"သူကြီး ဒီနှစ်သင်္ကြန်ကော အရင်နှစ်တွေလိုပဲမလား"
"အေး ထွေထွေထူးထူးလုပ်မနေတော့ပါဘူးကွာ အရင်နှစ်တွေလို ရွာလယ်မှာမဏ္ဍပ်ထိုးပြီး ရေကစားကြပေါ့ စတုဒိသာကတော့ တစ်ရွာလုံးအလှူခံပြီး မင်းတို့ကာလသားတွေ လုပ်အားပေးကြ ညဘက်ပိုင်းလည်း "က"ချင်တဲ့သူ"က" "ဆို"ချင်တဲ့သူ"ဆို"ပေါ့ အရေးကြီးတာက အရက်သေစာမသောက်စားဖို့နဲ့ ရန်မဖြစ်ကြဖို့ပါဘဲ"
"အဲ့တာကတော့ စိတ်ချသူကြီးရေ အမြဲသောက်နေကျ ကျွန်တော်တို့အဖွဲ့တောင် သင်္ကြန်ရောက်တိုင်း ဥပုသ်စောင့်နေကျ
ပြီးတော့ ခုရက်ပိုင်းသူကြီးသားလိမ္မာနေလွန်းလို့ ထန်းတောတောင် လမ်းမေ့နေပြီ"
ငပွေးကပြောရင်း သူတို့နှစ်ယောက်ကို မျက်စောင်းထိုးသည်။သူ့လူခြေထောက် ငုတ်ထိုးမိကတည်းက ဘယ်မှမသွားဖြစ်တာ တစ်ပါတ်ပြည့်တော့မည်။ဒဏ်ရာက မကြီးသော်လည်း သူကမှစိတ်မချတာ။လျှောက်သွားလို့ အနာထဲဖုန်တွေဝင်သွားရင် ဘယ်လိုလုပ်မလဲ။အဲ့တော့ အမာရွတ်ပါပျောက်မှ အပြင်လိုက်ပို့မည်ဟုပြောရသည််။
ဒီနေ့ မနက်စောစောထ၍ တောင်ရိုးသို့သွားကာ သူ့အတွက်အင်ကြင်းပန်းတွေ ခူးလာပေးဖြစ်သည်။လူကိုတော့မခေါ်တော့ ဟိုတစ်နေ့ကလို ခိုက်မိရင် သူပဲရင်ကျိုးရမှာ။မလိုက်ရလို့ စိတ်ဆိုးချင်နေသူကို သရက်သီးသုပ်ကျွေးတော့ စိတ်ပြေသွားတာချက်ချင်း။
မနက်စောစောရေချိုးပြီး သနပ်ခါးလိမ်းထားသောကြောင့် ဖြူဖြူနုနုပါးပြင်ပေါ် ရှင်မတောင်စစ်စစ်က ဝါဝါဝင်းဝင်း။အနံ့လေးက ပျံ့ပျံ့သင်းသင်း။သူမလိမ်းတတ်လို့ အမေ့ကိုလိမ်းခိုင်းသတဲ့။
အမေတို့က အဲ့တာကြောင့်သဲကဲနေတာ ကလေးဆိုတာ ပါးစပ်ကမချ။သားဖြစ်သူက ကြမ်းတမ်းပြီးဆိုးပေနေကာ နူးနူးညံ့ညံ့ချွဲချွဲသဲသဲ အလိမ္မာတုံးလေးနဲ့တွေ့တော့ အလိုလိုက်ပြီးတုန်နေတာပေါ့။တစ်ခါတလေ သူ့သားထက်အကြီးဆိုတာများမေ့နေတဲ့အထိ။
ဒီနေ့လည်း အိမ်မှာလူစုံသည်။သူကြီးတို့ လင်မယားကလည်း ဘယ်မှမသွားသည့်အပြင် ကြီးစိန်တို့ တစ်မိသားစုလုံးရောက်နေခြင်း။ကြီးလှရီကတော့ သူ့တူဆီနေ့တိုင်းလာလည်နေကျ။လူကြီးတွေ လက်ဖက်သုပ်စားကာ စကားလက်ဆုံကြနေချိန် သူတို့လူငယ်တစ်စုက သရက်သီးသုပ်စားရင်း နားထောင်ဖြစ်သည်။
