" တော်ပါသေးရဲ့ ဖေဖေရယ်။ သမီးက ဖေဖေ
တစ်ခုခုဖြစ်မှာ စိုးနေတာ " မျက်ရည်လေး စမ်းစမ်း စမ်းသမ်းနဲ့ပြောလာသော သူ့သမီးအား ကြည့်ရင်း
" ဖေဖေက ဘာဖြစ်ရမှာလဲ သမီးရဲ့။ ဖေဖေက သမီးရဲ့ Iron-Man လေ " အနာကနာသေးပေမဲ့ သမီးကိုစရင်း ဦးထွန်းမြတ်တစ်ယောက် ရယ်လိုက်တော့သည်။
"ဟား ဖေဖေကတော့ စလို့ကောင်းတုန်း " သူ့အဖေကို ဖွဖွလေး ပုတ်ပြီး ပြောလိုက်သည်။
" ဖေဖေ ဘာစားချင်လဲ။ သမီးဘာဝယ်ပေးရမလဲ "
" ရပါတယ် သမီးရယ်။ ဖေဖေ ရဲထွဋ် ကိုပြောစရာလေးရှိလို့ ခဏဖယ်ပေးလို့ရမလား သမီး"
" ဟုတ် ရပါတယ် " နွေသူအနောက်မှာ ရပ်နေသော ရဲထွဋ်အား ကြည့်ရင်း ထွက်သွားလိုက်သည်။
ရဲထွဋ်လဲ နွေထသွားသွားချင်း နွေထိုင်သော ခုံမှာဝင်ထိုင်လိုက်ပြီး
"မောင်ရင် ဦးတစ်ခုတောင်းဆိုချင်တယ်"
"ဟုတ်ကဲ့ ရပါတယ် ပြောပါဗျ"
"ဦးသမီး နွေဝင့်ထည်ကို စောင့်ရှောက်ပေးပါ ။ ဦးအခုလိုဖြစ်တော့ ဦးစိတ်ပူမိတာ ဦးသမီးပဲ။ ဦးမိန်းမကတော့ သူ့အတွက်လုံလောက်တဲ့ အချိန်နဲ့ စည်းစိမ် တွေဦးပေးထားခဲ့ပြီးပြီ။ ဦးမိန်းမအတွက် နောက်ဆံမတင်းတော့ဘူး။ ဦးသမီးအတွက် နွေ့အတွက်ပဲ စိတ်ပူတယ်။ မောင်ရင်တို့က မိဘချင်း သဘောတူလို့ ယူခဲ့ကြတာမလား။ ချစ်ခြင်းမေတ္တာမရှိပဲလေ ။ ဒါကြောင့် ဦးတို့မရှိတော့တဲ့အချိန် ဦးသမီးကို မငြိုငြင်ပဲ ထိန်းသိမ်းစောင့်ရှောက်ပေးပါကွယ်"
" ဒီအတွက် မပူပါနဲ့ဦး။ ကျွန်တော် နွေ့ကိုအသက်နဲ့ရင်းပြီး စောင့်ရှောက်မှာပါ။ ကျွန်တော့်ပိုင်ဆိုင်မှု စည်းစိမ်ကုန်ရင်ကုန်သွားပါစေ ကျွန်တော် နွေ့ကိုသားမက်မက် မယားမက်မက်ပဲ ပေါင်းသင်းတာပါ။ ကျွန်တော်အရင်က ဆိုးမိုက်ခဲ့တာတွေအတွက် တောင်းပန်ပါတယ် "
" ရပါတယ် ဦးလဲ ဘယ်ချိန်သွားမယ်ဆိုတာ မသိဘူးကွယ်။ ဦးသမီးနွေ ဆိုးသမျှကို ခံပေးလို့ကျေးဇူးပါကွယ်။ ဦးသမီးက သိတဲ့အတိုင်း တစ်ဦးတည်းသောသမီးဆိုတော့ ဆိုးတယ်ကွဲ့ " ဦးထွန်းမြတ်က ရယ်လဲရယ် နာတော့မျက်နှာပြန်ရှုံ့ပြီး ရဲထွဋ်ကိုပြန် ပြုံးပြလိုက်သည်။ရဲထွဋ် နွေ့ကို ချစ်မိနေပြီဆိုတာ ဦးထွန်းမြတ် သိပြီဖြစ်လို့ နောက်ဆံမတင်းတော့။
ညရောက်တော့ ရဲထွဋ်က ဦးထွန်းမြတ်ကို စောင့်အိပ်ပေးမည် ပြောသောကြောင့် နွေတစ်ယောက် အံ့ဩကာ
" ဟင် ဘယ်လိုဖြစ်လို့ "
