ကံကောင်းသော ဇနီးသည်

بواسطة Ginnie_genevieve

6.4K 516 11

Status - 382 (completed) Gentre - Fantasy, Normal, Harem, Slice of life, Romance, Mature المزيد

Summary
1.Tied
2.Save people
3. ComeBack Home
4. Leave
5. Bathing
6. a poor one
7.Write
8.Laundry
9.
10.
...
11.
13.
14.
new one(apocalypse)
15.
16.
17.

12.

221 23 0
بواسطة Ginnie_genevieve

[Unicode]

ငါးရနံ့တွေက ခပ်ဖျော့ဖျော့ပျံ့လွင့်လာတာကြောင့် လီယန်ပင်ဗိုက်ဆာလာခဲ့သည်။ သူကပုဆိန်ကိုအောက်ချလိုက်ပြီးနောက် သူ့ညီငယ်နောက်ကနေ မီးဖိုချောင်ထဲလိုက်သွား၏။

အဲ့ဒီနားမှာ လီမော့ရှန်လည်းရှိနေပြီး သူကသူ့လက်ထဲကလုပ်လက်စကို ပစ်ချလိုက်ပြီးနောကိ ချက်ချင်းထရပ်ကာ မီးဖိုချောင်ဆီလျှောက်သွားသည်။ မြေကြီးပေါ်မှာခွေခေါက်ပြီးလှဲနေတဲ့ တာ့ဟေးက ချက်ချင်းမျက်လုံးဖွင့်လာပြီး သူ့နောက်ကနေလိုက်ဖို့ စိတ်အားထက်သန်နေခဲ့သည်။

" ဒီမှာနေခဲ့! "

လီမန့်ရဲ့ကြောက်ရွံ့နေတဲ့အကြည့်တွေကိုသတိရမိသွားတော့ လီမော့က တွန့်ဆုတ်ခြင်းမရှိဘဲ တာ့ဟေးကို ခြံဝင်းထဲမှာပဲနေခဲ့ဖို့ပြောလိုက်သည်။
* အမဲလိုက်တိုင်း အမြဲပါတဲ့ ပါတနာလေးဆိုပေမဲ့ အသစ်ရထားတဲ့မိန်းမလောက်တော့ဘယ်အရေးပါပါ့မလဲကွယ် xD

---

မီးဖိုချောင်ထဲမှာတော့ လီမန်က ဖျစ်ညှစ်ပြီးတိုးဝင်လာတဲ့လူသုံးယောက်ကို လျစ်လျူရှူဖို့ကြိုးစားလိုက်သည်။

မီးအေး​အေးနဲ့ပြုတ်ထားတဲ့ ငါးပြုတ်က ပန်းကန်လုံးအကြီးကြီးထဲထည့်ထားပြီး စားလို့ကောင်းရုံသာရှိသည်။

လီယန်က ဝင်လာကာ ပြုံးပြလိုက်ပြီး သူမလက်ထဲက ပန်းကန်ကို လှမ်းယူလိုက်သည်။ သူ့အပြုံးကအလွန်ပင်ချိုချိုသာသာရှိလှ၏။

" ကိုယ်ဝင်လာပြီ! အပူမလောင်စေနဲ့! "

လီရှူကလည်း ဝင်လာပြီး
" ရပြီလား! ကျွန်တော်လည်းဝင်လာပြီ "

လီယန်က သူ့တတိယညီကို ခြေဖြင့်ကန်လိုက်ပြီး

" သွားစမ်းပါ! အရှေ့ဘက်အိမ်ထဲက စားပွဲကိုရွှေ့ခဲ့! "

" အား! "

လီရှူက လီမန်ရဲ့အပြုံးကိုကြည့်လို့မရအောင် အိုးကိုသယ်ကာ ဟိုယိမ်းဒီယိမ်းလုပ်နေတဲ့ ရှောင်ပန်ကိုအော်ပစ်လိုက်သည်။ *လီယန်ကိုပြောတာထင်တယ် သူက xiao pan လို့ရေးထားတာ နာမည်ကိုဘယ်လိုတွေထပ်သုံးသေးလဲမသိဘူး မျက်စိကိုလည်လို့

