Difference Between Us [ Ongoi...

By Zinnia_Nway

196K 14.4K 2.9K

BOL S2 Myanmar BL Romance, Drama and Age Limited!! Start Date>>> 27.2.2024 More

Part 1(U)
Part 1(Z)
Part 2(U)
Part 2(Z)
Part 3(U)
Part 3(Z)
Part4 (U)
Part4 (Z)
Part5 (U)
Part5 (Z)
Part6 (Z)
Part7 (U)
Part7 (Z)
Part8 (U)
Part8 (Z)

Part6 (U)

15.5K 1.4K 281
By Zinnia_Nway



"ဒါဆို သဘက်ခါ ဇာတ်ကားစရိုက်ပါမယ် ဒီကားကိုအရမ်းမျှော်လင့်ထားတာမို့ အားလုံးပဲကြိုးစားပေးကြပါဦး"

Director၏ စကားသံအဆုံး၌ Meetingကအဆုံးသတ်သွားခဲ့သည်။ တံတိုင်းက ခုံမှာပင်ခြေချိတ်ထိုင်လျက် အေးဆေးစွာပင်ဖုန်းကိုကြည့်နေခဲ့သည်။

ခေါင်းစွပ်ပါသည့် မီးခိုးရောင်Hoodieခပ်ပွပွကို Pantနှင့်ရိုးရှင်းစွာဝတ်ဆင်ထားသည့်တံတိုင်းက ဘာအပြင်အဆင်မှရှိမနေ။ ဆီမလိမ်းထားသည့်ဆံပင်နက်နက်တွေက နဖူးဘေးတစ်ဖက်တစ်ချက်၌ ကျဆင်းနေ၏။

Make upမလိမ်းခြယ်ထားသည့် သဘာဝဆန်ဆန်မျက်နှာလေးက ချောမွေ့ကြည်လင်နေပြီး အပြစ်အနာအဆာရယ်လို့မရှိ။
စကားပြောရုံနှင့်ပေါ်လာတတ်သည့်ပါးပေါ်ကပါးချိုင့်ထင်းထင်းလေးနှင့် မေးရိုးချွန်ချွန်မျက်နှာအနေအထားကြောင့် Mantly ဆန်သည့်Typeထပ် လူငယ်ဆန်သည့်Typeဘက်ကို ပိုရောက်သည်။

ခုံနောက်မှီကိုမှီထိုင်လျက် အေးဆေးစွာရှိနေသည့်တံတိုင်းက အခန်းထဲကလူတွေထွက်သွားသည့်တိုင် တစ်ချက်မှလှည့်မကြည့်။ အကြောင်းသိသည့်ရုပ်ရှင်အဖွဲ့သားတွေကတော့ ဝတ္တရားအရနှုတ်ဆက်ပြီးအခန်းထဲနေ အလျှိုအလျှိုထွက်သွားကြသည်။ Managerဖြစ်သူကသာ တံတိုင်းကိုယ်စားနှုတ်ဆက်ရင်း အခြေအနေကတော့ပုံမှန်အတိုင်းရှိနေခဲ့သည်။

"တံတိုင်း"

နာမည်ကိုခေါ်သံကြားတော့ တံတိုင်းမော့ကြည့်လိုက်သည်။ မျက်လုံးလှန်ကြည့်လိုက်ပြီး စကားတော့တစ်ခွန်းမှတုံ့ပြန်မလာ။
တံတိုင်းက ဘာလဲဆိုသည့်အကြည့်နှင့်မေးဆတ်ပြလိုက်သည်။

ထိုသူက ဘယ်လောက်ပဲ ပုရိသတွေကြားထဲရေပန်းစားသည့်နိုင်ငံကျော်မင်းသမီးဖြစ်လင့်ကစား တံတိုင်းကတော့ ပုံမှန်အတိုင်းပင်ဆက်ဆံသည်။

နောက်တစ်ပတ်အတွင်းစတင်ရိုက်ကူးတော့မဲ့ ရုပ်ရှင်ထဲမှာ ထိုမိန်းကလေးက ဒုတိယအမျိုးသမီးဇာတ်ကောင်အနေနဲ့ပါဝင်ထားတာဖြစ်သည်။

"တံတိုင်း နင်က အရမ်းရက်စက်တာပဲ မနေ့ကဖုန်းဆက်တာလည်းမကိုင်ဘူး ဒီနေ့လည်းငါ့ကိုစကားကောင်းကောင်းပြန်မပြောသေးဘူး"

"အင်း"

တံတိုင်းက အသံတစ်ချက်ပြုပြီး လက်ထဲကဖုန်းကိုပဲဆက်ပြီးကြည့်သည်။

စိတ်ကျေနပ်ပုံမပေါ်သည့်မိန်းကလေးကတော့ Roomထဲကထွက်မသွားသေးပဲ တံတိုင်းဘေးကခုံမှာဝင်ထိုင်သည်။ ​

လှိုင်းအတွန့်ပုံစံကောက်ထားသည့်ဆံပင်တွေကို ခပ်​မြင့်မြင့်မြှောက်စည်းထားသည့် မိန်းကလေးက တရုတ်မလေးတွေလိုမျက်နှာပေါက်ရှိသည်။ Crop topလက်ရှည်အဖြူကို တိုကပ်နေသည့်ဂျင်းဘောင်းဘီနှင့်တွဲဖက်ဝတ်ဆင်ထားသည်မို့ဖြူဖွေးစွတ်နေသည့်ခြေတံရှည်တွေကတော့ သိသိသာသာပေါ်လွင်နေသည်။

