အခမ်းအနားက တစ်နာရီ အတွင်း စတော့မှာ၊ နင် ဒီလို မလုပ်သင့်ဘူး ခွန်နွမ်။
ဒီစကားတွေကို ကျွန်မကိုယ် ကျွန်မ ပြောနေမိသည်။ သတို့သားနှင့် မကြာခင်အချိန်လေးအတွင်းမှာ လက်ထပ်တော့မှာ မှန်သော်လည်း သူသည် ယခုအချိန်ထိ ကျွန်မကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံပြီး ရိုသေသမှုဖြင့် စကားပြောနေဆဲ ဖြစ်သည်။ ဒီယောက်ျားဟာ ကျွန်မနှင့် တကုတင်တည်း အိပ်ပြီး ကျွန်မ ခင်ပွန်း ဖြစ်လာမယ့်သူဆိုတာ သေချာရဲ့လား။ ကျွန်မ သူ့ကို ကြည့်ပြီး ပြုံးလိုက်မိသည်။
"မင်းက ငါနဲ့ ထိုက်တန်လို့လား"
သဘာဝတရားကြီးသည် ကျွန်မတို့ကို ဘဝ၏ အစိတ်အပိုင်း တခုအနေဖြင့် ဒုက္ခနှင့် သုခကို မျှမျှတတ တွေ့ကြုံခံစားရအောင် စီမံထားလေ့ရှိသည်။
ကလေးတစ်ယောက်ကို မွေးဖွားလိုက်ရခြင်း၏ ပျော်ရွှင်မှု၊
ဂိမ်းတစ်ပွဲ ရှုံးသွားရ၍ ဝမ်းနည်းမှု၊
ပထမဆုံး အချစ်ကြောင့် ခံစားရသည့် ကြည်နူးမှု၊
ချစ်သူက ဖောက်ပြန်သွား၍ အဆုံးသတ်လိုက်ရသော ဆက်ဆံရေး၏ နာကျင် ကြေကွဲမှု၊
စသဖြင့်။
ဒါတွေ အားလုံးဟာ လူတွေရဲ့ သာမန်ဘဝမှာ ကြုံတွေ့နေရတဲ့ အရာတွေပဲ မဟုတ်လား။ သို့သော် ကျွန််မ ဘဝကတော့ဖြင့် ကွာခြားပါလေသည်။
အမှန်အတိုင်းဆိုရလျှင် ကျွန်မဘဝမှာ စိတ်ပျက်ရတာတို့ စိတ်ဓါတ်ကျတာတို့ကို တစ်ခါမှ မကြုံခဲ့ဖူးပါ။ ကျွန်မတို့ မိသားစုက မုန်းလွမ် လို့ တော်ဝင်ဘွဲ့ထူး ရထားတဲ့ မြင့်မြတ်တဲ့ အနွယ်တော်ကနေ ဆင်းသက်လာခဲ့တာပါ။
ဒီလို တော်ဝင်မျိုးနွယ်ဆိုတာက အခုခေတ်မှာ မအပ်စပ်တော့ပေမဲ့ တော်ဝင်မျိုးနွယ်ရဲ့ ဘွဲ့ထူးကတော့ အခုအချိန်ထိ အရှိန်အဝါကြီးနေဆဲ ဖြစ်ပါသည်။
သေချာတာတစ်ခုကတော့ လူတွေက ကျွန်မကို မဟာဆီ မဟာသွေးဆိုပြီး မြှောက်စားကြတဲ့အခါ ကျွန်မကလည်း သူတို့ရဲ့ မျှော်မှန်းချက်တွေကို ဖျက်ဆီးတဲ့သူ မဖြစ်မိအောင် အစွမ်းကုန် ကြိုးစားရတော့တာပါပဲ။
