Unicode>>
ဝုန်းဝုန်းဒိုင်းဒိုင်းအချိန်နောက်ပြန်ခရီးသွားလိုက်ရပြီ
နွေဦးအခါသမယ သုံးလပိုင်းတွင် သိုင်းလောကတစ်ခွင်၌ မိုးတိမ်များအုံ့မှိုင်းကာ မိုးဖွဲဖွဲရွာနေလေသည်။
ချင်ဟွိုင်မြစ်ရေပြင်ကို ဖြတ်၍ ဗျပ်စောင်းသံသာသာက အဝေးတစ်နေရာမှ ပျံ့လွင့်လျက်ရှိသည်။ ကမ်းစပ်ရှိ သစ်ပင်သစ်ခက်များအောက်တွင် မက်မွန်ပန်းများ ဟိုဟိုသည်သည်အနှံ့ ဝေဆာလျက်ရှိပေ၏။ နဂိုက နွေဦးအလှအပများကို ခံစားကြည့်ရှုရင်း အလည်အပတ်ခရီးထွက်ဖို့ အချိန်ကောင်းဖြစ်သော်လည်း သိုင်းလောက၌ အင်မတန်ကြီးမားသော ကိစ္စတစ်ရပ် ဖြစ်ပွားသွားခဲ့လေသည်။
နေလတောင်ထွဋ်စံအိမ်တော်ရဲ့ သခင်လေးရှန်ချန်းလင်မှာ သစ်ပင်ပေါ်က ပြုတ်ကျလာပြီး အတိတ်မေ့သွားလေသတည်း....
သည်သတင်းမှာ အလွန်အမင်း ထူးခြားလှပေသည်။
တစ်လောကတစ်ခုလုံးရှိ သူရဲကောင်းသိုင်းသမားအပေါင်း အသိပင်.. ယနေ့ခေတ်ဝူလင်သိုင်းလောကရှိ ဂိုဏ်းအသီးသီးမှာ မြစ်ထဲတွင် ငါးများစွာ ကူးလူးသွားလာနေသကဲ့သို့ များပြားနေသော်လည်း အမှန်ဧကန်စင်စစ် အာဏာရှိပြီး လွှမ်းမိုးနိုင်သော နာမည်ကျော်မိသားစုမှာမူ လေးခုသာရှိလေသည်။
အရှေ့မြောက်ပိုင်းဒေသရှိ ဝူရွှယ်မန်၊ နောက်မြောက်ပိုင်းဒေသရှိ သွမ့်ချင်ဂူ၊ အနောက်တောင်ပိုင်းဒေသရှိ ထန်စံအိမ်တော် နှင့် သည်ကျန်းနန်ဒေသရှိ နေလတောင်ထွဋ်စံအိမ်တော် တို့ပင်။
ထို့အပြင် ဤကံဆိုးရှာသော ရှန်ချန်းလင်သည် နေလတောင်ထွဋ်စံအိမ်တော်၏ အရှင်သခင် ဂိုဏ်းချုပ်ရှန်ဖုန်း ချစ်မြတ်နိုးရဆုံးသော မျက်ရှုသားရတနာလေးပင်ဖြစ်၏။ တစ်လောကလုံးတွင် သူအား မကြားဖူးသည့်သူမရှိ၊ မသိသည့်သူမရှိပါသော ဓနဥစ္စာပြည့်စုံကုံလုံပြီး ကျက်သရေရှိချောမောလွန်းလှသည့် သခင်လေးတစ်ပါးပါပေ။
.
.
.
"ကျွန်မရဲ့ကံဆိုးတဲ့လင်အာလေးရယ်"
ခမ်းနားထည်ဝါလှသော စံအိမ်တော်ကြီး၏ အိမ်ဝန်းထောင့်တစ်နေရာတွင် အသက်လတ်ပိုင်းမိန်းမလှတစ်ဦးက အော်ဟစ်ငိုယိုနေလေသည်။ မျက်နှာချေများက မျက်နှာအနှံ့ပေကျံနေပြီး မြင်ကွင်းမှာ လူသတ်ဖြတ်တော့မည့်သကဲ့သို့ပင်။
"အမေ"
စိတ်ပျက်လက်ပျက်ဖြစ်နေသော လူငယ်ချောချောလေးက ပြတင်းပေါက်မှ လှမ်းပြောလိုက်သည်။
"အမေဘာလို့ မပြန်သွားသေးတာလဲ"
နှုတ်ဆက်ပြီးသွားတာ လက်ဖက်ရည်တစ်ခွက်သောက်စာ အချိန်လောက်ရှိနေပြီလေ! သူသာ ဆက်ပြီးအဲ့လို ငိုနေရင် ကိုယ့်ဘာသာကိုယ်တောင် "ငါ အတိတ်မေ့သွားတာမဟုတ်ဘူး..ငါ သေသွားပြီမို့လို့ ငါ့အမေက ဒီလိုလာငိုနေတာပါလား" လို့ အထင်မှားမိတော့မယ်
"အမေက မင်းကို သနားလို့ပါ"
အသက်လတ်ပိုင်းမိန်းမလှက လက်ကိုင်ပုဝါဖြင့် မျက်ရည်များကို သုတ်လိုက်သည်။
"အဲ့ဒါတွေ အားလုံးက သေသင့်တဲ့မင်းအဖေကြောင့်ပဲ... ငါတို့သားအမိနှစ်ယောက်ကို နှစ်နာရီထက်ပိုပြီး အတူတူနေခွင့်မပေးဘူးလေ...တကယ်ကို နှလုံးသားက သံကျောက်တုံးနဲ့လုပ်ထားတဲ့လူပါတော်!"
အဲ့ဒါကမှ ကျွန်တော့အဖေအရင်းလေ ဟုတ်ပြီလား!
ရှန်ချန်းလင်၏ရင်ထဲတွင် ကျေးဇူးတင်လို့ မဆုံးပေ။ မဟုတ်ပါက အမေဒီလို လူးလှိမ့်ပြီးငိုယို အော်ဟစ်နေတာကို နှစ်နာရီထက်ပိုကြာအောင် နားထောင်ရလို့ကတော့ မိမိသည် သေချာပေါက် သွေးအန်ကာ နောက်ထပ်တစ်ကြိမ် သတိလစ်မေ့မြောသွားဦးမလားပင် မပြောတတ်တော့။
တွေးကြည့်ရုံနဲ့တင် ကြောက်ဖို့ကောင်းလိုက်တာ!
သခင်မကြီးအား မနည်းပြန်ခိုင်းလိုက်ပြီးနောက် ရှန်ချန်းလင်က ညောင်စောင်းပေါ်သို့ ပြန်တက်ထိုင်လိုက်သည်။ မုန့်ချိုကိတ်တစ်ခုကို ယူစားလိုက်ပြီး အစေခံငယ်လေးပြောပြသည့် အတိတ်ကအကြောင်းများကို ဆက်လက်နားထောင်နေလိုက်သည်။ စိတ်အခြေအနေမှာ တော်တော်လေးဆိုးဝါးနေတာမို့ မည်သူ့ကိုမှ တည့်တည့်တောင်မကြည့်ချင်ပေ။
အဘယ့်ကြောင့်ဆိုသော် လွန်ခဲ့သော သုံးရက်က သူသည် ဆုပေးပွဲအခမ်းအနားသို့တက်ရောက်ကာ တက်သစ်စအမျိုးသားသရုပ်ဆောင်ဆုကို ရယူနေခဲ့ခြင်းဖြစ်သည်။ ဆုတံဆိပ်ကို ကိုင်ကာ မျက်ရည်စမ်းစမ်းဖြင့် ကြည်နူးဝမ်းသာလုံးစို့နေချိန်ဖြစ်၏။ သို့သော် ကျေးဇူးတင်စကားတစ်ခွန်းပင် မဆိုလိုက်နိုင်ခင်မှာ အမိုးမျက်နှာကြက်ကြီးတစ်ချပ်က မိမိခေါင်းပေါ်သို့ ပြုတ်ကျလာလိမ့်မည်ဟု မည်သူက ကြိုသိနိုင်လိမ့်မလဲ? သတိပြန်ရလာချိန်၌ ရုပ်ပိုင်းဆိုင်ရာ ပုံပန်းအသွင်အပြင်က မပြောင်းမလဲ..နာမည်ကလည်း မပြောင်းမလဲသော်ငြား..ဖြစ်တည်မှုမှာတော့ နေလတောင်ထွဋ်စံအိမ်တော်၏ သခင်လေးအဖြစ်သို့ ပြောင်းလဲသွားချေသည်။
သ! ခင်! လေး! ဆိုတဲ့ စကားသုံးလုံးကို ကြားလိုက်ရတဲ့အခိုက်အတန့်မှာတော့ ရှန်ချန်းလင်တစ်ယောက် တောင့်တင်းသွားတော့သည်။ သူသည် ဧကန်အမှန်ပင် အနာဂတ်ကာလများတွင် နောက်လိုက်နောက်ပါများဖြင့် အများရှေ့ ကိုယ်ယောင်ကိုယ်ဝါပြလို့ ဝံ့ဝံ့ကြွားကြွားနေချင်ခဲ့ဖူးပါသည်။
ဒါပေမဲ့ အနာဂတ်မှာလို့ ပြောတာလေ.. ဘယ်လိုဖြစ်ပြီး ပြောလိုက်တာနဲ့ အမှန်တကယ်ဆန္ဒပြည့်ဝသွားရတာလဲ!
ပြီးတော့ အခုလေးတင် အမျိုးသားသရုပ်ဆောင်ဆုရတယ် အခုပဲသေသွားရတယ်တဲ့.. ဒီထက် ဝမ်းနည်းကြေကွဲဖို့ကောင်းတာရှိဦးမလား!
.
.
.
"လင်အာစိတ်ချ ၊ မြေကြီးကို သုံးပေလောက်တူးပြီးရှာရမယ်ဆိုရင်တောင် အဖေက မင်းကို လုပ်ကြံတဲ့လူကို ရအောင် ဖော်ထုတ်ပေးမယ်!"
သတိရချိန်၌ စံအိမ်တော်သခင်ဖြစ်သူက မာန်ပါပါဖြင့် သူ့လက်ကို ကိုင်ထားကာ မျက်လုံးချင်းဆုံပြီး ပြောလာခြင်းဖြစ်သည်။
"ဖမ်းမိတဲ့အချိန်ကျရင် တစ်စစီဆုတ်ဆုတ်၊ အရေခွံနွှာပြီးမီးနဲ့ကင်ကင်၊ ဆီနဲ့ကြော်ကြော် အားလုံး သားလေး သဘောကျသာလုပ်!"
ရှန်ချန်းလင်၏ ကျောတစ်လျှောက်လုံး တောင့်တင်းသွားရသည်။
အ အ အ အရေခွံနွှာပြီး တစ်စစီဆုတ်?
"ရွံဖို့ကောင်းလိုက်တာ... လင်အာကိုတောင် လျို့ဝှက်လုပ်ကြံရဲတယ်ဆိုတော့ ဒီရန်ကြွေးကို မတုန့်ပြန်နိုင်သရွေ့ ငါက သူ့အစ်ကို(၂) ဘယ်လိုလုပ် ပီသနိုင်ပါတော့မလဲ!"
ဘေးတစ်ဖက်ရှိ တောက်ပြောင်ခမ်းနားသော ကျင်ခပ်အင်္ကျီဝတ်ဆင်ထားသည့် လူငယ်လေးမှာလည်း မပြီးနိုင်မစီးနိုင် အမျက်ဒေါသထွက်လျက်ရှိသည်။ ရတနာဓားကို ဆွဲထုတ်လာပြီး သစ်သားစားပွဲနီတစ်ခုံကိုပင် နှစ်ပိုင်းပိုင်းလိုက်သေးသည်။ အလွန်ပင် အားပြင်းလှ၏!
ကြွေခွက်များ ကြမ်းပေါ်ပြုတ်ကျသွားပြီး တစ်စစီကွဲအက်သံများ ညံနေအောင် ထွက်လာသည်။ ရှန်ချန်းလင်တစ်ယောက်မှာတော့ ချက်ချင်းလက်ငင်း မျက်ရည်စို့တက်လာရတော့သည်။ သည်အိမ်ကလူတွေကြည့်ရတာ တစ်ယောက်ချင်းတိုင်းက အကြမ်းဖက်ပေါက်ကွဲမဲ့ပုံတွေချည်း။ အကယ်၍ သူတို့ရှေ့က မိမိသည် နဂိုလူအစစ်နေရာကို လဲလှယ်အစားထိုးပြီး ဝင်ရောက်လာသူဖြစ်ကြောင်းသာ သိသွားကြည့်...သေချာပေါက်ကြိုးနဲ့တုတ်ပြီး မိစ္ဆာကောင်လို့ သမုတ်ကာ မီးနှင့်ရှို့မှာဧကန်ပင်။
မီးနဲ့အရှို့ခံရတာတို့ ဘာတို့က ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ!ဘယ်လိုပဲဖြစ်ဖြစ် အသက်ရှင်အောင်အရင်နေရမယ်... ဘုမသိဘမသိ အသက်ရှင်နေရရင်တောင် ဘဲကင်ဖြစ်တာထက်စာရင်တော့ တော်သေးတယ်!
သည်လိုဖြင့် သူသည် စံအိမ်တော်သခင်၏ လက်ကိုဆုပ်ကိုင်လိုက်ပြီး ကြေကွဲစွာဖြင့် ဆိုလိုက်သည်။
"အဖေ...ကျွန်တော် အတိတ်မေ့သွားပြီထင်တယ်"
သရုပ်ဆောင်မင်းသားလို့ကို မပြောရဘူး...အရမ်းပရော်ဖက်ရှင်နယ်ဆန်တယ်!
ထိုစကားပြောလိုက်သည်တစ်ခဏတွင် ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။
ရှန်ချန်းလင်သည် သနားစဖွယ် အပြစ်ကင်းသောမျက်လုံးလေးဖြင့် အားလုံးကို ကြည့်လိုက်သည်။ စိတ်ထဲတွင်တော့ ရတက်မအေးလျက်ရှိသည်။
မယုံဘဲနဲ့တော့ မနေလောက်ပါဘူးနော်.. အလိမ်ပေါ်သွားရင်တော့ သေမှာပဲ။ ဒီလိုအချိန်မျိုးမှာပိုပြီး စိတ်အေးအေးထားရမယ်!
"အတိတ်မေ့တယ်?"
စံအိမ်တော်သခင်ကြီးက အံ့သြထိတ်လန့်ပြီး မယုံနိုင်စွာဖြင့် တဖန်ရွတ်လိုက်သည်။
ရှန်ချန်းလင်က အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုရ မင်းသားတစ်ယောက်၏ ပညာအရည်အချင်းများကို အပြည့်အဝထုတ်သုံး၍ မျက်ဝန်းအိမ်နှင့်အပြည့် မျက်ရည်များဝဲတက်လျက် သနားကမားဖြင့် ဖြေသည်။
"အင်း...အရင်ကကိစ္စတွေ မမှတ်မိတော့ဘူး"
"အမလေးတော် ကျွန်မရဲ့ဘဝက ကံကိုမကောင်းပါလားနော်....."
