ကံကောင်းသော ဇနီးသည်

By Ginnie_genevieve

6.5K 517 11

Status - 382 (completed) Gentre - Fantasy, Normal, Harem, Slice of life, Romance, Mature More

Summary
1.Tied
2.Save people
3. ComeBack Home
4. Leave
5. Bathing
6. a poor one
7.Write
8.Laundry
9.
...
11.
12.
13.
14.
new one(apocalypse)
15.
16.
17.

10.

240 27 1
By Ginnie_genevieve

[Unicode]

အမျိုးသားသည် အသက် ၂၀ ကျော်အရွယ်ဖြစ်ပြီး အရပ်ရှည်ကာသန်မာသည်။ ခဲရောင်နဲ့ မီးခိုးရောင်သမ်းတဲ့ အကြမ်းထည်အဝတ်ကိုဝတ်ထားကာ လက်စနှင့်ဘောင်းဘီအနားစတွေကို လိပ်တင်ထားပြီး ကြေးနီရောင်သမ်းသည့် အသားအရည်ကိုလည်းဖော်ပြထားသည်။

​ဖြောင့်တန်းတဲ့မျက်ခုံးတန်းများ၊ ရှင်းလင်းတဲ့မျက်နှာသွင်ပြင်၊ ရေသေလိုမျက်ဝန်းများနှင့် ပိရိသေသပ်သောနှုတ်ခမ်းများက အလွန်အရည်အချင်းရှိပုံပေါ်သည်။

လီမန်က ထိုလူ့ကို မနေ့ညကသူမကိုခေါ်လာပေးတဲ့ လူမှန်းသတိရသွားပြီး ထိုလူကသူမရဲ့ကယ်တင်ရှင်ပေ။

သူမကနှုတ်ခမ်းတွေကိုမသေမသပ်ဖြင့် ဖွင့်ဟလိုက်ပြီး သူ့ကို ပြုံးပြကာ ခေါင်းငြိမ့်ပြလိုက်သည်။

သူကပြန်နှုတ်ဆက်နေရင်းက​နေ ဘယ်သူသိမှာလဲ ခွေးကြီးတစ်ကောင်က မီးဖိုချောင်ထဲ ပြေးဝင်လာမယ်လို့။ ပြီးတော့သူ့ပါးစပ်ကနေ တောရိုင်းကောင်ကိုကိုက်ချီထားသေးသည်။

လီမန်ကကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်ရင်း အိုးရဲ့နောက်မှာ ပုန်းနေလိုက်၏။

လီမော့က အမြန်ပဲဝင်လာပြီး ဒေါသတကြီးဖြင့် ခွေးကြီးရဲ့နားရွက်တွေကိုဆွဲလိုက်ကာ

" တာ့ဟေး ထွက်သွား! "

တာ့ဟေးက သူအမဲလိုက်သွားတဲ့အခါတိုင်း လိုက်လာတတ်တဲ့ သူ့အဖော်ဖြစ်သည်။ သားကောင်ကိုအမဲလိုက်တဲ့အခါ အရမ်းကြမ်းတမ်းပေမဲ့ မိသားစုထဲမှာတော့ အလွန်သိမ်မွေ့စွာ နာခံလေသည်။

မိသားစုထဲမှာမိန်းမတစ်ယောက်ရှိနေပြီဖြစ်တာကြောင့် သူမကျေနပ်စေဖို့အတွက် တောရိုင်းငှက်ကိုပေးချင်ခဲ့တာဖြစ်သည်။ ဘယ်သူသိမှာလဲ အဲ့လောက်ကြီးကြောက်သွားလိမ့်မယ်လို့။ လီမန်က အသည်းငယ်တဲ့မိန်းမဖြစ်ပေလိမ့်မည်။

" အစ်မ အဆင်ပြေရဲ့လား? " လီရှောင်းဝူက လီမန့်ကိုဘေးကဖက်လိုက်ရင်း စိုးရိမ်တကြီးမေးလိုက်သည်။

