"ပါပါး နေသာရဲ့လား"
ဆေးရုံမှာ တစ်ပတ်လောက်
နေလိုက်ရတာဆိုတော့ ပါပါးတစ်ယောက်
အိမ်ပြန်ချင်နေမှန်း ရိပ်မိသည်။
ပါပါးက ဆေးရုံကုတင်ပေါ်
ထိုင်နိုင်နေပြီဆိုတော့ ပါပါးရဲ့ဘေးမှာ
ထိုင်ရင်း မေးလိုက်သည်။
"သက်သာနေပြီ သားရာ
ပါပါး အိမ်ပြန်ချင်ပြီ ကမ္ဘာဗိုလ်"
"daddyက ပါပါးရဲ့ ဒဏ်ရာအရှင်း
ပျောက်မှ အိမ်ပြန်မယ်ပြောနေတာ"
"ပါပါးနဲ့သားပဲ အခန်းထဲပိတ်မိနေတာ
ပါပါးတို့ ခိုးပြန်ကြမလား"
ခိုးပြန်ကြမလား အပြောမှာ
မျက်လုံးအရောင်တောက်လာလျှက်
တတ်ကြွနေသည့် သားဖြစ်သူကိုကြည့်ပြီး
ရယ်ချင်နေမိသည်။
ငယ်စဉ်ကတည်းက မိသားစုတင်မက
အမျိုးတွေရော ဦးထွဋ်ရဲ့ဂိုဏ်းသားတွေရော
အဖိုးတွေရော ကမ္ဘာဗိုလ့်ကို
မျက်စိဒေါက်ထောက်ကြည့်ပြီး
အိမ်ထဲမှာနေ အပြင်မထွက်စေဘူးဆိုတော့
အပြင်ခိုးထွက်ဖို့ဆို တတ်ကြွနေတာ
မထူးဆန်းတော့ပေ။
"ကောင်းပါ့မလား ပါပါး"
"ဖေဖေ့ဆီသွားနေမယ် ဦးထွဋ်
လာခေါ်လည်း ပြန်မလိုက်ဘူး"
"daddyလူတွေကို ဘယ်လို
ရှောင်ထွက်ကြမလဲ "
"ပါပါး စီစဉ်မယ် မပူနဲ့"
သားအဖနှစ်ယောက် မဟုတ်တာ
လုပ်ကြမည်ဆိုရာ
အတိုက်ဖောက်ညီနေကြသည်။
ပါပါးက အဝတ်အစားလဲ၍
ဖုန်းနဲ့ပိုက်ဆံအိတ်လေးသာ ယူခဲ့ပြီး
အခန်းထဲကနေ တိတ်တိတ်လေး
လစ်ထွက်ခဲ့ကြသည်။ပစ္စည်းတွေကိုတော့
daddyနဲ့ကိုကိုရုန်းလာမှ ယူခဲ့ကြပေါ့ဟု
ပါပါးက ပြောလေ၏။
အခန်းအပြင်မှာdaddyထား
ပေးထားသည့် လူနှစ်ယောက်ရှိသည်။
အခန်းအပြင်ထွက်တာနဲ့ တန်းမေးလာ၏။
"အကိုလေး ဘယ်လဲ ခင်ဗျ"
"ဆေးစစ်ကြည့်ဖို့ လာခဲ့ပါပြောလို့
သွားမလို့"
"ကျွန်တော်တို့လိုက်ခဲ့မယ်"
"ငါ့သားပါတယ် မင်းတို့နေခဲ့ကြ"
"အကိုကြီးက"
"ငါ့ကို ဘယ်သူမှအန္တရာယ်လာမပြုဘူး
စိတ်ချ ပူမနေနဲ့ မင်းတို့အကိုကြီးက
အလကားအလုပ်ရှုပ်အောင်
မင်းတို့ကိုစောင့်ခိုင်းတာ ခဏကြာမှာ နေခဲ့"
"ဟုတ် အကိုလေး"
သားအဖနှစ်ယောက် အောင်မြင်စွာ
ကျော်ဖြတ်ခဲ့ပြီး တစ်ယောက်လက်
တစ်ယောက်ဆုပ်ကိုင်ကာ အခန်းရှေ့က
မြန်မြန်ဝေးအောင် ပြေးမတတ်ထွက်ခဲ့
ကြသည်။
"!အသက်ကလေး ဘယ်လဲ"
ပါပါးရဲ့လက်ကို ဆုပ်ကိုင်၍
ဆေးရုံဝင်းအပြင်ရောက်မှ အဌားကား
ဌားဖို့ ပတ်ဝန်းကျင်ကိုကြည့်နေမိစဉ်
ကိုကို့ရဲ့အသံကြားလိုက်ရသည်မလို့
ပါပါးရဲ့မျက်နှာကို ကြည့်မိလိုက်သည်။
"!ဘယ်လိုလုပ်ကြမလဲ ပါပါး"
"သားမာန်"
"ပါပါးရဲ့ဒဏ်ရာ အရှင်းမပျောက်သေးဘူး
အပြင်ဘာလို့ထွက်နေရတာလဲဗျာ"
ကိုကိုက သူစီးလာသည့်ဆိုင်ကယ်ကို
ဒေါက်ထောက်ခဲ့ပြီး အနားရောက်လာ
ခြင်းဖြစ်သည်။
"ပါပါး မနေနိုင်တော့လို့ သားမာန်"
"ကြည့်ရတာ ခိုးထွက်လာပုံရတယ်
မဖြစ်ပါဘူး daddyကိုအကြောင်းကြားမှ
ရမှာ"
