Part 1(Z)

6.5K 162 6
                                    

* Dream Entertainmentမှ ထိပ်တန်းမင်းသား တံတိုင်းမဟာမြတ်၏ Dating Rumorများထွက်ပေါ်လာ*

* လတ်တလောတွင် Dating Rumorထွက်ပေါ်လာခဲ့သည့် တံတိုင်းမဟာမြတ် တွဲခုတ်နေသူမှာ တက်သစ်စမင်းသမီးတစ်ယောက်ဟုဆို *

* ဘန်ကောက်မှ Dateနေကြတဲ့ ဓာတ်ပုံ Videoများစွာထွက်ပေါ်လာတဲ့ တံတိုင်းမဟာမြတ်*

Social Media ၌ပျံ့နှံ့နေခဲ့သည့် သတင်းခေါင်းစဉ်တွေနှင့်အတူ  ထွက်ပေါ်လာခဲ့သည့်ဓာတ်ပုံတွေ Videoတွေက Facebook New Feedတစ်ခွင် ထိန်းမရအောင် ပေါက်ကြားနေခဲ့သည်။ လူစိတ်ဝင်စားမှုရအောင် ခေါင်းစဉ်အမျိုးမျိုးတပ်ကာ Like Followerရှာကြသည့် Pageပေါင်းများစွာ၏ Postတွေအောက် အပြိုင်အဆိုင်ငြင်းခုံနေကြသည့် ဝေဖန်အကြံပြုချက် Commentတွေသည်ကလည်း မရေမတွက်နိုင်ပေ။

တံတိုင်းမဟာမြတ်ရဲ့အိမ်သူသက်ထား - "မဖြစ်သင့်တာ ငါတို့မင်းသားလေးက ဘာလို့သူနဲ့မှလဲ"

တံတိုင်းမဟာမြတ်လည်ပင်းပေါ်ကမှည့်စိမ်းလေး - "အခြေအမြစ်မရှိတဲ့သတင်းတွေမဖြန့်ကြပါနဲ့Mediaတွေရေ ရုပ်ရှင်တစ်ဖွဲ့သားလုံးပါပါတယ်နော် ဒါတွေကEditထားတဲ့ပုံတွေသက်သက်ပါ "

ဖီဖီဇိန်းမဟာမြတ်ရဲ့ချွေးမလောင်းလေး - "အားလုံးထင်နေကြသလိုပဲ ဟုတ်ပါတယ် ကိုကိုတိုင်းနဲ့တွဲခုတ်နေတာကျမပါ ပုံထဲကကျမပါနော် အထင်မလွဲကြပါနဲ့"

ကိုကိုတိုင်းနဲ့လက်ထပ်ဖို့ရက်ရွေးပြီးတဲ့အယွန်းလေး  -  " မဟုတ်သေးပါဘူး တိုင်းကငါနဲ့လက်ထပ်တော့မှာလေဟာ မစကြပါနဲ့ ငါငိုချင်လာပြီ "

ကိုကိုတွေကပိုကောင်းတယ်  - " Entကကော Confirmလိုက်ပြီလား ကိုကိုတိုင်းပါးစပ်ကနေ Confirmမလုပ်သေးသရွေ့ ငါတော့မယုံနိုင်ဘူး"

ကိုကိုTeamတွေကိုအပြိုင်ချဲမဲ့မောင်ထိပ်ထားစံ - "ရိုးရိုးသားသား အလုပ်ကိစ္စနဲ့သွားလည်းဖြစ်နိုင်ပါတယ်ဟ အတွေးမလွန်ကြပါနဲ့နော် တို့အမျိုးသားက ရည်ရွယ်ထားတဲ့သူရှိပါတယ် အဲ့တာကတော့တို့ပါ"

ကျူရစ်လန် - "ဒါက စနောက်နေရမဲ့အချိန်မဟုတ်ဘူးအမိတို့ရေ ငါတော့ ထမင်းတောင်စားမဝင်တော့ဘူး"

Difference Between Us [ Ongoing..]Nơi câu chuyện tồn tại. Hãy khám phá bây giờ