လီမန်က သူမရင်ဘတ်ကိုပုတ်လိုက်ကာ ခေါင်းယမ်းပြလိုက်ရင်း သူမအဆင်ပြေပြောင်းပြလိုက်၏။

ဒါပေမဲ့လည်း ဒီလူက ရုတ်တရက်ကြီးပြန်လာတာဆိုတော့ သူမအစားအသောက်အတွက်ပိုလုပ်ရတော့မယ်လေ။

သူမက တောကောင်နှစ်တွဲကို ထုတ်ကာ အင်တုံထဲထည့်လိုက်၏။

အဲ့အမျိုးသားက အရပ်ရှည်ပြီး ထွားတာ​ကြောင့် ဒီအသားပမာဏက နည်းလိမ့်မယ်လို့တော့သူမ မထင်ပေ။ ဒါကြောင့်သူမကရိုးရှင်းစွာပဲ ဂျုံမှုန့်အနည်းကို ထုတ်လိုက်၏။

ဂျုံမှုန့်ထဲကိုရေထည့်ပြီးနယ်နေရင်းမှာပဲ တံခါးအပြင်ကနေ နောက်အသံတစ်ခုထွက်လာပြန်သည်။ နောက်တစ်ယောက်ပြန်လာတာဖြစ်၏။

" အစ်ကိုကြီး! အိမ်ထဲမှာလား "

တတိယသား လီစန်းက ငါးနှစ်ကောင်ကိုလက်ထဲဆွဲထားရင်း အထဲကိုဝင်လာသည်။

လီမော့က ခြံထဲမှာ **** ကိုသင်ပေးနေခဲ့သည်။ အနာဂတ်မှာ သူ့ကိုဖျက်လိုဖျက်စီးမလုပ်မိအောင်ဖြစ်၏။

* သူ့မိန်းမကိုခြောက်လိုက်လို့ ခွေးကိုဆုံးမနေတာနေမယ် TvT **** ကသူ့ထဲမှာကိုပါတာ။ smth rude word ထင်ပါတယ်

သူ့ညီငယ်ပြန်လာတာကိုသာမတွေ့ဘူးဆိုရင် သူ့မျက်နှာအရောင်ကကြည့်ရဆိုးနေအုံးမှာဖြစ်၏။

ပုံမှန်ဆို နေ့တိုင်းအမဲလိုက်ထွက်နေရပေမဲ့ ဒီနေ့တော့ သူ့စိတ်ထဲမှာ ဘယ်လိုဖြစ်နေမှန်းမသိပေ။ ထို့ကြောင့်သူအစောကြီးပြန်လာလိုက်တာဖြစ်၏။

" မင်းဘာလို့အခုမှပြန်လာတာလဲ? "
သူကသတိဝင်လာပြီး သူ့ညီငယ်ကိုမေးလိုက်သည်။

" ဘိုးဘွားခန်းမမှာမဟုတ်ဘဲ ရွာထဲမှာ ဒီနေ့ငါးမျှားတာမဟုတ်ဘူးလား "

သူ့စကားဆုံးသွားတာနဲ့ ခြံဝင်းထဲကို ဒုတိယညီငယ်လီယန်ဝင်လာသည်။ သူက လီမော့ကိုမြင်လိုက်ရတော့ တတိယလောက်အံ့သြမသွားပေ။

" အစ်ကိုကြီး အိမ်ပြန်ရောက်နေတာလား " လို့ ပေါ့ပေါ့ပါးပါးသာနှုတ်ဆက်လိုက်၏။

သူအိမ်မှာရှိနေတာအဲ့လောက်ထူးဆန်းလို့လား? .

