My Sponsor (ကျွန်တော့်စပွန်ဆာ...

By Sate-Saung-Yar

2.1M 113K 17.4K

ဇာတ်ကောင်များ၏ စိတ်နေစိတ်ထားများနှင့် အပြုအမူများသည် စိတ်ကူးယဉ်ဖန်တီးမှု သက်သက်သာဖြစ်ပါသဖြင့် မည်သည့် အဖွဲ့အစ... More

Chapter- Zero
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter -7
Chapter-8
Chapter-9
Chapter-10
Announcement 🔔
Chapter - 11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Pregnancy နှင့် အယူအဆ
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47 (Unicode)
Chapter-48(Unicode)
Chapter-48 (Zawgyi)
Chapter-49 (Unicode)
Chapter-49 (Zawgyi)
Chapter-50 (Unicode)
Chapter-50 (Zawgyi)
Chapter-51 (Unicode)
Chapter-51 (Zawgyi)
Chapter-52 (Unicode)
Chapter-52 (Zawgyi)
Chapter-53(Unicode)
Chapter-53 (Zawgyi)
Chapter-54 (Unicode)
Chapter-54 (Zawgyi)

Chapter-47 (Zawgyi)

9.9K 219 18
By Sate-Saung-Yar

"ဟလို မအိသူလားဟင်"

အရင်ဆုံးဖုန်းဆက်ပြီး တိုင်ပင်ဖို့ မြူမှိုင်း စဉ်းစားမိတာက အမတစ်ယောက်လို ဖြစ်နေတဲ့ မအိသူက လွဲပြီးတခြားသူမရှိ။ ကိုအောင်ကို ဖုန်းဆက်ပြီး ပြောချင်ပေမယ့်လည်း သိသွားရင် မြူမှိုင်းရဲ့အခြေအနေကို လက်ခံနိုင်ပါ့မလား။

ပြီးတော့ ဖေ့ဖေ့ကို ပြန်ပြီးအသိပေးလိုက်မှာကိုလည်း စိုးရိမ်တာကြောင့် မဆက်ရဲတော့။ပါရီကိုပြန်သွားတယ်ဆိုတာကို ဟိုရောက်တော့မှသာ ဖေဖေကိုရော၊ကိုအောင်ကိုပါ မြူမှိုင်း အသိပေးဖို့သာ စဉ်းစားထားလိုက်တယ်။

"မြူမှိုင်း...ဒီအချိန်ကြီး ဘာဖြစ်လို့လဲ...ဟင်၊ အသံကဘာဖြစ်တာလဲ..ငိုနေတာလား မြူမှိုင်း"

မအိသူ အိပ်ယာပေါ်ရောက်ပြီး အိပ်ဖို့ပြင်နေကာမှ တစ်ဖက်ဖုန်းဆီကထွက်လာတဲ့ မြူမှိုင်းရဲ့ အသံကြောင့် ထထိုင်လိုက်မိသည်။ ရှိုက်သံအချို့ကိုလည်း ကြားနေရတာကြောင့် မြူမှိုင်း ငိုနေတယ်ဆိုတာကို မအိသူ တန်းရိပ်မိလိုက်တယ်။

"အမ..မြူမှိုင်းကို အခုလာခေါ်ပေးလို့ရမလားဟင်"

"ဘာဖြစ်တာလဲ မြူမှိုင်း...လာခေါ်တာက လာခေါ်ပေးလို့ရတယ်..မြူမှိုင်းလူနဲ့ ရန်ဖြစ်ထားလို့လား"

"အင်း အမ...မြူမှိုင်း ပါရီကိုသွားတော့မလို့၊ အဲ့ဒါအမြန်ဆုံး Air ticket စီစဉ်ပေးလို့ ရမလားအမ၊ ဟိုဖက်မှာနေဖို့လည်း မြူမှိုင်းရဲ့ Resident Permit က ၆လကျော်တောင် သက်တမ်းကျန်သေးတယ်၊ ချက်ချင်းထွက်လို့ရရင် မြူမှိုင်း ထွက်ချင်လို့"

"ဟယ်..မြူမှိုင်းရယ်..ရုတ်တရက်ကြီး ဘာဖြစ်လို့လဲ"

"........"

"အမကို ပြောပါဦး...ဒီမှာလည်း လက်ခံထားတဲ့ အလုပ်တွေက နက်ဖြန်၊သဘက်ခါပဲ စတော့မှာလေ၊ ဘယ်လိုဖြစ်တာလဲ ဟယ် ချက်ချင်းကြီး"

တစ်ဖက်က အလုပ်ရှင်ဖြစ်တဲ့ မအိသူကို မြူမှိုင်း အားနာပေမယ့် တခြားနည်းလမ်းလည်းမရှိပါ။ကိုယ်ဝန်နဲ့ ဒီမှာဆက်နေပြီး အလုပ်လုပ်ဖို့က ဘယ်လိုမှမဖြစ်နိုင်တော့အခြေအနေလေ။ သုံးလ၊လေးလလောက်အတွင်းမှာပဲ ဗိုက်က ထွက်လာမှာပဲ။ အဲ့ကျရင် ဒီကလူတွေကို မြူမှိုင်း ဘယ်လိုပြောရမလဲ။ ရန်ကုန်မှာ ရှိနေသရွေ့တော့ ဖေဖေကလည်း ရန်ကုန်ကို အချိန်မရွေး ရောက်လာနိုင်တယ်။

"ဟင် မြူမှိုင်း..ဘာဖြစ်တာလဲဆိုတာ အမကိုတော့ ပွင့်ပွင့်လင်းလင်း ပြောပြပါ၊ မြူမှိုင်းမှာ သေရေးရှင်ရေးလောက် အရေးကြီးတဲ့ကိစ္စမရှိဘဲ ဒီလိုမျိုးတာဝန်တွေကိုထားပစ်ခဲ့ဖို့ ဆုံးဖြတ်မှာ မဟုတ်ဘူးဆိုတာ အမသိတယ်"

"....."

"ကိုယ်ဝန်တဲ့ အမ၊ မြူမှိုင်းမှာ ကိုယ်ဝန်ရှိနေတာ...သူပြောမှ မြူမှိုင်းကိုယ်ဝန်ဆောင်နိုင်တယ် ဆိုတာကိုလည်း သိရတာ၊ အစတည်းက..သူက..သူက..သိရဲ့သားနဲ့ မြူမှိုင်းကိုမပြောဘဲ...အဟင့်...အခုဗိုက်ထဲမှာ...ကလေးလေးရောက်မှ....သူအသိပေးတာ!"

"ဟယ်......"

တစ်ဖက်က မအိသူလည်း အံဩလွန်းလို့ထင်တယ် ဘာစကားသံမှကို မကြားရတော့။ မြူမှိုင်း ရေချိုးခန်းရဲ့တံခါးကိုသာမှီကာ လက်သည်းတွေကိုကိုက်ကာ ငိုနေရင်း မအိသူကို ဖွင့်ပြောမိသည်။ မြူမှိုင်းကို ထူးဆန်းတယ်လို့ မအိသူလည်း တွေးသွားမှာပေါ့။ ကိုယ်တိုင်တောင် ကိုယ့်ကိုကိုယ်ကို လက်ခံနိုင်ဖို့ ကြိုးစားနေရတုန်းပဲဟာ။

"ခဏလေး...ခဏလေးနော် မြူမှိုင်း...ဘယ်လိုလုပ်ရမလဲဆိုတာ အမကိုစဉ်းစားချိန်လေး ခဏပေး"

မအိသူ အိပ်ယာပေါ်ကပင် ဝုန်းခနဲပင် ဆင်းပြေးလိုက်မိပြီး တစ်ဖက်အခန်းမှာ အိပ်နေကြတဲ့ မချောနဲ့Intern တို့ရဲ့ အခန်းကိုသာ တံခါးခေါက်ပြီး ပြေးသွားနှိုးလိုက်မိသည်။ အိပ်ဖို့ပြင်နေကြတဲ့သူတွေဆိုတော့ အားလုံးက Pajamas တွေနဲ့သာ။အခုဟာက တစ်ယောက်တည်းခေါင်းနဲ့တွေးဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စမလား။

"အရမ်းလန့်သွားမှာပဲ မြူမှိုင်းရယ်၊ မြူမှိုင်းရဲ့လူကရော ဘာပြောလဲ၊ သွားမယ်ဆိုရင်ကော သူကသွားခိုင်းမှာမို့လို့လား၊ သူ့ကလေးနဲ့ဟာကို...အမတော့ မြူမှိုင်းကို ပေးသွားလိမ့်မယ်လို့ မထင်ဘူး"

"ဟင့်အင်း...သူနဲ့ မြူမှိုင်းရဲ့ကလေးက ဘာမှမဆိုင်ဘူးအမ။ သူတောင် မြူမှိုင်းကို ဘာမှအသိမပေးဘဲ သူ့ဟာသူဆုံးဖြတ်ခဲ့သေးတာ၊ အခုကိစ္စလည်း သူဝင်ပြောလို့မရဘူး...မြူမှိုင်း ကိုယ့်ပါသာကိုယ်ပဲ ဆုံးဖြတ်မယ်"

"မဟုတ်သေးပါဘူး မြူမှိုင်းရယ်..ခဏလေး စိတ်အေးအေးထားပါဦး၊ အခုလိုသွေးပူနေတဲ့အချိန်မှာ ဆုံးဖြတ်ချက်ကို အမြန်ချလိုက်တာ မကောင်းဘူး"

"သူ..သူကလေ..မြူမှိုင်းအပေါ်ကိုဆို အမြဲတမ်းအဲ့လိုပဲ အမ၊အဟင့်...သူ့အတွက် မြူမှိုင်းက ဘာတန်ဖိုးမရှိသလို၊ တန်ဖိုးလည်းမထားဘူး။ မြူမှိုင်းရှက်လို့သာ အမတို့ကိုဖွင့်မပြောတာ သူကမြူမှိုင်းကို အခုချိန်ထိ စပွန်ဆာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထားတုန်းပဲ"

သူ့အိမ်မှာနေတယ်၊ သူနဲ့တစ်ခန်းထဲ အတူတူသုံးရတယ်။ နှစ်ယောက်ကြားမှာ လင်မယားတွေလိုမျိုး ပက်သက်ဆက်ယှက်မှုတွေ ရှိတယ်။ ဒါကလွဲပြီး မြူမှိုင်းတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ဘာအဖြေမှကိုမရှိ။ ချစ်တယ်ဆိုတဲ့ စကားတောင် သူ့နှုတ်ကနေပြောတာမျိုး မြူမှိုင်း တခါမှကြားဖူးတာမဟုတ်ဘူး။ အဲ့ဒီလိုဘာမှန်းမသိတဲ့ အခြေအနေမျိုးမှာ မြူမှိုင်းအပေါ် သူဒီလိုမျိုး ထပ်လုပ်တာ။

"လက်တောင်မထပ်ရသေးဘဲ...သူများကို ဗိုက်ကြီးအောင် သူလုပ်တာ အမ!"

"......"

"ပြီးတော့လည်း လူကို တချိန်လုံး သူ့သားမယားလိုမျိုးဆက်ဆံဖို့ပဲ တွေးနေတာ...လူရှေ့နတ်ရှေ့တွေပါမရှောင် မြူမှိုင်းရဲ့အရှက်သိက္ခာကို ဘယ်တော့မှမငဲ့ဘူး။ အရင်တုန်းကရော၊အခုလေးနှစ်ကြာပြီးသွားလည်း သူ့အချိုးက မပြောင်းလဲဘူး။ သူ့အတွက် မြူမှိုင်းက သူလုပ်ချင်တဲ့အချိန်၊သူလုပ်ချင်တဲ့နေရာမှာ လုပ်ခွင့်ပေးနေရတဲ့ စပွန်ဆာသာသာ အဆင့်ပဲ"

တစ်ဖက်က အပျိုကြီးဖြစ်တဲ့ မအိသူလည်း နားထောင်ရင်းနှင့် အနည်းငယ်ပင် မျက်နှာပူလာရတယ်။ အဲ့ဒါတော့ ဟုတ်ပါတယ်။ ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ကိုယ့်အပေါ်တန်ဖိုးထားပေးတဲ့ ပါတနာမျိုးကို လိုချင်ကြတာပဲလေ။ ပြောပြသလောက်ဆို မြူမှိုင်းရဲ့လူက အတော်ဆိုးဆိုးကြီးပါလား။

"အခု ကလေးကိစ္စလည်း သူ့သဘောဆန္ဒအတိုင်း လုပ်တယ်...မြူမှိုင်းဖက်က ခံစားချက်တွေကို သူ့နည်းနည်းမှထည့်မတွေးသလို၊ထည့်တွက်ဖို့ မလိုအပ်ဘူးလို့လည်း သူကယူဆထားတာ။ သူ့အတွက် မြူမှိုင်းက အဲ့လောက်ထိကို အရေးမပါတဲ့သူ! အဟင့်.."