သခင်မကြီးမှာ ထိုစကားကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် အော်ဟစ်ငိုချင်းချကာ မူးလဲသွားတော့သည်။
မူးလဲသွားတာ မြန်လိုက်တာမှ!
ရှန်ချန်းလင် - "......"
"ရှိရှိသမျှအကုန်လေ... ဘာကိစ္စမှကို မမှတ်မိတော့တာလား?"
စံအိမ်တော်သခင်ကြီး၏ မျက်ဝန်းများသည် အလွန်အမင်း စိတ်ပူပင်နေမှန်းသိသာလှသည်။
လူအိုတစ်ယောက်ကို မိမိကြောင့် စိတ်ပူပန်ရစေမိသည့်အတွက် ရှန်ချန်းလင်မှာ အပြစ်မကင်းစိတ်ဖြစ်ရပေ၏။ သို့ရာ အပြစ်မကင်းစိတ်ဖြစ်တာက တစ်ပိုင်းသပ်သပ်ဖြစ်ပြီး ရိုးရိုးသားသားဝန်မခံပစ်နိုင်ခြင်းက တစ်ပိုင်းသပ်သပ်ဖြစ်ပေသည်။ ပြီးတော့ "ခင်ဗျားရဲ့သားက အသက်ထွက်သွားပြီ" ဟုမည်သို့မည်ပုံ ဒဲ့တိုးပြောရပေမည်နည်း? ထို့ကြောင့် သူ့အမေးကိုသာ ခေါင်းညိတ်ပြလိုက်လေသည်။
စံအိမ်တော်သခင်ကြီးက သက်ပြင်းချလေသည်။
"ကြည့်ရတာ သစ်ပင်ပေါ်က ပြုတ်ကျတုန်းက ခေါင်းကို ထိခိုက်သွားတယ်ထင်တယ်"
စကားဆုံးသည်နှင့် ခုနက ကျင်ခပ်အင်္ကျီစိမ်းပြာရောင် ဝတ်ဆင်ထားသော လူငယ်က ဓားကို ဆွဲထုတ်လိုက်ပြန်သည်။ ဒေါသတကြီးဖြင့် ထိုင်ခုံတစ်ခုံကို ထက်ခြမ်းခွဲလိုက်ပြန်သည်။
ရှန်ချန်းလင်က စိတ်ရှုပ်ထွေးစွာဖြင့် ထိုသူကို ကြည့်လိုက်၏။
သူက လက်သမားနဲ့များ ရန်ငြိုးရှိနေတာလား!
"လင်အာ စိတ်ချ...အစ်ကို (၂) သေချာပေါက် အတော်ဆုံး ဆေးသမားတော်ကို ရှာပြီး ကုပေးမယ်"
ကျင်ခပ်အင်္ကျီစိမ်းပြာရောင်နှင့်လူက ပြောသည်။
"......အော...ကျေးဇူး"
စကားမှားပြောမိမှာစိုးသဖြင့် ရှန်ချန်းလင်က စကားကို ရွှေလိုခြွေတာပြီးပြောဖို့သာ စိတ်ဆုံးဖြတ်ထားလိုက်လေသည်။
ကံကောင်းထောက်မစွာပင်...သည်ကိစ္စနဲ့ပတ်သတ်ပြီး မည်သူမျှသံသယဝင်ချေ။ ရှန်ချန်းလင်လည်း အောင်မြင်စွာဖြင့် ပထမအဆင့်ကို ကျော်ဖြတ်လိုက်နိုင်သည့်အပြင် အနီးကပ်စောင့်ရှောက်သော အစေခံတစ်ဦးပင်ရလိုက်သေးသည်---သူများတွေပြောတာကတော့ သူငယ်ငယ်လေးကတည်းက အနားမှာအတူရှိခဲ့တဲ့ အဖော်တဲ့။ ထို့ကြောင့် သည်ရက်ပိုင်းတွင် ရှန်ချန်းလင်တစ်ယောက် ထိုသူအား ဟိုမေးသည်မေးဖြင့် စပ်စုစုံစမ်းနေလေသည်။ အနာဂတ်တွင် မည်သို့ဖြစ်လာနိုင်မည် မသိသောကြောင့် ကိစ္စတော်တော်များများကို သိရှိထားလျှင်လည်း အလကားမဖြစ်ပေ။
"သခင်လေး အတိတ်မေ့သွားတဲ့ကိစ္စက တော်တော်ကြီးကျယ်တာနော်"
အစေခံလေးက သူ့ခြေထောက်များကို ခပ်ဖွဖွထုပေးရင်း ပြောပြနေသည်။
"ကျန်းဟူ(သိုင်းလောက)တစ်ခုလုံး ပွက်လောကိုရိုက်နေတာပဲရယ်"
"ဘာလို့လဲ?"
ရှန်ချန်းလင်က အံ့သြနေမိသည်။
"ဧကန္တ သူက...ငါက သိုင်းလောကတစ်ခွင်မှာ ထင်ပေါ်အရာရောက်တဲ့ပုဂ္ဂိုလ်မျိုးလား?"
"သေချာတာပေါ့" အစေခံလေးက မျက်ခုံးများပင့်၍ ကျေနပ်စွာပြောသည်။
"ဒီနေ့ဝူလင်သိုင်းလောကထဲမှာ နေလတောင်ထွဋ်စံအိမ်တော်က အငယ်ဆုံး သခင်လေးရှန်ကို မသိတဲ့လူရယ်လို့ မရှိဘူးလေ!"
"ဘယ်လိုမျိုး နာမည်ကျော်ကြားတာလဲ?"
ရှန်ချန်းလင်တစ်ယောက် စိတ်ဝင်စားလို့လာသည်။
မဟုတ်မှလွဲ ထိပ်သီးသိုင်းပညာရှင်တစ်ယောက်? တကယ်သာ အဲ့လိုဆိုရင်တော့ နည်းနည်းမိုက်သလိုပဲ!
"ဘာလို့ဆို သခင်လေးက အရမ်းချောမောလွန်းလို့လေ"
အစေခံလေးက သူ့အရှိန်နဲ့သူဆက်ပြောနေသည်။
"အဲ့ဒီနှစ်တုန်းကလေ... ရှီးဟူရေကန်ရဲ့အလှအပတွေ ရှုစားနေတဲ့သခင်လေးကို အသက်ရွယ်ပေါင်းစုံ အိုအိုပျိုပျိုမိန်းမငယ်လေးတွေက မြင်ဖူးချင်လို့၊ လက်ကလေး ကိုင်ဖူးချင်လို့ဆိုပြီး ရန်ဖြစ်ကြ၊ တိုးကြ၊ တိုက်ကြနဲ့ ဖိနပ်တောင်ကျွတ်ပါတယ်ဆို!"
ရှန်ချန်းလင်မှာ ရေသီးလုနီးပါးပင်ဖြစ်သွားသည်။
"အဲ့ဒီရှီးပေက ဝူချင်ဂူရဲ့ ဒုတိယသခင်လေးဆို ရွှေငွေကျောက်မျက်ရတနာတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ အိမ်တိုင်ရာရောက် ကိုယ်တိုင်လာရှာပြီး မင်္ဂလာကိစ္စကမ်းလှမ်းသေးတယ်...သခင်လေးနဲ့ရေစက်အကြောင်းပါဖို့ မျှော်လင့်ချက်တွေနဲ့လေ"
အစေခံလေးက အားရကျေနပ်လျက် ဆက်ပြောသည်။
"ကျွန်တော် လေလုံးထွားတာမဟုတ်ဘူးနော်... လွန်ခဲ့တဲ့နှစ်ပေါင်းသုံးရာကနေ နောင်လာမဲ့နှစ်ပေါင်းသုံးရာတိုင်အောင် သခင်လေးလိုမျိုး တန်ဖိုးကြီးကျောက်စိမ်းလိုလူကတော့ ရှားမှရှားပဲ။ တကယ်ကို နတ်သက်ကြွေပြီးလူ့ပြည်ဆင်းလာတာမလား...သာမန်လူတွေထဲမှာ သည်လိုရုပ်ရည်မျိုးဘယ်မှာရှိလိမ့်မလဲ?"
"မင်းက ငါ့ကို မြှောက်ပြောနေတာလား?"
ရှန်ချန်းလင်က မေးလိုက်သည်။
"မဟုတ်ပါဘူး!"
အစေခံလေးက အစော်ကားခံလိုက်ရသည့်နှယ် နစ်နာကြေကွဲစွာပြောလာသည်။
"ကျွန်တော်က အဆင့်နိမ့်တယ်ဆိုပေမဲ့ ခေါင်းမာပါတယ်...မြှောက်ပင့်ပြောဆိုပြီး ဖားတဲ့ကိစ္စမျိုးကို ဘာလို့လုပ်ရမှာလဲ?"
"ဒါနဲ့...မင်းနာမည်ကိုတောင် မမေးမိသေးဘူး"
ရှန်ချန်းလင်က အနည်းငယ် အားနာသွားလေသည်။ သတိမေ့နေရာကနေ ပြန်နိုးလာကတည်းက သူ့ကို ရေဆက်၊ လက်ဖက်ရည်ဆက်ဖြင့် ခစားပြုစုရင်း အလုပ်ရှုပ်နေတာကို သတိထားမိလေသည်။ အိမ်ကလူတွေက သူ့ကို အားတို့ ဟုခေါ်ကြသော်ငြား အသေးစိတ်မပြောကြပေ။
"ကျွန်တော့်ကို ချီးပေါင်တို့ဖူ(ရတနာခုနစ်ပါးတို့ဖူးဟင်း)လို့ ခေါ်ပါတယ်"
အစေခံလေးက ရင်ကော့ ခါးမတ်၍ ပြောသည်။ ရှန်ချန်းလင်က ရယ်သံထွက်သည်အထိ ရယ်မောမိသွားလေသည်။
"လူတစ်ယောက်ကို ဘာကိစ္စ ဟင်းနာမည်ပေးထားရတာလဲ"
"သခင်လေးပဲ ကျွန်တော့်အတွက် မှည့်ပေးခဲ့တာလေ"
အစေခံလေးက မပွင့်တပွင့်ပြန်ပြောလေသည်။ ရှန်ချန်းလင်မှာ နားမလည်နိုင်ဖြစ်သွားရတော့သည်။
"ဒီလောက်ရယ်ရတဲ့နာမည်က ငါမှည့်ပေးထားတာပေါ့?"
"ဘယ်မှာရယ်ရလို့လဲ!"
အစေခံလေးက ငြင်းဆန်လေသည်။
"အမြင်လည်းလှပြီး စားလို့လည်းကောင်းတဲ့ဟာကို၊ သခင်လေးက အဲ့တုန်းက ကျွန်တော့်ကို အဲ့ဒါနဲ့ ပတ်သတ်တဲ့ ပုံပြင်တောင် ပြောပြသေးတယ်လေ.. အရမ်းဝမ်းနည်းဖို့ ကောင်းတာကို"
"ပြောင်းလိုက်ပါတော့..."
ရှန်ချန်းလင်က တွေးလိုက်သည်။
"နောင်ကျရင် မင်းကို ပေါင်တို့ (ရတနာပဲစေ့) လို့ခေါ်မယ်လေ.. ဘယ်လိုလဲ? "
ခေါ်လို့လည်း တိုတယ်...ပူညံပူညံ ပွစိပွစိလုပ်တတ်တဲ့ အကျင့်စရိုက်နဲ့လည်း ကိုက်တယ်
"ပေါင်တို့?"
အစေခံလေးက ခေတ္တမျှစဉ်းစားလိုက်ပြီး မဆိုးလှဟုထင်သဖြင့် ချက်ချင်းလက်ခံလိုက်လေသည်။
"ဟုတ်ကဲ့...ကျွန်တော့်နာမည်က ပေါင်တို့!"
"ဒါဆို ငါ့အရင်ကကိစ္စတွေ ဆက်ပြောပြ"
ရှန်ချန်းလင်က ဆိုသည်။
"စံအိမ်တော်အတွင်းမှာဖြစ်တဲ့ကိစ္စတွေ တော်တော်လေး သိသွားပြီဆိုတော့ တခြားဟာမရှိတော့ဘူးလား? ဥပမာ....ငါ့ရဲ့သိုင်းပညာက အစ်ကို (၂) ထက် ပိုတော်လားဆိုတာမျိုး?"
အစက ဓားတစ်ချက်ဝှေ့ရမ်းရုံနဲ့ သစ်သားနီစားပွဲခုံကြီးကို နှစ်ပိုင်းပိုင်းလိုက်နိုင်တော့ တော်တော်လေး အထင်ကြီးထားတာ... နောက်မှပြန်သိရတာက အဲ့ဒီ ကျင်ခပ်အင်္ကျီစိမ်းပြာရောင်နဲ့ လူက ဒီအိမ်က သခင်လေးတွေ အားလုံးထဲမှာ သိုင်းပညာအနိမ့်ဆုံးတစ်ယောက်တဲ့!
"အစ်ကို (၂) က အဖေ့သားတွေထဲမှာ သိုင်းပညာအညံ့ဆုံးတစ်ယောက်ဆိုမှတော့ ငါက သိပ်မဆိုးတဲ့အခြေအနေမှာတော့ ရှိလောက်မှာပေါ့?"
ရှန်ချန်းလင်က မျှော်လင့်ချက်အပြည့်ဖြင့် ပြောသည်။
"သခင်လေးကတော့ စိတ်ကူးယဉ်နေပြန်ပြီ"
အစေခံလေးက တည်တည်တံ့တံ့ပြောလာသည်။
"သူတို့ပြောတဲ့ သည်အိမ်မှာ ဒုတိယသခင်လေးသာလျှင် သိုင်းပညာမှာအညံ့ဆုံးဆိုတာက သခင်လေးကို လုံးဝ ထည့်ကိုမတွက်ထားဘဲပြောတာလေ"
ပြီးနောက် ရှန်းချန်လန်က သည်ကိစ္စကို သည်လိုပဲလက်ခံလိုက်မည်ထင်ပါသလား?
သေချာပေါက် လက်မခံနိုင်ပါ။
ကြားကြားချင်း မျက်ဖြူလန်သွားကာ တစ်ခါတည်း သတိလစ်မေ့မြောသွားလေတော့သည်။
ရက်စက်လိုက်ကြတာ!
"အားအားအား သခင်လေး!"
အစေခံလေးမှာ လိပ်ပြာပင် လွင့်တော့မတတ် လန့်သွားပြီး သမားတော်ပင့်ရန် လည်ချောင်းကွဲမတတ် အော်ဟစ်လေတော့သည်။
ဘယ်လိုဖြစ်ပြီး ချက်ချင်းလက်ငင်း မူးလဲရတာလဲနော်... လန့်လို့သေတော့မှာပဲ!
အမွှေးတိုင်တစ်တိုင်စာကြာပြီးနောက် ရှန်ချန်းလင်၏ခုတင်ပတ်ပတ်လည်တွင် လျော့ပေါ့ပြောရလျှင်တောင် သမားတော်ဆယ်ယောက်ခန့် ဝိုင်းနေသည်။ ထို့အပြင် အခန်းအပြင်ဘက်၌ စံအိမ်တော်သခင်ကြီး ရှန်ဖုန်းမှာတော့ သောကအပူမီး ဝိုင်းနေရှာသည်။
"ကျွန်မရဲ့လင်အာလေးရယ်!"