"တံတိုင်း ငါ့ကိုဒီလိုပဲပစ်ထားရက်လား"

မိန်းကလေးက စိတ်မရှည်သလိုမျိုး ထပ်မံရေရွတ်သည်။
ထိုမိန်းကလေးအနောက်မှာပါလာသည့် Make up artistဖြစ်ဟန်တူသော မိန်းကလေးပုံစံနှင့်Gayလေးနှစ်ယောက်ကတော့ တီးတိုးတီးတိုးနှင့် အခြေအနေကိုအားတက်သရောစူးစမ်းနေဟန်။

"တံတိုင်းလို့..."

"မပြန်သေးဘူးလား ခေတ်ကူးငယ် လောလောဆယ်တော့ မျက်စိနောက်နေပြီ"

တံတိုင်းက အနောက်ကနှစ်ယောက်ဆီကြည့်ပြီးပြောလိုက်တာဖြစ်သည်။ ရုပ်တည်နှင့်ပြောလိုက်တော့ အနောက်ကနေ ပြုံးရယ်နေသည့်မျက်နှာတွေက ချက်ချင်းလှုပ်လှုပ်ရှားရှားဖြစ်သွားပြီး အခန်းထဲနေခပ်မြန်မြန်ထွက်သွားကြ၏။

"အဲ့လူက မာန်မာနကလည်းထောင်လွှားလိုက်တာ ရုပ်လေးကချောနေလို့သာ သည်းခံနေတာ ငါတကယ်ကိုဆွဲလုပ်ပစ်ချင်နေပြီ"

"အဲ့တာ နင့်ကြောင့်လေ ကောင်မရယ် အရင်တစ်ခေါက်shootingမှာတုန်းက သူအိပ်နေတာကိုသွားပြီးအသေအချာကြီးဓာတ်ပုံခိုးရိုက်ခဲ့တာကို..."

"ဒါကတော့ သူရဲ့ချောမောနေမှုကြီးကို ဒီအတိုင်းလွှတ်ပေးလိုက်ရင် နှ​မြောစရာကောင်းလွန်းလို့ပါဟယ် သူကိုက ဖြစ်ပျက်နေတာပါ ဓာတ်ပုံအတူတွဲရိုက်မယ်ဆိုတော့ ခွင့်ပြုလို့လား"

Meeting Roomထဲ တံတိုင်းရယ် မန်နေဂျာရယ် မင်းသမီး ခေတ်ကူးငယ်ရယ် သုံးယောက်သာကျန်ခဲ့သည်။ တံတိုင်း၏ မန်နေဂျာကတော့ သူ့အရှေ့ကမြင်ကွင်းကို အရေးစိုက်ပုံမပေါ်ပဲ တံတိုင်း၏ စိတ်အခြေအနေကိုသာစောင့်ကြည့်နေ၏။

ထိုမိန်းကလေး၏ အမူအရာတွေအပြုအမူတွေက ရဲတင်းလွန်းတာကြောင့် ဟန်နာ သိပ်သဘောမကျပေ။ တံတိုင်းနှင့်ငယ်သူငယ်ချင်းဆိုသည့်အကြောင်းပြချက်ကြောင့် ဘာကိုမှဝင်မပြောချင်ပေမဲ့ စိတ်ထဲတော့သိပ်ဘဝင်မကျ။ အနုပညာရှင်တစ်ယောက်အနေနှင့် အနေအထိုင် အပြောအဆိုတွေကိုအစစအရာရာဂရုစိုက်သင့်ပေမဲ့ ဒီမိန်းကလေးကတော့ နည်းနည်းလေးမှတောင်ဂရုစိုက်နေပုံမပေါ်ပေ။

တံတိုင်းက သူနှင့်သုံးကားလောက်တော့ဆုံဖူးသည်။ ဒီဇာတ်လမ်းတွဲမှာတော့ ထိုမင်းသမီးက ဒုတိယဇာတ်ကောင်အနေနဲ့တွဲပါလာခဲ့တာဖြစ်သည်။ အလုပ်ကိစ္စနှင့်ပတ်သတ်ပြီး အခေါ်အပြော​ရှိပေမဲ့ ရိုက်ကွင်းထဲမှလွဲပြီး ကျန်တဲ့အချိန်တွေမှာဆို တံတိုင်းက သိပ်အရောမဝင်ပေ။ ဒါက ချေမိုးနေတယ်ဆိုတာထပ် တံတိုင်းဆိုတဲ့ တံတိုင်းကိုက ထိုပုံစံပဲမို့ အားလုံးကတော့နားလည်ကြသည်။

"တံတိုင်း ငါတို့ဒီနေ့နေ့လည်စာအတူစားကြမလား"

တံတိုင်းက မျက်လုံးတစ်ချက်လှန်ကြည့်လိုက်ရင်း လက်ထဲကကြည့်လတ်စဖုန်းကိုပိတ်လိုက်သည်။

"ငါကတော့ မင်းဝိတ်လျော့သင့်တယ်လို့ထင်တယ်"

ထို့နောက် ဘာမှထပ်မပြောတော့ပဲ ထိိုင်နေရာမှထရပ်လိုက်ပြီး အင်္ကျီအိပ်ကပ်ထဲလက်တွေထည့်ရင်း အရှေ့ကနေဦးစွာထွက်သွား၏။