" သွားစမ်းပါ! ခွေးခြေခုံတွေသွားရွှေ့လိုက်စမ်းပါ! "

လီမန်က နေရာလွတ်နည်းနည်းရသွားတဲ့အခါ စောနကဆေးထားတဲ့ သခွားသီးနှစ်လုံးကို ခပ်သေးသေးလေးတွေဖြစ်အောင် လှီးဖြတ်လိုက်ပြီး ပန်းကန်တစ်ခုစာပြင်လိုက်သည်။

လီမော့ကလည်း သူမကို ဒုတိယညီလို ကူညီပေးချင်ပေမဲ့ သခွားသီးပန်းကန်ကသေးသေးလေးက သိပ်မသယ်ရတာကြောင့် ဗီရိုထဲက ပန်းကန်ကိုပါထုတ်လိုက်ပြီး စားပွဲဆီကိုယူသွားလိုက်သည်။

လီရှူက စားပွဲခုံကြီးကိုရွှေ့လာလိုက်ပြီး မီးဖိုချောင်အလယ်တည့်တည့်မှာ ခင်းလိုက်သည်။ သူ့လက်တစ်ဖက်က ခွေးခြေခုံတစ်လုံးထဲ သယ်လာနိုင်တာကြောင့် အလျှင်အမြန်ပင်ပြေးသွားလိုက်ပြီး နောက်ထပ်ခွေးခြေခုံနှစ်လုံးကို သယ်လာလိုက်သည်။

အစားအသောက်တွေပြင်ဆင်ပြီးသွားတာနဲ့ လူတိုင်းကထိုင်လိုက်ကြသည်။ လီရှောင်းဝူက သဘာဝကျစွာပဲ လီမော့နဲ့ခွေးခြေတစ်လုံးကိုမျှထိုင်လိုက်ရပြီး အကိုအကြီးဆုံးအတွက်တော့ သူ့ကိုယ်လေးကကြီးနေတုန်းဖြစ်ကာ သူက(လီမော့) သူ့ကို(လီရှောင်းဝူ) စားပွဲထောင့်နားသို့ တွန်းလွှတ်လိုက်လေသည်။

သူကလျင်မြန်စွာနှင့် လီမန်ရဲ့ခွေးခြေလေးမှာ ဝင်ထိုင်လိုက်လျှင် ကျန်တဲ့ လီမိသားစုမှ ညီအစ်ကိုသုံးယောက်လုံးက အချိန်အတော်ကြာအောင် မျက်တောင်တဖျတ်ဖျတ်ခတ်ပြလေသည်။

လူတိုင်း မျက်တောင်တဖျတ်ဖျတ်ခတ်နေတာကိုမြင်တော့ လီမန်က တူကိုကောက်ကိုင်လိုက်ပြီး ငါးဗိုက်သားရှိ အသားကို ဖဲ့လိုက်ကာ လီရှောင်းဝူရဲ့ပန်းကန်ထဲထည့်ပေးလိုက်လေသည်။

" လာ! မြည်းကြည့်! "

​ရှောင်းဝူရဲ့မျက်လုံးလေးတွေက လခြမ်းလေးလိုကွေးတက်သွားပြီးနောက် သူမပေးတာကို သူကတစ်ကိုက်တည်းနှင့် စားလိုက်ပြီး ငိုတော့မတတ်လေသံမျိုးဖြင့်

" စားလို့ကောင်းတယ်! ၊ အရမ်းအရသာရှိတာပဲ! ဒုတိယအကိုချက်တာထက် အဆတစ်ရာလောက်တောင် ပိုကောင်းသေးတယ်! "

