-အရှင်ဧကရာဇ်ကိုသာလျှင် အကြွင်းမဲ့
ယုံကြည်ပါတယ်-
"အားမုံ့ ဝေ့လျန်ကို နှုတ်ဆက်လိုက်"
ကျီယွဲ့က အားမုံ့ကို ဝေ့လျန်နှင့် ရင်းနှီးစေချင်ပုံ
ရသည်။
အားမုံ့သည် အလွန်ဥာဏ်ကောင်းသော သက်တော်စောင့်ခွေးဖြစ်သည့်အလျှောက် သခင်တစ်ဦးတည်းကိုသာ သစ္စာရှိပြီး သူစိမ်းများအပေါ် ကြမ်းတမ်းစွာ ပြုမူတတ်သည်။ မည်သို့ပင်ဖြစ်စေ ကျီယွဲ့ကိုယ်တိုင် အမိန့်ပေးသရွေ့ သူ့အနေ
နှင့် ဝေ့လျန်ကို အန္တရာယ်ပြုဝံ့တော့မည်မဟုတ်ပေ။ ဤသည်မှာ ဝေ့လျန်ကို သဘောကျခြင်းကြောင့်မဟုတ်ဘဲ သခင်ဖြစ်သူ၏ အမိန့်ကို
နာခံခြင်းသာဖြစ်သည်။
ကျီယွဲ့၏ အမိန့်သည် ဝေ့လျန်ကို သေခြင်းတရား
(အားမုံ့)ထံမှ လွတ်မြောက်ခွင့်ပေးလိုက်သည့် ရွှေတံဆိပ်နှင့် ဆင်တူသည်။ အားမုံ့သည် ကျီယွဲ့၏ အမိန့်ကို အမြဲတစေ နာခံခဲ့သော်လည်း ယနေ့တွင်မူ ကလန်ကဆန်လုပ်လျက်ရှိသည်။
သခင် ဒီလူသားကောင်ဆီကနေ လှည့်စားမခံပါနဲ့...ကျေးဇူးပြုပြီး သူ့သရုပ်မှန်ကို မြင်အောင်ကြည့်ပါ!
အားမုံ့သည် ဝေ့လျန်ကို မနှုတ်ဆက်ရုံသာမက သခင်အားကိုးဖြင့် အစွယ်တဖြီးဖြီးထုတ်လျက် ကျယ်လောင်စွာ ဟိန်းဟောက်ပြီး ဝေ့လျန်ကို အချိန်မရွေး ခုန်အုပ်တော့မယောင် ခေါင်းမော့ရင်ကော့ထားသည်။
ဝေ့လျန်က မျက်နှာကို လက်ဖြင့် အုပ်ပြီး ကျီယွဲ့၏ရင်ခွင်ထဲသို့ တိုးဝင်ကာ ကြောက်ရွံ့နေသော အသံဖြင့် ညည်းတွားလိုက်သည်။
"အရှင်ဧကရာဇ်..."
ကျီယွဲ့က ဝေ့လျန်ကို တင်းကျပ်စွာ ပြန်ပွေ့ဖက်ထားရင်း အားမုံ့ကို သုန်မှုန်နေသော မျက်နှာဖြင့် ဆူကြိမ်းမောင်းလေသည်။
"အားမုံ့ မင်းဝပ်စမ်း..မရိုင်းနဲ့"
အားမုံ့: "....."
အားမုံ့ခမျာမှာ သခင်အမိန့်ကြောင့် မြေပြင်ပေါ်တွင် ငြိမ်ငြိမ်ကုပ်ကုပ်လေး ဝပ်နေရင်း ဝေ့လျန်ကို မျက်ထောင့်နီကြီးဖြင့် မကျေမချမ်း စိုက်ကြည့်နေသည်။ဝေ့လျန်ကား အားမုံ့ကို တစ်ချက်မျက်ခုံးပင့်ပြပြီးနောက် ကျီယွဲ့၏ ရင်ခွင်ထဲသို့ ပြန်လှည့်သွားလေသည်။
လုပ်စမ်းပါ မင်းဟန်ဆောင်လို့ရသလောက်ဟန်ဆောင်ထားအုံးပေါ့ကွာ..
ဝေ့လျန်၏ ဟန်ဆောင်မှုဟာ ပြေပြစ်လွန်း၍ ဤအဖြစ်အပျက်ကို မျက်ဝါးထင်ထင်မြင်ခဲ့ရသော တော်ဝင်အမှုထမ်းများပင်လျှင် 'လျန်သခင်လေးက တကယ်ခွေးကြောက်တာပဲ'ဟု ယုံစားသွားကြသည်။ အားမုံ့သာလျှင် သူနှင့် ဝေ့လျန်တို့ကြားက အဖြစ်အပျက်ကို ကောင်းစွာ သိရှိခဲ့သူဖြစ်သော်
လည်း စကားမပြောနိုင်သည့်အတွက် တဝုတ်ဝုတ်အော်ရင်း သခင်ဖြစ်သူကို သဲလွန်စပေးရန် ကြိုးစားနေရှာသည်။ ကံဆိုးစွာဖြင့် အမြဲတစေ
သူနှင့် အချိတ်အဆက်မိပြီး လျင်မြန်စွာ ထိုးထွင်းရိပ်စားမိတတ်သော သခင်ဖြစ်သူ၏ ဦးနှောက်ဟာ ယနေ့တွင်တော့ လုံးဝချွတ်ယွင်းသွားပုံရသည်။
"မင်းလည်း ကြောက်တတ်တဲ့အချိန်တော့
ရှိသေးသားပဲ"
ကျီယွဲ့သည် ဝေ့လျန်ရှေ့တွင် အကြိမ်ပေါင်းများစွာ အရှက်တကွဲအကျိုးနည်းဖြစ်ပြီး အလျှော့ပေးခဲ့ရခြင်းကို ယခုအထိ အခဲမကျေနိုင်သေးပေ။ နောက်ဆုံးတွင် ဝေ့လျန်ကြောက်သည့်အရာကို သူရှာတွေ့သွားသည်နှင့်တစ်ပြိုက်နက် အခွင့်အရေးကို မိမိရရ အသုံးချပြီး စကားနာထိုးလိုက်သည်။
"ငါအရှင်က မင်းကို လုံးဝအကြောက်အလန့်မရှိဘူးလို့တောင် ထင်နေတာ..မင်းက ငါ့ကိုကျတော့ တစ်စက်လေးမှ မကြောက်ဘူး..အားမုံ့ကိုတော့ ကြောက်တယ်ဟုတ်လား"
ဝေ့လျန်က ကျီယွဲ့ကို မျက်လုံးလှန်ကြည့်ပြီး အတန်ငယ်ကြာ ငြိမ်သက်နေပြီးမှ ခပ်တိုးတိုး
ပြန်ဖြေသည်။
"ကျွန်တော်မျိုးက အရှင်ဧကရာဇ်တစ်ယောက်
တည်းကိုသာ အကြွင်းမဲ့ယုံပါတယ်..အရှင်ဧက
ရာဇ်က ကျွန်တော်မျိုးကို နာကျင်အောင်လုပ်မှာမဟုတ်ဘူး..ဒါပေမဲ့ တခြားသူစိမ်းတွေနဲ့ သတ္တဝါတွေကိုတော့ လုံးဝမယုံရဲပါဘူး"
ကျွန်တော်မျိုးက အရှင်ဧကရာဇ်တစ်ယောက်
တည်းကိုသာ အကြွင်းမဲ့ယုံပါတယ်...
မည်သူမဆို တစ်စုံတစ်ဦးထံမှ အကြွင်းမဲ့ယုံပါသည်ဟူသော စကားမျိုးကိုသာ ကြားရပါက တစ်မျိုးတစ်မည် စိတ်လှုပ်ရှားသွားကြမည်ဖြစ်သော်လည်း ကျီယွဲ့ကမူ အမြဲအသိသတိရှိသော သံသယမျက်လုံးများဖြင့်သာ ကြည့်တတ်သူဖြစ်သည့်အတွက် ဝေ့လျန်၏ စကားကို လုံးဝမယုံပေ။
ဒီကမ္ဘာပေါ်မှာ အလိမ်အညာတွေအများသားပဲကို..ငါအရှင်က ဘာဖြစ်လို့ နားနဲ့ကြားတိုင်းယုံပေးရမှာလဲ
ဝေ့လျန်၏ အသက်နှင့် ခန္ဓာသည် သူ့လက်ထဲတွင်သာရှိသည်။ နားဝင်ချိုသော စကားများဟာ နားကြားကောင်းရုံမျှသာဖြစ်ပြီး ယုံမိလျှင်တော့ ဘဝပျက်သွားနိုင်မည်။ ဤသည်မှာ သူနှင့် ဝေ့လျန်ကြားမှ တိတ်တဆိတ် နားလည်မှုတစ်ခုဖြစ်
သည်။ ကျီယွဲ့က သူ၏အတွေးအများကို လျှို့
ဝှက်ပြီး ခပ်ဖွဖွ ပြုံးလိုက်သည်။
"အားမုံ့က ငါအရှင်ရဲ့ အကောင်းဆုံးအဖော်ပဲ..
ဒါပေမဲ့ သူက အခုမှ မင်းနဲ့ ပထမဆုံးတွေ့ဖူးတာဆိုတော့ မရင်းနှီးသေးလို့ ရိုင်းမိတာဖြစ်ပါလိမ့်မယ်..မင်းတို့ချင်း မကြာခဏတွေ့ပြီး ပိုရင်းနှီးလာတဲ့အချိန်ကျရင် အရာအားလုံး အသားကျသွားမှာပါ"
အားမုန့်: အမယ်လေး!!!
မလုပ်ပါနဲ့ မလုပ်ပါနဲ့..သူနဲ့တော့ မရင်းနှီးပါရ
စေနဲ့ သခင်ရယ်...
"ဒါပေမဲ့ ကျွန်တော်မျိုးက ခွေးကြောက်တော့..."
