သူကြီးသားကဆိုးလိုက်တာ(Complet...

By HyacinthNyein

92K 3K 31

တစ်ချို့လူတွေက ချစ်တဲ့သူပျော်ရွှင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ချစ်သူကိုစွန့်လွှတ်တတ်ကြတယ်တဲ့ ကျွန်တော်ကတော့... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အခန်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၉
အပိုင်း ၂၀🚨🔞🚨
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
ဇာတ်သိမ်းပိုင်း
ABO New Story

အပိုင်း ၁၈

2.8K 104 1
By HyacinthNyein

"ငါ သင်္ဘောသီးသုပ်စားချင်တယ်"

"အစ်ကိုစားချင်ရင် ယမင်းတို့အိမ်မှာရှိတယ် သွားသုပ်ခိုင်းလိုက်မယ် အိမ်မှာစောင့်နေနော်"

"ငါရောလိုက်ချင်တယ်"

"နေပူတယ်လေဗျာ"

"ဝေးမှမဝေးတာကို ထီးဆောင်းခဲ့မယ်လေနော်"

"အစ်ကို့သဘောပါဗျာ"

အစ်ကို့စကားတစ်ခွန်းက ကျွန်တော့်အတွက်တော့ အမိန့်တွေထက်စွမ်းနိုင်ပါတယ်။

ယမင်းတို့အိမ်ရောက်တော့ ခြောက်ယောက်ပေါင်းပြီး သင်္ဘောသီးသုပ်စားဖြစ်သည်။သူကြီးသားကတော့အဆိုးဆုံးပဲ ဟိုဟာများသွားပြီဒါများသွားပြီနဲ့ သူ့လူအကြိုက်နဲ့မညီမချင်း ယမင်းတို့ညီအစ်မကို ဆရာလုပ်သည်။

"ခုတစ်လော စာကလေးလည်းမမြင်ပါလား ငပွေး"

"မတွေ့ဆို တောင်ရွာအပျိုကြီးဆီ ရောက်နေတာနေမှာပေါ့"

"အံမယ် ဟုတ်လှချည်လားကွ ..အစ်ကိုတအားမစားနဲ့ ဗိုက်အောင့်မယ်ဗျ"

" မင်းအဲ့လိုကဲသဲနေလို့ စာကလေးကမင်းနားမကပ်တော့တာ မျက်စိနောက်နေမှာပေါ့"

"အားကျသွားတာနေမှာပါကွာ"

"ပေါက်ကရတွေပြောပြန်ပြီ"

"ငါတို့မိန်းကလေးတွေကိုလည်း အားနာပါအုံးဟဲ့ ငဘုန်းရဲ့"

"အောင်မာ ညီအစ်မနှစ်ယောက် တိုးတိုးတိုးတိုးနဲ့ ငါ့အကြောင်းပြောနေကျကိုများ မသိရင်ခက်မယ်"

"အဟီး"

"အသံကိုက ယောကျာ်းကိုရမှာမဟုတ်ဘူး"

"ဟဲ့ ယောကျာ်းများ ခုယူရင်ခုရတယ်နော် မလိုချင်လို့ "

"ပြောတာပဲ အပျိုကြီးပိတောက်မေကိုပဲကြည့် ရွေးရင်းငြင်းရင်းနဲ့ အခုသုံးဆယ်စွန်းနေပြီ"

"အဲ့တော့ဘာဖြစ်လဲ ဘဝဆိုတာ သုံးဆယ်ကျော်မှ စတာ"

"မတွေ့သေးခင်တုန်းကတော့ ငါလည်းအဲ့လိုပြောခဲ့တာပဲ တွေ့သွားတော့လည်း မနက်တွေ့ ညယူပစ်ချင်တာ"

"ဘာတွေလျှောက်ပြောနေတာတုန်း"

ပြောရင်း ပေါင်ကိုလည်း လိမ်ဆွဲသေးသည်။ချစ်မိတော့လည်း နာတယ်မထင် လက်ကလေးကိုသာ ဖမ်းဆွဲထားမိသည်။

"သူကြီးဒီနေ့ပြန်ရောက်မှာမလား"

"အေး ဒီနေ့ပြန်လာမှာထင်တာပဲ"

"မြို့ပြန်လက်ဆောင်တွေပါရင်လည်း ငါတို့ဖို့ချန်ထားအုံး"

"လက်​ဆောင်တော့မပါလောက်ဘူး စားစရာတော့ပါမှာ အစ်ကိုကြိုက်တတ်တာတွေ မှာလိုက်လို့"

"အေး စားစရာကအဓိကပဲ"

"အစ်ကိုမကုန်ရင်ကျွေးမယ်"

"မိုက်ရိုင်းလိုက်တာဟယ် သူများအိမ်ကစားပြီးမပြန်ရသေးဘူး နောက်တစ်ခါနင်ပါလာရင် ဘာမှလုပ်မကျွေးတော့ဘူး"

"ငါကရော အစ်ကို့ကိုတစ်ယောက်တည်း လွှတ်စရာလား ငါမပါရင်ဘယ်မှမသွားခိုင်းဘူး"

"အရမ်းတွေအမြင်ကပ်လာပြီဟယ် သူများအိမ်လာပြီးတော့ ပြောမကောင်းဆိုမကောင်း သူကြီးသားကတော့"

"အစ်ကို ကျွန်တော့်ကိုပြောနေတယ်"

သူ့လူ ပုခုံးထက်ခေါင်းမှီလို့ခပ်ချွဲချွဲဆိုလေတော့ မောင်နှမလေးယောက် မျက်နှာကရှုံ့မဲ့သွားကာ သူ့လူကတော့သဘောတကျရီလေသည်။သူ့ပုခုံးထက်ကခေါင်းကိုတော့ မတွန်းဖယ်ပစ်။