လီယန်က နားထောင်နေရင်းပင် ဒီကလေးကို ထရိုက်ချင်စိတ်ပေါ်လာသည်။
သူဘာချက်ပေးရမလဲမေးတိုင်းမှာ သူလုပ်တဲ့ဘယ်အစားအသောက်မဆို အကောင်းဆုံးပါလို့ အမြဲပြောတတ်ခဲ့တာဖြစ်သည်။

" ဝိုး! အရမ်းအရသာရှိတာပဲ! " လီရှူကလည်း အံ့သြတကြီးထအော်လာ၏။

လီယန်သည်လည်း ငါးတစ်ပိုင်းကို သူ့ပါးစပ်ထဲထည့်ဖို့လုပ်ရင်း အလုပ်ရှုပ်နေပြီဖြစ်သည်။
အသားက နူးညံ့ပြီးချောမွေ့နေကာ စားကောင်းပြီးအရသာရှိသည်။ တကယ်ကိုသူချက်တဲ့ဟာတွေထက် ပိုပြီးတော့အရသာရှိတာဖြစ်၏။

လီမော့ကတော့ သူ့ခေါင်းကိုသာငုံ့ထားရင်း တစ်လုတ်စားလိုက်သည်။ သူ့မျက်နှာကတော့ ကျေနပ်နေတဲ့အပြုံးတစ်ခုကို ချိတ်ဆွဲထား၏။ အမျိုးသမီးက သူတို့အတွက် ဒီလိုအရသာရှိတဲ့ ငါးဟင်းကိုချက်ပေးချင်စိတ်ရှိနေသည်။
ဒါက ဒီမှာနေတော့မယ်လို့ဆိုလိုချင်တာလား?

လီမန်က ဒီလူတွေ အရသာကောင်းကောင်းခံရင်း ပျော်နေတာကိုတွေ့လိုက်သည်။ သူတို့က အနည်းငယ်စိတ်လှုပ်ရှားနေပြီး မျှောလွင့်နေပုံဖြင့် ထမင်းနှစ်ပန်းကန်တောင် စားသွားကြ၏။

ထမင်းချက်ထားတာကမလောက်တာကြောင့် လီညီအကိုတွေက ပေါင်းထားတဲ့ပေါက်စီတချို့ကိုပါ စားသွားကြသေး၏။

ဒါက လီမန်ချက်တဲ့အစားအစာက အလွန်ကို*အောင်မြင်သွားသည်ဟု ပြောရမည်ဖြစ်သည်။ (*လက်ရာကောင်း)

ငါးနှစ်ကောင်က ဟင်းအိုးကြီးတစ်လုံးအပြည့်ရပေမဲ့ ရလဒ်ကတော့ အိုးအောက်ခြေထိအောင်စားသွားကြတာဖြစ်၏။

များသောအားဖြင့် စွပ်ပြုတ်တွေအကုန်လုံးက လီရှူ့ဗိုက်ထဲမှာပဲ အဆုံးသတ်သွားတာဖြစ်သည်။
*သူကဒီနားမှာ humorous slang ဖြစ်မလား normal eng sentence ဖြစ်မလားမသိပေမဲ့ (even the soup was eaten by Li Shu with dandruff) အဲ့လိုသုံးထားတယ် ကိုယ်ကတော့ နားလ​ည်သလိုပြန်လိုက်ပါတယ် အဓိက ကတော့ စွပ်ပြုတ်တွေအကုန်လုံး လီရှူ့ဗိုက်ထဲရောက်တာနဲ့အဆုံးသတ်တာပါပဲ

လီယန်က တတိယညီငယ်ကအလွန်အကျွံစားသောက်နေတာကိုတောင် သတိမမူမိတော့ဘဲ သူ့မျက်လုံးတွေက လီမန့်ကိုအနားယူရန်ခေါ်သွားဖို့ ရှောင်းဝူကိုအချက်ပြနေသည်။