" ဟုတ်တယ် နွေ ကိုနေခဲ့ပေးမှရမယ်။ ဦးပုံစံကြည့်ရတာ တစ်မျိုးပဲ။ အိမ်ထိလာပြီး ဘယ်သူတိုက်ခိုက်လဲ ဆိုတာ ကို နွေ့အဖေကို အစ်မေးမှရမယ်။ ကေသီတို့ ခန့်ညီတို့လဲ အခုထိ စုံစမ်းမရဘူး။သဲလွန်စက အစအနတောင် ပျောက်နေတာ အာ့တာကြောင့် ကာယကံရှင်ကို တိုက်ရိုက်မေးမှရတော့မယ်။နွေတို့ရှိရင် ပြောမှာမဟုတ်ဘူး။ အာ့တာကြောင့် ညဘက် နွေတို့မရှိတဲ့ချိန် မေးမှ ဖြေမယ်ထင်တယ် ကို့ထင်ပါ "
" နေတာက ရပါတယ် ကိုရဲ။ ကိုရဲ အဆင်ပြေပါ့မလား"
" အင်း ကို့မိန်းမနဲ့ ခဏခွဲရမှာဆိုတော့ ဘယ်ပြေပါ့မလဲ " ရဲထွဋ်ကိုက နွေ့အားရယ်ပြီး မေးစေ့လေးကိုင်ကာ စလိုက်သည်။
နွေကသူ့မေးစေ့ကိုကိုင်ထားသော လက်အား ပုတ်ချပြီး
" သွား ဆေးရုံမှာ ဘာတွေလာပြောနေတာလဲ" ရှက်ပြီး ဟိုဘက်လှည့်သွားတော့သည်။
" ဒါဆို ကိုရဲ နွေပြန်တော့မယ်။ နွေမနက်မှ လာခဲ့မယ်"
" အင်း နွေ "
ထိုစကားများ ကွယ်ရာမှနားထောင်နေသူမှာ ရတုပင်။
" နွေ မင်းလဲ ဒီကောင့်ကို ကြိုက်နေပြီလား။ ဒါဆိုရင်တော့ ဇာတ်လမ်းတွေ ဆင်ရတော့မှာပေါ့ ။ မင်းလေးက ကိုယ့်အပိုင်ပဲ "
လို့ပြောကာ သက်ပြင်းတစ်ချက်ချပြီး ရယ်ရင်းထွက်သွားတော့သည်။
ရဲထွဋ်တစ်ယောက် ဦးထွန်းမြတ်ကို စောင့်ရင်း အိပ်ချင်လာသည်။ထို့ကြောင့် ဆေးရုံကောင်တာကို သွားကာ လူနာကိုကြည့်ခိုင်းထားပီး အပြင်ထွက် ဆေးလိပ်သောက်ရင်း လမ်းခဏလျှောက်နေလိုက်သည်။ လမ်းလျှောက်ပြီး တစ်အောင့်ကြာ ဆေးရုံထဲ ရုတ်ရုတ် ဖြစ်နေတာ မြင်လိုက်သောကြောင့် ဆေးလိပ်ကို ခြေပဲ နင်းသတ်လိုက်ပြီး ဆေးရုံထဲပြန်ဝင်သွားလိုက်သည်။
ဆေးရုံထဲ နာစ့်မများ ဆရာဝန်များ ပြေးလွှားနေကြသောကြောင့် နာစ့်မတစ်ယောက်ကို မေးလိုက်သည်။
" ဘာဖြစ်လို့လဲဗျ "
" ဟာ ကိုရဲထွဋ်။ ရှင့်အဖေ အရေးပေါ်ဖြစ်နေတာ လာ " သူ့ကိုလဲခေါ် ရင်း ပြေးသွားကြသည်။
" ဦးလေး ဦးလေး သတိထားပါအုန်း"
ရဲထွဋ်အခန်းထဲ အပြေးဝင်လာေတာါသည်။ဦးထွန်းမြတ်ကို ဆရာဝန်များ ရင်ဘတ်ဖိပြီး အရေးပေါ်ရှော့တိုက်ကြသည်။
"ငါရေမယ် စမယ်နော် "
"၁, ၂, ၃"
"ဒုန်း "
"နဲနဲပိုပြင်းမယ် ပြန်စမယ် "
" ၁ ၊ ၂ ၊ ၃"
ငါးကြိမ်ငါးခါ လုပ်သောလဲ ဦးထွန်းမြတ် အသက်ပြန်ရှုမလာတော့ပါ။ ဆရာဝန်များ လက်လျှော့လိုက်ကြရတော့သည်။
"စိတ်မကောင်းဘူး ကိုရဲထွဋ်"
"ခင်ဗျား အဖေအသက်မရှိတော့ဘူး"
"ဗျာ ဆရာ အတတ်နိုင်ဆုံး ရအောင် ကုပေးပါ ဘယ်လိုဖြစ်တာလဲ ပိုက်ဆံပေးဆိုပေးပါ့မယ်"
"မရတော့ဘူး ကိုရဲထွဋ် မိသားစုကို ဖုန်းဆက်ခေါ်ပြီး body ပြန်သယ်သွားလိုက်ပါ ။ ဆရာမ အတည်ပြုလိုက်အုန်း။ သေဆုံးချိန် ည ၂ နာရီခွဲ "
.......................................