"ကဲ ပြန်တော့မယ် ညနေတောင်စောင်းနေပြီ
နင်တို့ရေခပ်သွားရမှာမလား"

"အေး နေတော့နည်းနည်းပူသေးတယ် စောစောသွားမှရမှာ ထမင်းလည်းချက်ရအုံးမှာ"

"ငါတို့လည်းသွားရအောင်ငထွေး နောက်လဆိုမိုးဦးကျတော့မှာ ယာခင်းတွေခြုံတွေရှင်းစရာရှိတာသွားရှင်းရအောင်"

"အေး သွားရအောင်"

"လာ အစ်ကို ကျွန်တော်တို့လည်းပြန်ကြရအောင်"

"အေး ပြန်ပြီနော် ဒီနေ့အတွက်ကျေးဇူးပါ ဦးကြီးပြန်လာလို့မုန့်ပါရင် လာပေးလှည့်မယ်"

"ရပါတယ်ဗျာ ဟိုကောင်ကြီးကိုစနေတာ"

"ပြန်ပြီနော်"

"ဟုတ်ကဲ့ ကိုသဝဏ်"

ထို့နောက် သူ့လူလေးအားထီးဆောင်းပေးကာသူတို့လည်း ပြန်ခဲ့လေသည်။လက်ကလေးအား လှမ်းတွဲတော့လည်းမရုန်း။နှေးမိသွားတဲ့ခြေလှမ်းတွေက ဖုန်ထမည်ဆိုး၍လား လမ်းခရီးကိုပိုကြာစေချင်၍လားမပြောတတ်။

"အစ်ကိုတောင် ဒီရွာသားဖြစ်တော့မှာပဲ"

"ဟမ်....ဘာလို့ဖြစ်ရမှာလဲ"

"ဒါဆိုမဖြစ်ချင်ဘူးလား"

"ဖြစ်ချင်တယ်လေ"

"ဟားဟားဟား"

သူ့ရီသံခပ်ကျယ်ကျယ်က ခြံဝရောက်သည်ထိမရပ်တန့်။အိမ်ရှေ့တန်းလျားပေါ်က သူကြီးအားမြင်မှ မျက်နှာပိုးသတ်မိသည်။သူတို့ဘက်ကို ကျောပေးထားသော မိန်းကလေး တစ်ယောက်ကိုလည်း တွေ့ရလေသည်။

"ဦးကိုကိုချစ်တောင်ပြန်လာပြီ ဧည့်သည်ပါလာတယ်ထင်တယ်"

ထိုအခါမှ နံဘေးကသူ့လူက ရှေ့ကလူကိုမြင်သည်ထင်သည်။ထို့နောက်ခြေလှမ်းတွေ တုံ့ကနဲရပ်သည်။အံသြရိပ်စွန်းသောမျက်နှာထက် မပွင့်တပွင့်ဖွင့်ဟလာတဲ့အသံတိုးတိုး။

"နွယ်"

တိုးတိုးလေးဆိုသော်ငြား သူကြားရဖို့ လုံလောက်ပါသည်။ပြီးတော့ တုန်လှုပ်ဖို့လည်းလုံလောက်၏။သူ့လူနှင့် ပတ်သပ်သမျှ ထိုမိန်းကလေးတစ်ယောက်ပဲရှိသည်။ကိုင်ထားတဲ့လက်ကိုတင်းပစ်တော့ မော့ကြည့်လာသည့်မျက်ဝန်းတွေက အားပေးနေသယောင်။

"ပြန်လာကြပြီလား လာကြ ဒီမှာမြို့ကမောင်သဝဏ့်သူငယ်ချင်းလိုက်လာတယ် မတွေ့တာကြာတဲ့အပြင် ကျောင်းပြောင်းတာပါမသိလိုက်လို့တဲ့ လိုက်လာတာ"

"အသွန်"

လှည့်ကြည့်လာပြီးခေါ်လိုက်သံက တစ်ဦးဆိုင်နာမ်တစ်ခု။ပြီးတော့ မျက်ဝန်းထဲကအရိပ်တွေ။သူ့လူလေးကမရိပ်မိခဲ့သော်ငြား သူကတော့ မြွေမြွေချင်းမို့ခြေမြင်သလို။ခဏတွင်းပြောင်းလဲသွားပုံက သိပ်မြန်လွန်းသည်။ဖုံးကွယ်ဖို့သိပ်တော်လွန်းလို့ သူ့လူလေးမရိပ်မိခဲ့တာပေါ့။

တွဲလက်ကိုဖြုတ်မပေးဘဲ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။သူကြီးက အရိပ်ပြသော်ငြား မမြင်ချင်ယောင်ဆောင်လိုက်ပစ်လိုက်၏။​။

"အသွန်တို့များ နေနိုင်လိုက်တာနော် ခဏလေး အလည်ပဲသွားမှာဆိုပြီး ကျောင်းပါပြောင်းသွားတယ် ရွာမှာအခြေချဖို့ အကြောင်းရင်းတွေရှိနေပြီပေါ့ မျက်နှာလေးတောင်ပြည့်လာတယ် ဒီရွာနဲ့တည့်နေတယ်ထင်တယ်"

"အဲ့တာက ဒီမှာနေရတာစိတ်ချမ်းသာနေလို့ပါ ရောက်တာမကြာသေးပေမယ့် ဒီကလူတွေနဲ့သံယောဇဥ်လည်းဖြစ်နေတော့ ကျောင်းပါတစ်ခါတည်းပြောင်းလိုက်တာ"

