ညောင်ပင်တန်းရွာကို နှစ်ရက်တစ်ခေါက်လောက်
ရောက်ဖြစ်နေပေမယ့် ဆရာဝန်မလေးကိုတော့
မတွေ့ရ။
လက်ဖက်ရည်ဆိုင်မှာထိုင်၍ ရွာလမ်းမကိုကြည့်
နေမိစဥ် သူ့မြင်ကွင်းထဲဝင်လာသည့် လှည်းတစ်စီး
ကိုတွေ့လိုက်ရသည်။
လှည်းက ရွာလမ်းမအတိုင်း ဖြည်းဖြည်းမှန်မှန်နှင့်
မောင်းလာပြီး လှည်းပေါ်၌ လူနှစ်ယောက်ပါလာ
သည်။
တစ်ယောက်က လှည်းမောင်းလာသည့် မိန်းကလေး
တစ်ယောက်။နောက်တစ်ယောက်ကတော့ သူသိပ်
တွေ့ချင်နေသည့် ဆရာဝန်မလေး။
နှစ်ယောက်သား ပြုံးရွှင်၍ စကားပြောနေကြသည်။
လှည်းက ဆေးရုံရှိရာဘက် ကွေ့ဝင်သွားတာကို
လိုက်ကြည့်နေမိသည်။
"ကိုမိုက်...အခွေတွေရပြီ..."
"အေး..."
ဖိုးထောင်ပေးသည့် ဗီဒီရိုအခွေနှစ်ခွေကို လွယ်အိတ်
ထဲထည့်ကာ ထိုင်ရာကထလိုက်သည်။
"ငယ်ထွေးတစ်ယောက်တော့ ဆရာမလေးကို
သွားကြိုလာပြီ...ဖိုးထောင်ရေ..."
"ဟုတ်လား...ဆရာမလေးပြန်လာပြီပေါ့..."
"အေး...အခုပဲ အထုပ်ပိုးတွေနဲ့ ငယ်ထွေးလှည်း
ပေါ်ပါသွားတာတွေ့တယ်.."
လက်ဖက်ရည်သောက်နေတဲ့ ဦးလေးကြီးစကား
ကြောင့် လှည်းမောင်းသွားသည့်မိန်းကလေးက
ငယ်ထွေးဆိုတာ သိလိုက်ရသည်။
"ပြန်ဦးမယ်ကွာ..."
"ဟုတ်ကဲ့အစ်ကို..."
ဖိုးထောင်ကိုနှုတ်ဆက်ကာ စူပါကတ်ပေါ်တက်၍
ဒေါက်ဖြုတ်ပြီး ဆိုင်ရှေ့ကနေမောင်းထွက်လာခဲ့
တော့သည်။
.......
ကလေး ၂၀ ကျပ်
လူကြီး ၅၀ ကျပ်
သမီးရည်းစားစုံတွဲများ ရုံအတွင်း
ချိန်းတွေ့ခြင်းမလုပ်ရ။
တွေပါက အရေးယူခြင်းခံရမည်။
ကိုယ့်အမှိုက်ကိုယ်တာဝန်ယူပါ။
ရုံအရှေ့၌ ထောင်ထားသော ဘောသင်ပုန်းကြီး
ကြီးထက်၌ ခပ်သော့သော့လက်ရေးဖြင့် ရေး
ထားသော စာဖြစ်သည်။
တစ်ဖက်မှာတော့ ယနေ့ပြသမည့်ကားနာမည်နှင့်
မင်းသား မင်းသမီး နာမည်တွေကို ရေးထားသည်။
သတ္တိရှိရင် စိန်ခေါ်လိုက်
နေထက်လင်း
ခင်ပပလှိုင်
"ဟဲ့..သောင်းစိန်...ညည်းပေးတာ ငါးဆယ်ထဲရယ်
လူကဘယ်နှစ်ယောက်တောင်လဲဟဲ့..."
"သြော်..မမစကလဲ..ကလေးတွေပဲကိုတော်.."
"ညည်းကလေးတွေကလဲ ငါးယောက်တောင်
လေဟယ်..."
"ကဲကဲ...အမေရယ်..ပေးဝင်လိုက်စမ်းပါ..
မသောင်း...ကိုယ့်ကလေးကိုယ်တာဝန်ယူနော်
ဆူဆူညံညံလုပ်ရင်တော့ ရုံထဲကထွက်ရမယ်.."
"အေးပါမိုက်မိုက်ရယ်.."