"!သားမာန်"
"ဗျာ"
ပြောနေရင်း ဖုန်းထုတ်ကာ daddyဆီ
အကြောင်းကြားဖို့ ပြင်နေသည့်
ကိုကို့ကို ပါပါးက စိတ်တိုနေသည့်
အသံဖြင့် ခေါ်လိုက်သည်။
"ဦးထွဋ်ဆီ ဖုန်းဆက်ရဲဆက်ကြည့်
ကမ္ဘာဗိုလ်နဲ့သားမာန်ကို သဘောမတူပဲ
နေလိုက်မှာ"
"ဟုတ်တယ်နော်ကိုကို ပါပါးက
အတည်ပြောနေတာ"
"အသက်ကလေးရော အလိုတူအလိုပါပေါ့
အသက်ကလေးရာ ကိုကို နေ့လည်စာယူဖို့
အိမ်ပြန်တုန်းလေး ဘယ်လိုဖြစ်ကြတာလဲ"
"ပါပါး သက်သာနေပြီ ဆေးရုံမှာ
လူမမာလို ထိုင်မနေနိုင်ဘူး
သောက်လိုက်ရတဲ့ဆေး ချိတ်လိုက်ရတဲ့
ဆေးပုလင်း လှုပ်ကိုမလှုပ်နိုင်ဘူး
သားမာန် ဆိုင်ကယ်နဲ့လိုက်ပို့
ပါပါးရဲ့ဖေဖေ့ဆီ"
လုပ်ချင်ရာလုပ်နေကြသည့်
အသက်လေးတို့ သားအဖနှစ်ယောက်ကို
မာန်သမိုင်း မနိုင်ဘူးဖြစ်နေမိသည်။
မတတ်သာသည့်အဆုံး ပါပါးနဲ့
အသက်ကလေးကို ဆိုင်ကယ်နောက်တင်ပြီး
ပို့ခိုင်းသည့်လိပ်စာဆီပို့ဖို့ ပြင်ရတော့၏။.
ရွှီ....ရှီ
သုံးဆယ့်ငါးလမ်းဘက် ချိုးအကွေ့
ဝီဆီမှုတ်သံနှင့်အတူ မော်တော်ပီကယ်က
ဆိုင်ကယ်ကိုတားလာတာကြောင့်
ရပ်ပေးလိုက်ရသည်။
"ပါပါး သားတို့တော့ အဖမ်းခံရပြီ"
"အေးဆေးပါ သားရာ မသကာ
သားမာန်ရဲ့ဆိုင်ကယ်လိုင်စင်
အသိမ်းခံရရုံပေါ့ ပါပါး ရွေးပေးမယ်"
"ညီလေးတို့ လူသုံးယောက်စီးတဲ့အပြင်
ဆိုင်ကယ်ဦးထုပ်မဆောင်းကြဘူး
လိုင်စင်သိမ်းမယ် ဒဏ်ငွေဆောင်ရမယ်"
"ဟုတ်ကဲ့"
"အခွန်ရုံးမှာ ဒဏ်ငွေဆောင်ပြီး
ရွေးယူ"
"ခုတစ်ခါတည်းရွေးလို့မရဘူးလားဗျ"
"ခုတစ်ခါတည်းရွေးရင်ရပါတယ်
သုံးသောင်းဆောင်ရမယ်ဗျ"
သုံးသောင်းဆိုတော့ ပါပါးက
ပိုက်ဆံအိတ်ထဲကနေ ထုတ်ပေးလိုက်သည်။
"ယာဉ်စည်းကမ်း လိုက်နာပါ"
"ဟုတ်ကဲ့"
ဆိုင်ကယ်အဖမ်းခံရတဲ့ကိစ္စပြတ်ပြီဆိုတော့
ဖိုးဖိုးကြီးအိမ်သို့ ချီတတ်ခဲ့ကြသည်။
*******
*hello daddy *
"ရုန်ရုန်းပြော"
*အခန်းထဲမှာ ပါပါးရော ကလေးလေးရော
မရှိဘူး ဖုန်းဆက်ကြည့်တာ
ဝင်တယ် တစ်ယောက်မှ မကိုင်ကြဘူး*
"!ဘာ....သေချာရှာကြည့်ပြီးပြီလား"
*သားရောက်နေတာ နှစ်နာရီလောက်ရှိပြီ
တစ်ယောက်မှမတွေ့ဘူး*
"ခက်တော့နေပြီ ငါ့လူတွေ
ဘယ်ရောက်နေကြလဲ"
*ပါပါးက ဆေးစစ်ဖို့သွားမယ်
ပြောသွားတာတဲ့ ကောင်တာမှာ
မေးကြည့်တာ
ပါပါးကို ဆေးစစ်ကြည့်ဖို့
မရှိဘူးပြောတယ်*
"!တောက် သောက်သုံးကိုမကျကြဘူး"
ရုန်ရုန်းကို စကားပင်ဆက်၍မပြောနိုင်
ကိုင်ထားသည့်ဖုန်းကို ခုံပေါ်
ပစ်တင်လိုက်သည်။
ရှေ့မှာထိုင်နေကြသည့် ဧည့်သည်တွေကို
အားနာမိပေမဲ့ ကိုယ့်အပူက
အရေးကြီးနေသည်ဖြစ်လို့ လုပ်ငန်းကိစ္စ
စက်သီဟကို လွှဲခဲ့လိုက်သည်။
"စက်သီဟ ငါအပြင်သွားမလို့
မင်း ကြည့်ရှင်းထားလိုက်"