အသက်လတ်ပိုင်းမိန်းမလှကြီးက မြေကြီးကို ပုတ်ကာ ပုတ်ကာ ငိုကြွေးနေပေသည်။
အစေခံလေးကမူ မြေကြီးပေါ်၌ ထိုင်ကာ ကတုန်ကယင်ဖြင့် ဆိုနေသည်။
"ဘာဖြစ်သွားတာလဲ ကျွန်တော်တကယ်မသိဘူး... အစက စကားပြောနေတာ အကောင်းပဲရယ်..နောက်တော့ သူသိုင်းမတတ်ဘူးလို့ပြောလိုက်ရုံရှိသေး သခင်လေးက ခုတင်ပေါ်ပစ်လဲကျသွားတာပဲ"
စံအိမ်တော်သခင်ရှန်က သက်ပြင်းချလျက်ဆိုသည်။
"အရင်ကတော့ သူ့ကို လေ့ကျင်ပါ..လေ့ကျင့်ပါလို့ ပြောနေတာတောင် ငိုယိုပြီးတော့ကို ငြင်းဆန်တယ်...မလေ့ကျင့်ချင်ဘူးဆိုပြီး...။ အခုတော့ သည်ကိစ္စလေးနဲ့ သတိလစ်သွားတဲ့အထိဖြစ်ရတယ်လို့ကွာ"
"လင်အာလေးသာ တစ်ခုခုဖြစ်ရင် ကျွန်မလည်း အသက်ဆက်မရှင်တော့ဘူးရှင်!"
သက်လတ်ပိုင်းမိန်းမလှကြီးက ကြေကြေကွဲကွဲ ဝမ်းနည်းပက်လက်ငိုနေတုန်းပင်။ အလွန်တရာကိုမှ သနားဖို့ကောင်းပေစွ။
စံအိမ်တော်သခင်ရှန်သည်လည်း ခေါင်းကိုက်လွန်း၍ ကွဲထွက်တော့မည်ဟုပင် ထင်မိရသည်။
သမားတော်များ စစ်ဆေးကုသပြီးသော် ဘာရောဂါမှ မတွေ့ရချေ။ ယခင်က ပြုတ်ကျထားသော ဒဏ်ရာအပြင် ယခုထပ်မံ၍ ထိတ်လန့်စရာကိစ္စတစ်ခုခုကြုံတွေ့လိုက်ရသဖြင့် ဤသို့ မေ့မြောသွားခြင်းဖြစ်လိမ့်မည်ဟုသာ ခန့်မှန်းနိုင်ကြသည်။ ထို့သို့ဖြင့် တစ်နာရီမျှကြာသော် စံအိမ်တော်တစ်ခုလုံးကို သခင်ကြီးက အမိန့်ချလိုက်သည်---နောက်နောင် သခင်လေးက ဘယ်သူ့ကိုမေးမေး သူသာလျှင် သိုင်းလောကရဲ့ ထိပ်သီးသိုင်းပညာရှင်အကျော်အမော်ဖြစ်တယ်လို့ဖြေကြားရမည်!ဒါပေမဲ့ လတ်တလောမှာတော့ သူတစ်ပါးအကွက်ဆင်ခြင်းခံရပြီး အတွင်းအားဆုံးရှုံးနေခြင်းဖြစ်ကြောင်း!
သို့သော် ဤကိစ္စမှာ ရှင်းရခက်လှသည်။ ရှန်ချန်းလင်တစ်ယောက် ခေါင်းခိုက်မိထားတာ အရှင်းမပျောက်သေးရာ မကြာခဏတော့ မူးဝေခြင်း၊ သတိလစ်မေ့မြောခြင်းတို့ဖြစ်နိုင်သေးသည်ပင်။ သည်တစ်ခေါက်ဟာလည်း တိုက်ဆိုင်မှုသက်သက်ပင်ဖြစ်၏။
တကယ့်ကို စွပ်စွဲခံရတာပါနော်!
.
.
.
"တကယ်လား?"
ရှန်ချန်းလင် သတိပြန်လည်လာပြီးနောက် "မိမိမှာ တစ်ချိန်က သိုင်းလောကထိပ်သီးသိုင်းပညာရှင်ဖြစ်ပေသည်" ဆိုသောကိစ္စရပ်အပေါ် အလွန်အမင်း သံသယဝင်လျက်ရှိပေသည်။
"ဒါပေါ့"
ပေါင်တို့က အာမခံလေသည်။
"သခင်လေးက စစ်သည်တော်တစ်ထောင်ကို ရင်ဆိုင်နိုင်ပြီး မိစ္ဆာဂိုဏ်းကိုတောင် တစ်ယောက်ချင်းစိန်ခေါ်ခဲ့တာ... အရမ်းတော်တာရယ်!"
ရှန်ချန်းလင်တစ်ယောက်ကတော့ သည်သတင်းကြားပြီး မယုံနိုင်အောင်တုန်လှုပ်သွားရတော့သည်။
"ဒါပေမဲ့ သခင်လေးက နာမည်ဂုဏ်သတင်းမမက်တော့ အပြင်ကလူတွေကိုဆို ဒါတွေက အကြီးဆုံးသခင်လေးရဲ့ စွမ်းဆောင်ရည်တွေအဖြစ် အသိပေးထားရတာ"
ပေါင်တို့က အားရပါးရဆက်ပြောသည်။
"တကယ်တမ်းတော့လေ အဲ့တာတွေ အကုန်လုံးက သခင်လေးလုပ်ထားပေးတာချည်း!"
ရှန်ချန်းလင်မှာ မိမိလက်မောင်းသေးသေးလေးများကို ပြန်ငုံ့ကြည့်လိုက်ရင်း စိတ်ထဲမှာလည်း ခွန်အားတွေပြည့်သွားသလိုခံစားလိုက်ရတော့သည်။
"ရှောင်လင်"
ချောမောခန့်ညားသော ယောကျ်ားတစ်ယောက်က တံခါးဖွင့်ဝင်လာသည်။ မိုးပြာရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ရုပ်ရည်သွင်ပြင်က ယောကျ်ားဆန်ကာ ချောမောလှသည်။
တအားရွှိုက်!
"အကြီးဆုံးသခင်လေး"
အစေခံလေးက သူ့ခုတင်ဘေးမှ ကပြာကယာ မတ်တတ်ထရပ်လိုက်သည်။
"ကို.....ကြီး?"
ရှန်ချန်းလင်က မှန်းဆ၍ခေါ်ကြည့်လိုက်သည်။
"လာတဲ့လမ်းမှာ အတိတ်မေ့သွားပြီလို့ ကြားထားတာ... ဘယ်လိုလုပ်ပြီး ငါ့ကိုပါ မေ့သွားရတာလဲ"
ထိုယောကျ်ားက သက်ပြင်းချရင်းပြောသည်။
"ရိုက်သင့်တယ်"
ရှန်ချန်းလင်က ပခုံးလေးပုဝင်လိုက်သည်။
"ငါက မင်းရဲ့ကိုကြီး...ရှန်ချန်းဖုန်း"
ထိုယောကျ်ားက သူ့ဘေးမှာထိုင်ပြီး -
"တကယ် ဘာမှမမှတ်မိတော့ဘူးလား?"
ရှန်ချန်းလင်က ခေါင်းညိတ်ပြလိုက်သည်။ အမူအရာက ဖြူစင်ရိုးသွားလှ၏။
"ထားပါတော့လေ...အရင်က စိတ်ရှုပ်စရာကိစ္စတွေကို မမှတ်မိတော့ဘူးဆိုတော့လည်း ကောင်းတာပဲ"
ရှန်ချန်းဖုန်းက သူ့ဦးခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။
"ရှောင်လင်လေးက တုံးအအလေးမှ ချစ်ဖို့ကောင်းမှာ"
ရှန်ချန်းလင် - "......"
စကားစမြည်အနည်းငယ်ပြောပြီးနောက် အစေခံတစ်ဦးက သုတ်သုတ်ပျာပျာလာရောက်လာသည်။ သခင်ကြီးက အစ်ကိုကြီးကို အခေါ်ရှိကြောင်း။
"အစ်ကိုကြီး နောက်ကျမှထပ်လာကြည့်လှည့်မယ်နော်"
ရှန်ချန်းဖုန်းက ထရပ်လိုက်သည်။ ရှန်ချန်းလင်က ခေါင်းညိတ်ပြပြီး သူအပြင်ထွက်သွားတာနဲ့ ပေါင်တို့ကို လှည့်မေးလိုက်သည်။
"ငါနဲ့ အစ်ကိုအကြီးဆုံးက ဆက်ဆံရေး အရမ်းကောင်းတယ်လား"
"ဟုတ်တယ်လေ"
ပေါင်တို့က ခေါင်းညိတ်ပြလေသည်။
"ဒီစံအိမ်တော်ကြီးတစ်ခုလုံး လူတိုင်းလူတိုင်းက သခင်လေးအပေါ်ကိုဆို ပိုပိုပြီး ဂရုစိုက်ကြတယ်ဆိုပေမဲ့ သခင်လေးကိုယ်တိုင်ကတော့ အကြီးဆုံးသခင်လေးအနားပိုကပ်တယ်လေ"
ရှန်ချန်းလင်ကတော့ ခြေထောက်ပြေးဖက်ရမဲ့သူစာရင်းရဲ့ ထိပ်ဆုံးမှာ သူ့ကိုထားလိုက်ပြီ။
"အကြီးဆုံးသခင်လေးတောင်ပြန်လာပြီဆိုတော့ အဲ့သည် ဂိုဏ်းချုပ်ချင်လည်း တစ်ရက်နှစ်ရက်အတွင်း ရောက်တော့မှာပဲ"
ပေါင်တို့က စိတ်ပူနေသောမျက်လုံးများဖြင့် သူ့ကို ကြည့်လာသည်။
"သခင်လေးက ဂိုဏ်းချုပ်ချင်(*ချင်ကုန်းကျူ)ကိုလည်း မမှတ်မိတော့ဘူးမလား"
ဟင်..မင်းသမီး(*ကုန်းကျူ)ကတောင်လာတွေ့ဦးမှာလား?
ရှန်ချန်းလင် အနည်းငယ်အံ့အားသင့်သွားရလေသည်။
"အင်း... တကယ်ကို မမှတ်မိတော့ဘူး"
(宫主 နန်းသခင်/ဂိုဏ်းချုပ် နဲ့ 公主 မင်းသမီးနဲ့က အသံထွက်တူနေတာမို့ လင်အာက တလွဲထင်ကုန်တာပါ)
"အိုင်း"
ပေါင်တို့က သက်ပြင်းချလိုက်သည်။
"တကယ်လို့ မိစ္ဆာဂိုဏ်းသာ ဝင်မရှုပ်ဘူးဆိုရင် သခင်လေးဖြင့် မနှစ်ကတည်းက ဂိုဏ်းချုပ်ကို လက်ထပ်ပြီးသွားလောက်ပြီ၊ ဒီနေ့လို အတိတ်မေ့သွားတဲ့ အခြေအနေတွေလည်း ဖြစ်စရာကိုမလိုတော့ဘူးပေါ့"
...........
နေပါဦး...ဒီသတင်းကြီးက နည်းနည်းတော့များသွားပြီနော်!
ရှန်ချန်းလင် ခေါင်းနည်းနည်းရှုပ်သွားလေပြီ။
"မင်းခုနကပြောတာ....လက်ထပ်တယ်(*ကျ)?"
ဧကန္တ ငါကလက်ထပ်ယူတာ (*ချွီ) ဖြစ်ရမှာမဟုတ်ဘူးလား ? !
(嫁 – 'ကျ' ဆိုတာက မိန်းကလေးတွေ လက်ထပ်ပြီးလိုက်သွားရတဲ့အခါသုံးတာပါ။娶 - 'ချွီ' ဆိုတာက ယောကျ်ားလေးတွေ လက်ထပ်ယူပြီး ခေါ်သွားရတဲ့အခါသုံးတာပါ။ လင်အာစိတ်ထဲမှာ မင်းသမီးနဲ့လက်ထပ်ရမယ်ထင်နေတော့ သူက 'ချွီ'အသုံးနဲ့အသုံးခံရသင့်တာကို 'ကျ' အသုံးနဲ့အသုံးခံရလို့ အံ့သြသွားတာ lol )
"ဂိုဏ်းချုပ်ချင်နဲ့ထိမ်းမြားပါတယ်ဆိုမှတော့ ကျွန်တော်တို့ဘက်က (ဇနီးသည်လို) လိုက်သွားရမှာလေ"
ပေါင်တို့က လုံးဝ လေးလေးနက်နက်ပြောလာသည်။ ရှန်ချန်းလင်က ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်လိုက်သည်။
ကြည့်ရတာ နန်းတွင်းထဲမှာက အခေါ်အဝေါ်တွေ ကန့်သတ်ထားတယ်ထင်တယ်...
တကယ်တော့လည်း တခြားရှုထောင့်တစ်ခုကနေ စဉ်းစားကြည့်လိုက်ရင် မိုးနတ်မင်းကြီးက ငါ့အပေါ်ကောင်းပါသေးတယ်...ငါ့ကို အားကိုးအားထားပြုလို့ရမဲ့ သူရဲကောင်းမိသားစုက အဖေတစ်ယောက်ဆီ အချိန်နောက်ပြန်ခရီးသွားခိုင်းလိုက်ရုံမကဘူး...ဇနီးလောင်းက မင်းသမီးတစ်ပါးတောင် ဖြစ်နေလိုက်သေး!အရင်ဘဝက ၂၂ နှစ်ကြာအောင် မိဘမဲ့ဖြစ်ခဲ့ပေမဲ့ အခုတော့ သည်လို မိသားစုဝင်အများကြီးရှိတဲ့ အသိုက်အမြုံကြီးကို ပိုင်ဆိုင်လိုက်ရတယ်လေ... တကယ်တမ်းပြောရရင် ဒါကံကောင်းတာပဲမဟုတ်လား?
ရှန်ချန်းလင်သည် ဖြေးဖြေးချင်း ဘဝသရုပ်မှန်အသစ်ကို လက်ခံလာနိုင်လေသည်။
သို့ရာ သည်လို လက်ခံနိုင်သော အသိတရားလေးမှာ နှစ်ရက်ကြာပြီးနောက် တစ်စဆီကြေမွသွားလေ၏။
အဘယ့်ကြောင့်ဆိုသော်... ဂိုဏ်းချုပ်ချင် ပြန်လာသောကြောင့်ပင်....
.
.
.
ထိုနေ့က မနက်အစောကြီးမှအစောကြီး ပေါင်တို့က ရှန်ချန်းလင်ကို အိပ်ရာပေါ်မှဆွဲချပြီး နှိုးခဲ့သည်။ ရေမိုးချိုးပြီး သန့်စင်ဖီးသင်ပြင်ဆင်ကာ အဝတ်သစ်များလည်း လဲလှယ်ရသည်။ ပန်းပွင့်လေးများနှင့်ရေနွေးဖောက်ထားသော ရေကန်ထဲတွင် စိမ်ကာပင် ရေချိုးခဲ့ရလေသည်။ ပြင်ဆင်မွမ်းမံနေသည်မှာ တော်တော်နှင့်မပြီးနိုင်ဘဲ တစ်နာရီကျော်ကြာတာတောင် မပြီးသေးချေ။
"သည်လောက်တောင် အလေးထားပြင်ဆင်ရမှာလား?"