"အရမ်းမငိုပါနဲ့လား မြူမှိုင်းရယ်..မိခင်က စိတ်ခံစားချက် အရမ်းပြင်းထန်နေရင် အထဲက,ကလေးလည်း ခံစားမိနေမှာ...အမတို့တွေ အခုလာခေါ်ပေးမယ်နော်"

"မြူမှိုင်း စောင့်နေမယ်...ဒါပဲနော် အမ"

မအိသူနဲ့ ဖုန်းပြောပြီးနောက် မြူမှိုင်း ရေချိုးခန်းထဲကနေ အပြင်ကိုပြန်ထွက်လာတော့ အခန်းထဲမှာ ဘယ်သူမှရှိမနေတော့။ ပစ္စည်းအချို့ကလည်း သူပစ်ကန်ထားတာကြောင့် အခန်းထဲမှာ မွစာကျဲနေကာ မြင်မကောင်းရှုမကောင်း။ တစ်လကျော်နီးပါး အတူနေခဲ့တဲ့ အခန်းလေးကို မြူမှိုင်း ခဏဝေ့ကြည့်လိုက်ပြီး မျက်ရည်တွေဝဲလာတယ်။ ဘယ်နေရာကိုကြည့်ကြည့် သူနဲ့မြူမှိုင်းရဲ့ အမှတ်တရတွေ ဒီအခန်းထဲမှာ အများကြီးပဲ။

"ညှောင်!"

"မြူမှိုင်းတို့ သွားကြမယ် ကိုကြောင်"

ကုတင်ပေါ်မှာ တက်အိပ်နေတဲ့ ကိုကြောင်ကတော့ မြူမှိုင်း ငိုနေတာကိုတွေ့တော့ ခြေထောက်အနားကိုဆင်းလာပြီး သူ့ခန္ဓာကိုယ်နဲ့ လာပွတ်သပ်ပေးတယ်။ ဒီကိုလာတုန်းက ယူလာတဲ့ Luggage အိတ်ကို သွားပြန်ထုတ်လိုက်ပြီး မြူမှိုင်းရဲ့အဝတ်အစားအချို့ကို ဖြစ်သလိုသာ ထည့်လိုက်တယ်။ နောက်ပြန်လာစရာ အကြောင်းမရှိတော့တာကြောင့် အရေးကြီးတဲ့ပစ္စည်းမှန်သမျှကို မြူမှိုင်း ယူလို့ရသလောက် ယူသွားချင်တယ်။

အံဆွဲထဲမှာ Passport ထည့်သိမ်းထားတာကြောင့် သွားဖွင့်ယူမိတော့ စရောက်တဲ့နေ့တုန်းက သူပေးထားတဲ့ ခြူလုံးလေးတွေနဲ့ Footchain လေးကိုပါ တွေ့တယ်။ ယူသွားရမလား၊မယူပဲထားခဲ့ရလားလို့ တွေဝေနေပြီးကာမှ စိန်တွေပါထည့်ထားတဲ့ တန်ဖိုးကြီးတဲ့အရာဖြစ်နေလို့ မြူမှိုင်း ဒီတိုင်းသာထားခဲ့လိုက်ပြီး Passportပဲ ယူခဲ့လိုက်တယ်။

.....

"မြူမှိုင်းက ကိုယ်ဝန်သည်ဆိုတော့ ဆရာ့ဖက်ကနေပဲ အရင်ချော့ပြီး တောင်းပန်လိုက်တာ..."

"ဒုန်း...ဘာတောင်းပန်စရာ စောက်ကြောင်းရှိလဲ ဦးဝင်းစိန်။ ကျွန်တော်ရသင့်တဲ့ အခွင့်အရေးကို ကျွန်တော်ပြန်တောင်းတာက မှားတဲ့ကိစ္စမဟုတ်ဘူး။ ခင်ဗျားတို့လည်း တောင်းပန်ဖို့ထပ်မပြောနဲ့!!"

"ဒါပေမယ့်လည်း ဆရာ...မြူမှိုင်းက အခုဗိုက်ကြီးနဲ့ဆိုတော့ ဟောမုန်းအပြောင်းအလဲတွေရော၊ စိတ်ခံစားချက် အတက်အကျတွေကြောင့်ပါ အရမ်းလန့်နေတာ..ပြီးတော့ ဘာပဲပြောပြော ဒီမှာရှိနေတဲ့ လူတွေအားလုံးက ပေါင်းပြီးလိမ်ထားသလို ဖြစ်နေတယ်"

"အစအဆုံး အကုန်တာဝန်ယူနိုင်တဲ့ကောင်မို့လို့ ဒီကိစ္စကိုအကောင်အထည်ဖော်တာ ကိုသက်လွင်...အဲ့ဒီဆက်ဆက်ခါမြူဗိုက်ရော၊ကျွန်တော့်ပေါင်ပေါင်းအတွက်ပါ ကျွန်တော်အားလုံးကို ကြိုတွေးထားပြီးသား။မာန်ရိုင်းလိုကောင်ရဲ့သွေးသားကို ဒီလောက်ထိ ငြင်းဆန်စရာလိုလား..ခင်ဗျားတို့လည်း ကြားတဲ့အတိုင်းပဲ Forced Pregnancy ဆိုပြီးပါ ခေါင်းစဉ်တပ်နေတာ!!"

အောက်ထပ်က ဧည့်ခန်းမှာ ဆရာကတော့ ထိုင်ခုံမှာထိုင်နေပြီး ကျန်တဲ့သူသုံးယောက်က တစ်နေရာစီမှာ မတ်တပ်ရပ်လျက်နှင့် ဆွေးနွေးနေကြရတယ်။ မျက်နှာကို လက်နှစ်ဖက်နဲ့ပွတ်ဆွဲလိုက်၊ ဆံပင်တွေကိုသပ်တင်လိုက်၊ လက်သီးဆုပ်လျက်၊ တောက်ခေါက်လိုက် ဖြစ်နေသည့် ဆရာ့ပုံစံက အတော်လေးတော့ ပေါက်ကွဲနေတဲ့ပုံ။

သူ့နည်းတူ မြူမှိုင်းလည်း ဝမ်းသာလိမ့်မယ်လို့ တွက်ထားပြီးကာမှ တစ်ဖက်ကတုန့်ပြန်မှုက ပြင်းပြင်းထန်ထန် ဖြစ်သွားတော့ ဆရာ့ဖက်ကလည်း လုံးဝအလျှော့မပေးတော့။ မြူမှိုင်းကလည်း သူ့ခံစားချက်နဲ့သူဆိုတော့ အပေါ်ထပ်မှာ ပွဲကကြမ်းပြီးသွားကြပြီ။ နှစ်ဖက်စလုံးရဲ့ဒေါသက ကြောက်စရာ၊လန့်စရာမို့ သူတို့တွေလည်း ဘေးကနေဝင်ပြီး ဘယ်လိုမှမထိန်းနိုင်။

"ခင်ဗျားတို့သိလား...အခုမြူမှိုင်းဝေ ဖြစ်ပျက်နေတာ သူ့အဖေသိမှာကို ကြောက်နေတာ..ကလေးရှိတာကိုသိရလို့ တုန်လှုပ်တာက နည်းနည်း။ သူ့အဖေကို မရင်ဆိုင်ရဲလို့ တုန်လှုပ်နေတာကများများ...မြူမှိုင်းဝေရဲ့ကမ္ဘာက သူ့ပတ်ဝန်းကျင်နဲ့သူ့အဖေကပဲ အရာရာဖြစ်နေတာ!"

မာန်ရိုင်း ပိုပြီးပေါက်ကွဲရတာက သူတို့ဆီကို ပေါင်ပေါင်းရောက်လာလို့ ပျော်ရမယ့်အစား ဒီလိုတွေဖြစ်နေရတာပဲ။ ကလေးကိစ္စထက် တခြားစောက်ရေးမပါတဲ့ဟာတွေကို မြူမှိုင်းဝေက ပူစရာမရှိ၊တွေးပူနေတာ။ သူ့လောက်သတ္တိမရှိဘူးဆိုရင်တောင် အနည်းဆုံးတော့ အတူတူရင်ဆိုင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်လေးတစ်ခုပဲ သူလိုချင်တာ။

"ပြောလိုက်ရင် နှိမ်တယ် ဖြစ်ဦးမယ်...မာန်Group ရဲ့ ဥက္ကဌဖြစ်တဲ့ကောင်တောင် ဘယ်အသိုင်းအဝိုင်း၊ဘယ်သူ့ဘယ်သူကိုမှ စောက်ဂရုမစိုက်တာ။ မြူမှိုင်းဝေက သူ့အဖေလောက်အဆင့်ကို သဲသဲလာလှုပ်ပြနေတာက စောက်ရေးပါတယ်လို့ ခင်ဗျားတို့ထင်လား!"

"ဒီလိုအထင်သေးတဲ့စကားမျိုးတွေ မြူမှိုင်းပြန်ကြားသွားရင် စိတ်မကောင်းထပ်ဖြစ်နေပါဦးမယ် တို့ဆရာ!"

"အထင်မသေးရအောင် သူ့အဖေရော၊အကိုရောမှာ ဘာအထင်ကြီးစရာရှိလို့လဲ...သူ့ကိုကျွန်တော် စောက်ရမ်းကြိုက်နေလို့သာ အားလုံးကို neglect လုပ်ထားတာ!"

မြူမှိုင်းဝေရဲ့ စောက်မျိုးတွေက ဘယ်တုန်းက အထင်ကြီးစရာရှိခဲ့ဖူးလို့လဲ။ မားကနေစလို့ သူ့အဖေ၊သူ့အကိုအထိ အားလုံးက မာန်Groupကပေးခဲ့တဲ့ အကျိုးအမြတ်တွေနဲ့ မကင်းရာမကင်းကြောင်း ရှိခဲ့တာမဟုတ်ဘူးလား။ မြူမှိုင်းဝေတောင် စလာရှာတုန်းက ပိုက်ဆံချေးဖို့လာခဲ့တာလေ။

ထားလိုက်တော့...ဒါတွေကို နောက်ကြောင်းပြန်လှန်ပြောဖို့ သူ့မှာစိတ်ကူးရှိမနေဘူး။ သူ့နဲ့အတူတူ ရှိပေးရုံနဲ့တင် သူကျေနပ်တယ်။မဟုတ်ဘူး..အခုဆိုရင် ပေါင်ပေါင်းပါဆိုတော့ သူတို့သုံးယောက်အတူရှိနေရရင် သူ့ဖက်ကနေ တခြားဘာကိစ္စကိုမှ အစပြန်ဖော်ပြီး ပြောနေစရာ အကြောင်းကိုမရှိတော့ဘူး။

"အဲ့လောက်ထိ လူကိုအထင်သေးနေရင်လည်း ဘာဖြစ်လို့ လာပြီး ပြန်ပက်သက်ခဲ့သေးလဲ!!"

"မြူမှိုင်း...ဒီအချိန်ကြီးမှ ဘယ်လိုဖြစ်ပြီး အထုတ်အပိုးတွေနဲ့ ဗျာ..."

ဧည့်ခန်းမှာ သူတို့တွေ စကားပြောနေတုန်း အနောက်ကနေ ထွက်လာသည့် အသံကြောင့် ကိုသက်လွင် လှည့်ကြည့်မိတော့ မြူမှိုင်းက အထုတ်အပိုးတွေနဲ့ လှေကားထိပ်မှာ ရပ်နေတယ်။ လက်တစ်ဖက်ကလည်း သူ့ကြောင်လေးကို သူပွေ့ထားလျက်၊ နောက်တစ်ဖက်တော့ ခရီးဆောင်Luggage အသေးလေးတစ်လုံးကို ဆွဲလျှက်နှင့်။ ကိုသက်လွင် စိတ်ညစ်စွာနှင့် ခေါင်းသာကုတ်လိုက်မိတော့တယ်။

"မင်းဘာဖြစ်ချင်နေတာလဲ မြူမှိုင်းဝေ!!"

