်ဗျားကြီး တော်တော် အထိန်းအကွပ်မဲ့တာပဲ! ! !
"ဒီနေ့ည မီးပုံးပွဲတော်ရှိတယ်.. သွားကြည့်မလား?"
ချင်ရှောက်ယွီက မေး၏။
"မသွားဘူး"
ရှန်ချန်းလင်က စားပွဲခုံဘေးတွင် ဝင်ထိုင်ကာ လက်ဖက်ရည်သောက်နေသည်။
"သွားရအောင်ပါ.. အရမ်းပျော်စရာ ကောင်းမှာ"
ချင်ရှောက်ယွီက သူ့လက်ကို ဆုပ်ကိုင်ကာ ချစ်မေတ္တာသက်ဝင် နက်ရှိုင်းလှသော အကြည့်များဖြင့် ကြည့်ကာ ပြောလာသည်။
"မင်းနဲ့ ကိုယ်နဲ့ အတူတူသွားပြီး လူတွေစည်ကားတုန်း ကြင်ကြင်နာနာ နမ်းရှိုက်ယုယရအောင်လို့"
ငိုးငိုးငိုးငိုး မင်းညီမကိုပဲ သွားနမ်းနေလိုက်! ! !
ရှန်ချန်းလင်သောက်လက်စ ရေတွေအကုန်သီးထွက်လာတော့သည်။
သည်လိုကိစ္စမျိုးကို လူစည်ကားတုန်းမှာတောင် လုပ်ဦးမယ်တဲ့လား.. ဘယ်လိုသောက်ရူးလဲ! !
ဒါပေါ့ လူတွေ အနားမှာမရှိလည်း ငါ့ကို ဒါမျိုးလာလုပ်လို့ မရဘူးပေါ့! !
မင်းနဲ့ငါက ရင်းနှီးလည်းမရင်းနှီးဘဲနဲ့!
"ဇနီးလေးရဲ့.. ဖြေးဖြေးသောက်ပါကွာ.. မျက်နှာပေါ်မှာ ရေတွေပေနေသေးတယ်"
ချင်ရှောက်ယွီက အနားကပ်လာပြီး သူ့ကို သုတ်ပေးဖို့ လုပ်လိုက်ရာ ရှန်ချန်းလင်လည်း အင်မတန် ထိတ်လန့်သွားကာ ထခုန်လိုက်မိသွားတော့သည်။
"ပေါင်တို့! ! ! ! !"
"သခင်လေး ဘာကိစ္စရှိလို့လဲ?"
အစေခံလေးက ပြေးဝင်လာသည်။
"ဧည့်သည်ကို ပြန်ပို့လိုက်တော့!"
ရှန်ချန်းလင်က အလျင်အမြန် လုံခြုံသည့် အကွာအဝေးတစ်ခုသို့ ရွေ့ထိုင်လိုက်သည်။ သူ့ကို ထပ်ပြီး လာကိုင်နေမှာကို ကြောက်နေသည့်ပမာ။ ထိုအခါ ချင်ရှောက်ယွီက ဝမ်းနည်းနာကျင်သွားသည့်အမူအရာမျိုး လုပ်ပြလာ၏။ သို့သော် ရှန်ချန်းလင်က ဘာဆိုဘာမှ မမြင်လိုက်တော့ချေ။ အဘယ့်ကြောင့်မူ သူက သူ့အတွင်းခန်းထဲထိ ထွက်ပြေးသွားပြီဖြစ်သောကြောင့်ပင်။
"ဂိုဏ်းချုပ်....."
ပေါင်တို့မှာလည်း မျက်နှာငယ်လေးဖြင့်။
"ကိစ္စမရှိပါဘူး။ ငါ ညပိုင်းကျမှ ထပ်လာခဲ့ဦးမယ်"
ချင်ရှောက်ယွီက နူးညံ့နွေးထွေးစွာ ပြုံး၍ ပြောနေသော်လည်း သူ့မျက်လုံးများက ရင်ကွဲနာကျနေသည့်အရိပ်အယောင်များကို ဖုံးဖိမရအောင် လှစ်ဟပြနေသည်။
"ရှောင်လင်သည်လိုဖြစ်သွားတာ.. ကိုယ့်နှလုံးသားကို ဓားပေါင်းများစွာ ထိုးစိုက်နေသလိုပဲ"
သရုပ်ဆောင်ပီပြင်ချက်ကတော့ လုံးဝ ပြီးပြည့်စုံတယ်!
ထို့ကြောင့်ပင် ပေါင်တို့၏ သူ့အပေါ်ထားရှိသော အမြင်က များစွာ တိုးတက်သွားလေတော့သည်။ တခုပ်တရ အခွင့်အရေးရှာကာ ရှန်ချန်းလင် အရှေ့တွင် ချင်ရှောက်ယွီအကြောင်း ချီးမွမ်းခန်းတောင် ဖွင့်ပေးလာသည်အထိပင်။
"မင်းတောင် သူ့ဆီမှာ အဝယ်ခံလိုက်ရပြီပေါ့?"
ရှန်ချန်းလင်က ဒေါသတကြီးဆိုလေသည်။
"မင်းရဲ့ခေါင်းမာတယ်ဆိုတဲ့ ခေါင်းက ဘယ်ရောက်သွားတာလဲ?"
ပေါင်တို့က စူပုတ်ပုတ်ပြောသည်။
"ကျွန်တော်ပြောတာတွေ အားလုံးက သခင်လေးကောင်းဖို့အတွက်ပါနော်"
"တကယ် ငါကောင်းဖို့အတွက်ဆို မင်းတို့တွေ နည်းလမ်းရှာပြီး သူ့ကို ငါ့အနားတွယ်ကပ်မနေစေနဲ့တော့"
ရှန်ချန်းလင်က တင်ပလ္လင်ခွေကာ ခုတင်ပေါ်တွင် ထိုင်နေသည်။
"ကျွေးယင်နန်းက ဘယ်နားမှာရှိတာလဲ? ဒီကနေဆို ဝေးလား?"
"ဆူကျိုးနဲ့ ရှီးပေရဲ့ ကြားမှာပါ.. နီးလည်း မနီးသလို.. ဝေးလည်း မဝေးဘူးရယ်"
ပေါင်တို့က ဆိုသည်။
"မရပ်မနားတမ်း မြင်းနှင်ပြီး သွားမယ်ဆိုရင်တောင် အနည်းဆုံး ဆယ်ရက် ဆယ့်ငါးရက်လောက်ကြာပြီးရင် ရောက်လိမ့်မယ်"
အဲ့ဒါဆိုရင်တော့ နည်းနည်းဝေးတာပဲ မဟုတ်လား....
ရှန်ချန်းလင်က သူ့မေးစေ့သူ ပွတ်သပ်လိုက်ရင်း စဉ်းစားနေသည်။
အခု ကလေးရှိတယ်ဆိုတာက ဟုတ်လားမဟုတ်လား မသေချာသေးဘူး... တကယ်လို့ နောက်ပိုင်းမှ ဟုတ်နေတယ်ဆိုလည်း သူ့ကို ပြန်ခေါ်ဖို့က ရုတ်တရက်ဆို လွယ်မှာ မဟုတ်ဘူး! !
"သခင်လေး ဘာတွေ စဉ်းစားနေတာလဲ?"
ပေါင်တို့က ထူးဆန်းစွာ မေးသည်။
"သူ့ကို ဒီအိမ်မှာ မနေအောင် လုပ်လို့ရမဲ့ နည်းလမ်းမရှိဘူးလား?"
ရှန်ချန်းလင်က ထပ်မေးသည်။
"ဒါပေမဲ့ အဝေးကြီးသွားနေတာမျိုးလည်း မဟုတ်ဘဲနဲ့လေ!"
"ဒီမှာမနေခိုင်းဘူး?"
ပေါင်တို့က ချက်ချင်း သူ့ကို အပြစ်တင်သည့်အကြည့်ဖြင့် ကြည့်လာသည်။
သူ့မျက်နှာပေါ်တွင် "သခင်လေးက ဂိုဏ်းချုပ်ချင်ကို နှင်ထုတ်ပစ်ချင်တာကတော့ အရမ်းကို လွန်တာပေါ့" ဟုသော စာသားမျိုး ရေးချိတ်ထားသည့်ပမာ! !
"မြန်မြန်ပြောစမ်းပါ! !"
ရှန်ချန်းလင်က ငေါက်ငမ်းကာ သူ့ပါးကို ညှစ်ပြီး မေးလာသည်။
"တကယ်တော့ ဂိုဏ်းချုပ်ချင် အရင်က အိမ်တစ်ဆောင်ဝယ်ဖို့ လုပ်ဖူးတယ်.. "
ပေါင်တို့က ဆိုသည်။
"အိမ်တစ်ဆောင်ဝယ်တယ်?"
ရှန်ချန်းလင်၏ရင်ထဲတွင် အလင်းတန်းလေးများ ဖြာလင်းလာတော့သည်။
"ဝယ်လိုက်ပြီလား?"
"မဝယ်ဖြစ်ဘူး"
ပေါင်တို့က ခေါင်းခါပြသည်။
"အကြီးဆုံး သခင်လေးသိပြီးတဲ့နောက် ရှန်အိမ်တော်မှာ အိမ်ဆောင်တွေ ခြံဝန်းတွေ အဲ့လောက်များတာကို.. တစ်အိမ်သားအချင်းချင်း ဘာကိစ္စ နှစ်နေရာ ခွဲနေမှာလဲဆိုပြီး တားလို့ မဝယ်ဖြစ်လိုက်ဘူး"
ရှန်ချန်းလင်မှာ စိတ်ချဉ်ပေါက်သွားရ၏။
သူ့အစ်ကိုကြီးကလည်း ဘာလို့တားရတာလဲနော်! !
"ဒါပေမဲ့ အဲ့ဒီ ဂိုဏ်းချုပ်ချင်ရွေးထားတဲ့ အိမ်ဆောင်က အခုထိ ဒီတိုင်းရှိသေးတယ်"
ပေါင်တို့က သူ့မျက်နှာအရိပ်အကဲကို ကြည့်ကာ ဂရုတစိုက်ပြောပြလာသည်။
"ကြားမိတာတော့ အဲ့ဒီအိမ်ဆောင်ရဲ့ ပိုင်ရှင်က မိန်းကလေးတစ်ယောက်တဲ့.. သူက တောက်လျှောက် ဂိုဏ်းချုပ်ချင်ကို နှစ်သက်မြတ်နိုးနေတာ ကြာပြီတဲ့.. အဲ့တာကြောင့် အဲ့အိမ်ကိုလည်း ဂိုဏ်းချုပ်ချင်တစ်ယောက်ထဲကိုပဲ ရောင်းပေးနိုင်မယ်တဲ့"
ငိုး?
ရှန်ချန်းလင်က မျက်လုံးပြူးသွားတော့သည်။
သည်လို ဇာတ်လမ်းမျိုးက ရှိသေးတာလား! !
သည်လို မက်မွန်ပန်းတွေ ဝိုင်းဝိုင်းလည်နေတဲ့ ယောကျ်ားမျိုးကို ယူလို့မဖြစ်ဘူး ယူလို့မဖြစ်ဘူး! ! !
"အဲ့သည်မိန်းကလေးက လှလား?"
ရှန်ချန်းလင်က မေး၏။
"အဲ့တာတော့ ကျွန်တော်လည်း မသိဘူး ၊ လူကိုလည်း မမြင်ဖူးဘူးရော်"
ပေါင်တို့ကဆိုသည်။
"ဒါပေမဲ့ သခင်လေးလောက်တော့ လှမှာမဟုတ်လို့ စိတ်ချလိုက်ပါတော့ဗျာ"
ရှန်ချန်းလင်မှာ တံတွေးနင်လုနီးပါးဖြစ်သွားရသည်။ သူက "ချင်ရှောက်ယွီကို သူများက ဆွဲဆောင်ဖြားယောင်းသွားပြီး သူ့ကိုအလွတ်ပေးနိုင်လောက်မလား" ဆိုတဲ့ ဖြစ်နိုင်ချေကို ခန့်မှန်းကြည့်ချင်ရုံပါ။
ဘယ်သူကများ မိန်းကလေးထက် ပိုလှ ၊ မလှ ပြိုင်ချင်နေလို့လဲ! ! !