လီမန်က ပန်းကန်ခွက်ယောက်တွေကို သန့်ရှင်းရေးလုပ်သွားချင်သော်လည်း လီယန်က သူမဒီနေ့တစ်နေလုံးအလုပ်တွေအများကြီး လုပ်ထားပြီးပြီလို့ပြောလာပြီး အိုးခွက်ပန်းကန်တွေကို ဘယ်လိုနည်းနဲ့မှဆေးခွင့်မပေးတော့ပေ။
သူက သူမကို ရှောင်းဝူနဲ့အတူ လိုက်သွားစေချင်လေ၏။

#

paid gp အတွက်က telegram - @ ginnie_trans ပါရှင့် message board ကနေလာပြောလည်းရပါတယ်နော်

#

[Zawgyi]

ငါးရနံ႕ေတြက ခပ္ေဖ်ာ့ေဖ်ာ့ပ်ံ့လြင့္လာတာေၾကာင့္ လီယန္ပင္ဗိုက္ဆာလာခဲ့သည္။ သူကပုဆိန္ကိုေအာက္ခ်လိဳက္ၿပီးေနာက္ သူ႕ညီငယ္ေနာက္ကေန မီးဖိုေခ်ာင္ထဲလိုက္သြား၏။

အဲ့ဒီနားမွာ လီေမာ့ရွန္လည္းရွိေနၿပီး သူကသူ႕လက္ထဲကလုပ္လက္စကို ပစ္ခ်လိဳက္ၿပီးေနာကိ ခ်က္ခ်င္းထရပ္ကာ မီးဖိုေခ်ာင္ဆီေလွ်ာက္သြားသည္။ ေျမႀကီးေပၚမွာေခြေခါက္ၿပီးလွဲေနတဲ့ တာ့ေဟးက ခ်က္ခ်င္းမ်က္လုံးဖြင့္လာၿပီး သူ႕ေနာက္ကေနလိုက္ဖို႔ စိတ္အားထက္သန္ေနခဲ့သည္။

" ဒီမွာေနခဲ့! "

လီမန့္ရဲ႕ေၾကာက္႐ြံ႕ေနတဲ့အၾကည့္ေတြကိုသတိရမိသြားေတာ့ လီေမာ့က တြန့္ဆုတ္ျခင္းမရွိဘဲ တာ့ေဟးကို ၿခံဝင္းထဲမွာပဲေနခဲ့ဖို႔ေျပာလိုက္သည္။
* အမဲလိုက္တိုင္း အၿမဲပါတဲ့ ပါတနာေလးဆိုေပမဲ့ အသစ္ရထားတဲ့မိန္းမေလာက္ေတာ့ဘယ္အေရးပါပါ့မလဲကြယ္ xD

---

မီးဖိုေခ်ာင္ထဲမွာေတာ့ လီမန္က ဖ်စ္ညွစ္ၿပီးတိုးဝင္လာတဲ့လူသုံးေယာက္ကို လ်စ္လ်ဴရႉဖို႔ႀကိဳးစားလိုက္သည္။

မီးေအးေအးနဲ႕ျပဳတ္ထားတဲ့ ငါးျပဳတ္က ပန္းကန္လုံးအႀကီးႀကီးထဲထည့္ထားၿပီး စားလို႔ေကာင္း႐ုံသာရွိသည္။

လီယန္က ဝင္လာကာ ၿပဳံးျပလိုက္ၿပီး သူမလက္ထဲက ပန္းကန္ကို လွမ္းယူလိုက္သည္။ သူ႕အၿပဳံးကအလြန္ပင္ခ်ိဳခ်ိဳသာသာရွိလွ၏။

" ကိုယ္ဝင္လာၿပီ! အပူမေလာင္ေစနဲ႕! "

လီရႉကလည္း ဝင္လာၿပီး
" ရၿပီလား! ကြၽန္ေတာ္လည္းဝင္လာၿပီ "