"ကိုယ်ဒီမှာရှိသရွေ့ သူ မင်းကို အန္တရာယ်မပြု
စေရဘူး"
ဝေ့လျန် ဆက်ပြောမည့်စကားများမှာ ရုတ်ချည်း
ပျောက်ရှသွားလေတော့သည်။
"နောက်မှ ရင်းနှီးတာထက် အခုထဲက အချင်းချင်းသိသွားတာ ပိုကောင်းပါတယ်"
"ဒီနေ့ပဲ မင်းတို့ချင်း ပိုရင်းနှီးသွားအောင် ကြိုးစားကြည့်ပါလား"
*****
အချိန်လေးပုံတစ်ပုံခန့်အကြာတွင်...။
အားမုံ့နှင့် ဝေလျန်တို့၏ အကြည့်တိုက်ပွဲကြီးဟာ
အခြေအနေတင်းမာလျက်ရှိသည်။
အတိအကျဆိုရသော် အားမုံ့က ခေါင်းလောင်းပမာ ပြူးကျယ်နေသော မျက်လုံးများဖြင့် ဝေ့
လျန်ကို ဝါးစားလုမတတ် စူးစူးရဲရဲ စိုက်ကြည့်
နေခြင်းဖြစ်သည်။ ကျီယွဲ့ကမူ ဘာတစ်ခွန်းမှ ဝင်မပြောဘဲ အိန္ဒြေရှိရှိထိုင်ကာ ပွဲကြည့်ပရိတ်သတ်လုပ်နေသည်။ ဝေ့လျန်က ကျီယွဲ့ကို ကျောပေးထားသည့်အတွက် ဝေ့လျန်၏ အမူအရာကို ကောင်းစွာမမြင်ရချေ။ တစ်ဖက်တွင်မူ အားမုံ့နှင့် မျက်နှာချင်းဆိုင်ထားသော ဝေ့လျန်က ခပ်မဲ့မဲ့
ပြုံးရင်း အားမုံ့ကို သနားသော အကြည့်မျိုးဖြင့်
ကြည့်နေသည်။
အိုင်းယား ငါနဲ့တွေ့မှ မင်းရဲ့ဘဝလေး ပိုခက်ခဲသွားရတာကိုတော့ စိတ်မကောင်းပါဘူး..ကျွတ်
ကျွတ် သနားစရာကောင်းလိုက်တာနော်~
အားမုံ့သည် ဝေ့လျန်၏ အကြည့်ကြောင့် ဒေါသူပုန်ထပြီး ကျယ်လောင်စွာ ဟိန်းလောက်လိုက်ချင်သော်လည်း ပွဲကြည့်ပရိတ်သတ်လုပ်နေသော သခင်ဖြစ်သူကို ထောက်ထားပြီး တစ်ချက်သာ အီလိုက်သည်။
ဟေ့ကောင် ငါ့ကို အဲ့ဒီလိုအကြည့်မျိုးနဲ့ လာမ
ကြည့်နဲ့..ငါ့မှာလည်း ဂုဏ်သိက္ခာရှိတယ်ကွ ဘာ
မှလာသနားနေစရာမလိုဘူး!
ဝေ့လျန်က လှောင်ရိပ်စွက်သော အကြည့်မျိုးဖြင့်
အားမုံ့ကို ခနဲ့လိုက်သည်။
ဘယ်သက်တော်စောင့်ခွေးရဲ့ နာမည်က အားမုံ့
လို့ရှိလို့လဲ..ဂုဏ်သိက္ခာအကြောင်းတော့ ထည့်ပြောမနေပါနဲ့တော့လေ
အားမုံ့: "...."
အားမုံ့က ဝေ့လျန်ကို ကိုက်သတ်ပစ်ချင်သည့် အကြည့်မျိုးဖြင့် စူးစူးဝါးဝါး စိုက်ကြည့်နေပြီး ဝေ့လျန်ကလည်း အားမုံ့ဟူသော သခင်ပါးဝနေသည့် ခွေးဆိုးကြီးကို မှတ်လောက်သားလောက်အောင် ပညာပေးချင်နေသည်။ အစောပိုင်းတုန်းက သူသာ လျင်မြန်စွာ မတုံ့ပြန်နိုင်ခဲ့ပါက အားမုံ့ကြောင့် အသက်ပျောက်သွားနိုင်သည်မဟုတ်လား။
မင်းကို ဒေါသမထွက်ဘူးလားထင်နေလား!
ဤသို့ဖြင့် လူတစ်ယောက်နှင့် ခွေးတစ်ကောင်သည် အချင်းချင်းသွေးဆာနေသော အကြည့်များဖြင့် မမှိတ်မသုန်စိုက်ကြည့်နေလျက်ရှိသည်။ သို့သော် အများအမြင်တွင် ဝေ့လျန်ဟာ ယဥ်ကျေးသိမ်မွေ့စွာ ပြုမူလျက်ရှိပြီး သက်တော်
စောင့်ခွေးကြီးအားမုံ့ကမူ လိမ္မာရေးခြားရှိစွာ ပြုမူနေ၏။ ဝေ့လျန်နှင့် အားမုံ့တို့၏ လိုက်ရော
ညီထွေရှိလှသော မြင်ကွင်းက လူတိုင်းကို အံ့သြဘနန်းဖြစ်စေခဲ့သည်။
ကျီယွဲ့လည်း ဝေ့လျန်နှင့် အားမုံ့တို့ကိုကြည့်ပြီး
အကျေနပ်ကြီးကျေနပ်နေတော့သည်။
အချိန်လေးပုံသုံးပုံခန့်အကြာတွင် ယန်ရှို့လှောင်ယအိမ်မှ နန်းတော်သို့ ပြန်လာခဲ့ကြသည်။ အ
များအားဖြင့် ကျီယွဲ့သည် အရုဏ်မတက်ခင်တွင်အိပ်ရာထပြီး အချိန်နှစ်နာရီခန့် တော်ဝင်ရုံးတော်တက်ရသည်။ တော်ဝင်ရုံးတော်မှ ပြန်ရောက်လာချိန်တွင်မူ ဝေ့လျန်နှင့်အတူ နံနက်စာစားလေ့ရှိသည်။
အဆောင်တော်သို့ ပြန်ရောက်လာသည်နှင့် ဝေ့လျန်တစ်ယောက် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး လမ်းလျှောက်နေခြင်းကို ရပ်လိုက်သည်။ ကျီယွဲ့က ချက်ချင်း သတိထားမိပြီး ပြန်လှည့်ကြည့်သည်။
"ဘာဖြစ်လို့လဲ"
ဝေ့လျန်ကား ခေါင်းခါပြလျက် နေမကောင်းချင်ဟန်ဆောင်လိုက်သည်။
"ဘာမှမဖြစ်ပါဘူး..ကျွန်တော်မျိုး ဒီနေ့အပြင်မှာနေတာအချိန်ကြာသွားလို့ထင်ပါတယ်"
သူ၏ နိစ္စဓူဝတာဝန်အတိုင်း နာမကျန်းသော သခင်လေးအဖြစ် မမေ့မလျော့ ဟန်ဆောင်ရသေးသည်။
ကျီယွဲ့က အသာတကြည် ခေါင်းညိတ်ပြသည်။
"အင်း ဟုတ်ပြီ..အရင်သွားနားနှင့်တော့"
ဝေ့လျန်လည်း တရိုတသေ ဦးညွှတ်အရိုအသေပေးလိုက်သည်။ မူလက သူ ကျီယွဲ့ကို ' ကျွန်
တော်မျိုးကို အပြင်ခေါ်ထုတ်သွားတဲ့ အစေခံမိန်းကလေးပြန်မရောက်သေးပါဘူး..သူ ကျွန်တော့်ကို လိုက်ရှာနေတုန်းပဲထင်တယ်'ဟု ပြောချင်ခဲ့သော်လည်း ထိုစကားလုံးများကို စိတ်ထဲတွင်သာ သိမ်းဆည်းခဲ့သည်။ သူသာ ကျီယွဲ့ကို အမှန်အတိုင်း ပြောပြလိုက်ပါက ထိုအစေခံမိန်းယကလေး ချက်ချင်း သေဒဏ်ချမှတ်ခံရမည်မှာ
အသေအချာပင်။
အဘယ်ကြောင့်ဆိုသော် ချင်ဧကရာဇ်သည် အလွန်ထက်မြတ်သူဖြစ်သည့်အတွက် ဝေ့လျန် အရိပ်အမြွက်ပေးရုံဖြင့်ပင် ဖြစ်စဥ်တစ်ခုလုံးကို အတိအကျ မှန်းဆနိုင်လိမ့်မည်။ ဝေ့လျန်သည် ချင်နန်းတော်နှင့် ရင်းနှီးကျွမ်းဝင်သူမဟုတ်သည့်အတွက် ဘယ်နေရာတွင် ဘာရှိသည်ကို လုံးဝမသိချေ။ မည်သို့ပင်ဖြစ်စေ ချင်နန်းတော်တွင် တာဝန်ထမ်းဆောင်နေသော အစေခံကမူ နေရာတိုင်းကို ဂဃနဏသိကျွမ်းသင့်သည်မဟုတ်ပါ
လား။ သို့ဆိုလျှင် ဝေ့လျန်ကို အဘယ်ကြောင့် ယန်ရှို့လှောင်အိမ်ရှိသည့် လမ်းမှ ခေါ်ဆောင်သွားရကြောင်းကို လွယ်ကူစွာ မှန်းဆနိုင်ပေလိမ့်မည်။
ဝေ့လျန်သည် အမြဲတစေ သတိကပ်ထားတတ်သူဖြစ်သည့်အတွက် လူမဆိုထားနှင့် ခွေးဆိုလျှင်တောင်မှ သူ့ကို သတ်ချင်နေပါက ချက်ချင်း သတိထားမိသည်။ ယခင်တုန်းက သူ့ကို အရှက်