လီမော့သည် ဒုတိယညီငယ်ရဲ့မျက်လုံးထဲက ရယ်သွေးသမ်းသည့် အကြည့်များကို မြင်လိုက်ရတော့ " ဘာလို့အိမ်ပြန်လာတာလဲ " လို့ပြန်မေးလိုက်သည်။

" အော, အလုပ်ကပြီးသွားပြီလေ၊ ခန်းမထဲမှာကျွေးတဲ့ နေ့လယ်စာကသိပ်မကောင်းလို့ တတိယညီငယ်နဲ့အတူဗိုက်ဆာလို့ပြန်လာတာ၊ အိမ်မှာအသင့်လုပ်ထားတာတွေများရှိမလားလို့ ပြန်လာကြည့်တာ "

လီယန်က ရိုးရိုးလေးပင်ဖြေလိုက်သည်။

" အကိုကြီးကော နေ့လယ်စာစားဖို့ပြန်လာတာလား? "

" အမ် အင်း! " လီမိုက သေချာပေါက်ပင်ဟုတ်တယ်ဟုပြောလိုက်သည်။

" မနက်က ငါလောနေတာနဲ့ အစာခြောက်တွေယူဖို့မေ့သွားလို့ "

လီယန်ရဲ့ ညာဘက်မျက်ခုံးကအနည်းငယ်ပင့်တက်သွားပြီး
" ကျွန်တော်သိပြီ " ဟုပြောလိုက်ရင်း မီးဖိုထဲကိုအလျင်အမြန်ဝင်သွား၏။

လီမော့ရဲ့ ပျားရည်ရောင်သမ်းနေတဲ့ပါးပြင်တွေက အနည်းငယ်နီမြန်းနေခဲ့သည်။ ဒုတိယညီမှာ သူ့အကိုရဲ့အပြုအမူကိုအနည်းငယ်မုန်းတီးသွားပြီး တကယ်တမ်းတော့ *အဲ့တာအတွက်ပြန်လာတာမဟုတ်ဘဲ ဟိုအမျိုးသမီးအတွက်ဆိုတာကို သူရှင်းရှင်းလင်းလင်းကြီးသိနေပါသည်။

*နေ့လည်စာ

မီးဖိုချောင်ထဲမှာတော့

လီရှောင်းဝူက တတိယအကိုနားမှာပတ်နေပြီး သူ့လက်ထဲက ငါးတွေကိုကြည့်ချင်နေခဲ့သည်။ ဒါပေမဲ့ လီရှူက သူကိုင်လာပြီးသားငါးနှစ်ကောင်ကို အမျိုးသမီးကိုချက်ဖို့ ပေးလိုက်လေသည်။

" ဒါကိုနေ့လယ်ကျစားဖို့ "

သူက ငါးတွေကို စဥ်းတီတုံးပေါ်တင်လိုက်ပြီးနောက် အမျိုးသမီးကိုပြုံးပြခဲ့လိုက်သည်။

သူပြန်ထွက်လာတော့ ခြံဝင်းထဲမှာ လျှော်ပြီးသား အဝတ်နဲ့အခင်းတွေကို တွေ့လိုက်ရလေသည်။
နောက်ပြီးသူမက မီးဖိုချောင်ထဲမှာရှိနေတုန်းပင်။

လီရှုရဲ့နှလုံးသားလေးက နွေးထွေးသွားပြီး ထိုအချိန်တွင် သူမကို သူတို့မိသားစုကနေ လွှတ်ပေးရမယ်ဆိုတာကို မေ့သွားခဲ့ပြီဖြစ်၏။

#

[Zawgyi]

အမ်ိဳးသားသည္ အသက္ ၂၀ ေက်ာ္အ႐ြယ္ျဖစ္ၿပီး အရပ္ရွည္ကာသန္မာသည္။ ခဲေရာင္နဲ႕ မီးခိုးေရာင္သမ္းတဲ့ အၾကမ္းထည္အဝတ္ကိုဝတ္ထားကာ လက္စႏွင့္ေဘာင္းဘီအနားစေတြကို လိပ္တင္ထားၿပီး ေၾကးနီေရာင္သမ္းသည့္ အသားအရည္ကိုလည္းေဖာ္ျပထားသည္။