တံခါးကိုဆွဲဖွင့်လိုက်သည်နှင့် တံခါးရှေ့မှာချောင်းနေသည့်နှစ်ယောက်ကပြာပြာသလဲနှင့်အနောက်ကိုဆုတ်သွားသည်။ တံတိုင်းက တစ်ချက်မှဂရုစိုက်မနေပဲခြေလှမ်းကျဲကြီးတွေဖြင့်လျှောက်သွား၏။

"ငါတို့မင်းသမီး တစ်ခုခုတော့အငြင်းခံလိုက်ရပြီထင်တယ်"

******

"ငါတို့ရဲ့တိုင်းလေး ဒီဆေးရုံမှာရုပ်ရှင်လာရိုက်မယ် သတင်းကြားတယ်"

"ဟင်! တကယ်ပဲလား"

"တကယ်လို့တော့ပြောတာပဲ ဒီနေ့တောင် ရုပ်ရှင်အဖွဲ့သားတစ်ချို့ ဟိုဘက်အဆောင်အသစ်ကိုလာကြည့်သွားသေးတယ်"

"တကယ်သာဆိုပျော်လိုက်တာ ငါတို့တိုင်းလေးကို အနီးကပ်တွေ့ခွင့်ရတော့မှာပေါ့"

"ပျော်မနေနဲ့ မင်းသမီးက သူနဲ့Datingထွက်နေတဲ့တစ်ယောက်လေ"

"တကယ်ပဲသူတို့ကတွဲနေကြလို့လား"

Nurseလေးတွေတီးတိုးပြောနေသည့်စကားသံတွေ​ကို ညာ ကြားနေရတာကြောင့် မျက်မှောင်ကြုတ်မိသည်။ ညာ စိတ်မဝင်စားပေမဲ့ သူတို့ပြောနေသည့်စကားတွေက နားထဲကန့်လန့်ဝင်လာနေသည်မို့ နားမထောင်ချင်လည်း ကြားနေရသည်။

သူတို့ပြောနေသလို ဟိုလူရုပ်ရှင်လာရိုက်မယ်ဆိုတာ တကယ်မဖြစ်ဖို့တော့ဆုတောင်းသည်။ အဲ့ဒီလူနဲ့ဆုံတိုင်း ကောင်းတာတစ်ခုမှဖြစ်မလာတာမို့ အတက်နိုင်ဆုံးတော့ရှောင်ချင်သည်။ သူ့ကိုစိတ်ရှုပ်အောင် တမင်သက်သက်ပြဿာနာလိုက်ရှာနေတဲ့ဒဏ်ကိုလည်းမခံချင်တော့ပေ။
သူ့ဘက်က ဘာတွေကိုအခုအချိန်ထိမကျေမနပ်ဖြစ်နေတယ်ဆိုတာကိုလည်း ညာ မသိချင်တော့။

အချိန်တွေဟာလည်း ကြာသွားခဲ့ပြီဖြစ်တာကြောင့် ဖြစ်ခဲ့သမျှအရာအားလုံးကို မေ့မေ့ပျောက်ပျောက် သဘောထားလိုက်ဖို့ပဲတွေးခဲ့တာဖြစ်သည်။

အငြိုးအတေးတွေ အမုန်းတွေလည်း ညာ မထားချင်ပါ။ လွန်ခဲ့တဲ့အချိန်တွေတုန်းကဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေအားလုံးက နှစ်ဦးနှစ်ဖက်လုံးစလုံးရဲ့အပြစ်တွေကြောင့်ပဲလို့ ညာ သတ်မှတ်သည်။ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့လည်း အငြင်းအခုန်မလုပ်ချင်တော့။

အရာအားလုံးကိုအေးအေးဆေးဆေးနဲ့ ဖြတ်သန်းချင်တဲ့စိတ်ပဲ ညာ့ဆီမှာရှိသည်။ ညာ ဝါသနာပါတဲ့အလုပ်ကိုလုပ်ရင်း ချစ်တဲ့သူတွေအနားမှာ အေးအေးချမ်းချမ်းနေသွားဖို့ပဲတွေးသည်။ ဒေါသတွေလည်းမထွက်ချင်သလို ဘယ်လိုအကြောင်းတွေနဲ့မှ ညာ စိတ်မရှုပ်ချင်ပေ။

အဲ့ဒီလူကသာ ညာ့အပေါ်မှာ အငြိုးအတေးတွေနဲ့ တမင်တကာ စိတ်ရှုပ်စေဖို့ ကြံရွယ်နေပုံရပါသည်။

"ဘာတွေအဲ့လောက်တွေးနေတာလဲ ညာ"

ရုတ်တရက်အသံကြားလိုက်သည်မို့ ညာ လှည့်ကြည့်လိုက်တော့ နိုင်းကိုတွေ့လိုက်ရသည်။ ဂျူတီကုတ်အဖြူကိုဝတ်ဆင်လျက် သိမ်မွေ့ညှင်သာသည့်ခြေလှမ်းတွေနှင့် သူ့ဆီလျှောက်လာသည်။ လက်ထဲမှာလည်း ကော်ဖီဘူးလေးနှစ်ဘူးကိုကိုင်လာသည်။