"သိပါတယ်ရှင် ရှင့်အကြောင်းကိုနွယ်ကအသိဆုံးပါ ဘယ်​​နေရာကိုမှမခင်တွယ်တတ်တဲ့သူက ဒီရွာမှာအခြေချ မယ်ဆိုကတည်းက သံယောဇဥ်တွယ်စရာတွေရှိမယ်ဆိုတာ သိပြီးသားပါနော်"

သူ့လူက ခေါင်းငုံ့လို့ အသာလေးပြုံးသည်။

"နွယ် ဦးကြီးနဲ့ဘယ်လိုဆုံလာတာလဲ"

"အသွန့်ကျောင်းပြောင်းကြောင့်ပေါ့ ရှင်နဲ့ကျွန်မတစ်ကျောင်းတည်းတွေဆိုတာလည်း မေ့မနေနဲ့အုံး"

"မမေ့ပါဘူး ဒါနဲ့ နွယ့်မိဘတွေရော နေကောင်းကြရဲ့လား"

"သတိရဖော်တော့ရသေးသားပဲ ကောင်းပါ့ရှင်အမေကတောင်ပြောနေသေးတယ် ပြန်လာဖို့သတိမရနိုင်လောက်တဲ့အထိ ပျော်စရာတွေပေါနေပုံပဲတဲ့"

"အဖေတို့ရောက်တာမကြာသေးဘူးမို့လား ​ရေချိုးတော့လေ ပြီးရင်ထမင်းစားရအောင် ဧည့်သည်လည်းပင်ပန်းနေမှာပေါ့ ဒါနဲ့အိမ်မှာပဲနေမှာမလား အခန်းကရော"

သူ စကားကိုဖြတ်ပြောလိုက်သည်။သူ့လူကို အနေမခက်စေချင်၍။

"ရပါတယ် အရမ်းကြီးပြင်ဆင်မနေနဲ့ နွယ်က သုံးလေးရက်ပဲနေမှာ ဟိုမှာကိစ္စလေးတွေရှိသေးလို့ပြန်ရမှာ မတွေ့တာကြာတဲ့သူငယ်ချင်းကိုလာတွေ့ရုံပဲ ကျောင်းဖွင့်ရင်လည်းအရင်လိုမတွေ့ရတော့ဘူးလေ အဲ့တာကြောင့်ပါ"

"အမေ ကလေးအခန်းမှာ ပြင်ပေးထားတယ် ကလေးကတော့ သားနဲ့အတူနေလိုက်လေ မင်းတို့တွေအဆင်ပြေတယ်မလား"

အမေက အိမ်ထဲကထွက်လာရင်း သူ့ကိုမေးလာသည်။

"ဟုတ် ပြေတယ် အမေ"

"သမီးလေးက အစောကမင်းတို့မလာခင်လေးတင်ရေချိုးပြီးတာ နေ့လည်ကတည်းကရောက်တာလေ မင်းတို့ထွက်သွားပြီး မကြာခင်ဘဲ ဒါနဲ့ ထမင်းဆာပြီလားသမီး"

"မဆာသေးဘူးကြီးကြီး စောလည်းစောနေသေးတယ်ဆိုတော့လေ ရှေးဟောင်းဘုရားတွေဘက်သွားချင်လို့ အသွန်တို့နှစ်ယောက်အားရင် လိုက်ပို့ပေးလို့ရမလား"

"ရပါတယ် အားတယ်လေ အာ့ဆိုကြီးကြီး သားတို့ကပြန်လာမှစားမယ် ကြီးကြီးတို့ဆာရင်စားထားနဲ့ဗျ သားတို့နောက်ကျနေမှာဆိုးလို့"

"အေး အေး ကောင်းကောင်းသွားကြ တအားမိုးမချုပ်စေနဲ့ နောက်နေ့တွေရှိသေးတာပဲ"

"ဟုတ်ကဲ့ဗျ ထီးကြီးထားခဲ့တော့ နေမှသိပ်မပူတော့တာ လမ်းတစ်လျှောက်တမင်ပင်တွေက အရိပ်ရပါတယ်"

သူ့လူလေးပြောတော့လည်း ထီးကိုအိမ်မှာပဲထားခဲ့လိုက်သည်။စိတ်နဲ့လူကသိပ်မကပ်ချင်။လမ်းတစ်လျှောက် သုံးယောက်လုံး တိတ်တိတ်ဆိတ်ဆိတ်။တစ်ခါတစ်လေတော့လည်း မြို့သူမေးသမျှသူ့လူကပြန်ဖြေပေးသည်။အနေခက်မှာဆိုး၍ထင်။

အားငယ်စိတ်တွေရင်ထဲဝင်လာတာက မြို့သူနဲ့သူ့လူကသိပ်လိုက်ဖက်နေလို့။ဘေးကကြည့်တာတောင် သိပ်လိုက်ဖက်တာ။သူနဲ့ဆို ကျီးကန်းဘဲဥချီသလိုဖြစ်နေသမျှ သူတို့နှစ်ယောက်က  နေနဲ့လရွှေနဲ့မြလို။အသားဖွေးဖွေး အပြုံးအေးအေးနဲ့ တည်ငြိမ်နေပုံက ဘေးလူငေးချင်စရာ။အဲ့ငေးမယ့်လူထဲ သူနဲ့ သူ့လူမပါပေမယ့်ပေါ့။

ပညာအရည်ချင်းပဲကြည့်ကြည့် ရုပ်ရည်ပဲ​​
ကြည့်ကြည့်ပြည့်စုံနေသူက ကျွန်တော်လို ရပ်ကျော်ရွာကျော် လူမိုက်တစ်ယောက်နှင့် ယှဥ်ကြည့်နေစရာပင်မလို။ပြီးတော့ မိန်းလေးတစ်ယောက်လည်း ဖြစ်နေပြန်သေးသည်။

