"နွယ့်ကို ပြောစရာမရှိဘူးလား အသွန်"
ခဏကြာတိတ်ဆိတ်နေပြီးမှ နွယ့်ဆီမှထွက်လာသောအသံ။သူသက်ပြင်းမသိမသာချမိသည်။
"ဆွေးနွေးချင်တဲ့အရာက ဘာများလဲနွယ်"
"အမေးကိုအမေးနဲ့တုံ့ပြန်နေတာပဲ နွယ်သာမပြောရင် အသွန့်မှာပြောစရာဘာမှမရှိဘူးပေါ့"
"မပြောသင့်တဲ့စကားတွေက မပြောတာအကောင်းဆုံးမလား"
နွယ့်ကိုကြည့်လို့ သူမေးမိသည်။
"ပြောသင့်တယ်မပြောသင့်ဘူးဆိုတာ ဘာနဲ့ဆုံးဖြတ်ရတာလဲ"
"မဖြစ်သင့်တာတစ်ခုကို မပြောသင့်တဲ့လူရှေ့မှာ ငါပြောမထွက်ဘူး"
"ယောကျ်ားတစ်ယောက်ကိုမချစ်သင့်တာလား ချစ်နေကြောင်းကိုမပြောသင့်တာလား"
နွယ်ကတော့ နွယ်ပါဘဲလေ။တစ်နာရီမပြည့် ခင် သူ့ရင်ထဲကအရာအားလုံးကို မြင်ပြီးသွားပြီ။
"နွယ်..."
"နွယ်ပြောပြီးပြီပဲ အသွန့်အကြောင်းကိုနွယ်ကအသိဆုံးပါလို့ အသွန့်စိတ်ထဲဘာရှိလဲဆိုတာ နွယ်တစ်ချက်ကြည့်ရုံနဲ့ သိခဲ့တာချည်းပဲ"
"တောင်းပန်ပါတယ်နွယ်"
ခေါင်းငုံ့မိလိုက်ခြင်းက အမှားလုပ်ထားတာကြောင့်မဟုတ် အားနာခြင်းကြောင့်သာ။သူ့ကိုချစ်ခဲ့ခြင်းကိုတော့ အမှားဟုမသတ်မှတ်ခဲ့ဖူးပါ။
"ဘာအတွက်လဲ"
"သူ့ကိုချစ်ခဲ့မိတာကိုတော့ အပြစ်လို့မထင်တဲ့အတွက် မတောင်းပန်နိုင်တာကိုနားလည်ပေးပါနွယ် အခုတောင်းပန်တာက နွယ်နဲ့မိဘတွေကိုကတိပေးထားပြီး ကတိမတည်နိုင်တဲ့အတွက်..."
"နွယ့်ကို စွန့်လွှတ်မယ်ပေါ့"
မသိသာတဲ့အဖြေကို တန်းရိပ်မိသည်အထိ နွယ်ကတော်ပါတယ်။
"ကိုယ်ကတိအတိုင်းလက်ထပ်နိုင်တယ် အချစ်တွေ တစ်ခြားတစ်ယောက်ဆီ ထားခဲ့တာကလွဲလို့"
"ဒါဆို ဘာကြောင့်လက်ထပ်နေသေးတာလဲအသွန် "
"နွယ့် ပတ်ဝန်းကျင်မှာ"
"ပတ်ဝန်းကျင်ကိုဂရုစိုက်ပြီး အချစ်မပါတဲ့လူတစ်ယောက်ကို နွယ်ကလက်ထပ်ရမယ်ပေါ့ သိသိကြီးနဲ့လေ"
တိတ်ဆိတ်သွားခြင်းမှာ လေပြည်တွေသာ ရွေ့လျားကုန်တယ်။သက်ပြင်းတစ်ချို့လေနဲ့ပါသွားချိန် ရင်ထဲမှာလေမလုံလောက်တော့ဘူးထင်။အသက်ရှူရတာတောင် ခက်ခက်ခဲခဲရယ်။စဥ်းစားခဲ့သလောက် ပြောလို့မထွက်နိုင်အောင် သူငယ်ချင်းမလေးအပေါ် အားနာရပါသည်။
"ဆယ်တန်းစာမေးပွဲကို နင်သတိရသေးလားအသွန် ငါတို့ငြင်းခဲ့တဲ့အဖြေလွှာတွေအကြောင်း"
အပြုံးရေးရေးလေးနဲ့ ခေါင်းညိတ်မိတယ်။
"ငါမှတ်မိပါတယ်"
"အဲ့တုန်းကငါတို့ငြင်းခဲ့ဖူးတယ် ဒီလိုဖြစ်သင့်တာဒီလိုဖြစ်ရမှာဆိုပြီး ဒါပေမယ့် ကိုယ်ဖြစ်ချင်သလိုငါတို့မဖြေခဲ့ဘူး ဘာလို့လဲဆိုတော့
ငါတို့လိုချင်တာစာမေးပွဲရလဒ် ရလဒ်ကောင်းမှငါတို့ပျော်ရမှာ ငါတို့လိုချင်တာ ပျော်ရွှင်မှုလေ ကိုယ်ဖြစ်ချင်တာကိုဖြေဖို့ မလိုခဲ့ဘူး"