"ဦးလေးဝင်းစိန်၊အကိုသက်လွင်၊ အကိုစည်သူ...မြူမှိုင်း ဒီမှာဆက်မနေဖြစ်တော့ဘူး..ဒီကြားထဲ မြူမှိုင်းကို အစစအရာရာ ဂရုစိုက်ပေးခဲ့ကြတာတွေအတွက် ကျေးဇူးတင်ပါတယ်"

"မြူမှိုင်းဝေ!!!"

သူမေးတာကို ပြန်မဖြေဘဲ တစ်ဖက်မှာရှိသည့် အိမ်ကလူတွေကိုသာ မြူမှိုင်း လှည့်ပြီးနှုတ်ဆက်လိုက်သည်။သူ့ဆီကနေ ဒေါသအပြည့်လွှမ်းနေသည့် အသံနက်ကြီးကို ကြားလိုက်ရပေမယ့် မြူမှိုင်း သူ့ဖက်ကို လုံးဝလှည့်မကြည့်။နည်းနည်းလောက်ပဲဖြစ်ဖြစ် သူ့အနေနဲ့ မြူမှိုင်းအပေါ် အားနာစိတ်လေးများ ရှိနေလောက်မလားလို့ တွေးလိုက်မိသေးမယ့် အခုမြင်လိုက်၊ကြားလိုက်ရတဲ့ သူ့ပုံစံနဲ့သူစကားတွေက လုံးဝကို အဲ့လိုစိတ်မျိုးရှိနေပုံမရ။

"မေးနေတယ် မင်းကို....ဒီဗိုက်နဲ့ ဘယ်ကိုသွားဖို့ စဉ်းစားနေတာလဲလို့..ဟမ်!!!"

"ဘယ်သွားသွား မစ္စတာမာန်ရိုင်းနဲ့ မဆိုင်ပါဘူး!"

"မဆိုင်ရအောင် မင်းဗိုက်ထဲကိုယ့်ဟာ မြူ!"

"ဘယ်သူပြောလဲ? မြူမှိုင်းဗိုက်က မြူမှိုင်းတစ်ယောက်တည်းနဲ့ပဲ သက်ဆိုင်တယ်..ဒီက မစ္စတာမာန်ရိုင်းနဲ့ နည်းနည်းလေးမှမဆိုင်ဘူး!!"

မာန်ရိုင်း ထိုင်နေရာကနေ ထလာလိုက်ပြီး အထုတ်အပိုးနဲ့ အိမ်ပေါ်ကဆင်းဖို့ပြင်နေတဲ့ တစ်ယောက်ဆီကို လျှောက်သွားလိုက်တယ်။ စကားကျွံသွားတဲ့ ဗိုက်ကြီးသည်ကို အထက်အောက် အပေါ်ပြန်၊အောက်ပြန် ကြည့်ပေးပြီး ခပ်ဟဟရယ်လိုက်တော့ ဗိုက်ကြီးသည်က သူပြောလိုက်တဲ့စကားကို သူ့ဟာသူမလုံမလဲဖြစ်ပြီး မျက်နှာတစ်ဖက်လွှဲသွားတယ်။

အဟက်! မာန်ရိုင်းနဲ့မဆိုင်လို့ အဲ့ဒီဗိုက်ရဲ့တရားခံက ဘယ်ကောင်ဖြစ်ရဦးမှာလဲ။

"စကားပြောရင်ကြည့်ပြောဆိုတာ အဲ့ဒါကို​ပြောတာ။ မင်းနဲ့ကိုယ် ဘာတွေလဲဆိုတာ ဒီလူတွေတင်မက တနိုင်ငံလုံးကိုပါ သိစေချင်တာလား..အကုန်ဖွင့်ချပြခိုင်းတဲ့အထိ ကိုယ့်ကို သိပ်တွန်းအားမပေးနဲ့ မြူ...တော်ကြာ HD ဖြန့်တဲ့အမှုနဲ့ပါ မင်းကိုယ့်ကို ပုဒ်မတစ်ခုထပ်တိုးပြီး တရားဆွဲနေရဦးမယ်!"

"ဟင်"

"ခင်ဗျား ဖြေပေးလိုက် ကိုစည်သူ...အဲ့ဒီဗိုက်က ဘယ်သူနဲ့ဆိုင်တာလဲဆိုတာ...ဟိုတနေ့က မြူမှိုင်းဝေ ကားပေါ်မှာ ဘယ်ကောင်နဲ့ဘာလုပ်ခဲ့လဲဆိုတာကို ခင်ဗျားကိုယ်တိုင် တွေ့တယ်မလား!!"

"ဟုတ်ကဲ့....တွေ့ခဲ့ပါတယ်...လမ်းကြားထဲကကားပေါ်မှာ ဆရာနဲ့ပါ"

"အကိုစည်သူ!!!"

"ကြားတယ်နော်..မင်းဗိုက်ကို မင်းတစ်ယောက်တည်းပဲ ပိုင်တယ်လို့ မတွေးနဲ့ မြူ...ပေါင်ပေါင်းကို ကိုယ်မရှိဘဲ မင်းမရဘူး၊ ပိုင်တယ်ဆိုင်တယ်ဆိုပြီး ကလေးဆန်ဆန်တွေ ပြောကြကြေးဆိုရင် အဲ့ဒီထက်ဆိုးတာတွေ ကိုယ်သက်သေခံ ပြခိုင်းလိုက်လို့ရတယ်...ကိုစည်သူ ကားထဲက Dash-cam သွားဖြုတ်ယူလာခဲ့!!"

"ဟုတ်ကဲ့ ဆရာ"

သူ့ကားထဲမှာ ကင်မရာရှိနေတယ်ဆိုတာကို မြူမှိုင်း လုံးဝသတိမထားခဲ့မိတာ။ အဲ့နေ့က ကားပေါ်မှာဖြစ်ခဲ့တာတွေကို အကိုစည်သူက အလုံးစုံမမြင်ခဲ့ရင်တောင် camera ထဲမှာတော့ အားလုံးရိုက်မိထားမှာ။ မြူမှိုင်းရဲ့ဗိုက်က သူ့နဲ့မဆိုင်ဘူးလို့ ပြောလိုက်လို့ လူကို ဒီလိုညစ်ညစ်ပတ်ပတ်နည်းတွေနဲ့ပါ လာခြိမ်းခြောက်နေတာ။

ကိုယ့်ရဲ့အတွင်းရေး privacy ကြောင့် မြူမှိုင်း အနည်းငယ်တော့ လှုပ်လှုပ်ရှားရှား ဖြစ်သွားရပေမယ့် ကိုယ့်ကိုကိုယ်ပြန်ထိန်းလိုက်ပြီး မျက်ရည်တွေကိုသာ သုတ်လိုက်တယ်။ သူဘယ်လောက်အထိ မြူမှိုင်းရဲ့ အရှက်သိက္ခာကို ထိပါးစော်ကားဖို့ ဆုံးဖြတ်ထားတာလဲ။  တစ်ခုပြီးတစ်ခု မြူမှိုင်း စိတ်ပျက်သွားရအောင် သူလုပ်နေတာ။

ဟင့်အင်း...မြူမှိုင်းဖက်က တုန်လှုပ်နေရင် သူကပိုပြီးကမ်းတက်လာလိမ့်မယ်။ ဒီလိုခြိမ်းခြောက်တိုင်း ကြောက်မယ်ထင်လို့လား။ သူတောင်အရှက်မရှိ ဖွင့်ချရဲရင် မြူမှိုင်းဖက်ကလည်း ဘာလို့ရှက်နေရမှာလဲ။ သန်းခေါင်ထက်ပဲ ပိုပြီးညဥ့်နက်ဦးမှာတဲ့လား!

"လုပ်လေ! စည်းမရှိတဲ့သူဆိုတော့ ဒါမျိုးအထိ လူကိုသိက္ခာချဖို့ ကြိုပြင်ဆင်ထားမှာပေါ့!"

"ကိုယ့်ကိုစိန်မခေါ်နဲ့ မြူ...ကိုယ်တကယ်လုပ်ရင် မင်း လုံးဝခေါင်းမဖော်နိုင် ဖြစ်သွားမယ်!"

ဒီလောက်အထိ ခြိမ်းခြောက်ဖို့ မာန်ရိုင်း စီစဉ်တော့မထားပေမယ့် အထုတ်အပိုးတွေနဲ့ပါ ဆင်းချလာတဲ့ မြူဗိုက်ကြောင့် လူကပိုပြီး အထိန်းအကွပ်မဲ့သွားတယ်။ စွပ်စွဲတဲ့အတိုင်း မာန်ရိုင်းဆိုတာ စည်းမရှိတဲ့ကောင်ဆိုတော့ ပက်သက်မှုကိုသာ ဒီလိုနည်းနဲ့သာဖွင့်ချလိုက်ရင် မြူမှိုင်းဝေပဲ အထိအခိုက်များဦးမှာမို့ သူစိတ်ကို အတတ်နိုင်ဆုံးထိန်းနေတာပင်။

"ဒီမှာ..လာခြိမ်းခြောက်တိုင်း သူများက ကြောက်မယ်များထင်လို့လား..မစ္စတာမာန်ရိုင်း ကြိုက်သလိုသာလုပ်! ဒီနိုင်ငံ၊ဒီပတ်ဝန်းကျင်မှာလည်း မြူမှိုင်းရော၊ပေါင်ပေါင်းက ဆက်ပြီးနေစရာ အကြောင်းလည်းမရှိတော့ဘူး!!"

"ဘာပြောတယ်!!"

"အတူဆက်မနေတော့ဘူးလို့ ပြောနေတာလေ...နားမလည်ဘူးလား မြူမှိုင်းနဲ့ပေါင်ပေါင်းက သွားမှာ!!"

"တောက်!!"

ခြိမ်းခြောက်တာကိုတောင် မမူနိုင်တော့တဲ့အထိ မြူမှိုင်းဝေက သူနဲ့အတူ ဆက်မရှိချင်တော့တဲ့ပုံပဲ။ ဘယ်အခါဖြစ်ဖြစ် မြူမှိုင်းဝေက မာန်ရိုင်းဆိုတဲ့ကောင်ကို ထားခဲ့ဖို့ကိုပဲ ရွေးချယ်တယ်ဆိုတာ ဒီတစ်ကြိမ်မှာလည်း ထပ်ပြီးသက်သေပြလိုက်ပြန်ပြီပဲ။ရတယ်..သိပ်ရတယ်...နှစ်ကြိမ်မြောက်တိတိကို သွေးတိုးလာစမ်းနေပြန်ပြီပဲ။

"ထွက်သွားဖို့ မင်းဖက်က အဲ့လောက်တောင် သေချာနေလား!"

"အင်း သေချာတယ်...ပြောခဲ့သလိုမျိုး ပေါင်ပေါင်းက မစ္စတာမာန်ရိုင်းနဲ့လည်းဆိုင်တယ်ဆိုတော့ မွေးပြီးရင် အချိန်မရွေး လာတွေ့လို့ရတယ်"

"ကိုယ်မေးနေတာ မင်းအခု ကိုယ့်ကိုနောက်တစ်ခါထပ်ပြီး ထားသွားဖို့ ဆုံးဖြတ်တာ သေချာပြီလားလို့ မေးနေတာ!"

"ဟုတ်တယ်...ကလေးကိစ္စကြောင့်ကလွဲပြီး ထပ်ပြီးမပက်သက်ကြတော့ရအောင်!"