ဆယ်နှစ်ကျော်ခင်မင်လာသည့် ဒီလိုမိန်းကလေးမျိုးထက် သူ့ဘက်ကိုအလေးသာပေးသည်မှာ သူ့အချစ်ရဲ့စစ်မှန်မှုကြောင့်လား။ဒဏ်ရာမရမီဆေးကြိုပေးသည့် ကျီစားသန်သည့် ကံကြမ္မာပေလား။

သူအရဲတင်းလို့မစွန့်လွှတ်ခဲ့ခြင်းမှာ နှစ်ဦးနှစ်ဖက်မချစ်နှစ်သက်ခဲ့ပါဟူသော သူ့လူအပြောကြောင့်ပင်။အကယ်၍ ထိုအမျိုးသမီး၏ မျက်ဝန်းဘာသာစကား​တွေသာအမှန်ဆိုလျှင် သူ့လူမသိခဲ့ခြင်းရဲ့တစ်ဖက် ထိုအမျိုးသမီးက တစ်ဖက်သတ်ချစ်ခဲ့လိမ့်မယ်။

နီးစပ်ခဲ့တဲ့နှစ်တွေအရ အချိန်မည်မျှရှိခဲ့မည်နည်း။​ငြိတွယ်ခဲ့တဲ့တစ်ဖက်သတ်ကြိုးတွေအား လွယ်လွယ်စွန့်လွှတ်မည်တဲ့လား။သူ့လိုပေါ့ မစွန့်လွှတ်နိုင်လို့ဇွတ်တိုးခဲ့လျှင် သူမဘက်သာအလေးသာမှာ အသေအချာ။သူ့လူက ယောကျ်ားကောင်းတစ်ယောက်လေ။မိန်းကလေးတစ်ယောက်ကို ဘယ်လိုလုပ်ပြီး မျက်နှာလွဲခဲပစ် လုပ်နိုင်မှာတဲ့လဲ။

မိန်းကလေးဘက်က မျက်ရည်နှင့်သာဆွဲထားပါက သူ့လူနှလုံးသားကခံနိုင်မှာတဲ့လား။မိန်းမမာယာ သဲကိုးဖြာတဲ့။အချစ်အတွက်ဆို ဘာမဆိုလုပ်နိုင်သော မိန်းမများစွာရှိခဲ့ဖူးသည်။မိန်းမတွေတင်မဟုတ်ပါဘူး အချစ်နဲ့ပတ်သက်လာရင် မိုက်ရူးရဲဆန်တတ်ကြတာ လူတွေရဲ့သဘာဝပဲလေ။

သူလည်းတွေးခဲ့ဖူးတာပဲ။မဟုတ်ဘူး တွေးနေဆဲပဲ။သူ့လူကို တခြားတစ်ယောက်လက်ထဲကို မထည့်ပေးလိုက်နိုင်ဘူး။

"ရွာလေးကအေးချမ်းလိုက်တာ အဲ့တာကြောင့်အသွန်က အရမ်းပျော်နေတာဖြစ်မှာ"

စကားသံကြားမှ အတွေးပျံ့နေတာရပ်တန့်သွားသည်။ဘုရားတွေကြား ဘယ်လိုရောက်ခဲ့မှန်းတောင်မသိ။

"ဟုတ်တယ် အေးချမ်းတယ်နွယ် စိတ်ဝင်စားစရာကောင်းတဲ့နေရာတွေလည်း အများကြီးရှိတယ်"

"စိတ်ဝင်စားစရာလူရော တွေ့နေပြီလား"

မျက်နှာချင်းဆိုင်ပြီးအမေးမှာ သူ့လူကသူ့ကိုမော့ကြည့်တာ ဖျက်ခနဲ။သူမလည်း ရိပ်မိဟန်တူသည် ။ထက်မြတ်တဲ့အမျိုးသမီးက ခဏအတွင်း အရာရာအားနားလည်သွားဟန်။

"အဲ့ဒါက..."

"နှစ်ယောက်တည်း ဆွေးနွေးစရာရှိတယ် အသွန်"

ပညာရှိနည်းနဲ့ နှင်တတ်ပါတယ်။လက်ကလေးဆွဲထားချစ်စိတ်ကို လက်သီးဆုပ်လို့ ဖြေသိမ့်ပါတယ်။ခေါင်းတစ်ချက်ညိတ်ပြပြီး လှည့်ထွက်လိုက်ခြင်းဟာ ခဏတာအတွက်သာဖြစ်ပါတယ် အစ်ကို။

################

"ငါသေဘၤာသီးသုပ္ စားခ်င္တယ္"

"အစ္ကိုစားခ်င္ရင္ ယမင္းတို႔အိမ္မွာရွိတယ္ သြားသုပ္ခိုင္းလိုက္မယ္ အိမ္မွာေစာင့္ေနေနာ္"

"ငါေရာလိုက္ခ်င္တယ္"

"ေနပူတယ္ေလဗ်ာ"

"ေဝးမွမေဝးတာကို ထီးေဆာင္းခဲ့မယ္ေလေနာ္"

"အစ္ကို႔သေဘာပါဗ်ာ"

အစ္ကို႔စကားတစ္ခြန္းက ကြၽန္ေတာ့္အတြက္ေတာ့ အမိန့္ေတြထက္ စြမ္းနိုင္ပါတယ္။

ယမင္းတို႔အိမ္ေရာက္ေတာ့ ေျခာက္ေယာက္ေပါင္းၿပီး သေဘၤာသီးသုပ္ စားျဖစ္သည္။သူႀကီးသားကေတာ့ အဆိုးဆုံးပဲ ဟိုဟာမ်ားသြားၿပီ ဒါမ်ားသြားၿပီနဲ႕ သူ႕လူအႀကိဳက္နဲ႕ မညီမခ်င္း ယမင္းတို႔ညီအစ္မကို ဆရာလုပ္သည္။