တကွဲအကျိုးနည်းဖြစ်စေပြီး အန္တရာယ်ပေးရန် ကြိုးစားသူတိုင်းကို သွေးအေးစွာ ရက်ရက်
စက်စက် သတ်ပစ်ခဲ့သည်။ ကျူးယွဲ့ဟူသော အစေခံမိန်းကလေးသည်လည်း ကိုယ့်အဆင့်
ကိုယ်မသိဘဲနှင့် သူ့ကို သတ်ပစ်ရန် ကြိုးစားခဲ့
သည့်အတွက် အလွတ်ပေးမည့်စိတ်ကူးမရှိချေ။
လူဆိုလျှင် ကိုယ်ပြုခဲ့သောအမှုအတွက် ကျိန်း
သေပေါက် တန်ရာတန်ကြေး ပြန်ပေးဆပ်ရလိမ့်မည်။
မည်သို့ပင်ဖြစ်စေ သူ့ကြောင့်နှင့်တော့ ကျူးယွဲ့ကို
မသေစေချင်ပေ။ သူသည် လူကောင်းတစ်ယောက်မဟုတ်သော်လည်း လူကောင်းတစ်ယောက်ဖြစ်ရန် ကြိုးစားနေသူဖြစ်သည်။ အက
ယ်၍များ သူ၏စကားတစ်ခွန်းကြောင့် လူအသ
က်တစ်ချောင်းဆုံးရှုံးသွားရသည်ဆိုလျှင် ညစဥ်ညတိုင်း အိပ်မက်ဆိုးမက်ပြီး မည်မျှကြာအောင် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်နေမိမည်မသိချေ။
အလုပ်ရှုပ်တယ်..တကယ်ကို အလုပ်ရှုပ်တာ
ကျူးယွဲ့ကိစ္စကို သူကိုယ်တိုင် ဖြေရှင်းရမည်မှာ ပျင်းစရာကောင်းလွန်းသည်။ ကျူးယွဲ့ပင်လျှင်
သူ့ကို သတ်ရန် အားမုံ့ကို အသုံးချခဲ့သည်မဟုတ်ပါလား။ သူ့တွင်လည်း ကိုယ်တိုင်ဝင်ပါစရာမလိုဘဲ ကျူးယွဲ့ကို ရှင်းထုတ်နိုင်သည့် နည်းလမ်းများစွာရှိသည်။
ကျူးယွဲ့ကို ရှင်းထုတ်ပစ်ရန်မှာ သူအသုံးပြုလိုသော နည်းလမ်းတစ်ခုသာလိုအပ်သည်။
*****
တစ်ဖက်တွင်မူ ကျူးယွဲ့သည် ဗိုက်နာချင်ဟန်ဆောင်ကာ ဝေ့လျန်ကို တစ်ယောက်တည်းပစ်ထားခဲ့ပြီးနောက် ရေအိမ်မသွားဘဲ အစေခံတန်းလျားသို့ တန်းတန်းမတ်မတ် ပြန်လာခဲ့သ
ည်။
ကျူးချွေ့ကမူ တန်းလျားတွင် ချည်ထိုးနေဆဲဖြစ်သည်။ အခြားအစေခံများလည်း အလုပ်ပါးချိန်ဖြစ်သည့်အတွက် အေးအေးလူလူ အနား
ယူနေကြသည်။ ကျူးချွေ့ ချည်ထိုးနေရင်းဖြင့် ကျူးယွဲ့အတွက် ရတက်မအေးဖြစ်နေရသည်။ နံနက်တုန်းက ကျူးယွဲ့တစ်ယောက် လျန်သခင်လေးကို မကျေမချမ်း ကျိန်ဆဲသွားပြီး တစ်နေ့လုံးပျောက်နေသည်လေ။
ကျူးချွေ့နှင့် ကျူးယွဲ့တို့၏ ဆက်ဆံရေးဟာ အလွန်ရင်းနှီးမှုမရှိသော်လည်း အစေခံတန်းလျားတွင် အခန်းဖော်များဖြစ်ကြသည်။ ကျူးယွဲ့သည် အမြဲလိုလို ရည်ရွယ်ချက်ကြီးကြီးထားပြီး အမြင့်ကို မျှော်ငေးကြည့်နေတတ်သူဖြစ်သော်လည်း ကျူးချွေ့ကမူ ကိုယ်ရထားသော ဘဝလေးကို တင်းတိမ်စွာ နေထိုင်တတ်သူဖြစ်သည်။ ကျူး
ယွဲ့နှင့် အပြန်အလှန် ငြင်းခုန်လိုစိတ်မရှိသည့်အတွက် ခပ်တန်းတန်းသာနေဖြစ်ခဲ့သည်။
ကျူးချွေ့ ဟိုတွေးသည်တွေးလုပ်ရင်း ချည်ဆက်ထိုးနေချိန်တွင် ကျူးယွဲ့ပြန်ရောက်လာသည်။
"ဘာဖြစ်လာတာလဲ"
ကျူးယွဲ့ကိုကြည့်ပြီး ကျူးချွေ့လန့်သွားရသည်။
"မျက်နှာတစ်ခုလုံးဖြူဖျော့နေတာပဲ..နင် ဘယ်တွေလျှောက်သွားထားတာလဲ"
ကျူးယွဲ့က ကျူးချွေ့ကို လျစ်လျူရှုပြီး အရူးတစ်ယောက်ကဲ့သို့ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ကုတင်ပေါ်တက်ထိုင်နေသည်။
ဤသည်မှာ သူမဘဝတွင် ပထမဆုံးအကြိမ်အဖြစ်လူသတ်ဖူးခြင်းဖြစ်သည်။ သို့သော် သူမ လုံးဝနောင်တမရပေ။ ဝေ့လျန်သာ အမှန်တကယ် သေဆုံးသွားပါက သူမ အားပါးတရ ရယ်မောမိအုံးမည်သာ။
ကျူးချွေ့က ကျူးယွဲ့မူမမှန်ဖြစ်နေကြောင်း သတိပြုမိသွားသည်။
"ကျုးယွဲ့ ငါ့ကိုပြန်ဖြေစမ်း...နင်ဘာလုပ်ခဲ့တာ
လဲလို့"
ကျူးယွဲ့က တစ်ကိုယ်လုံး တုန်သွားပြီး ဒေါသတကြီးထအော်သည်။
"ဘာတွေလာမေးနေတာလဲ..ညီမက ဘာလုပ်
ရမှာလဲ"
ကျူးချွေ့က ကျူးယွဲ့ကို သိပ်မယုံသော်လည်း သူမ အတွေးလွန်နေခြင်းဖြစ်သည်ဟုသာ ကော
က်ချက်ချလိုက်သည်။
"ကျဲက စိတ်ပူလို့မေးတာပါ..နင့်ကိုကြည့်ရတာ နေမကောင်းဖြစ်နေပုံပဲ..ဒီနေ့တာဝန်ကျတဲ့သူက ကျဲဆိုတော့ နင် ဒီမှာပဲ သက်တောင့်သက်သာ နားနေလိုက်..ယန်ရှင်းအဆောင်တော်ကို ကျဲပဲသွားလိုက်မယ်"
ကျူးချွေ့၏ အသံက ကျူးယွဲ့နားထဲသို့ ရောက်တစ်ချက်မရောက်တစ်ချက်ပင်။ သူမ ဝေ့လျန်သေဆုံးသည့်သတင်းကို မျှော်နေမိသော်လည်း နောက်ဆက်တွဲ ဘာဆက်ဖြစ်လာမည်ကို ရတက်မအေးဖြစ်နေမိသည်။
မဟုတ်ဘူး ဘာမှဖြစ်မှာမဟုတ်ဘူး..သူလည်းသေပြီ ဘာသက်သေမှလည်း မကျန်ဘူးဆိုရင်
ငါလုပ်တယ်လို့ ဘယ်သူမှ သံသယဝင်မှာမဟုတ်ဘူး..အားလုံးအဆင်ပြေသွားမှာပါ..အဆင်ပြေသွားမှာပါ
ကျူးယွဲ့ ကိုယ့်ကိုယ်ကိုယ်သာ စိတ်ဖြေပြီး ကြိုးစားနှစ်သိမ့်နေလိုက်သည်။ ကျူးချွေ့က သူမကို ကြည့်ပြီး ခေါင်းတခါခါနှင့် ထွက်သွားလေတော့သည်။
*****
ချင်ဧကရာဇ်တွင် နေ့စဥ်ဆောင်ရွက်ရမည့် တာဝန်များစွာရှိသည့်အတွက် နံနက်စာစားပြီး
သည်နှင့် ထိုကိစ္စများကို ဆွေးနွှေးရန် အတိုင်ပင်
ခံအမတ်ကြီးများကို ဆင့်ခေါ်ခဲ့သည်။ ဝေ့လျန်ကိုမူ ယန်ရှင်းအဆောင်တော်တွင်သာ အနားယူခိုင်းခဲ့သည်။
အခြားသော အစေခံများ စားပွဲဝိုင်းကို သန့်ရှင်းရေးလုပ်နေကြချိန်တွင် ကျူးချွေ့က ငြိမ်သက်စွာ အနားယူနေသော ဝေ့လျန်အနားသို့ တစ်လှမ်းချင်းတိုးပြီး အသံတိုးတိုးဖြင့် ခေါ်လိုက်သည်။
"လျန်သခင်လေးကို ကျွန်မ သတိပေးစရာလေးရှိ
လို့ပါ"
သူမ ကျူးယွဲ့အကြောင်းကို အပြန်ပြန်အလှန်လှန်
စဥ်းစားကြည့်ခဲ့သော်လည်း မူမမှန်ဖြစ်နေသည်ဟု ခံစားရသည့်အတွက် ဝေ့လျန်ကို ပြောပြရန် ဆုံးဖြတ်ခဲ့သည်။ ဝေ့လျန်က အခြားအစေခံများထွက်သွားမှ ကျူးချွေ့ကို တုံ့ပြန်ခဲ့သည်။
"အင်း ပြောပါ"
"သခင်လေးကို အသိပေးချင်တာက..."