"ဟုတ်ကဲ့ အကိုကြီး"
ရုန်ရုန်းပြောပြချက်အရ ဆေးရုံကနေ
လစ်ထွက်ကြပုံ ရသည်။
ဗိုလ် ဆေးရုံးဆင်းချင်နေတယ်ဆိုတာ
သိပေမယ့် ခိုးဆင်းမယ်လို့
မတွေးမိခဲ့ပေ။ ဗိုလ်နဲ့အတူ
ကမ္ဘာဗိုလ် ပါသွားသည်ဆိုတော့
အနည်းငယ်စိတ်အေးမိသည်။
ခက်တာက အိမ်ကိုပြန်ရောက်မလာသည့်
ဗိုလ်နဲ့သားကို ဘယ်လိုက်ရှာရမည်လဲ။
*****
"ခုချက်ခြင်းဆေးရုံကိုပြန်သွား
သူရခန့်ဗိုလ်"
"မသွားဘူး ဖေဖေ
သား သက်သာနေပြီ"
ဖိုးဖိုးတို့အိမ်ကိုရောက်တော့
ဖိုးဖိုးကြီးက သုံးယောက်လုံးကိုဆူသည်။
ဖိုးဖိုးလေးက ဌာနကနေ
ပြန်မလာသေးပေ။
ပါပါးဘေးမှာ ထိုင်နေရင်း
ဖိုးဖိုးကြီး ဆူသမျှကို ခေါင်းငုံ့၍
နားထောင်နေလိုက်သည်။
"ကမ္ဘာဗိုလ် ငါ့မြေးရဲ့daddyကို
ခုချက်ချင်း ဖုန်းခေါ်"
"ဆက်ရဲဆက်ကြည့် ပါပါးရိုက်မှာနော်"
"!သူရခန့်ဗိုလ်"
"ကျွန်တော် သက်သာနေပြီ ဖေဖေ"
"မိဘစကား နားထောင်ငြား
သံပြားကျောက်ဆောင် ကျိုးသော်ပြောင်း၏
အန္တရာယ်ဖြစ်မဆိုးလို့ တားမြစ်တဲ့ကိစ္စမှာ
မိဘစကားနားထောင်တဲ့ သားသမီးတွေက
ဘေးအန္တရာယ်ကြုံလာစေဦး
ခိုင်ခန့်လွန်းတဲ့ သံပြား ကျောက်ဆောင်တောင်မှ
ပျော့ပြောင်းစေတယ်"
"သားက ဖေဖေ့စကား နားမထောင်တာမှ
မဟုတ်တာ ဆေးရုံမှာနေရတာ
ကြာလှပြီ သားရဲဒဏ်ရာ ကျတ်နေပြီရယ်
ဦးထွဋ်ကအလကားနေရင်း နေခိုင်းနေတာ"
"လိုအပ်လို့ပေါ့ သားရ"
"သားကို ဖေဖေလက်မခံရင်ရတယ်
သားမာန် ပြန်ကြစို့"
"!ဘယ်ကိုပြန်မှာလဲ ဗိုလ်"
daddyကအိမ်ထဲဝင်လာပြီး
မေးလာတာဖြစ်လို့ daddyကို
အလန့်တကြားကြည့်မိလိုက်သည်။
daddyကိုကြည့်ရတာ တော်တော်
ဒေါသထွက်နေပုံရသည်။
တစ်ခါမှမမြင်ဘူးသည့်
မျက်နှာထားနဲ့ အိမ်ထဲဝင်လာခြင်းဖြစ်သည်။
"ဦးထွဋ်"
"သူရဆီသွားမယ် စိတ်ကထင်နေလို့
လိုက်လာတာ သူရခန့်ဗိုလ်
မင်း အတော်ဆိုးနေပါလား "
"ကျွန်တော်ဘာဆိုးနေလို့လဲ ဆေးရုံမှာ
သားနဲ့ကျွန်တော်နှစ်ယောက်တည်း
နေရတာ ဆေးချိတ် ဆေးထိုးရုံကလွဲ
တစ်နေကုန်လှဲနေရတာ ပျင်းတယ်
ဦးထွဋ်ကြီးက ! အား"
ပင်ပန်းသွားလို့လား စကားအများကြီး
ပြောမိလို့လားမသိ ဒဏ်ရာနေရာက
ဆစ်ကနဲနာကျင်သွားသည်။
နာကျင်သည့်နေရာကို
လက်နဲ့ဖိထားရင်း စကားပင်မပြောနိုင်ချေ။
"!ကျစ်....ဒါလား ပျောက်တာ
ထ ဆေးရုံပြန်သွားမယ်"
"မသွားဘူး အနားယူလိုက်ရင်
သက်သာမှာ"
ပါပါးကို daddyကပွေ့ခေါ်ဖို့
ဟန်ပြင်ပေမဲ့ ပါပါးက ရုန်း၍ daddyကို
တွန်းထုတ်သည်။
"ဗိုလ် ဦးထွဋ် ပြောတာနားထောင်ကွာ"
"မသွားဘူး ဆေးရုံပြန်ခိုင်းမှာသိလို့
ဖေဖေ့ဆီလာခဲ့တာ ဦးထွဋ်ပြန်တော့
ကျွန်တော် ဆေးရုံဆင်းဖို့
စီစဉ်ချေ"
"!ကျစ် မင်းကွာ"
"ကျွန်တော် ဆေးရုံကအခန်းထဲမှာ