"ဘာရယ်မဟုတ်ပါဘူး နိုင်း ဟိုတွေးဒီတွေးပါပဲ"

ညာပြောလိုက်တော့ နိုင်းက သွားစွယ်တွေပေါ်သည်အထိပြုံးပြလာပြီး လက်ထဲကကော်ဖီဘူးလေးကိုကမ်းပေးလာသည်။

နိုင်းသည် သူနှင့်နိုင်ငံခြားမှာအတူရှိနေကြသည့်အတောအတွင်း သူ့အတွက် အတော်လေးကိုစိတ်သက်သာရာရစေခဲ့ပါသည်။ စိတ်ခံစားချက်တွေအတွက်ကော တခြားအရာတွေအားလုံးအတွက်ပါ အားအင်တစ်ခုအနေနဲ့ရှိနေပေးခဲ့တာဖြစ်သည်။ ပြိုလဲတော့မယ်ကြံတိုင်း အားအင်တွေပေးရင်းဆွဲထူပေးခဲ့သည့် လက်တစ်စုံဟာလည်း နိုင်းဖြစ်သည်။

နိုင်းသည် ဒီနေ့ကစပြီး ဆေးရုံမှာ ညာနှင့်အတူတာဝန်ထမ်းဆောင်တော့မှာဖြစ်သည်။ ပေးဆပ်ခဲ့ရသည့်အချိန်တွေရဲ့နောက်မှာတော့ ညာတို့နှစ်ယောက်ဖြစ်ချင်ခဲ့တဲ့အိမ်မက်တွေဟာလည်း အမှန်တကယ်ပင်ဖြစ်လာခဲ့ပြီဖြစ်သည်။

"ဒီနေ့ ညစာ အတူလိုက်စားပေးမလား ညာ"

နိုင်းကပြောပြီး ခပ်ရေးရေးပြုံးပြလာသည်။ နိုင်းနှုတ်ခမ်းပေါ်က ဖြူစင်တဲ့အပြုံးလေးတွေကတကယ်အေးချမ်းသည်။ နိုင်းက ကပြားဖြစ်သည်မို့ မျက်နှာပေါက်ကနိုင်ငံခြားဆန်သည်။ အရပ်ရှည်ရှည်ဒေါင်ကောင်းကောင်းနှင့် မီးခိုရောင်မျက်လုံးတွေလည်းရှိသည်။

ပုံမှန်ဆိုနိုင်းက စကားနည်းသည်။ ငယ်ငယ်ကနှင့်မတူပဲ အကျင့်စရိုက်တွေကတခြားလူတစ်ယောက်လိုပြောင်းလဲသွားခဲ့သည်။ ဗီဇဆိုတာပြောင်းလဲလို့မရဘူးဆိုသည့်စကားကိုတော့ နိုင်းနဲ့ကျမှ ဆန့်ကျင်မိသည်။

"ရတာပေါ့ မြန်မာအစားအသောက်တွေနဲ့ဝေးနေတာကြာပြီဆိုတော့ မြန်မာထမင်းဟင်းဆိုင်ကိုပဲရွေးလိုက်မလား နိုင်း"

"ညာ့သဘောပါ"

*******

"Cut!"

"ခဏBreakမယ်ဟေ့ တံတိုင်း နားလိုက်ပါဦး"

Director၏နှုတ်ဆက်စကားကို တံတိုင်းက ရိုသေစွာ ခေါင်းငြိမ့်ပြလိုက်ရင်း ဆက်လျှောက်သွားသည်။ ဒီနေ့က ရိုက်ကူးရေးပထမနေ့ဖြစ်သည်မို့ ရုပ်ရှင်အဖွဲ့သားများ ဆေးရုံအတွင်းရောက်ရှိနေကြတာဖြစ်သည်။ Privateဆေးရုံဖြစ်သည့်အပြင် ဆေးရုံအဆောင်ကအသစ်ဖြစ်သည့်အတွက် ရုပ်ရှင်အဖွဲ့သားများနှင့်တာဝန်ရှိသူများမှလွဲ၍ ပြင်ပလူသွားလူလာတော့မရှိပေ။

တံတိုင်းက လမ်းလျှောက်နေရင်း တပ်ထားသည့်မျက်မှန်ကိုချွတ်လိုက်သည်။ Doctorအနေဖြင့်ရိုက်ကူးသည့်ရုပ်ရှင်ဖြစ်သည်မို့ တံတိုင်းက ဆရာဝန်ကုတ်ကိုဝတ်ထားပြီး မျက်မှန်တပ်ထားရတာဖြစ်သည်။ ဆံပင်တွေကိုသပ်သပ်ရပ်ရပ်လှန်တင်ပြီး တည်ငြိမ်နေသည့်အသွင်အပြင်ကတော့ အပြင်Characterနှင့်လိုက်ဖက်ညီနေသယောင်။

"တံတိုင်း ဆံပင်နည်းနည်းပြင်ပေးရမလား"

တံတိုင်းက Hair stylist၏စကားကို ခေါင်းငြိမ့်ပြပြီး ဆရာဝန်coatကိုဆွဲချွတ်လိုက်သည်။

"တံတိုင်း ဒါကနောက်Scenesအတွက် Dialogue တွေ တစ်ချက်ပြန်ကြည့်လိုက်ဦး အခုလောလောဆယ်တော့ နေ့လည်စာအရင်စားလိုက်မလား"