နွေတို့မိသားစုတွေ ငိုကြွေးရင်း ရက်လည် ဆွမ်းသွပ်လိုက်ကြသည်။ နွေ နွေ့အဖေဆုံးပြီးထဲက ရဲထွဋ်ကို ကိုစကားမပြောတော့ပါ။ သူ့ကြောင့် နွေ့အဖေဆုံးတယ်လို့ သူ့ကိုယ်သူလဲ အပြစ်တင်မိသည်။ ထိုအပြစ်စိတ်ကြောင့် နွေ့ကိုလဲ စကားသွားမပြောဖြစ်။ ရဲထွဋ်ကိုတို့ ဆက်ဆံရေးမှာ အရင်အတိုင်း ပြန်ဝေးကွာသွားတော့သည်။ တစ်အိမ်ထဲနေပေမဲ့ သူမရှိသလို အေးတိအေးစက်။ ရဲထွဋ် နွေ့ကိုစကားပြောဖို့ ပြန်ကြိုးစားတိုင်း နွေ့အပေါ်အားနာတဲ့စိတ် နဲ့ စကားမပြောဖြစ်တော့။ နွေ နွေ့အဖေ သတင်း ကြားတုန်းက မူးလဲတုန်းကဆို ရဲထွဋ်ကိုရဲ့ ရင်ဘတ်ကို ထုရင်း
" နင့်ကြောင့် အာ့တာနင့်ကြောင့် " သူ့ရင်ဘတ်ကို ငိုငိုပြီး ထုနေတဲ့ နွေ့ကို ကြည့်ရင်း သူ့ကိုယ်သူလဲ အပြစ်တင်မိသည်။အာ့တာတွေကြောင့်လဲ စကားမပြောဖြစ်တာ ပါတယ်။
ရဲထွဋ်တစ်ယောက် နာရေးကို အစအဆုံးလိုလေသေးမရှိအောင် လုပ်ပေးလိုက်သည်။ သူ့ကို ပြောခဲ့တဲ့ စကားတွေတည်စေရပါမယ်လို့ လဲ ကတိကဝတ်ထားလိုက်သည်။ ဘယ်သူသတ်လဲဆိုတာလဲ ရအောင်စုံစမ်းပေးပါ့မယ်လို့ သံဓိဌာန် ချလိုက်လေသည်။
နာရေးအိမ်မို့လို့ လူတွေစည်နေတုန်း
" ကိုရဲထွဋ်ကို ရှိလားဗျ" ရဲဝတ်စုံနဲ့ လူနှစ်ယောက် ရောက်လာတော့သည်။
"ဟုတ်ကဲ့ ကျွန်တော်ပါ ဘာကိစ္စရှိလို့လဲဗျ " ရဲထွဋ်ကို ထပြီး ပြောလိုက်လျှင် ရဲနှစ်ယောက်က ရဲထွဋ်ကို အား
" မောင်ရဲထွဋ် စခန်းခဏ လိုက်ခဲ့ပေးပါ။ ဦးထွန်းမြတ် သေဆုံးမှုမှာ ခင်ဗျားကို အဓိက သံသယ ရှိသူအဖြစ် တရားစွဲထားလို့ပါ "
"ဗျာ ဘယ်သူလဲ ဘယ်သူဆွဲတာလဲ ၊ ကျွန်တော်မှ မသတ်တာ "ပြောရင်း ရိပ်မိသွားတာကြောင့် နွေ့အားလှမ်းကြည့်လိုက်သည်။
" နွေ "
နွေဝင့်ထည် တစ်ချက်လှည့်မကြည့်။
" ကျန်တာ စခန်းရောက်မှပြောပါ။ အခုတော့ လိုက်ခဲ့ပေးပါ မောင်ရဲထွဋ် " ပြောရင်း ရဲထွဋ်ကိုအား ကားပေါ်ခေါ်တင်သွားတော့သည်။