လီယန္က သူ႕တတိယညီကို ေျချဖင့္ကန္လိုက္ၿပီး

" သြားစမ္းပါ! အေရွ႕ဘက္အိမ္ထဲက စားပြဲကိုေ႐ႊ႕ခဲ့! "

" အား! "

လီရႉက လီမန္ရဲ႕အၿပဳံးကိုၾကည့္လို႔မရေအာင္ အိုးကိုသယ္ကာ ဟိုယိမ္းဒီယိမ္းလုပ္ေနတဲ့ ေရွာင္ပန္ကိုေအာ္ပစ္လိုက္သည္။ *လီယန္ကိုေျပာတာထင္တယ္ သူက xiao pan လို႔ေရးထားတာ နာမည္ကိုဘယ္လိုေတြထပ္သုံးေသးလဲမသိဘူး မ်က္စိကိုလည္လို႔

" သြားစမ္းပါ! ေခြးေျခခုံေတြသြားေ႐ႊ႕လိုက္စမ္းပါ! "

လီမန္က ေနရာလြတ္နည္းနည္းရသြားတဲ့အခါ ေစာနကေဆးထားတဲ့ သခြားသီးႏွစ္လုံးကို ခပ္ေသးေသးေလးေတြျဖစ္ေအာင္ လွီးျဖတ္လိုက္ၿပီး ပန္းကန္တစ္ခုစာျပင္လိုက္သည္။

လီေမာ့ကလည္း သူမကို ဒုတိယညီလို ကူညီေပးခ်င္ေပမဲ့ သခြားသီးပန္းကန္ကေသးေသးေလးက သိပ္မသယ္ရတာေၾကာင့္ ဗီရိုထဲက ပန္းကန္ကိုပါထုတ္လိုက္ၿပီး စားပြဲဆီကိုယူသြားလိုက္သည္။

လီရႉက စားပြဲခုံႀကီးကိုေ႐ႊ႕လာလိုက္ၿပီး မီးဖိုေခ်ာင္အလယ္တည့္တည့္မွာ ခင္းလိုက္သည္။ သူ႕လက္တစ္ဖက္က ေခြးေျခခုံတစ္လုံးထဲ သယ္လာနိုင္တာေၾကာင့္ အလွ်င္အျမန္ပင္ေျပးသြားလိုက္ၿပီး ေနာက္ထပ္ေခြးေျခခုံႏွစ္လုံးကို သယ္လာလိုက္သည္။

အစားအေသာက္ေတြျပင္ဆင္ၿပီးသြားတာနဲ႕ လူတိုင္းကထိုင္လိုက္ၾကသည္။ လီေရွာင္းဝူက သဘာဝက်စြာပဲ လီေမာ့နဲ႕ေခြးေျခတစ္လုံးကိုမွ်ထိုင္လိုက္ရၿပီး အကိုအႀကီးဆုံးအတြက္ေတာ့ သူ႕ကိုယ္ေလးကႀကီးေနတုန္းျဖစ္ကာ သူက(လီေမာ့) သူ႕ကို(လီေရွာင္းဝူ) စားပြဲေထာင့္နားသို႔ တြန္းလႊတ္လိုက္ေလသည္။

သူကလ်င္ျမန္စြာႏွင့္ လီမန္ရဲ႕ေခြးေျခေလးမွာ ဝင္ထိုင္လိုက္လွ်င္ က်န္တဲ့ လီမိသားစုမွ ညီအစ္ကိုသုံးေယာက္လုံးက အခ်ိန္အေတာ္ၾကာေအာင္ မ်က္ေတာင္တဖ်တ္ဖ်တ္ခတ္ျပေလသည္။

လူတိုင္း မ်က္ေတာင္တဖ်တ္ဖ်တ္ခတ္ေနတာကိုျမင္ေတာ့ လီမန္က တူကိုေကာက္ကိုင္လိုက္ၿပီး ငါးဗိုက္သားရွိ အသားကို ဖဲ့လိုက္ကာ လီေရွာင္းဝူရဲ႕ပန္းကန္ထဲထည့္ေပးလိုက္ေလသည္။