သူစိတ်တိုင်းကျ စီစဉ်ခဲ့တဲ့ကိစ္စတွေကို သူမှားတယ်လို့လည်း ဝန်ခံဖို့စိတ်ကူး သူ့မှာလုံးဝမရှိတဲ့ပုံပါ။ မြူမှိုင်းဖက်က ဘာဖြစ်ချင်တယ်၊ဘာလိုချင်တယ်ဆိုတာကို သူက သိပုံလည်းမရသလို၊ သိခဲ့ရင်တောင် လိုက်လျောပေးမယ့်သူမျိုး ဟုတ်မနေ။ သူလည်းသူ့အမှန်တရားနဲ့သူမို့ မြူမှိုင်းဖက်ကပဲစပြီး ဒီလိုထပ်ပြီး အဆုံးသတ်ဖို့အတွက် ဆုံးဖြတ်လိုက်ပြီ။

"အဟက်! ပြီးတာပဲ....ပြတ်သားမှတော့ အဆုံးထိပြတ်သားပေါ့ကွာ...ဘာလုပ်ဖို့ ကလေးကြောင့်ဘာညာဆိုပြီး ဆက်ပက်သက်နေမှာလဲ! ဒီကနေထွက်သွားတာနဲ့ မင်းရော၊ ကလေးရောကို ကိုယ်လုံးဝလှည့်မကြည့်ဘူးလို့သာ မှတ်လိုက် မြူ!"

"အင်း...ရတယ်။ လုံးဝလာလှည့်မကြည်နဲ့!!"

သူပြတ်သားနိုင်တာကို မြူမှိုင်း သိတာပေါ့။ လေးနှစ်တာကွဲကွာတုန်းကလည်း မြူမှိုင်းဖက်ကနေစပြီး မပြတ်သားနိုင်ခဲ့လိုသာ ဒီလိုမျိုးပြန်ပက်သက်မိကြတာလေ။ သူ့စိတ်အတိုင်းသာဆို မြူမှိုင်းကို အရင်အောက်ကျို့ခံပြီး လာပက်သက်မယ့်သူမျိုးမှ မဟုတ်တာ။ သူ့အတွက် မြူမှိုင်းက အဲ့လိုတန်ဖိုးမဲ့တယ်။ အဆုံးရှုံးမခံနိုင်လောက်တဲ့အထိ၊ ရတဲ့နည်းနဲ့ပဲဖြဟ်ဖြစ်ဆွဲထားဖို့အထိ မြူမှိုင်းက သူ့အတွက်မထိုက်တန်တဲ့သူ။

စိတ်ကိုတင်းထားပေမယ့် ပေါင်ပေါင်းကိုရော၊မြူမှိုင်းကိုပါ လှည့်မကြည့်တော့ဘူးဆိုသည့် စကားကြောင့် ရင်ထဲကနေ အောင့်တက်လာပြီး မြူမှိုင်း မျက်ရည်တွေပါ ဆည်ကျိုးသလို ကျဆင်းလာတယ်။ အတ္တသိပ်ကြီးတဲ့သူ...မြူမှိုင်းကို နည်းနည်းလေးပဲဖြစ်ဖြစ် ချော့ပေးလို့မရဘူးလား။ ဒီကိုယ်ဝန်ကိစ္စမှာ သူ့ဖက်က လုံးဝမမှားခဲ့ဘူးတဲ့လား။

"ဆရာ...ကျွန်တော်တို့ပဲ ကြားထဲကနေ တောင်းပန်ပါတယ်ဗျာ!"

"တို့ဆရာ...နေ့လည်ကပဲ ကလေးသတင်းကြောင့် အရမ်းပျော်နေခဲ့တာ မဟုတ်ဘူးလားဗျာ"

ကိုသက်လွင်နဲ့ဦးဝင်းစိန်တို့လည်း မနေနိုင်တော့ဘဲ ဆရာ့ကိုဖျောင်းဖြနိုင်ဖို့ ဝင်ကြိုးစားလိုက်မိသည်။ နှစ်ယောက်ကြားက အပ်ကြောင်းက အတော်လေးကြီးနေတာမို့ အပြတ်အပြတ်နဲ့ နှာခေါင်းသွေးထွက်တော့မယ်။ ဆရာတကယ် ပြတ်သားရင် မြူမှိုင်းရောကလေးပါ ဒုက္ခရောက်သွားနိုင်တယ်။ နှစ်ဖက်စလုံးက သွေးပူနေတုန်းအချိန်မှာ ကိုယ်စီမာနတွေနဲ့ဆိုတော့ နောက်မှအကြီးအကျယ်ကို နောင်တရကြလိမ့်မယ်။

"ထားလိုက် ဟေ့လူတွေ....မာန်ရိုင်းဆိုတဲ့ကောင်ရဲ့ ကလေးကို မွေးပေးချင်နေတဲ့သူတွေ ရိုက်သတ်လို့တောင်မကုန်ဘူး..ဒီတစ်ယောက်နဲ့မဟုတ်လည်း နောက်တစ်ယောက်ပေါ့..ဘာခက်နေလို့လဲ!!!"

"ဆရာ...ကျွန်တော်တို့"

"ခင်ဗျားတို့ ပါးစပ်ပိတ်ထားတော့! အရမ်းကို သွားချင်သပဖြစ်နေရင် ဆက်ပြီးဆွဲထားစရာ ဘာစောက်ကြောင်းမှမရှိဘူး! သွား! ဒုန်း!"

ထိုင်ခုံမှာ ခြေချိတ်ကာ ဝင်ထိုင်ပြီး မာန်ရိုင်း နှုတ်ခမ်းတွန့်လိုက်ရင်းသာ ဘာမှမခံစားရသလို ပြောလိုက်တယ်။ ပြီးမှ လက်သီးတွေကို ဆုပ်ထားလျက်နှင့် ထိုင်ခုံလက်ရန်းကို ထုချလိုက်တယ်။ မတ်တပ်ရပ်ပြီး ဟိုကြည့်၊ဒီကြည့်နဲ့ ဖြစ်နေတဲ့မြူဗိုက်ကိုလည်း သူခပ်ရွတ်ရွတ်သာ ပြန်ကြည့်ပေးလိုက်တယ်။ စိန်ခေါ်တာမျိုးဆိုလို့ကတော့ ဒီကောင်က အချိန်မရွေးပဲ။

"ဟုတ်ကဲ့...မြူမှိုင်း ထွက်လာပြီ အမ"

မအိသူဆီကနေ ရောက်နေပြီဆိုတဲ့ ဖုန်းဝင်လာတာကြောင့် မြူမှိုင်း အိမ်ကလူအားလုံးကို နှုတ်ဆက်သလိုမျိုး လိုက်ကြည့်မိသည်။ နှုတ်ခမ်းတွေကိုကိုက်ထားရင်း၊ မျက်ရည်တွေဝဲလျက်နှင့်သာ နောက်ဆုံးတစ်ကြိမ် သူ့ဖက်ကို လှည့်ကြည့်လိုက်မိတော့ သူကလည်း မြူမှိုင်းကို မျက်လုံးတွေ နီရဲအောင်အထိ စိုက်ကြည့်နေတယ်။ ဘာစကားမှတော့ နှစ်ယောက်ကြားမှာ ထပ်မပြောမိတော့။ တကယ်ပဲ ဒီလိုပုံစံနဲ့ မြူမှိုင်း သူနဲ့ထပ်ခွဲရတော့မှာလား။

"ကျွန်တော့်ကိုပေး မြူမှိုင်း"

အိတ်ကိုအတင်းဆွဲပြီး ထွက်လာဖို့လုပ်တော့ အကိုစည်သူက အမြင်မတော်လို့ထင်တယ် မြူမှိုင်းလက်ထဲက အထုတ်ကို လာသယ်ပေးသွားတယ်။ ခြံထဲအထိ ကားကဝင်လာတာကြောင့် မြူမှိုင်း ကားဆီကိုသာ လျှောက်သွားလိုက်တယ်။ မအိသူက ကိုယ်တိုင်ဆင်းလာပြီး ခေါ်တာကြောင့် မြူမှိုင်း ထိုအမရဲ့လက်ကိုတွဲလိုက်ပြီး အားတင်းကာ ကားပေါ်တက်ဖို့ ပြင်လိုက်တယ်။

သို့ပေမယ့် ခြေလှမ်းတွေက တွန့်ဆုတ်တွန့်ဆုတ်နှင့် ဖြစ်နေပြီး နောက်ထပ်တစ်ကြိမ် နောက်ပြန်လှည့်ကြည့်မိပြန်တယ်။
သူတကယ် မြူမှိုင်းကို လိုက်မတားတော့ဘူးပေါ့...ပေါင်ပေါင်းကိုတောင် သူက လုံးဝလှည့်မကြည့်တော့ဘူးပေါ့။ ဗိုက်ကြီးသည်ဖြစ်နေတဲ့ မြူမှိုင်းကိုတောင် ဒီလိုမျိုး နောက်ဆုံးအထိ သူ့ဖက်က အလျော့မပေးဘူးပေါ့!

အဟင့်...ရတယ်။ ကလေးအဖေဖြစ်တဲ့သူကတောင် သူ့ကလေးကိုရော၊မြူမှိုင်းကိုပါ ပြတ်သားနိုင်သေးတာပဲ မြူမှိုင်းကဘာလို့ မပြတ်နိုင်ရမှာလဲ။

"မြန်မြန်သွားရအောင် အမ"

"အင်း..အင်း...မြူမှိုင်း"

စိတ်ပိုင်းဖြတ်ပြီးနောက် နောက်ပြန်မကြည့်တော့ဘဲ ကားပေါ်ကိုသာ မြူမှိုင်း တက်လိုက်သည်။ နေရာမှာ ထိုင်ပြီးသည်နှင့် မအိသူကို သူ့အိမ်ရိပ်ကနေသာ အမြန်ဆုံးမောင်းထွက်ဖို့ ပြောလိုက်မိသည်။ ကားလေးက ခြံထဲကနေအရှိန်နှင့် ထွက်လာပြီး တဖြည်းဖြည်းနှင့် တစ်လကျော်နီးပါး သူနဲ့အတူနေခဲ့ဖူးတဲ့ အိမ်ဖြူဖြူကြီးနှင့် ဝေးဝေးလာသည်။

'အဆင်ပြေသွားမှာ...အဆင်ပြေသွားမှာပါ...ဒီတခါကတော့ မြူမှိုင်းဘေးမှာ ပေါင်ပေါင်းရှိနေတာပဲဟာ'

စိတ်ထဲကနေ ကိုယ့်ကိုကိုယ်သာ မြူမှိုင်း အားပေးနေလိုက်တယ်။ ဒီလိုအဖြစ်မျိုး ဒုတိယအကြိမ် ကြုံရတာဆိုပေမယ့် မြူမှိုင်းအတွက် ကျင့်သားရမနေပါ။ ကလောမှာတုန်းကအတိုင်း ထပ်တူနာကျင်နေရတယ်..ဟင့်အင်း ဒီတခါက ပိုပြီးတောင် ရင်နာရတယ်ထင်တယ်။

ဗိုက်ကြီးနဲ့မြူမှိုင်းကို သူတကယ် လက်လွှတ်ပေးခဲ့တယ်။မဖြစ်ဖြစ်တဲ့နည်းနဲ့ ဆွဲထားလိမ့်မလားလို့ မျှော်လင့်နေခဲ့ပေမယ့် သူကမြူမှိုင်းထက်ပိုပြီး ပြတ်သားတဲ့သူ ဖြစ်နေတယ်။ သူသာ တောင်းပန်ခဲ့ရင် မြူမှိုင်းလေ..တကယ်ပါ မြူမှိုင်းလေ....။ ထားလိုက်ပါတော့...အားလုံးပြီးသွားပြီပဲဟာ။

......

"ကိုစည်သူ!!!"

"လာပြီ ဆရာ"

"ခွပ်!!"

"နောက်တစ်ခါခေါ်နေရင် တစ်မိနစ်အတွင်း ရောက်အောင်လာခဲ့ ခင်ဗျား!!"

"ဟုတ်ကဲ့ ဆရာ"

လေးရက်။ မြူမှိုင်း အိမ်ကနေ ထွက်သွားပြီးတဲ့ လေးရက်အတွင်း အကုန်လုံးဟာ ဗြောင်းဆန်နေတယ်။အခုနောက်ပိုင်းမှာ အကြမ်းမဖက်တော့တဲ့ ဆရာက မြူမှိုင်းထွက်သွားပြီး ရက်ပိုင်းလေးအတွင်းမှာပင် အရင်ပုံစံအတိုင်းကို ပြန်ပြောင်းသွားတယ်။အခုလည်း သူခေါ်နေတာကို စက္ကန့်ပိုင်းလောက် နောက်ကျမှ ရောက်သွားတာကြောင့် ကိုစည်သူ ဒီလိုမျိုးအထိုးခံလိုက်ရတာပင်။

"ဆရာ ထိုင်ဝမ်ဖက်က ဧည်သည့်တွေက ခန်းမထဲရောက်နေပြီလို့ ပြောပါတယ်"

"သွားမယ်!"