မသောင်းစိန် ပိုက်ဆံငါးဆယ်ပေး၍ ကလေးတစ်
သီတစ်တန်းနှင့် ရုံထဲနေရာဦးဖို့ ဝင်သွားတော့သည်။
ဒေါ်စ မိုက်မိုက်ကို မျက်စောင်းထိုးကာ လက်ထဲက
ငွေအကြွေတွေကို ရေနေသည်။
"ယင်းမာရေ မန်ကျည်းစေ့နှစ်ထုပ်လောက်
အကြွေးမှတ်ထားပါဦး..."
"ကျုပ်လဲ ဇီးထုပ်နှစ်ထုပ်"
ပြောပြောဆိုဆိုနှင့် ရွာသူနှစ်ယောက်က မုန့်ထုတ်
တွေကိုဖြုတ်ယူလိုက်တော့ ယင်းမာ ဘာမှပြော
ခွင့်မသာလိုက်။
အိမ်မှာ ဗီဒီရိုရုံဖွင့်တာ ဆိုင်လဲဘယ်တော့ပြုတ်
မည်မသိ။
ဗီဒီရိုကိုတော့ ငွေပေး၍ ကြည့်ပါသည်။
သို့ပေမယ့် ဇာတ်လမ်းကြည့်ရင်းစားဖို့ မုန့်ပဲသရေစာ
ကိုတော့ဖြင့် အကြွေးဖြင့်ယူကြသည်။
လက်ငင်းဝယ်သူဆိုတာ ခပ်ရှားရှားရယ်။
"ယောင်းမ...နေကြာစေ့တစ်ထုပ်
အချဥ်ထုပ်နှစ်ထုပ်...ရော့..."
ငွေမှုံက ပိုက်ဆံနှစ်ရာတန်တစ်ရွက် လှမ်းပေးရင်း
ပြောသည်။
လူကိုကြည့်လိုက်တော့လဲ မင်းသမီးရှုံးအောင်
ပြင်ထားသေးသည်။
မိုက်မိုက်သာ တကယ့်ယောကျ်ားဆိုရင် မလွယ်။
ဘယ်တော့ ဘာသံတွေကြားရမည်မသိ။
ယောကျ်ားစစ်စစ်မဟုတ်တာတောင် လိုချင်ကြ
သည့် ကာလသမီးအုပ်စုက သပ်သပ်ကိုရှိနေသည်။
အင်း...ပြောလို့သာပြောတာ
မျောက်ပြဆန်တောင်း၍တော့ကောင်းသည်။
မိုက်မိုက်ကို အထာပေးချင်၍ ဗီဒီရိုလာကြည့်တော့
သူမတို့ဝင်ငွေတိုးသည်လေ။
လာသမျှအပျိုတွေကလဲ ပိုက်ဆံရှိမိန်းမများဆိုတော့
အကြွေးယူမှာမပူရ။
ညခုနှစ်နာရီထိုးသည်နှင့် မီးစက်နှိုးကာ ဗီဒီရို
စပြသည်။
နေထက်လင်းကားဆိုလျှင် နှစ်ခါပြန်ပြရသည်။
ရုံအပြည့်လာကြည့်ကြသည်။
သို့ပေမယ့် ရုံပိုင်ရှင်က မိုက်မိုက်ဆိုတော့ ရုံတွင်း
ဆူဆူညံညံမရှိ။
စည်းကမ်းရှိရှိနှင့်ကြည့်ရသည်။
အမျိုးသမီး၊အမျိုးသား နေရာခွဲထားသည်။
ကလေးအမေတွေနှင့်ကလေးတွေက ရှေ့ဆုံးမှာ
ကြည့်ရသည်။
"ဟဲ့...သူဘာပြောသတော်.."
"မင်းသမီးကို ချစ်ရေးဆိုနေတာ..."
အရီးအုံက နားလေးတော့ မကြားရ၍
မယ်ခကိုမေးသည်။
ဒီကြားထဲ မျက်စိကပါမှုံပြန်တော့ မြင်သမျှက
ဝိုးတိုးဝါးတား။
"ဟဲ့..သူကဘယ်သူတုန်း..."
"မင်းသား..မင်းသား..."
မယ်ခ စိတ်မရှည်တော့ သူ့ပေါင်ပေါ်အိပ်နေသည့်
အငယ်ဆုံးကလေးကို ပွေ့ကာ အရီးအုံဘေးက
နေရာရွှေ့သွားတော့သည်။
ရုံပြင်မှာတော့ မိုက်မိုက်တစ်ယောက် ပက်လက်
ကုလားထိုင်ပေါ်မှာ လှဲကာ ကောင်းကင်ကိုမော့
ကြည့်၍ ဆရာဝန်မလေးအကြောင်း တွေးနေသည်။
သူမနှင့် တွေ့ဆုံပြီး စကားပြောခွင့်ရဖို့ ဘယ်လိုများ
လုပ်ရပါ့မလဲ။
........