သရက်သီးသုပ် နှစ်ပန်းကန်မှာ ပယင်းတို့ မောင်နှမလေးယောက်ကတစ်ပန်းကန် သူနှင့်သူ့လူကတစ်ပန်းကန်။စာကလေးကတော့ မကြိုက်လို့ ထန်းလျှက်ဘူးရှေ့ချကာ ရေနွေးတစ်ပန်းကန်နှင့်။မန်ကျည်းပင်ရိပ် ဖျာခင်းကာ စုထိုင်ကြခြင်းကြောင့် နွေအပူကမသိသာတော့။သူကတော့ ယပ်တောင်တစ်ချောင်းဖြင့် သူ့လူလေးကိုအေးမြစေသည်။
သင်္ကြန်အကြောင်း စကားစတော့မှ သူသတိထားမိသည်။အိမ်နောက်ဘက်က ပိတောက်ပင်က အဖူးထွက်ချင်နေပြီ။သင်္ကြန်မိုးကျတာနှင့် ပွင့်တော့မည်ထင်။နှစ်တိုင်းပွင့်နေကျမို့ မထူးဆန်းသော်ငြား ဒီနှစ်တော့ အစ်ကို့အတွက်ပိတောက်တစ်ခက် ဦးအောင်ပေးရမည်ဟုတွေးမိတော့ ရင်ထဲမှာပီတိတွေ အရည်ပျော်ကျသည်။
"အေး ပြောမှ ဟိုတစ်နေ့က ငကျွဲနဲ့တွေ့လို့ သူ ကတောင်မေးနေသေးတယ် မင်းတို့တစ်စု ယတြာတွေများ ချေနေတာလားတဲ့"
"ဘာလဲ အဖေကကျုပ်တို့ကို သူကြီးထိပ်တုံးမှာ ထပ်မြင်ချင်လို့လား"
"အေး အရင်တုန်းက သူကြီးထိပ်တုန်းမှာထားမှ မင်းတို့ခြေငြိမ်တာလေ မဟုတ်ဘူးလား"
ငပွေးအဖေအပြောမှာ သူ့လူကသဘောတကျ
"သူတို့ကအဲ့လောက်ဆိုးတာလားဦးကြီး ကျွန်တော်ရောက်ကတည်းက သူတို့ဆိုးတာမမြင်ဘူးလို့ သိပ်တောင်မယုံချင်ဘူးဗျ"
"အံမလေးမောင်သဝဏ်ရေ မင်းကျေးဇူးတွေဟ အခုမင်းနဲ့တတွဲတွဲသွားနေကြလို့ ရွာ အေးချမ်းနေတာ မဟုတ်ရင်ရန်ပွဲတွေချည်း ဖြစ်မှာပေါ့ကွာ မူးလာရင် သူ့ဘာသာဘောင်းဘီမဝတ်ထားတဲ့ကလေးတောင် သူတို့မခန့်လေးစားလုပ်တယ်ဆိုပြီး ရန်လုပ်တဲ့ကောင်တွေကွ"
"ဟားဟား တကယ်ကြီးလား အဲ့လောက်ဆိုးနေတာ ထိပ်တုံးကနည်းတောင်နည်းသေးတယ်"
သူ့လူလေးအပြောမှာ အားလုံးလိုက်ရယ်မိကြသည်။သူ့မကောင်းကြောင်းပြောတာတောင် ပြုံးမိစေသည်အထိလည်း ဖမ်းစားနိုင်ပါသေးသည်။
"အေးကွ အဲ့တာကြောင့်ဆံပင်တွေဒီလိုဖြစ်နေတာလေ ရွာဦးကျောင်းကဘုန်းဘုန်း ကိုယ်တိုင် ညှပ်ပေးလိုက်တာ ဆိုးလွန်းလို့"
"အဲ့လိုလား ကျွန်တော်က သူ့တို့အဖွဲ့ဆင်တူညှပ်ထားကြတယ်ထင်နေတာ "