ရှန်ချန်းလင်က အံ့အားသင့်စွာမေးသည်။
"ကုန်းကျူ(ဂိုဏ်းချုပ်)ကို တွေ့ရမှာလေ...သေချာပေါက် အလေးထားပြီး ခမ်းခမ်းနားနားပြင်ရမှာပေါ့!"
ပေါင်တို့က သူ့ဆံနွယ်များကိုလည်း သေသေသပ်သပ်ဖီးသင်ပေးပြီး အဖြူရောင်ကျောက်စိမ်းဆံထိုး တစ်ချောင်းထိုးပေးသည်။ ထပ်မံ၍ အဖြူရောင် ရွှေချည်ထိုး တိမ်ကတ္တီပါသားဝတ်ရုံရှည်ကို လဲလှယ်ဝတ်ဆင်ပေးပြန်သည်။ ဝတ်စားဆင်ယင်ပြီးချိန်မှာပင် ဒုတိယသခင်လေးက ပြတင်းနံဘေးမှဖြတ်သွားရာ အခန်းထဲသို့ခေါင်းဝင်ကြည့်လိုက်ပြီး ချီးကျူးလိုက်သည်။
"ဧကန်စင်စစ် တိုင်းချစ်ပြည်ချစ် အလှပဂေးလေးပါတကား!"
ရှန်ချန်းလင်မှာတော့ ဦးရေကြောများတင်းကနဲ။
"အခု သခင်လေးက အသက်ဘေးအန္တရာယ်ကြုံထားတာဆိုတော့ ဂိုဏ်းချုပ်က အရင်ကလောက်တော့ ပေါက်တတ်ကရတွေပြောပြီး စနောက်ကျီဆယ် မနေလောက်တော့ပါဘူး"
ပေါင်တို့က သူ့၏ ဝတ်ရုံခါးစည်းကို ကူစည်းပေးရင်းဆိုသည်။
"ဒါပေမဲ့ သူပေါက်တတ်ကရတွေပြောနေသေးရင်လည်း သခင်လေး သူ့ကို မရှိဘူးလို့သာမှတ်ပြီး မသိချင်ယောင်ဆောင်နေလိုက်တော့နော်... အရင်ကလိုတော့ ငိုယိုပြီးထွက်မပြေးပါနဲ့တော့နော့"
အဲ့လို ထွက်ပြေးတာက အင်မတန်ရှက်စရာကောင်းတယ်လေ!
"အဟွတ် အဟွတ်"
ရှန်ချန်းလင်မှာ ရေသောက်ရင် သီးသွားရသည့်အဖြစ်။
ငိုယိုပြီးထွက်ပြေးတယ်ဆိုတဲ့ကိစ္စကို အသာထားဦး.. စနောက်ကျီဆယ်တယ်ဆိုတော့....မဟုတ်မှလွဲရော မင်းသမီးက နှာဘူးများလား? ငိုး...နူးညံ့ညင်သာ ကျက်သရေဖြာပြီး ရှက်တတ်တဲ့ လက်ရွေးစင် သမီးပျိုလေး ဖြစ်သင့်တာမဟုတ်ဘူးလား!
ရှန်ချန်းလင် မျက်မှောင်ကြုတ်မိသွားတော့သည်။ ကြည့်ရသည်မှာ မိမိစိတ်ကူးထားသည်နှင့်အတော်လေး ကွာခြားမှုရှိနေသည်ပင်။
ဘယ်လိုလုပ်ပြီး သည်လောက်ပေါ့ပေါ့ပျက်ပျက်နိုင်တဲ့ မင်းသမီးမျိုးရှိရတာလဲ!ဒါသိပ္ပံနည်းလမ်းမကျဘူးဟေ့!
သို့ပေသိ သိပ္ပံနည်းလမ်းကျမကျတွေကို နောက်ခဏပို့ထားလိုက်ပြီ။ ရှားရှားပါးပါး နေ့လယ်စာ စားပွဲတက်ရရာ ရှန်ချန်းလင်ကား အားနွဲ့နုရွစွာဖြင့် ထမင်းစားခန်းအထိရောက်အောင် ပေါင်တို့က တွဲပို့ရလေသည်။ အခန်းထဲရောက်သည်နှင့် သူလှမ်းကြည့်မိရာ မိမိဖခင်ဘေးနားတွင် အနီရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်ယောကျ်ားသားတစ်ဦး ထိုင်နေပြီး ထိုသူက မျက်ဝန်းများပင် ပြုံးပန်းဝေလျှက် ချစ်မေတ္တာအပြည့်ဖြင့် သူ့အား ပြုံးပြလေသည်။
ရှန်ချန်းလင်သည်လည်း ယဉ်ကျေးမှုအရ ခေါင်းညိတ်ပြလိုက်ပြီး သူ့မျက်လုံးများကတော့ အခန်းထဲရှိ ကျန်စားပွဲခုံများသို့ အလည်သွားရှာဖွေလိုက်သည်။
မင်းသမီးကဘယ်မှာတုန်း ? !
"ထိုင်လေ"
ရှန်ချန်းဖုန်းက သူ့ကိုယ်စား ထိုင်ခုံဆွဲပေးပြီး -
"ခေါင်းမူးသေးလား?"
"ကျေးဇူးပါ အစ်ကိုကြီး....ကျွန်တော်ဘာမှမဖြစ်တော့ပါဘူး"
ရှန်ချန်းလင်က အပေါ်ယံဆန်ဆန်ဖြေလိုက်ပြီး တစ်ဖက်က မင်းသမီးကို ဆက်လက်ရှာဖွေနေလိုက်သည်။
ကိုယ့်အလုပ်ကိုယ် တလေးတစားရှိလိုက်တာမှ..လုပ်လက်စကိုမမေ့ဘူးပဲ!
"ရှောင်လင်..ဘယ်သူ့ကို ရှာနေတာလဲ?"
အနီရောင်ဝတ်ရုံနှင့်ယောကျ်ားက ပြုံးပြီးမေးလာသည်။
"ခင်ဗျားက?"
ရှန်ချန်းလင်က နားဝေတိန်တောင်ဖြင့် ပြန်မေးလိုက်သည်။
"ချင်ရှောက်ယွီ"
ထိုအနီရောင်ဝတ်စုံနှင့်လူ၏ နှုတ်ခမ်းလေးများက ကော့တက်သွား၏။
စားပွဲဝိုင်းတစ်ခုလုံးရှိ လူအပေါင်းမှာ ရှန်ချန်းလင်ကိုသာ အာရုံထား စူးစိုက်ကြည့်နေကြလေသည်။
...........
ဒါကြီးက ဘယ်လိုအနေအထားကြီးလဲဟ?
ရှန်ချန်းလင်မှာ အလွန်အမင်းစိတ်လှုပ်ရှားလာမိသည်။
ဧကန္တ အရင်က ငါနဲ့သူနဲ့က အရမ်းခင်တာများလား? အဲ့ဒါကြောင့် အခုလိုတွေ့တဲ့အခါ မျက်ရည်လည်ရွှဲ ဝမ်းပန်းတသာနဲ့ နှုတ်ဆက်ရမှာများလား ? !
"ဂိုဏ်းချုပ်ချင် ဗွေမယူပါနဲ့နော်...လင်အာလေးက ဟိုးရှေ့ရက်အနည်းငယ်ကမှ ပြုတ်ကျပြီး ခေါင်းခိုက်မိထားလို့ပါ"
စံအိမ်တော်သခင်ကြီးက သက်ပြင်းချလျက် ဆို၏။
"သခင်ကြီး အတွေးများနေပါပြီဗျာ"
ချင်ရှောက်ယွီ၏မျက်ဝန်းများက ရှန်ချန်းလင်ထံမှ တစ်စက္ကန့်မျှတောင် မခွာဘဲ ပြောလိုက်သည်။
"ကျွန်တော်ဖြင့် ချစ်လို့တောင်မဝတာကို... ဘယ်လိုလုပ်ပြီး သူ့ကို အပြစ်မြင်ရက်လိမ့်မလဲဗျာ?"
သူ့အသံက နွေးထွေးညင်သာလှပြီး အလွန်တရာမှ ချစ်ခင်အလိုလိုက်သည့် လေယူလေသိမ်းဖြစ်လေရာ စားပွဲဝိုင်းရှိလူအားလုံးမှာ တမဟုတ်ချင်းပင် ကျေနပ်ပီတိ ဂွမ်းဆီထိသွားကြတော့သည်။
ရှန်ချန်းလင်က လွဲ၍... !
သူသည် ဗို့အားအပြည့်မိုးကြိုးလျှပ်စီးများပစ်လွှတ်၍ အနီရောင်ဝတ်ရုံဖြင့်လူကို စိုက်ကြည့်လိုက်မိသည်!!!!
စကားတစ်ခွန်းမှမပြောနိုင်သေးချေ!!!!
သည်ပြောပုံဆိုပုံတွေက မူမမှန်သလိုပဲရော် ? !!!!
"ရှောင်လင်..ကိုယ့်ကို မှတ်မိသွားလို့လားဟင်?"
ချင်ရှောက်ယွီ၏ မျက်လုံးအစုံက နွေးထွေးရင်းနှီးစွာဖြင့်။ ရှန်ချန်းလင်ကတော့ ဆက်လက်ပြီး မျက်လုံးပြူးမျက်ဆံပြူးဖြင့် ကြည့်နေမိသည်။ သို့ရာ ချင်ရှောက်ယွီကတော့ လူသားမိုးကြိုးလက်နက်သဖွယ် ရှန်ချန်းလင်ထံသို့ မိုးကြိုးပစ်ချလိုက်လေသည်။
ထိုသူက ချစ်ရည်ရွန်းလဲ့နေသော အပြုံးပန်းများ ဝေဆာလျက်ပြောလိုက်သည်။
"အကယ်၍ လင်အာသာ ဆန္ဒရှိရင် ကျွန်တော်တို့ ကျွေးယင်နန်းက အချိန်မရွေး မင်္ဂလာပွဲကျင်းပဖို့ အသင့်ရှိနေပါတယ်ဗျာ"
............
ငိုး!!
ရှန်ချန်းလင်သည် ခေါင်းထဲမိုက်ကနဲဖြစ်သွားပြီး မျက်လုံးများဝေဝါးလျက် သူ့နံဘေးက အစ်ကိုကြီးလက်ကို ဆုပ်ကိုင်လိုက်သည်!
ငါ ဒီမှာ အလွန့်အလွန်ကို စိတ်အေးအေးထားဖို့ လိုနေတယ် ခဏလေး ခဏလေး!!
"မကြောက်နဲ့"
ရှန်ချန်းဖုန်းက ပြန်လည်နှစ်သိမ့်ချော့မြူပေးလေသည်။
"အကယ်၍ မင်းအဆင်သင့်မဖြစ်သေးဘူးဆိုလည်း မင်္ဂလာကိစ္စကို နောက်ခဏရွေ့ဆိုင်းထားလို့ရပါတယ်...ရှောက်ယွီကလည်း မင်းကို သေချာပေါက် ဇွတ်အတင်းလက်ထပ်ခိုင်းမှာ မဟုတ်ဘူး"
မင်းမေဘိုးအေကြီး!တကယ်ကြီးသူနဲ့ယူရမှာဟ!!!
ရှန်ချန်းလင်၏ အမြင်အာရုံများ ရုတ်ချည်းမှောင်မိုက်သွားပြီး ဝုန်းဝုန်းဒိုင်းဒိုင်းပဲ ထပ်မံ သတိလစ်မေ့မြောသွားတော့သည်!!
မိုးမြေကို သက်သေတည်ပါတယ်... သူ သည်တစ်ခါတော့ တကယ်ကြီး တကယ်ကြီး ထိတ်လန့်လွန်းအားကြီးပြီး မူးလဲသွားတာပါလေ!!
🍀
Zawgyi>
ဝုန္းဝုန္းဒိုင္းဒိုင္းအခ်ိန္ေနာက္ျပန္ခရီးသြားလိုက္ရၿပီ
ေႏြဦးအခါသမယ သုံးလပိုင္းတြင္ သိုင္းေလာကတစ္ခြင္၌ မိုးတိမ္မ်ားအုံ႕မွိုင္းကာ မိုးဖြဲဖြဲ႐ြာေနေလသည္။
ခ်င္ဟြိုင္ျမစ္ေရျပင္ကို ျဖတ္၍ ဗ်ပ္ေစာင္းသံသာသာက အေဝးတစ္ေနရာမွ ပ်ံ့လြင့္လ်က္ရွိသည္။ ကမ္းစပ္ရွိ သစ္ပင္သစ္ခက္မ်ားေအာက္တြင္ မက္မြန္ပန္းမ်ား ဟိုဟိုသည္သည္အႏွံ႕ ေဝဆာလ်က္ရွိေပ၏။ နဂိုက ေႏြဦးအလွအပမ်ားကို ခံစားၾကည့္ရႈရင္း အလည္အပတ္ခရီးထြက္ဖို႔ အခ်ိန္ေကာင္းျဖစ္ေသာ္လည္း သိုင္းေလာက၌ အင္မတန္ႀကီးမားေသာ ကိစၥတစ္ရပ္ ျဖစ္ပြားသြားခဲ့ေလသည္။
ေနလေတာင္ထြဋ္စံအိမ္ေတာ္ရဲ႕ သခင္ေလးရွန္ခ်န္းလင္မွာ သစ္ပင္ေပၚက ျပဳတ္က်လာၿပီး အတိတ္ေမ့သြားေလသတည္း....
သည္သတင္းမွာ အလြန္အမင္း ထူးျခားလွေပသည္။
တစ္ေလာကတစ္ခုလုံးရွိ သူရဲေကာင္းသိုင္းသမားအေပါင္း အသိပင္.. ယေန႕ေခတ္ဝူလင္သိုင္းေလာကရွိ ဂိုဏ္းအသီးသီးမွာ ျမစ္ထဲတြင္ ငါးမ်ားစြာ ကူးလူးသြားလာေနသကဲ့သို႔ မ်ားျပားေနေသာ္လည္း အမွန္ဧကန္စင္စစ္ အာဏာရွိၿပီး လႊမ္းမိုးနိုင္ေသာ နာမည္ေက်ာ္မိသားစုမွာမူ ေလးခုသာရွိေလသည္။
အေရွ႕ေျမာက္ပိုင္းေဒသရွိ ဝူ႐ႊယ္မန္၊ ေနာက္ေျမာက္ပိုင္းေဒသရွိ သြမ့္ခ်င္ဂူ၊ အေနာက္ေတာင္ပိုင္းေဒသရွိ ထန္စံအိမ္ေတာ္ ႏွင့္ သည္က်န္းနန္ေဒသရွိ ေနလေတာင္ထြဋ္စံအိမ္ေတာ္ တို႔ပင္။
ထို႔အျပင္ ဤကံဆိုးရွာေသာ ရွန္ခ်န္းလင္သည္ ေနလေတာင္ထြဋ္စံအိမ္ေတာ္၏ အရွင္သခင္ ဂိုဏ္းခ်ဳပ္ရွန္ဖုန္း ခ်စ္ျမတ္နိုးရဆုံးေသာ မ်က္ရႈသားရတနာေလးပင္ျဖစ္၏။ တစ္ေလာကလုံးတြင္ သူအား မၾကားဖူးသည့္သူမရွိ၊ မသိသည့္သူမရွိပါေသာ ဓနဥစၥာျပည့္စုံကုံလုံၿပီး က်က္သေရရွိေခ်ာေမာလြန္းလွသည့္ သခင္ေလးတစ္ပါးပါေပ။
.