ပြတင်းပေါက်တံခါးဖွင့်လိုက်ပြီး ခြံထဲ တံမြက်စည်း
လှည်းနေသည့် အမေ့ကို ငုံ့ကြည့်လိုက်သည်။
အိမ်ရှေ့မြေကွက်လပ်ကို ကြည့်ပြီး ခေါင်းထဲ
အတွေးတစ်ခု ဝင်လာသည်။
'ဘုတ်..'
'ဂျွတ်..'
"အား....အမေရ...ကယ်ပါဦး..."
"ဟဲ့...ဟဲ့...ဘာဖြစ်တာလဲ မိုက်မိုက်..."
မိုက်မိုက်အော်သံကြားတော့ ဒေါ်စ တံမြက်စည်း
လှည်းနေရာမှ နောက်သို့လှည့်ကြည့်လိုက်သည်။
အိမ်ရှေ့ မြေပြောင်ပြောင်ထက် ခြေထောက်ကို
ကိုင်၍ အော်နေသည့် မိုက်မိုက်ကိုမြင်တော့
လက်ထဲက တံမြက်စည်းကို ပစ်ချကာ မိုက်မိုက်
ဆီ အပြေးသွားလိုက်သည်။
"ကျုပ်ခြေထောက်တော့ ကျိုးပြီထင်ပါရဲ့အမေရယ်
နာလိုက်တာဗျာ..."
"ဘယ်လိုဖြစ်ရတာတုန်း..."
"အဲ့တာနောက်မှမေး...ကျုပ်ကိုဆေးရုံမြန်မြန်ပို့..."
ထိုသို့နှင့် မိုက်မိုက် ညောင်ပင်တန်းဆေးရုံသို့
ရောက်သွားတော့သည်။
..........
စကားဖြူ သူမကိုပြုံးပြနေသည့် မိုက်မိုက်ကို
တစ်ချက်ကြည့်ကာ နားကြပ်ကို ဗူးထဲပြန်ထည့်
လိုက်သည်။
"သွေးပေါင်ချိန်လဲ ပုံမှန်ပဲ
ခြေထောက်ကတော့ တစ်လလောက် ကျောက်ပတ်
တီးစည်းထားရမယ်..."
"ဟုတ်ကဲ့ခင်ဗျ..."
ဒေါ်စ ဖြေမလိုပြင်ရုံရှိသေး မိုက်မိုက်က ဖြေလိုက်
တာကြောင့် မိုက်မိုက်ကို လှည့်ကြည့်လိုက်သည်။
မွေးလာကတည်းက ဒီလိုမျိုး ယဥ်ယဥ်ကျေးကျေး
တုံ့ပြန်ပြောဆိုမှုကို မမြင်ခဲ့ဖူးလေတော့
အထူးအဆန်းဖြစ်နေလေသည်။
"ကျေးဇူးတင်ပါတယ် ဆရာမလေး..."
"ရပါတယ်..ကျေးဇူးတင်ဖို့မလိုပါဘူး..."
စကားဖြူက ဒေါ်စကို နှုတ်ဆက်၍ ထွက်သွား
သည်။
မိုက်မိုက်က စကားဖြူကို ပြုံး၍ လိုက်ကြည့်နေ
သည်။
ဒေါ်စ မိုက်မိုက်လက်မောင်းကို တစ်ချက်ရိုက်ကာ
"ဘယ်လိုဖြစ်ပြီး ခြေထောက်က ကျိုးရတာလဲ"
"အမေ ပြန်ချင်ပြန်တော့ ကျုပ်ဒီမှာ ဝတုတ်နဲ့
ကျန်ခဲ့မယ်..အိမ်မှာ အစ်မတစ်ယောက်တည်း.."
"ငါကနင့်ကို ဒီမှာ ဘယ်လိုစိတ်ချထားခဲ့ရမှာလဲဟဲ့..
နင့်အဖေပြန်လာရင် ငါကတော့ အဆူအငေါက်
ခံရဦးမှာပဲ..."
"ကဲပါ အမေရာ ကျုပ်ကိုဘာမှ စိတ်မပူနဲ့
စားရေးသောက်ရေးလဲ ဒီမှာဝယ်စားလို့ရတယ်
ပြီးတော့ ဆေးရုံမှာ ချက်ပြုတ်ပေးတဲ့သူ ခေါ်လို့
ရတယ် အစ်မက အိမ်မှာတစ်ယောက်တည်းဗျ..
ပြန်တော့..."
"အေးပါ...အေးပါ..."
ဒေါ်စ မိုက်မိုက်ကို ဆေးရုံမှာ ထားခဲ့ပြီး
ပြန်လာခဲ့ရတော့သည်။
ထိုနေ့ညနေဘက် စကားဖြူ မိုက်မိုက်ကို
တစ်ခေါက်လာကြည့်သည်။
ဆေးရုံမှာက လူနာ သိပ်မရှိချေ။
မိုက်မိုက်အပါဝင်မှ လေး၊ငါးယောက်ခန့်သာ
ရှိသည်။
မိုက်မိုက် ကုတင်နှင့် တစ်ကုတင်ကျော်မှာ
မွေးလူနာတစ်ယောက်ရှိသည်။
ခြေရင်းဘက်မှာတော့ မိုက်မိုက်လိုပင် ခြေထောက်
ကျိုးသူတစ်ဦး။
ညာဘက်တစ်ကုတင်ကျော်၌ အသက်ကြီးကြီး
လူနာတစ်ဦးရှိသည်။
"အမလေး...ကိုဂွတိုရဲ့ နာလိုက်တာတော်..."
ညဘက် ခုနှစ်နာရီကျော်လောက် ဆေးရုံအတွင်း
အော်ဟစ်ပြီးရောက်လာသည့် ဗိုက်ကြီးသည်
အမျိုးသမီးကြောင့် ဆေးရုံတစ်ခုလုံးဆူညံနေ
လေသည်။
လူနာတွေလဲ ထိုအမျိုးသမီးဆီသို့အကြည့်ရောက်
သွားကြသည်။
ဗိုက်ကြီးသည်အမျိုးသမီးက သူ့ယောကျ်ားရဲ့
ဆံပင်တွေကို ဆွဲကာ အော်ဟစ်နေသည်။
လွှတ်မပေးတာကြောင့် သူ့ယောကျ်ားပါ မွေးခန်း
ထဲပါသွားတော့သည်။
........
သွေးပေါင်ချိန်တိုင်းနေသည့် စကားဖြူကိုကြည့်ကာ
မိုက်မိုက်တွေးမိသည်။
ဒီလိုအနီးကပ် မြင်တွေ့ရ၍ ခြေထောက်တစ်ဖက်
အကျိုးခံလိုက်ရတာ တန်သည်။
အနည်းဆုံး တစ်နေ့ကိုနှစ်ခေါက်လောက်တော့
မျက်နှာချင်းဆိုင်ခွင့် ရနေသေးသည်။
"ကိုမိုက်...ဘယ်လိုဖြစ်တာလဲဗျ..."
ဖိုးထောင်က ငှက်ပျောဖီးတစ်ဖီးကိုင်ကာ ဆေးရုံ
ထဲဝင်လာပြီး မိုက်မိုက်ကိုမြင်သည်နှင့်မေးသည်။
မိုက်မိုက် စကားဖြူကို တစ်ချက်ကြည့်ကာ
ဖိုးထောင်ကိုပြန်ကြည့်၍ ပြုံးပြလိုက်ပြီး
"အိမ်ပေါ်ကပြုတ်ကျတာ ငါ့ညီ.."
"အစ်ကိုကတော့ ဖြစ်ရမယ်..."
စကားဖြူ နောက်လူနာတစ်ဦးဆီသို့ ရောက်သွားသည်။
မိုက်မိုက်က သူမကို လိုက်၍ ငေးကြည့်နေသည်။
ဖိုးထောင် လက်ထဲကငှက်ပျောဖီးကို ကုတင်ဘေးက
စားပွဲခုံပေါ်သို့ တင်လိုက်သည်။
"စားရေးသောက်ရေးကော..အဆင်ပြေရဲ့လား"
"ပြေပါတယ်...ညီဝမ်းကွဲလေးပါလာတယ်
ဒီမှာပဲ ချက်စားလိုက်တာပဲ.."
"စားချင်တာရှိ ကျုပ်ကိုပြော ဘာမှအားမနာနဲ့
လိုအပ်တာရှိလဲပြော..."
"အေးပါကွ.."
"ဒါနဲ့ ဘယ်နှစ်ရက်နေရမယ်တဲ့လဲ.."
"တစ်ပတ်လောက်တော့နေရမယ်ထင်တယ်.."
"အေးဗျာ..ရုံကိုကော.."
"တစ်ပတ်လောက်တော့ပိတ်ထားရမှာပေါ့.."
.......
မိုက်မိုက် ဂျိုင်းထောက်တစ်ဖက်နှင့် ဆေးရုံထဲ
ကထွက်လာသည်။
ဆေးရုံဝန်းအတွင်းရှိ အပင်အောက်ကခုံမှာထိုင်
ကာ လေကောင်းလေသန့်ရှူနေသည်။
"ရှင့်ခြေထောက်က ကောင်းသေးတာမဟုတ်ဘူး
နော်...ဝေးဝေးလံလံ လျှောက်သွားမနေနဲ့.."
အနောက်ဘက်ကအသံကြားတာကြောင့် မိုက်မိုက်
လှည့်ကြည့်လိုက်သည်။
"ဆရာမလေး..."
စကားဖြူက လက်နှစ်ဖက်နောက်ပစ်၍ ရပ်ကာ
မိုက်မိုက်ကို ကြည့်နေသည်။
အညာချည်ဝမ်းဆက်လေးနှင့်ယဥ်ယဥ်လေးလှ
နေသော စကားဖြူကိုကြည့်ကာ မိုက်မိုက် နှုတ်
ခမ်းတွေ ဆွံ့အနေသည်။
"ကျွန်တော်...လေကောင်းလေသန့်ရှုချင်လို့ပါ"
"ဟိုတစ်ခေါက်က ကျေးဇူးတင်စကား မပြောခဲ့
လိုက်ရဘူး..."
"ဟင်..ဘယ်တုန်းကလဲ.."
"ရှင်တို့ရွာမှာ ဟောပြောပွဲလာလုပ်ခဲ့တုန်းကလေ..
ရှင့်ကြောင့် ဟောပြောပွဲ မြန်မြန်ပြီးသွားတာ..
အဲ့ဒီအတွက် ကျေးဇူးတင်ပါတယ်..."
"မဟုတ်တာဆရာမလေးရဲ့...ကျွန်တော်ကတောင်
ကျေးဇူးတင်ရဦးမှာ..အခုဆို ကျွန်တော်တို့ရွာမှာ
ဆရာမလေးရဲ့ညွှန်ကြားမှုကြောင့် ယင်လုံအိမ်သာ
တွေဆောက်ပြီးသွားကြပြီဗျ.."
"ကျွန်မကြောင့်လား ရှင့်ကြောင့်လား..."
"ဗျာ...."
"ကျွန်မ သတင်းပြန်ကြားပါတယ်
ယင်လုံအိမ်သာမဆောက်တဲ့အိမ် မီးရှို့မယ်လို့
ရှင်ခြိမ်းခြောက်လို့ဆို..."
စကားဖြူ့စကားကြောင့် မိုက်မိုက် ပါးစပ်အဟောင်း
သားဖြစ်သွားသည်။
မိုက်မိုက်ပုံကိုကြည့်ကာ စကားဖြူက သွားတန်း
ဖြူဖြူလေးတွေပေါ်အောင်ရယ်လိုက်ပြီး
"ရှင့်ကိုကြောက်လို့ ယင်လုံအိမ်သာကို ဆောက်
ကြတာဖြစ်ပါလိမ့်မယ်..."
"ဟို...ဒါကလဲ...ကျွန်တော့်ရွာအကြောင်း ကျွန်တော်
သိလို့ပါ...သူတို့က တစ်ခါတစ်လေ အဲ့လို ခြိမ်း
ခြောက်ပေးမှ ရတာ...ကောင်းကောင်းမွန်မွန်နဲ့
အေးရာအေးကြောင်းပြောလို့မရဘူးဗျ..."
"ဟုတ်ပါလိမ့်မယ်..."
သူတို့နှစ်ယောက် ခဏကြာအောင် စကားပြောပြီး
နောက် မိုက်မိုက်က ခုံပေါ်မှ ဆင်းရန် ချိုင်းထောက်
ကိုယူလိုက်တော့ လက်ချော်ပြီး ချိုင်းထောက်က
မြေကြီးပေါ်ပြုတ်အကျ မိုက်မိုက်ကလှမ်းအဆွဲ
ဟန်ချက်ပျက်ပြီး ရှေ့သို့လဲတော့မည့်ပုံကြောင့်
စကားဖြူက မိုက်မိုက် လက်မောင်းကိုလှမ်းဆွဲ
ကာ မလဲအောင် ထိန်းလိုက်ရသည်။
ထို့ကြောင့် သူတို့နှစ်ယောက် မျက်နှာက အနည်းငယ်
နီးကပ်သွားပြီး စကားဖြူမှ
"ကျွန်မကောက်ပေးပါ့မယ်..."
မြေကြီးပေါ်ကျနေသည့် ချိုင်းထောက်ကို ကောက်
ပေးလိုက်သည်။
"ကျေး...ကျေးဇူးတင်ပါတယ်..."
..................
20 Mar 2024