"ဘယ်ကသာကွာ ဆိုးလွန်းလို့ မှတ်လောက်အောင်ပညာပေးထားတာ နောက်တစ်ခါဆို ပြောင်နေအောင်တုံးပေးလိုက်မှာ"
"ဒါနဲ့ ကိုသဝဏ်က ကျောင်းတွေဖွင့်ရင်ပြန်မှာလား"
ယမင်းအမေးမှာ ဖျတ်ကနဲလှည့်ကြည့်မိတာ အစ်ကို့မျက်နှာ။သူ့လူက ပြုံးမြဲပါပဲ။ရင်ထဲကအပူကိုမြင်၍ထင် တောင်လေတစ်ချို့ကလာနှစ်သိမ့်၏။
"ကျွန်တော် ပြောင်းရွှေ့စာတင်ဖို့စဥ်းစားနေတုန်းဗျ။ဘယ်ကိုလျှောက်ရမလဲမသိသေးတာနဲ့ အရင်ရွာမှာပဲဆက်နေမယ်တွေးထားတာ"
"ဒီကိုပြောင်းခဲ့လေအစ်ကို"
ကျွန်တော့်အသံထွက်လာတာက မျှော်လင့်ချက်တွေအားပြည့်သွားခြင်းကြောင့်ဖြစ်မည်။
"ငဘုန်းတို့ ကလေးကိုကပ်ချက်ကတော့ ကလေးကတည်းကခုထိကို မပြောင်းလဲဘူး"
"အမေကဘယ်လိုသိတုန်း"
ကြီးစိန်အပြောကို ငထွေးကအမေးဆင့်သည်။
"ဟဲ့ ကလေးကငယ်ငယ်ကတည်းက နွေကျောင်းပိတ်တိုင်းအလည်လာနေကျ လေးတန်းနှစ်နောက်ပိုင်းမှသာ မြို့ကဝေးသွားလို့မလာဖြစ်တော့တာ အဲ့ဒီတုန်းကဆို ငဘုန်းတို့များ အိမ်တောင်ပြန်ခေါ်လို့မရဘူး"
"ဟုတ်ပါ့ ကျုပ်မယ် ညနေတိုင်းလိုက်ခေါ်ရတာ တစ်ခါတစ်လေခေါ်မရလို့ အိမ်ထိလိုက်အိပ်ပေးရသေးတယ်"
ကြီးစိန်အပြောကို သူကြီးကတော်ကထောက်ခံတော့ သူကြီးသားကစပ်ဖြီးဖြီး
"လသားအရွယ်ကတည်းက ဘယ်သူခေါ်ခေါ်မလိုက်တဲ့ကောင်က သူ့အစ်ကိုတွေ့ရင် တန်းလူပေါ်တက်တော့တာ သူ့အစ်ကိုလည်ပင်းကို ကျစ်နေအောင်ဖက်ထားပြီး ဘယ်သူခေါ်ခေါ်မရတော့ဘူးအဲ့တာ သူ့အစ်ကိုကငယ်ငယ်ကတည်းက ဖြူဖြူလုံးလုံးလေးဆိုတော့ ကလေးတိုင်းကချစ်တယ်လေ သူနဲ့ဆော့ချင်ကြလို့ အိမ်လည်များလာရင် ငဘုန်းတို့က အိမ်ကခွေးနဲ့ရှူးတိုက်လွှတ်တာ အကျင့်တစ်စက်ကလေးမှမကောင်းဘူး"
ကြီးစိန်ကပြောရင်း မျက်စောင်းထိုးသည်။
"ဟုတ်တယ် စာကလေးနှဖူးကအမာရွတ်လည်း သူ့လက်ချက်ပဲ"
သူကြီးဝင်ပြောမှ ကြီးစိန်ကသတိရဟန်
"ဟုတ်သားပဲ ခုမှမှတ်မိတယ်တော် အဲ့ဒီတုန်းက ကလေးကသနပ်ခါးတွေလိမ်းပြီး အိမ်လည်လာတာလေ စာကလေးက ကလေးပါးကသနပ်ခါးကို အူယားတယ်ထင်ပါတယ် ဖက်ကနဲသွားနမ်းတာလေ ငဘုန်းတို့နီးရာ သနပ်ခါးတုံးကြီးဆွဲပြီးထုထည့်လိုက်တာ ဆွဲတဲ့သူတောင်မမှီဘူး သူ့အစ်ကိုကိုတိုချက်ဆိုတာ"