လူမမာလို မနေချင်ဘူး"
"လူမမာက လူမမာလိုမနေလို့
ဘယ်လိုနေချင်တာလဲ ဗိုလ်ရာ"
"အိမ်မှာနေချင်တာ"
"ငါ့သားကတော့ အသက်သာကြီးလာတာ
မပြောင်းလဲဘူး ဦးအိမ်သတိရဟေ့"
ပြောမနိုင်သည့် ပါပါးကြောင့်
daddy စိတ်ကိုလျှော့လိုက်ပုံရသည်
ပါပါးဘေးဝင်ထိုင်ရင်း ပါပါးကို
ပွေ့ထားပေးသည်။
ကိုကိုက ကိုယ့်ရဲ့လက်ကိုတို့ကာ
အခြေနေမဟန်ဘူးဆိုသည့်သဘော
ခေါင်းရမ်းပြသည်။
"ဗိုလ့်ကိုလေ နှစ်ခါဆုံးရှုံးရတော့မလို
အခြေနေကနေ လွတ်မြောက်လာတာ
ဒဏ်ရာမှ အရှင်းမပျောက်သေးတာ
ဆေးရုံက ခိုးဆင်းရတယ်လို့ကွာ"
"ကျွန်တော့်ကို မစိုးရိမ်နဲ့ ဘာမှမဖြစ်ဘူး
ကျွန်တော့် ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်က
ဦးထွဋ်လို့ သတ်မှတ်ပြီးသား
ဦးထွဋ် လက်နဲ့မသတ်သရွေ့
ဘယ်အရာတွေကမှ ကျွန်တော့်ရဲ့
အသက်ကို မသေစေနိုင်ဘူး
ဒီဒဏ်ရာလောက်က စာဖွဲ့မနေဘူး"
"ဆေးရုံမှာနေနေ အိမ်မှာနေနေ
ပါပါးကို ဆေးကုပေးမဲ့ ဆရာဝန်ရှိရင်
အေးဆေးပါ daddyရာ"
!ဒေါက်
"!အား daddy "
"ကမ္ဘာဗိုလ် daddyရဲ့ကြာပွတ်ကို
မေ့နေပုံရတယ် "
daddyကလက်တံ ရှယ်ရှည်တာ
ပါပါးအလည်မှာ ခြားထားတာတောင်
ကိုယ့်နှဖူးကို လက်နဲ့လှမ်းခေါက်တာ
ထိထိမိမိ ခေါက်ခံလိုက်ရသည်။
နာကျင်သွားသည့် နှဖူးကို
လက်နဲ့ပွတ်လျှက် ကိုကို့ကို
အားကိုးတကြီး မော့ကြည့်မိသည်။
"!ဉုံဖွ အသက်ကလေး နာသွားပြီကွာ"
ကိုကိုက ကိုယ့်ရဲ့နှဖူးကို ဉုံဖွလုပ်ပေးပြီး
လက်နဲ့ခပ်ဖွဖွလေးပွတ်ပေးပေမယ့်
နာကျင်မှု့က ပျောက်မသွားပေ။
"!ဟင့် သားနဲ့ဘာဆိုင်လို့လဲ daddy"
"သားရဲ့ပါပါး ဆေးရုံကခိုးဆင်းတာ
အလိုတူအလိုပါမလို့လေ
ရိုက်ခံချင်နေတာ ကမ္ဘာဗိုလ်"
"ကလေးနဲ့ဘာမှမဆိုင်ဘူး
ကျွန်တော့်ကိုပြော ဦးထွဋ်"
ring~~~ring
daddyရဲ့ဖုန်းမြည်သံကြောင့်
daddyက စကားဆက်မပြောဘဲ
ဖုန်းကိုင်လေသည်။
"သားရဲ့ပါပါး သူ့အဖေအိမ်မှာ"
*......*
"သားရဲ့ပါပါးက ဆေးရုံပြန်မသွားဘူး
ပြောနေတာ သားဘာသာဆေးရုံဆင်းဖို့
စီစဉ်လိုက် အိမ်ခေါ်ကုလို့ရတဲ့ဒေါက်တာနဲ့
ချိတ်လာခဲ့ဦး"
*........*
"အကုန်ပြီးရင် သားရဲ့ဖိုးဖိုးကြီးဆီ
လာခဲ့လိုက်"
ကိုကိုရုန်းက ပါပါးနဲ့အဆင်ပြေနေပေမယ့်
သူ့အမျိုးသားရဲ့အိမ်မှာနေသည်။
ဒီကိုလာခဲ့ဖို့ အခေါ်ရှိတာဆိုတော့
ပါပါးကို အိမ်ပြန်ခေါ်မှာသေချာ၏။
"ဖုန်းပြောတာကြားတယ်မလား ဗိုလ်
အိမ်ပြန်ရအောင်"
"ညနေမှပြန်မှာ ဆေးရုံဆင်းခွင့်ရတာ
သေချာပြီလို့ ရုန်ရုန်းဆီကသိရမှ
ပြန်မှာ"
"အိမ်မှာ ဧည့်သည်တွေကျန်ခဲ့တယ်
စက်သီဟနဲ့လွှဲထားခဲ့တာ
လုပ်ငန်းကိစ္စ အဆင်ပြေကြရဲ့လားသိရဖို့
ပြန်မှဖြစ်မယ် ဗိုလ်"