အခန်းထဲတွင် အခြားအစေခံများမရှိတော့မှ ကျူးချွေ့ကလည်း ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သည်။
"ကျေးဇူးပြုပြီး ကျူးယွဲ့ကို သတိထားပါ"
ဝေ့လျန်က အမူအရာပြောင်းလဲသွားခြင်းမရှိဘဲ သည်အတိုင်း ငြိမ်ငြိမ်လေး ဆက်ထိုင်နေသည်။ ကျူးချွေ့က ဝေ့လျန်တစ်ယောက် ကျူးယွဲ့ကို
မမှတ်မိခြင်းဖြစ်မည်ဟု ထင်မှတ်သွားသည်။ ယန်ရှင်းအဆောင်တော်တွင် အမှုထမ်းနေသော အစေခံများစွာရှိသည့်အတွက် တစ်ဦးချင်းစီ၏ အမည်ကို အလွယ်တကူ မမှတ်မိနိုင်ချေ။ အရှင်ဧကရာဇ်သည်လည်း အင်ပါယာအရေးနှင့် ပတ်သတ်သမျှကို တစ်ခုတစ်လေမျှ မမေ့ဖူးသော်
လည်း အစေခံများနှင့် ပတ်သတ်လျှင်တော့ လီ
ဖုချွမ်တစ်ဦးတည်းကိုသာ မှတ်မိသည်။
ယခုမူ နန်းတော်ထဲတွင် အရှင်ဧကရာဇ် မှတ်မိသူဆိုလျှင် လီဖုချွမ်အပြင် လျန်သခင်လေးလည်းရှိနေပြီဖြစ်သည်။
ကျုးချွေ့သည် ကျူးယွဲ့တစ်ယောက် အရှင်ဧကရာဇ်ကို မည်မျှလိုချင်တပ်မက်ပုံ၊ မည်မျှအကြံကြီးပုံနှင့် အထူးသဖြင့် ဝေ့လျန်ကို မည်မျှမုန်းတီးပြီး မကောင်းကြံရန် ကြိုးစားနေသည်များကို အမှန်အတိုင်းပြောပြခဲ့သည်။ သူမသည် ကျူးယွဲ့အပေါ် သံယောဇဥ်မရှိသော်လည်း ကျော
က်စိမ်းကဲ့သို့ အေးချမ်းသိမ်မွေ့ပြီး ကိုယ်ကျင့်သိ
က္ခာဖြောင့်မတ်သော လျန်သခင်လေးအပေါ် ကိုယ်ချင်းစာစိတ်အပြည့်နှင့် သနားကြင်နာမိ
သည့်အတွက် သူမ သိထားသမျှကို မဖုံးမကွယ်ဘဲ ပြောပြခဲ့သည်။
ကျူးချွေ့၏ စကားကို နားထောင်ပြီးနောက် ဖြစ်
ကြောင်းကုန်စင်ကို ဝေ့လျန် ကောင်းစွာ နားလည်သဘောပေါက်သွားသည်။
"ဒီလိုဖြစ်နေတာကိုး"
ချင်ဧကရာဇ်ကို တိတ်တခိုး သဘောကျနေသည့်
အစေခံမလေးက သူ့ကို သတ်ပစ်ရန် ကြိုးစားခဲ့
သည်တဲ့လေ။
"အဲ့တာကြောင့် သခင်လေး သူ့ကို သတိထားပါ..ဒီရက်ပိုင်း ကျွန်မစိတ်ထဲမှာ ကျူးယွဲ့ကို
မသကာ်ဖြစ်နေမိတယ်"
ဟိုက သတ်ဖို့တောင် ကြိုးစားပြီးသွားပြီ..
ဝေ့လျန် အနည်းအကျဥ်းသာ တုံ့ပြန်လိုက်သည်။
"နားလည်ပါပြီ..အခုလို သတိပေးတဲ့အတွက်
မင်းကို ကျေးဇူးတင်ပါတယ်"
ကျူးယွဲ့က ခေါင်းငုံ့အရိုအသေပေးသည်။
"လျန်သခင်လေးကို ဂရုစိုက်ရမှာက ကျွန်မတို့လို
အစေခံတွေရဲ့ တာဝန်ပါပဲ"
ကျူးယွဲ့ကို ကြည့်ပြီး ဝေ့လျန် ခပ်ဖွဖွပြုံးလိုက်သည်။
ကြည့်ရတာတော့ ငါလည်း ပန်းတစ်ပွင့်ကို ဆွဲဆောင်နေမိပြီထင်တယ်
ကျူးချွေ့ မင်း ဘာဖြစ်လို့ လူတစ်ယောက်ကို
ဒီလောက်လွယ်လွယ်လေး ချစ်မိသွားတာလဲ
ဝေ့လျန် ကျူးချွေ့ကို အရောတဝင် ဆက်ဆံခဲ့ခြင်းဟာ ချင်ဧကရာဇ်နှင့်ပတ်သတ်သည့် သဲလွန်
စများကို ရှာဖွေလိုခြင်းကြောင့်ဖြစ်သည်။ သူသည် အစမှ အဆုံးအထိ ဝတ်ရုံလက်ဖြတ်တစ်ဦးသာဖြစ်ပြီး မိန်းကလေးတစ်ယောက်၏ ခံစားချ
က်ကို ဘယ်သောအခါမှ တုံ့ပြန်မည့် ယောကျာ်းမျိုးမဟုတ်ပေ။ ဤပုံစံအတိုင်းဆိုလျှင် ကျူးချွေ့ကို ဆက်အသုံးချနေ၍မဖြစ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည်လည်း ကျီယွဲ့ကဲ့သို့ပင် အလုပ်ကို အလုပ်နှင့်တူအောင် လုပ်တတ်သူဖြစ်ပြီး မလိုအပ်သော ခံစားချက်များ ရှုပ်ထွေးလာခြင်းကို သဘောမကျချေ။
*****
ကျူးချွေ့ကား အစေခံတန်းလျားသို့ ပြန်ရောက်
လာချိန်အထိ တောက်ပစွာ ပြုံးနေဆဲဖြစ်သည်။ သူမနှင့် ဝေ့လျန်တို့နှစ်ဦးတည်း သီးသန့်စကား
ပြောခဲ့ရခြင်းကို အဘယ်မှာ မပျော်ဘဲနေနိုင်ပါအံ့။
သူမသည် ဝေ့လျန်ကို မြင်မြင်ချင်းကတည်းက ရိုသေလေးစားခဲ့သူဖြစ်ပြီး ဝေ့လျန်နှင့်တွေ့တိုင်း အချစ်ဟူသော ခံစားချက်ကပါ တဖြည်းဖြည်း ပေါက်ဖွားလာခဲ့သည်။ ကျူးချွေ့၏ ပျော်ရွှင်ကြည်နူးနေသောမျက်နှာသည် မှိုင်တွေနေသော ကျူးယွဲ့နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ နောက်
ဆုံးတွင် ကျူးယွဲ့က ပေကပ်ကပ်ကြည့်ပြီး လှမ်းမေးသည်။
"ကျဲဘာတွေပျော်နေတာလဲ"
ထိုအချိန်မှသာ ကျုးချွေ့က မျက်နှာပိုးသတ်ပြီး
အခြားတစ်ခုသို့ အာရုံလွှဲလိုက်သည်။
"ဘာမှမဟုတ်ပါဘူး လျန်သခင်က မနက်စာစားပြီးတော့ ကျဲနဲ့ စကားပြော...အို !"
ကျူးချွေ့က အလျင်အမြန် ပါးစပ်ပိတ်လိုက်သည်။
သို့သော် ကျုးချွေ့၏ စကားကြောင့် ကျုးယွဲ့မှာ တစ်ကိုယ်လုံး ရေခဲရိုက်ထားသကဲ့သို့ တောင့်တင်းသွားရလေသည်။
ဝေ့လျန်မသေသေးဘူးလား!
.......
စာရေးသူမှာပြောစရာရှိပါတယ်
ဝေ့လျန်( ခပ်ဖွဖွလေးပြုံးလျက်) : အင်း ငါတော့မသေဘူး သေမယ့်လူက မင်းပဲ~
..................................×××................................
(အားမုံ႕)
-အရွင္ဧကရာဇ္ကိုသာလွ်င္ အႂကြင္းမဲ့
ယုံၾကည္ပါတယ္-
"အားမုံ႕ ေဝ့လ်န္ကို ႏႈတ္ဆက္လိုက္"
က်ီယြဲ႕က အားမုံ႕ကို ေဝ့လ်န္ႏွင့္ ရင္းႏွီးေစခ်င္ပုံ
ရသည္။
အားမုံ႕သည္ အလြန္ဥာဏ္ေကာင္းေသာ သက္ေတာ္
ေစာင့္ေခြးျဖစ္သည့္အေလွ်ာက္ သခင္တစ္ဦးတည္း
ကိုသာ သစၥာရွိၿပီး သူစိမ္းမ်ားအေပၚ ၾကမ္းတမ္းစြာ ျပဳမူတတ္သည္။ မည္သို႔ပင္ျဖစ္ေစ က်ီယြဲ႕ကိုယ္
တိုင္ အမိန့္ေပးသေ႐ြ႕ သူ႕အေနႏွင့္ ေဝ့လ်န္ကို အႏၱရာ
ယ္ျပဳဝံ့ေတာ့မည္မဟုတ္ေပ။ ဤသည္မွာ ေဝ့လ်န္ကို
သေဘာက်ျခင္းေၾကာင့္မဟုတ္ဘဲ သခင္ျဖစ္သူ၏
အမိန့္ကို တသေဝမတိမ္း နာခံျခင္းသာျဖစ္သည္။
က်ီယြဲ႕၏ အမိန့္သည္ ေဝ့လ်န္ကို ေသျခင္းတရား
(အားမုံ႕)ထံမွ လြတ္ေျမာက္ခြင့္ေပးလိုက္သည့္ ေ႐ႊတံ
ဆိပ္ႏွင့္ ဆင္တူသည္။ အားမုံ႕သည္ က်ီယြဲ႕၏ အမိန့္
ကို အၿမဲတေစ နာခံခဲ့ေသာ္လည္း ယေန႕တြင္မူ ကလန္
ကဆန္လုပ္လ်က္ရွိသည္။
(သခင္ ဒီလူသားေကာင္းဆီကေန လွည့္စားမခံပါနဲ႕..
ေက်းဇူးျပဳၿပီး သူ႕သ႐ုပ္မွန္ကို ျမင္ေအာင္ၾကည့္ပါ)
အားမုံ႕သည္ ေဝ့လ်န္ကို မႏႈတ္ဆက္႐ုံသာမက သခင္
အားကိုးျဖင့္ အစြယ္တၿဖီးၿဖီးထုတ္လ်က္ က်ယ္ေလာင္
စြာ ဟိန္းေဟာက္ၿပီး ေဝ့လ်န္ကို အခ်ိန္မေ႐ြး ခုန္အုပ္
ေတာ့မေယာင္ ေခါင္းေမာ့ရင္ေကာ့ထားသည္။
ေဝ့လ်န္က မ်က္ႏွာကို လက္ျဖင့္ အုပ္ၿပီး က်ီယြဲ႕၏
ရင္ခြင္ထဲသို႔ ပိုတိုးဝင္ကာ ေၾကာက္႐ြံ႕ေနေသာ အသံ
ျဖင့္ ညည္းတြားလိုက္သည္။
"အရွင္ဧကရာဇ္..."