"သြော် အဲ့ကတည်းကဇနဲ့လာတာပဲ အာစရိက"
စာကလေးကနှုတ်ခေါင်းရှုံ့ရင်း မကျေမနပ်လည်းတွေးလိုက်သေးသည်။
*ခုမှတွေ့ပြီး ကဲသဲနေတယ်ထင်တာ မွေးကတည်းက ကိုကိုမှကိုကို ဖြစ်နေတာကိုး
ဘယ်လိုလုပ်ဆေးမှီတော့မှာတုန်း*
"ဟီးဟီး"
ရုတ်တရတ် ပယင်းတို့ ညီအစ်မကထရီတော့ အားလုံးကလှည့်ကြည့်လာလေသည်။သူတို့ညီအစ်မ ငြိမ်နေတာအထူးအဆန်း။ခါတိုင်း သာလိကာလို လေပဲပေါနေတာ။အခုကျ နှစ်ယောက်သား သူ့တို့လိုက် ကိုယ့်တို့လိုက်ဖြင့် စပ်ဖြီးဖြီးဖြစ်နေရာမှ ထရီလိုက်ခြင်း။
"အစ်မ ဘာဖြစ်တာတုန်း"
ငထွေးအမေးကြောင့် နှစ်ယောက်သားမျက်နှာပိုးသတ်ကာ
"မနေ့ညကကြည့်တဲ့ ဇာတ်ကားအကြောင်းပြောနေတာပါ ဟာသကားမလို့ ရီမိသွားတာ"
"ဟုတ်တယ် ဟုတ်တယ်"
ပယင်းအပြောကို ယမင်းကထောက်ခံသည်။နှစ်ယောက်သား သိပ်တော့မရိုးသား။သို့သော် မိန်းကလေးတွေမို့ သိပ်တော့မမေးဖြစ်လိုက်။သူတို့အကြောင်းနဲ့သူရှိမှာပေါ့လေ။
"စောနကကိစ္စ ဘယ်လိုလုပ်မှာလဲအစ်ကို"
"အာ အလုပ်ပြောင်းဖို့ကိစ္စလား"
"ဟုတ်တယ် ဒီမှာနေရတာလည်းအဆင်ပြေနေတာပဲ ပျော်လည်းပျော်နေတဲ့ဥစ္စာ ဒီကိုပြောင်းလိုက်လေ"
"ဟုတ်သားပဲကလေးရဲ့ ဒီမှာဆိုကြီးကြီးတို့လည်း မိသားစုတွေဘဲဟာ ပြောင်းခဲ့လိုက်ပါ"
"ပြောင်းဖို့ကိစ္စတွေ ဘာမှပူစရာမလိုဘူးနော်အစ်ကို ဦးကိုကိုချစ်တစ်ယောက်လုံးရှိနေတာပဲ သူကြီးရာထူးရထားတာဘာလုပ်ဖို့လဲ အိမ်ကမိန်းမတောင်မနိုင်ဘဲနဲ့ ဒီလိုနေရာမှာ အသုံးချမှရမှာ"
"ဒီငါ...ဆဲလိုက်ရင်မကောင်းရှိတော့မယ်"
"မဟုတ်တာကျနေတာပဲ"
"နေပါအုံးဟယ် ဒီသားအဖတွေတော့ ကျုပ်လည်းအဲ့တာပြောမလို့ ရွာကျောင်းကဆရာလေးကလည်း ဒီနှစ်မြို့ကို ပြောင်းမလို့တဲ့တော် အတော်ပဲမဟုတ်ဘူးလား"
"တစ်ယောက်တစ်ပေါက်နဲ့ ကာယကံရှင်ကိုလည်းမေးကြပါအုန်းဟဲ့"
ကြီးလှစကားအဆုံး မျှော်လင့်ချက်ပြည့်ဝနေတဲ့ မျက်ဝန်းတွေက သူ့ဆီဦးတည်သည်။
"အဲ့... အဲ့ဒါက ပြောင်းလာတာကအဆင်ပြေပါတယ် ဒါ..."