"ငါ့မှာ မုန့်ဖိုးစုထားတာတွေ ဘာတွေရှိလား?"
ရှန်ချန်းလင်က ခေတ္တမျှ ထပ်မံစဉ်းစားပြီးနောက် ထပ်မေးလာသည်။
မြင့်မြတ်လှတဲ့သခင်လေးတွေမှာလည်း အားအားယားယား ဖြုန်းဖို့ ငွေအသပြာတွေဘာတွေ စုထားတာရှိလောက်မှာပါနော်! !
တကယ်လို့သာ ရှိတယ်ဆိုရင် ချင်ရှောက်ယွီနာမည်နဲ့ အဲ့အိမ်တစ်ဆောင်ကို ဝယ်ပေးလိုက်မယ်... ပြီးရင် သူ့ကို ကန်ထုတ်ပြီး အဲ့အိမ်သွားနေခိုင်းလိုက်မယ်! !
"နည်းနည်းတော့ ရှိလောက်ပါတယ်"
ပေါင်တို့က ပြန်ဖြေသည်။
"ဒါပေမဲ့လည်း အရမ်းတော့ မများဘူး.. သခင်လေးရဲ့ လစဉ် မုန့်ဖိုးက ချိုချဉ်တွေ၊ ပဲစေ့တွေ ဝယ်စားလို့ ကုန်ပြီလေ.. ဘယ်လောက်မှမကျန်တော့ဘူး"
ရှန်ချန်းလင်ကား အကြီးအကျယ် စိတ်ထိခိုက်သွားရတော့သည်။
ဘယ်လောက်စျေးပေါတဲ့ အိမ်တစ်ဆောင်ဖြစ်ပါစေ ချိုချဉ်ဝယ်စားရုံလောက်ပဲရှိတဲ့ ပိုက်ဆံနဲ့တော့ ဝယ်လို့မရဘူး မဟုတ်လား! !
အစ်မကြီး .. ကျွန်တော့်မှာ ချိုချဉ်ဘာညာဝယ်စားတဲ့ ပိုက်ဆံ ဒါလေးပဲရှိတယ်.. ကျွန်တော့်ကို အစ်မကြီးရဲ့ အိမ်ရောင်းပေးမလားဟင်! !
အဲ့လိုသွားပြောရင် ဦးနှောက်ပျက်နေတဲ့ ကောင်နဲ့ တူမသွားဘူးလား! !
"မင်းပဲပြောစမ်းကွာ.. သူက ဘယ်လိုလုပ်ပြီး ငါ့ကို ကြိုက်သွားရတာလဲ?"
ရှန်ချန်းလင်က ပါးနှစ်ဖက်ကို လက်နှစ်ဖက်နှင့် ထောက်ကာ သက်ပြင်းချလျက်မေးလိုက်သည်။
"ဒါတော့ ဂိုဏ်းချုပ်ချင် ပြောဖူးတယ်"
ပေါင်တို့ကပြော၏။
"သူပြောတာတော့ သခင်လေး ချောမောကြည့်ကောင်းတယ်ဆိုပေမဲ့ အဲ့ဒါက မျက်နှာချေမှုန့်တွေတောင် လိမ်းစရာမလိုဘဲ သဘာဝအတိုင်းကြည့်ကောင်းနေတဲ့ အလှမျိုးတဲ့.. မြင်လိုက်ရတဲ့လူတိုင်းကို နှစ်သက်သဘောကျသွားစေနိုင်တယ်တဲ့"
"တကယ်လား?"
ရှန်ချန်းလင်က ချက်ချင်း မတ်မတ်ဆတ်ဆတ် ထိုင်ကာ အားတက်သရော မေးလိုက်သည်။
"စကားအတိအကျကိုတော့ မမှတ်မိတော့ပေမဲ့ အဓိပ္ပါယ်ကတော့ အဲ့ဒီအဓိပ္ပါယ်ပဲ ဆိုတာ သေချာတယ်"
"အဲ့ဒီစကားက အရင်နှစ်က ဂိုဏ်းချုပ်ချင် ကိုယ်တိုင် ရှန်အိမ်တော်ကို လာပြီး သခင်ကြီးတို့ဆီမှာ လာတောင်းရမ်းတုန်းက ကိုယ်တိုင်ပြောတဲ့စကားပါနော်... ကျွန်တော်တင်မကဘူး.. လူတော်တော်များများ အကုန်လုံးကြားလိုက်ရတယ်"
အဲ့တာဆို ကြည့်ကောင်းပြီပေါ့...
ရှန်ချန်းလင်၏ ရင်ထဲတွင် ရောင်စဉ်ခုနစ်သွယ် ပန်းများ လှိုင်လှိုင်ဝေဆာသွားတော့သည်။
သူက ပေါင်တို့၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လျက် ဆို၏။
"သွား.. မြန်မြန်.. ငါ့အတွက် မျက်နှာချေမှုန့်တွေ နှုတ်ခမ်းဆိုးဆေးတွေ ယူလာပေးခဲ့"
"မျက်နှာချေမှုန့်??"
ပေါင်တို့က လန့်ဖျပ်သွားရသည်။
"သခင်လေး အဲ့တာတွေကို ဘာလုပ်မလို့လဲ?"
ရှန်ချန်းလင်က တောက်ပစွာ ပြုံးလိုက်ပြီး ဆိုသည်။
"ငါအလှပြင်ချင်လို့"
ပေါင်တို့ - "......."
ထို့ကြောင့် ချင်ရှောက်ယွီနှင့် ရှန်ချန်းဖုန်း ညဘက် အတူတူပြန်လာပြီး အခန်းတံခါး တွန်းဖွင့် ဝင်လာသည့်အချိန်၌ တက်ညီလက်ညီ လန့်ဖျပ်သွားကြတော့၏။
ရှန်ချန်းလင်သည် တစ်ကိုယ်လုံး နီစွေး ရဲတောက်နေသော ခမ်းနား ကျက်သရေတင့်တယ်လှသော ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက မှန်ကို ကြည့်လျက် မျက်ခုံးမွေးဆွဲနေပြီး အလွန်တရာ အာရုံစိုက်လျက်ရှိနေသည်။
ပေါင်တို့က သူ့အနောက်တွင် ရပ်နေပြီး မျက်နှာချေမှုန့်ဘူးကိုင်ထားပေးရသည်။
မျက်နှာကလည်း ရှုံ့မဲ့မဲ့ဖြင့်။
"လင်အာ.. မင်းဒါက..... ဘာလုပ်နေတာလဲ?"
ရှန်ချန်းဖုန်းက အံ့အားသင့်သွားရသည်။
"အားနေတာတော့ ပျင်းနေရတယ်လေ.. လှလှပပလေး ခြယ်သပြီးနေတော့ ပျော်စရာကောင်းတာပေါ့"
ရှန်ချန်းလင်က အောက်နှုတ်ခမ်းကို ဖိကိုက်ကာ ဆို၏။
အပြုအမူ.. မျက်နှာအမူအရာလေးများက အင်မတန်မှ နုနယ်အားနွဲ့ပုံရလေသည်။
သရုပ်ဆောင်မင်းသားဆိုတာ မတူညီတဲ့လိင်အဖြစ်လည်း ပြောင်းလဲသရုပ်ဆောင်နိုင်ရတယ်လေ! !
ရှန်ချန်းဖုန်း၏ မျက်ဝန်းအိမ်ထဲတွင် စိတ်ပူပင်မှုများ ပြည့်နေရှာပြီ။
အကောင်းကြီးကနေ ရုတ်တရက်ကြီး ဘာလို့ အလှပြင်နေရတာလဲ?
မဟုတ်မှလွဲ ဒီတစ်ခါ မေ့လဲတာ ခေါင်းပါ ထိသွားတာတော့မဟုတ်ပါဘူးနော်! !
"အစ်ကိုကြီးတို့ရော.. ကျွန်တော့်လက်သည်းနီဆိုးထားတာ ကြည့်လို့ကောင်းရဲ့လား?"
ရှန်ချန်းလင်က လက်သည်းလေးများအား နီရဲနေအောင် ဆေးဆိုးထားသည့် ညာဘက်လက်ကလေးကို ထုတ်ပြကာ လှမ်းမေးလိုက်ခြင်းပင်။
သူ့ဘာသာတောင် နွဲ့လွန်းအားကြီးလွန်းတဲ့ သူ့ပုံစံကြောင့် အန်ချင်လာပြီ! !
ရှန်ချန်းဖုန်းက မျက်မှောင်ကြုတ်လျက်သာ။
"ကြည့်လို့ကောင်းလားဟင်?"
ရှန်ချန်းလင်၏ မျက်ခုံးတန်းလေးက ပိုးမျှင်လေးသဖွယ် သွယ်တန်းနေသည်။ အလွန်ပင် နွဲ့နှောင်းညက်သက်လျက် လက်ကလေးကို မြှောက်ကာ မေး၏။ ချင်ရှောက်ယွီက ခေါင်းညိတ်ကာ ထောက်ခံ၏။
"တကယ်လှတယ်ကွာ"
ရှန်ချန်းဖုန်းမှာ ပါးစပ်တောင် ရွဲ့သွားတော့သည်။
ဒီလိုပုံဖြစ်နေတာတောင် လှတယ်လို့ ချီးမွမ်းနိုင်သေးတယ် ဟုတ်လား?
မင်းညီမကိုပဲ သွားလှပါလား! ! !
မင်းမှာ အလှအပကို ခံစားတတ်တဲ့ မျက်လုံးကောရှိသေးရဲ့လား! ! မင်းရဲ့ အလှအပ စံနှုန်းတွေက အဆင့်မမီတော့ဘူးလား! !
ရှန်ချန်းလင်က စိတ်ထဲမှာ အော်ဟစ်နေမိသည်။
ဒါကြီးကိုမြင်ရင် မချစ်မနှစ်သက်တဲ့အမူအရာမျိုး ပေါ်တင် ပေါ်လာရမှာ မဟုတ်ဘူးလား???
သည်လိုအချစ်နတ်ဘုရားကြီး ပုံစံဖမ်းနေတာက ဘယ်သူမြင်အောင် ပြဖို့လဲဟ! ! ! !
"ဇနီးလေးက ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ် လှတယ်"
ချင်ရှောက်ယွီက သူ့မေးစေ့ကို သူပွတ်သပ်လျက် ဆက်ပြောသည်။
"ဒါနဲ့.. ဒီနေ့ကစပြီး ခင်ပွန်းဖြစ်သူ ကိုယ်က မင်းကို သိုင်းပညာသင်ပေးမယ်"
ဘာကြီး! ! နေပါဦး! ! ဒီကိစ္စနှစ်ခုက ဘာဆိုင်လို့လဲ??
ရှန်ချန်းလင်က ယတိပြတ် ငြင်းပယ်လာသည်။
"ငါမကျင့်ဘူး.. ငါ ပန်းထိုးချည်ထိုးသင်မယ်"
ရှန်ချန်းဖုန်း - "........"
"မနက်ပိုင်း သိုင်းလေ့ကျင်ပြီး ၊ နေ့လယ်ပိုင်း ပန်းထိုးချည်ထိုးလုပ်လေ"
ချင်ရှောက်ယွီက သူ့ခေါင်းလေးကို ပုတ်ကာ ဆိုလိုက်သည်။
"အဲ့ဒါဆို အဲ့လိုပဲ ဆုံးဖြတ်လိုက်ပြီနော်"
မင်းတစ်အိမ်လုံးကို သွားဆုံးဖြတ်ပါ့လား! ! ! !
ရှန်ချန်းလင်က မျက်သားများ ရဲတက်လာပြီး ငိုတော့မည့်ပုံဖြင့် ရှန်ချန်းဖုန်း၏ ရင်ခွင်ထဲ ပြေးဝင်ကာ ဆိုသည်။
"အစ်ကိုကြီး... သူ ကျွန်တော့်ကို အနိုင်ကျင့်နေတယ်"
နွဲ့မယ်ဆိုလည်း အဆုံးထိ နွဲ့ရတော့မှာပေါ့လေ.. ဟင့်ဟင့်ဟင့် ဒီလိုကိစ္စမျိုးက သူလို သရုပ်ဆောင်မင်းသားတစ်ယောက်အတွက် ဘာအခက်အခဲမှ မရှိဘူး ဟုတ်ပြီလား! !