"ခုတစ္ေလာ စာကေလးလည္းမျမင္ပါလား ငေပြး"

"မေတြ႕ဆို ေတာင္႐ြာအပ်ိဳႀကီးဆီ ေရာက္ေနတာေနမွာေပါ့"

"အံမယ္ ဟုတ္လွခ်ည္လားကြ အစ္ကိုတအားမစားနဲ႕ ဗိုက္ေအာင့္မယ္ဗ်"

" မင္းအဲ့လိုကဲသဲေနလို႔ စာကေလးကမင္းနားမကပ္ေတာ့တာ မ်က္စိေနာက္ေနမွာေပါ့"

"အားက်သြားတာေနမွာပါကြာ"

"ေပါက္ကရေတြေျပာျပန္ၿပီ"

"ငါတို႔မိန္းကေလးေတြကိုလည္း အားနာပါအုံးဟဲ့ ငဘုန္းရဲ႕"

"ေအာင္မာ ညီအစ္မႏွစ္ေယာက္ တိုးတိုးတိုးတိုးနဲ႕ ငါ့အေၾကာင္းေျပာေနက်ကိဳမ်ား မသိရင္ခက္မယ္"

"အဟီး"

"အသံကိုက ေယာက်ာ္းကိုရမွာမဟုတ္ဘူး"

"ဟဲ့ ေယာက်ာ္းမ်ား ခုယူရင္ခုရတယ္ေနာ္ မလိုခ်င္လို႔ "

"ေျပာတာပဲ အပ်ိဳႀကီး ပိေတာက္ေမကိုပဲၾကည့္ ေ႐ြးရင္းျငင္းရင္းနဲ႕ အခုသုံးဆယ္စြန္းေနၿပီ"

"အဲ့ေတာ့ဘာျဖစ္လဲ ဘဝဆိုတာ သုံးဆယ္ေက်ာ္မွ စတာ"

"မေတြ႕ေသးခင္တုန္းကေတာ့ ငါလည္းအဲ့လိုေျပာခဲ့တာပဲ ေတြ႕သြားေတာ့လည္း မနက္ေတြ႕ ညယူပစ္ခ်င္တာ"

"ဘာေတြေလွ်ာက္ေျပာေနတာတုန္း"

ေျပာရင္း ေပါင္ကိုလည္း လိမ္ဆြဲေသးသည္။ခ်စ္မိေတာ့လည္း နာတယ္မထင္ လက္ကေလးကိုသာ ဖမ္းဆြဲထားမိသည္။

"သူႀကီးဒီေန႕ျပန္ေရာက္မွာမလား"

"ေအး ဒီေန႕ျပန္လာမွာ ထင္တာပဲ"

"ၿမိဳ႕ျပန္လက္ေဆာင္ေတြပါရင္လည္း ငါတို႔ဖို႔ခ်န္ထားအုံး"

"လက္ေဆာင္ေတာ့မပါေလာက္ဘူး စားစရာေတာ့ပါမွာ အစ္ကိုႀကိဳက္တတ္တာေတြ မွာလိုက္လို႔"

"ေအး စားစရာကအဓိကပဲ"

"အစ္ကို မကုန္ရင္ေကြၽးမယ္"

"မိုက္ရိုင္းလိုက္တာဟယ္ သူမ်ားအိမ္က စားၿပီး မျပန္ရေသးဘူး ေနာက္တစ္ခါ နင္ပါလာရင္ ဘာမွလုပ္မေကြၽးေတာ့ဘူး"

"ငါကေရာ အစ္ကို႔ကို တစ္ေယာက္တည္း လႊတ္စရာလား ငါမပါရင္ ဘယ္မွမသြားခိုင္းဘူး"

"အရမ္းေတြ အျမင္ကပ္လာၿပီဟယ္ သူမ်ားအိမ္လာၿပီးေတာ့ ေျပာမေကာင္း ဆိုမေကာင္း သူႀကီးသားကေတာ့"

"အစ္ကို ကြၽန္ေတာ့္ကိုေျပာေနတယ္"

သူ႕လူ ပုခုံးထက္ေခါင္းမွီလို႔ ခပ္ခြၽဲခြၽဲဆိုေလေတာ့ ေမာင္ႏွမေလးေယာက္ မ်က္ႏွာက ရႈံးမဲ့သြားကာ သူ႕လူကေတာ့သေဘာတက်ရီေလသည္။သူ႕ပုခုံးထက္က ေခါင္းကိုေတာ့ မတြန္းဖယ္ပစ္။

"ကဲ ျပန္ေတာ့မယ္ ညေနေတာင္ ေစာင္းေနၿပီ
နင္တို႔ေရခပ္သြားရမွာမလား"

"ေအး ေနေတာ့နည္းနည္းပူေသးတယ္ ေစာေစာသြားမွရမွာ ထမင္းလည္းခ်က္ရအုံးမွာ"

"ငါတို႔လည္းသြားရေအာင္ ငေထြး ေနာက္လဆို မိုးဦးက်ေတာ့မွာ ယာခင္းေတြၿခဳံေတြရွင္းစရာရွိတာ သြားရွင္းရေအာင္"

"ေအး သြားရေအာင္"

"လာ အစ္ကို ကြၽန္ေတာ္တို႔လည္း ျပန္ၾကရေအာင္"

"ေအး ငါတို႔ျပန္ၿပီေနာ္ ဒီေန႕အတြက္ေက်းဇူးပါ ဦးႀကီးျပန္လာလို႔မုန့္ပါရင္ လာေပးလွည့္မယ္"

"ရပါတယ္ဗ်ာ ဟိုေကာင္ႀကီးကို စေနတာ"