ဒီလို တော်ဝင် ဆွေတော်မျိုးတော်ကနေ ဆင်းသက်လာတဲ့ မိသားစုဖြစ်တာမို့ ကျွန်မ လိုက်နာရတဲ့ စည်းကမ်းတွေ၊ ထုံးတမ်းစဉ်လာတွေဟာ တခြားသူတွေနဲ့တော့ မတူကွဲပြားပါသည်။
အရာရာဟာ ပြစ်ချက်မရှိ ပြီးပြည့်စုံနေဖို့ လိုအပ်သည်။ ကျွန်မ မလုပ်နိုင်သည့် ကိစ္စဆိုတာ မရှိစေရ။
ဒီစိတ်ကူး ဟာ ကျွန်မ၏ ငယ်စဉ်ကလေးဘဝကတည်းက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခဲ့သည့် ဗီဇ ဖြစ်လာခဲ့ပါ၏။
ကျွန်မ၏ အတိတ်ဘဝ ကုသိုလ်ကံအကျိုးပေးကလည်း ကောင်းမွန်သဖြင့် ကျွန်မသည် ရုပ်ကလေးကလည်း လှသည့်အပြင် ဉာဏ်လည်း တော်တော် ကောင်းပါသည်။ ဒါကြောင့် ကျွန်မ ဘဝမှာ စိတ်ညစ်စရာ စိတ်ပျက်စရာဆိုတာ ယောင်လို့တောင် မရှိခဲ့ဖူးပါ။
ဘယ်တုန်းကမှပေါ့။
ကျွန်မ အဘွားသည်လည်း ကျွန်မ ငယ်စဉ်ကတည်းက အရာရာ ပြီးပြည့်စုံနေရမည်ဆိုသော စကားကို ရိုက်သွင်းထားသဖြင့် အခုအသက်အရွယ်ထိ ကျွန်မ၏ အသိစိတ်ထဲတွင် စွဲနေလေသည်။
"သူများထက် သာရမယ်၊ အထက်တန်းကျရမယ်၊ မြင့်မားနေရမယ်"
ဘယ်သူမှ ကျွန်မနှင့် မထိုက်တန်ဘူးလို့ ထင်လာခဲ့သည် အထိ။
ဒါပေမဲ့ အဘွားက ဒီလူနှင့် အတင်းအကျပ် လက်ထပ်ရမည်ဟု တွန်းအားပေးသောအခါ ကျွန််မ သူ့အပေါ် စိတ်ဆိုးဒေါသဖြစ်မိပါသည်။ သို့သော် ကျွန်မ လက်ထပ်ဖို့ရာ သဘောတူလိုက်၏။
ပြီးမှ ရုတ်တရက် ပွဲကနေ ထွက်ပြေးခဲ့သည်လေ။ အဘွား မျက်နှာပျက်ရတာပေါ့။ ဒါပေမဲ့ အဘွားက ကျွန်မကို ဂရုစိုက်တာမှ မဟုတ်တာ။ သူက သူများထက် သာချင်တဲ့ စိတ်ပဲ ရှိတာ။
ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ သား ဖြစ်တဲ့၊ အဘွားကလည်း သဘောတူတဲ့ သတို့သား အပါအဝင် လူတချို့ကိုတော့ သေချာပေါက် ကျွန်မ နာကျင်စေခဲ့တာပေါ့လေ။
"မင်းက ငါနဲ့ ထိုက်တန်ရဲ့လား"
ဒီမေးခွန်းဟာ ဘယ်သူမှ မဖြေနိုင်တဲ့ တခုတည်းသော မေးခွန်းဖြစ်ပါသည်။ ကျွန်မကို ချစ်တယ်လို့ လာပြောကြတဲ့ လူတိုင်းကို ကျွန်မ ဒီမေးခွန်း မေးဖြစ်သည်။ သူတို့ ဘယ်တော့မှ မဖြေနိုင်ဘဲ စော်ကားခံလိုက်ရသလို အမြဲ ခံစားသွားရတတ်ကြသည်။ သူတို့ကိုယ်တိုင်ကတောင်မှ ကျွန်မနဲ့ ထိုက်တန်တယ်လို့ မခံစားရရင် ကျွန်မ ဘယ်လိုလုပ်ပြီး သူတို့နဲ့ တွဲမလဲ။