"ရှောက်ယွီက မင်းကောင်းဖို့ စီစဉ်တာပါ"
ရှန်ချန်းဖုန်းက နှစ်သိမ့်လေသည်။
"တကယ်လို့ သူသင်ပေးတာ မခံချင်ဘူးဆို အစ်ကိုကြီးကိုယ်တိုင် သင်ပေးမယ်လေ"
"ဘာလို့လဲဗျာ?"
ရှန်ချန်းလင်က ငိုမဲ့မဲ့ဖြင့် မေးရာ ရှန်ချန်းဖုန်းလည်း သက်ပြင်းချလျက်သာ ဖြေနိုင်၏။
"ဘာလို့လဲဆိုတော့ မင်းချော်လဲပြီး ထိခိုက်ဒဏ်ရာရသွားတဲ့နောက်ပိုင်း အရင်ကနဲ့ တော်တော်လေး မတူတော့ဘူးလေ"
သောက်ပိုတွေ! ! သေချာပေါက် မတူဘူးပေါ့ဟ!
ငါနဲ့ အရင်က ရှန်ချန်းလင်က ရင်းမှမရင်းနှီးတာကို! ! !
အဆိုပါ ရှန်ချင်းလင်အတုက မျက်လုံးလေးများ ပုတ်ကလက် ပုတ်ကလက် လုပ်ကာမေး၏။
"အဲ့တာနဲ့ အခု သိုင်းပညာလေ့ကျင့်ခိုင်းတာနဲ့ ဘာဆိုင်လို့လဲလို့"
"ရှောက်ယွီရဲ့ ရှစ်ဖူးက မင်းကိုကူညီပြီး ဆေးကုပေးနိုင်လောက်တယ်.. ဒါပေမဲ့ သူနေတဲ့နေရာက ဝေးလံလွန်းတဲ့ တောင်ပင်လယ်ဘက်က ကျွန်းတစ်ကျွန်းပေါ်မှာလေ.. ။ မင်းအရင်ဆုံး ကိုယ့်ကိုယ်ကိုယ် အားရှိအောင် ၊ နေကောင်းအောင် နေပြီးမှ ခရီးဝေးနှင်ပြီး ဆေးသွားကုဖို့ ခွန်အားရှိမှာပေါ့"
ရှန်ချန်းဖုန်းက ဆိုသည်။
"အစ်ကိုကြီး မနက်ဖြန် မနက်ကစပြီး သင်လို့လွယ်ကူတဲ့ လက်သီးသိုင်းကနေ စသင်ပေးမယ်.. သွေးပူလေ့ကျင့်ခန်းလို့ သဘောထားတာပေါ့ကွာ"
"ဒါပေမဲ့ အစ်ကိုကြီးတို့ပဲ အရင်ကပြောတော့ ကျွန်တော်က အတိတ်မမေ့ခင်က သိုင်းလောက ထိပ်သီးသိုင်းပညာရှင်ဆို"
ရှန်ချန်းလင်က မျှော်လင့်တကြီးဆိုရှာသည်။
"ကျွန်တော့်ရဲ့ သိုင်းပညာတွေ ပြန်ရလာအောင် လုပ်ပေးလို့ မရဘူးလား?"
လေယာဉ်ပျံရှိမှတော့ ဘာကိစ္စမြည်းစီးရမှာလဲ! !
ပြီးတော့ သိုင်းကျင့်ရတာ အဲ့လောက်ပင်ပန်းတာကို! !
ပေါင်တို့က ကိုယ်ချင်းစာသော မျက်လုံးများဖြင့် သူ့ကိုကြည့်နေရှာသည်။
"မရဘူး"
ရှန်ချန်းဖုန်းက ခေါင်းမာစွာဖြင့် ပြောလာသည်။
"မင်းရဲ့ အခုလက်ရှိ အတွင်းအားက နှလုံးသွေးကြောထဲမှာ အပိတ်ခံထားရတာလေ.. ဇွတ်အတင်း သွားဖွင့်ထုတ်ရင် အန္တရာယ်ရှိနိုင်တယ်..။ အဲ့ဒါကြောင့် အခြေခံ လက်သီးသိုင်းကနေ စပြီး ပြန်သင်ပေးမှရမယ်"
ရှန်အိမ်ရဲ့ အကြီးဆုံး သခင်လေးလို့ မပြောရဘူး... ဟိုဆွဲထည့် သည်ဆွဲထည့်နဲ့ လျှောက်ပြောတာတောင် သည်လို ယုတ္တိရှိရှိ ၊ ပညာရှင်ဆန်ဆန် ပြောနိုင်သေးတယ်.. အေးစက်တည်ငြိမ်နေတာများ! !
ရှန်ချန်းလင်၏ မျက်နှာပေါ်တွင် "ကျွန်တော် မလေ့ကျင့်ချင်ဘူး" ဟူသော အနီရောင် စာလုံးကြီး လေးလုံးရေးသားထားပေသည်။
"စိတ်ပူစရာမလိုဘူးနော်"
ချင်ရှောက်ယွီက သူ့ခေါင်းကို ဖွဖွ ပွတ်သပ်၍ ပြောလာသည်။
"မနက်ခင်းပိုင်း သိုင်းလေ့ကျင့်ရုံလေးပါပဲ... နေ့လယ်ပိုင်း ကိုယ်အားရင် မင်းပန်းထိုးချည်ထိုးသင်တာတို့.. မျက်ခုံးမွေးလှအောင် အဆွဲကျင့်တာကို အဖော်လာလုပ်ပေးမယ်!"
ရှန်ချန်းလင်က ခေါင်းထဲ တဝုန်းဝုန်း မြည်လျက် ချင်ရှောက်ယွီ၏ အင်္ကျီလည်ပင်းကော်လံကို ဆွဲကာ အတွင်းခန်းထဲသို့ ခေါ်သွားတော့သည်။
"မင်းတို့တွေ ငါနောက်လိုက်ဝင်မလာနဲ့နော်! !"
ရှန် အကြီးဆုံး သခင်လေးနှင့် ပေါင်တို့မှာ မျက်လုံးချင်းစုံကာ ပြူးပြဲ ကြည့်မိသွားတော့သည်။
ဒါကရော ဘာလုပ်ကြတာလဲ??
"မင်း တမင်လုပ်တာမလား?"
တံခါးပိတ်ပြီးနောက် ရှန်ချန်းလင်က ဒေါသတကြီး အသံကိုနှိမ့်၍ မေးသည်။
"မင်းကို ပိုပြီး ကျန်းမာလာအောင်လို့ သိုင်းပညာလေ့ကျင့်စေချင်တာလေ..။ ကိုယ့်မှာ ဘာများ တမင်လုပ်စရာရှိလို့လဲ?"
ချင်ရှောက်ယွီက ပြုံးပြုံးလေး ကြည့်ကာ ပြန်မေးသည်။
"မင်း...... ငါ..... မင်း......"
ရှန်ချန်းလင်က အံကြိတ်လျက် ပြောမထွက်နိုင်ဖြစ်နေရသည်။
'ဒါဆို ငါ့ဗိုက်ထဲက ကလေးကိုကျ ဘယ်လိုလုပ်မလဲ' ဆိုသည့်စကား ပြောထွက်ဖို့အထိတော့ အင်မတန် ခက်ခဲသေးချေသည်ပင်...
ကိုယ်ပေါ်မှာ သခွားသီးပါတဲ့ ယောကျ်ားတစ်ယောက်အနေနဲ့တော့ ဒီလိုကိစ္စမျိုးကြုံရတာတောင် ခက်လှပြီ! ! ပြောထွက်ဖို့ဆိုတာ ဝေးသေး! !
မွေးထုတ်ဖို့ဆို ပိုတောင် ကြောက်ဖို့ကောင်းသေး... ပြောကို ပြောမနေနဲ့တော့! !
သည်ဘက်ကမ္ဘာမှာ အဲ့လောက် ထူးဆန်းထွေလာကိစ္စတွေ အများကြီးဖြစ်ပွားနေတာ! ! ဘယ်အရာမှ မဖြစ်နိုင်ဘူးဆိုတာ မရှိနိုင်ဘူး! ! ! !
"ခွီး"
ချင်ရှောက်ယွီက ရယ်သံထွက်လာလေသည်။
"မင်းမေဘိုးအေကြီး ရယ်နေလိုက်"
ရှန်ချန်းလင်က သူ့ကို ဒေါသထွက်စွာ ထိုင်ကြည့်နေသည်။
"စိတ်ချပါ.."
ချင်ရှောက်ယွီက နှစ်သိမ့်လာ၏။
"အဲ့ဒီ လက်သီးသိုင်းပညာက ဖြည်းဖြည်းချင်း လေ့ကျင့်ပြီး ဖြည်းဖြည်းချင်း ကျင့်သားရအောင် လုပ်ရင်ရပါပြီ။ ဒီတလော ပုံမှန်လေ့ကျင့်လို့လည်း မင်းကိုယ်အတွက် မဆိုးပါဘူး"
"မင်း... အစုတ်ပလုတ်ကောင်!"
ရှန်ချန်းလင်က အံကြိတ်ကာ ထပ်မေးသည်။
"အဲ့ဒါဆို မင်းက ငါ့ကို သိုင်းပညာ မသင်ရအောင် ကူညီမပေးချင်ဘူးပေါ့လေ?"
"ငါတို့က မင်းအတွက်ကောင်းအောင် စီစဉ်ပေးတာပါဆို"
ချင်ရှောက်ယွီ၏ မျက်ဝန်းအိမ်ထဲတွင် အလိုလိုက်ချစ်ခင်ကြင်နာခြင်းများစွာဖြင့်သာ။
ရှန်ချန်းလင်က သူ့ကို တွန်းထုတ်ပြီး အပြင် ပြန်ထွက်သွားတော့၏။
အားကိုးလို့မရဘူးဆိုတာ သိသားပဲ!
စောင့်နေလိုက်! ငါ သိုင်းလောကရဲ့ ထိပ်သီးသိုင်းပညာရှင်ဖြစ်သွားရင် ပထမဆုံးလုပ်မဲ့ အလုပ်က မင်းကိုသင်းကွပ်တာပဲကွ! !
ညဉ့်နက်သန်းခေါင်ယံတွင် မိုးဖွဲလေးများ ဖြောက်ဖြောက်ကျလျက် လေပြေက ပန်းရနံ့တို့ကို သယ်ဆောင်လာသည်။
"ဂိုဏ်းချုပ်"
အမည်းရောင်ဝတ်စုံနှင့်ယောကျ်ားတစ်ဦးက ခြံဝန်းငယ်ထဲသို့ တိတ်တဆိတ်ဝင်ရောက်လာသည်။
"ခေါင်းဆောင်ယဲ့ရဲ့ဒဏ်ရာ အခြေအနေ ဘယ်လိုလဲ?"
"တော်တော်လေး ပြန်ကောင်းလာပါပြီ။ ဂိုဏ်းချုပ် စိတ်မပူပါနဲ့"
ထိုအမျိုးသားက ဆိုသည်။
"ဒါပေမဲ့ ဒီနှစ်ပိုင်းမှာ မိစ္ဆာဂိုဏ်းက ကြာလေ သောင်းကျန်းမောက်မာလာလေပဲ... တကယ်လို့ ဂိုဏ်းချုပ်သာ ထပ်မလှုပ်ရှားသေးဘူးဆိုရင် အခွင့်အရေးကို လက်လွတ်သွားမှာ စိုးရိမ်ရပါတယ်"
"ငါရက်နည်းနည်း ထပ်စောင့်လိုက်ဦးမယ်"
ချင်ရှောက်ယွီက တစ်ခုခုကို တွေးနေသည့်နှယ် ပြောလာသည်။
"သည်အတိတ်မေ့သွားပြီးနောက်ပိုင်းရဲ့ ရှန်ချန်းလင်က အတော်လေးကို စိတ်ဝင်စားဖို့ ကောင်းနေတယ်"
"စိတ်ဝင်စားဖို့ကောင်းတယ်?"