"ျပန္ၿပီေနာ္"

"ဟုတ္ကဲ့ ကိုသဝဏ္"

ထို႔ေနာက္ သူ႕လူေလးအား ထီးေစာင္းေပးကာသူတို႔လည္း ျပန္ခဲ့ေလသည္။လက္ကေလးအား လွမ္းတြဲေတာ့လည္း မ႐ုန္း။ႏွေးမိသြားတဲ့ ေျခလွမ္းေတြက ဖုန္ထမည္ဆိုး၍လား လမ္းခရီးကို ပိုၾကာေစခ်င္၍လားမေျပာတတ္။

"အစ္ကိုေတာင္ ဒီ႐ြာသားျဖစ္ေတာ့မွာပဲ"

"ဟမ္....ဘာလို႔ျဖစ္ရမွာလဲ"

"ဒါဆိုမျဖစ္ခ်င္ဘူးလား"

"ျဖစ္ခ်င္တယ္ေလ"

"ဟားဟားဟား"

သူ႕ရီသံခပ္က်ယ္က်ယ္က ၿခံဝေရာက္သည္ထိ မရပ္တန့္။အိမ္ေရွ႕တန္းလ်ားေပၚက သူႀကီးအားျမင္မွ မ်က္ႏွာပိုးသတ္မိသည္။သူတို႔ဘက္ကို ေက်ာေပးထားေသာ မိန္းကေလး တစ္ေယာက္ကိုလည္း ေတြ႕ရေလသည္။

"ဦးကိုကိုခ်စ္ေတာင္ျပန္လာၿပီ ဧည့္သည္ပါလာတယ္ထင္တယ္"

ထိုအခါမွ နံေဘးကသူ႕လူက ေရွ႕ကလူကိုျမင္သည္ထင္သည္။ထို႔ေနာက္ေျခလွမ္းေတြ တုံ႕ကနဲရပ္သည္။အံၾသရိပ္စြန္းေသာမ်က္ႏွာထက္ မပြင့္တပြင့္ဖြင့္ဟလာတဲ့ အသံတိုးတိုး။

"ႏြယ္"

တိုးတိုးေလးဆိုေသာ္ျငား သူၾကားရဖို႔ လုံေလာက္ပါသည္။ၿပီးေတာ့ တုန္လႈပ္ဖို႔လည္း လုံေလာက္၏။သူ႕လူႏွင့္ ပတ္သပ္သမွ် ထိုမိန္းကေလးတစ္ေယာက္ပဲရွိသည္။ကိုင္ထားတဲ့လက္ကို တင္းျပစ္ေတာ့ ေမာ့ၾကည့္လာသည့္ မ်က္ဝန္းေတြက အားေပးေနသေယာင္။

"ျပန္လာၾကၿပီလား လာၾက ဒီမွာ ၿမိဳ႕က ေမာင္သဝဏ့္သူငယ္ခ်င္း လိုက္လာတယ္ မေတြ႕တာၾကာတဲ့အျပင္ ေက်ာင္းေျပာင္းတာပါမသိလိုက္လို႔တဲ့ လိုက္လာတာ"

"အသြန္"

လွည့္ၾကည့္လာၿပီး ေခၚလိုက္သံက တစ္ဦးဆိုင္နာမ္တစ္ခု။ၿပီးေတာ့ မ်က္ဝန္းထဲကအရိပ္ေတြ။သူ႕လူေလးက မရိပ္မိခဲ့ေသာ္ျငား သူကေတာ့ ေႁမြေႁမြခ်င္းမို႔ ေျချမင္သလို။ခဏတြင္းေျပာင္းလဲသြားပုံက သိပ္ျမန္လြန္းသည္။ဖုံးကြယ္ဖို႔ သိပ္ေတာ္လြန္းလို႔ သူ႕လူေလး မရိပ္မိခဲ့တာေပါ့။

တြဲလက္ကို ျဖဳတ္မေပးဘဲ မ်က္ႏွာခ်င္းဆိုင္မွာ ဝင္ထိုင္လိုက္သည္။သူႀကီးက အရိပ္ျပေသာ္ျငား မျမင္ခ်င္ေယာင္ေဆာင္လိုက္ပစ္လိုက္၏။။

"အသြန္တို႔မ်ား ေနနိုင္လိုက္တာေနာ္ ခဏေလး အလည္ပဲသြားမွာဆိုၿပီး ေက်ာင္းပါေျပာင္းသြားတယ္ ႐ြာမွာအေျခခ်ဖိဳ႕ အေၾကာင္းရင္းေတြ ရွိေနၿပီေပါ့ မ်က္ႏွာေလးေတာင္ျပည့္လာတယ္ ဒီ႐ြာနဲ႕တည့္ေနတယ္ထင္တယ္"

"အဲ့တာက ဒီမွာေနရတာစိတ္ခ်မ္းသာေနလို႔ပါ ေရာက္တာမၾကာေသးေပမယ့္ ဒီကလူေတြနဲ႕ သံေယာဇဥ္လည္းျဖစ္ေနေတာ့ ေက်ာင္းပါတစ္ခါတည္းေျပာင္းလိုက္တာ"

"သိပါတယ္ရွင္ ရွင့္အေၾကာင္းကို ႏြယ္ကအသိဆုံးပါ ဘယ္ေနရာကိုမွမခင္တြယ္တတ္တဲ့သူက ဒီ႐ြာမွာအေျခခ် မယ္ဆိုကတည္းက သံေယာဇဥ္တြယ္စရာေတြရွိမယ္ဆိုတာ သိၿပီးသားပါေနာ္"

သူ႕လူက ေခါင္းငုံ႕လို႔ အသာေလးၿပဳံးသည္။

"ႏြယ္ ဦးႀကီးနဲ႕ဘယ္လိုဆုံလာတာလဲ"