.
.
"ကြၽန္မရဲ႕ကံဆိုးတဲ့လင္အာေလးရယ္"
ခမ္းနားထည္ဝါလွေသာ စံအိမ္ေတာ္ႀကီး၏ အိမ္ဝန္းေထာင့္တစ္ေနရာတြင္ အသက္လတ္ပိုင္းမိန္းမလွတစ္ဦးက ေအာ္ဟစ္ငိုယိုေနေလသည္။ မ်က္ႏွာေခ်မ်ားက မ်က္ႏွာအႏွံ႕ေပက်ံေနၿပီး ျမင္ကြင္းမွာ လူသတ္ျဖတ္ေတာ့မည့္သကဲ့သို႔ပင္။
"အေမ"
စိတ္ပ်က္လက္ပ်က္ျဖစ္ေနေသာ လူငယ္ေခ်ာေခ်ာေလးက ျပတင္းေပါက္မွ လွမ္းေျပာလိုက္သည္။
"အေမဘာလို႔ မျပန္သြားေသးတာလဲ"
ႏႈတ္ဆက္ၿပီးသြားတာ လက္ဖက္ရည္တစ္ခြက္ေသာက္စာ အခ်ိန္ေလာက္ရွိေနၿပီေလ! သူသာ ဆက္ၿပီးအဲ့လို ငိုေနရင္ ကိုယ့္ဘာသာကိုယ္ေတာင္ "ငါ အတိတ္ေမ့သြားတာမဟုတ္ဘူး..ငါ ေသသြားၿပီမို႔လို႔ ငါ့အေမက ဒီလိုလာငိုေနတာပါလား" လို႔ အထင္မွားမိေတာ့မယ္
"အေမက မင္းကို သနားလို႔ပါ"
အသက္လတ္ပိုင္းမိန္းမလွက လက္ကိုင္ပုဝါျဖင့္ မ်က္ရည္မ်ားကို သုတ္လိုက္သည္။
"အဲ့ဒါေတြ အားလုံးက ေသသင့္တဲ့မင္းအေဖေၾကာင့္ပဲ... ငါတို႔သားအမိႏွစ္ေယာက္ကို ႏွစ္နာရီထက္ပိုၿပီး အတူတူေနခြင့္မေပးဘူးေလ...တကယ္ကို ႏွလုံးသားက သံေက်ာက္တုံးနဲ႕လုပ္ထားတဲ့လူပါေတာ္!"
အဲ့ဒါကမွ ကြၽန္ေတာ့အေဖအရင္းေလ ဟုတ္ၿပီလား!
ရွန္ခ်န္းလင္၏ရင္ထဲတြင္ ေက်းဇူးတင္လို႔ မဆုံးေပ။ မဟုတ္ပါက အေမဒီလို လူးလွိမ့္ၿပီးငိုယို ေအာ္ဟစ္ေနတာကို ႏွစ္နာရီထက္ပိုၾကာေအာင္ နားေထာင္ရလို႔ကေတာ့ မိမိသည္ ေသခ်ာေပါက္ ေသြးအန္ကာ ေနာက္ထပ္တစ္ႀကိမ္ သတိလစ္ေမ့ေျမာသြားဦးမလားပင္ မေျပာတတ္ေတာ့။
ေတြးၾကည့္႐ုံနဲ႕တင္ ေၾကာက္ဖို႔ေကာင္းလိုက္တာ!
သခင္မႀကီးအား မနည္းျပန္ခိုင္းလိုက္ၿပီးေနာက္ ရွန္ခ်န္းလင္က ေညာင္ေစာင္းေပၚသို႔ ျပန္တက္ထိုင္လိုက္သည္။ မုန႔္ခ်ိဳကိတ္တစ္ခုကို ယူစားလိုက္ၿပီး အေစခံငယ္ေလးေျပာျပသည့္ အတိတ္ကအေၾကာင္းမ်ားကို ဆက္လက္နားေထာင္ေနလိုက္သည္။ စိတ္အေျခအေနမွာ ေတာ္ေတာ္ေလးဆိုးဝါးေနတာမို႔ မည္သူ႕ကိုမွ တည့္တည့္ေတာင္မၾကည့္ခ်င္ေပ။
အဘယ့္ေၾကာင့္ဆိုေသာ္ လြန္ခဲ့ေသာ သုံးရက္က သူသည္ ဆုေပးပြဲအခမ္းအနားသို႔တက္ေရာက္ကာ တက္သစ္စအမ်ိဳးသားသ႐ုပ္ေဆာင္ဆုကို ရယူေနခဲ့ျခင္းျဖစ္သည္။ ဆုတံဆိပ္ကို ကိုင္ကာ မ်က္ရည္စမ္းစမ္းျဖင့္ ၾကည္ႏူးဝမ္းသာလုံးစို႔ေနခ်ိန္ျဖစ္၏။ သို႔ေသာ္ ေက်းဇူးတင္စကားတစ္ခြန္းပင္ မဆိုလိုက္နိုင္ခင္မွာ အမိုးမ်က္ႏွာၾကက္ႀကီးတစ္ခ်ပ္က မိမိေခါင္းေပၚသို႔ ျပဳတ္က်လာလိမ့္မည္ဟု မည္သူက ႀကိဳသိနိုင္လိမ့္မလဲ? သတိျပန္ရလာခ်ိန္၌ ႐ုပ္ပိုင္းဆိုင္ရာ ပုံပန္းအသြင္အျပင္က မေျပာင္းမလဲ..နာမည္ကလည္း မေျပာင္းမလဲေသာ္ျငား..ျဖစ္တည္မႈမွာေတာ့ ေနလေတာင္ထြဋ္စံအိမ္ေတာ္၏ သခင္ေလးအျဖစ္သို႔ ေျပာင္းလဲသြားေခ်သည္။
သ! ခင္! ေလး! ဆိုတဲ့ စကားသုံးလုံးကို ၾကားလိုက္ရတဲ့အခိုက္အတန႔္မွာေတာ့ ရွန္ခ်န္းလင္တစ္ေယာက္ ေတာင့္တင္းသြားေတာ့သည္။ သူသည္ ဧကန္အမွန္ပင္ အနာဂတ္ကာလမ်ားတြင္ ေနာက္လိုက္ေနာက္ပါမ်ားျဖင့္ အမ်ားေရွ႕ ကိုယ္ေယာင္ကိုယ္ဝါျပလို႔ ဝံ့ဝံ့ႂကြားႂကြားေနခ်င္ခဲ့ဖူးပါသည္။
ဒါေပမဲ့ အနာဂတ္မွာလို႔ ေျပာတာေလ.. ဘယ္လိုျဖစ္ၿပီး ေျပာလိုက္တာနဲ႕ အမွန္တကယ္ဆႏၵျပည့္ဝသြားရတာလဲ!
ၿပီးေတာ့ အခုေလးတင္ အမ်ိဳးသားသ႐ုပ္ေဆာင္ဆုရတယ္ အခုပဲေသသြားရတယ္တဲ့.. ဒီထက္ ဝမ္းနည္းေၾကကြဲဖို႔ေကာင္းတာရွိဦးမလား!
.
.
.
"လင္အာစိတ္ခ် ၊ ေျမႀကီးကို သုံးေပေလာက္တူးၿပီးရွာရမယ္ဆိုရင္ေတာင္ အေဖက မင္းကို လုပ္ႀကံတဲ့လူကို ရေအာင္ ေဖာ္ထုတ္ေပးမယ္!"
သတိရခ်ိန္၌ စံအိမ္ေတာ္သခင္ျဖစ္သူက မာန္ပါပါျဖင့္ သူ႕လက္ကို ကိုင္ထားကာ မ်က္လုံးခ်င္းဆုံၿပီး ေျပာလာျခင္းျဖစ္သည္။
"ဖမ္းမိတဲ့အခ်ိန္က်ရင္ တစ္စစီဆုတ္ဆုတ္၊ အေရခြံႏႊာၿပီးမီးနဲ႕ကင္ကင္၊ ဆီနဲ႕ေၾကာ္ေၾကာ္ အားလုံး သားေလး သေဘာက်သာလုပ္!"
ရွန္ခ်န္းလင္၏ ေက်ာတစ္ေလွ်ာက္လုံး ေတာင့္တင္းသြားရသည္။
အ အ အ အေရခြံႏႊာၿပီး တစ္စစီဆုတ္?
"႐ြံဖို႔ေကာင္းလိုက္တာ... လင္အာကိုေတာင္ လ်ိဳ႕ဝွက္လုပ္ႀကံရဲတယ္ဆိုေတာ့ ဒီရန္ေႂကြးကို မတုန႔္ျပန္နိုင္သေ႐ြ႕ ငါက သူ႕အစ္ကို(၂) ဘယ္လိုလုပ္ ပီသနိုင္ပါေတာ့မလဲ!"
ေဘးတစ္ဖက္ရွိ ေတာက္ေျပာင္ခမ္းနားေသာ က်င္ခပ္အကၤ်ီဝတ္ဆင္ထားသည့္ လူငယ္ေလးမွာလည္း မၿပီးနိုင္မစီးနိုင္ အမ်က္ေဒါသထြက္လ်က္ရွိသည္။ ရတနာဓားကို ဆြဲထုတ္လာၿပီး သစ္သားစားပြဲနီတစ္ခုံကိုပင္ ႏွစ္ပိုင္းပိုင္းလိုက္ေသးသည္။ အလြန္ပင္ အားျပင္းလွ၏!
ေႂကြခြက္မ်ား ၾကမ္းေပၚျပဳတ္က်သြားၿပီး တစ္စစီကြဲအက္သံမ်ား ညံေနေအာင္ ထြက္လာသည္။ ရွန္ခ်န္းလင္တစ္ေယာက္မွာေတာ့ ခ်က္ခ်င္းလက္ငင္း မ်က္ရည္စို႔တက္လာရေတာ့သည္။ သည္အိမ္ကလူေတြၾကည့္ရတာ တစ္ေယာက္ခ်င္းတိုင္းက အၾကမ္းဖက္ေပါက္ကြဲမဲ့ပုံေတြခ်ည္း။ အကယ္၍ သူတို႔ေရွ႕က မိမိသည္ နဂိုလူအစစ္ေနရာကို လဲလွယ္အစားထိုးၿပီး ဝင္ေရာက္လာသူျဖစ္ေၾကာင္းသာ သိသြားၾကည့္...ေသခ်ာေပါက္ႀကိဳးနဲ႕တုတ္ၿပီး မိစာၦေကာင္လို႔ သမုတ္ကာ မီးႏွင့္ရွို႔မွာဧကန္ပင္။
မီးနဲ႕အရွို႔ခံရတာတို႔ ဘာတို႔က ဘယ္ေလာက္ေတာင္ ေၾကာက္စရာေကာင္းလိုက္မလဲ!ဘယ္လိုပဲျဖစ္ျဖစ္ အသက္ရွင္ေအာင္အရင္ေနရမယ္... ဘုမသိဘမသိ အသက္ရွင္ေနရရင္ေတာင္ ဘဲကင္ျဖစ္တာထက္စာရင္ေတာ့ ေတာ္ေသးတယ္!
သည္လိုျဖင့္ သူသည္ စံအိမ္ေတာ္သခင္၏ လက္ကိုဆုပ္ကိုင္လိုက္ၿပီး ေၾကကြဲစြာျဖင့္ ဆိုလိုက္သည္။
"အေဖ...ကြၽန္ေတာ္ အတိတ္ေမ့သြားၿပီထင္တယ္"
သ႐ုပ္ေဆာင္မင္းသားလို႔ကို မေျပာရဘူး...အရမ္းပေရာ္ဖက္ရွင္နယ္ဆန္တယ္!
ထိုစကားေျပာလိုက္သည္တစ္ခဏတြင္ ကမာၻႀကီးတစ္ခုလုံး တိတ္ဆိတ္သြားေလသည္။
ရွန္ခ်န္းလင္သည္ သနားစဖြယ္ အျပစ္ကင္းေသာမ်က္လုံးေလးျဖင့္ အားလုံးကို ၾကည့္လိုက္သည္။ စိတ္ထဲတြင္ေတာ့ ရတက္မေအးလ်က္ရွိသည္။
မယုံဘဲနဲ႕ေတာ့ မေနေလာက္ပါဘူးေနာ္.. အလိမ္ေပၚသြားရင္ေတာ့ ေသမွာပဲ။ ဒီလိုအခ်ိန္မ်ိဳးမွာပိုၿပီး စိတ္ေအးေအးထားရမယ္!
"အတိတ္ေမ့တယ္?"
စံအိမ္ေတာ္သခင္ႀကီးက အံ့ၾသထိတ္လန႔္ၿပီး မယုံနိုင္စြာျဖင့္ တဖန္႐ြတ္လိုက္သည္။
ရွန္ခ်န္းလင္က အေကာင္းဆုံး အမ်ိဳးသားသ႐ုပ္ေဆာင္ဆုရ မင္းသားတစ္ေယာက္၏ ပညာအရည္အခ်င္းမ်ားကို အျပည့္အဝထုတ္သုံး၍ မ်က္ဝန္းအိမ္ႏွင့္အျပည့္ မ်က္ရည္မ်ားဝဲတက္လ်က္ သနားကမားျဖင့္ ေျဖသည္။
"အင္း...အရင္ကကိစၥေတြ မမွတ္မိေတာ့ဘူး"
"အမေလးေတာ္ ကြၽန္မရဲ႕ဘဝက ကံကိုမေကာင္းပါလားေနာ္....."
သခင္မႀကီးမွာ ထိုစကားကို ၾကားလိုက္သည္ႏွင့္တစ္ၿပိဳင္နက္ ေအာ္ဟစ္ငိုခ်င္းခ်ကာ မူးလဲသြားေတာ့သည္။
မူးလဲသြားတာ ျမန္လိုက္တာမွ!
ရွန္ခ်န္းလင္ - "......"
"ရွိရွိသမွ်အကုန္ေလ... ဘာကိစၥမွကို မမွတ္မိေတာ့တာလား?"