က်ီယြဲ႕က ေဝ့လ်န္ကို တင္းက်ပ္စြာ ျပန္ေပြ႕ဖက္ထား
ရင္း အားမုံ႕ကို သုန္မႈန္ေနေသာ မ်က္ႏွာျဖင့္ ဆူႀကိမ္း
ေမာင္းေလသည္။
"အားမုံ႕ မင္းဝပ္စမ္း..မရိုင္းနဲ႕"
အားမုံ႕: "....."
အားမုံ႕ခမ်ာမွာ သခင္အမိန့္ေၾကာင့္ ေျမျပင္ေပၚတြင္ ၿငိမ္ၿငိမ္ကုပ္ကုပ္ေလး ဝပ္ေနရင္း ေဝ့လ်န္ကို မ်က္ေထာင့္နီႀကီးျဖင့္ မေက်မခ်မ္း စိုက္ၾကည့္ေနသည္။
ေဝ့လ်န္ကား အားမုံ႕ကို တစ္ခ်က္မ်က္ခုံးပင့္ျပၿပီးေနာ
က္ က်ီယြဲ႕၏ ရင္ခြင္ထဲသို႔ ျပန္လွည့္သြားေလသည္။
(လုပ္ပါလူသားေကာင္..မင္းဟန္ေဆာင္လို႔ရသေလာက္
ဟန္ေဆာင္ထားအုံးေပါ့ကြာ)
ေဝ့လ်န္၏ ဟန္ေဆာင္မႈဟာ ေျပျပစ္လြန္း၍ ဤအျဖစ္
အပ်က္ကို မ်က္ဝါးထင္ထင္ျမင္ခဲ့ရေသာ ေတာ္ဝင္အ
မႈထမ္းမ်ားပင္လွ်င္ 'လ်န္သခင္ေလးက တကယ္ေခြး
ေၾကာက္တာပဲ'ဟု ယုံစားသြားၾကသည္။ အားမုံ႕သာလွ်
င္ သူႏွင့္ ေဝ့လ်န္တို႔ၾကားက အျဖစ္အပ်က္ကို ေကာင္း
စြာ သိရွိခဲ့သူျဖစ္ေသာ္လည္း စကားမေျပာနိုင္သည့္အ
တြက္ တဝုတ္ဝုတ္ေအာ္ရင္း သခင္ျဖစ္သူကို သဲလြန္စ
ေပးရန္ ႀကိဳးစားေနရွာသည္။ ကံဆိုးစြာျဖင့္ အၿမဲတေစ
သူႏွင့္ အခ်ိတ္အဆက္မိၿပီး လ်င္ျမန္စြာ ထိုးထြင္းရိပ္
စားမိတတ္ေသာ သခင္ျဖစ္သူ၏ ဦးႏွောက္ဟာ ဤ
ယေန႕တြင္ေတာ့ လုံးဝခြၽတ္ယြင္းသြားပုံရသည္။
"မင္းလည္း ေၾကာက္တတ္တဲ့အခ်ိန္ေတာ့ရွိသားပဲ"
က်ီယြဲ႕သည္ ေဝ့လ်န္ေရွ႕တြင္ အႀကိမ္ေပါင္းမ်ားစြာ
အရွက္တကြဲအက်ိဳးနည္းျဖစ္ၿပီး အေလွ်ာ့ေပးခဲ့ရျခင္း
ကို ယခုအထိ အခဲမေက်နိဳင္ေသးေပ။ ေနာက္ဆုံးတြင္
ေဝ့လ်န္ေၾကာက္သည့္အရာကို သူရွာေတြ႕သြားသည္
ႏွင့္တစ္ၿပိဳက္နက္ အခြင့္အေရးကို မိမိရရ အသုံးခ်ၿပီး
စကားနာထိုးလိုက္သည္။
"ငါအရွင္က မင္းကို လုံးဝအေၾကာက္အလန့္မရွိဘူး
လို႔ေတာင္ ထင္ေနတာ..မင္းက ငါ့ကိုက်ေတာ့ တစ္စက္
ေလးမွ မေၾကာက္ဘူး..အားမုံ႕ကိုက်ေတာ့ ေၾကာက္တ
ယ္ဟုတ္လား"
ေဝ့လ်န္က က်ီယြဲ႕ကို မ်က္လုံးလွန္ၾကည့္ၿပီး အတန္
ငယ္ၾကာ ၿငိမ္သက္ေနၿပီးမွ ခပ္တိုးတိုးျပန္ေျဖသည္။
"ကြၽန္ေတာ္မ်ိဳးက အရွင္ဧကရာဇ္တစ္ေယာက္တည္း
ကိုသာ အႂကြင္းမဲ့ယုံပါတယ္..အရွင္ဧကရာဇ္က ကြၽန္
ေတာ္မ်ိဳးကို နာက်င္ေအာင္လုပ္မွာမဟုတ္ဘူး..ဒါေပမဲ့
တျခားသူစိမ္းေတြနဲ႕ သတၱဝါေတြကိုေတာ့ လုံးဝမယုံရဲ
ပါဘူး"
(ကြၽန္ေတာ္မ်ိဳးက အရွင္ဧကရာဇ္တစ္ေယာက္တည္း
ကိုသာ အႂကြင္းမဲ့ယုံပါတယ္)
မည္သူမဆို တစ္စုံတစ္ဦးထံမွ အႂကြင္းမဲ့ယုံပါသည္ဟူေသာ စကားမ်ိဳးကိုသာ ၾကားရပါက တစ္မ်ိဳးတစ္
မည္ စိတ္လႈပ္ရွားသြားၾကမည္ျဖစ္ေသာ္လည္း က်ီ
ယြဲ႕ကမူ အၿမဲအသိသတိရွိေသာ သံသယမ်က္လုံးမ်ားျဖင့္သာ ၾကည့္တတ္သူျဖစ္သည့္အတြက္ ေဝ့လ်န္၏ စကားကို လုံးဝမယုံေပ။
(ဒီကမၻာေပၚမွာ အလိမ္အညာေတြအမ်ားသားပဲကို..ငါအရွင္က ဘာျဖစ္လို႔ နားနဲ႕ၾကားတိုင္းယုံေပးရမွာလဲ)
ေဝ့လ်န္၏ အသက္ႏွင့္ ခႏၶာသည္ သူ႕လက္ထဲတြင္သာ
ရွိသည္။ နားဝင္ခ်ိဳေသာ စကားမ်ားဟာ နားၾကားေကာ
င္း႐ုံမွ်သာျဖစ္ၿပီး ယုံမိလွ်င္ေတာ့ ဘဝပ်က္သြားနိုင္မည္။ ဤသည္မွာ သူႏွင့္ ေဝ့လ်န္ၾကားမွ တိတ္တ
ဆိတ္ နားလည္မႈတစ္ခုျဖစ္သည္။ က်ီယြဲ႕က သူ၏
အေတြးအမ်ားကို လွ်ို႔ဝွက္ၿပီး ခပ္ဖြဖြ ၿပဳံးလိုက္သည္။
"အားမုံ႕က ငါအရွင္ရဲ႕ အေကာင္းဆုံးအေဖာ္ပါ..ဒါေပမဲ့
သူက အခုမွ မင္းနဲ႕ ပထမဆုံးေတြ႕ဖူးတာဆိုေတာ့ မရင္း
ႏွီးေသးလို႔ ရိုင္းမိတာျဖစ္ပါလိမ့္မယ္..မင္းတို႔ခ်င္း မ
ၾကာခဏေတြ႕ၿပီး ပိုရင္းႏွီးလာတဲ့အခ်ိန္က်ရင္ အရာ
အားလုံး အသားက်သြားပါလိမ့္မယ္"
အားမုန့္: "အမယ္ေလး!!!"
(မလုပ္ပါနဲ႕ မလုပ္ပါနဲ႕..သူနဲ႕ေတာ့ မရင္းႏွီးပါရေစနဲ႕
သခင္ရယ္)
"ဒါေပမဲ့ ကြၽန္ေတာ္မ်ိဳးက ေခြးေၾကာက္ေတာ့..."