ထိုယောကျ်ားက နားမလည်နိုင်စွာ ပြန်မေးသည်။
"ငါအခု ရှန်ချန်းဖုန်းကို သူ့ကို သိုင်းပညာသင်ပေးဖို့ ဖျောင်းဖျပြီးသွားပြီ"
ချင်ရှောက်ယွီက နှုတ်ခမ်းထောင့်များ ကွေးညွတ်လျက်ဆိုသည်။
"တကယ်အတိတ်မေ့တာလား.. ဟန်ဆောင်နေတာလား.. မနက်ဖြန်မနက်ဆို သိရမှာပဲ"
*****
ဒုတိယနေ့ မနက်ခင်း မိုးမလင်းခင် ရှန်ချန်းလင်ခမျာ သူ့အစ်ကိုကြီးက သူ့ကို အိပ်ရာပေါ်က ဆွဲချတာကို ခံလိုက်ရတော့သည်။
"အစ်ကိုကြီး!"
ရှန်ချန်းလင်က မျက်ရည်လေးများ ဝဲ၍ ဘောင်းဘီတိုနှင့် အတွင်းဝတ်အင်္ကျီလေးသာ ဝတ်ထားပြီး သူ့အစ်ကိုကို ကြည့်နေသည်။
"အိပ်ရေးမဝသေးဘူးလို့! !"
"အိပ်လို့မ,ဝသေးလည်း ထ,ရမယ်!"
ရှန်ချန်းဖုန်းက ကြိမ်းမောင်းလေသည်။
ရုတ်တရက်ကြီး အဲ့လို မဆူနဲ့လေဗျာ! ! !
ရှန်ချန်းလင်က စိတ်ပျက်လက်ပျက်ဖြင့် ရေအမြန်ချိုးရလေသည်။ ထို့နောက် ပေါင်တို့ ပြင်ဆင်ပေးထားသော အနက်ရောင်ဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်သည်။
အခုတော့ ကြည့်လိုက်လျှင် ထိပ်သီးသိုင်းပညာရှင်၏ အသွင်အပြင် ဟိတ်ဟန်မျိုး ထွက်ပေါ်လာချေပြီ။
သို့သော်ငြား 'ကြည့်လိုက်လျှင်' တူခြင်းသာဖြစ်သည်။
ရှန်ချန်းလင်ကဲ့သို့ အိပ်ထမတင်တောင် လှဲချပြီးရင် ပြန်မထလာနိုင်တဲ့ အားနွဲ့သူ အလှလေးအတွက် ထိုမေဟွားလက်သီးသိုင်းတို့ ဘာတို့ ကြားလိုက်ရုံနဲ့တောင် ခေါင်းမူးတယ်..
ဒါသင်ရမှာနဲ့ယှဉ်ရင် တကယ်ကြီး ပန်းထိုးချည်ထိုးသွားလုပ်တာကမှ ဟုတ်ဦးမယ်!
ချင်ရှောက်ယွီက သိုင်းလေ့ကျင့်ရေးကွင်းထဲမှာ သူ့ကိုစောင့်နေပြီး ပြုံးစစဖြင့် ဆိုလာသည်။
"ကိုယ့်ဇနီးလေးက ဘာဝတ်ဝတ် အမြဲတမ်း ကြည့်လို့ကောင်းနေတာပဲ"
"ပါးစပ်ပိတ်ထား! !"
ရှန်ချန်းလင်က မျက်စောင်းတစ်ချက်ထိုးလိုက်သည်။
မင်းလို ဇနီးသည်နဲ့ သားသမီး ဘေးဒုက္ခရောက်တာကို သိသိရက်နဲ့ ဂရုမစိုက်တဲ့ အစုတ်ပလုတ်ကောင်! ! !
"အရင်ဆုံး အကြောဖြေရအောင်"
ရှန်ချန်းဖုန်းက သူ့ခြေထောက်တစ်ဖက်ကို ဆွဲမလိုက်သည်။
"အားးးးးးးးး! ! ! ! ! ! ! !"
ရှန်ချန်းလင်မှာ နာနာကျင်ကျင် အော်ဟစ်လိုက်မိသည်။
လာလာချင်း ဒီလောက်အမြင့်ကြီး မမြှောက်ခိုင်းနဲ့လေ! ! ! ! !
နာလို့သေတယ်မယ်ဟ! ! ! ! !
ချင်ရှောက်ယွီက သစ်ပင်ကို မှီကာ အူတက်အောင် ရယ်လေသည်။
မင်းညီမကိုပဲရယ်နေလိုက်! !
ရှန်ချန်းလင်က သူ့ကို စိတ်ဆိုးမာန်ဆိုးကြည့်လျက် တွေးနေမိသည်။
ထပ်ရယ်ရဲ ရယ်ကြည့်! ဒီကသခင်လေးက မင်းကို အေရိုးဗစ်ကပြလိုက်မယ်ဗျ! ! ! ! !
အဲ့ကျမှ လန့်လို့သေနေမယ်! ! ! ! !
🍀
Zawgyi>>
အခန္း (၅) ငါအလွျပင္ခ်င္တယ္!
ရွန္အိမ္ေတာ္သည္ အၿမဲတေစ စည္းကမ္းႀကီး ၊ ဂုဏ္သိကၡာႀကီးေသာ အိမ္ေတာ္ျဖစ္သည္။ သခင္ေလး ေလးေယာက္သည္လည္း တစ္ဦးႏွင့္တစ္ဦး အက်င့္စရိုက္ခ်င္း မတူညီၾကေသာ္ျငား အခ်င္းခ်င္း ေလးစားခ်စ္ခင္ကာ ယဥ္ေက်းမႈရွိသူမ်ား ျဖစ္ၾကသည္။ သာမန္ေန႕မ်ားတြင္ အေပ်ာ္မယ္ကို အိမ္ေခၚလာဖို႔ မဆိုႏွင့္ ေဆာင္ၾကာၿမိဳင္ကိုသြားၿပီး အရက္ေသာက္တာေတာင္ ျမင္ရခဲလွ၏။ ထို႔ေၾကာင့္မို႔ သည္တစ္ေခါက္ ရွန္ခ်န္းခ်န္၏ အျပဳအမူက အားလုံးကို တုန္လႈပ္သြားေစၿပီး မီးဖိုေဆာင္က အေဒၚႀကီးကေတာင္ တစ္ဖက္က ဆန္ေဆးရင္း တစ္ဖက္က သည္ကိစၥကို စပ္စုေဆြးေႏြးရသည္ပင္။ အားလုံးက မ်က္လုံးျပဴးမ်က္ဆံျပာ ထိတ္လန႔္သြားၾကရသည့္ျဖစ္အင္ပင္။
အားလုံးသိၾကသည့္အတိုင္း အတင္းအဖ်င္းဟူသည္ ပို၍ ပို၍ ခ်ဲ့ကားပ်ံ့ႏွံ႕သြားတတ္သည္။ ထို႔ေၾကာင့္ ခ်င္ေရွာက္ယြီ ညေနပိုင္းအိမ္ျပန္လာခ်ိန္တြင္ အဆိုပါကိစၥႏွင့္ ပတ္သတ္ေသာ သတင္းပ်ံ့ႏွံ႕မႈ အေျခအေနသည္ ျမင္းေဇာင္းမွလႊတ္လိုက္ေသာ ျမင္းပမာ ျပင္းထန္ၾကမ္းတမ္းလွေသာ လမ္းမႀကီးေပၚတြင္ မရပ္မနားတမ္းေျပးထြက္သြားေတာ့သည္။
အိပ္ရာေပၚတြင္ အစြမ္းထက္လွေသာ ေဆးတစ္မ်ိဳးကိုသုံးကာ ညွို႔ငင္ဆြဲေဆာင္ထားသည္ ဟူေသာ အေျပာမ်ိဳးက ပုံမွန္ျဖစ္သည္။ ပိုအဆင့္ျမင့္ေသာ အေျပာက ထိုမိန္းမငယ္ေလးသည္ ႏွစ္တစ္ေထာင္ ေျမေခြးမိစာၦျဖစ္ေၾကာင္း။ သူမသည္ အၿမီးကိုးေခ်ာင္းကို ထုတ္ျပလ်က္ ၿခံဝန္းထဲတြင္ ဒုသခင္ေလးႏွင့္အတူ ေပ်ာ္ျမဴးကခုန္ေနေၾကာင္း။ တစ္ခ်က္ တစ္ခ်က္ ေငြေခါင္းေလာင္းမ်ား တခြၽင္ခြၽင္ျမည္ေန႕သည့္ပမာ ေၾကာက္မက္ဖြယ္ ရယ္သံမ်ားလည္း ၾကားရေၾကာင္း။ ေသခ်ာေပါက္ သည္လိုအေျပာမ်ိဳးကလည္း ရွိေသးသည္။
"ဒုသခင္ေလးသည္ အမွန္တကယ္ေတာ့ ထိုမိန္းမငယ္ေလးကို မိစာၦမမွန္းသိေနေၾကာင္း။ သို႔ေသာ္ သတၱိေမြးကာ သူမႏွင့္ စုံမက္ရျခင္းျဖစ္ေၾကာင္း။ ကိုယ့္ဘဝကိုယ္ အဆုံးရႈံးခံၿပီးေတာ့ ေလာကႀကီးက ေယာက်္ားေတြကို သည္မိစာၦမလက္က ကာကြယ္ေပးဖို႔ ဆုံးျဖတ္ထားေၾကာင္း။"
သို႔ေသာ္ သည္ဇာတ္လမ္းကမူ အနည္းငယ္ မဆီမဆိုင္ ဆြဲစိထားမွန္း သိသာလြန္း၍ထင့္။ အျပင္သို႔ပ်ံ့ႏွံ႕ႏႈန္း သိပ္မျမင့္ေခ်။
သို႔ေပမင့္ ရွန္ခ်န္းလင္ကား ေပါင္တို႔ထံမွာ "ရွန္ဒုသခင္ေလးခမ်ာ အစြယ္ေတြေတာင္ ထြက္လာၿပီ" ဟုေသာ ဗားရွင္းအသစ္ကို ၾကားၿပီးေနာက္ ၿခံထဲတြင္ အူလွိမ့္ေနေအာင္ ရယ္ေနေတာ့သည္။ သည္ဘက္ကလူေတြ၏ အတင္းအဖ်င္းေျပာနိုင္ပုံႏွင့္ အေသးစိတ္ကေလးေတြက အစ စိတ္ကူးယဥ္ၾကည့္ဖို႔ မေမ့ျခင္းကား ဟိုဘက္ေခတ္က အႏုပညာသတင္း အတင္းအဖ်င္း တင္ဆက္သူမ်ားထက္ေတာင္ သာလြန္ေနေပသည္။
"ဘာကိစၥေတြမ်ားရွိလို႔လဲ.. သည္ေလာက္ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ရယ္ေမာေနတယ္ဆိုေတာ့?"
ခ်င္ေရွာက္ယြီက တံခါးတြန္းဖြင့္ကာ ဝင္လာရင္း ေမးလိုက္သည္။ ရွန္ခ်န္းလင္က တမဟုတ္ခ်င္း ခပ္တည္တည္ မ်က္ႏွာေပးသို႔ ျပန္ျပင္လိုက္သည္။ ထို႔ေနာက္ အခန္းထဲသို႔ လွည့္ထြက္သြားေတာ့၏။
မ်က္ႏွာအမူအရာ အလ်င္အျမန္ေျပာင္းလဲနိုင္ပုံကေတာ့ သ႐ုပ္ေဆာင္ ေလာကကို နည္းနည္းေလးမွ အရွက္မရေစဘူးေနာ္!
"ဇနီးေလးက ကိုယ့္ကို စိတ္ဆိုးေနတုန္းပဲလား?"