"အသြန့္ေက်ာင္းေျပာင္းေၾကာင့္ေပါ့ ရွင္နဲ႕ကြၽန္မ တစ္ေက်ာင္းတည္းေတြဆိုတာလည္း ေမ့မေနနဲ႕အုံး"

"မေမ့ပါဘူး ဒါနဲ႕ႏြယ့္မိဘေတြေရာ ေနေကာင္းၾကရဲ႕လား"

"သတိရေဖာ္ေတာ့ ရေသးသားပဲ ေကာင္းပါ့ရွင္ အေမကေတာင္ေျပာေနေသးတယ္ ျပန္လာဖို႔ သတိမရနိုင္ေလာက္တဲ့အထိ ေပ်ာ္စရာေတြ ေပါေနပုံပဲတဲ့"

"အေဖတို႔ေရာက္တာမၾကာေသးဘူးမို႔လား ေရခ်ိဳးေတာ့ေလ ၿပီးရင္ထမင္းစားရေအာင္ ဧည့္သည္လည္းပင္ပန္းေနမွာေပါ့ ဒါနဲ႕အိမ္မွာပဲေနမွာမလား အခန္းကေရာ"

သူ စကားကို ျဖတ္ေျပာလိုက္သည္။သူ႕လူကို အေနမခက္ေစခ်င္၍။

"ရပါတယ္ အရမ္းႀကီးျပင္ဆင္မေနနဲ႕ ႏြယ္က သုံးေလးရက္ပဲေနမွာ ဟိုမွာကိစၥေလးေတြရွိေသးလို႔ ျပန္ရမွာ မေတြ႕တာၾကာတဲ့သူငယ္ခ်င္းကိုလာေတြ႕႐ုံပဲ ေက်ာင္းဖြင့္ရင္လည္း အရင္လိုမေတြ႕ရေတာ့ဘူးေလ အဲ့တာေၾကာင့္ပါ"

"အေမ ကေလးအခန္းမွာ ျပင္ေပးထားတယ္ ကေလးကေတာ့ သားနဲ႕အတူေနလိုက္ေလ မင္းတို႔ေတြ အဆင္ေျပတယ္မလား"

အေမက အိမ္ထဲကထြက္လာရင္း သူ႕ကိုေမးလာသည္။

"ဟုတ္ ေျပတယ္ အေမ"

"သမီးေလးက အေစာကမင္းတို႔မလာခင္ေလးတင္ ေရခ်ိဳးၿပီးတာ ေန႕လည္ကတည္းကေရာက္တာေလ မင္းတို႔ထြက္သြားၿပီး မၾကာခင္ဘဲ ဒါနဲ႕ ထမင္းဆာၿပီလားသမီး"

"မဆာေသးဘူးႀကီးႀကီး ေစာလည္းေစာေနေသးတယ္ဆိုေတာ့ေလ ေရွးေဟာင္းဘုရားေတြဘက္သြားခ်င္လို႔ အသြန္တို႔ႏွစ္ေယာက္အားရင္ လိုက္ပို႔ေပးလို႔ရမလား"

"ရပါတယ္ အားတယ္ေလ အာ့ဆိုႀကီးႀကီး သားတို႔ကျပန္လာမွ စားမယ္ ႀကီးႀကီးတို႔ ဆာရင္စားထားနဲ႕ဗ် သားတို႔ေနာက္က်ေနမွာဆိုးလို႔"

"ေအး ေအး ေကာင္းေကာင္းသြားၾက တအားမိုးမခ်ဳပ္ေစနဲ႕ ေနာက္ေန႕ေတြရွိေသးတာပဲ"

"ဟုတ္ကဲ့ဗ် ထီးႀကီးထားခဲ့ေတာ့ ေနမွသိပ္မပူေတာ့တာ လမ္းတစ္ေလွ်ာက္ တမင္ပင္ေတြက အရိပ္ရပါတယ္"

သူ႕လူေလးေျပာေတာ့လည္း ထီးကိုအိမ္မွာပဲထားခဲ့လိုက္သည္။စိတ္နဲ႕လူကသိပ္မကပ္ခ်င္။လမ္းတစ္ေလွ်ာက္ သုံးေယာက္လုံး တိတ္တိတ္ဆိတ္ဆိတ္။တစ္ခါတစ္ေလေတာ့လည္း ၿမိဳ႕သူေမးသမွ် သူ႕လူကျပန္ေျဖေပးသည္။အေနခက္မွာဆိုး၍ထင္။

အားငယ္စိတ္ေတြရင္ထဲဝင္လာတာက ၿမိဳ႕သူနဲ႕သူ႕လူက သိပ္လိုက္ဖက္ေနလို႔။ေဘးကၾကည့္တာေတာင္ သိပ္လိုက္ဖက္တာ။သူနဲ႕ဆို က်ီးကန္းဘဲဥခ်ီ သလိုျဖစ္ေနသမွ် သူတို႔ႏွစ္ေယာက္က ေနနဲ႕လ ေ႐ႊနဲ႕ျမလို။အသားေဖြးေဖြး အၿပဳံးေအးေအးနဲ႕ တည္ၿငိမ္ေနပုံက ေဘးလူေငးခ်င္စရာ။သူနဲ႕ သူ႕လူမပါေပမယ့္ေပါ့။

ပညာအရည္ခ်င္းပဲ ၾကည့္ၾကည့္ ႐ုပ္ရည္ပဲ
ၾကည့္ၾကည့္ ျပည့္စုံေနသူက ကြၽန္ေတာ္လို ရပ္ေက်ာ္႐ြာေက်ာ္ လူမိုက္တစ္ေယာက္ႏွင့္ ယွဥ္ၾကည့္ေနစရာပင္မလို။ၿပီးေတာ့ မိန္းေလးတစ္ေယာက္လည္း ျဖစ္ေနျပန္ေသးသည္။