တံတိုင်းက Managerကမ်းပေးသည့်စာရွက်ကိုကမ်းယူလိုက်သည်။

"နေ့လည်စာအတွက် bookingယူထားပေးတယ် တံတိုင်း သွားကြမလား"

တံတိုင်း ခေါင်းငြိမ့်ပြလိုက်ပြီး အဝတ်လဲခန်းထဲဝင်သွားခဲ့သည်။ T shirtအဖြူစွတ်စွတ်ပေါ်မှာ Jacketမီးခိုရောင်ကို တွဲဝတ်ရင်း လျှာထွက်ဦးထုတ်ကိုခပ်ငိုက်ငိုက်ဆောင်းပြီးပြန်ထွက်လာသည်။

"တံတိုင်း နေ့လည်စာသွားစားမှာမလား အတော်ပဲ ငါလည်းလိုက်ခဲ့မယ် မဟန်နာ ခေတ် လိုက်ခဲ့မယ်နော်"

တံတိုင်းက ဘာမှမပြောပဲ တစ်ချက်တောင်မကြည့်ပဲအရှေ့ကထွက်သွားသည်။ တံတိုင်းက မငြင်းသည်မို့ ခေတ်ကူးငယ် ဘေးကနေ ခပ်သုတ်သုတ်လိုက်ပါသွားသည်။

တံတိုင်း အင်္ကျီအိတ်ကပ်ထဲလက်တွေထည့်ရင်း ခြေလှမ်းတွေက အဆင်သင့်ရပ်ထားသည့်ကားဆီဦးတည်နေသည်။ ဘေးကပါလာသည့်မိန်းကလေးကိုတော့ တံတိုင်းဂရုမစိုက်သလိုတစ်ချက်တောင်လှည့်မကြည့်။

ကားနားရောက်ခါနီးမှမြန်ဆန်နေသည့်တံတိုင်းခြေလှမ်းတွေက ရပ်တန့်သွားခဲ့သည်။ တစ်နေရာကိုစူးစူးစိုက်စိုက်ကြည့်နေပြီး နှုတ်ခမ်းအထက်၌ မဲ့ပြုံးတစ်ချက်ဖြစ်တည်သွားခဲ့သည်။
ကားပေါ်တက်မဲ့ခြေလှမ်းတွေက ဦးတည်ရာပြောင်းသွားခဲ့ပြီး တစ်နေရာကို သွားဖို့ပြင်လိုက်သည်။

"တံတိုင်း ဘာဖြစ်လို့လဲ ဘယ်သွားမလို့လဲ"

"ခေတ်က ကားပေါ်အရင်တက်နှင့်ပါ"

တံတိုင်းနောက်ကိုလိုက်ဖို့ပြင်နေသည့် ခေတ်ကူးငယ်ကို Managerဟန်နာက တားလိုက်သည်။
ခေတ်ကူးငယ်က ဘာမှဆက်မပြောတော့ပဲကားပေါ်အရင်တက်သွားခဲ့သည်။

တံတိုင်းက သူလုပ်တဲ့အရာကိုဘယ်သောအခါမှတားမရသည်မို့ ဟန်နာ မတားမိတော့။ မည်သို့ပင်ဆိုစေ ဆိုးဝါးမည့် အခြေအနေတွေကိုတော့ တံတိုင်းကဖန်တီးမှာမဟုတ်မှန်း သူသိသည်။

"ညာ ဘာများဖြစ်လို့လဲ"

ကားပေါ်တက်ခါနီး ဉာဏ်ပညာရဲ့ပုံစံက ရုတ်တရက်စိတ်နဲ့လူမကပ်သလိုဖြစ်သွားသည်မို့ နိုင်း မေးလိုက်တာဖြစ်သည်။

"တံတိုင်းမဟာမြတ် မင်းပြဿာနာလာမရှာနဲ့"

အနားရောက်လာသည်နှင့်စကားတစ်ခွန်းတောင်မဆိုရသေး ခါးခါးသီးသီးအော်ခံလိုက်ရသည်မို့ တံတိုင်း လက်သီးဆုပ်မိသည်။ ပြုံးရယ်နေသည့်မျက်နှာက ချက်ချင်းမဲမှောင်သွားသည်အထိ သူကအဲ့လောက်ထိ စိတ်ပျက်ဖို့ကောင်းနေလို့လား။

ပြီးတော့ နိုင်းသော်စစ်ဆိုတဲ့ကောင်ရဲ့ရှေ့မှာမှ သူ့ကိုခါးခါးသီးသီးဆက်ဆံလိုက်တာ ဒီလူက ခွင့်လွှတ်စရာတော့ရှိမနေတော့။

"အဟက် ဒီကောင်က ပြဿာနာကောင်ဆိုတော့ ပြဿာနာရှာတာသိပ်မစမ်းပါဘူး"

"တံတိုင်း ပြန်တွေ့ရတာဝမ်းသာပါတယ်"

ဘေးက နိုင်းဆီမှ ထွက်လာသည့်နှုတ်ဆက်စကားကို တံတိုင်းက ဂရုစိုက်မနေ။ တစ်ချက်တောင် အသိအမှတ်ပြုမနေပဲ ပုံမှန်တိုင်းပင်ရှိနေ၏။

"လိုက်ခဲ့"