ဘီလျံနာသူဌေးပီပီ ထိုသတင်းမှာ လူတွေကြား ပေါ်ပြူလာ ဖြစ်လာတော့သည်။
"ဟဲ့ မထင်ရဘူးနော် ဒီလိုချောချောလေးက သူ့မိန်းမအဖေကိုပြန်သတ်လိမ့်မယ်လို့"
" ဟဲ့ ရုပ်ကြည့်ပြီး ဆုံးဖြတ်မနေနဲ့။ ယောက္ခထီးနဲ့ သမက်ကြား မပြေလည်တဲ့ ဆက်ဆံေရးနေမှာပေါ့။ ဟိုဘဲကြီးက ပိုက်ဆံလဲရှိ ဘော်ဒီကလဲမိုက်တော့ ခဏလေးပြန်လွတ်မှာ ကြည့်နေ "
ဟိုတစ်ပေါက် ဒီတစ်ပေါက်ဖြင့် ရဲထွဋ်ကိုမှာ မိန်းမအဖေကို မကျေနပ်လို့ သတ်ပစ်တဲ့သားမက်အဖြစ် နာမည်ကြီးနေတော့သည်။ ကုမ္မဏီလဲ ပွက်လောရိုက်ပြီး ရှယ်ယာများထိုးကျလာတော့သည်။
" နွေ ကို့ကို ဘယ်လိုလုပ်လိုက်တာလဲ။ သူများတွေမယုံရင် နေပါစေ။ နွေတော့ ယုံမယ်လို့ ထင်ခဲ့မိတာ။ "
" ရှင်ထွက်ပြေးဖို့ မကြိုးစားပါနဲ့။ ရှင့်အကျီအိတ်ကပ်ထဲမှာ ဆေးထိုးအပ်တွေ့ခဲ့တယ် ။ နောက်ပြီး ရှင် ဖေဖေ့ကိုချိန်းခြောက်ပြီး ကုမ္မဏိရှယ်ယာယူထားတဲ့ သက်သေလဲ ရှိတယ် "
" မင်းဘာတွေပြောနေတာလဲ နွေ။ ဘယ်က ဆေးထိုးအပ်နဲ့ ရှယ်ယာလဲ "
"ရှငိသိမှာပေါ့ ရှင့်ကိုယ်ရှင်"
" ဟာ ငါကိုယ်တိုင်မသိလို့ မင်းကိုမေးတာပေါ့ကွ။ ငါ့ကြောင့်ဆိုပြီး ငါက အပြစ်တွေတင်နေလိုက်ရတာကွာ။ ရပါတယ် မင်းစိတ်ချမ်းသာသလိုသာ လုပ်ပါ " ရဲထွဋ်ကို ဆံပင်ကို နဖူးပေါ် သတ်တင်ကာ အချုပ်ခန်းထဲတွင် ဒူးထောင်ပေါင်ကားပြီး လက်နှစ်ဖက်ကို ဒူးပေါ်တင်ကာ ထိုင်ချလိုက်သည်။
" အာ့နေ့ထဲက ရှင် ဖေဖေ့ကိုစောင့်နေခဲ့မယ် ပြောထဲက သိလိုက်ရမှာ ကိုရဲထွဋ်ကို။ထူးဆန်းပါတယ်မှတ်တာ ကျွန်မကတော့ ရိုးရိုးပဲပေါ့ ရှင်ကတော့........ ရှင့်ကိုတစ်သက်မကျေဘူး မှတ် "
လက်ညိုးငေါက်ငေါက်ထိုးပြီး ကျိန်သွားသော နွေအားကြည့်ရင်း ရင်ထဲ တစ်ဆစ်ဆစ်နာသွားရသည်။
........………………………