စံအိမ္ေတာ္သခင္ႀကီး၏ မ်က္ဝန္းမ်ားသည္ အလြန္အမင္း စိတ္ပူပင္ေနမွန္းသိသာလွသည္။
လူအိုတစ္ေယာက္ကို မိမိေၾကာင့္ စိတ္ပူပန္ရေစမိသည့္အတြက္ ရွန္ခ်န္းလင္မွာ အျပစ္မကင္းစိတ္ျဖစ္ရေပ၏။ သို႔ရာ အျပစ္မကင္းစိတ္ျဖစ္တာက တစ္ပိုင္းသပ္သပ္ျဖစ္ၿပီး ရိုးရိုးသားသားဝန္မခံပစ္နိုင္ျခင္းက တစ္ပိုင္းသပ္သပ္ျဖစ္ေပသည္။ ၿပီးေတာ့ "ခင္ဗ်ားရဲ႕သားက အသက္ထြက္သြားၿပီ" ဟုမည္သို႔မည္ပုံ ဒဲ့တိုးေျပာရေပမည္နည္း? ထို႔ေၾကာင့္ သူ႕အေမးကိုသာ ေခါင္းညိတ္ျပလိုက္ေလသည္။
စံအိမ္ေတာ္သခင္ႀကီးက သက္ျပင္းခ်ေလသည္။
"ၾကည့္ရတာ သစ္ပင္ေပၚက ျပဳတ္က်တဳန္းက ေခါင္းကို ထိခိုက္သြားတယ္ထင္တယ္"
စကားဆုံးသည္ႏွင့္ ခုနက က်င္ခပ္အကၤ်ီစိမ္းျပာေရာင္ ဝတ္ဆင္ထားေသာ လူငယ္က ဓားကို ဆြဲထုတ္လိုက္ျပန္သည္။ ေဒါသတႀကီးျဖင့္ ထိုင္ခုံတစ္ခုံကို ထက္ျခမ္းခြဲလိုက္ျပန္သည္။
ရွန္ခ်န္းလင္က စိတ္ရႈပ္ေထြးစြာျဖင့္ ထိုသူကို ၾကည့္လိုက္၏။
သူက လက္သမားနဲ႕မ်ား ရန္ၿငိဳးရွိေနတာလား!
"လင္အာ စိတ္ခ်...အစ္ကို (၂) ေသခ်ာေပါက္ အေတာ္ဆုံး ေဆးသမားေတာ္ကို ရွာၿပီး ကုေပးမယ္"
က်င္ခပ္အကၤ်ီစိမ္းျပာေရာင္ႏွင့္လူက ေျပာသည္။
"......ေအာ...ေက်းဇူး"
စကားမွားေျပာမိမွာစိုးသျဖင့္ ရွန္ခ်န္းလင္က စကားကို ေ႐ႊလိုေႁခြတာၿပီးေျပာဖို႔သာ စိတ္ဆုံးျဖတ္ထားလိုက္ေလသည္။
ကံေကာင္းေထာက္မစြာပင္...သည္ကိစၥနဲ႕ပတ္သတ္ၿပီး မည္သူမွ်သံသယဝင္ေခ်။ ရွန္ခ်န္းလင္လည္း ေအာင္ျမင္စြာျဖင့္ ပထမအဆင့္ကို ေက်ာ္ျဖတ္လိုက္နိုင္သည့္အျပင္ အနီးကပ္ေစာင့္ေရွာက္ေသာ အေစခံတစ္ဦးပင္ရလိုက္ေသးသည္---သူမ်ားေတြေျပာတာကေတာ့ သူငယ္ငယ္ေလးကတည္းက အနားမွာအတူရွိခဲ့တဲ့ အေဖာ္တဲ့။ ထို႔ေၾကာင့္ သည္ရက္ပိုင္းတြင္ ရွန္ခ်န္းလင္တစ္ေယာက္ ထိုသူအား ဟိုေမးသည္ေမးျဖင့္ စပ္စုစုံစမ္းေနေလသည္။ အနာဂတ္တြင္ မည္သို႔ျဖစ္လာနိုင္မည္ မသိေသာေၾကာင့္ ကိစၥေတာ္ေတာ္မ်ားမ်ားကို သိရွိထားလွ်င္လည္း အလကားမျဖစ္ေပ။
"သခင္ေလး အတိတ္ေမ့သြားတဲ့ကိစၥက ေတာ္ေတာ္ႀကီးက်ယ္တာေနာ္"
အေစခံေလးက သူ႕ေျခေထာက္မ်ားကို ခပ္ဖြဖြထုေပးရင္း ေျပာျပေနသည္။
"က်န္းဟူ(သိုင္းေလာက)တစ္ခုလုံး ပြက္ေလာကိုရိုက္ေနတာပဲရယ္"
"ဘာလို႔လဲ?"
ရွန္ခ်န္းလင္က အံ့ၾသေနမိသည္။
"ဧကႏၲ သူက...ငါက သိုင္းေလာကတစ္ခြင္မွာ ထင္ေပၚအရာေရာက္တဲ့ပုဂၢိဳလ္မ်ိဳးလား?"
"ေသခ်ာတာေပါ့" အေစခံေလးက မ်က္ခုံးမ်ားပင့္၍ ေက်နပ္စြာေျပာသည္။
"ဒီေန႕ဝူလင္သိုင္းေလာကထဲမွာ ေနလေတာင္ထြဋ္စံအိမ္ေတာ္က အငယ္ဆုံး သခင္ေလးရွန္ကို မသိတဲ့လူရယ္လို႔ မရွိဘူးေလ!"
"ဘယ္လိုမ်ိဳး နာမည္ေက်ာ္ၾကားတာလဲ?"
ရွန္ခ်န္းလင္တစ္ေယာက္ စိတ္ဝင္စားလို႔လာသည္။
မဟုတ္မွလြဲ ထိပ္သီးသိုင္းပညာရွင္တစ္ေယာက္? တကယ္သာ အဲ့လိုဆိုရင္ေတာ့ နည္းနည္းမိုက္သလိုပဲ!
"ဘာလို႔ဆို သခင္ေလးက အရမ္းေခ်ာေမာလြန္းလို႔ေလ"
အေစခံေလးက သူ႕အရွိန္နဲ႕သူဆက္ေျပာေနသည္။
"အဲ့ဒီႏွစ္တုန္းကေလ... ရွီးဟူေရကန္ရဲ႕အလွအပေတြ ရႈစားေနတဲ့သခင္ေလးကို အသက္႐ြယ္ေပါင္းစုံ အိုအိုပ်ိဳပ်ိဳမိန္းမငယ္ေလးေတြက ျမင္ဖူးခ်င္လို႔၊ လက္ကေလး ကိုင္ဖူးခ်င္လို႔ဆိုၿပီး ရန္ျဖစ္ၾက၊ တိုးၾက၊ တိုက္ၾကနဲ႕ ဖိနပ္ေတာင္ကြၽတ္ပါတယ္ဆို!"
ရွန္ခ်န္းလင္မွာ ေရသီးလုနီးပါးပင္ျဖစ္သြားသည္။
"အဲ့ဒီရွီးေပက ဝူခ်င္ဂူရဲ႕ ဒုတိယသခင္ေလးဆို ေ႐ႊေငြေက်ာက္မ်က္ရတနာေတြ တစ္ေပြ႕တစ္ပိုက္ႀကီးနဲ႕ အိမ္တိုင္ရာေရာက္ ကိုယ္တိုင္လာရွာၿပီး မဂၤလာကိစၥကမ္းလွမ္းေသးတယ္...သခင္ေလးနဲ႕ေရစက္အေၾကာင္းပါဖို႔ ေမွ်ာ္လင့္ခ်က္ေတြနဲ႕ေလ"
အေစခံေလးက အားရေက်နပ္လ်က္ ဆက္ေျပာသည္။
"ကြၽန္ေတာ္ ေလလုံးထြားတာမဟုတ္ဘူးေနာ္... လြန္ခဲ့တဲ့ႏွစ္ေပါင္းသုံးရာကေန ေနာင္လာမဲ့ႏွစ္ေပါင္းသုံးရာတိုင္ေအာင္ သခင္ေလးလိုမ်ိဳး တန္ဖိုးႀကီးေက်ာက္စိမ္းလိုလူကေတာ့ ရွားမွရွားပဲ။ တကယ္ကို နတ္သက္ေႂကြၿပီးလူ႕ျပည္ဆင္းလာတာမလား...သာမန္လူေတြထဲမွာ သည္လို႐ုပ္ရည္မ်ိဳးဘယ္မွာရွိလိမ့္မလဲ?"
"မင္းက ငါ့ကို ျမႇောက္ေျပာေနတာလား?"
ရွန္ခ်န္းလင္က ေမးလိုက္သည္။
"မဟုတ္ပါဘူး!"
အေစခံေလးက အေစာ္ကားခံလိုက္ရသည့္ႏွယ္ နစ္နာေၾကကြဲစြာေျပာလာသည္။
"ကြၽန္ေတာ္က အဆင့္နိမ့္တယ္ဆိုေပမဲ့ ေခါင္းမာပါတယ္...ျမႇောက္ပင့္ေျပာဆိုၿပီး ဖားတဲ့ကိစၥမ်ိဳးကို ဘာလို႔လုပ္ရမွာလဲ?"
"ဒါနဲ႕...မင္းနာမည္ကိုေတာင္ မေမးမိေသးဘူး"
ရွန္ခ်န္းလင္က အနည္းငယ္ အားနာသြားေလသည္။ သတိေမ့ေနရာကေန ျပန္နိုးလာကတည္းက သူ႕ကို ေရဆက္၊ လက္ဖက္ရည္ဆက္ျဖင့္ ခစားျပဳစုရင္း အလုပ္ရႈပ္ေနတာကို သတိထားမိေလသည္။ အိမ္ကလူေတြက သူ႕ကို အားတို႔ ဟုေခၚၾကေသာ္ျငား အေသးစိတ္မေျပာၾကေပ။
"ကြၽန္ေတာ့္ကို ခ်ီးေပါင္တို႔ဖူ(ရတနာခုနစ္ပါးတို႔ဖူးဟင္း)လို႔ ေခၚပါတယ္"
အေစခံေလးက ရင္ေကာ့ ခါးမတ္၍ ေျပာသည္။ ရွန္ခ်န္းလင္က ရယ္သံထြက္သည္အထိ ရယ္ေမာမိသြားေလသည္။
"လူတစ္ေယာက္ကို ဘာကိစၥ ဟင္းနာမည္ေပးထားရတာလဲ"
"သခင္ေလးပဲ ကြၽန္ေတာ့္အတြက္ မွည့္ေပးခဲ့တာေလ"
အေစခံေလးက မပြင့္တပြင့္ျပန္ေျပာေလသည္။ ရွန္ခ်န္းလင္မွာ နားမလည္နိုင္ျဖစ္သြားရေတာ့သည္။
"ဒီေလာက္ရယ္ရတဲ့နာမည္က ငါမွည့္ေပးထားတာေပါ့?"
"ဘယ္မွာရယ္ရလို႔လဲ!"
အေစခံေလးက ျငင္းဆန္ေလသည္။
"အျမင္လည္းလွၿပီး စားလို႔လည္းေကာင္းတဲ့ဟာကို၊ သခင္ေလးက အဲ့တုန္းက ကြၽန္ေတာ့္ကို အဲ့ဒါနဲ႕ ပတ္သတ္တဲ့ ပုံျပင္ေတာင္ ေျပာျပေသးတယ္ေလ.. အရမ္းဝမ္းနည္းဖို႔ ေကာင္းတာကို"
"ေျပာင္းလိုက္ပါေတာ့..."
ရွန္ခ်န္းလင္က ေတြးလိုက္သည္။
"ေနာင္က်ရင္ မင္းကို ေပါင္တို႔ (ရတနာပဲေစ့) လို႔ေခၚမယ္ေလ.. ဘယ္လိုလဲ? "
ေခၚလို႔လည္း တိုတယ္...ပူညံပူညံ ပြစိပြစိလုပ္တတ္တဲ့ အက်င့္စရိုက္နဲ႕လည္း ကိုက္တယ္
"ေပါင္တို႔?"
အေစခံေလးက ေခတၱမွ်စဥ္းစားလိုက္ၿပီး မဆိုးလွဟုထင္သျဖင့္ ခ်က္ခ်င္းလက္ခံလိုက္ေလသည္။
"ဟုတ္ကဲ့...ကြၽန္ေတာ့္နာမည္က ေပါင္တို႔!"
"ဒါဆို ငါ့အရင္ကကိစၥေတြ ဆက္ေျပာျပ"
ရွန္ခ်န္းလင္က ဆိုသည္။
"စံအိမ္ေတာ္အတြင္းမွာျဖစ္တဲ့ကိစၥေတြ ေတာ္ေတာ္ေလး သိသြားၿပီဆိုေတာ့ တျခားဟာမရွိေတာ့ဘူးလား? ဥပမာ....ငါ့ရဲ႕သိုင္းပညာက အစ္ကို (၂) ထက္ ပိုေတာ္လားဆိုတာမ်ိဳး?"
အစက ဓားတစ္ခ်က္ေဝွ႕ရမ္း႐ုံနဲ႕ သစ္သားနီစားပြဲခုံႀကီးကို ႏွစ္ပိုင္းပိုင္းလိုက္နိုင္ေတာ့ ေတာ္ေတာ္ေလး အထင္ႀကီးထားတာ... ေနာက္မွျပန္သိရတာက အဲ့ဒီ က်င္ခပ္အကၤ်ီစိမ္းျပာေရာင္နဲ႕ လူက ဒီအိမ္က သခင္ေလးေတြ အားလုံးထဲမွာ သိုင္းပညာအနိမ့္ဆုံးတစ္ေယာက္တဲ့!
"အစ္ကို (၂) က အေဖ့သားေတြထဲမွာ သိုင္းပညာအညံ့ဆုံးတစ္ေယာက္ဆိုမွေတာ့ ငါက သိပ္မဆိုးတဲ့အေျခအေနမွာေတာ့ ရွိေလာက္မွာေပါ့?"
ရွန္ခ်န္းလင္က ေမွ်ာ္လင့္ခ်က္အျပည့္ျဖင့္ ေျပာသည္။
"သခင္ေလးကေတာ့ စိတ္ကူးယဥ္ေနျပန္ၿပီ"
အေစခံေလးက တည္တည္တံ့တံ့ေျပာလာသည္။
"သူတို႔ေျပာတဲ့ သည္အိမ္မွာ ဒုတိယသခင္ေလးသာလွ်င္ သိုင္းပညာမွာအညံ့ဆုံးဆိုတာက သခင္ေလးကို လုံးဝ ထည့္ကိုမတြက္ထားဘဲေျပာတာေလ"
ၿပီးေနာက္ ရွန္းခ်န္လန္က သည္ကိစၥကို သည္လိုပဲလက္ခံလိုက္မည္ထင္ပါသလား?
ေသခ်ာေပါက္ လက္မခံနိုင္ပါ။
ၾကားၾကားခ်င္း မ်က္ျဖဴလန္သြားကာ တစ္ခါတည္း သတိလစ္ေမ့ေျမာသြားေလေတာ့သည္။
ရက္စက္လိုက္ၾကတာ!
"အားအားအား သခင္ေလး!"
အေစခံေလးမွာ လိပ္ျပာပင္ လြင့္ေတာ့မတတ္ လန႔္သြားၿပီး သမားေတာ္ပင့္ရန္ လည္ေခ်ာင္းကြဲမတတ္ ေအာ္ဟစ္ေလေတာ့သည္။
ဘယ္လိုျဖစ္ၿပီး ခ်က္ခ်င္းလက္ငင္း မူးလဲရတာလဲေနာ္... လန႔္လို႔ေသေတာ့မွာပဲ!
အေမႊးတိုင္တစ္တိုင္စာၾကာၿပီးေနာက္ ရွန္ခ်န္းလင္၏ခုတင္ပတ္ပတ္လည္တြင္ ေလ်ာ့ေပါ့ေျပာရလွ်င္ေတာင္ သမားေတာ္ဆယ္ေယာက္ခန႔္ ဝိုင္းေနသည္။ ထို႔အျပင္ အခန္းအျပင္ဘက္၌ စံအိမ္ေတာ္သခင္ႀကီး ရွန္ဖုန္းမွာေတာ့ ေသာကအပူမီး ဝိုင္းေနရွာသည္။
"ကြၽန္မရဲ႕လင္အာေလးရယ္!"