"ဟုတ်တယ် အဓိကက အဖြေမှန်ဖို့ပဲလေ သူတို့ပေးတဲ့အဖြေသာအမှန် ငါတို့ဖြစ်ချင်တာက အရေးမကြီးဘူး"
"အခုဟာကဘဝစာမေးပွဲ လူ့ဘဝတိုတိုလေးမှာ ငါတို့ဘာကြောင့်အသက်ရှင်နေတာလဲ သူများစိတ်ကျေနပ်ဖို့လား ကိုယ်ပျော်နေဖို့လား သူများစိတ်ကျေနပ်ဖို့ ကိုယ့်တစ်ဘဝလုံးရဲ့အပျော်တွေကိုသော့ခတ်သိမ်းထားမယ်ဆိုတာ မိုက်ရူးရဲမဆန်လွန်းဘူးလား ဒါဆို လူ့ဘဝကဘာအဓိပ္ပါယ်ရှိတော့မှာလဲ
ပြီးတော့ ဆယ်တန်းစာမေးပွဲလို ပြန်လည်ဖြေဆိုခွင့်ပေးမထားဘူး ဒါကြောင့်ကိုယ်လိုချင်တာကိုသိရမယ် ဖြစ်သင့်တာနဲ့ဖြစ်ချင်တာ ဘယ်ဟာက ကိုယ့်ကိုပျော်စေနိုင်သလဲ"
ကိုယ့်ဘက်ကိုဦးစားပေးလို့တွေးပေးလာတဲ့အခါ အားနာခြင်းကနှစ်ဆ။
"နွယ်"
"ငါပြောပြမယ်အသွန် တကယ်လို့ နင်ငါနဲ့လက်ထပ်လိုက်ပါပြီတဲ့ ဘယ်သူတွေပျော်ရမှာလဲ ငါကလည်းသိသိကြီးနဲ့ပျော်မနေနိုင်သလို နင်တို့နှစ်ယောက်ကရော အဖြေကရှင်းနေတာပဲအသွန် ပါဝင်ပက်သတ်သူ သုံးယောက်လုံး စိတ်မချမ်းသာစရာကိစ္စတစ်ခုကို ဘယ်သူကများရွေးချယ်မှာလဲ ငါမမိုက်မဲဘူး အသွန်"
ထို့နောက် မောသွားသလိုစကားခဏနားကာ ခပ်ဝေးဝေးက ဝင်လုဆဲဆဲနေလုံးကြီးကိုငေးသည်။မျက်ဝန်းထဲကဝမ်းနည်းရိပ်ကို မမြင်ချင်ယောင်ဆောင်ဖို့ ခေါင်းငုံ့လိုက်မိတယ်။သူ့အတွက် အတ္တကြီးပါရစေ။
"ငါကနင့်ကိုမချစ်သလို နင်ကလည်းငါ့ကိုမချစ်ဘူး သူကနင့်ကိုချစ်သလို နင်ကလည်းသူ့ကိုချစ်တယ် ဘာများလိုအပ်နေသေးလို့လဲ အဖြေကသိသာပါတယ်"
"နွယ့်မိဘတွေ.. "
"မိဘဆိုတာ သားသမီးစိတ်ဆင်းရဲတာ မမြင်ရက်ကြတဲ့လူတွေချည်းပဲ ချွင်းချက်တွေရှိပေမယ့် ငါ့မိဘတွေကတော့ ငါ့ရဲ့ငြင်းဆန်မှုကို လက်ခံပေးမှာပါ စိတ်ချပါ ငါနင့်အကြောင်းဘာမှပြောမှာမဟုတ်ဘူး ဒီတိုင်း ငါချစ်ရမယ့်သူတွေ့သွားလို့"
စကားမဆုံးခင် အသည်းအသန် ငြင်းလိုက်မိတယ်။
"ဟင့်အင်းနွယ် မလိုပါဘူး ကိုယ့်ကိုယ်ကို အပြစ်မရှာပါနဲ့ ငါမကောင်းခဲ့တာပါ ငါကသာ
သူ့ကိုမစွန့်လွှတ်နိုင်အောင်ချစ်မိသွားလို့ နင်စိတ်ပျော့မှန်းသိရက်နဲ့ သူ့ကိုချစ်ကြောင်းဖွင့်ပြောမိတာ ဘာလို့လဲဆိုတော့နင့်စိတ်ကိုသိနေလို့လေ ချစ်မလာနိုင်မှန်းသိတဲ့လူတစ်ယောက်ကို ဘယ်တော့မှလက်မခံနိုင်မဲ့ နင့်စိတ်ကိုငါသိနေလို့ "
"နင်တောင်ဥာဏ်များတတ်လာတာပဲအသွန် သူကြီးသားလူဆိုးလေးက အချစ်အကြောင်း ကိုအများကြီးသင်ပေးလိုက်ပုံပဲ"
ပြုံးရင်းဆိုလာတဲ့ သူမမျက်ဝန်းတွေကိုကြည့်ပြီး သူပြန်ပြုံးပြလိုက်မိတယ်