ခ်င္ေရွာက္ယြီက သူ႕ေနာက္ကေန လိုက္လာၿပီးေမးသည္။ ရွန္ခ်န္းလင္က "ဇနီးေလး" သို႔မဟုတ္ "ရွင္မ" စသည့္ အေခၚအေဝၚမ်ားအား ၾကားလိုက္သည္ႏွင့္ ေခါင္းကိုက္သည္ပင္။
"ငါ့နာမည္ပဲ ေခၚပါလို႔.. ေတာင္းဆိုပါတယ္"
"ဇနီးေလးလို႔ မေခၚရင္ေတာင္ ဘယ္လိုပဲျဖစ္ျဖစ္ ေနာက္က်ရင္ ကိုယ့္ ေကြၽးယင္နန္းကို လက္ထပ္ၿပီးလိုက္လာရမွာေလ"
ခ်င္ေရွာက္ယြီက သတိေပးလာသည္။
"ငါေတာင္ မင္းကိုေမ့သြားၿပီကြာ... ငါတို႔ ဒီေလာက္နဲ႕ပဲ လမ္းခြဲရေအာင္ေလ"
ရွန္ခ်န္းလင္က ထပ္မံစဥ္းစားလိုက္ၿပီး ျဖည့္ေျပာလိုက္ေသးသည္။
"မင္းက လူေကာင္းတစ္ေယာက္ပါ... ေသခ်ာေပါက္ ေရစက္ေကာင္းႀကဳံရဦးမွာ!"
"အဲ့ဒါဆို ကေလးကေရာ?"
ခ်င္ေရွာက္ယြီက မ်က္ႏွာမေကာင္းစြာေမးသည္။
"မင္းေသခ်ာလား.. ငါ့ဗိုက္ထဲမွာ ကေလးရွိတယ္ဆိုတာ တကယ္ေသခ်ာလား?"
ရွန္ခ်န္းလင္က မ်က္ေမွာင္ၾကဳတ္ကာေမးသည္။
"ငါဒီေန႕ ကိုင္ၾကည့္တာေတာ့ အသားေတြလိုပဲေနာ္"
ဒါမွမဟုတ္ မင္းရဲ႕ အရင္က ရွန္ခ်န္းလင္က မင္းကို ကေလးရွိတယ္လို႔ ညာထားတာျဖစ္ခ်င္ျဖစ္ေနမွာ! !
ခ်င္ေရွာက္ယြီမွာ ဖြီးကနဲ ရယ္မိေတာ့မလိုျဖစ္သြားရသည္။ သို႔ေသာ္ ထိန္းလိုက္နိုင္ေသးသည္မို႔ သူက ႐ုပ္တည္ျဖင့္ ဆက္ေျပာသည္။
"ေသခ်ာတာေပါ့.. ခင္ပြန္းသည္ရဲ႕ အဲ့ဒီအပိုင္းက စြမ္းေဆာင္နိုင္မႈကို ယုံၾကည္စမ္းပါ"
မင္းညီမကိုပဲယုံၾကည္ခိုင္းပါ့လား! ! !
ရွန္ခ်န္းလင္က စိတ္တိုစြာ ေျခေထာက္ျဖင့္ ပိတ္ကန္ပစ္လိုက္သည္။
သည္လိုစကားမ်ိဳးကိုလည္း အရွက္မရွိေျပာရဲေသးတယ္! !
ခင္ဗ်ားႀကီး ေတာ္ေတာ္ အထိန္းအကြပ္မဲ့တာပဲ! ! !
"ဒီေန႕ည မီးပုံးပြဲေတာ္ရွိတယ္.. သြားၾကည့္မလား?"
ခ်င္ေရွာက္ယြီက ေမး၏။
"မသြားဘူး"
ရွန္ခ်န္းလင္က စားပြဲခုံေဘးတြင္ ဝင္ထိုင္ကာ လက္ဖက္ရည္ေသာက္ေနသည္။
"သြားရေအာင္ပါ.. အရမ္းေပ်ာ္စရာ ေကာင္းမွာ"
ခ်င္ေရွာက္ယြီက သူ႕လက္ကို ဆုပ္ကိုင္ကာ ခ်စ္ေမတၱာသက္ဝင္ နက္ရွိုင္းလွေသာ အၾကည့္မ်ားျဖင့္ ၾကည့္ကာ ေျပာလာသည္။
"မင္းနဲ႕ ကိုယ္နဲ႕ အတူတူသြားၿပီး လူေတြစည္ကားတုန္း ၾကင္ၾကင္နာနာ နမ္းရွိုက္ယုယရေအာင္လို႔"
ငိုးငိုးငိုးငိုး မင္းညီမကိုပဲ သြားနမ္းေနလိုက္! ! !
ရွန္ခ်န္းလင္ေသာက္လက္စ ေရေတြအကုန္သီးထြက္လာေတာ့သည္။
သည္လိုကိစၥမ်ိဳးကို လူစည္ကားတုန္းမွာေတာင္ လုပ္ဦးမယ္တဲ့လား.. ဘယ္လိုေသာက္႐ူးလဲ! !
ဒါေပါ့ လူေတြ အနားမွာမရွိလည္း ငါ့ကို ဒါမ်ိဳးလာလုပ္လို႔ မရဘူးေပါ့! !
မင္းနဲ႕ငါက ရင္းႏွီးလည္းမရင္းႏွီးဘဲနဲ႕!
"ဇနီးေလးရဲ႕.. ေျဖးေျဖးေသာက္ပါကြာ.. မ်က္ႏွာေပၚမွာ ေရေတြေပေနေသးတယ္"
ခ်င္ေရွာက္ယြီက အနားကပ္လာၿပီး သူ႕ကို သုတ္ေပးဖို႔ လုပ္လိုက္ရာ ရွန္ခ်န္းလင္လည္း အင္မတန္ ထိတ္လန႔္သြားကာ ထခုန္လိုက္မိသြားေတာ့သည္။
"ေပါင္တို႔! ! ! ! !"
"သခင္ေလး ဘာကိစၥရွိလို႔လဲ?"
အေစခံေလးက ေျပးဝင္လာသည္။
"ဧည့္သည္ကို ျပန္ပို႔လိုက္ေတာ့!"
ရွန္ခ်န္းလင္က အလ်င္အျမန္ လုံၿခဳံသည့္ အကြာအေဝးတစ္ခုသို႔ ေ႐ြ႕ထိုင္လိုက္သည္။ သူ႕ကို ထပ္ၿပီး လာကိုင္ေနမွာကို ေၾကာက္ေနသည့္ပမာ။ ထိုအခါ ခ်င္ေရွာက္ယြီက ဝမ္းနည္းနာက်င္သြားသည့္အမူအရာမ်ိဳး လုပ္ျပလာ၏။ သို႔ေသာ္ ရွန္ခ်န္းလင္က ဘာဆိုဘာမွ မျမင္လိုက္ေတာ့ေခ်။ အဘယ့္ေၾကာင့္မူ သူက သူ႕အတြင္းခန္းထဲထိ ထြက္ေျပးသြားၿပီျဖစ္ေသာေၾကာင့္ပင္။
"ဂိုဏ္းခ်ဳပ္....."
ေပါင္တို႔မွာလည္း မ်က္ႏွာငယ္ေလးျဖင့္။
"ကိစၥမရွိပါဘူး။ ငါ ညပိုင္းက်မွ ထပ္လာခဲ့ဦးမယ္"
ခ်င္ေရွာက္ယြီက ႏူးညံ့ေႏြးေထြးစြာ ၿပဳံး၍ ေျပာေနေသာ္လည္း သူ႕မ်က္လုံးမ်ားက ရင္ကြဲနာက်ေနသည့္အရိပ္အေယာင္မ်ားကို ဖုံးဖိမရေအာင္ လွစ္ဟျပေနသည္။
"ေရွာင္လင္သည္လိုျဖစ္သြားတာ.. ကိုယ့္ႏွလုံးသားကို ဓားေပါင္းမ်ားစြာ ထိုးစိုက္ေနသလိုပဲ"
သ႐ုပ္ေဆာင္ပီျပင္ခ်က္ကေတာ့ လုံးဝ ၿပီးျပည့္စုံတယ္!
ထို႔ေၾကာင့္ပင္ ေပါင္တို႔၏ သူ႕အေပၚထားရွိေသာ အျမင္က မ်ားစြာ တိုးတက္သြားေလေတာ့သည္။ တခုပ္တရ အခြင့္အေရးရွာကာ ရွန္ခ်န္းလင္ အေရွ႕တြင္ ခ်င္ေရွာက္ယြီအေၾကာင္း ခ်ီးမြမ္းခန္းေတာင္ ဖြင့္ေပးလာသည္အထိပင္။
"မင္းေတာင္ သူ႕ဆီမွာ အဝယ္ခံလိုက္ရၿပီေပါ့?"
ရွန္ခ်န္းလင္က ေဒါသတႀကီးဆိုေလသည္။
"မင္းရဲ႕ေခါင္းမာတယ္ဆိုတဲ့ ေခါင္းက ဘယ္ေရာက္သြားတာလဲ?"
ေပါင္တို႔က စူပုတ္ပုတ္ေျပာသည္။
"ကြၽန္ေတာ္ေျပာတာေတြ အားလုံးက သခင္ေလးေကာင္းဖို႔အတြက္ပါေနာ္"
"တကယ္ ငါေကာင္းဖို႔အတြက္ဆို မင္းတို႔ေတြ နည္းလမ္းရွာၿပီး သူ႕ကို ငါ့အနားတြယ္ကပ္မေနေစနဲ႕ေတာ့"
ရွန္ခ်န္းလင္က တင္ပလႅင္ေခြကာ ခုတင္ေပၚတြင္ ထိုင္ေနသည္။
"ေကြၽးယင္နန္းက ဘယ္နားမွာရွိတာလဲ? ဒီကေနဆို ေဝးလား?"
"ဆူက်ိဳးနဲ႕ ရွီးေပရဲ႕ ၾကားမွာပါ.. နီးလည္း မနီးသလို.. ေဝးလည္း မေဝးဘူးရယ္"
ေပါင္တို႔က ဆိုသည္။
"မရပ္မနားတမ္း ျမင္းႏွင္ၿပီး သြားမယ္ဆိုရင္ေတာင္ အနည္းဆုံး ဆယ္ရက္ ဆယ့္ငါးရက္ေလာက္ၾကာၿပီးရင္ ေရာက္လိမ့္မယ္"
အဲ့ဒါဆိုရင္ေတာ့ နည္းနည္းေဝးတာပဲ မဟုတ္လား....
ရွန္ခ်န္းလင္က သူ႕ေမးေစ့သူ ပြတ္သပ္လိုက္ရင္း စဥ္းစားေနသည္။
အခု ကေလးရွိတယ္ဆိုတာက ဟုတ္လားမဟုတ္လား မေသခ်ာေသးဘူး... တကယ္လို႔ ေနာက္ပိုင္းမွ ဟုတ္ေနတယ္ဆိုလည္း သူ႕ကို ျပန္ေခၚဖို႔က ႐ုတ္တရက္ဆို လြယ္မွာ မဟုတ္ဘူး! !
"သခင္ေလး ဘာေတြ စဥ္းစားေနတာလဲ?"
ေပါင္တို႔က ထူးဆန္းစြာ ေမးသည္။
"သူ႕ကို ဒီအိမ္မွာ မေနေအာင္ လုပ္လို႔ရမဲ့ နည္းလမ္းမရွိဘူးလား?"
ရွန္ခ်န္းလင္က ထပ္ေမးသည္။
"ဒါေပမဲ့ အေဝးႀကီးသြားေနတာမ်ိဳးလည္း မဟုတ္ဘဲနဲ႕ေလ!"
"ဒီမွာမေနခိုင္းဘူး?"
ေပါင္တို႔က ခ်က္ခ်င္း သူ႕ကို အျပစ္တင္သည့္အၾကည့္ျဖင့္ ၾကည့္လာသည္။
သူ႕မ်က္ႏွာေပၚတြင္ "သခင္ေလးက ဂိုဏ္းခ်ဳပ္ခ်င္ကို ႏွင္ထုတ္ပစ္ခ်င္တာကေတာ့ အရမ္းကို လြန္တာေပါ့" ဟုေသာ စာသားမ်ိဳး ေရးခ်ိတ္ထားသည့္ပမာ! !
"ျမန္ျမန္ေျပာစမ္းပါ! !"
ရွန္ခ်န္းလင္က ေငါက္ငမ္းကာ သူ႕ပါးကို ညွစ္ၿပီး ေမးလာသည္။
"တကယ္ေတာ့ ဂိုဏ္းခ်ဳပ္ခ်င္ အရင္က အိမ္တစ္ေဆာင္ဝယ္ဖို႔ လုပ္ဖူးတယ္.. "
ေပါင္တို႔က ဆိုသည္။
"အိမ္တစ္ေဆာင္ဝယ္တယ္?"