"ကိုယ္ဒီမွာရွိသေ႐ြ႕ သူ မင္းကို အႏၱရာယ္မျပဳေစရ ဘူး"
ေဝ့လ်န္ ဆက္ေျပာမည့္စကားမ်ားမွာ ႐ုတ္ခ်ည္း
ေပ်ာက္ရွသြားေလေတာ့သည္။
"ေနာက္မွ ရင္းႏွီးတာထက္ အခုထဲက အခ်င္းခ်င္း
သိသြားတာပိုေကာင္းပါတယ္"
"ဒီေန႕ပဲ မင္းတို႔ခ်င္း ပိုရင္းႏွီးသြားေအာင္ ႀကိဳးစား
ၾကည့္ပါ"
*****
အခ်ိန္ေလးပုံတစ္ပုံခန့္အၾကာတြင္...။
အားမုံ႕ႏွင့္ ေဝလ်န္တို႔၏ အၾကည့္တိုက္ပြဲႀကီးဟာ
အေျခအေနတင္းမာလ်က္ရွိသည္။
အတိအက်ဆိဳရေသာ္ အားမုံ႕က ေခါင္းေလာင္းပမာ
ျပဴးက်ယ္ေနေသာ မ်က္လုံးမ်ားျဖင့္ ေဝ့လ်န္ကို ဝါး
စားလုမတတ္ စူးစူးရဲရဲ စိုက္ၾကည့္ေနျခင္းျဖစ္သည္။
က်ီယြဲ႕ကမူ ဘာတစ္ခြန္းမွ ဝင္မေျပာဘဲ အိႏၵျေရွိရွိ
ထိုင္ကာ ပြဲၾကည့္ပရိတ္သတ္လုပ္ေနသည္။ ေဝ့လ်န္
က က်ီယြဲ႕ကို ေက်ာေပးထားသည့္အတြက္ ေဝ့လ်န္
၏ အမူအရာကို ေကာင္းစြာမျမင္ရေခ်။ တစ္ဖက္တြင္
မူ အားမုံ႕ႏွင့္ မ်က္ႏွာခ်င္းဆိုင္ထားေသာ ေဝ့လ်န္သည္
ခပ္မဲ့မဲ့ၿပဳံးရင္း အားမုံ႕ကို သနားေသာ အၾကည့္မ်ိဳးျဖင့္
ၾကည့္ေနသည္။
(အိုင္းယား ငါနဲ႕ေတြ႕မွ မင္းရဲ႕ဘဝေလး ပိုခက္ခဲသြား
ရတာကိုေတာ့ စိတ္မေကာင္းပါဘူး..ကြၽတ္ကြၽတ္ သ
နားစရာေကာင္းလိုက္တာေနာ္)
အားမုံ႕သည္ ေဝ့လ်န္၏ အၾကည့္ေၾကာင့္ ေဒါသူပုန္
ထၿပီး က်ယ္ေလာင္စြာ ဟိန္းေလာက္လိုက္ခ်င္ေသာ္
လည္း ပြဲၾကည့္ပရိတ္သတ္လုပ္ေနေသာ သခင္ျဖစ္သူ
ကို ေထာက္ထားၿပီး တစ္ခ်က္သာ အီလိုက္သည္။
(ေဟ့ေကာင္ ငါ့ကို အဲ့ဒီလိုအၾကည့္မ်ိဳးနဲ႕ လာမၾကည့္နဲ႕..ငါ့မွာလည္း ဂုဏ္သိကၡာရွိတယ္ကြ..ဘာမွလာသနား
ေနစရာမလိုဘူး)
ေဝ့လ်န္က ေလွာင္ရိပ္စြက္ေသာ အၾကည့္မ်ိဳးျဖင့္
အားမုံ႕ကို ခနဲ႕လိုက္သည္။
(ဘယ္သက္ေတာ္ေစာင့္ေခြးရဲ႕ နာမည္က အားမုံ႕လို႔
ရွိလို႔လဲ..ဂုဏ္သိကၡာအေၾကာင္းေတာ့ ထည့္ေျပာမေန
ပါနဲ႕ေတာ့ေလ)
အားမုံ႕: "...."
အားမုံ႕က ေဝ့လ်န္ကို ကိုက္သတ္ပစ္ခ်င္သည့္ အၾကည့္
မ်ိဳးျဖင့္ စူးစူးဝါးဝါး စိုက္ၾကည့္ေနၿပီး ေဝ့လ်န္ကလ
ည္း အားမုံ႕ဟူေသာ သခင္ပါးဝေနသည့္ ေခြးဆိုးႀကီး
ကို မွတ္ေလာက္သားေလာက္ေအာင္ ပညာေပးခ်င္
ေနသည္။ အေစာပိုင္းတုန္းက သူသာ လ်င္ျမန္စြာ မတုံ႕
ျပန္နိုင္ခဲ့ပါက အားမုံ႕ေၾကာင့္ အသက္ေပ်ာက္သြားနိုင္
သည္မဟုတ္လား။
(မင္းကို ေဒါသမထြက္ဘူးလားထင္ေနလား)
လူတစ္ေယာက္ႏွင့္ ေခြးတစ္ေကာင္သည္ အခ်င္းခ်င္း
ေသြးဆာေနေသာ အၾကည့္မ်ားျဖင့္ မမွိတ္မသုန္စိုက္
ၾကည့္ေနလ်က္ရွိသည္။ သို႔ေသာ္ အမ်ားအျမင္တြင္
ေဝ့လ်န္ဟာ ယဥ္ေက်းသိမ္ေမြ႕စြာ ျပဳမူလ်က္ရွိၿပီး
သက္ေတာ္ေစာင့္ေခြးႀကီးအားမုံ႕ကမူ လိမၼာေရးျခား
ရွိစြာ ျပဳမူေန၏။ ေဝ့လ်န္ႏွင့္ အားမုံ႕တို႔၏ လိုက္ေရာ
ညီေထြရွိလွေသာ ျမင္ကြင္းက လူတိုင္းကို အံ့ၾသဘနန္း
ျဖစ္ေစခဲ့သည္။
က်ီယြဲ႕လည္း ေဝ့လ်န္ႏွင့္ အားမုံ႕တို႔ကိုၾကည့္ၿပီး
အေက်နပ္ႀကီးေက်နပ္ေနေတာ့သည္။
ဤသို႔ျဖင့္ အခ်ိန္ေလးပုံသုံးပုံခန့္အၾကာတြင္ ယန္ရွို႔
ေလွာင္အိမ္မွ နန္းေတာ္သို႔ ျပန္လာခဲ့ၾကေတာ့သည္။
အမ်ားအားျဖင့္ က်ီယြဲ႕သည္ အ႐ုဏ္မတက္ခင္တြင္
အိပ္ရာထၿပီး အခ်ိန္ႏွစ္နာရီခန့္ ေတာ္ဝင္႐ုံးေတာ္တက္
ရသည္။ ေတာ္ဝင္႐ုံးေတာ္မွ ျပန္ေရာက္လာခ်ိန္တြင္မူ ေဝ့လ်န္ႏွင့္အတူ နံနက္စာစားေလ့ရွိသည္။
အေဆာင္ေတာ္သို႔ ျပန္ေရာက္လာသည္ႏွင့္ ေဝ့လ်န္
တစ္ေယာက္ တစ္စုံတစ္ခုကို ႐ုတ္တရက္ သတိရသြား
ၿပီး လမ္းေလွ်ာက္ေနျခင္းကို ရပ္လိုက္သည္။ က်ီယြဲ႕
က ခ်က္ခ်င္း သတိထားမိၿပီး ျပန္လွည့္မိသည္။
"ဘာျဖစ္လို႔လဲ"
ေဝ့လ်န္ကား ေခါင္းခါျပလ်က္ ေနမေကာင္းခ်င္ဟန္
ေဆာင္လိုက္သည္။
"ဘာမွမျဖစ္ပါဘူး..ကြၽန္ေတာ္မ်ိဳး ဒီေန႕အျပင္မွာေနတာအခ်ိန္ၾကာသြားလို႔ထင္ပါတယ္"
သူ၏ နိစၥဓူဝတာဝန္အတိုင္း နာမက်န္းေသာ သခင္ေလးအျဖစ္ မေမ့မေလ်ာ့ ဟန္ေဆာင္ရေသးသည္။
က်ီယြဲ႕က အသာတၾကည္ ေခါင္းညိတ္ျပသည္။
"အင္း ဟုတ္ၿပီ..အရင္သြားနားႏွင့္ေတာ့"
ေဝ့လ်န္လည္း တရိုတေသ ဦးၫႊတ္အရိုအေသေပး
လိုက္သည္။ မူလက သူ က်ီယြဲ႕ကို ' ကြၽန္ေတာ္မ်ိဳးကို
အျပင္ေခၚထုတ္သြားတဲ့ အေစခံမိန္းကေလးျပန္မ
ေရာက္ေသးပါဘူး..သူ ကြၽန္ေတာ့္ကို လိုက္ရွာေနတုန္း
ပဲထင္တယ္'ဟု ေျပာခ်င္ခဲ့ေသာ္လည္း ထိုစကားလုံး
မ်ားကို စိတ္ထဲတြင္သာ သိမ္းဆည္းခဲ့သည္။ သူသာ
က်ီယြဲ႕ကို အမွန္အတိုင္း ေျပာျပလိုက္ပါက ထိုအေစ
ခံမိန္းကေလး ခ်က္ခ်င္း ေသဒဏ္ခ်မွတ္ခံရမည္မွာ
အေသအခ်ာပင္။
အဘယ္ေၾကာင့္ဆိုေသာ္ ခ်င္ဧကရာဇ္သည္ အလြန္
ထက္ျမတ္သူျဖစ္သည့္အတြက္ ေဝ့လ်န္ အရိပ္အႁမြက္
ေပး႐ုံျဖင့္ပင္ ျဖစ္စဥ္တစ္ခုလုံးကို အတိအက် မွန္းဆ
နိုင္လိမ့္မည္။ ေဝ့လ်န္သည္ ခ်င္နန္းေတာ္ႏွင့္ ရင္းႏွီး
ကြၽမ္းဝင္သူမဟုတ္သည့္အတြက္ ဘယ္ေနရာတြင္
ဘာရွိသည္ကို လုံးဝမသိေခ်။ မည္သို႔ပင္ျဖစ္ေစ ခ်င္
နန္းေတာ္တြင္ တာဝန္ထမ္းေဆာင္ေနေသာ အေစခံကမူ
ေနရာတိုင္းကို ဂဃနဏသိကြၽမ္းသင့္သည္မဟုတ္ပါ
လား။ သို႔ဆိုလွ်င္ ေဝ့လ်န္ကို အဘယ္ေၾကာင့္ ယန္ရွို႔
ေလွာင္အိမ္ရွိသည့္ လမ္းမွ ေခၚေဆာင္သြားရေၾကာင္း
ကို လြယ္ကူစြာ မွန္းဆနိုင္ေပလိမ့္မည္။
ေဝ့လ်န္သည္ အၿမဲတေစ သတိကပ္ထားတတ္သူျဖစ္သည့္အတြက္ လူမဆိုထားႏွင့္ ေခြးဆိုလွ်င္ေတာင္မွ
သူ႕ကို သတ္ခ်င္ေနပါက ခ်က္ခ်င္း သတိထားမိသူျဖစ္
သည္။ ယခင္တုန္းက သူ႕ကို အရွက္တကြဲအက်ိဳးနည္း