"ကြားလားဦးကိုကိုချစ် အဆင်ပြေတယ်တဲ့ အခုပြောင်းဖို့လုပ်ပေးတော့ အဲ့တာမှ ကျောင်းဖွင့်တာနဲ့ ကွက်တိကျမှာ"
သဝဏ်စကားမဆုံးသေးခင် သူကအဖေဖြစ်သူကိုအမိန့်ပေးနေပြီ။ဟိုလေးယောက်ကတော့ အမြင်ကိုကတ်တယ်ဟူသော မျက်နှာပေးတွေဖြင့်
"မင်း ငါ့ကို မင်းထက်အငယ်များမှတ်နေလား ပြောပုံကိုကစောက်ချိုးမပြေ "
"လုပ်ပါ အဖေရာ အဖေကအတော်ဆုံး"
မခေါ်စဖူးတွေခေါ်ပြီး မပြောစဖူးအသံတွေပါ ချွဲကုန်တာကြောင့် သူကြီးက နှာခေါင်းပွတ်ကာခပ်ပြုံးပြုံး။
"သင်္ကြန်ကိစ္စတိုင်ပင်ပြီးတာနဲ့ ငါမြို့တက်လိုက်မယ်"
"ဟုတ်သားပဲ ညနေအစည်းဝေးတောင်နီးနေပြီ သွားနှင့်မလားသူကြီး ရွာဦးကျောင်းကပဲစောင့်တာပေါ့"
"ကောင်းပါ့ သွားကြရအောင်"
"ကျုပ်လည်း အိမ်ပြန်ပြီးဟင်းချက်လိုက်အုံးမယ်တော်"
"အေး အေး ကျုပ်လည်းချက်တော့မယ် ကလေးက ငါးသလဲထိုးလေးစားချင်တယ်ဆိုလို့ မနက်က အောင်မင်းကိုသွားလုပ်ခိုင်းထားတာ"
"ကဲ တို့လည်းပြန်ကြရအောင် "
"အစ်မ နင်တို့ရေခပ်သွားတော့ မလို့လား"
"အေး စောစောသွားမလို့ ညနေ မုန့်ထောင်းသွားရမှာ သင်္ကြန်ကျ မုန့်လုံးလုံးရအောင်လို့"
"အဖော်ပါလား"
"ငါတို့နှစ်ယောက်ပဲ လိုက်ခဲ့မလို့လား"
"အေး "
"ငါလည်း လိုက်ချင်တယ်"
ယမင်းတို့မောင်နှမတွေ ပြောနေတာကြားပြီး သူ့လူကခပ်တိုးတိုးဆိုသည်။အိမ်ထဲမှာပဲ နေတာကြာတော့ ပျင်းနေမှာပေါ့
"လိုက်ချင်လို့လား"
"အွန်း"
"ဟေ့ကောင်တွေ ငါတို့ပါလိုက်မယ် "
"ကိုသဝဏ် အပြင်ထွက်ခွင့်ရသွားပြီပေါ့"
"ဟုတ်တယ် အဟီး"
"သွားနှင့် မင်းတို့ အိမ်ကစောင့်နေ"
"အေးပါ သွားပြီ"
"ခဏလေးနော်ဥဥ ခမောက်နဲ့လက်ရှည်ဝင်ယူလိုက်အုံးမယ်"
"အွန်း မြန်မြန်လာ"
ခဏအကြာပြန်ထွက်လာတော့ သူဝတ်နေကျ လက်ရှည်အနီကွက်ကလေးနဲ့ ခမောက်တစ်လုံး လက်ထဲပါလာသည်။
"ကလေး အပြင်သွားမို့လား"
"ဟုတ်ကဲ့ကြီးကြီး ပယင်းတို့နဲ့ ရေခပ်လိုက်သွားချင်လို့"
"အေးအေး မမှောင်ခင်ပြန်လာနော် ရေချိုးမှာနဲ့ဘာနဲ့"