ဆယ္ႏွစ္ေက်ာ္ခင္မင္လာသည့္ ဒီလိုမိန္းကေလးမ်ိဳးထက္ သူ႕ဘက္ကိုအေလးသာေပးသည္မွာ သူ႕အခ်စ္ရဲ႕စစ္မွန္မႈေၾကာင့္လား။ဒဏ္ရာမရမီ ေဆးႀကိဳေပးသည့္ က်ီစားသန္သည့္ ကံၾကမၼာေပလား။

သူအရဲတင္းလို႔ မစြန့္လႊတ္ခဲ့ျခင္းမွာ ႏွစ္ဦးႏွစ္ဖက္ မခ်စ္ႏွစ္သက္ခဲ့ပါဟူေသာ သူ႕လူအေျပာေၾကာင့္ပင္။အကယ္၍ ထိုအမ်ိဳးသမီး၏ မ်က္ဝန္းဘာသာစကားေတြ သာ အမွန္ဆိုလွ်င္ သူ႕လူမသိခဲ့ျခင္းရဲ႕တစ္ဖက္ ထိုအမ်ိဳးသမီးက တစ္ဖက္သတ္ခ်စ္ခဲ့လိမ့္မယ္။

နီးစပ္ခဲ့တဲ့ႏွစ္ေတြအရ အခ်ိန္မည္မွ်ရွိခဲ့မည္နည္း။ၿငိတြယ္ခဲ့တဲ့ တစ္ဖက္သတ္ႀကိဳးေတြအား လြယ္လြယ္စြန့္လႊတ္မည္တဲ့လား။သူ႕လိုေပါ့ မစြန့္လႊတ္နိုင္လို႔ ဇြတ္တိုးခဲ့လွ်င္ သူမဘက္သာအေလးသာမွာ အေသအခ်ာ။သူ႕လူက ေယာက်္ားေကာင္းတစ္ေယာက္ေလ။မိန္းကေလးတစ္ေယာက္ကို ဘယ္လိုလုပ္ၿပီး မ်က္ႏွာလြဲခဲပစ္ လုပ္နိုင္မွာတဲ့လဲ။

မိန္းကေလးဘက္က မ်က္ရည္ႏွင့္သာဆြဲထားပါက သူ႕လူႏွလုံးသားက ခံနိုင္မွာတဲ့လား။မိန္းမမာယာ သဲကိုးျဖာတဲ့။အခ်စ္အတြက္ဆို ဘာမဆိုလုပ္နိုင္ေသာ မိန္းမမ်ားစြာရွိခဲ့ဖူးသည္။မိန္းမေတြတင္မဟုတ္ပါဘူး အခ်စ္နဲ႕ပတ္သက္လာရင္ မိုက္႐ူးရဲဆန္တတ္ၾကတာ လူေတြရဲ႕သဘာဝပဲေလ။

သူလည္းေတြးခဲ့ဖူးတာပဲ။မဟုတ္ဘူး ေတြးေနဆဲပဲ။သူ႕လူကို တျခားတစ္ေယာက္လက္ထဲကို မထည့္ေပးလိုက္နိုင္ဘူး။

"႐ြာေလးက ေအးခ်မ္းလိုက္တာ အဲ့တာေၾကာင့္အသြန္က အရမ္းေပ်ာ္ေနတာျဖစ္မွာ"

စကားသံၾကားမွ အေတြးပ်ံ့ေနတာ ရပ္တန့္သြားသည္။ဘုရားေတြၾကား ဘယ္လိုေရာက္ခဲ့မွန္းေတာင္မသိ။

"ဟုတ္တယ္ ေအးခ်မ္းတယ္ႏြယ္ စိတ္ဝင္စားစရာေကာင္းတဲ့ ေနရာေတြလည္းအမ်ားႀကီးရွိတယ္"

"စိတ္ဝင္စားစရာ လူေရာ ေတြ႕ေနၿပီလား"

မ်က္ႏွာခ်င္းဆိုင္ၿပီး အေမးမွာ သူ႕လူက သူ႕ကိုေမာ့ၾကည့္တာ ဖ်က္ခနဲ။သူမလည္း ရိပ္မိဟန္တူသည္ ။ထက္ျမတ္တဲ့ အမ်ိဳးသမီးက ခဏအတြင္း အရာရာအား နားလည္သြားဟန္။

"အဲ့ဒါက..."

"ႏွစ္ေယာက္တည္း ေဆြးႏြေးစရာရွိတယ္ အသြန္"

ပညာရွိနည္းနဲ႕ ႏွင္တတ္ပါတယ္။လက္ကေလးဆြဲထားခ်စ္စိတ္ကို လက္သီးဆုပ္လို႔ ေျဖသိမ့္ပါတယ္။ေခါင္းတစ္ခ်က္ညိတ္ျပၿပီး လွည့္ထြက္လိုက္ျခင္းဟာ ခဏတာအတြက္သာ ျဖစ္ပါတယ္ အစ္ကို။

################

Continue Reading

You'll Also Like

3.9M 162K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.3M 33.1K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
24.1K 641 36
ကျနော် ပထမဆုံးရေးတဲ့၀တ္ထုလေးမို့ အမှားပါခဲ့ရင် ခွင့်လွှတ်ပေးပါ။ possessive ဆန်တဲ့ဟာတွေကို ကြိုက်မှဖတ်ပါ။ လိုအပ်တာတွေရှိရင်လည်း အားနာမတမ်းပြောနိုင်ပါ...
1.3M 116K 42
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...