ျဖစ္ေစၿပီး အႏၱရာယ္ေပးရန္ ႀကိဳးစားသူတိုင္းကို ေသြး
ေအးစြာ ရက္ရက္စက္စက္ သတ္ပစ္ခဲ့သည္။ က်ဴးယြဲ႕
ဟူေသာ အေစခံမိန္းကေလးသည္လည္း ကိုယ့္အဆင့္
ကိုယ္မသိဘဲႏွင့္ သူ႕ကို သတ္ပစ္ရန္ ႀကိဳးစားခဲ့သည့္
အတြက္ အလြတ္ေပးမည့္စိတ္ကူးမရွိေခ်။
လူဆိုလွ်င္ ကိုယ္ျပဳခဲ့ေသာအမႈအတြက္ က်ိန္းေသ
ေပါက္ တန္ရာတန္ေၾကး ျပန္ေပးဆပ္ရလိမ့္မည္။
မည္သို႔ပင္ျဖစ္ေစ သူ႕ေၾကာင့္ႏွင့္ေတာ့ က်ဴးယြဲ႕ကို
မေသေစခ်င္ေပ။ သူသည္ လူေကာင္းတစ္ေယာက္
မဟုတ္ေသာ္လည္း လူေကာင္းတစ္ဦးျဖစ္ရန္ ႀကိဳး
စားေနသူျဖစ္သည္။ အကယ္၍မ်ား သူ၏စကားတစ္
ခြန္းေၾကာင့္ လူအသက္တစ္ေခ်ာင္းဆုံးရႈံးသြားရသည္
ဆိုလွ်င္ ညစဥ္ညတိုင္း အိပ္မက္ဆိုးမက္ၿပီး မည္မွ်ၾကာေအာင္ ကိုယ့္ကိုယ္ကိုယ္အျပစ္တင္ေနမိမည္
မသိေခ်။
(အလုပ္ရႈပ္တယ္..တကယ္ကို အလုပ္ရႈပ္တာ)
ထို႔ေၾကာင့္ က်ဴးယြဲ႕ကိစၥကို သူကိုယ္တိုင္ ေျဖရွင္းရ
မည္မွာ ပ်င္းစရာေကာင္းလြန္းသည္။ က်ဴးယြဲ႕ပင္လွ်င္
သူ႕ကို သတ္ရန္ အားမုံ႕ကို အသုံးခ်ခဲ့သည္မဟုတ္ပါ
လား။ သူ႕တြင္လည္း ကိုယ္တိုင္ဝင္ပါစရာမလိုဘဲ
က်ဴးယြဲ႕ကို ရွင္းထုတ္နိုင္သည့္ နည္းလမ္းမ်ားစြာရွိ
သည္။
က်ဴးယြဲ႕ကို ရွင္းထုတ္ပစ္ရန္မွာ သူအသုံးျပဳလိုေသာ နည္းလမ္းတစ္ခုသာလိုအပ္သည္။
*****
တစ္ဖက္တြင္မူ က်ဴးယြဲ႕သည္ ဗိုက္နာခ်င္ဟန္ေဆာင္
ကာ ေဝ့လ်န္ကို တစ္ေယာက္တည္းပစ္ထားခဲ့ၿပီး
ေနာက္ ေရအိမ္မသြားဘဲ ယန္ရွင္းအေဆာင္ေတာ္သို႔
သာ တန္းတန္းမတ္မတ္ ျပန္လာခဲ့သည္။
က်ဴးေခြၽ႕ကမူ အေဆာင္ေတာ္အေနာက္ဘက္တြင္ ခ်ည္ထိုးေနျဖစ္သည္။ အျခားအေစခံမ်ားလည္း အ
လုပ္ပါးခ်ိန္ျဖစ္သည့္အတြက္ ေအးေအးလူလူ အနား
ယူေနၾကသည္။ က်ဴးေခြၽ႕ ခ်ည္ထိုးေနရင္းျဖင့္ က်ဴး
ယြဲ႕အတြက္ ရတက္မေအးျဖစ္ေနရသည္။ နံနက္တုန္းက က်ဴးယြဲ႕တစ္ေယာက္ လ်န္သခင္ေလးကို မေက်မခ်မ္း က်ိန္ဆဲသြားၿပီး တစ္ေန႕လုံးေပ်ာက္ေနသည္ေလ။
က်ဴးေခြၽ႕ႏွင့္ က်ဴးယြဲ႕တို႔၏ ဆက္ဆံေရးဟာ အလြန္
ရင္းႏွီးမႈမရွိေသာ္လည္း အေစခံတန္းလ်ားတြင္ အခန္း
ေဖာ္မ်ားျဖစ္ၾကသည္။ က်ဴးယြဲ႕သည္ အၿမဲလိုလို ရည္
႐ြယ္ခ်က္ႀကီးႀကီးထားၿပီး အျမင့္ကို ေမွ်ာ္ေငးၾကည့္
ေနတတ္သူျဖစ္ေသာ္လည္း က်ဴးေခြၽ႕ကမူ ကိုယ္ရထား
ေသာ ဘဝေလးကို တင္းတိမ္စြာ ေနထိုင္တတ္သူျဖစ္
သည္။ က်ဴးယြဲ႕ႏွင့္ အျပန္အလွန္ ျငင္းခုန္လိုစိတ္မရွိ
သည့္အတြက္ ခပ္တန္းတန္းသာေနျဖစ္ခဲ့သည္။
က်ဴးေခြၽ႕ ဟိုေတြးသည္ေတြးလုပ္ရင္း ခ်ည္ဆက္ထိုး
ေနခ်ိန္တြင္ က်ဴးယြဲ႕ျပန္ေရာက္လာသည္။
"ဘာျဖစ္လာတာလဲ"
က်ဴးယြဲ႕ကိုၾကည့္ၿပီး က်ဴးေခြၽ႕လန့္သြားရသည္။
"မ်က္ႏွာတစ္ခုလုံးျဖဴေဖ်ာ့ေနတာပဲ..နင္ ဘယ္ေတြ
ေလွ်ာက္သြားထားတာလဲ"
က်ဴးယြဲ႕က က်ဴးေခြၽ႕ကို လ်စ္လ်ဴရႈၿပီး အ႐ူးတစ္
ေယာက္ကဲ့သို႔ ေၾကာက္႐ြံ႕ထိတ္လန့္စြာျဖင့္ ကုတင္
ေပၚတက္ထိုင္ေနသည္။
ဤသည္မွာ သူမဘဝတြင္ ပထမဆုံးအႀကိမ္အျဖစ္
လူသတ္ဖူးျခင္းျဖစ္သည္။ သို႔ေသာ္ သူမ လုံးဝေနာ
င္တမရေပ။ ေဝ့လ်န္သာ အမွန္တကယ္ ေသဆုံးသြား
ပါက သူမ အားပါးတရ ရယ္ေမာမိအုံးမည္သာ။
က်ဴးေခြၽ႕က က်ဴးယြဲ႕မူမမွန္ျဖစ္ေနေၾကာင္း သတိျပဳ
မိသြားသည္။
"က်ဳးယြဲ႕ ငါ့ကိုျပန္ေျဖစမ္း...နင္ဘာလုပ္ခဲ့တာလဲလို႔"
က်ဴးယြဲ႕က တစ္ကိုယ္လုံး တုန္သြားၿပီး ေဒါသတႀကီး
ထေအာ္သည္။
"ဘာေတြလာေမးေနတာလဲ..ညီမက ဘာလုပ္ရမွာလဲ"
က်ဴးေခြၽ႕က က်ဴးယြဲ႕ကို သိပ္မယုံေသာ္လည္း သူမ
အေတြးလြန္ေနျခင္းျဖစ္သည္ဟုသာ ေကာက္ခ်က္ခ်လိဳက္သည္။
"က်ဲက စိတ္ပူလို႔ေမးတာပါ..နင့္ကိုၾကည့္ရတာ ေန
မေကာင္းျဖစ္ေနပုံပဲ..ဒီေန႕တာဝန္က်တဲ့သူက က်ဲဆို
ေတာ့ နင္ ဒီမွာပဲ သက္ေတာင့္သက္သာ အနားေနလိုက္..အရွင္ဧကရာဇ္ဆီကို က်ဲသြားလိုက္မယ္"
က်ဴးေခြၽ႕၏ အသံက က်ဴးယြဲ႕နားထဲသို႔ ေရာက္တစ္ခ်က္မေရာက္တစ္ခ်က္ပင္။ သူမ ေဝ့လ်န္ေသဆုံး
သည့္သတင္းကို ေမွ်ာ္ေနမိေသာ္လည္း ေနာက္ဆက္
တြဲ ဘာဆက္ျဖစ္လာမည္ကို ရတက္မေအးျဖစ္ေနမိ
သည္။
(မဟုတ္ဘူး ဘာမွျဖစ္မွာမဟုတ္ဘူး..သူလည္းေသၿပီ
ဘာသက္ေသမွလည္း မက်န္ဘူးဆိုရင္ ငါလုပ္တယ္
လို႔ ဘယ္သူမွ သံသယဝင္မွာမဟုတ္ဘူး..အားလုံးအ
ဆင္ေျပသြားမွာပါ..အဆင္ေျပသြားမွာပါ)
က်ဴးယြဲ႕ ကိုယ့္ကိုယ္ကိုယ္သာ စိတ္ေျဖၿပီး ႀကိဳးစား
ႏွစ္သိမ့္ေနလိုက္သည္။ က်ဴးေခြၽ႕က သူမကို ၾကည့္ၿပီး
ေခါင္းတခါခါႏွင့္ ထြက္သြားေလေတာ့သည္။
*****
ခ်င္ဧကရာဇ္တြင္ ေန႕စဥ္ေဆာင္႐ြက္ရမည့္ တာဝန္မ်ားစြာရွိသည့္အတြက္ နံနက္စာစားၿပီးသည္ႏွင့္ ထိုကိစၥမ်ားကို ေဆြးႏႊေးရန္ အတိုင္ပင္ခံအမတ္ႀကီးမ်ားကို
ဆင့္ေခၚခဲ့သည္။ ေဝ့လ်န္ကိုမူ ယန္ရွင္းအေဆာင္
ေတာ္တြင္သာ အနားယူခိုင္းခဲ့သည္။
အျခားေသာ အေစခံမ်ား စားပြဲဝိုင္းကို သန့္ရွင္းေရးလုပ္ေနၾကခ်ိန္တြင္ က်ဴးေခြၽ႕က ၿငိမ္သက္စြာ အနား
ယူေနေသာ ေဝ့လ်န္အနားသို႔ တစ္လွမ္းခ်င္းတိုးၿပီး
အသံတိုးတိုးျဖင့္ ေခၚလိုက္သည္။
"လ်န္သခင္ေလးကို ကြၽန္မ သတိေပးစရာေလးရွိ
လို႔ပါ"
သူမ က်ဴးယြဲ႕အေၾကာင္းကို အျပန္ျပန္အလွန္လွန္
စဥ္းစားၾကည့္ခဲ့ေသာ္လည္း မူမမွန္ျဖစ္ေနသည္ဟု ခံစားရသည့္အတြက္ ေဝ့လ်န္ကို ေျပာျပရန္ ဆုံးျဖတ္
ခဲ့သည္။ ေဝ့လ်န္က အျခားအေစခံမ်ားထြက္သြားမွ
က်ဴးေခြၽ႕ကို တုံ႕ျပန္ခဲ့သည္။
"အင္း ေျပာပါ"
"သခင္ေလးကို အသိေပးခ်င္တာက..."