" လာ! ျမည္းၾကည့္! "

ေရွာင္းဝူရဲ႕မ်က္လုံးေလးေတြက လျခမ္းေလးလိုေကြးတက္သြားၿပီးေနာက္ သူမေပးတာကို သူကတစ္ကိုက္တည္းႏွင့္ စားလိုက္ၿပီး ငိုေတာ့မတတ္ေလသံမ်ိဳးျဖင့္

" စားလို႔ေကာင္းတယ္! ၊ အရမ္းအရသာရွိတာပဲ! ဒုတိယအကိုခ်က္တာထက္ အဆတစ္ရာေလာက္ေတာင္ ပိုေကာင္းေသးတယ္! "

လီယန္က နားေထာင္ေနရင္းပင္ ဒီကေလးကို ထရိုက္ခ်င္စိတ္ေပၚလာသည္။
သူဘာခ်က္ေပးရမလဲေမးတိုင္းမွာ သူလုပ္တဲ့ဘယ္အစားအေသာက္မဆို အေကာင္းဆုံးပါလို႔ အၿမဲေျပာတတ္ခဲ့တာျဖစ္သည္။

" ဝိုး! အရမ္းအရသာရွိတာပဲ! " လီရႉကလည္း အံ့ၾသတႀကီးထေအာ္လာ၏။

လီယန္သည္လည္း ငါးတစ္ပိုင္းကို သူ႕ပါးစပ္ထဲထည့္ဖို႔လုပ္ရင္း အလုပ္ရႈပ္ေနၿပီျဖစ္သည္။
အသားက ႏူးညံ့ၿပီးေခ်ာေမြ႕ေနကာ စားေကာင္းၿပီးအရသာရွိသည္။ တကယ္ကိုသူခ်က္တဲ့ဟာေတြထက္ ပိုၿပီးေတာ့အရသာရွိတာျဖစ္၏။

လီေမာ့ကေတာ့ သူ႕ေခါင္းကိုသာငုံ႕ထားရင္း တစ္လုတ္စားလိုက္သည္။ သူ႕မ်က္ႏွာကေတာ့ ေက်နပ္ေနတဲ့အၿပဳံးတစ္ခုကို ခ်ိတ္ဆြဲထား၏။ အမ်ိဳးသမီးက သူတို႔အတြက္ ဒီလိုအရသာရွိတဲ့ ငါးဟင္းကိုခ်က္ေပးခ်င္စိတ္ရွိေနသည္။
ဒါက ဒီမွာေနေတာ့မယ္လို႔ဆိုလိုခ်င္တာလား?

လီမန္က ဒီလူေတြ အရသာေကာင္းေကာင္းခံရင္း ေပ်ာ္ေနတာကိုေတြ႕လိုက္သည္။ သူတို႔က အနည္းငယ္စိတ္လႈပ္ရွားေနၿပီး ေမွ်ာလြင့္ေနပုံျဖင့္ ထမင္းႏွစ္ပန္းကန္ေတာင္ စားသြားၾက၏။

ထမင္းခ်က္ထားတာကမေလာက္တာေၾကာင့္ လီညီအကိုေတြက ေပါင္းထားတဲ့ေပါက္စီတခ်ိဳ႕ကိုပါ စားသြားၾကေသး၏။

ဒါက လီမန္ခ်က္တဲ့အစားအစာက အလြန္ကို*ေအာင္ျမင္သြားသည္ဟု ေျပာရမည္ျဖစ္သည္။ (*လက္ရာေကာင္း)

ငါးႏွစ္ေကာင္က ဟင္းအိုးႀကီးတစ္လုံးအျပည့္ရေပမဲ့ ရလဒ္ကေတာ့ အိုးေအာက္ေျခထိေအာင္စားသြားၾကတာျဖစ္၏။