ထိုင်ဝမ်လုပ်ငန်းရှင်တစ်ယောက်ရဲ့ Shopping Mall အသစ်ဖွင့်ပွဲကို မဖြစ်မနေ တက်ပေးရမှာမို့လို့ သူတို့တွေရောက်နေတာပင်။ သို့ပေမယ့် ဖွင့်ပွဲကိုတက်မယ့် ဆရာ့ပုံစံက ပွဲတက်ရုပ်မပေါက်ဘဲ သူပုန်ရုပ်ကိုပေါက်နေတယ်။

အမြဲတမ်းစမတ်ကျကျ ဖြစ်နေတတ်တဲ့ ဆရာက အခုတော့ Shaving မလုပ်ထားတဲ့ အမွှေးအမျှင်အချို့အပြင်၊အရက်သောက်နေရင်းတန်းလန်း အင်္ကျီရင်ဖက်ဟပြဲနှင့် ဖြစ်သလိုထထွက်လာခဲ့တာ။ ပြောရရင် ကလေးအဖေလောင်းရဲ့ အနေအထားဟာ အတော်လေးရုပ်ပျက်နေတယ်။

"အချိန်မကြာကြီးမပေးနိုင်ဘူးလို့ အဲ့လူတွေကို ခင်ဗျားပြောထားလိုက် ကိုသက်လွင်!"

"ဟုတ်ကဲ့ ဆရာ"

မဖြစ်မနေမို့လို့သာ မာန်ရိုင်း ဒီShopping Mall အသစ်ဖွင့်ပွဲကို လာခဲ့ရပေမယ့် စိတ်နဲ့လူက သိပ်ကပ်မနေချင်။အခုမှအသစ်ဖွင့်လိုက်တဲ့ Shopping Mall ဆိုတော့ လာဝယ်နေကြတဲ့ ဈေးဝယ်သူတွေကလည်း အာရုံနောက်လောက်အောင်ကို များနေတယ်။ သူအနေနဲ့ အခုအချိန်မှာ မျက်စိရှေ့မှာ ဘယ်တိရိစ္ဆာန် တစ်ကောင်တစ်မြှီးမှကို မြင်ချင်နေတာ မဟုတ်ဘူး။

ဆိုင်ခန်းတွေရှိနေတဲ့နေရာရှေ့ကနေ မာန်ရိုင်း ဖြတ်သွားမိရင်း ဆိုင်တစ်ဆိုင်ရှေ့အရောက်မှာတော့ အရှိန်နဲ့လှမ်းနေတဲ့ သူ့ရဲ့ခြေလှမ်းတွေက တုန့်ခနဲရပ်သွားသည်။ ဆိုင်ထဲမှာခင်းပြထားတဲ့ ပစ္စည်းအချို့ကြောင့် မာန်ရိုင်း ရှေ့ကိုဆက်မသွားနိုင်ဘဲ ခဏပင်ရပ်ကြည့်နေလိုက်မိတယ်။

ကလေးဖိနပ်လေးတွေ...အတော်လေး ချစ်စရာကောင်းပြီး အသည်းယားစရာကောင်းတဲ့ ပိစိသေးသေးတွေ။ ပေါင်ပေါင်း လမ်းလျှောက်တတ်ရင်လည်း ဒါမျိုးတွေ ဝတ်ရမယ်ထင်တယ်..ဖြစ်နိုင်ရင် မာန်ရိုင်း သူကိုယ်တိုင် ပေါင်ပေါင်းကို လမ်းဘယ်လိုလျှောက်ရလဲဆိုတာ သင်ပေးချင်နေပြီ။

တောက်!!စောက်ရေးမပါတာတွေ တွေးမိနေပြန်ပြီကွာ။

"ဗိုက်ကြီးသည်က ဗိုက်ကြီးသည်လိုနေ ကြားလား!!"

မာန်ရိုင်း ရပ်ကြည့်နေရင်းမှာပင် ထိုကလေးပစ္စည်းဆိုင်ထဲမှာ  အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ပြဿနာတက်ကြပုံရတယ်။ တစ်ဖက်က အမျိုးသမီးက ကိုယ်ဝန်နဲ့ကိုမှ တစ်ယောက်တည်း ဖြစ်နေပြီး တစ်ဖက်ကတော့ ဆေးကြောင်နေသလိုပုံစံနဲ့ ယောက်ျားတစ်ယောက်။ အနေအထားက ဆေးကြောင်က တွန်းလား၊ဆွဲလားနှင့် ထိုအမျိုးသမီးကို ပြဿနာရှာနေပုံပဲ။ ကြည့်ရတာ မျက်လုံးထဲမှာ လုံးဝကန့်လန့်မို့လို့ မာန်ရိုင်း မျက်ခုံးတွေကိုသာ ကျုံ့လိုက်မိတယ်။

"ဆရာ ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ဘူး!!"

သို့ပေမယ့် ကိုယ်နဲ့မဆိုင်နဲ့ကိစ္စမို့လို့ အနောက်က ကိုသက်လွင်ကို လာမေးနေတာကိုသာ ပြန်ဖြေလိုက်ပြီး မာန်ရိုင်း ဆက်ကြည့်မနေတော့ဘဲ ထွက်လာခဲ့လိုက်သည်။

"ဝုန်း! အဲ့တာကြောင့် ဒီလိုဗိုက်ပူသည်တွေက လူကြားသူကြားထဲကို မလာသင့်တာ...နှေးတုံ့နှေးတုံ့နဲ့ ဗိုက်တစ်လုံးဗန်းပြပြီး အခွင့်ထူးခံယူချင်နေတဲ့ ကောင်မတွေ!!"

"အား...ကျွန်မကို ကူညီကြပါဦး!!!"

လှည့်ထွက်ဖို့လုပ်နေပြီးကာမှ တစ်ဖက်ကအမျိုးသမီးရဲ့ အော်သံကြောင့် မာန်ရိုင်း ပြန်လှည့်ကြည့်လိုက်တော့ ထိုဗိုက်ကြီးသည်ဟာ ကြမ်းပြင်ပေါ်မှာ နောက်ပြန်ပစ်လဲကျနေတယ်။ ကြည့်ရတာ ဆေးကြောင်ကောင်က ဗိုက်နဲ့အမျိုးသမီးကို တွန်းလိုက်ပုံရတယ်။ ဝင်မပါဘူးလို့ မာန်ရိုင်း လုပ်ပြီးကာမှ ကူမယ့်ကယ့်မယ့် သူမရှိတဲ့ ဗိုက်ကြီးသည်ရဲ့ပုံစံကြောင့် သူ့ရဲ့စိတ်အာရုံတွေ နောက်ကျိသွားတယ်။

"ကျစ်!"

"........"

အရှေ့ကိုလှမ်းနေတဲ့ သူ့ခြေလှမ်းတွေက ဆိုင်ဖက်ကိုပြန်ဦးတည်သွားလိုက်တယ်။ ဗိုက်ကြီးသည်ကို တွန်းလိုက်တဲ့ ထိုဆေးကြောင်ကောင်ဆီကို ခြေလှမ်းကျဲကျဲနှင့် မာန်ရိုင်း လျှောက်သွားလိုက်ပြီး မျက်နှာတည့်တည့်ကို ဆွဲထိုးလိုက်တယ်။ သူ့လက်သီးတစ်ချက်တည်းနဲ့တင် ထိုကောင်ဟာ ကြမ်းပြင်ပေါ်ကို ပစ်လဲကျသွားတယ်။ သို့ပေမယ့် မာန်ရိုင်း စိတ်မပြေသေး။ ဆေးကြောင်ကောင်ရဲ့ မျက်နှာကို အပေါ်ကနေစီးပြီး အကြိမ်များစွာထိုးနှက်နေမိသည်။

"ခွပ်! ခွေးမသား! ခွပ်! ဗိုက်ကြီးသည်ကို ဆောင့်တွန်းရအောင် မင်းကဘယ်လို ခွေးသူတောင်းစားလဲကွ! ခွပ်! ဟမ်! အတော်သတ္တိကောင်းနေတဲ့ကောင်လား! ဟမ်! ဟိုမှာ ဗိုက်နဲ့ဆိုတာ မမြင်ဘူးလား! တစ်ခုခုဖြစ်ရင် အသက်နှစ်ချောင်းကွ! နားလည်လား! ခွပ်! လီးလိုပဲ!!"

"ခွပ်! ခွပ်! ခွပ်!"

ကြမ်းပြင်ပေါ်မှာ ပစ်လဲကျသွားသည့် ဗိုက်ကြီးသည်နေရာမှာ မြူဗိုက်သာဆိုရင်ဆိုတဲ့ အတွေးက မာန်ရိုင်းရဲ့ တစ်ကိုယ်လုံးကို သွေးပွက်ပွက်ဆူသွားစေတယ်။ သူ့မျက်လုံးထဲမှာ ဘာမှကိုမမြင်နိုင်တော့အောင်အထိ ဒီကောင့်ကို သူသတ်ချင်နေပြီ။ သူနဲ့ဝေးရာမှာသွားနေပြီး ဟိုဗိုက်နဲ့တစ်ယောက်သာ ဒီလိုမျိုးတွေ ကြုံတွေ့ရင်ဆိုတဲ့အတွေးကလည်း သူ့ကိုခြောက်လှန့်လိုက်သလိုမျိုး။

"ဆရာ!!!!"

"ဆရာ..ခင်ဗျားတို့လည်း ဝိုင်းဆွဲဦးလေဟ!"

"ဆရာ...တော်ပြီ...လက်လွန်ကုန်မယ်ဆရာ!"

ရုတ်တရက် ဆိုင်ထဲကိုဝင်ချသွားပြီး တစ်ဖက်ကအမျိုးသားတစ်ယောက်ကို ထိုးနှက်နေတဲ့ ဆရာ့ကြောင့် ကိုသက်လွင်ရော၊နောက်လိုက်တစ်အုပ်စုလုံးပါ ပြာယာခက်သွားရတယ်။ ဆရာ့ပုံစံက အသိစိတ်ကင်းမဲ့သွားသလိုမျိုးနှင့် တစ်ဖက်လူကို အသေအကြေကို ထိုးနေတာ။ လက်လွန်ခြေလွန်တွေ ဖြစ်ကုန်မှာစိုးလို့ ကိုသက်လွင်အပြင် နောက်ထပ်ဝန်ထမ်း နှစ်ယောက်၊သုံးယောက်လောက်ကပါ ဆရာ့ကိုဝိုင်းဆွဲထိန်းထားရတယ်။

"ကိုသက်လွင်!"

"ဟုတ်ကဲ့ ဆရာ"

"ဟိုတစ်ယောက် ဘယ်ကိုသွားဖို့ ပြင်နေတာလဲ"

"ခင်ဗျာ...."

"မေးနေတာ နားမလည်ဘူးလား ခင်ဗျား!!"

"ပါရီပါ ဆရာ...YGN Airline ကနေ လက်မှတ်ဖြတ်ထားပါတယ်"

"......."

ဆိုင်ထဲမှာ ရုန်းရင်ဆန်ခက် ဖြစ်နေရင်းတန်းလန်းမှာပင် ဆရာ့ဆီကနေ ရုတ်တရက်ထမေးလိုက်သည့် မေးခွန်းကြောင့် ကိုသက်လွင် ခဏကြောင်နေပြီးကာမှ ခပ်သွက်သွက်လေးသာ ပြန်ဖြေမိလိုက်တယ်။တစ်ခုခုကို ခဏစဉ်းစားနေပုံရသည့် ဆရာက တစ်မိနစ်ခန့် ကြာပြီးသည့်နောက်မှာတော့.....။

"မြူမှိုင်းဝေ...Passport No.GE345678 ကို Airline တိုင်းရဲ့ Blacklist သွင်းခိုင်းလိုက်!!!"