ဒါကတော့ ကျွန်မပါ။ မုန်းလွမ် စစ်ပါကွန်။
အဲဒီလက်ထပ်ပွဲကို ဖျက်ပြီး ကျွန်မ မိသားစု အပါအဝင် ကျွန်မနှင့် ရင်းနှီးတဲ့ သူတွေ အားလုံးရဲ့ ခပ်ဝေးဝေးကို ကျွန်မ ထွက်ပြေးလာခဲ့သည်။ ကျွန်မရဲ့ တစ်ခုတည်းသော ပြဿနာကတော့ ကျွန်မမှာ ဘာ ရည်မှန်းချက်မှ မရှိနေတာပါပဲ။ ကျွန်မ အသက်မွေးဝမ်းကြောင်းနဲ့ ပတ်သက်ပြီး ဖြစ်ချင်တဲ့ ပန်းတိုင်လည်း မရှိသလို ဘယ်အလုပ်အကိုင်ကိုမှလည်း လုပ်ချင်စိတ်မရှိပါ။ ကျွန်မမှာ အရင်က အနုပညာနဲ့ ပန်းချီဆွဲဖူးတာလေး ရှိတော့ အဲဒီကနေ ဝင်ငွေလေး ရအောင် ပန်းချီလေးတွေ ဆွဲခဲ့ရသည်။
တချို့ရက်တွေမှာတော့ စားဖို့သောက်ဖို့ လုံလောက်တဲ့ထိ ငွေစလေးတွေ ရွှင်ပေမဲ့ တချို့ရက်တွေမှာတော့ ဘာဝင်ငွေမှကို မရပါ။ စံအိမ်တော်ကြီးမှာ နေထိုင်တဲ့အချိန်တုန်းကလို မဟုတ်ဘဲ တစ်လကို ဘတ်ထောင်ဂဏန်းလေးသာ ပေးရတဲ့ စတိုခန်းတခန်းမှာ ကျွန်မ ငှါးနေခဲ့ပါသည်။ သို့သော် ကျွန်မ ပိုက်ဆံမရှိလို့ စိတ်မညစ်ပါ။ ငွေရေးကြေးရေး အဆင်မပြေမှုကြောင့် ဘဝကို အဆုံးသတ်ဖို့ ကြိုးစားတဲ့သူတွေကိုလည်း ကျွန်မ နားမလည်နိုင်ခဲ့ပါ။
ကျွန်မ ဘဝမှာ ဒုက္ခဆိုတာကို ခံစားဖူးချင်သည်။ သို့သော် ဒုက္ခရယ်ဆိုလို့ ရှိကို မရှိပြန်ပါ။ ဒါဆို ဘာကြောင့် ဒီလိုတွေ နေနေရသလဲလို့ ကျွန်မကို မေးလျှင်တော့ ကျွန်မ အဘွားကို စိတ်အနှောင့်အယှက် ပေးချင်လို့လို့ ဖြေရပါမည်။ သူဖြစ်ချင်တဲ့ အတိုင်း မဖြစ်ရလို့ အဘွားမှာ စိတ်ပူပန်ရတာတွေ သောကရောက်ရတာတွေ စိတ်ပျက်ရတာတွေ ဖြစ်စေချင်ပါသည်။
ဒါဟာ ကျွန်မ ညီမလေး ခွန်ဆုန်နဲ့ ပတ်သက်ပြီးတော့ကြောင့်လည်း ပါပါသည်။ အဘွားက သူလုပ်ခဲ့တဲ့ ကိစ္စအတွက် ပြစ်ဒဏ်ခံရသင့်သည်။