"ချစ်မိသွားရင် လူတိုင်းကမသင်ဘဲတတ်မြောက်ကြတာတွေအများကြီးပါပဲ"
"လပိုင်းလေးအတွင်း နင်အများကြီးချစ်မိနေတာပဲ အသွန်"
"အချစ်က တစ်မိနစ်စာလေးနဲ့လည်း တစ်ဘဝစာ တွေးသွားနိုင်တာမျိုးလေ"
"ငါလက်ခံပါတယ် နီးစပ်တိုင်းသာချစ်မိကြေးဆို တို့နှစ်ယောက်ကြား အနက်ရှိူင်းဆုံးဖြစ်နေမှာပေါ့"
တိုးဝင်သွားတဲ့အသံက အရာမထင်ခဲ့တဲ့သူမအချစ်အတွက် စိတ်မကောင်းဟန်။
"ကျောင်းမဖွင့်ခင်ငါပြန်လာခဲ့အုံးမယ် နွယ့်မိဘတွေကို ငါကိုယ်တိုင်တောင်းပန်ပါ့မယ်"
"မလိုအပ်ပါဘူးအသွန် ဒုက္ခမခံပါနဲ့ အမေတို့လည်းနားလည်ပေးမှာပါ ငါတို့ကိစ္စက လူသိရှင်ကြားမှမဟုတ်ခဲ့တာ နီးစပ်ရာအသိုင်းဝိုင်းလောက်က ပြဿနာမရှိပါဘူး"
"ငါကတော့ မျက်နှာလွဲခဲပစ်မလုပ်နိုင်ဘူးနွယ် ငါတို့သိလာတာအချိန်ခဏလေးမှမဟုတ်တာ ပြီးတော့နင်ကမိန်းကလေး ငါတောင်းပန်သင့်တာပေါ့ နောင်တစ်ချိန်လမ်းမှာတွေ့ရင်တောင် ငါလိပ်ပြာသန့်သန့်နဲ့ နှုတ်ဆက်ချင်တယ် "
"နင်တို့ကိစ္စ သူ့မိဘတွေ သိလား"
"အဟွန်း မိဘတွေတင်မဟုတ်ဘူး တစ်ရွာလုံး သိကုန်ပြီ"
ဂုဏ်ယူပြုံးကိုမရမကဖုံးဖိကာ ခေါင်းငုံ့လိုက်ရတယ်။သူငယ်ချင်းမလေးကတော့ ရင်ဖက်ကို လက်နှင့်ဖိလို့။
"ဗုဒ္ဓေါ နင်တို့အဆင်ရောပြေရဲ့လား ဘယ်လိုဖြစ်တာတုန်း"
"သူကနည်းနည်းဆိုးတယ်လေ လူရှေ့သူရှေ့ဆိုပြီး ဆင်ခြင်နေတာမဟုတ်ဘူး သဲသဲကဲကဲနဲ့"
ထိုအခါမှ ရင်ထဲကအလုံးကြီးကျသွားဟန်။ထို့နောက် အပြုံးတစ်ခုနှင့်ခေါင်းရမ်းရင်း
"အရမ်းတွေဂုဏ်ယူနေတာဘဲ အချစ်မခံရဘူးမှန်းသိသာလိုက်တာ ဒါနဲ့ ဘယ်သူမှဘာမှမပြောကြဘူးမလား"
"ဒီရွာကလူတွေက နားလည်မှုရှိကြပါတယ် သူကြီးတို့ကလည်းဘာမှမပြောပါဘူး ဒီတိုင်း ငါ့ဘက်ကမသေချာသေးလို့ ငါ့ဘက်ကသေချာတာနဲ့ မဂ်လာပွဲတောင်လုပ်ပေးမယ်ထင်တယ်"
"နင့်ဘက်ကဘာလို့မသေချာတာလဲ ငါ့ကြောင့်လား"
"အွန်း ငါလက်မခံထားဘူး ငါ့မှာလက်ထပ်ရမယ့်သူရှိမှန်းမသိကြဘူး အစကတော့ ခဏအလည်လာတာပဲဆိုပြီးမပြောပြဖြစ်ဘူး ကိစ္စတွေဖြစ်သွားတော့ ပိုပြီးမပြောချင်တော့ဘူး သူ့တစ်ယောက်တည်းကိုပဲပြောပြထားတာ အစကတော့ ငါကိုယ်တိုင်နွယ့်မိဘတွေရှေ့မှာ ဒူးထောက်တောင်းပန်မယ် အဆင်ပြေရင်သူနဲ့ရှေ့ဆက်မယ်ဆိုပြီးတော့ပေါ့ နင်စောစောရိပ်မိသွားဖို့မမျှော်လင့်ထားဘူး"
"ငါ့ဘက်ကနောက်မဆုတ်ခဲ့ရင်ရော"
သူ့ဘက်ကသေချာနေဟန် နွယ့်မျက်နှာတည့်တည့်ကြည့်မိသည်။မျက်လွှာချထားခြင်းကြောင့် မျက်ဝန်းထဲက စကားလုံးများကို ဖတ်မရခဲ့။