"ဟုတ်ကဲ့ ဆရာ...ချက်ချင်းလုပ်လိုက်ပါ့မယ်"

ဘာသဘောလဲဆိုတာ ကိုသက်လွင် ချက်ချင်းသဘောပေါက်သွားတာကြောင့် အကောင်အထည်စဖော်ဖို့ မသိမ့်ဆီကို ချက်ချင်းပင် ဖုန်းထုတ်ကာ ဆက်လိုက်တယ်။

"ဟုတ်ပါတယ်ဆိုဗျာ မသိမ့်ရာ...အခုပဲ ဆရာညွှန်ကြားထားတာ"

နှစ်ခါပြန်ထပ်မေးနေတဲ့ မသိမ်ကို ရှင်းပြနေရတာကြောင့် ကိုသက်လွင် စိတ်သိပ်မရှည်တော့။ မသိမ့် အံဩပြီးပြန်မေးရတာလည်း ဟုတ်တော့ဟုတ်ပါတယ်။ မာန်Airline ရဲ့ Blacklist ခရီးသည်စာရင်းထဲကို မြူမှိုင်း ပါသွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။

ဘာလို့ဆို မာန်Airlineကနေ Blacklist သွင်းထားတဲ့ ခရီးသည်ဆိုရင် တခြားဘယ် Airline ကမှ တင်မခေါ်ရဲဘူးလေ။ဒီဖက်က လေကြောင်းလိုင်းအားလုံးနီးပါးက မာန် Airline နဲ့ မကင်းရာမကင်းကြောင်းတွေ။ တည့်ပြောရရင် ဆရာ့ရဲ့ အာဏာစက်အောက်မှာ ရှိနေကြတာ။

အဲ့လိုဆိုတော့ ဆရာနဲ့ ထိပ်တိုက်ပြဿနာတက်ရမယ့်ကိစ္စမျိုးဆို အားလုံးကရှောင်ကြတယ်။ အခုလိုမျိုး မြူမှိုင်းကို Blacklist ခရီးသည်လို့ မာန်Airline က သတ်မှတ်လိုက်ရင် ဘယ်လေကြောင်းလိုင်းကမှ ရူးနှမ်းပြီး မြူမှိုင်းတို့သားအဖကို တာဝန်ယူပြီးခေါ်ရဲမှာမဟုတ်။

ဒီနည်းလမ်းက မြူမှိုင်းအပေါ် နည်းနည်းတော့ မတရားသလို ဖြစ်နေပေမယ့် ဆရာညွှန်ကြားတာဆိုတော့လည်း ဘယ်လိုမှမတတ်နိုင်ဘူးလေ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုသက်လွင်တို့လည်း တရုတ်ပေါက်နဲ့မြူမှိုင်းကို ဘယ်ကိုမှ ထွက်မသွားစေချင်ဘူး။ ဒီလိုနည်းလမ်းမျိုးသုံးပြီးဖြစ်ဖြစ် သူတို့တွေ မရ,ရအောင်တားဆီးရမှာပဲ။

တစ်ဖက်မှာလည်း.....။

"မြူမှိုင်း ညဥ့်နက်နေပြီလေ...မနက်ဖြန်ဆိုရင်ပဲ ခရီးသွားရတော့မယ့်ဟာ မအိပ်ချင်သေးဘူးလား"

"ဟုတ်ကဲ့..ခဏလေညှင်းခံပြီးရင် ဝင်တော့မလို့ အမ"

ကွန်ဒိုရဲ့ ဝရံတာမှာ တစ်ယောက်တည်းထွက်ထိုင်ပြီး ငူငူငိုင်ငိုင်လေး ဖြစ်နေတဲ့ မြူမှိုင်းဆီကို မအိသူ သွားပြီးမေးလိုက်မိသည်။ မနက်ဖြန်ဆိုရင်ပဲ ခရီးသွားရတော့မယ့် သူမို့လို့ အားရှိအောင် စောစောအိပ်ခိုင်းမှဖြစ်မှာ။ဒီကိုရောက်နေတဲ့ လေးရက်အတွင်းမှာ မြူမှိုင်းက ဒီလိုငူငူငိုင်ငိုင်လေးပင်။ သူမတို့ကိုတောင် သိပ်ပြီး စကားမပြောတော့။

"မြူမှိုင်းတို့ကို လာတွေ့မယ်မလားဟင် အမ"

"လာတွေ့မှာပေါ့...ဒီမှာအလုပ်တွေနည်းနည်းပါးသွားတာနဲ့ ချက်ချင်းလက်မှတ်ဖြတ်ပြီး အမလည်း ပါရီကိုအလည်လိုက်လာခဲ့မယ်"

သူ့ဗိုက်ကလေးကိုသူကိုင်ကြည့်ပြီး အားယူပြုံးရင်း ကိုယ်ဝန်သည်လေးကဆိုတော့ မအိသူလည်း လိုက်ပြုံးလိုက်မိသည်။ တစ်ယောက်တည်းဗိုက်နဲ့ ခရီးသွားရမှာဆိုတော့ မြူမှိုင်းက သူ့ဟာသူမျိုးစုံတွေးပြီး အားငယ်နေတဲ့ပုံရတယ်။

ပြီးတော့ ဒီကိုယ်ဝန်သည်လေးဟာ စိတ်အပြောင်းအလဲကလည်း အရမ်းမြန်သေးတယ်။ သွားဖို့အတွက် ပြင်ရင်းဆင်ရင်းနဲ့ပင် မျက်ရည်ကျလိုက်၊ ပစ္စည်းတွေထည့်လိုက်နှင့်။ အခုလည်း သူ့ဟာသူ ဆုံးဖြတ်ချက်တွေမှန်ရဲ့လားဆိုပြီး ဒွိဟဖြစ်နေပုံလည်းပေါ်တယ်။

"အမအတူလိုက်ခဲ့ပေးရမလား မြူမှိုင်း...တစ်ယောက်တည်းသွားလို့ ဖြစ်ပါ့မလား"

"ဟင့်အင်း...ရပါတယ်...မြူမှိုင်း မကြောက်ပါဘူး အမရဲ့။ အရင်လည်း တစ်ယောက်တည်း သွားဖူးနေတာပဲဟာ"

မအိသူလည်း ဒီဖက်မှာ ရှိနေမှကိုဖြစ်မယ့်အချိန်မို့ အတူမလိုက်ပေးနိုင်တာပင်။ မြူမှိုင်းလည်းမရှိ၊ သူမလည်းမရှိရင် The One မှာ အဆင်မပြေတော့ဘူးလေ။ ရိုက်ကူးရေးတွေက စနေပြီဆိုတော့ အကြီးထဲက တစ်ယောက်မှရှိမနေဘဲ ဘယ်လိုမှအလုပ်တွေက လည်ပတ်လို့မှမရတာ။

"မြူမှိုင်းဆီ ဖေဖေဖုန်းဆက်ရင်လေ ဒီရက်ပိုင်းတော့ ကြည့်ဖြေထားပေးပါဦးနော်၊ ပြီးတော့ ကိုကြောင်ကိုလည်း မြူမှိုင်း ဟိုဖက်မှာအထိုင်ကျတော့မှပဲ ခေါ်လိုက်တော့မယ်။ ဒီကာလအတွင်းတော့ အမပဲ ခဏကြည့်ထားပေးပါဦး..အစစအရာရာ အခုလိုကူညီပေးတာအတွက် ကျေးဇူးပါနော်အမ"

"ဪ ဒီလူနဲ့ဒီလူ အားနာစရာလား မြူမှိုင်းရယ်...အမကသာ ဒီထက်ပိုပြီး ကူညီမပေးနိုင်လို့တောင် စိတ်မကောင်းဖြစ်နေတာ..နောက်ဆုံးအနေနဲ့ပဲဖြစ်ဖြစ် မြူမှိုင်းရဲ့လူဆီ ဖုန်းဆက်ပြီး ညှိကြရင်...."

"အမ! မြူမှိုင်း အိပ်တော့မယ်!"

မအိသူရဲ့စကားကို ဆုံးအောင်နားမထောင်တော့ပဲ မြူမှိုင်း အိပ်ခန်းထဲကိုသာ ဝင်လာခဲ့လိုက်တယ်။ ထပ်နားမထောင်ချင်တော့ဘူး။ သူ့ဖက်က ပြတ်သားနိုင်လို့တောင် မြူမှိုင်းကို ဒီတိုင်းလက်လွှတ်ပေးခဲ့တာပဲ။ပြီးတော့ သူပြောသလိုပဲ သူ့ကလေးကို မွေးပေးချင်တဲ့သူတွေ သူ့မှာပုံအောလို့။မြူမှိုင်းတို့မရှိလည်း သူကမျိုးဆက်ပြတ်သွားမယ့် လူစားမျိုးမှမဟုတ်တာ။

နေပါစေတော့...ငယ်သံယောဇဉ်တွေက ဒီလောက်ဆိုတော်သင့်ပြီလေ။ ရှေ့လျှောက်ကို ပေါင်ပေါင်းအတွက်ပဲ မြူမှိုင်း တွေးတော့မှာ။ ဟုတ်တယ်..သူ့ကိုဒီတခါတော့ ကျိန်းသေပေါက်ကို ရအောင်မေ့ပစ်မှာ။

.....

"ဟိုရောက်တာနဲ့ အမတို့ကို ချက်ချင်းအကြောင်းကြားပေးနော် မြူမှိုင်း"

"ဘယ်နှစ်ခါတောင် မှာနေတော့မှာလဲ မအိသူ...အချိန်နီးနေပြီဆိုတော့ မြူမှိုင်း Check-in ဝင်တော့မယ်"

လေဆိပ်ကို လိုက်ပို့ပေးကြသည့် အမတွေက မြူမှိုင်းတစ်ယောက်တည်း ခရီးသွားရမှာကို စိတ်မချသလိုပုံစံနဲ့ တဖွဖွမှာနေကြတာမို့လို့ မြူမှိုင်း ပြုံးလိုက်မိသည်။ ဒီတခါထွက်သွားရင်က ဘယ်အချိန်မှ ပြန်လာနိုင်မလဲဆိုတာ မသိတာကြောင့် မြူမှိုင်း ထိုအမတွေကိုဖက်လိုက်ပြီး အသံတိတ် မျက်ရည်ကျမိတယ်။

"အဲ့ဒါဆို မြူမှိုင်း သွားတော့မယ်နော်"

"အင်း...အင်း..ဂရုစိုက်ဦး မြူမှိုင်း"

အမတွေကို နှုတ်ဆက်ပြီးသည့်နောက်မှာတော့ မြူမှိုင်း Check-in ကောင်တာဆီကို တန်းသွားလိုက်တယ်။ ကိုယ့်အရှေ့မှာ တန်းစီနေတဲ့ သူတွေလည်းရှိနေပြီး အားလုံးက သူမိသားစုနဲ့သူသာ။ မြူမှိုင်းပဲ ထိုလူတွေကြားထဲမှာ တစ်ယောက်တည်း ဖြစ်နေတာ။ Cardigan အနွေးထည်ပါးပါးလေးထပ်ဝတ်ထားတာကြောင့် အကျီအပေါ်ကနေသာ မြူမှိုင်း ဗိုက်ကလေးကို တစ်ချက်ပြန်ကိုင်လိုက်ပြီး ကိုယ့်ကိုကိုယ် အားပေးနေလိုက်တယ်။

နောက်ဆုံးအကြိမ်အနေနှင့် လူတွေဝင်ထွက်သွားလာနေတဲ့ လေဆိပ်ကြီးကို မြူမှိုင်း ပြန်လှည့်ကြည့်လိုက်မိသည်။ အမှန်အတိုင်း ဝန်ခံရရင် မနေ့ညကအထိ သူများ မြူမှိုင်းကို ပြန်လာခေါ်မလားလို့ မျှော်လင့်နေခဲ့မိသေးတယ်။ အခုအထိကို အရိပ်အယောင်လေးတောင် ပေါ်မလာတဲ့သူကြောင့် မြူမှိုင်း ပိုပိုဝမ်းနည်းလာတယ်။ ဗိုက်ကြီးသည်က စိတ်ဆိုးလို့ ဒီတိုင်းပြောလိုက်တာကို သူကဒီလိုပဲ အတည်ယူလိုက်တယ်တဲ့လား။

"လူကြီးမင်း passport လေးရှင့်"

"....."

"လူကြီးမင်း..."