"ဦးထွဋ်ပြန်လေ ညနေမှလာခေါ်"
"ဗိုလ်ရာ"
ဖီးနစ်ဂိုဏ်းသားတွေအပေါ်
ဘယ်လောက်ထိ သြဇာအာဏာရှိလဲ။
daddyရဲ့ စကားတစ်ခွန်းသာမိန့်လိုက်
သေဆိုသေ ရှင်ဆိုရှင်ကြတဲ့အထိ
အာဏာကြီးမားသည်။
daddyရဲ့ထိုသို့အာဏာက ပါပါးအပေါ်သက်ရောက်ခြင်းလုံးဝမရှိပေ။
ပါပါးကို မနိုင်သည့် daddyက
အိမ်မပြန်ဘဲ ပါပါးနဲ့အတူ
ထိုင်နေရတော့သည်။
"ပါပါး daddyနဲ့ပြန်လိုက်ခဲ့တော့
သား ကိုကိုနဲ့ပြန်တော့မယ်"
"ဂရုစိုက်ပြန်ကြ သားမာန်
ပါပါး ကျေးဇူးတင်တယ်"
"ကျွန်တော်ကရတယ် ပါပါးသာ
ကျန်းမာရေးဂရုစိုက်ပါဗျ"
"အိမ်ရောက်ရင် ပါပါးကိုဖုန်းဆက်ကြဦး"
"ကိုကိုရုန်း ဆေးရုံကနေ ဒီကိုလာမယ်
ထင်တယ်
ကိုကိုရုန်းလာရင် အိမ်ပြန်ခဲ့နော်ပါပါး"
"ဆေးရုံဆင်းခွင့်ရတာ သေချာပြီဆိုရင်
ပြန်ခဲ့မှာ"
"ဟုတ် ပါပါး....ဖိုးဖိုးကြီး သားပြန်ပြီ"
"ကောင်းပါပြီဗျာ"
*******
"အား....လွမ်းနေတာ ငါ့အိပ်ရာလေး"
ပါပါးအနားက မခွာပဲ ဆေးရုံမှာ
ရက်အကြာကြီးနေရတာဆိုတော့
ကိုယ့်အိပ်ရာလောက် သက်သောင့်
သက်သာ မရှိတာ အမှန်ပင်။
အခန်းထဲ ရောက်ရောက်ခြင်း
မွေ့ရာပေါ်ပစ်လှဲကာ အနားယူမိသည်။
ကိုကိုရောဘာထူးလဲ ကိုယ်ကမှ
ဆေးရုံအခန်းထဲရှိ ဆိုဖာခုံမှာ
အိပ်ရသေးတယ်
ကိုကိုက ဖြစ်သလို ကြမ်းပြင်မှာ
စောင်ခင်းပြီးအိပ်ရတာ။
အသက်ကလေး အိပ်ပျော်အောင်အိပ်
ပါပါးကိုစိတ်မချလို့ ခဏမှေးမှာ
အမြဲပြောခဲ့သည်။ပါပါးသိတော့
ကိုကို့ကို အားနာတယ်ပြောပြီး
အိမ်ပြန်ခိုင်းသေးတယ်။
ကိုကိုက အသက်ကလေးရဲ့အဖေက
သူ့အဖေပါတဲ့ ပြုစုခွင့်ရလို့
ကျေနပ်ကြောင်းဆိုခဲ့၏။
"ကိုကို့ အသက်ကလေး
တော်တော်ပင်ပန်းနေပုံရတယ်"
"သားဆီကို လာပါဦး"
ကိုကို့ကို အနားလာဖို့မွေ့ရာကို
လက်နဲ့ပုတ်၍ ခေါ်လိုက်သည်။
ကိုကိုကဘေးမှာ ဝင်လှဲရာ
ကိုကို့ရင်ခွင်ကျယ်ကြီးထဲ ခိုဝင်လိုက်သည်။
"ကိုကို့"
"ပြောလေ အသက်ကလေး"
"သားတို့ အတူမနေတာကြာပြီနော်"
"အသက်ကလေး ဆန္ဒရှိရင်နေလေ"
"ကိုကိုက အမြဲပေးနေတာ
သားဆီက ယူဦးလေ "
"အသက်ကလေး နာကျင်ရမှာဆိုးလို့
မယူရက်ဘူး"
"သားကို အဲလောက်ထိချစ်တာလား"
"ပါပါးရဲ့ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်က
daddyလို့ပြောတာကြားလိုက်လား"
"ကြားတယ်လေ ပါပါးအမြဲပြော"
"ကိုကို့ ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်က
အသက်ကလေးလေ"
"ကိုကိုရာ ကိုကို့ကိုချစ်လွန်းလို့
ရူးတော့မှာပဲ သားရဲ့စိတ်ဆန္ဒကို
နှိုးဆွပေးပါဦး"
ကိုယ့်ကို အုပ်မိုးထားသည့် ကိုကို့ရဲ
လည်ပင်းကို ဆုပ်ကိုင်ထားရင်း
ကမ္ဘာဗိုလ်ရဲ့အာရုံထဲ ဆန္ဒတစ်ခုက
ဝင်ရောက်လာခဲ့သည်။
"ကိုကို သားဆီက ယူမလား