"ဟုတ်ကဲ့ သွားပြီကြီးကြီး"
တစ်ယောက်ကိုတစ်ယောက်နှုတ်ဆက်နေတာကြည့်ပြီး သူ့မှာသဘောတကျ။ယောက္ခမနဲ့ သမက်လေးကျနေရော။
"ဥဥ ဒီဘက်တိုးလျှောက် ဖုန်တွေပေကုန်ပြီ"
လမ်းတစ်လျှောက်လည်း သူ့မှာအရိပ်တကြည့်ကြည့်။ရေကန်က ရွာအနောက်ဘက်မှာ ရှိတာကြောင့် ရွာလယ်လမ်းကို ဖြတ်သွားရ၏။ထို့ကြောင့် ဆိတ်ကျောင်း ၊သိုးကျောင်း သူတို့နှင့် တစ်လမ်းလုံးကပြည့်နေလေသည်။
ဖုန်တလုံးလုံးကြောင့် သူ့လူလေးကို လူတစ်ကိုယ်လုံးနဲ့ကာလိုက် ရင်ခွင်ထဲဆွဲထည့်လိုက်နှင့် နောက်ကလေးယောက်က တဟွန့်ဟွန့်။
"ဝါးးးးးးရေကကြည်နေတာပဲ နေ့တိုင်းဒီမှာလာခပ်တာပေါ့ ဟုတ်လား"
"ဟုတ်ပါ့တော် နေ့တိုင်းလာခပ်နေကျ ခဏနေရင် တစ်ရွာလုံးကလူတွေပြည့်တော့မှာ ဒီနေ့ကနည်းနည်းစောနေလို့ လူမရှိသေးတာ"
ရေကန်ပတ်လည် ဆူးကိုင်းတို့ကာရံထားခြင်းကြောင့် တိရိစ္ဆာန် တို့မဝင်နိုင်။ကန်ဘေးပတ်လည် ထန်းပင်တို့ရှိခြင်းကြောင့် ကန်ထဲကရေက အေးမြနေမှာ အသေချာ။
အပြန်လမ်းမှာတော့ သူတို့နှစ်ယောက် နောက်ဆုံးမှလိုက်ဖြစ်ခဲ့သည်။
"ငါ ငါးဖမ်းကြည့်ချင်တယ်"
"ငါးစားချင်လို့လား"
"မဟုတ်ဘူး ဖမ်းကြည့်ချင်တာ"
"နောက်နေ့ ခေါ်သွားပေးမယ်"
"ငပွေးတို့ရော ပါမှာမလား"
"အင်းပေါ့ အဲ့တာမှဥဥ မပျင်းမှာ"
"မင်းငါ့ကို သီချင်းလည်း မဆိုပြရသေးဘူး"
"သင်္ကြန်ကျရင် စင်ပေါ်မှာ ဆိုပြမယ်"
"တကယ်နော်"
"ကျုပ် ဥဥ ကိုမညာပါဘူး"
"အဲ့ ကျုပ် ကျုပ် ဆိုတာကြီးကိုမကြိုက်ဘူး မပြောနဲ့ "
"ဘယ်လိုပြောရမှာလဲ"
"ကျွန်တော်လို့ပြော"
"အွန်း ကျွန်တော် ဥဥစကားနားထောင်မယ်"
"လိမ္မာလိုက်တာ လာ..ခေါင်းလေးပွတ်ပေးမယ်"
လက်ကလေးလှမ်းတော့ ခေါင်းငုံ့ပေးလိုက်သည်။ညင်သာတဲ့အထိအတွေ့က ဦးခေါင်းမှ နှလုံးသားသို့ ပျံ့နှံ့ကာစီးဝင်သည်။သူ့လူလေးက သွားစွယ်လေးပေါ်အောင်ထိ သဘောတကျပြုံးလို့။အပြုံးတစ်ချက်မှာ ဒူးထောက်လိုက်ချင်စိတ်က သိပ်မြတ်နိုးလွန်းလို့.........