ေျဖာင့္တန္းတဲ့မ်က္ခုံးတန္းမ်ား၊ ရွင္းလင္းတဲ့မ်က္ႏွာသြင္ျပင္၊ ေရေသလိုမ်က္ဝန္းမ်ားႏွင့္ ပိရိေသသပ္ေသာႏႈတ္ခမ္းမ်ားက အလြန္အရည္အခ်င္းရွိပုံေပၚသည္။

လီမန္က ထိုလူ႕ကို မေန႕ညကသူမကိုေခၚလာေပးတဲ့ လူမွန္းသတိရသြားၿပီး ထိုလူကသူမရဲ႕ကယ္တင္ရွင္ေပ။

သူမကႏႈတ္ခမ္းေတြကိုမေသမသပ္ျဖင့္ ဖြင့္ဟလိုက္ၿပီး သူ႕ကို ၿပဳံးျပကာ ေခါင္းၿငိမ့္ျပလိုက္သည္။

သူကျပန္ႏႈတ္ဆက္ေနရင္းကေန ဘယ္သူသိမွာလဲ ေခြးႀကီးတစ္ေကာင္က မီးဖိုေခ်ာင္ထဲ ေျပးဝင္လာမယ္လို႔။ ၿပီးေတာ့သူ႕ပါးစပ္ကေန ေတာရိုင္းေကာင္ကိုကိုက္ခ်ီထားေသးသည္။

လီမန္ကေၾကာက္လန့္တၾကားျဖင့္ ေအာ္ဟစ္လိုက္ရင္း အိုးရဲ႕ေနာက္မွာ ပုန္းေနလိုက္၏။

လီေမာ့က အျမန္ပဲဝင္လာၿပီး ေဒါသတႀကီးျဖင့္ ေခြးႀကီးရဲ႕နား႐ြက္ေတြကိုဆြဲလိုက္ကာ

" တာ့ေဟး ထြက္သြား! "

တာ့ေဟးက သူအမဲလိုက္သြားတဲ့အခါတိုင္း လိုက္လာတတ္တဲ့ သူ႕အေဖာ္ျဖစ္သည္။ သားေကာင္ကိုအမဲလိုက္တဲ့အခါ အရမ္းၾကမ္းတမ္းေပမဲ့ မိသားစုထဲမွာေတာ့ အလြန္သိမ္ေမြ႕စြာ နာခံေလသည္။

မိသားစုထဲမွာမိန္းမတစ္ေယာက္ရွိေနၿပီျဖစ္တာေၾကာင့္ သူမေက်နပ္ေစဖို႔အတြက္ ေတာရိုင္းငွက္ကိုေပးခ်င္ခဲ့တာျဖစ္သည္။ ဘယ္သူသိမွာလဲ အဲ့ေလာက္ႀကီးေၾကာက္သြားလိမ့္မယ္လို႔။ လီမန္က အသည္းငယ္တဲ့မိန္းမျဖစ္ေပလိမ့္မည္။

" အစ္မ အဆင္ေျပရဲ႕လား? " လီေရွာင္းဝူက လီမန့္ကိုေဘးကဖက္လိုက္ရင္း စိုးရိမ္တႀကီးေမးလိုက္သည္။

လီမန္က သူမရင္ဘတ္ကိုပုတ္လိုက္ကာ ေခါင္းယမ္းျပလိုက္ရင္း သူမအဆင္ေျပေျပာင္းျပလိုက္၏။

ဒါေပမဲ့လည္း ဒီလူက ႐ုတ္တရက္ႀကီးျပန္လာတာဆိုေတာ့ သူမအစားအေသာက္အတြက္ပိုလုပ္ရေတာ့မယ္ေလ။