"ဟင်"

ကိုယ့်အလှည်ရောက်နေမှန်းကို ကောင်တာမှ ဝန်ထမ်းအမျိုးသမီးလေးပြောလိုက်မှသာ မြူမှိုင်း အသိဝင်လာတယ်။ ဘေးလွယ်အိတ်ထဲကနေ Passport ထုတ်ပေးလိုက်ပြီး ထိုအမျိုးသမီးဆီကို ကမ်းပေးလိုက်တယ်။ သူ့အလုပ်သူလုပ်ပြီး စစ်ဆေးနေပြီမို့လို့ မြူမှိုင်းလည်း ဒီတိုင်းလေးသာ ရပ်စောင့်နေလိုက်တယ်။

"ခဏလေးစောင့်ပေးပါနော် လူကြီးမင်း..ကျွန်မတို့ စစ်ဆေးစရာလေးရှိ​လို့ပါရှင့်"

"ဪ...ဟုတ်ကဲ့"

အတော်ကြာသည်အထိ မြူမှိုင်းရဲ့ Passport က ထိုဝန်ထမ်းအမျိုးသမီးရဲ့ လက်ထဲမှာပင်။တခြားသူတွေတုန်းက အဲ့လောက်ထိမကြာဘဲ မြူမှိုင်း အလှည့်ကျမှသာ အတော်လေးကြာနေပြီမို့လို့ ဘာများဖြစ်လို့လဲဆိုပြီး ခြေဖျားလေးထောက်ကာ မြူမှိုင်း လှမ်းကြည့်မိလိုက်သည်။

ထိုဝန်ထမ်းအမျိုးသမီးလေးက တစ်ယောက်ယောက်နဲ့ ဖုန်းပြောနေပြီး မြူမှိုင်းရဲ့ Passport နံပါတ်ကိုလည်း တစ်ဖက်ကို ထပ်ခါထပ်ခါ ရွတ်ပြနေတယ်။ ခဏကြာတော့ အထက်လူကြီးဖြစ်ပုံရတဲ့ တစ်ယောက်ပါ ရောက်လာပြီး မြူမှိုင်းရဲ့ Passport ကို သူတို့ယူလာတဲ့စာရွက်နဲ့ တိုက်ပြီးစစ်ဆေးနေတယ်။ ချက်ချင်းအလုပ်ရှုပ်သွားပုံရသည့် ကောင်တာက ဝန်ထမ်းတွေရဲ့ပုံစံကြောင့် မြူမှိုင်းလည်း စိုးရိမ်လာရတယ်။ ဘာပြဿနာများ ဖြစ်လို့လဲ။

"ဝမ်းနည်းပါတယ်ရှင့် လူကြီးမင်း...မာန်Airline ရဲ့ Blacklist ခရီးသည်ဆိုရင် ကျွန်မတို့တာဝန်မယူနိုင်လို့ပါရှင့်။ လေယာဉ်လက်မှတ်ဖိုး Refund အပြည့် ပြန်ပေးပါမယ်ရှင့်"

"ဟင်...မဟုတ်...မဟုတ်ဘူးလေ...ကျွန်တော်က ဘာလို့ Blacklist ခရီးသည် ဖြစ်ရမှာလဲ!"

"အဲ့ဒါတော့ ကျွန်မတို့လည်း မသိပါဘူးရှင့်...မာန် Airline က တရားဝင်ကြေငြာထားရင် လိုက်နာရတာမို့ နားလည်ပေးပါရှင်။ လူကြီးမင်းအနေနဲ့ မာန် Airline ကိုပဲ တိုက်ရိုက်သွားပြီး ဖြေရှင်းလိုက်တာ ပိုကောင်းပါတယ်ရှင့်...မဟုတ်ရင် တခြား Airline တွေမှာ Ticket ထပ်ဝယ်ရင်လည်း ဒီလိုပဲကြုံရလိမ့်မယ်ရှင့်"

ဘယ်သူလုပ်တာလဲဆိုတာကို မှန်းလို့တော့ ရပေမယ့် မြူမှိုင်း မယုံကြည်နိုင်စွာဖြင့် ဒေါသထွက်လာရတယ်။မြူမှိုင်းလည်း ဘာမှအမှားလုပ်မထားဘဲ လူကြားထဲမှာ Blacklist ခရီးသည်လို့ ပြောခံနေရတာကြောင့် ရှက်လည်းရှက်လာတယ်။ ဘေးမှာရှိတဲ့ လူတွေကို လှည့်ကြည့်မိတော့ အားလုံးကလည်း မြူမှိုင်းကို ဝိုင်းကြည့်နေကြတယ်။

"ဘယ်သူသွင်းတာလဲ...ကျွန်တော့်ကို Blacklist ခရီးသည်စာရင်းထဲ ဘယ်သူသွင်းတာလဲလို့!!"

"ကိုယ်သွင်းတာကွာ!!"

အနောက်ကအသံကြောင့် မြူမှိုင်း လှည့်ကြည့်လိုက်တော့ ဟိုလူရိုင်း။ စိတ်ကထောင်းခနဲ တိုသွားတာကြောင့် မြူမှိုင်း နှုတ်ခမ်းတွေပါ ပြတ်ထွက်မတတ် ကိုက်လိုက်မိသည်။ ဒါက ခရီးသည်တစ်ယောက်ရဲ့ Rights ကို သူပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာ။ တကယ်ပဲသူ့ကို တားနိုင်မယ့်သူ မရှိတော့ဘူးလား။

"ဆရာ ရောက်လာပြီလားရှင့်"

"ရတယ် ခင်ဗျားတို့လုပ်စရာရှိတာသာဆက်လုပ်..ဒီ Blacklist ခရီးသည်ကို ဘယ်လေယာဉ်ပေါ်မှ တက်ခွင့်မပေးနဲ့...အကုန်ကြားလား!!"

"ဟုတ်ကဲ့ ဆရာ"

မြူမှိုင်းဝေ လေဆိပ်ထဲကို စရောက်ကတည်းက မာန်ရိုင်း အနောက်ကနေ လိုက်ကြည့်နေတာပင်။ Check-in ကောင်တာရောက်ပြီး မျက်ရည်တလည်လည်နဲ့ ဟိုလိုက်ကြည့်၊ဒီလုပ်ကြည့် လုပ်နေတာကိုမြင်တော့ မာန်ရိုင်း အနည်းငယ်ပင် ပြုံးလိုက်မိသေးတယ်။

မျှော်နေတာ။ဒီမြူဗိုက်တစ်ယောက် သူ့ကိုမျှော်နေတာပဲ။ အဲ့ဒါနဲ့များ မင်းသားရှုံးမယ့်အိုက်တင်နဲ့ ထွက်သွားမယ်၊ဘာညာဆိုပြီး ခြိမ်းလားခြောက်လားက လုပ်လိုက်သေးတာ။ မင်း အတော်လေးကို ဆိုးသွမ်းနေပါလား မြူဗိုက်....။

စိတ်မရှည်တော့တာကြောင့် သူ့ကိုရန်လိုတဲ့မျက်လုံးတွေနဲ့ ကြည့်ပြီး ဒေါသတွေထွက်နေတဲ့ မြူဗိုက်ဆီကိုသာ တန်းလျှောက်သွားလိုက်တယ်။ ဆွေ့ခနဲနေအောင် ပွေ့ချီပစ်လိုက်တော့ ဗိုက်ကြီးသည်က ချက်ချင်းဆိုသလို အသိပြန်ဝင်လာပြီး သူ့ကိုထုနှက်ရိုက်ပုတ်ပါတော့တယ်။

"ဘုန်း....ဘုန်း....ဘာလုပ်တာလဲ...ဟင့်အင်း..ပြန်မလိုက်ဘူးနော်!!"

"ပြန်မလိုက်လို့မရဘူး ဒီမှာမင်းကိုခေါ်သွားရဲတဲ့ကောင်ဆိုလို့ ကိုယ်ကလွဲပြီး ဘယ်သူမှမရှိတော့ဘူး!"

"ဖြန်း!"

"သူများကို...ဘာလို့ဒီထိပါလိုက်ပြီး အနိုင်ကျင့်နေတာလဲ!"

"သိပ်မအော်နဲ့ မြူ...ဒီလူတွေကြားထဲမှာ ကိုယ်ဆွဲနမ်းရင် မင်းထပ်ပြီး အရှက်ကွဲသွားမယ်နော်!"

သွားကြားထဲက လေသံလောက်နဲ့ မာန်ရိုင်း ခပ်ကြိတ်ကြိတ် ခြိမ်းခြောက်လိုက်တော့ တစ်ဖက်က မြူဗိုက်က ပြန်ငြိမ်ကျသွားတယ်။ မြူမှိုင်းဝေကို ဒီလိုဖြစ်အောင်ကို သူတမင်ကို လွှတ်ပေးထားတာ။ ဘယ်လောက်ကြိုးစားကြိုးစား နောက်ဆုံးကျရင် မာန်ရိုင်းဆိုတဲ့ကောင်ရဲ့ လက်ကနေပြေးမလွတ်နိုင်ဘူးဆိုတာ သက်သေပြချင်လို့။ မဟုတ်ရင် စောက်စကားအပိုတွေက ထပ်ပြောနေရဦးမယ်။ အခုလို လက်တွေ့လုပ်ပြလိုက်တော့မှ အသိတရားဝင်တော့တာ။

တောက်လျှောက် ပွေ့ချီလာပြီးနောက် ကားဆီကိုရောက်တော့ ကိုစည်သူက တံခါးကိုအဆင်သင့် ဖွင့်ပေးတယ်။ မာန်ရိုင်း ဗိုက်ကြီးသည်ကို ကားထဲမှာနေရာချပေရပြီး တံခါးကိုပိတ်ဖို့လုပ်တော့ အပိတ်မခံပြန်ဘူး။ ကားတံခါးကို ကန်တွန်းထားပြီး မြူဗိုက်တို့က သူ့ကိုဂျစ်ကန်ကန်နဲ့ကြည့်ပြီး ထပ်အာခံပြန်တယ်။

"ဟင့်အင်း ...မလိုက်ဘူး...မအိသူတို့ဆီပဲပြန်မယ်"

"ဘယ်မအိသူဆီမှ မပြန်ရဘူး...ငြိမ်ငြိမ်ထိုင်နေ! ကိုယ့်ပေါင်ပေါင်းက ကိုယ့်ကိုလွမ်းနေပြီ။ မင်းသိပ်ပြီးမရက်စက်စမ်းနဲ့ မြူ"

"ဘာပြောတယ်...ဘယ်သူက ရက်စက်နေတာလဲ အခု...သူများကို...သူများကို အာဏာသုံးပြီး အတင်းအနိုင်ကျင့်နေတာ ဘယ်သူလဲလို့!!"

ပြောင်းပြန်တွေ လာပြောနေတဲ့သူကို မြူမှိုင်း စိတ်တိုစွာနှင့် အော်လိုက်မိသည်။ လူကို Blacklist ဖြစ်သွားအောင်လည်း လုပ်သေးတယ်။ အခုလည်း စွပ်စွပ်စွဲစွဲ။ အကိုစည်သူကကားတံခါးကို Lockချလိုက်ပြီး သူကတော့ တစ်ဖက်ခြမ်းကိုလျှောက်သွားပြီးမှ ဝင်ထိုင်သည်။

လေဆိပ်ထဲကနေ ကားကထွက်သွားတာနဲ့....။

"ကိုယ့်နားတိုး မြူ...ပြီးတော့ ကိုယ့်ကိုမင်းဗိုက်လေး ပြပါဦး။လေးရက်တောင် ကိုယ်နဲ့ပေါင်ပေါင်းက ဝေးနေခဲ့တာကွာ"

"မတိုးဘူး! မပြဘူး! လာကိုင်မကြည့်နဲ့နော်!"

ဗိုက်နားကို သူ့လက်ကြီးတစ်ဝဲလည်လည် လာလုပ်နေတာကြောင့် မြူမှိုင်း ပုတ်ထုတ်လိုက်တယ်။ လုပ်နေတဲ့ပုံစံက သူဘာမှ မကျူးလွန်ထားသလိုမျိုး။ ရုပ်ကြည့်လိုက်တော့လည်း ပင်လယ်ဓားပြလိုပုံစံအတိုင်း အမွှေးထူထူနဲ့။ အရက်နံ့ကလည်း တစ်ချက်တစ်ချက်မှာ ထွက်နေသေးတယ်။ဒီလိုလူစားမျိုးကို မြူမှိုင်းက မျှော်နေမိခဲ့တယ်တဲ့လား။

"တိုးကွာ!"