ကျွန်မကို ဝမ်းနည်း စိတ်ပျက်အောင် လုပ်နိုင်တဲ့ အရာတစ်ခုခုများ မရှိတော့ဘူးလား။ ဒီလို အဆင်းရဲခံပြီး နေနေတာတောင် ဒုက္ခဆိုတာကို ကျွန်မ နားမလည်နိုင်သေးပါ။ စိတ်ဆင်းရဲမှုကို သေချာမသိဘဲ ပျော်ရွှင်မှုဆိုတာကို ဘယ်လိုနားလည်နိုင်မလဲ။ ကျွန်မနှလုံးသားကို ပေါက်ထွက်မတတ် ခုန်စေနိုင်တဲ့ ပျော်ရွှင်မှု တစ်ခုခုကို ကျွန်မ ခံစားကြည့်ချင်လိုက်တာ။
"အန်တီ နွမ်"
"ဘာလဲ"
ကျွန်မထက် ဆယ်စုနှစ်တစ်ခုထက်မက ငယ်ရွယ်သော ကလေးမလေးက ကျွန်မကို အပြစ်ကင်းပြီး ချိုမြိန်သော မျက်ဝန်းတွေဖြင့် ကြည့်နေသည်ကို ကျွန်မ ငေးမိ၏။ တစ်လအတွင်း ဒီကလေးမ ကျွန်မဆီ လာတာ အကြိမ်တစ်ရာမက ရှိတော့မည်။ ကျွန်မတို့ စတွေ့ကတည်းက သူသည် ကျွန်မ ပန်းချီဆွဲရာသို့ ပုံမှန်လာပြီး ကျွန်မပန်းချီဆွဲနေတာကို စိတ်ဝင်တစား ကြည့်တတ်လေသည်။
သို့သော် ဒီကလေးမ ပါးစပ်ကနေ "အန်တီနွမ့်ကို ချစ်တယ်" ဆိုတဲ့ အသံကို ကြားရတိုင်း ကျွန်မ အနည်းငယ် နေရထိုင်ရ ခက်သွားတတ်လေသည်။
ဒီကလေးမလေးက ကျွန်မခံစားကြည့်ချင်သည့် ဒုက္ခဆိုသည့် အရာရဲ့ အစပြုမှု တစ်ခုလေလား။
ကောင်မလေးရဲ့ နာမည်က "အားနွမ်" တဲ့။
ZG
Prologue
အခမ္းအနားက တစ္နာရီ အတြင္း စေတာ့မွာ၊ နင္ ဒီလို မလုပ္သင့္ဘူး ခြန္ႏြမ္။
ဒီစကားေတြကို ကၽြန္မကိုယ္ ကၽြန္မ ေျပာေနမိသည္။ သတို႔သားႏွင့္ မၾကာခင္အခ်ိန္ေလးအတြင္းမွာ လက္ထပ္ေတာ့မွာ မွန္ေသာ္လည္း သူသည္ ယခုအခ်ိန္ထိ ကၽြန္မကို ယဥ္ယဥ္ေက်းေက်း ဆက္ဆံၿပီး ရိုေသသမွုျဖင့္ စကားေျပာေနဆဲ ျဖစ္သည္။ ဒီေယာက္်ားဟာ ကၽြန္မႏွင့္ တကုတင္တည္း အိပ္ၿပီး ကၽြန္မ ခင္ပြန္း ျဖစ္လာမယ့္သူဆိုတာ ေသခ်ာရဲ့လား။ ကၽြန္မ သူ႔ကို ၾကည့္ၿပီး ျပဳံးလိုက္မိသည္။
"မင္းက ငါနဲ႔ ထိုက္တန္လို႔လား"
သဘာဝတရားႀကီးသည္ ကၽြန္မတို႔ကို ဘဝ၏ အစိတ္အပိုင္း တခုအေနျဖင့္ ဒုကၡႏွင့္ သုခကို မၽွမၽွတတ ေတြ႕ၾကဳံခံစားရေအာင္ စီမံထားေလ့ရွိသည္။
ကေလးတစ္ေယာက္ကို ေမြးဖြားလိုက္ရျခင္း၏ ေပ်ာ္ရႊင္မွု၊
ဂိမ္းတစ္ပြဲ ရွုံးသြားရ၍ ဝမ္းနည္းမွု၊
ပထမဆုံး အခ်စ္ေၾကာင့္ ခံစားရသည့္ ၾကည္ႏူးမွု၊