တံတိုင်း ပြောရင်း ဉာဏ်ပညာရဲ့လက်ကိုဆောင့်ဆွဲလိုက်သည်။

"တံတိုင်းမဟာမြတ် မင်းငါ့ဆေးရုံအထိတောင် ပြဿာနာကိုလာမရှာပါနဲ့"

ညာ ပြောပြီး လက်ကိုဆောင့်ရုန်းပစ်လိုက်သည်။

"ဘာလို့ ခင်ဗျားပြောတဲ့အတိုင်းနားထောင်ရမှာလဲ"

တံတိုင်း ပြောပြီး လက်ကိုနောက်တစ်ကြိမ်ဆောင့်ဆွဲပြီး အနားကိုဆွဲခေါ်လိုက်သည်။

ညာ ရုန်းဖို့ကြိုးစားချင်ပေမဲ့ ငြိမ်နေလိုက်တော့သည်။ ဘေးမှာဖြတ်သွားဖြတ်လာလူတစ်ချို့ရှိသည်မို့ ရုန်းရင်းဆန်ခက်ဖြစ်ရမဲ့အခြေအနေတွေကိုလည်း ညာ မဖန်တီးချင်တော့။

"ခင်ဗျားရဲ့ဆေးရုံရှေ့မှာအရှက်မကွဲချင်ရင် အေးအေးဆေးဆေးလိုက်ခဲ့လိုက် ဒီကကောင်က ဘာကိုမှဂရုစိုက်တတ်တဲ့ကောင်မဟုတ်ဘူး"

တံတိုင်း အနားကိုကပ်ပြီး အံကြိတ်သံနှင့်ပြောလိုက်တာဖြစ်သည်။

ညာ မကျေနပ်ပေမဲ့ စိတ်ကိုလျော့ချလိုက်သည်။

"နိုင်း အရင်သွားနှင့်လိုက်ပါ ညာ ခဏနေလိုက်လာခဲ့မယ်!"

"ရပါတယ် သွားနှင့်လိုက်ပါ့မယ် တံတိုင်းငါ့ကိုခွင့်ပြုပါ"

တံတိုင်းက သူ့ကိုနှုတ်ဆက်နေသည့်လူအား ခွန်းတုန့်ပြန်မနေပဲ မျက်လုံးနဲ့ပဲတစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ့ဘေးကလူရဲ့လက်ကိုဆောင့်ဆွဲပြီး အကွယ်တစ်နေရာကိုဆွဲခေါ်သွားခဲ့သည်။

"အဲ့ကောင်အနားမှာ ဒီလောက်နေရရင် တော်လောက်ပြီပေါ့ ဘာလို့ဒီအချိန်ထိပတ်သတ်နေတာလဲ ဟမ်!"

တံတိုင်းက ညာ့ မျက်လုံးတွေကို တည့်တည့်ကြည့်ရင်း ဒေါသတကြီးပြောလာသည်။

"မင်းဘာလို့အဲ့လောက်ထိ နိုင်းကို ခါးခါးသီးသီးဖြစ်နေတာလဲ သူကမင်းကိုဘာများထိခိုက်နေစေလို့လဲ"

ညာ ပြောပြီး သူ့ဆုပ်ကိုင်ထားသည့်လက်ကို ဆောင့်ရုန်းပစ်လိုက်သည်။

"နောက်ထပ်တွဲမမြင်ချင်ဘူး ကျုပ်ဒီမှာရှိနေတဲ့အတောအတွင်း ကျုပ်အနီးတစ်ဝိုက်မှာမျက်စိလာမနောက်နဲ့"

"အဓိပ္ပါယ်မရှိတာတွေလာပြောမနေနဲ့ တံတိုင်းမဟာမြတ်! မင်းပြောတဲ့အတိုင်းလုပ်ရအောင် မင်းနဲ့ငါဘာဆိုင်လို့လဲ"

"ဒီကောင်ကကော ခင်ဗျားနဲ့ဆိုင်ချင်လို့ဒီလိုတွေလုပ်နေတယ်လို့ထင်နေလား"

ညာ ပြောပြီး သူ့အရှေ့ကနေလှည့်ထွက်လာလိုက်တော့သည်။

"အင့်!!"

လှည့်ထွက်ခါနီးမှ ရုတ်တရက် ပြန်ဆွဲခံလိုက်ရပြီး အနောက်နံရံနှင့်အကပ်ခံလိုက်ရသည်။

"တံတိုင်းမဟာမြတ် မင်းငါ့ကိုအကြမ်းပတမ်းလာမလုပ်နဲ့"

ညာ ပြောရင်း အရှေ့မှာပိတ်နေသည့် သူ့ကိုယ်ကြီးကိုအတင်းတွန်းမိသည်။ အလွတ်မပေးသည့်ထိုလူကတော့ ညာ့လက်ကိုနောက်ပြန်ဆွဲချုပ်ထားသည်။

"ကျုပ်ပြောထားတယ်နော် ဉာဏ်ပညာ အဲ့ဒီခွေးသတောင်းစားကောင်နဲ့ဝေးဝေးနေလိုက်!"

"မလုပ်နိုင်ဘူး မင်းပြောတဲ့အတိုင်းဘာလို့လုပ်ရမှာလဲ နိုင်းကိုမင်းဆဲစရာမလိုဘူး!"

"ဒုန်း!!"