"အင့်!!"

ချက်ချင်းဆိုသလို ခါးကနေဆွဲမပြီး သူ့ပေါင်ပေါ်ကို မြူမှိုင်းကို ဆွဲတင်လိုက်တာကြောင့် လူကကိုးရို့ကားယားနှင့် သူ့ဆီကိုပါသွားတယ်။ ခါးကိုလက်တစ်ဖက်နဲ့ အတင်းဖက်ထားပြီး တစ်ဖက်ကနေလည်း မြူမှိုင်းရဲ့အင်္ကျီအောက်ကို လက်တိုးဝင်ပြီး ဗိုက်သားတွေကို လာထိပွတ်နေတယ်။ သူ့လက်နွေးနွေးကြီးနှင့် မြူမှိုင်း ဗိုက်သားတွေကို နူးနူးညံ့ညံ့လေးလာပွတ်ပေးနေတာကြောင့် မြူမှိုင်း ငြိမ်သွားမိသည်။ ကြာလာတော့ လူကမထိန်းထားနိုင်တော့ပဲ မျက်ရည်တွေကျလာသည်။

"ပေါင်ပေါင်းက ကိုယ့်ကိုမျှော်တာထက် မင်းကပိုပြီး ကိုယ့်ကိုမျှော်နေပုံရတယ် မြူ!"

"ဘယ်သူ့ကိုမှမမျှော်ဘူး...သူများက စိတ်ပြတ်ပြီဟေ့ဆိုရင် လုံးဝလှည့်မကြည့်တဲ့သူမျိုး!!"

"ဟုတ်လား...Check-In ကောင်တာမှာတုန်းက နောက်လှည့်ကြည့်ပြီး မျက်ရည်တွေဝဲနေတာ ဘယ်ဗိုက်ကြီးသည်လဲ..ဟား...ဟား!!"

"ဖြန်း!"

သူ့ရင်ဖက်ကို ရိုက်လိုက်တော့ မြူမှိုင်းရဲ့ လက်တွေကို ချုပ်ကိုင်ပစ်တယ်။ ပြီးတော့မှ မြူမှိုင်းရဲ့ လက်ဖမိုးကို သူ့နှုတ်ခမ်းမွှေးစစတွေနှင့် မထိတထိနမ်းတယ်။ ကားထဲမှာရှိနေပြီး အကိုစည်သူရော၊အကိုသက်လွင်ပါ ရှေ့ခန်းမှာပါလာတာကို မြူမှိုင်းလည်း အခုမှသာ သတိထားမိကာ သူပေါင်ပေါ်ကနေ ဆင်းဖို့လုပ်တော့ ပိုတိုးပြီးဖက်ပစ်တယ်။

"ကိုယ့်အမိန့်ကိုဖီဆန်ပြီး မင်းကို ဘယ်လေကြောင်းလိုင်းမှ ခေါ်မသွားရဲဘူး မြူ...လက်လျှော့လိုက်တော့၊ သွားချင်သပဆိုရင်တော့ လက်ပစ်ကူးသွားမှပဲရတော့မယ်..ဟမ်! ဘယ်လိုလဲ ပါရီကိုလက်ပစ်ကူးပြီးသွားမလား!"

"ကူးသင့်ရင်တော့ ကူးသွားရမှာပဲ!"

ဒီလိုမျိုးလှုပ်လို့မရအောင် အတင်းဆွဲခေါ်ခံလာရတာကိုတောင် အခုချိန်ထိ အရွဲ့တိုက်ချင်နေတဲ့ အကြောတင်းမြူဗိုက်ကို မာန်ရိုင်း အသည်းယားလာတယ်။ အဲ့လောက်တောင် ဖြစ်နေရလားကွာ....။

"ကိုစည်သူ! အိမ်မပြန်ဘဲ ဒလဆိပ်ကမ်းကိုသာ မောင်းပို့ပေးလိုက်!"

"ခင်ဗျာ ဆရာ"

"လက်ပစ်ကူးပြီးသွားမယ့်သူကို လိုက်ပို့ပေးတာပေါ့...ဗိုက်နဲ့ဆိုတော့ ထိန်းတော့ကူး! အခုကနေ စပြီးကူးရင် ပါရီကို ကလေးမမွေးခင်တော့ အမှီရောက်လောက်တယ်။ အဟက်! မကောင်းတဲ့Exကောင်က ဒီလောက်တော့ ပါရမီဖြည့်ပေးရမှာပေါ့"

"....."

သူ့ကိုအရွဲ့တိုက်လို့ မြူမှိုင်းကို မထီတထီရုပ်နဲ့ ပြန်ရွဲ့နေတာ။ လူကိုမပေါက်ကွဲ၊ပေါက်ကွဲအောင် သူကလေ တမင်ကိုလိုက်ဆွတတ်တာ။ အစထဲကပေါက်ကွဲချင်နေတဲ့ စိတ်က အခုချိန်မှာတော့ ထပ်မထိန်းထားနိုင်တော့ပါ။

"လုံးဝလှည့်မကြည့်တော့ဘူးဆို! ဟိုတနေ့ကပဲ ဗိုက်ကြီးသည်နဲ့အတူ ဝိုင်းဒိုင်းကျဲပြီး အလျှော့မပေးခဲ့တာ ဘယ်သူလဲ! ဘာလို့အခုမှလာပြီး...အခုမှဒီလိုမျိုးတွေ လာလုပ်နေရတာလဲလို့!!!"

"ကျစ်!"

"ဖြေလေ! ဘာလို့လဲလို့!!!"

"ချစ်လို့ကွာ..မင်းကိုစောက်ရမ်းချစ်လို့ကွာ..ရှင်းလား!"

"......."

ရှုပ်တယ်။ မာန်ရိုင်း တခါတည်းပဲ ဝန်ခံလိုက်တော့တယ်။ သို့ပေမယ့် သူဒီလိုအမှန်အတိုင်း ဝန်ခံပြန်​တော့လည်း မယုံသလိုလို၊ယုံသလိုလိုနဲ့ မြူဗိုက်တို့က မျက်လုံးလေးတွေပါ မှေးကျင်းပြီး ဟုတ်လို့လားဆိုတဲ့ပုံစံနဲ့ သူ့ကိုလာကြည့်နေသေးတာ....။တော်တော်သံသယများတဲ့ မြူဗိုက်ပါကွာ!

"လူကိုဘာမပြောညာမပြောနဲ့ ဗိုက်ကြီးအောင်လည်း လုပ်ပစ်တယ်..အိမ်ပေါ်ကဆင်းမယ်ဆိုတော့လည်း မချော့တဲ့အပြင် ဆင်းခိုင်းတယ်...ကိုယ်ဝန်သည်ရှေ့မှာ နောက်ထပ်မိန်းမတွေ၊ကလေးတွေ ကြိုက်သလောက် ထပ်ယူလို့ရတယ်ဆိုပြီး ကြွေးကြော်တယ်..အခုလည်း ဘယ်မှသွားလို့မရအောင် Blacklist လုပ်ပစ်တယ်...အဲ့ဒါက ချစ်တာတဲ့လား!! အဲ့ဒါက ချစ်လို့တဲ့လား!!"

"ဘုန်း...ဘုန်း...ဖြန်း!"

ငိုပြီးသူ့ကို ပါးတွေရော၊ ရင်ဖက်တွေပါ မြူမှိုင်း ထုနှက်ရိုက်ပစ်တော့ ဘာမှပြန်မလုပ်ပဲ ဒီတိုင်းငြိမ်ခံတယ်။ ချစ်တယ်ဆိုတဲ့ စကားကို သူဒီလိုလွယ်လွယ်နဲ့ ပြောတာလား။ သူ့အပြစ်ကိုယ်သူ ထပ်မရှင်းချင်တာနဲ့ပဲ မြူမှိုင်းကို ဒီစကားနဲ့တမင်ချုပ်ပြီး ရုန်းလို့မရအောင် လုပ်နေတာ။ လုံးဝ မကောင်းတဲ့သူ!!

"ကိုယ့်ကိုလက်ထပ် မြူ!"

"....."

"မင်းကိုကိုယ် ပိုးနေရတာ ဆယ်စုနှစ်,နှစ်ခုတောင်ရှိနေပြီကွာ မြူရာ...ဒီလောက်ဆို ကိုယ့်ကိုဇွဲဆုတော့ ပေးသင့်နေပြီ မဟုတ်ဘူးလား"

ရုတ်တရက် မာန်ရိုင်း ပရိုပိုစ့်ထလုပ်လိုက်တာကြောင့် တစ်ဖက်ကတစ်ယောက်ကတော့ အတော်လေးကို အံအားသင့်ပြီး ငြိမ်ကျသွားတယ်။ အံဩပြီး အနည်းငယ်တုန်ရင်နေတဲ့ နှုတ်ခမ်းသားလေးကို ဖြတ်ခနဲနမ်းလိုက်တော့ ရှက်ပြီးခေါင်းငုံ့သွားတယ်။ တော်ပြီလေကွာ..ကိုယ်တို့နှစ်ယောက်က တကယ်ပြေလည်သင့်နေပြီ မြူရာ။

"ကိုယ်ဆယ်ကျော်သက်အရွယ်တည်းက မင်းကိုကြွေပြီး တောက်လျှောက်လိုက်ပိုးခဲ့တာတွေ မရိပ်မိဘူးလားကွာ..လုပ်ပါ! နည်းနည်းတော့ ကိုယ်ကိုပြန်သနားလေကွာ။ ကိုယ်နဲ့လက်ထပ်မှာလား..ဟမ်!...အဖြေပြန်ပေးကွာ မြူရာ"

"........"

ကလောမှာတည်းက နေ့တိုင်းကျောင်းရှေ့အထိ သွားကြိုပြီး ပိုးခဲ့ရတာတွေ။ မားကိစ္စကြောင့် အဆက်အသွယ်တွေပြတ်ပြီး နောက်ပိုင်းလည်း စကောလားရှစ်တွေပါ လှမ်းပေးပြီး သူပိုးခဲ့တယ်။ ပိုက်ဆံချေးဖို့ဆိုပြီး သူ့ဆီပြန်ရောက်လာတော့လည်း စပွန်ဆာဆိုတဲ့ ခေါင်းစဉ်အောက်ကနေ မာန်ရိုင်း သိသိသာသာရော၊မသိမသာတွေပါ လိုက်ပိုးခဲ့တာပဲ။ လေးနှစ်ဝေးပြီး ပြန်တွေ့တောလည်း ဒီလိုအလားတူပဲဟာ။ အဲ့ဒါတွေက ချစ်လို့မဟုတ်လို့ ဘာဖြစ်ရမှာလဲ။

"မင်းမမြင်တာ...ကိုယ်က အချိန်တိုင်း မင်းဆီမှာကျရှုံးနေခဲ့တာ။ ကိုယ့်အချစ်ဦးရော..အချစ်ဆုံးရောက မင်းတစ်ယောက်ပဲရှိတယ် မြူ"

......

A/N

စာလုံးရေအရမ်းများနေလို့ Unicode/Zawgyi ခွဲလိုက်ပါတယ်နော်။

All the best, Everyone!!
See You Soon!!

Continue Reading

You'll Also Like

1M 68K 54
China ရဲ့ နာမည်ကြီးအဆိုတော်မင်းသားတစ်လက်နဲ့ မြန်မာနိုင်ငံကနေ china idolသွားပြိုင်တဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေး A Love Story between C...
93.9K 3.5K 14
Zawgyi + Unicode ကျွန်တော်ကို ဘယ်လိုပဲတားတား သူလက်ခံနေသ၍သူ့အနားမှာရှိနေမှာပဲ #Li Ying ကျွန်တော့အချစ်ကိုလိမ်ညာခဲ့မိပေမယ့် ပြန်ပေးဆက်ချင်တယ် #Tan Ruiyi...
944K 26.2K 78
ဂုဏ် ❤️ ပိုင် Zawgyi မောင့်ဘဝမှာ ကိုကို့ကို ပိုင်ဆိုင်ခွင့်ရတာ ဘုရားပေးတဲ့ဆုလာဒ်တစ်ခုပါ💕 Unicode မောင့်ဘဝမှာ ကိုကို့ကို ပိုင်ဆိုင်ခွင့်ရတာ ဘုရားပေး...
2.3M 151K 96
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...