သားက ကိုကို့ဆီကအမြဲယူနေရတာ
ကိုကိုလည်း ယောကျာ်းတစ်ယောက်ပဲ
သားဆီက ရယူချင်စိတ်ဖြစ်ဘူးလား
ဒါမှမဟုတ်
ရယူချင်စိတ် လုံးဝမရှိတာလား"
"အဲလိုတော့ ဘယ်ဟုတ်ပါ့မလဲ
အသက်ကလေးဆီက ရယူချင်စိတ်
ဖြစ်မိတယ် ကိုကို့ရဲ့စိတ်ကို
ရအောင်ထိမ်းချုပ်ထားတာ
အသက်ကလေး နာကျင်ရမှာဆိုးလို့"
"သားဆီကယူ ကိုကို့ကိုပေးချင်လို့
နာကျင်ရလည်း ဘာဖြစ်လဲ
ကိုကိုလည်း နာကျင်လျှက်နဲ့ပေးတာပဲ"
မာန်သမိုင်းသည်
အသက်ကလေး ဝတ်ထားတဲ့
အဝတ်အစား တစ်ခုချင်းစီ
ချွတ်ပေးလိုက်ပြီး
ကိုယ်ရဲ့ ဝတ်ထားတဲ့အဝတ်အစားတွေကို
ချွတ်ပစ်လိုက်သည်။
အသက်ကလေးကသူ့ဆီကရယူဖို့
ပြောပေမဲ့ နာကျင်ရမှာ
ဆိုးတာကြောင့် မာန်သမိုင်းရဲ့စိတ်ကို
အမြဲထိမ်းချုပ်ထားခဲ့တာအမှန်ဖြစ်သည်။
စိတ်ပြောင်းသွားပြီး အသက်ကလေးဆီက
ရယူမယ်ထင်နေသလားမသိ
အဝတ်ကင်းမဲ့နေသည့် အသက်ကလေးက
မျက်လုံးစုံမှိတ်ကာ အိပ်ရာခင်းစကို
ဆုပ်ကိုင်ထားလျှက်ရှိသည်။
"စိတ်လျှော့ထား အသက်ကလေး
ဘာမှမစိုးရိမ်နဲ့ ကိုကို အသက်ကလေးဆီက
မယူရက်ဘူး"
"သား ကိုကို့ဆီကမယူဘူးနော်
!အား ကိုကို မလုပ်နဲ့"
ကျဉ်တတ်သွားတဲ့အထိတွေ့ကြောင့်
ကမ္ဘာဗိုလ်သည် အံကိုကျိတ်ကာ
လက်သီးနှစ်ဖက်ကို ဆုပ်ထားလိုက်မိသည်။
သာယာတယ် ယဇ်မူးတယ်
တကိုယ်လုံး အကြောချဉ်တွေ
ဆူပွက်လာသလိုခံစားရတယ်
အကြောင်းရင်းက ကိုယ်ရဲ့မြွေကို
ကိုကိုကငုံထွေးကာ စုပ်ယူပေးနေသောကြောင့်
ဖြစ်သည်။
"!အား...ဟင့်.... ဖယ်ပေးကိုကို
သားရဲ့ကောင်ကြီး မာန်ထလာလိမ့်မယ်"
ကိုကို့ကို တားနေပေမဲ့ ကိုကိုက လွှတ်မပေး
ပိုပြီးအားစိုက်ကာ စုပ်ယူနေတာကြောင့်
ဆက်မတားမိတော့ဘဲ မျက်လုံးစုံမှိတ်ကာ
ခပ်တိုးတိုးညည်း နေမိလိုက်သည်။
ယခုတစ်ခါက အရင်လို နာကျင်မှု့မရှိဘဲ
ခံစားမှု့ကောင်းလွန်းနေတာကြောင့်
ကမ္ဘာဗိုလ့်ရဲ့ စိတ်ထဲ လိုချင်စိတ်တစ်ခု
ပြင်းပြနေသလိုဖြစ်နေသည်။
"ရပြီထင်တယ် အသက်ကလေး
ကိုကို အသင့်ဖြစ်နေပြီ"
အသက်ကလေးရဲ့မြွေလေးက
ကိုယ့်ရဲ့ အာခံတွင်းထဲ
တင်းပြီးမာလာပြီဆိုမှ စုပ်ယူနေခြင်းကို
ရပ်တန့်လိုက်သည်။
ပြီးနောက် မွေရာပေါ်မှာမှောက်ယှက်အနေအထားဖြင့် နေပေးပြီး
အသက်ကလေးကို အဆင်သင့်
ဖြစ်နေပြီဆိုတာ ပြောပြလိုက်သည်။
"ကိုကို နာရင်ပြော"
"အသက်ကလေးရဲ့ စိတ်ထဲရှိတဲ့
အတိုင်းသွား"
"ကိုကို့ မျက်နှာကိုကြည့်ချင်တယ်
ကိုကိုရဲ့နာကျင်နေတဲ့ပုံစံကို မြင်ရမှ
ရှေ့ဆက်လို့အဆင်ပြေမှာ ကိုကို "
ကိုယ့် မျက်နှာကိုကြည့်ရမှ
အဆင်ပြေမည်ပြောလာသည့်
အသက်ကလေးကြောင့်
မာန်သမိုင်းသည် မှောက်ယှက်
အနေအထားမှ ပက်လက်အနေအထားသို့
ပြောင်းလိုက်သည်။