ခ်စ္သူက ေဖာက္ျပန္သြား၍ အဆုံးသတ္လိုက္ရေသာ ဆက္ဆံေရး၏ နာက်င္ ေၾကကြဲမွု၊
စသျဖင့္။
ဒါေတြ အားလုံးဟာ လူေတြရဲ့ သာမန္ဘဝမွာ ၾကဳံေတြ႕ေနရတဲ့ အရာေတြပဲ မဟုတ္လား။ သို႔ေသာ္ ကၽြန္္မ ဘဝကေတာ့ျဖင့္ ကြာျခားပါေလသည္။
အမွန္အတိုင္းဆိုရလၽွင္ ကၽြန္မဘဝမွာ စိတ္ပ်က္ရတာတို႔ စိတ္ဓါတ္က်တာတို႔ကို တစ္ခါမွ မၾကဳံခဲ့ဖူးပါ။ ကၽြန္မတို႔ မိသားစုက မုန္းလြမ္ လို႔ ေတာ္ဝင္ဘြဲ႕ထူး ရထားတဲ့ ျမင့္ျမတ္တဲ့ အႏြယ္ေတာ္ကေန ဆင္းသက္လာခဲ့တာပါ။
ဒီလို ေတာ္ဝင္မ်ိဳးႏြယ္ဆိုတာက အခုေခတ္မွာ မအပ္စပ္ေတာ့ေပမဲ့ ေတာ္ဝင္မ်ိဳးႏြယ္ရဲ့ ဘြဲ႕ထူးကေတာ့ အခုအခ်ိန္ထိ အရွိန္အဝါႀကီးေနဆဲ ျဖစ္ပါသည္။
ေသခ်ာတာတစ္ခုကေတာ့ လူေတြက ကၽြန္မကို မဟာဆီ မဟာေသြးဆိုၿပီး ေျမႇာက္စားၾကတဲ့အခါ ကၽြန္မကလည္း သူတို႔ရဲ့ ေမၽွာ္မွန္းခ်က္ေတြကို ဖ်က္ဆီးတဲ့သူ မျဖစ္မိေအာင္ အစြမ္းကုန္ ႀကိဳးစားရေတာ့တာပါပဲ။
ဒီလို ေတာ္ဝင္ ေဆြေတာ္မ်ိဳးေတာ္ကေန ဆင္းသက္လာတဲ့ မိသားစုျဖစ္တာမို႔ ကၽြန္မ လိုက္နာရတဲ့ စည္းကမ္းေတြ၊ ထုံးတမ္းစဥ္လာေတြဟာ တျခားသူေတြနဲ႔ေတာ့ မတူကြဲျပားပါသည္။
အရာရာဟာ ျပစ္ခ်က္မရွိ ၿပီးျပည့္စုံေနဖို႔ လိုအပ္သည္။ ကၽြန္မ မလုပ္နိုင္သည့္ ကိစၥဆိုတာ မရွိေစရ။
ဒီစိတ္ကူး ဟာ ကၽြန္မ၏ ငယ္စဥ္ကေလးဘဝကတည္းက နက္နက္ရွိုင္းရွိုင္း အျမစ္တြယ္ခဲ့သည့္ ဗီဇ ျဖစ္လာခဲ့ပါ၏။
ကၽြန္မ၏ အတိတ္ဘဝ ကုသိုလ္ကံအက်ိဳးေပးကလည္း ေကာင္းမြန္သျဖင့္ ကၽြန္မသည္ ႐ုပ္ကေလးကလည္း လွသည့္အျပင္ ဉာဏ္လည္း ေတာ္ေတာ္ ေကာင္းပါသည္။ ဒါေၾကာင့္ ကၽြန္မ ဘဝမွာ စိတ္ညစ္စရာ စိတ္ပ်က္စရာဆိုတာ ေယာင္လို႔ေတာင္ မရွိခဲ့ဖူးပါ။
ဘယ္တုန္းကမွေပါ့။
ကၽြန္မ အဘြားသည္လည္း ကၽြန္မ ငယ္စဥ္ကတည္းက အရာရာ ၿပီးျပည့္စုံေနရမည္ဆိုေသာ စကားကို ရိုက္သြင္းထားသျဖင့္ အခုအသက္အရြယ္ထိ ကၽြန္မ၏ အသိစိတ္ထဲတြင္ စြဲေနေလသည္။
"သူမ်ားထက္ သာရမယ္၊ အထက္တန္းက်ရမယ္၊ ျမင့္မားေနရမယ္"
ဘယ္သူမွ ကၽြန္မႏွင့္ မထိုက္တန္ဘူးလို႔ ထင္လာခဲ့သည္ အထိ။