"နင်လုပ်မှာမဟုတ်ဘူးနွယ် အခြားယောကျ်ားအတွက် ဒူးထောက်မဲ့ယောကျ်ားတစ်ယောက်ကို နင်ဘယ်တော့မှလက်မခံဘူး"
"ဒါဆို စောနကငါပြောခဲ့တာတွေက အလကားစိတ်ပူနေခဲ့မိတာဘဲ"
သက်ပြင်းချလို့ သူ့အားကြည့်လာသည်က စိတ်မကောင်းဟန်။
"အလကားမဖြစ်ပါဘူး အစကတော့ ငါသူနဲ့အတူရှိနေရရင်ရပြီ သူရှိတဲ့ရွာ ငါတို့ကိုကြည်ဖြူတဲ့နေရာကနေ ဘယ်မှမသွားရလည်း သူရှိရင်နေပျော်ပါတယ်ပေါ့ ဒါပေမယ့်နွယ့်စကားတွေကြားတော့ ငါသတ္တိတွေရှိလာတယ် အဓိကက ငါတို့ပျော်နေဖို့ဘဲလေ အရှက်ရစရာကိစ္စတွေလုပ်ထားတာမှမဟုတ်တာ ငါတို့ဘဝနဲ့ငါတို့ လူတိုင်းကိုယ်မှန်တယ်ထင်ရာကိုလုပ်ပိုင်ခွင့်ရှိတယ် ရွေးချယ်မှုတွေ မှားတယ်မှန်တယ်ဆိုတာ ဆုံးဖြတ်တဲ့သူပေါ်မှာမူတည်ပြီးကွဲပြားသွားတာပဲ အချစ်ဆိုတာ ပုံသေနည်းရှိတဲ့ပုစ္ဆာတစ်ပုဒ်မှမဟုတ်တာ ကိုယ်ကြိုက်သလိုတွက် နောက်ဆုံးအဖြေသာအဓိကပဲလေ "
"ဟုတ်တယ် အချစ်အတွက်ရူးမိုက်ဖို့မလိုပါဘူး ရဲရင့်ဖို့ပဲလိုတာ"*ငါကတော့ နင့်ကိုစွန့်လွှတ်ဖို့ ရဲရင့်ချင်တယ်အသွန်*
*တောင်းပန်ပါတယ်နွယ် တစ်ကိုယ်ကောင်းဆန်ခဲ့မိလို့တောင်းပန်ပါတယ် ချစ်နေခဲ့တာခံစားမိပေမယ့် မသိချင်ယောင်ဆောင်ခဲ့မိတဲ့အတွက်လည်းတောင်းပန်ပါတယ် *
ထုတ်မပြောဖြစ်ကြတဲ့ အတွေးအားလုံး ညနေလေပြည်နဲ့ မျောပါပျောက်ကွယ်သွားသည်။သူတို့နှစ်ယောက်နှင့်ခပ်လှမ်းလှမ်း ဘုရားအကွယ်မှာတော့ ဖုန်မှုန့်တစ်ချို့လွင့်ပျံသွားလေသည်။လေမတိုက်ဘဲ ဖုန်ထတတ်ပါသလား။
တစ်ယောက်ယောက်သာ သွားကြည့်ခဲ့လျှင်တွေ့ရမည်မှာ ပျော်ရွှင်မှု၊ချစ်ခြင်းတရား
နှင့်အတူ သက်ပြင်းဖွဖွတို့ရဲ့ခြေရာများသာ......
##################
"ႏြယ့္ကို ေျပာစရာမရွိဘူးလား အသြန္"
ခဏၾကာတိတ္ဆိတ္ေနၿပီးမွ ႏြယ့္ဆီမွ ထြက္လာေသာအသံ။သူသက္ျပင္းမသိမသာခ်မိသည္။
"ႏြယ္ ေဆြးႏြေးခ်င္တဲ့အရာက ဘာမ်ားလဲႏြယ္"
"အေမးကို အေမးနဲ႕တုံ႕ျပန္ေနတာပဲ ႏြယ္သာမေျပာရင္ အသြန့္မွာေျပာစရာ ဘာမွမရွိဘူးေပါ့"
"မေျပာသင့္တဲ့စကားေတြက မေျပာတာအေကာင္းဆုံးမလား"
ႏြယ့္ကိုၾကည့္လို႔ သူေမးမိသည္။
"ေျပာသင့္တယ္ မေျပာသင့္ဘူးဆိုတာ ဘာနဲ႕ဆုံးျဖတ္ရတာလဲ"
"မျဖစ္သင့္တာတစ္ခုကို မေျပာသင့္တဲ့လူေရွ႕မွာ ငါေျပာမထြက္ဘူး"
"ေယာက်္ားတစ္ေယာက္ကို မခ်စ္သင့္တာလား ခ်စ္ေနေၾကာင္းကို မေျပာသင့္တာလား"
ႏြယ္ကေတာ့ ႏြယ္ပါဘဲေလ။တစ္နာရီမျပည့္ ခင္ သူ႕ရင္ထဲကအရာအားလုံးကို ျမင္ၿပီးသြားၿပီ။
"ႏြယ္..."