တံတိုင်းက နံရံကို လက်သီးနဲ့အားပါပါပိတ်ထိုးပစ်လိုက်တာဖြစ်သည်။ ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားပြီး ရုန်းကန်အော်ဟစ်နေရာသည့် ညာသည်လည်း ချက်ချင်းငြိမ်ကျသွားခဲ့သည်။

တံတိုင်း လက်တွေပေါက်ပြဲကုန်သည်။ သွေးတွေစို့လာပြီး တဆတ်ဆတ်တုန်နေသည့်လက်တွေကြောင့် ညာ နေရာမှာတင် ကြောင်တွေနေမိသည်။

"တိုင်း ... မင်း ဘာ ဘာလုပ်လိုက်တာလဲ ဘာလို့လုပ်ရတာလဲ"

ညာ ပြောရင်း သူ့လက်ကိုဆုပ်ကိုင်မိတော့ အကိုင်မခံပဲ ရုန်းသည်။

"အဲ့လောက်နဲ့ဘာမှမဖြစ်ဘူး!"

ပြောပြီး လက်ကိုတစ်ချက်ခါထုတ်သည်။ မျက်နှာကြောကတော့ တင်းနေပြီး နည်းနည်းလေးတောင်မနာသည့်ပုံစံနှင့်ရှိနေသည်။ ဆယ်ကျော်သက်အရွယ်မှာကတည်းက စိတ်တိုလာတိုင်း အမြဲတစေ ဒီလိုတွေပြုမူနေကြဖြစ်သည်။

"ဟင့်အင်း တိုင်း ဒီလိုနေလို့မရဘူး ဆေးထည့်ရမယ်"

ညာ ပြောပြီးသည်နှင့်ဂျစ်ကန်ကန်လုပ်နေသည့်လူကို ဆွဲခေါ်လာလိုက်တော့သည်။

တံတိုင်းကတော့ ဘာကိုမှဆက်မပြောတော့ပဲ သူ့ကိုဆွဲခေါ်နေသည့်လူနောက်ကိုသာလိုက်သွား၏။ မျက်နှာပေါ်က ဒေါသအရိပ်အငွေ့တွေကတော့ နည်းနည်းလေးမှပျောက်မသွားသေးပဲ ပုံမှန်တိုင်းပင်ရှိနေဆဲဖြစ်သည်။

"ဘာလို့အဲ့လောက်ထိရမ်းကားရတာလဲ အဲ့ဒီအကျင့်ကိုအခုထိမပြင်နိုင်သေးဘူးလား"

"နောက်တစ်ခါ ဒီလိုလုပ်မယ်ဆိုရင် မင်းလက်ကျိူးဖို့ပဲရှိလိမ့်မယ်"

"နိုင်ငံကျော်တစ်ယောက်ဖြစ်နေပြီး ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ရမယ်ဆိုတာ မင်းနားမလည်ဘူးလား"

တံတိုင်းက ဆေးထည့်ပေးနေရင်းနဲ့ သူ့ကိုပြောဆိုနေသည့်လူကို စိုက်ကြည့်နေသည်။ မျက်နှာကြောက တင်းနေပြီး သူ့ကိုစိတ်မရှည်သလိုမျိုးပြောဆိုနေသည်။

"ခင်ဗျားနဲ့ဆိုင်လို့လား ကျုပ်ဘာသာ ဘာပဲဖြစ်ဖြစ် ဖြစ်ချင်တာဖြစ်!"

တံတိုင်းပြောလိုက်တော့ ညာ ဆေးထည့်ပေးနေရင်းမှ ရပ်လိုက်သည်။ နှာတံပေါ်က မျက်မှန်ကို လက်ဖြင့်တစ်ချက်ပင့်တင်လိုက်ပြီး သူ့အရှေ့ကလူကို ပြန်ကြည့်လိုက်ပြီး...

"စေတနာပျက်အောင်လာမလုပ်နဲ့ တံတိုင်းမဟာမြတ် လက်ကငြိမ်ငြိမ်နေ"

ညာပြောပြီးဆေးကိုဆက်ထည့်လိုက်သည်။ ထိုလူက စေတနာမရှိပေမဲ့ သူသည်ဆရာဝန်တစ်ယောက်ဖြစ်နေသည်မို့မည်သူကိုမဆို ကုသပေးရမဲ့တာဝန်ရှိတာကြောင့်ဖြစ်သည်။

"အဲ့ကောင်နဲ့ဝေးဝေးနေ!"

"ပြောနေတာကြားလား ဉာဏ်ပညာ"

သူပြောနေသည့်စကားကိုမကြားသလိုလုပ်နေသည့် လူကို တံတိုင်း ကြည့်နေရင်းစိတ်မရှည်တော့။
တံတိုင်း ဘာမှဆက်မပြောတော့ပဲ သူ့အရှေ့ကလူကိုဆွဲပြီး ဘေးကကုတင်ပေါ်ပစ်တင်ပြီးလှဲချလိုက်သည်။

"တံတိုင်းမဟာမြတ်! မင်း...!"

တံတိုင်း ရုန်းကန်နေသည့်လူရဲ့အပေါ်ကနေတက်ခွပြီး အငြိမ်မနေသည့်လက်တွေကို လက်တစ်ဖက်တည်းဖြင့်စုချုပ်ထားလိုက်သည်။ နှာဖျားပေါ်လျှောကျနေသည့် မျက်မှန်လေးကိုလည်းဆွဲချွတ်ပြီး တစ်ဖက်ကိုပစ်ချလိုက်သည်။

"တံတိုင်းမဟာမြတ် မင်း လုပ်ပြန်ပြီ ဘာလုပ်တာလဲ လွှတ်ပေး!"