အသက္လတ္ပိုင္းမိန္းမလွႀကီးက ေျမႀကီးကို ပုတ္ကာ ပုတ္ကာ ငိုေႂကြးေနေပသည္။
အေစခံေလးကမူ ေျမႀကီးေပၚ၌ ထိုင္ကာ ကတုန္ကယင္ျဖင့္ ဆိုေနသည္။
"ဘာျဖစ္သြားတာလဲ ကြၽန္ေတာ္တကယ္မသိဘူး... အစက စကားေျပာေနတာ အေကာင္းပဲရယ္..ေနာက္ေတာ့ သူသိုင္းမတတ္ဘူးလို႔ေျပာလိုက္႐ုံရွိေသး သခင္ေလးက ခုတင္ေပၚပစ္လဲက်သြားတာပဲ"
စံအိမ္ေတာ္သခင္ရွန္က သက္ျပင္းခ်လ်က္ဆိုသည္။
"အရင္ကေတာ့ သူ႕ကို ေလ့က်င္ပါ..ေလ့က်င့္ပါလို႔ ေျပာေနတာေတာင္ ငိုယိုၿပီးေတာ့ကို ျငင္းဆန္တယ္...မေလ့က်င့္ခ်င္ဘူးဆိုၿပီး...။ အခုေတာ့ သည္ကိစၥေလးနဲ႕ သတိလစ္သြားတဲ့အထိျဖစ္ရတယ္လို႔ကြာ"
"လင္အာေလးသာ တစ္ခုခုျဖစ္ရင္ ကြၽန္မလည္း အသက္ဆက္မရွင္ေတာ့ဘူးရွင္!"
သက္လတ္ပိုင္းမိန္းမလွႀကီးက ေၾကေၾကကြဲကြဲ ဝမ္းနည္းပက္လက္ငိုေနတုန္းပင္။ အလြန္တရာကိုမွ သနားဖို႔ေကာင္းေပစြ။
စံအိမ္ေတာ္သခင္ရွန္သည္လည္း ေခါင္းကိုက္လြန္း၍ ကြဲထြက္ေတာ့မည္ဟုပင္ ထင္မိရသည္။
သမားေတာ္မ်ား စစ္ေဆးကုသၿပီးေသာ္ ဘာေရာဂါမွ မေတြ႕ရေခ်။ ယခင္က ျပဳတ္က်ထားေသာ ဒဏ္ရာအျပင္ ယခုထပ္မံ၍ ထိတ္လန႔္စရာကိစၥတစ္ခုခုႀကဳံေတြ႕လိုက္ရသျဖင့္ ဤသို႔ ေမ့ေျမာသြားျခင္းျဖစ္လိမ့္မည္ဟုသာ ခန႔္မွန္းနိုင္ၾကသည္။ ထို႔သို႔ျဖင့္ တစ္နာရီမွ်ၾကာေသာ္ စံအိမ္ေတာ္တစ္ခုလုံးကို သခင္ႀကီးက အမိန႔္ခ်လိဳက္သည္---ေနာက္ေနာင္ သခင္ေလးက ဘယ္သူ႕ကိုေမးေမး သူသာလွ်င္ သိုင္းေလာကရဲ႕ ထိပ္သီးသိုင္းပညာရွင္အေက်ာ္အေမာ္ျဖစ္တယ္လို႔ေျဖၾကားရမည္!ဒါေပမဲ့ လတ္တေလာမွာေတာ့ သူတစ္ပါးအကြက္ဆင္ျခင္းခံရၿပီး အတြင္းအားဆုံးရႈံးေနျခင္းျဖစ္ေၾကာင္း!
သို႔ေသာ္ ဤကိစၥမွာ ရွင္းရခက္လွသည္။ ရွန္ခ်န္းလင္တစ္ေယာက္ ေခါင္းခိုက္မိထားတာ အရွင္းမေပ်ာက္ေသးရာ မၾကာခဏေတာ့ မူးေဝျခင္း၊ သတိလစ္ေမ့ေျမာျခင္းတို႔ျဖစ္နိုင္ေသးသည္ပင္။ သည္တစ္ေခါက္ဟာလည္း တိုက္ဆိုင္မႈသက္သက္ပင္ျဖစ္၏။
တကယ့္ကို စြပ္စြဲခံရတာပါေနာ္!
.
.
.
"တကယ္လား?"
ရွန္ခ်န္းလင္ သတိျပန္လည္လာၿပီးေနာက္ "မိမိမွာ တစ္ခ်ိန္က သိုင္းေလာကထိပ္သီးသိုင္းပညာရွင္ျဖစ္ေပသည္" ဆိုေသာကိစၥရပ္အေပၚ အလြန္အမင္း သံသယဝင္လ်က္ရွိေပသည္။
"ဒါေပါ့"
ေပါင္တို႔က အာမခံေလသည္။
"သခင္ေလးက စစ္သည္ေတာ္တစ္ေထာင္ကို ရင္ဆိုင္နိုင္ၿပီး မိစာၦဂိုဏ္းကိုေတာင္ တစ္ေယာက္ခ်င္းစိန္ေခၚခဲ့တာ... အရမ္းေတာ္တာရယ္!"
ရွန္ခ်န္းလင္တစ္ေယာက္ကေတာ့ သည္သတင္းၾကားၿပီး မယုံနိုင္ေအာင္တုန္လႈပ္သြားရေတာ့သည္။
"ဒါေပမဲ့ သခင္ေလးက နာမည္ဂုဏ္သတင္းမမက္ေတာ့ အျပင္ကလူေတြကိုဆို ဒါေတြက အႀကီးဆုံးသခင္ေလးရဲ႕ စြမ္းေဆာင္ရည္ေတြအျဖစ္ အသိေပးထားရတာ"
ေပါင္တို႔က အားရပါးရဆက္ေျပာသည္။
"တကယ္တမ္းေတာ့ေလ အဲ့တာေတြ အကုန္လုံးက သခင္ေလးလုပ္ထားေပးတာခ်ည္း!"
ရွန္ခ်န္းလင္မွာ မိမိလက္ေမာင္းေသးေသးေလးမ်ားကို ျပန္ငုံ႕ၾကည့္လိုက္ရင္း စိတ္ထဲမွာလည္း ခြန္အားေတြျပည့္သြားသလိုခံစားလိုက္ရေတာ့သည္။
"ေရွာင္လင္"
ေခ်ာေမာခန႔္ညားေသာ ေယာက်္ားတစ္ေယာက္က တံခါးဖြင့္ဝင္လာသည္။ မိုးျပာေရာင္ဝတ္႐ုံရွည္ကို ဝတ္ဆင္ထားၿပီး ႐ုပ္ရည္သြင္ျပင္က ေယာက်္ားဆန္ကာ ေခ်ာေမာလွသည္။
တအား႐ႊိုက္!
"အႀကီးဆုံးသခင္ေလး"
အေစခံေလးက သူ႕ခုတင္ေဘးမွ ကျပာကယာ မတ္တတ္ထရပ္လိုက္သည္။
"ကို.....ႀကီး?"
ရွန္ခ်န္းလင္က မွန္းဆ၍ေခၚၾကည့္လိုက္သည္။
"လာတဲ့လမ္းမွာ အတိတ္ေမ့သြားၿပီလို႔ ၾကားထားတာ... ဘယ္လိုလုပ္ၿပီး ငါ့ကိုပါ ေမ့သြားရတာလဲ"
ထိုေယာက်္ားက သက္ျပင္းခ်ရင္းေျပာသည္။
"ရိုက္သင့္တယ္"
ရွန္ခ်န္းလင္က ပခုံးေလးပုဝင္လိုက္သည္။
"ငါက မင္းရဲ႕ကိုႀကီး...ရွန္ခ်န္းဖုန္း"
ထိုေယာက်္ားက သူ႕ေဘးမွာထိုင္ၿပီး -
"တကယ္ ဘာမွမမွတ္မိေတာ့ဘူးလား?"
ရွန္ခ်န္းလင္က ေခါင္းညိတ္ျပလိုက္သည္။ အမူအရာက ျဖဴစင္ရိုးသြားလွ၏။
"ထားပါေတာ့ေလ...အရင္က စိတ္ရႈပ္စရာကိစၥေတြကို မမွတ္မိေတာ့ဘူးဆိုေတာ့လည္း ေကာင္းတာပဲ"
ရွန္ခ်န္းဖုန္းက သူ႕ဦးေခါင္းေလးကို ပြတ္သပ္ေပးလိုက္သည္။
"ေရွာင္လင္ေလးက တုံးအအေလးမွ ခ်စ္ဖို႔ေကာင္းမွာ"
ရွန္ခ်န္းလင္ - "......"
စကားစျမည္အနည္းငယ္ေျပာၿပီးေနာက္ အေစခံတစ္ဦးက သုတ္သုတ္ပ်ာပ်ာလာေရာက္လာသည္။ သခင္ႀကီးက အစ္ကိုႀကီးကို အေခၚရွိေၾကာင္း။
"အစ္ကိုႀကီး ေနာက္က်မွထပ္လာၾကည့္လွည့္မယ္ေနာ္"
ရွန္ခ်န္းဖုန္းက ထရပ္လိုက္သည္။ ရွန္ခ်န္းလင္က ေခါင္းညိတ္ျပၿပီး သူအျပင္ထြက္သြားတာနဲ႕ ေပါင္တို႔ကို လွည့္ေမးလိုက္သည္။
"ငါနဲ႕ အစ္ကိုအႀကီးဆုံးက ဆက္ဆံေရး အရမ္းေကာင္းတယ္လား"
"ဟုတ္တယ္ေလ"
ေပါင္တို႔က ေခါင္းညိတ္ျပေလသည္။
"ဒီစံအိမ္ေတာ္ႀကီးတစ္ခုလုံး လူတိုင္းလူတိုင္းက သခင္ေလးအေပၚကိုဆို ပိုပိုၿပီး ဂ႐ုစိုက္ၾကတယ္ဆိုေပမဲ့ သခင္ေလးကိုယ္တိုင္ကေတာ့ အႀကီးဆုံးသခင္ေလးအနားပိုကပ္တယ္ေလ"
ရွန္ခ်န္းလင္ကေတာ့ ေျခေထာက္ေျပးဖက္ရမဲ့သူစာရင္းရဲ႕ ထိပ္ဆုံးမွာ သူ႕ကိုထားလိုက္ၿပီ။
"အႀကီးဆုံးသခင္ေလးေတာင္ျပန္လာၿပီဆိုေတာ့ အဲ့သည္ ဂိုဏ္းခ်ဳပ္ခ်င္လည္း တစ္ရက္ႏွစ္ရက္အတြင္း ေရာက္ေတာ့မွာပဲ"
ေပါင္တို႔က စိတ္ပူေနေသာမ်က္လုံးမ်ားျဖင့္ သူ႕ကို ၾကည့္လာသည္။
"သခင္ေလးက ဂိုဏ္းခ်ဳပ္ခ်င္(*ခ်င္ကုန္းက်ဴ)ကိုလည္း မမွတ္မိေတာ့ဘူးမလား"
ဟင္..မင္းသမီး(*ကုန္းက်ဴ)ကေတာင္လာေတြ႕ဦးမွာလား?
ရွန္ခ်န္းလင္ အနည္းငယ္အံ့အားသင့္သြားရေလသည္။
"အင္း... တကယ္ကို မမွတ္မိေတာ့ဘူး"
(宫主 နန္းသခင္/ဂိုဏ္းခ်ဳပ္ နဲ႕ 公主 မင္းသမီးနဲ႕က အသံထြက္တူေနတာမို႔ လင္အာက တလြဲထင္ကုန္တာပါ)
"အိုင္း"
ေပါင္တို႔က သက္ျပင္းခ်လိဳက္သည္။
"တကယ္လို႔ မိစာၦဂိုဏ္းသာ ဝင္မရႈပ္ဘူးဆိုရင္ သခင္ေလးျဖင့္ မႏွစ္ကတည္းက ဂိုဏ္းခ်ဳပ္ကို လက္ထပ္ၿပီးသြားေလာက္ၿပီ၊ ဒီေန႕လို အတိတ္ေမ့သြားတဲ့ အေျခအေနေတြလည္း ျဖစ္စရာကိုမလိုေတာ့ဘူးေပါ့"
...........
ေနပါဦး...ဒီသတင္းႀကီးက နည္းနည္းေတာ့မ်ားသြားၿပီေနာ္!
ရွန္ခ်န္းလင္ ေခါင္းနည္းနည္းရႈပ္သြားေလၿပီ။
"မင္းခုနကေျပာတာ....လက္ထပ္တယ္(*က်)?"
ဧကႏၲ ငါကလက္ထပ္ယူတာ (*ခြၽီ) ျဖစ္ရမွာမဟုတ္ဘူးလား ? !
(嫁 – 'က်' ဆိုတာက မိန္းကေလးေတြ လက္ထပ္ၿပီးလိုက္သြားရတဲ့အခါသုံးတာပါ။娶 - 'ခြၽီ' ဆိုတာက ေယာက်္ားေလးေတြ လက္ထပ္ယူၿပီး ေခၚသြားရတဲ့အခါသုံးတာပါ။ လင္အာစိတ္ထဲမွာ မင္းသမီးနဲ႕လက္ထပ္ရမယ္ထင္ေနေတာ့ သူက 'ခြၽီ'အသုံးနဲ႕အသုံးခံရသင့္တာကို 'က်' အသုံးနဲ႕အသုံးခံရလို႔ အံ့ၾသသြားတာ lol )
"ဂိုဏ္းခ်ဳပ္ခ်င္နဲ႕ထိမ္းျမားပါတယ္ဆိုမွေတာ့ ကြၽန္ေတာ္တို႔ဘက္က (ဇနီးသည္လို) လိုက္သြားရမွာေလ"
ေပါင္တို႔က လုံးဝ ေလးေလးနက္နက္ေျပာလာသည္။ ရွန္ခ်န္းလင္က ကိုယ့္ကိုယ္ကိုယ္ႏွစ္သိမ့္လိုက္သည္။
ၾကည့္ရတာ နန္းတြင္းထဲမွာက အေခၚအေဝၚေတြ ကန႔္သတ္ထားတယ္ထင္တယ္...
တကယ္ေတာ့လည္း တျခားရႈေထာင့္တစ္ခုကေန စဥ္းစားၾကည့္လိုက္ရင္ မိုးနတ္မင္းႀကီးက ငါ့အေပၚေကာင္းပါေသးတယ္...ငါ့ကို အားကိုးအားထားျပဳလို႔ရမဲ့ သူရဲေကာင္းမိသားစုက အေဖတစ္ေယာက္ဆီ အခ်ိန္ေနာက္ျပန္ခရီးသြားခိုင္းလိုက္႐ုံမကဘူး...ဇနီးေလာင္းက မင္းသမီးတစ္ပါးေတာင္ ျဖစ္ေနလိုက္ေသး!အရင္ဘဝက ၂၂ ႏွစ္ၾကာေအာင္ မိဘမဲ့ျဖစ္ခဲ့ေပမဲ့ အခုေတာ့ သည္လို မိသားစုဝင္အမ်ားႀကီးရွိတဲ့ အသိုက္အၿမဳံႀကီးကို ပိုင္ဆိုင္လိုက္ရတယ္ေလ... တကယ္တမ္းေျပာရရင္ ဒါကံေကာင္းတာပဲမဟုတ္လား?