ဒါေပမဲ့ အဘြားက ဒီလူႏွင့္ အတင္းအက်ပ္ လက္ထပ္ရမည္ဟု တြန္းအားေပးေသာအခါ ကၽြန္္မ သူ႔အေပၚ စိတ္ဆိုးေဒါသျဖစ္မိပါသည္။ သို႔ေသာ္ ကၽြန္မ လက္ထပ္ဖို႔ရာ သေဘာတူလိုက္၏။
ၿပီးမွ ႐ုတ္တရက္ ပြဲကေန ထြက္ေျပးခဲ့သည္ေလ။ အဘြား မ်က္ႏွာပ်က္ရတာေပါ့။ ဒါေပမဲ့ အဘြားက ကၽြန္မကို ဂ႐ုစိုက္တာမွ မဟုတ္တာ။ သူက သူမ်ားထက္ သာခ်င္တဲ့ စိတ္ပဲ ရွိတာ။
ျပည္နယ္အုပ္ခ်ဳပ္ေရးမွူးရဲ့ သား ျဖစ္တဲ့၊ အဘြားကလည္း သေဘာတူတဲ့ သတို႔သား အပါအဝင္ လူတခ်ိဳ႕ကိုေတာ့ ေသခ်ာေပါက္ ကၽြန္မ နာက်င္ေစခဲ့တာေပါ့ေလ။
"မင္းက ငါနဲ႔ ထိုက္တန္ရဲ့လား"
ဒီေမးခြန္းဟာ ဘယ္သူမွ မေျဖနိုင္တဲ့ တခုတည္းေသာ ေမးခြန္းျဖစ္ပါသည္။ ကၽြန္မကို ခ်စ္တယ္လို႔ လာေျပာၾကတဲ့ လူတိုင္းကို ကၽြန္မ ဒီေမးခြန္း ေမးျဖစ္သည္။ သူတို႔ ဘယ္ေတာ့မွ မေျဖနိုင္ဘဲ ေစာ္ကားခံလိုက္ရသလို အျမဲ ခံစားသြားရတတ္ၾကသည္။ သူတို႔ကိုယ္တိုင္ကေတာင္မွ ကၽြန္မနဲ႔ ထိုက္တန္တယ္လို႔ မခံစားရရင္ ကၽြန္မ ဘယ္လိုလုပ္ၿပီး သူတို႔နဲ႔ တြဲမလဲ။
ဒါကေတာ့ ကၽြန္မပါ။ မုန္းလြမ္ စစ္ပါကြန္။
အဲဒီလက္ထပ္ပြဲကို ဖ်က္ၿပီး ကၽြန္မ မိသားစု အပါအဝင္ ကၽြန္မႏွင့္ ရင္းႏွီးတဲ့ သူေတြ အားလုံးရဲ့ ခပ္ေဝးေဝးကို ကၽြန္မ ထြက္ေျပးလာခဲ့သည္။ ကၽြန္မရဲ့ တစ္ခုတည္းေသာ ျပႆနာကေတာ့ ကၽြန္မမွာ ဘာ ရည္မွန္းခ်က္မွ မရွိေနတာပါပဲ။ ကၽြန္မ အသက္ေမြးဝမ္းေၾကာင္းနဲ႔ ပတ္သက္ၿပီး ျဖစ္ခ်င္တဲ့ ပန္းတိုင္လည္း မရွိသလို ဘယ္အလုပ္အကိုင္ကိုမွလည္း လုပ္ခ်င္စိတ္မရွိပါ။ ကၽြန္မမွာ အရင္က အႏုပညာနဲ႔ ပန္းခ်ီဆြဲဖူးတာေလး ရွိေတာ့ အဲဒီကေန ဝင္ေငြေလး ရေအာင္ ပန္းခ်ီေလးေတြ ဆြဲခဲ့ရသည္။
တခ်ိဳ႕ရက္ေတြမွာေတာ့ စားဖို႔ေသာက္ဖို႔ လုံေလာက္တဲ့ထိ ေငြစေလးေတြ ရႊင္ေပမဲ့ တခ်ိဳ႕ရက္ေတြမွာေတာ့ ဘာဝင္ေငြမွကို မရပါ။ စံအိမ္ေတာ္ႀကီးမွာ ေနထိုင္တဲ့အခ်ိန္တုန္းကလို မဟုတ္ဘဲ တစ္လကို ဘတ္ေထာင္ဂဏန္းေလးသာ ေပးရတဲ့ စတိုခန္းတခန္းမွာ ကၽြန္မ ငွါးေနခဲ့ပါသည္။ သို႔ေသာ္ ကၽြန္မ ပိုက္ဆံမရွိလို႔ စိတ္မညစ္ပါ။ ေငြေရးေၾကးေရး အဆင္မေျပမွုေၾကာင့္ ဘဝကို အဆုံးသတ္ဖို႔ ႀကိဳးစားတဲ့သူေတြကိုလည္း ကၽြန္မ နားမလည္နိုင္ခဲ့ပါ။