ပြီးနောက် ကိုယ့်ပေါင်ကြားမှာ
နေရာယူထားတဲ့အသက်ကလေးရဲ့
ခန္ဓာကိုယ်လေးကို ထိမ်းပေးထားလိုက်သည်။
"ကိုကို"
"ဒီအတိုင်းအဆင်ပြေလား
အသက်ကလေး"
ကိုကို့ကို အုပ်မိုးထားသည့်ကိုယ့်ကို
စူးရှသည့် အကြည့်တွေနဲ့
စိုက်ကြည့်နေတာမြင်ရတော့
ကိုကို့အကြည့်ကို မခံယူရဲ ဖြစ်နေမိသည်။
နေ့ခင်းအချိန်ဖြစ်သည့်အပြင်
လင်းထိန်နေသည့် အခန်းမီးရောင်က
ကိုကိုနဲ့ကိုယ် တစ်ယောက်ကိုတစ်ယောက်
ထင်သာမြင်သာရှိနေတာဆိုတော့
ရှေ့ဆက်ရမှာ တစ်မျိုးဖြစ်လို့နေ၏။
"အသက်ကလေး ရှက်နေတာလားကွာ"
"လင်းထိန်နေတာပဲ မီးပိတ်ရမလား ကိုကို"
"တစ်မျိုးဖြစ်တာပေါ့ မပိတ်နဲ့"
"ဒါဆို ထည့်ကြည့်မယ်နော် ကိုကို
!အာ သားကိုစိုက်မကြည့်နဲ့လေ ကိုကိုရာ မျက်လုံးမှိတ်ထားပေး"
"ဟား....ဟား.... ဟုတ်ပါပြီဗျာ"
အသက်ကလေးရဲ့စိတ်တိုင်းကြ
မျက်လုံးမှိတ်ပေးထားလိုက်သည်။
ကိုယ့်ရဲ့ နှုတ်ခမ်းကိုစုပ်ယူလာတဲ့
အသက်ကလေးက တစ်ချက်တစ်ချက်
လျှာဖြင့် ကိုယ့်ရဲ့ ခံတွင်းထဲ
ထိုးမွှေပေးလေသည်။
ကမ္ဘာဗိုလ်သည် ကိုကို့ကိုထိတွေ့ရတာ
ခါတိုင်းနဲ့မတူ ရထားအစီးပေါင်းများစွာ
ခုတ်မောင်းသွားသလို ရင်ထဲတဒိန်းဒိန်း
မြည်နေရသည်။
ခုန်နေတဲ့ရင်ကို မသိကျိုးကျွံ ပြုလိုက်
ပြီးနောက် ကိုကိုက ကိုယ့်မြွေဝင်လို့ရအောင်
အလိုက်သင့်နေပေးတာကြောင့်
တင်းနေတဲ့ ကိုယ့်မြွေကို လက်ဖြင့်
တစ်ချက်နှစ်ချက်လှုပ်ရှားလိုက်သည်။
ကိုကို့ရဲ့ တွင်းဝနဲ့ကိုယ့်ရဲ့မြွေကို တေ့ကာ ရှေ့ဆက်ဖို့ အားယူလိုက်သည်။
ကိုကိုကတော့ ဘယ်လိုနေမည်မသိ
ကိုယ့်ရဲ့စိတ်က အတိုင်းဆမသိ
လှုပ်ခါနေရင်း ကိုယ့်မြွေကို
ကိုကို့တွင်းလေးထဲ ဝင်အောင်
ဖိသွင်းလိုက်သည်။ ကိုယ့်မြွေစဝင်သည်နှင့် ကိုကိုထံကနေ ညည်းသံသဲ့သဲ့လေးထွက်လာသည်။
"!အား......အသက်ကလေး"
"ခဏလေးကိုကို အစမလို့နာတာလား
!ဟင့် ရပ်လိုက်ရမလားဟင်"
"အမ်....ဟား....ဟား
အသက်ကလေးကွာ"
"သားကိုလှောင်တာလား ကိုကို
!အား...နာတယ်"
ကိုယ့်ရဲ့ညည်းသံကြောင့်ထင်သည်
ငိုမဲ့မဲ့ဖြစ်လာပြီး ရပ်တန့်ပစ်ဖို့
တွေးနေတာလေးက ချစ်စရာ
ကောင်းလွန်းနေ၏။
အသက်ကလေးကို သဘောကျလျှက်
ရယ်မိတော့ လှောင်တယ်ဖြစ်ရသေး၏။
ကိုကို့တွင်းက ကိုယ့်မြွေကို
ညှစ်ယူ ထားတာကြောင့် ရှေ့ဆက်
ဝင်လို့မရဘဲ နာကျင်လာသည်။
" အား.... ဟင်း... ကိုကို ညှစ်မထားနဲ့
သားဟာ နာနေပြီ"
"sorry အသက်ကလေး"
အသက်ကလေးရဲ့မြွေက
ကိုယ့်ရဲ့အနောက်ရပ်ဝန်းထဲ
အစပျိုးပေးခြင်းမရှိဘဲ အစိမ်းသပ်သပ်
တိုးဝင်လာတာကြောင့် အသက်ကလေးရဲ့
မြွေကို ညှစ်မိသလိုဖြစ်သွားသည်။
အသက်ကလေးရဲ့မြွေ ဝင်ရလွယ်အောင်
အတတ်နိုင်ဆုံး အလိုက်သင့်နေပေးမှ