#############
"သူႀကီး ဒီႏွစ္သၾကၤန္ေကာ အရင္ႏွစ္ေတြလိုပဲမလား"
"ေအး ေထြေထြထူးထူးလုပ္မေနေတာ့ပါဘူးကြာ အရင္ႏွစ္ေတြလို ႐ြာလယ္မွာမ႑ပ္ထိုးၿပီး ေရကစားၾကေပါ့ စတုဒိသာကေတာ့ တစ္႐ြာလုံးအလႉခံၿပီး မင္းတို႔ကာလသားေတြ လုပ္အားေပးၾက ညဘက္ပိုင္းလည္း "က"ခ်င္တဲ့သူ"က" "ဆို"ခ်င္တဲ့သူ"ဆို"ေပါ့ အေရးႀကီးတာက အရက္ေသစာမေသာက္စားဖို႔နဲ႕ ရန္မျဖစ္ၾကဖို႔ပါဘဲ"
"အဲ့တာကေတာ့ စိတ္ခ်သဴႀကီးေရ အၿမဲေသာက္ေနက် ကြၽန္ေတာ္တို႔အဖြဲ႕ေတာင္ သၾကၤန္ေရာက္တိုင္း ဥပုသ္ ေစာင့္ေနက်
ၿပီးေတာ့ ခုရက္ပိုင္း သူႀကီးသား လိမၼာေနလြန္းလို႔ ထန္းေတာေတာင္ လမ္းေမ့ေနၿပီ"
ငေပြးကေျပာရင္း သူတို႔ႏွစ္ေယာက္ကို မ်က္ေစာင္းထိုးသည္။သူ႕လူေျခေထာက္ ငုတ္ထိုးမိကတည္းက ဘယ္မွမသြားျဖစ္တာ တစ္ပါတ္ျပည့္ေတာ့မည္။ဒဏ္ရာက မႀကီးေသာ္လည္း သူကမွစိတ္မခ်တာ။ေလွ်ာက္သြားလို႔ အနာထဲဖုန္ေတြဝင္သြားရင္ ဘယ္လိုလုပ္မလဲ။အဲ့ေတာ့ အမာ႐ြတ္ပါေပ်ာက္မွ အျပင္လိုက္ပို႔မည္ဟုေျပာရသည္္။
ဒီေန႕ မနက္ေစာေစာထ၍ ေတာင္ရိုးသို႔သြားကာ သူ႕အတြက္အင္ၾကင္းပန္းေတြ ခူးလာေပးျဖစ္သည္။လူကိုေတာ့မေခၚေတာ့ ဟိုတစ္ေန႕ကလို ခိုက္မိရင္ သူပဲရင္က်ိဳးရမွာ။မလိုက္ရလို႔ စိတ္ဆိုးခ်င္ေနသူကို သရက္သီးသုပ္ေကြၽးေတာ့ စိတ္ေျပသြားတာခ်က္ခ်င္း။
မနက္ေစာေစာေရခ်ိဳးၿပီး သနပ္ခါးလိမ္းထားေသာေၾကာင့္ ျဖဴျဖဴႏုႏုပါးျပင္ေပၚ ရွင္မေတာင္စစ္စစ္က ဝါဝါဝင္းဝင္း။အနံ႕ေလးက ပ်ံ့ပ်ံ့သင္းသင္း။သူ မလိမ္းတတ္လို႔ အေမ့ကိုလိမ္းခိုင္းသတဲ့။အေမတို႔က အဲ့တာေၾကာင့္ သဲကဲေနတာ ကေလးဆိုတာ ပါးစပ္ကမခ်။သားျဖစ္သူက ၾကမ္းတမ္းၿပီးဆိုးေပေနကာႏူးႏူးညံ့ညံ့ ခြၽဲခြၽဲသဲသဲ အလိမၼာတုံးေလးနဲ႕ ေတြ႕ေတာ့ အလိုလိုက္ၿပီးတုန္ေနတာေပါ့။တစ္ခါတေလ သူ႕သားထက္အႀကီးဆိုတာမ်ားေမ့ေနတဲ့အထိ။
ဒီေန႕လည္း အိမ္မွာလူစုံသည္။သူႀကီးတို႔ လင္မယားကလည္း ဘယ္မွမသြားသည့္အျပင္ ႀကီးစိန္တို႔ တစ္မိသားစုလုံးေရာက္ေနျခင္း။ႀကီးလွရီကေတာ့ သူ႕တူဆီေန႕တိုင္းလာလည္ေနက်။လူႀကီးေတြ လက္ဖက္သုပ္စားကာ စကားလက္ဆုံၾကေနခ်ိန္ သူတို႔လူငယ္တစ္စုက သရက္သီးသုပ္စားရင္း နားေထာင္ျဖစ္သည္။