အခန္းထဲတြင္ အျခားအေစခံမ်ားမရွိေတာ့မွ က်ဴးေခြၽ႕
ကလည္း ပြင့္ပြင့္လင္းလင္း ေျပာျပခဲ့သည္။
"ေက်းဇူးျပဳၿပီး က်ဴးယြဲ႕ကို သတိထားပါ"
ေဝ့လ်န္က အမူအရာေျပာင္းလဲသြားျခင္းမရွိဘဲ သည္
အတိုင္း ၿငိမ္ၿငိမ္ေလး ဆက္ထိုင္ေနသည္။ က်ဴးေခြၽ႕
က ေဝ့လ်န္တစ္ေယာက္ က်ဴးယြဲ႕ကို မမွတ္မိျခင္းျဖစ္လိမ့္မည္ဟု ထင္မွတ္သြားသည္။ ယန္ရွင္းအေဆာင္
ေတာ္တြင္ အမႈထမ္းေနေသာ အေစခံမ်ားစြာရွိသည့္
အတြက္ တစ္ဦးခ်င္းစီ၏ အမည္ကို အလြယ္တကူ
မမွတ္မိနိုင္ေခ်။ အရွင္ဧကရာဇ္သည္လည္း အင္ပါ
ယာအေရးႏွင့္ ပတ္သတ္သမွ်ကို တစ္ခုတစ္ေလမွ်
မေမ့ဖူးေသာ္လည္း အေစခံမ်ားႏွင့္ ပတ္သတ္လွ်င္ေတာ့ လီဖုခြၽမ္တစ္ဦးတည္းကိုသာ မွတ္မိသည္။
ယခုမူ နန္းေတာ္ထဲတြင္ အရွင္ဧကရာဇ္ မွတ္မိသူဆို
လွ်င္ လီဖုခြၽမ္အျပင္ လ်န္သခင္ေလးလည္းရွိေနၿပီ
ျဖစ္သည္။
က်ဳးေခြၽ႕သည္ က်ဴးယြဲ႕တစ္ေယာက္ အရွင္ဧကရာဇ္
ကို မည္မွ်လိုခ်င္တပ္မက္ပုံ၊ မည္မွ်အႀကံႀကီးပုံႏွင့္
အထူးသျဖင့္ ေဝ့လ်န္ကို မည္မွ်မုန္းတီးၿပီး မေကာင္းႀကံရန္ ႀကိဳးစားေနသည္မ်ားကို အမွန္အတိုင္းေျပာျပ
ခဲ့သည္။ သူမသည္ က်ဴးယြဲ႕အေပၚ သံေယာဇဥ္မရွိ
ေသာ္လည္း ေက်ာက္စိမ္းကဲ့သို႔ ေအးခ်မ္းသိမ္ေမြ႕ၿပီး ကိုယ်ကျင့်သိက္ခါဖြောင့်မတ်သော လ်န္သခင္ေလးအ
ေပၚ ကိုယ္ခ်င္းစာစိတ္အျပည့္ႏွင့္ သနားၾကင္နာမိသ
ည့္အတြက္ သူမ သိထားသမွ်ကို မဖုံးမကြယ္ဘဲ ေျပာ
ျပခဲ့သည္။
က်ဴးေခြၽ႕၏ စကားကို နားေထာင္ၿပီးေနာက္ ျဖစ္
ေၾကာင္းကုန္စင္ကို ေဝ့လ်န္ ေကာင္းစြာ နားလည္သေဘာေပါက္သြားသည္။
"ဒီလိုျဖစ္ေနတာကိုး"
ခ်င္ဧကရာဇ္ကို တိတ္တခိုး သေဘာက်ေနသည့္
အေစခံမေလးက သူ႕ကို သတ္ပစ္ရန္ ႀကိဳးစားခဲ့
သည္တဲ့ေလ။
"အဲ့တာေၾကာင့္ သခင္ေလး သူ႕ကို သတိထားပါ..ဒီ
ရက္ပိုင္း ကြၽန္မစိတ္ထဲမွာ က်ဴးယြဲ႕ကို မသကာ္ျဖစ္
ေနမိတယ္"
ဟိုက သတ္ဖို႔ေတာင္ ႀကိဳးစားၿပီးသြားၿပီ။
ေဝ့လ်န္ အနည္းအက်ဥ္းသာ တုံ႕ျပန္လိုက္သည္။
"နားလည္ပါၿပီ..အခုလို သတိေပးတဲ့အတြက္ မင္းကို
ေက်းဇူးတင္ပါတယ္"
က်ဴးယြဲ႕က ေခါင္းငုံ႕အရိုအေသေပးသည္။
"လ်န္သခင္ေလးကို ဂ႐ုစိုက္ရမွာက ကြၽန္မတို႔လို
အေစခံေတြရဲ႕ တာဝန္ပါပဲ"
က်ဴးယြဲ႕ကို ၾကည့္ၿပီး ေဝ့လ်န္ ခပ္ဖြဖြၿပဳံးလိုက္သည္။
(ၾကည့္ရတာေတာ့ ငါလည္း ေနာက္ထပ္ပန္းတစ္ပြင့္
ကို ဆြဲေဆာင္ေနမိၿပီထင္တယ္)
(က်ဴးေခြၽ႕ မင္း ဘာျဖစ္လို႔ လူတစ္ေယာက္ကို ဒီေလာက္လြယ္လြယ္ေလး ခ်စ္မိသြားတာလဲ)
ေဝ့လ်န္ က်ဴးေခြၽ႕ကို အေရာတဝင္ ဆက္ဆံခဲ့ျခင္းဟာ ခ်င္ဧကရာဇ္ႏွင့္ပတ္သတ္သည့္ သဲလြန္စမ်ားကို ရွာေဖြလိုျခင္းေၾကာင့္ျဖစ္သည္။ သူသည္ အစမွ အဆုံးအထိ
ဝတ္႐ုံလက္ျဖတ္တစ္ဦးသာျဖစ္ၿပီး မိန္းကေလးတစ္
ေယာက္၏ ခံစားခ်က္ကို ဘယ္ေသာအခါမွ တုံ႕ျပန္
မည့္ေယာက်ာ္းမ်ိဳးမဟုတ္ေပ။ ဤပုံစံအရဆိုလွ်င္
က်ဴးေခြၽ႕ကို ဆက္အသုံးခ်ေန၍မျဖစ္ေတာ့ေပ။ အ
ဘယ္ေၾကာင့္ဆိုေသာ္ သူသည္လည္း က်ီယြဲ႕ကဲ့သို႔ပင္ အလုပ္ကို အလုပ္ႏွင့္တူေအာင္ လုပ္တတ္သူျဖစ္ၿပီး
မလိုအပ္ေသာ ခံစားခ်က္မ်ား ရႈပ္ေထြးလာျခင္းကို
သေဘာမက်ေခ်။
*****
က်ဴးေခြၽ႕ကား အေစခံတန္းလ်ားသို႔ ျပန္ေရာက္လာ
ခ်ိန္အထိ ေတာက္ပစြာ ၿပဳံးေနဆဲျဖစ္သည္။ သူမႏွင့္
ေဝ့လ်န္တို႔ႏွစ္ဦးတည္း သီးသန့္စကားေျပာခဲ့ရျခင္း
ကို အဘယ္မွာ မေပ်ာ္ဘဲေနနိုင္ပါအံ့။
သူမသည္ ေဝ့လ်န္ကို ျမင္ျမင္ခ်င္းကတည္းက ရိုေသ
ေလးစားခဲ့သူျဖစ္ၿပီး ေဝ့လ်န္ႏွင့္ေတြ႕တိုင္း အခ်စ္ဟူ
ေသာ ခံစားခ်က္ကပါ တျဖည္းျဖည္း ေပါက္ဖြားလာခဲ့
သည္။ က်ဴးေခြၽ႕၏ ေပ်ာ္႐ႊင္ၾကည္ႏူးေနေသာမ်က္ႏွာ
သည္ မွိုင္ေတြေနေသာ က်ဴးယြဲ႕ႏွင့္ ဆန့္က်င္ဘက္ျဖစ္
ေနသည္။ ေနာက္ဆုံးတြင္ က်ဴးယြဲ႕က ေပကပ္ကပ္ၾက
ည့္ၿပီး လွမ္းေမးသည္။
"က်ဲဘာေတြေပ်ာ္ေနတာလဲ"
ထိုအခ်ိန္မွသာ က်ဳးေခြၽ႕က မ်က္ႏွာပိုးသတ္ၿပီး
အျခားတစ္ခုသို႔ အာ႐ုံလႊဲလိုက္သည္။
"ဘာမွမဟုတ္ပါဘူး လ်န္သခင္က မနက္စာစားၿပီးေတာ့ က်ဲနဲ႕ စကားေျပာ...အို !"
က်ဴးေခြၽ႕က အလ်င္အျမန္ ပါးစပ္ပိတ္လိုက္သည္။
သို႔ေသာ္ က်ဳးေခြၽ႕၏ စကားေၾကာင့္ က်ဳးယြဲ႕မွာ တစ္ကိုယ္လုံး ေရခဲရိုက္ထားသကဲ့သို႔ ေတာင့္တင္းသြားရ
ေလသည္။
(ေဝ့လ်န္မေသေသးဘူးလား)
.......
စာေရးသူမွာေျပာစရာရွိပါတယ္
ေဝ့လ်န္( ခပ္ဖြဖြေလးၿပဳံးလ်က္) : အင္း ငါေတာ့မေသဘူး ေသမယ့္လူက မင္းပဲ