ရွန္ခ်န္းလင္၏ရင္ထဲတြင္ အလင္းတန္းေလးမ်ား ျဖာလင္းလာေတာ့သည္။
"ဝယ္လိုက္ၿပီလား?"
"မဝယ္ျဖစ္ဘူး"
ေပါင္တို႔က ေခါင္းခါျပသည္။
"အႀကီးဆုံး သခင္ေလးသိၿပီးတဲ့ေနာက္ ရွန္အိမ္ေတာ္မွာ အိမ္ေဆာင္ေတြ ၿခံဝန္းေတြ အဲ့ေလာက္မ်ားတာကို.. တစ္အိမ္သားအခ်င္းခ်င္း ဘာကိစၥ ႏွစ္ေနရာ ခြဲေနမွာလဲဆိုၿပီး တားလို႔ မဝယ္ျဖစ္လိုက္ဘူး"
ရွန္ခ်န္းလင္မွာ စိတ္ခ်ဥ္ေပါက္သြားရ၏။
သူ႕အစ္ကိုႀကီးကလည္း ဘာလို႔တားရတာလဲေနာ္! !
"ဒါေပမဲ့ အဲ့ဒီ ဂိုဏ္းခ်ဳပ္ခ်င္ေ႐ြးထားတဲ့ အိမ္ေဆာင္က အခုထိ ဒီတိုင္းရွိေသးတယ္"
ေပါင္တို႔က သူ႕မ်က္ႏွာအရိပ္အကဲကို ၾကည့္ကာ ဂ႐ုတစိုက္ေျပာျပလာသည္။
"ၾကားမိတာေတာ့ အဲ့ဒီအိမ္ေဆာင္ရဲ႕ ပိုင္ရွင္က မိန္းကေလးတစ္ေယာက္တဲ့.. သူက ေတာက္ေလွ်ာက္ ဂိုဏ္းခ်ဳပ္ခ်င္ကို ႏွစ္သက္ျမတ္နိုးေနတာ ၾကာၿပီတဲ့.. အဲ့တာေၾကာင့္ အဲ့အိမ္ကိုလည္း ဂိုဏ္းခ်ဳပ္ခ်င္တစ္ေယာက္ထဲကိုပဲ ေရာင္းေပးနိုင္မယ္တဲ့"
ငိုး?
ရွန္ခ်န္းလင္က မ်က္လုံးျပဴးသြားေတာ့သည္။
သည္လို ဇာတ္လမ္းမ်ိဳးက ရွိေသးတာလား! !
သည္လို မက္မြန္ပန္းေတြ ဝိုင္းဝိုင္းလည္ေနတဲ့ ေယာက်္ားမ်ိဳးကို ယူလို႔မျဖစ္ဘူး ယူလို႔မျဖစ္ဘူး! ! !
"အဲ့သည္မိန္းကေလးက လွလား?"
ရွန္ခ်န္းလင္က ေမး၏။
"အဲ့တာေတာ့ ကြၽန္ေတာ္လည္း မသိဘူး ၊ လူကိုလည္း မျမင္ဖူးဘူးေရာ္"
ေပါင္တို႔ကဆိုသည္။
"ဒါေပမဲ့ သခင္ေလးေလာက္ေတာ့ လွမွာမဟုတ္လို႔ စိတ္ခ်လိဳက္ပါေတာ့ဗ်ာ"
ရွန္ခ်န္းလင္မွာ တံေတြးနင္လုနီးပါးျဖစ္သြားရသည္။ သူက "ခ်င္ေရွာက္ယြီကို သူမ်ားက ဆြဲေဆာင္ျဖားေယာင္းသြားၿပီး သူ႕ကိုအလြတ္ေပးနိုင္ေလာက္မလား" ဆိုတဲ့ ျဖစ္နိုင္ေခ်ကိဳ ခန႔္မွန္းၾကည့္ခ်င္႐ုံပါ။
ဘယ္သူကမ်ား မိန္းကေလးထက္ ပိုလွ ၊ မလွ ၿပိဳင္ခ်င္ေနလို႔လဲ! ! !
"ငါ့မွာ မုန႔္ဖိုးစုထားတာေတြ ဘာေတြရွိလား?"
ရွန္ခ်န္းလင္က ေခတၱမွ် ထပ္မံစဥ္းစားၿပီးေနာက္ ထပ္ေမးလာသည္။
ျမင့္ျမတ္လွတဲ့သခင္ေလးေတြမွာလည္း အားအားယားယား ျဖဳန္းဖို႔ ေငြအသျပာေတြဘာေတြ စုထားတာရွိေလာက္မွာပါေနာ္! !
တကယ္လို႔သာ ရွိတယ္ဆိုရင္ ခ်င္ေရွာက္ယြီနာမည္နဲ႕ အဲ့အိမ္တစ္ေဆာင္ကို ဝယ္ေပးလိုက္မယ္... ၿပီးရင္ သူ႕ကို ကန္ထုတ္ၿပီး အဲ့အိမ္သြားေနခိုင္းလိုက္မယ္! !
"နည္းနည္းေတာ့ ရွိေလာက္ပါတယ္"
ေပါင္တို႔က ျပန္ေျဖသည္။
"ဒါေပမဲ့လည္း အရမ္းေတာ့ မမ်ားဘူး.. သခင္ေလးရဲ႕ လစဥ္ မုန႔္ဖိုးက ခ်ိဳခ်ဥ္ေတြ၊ ပဲေစ့ေတြ ဝယ္စားလို႔ ကုန္ၿပီေလ.. ဘယ္ေလာက္မွမက်န္ေတာ့ဘူး"
ရွန္ခ်န္းလင္ကား အႀကီးအက်ယ္ စိတ္ထိခိုက္သြားရေတာ့သည္။
ဘယ္ေလာက္ေစ်းေပါတဲ့ အိမ္တစ္ေဆာင္ျဖစ္ပါေစ ခ်ိဳခ်ဥ္ဝယ္စား႐ုံေလာက္ပဲရွိတဲ့ ပိုက္ဆံနဲ႕ေတာ့ ဝယ္လို႔မရဘူး မဟုတ္လား! !
အစ္မႀကီး .. ကြၽန္ေတာ့္မွာ ခ်ိဳခ်ဥ္ဘာညာဝယ္စားတဲ့ ပိုက္ဆံ ဒါေလးပဲရွိတယ္.. ကြၽန္ေတာ့္ကို အစ္မႀကီးရဲ႕ အိမ္ေရာင္းေပးမလားဟင္! !
အဲ့လိုသြားေျပာရင္ ဦးေႏွာက္ပ်က္ေနတဲ့ ေကာင္နဲ႕ တူမသြားဘူးလား! !
"မင္းပဲေျပာစမ္းကြာ.. သူက ဘယ္လိုလုပ္ၿပီး ငါ့ကို ႀကိဳက္သြားရတာလဲ?"
ရွန္ခ်န္းလင္က ပါးႏွစ္ဖက္ကို လက္ႏွစ္ဖက္ႏွင့္ ေထာက္ကာ သက္ျပင္းခ်လ်က္ေမးလိုက္သည္။
"ဒါေတာ့ ဂိုဏ္းခ်ဳပ္ခ်င္ ေျပာဖူးတယ္"
ေပါင္တို႔ကေျပာ၏။
"သူေျပာတာေတာ့ သခင္ေလး ေခ်ာေမာၾကည့္ေကာင္းတယ္ဆိုေပမဲ့ အဲ့ဒါက မ်က္ႏွာေခ်မႈန႔္ေတြေတာင္ လိမ္းစရာမလိုဘဲ သဘာဝအတိုင္းၾကည့္ေကာင္းေနတဲ့ အလွမ်ိဳးတဲ့.. ျမင္လိုက္ရတဲ့လူတိုင္းကို ႏွစ္သက္သေဘာက်သြားေစနိုင္တယ္တဲ့"
"တကယ္လား?"
ရွန္ခ်န္းလင္က ခ်က္ခ်င္း မတ္မတ္ဆတ္ဆတ္ ထိုင္ကာ အားတက္သေရာ ေမးလိုက္သည္။
"စကားအတိအက်ကိဳေတာ့ မမွတ္မိေတာ့ေပမဲ့ အဓိပၸါယ္ကေတာ့ အဲ့ဒီအဓိပၸါယ္ပဲ ဆိုတာ ေသခ်ာတယ္"
"အဲ့ဒီစကားက အရင္ႏွစ္က ဂိုဏ္းခ်ဳပ္ခ်င္ ကိုယ္တိုင္ ရွန္အိမ္ေတာ္ကို လာၿပီး သခင္ႀကီးတို႔ဆီမွာ လာေတာင္းရမ္းတုန္းက ကိုယ္တိုင္ေျပာတဲ့စကားပါေနာ္... ကြၽန္ေတာ္တင္မကဘူး.. လူေတာ္ေတာ္မ်ားမ်ား အကုန္လုံးၾကားလိုက္ရတယ္"
အဲ့တာဆို ၾကည့္ေကာင္းၿပီေပါ့...
ရွန္ခ်န္းလင္၏ ရင္ထဲတြင္ ေရာင္စဥ္ခုနစ္သြယ္ ပန္းမ်ား လွိုင္လွိုင္ေဝဆာသြားေတာ့သည္။
သူက ေပါင္တို႔၏လက္ကို တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္လ်က္ ဆို၏။
"သြား.. ျမန္ျမန္.. ငါ့အတြက္ မ်က္ႏွာေခ်မႈန႔္ေတြ ႏႈတ္ခမ္းဆိုးေဆးေတြ ယူလာေပးခဲ့"
"မ်က္ႏွာေခ်မႈန႔္??"
ေပါင္တို႔က လန႔္ဖ်ပ္သြားရသည္။
"သခင္ေလး အဲ့တာေတြကို ဘာလုပ္မလို႔လဲ?"
ရွန္ခ်န္းလင္က ေတာက္ပစြာ ၿပဳံးလိုက္ၿပီး ဆိုသည္။
"ငါအလွျပင္ခ်င္လို႔"
ေပါင္တို႔ - "......."
ထို႔ေၾကာင့္ ခ်င္ေရွာက္ယြီႏွင့္ ရွန္ခ်န္းဖုန္း ညဘက္ အတူတူျပန္လာၿပီး အခန္းတံခါး တြန္းဖြင့္ ဝင္လာသည့္အခ်ိန္၌ တက္ညီလက္ညီ လန႔္ဖ်ပ္သြားၾကေတာ့၏။
ရွန္ခ်န္းလင္သည္ တစ္ကိုယ္လုံး နီေစြး ရဲေတာက္ေနေသာ ခမ္းနား က်က္သေရတင့္တယ္လွေသာ ဝတ္စုံကို ဝတ္ဆင္ထားသည္။ သူက မွန္ကို ၾကည့္လ်က္ မ်က္ခုံးေမြးဆြဲေနၿပီး အလြန္တရာ အာ႐ုံစိုက္လ်က္ရွိေနသည္။
ေပါင္တို႔က သူ႕အေနာက္တြင္ ရပ္ေနၿပီး မ်က္ႏွာေခ်မႈန႔္ဘူးကိုင္ထားေပးရသည္။
မ်က္ႏွာကလည္း ရႈံ႕မဲ့မဲ့ျဖင့္။
"လင္အာ.. မင္းဒါက..... ဘာလုပ္ေနတာလဲ?"
ရွန္ခ်န္းဖုန္းက အံ့အားသင့္သြားရသည္။
"အားေနတာေတာ့ ပ်င္းေနရတယ္ေလ.. လွလွပပေလး ျခယ္သၿပီးေနေတာ့ ေပ်ာ္စရာေကာင္းတာေပါ့"
ရွန္ခ်န္းလင္က ေအာက္ႏႈတ္ခမ္းကို ဖိကိုက္ကာ ဆို၏။
အျပဳအမူ.. မ်က္ႏွာအမူအရာေလးမ်ားက အင္မတန္မွ ႏုနယ္အားႏြဲ႕ပုံရေလသည္။
သ႐ုပ္ေဆာင္မင္းသားဆိုတာ မတူညီတဲ့လိင္အျဖစ္လည္း ေျပာင္းလဲသ႐ုပ္ေဆာင္နိုင္ရတယ္ေလ! !