"ႏြယ္ေျပာၿပီးၿပီပဲ အသြန့္အေၾကာင္းကို ႏြယ္ကအသိဆုံးပါလို႔ အသြန့္စိတ္ထဲဘာရွိလဲဆိုတာ ႏြယ္တစ္ခ်က္ၾကည့္႐ုံနဲ႕ သိခဲ့တာခ်ည္းပဲ"
"ေတာင္းပန္ပါတယ္ႏြယ္"
ေခါင္းငုံ႕မိလိုက္ျခင္းက အမွားလုပ္ထားတာေၾကာင့္မဟုတ္ အားနာျခင္းေၾကာင့္သာ။သူ႕ကိုခ်စ္ခဲ့ျခင္းကိုေတာ့ အမွားဟုမသတ္မွတ္ခဲ့ဖူးပါ။
"ဘာအတြက္လဲ"
"သူ႕ကိုခ်စ္ခဲ့မိတာကိုေတာ့ အျပစ္လို႔မထင္တဲ့အတြက္ မေတာင္းပန္နိုင္တာကို နားလည္ေပးပါႏြယ္ အခုေတာင္းပန္တာက ႏြယ္နဲ႕မိဘေတြကိုကတိေပးထားၿပီး ကတိမတည္နိုင္တဲ့အတြက္..."
"ႏြယ့္ကို စြန့္လႊတ္မယ္ေပါ့"
မသိသာတဲ့အေျဖကို တန္းရိပ္မိသည္အထိ ႏြယ္က ေတာ္ပါတယ္။
"ကိုယ္ ကတိအတိုင္းလက္ထပ္နိုင္တယ္ အခ်စ္ေတြ တစ္ျခားတစ္ေယာက္ဆီ ထားခဲ့တာကလြဲလို႔"
"ဒါဆို ဘာေၾကာင့္လက္ထပ္ေနေသးတာလဲအသြန္ "
"ႏြယ့္ ပတ္ဝန္းက်င္မွာ"
"ပတ္ဝန္းက်င္ကို ဂ႐ုစိုက္ၿပီး အခ်စ္မပါတဲ့လူတစ္ေယာက္ကို ႏြယ္ကလက္ထပ္ရမယ္ေပါ့ သိသိႀကီးနဲ႕ေလ"
တိတ္ဆိတ္သြားျခင္းမွာ ေလျပည္ေတြသာ ေ႐ြ႕လ်ားကုန္တယ္။သက္ျပင္းတစ္ခ်ိဳ႕ ေလနဲ႕ပါသြားခ်ိန္ ရင္ထဲမွာ ေလမလုံေလာက္ေတာ့ဘူးထင္။အသက္ရႉရတာေတာင္ ခက္ခက္ခဲခဲရယ္။စဥ္းစားခဲ့သေလာက္ ေျပာလို႔မထြက္နိုင္ေအာင္ သူငယ္ခ်င္းမေလးအေပၚ အားနာရပါသည္။
"ဆယ္တန္းစာေမးပြဲကို နင္သတိရေသးလားအသြန္ ငါတို႔ျငင္းခဲ့တဲ့ အေျဖလႊာေတြအေၾကာင္း"
အၿပဳံးေရးေရးေလးနဲ႕ ေခါင္းညိတ္မိတယ္။
"ငါမွတ္မိပါတယ္"
"အဲ့တုန္းက ငါတို႔ျငင္းခဲ့ဖူးတယ္ ဒီလိုျဖစ္သင့္တာ ဒီလိုျဖစ္ရမွာဆိုၿပီး ဒါေပမယ့္ ကိုယ္ျဖစ္ခ်င္သလို ငါတို႔မေျဖခဲ့ဘူး ဘာလို႔လဲဆိုေတာ့
ငါတို႔လိုခ်င္တာ စာေမးပြဲရလဒ္ ရလဒ္ေကာင္းမွငါတို႔ေပ်ာ္ရမွာ ငါတို႔လိုခ်င္တာ ေပ်ာ္႐ႊင္မႈေလ ကိုယ္ျဖစ္ခ်င္တာကိုေျဖဖို႔ မလိုခဲ့ဘူး"
"ဟုတ္တယ္ အဓိက က အေျဖမွန္ဖို႔ပဲေလ သူတို႔ေပးတဲ့အေျဖသာအမွန္ ငါတို႔ျဖစ္ခ်င္တာက အေရးမႀကီးဘူး"
"အခုဟာက ဘဝစာေမးပြဲ လူ႕ဘဝတိုတိုေလးမွာ ငါတို႔ဘာေၾကာင့္အသက္ရွင္ေနတာလဲ သူမ်ားစိတ္ေက်နပ္ဖို႔လား ကိုယ္ေပ်ာ္ေနဖို႔လား သူမ်ားစိတ္ေက်နပ္ဖို႔ ကိုယ့္တစ္ဘဝလုံးရဲ႕အေပ်ာ္ေတြကို ေသာ့ခတ္သိမ္းထားမယ္ဆိုတာ မိုက္႐ူးရဲမဆန္လြန္းဘူးလား ဒါဆို လူ႕ဘဝက ဘာအဓိပ္ပါယ်ရှိတော့မှာလဲ
ၿပီးေတာ့ ဆယ္တန္းစာေမးပြဲလို ျပန္လည္ေျဖဆိုခြင့္ေပးမထားဘူး ဒါေၾကာင့္ကိုယ္လိုခ်င္တာကိုသိရမယ္ ျဖစ္သင့္တာနဲ႕ျဖစ္ခ်င္တာ ဘယ္ဟာက ကိုယ့္ကိုေပ်ာ္ေစနိုင္သလဲ"
ကိုယ့္ဘက္ကို ဦးစားေပးလို႔ ေတြးေပးလာတဲ့အခါ အားနာျခင္းကႏွစ္ဆ။
"ႏြယ္"
"ငါေျပာျပမယ္အသြန္ တကယ္လို႔ နင္ ငါနဲ႕လက္ထပ္လိုက္ပါၿပီတဲ့ ဘယ္သူေတြေပ်ာ္ရမွာလဲ ငါကလည္းသိသိႀကီးနဲ႕ ေပ်ာ္မေနနိုင္သလို နင္တို႔ႏွစ္ေယာက္ကေရာ အေျဖကရွင္းေနတာပဲအသြန္ ပါဝင္ပက္သတ္သူ သုံးေယာက္လုံး စိတ္မခ်မ္းသာစရာကိစၥတစ္ခုကို ဘယ္သူကမ်ား ေ႐ြးခ်ယ္မွာလဲ ငါမမိုက္မဲဘူး အသြန္"
ထို႔ေနာက္ ေမာသြားသလိုစကားခဏနားကာ ခပ္ေဝးေဝးက ဝင္လုဆဲဆဲ ေနလုံးႀကီးကိုေငးသည္။မ်က္ဝန္းထဲက ဝမ္းနည္းရိပ္ကို မျမင္ခ်င္ေယာင္ေဆာင္ဖို႔ ေခါင္းငုံ႕လိုက္မိတယ္။သူ႕ အတြက္ အတၱႀကီးပါရေစ။
"ငါကနင့္ကိုမခ်စ္သလို နင္ကလည္းငါ့ကိုမခ်စ္ဘူး သူကနင့္ကိုခ်စ္သလို နင္ကလည္းသူ႕ကိုခ်စ္တယ္ ဘာမ်ားလိုအပ္ေနေသးလို႔လဲ အေျဖကသိသာပါတယ္"
"ႏြယ့္မိဘေတြ.. "
"မိဘဆိုတာ သားသမီးစိတ္ဆင္းရဲတာ မျမင္ရက္ၾကတဲ့လူေတြခ်ည္းပဲ ခြၽင္းခ်က္ေတြရွိေပမယ့္ ငါ့မိဘေတြကေတာ့ ငါ့ရဲ႕ျငင္းဆန္မႈကို လက္ခံေပးမွာပါ စိတ္ခ်ပါ ငါနင့္အေၾကာင္းဘာမွေျပာမွာမဟုတ္ဘူး ဒီတိုင္း ငါခ်စ္ရမယ့္သူေတြ႕သြားလို႔"
စကားမဆုံးခင္ အသည္းအသန္ ျငင္းလိုက္မိတယ္။
"ဟင့္အင္းႏြယ္ မလိုပါဘူး ကိုယ့္ကိုယ္ကို အျပစ္မရွာပါနဲ႕ ငါမေကာင္းခဲ့တာပါ ငါကသာ
သူ႕ကိုမစြန့္လႊတ္နိုင္ေအာင္ ခ်စ္မိသြားလို႔ နင္စိတ္ေပ်ာ့မွန္းသိရက္နဲ႕ သူ႕ကိုခ်စ္ေၾကာင္းဖြင့္ေျပာမိတာ ဘာလို႔လဲဆိုေတာ့ နင့္စိတ္ကိုသိေနလို႔ေလ ခ်စ္မလာနိုင္မွန္းသိတဲ့လူတစ္ေယာက္ကို ဘယ္ေတာ့မွလက္မခံနိုင္မွန္း နင့္စိတ္ကို ငါသိေနလို႔ "
"နင္ေတာင္ဥာဏ္မ်ားတတ္လာတာပဲ အသြန္ သူႀကီးသားလူဆိုးေလးက အခ်စ္အေၾကာင္း ကို အမ်ားႀကီးသင္ေပးလိုက္ပုံပဲ"
ၿပဳံးရင္းဆိုလာတဲ့ သူမမ်က္ဝန္းေတြကိုၾကည့္ၿပီး သူျပန္ၿပဳံးျပလိုက္မိတယ္
"ခ်စ္မိသြားရင္ လူတိုင္းက မသင္ဘဲတတ္ေျမာက္ၾကတာေတြ အမ်ားႀကီးပါပဲ"
"လပိုင္းေလးအတြင္း နင္အမ်ားႀကီးခ်စ္မိေနတာပဲ အသြန္"
"အခ်စ္က တစ္မိနစ္စာေလးနဲ႕လည္း တစ္ဘဝစာ ေတြးသြားနိုင္တာမ်ိဳးေလ"
"ငါလက္ခံပါတယ္ နီးစပ္တိုင္းသာခ်စ္မိေၾကးဆို တို႔ႏွစ္ေယာက္ၾကား အနက္ရွိူင္းဆုံးျဖစ္ေနမွာေပါ့"
တိုးဝင္သြားတဲ့အသံက အရာမထင္ခဲ့တဲ့သူမအခ်စ္အတြက္ စိတ္မေကာင္းဟန္။
"ေက်ာင္းမဖြင့္ခင္ ငါျပန္လာခဲ့အုံးမယ္ ႏြယ့္မိဘေတြကို ငါကိုယ္တိုင္ေတာင္းပန္ပါ့မယ္"
"မလိုအပ္ပါဘူးအသြန္ ဒုကၡမခံပါနဲ႕ အေမတို႔လည္း နားလည္ေပးမွာပါ ငါတို႔ကိစၥက လူသိရွင္ၾကားမွမဟုတ္ခဲ့တာ နီးစပ္ရာအသိုင္းဝိုင္းေလာက္က ျပႆနာမရွိပါဘူး"
"ငါကေတာ့ မ်က္ႏွာလြဲခဲပစ္မလုပ္နိုင္ဘူးႏြယ္ ငါတို႔သိလာတာ အခ်ိန္ခဏေလးမွမဟုတ္တာ ၿပီးေတာ့နင္ကမိန္းကေလး ငါေတာင္းပန္သင့္တာေပါ့ ေနာင္တစ္ခ်ိန္လမ္းမွာေတြ႕ရင္ေတာင္ ငါလိပ္ျပာသန့္သန့္နဲ႕ ႏႈတ္ဆက္ခ်င္တယ္ "
"နင္တို႔ကိစၥ သူ႕မိဘေတြ သိလား"
"အဟြန္း မိဘေတြတင္မဟုတ္ဘူး တစ္႐ြာလုံး သိကုန္ၿပီ"
ဂုဏ္ယူၿပဳံးကို မရမကဖုံးဖိကာ ေခါင္းငုံ႕လိုက္ရတယ္။သူငယ္ခ်င္းမေလးကေတာ့ ရင္ဖက္ကို လက္ႏွင့္ဖိလို႔။
"ဗုေဒၶါ နင္တို႔ အဆင္ေရာေျပရဲ႕လား ဘယ္လိုျဖစ္တာတုန္း"
"သူကနည္းနည္းဆိုးတယ္ေလ လူေရွ႕သူေရွ႕ဆိုၿပီး ဆင္ျခင္ေနတာမဟုတ္ဘူး သဲသဲကဲကဲနဲ႕"
ထိုအခါမွ ရင္ထဲကအလုံးႀကီးက်သြားဟန္။ထို႔ေနာက္ အၿပဳံးတစ္ခုႏွင့္ ေခါင္းရမ္းရင္း
"အရမ္းေတြဂုဏ္ယူေနတာဘဲ အခ်စ္မခံရဘူးမွန္း သိသာလိုက္တာ ဒါနဲ႕ ဘယ္သူမွ ဘာမွမေျပာၾကဘူးမလား"
"ဒီ႐ြာကလူေတြက နားလည္မႈရွိၾကပါတယ္ သူႀကီးတို႔ကလည္း ဘာမွမေျပာပါဘူး ဒီတိုင္း ငါ့ဘက္ကမေသခ်ာေသးလို႔ ငါ့ဘက္ကေသခ်ာတာနဲ႕ မဂ္လာပြဲေတာင္ လုပ္ေပးမယ္ထင္တယ္"
"နင့္ဘက္ကဘာလို႔မေသခ်ာတာလဲ ငါ့ေၾကာင့္လား"