ရွန္ခ်န္းလင္သည္ ေျဖးေျဖးခ်င္း ဘဝသ႐ုပ္မွန္အသစ္ကို လက္ခံလာနိုင္ေလသည္။
သို႔ရာ သည္လို လက္ခံနိုင္ေသာ အသိတရားေလးမွာ ႏွစ္ရက္ၾကာၿပီးေနာက္ တစ္စဆီေၾကမြသြားေလ၏။
အဘယ့္ေၾကာင့္ဆိုေသာ္... ဂိုဏ္းခ်ဳပ္ခ်င္ ျပန္လာေသာေၾကာင့္ပင္....
.
.
.
ထိုေန႕က မနက္အေစာႀကီးမွအေစာႀကီး ေပါင္တို႔က ရွန္ခ်န္းလင္ကို အိပ္ရာေပၚမွဆြဲခ်ၿပီး ႏွိုးခဲ့သည္။ ေရမိုးခ်ိဳးၿပီး သန႔္စင္ဖီးသင္ျပင္ဆင္ကာ အဝတ္သစ္မ်ားလည္း လဲလွယ္ရသည္။ ပန္းပြင့္ေလးမ်ားႏွင့္ေရေႏြးေဖာက္ထားေသာ ေရကန္ထဲတြင္ စိမ္ကာပင္ ေရခ်ိဳးခဲ့ရေလသည္။ ျပင္ဆင္မြမ္းမံေနသည္မွာ ေတာ္ေတာ္ႏွင့္မၿပီးနိုင္ဘဲ တစ္နာရီေက်ာ္ၾကာတာေတာင္ မၿပီးေသးေခ်။
"သည္ေလာက္ေတာင္ အေလးထားျပင္ဆင္ရမွာလား?"
ရွန္ခ်န္းလင္က အံ့အားသင့္စြာေမးသည္။
"ကုန္းက်ဴ(ဂိုဏ္းခ်ဳပ္)ကို ေတြ႕ရမွာေလ...ေသခ်ာေပါက္ အေလးထားၿပီး ခမ္းခမ္းနားနားျပင္ရမွာေပါ့!"
ေပါင္တို႔က သူ႕ဆံႏြယ္မ်ားကိုလည္း ေသေသသပ္သပ္ဖီးသင္ေပးၿပီး အျဖဴေရာင္ေက်ာက္စိမ္းဆံထိုး တစ္ေခ်ာင္းထိုးေပးသည္။ ထပ္မံ၍ အျဖဴေရာင္ ေ႐ႊခ်ည္ထိုး တိမ္ကတၱီပါသားဝတ္႐ုံရွည္ကို လဲလွယ္ဝတ္ဆင္ေပးျပန္သည္။ ဝတ္စားဆင္ယင္ၿပီးခ်ိန္မွာပင္ ဒုတိယသခင္ေလးက ျပတင္းနံေဘးမွျဖတ္သြားရာ အခန္းထဲသို႔ေခါင္းဝင္ၾကည့္လိုက္ၿပီး ခ်ီးက်ဴးလိုက္သည္။
"ဧကန္စင္စစ္ တိုင္းခ်စ္ျပည္ခ်စ္ အလွပေဂးေလးပါတကား!"
ရွန္ခ်န္းလင္မွာေတာ့ ဦးေရေၾကာမ်ားတင္းကနဲ။
"အခု သခင္ေလးက အသက္ေဘးအႏၲရာယ္ႀကဳံထားတာဆိုေတာ့ ဂိုဏ္းခ်ဳပ္က အရင္ကေလာက္ေတာ့ ေပါက္တတ္ကရေတြေျပာၿပီး စေနာက္က်ီဆယ္ မေနေလာက္ေတာ့ပါဘူး"
ေပါင္တို႔က သူ႕၏ ဝတ္႐ုံခါးစည္းကို ကူစည္းေပးရင္းဆိုသည္။
"ဒါေပမဲ့ သူေပါက္တတ္ကရေတြေျပာေနေသးရင္လည္း သခင္ေလး သူ႕ကို မရွိဘူးလို႔သာမွတ္ၿပီး မသိခ်င္ေယာင္ေဆာင္ေနလိုက္ေတာ့ေနာ္... အရင္ကလိုေတာ့ ငိုယိုၿပီးထြက္မေျပးပါနဲ႕ေတာ့ေနာ့"
အဲ့လို ထြက္ေျပးတာက အင္မတန္ရွက္စရာေကာင္းတယ္ေလ!
"အဟြတ္ အဟြတ္"
ရွန္ခ်န္းလင္မွာ ေရေသာက္ရင္ သီးသြားရသည့္အျဖစ္။
ငိုယိုၿပီးထြက္ေျပးတယ္ဆိုတဲ့ကိစၥကို အသာထားဦး.. စေနာက္က်ီဆယ္တယ္ဆိုေတာ့....မဟုတ္မွလြဲေရာ မင္းသမီးက ႏွာဘူးမ်ားလား? ငိုး...ႏူးညံ့ညင္သာ က်က္သေရျဖာၿပီး ရွက္တတ္တဲ့ လက္ေ႐ြးစင္ သမီးပ်ိဳေလး ျဖစ္သင့္တာမဟုတ္ဘူးလား!
ရွန္ခ်န္းလင္ မ်က္ေမွာင္ၾကဳတ္မိသြားေတာ့သည္။ ၾကည့္ရသည္မွာ မိမိစိတ္ကူးထားသည္ႏွင့္အေတာ္ေလး ကြာျခားမႈရွိေနသည္ပင္။
ဘယ္လိုလုပ္ၿပီး သည္ေလာက္ေပါ့ေပါ့ပ်က္ပ်က္နိုင္တဲ့ မင္းသမီးမ်ိဳးရွိရတာလဲ!ဒါသိပၸံနည္းလမ္းမက်ဘဴးေဟ့!
သို႔ေပသိ သိပၸံနည္းလမ္းက်မက်ေတြကို ေနာက္ခဏပို႔ထားလိုက္ၿပီ။ ရွားရွားပါးပါး ေန႕လယ္စာ စားပြဲတက္ရရာ ရွန္ခ်န္းလင္ကား အားႏြဲ႕ႏု႐ြစြာျဖင့္ ထမင္းစားခန္းအထိေရာက္ေအာင္ ေပါင္တို႔က တြဲပို႔ရေလသည္။ အခန္းထဲေရာက္သည္ႏွင့္ သူလွမ္းၾကည့္မိရာ မိမိဖခင္ေဘးနားတြင္ အနီေရာင္ဝတ္႐ုံ ဝတ္ဆင္ထားေသာ လူငယ္ေယာက်္ားသားတစ္ဦး ထိုင္ေနၿပီး ထိုသူက မ်က္ဝန္းမ်ားပင္ ၿပဳံးပန္းေဝလွ်က္ ခ်စ္ေမတၱာအျပည့္ျဖင့္ သူ႕အား ၿပဳံးျပေလသည္။
ရွန္ခ်န္းလင္သည္လည္း ယဥ္ေက်းမႈအရ ေခါင္းညိတ္ျပလိုက္ၿပီး သူ႕မ်က္လုံးမ်ားကေတာ့ အခန္းထဲရွိ က်န္စားပြဲခုံမ်ားသို႔ အလည္သြားရွာေဖြလိုက္သည္။
မင္းသမီးကဘယ္မွာတုန္း ? !
"ထိုင္ေလ"
ရွန္ခ်န္းဖုန္းက သူ႕ကိုယ္စား ထိုင္ခုံဆြဲေပးၿပီး -
"ေခါင္းမူးေသးလား?"
"ေက်းဇူးပါ အစ္ကိုႀကီး....ကြၽန္ေတာ္ဘာမွမျဖစ္ေတာ့ပါဘူး"
ရွန္ခ်န္းလင္က အေပၚယံဆန္ဆန္ေျဖလိုက္ၿပီး တစ္ဖက္က မင္းသမီးကို ဆက္လက္ရွာေဖြေနလိုက္သည္။
ကိုယ့္အလုပ္ကိုယ္ တေလးတစားရွိလိုက္တာမွ..လုပ္လက္စကိုမေမ့ဘူးပဲ!
"ေရွာင္လင္..ဘယ္သူ႕ကို ရွာေနတာလဲ?"
အနီေရာင္ဝတ္႐ုံႏွင့္ေယာက်္ားက ၿပဳံးၿပီးေမးလာသည္။
"ခင္ဗ်ားက?"
ရွန္ခ်န္းလင္က နားေဝတိန္ေတာင္ျဖင့္ ျပန္ေမးလိုက္သည္။
"ခ်င္ေရွာက္ယြီ"
ထိုအနီေရာင္ဝတ္စုံႏွင့္လူ၏ ႏႈတ္ခမ္းေလးမ်ားက ေကာ့တက္သြား၏။
စားပြဲဝိုင္းတစ္ခုလုံးရွိ လူအေပါင္းမွာ ရွန္ခ်န္းလင္ကိုသာ အာ႐ုံထား စူးစိုက္ၾကည့္ေနၾကေလသည္။
...........
ဒါႀကီးက ဘယ္လိုအေနအထားႀကီးလဲဟ?
ရွန္ခ်န္းလင္မွာ အလြန္အမင္းစိတ္လႈပ္ရွားလာမိသည္။
ဧကႏၲ အရင္က ငါနဲ႕သူနဲ႕က အရမ္းခင္တာမ်ားလား? အဲ့ဒါေၾကာင့္ အခုလိုေတြ႕တဲ့အခါ မ်က္ရည္လည္႐ႊဲ ဝမ္းပန္းတသာနဲ႕ ႏႈတ္ဆက္ရမွာမ်ားလား ? !
"ဂိုဏ္းခ်ဳပ္ခ်င္ ေဗြမယူပါနဲ႕ေနာ္...လင္အာေလးက ဟိုးေရွ႕ရက္အနည္းငယ္ကမွ ျပဳတ္က်ၿပီး ေခါင္းခိုက္မိထားလို႔ပါ"
စံအိမ္ေတာ္သခင္ႀကီးက သက္ျပင္းခ်လ်က္ ဆို၏။
"သခင္ႀကီး အေတြးမ်ားေနပါၿပီဗ်ာ"
ခ်င္ေရွာက္ယြီ၏မ်က္ဝန္းမ်ားက ရွန္ခ်န္းလင္ထံမွ တစ္စကၠန႔္မွ်ေတာင္ မခြာဘဲ ေျပာလိုက္သည္။
"ကြၽန္ေတာ္ျဖင့္ ခ်စ္လို႔ေတာင္မဝတာကို... ဘယ္လိုလုပ္ၿပီး သူ႕ကို အျပစ္ျမင္ရက္လိမ့္မလဲဗ်ာ?"
သူ႕အသံက ေႏြးေထြးညင္သာလွၿပီး အလြန္တရာမွ ခ်စ္ခင္အလိုလိုက္သည့္ ေလယူေလသိမ္းျဖစ္ေလရာ စားပြဲဝိုင္းရွိလူအားလုံးမွာ တမဟုတ္ခ်င္းပင္ ေက်နပ္ပီတိ ဂြမ္းဆီထိသြားၾကေတာ့သည္။
ရွန္ခ်န္းလင္က လြဲ၍... !
သူသည္ ဗို႔အားအျပည့္မိုးႀကိဳးလွ်ပ္စီးမ်ားပစ္လႊတ္၍ အနီေရာင္ဝတ္႐ုံျဖင့္လူကို စိုက္ၾကည့္လိုက္မိသည္!!!!
စကားတစ္ခြန္းမွမေျပာနိုင္ေသးေခ်!!!!
သည္ေျပာပုံဆိုပုံေတြက မူမမွန္သလိုပဲေရာ္ ? !!!!
"ေရွာင္လင္..ကိုယ့္ကို မွတ္မိသြားလို႔လားဟင္?"
ခ်င္ေရွာက္ယြီ၏ မ်က္လုံးအစုံက ေႏြးေထြးရင္းႏွီးစြာျဖင့္။ ရွန္ခ်န္းလင္ကေတာ့ ဆက္လက္ၿပီး မ်က္လုံးျပဴးမ်က္ဆံျပဴးျဖင့္ ၾကည့္ေနမိသည္။ သို႔ရာ ခ်င္ေရွာက္ယြီကေတာ့ လူသားမိုးႀကိဳးလက္နက္သဖြယ္ ရွန္ခ်န္းလင္ထံသို႔ မိုးႀကိဳးပစ္ခ်လိဳက္ေလသည္။
ထိုသူက ခ်စ္ရည္႐ြန္းလဲ့ေနေသာ အၿပဳံးပန္းမ်ား ေဝဆာလ်က္ေျပာလိုက္သည္။
"အကယ္၍ လင္အာသာ ဆႏၵရွိရင္ ကြၽန္ေတာ္တို႔ ေကြၽးယင္နန္းက အခ်ိန္မေ႐ြး မဂၤလာပြဲက်င္းပဖို႔ အသင့္ရွိေနပါတယ္ဗ်ာ"
............
ငိုး!!
ရွန္ခ်န္းလင္သည္ ေခါင္းထဲမိုက္ကနဲျဖစ္သြားၿပီး မ်က္လုံးမ်ားေဝဝါးလ်က္ သူ႕နံေဘးက အစ္ကိုႀကီးလက္ကို ဆုပ္ကိုင္လိုက္သည္!
ငါ ဒီမွာ အလြန႔္အလြန္ကို စိတ္ေအးေအးထားဖို႔ လိုေနတယ္ ခဏေလး ခဏေလး!!
"မေၾကာက္နဲ႕"
ရွန္ခ်န္းဖုန္းက ျပန္လည္ႏွစ္သိမ့္ေခ်ာ့ျမဴေပးေလသည္။
"အကယ္၍ မင္းအဆင္သင့္မျဖစ္ေသးဘူးဆိုလည္း မဂၤလာကိစၥကို ေနာက္ခဏေ႐ြ႕ဆိုင္းထားလို႔ရပါတယ္...ေရွာက္ယြီကလည္း မင္းကို ေသခ်ာေပါက္ ဇြတ္အတင္းလက္ထပ္ခိုင္းမွာ မဟုတ္ဘူး"
မင္းေမဘိုးေအႀကီး!တကယ္ႀကီးသူနဲ႕ယူရမွာဟ!!!
ရွန္ခ်န္းလင္၏ အျမင္အာ႐ုံမ်ား ႐ုတ္ခ်ည္းေမွာင္မိုက္သြားၿပီး ဝုန္းဝုန္းဒိုင္းဒိုင္းပဲ ထပ္မံ သတိလစ္ေမ့ေျမာသြားေတာ့သည္!!
မိုးေျမကို သက္ေသတည္ပါတယ္... သူ သည္တစ္ခါေတာ့ တကယ္ႀကီး တကယ္ႀကီး ထိတ္လန႔္လြန္းအားႀကီးၿပီး မူးလဲသြားတာပါေလ!!
🍀