ရွန္ခ်န္းဖုန္း၏ မ်က္ဝန္းအိမ္ထဲတြင္ စိတ္ပူပင္မႈမ်ား ျပည့္ေနရွာၿပီ။
အေကာင္းႀကီးကေန ႐ုတ္တရက္ႀကီး ဘာလို႔ အလွျပင္ေနရတာလဲ?
မဟုတ္မွလြဲ ဒီတစ္ခါ ေမ့လဲတာ ေခါင္းပါ ထိသြားတာေတာ့မဟုတ္ပါဘူးေနာ္! !
"အစ္ကိုႀကီးတို႔ေရာ.. ကြၽန္ေတာ့္လက္သည္းနီဆိုးထားတာ ၾကည့္လို႔ေကာင္းရဲ႕လား?"
ရွန္ခ်န္းလင္က လက္သည္းေလးမ်ားအား နီရဲေနေအာင္ ေဆးဆိုးထားသည့္ ညာဘက္လက္ကေလးကို ထုတ္ျပကာ လွမ္းေမးလိုက္ျခင္းပင္။
သူ႕ဘာသာေတာင္ ႏြဲ႕လြန္းအားႀကီးလြန္းတဲ့ သူ႕ပုံစံေၾကာင့္ အန္ခ်င္လာၿပီ! !
ရွန္ခ်န္းဖုန္းက မ်က္ေမွာင္ၾကဳတ္လ်က္သာ။
"ၾကည့္လို႔ေကာင္းလားဟင္?"
ရွန္ခ်န္းလင္၏ မ်က္ခုံးတန္းေလးက ပိုးမွ်င္ေလးသဖြယ္ သြယ္တန္းေနသည္။ အလြန္ပင္ ႏြဲ႕ေႏွာင္းညက္သက္လ်က္ လက္ကေလးကို ျမႇောက္ကာ ေမး၏။ ခ်င္ေရွာက္ယြီက ေခါင္းညိတ္ကာ ေထာက္ခံ၏။
"တကယ္လွတယ္ကြာ"
ရွန္ခ်န္းဖုန္းမွာ ပါးစပ္ေတာင္ ႐ြဲ႕သြားေတာ့သည္။
ဒီလိုပုံျဖစ္ေနတာေတာင္ လွတယ္လို႔ ခ်ီးမြမ္းနိုင္ေသးတယ္ ဟုတ္လား?
မင္းညီမကိုပဲ သြားလွပါလား! ! !
မင္းမွာ အလွအပကို ခံစားတတ္တဲ့ မ်က္လုံးေကာရွိေသးရဲ႕လား! ! မင္းရဲ႕ အလွအပ စံႏႈန္းေတြက အဆင့္မမီေတာ့ဘူးလား! !
ရွန္ခ်န္းလင္က စိတ္ထဲမွာ ေအာ္ဟစ္ေနမိသည္။
ဒါႀကီးကိုျမင္ရင္ မခ်စ္မႏွစ္သက္တဲ့အမူအရာမ်ိဳး ေပၚတင္ ေပၚလာရမွာ မဟုတ္ဘူးလား???
သည္လိုအခ်စ္နတ္ဘုရားႀကီး ပုံစံဖမ္းေနတာက ဘယ္သူျမင္ေအာင္ ျပဖို႔လဲဟ! ! ! !
"ဇနီးေလးက ဘယ္လိုပုံစံနဲ႕ျဖစ္ျဖစ္ လွတယ္"
ခ်င္ေရွာက္ယြီက သူ႕ေမးေစ့ကို သူပြတ္သပ္လ်က္ ဆက္ေျပာသည္။
"ဒါနဲ႕.. ဒီေန႕ကစၿပီး ခင္ပြန္းျဖစ္သူ ကိုယ္က မင္းကို သိုင္းပညာသင္ေပးမယ္"
ဘာႀကီး! ! ေနပါဦး! ! ဒီကိစၥႏွစ္ခုက ဘာဆိုင္လို႔လဲ??
ရွန္ခ်န္းလင္က ယတိျပတ္ ျငင္းပယ္လာသည္။
"ငါမက်င့္ဘူး.. ငါ ပန္းထိုးခ်ည္ထိုးသင္မယ္"
ရွန္ခ်န္းဖုန္း - "........"
"မနက္ပိုင္း သိုင္းေလ့က်င္ၿပီး ၊ ေန႕လယ္ပိုင္း ပန္းထိုးခ်ည္ထိုးလုပ္ေလ"
ခ်င္ေရွာက္ယြီက သူ႕ေခါင္းေလးကို ပုတ္ကာ ဆိုလိုက္သည္။
"အဲ့ဒါဆို အဲ့လိုပဲ ဆုံးျဖတ္လိုက္ၿပီေနာ္"
မင္းတစ္အိမ္လုံးကို သြားဆုံးျဖတ္ပါ့လား! ! ! !
ရွန္ခ်န္းလင္က မ်က္သားမ်ား ရဲတက္လာၿပီး ငိုေတာ့မည့္ပုံျဖင့္ ရွန္ခ်န္းဖုန္း၏ ရင္ခြင္ထဲ ေျပးဝင္ကာ ဆိုသည္။
"အစ္ကိုႀကီး... သူ ကြၽန္ေတာ့္ကို အနိုင္က်င့္ေနတယ္"
ႏြဲ႕မယ္ဆိုလည္း အဆုံးထိ ႏြဲ႕ရေတာ့မွာေပါ့ေလ.. ဟင့္ဟင့္ဟင့္ ဒီလိုကိစၥမ်ိဳးက သူလို သ႐ုပ္ေဆာင္မင္းသားတစ္ေယာက္အတြက္ ဘာအခက္အခဲမွ မရွိဘူး ဟုတ္ၿပီလား! !
"ေရွာက္ယြီက မင္းေကာင္းဖို႔ စီစဥ္တာပါ"
ရွန္ခ်န္းဖုန္းက ႏွစ္သိမ့္ေလသည္။
"တကယ္လို႔ သူသင္ေပးတာ မခံခ်င္ဘူးဆို အစ္ကိုႀကီးကိုယ္တိုင္ သင္ေပးမယ္ေလ"
"ဘာလို႔လဲဗ်ာ?"
ရွန္ခ်န္းလင္က ငိုမဲ့မဲ့ျဖင့္ ေမးရာ ရွန္ခ်န္းဖုန္းလည္း သက္ျပင္းခ်လ်က္သာ ေျဖနိုင္၏။
"ဘာလို႔လဲဆိုေတာ့ မင္းေခ်ာ္လဲၿပီး ထိခိုက္ဒဏ္ရာရသြားတဲ့ေနာက္ပိုင္း အရင္ကနဲ႕ ေတာ္ေတာ္ေလး မတူေတာ့ဘူးေလ"
ေသာက္ပိုေတြ! ! ေသခ်ာေပါက္ မတူဘူးေပါ့ဟ!
ငါနဲ႕ အရင္က ရွန္ခ်န္းလင္က ရင္းမွမရင္းႏွီးတာကို! ! !
အဆိုပါ ရွန္ခ်င္းလင္အတုက မ်က္လုံးေလးမ်ား ပုတ္ကလက္ ပုတ္ကလက္ လုပ္ကာေမး၏။
"အဲ့တာနဲ႕ အခု သိုင္းပညာေလ့က်င့္ခိုင္းတာနဲ႕ ဘာဆိုင္လို႔လဲလို႔"
"ေရွာက္ယြီရဲ႕ ရွစ္ဖူးက မင္းကိုကူညီၿပီး ေဆးကုေပးနိုင္ေလာက္တယ္.. ဒါေပမဲ့ သူေနတဲ့ေနရာက ေဝးလံလြန္းတဲ့ ေတာင္ပင္လယ္ဘက္က ကြၽန္းတစ္ကြၽန္းေပၚမွာေလ.. ။ မင္းအရင္ဆုံး ကိုယ့္ကိုယ္ကိုယ္ အားရွိေအာင္ ၊ ေနေကာင္းေအာင္ ေနၿပီးမွ ခရီးေဝးႏွင္ၿပီး ေဆးသြားကုဖို႔ ခြန္အားရွိမွာေပါ့"
ရွန္ခ်န္းဖုန္းက ဆိုသည္။
"အစ္ကိုႀကီး မနက္ျဖန္ မနက္ကစၿပီး သင္လို႔လြယ္ကူတဲ့ လက္သီးသိုင္းကေန စသင္ေပးမယ္.. ေသြးပူေလ့က်င့္ခန္းလို႔ သေဘာထားတာေပါ့ကြာ"
"ဒါေပမဲ့ အစ္ကိုႀကီးတို႔ပဲ အရင္ကေျပာေတာ့ ကြၽန္ေတာ္က အတိတ္မေမ့ခင္က သိုင္းေလာက ထိပ္သီးသိုင္းပညာရွင္ဆို"
ရွန္ခ်န္းလင္က ေမွ်ာ္လင့္တႀကီးဆိုရွာသည္။
"ကြၽန္ေတာ့္ရဲ႕ သိုင္းပညာေတြ ျပန္ရလာေအာင္ လုပ္ေပးလို႔ မရဘူးလား?"
ေလယာဥ္ပ်ံရွိမွေတာ့ ဘာကိစၥျမည္းစီးရမွာလဲ! !
ၿပီးေတာ့ သိုင္းက်င့္ရတာ အဲ့ေလာက္ပင္ပန္းတာကို! !
ေပါင္တို႔က ကိုယ္ခ်င္းစာေသာ မ်က္လုံးမ်ားျဖင့္ သူ႕ကိုၾကည့္ေနရွာသည္။
"မရဘူး"
ရွန္ခ်န္းဖုန္းက ေခါင္းမာစြာျဖင့္ ေျပာလာသည္။
"မင္းရဲ႕ အခုလက္ရွိ အတြင္းအားက ႏွလုံးေသြးေၾကာထဲမွာ အပိတ္ခံထားရတာေလ.. ဇြတ္အတင္း သြားဖြင့္ထုတ္ရင္ အႏၲရာယ္ရွိနိုင္တယ္..။ အဲ့ဒါေၾကာင့္ အေျခခံ လက္သီးသိုင္းကေန စၿပီး ျပန္သင္ေပးမွရမယ္"
ရွန္အိမ္ရဲ႕ အႀကီးဆုံး သခင္ေလးလို႔ မေျပာရဘူး... ဟိုဆြဲထည့္ သည္ဆြဲထည့္နဲ႕ ေလွ်ာက္ေျပာတာေတာင္ သည္လို ယုတၱိရွိရွိ ၊ ပညာရွင္ဆန္ဆန္ ေျပာနိုင္ေသးတယ္.. ေအးစက္တည္ၿငိမ္ေနတာမ်ား! !
ရွန္ခ်န္းလင္၏ မ်က္ႏွာေပၚတြင္ "ကြၽန္ေတာ္ မေလ့က်င့္ခ်င္ဘူး" ဟူေသာ အနီေရာင္ စာလုံးႀကီး ေလးလုံးေရးသားထားေပသည္။
"စိတ္ပူစရာမလိုဘူးေနာ္"
ခ်င္ေရွာက္ယြီက သူ႕ေခါင္းကို ဖြဖြ ပြတ္သပ္၍ ေျပာလာသည္။
"မနက္ခင္းပိုင္း သိုင္းေလ့က်င့္႐ုံေလးပါပဲ... ေန႕လယ္ပိုင္း ကိုယ္အားရင္ မင္းပန္းထိုးခ်ည္ထိုးသင္တာတို႔.. မ်က္ခုံးေမြးလွေအာင္ အဆြဲက်င့္တာကို အေဖာ္လာလုပ္ေပးမယ္!"
ရွန္ခ်န္းလင္က ေခါင္းထဲ တဝုန္းဝုန္း ျမည္လ်က္ ခ်င္ေရွာက္ယြီ၏ အကၤ်ီလည္ပင္းေကာ္လံကို ဆြဲကာ အတြင္းခန္းထဲသို႔ ေခၚသြားေတာ့သည္။
"မင္းတို႔ေတြ ငါေနာက္လိုက္ဝင္မလာနဲ႕ေနာ္! !"