ကၽြန္မ ဘဝမွာ ဒုကၡဆိုတာကို ခံစားဖူးခ်င္သည္။ သို႔ေသာ္ ဒုကၡရယ္ဆိုလို႔ ရွိကို မရွိျပန္ပါ။ ဒါဆို ဘာေၾကာင့္ ဒီလိုေတြ ေနေနရသလဲလို႔ ကၽြန္မကို ေမးလၽွင္ေတာ့ ကၽြန္မ အဘြားကို စိတ္အေႏွာင့္အယွက္ ေပးခ်င္လို႔လို႔ ေျဖရပါမည္။ သူျဖစ္ခ်င္တဲ့ အတိုင္း မျဖစ္ရလို႔ အဘြားမွာ စိတ္ပူပန္ရတာေတြ ေသာကေရာက္ရတာေတြ စိတ္ပ်က္ရတာေတြ ျဖစ္ေစခ်င္ပါသည္။
ဒါဟာ ကၽြန္မ ညီမေလး ခြန္ဆုန္နဲ႔ ပတ္သက္ၿပီးေတာ့ေၾကာင့္လည္း ပါပါသည္။ အဘြားက သူလုပ္ခဲ့တဲ့ ကိစၥအတြက္ ျပစ္ဒဏ္ခံရသင့္သည္။
ကၽြန္မကို ဝမ္းနည္း စိတ္ပ်က္ေအာင္ လုပ္နိုင္တဲ့ အရာတစ္ခုခုမ်ား မရွိေတာ့ဘူးလား။ ဒီလို အဆင္းရဲခံၿပီး ေနေနတာေတာင္ ဒုကၡဆိုတာကို ကၽြန္မ နားမလည္နိုင္ေသးပါ။ စိတ္ဆင္းရဲမွုကို ေသခ်ာမသိဘဲ ေပ်ာ္ရႊင္မွုဆိုတာကို ဘယ္လိုနားလည္နိုင္မလဲ။ ကၽြန္မႏွလုံးသားကို ေပါက္ထြက္မတတ္ ခုန္ေစနိုင္တဲ့ ေပ်ာ္ရႊင္မွု တစ္ခုခုကို ကၽြန္မ ခံစားၾကည့္ခ်င္လိုက္တာ။
"အန္တီ ႏြမ္"
"ဘာလဲ"
ကၽြန္မထက္ ဆယ္စုႏွစ္တစ္ခုထက္မက ငယ္ရြယ္ေသာ ကေလးမေလးက ကၽြန္မကို အျပစ္ကင္းၿပီး ခ်ိဳၿမိန္ေသာ မ်က္ဝန္းေတြျဖင့္ ၾကည့္ေနသည္ကို ကၽြန္မ ေငးမိ၏။ တစ္လအတြင္း ဒီကေလးမ ကၽြန္မဆီ လာတာ အႀကိမ္တစ္ရာမက ရွိေတာ့မည္။ ကၽြန္မတို႔ စေတြ႕ကတည္းက သူသည္ ကၽြန္မ ပန္းခ်ီဆြဲရာသို႔ ပုံမွန္လာၿပီး ကၽြန္မပန္းခ်ီဆြဲေနတာကို စိတ္ဝင္တစား ၾကည့္တတ္ေလသည္။
သို႔ေသာ္ ဒီကေလးမ ပါးစပ္ကေန "အန္တီႏြမ့္ကို ခ်စ္တယ္" ဆိုတဲ့ အသံကို ၾကားရတိုင္း ကၽြန္မ အနည္းငယ္ ေနရထိုင္ရ ခက္သြားတတ္ေလသည္။
ဒီကေလးမေလးက ကၽြန္မခံစားၾကည့္ခ်င္သည့္ ဒုကၡဆိုသည့္ အရာရဲ့ အစျပဳမွု တစ္ခုေလလား။
ေကာင္မေလးရဲ့ နာမည္က "အားႏြမ္" တဲ့။