သူမက ေတာေကာင္ႏွစ္တြဲကို ထုတ္ကာ အင္တုံထဲထည့္လိုက္၏။

အဲ့အမ်ိဳးသားက အရပ္ရွည္ၿပီး ထြားတာေၾကာင့္ ဒီအသားပမာဏက နည္းလိမ့္မယ္လို႔ေတာ့သူမ မထင္ေပ။ ဒါေၾကာင့္သူမကရိုးရွင္းစြာပဲ ဂ်ဳံမႈန့္အနည္းကို ထုတ္လိုက္၏။

ဂ်ဳံမႈန့္ထဲကိုေရထည့္ၿပီးနယ္ေနရင္းမွာပဲ တံခါးအျပင္ကေန ေနာက္အသံတစ္ခုထြက္လာျပန္သည္။ ေနာက္တစ္ေယာက္ျပန္လာတာျဖစ္၏။

" အစ္ကိုႀကီး! အိမ္ထဲမွာလား "

တတိယသား လီစန္းက ငါးႏွစ္ေကာင္ကိုလက္ထဲဆြဲထားရင္း အထဲကိုဝင္လာသည္။

လီေမာ့က ၿခံထဲမွာ **** ကိုသင္ေပးေနခဲ့သည္။ အနာဂတ္မွာ သူ႕ကိုဖ်က္လိုဖ်က္စီးမလုပ္မိေအာင္ျဖစ္၏။

* သူ႕မိန္းမကိုေျခာက္လိုက္လို႔ ေခြးကိုဆုံးမေနတာေနမယ္ TvT **** ကသူ႕ထဲမွာကိုပါတာ။ smth rude word ထင္ပါတယ္

သူ႕ညီငယ္ျပန္လာတာကိုသာမေတြ႕ဘူးဆိုရင္ သူ႕မ်က္ႏွာအေရာင္ကၾကည့္ရဆိုးေနအုံးမွာျဖစ္၏။

ပုံမွန္ဆို ေန႕တိုင္းအမဲလိုက္ထြက္ေနရေပမဲ့ ဒီေန႕ေတာ့ သူ႕စိတ္ထဲမွာ ဘယ္လိုျဖစ္ေနမွန္းမသိေပ။ ထို႔ေၾကာင့္သူအေစာႀကီးျပန္လာလိုက္တာျဖစ္၏။

" မင္းဘာလို႔အခုမွျပန္လာတာလဲ? "
သူကသတိဝင္လာၿပီး သူ႕ညီငယ္ကိုေမးလိုက္သည္။

" ဘိုးဘြားခန္းမမွာမဟုတ္ဘဲ ႐ြာထဲမွာ ဒီေန႕ငါးမွ်ားတာမဟုတ္ဘူးလား "

သူ႕စကားဆုံးသြားတာနဲ႕ ၿခံဝင္းထဲကို ဒုတိယညီငယ္လီယန္ဝင္လာသည္။ သူက လီေမာ့ကိုျမင္လိုက္ရေတာ့ တတိယေလာက္အံ့ၾသမသြားေပ။

" အစ္ကိုႀကီး အိမ္ျပန္ေရာက္ေနတာလား " လို႔ ေပါ့ေပါ့ပါးပါးသာႏႈတ္ဆက္လိုက္၏။

သူအိမ္မွာရွိေနတာအဲ့ေလာက္ထူးဆန္းလို႔လား? .