ရွန္ အႀကီးဆုံး သခင္ေလးႏွင့္ ေပါင္တို႔မွာ မ်က္လုံးခ်င္းစုံကာ ျပဴးၿပဲ ၾကည့္မိသြားေတာ့သည္။
ဒါကေရာ ဘာလုပ္ၾကတာလဲ??
"မင္း တမင္လုပ္တာမလား?"
တံခါးပိတ္ၿပီးေနာက္ ရွန္ခ်န္းလင္က ေဒါသတႀကီး အသံကိုႏွိမ့္၍ ေမးသည္။
"မင္းကို ပိုၿပီး က်န္းမာလာေအာင္လို႔ သိုင္းပညာေလ့က်င့္ေစခ်င္တာေလ..။ ကိုယ့္မွာ ဘာမ်ား တမင္လုပ္စရာရွိလို႔လဲ?"
ခ်င္ေရွာက္ယြီက ၿပဳံးၿပဳံးေလး ၾကည့္ကာ ျပန္ေမးသည္။
"မင္း...... ငါ..... မင္း......"
ရွန္ခ်န္းလင္က အံႀကိတ္လ်က္ ေျပာမထြက္နိုင္ျဖစ္ေနရသည္။
'ဒါဆို ငါ့ဗိုက္ထဲက ကေလးကိုက် ဘယ္လိုလုပ္မလဲ' ဆိုသည့္စကား ေျပာထြက္ဖို႔အထိေတာ့ အင္မတန္ ခက္ခဲေသးေခ်သည္ပင္...
ကိုယ္ေပၚမွာ သခြားသီးပါတဲ့ ေယာက်္ားတစ္ေယာက္အေနနဲ႕ေတာ့ ဒီလိုကိစၥမ်ိဳးႀကဳံရတာေတာင္ ခက္လွၿပီ! ! ေျပာထြက္ဖို႔ဆိုတာ ေဝးေသး! !
ေမြးထုတ္ဖို႔ဆို ပိုေတာင္ ေၾကာက္ဖို႔ေကာင္းေသး... ေျပာကို ေျပာမေနနဲ႕ေတာ့! !
သည္ဘက္ကမာၻမွာ အဲ့ေလာက္ ထူးဆန္းေထြလာကိစၥေတြ အမ်ားႀကီးျဖစ္ပြားေနတာ! ! ဘယ္အရာမွ မျဖစ္နိုင္ဘူးဆိုတာ မရွိနိုင္ဘူး! ! ! !
"ခြီး"
ခ်င္ေရွာက္ယြီက ရယ္သံထြက္လာေလသည္။
"မင္းေမဘိုးေအႀကီး ရယ္ေနလိုက္"
ရွန္ခ်န္းလင္က သူ႕ကို ေဒါသထြက္စြာ ထိုင္ၾကည့္ေနသည္။
"စိတ္ခ်ပါ.."
ခ်င္ေရွာက္ယြီက ႏွစ္သိမ့္လာ၏။
"အဲ့ဒီ လက္သီးသိုင္းပညာက ျဖည္းျဖည္းခ်င္း ေလ့က်င့္ၿပီး ျဖည္းျဖည္းခ်င္း က်င့္သားရေအာင္ လုပ္ရင္ရပါၿပီ။ ဒီတေလာ ပုံမွန္ေလ့က်င့္လို႔လည္း မင္းကိုယ္အတြက္ မဆိုးပါဘူး"
"မင္း... အစုတ္ပလုတ္ေကာင္!"
ရွန္ခ်န္းလင္က အံႀကိတ္ကာ ထပ္ေမးသည္။
"အဲ့ဒါဆို မင္းက ငါ့ကို သိုင္းပညာ မသင္ရေအာင္ ကူညီမေပးခ်င္ဘူးေပါ့ေလ?"
"ငါတို႔က မင္းအတြက္ေကာင္းေအာင္ စီစဥ္ေပးတာပါဆို"
ခ်င္ေရွာက္ယြီ၏ မ်က္ဝန္းအိမ္ထဲတြင္ အလိုလိုက္ခ်စ္ခင္ၾကင္နာျခင္းမ်ားစြာျဖင့္သာ။
ရွန္ခ်န္းလင္က သူ႕ကို တြန္းထုတ္ၿပီး အျပင္ ျပန္ထြက္သြားေတာ့၏။
အားကိုးလို႔မရဘူးဆိုတာ သိသားပဲ!
ေစာင့္ေနလိုက္! ငါ သိုင္းေလာကရဲ႕ ထိပ္သီးသိုင္းပညာရွင္ျဖစ္သြားရင္ ပထမဆုံးလုပ္မဲ့ အလုပ္က မင္းကိုသင္းကြပ္တာပဲကြ! !
ညဥ့္နက္သန္းေခါင္ယံတြင္ မိုးဖြဲေလးမ်ား ေျဖာက္ေျဖာက္က်လ်က္ ေလေျပက ပန္းရနံ႕တို႔ကို သယ္ေဆာင္လာသည္။
"ဂိုဏ္းခ်ဳပ္"
အမည္းေရာင္ဝတ္စုံႏွင့္ေယာက်္ားတစ္ဦးက ၿခံဝန္းငယ္ထဲသို႔ တိတ္တဆိတ္ဝင္ေရာက္လာသည္။
"ေခါင္းေဆာင္ယဲ့ရဲ႕ဒဏ္ရာ အေျခအေန ဘယ္လိုလဲ?"
"ေတာ္ေတာ္ေလး ျပန္ေကာင္းလာပါၿပီ။ ဂိုဏ္းခ်ဳပ္ စိတ္မပူပါနဲ႕"
ထိုအမ်ိဳးသားက ဆိုသည္။
"ဒါေပမဲ့ ဒီႏွစ္ပိုင္းမွာ မိစာၦဂိုဏ္းက ၾကာေလ ေသာင္းက်န္းေမာက္မာလာေလပဲ... တကယ္လို႔ ဂိုဏ္းခ်ဳပ္သာ ထပ္မလႈပ္ရွားေသးဘူးဆိုရင္ အခြင့္အေရးကို လက္လြတ္သြားမွာ စိုးရိမ္ရပါတယ္"
"ငါရက္နည္းနည္း ထပ္ေစာင့္လိုက္ဦးမယ္"
ခ်င္ေရွာက္ယြီက တစ္ခုခုကို ေတြးေနသည့္ႏွယ္ ေျပာလာသည္။
"သည္အတိတ္ေမ့သြားၿပီးေနာက္ပိုင္းရဲ႕ ရွန္ခ်န္းလင္က အေတာ္ေလးကို စိတ္ဝင္စားဖို႔ ေကာင္းေနတယ္"
"စိတ္ဝင္စားဖို႔ေကာင္းတယ္?"
ထိုေယာက်္ားက နားမလည္နိုင္စြာ ျပန္ေမးသည္။
"ငါအခု ရွန္ခ်န္းဖုန္းကို သူ႕ကို သိုင္းပညာသင္ေပးဖို႔ ေဖ်ာင္းဖ်ၿပီးသြားၿပီ"
ခ်င္ေရွာက္ယြီက ႏႈတ္ခမ္းေထာင့္မ်ား ေကြးၫြတ္လ်က္ဆိုသည္။
"တကယ္အတိတ္ေမ့တာလား.. ဟန္ေဆာင္ေနတာလား.. မနက္ျဖန္မနက္ဆို သိရမွာပဲ"
*****
ဒုတိယေန႕ မနက္ခင္း မိုးမလင္းခင္ ရွန္ခ်န္းလင္ခမ်ာ သူ႕အစ္ကိုႀကီးက သူ႕ကို အိပ္ရာေပၚက ဆြဲခ်တာကို ခံလိုက္ရေတာ့သည္။
"အစ္ကိုႀကီး!"
ရွန္ခ်န္းလင္က မ်က္ရည္ေလးမ်ား ဝဲ၍ ေဘာင္းဘီတိုႏွင့္ အတြင္းဝတ္အကၤ်ီေလးသာ ဝတ္ထားၿပီး သူ႕အစ္ကိုကို ၾကည့္ေနသည္။
"အိပ္ေရးမဝေသးဘူးလို႔! !"
"အိပ္လို႔မ,ဝေသးလည္း ထ,ရမယ္!"
ရွန္ခ်န္းဖုန္းက ႀကိမ္းေမာင္းေလသည္။
႐ုတ္တရက္ႀကီး အဲ့လို မဆူနဲ႕ေလဗ်ာ! ! !
ရွန္ခ်န္းလင္က စိတ္ပ်က္လက္ပ်က္ျဖင့္ ေရအျမန္ခ်ိဳးရေလသည္။ ထို႔ေနာက္ ေပါင္တို႔ ျပင္ဆင္ေပးထားေသာ အနက္ေရာင္ဝတ္စုံကို လဲလွယ္ဝတ္ဆင္လိုက္သည္။
အခုေတာ့ ၾကည့္လိုက္လွ်င္ ထိပ္သီးသိုင္းပညာရွင္၏ အသြင္အျပင္ ဟိတ္ဟန္မ်ိဳး ထြက္ေပၚလာေခ်ၿပီ။
သို႔ေသာ္ျငား 'ၾကည့္လိုက္လွ်င္' တူျခင္းသာျဖစ္သည္။
ရွန္ခ်န္းလင္ကဲ့သို႔ အိပ္ထမတင္ေတာင္ လွဲခ်ၿပီးရင္ ျပန္မထလာနိုင္တဲ့ အားႏြဲ႕သူ အလွေလးအတြက္ ထိုေမဟြားလက္သီးသိုင္းတို႔ ဘာတို႔ ၾကားလိုက္႐ုံနဲ႕ေတာင္ ေခါင္းမူးတယ္..
ဒါသင္ရမွာနဲ႕ယွဥ္ရင္ တကယ္ႀကီး ပန္းထိုးခ်ည္ထိုးသြားလုပ္တာကမွ ဟုတ္ဦးမယ္!
ခ်င္ေရွာက္ယြီက သိုင္းေလ့က်င့္ေရးကြင္းထဲမွာ သူ႕ကိုေစာင့္ေနၿပီး ၿပဳံးစစျဖင့္ ဆိုလာသည္။
"ကိုယ့္ဇနီးေလးက ဘာဝတ္ဝတ္ အၿမဲတမ္း ၾကည့္လို႔ေကာင္းေနတာပဲ"
"ပါးစပ္ပိတ္ထား! !"
ရွန္ခ်န္းလင္က မ်က္ေစာင္းတစ္ခ်က္ထိုးလိုက္သည္။
မင္းလို ဇနီးသည္နဲ႕ သားသမီး ေဘးဒုကၡေရာက္တာကို သိသိရက္နဲ႕ ဂ႐ုမစိုက္တဲ့ အစုတ္ပလုတ္ေကာင္! ! !
"အရင္ဆုံး အေၾကာေျဖရေအာင္"
ရွန္ခ်န္းဖုန္းက သူ႕ေျခေထာက္တစ္ဖက္ကို ဆြဲမလိုက္သည္။
"အားးးးးးးးး! ! ! ! ! ! ! !"
ရွန္ခ်န္းလင္မွာ နာနာက်င္က်င္ ေအာ္ဟစ္လိုက္မိသည္။
လာလာခ်င္း ဒီေလာက္အျမင့္ႀကီး မျမႇောက္ခိုင္းနဲ႕ေလ! ! ! ! !
နာလို႔ေသတယ္မယ္ဟ! ! ! ! !
ခ်င္ေရွာက္ယြီက သစ္ပင္ကို မွီကာ အူတက္ေအာင္ ရယ္ေလသည္။
မင္းညီမကိုပဲရယ္ေနလိုက္! !
ရွန္ခ်န္းလင္က သူ႕ကို စိတ္ဆိုးမာန္ဆိုးၾကည့္လ်က္ ေတြးေနမိသည္။
ထပ္ရယ္ရဲ ရယ္ၾကည့္! ဒီကသခင္ေလးက မင္းကို ေအရိုးဗစ္ကျပလိုက္မယ္ဗ်! ! ! ! !
အဲ့က်မွ လန႔္လို႔ေသေနမယ္! ! ! ! !
🍀