မ်ားေသာအားျဖင့္ စြပ္ျပဳတ္ေတြအကုန္လုံးက လီရႉ႕ဗိုက္ထဲမွာပဲ အဆုံးသတ္သြားတာျဖစ္သည္။
*သူကဒီနားမွာ humorous slang ျဖစ္မလား normal eng sentence ျဖစ္မလားမသိေပမဲ့ (even the soup was eaten by Li Shu with dandruff) အဲ့လိုသုံးထားတယ္ ကိုယ္ကေတာ့ နားလည္သလိုျပန္လိုက္ပါတယ္ အဓိက ကေတာ့ စြပ္ျပဳတ္ေတြအကုန္လုံး လီရႉ႕ဗိုက္ထဲေရာက္တာနဲ႕အဆုံးသတ္တာပါပဲ

လီယန္က တတိယညီငယ္ကအလြန္အကြၽံစားေသာက္ေနတာကိုေတာင္ သတိမမူမိေတာ့ဘဲ သူ႕မ်က္လုံးေတြက လီမန့္ကိုအနားယူရန္ေခၚသြားဖို႔ ေရွာင္းဝူကိုအခ်က္ျပေနသည္။

လီမန္က ပန္းကန္ခြက္ေယာက္ေတြကို သန့္ရွင္းေရးလုပ္သြားခ်င္ေသာ္လည္း လီယန္က သူမဒီေန႕တစ္ေနလုံးအလုပ္ေတြအမ်ားႀကီး လုပ္ထားၿပီးၿပီလို႔ေျပာလာၿပီး အိုးခြက္ပန္းကန္ေတြကို ဘယ္လိုနည္းနဲ႕မွေဆးခြင့္မေပးေတာ့ေပ။
သူက သူမကို ေရွာင္းဝူနဲ႕အတူ လိုက္သြားေစခ်င္ေလ၏။

#

paid gp အတြက္က telegram - @ ginnie_trans ပါရွင့္ message board ကေနလာေျပာလည္းရပါတယ္ေနာ္

واصل القراءة

ستعجبك أيضاً

38.7K 109 21
Just a slutty whore who needs to get all her thoughts and feelings on a page. Loves being submissive to her dom daddy 🧎‍♀️ DISCORD- jessieleihuyg8t...
128K 1.6K 51
𝐈𝐭𝐬 𝐭𝐡𝐞 𝐟𝐢𝐫𝐬𝐭 𝐝𝐚𝐲 𝐛𝐚𝐜𝐤 𝐭𝐨 𝐬𝐜𝐡𝐨𝐨𝐥 , 𝐀𝐚𝐥𝐢𝐲𝐚𝐡 𝐢𝐬 𝐧𝐨𝐰 𝐢𝐧 𝟏𝟎𝐭𝐡 𝐠𝐫𝐚𝐝𝐞, 𝐰𝐡𝐢𝐥𝐞 𝐬𝐡𝐞𝐬 𝐭𝐡𝐞𝐫𝐞 𝐬𝐡...
38.2K 2.5K 61
𝐭𝐡𝐞 𝟐𝐧𝐝 𝐛𝐨𝐨𝐤 𝐨𝐟 𝐬𝐡𝐨𝐫𝐭 𝐬𝐭𝐨𝐫𝐢𝐞𝐬 𝐚𝐛𝐨𝐮𝐭 𝐨𝐥𝐢𝐯𝐢𝐚 𝐫𝐨𝐝𝐫𝐢𝐠𝐨 𝐚𝐧𝐝 𝐲/𝐧'𝐬 𝐦𝐞𝐞𝐭-𝐜𝐮𝐭𝐞𝐬/𝐥𝐨𝐯𝐞 𝐬𝐭𝐨𝐫𝐢�...
266K 6K 57
❝ i loved you so hard for a time, i've tried to ration it out all my life. ❞ kate martin x fem! oc