အသက်ကလေးရဲ့စိတ်ဆန္ဒအဆုံးထိ
ရောက်မှာဆိုတာ တွေးမိလိုက်သည်။
"!ဟား....ကိုကို"
ကိုကိုဆီက ရယူမိတိုင်း
ခံစားမှု့ကောင်းလွန်းနေရသည်။
ရိုးအီမသွားသည့် စိတ်ဆန္ဒကို
ဘရိတ်အုပ်မရဘဲ ကိုကို့ကိုအုပ်မိုးထားရင်း
ကြမ်းရမ်းပစ်မိသည်။
"အာ့....အားအရှိန်လျှော့ဦး
အသက်ကလေး အရမ်းမြန်နေတယ်"
"လျှော့လို့မရဘူးကိုကို ခဏသည်းခံပေး"
"!အား...အား"
"တောင်းပန်ပါတယ် ကိုကို"
ကမ္ဘာဗိုလ်သည် ကိုကို့ရဲ့တွင်းလေးထဲကို
အကြိမ်ပေါင်း မရေတွက်နိုင်အောင်
ခပ်ကြမ်းကြမ်းလှုပ်ရှားမိသည်။
ကိုကိုက ကိုယ့်ရဲ့ကျောပြင်ကို
ဖက်တွယ်လျှက်ညည်းသံသဲ့သဲ့သာ
အသံထွက်ပေးသည်။
နာကျင်မှု့အတိုင်း အော်ဖို့ပြောပေမဲ့
ကိုကိုက နေ့ခင်းအချိန် တခြားသူတွေ
ကြားရင် မကောင်းဘူး ပြောလာသည်။
ကိုကိုနဲ့လက်ထပ်ပြီးရင်
daddyကိုပြောရမည်
သားအတွက် အသံလုံသည့်အခန်း
ပြင်ပေးပါလို့။
"အသက်ကလေး ကိုကို့ရဲ့ရှင်သန်ခြင်းလေး"
"ဟား....ရှစ်....ကိုကိုက ရှယ်ပဲ"
အခန်းအတွင်း ညည်းသံသဲ့သဲ့လေးရယ်
သာယာလို့ ထွက်နေသည့်အသံတွေဟာ
အချိန်တစ်ခုကိုကျော်ဖြတ်အပြီးမှာ
ပြီးဆုံးခြင်းနဲ့အဆုံးသတ်လိုက်လေသည်။
"ကိုကို"
"ကိုကို့ အသက်ကလေး ပန်းသွားပြီ"
တုန်ယင်မှု့နဲ့အတူ ပူနွေးသော
အထိတွေ့ကြောင့် အသက်ကလေးရဲ့
ပြီးဆုံးခြင်း အဆုံးသတ်ကို မာန်သမိုင်း
သိလိုက်သည်။ ကိုယ့်ရဲ့ကိုယ်ပေါ်ကို
မှောက်ယှက်အမောဖြေနေသည့်
အသက်ကလေးကို ထွေးပွေ့ထားရင်း
အသက်ကလေးရဲ့ကျောပြင်လေးကို
ပုတ်ပေးနေမိသည်။
"တောင်းပန်ပါတယ် ကိုကို"
"ရပါတယ် အသက်ကလေးရယ်"
"သားကြောင့်နာကျင်ရတယ်မလား
!ဟင့် ကိုကို့ကို ကြမ်းမိတယ်"
"ကိုကို မနာဘူး အသက်ကလေး"
ချွေးလေးစို့နေသည့် ကိုကို့မျက်နှာကို
ကြည့်ရင်း နမ်းချင်စိတ်ဖြစ်ပေါ်
လာတာကြောင့် ကိုကို့ပါးလေးကို
အနမ်းပေးရင်း တိုး၍ ဖက်ထားလိုက်သည်။
"သားနဲ့ကိုကို လက်ထပ်ပြီးရင်
သားရဲ့ပထမဆုံးအကြိမ် ကိုကိုယူနော်
နာကျင်ရလည်းဘာဖြစ်လဲ သားချစ်တဲ့
ကိုကို့ကိုပေးအပ်ရတာ နာကျင်ရလဲ
ကျေနပ်တယ်"
"ကောင်းပါပြီဗျာ နာကျင်မှု့ဒဏ်ကို
ခံနိုင်ဖို့ ခုကတည်းက အားမွေးထား
လေလောဆယ် အသက်ကလေး
ပင်ပန်းထားတဲ့အတွက် အိပ်လိုက်
ပြန်ဖျားနေမှာဆိုးလို့"
ကိုကို့ရင်ခွင်ကသာ အနွေးထွေးဆုံးဖြစ်လို့
ဘယ်ချိန်မှေးစက်ရ မှေးစက်ရ
ခဏအတွင်းမှာ အမြဲ အိပ်ပျော်ရသည်။
ကိုကိုနဲ့နီးစပ်ဖို့ အခက်အခဲတွေ
ကျော်ဖြတ်ခဲ့ရတာ ထိုအခက်အခဲတွေ
မရှိစေဖို့ အမြန်လက်ထပ်မှဖြစ်မည်ဟု
တွေးမိသည်။
ဆက်ရန်
ကမ္ဘာဗိုလ်နဲ့မာန်သမိုင်းရဲ့ ပုံလေးရပြီနော်
art by _မြောင်ဥကြော်
သဘောကျရဲ့လား ချစ်သောတို့ရေ