"​ကျုပ်ပြောနေတာကို ဂရုမစိုက်သလိုအချိုးမျိုးမလုပ်နဲ့ ဉာဏ်ပညာ တံတိုင်းမဟာမြတ်ဆိုတဲ့ကောင်ရဲ့ အကြောင်းကိုခင်ဗျားအသိဆုံးပဲမလား"

တိုင်းပြောနေရင်း ရုန်းကန်နေသည့်လက်တွေကို ဘေးက ပတ်တီးလိပ်တွေဖြင့် ခပ်မြန်မြန်စည်းနှောင်ပစ်လိုက်သည်။

"တံတိုင်းမဟာမြတ် လွှတ် မင်းဘာအဓိပ္ပါယ်မရှိတာကိုလုပ်နေတာလဲ!"

ဒေါသတွေအရှူးရှူးထွက်ရင်း သူ့ကိုရန်စွယ်ငေါငေါနှင့်ရန်လိုနေသည့်လူကိုကြည့်ရင်း ခနဲ့သလိုမဲ့ပြုံးတစ်ချက်ကိုပြုံးလိုက်သည်။

ထို့နောက် ပုခုံးလေးကနေဆွဲကိုင်ပြီး လှဲနေသည့်လူကိုပြန်ထစေလိုက်သည်။ ချက်ချင်းပင် စည်းနှောင်ခံထားသည့်လက်တွေဖြင့်သူ့ကိုထုရိုက်လာသည်မို့ ထိုလက်တွေကိုအတင်းဆွဲချုပ်ပြီး ကျန်နေသည့်ပတ်တီးစတွေဖြင့် ဘေးက ကုတင်တိုင်မှာ ကပ်ချည်နေလိုက်သည်။

"လွှတ် တံတိုင်းမဟာမြတ် မင်း မယုတ်မာနဲ့ တံတိုင်းမဟာမြတ် အင့်!"

ပြောရင်း ရှိုက်သံလေးက ထွက်လာသည်။ ငိုနေတာကိုသိပေမဲ့တံတိုင်းဂရုမစိုက်။ တစ်ချက်ကြည့်လိုက်ပြီး အတင်းရုန်းကန်နေသည့်ကြားကနေ လက်တွေကို ကုတင်တိုင်နှင့်မရရအောင်ဆွဲချည်ပစ်လိုက်သည်။

တံတိုင်း ပြီးတာနဲ့ အေးဆေးစွာထရပ်လိုက်သည်။ ပြီးနောက် ဘေးခုံပေါ်ကဦးထုတ်ကိုပြန်ယူဆောင်းလိုက်ပြီး Maskကိုတပ်လိုက်သည်။
ပုံပျက်သွားသည့်အင်္ကျီကိုသေချာပြန်ပြင်ရင်း အထပ်ထပ်ခါခါချည်နှောင်ထားသည့် ကြိုးတွေကို ဖြည်ဖို့ကြိုးစားနေသည့်လူကို တံတိုင်းတစ်ချက်ကြည့်လိုက်သည်။

"တံတိုင်းမဟာမြတ် မင်း မင်း ဘယ်သွားမှာလဲ မင်းမယုတ်မာနဲ့ အခုပြန်လာဖြည်ပေး"

တံတိုင်းက ဂရုမစိုက်နေ။ ဦးထုတ်ကိုသာပြန်ပြင်ဆောင်းရင်းအခန်းထဲကနေထွက်သွားသည်။

"မင်း ဘာလုပ်တာလဲ ဘယ်ကိုသွားမှာလဲ ငါ့ကိုကြိုးလာဖြည်ပေးလို့ပြောနေတယ်လေ"

ညာ့ဆီက အော်သံတွေကို ထိုလူက တစ်စက်လေးမှတောင် ဂရုစိုက်မနေပဲ တံခါးကိုဝုန်းခနဲဆွဲပိတ်ရင်း အခန်းထဲကနေထွက်သွားခဲ့သည်။ အထပ်ထပ်အခါခါချည်နှောင်ထားသဟည့်ကြိုးတွေကလည်း ဖြည်လို့မလွယ်တာကြောင့် ဘယ်လိုမှမလွတ်နိုင်ပေ။

ဒေါသတွေသာ အလိပ်လိုက်ထွက်ရင်း ညာ ကျန်ခဲ့ရပြန်သည်။

"တံတိုင်းမဟာမြတ်!! မင်း အောက်တန်းစား ! စေတနာထားလို့မရတဲ့ကောင် အရိုင်းအစိုင်း ပြန်လာခဲ့လို့ပြောနေတယ်"


TBC..........

Updateက ပိစိလေးတော့ကြာသွားတယ်

စောင့်နေပေးလို့ကျေးဇူးပါဗျာ

Continue Reading

You'll Also Like

17.9K 398 159
Author : Young Master Yongan Alternate Title : 前女友黑化日常 Summary: Every profound love story must have a cannon fodder ex-girlfriend. If one day the ex...
1.1M 86.8K 39
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
67.5K 5.3K 47
MS and Virat were happy in their lives, what happens when they get to know that they have another brother? How will Rishabh's sudden entry affect the...
4.1M 260K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...