"အြန္း ငါလက္မခံထားဘူး ငါ့မွာလက္ထပ္ရမယ့္သူရွိမွန္း မသိၾကဘူး အစကေတာ့ ခဏအလည္လာတာပဲဆိုၿပီး မေျပာျပျဖစ္ဘူး ကိစၥေတြျဖစ္သြားေတာ့ ပိုၿပီးမေျပာခ်င္ေတာ့ဘူး သူ႕တစ္ေယာက္တည္းကိုပဲ ေျပာျပထားတာ အစကေတာ့ ငါကိုယ္တိုင္ ႏြယ့္မိဘေတြေရွ႕မွာ ဒူးေထာက္ေတာင္းပန္မယ္ အဆင္ေျပရင္ သူနဲ႕ေရွ႕ဆက္မယ္ဆိုၿပီးေတာ့ေပါ့ နင္ေစာေစာရိပ္မိသြားဖို႔ မေမွ်ာ္လင့္ထားဘူး"
"ငါ့ဘက္ကေနာက္မဆုတ္ခဲ့ရင္ေရာ"
သူ႕ဘက္ကေသခ်ာေနဟန္ ႏြယ့္မ်က္ႏွာတည့္တည့္ ၾကည့္မိသည္။မ်က္လႊာခ်ထားျခင္းေၾကာင့္ မ်က္ဝန္းထဲက စကားလုံးမ်ားကို ဖတ္မရခဲ့။
"နင္လုပ္မွာမဟုတ္ဘူးႏြယ္ အျခားေယာက်္ားအတြက္ ဒူးေထာက္မဲ့ေယာက်္ားတစ္ေယာက္ကို နင္ဘယ္ေတာ့မွ လက္မခံဘူး"
"ဒါဆို ေစာနကငါေျပာခဲ့တာေတြက အလကားစိတ္ပူေနခဲ့မိတာဘဲ"
သက္ျပင္းခ်လိဳ႕ သူ႕အားၾကည့္လာသည္က စိတ္မေကာင္းဟန္။
"အလကားမျဖစ္ပါဘူး အစကေတာ့ ငါသူနဲ႕အတူရွိေနရရင္ရၿပီ သူရွိတဲ့႐ြာ ငါတို႔ကိုၾကည္ျဖဴတဲ့ေနရာကေန ဘယ္မွမသြားရလည္း သူရွိရင္ေနေပ်ာ္ပါတယ္ေပါ့ ဒါေပမယ့္ ႏြယ့္စကားေတြၾကားေတာ့ ငါသတၱိေတြရွိလာတယ္ အဓိက က ငါတို႔ေပ်ာ္ေနဖို႔ဘဲေလ အရွက္ရစရာကိစၥေတြ လုပ္ထားတာမွမဟုတ္တာ ငါတို႔ဘဝနဲ႕ငါတို႔ လူတိုင္းကိုယ္မွန္တယ္ထင္ရာကို လုပ္ပိုင္ခြင့္ရွိတယ္ ေ႐ြးခ်ယ္မႈေတြ မွားတယ္မွန္တယ္ဆိုတာ ဆုံးျဖတ္တဲ့သူေပၚမွာမူတည္ၿပီးကြဲျပားသြားတာပဲ အခ်စ္ဆိုတာ ပုံေသနည္းရွိတဲ့ ပုစ္ဆာတစ္ပုဒ္မွမဟုတ္တာ ကိုယ္ႀကိဳက္သလိုတြက္ ေနာက္ဆုံးအေျဖသာအဓိကပဲေလ "
"ဟုတ္တယ္ အခ်စ္အတြက္ ႐ူးမိုက္ဖို႔မလိုပါဘူး ရဲရင့္ဖို႔ပဲလိုတာ"*ငါကေတာ့ နင့္ကိုစြန့္လႊတ္ဖို႔ ရဲရင့္ခ်င္တယ္အသြန္*
*ေတာင္းပန္ပါတယ္ႏြယ္ တစ္ကိုယ္ေကာင္းဆန္ခဲ့မိလို႔ ေတာင္းပန္ပါတယ္ ခ်စ္ေနခဲ့တာခံစားမိေပမယ့္ မသိခ်င္ေယာင္ေဆာင္ခဲ့မိတဲ့အတြက္လည္း ေတာင္းပန္ပါတယ္ *
ထုတ္မေျပာျဖစ္ၾကတဲ့ အေတြးအားလုံး ညေနေလျပည္နဲ႕ ေမ်ာပါေပ်ာက္ကြယ္သြားသည္။သူတို႔ႏွစ္ေယာက္ႏွင့္ ခပ္လွမ္းလွမ္း ဘုရားအကြယ္မွာေတာ့ ဖုန္မႈန့္တစ္ခ်ိဳ႕ လြင့္ပ်ံသြားေလသည္။ေလမတိုက္ဘဲ ဖုန္ထတတ္ပါသလား။
တစ္ေယာက္ေယာက္သာ သြားၾကည့္ခဲ့လွ်င္ေတြ႕ရမည္မွာ ေပ်ာ္႐ႊင္မႈ၊ခ်စ္ျခင္းတရား
ႏွင့္အတူ သက္ျပင္းဖြဖြတို႔ရဲ႕ေျခရာမ်ားသာ......
##################