လီေမာ့သည္ ဒုတိယညီငယ္ရဲ႕မ်က္လုံးထဲက ရယ္ေသြးသမ္းသည့္ အၾကည့္မ်ားကို ျမင္လိုက္ရေတာ့ " ဘာလို႔အိမ္ျပန္လာတာလဲ " လို႔ျပန္ေမးလိုက္သည္။

" ေအာ, အလုပ္ကၿပီးသြားၿပီေလ၊ ခန္းမထဲမွာေကြၽးတဲ့ ေန႕လယ္စာကသိပ္မေကာင္းလို႔ တတိယညီငယ္နဲ႕အတူဗိုက္ဆာလို႔ျပန္လာတာ၊ အိမ္မွာအသင့္လုပ္ထားတာေတြမ်ားရွိမလားလို႔ ျပန္လာၾကည့္တာ "

လီယန္က ရိုးရိုးေလးပင္ေျဖလိုက္သည္။

" အကိုႀကီးေကာ ေန႕လယ္စာစားဖို႔ျပန္လာတာလား? "

" အမ္ အင္း! " လီမိုက ေသခ်ာေပါက္ပင္ဟုတ္တယ္ဟုေျပာလိုက္သည္။

" မနက္က ငါေလာေနတာနဲ႕ အစာေျခာက္ေတြယူဖို႔ေမ့သြားလို႔ "

လီယန္ရဲ႕ ညာဘက္မ်က္ခုံးကအနည္းငယ္ပင့္တက္သြားၿပီး
" ကြၽန္ေတာ္သိၿပီ " ဟုေျပာလိုက္ရင္း မီးဖိုထဲကိုအလ်င္အျမန္ဝင္သြား၏။

လီေမာ့ရဲ႕ ပ်ားရည္ေရာင္သမ္းေနတဲ့ပါးျပင္ေတြက အနည္းငယ္နီျမန္းေနခဲ့သည္။ ဒုတိယညီမွာ သူ႕အကိုရဲ႕အျပဳအမူကိုအနည္းငယ္မုန္းတီးသြားၿပီး တကယ္တမ္းေတာ့ *အဲ့တာအတြက္ျပန္လာတာမဟုတ္ဘဲ ဟိုအမ်ိဳးသမီးအတြက္ဆိုတာကို သူရွင္းရွင္းလင္းလင္းႀကီးသိေနပါသည္။

*ေန႕လည္စာ

မီးဖိုေခ်ာင္ထဲမွာေတာ့

လီေရွာင္းဝူက တတိယအကိုနားမွာပတ္ေနၿပီး သူ႕လက္ထဲက ငါးေတြကိုၾကည့္ခ်င္ေနခဲ့သည္။ ဒါေပမဲ့ လီရႉက သူကိုင္လာၿပီးသားငါးႏွစ္ေကာင္ကို အမ်ိဳးသမီးကိုခ်က္ဖို႔ ေပးလိုက္ေလသည္။

" ဒါကိုေန႕လယ္က်စားဖို႔ "

သူက ငါးေတြကို စဥ္းတီတုံးေပၚတင္လိုက္ၿပီးေနာက္ အမ်ိဳးသမီးကိုၿပဳံးျပခဲ့လိုက္သည္။

သူျပန္ထြက္လာေတာ့ ၿခံဝင္းထဲမွာ ေလွ်ာ္ၿပီးသား အဝတ္နဲ႕အခင္းေတြကို ေတြ႕လိုက္ရေလသည္။
ေနာက္ၿပီးသူမက မီးဖိုေခ်ာင္ထဲမွာရွိေနတုန္းပင္။

လီရႈရဲ႕ႏွလုံးသားေလးက ႏြေးေထြးသြားၿပီး ထိုအခ်ိန္တြင္ သူမကို သူတို႔မိသားစုကေန လႊတ္ေပးရမယ္ဆိုတာကို ေမ့သြားခဲ့ၿပီျဖစ္၏။

#

Continue Reading

You'll Also Like

657K 15.7K 100
Evelyn Claire Bennett never thought this would happen to her. Not in a million years. How could something that was meant to be temporary have a las...
160K 5.8K 27
فيصل بحده وعصبيه نطق: ان ماخذيتك وربيتك ماكون ولد محمد الوجد ببرود وعناد : ان مارفضتك ماكون بنت تركي !
261K 1.4K 33
This is a mix of different animes that have smut in them
268K 40.4K 103
ပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး