ပဝါပါးလေး စွန်းမှာဆိုး (၃)

3K 220 2
                                    


"ဒီရွာက ညောင်ပင်တန်းရွာ ဟုတ်လားဟင်"

အသံကြောင့် ငယ်ထွေး ထမင်းစားနေရာမှ မော့
ကြည့်လိုက်သည်။
အမျိုးသမီးတစ်ယောက် သူမတို့ထက်တော့ အသက်
ကြီးမည့်ပုံပင်။
မြလေးငုံက ထိုင်ရာမှထကာ

"ဟုတ်ပါတယ် အစ်မ "

"ဟာ...မော်တော်ကားကြီးဟ..အထွေး"

ဖိုးထောင်ရဲ့စကားကြောင့် ငယ်ထွေးက ထမင်းစား
နေရင်း သူ့ရှေမှာရပ်နေသည့် လူနှစ်ယောက်ကြောင့်
အရှေ့ကိုမမြင်ရ၍ ခန္ဓာကိုယ်ကိုအနည်းငယ်စောင်း
ကာ ဇရပ်ရှေ့သို့ကြည့်လိုက်သည်။
ရုပ်မြင်သံကြားထဲမှာသာမြင်ဖူးသည့် မော်တော်ကား
မျိူးကို အခုတော့ အပြင်မှာသေချာမြင်ဖူးရချေပြီ။

မော်တော်ကားဆိုတာ မြို့ကိုရောက်ဖူးသည့် လူ
တွေအတွက်တော့ အထူးအဆန်းမဟုတ်ပေမယ့်
ယခုအချိန်ထိ ခရိုင်မြို့သို့ပင် တစ်ခေါက်မှ မရောက်ဖူးသေးကြသော ဖိုးထောင်နှင့် ငယ်ထွေးကဲ့သို့
လူတွေအတွက်ကတော့ အထူးအဆန်းဖြစ်နေလေသည်။မြေနီမှုန့်တွေ ပေနေသည့် ဆလွန်းကားလေးကို ငေးကြည့်ကာ ၊ နှစ်ယောက်သား ထမင်းတောင် ဆက်မစားနိုင်ကြချေ။
လမ်းကြမ်းလွန်းလို့ သူတို့ရွာကိုလဲ ဘယ်ကားကမှ
မလာကြဘူးလေ။ ဒါကြောင့် ဒီကားက သူတို့ရွာကို
ရောက်လာတဲ့ ပထမဆုံးကား ဖြစ်လေသည်။

"အစ်မက ဒီရွာမှာ တာဝန်ကျတဲ့ ဆရာဝန်ပါ"

"သြော်..ဟုတ်ကဲ့..အစ်မ ၊ မနက်ကတောင် သူကြီး
နဲ့ရပ်ရွာလူကြီးတွေ စောင့်နေကြသေးတယ်"

မြလေးငုံက ပြာပြာသလဲလေးဖြင့် ပြောသည်။
ဆရာဝန်အမျိုးသမီးက ထိပ်တုံးခတ်ခံထားရသည့်
ငယ်ထွေးနှင့်ဖိုးထောင်ကို တစ်ချက်ကြည့်ကာ

"မြို့ကနေ မနက်ကတည်းကထွက်လာတာ ၊
လမ်းကြမ်းတော့ ကားကိုဖြည်းဖြည်းပဲ မောင်းလာ
ရတယ် ၊ရွာထဲကို ဘယ်လောက်ဝင်ရဦးမလဲဟင်"

"မဝေးတော့ဘူးအစ်မ ငါးမိနစ်လောက် မောင်း
သွားရင် ရောက်ပြီ"

"ဒီရွာ ဟုတ်တယ်တဲ့လား မမ"

ကားထဲမှ မိန်းကလေးတစ်ယောက် ထပ်ထွက်လာကာမေးတော့ ဆရာဝန်အမျိုးသမီးက ခေါင်းညိတ်
ပြလိုက်သည်။
ထို့နောက် မြလေးငုံ ဘက်သို့ ပြန်လှည့်ကာ

ပုဝါပါးလေး စွန်းမှာဆိုးDove le storie prendono vita. Scoprilo ora