သရက္သီးသုပ္ ႏွစ္ပန္းကန္မွာ ပယင္းတို႔ ေမာင္ႏွမေလးေယာက္က တစ္ပန္းကန္ သူႏွင့္သူ႕လူကတစ္ပန္းကန္။စာကေလးကေတာ့ မႀကိဳက္လို႔ ထန္းလွ်က္ဘူးေရွ႕ခ်ကာ ေရႏြေးတစ္ပန္းကန္ႏွင့္။မန္က်ည္းပင္ရိပ္ ဖ်ာခင္းကာ စုထိုင္ၾကျခင္းေၾကာင့္ ႏြေအပူက မသိသာေတာ့။သူကေတာ့ ယပ္ေတာင္တစ္ေခ်ာင္းျဖင့္ သူ႕လူေလးကို ေအးျမေစသည္။
သၾကၤန္အေၾကာင္း စကားစေတာ့မွ သူသတိထားမိသည္။အိမ္ေနာက္ဘက္က ပိေတာက္ပင္က အဖူးထြက္ခ်င္ေနၿပီ။သၾကၤန္မိုးက်တာႏွင့္ ပြင့္ေတာ့မည္ထင္။ႏွစ္တိုင္းပြင့္ေနက်မိဳ႕ မထူးဆန္းေသာ္ျငား ဒီႏွစ္ေတာ့ အစ္ကို႔အတြက္ ပိေတာက္တစ္ခက္ ဦးေအာင္ေပးရမည္ဟု ေတြးမိေတာ့ ရင္ထဲမွာပီတိေတြ အရည္ေပ်ာ္က်သည္။
"ေအး ေျပာမွ ဟိုတစ္ေန႕က ငကြၽဲနဲ႕ေတြ႕လို႔ သူ ကေတာင္ေမးေနေသးတယ္ မင္းတို႔တစ္စု ယၾတာေတြမ်ား ေခ်ေနတာလားတဲ့"
"ဘာလဲ အေဖကက်ဳပ္တို႔ကို သူႀကီးထိပ္တုံးမွာ ထပ္ျမင္ခ်င္လို႔လား"
"ေအး အရင္တုန္းက သူႀကီးထိပ္တုန္းမွာထားမွ မင္းတို႔ေျခၿငိမ္တာေလ မဟုတ္ဘူးလား"
ငေပြးအေဖအေျပာမွာ သူ႕လူကသေဘာတက်
"သူတို႔ကအဲ့ေလာက္ဆိုးတာလား ဦးႀကီး ကြၽန္ေတာ္ေရာက္ကတည္းက သူတို႔ဆိုးတာမျမင္ဘူးလို႔ သိပ္ေတာင္မယုံခ်င္ဘူးဗ်"
"အံမေလး ေမာင္သဝဏ္ေရ မင္းေက်းဇူးေတြဟ အခုမင္းနဲ႕တတြဲတြဲသြားေနၾကလို႔ ႐ြာ ေအးခ်မ္းေနတာ မဟုတ္ရင္ရန္ပြဲေတြခ်ည္း ျဖစ္မွာေပါ့ကြာ မူးလာရင္ သူ႕ဘာသာေဘာင္းဘီမဝတ္ထားတဲ့ ကေလးေတာင္ သူတို႔မခန့္ေလးစားလုပ္တယ္ဆိုၿပီး ရန္လုပ္တဲ့ေကာင္ေတြကြ"
"ဟားဟား တကယ္ႀကီးလား အဲ့ေလာက္ဆိုးေနတာ ထိပ္တုံးကနည္းေတာင္နည္းေသးတယ္"
သူ႕လူေလးအေျပာမွာ အားလုံးလိုက္ရယ္မိၾကသည္။သူ႕မေကာင္းေၾကာင္းေျပာတာေတာင္ ၿပဳံးမိေစသည္အထိလည္း ဖမ္းစားနိုင္ပါေသးသည္။
"ေအးကြ အဲ့တာေၾကာင့္ ဆံပင္ေတြဒီလိုျဖစ္ေနတာေလ ႐ြာဦးေက်ာင္းကဘုန္းဘုန္း ကိုယ္တိုင္ ညွပ္ေပးလိုက္တာ ဆိုးလြန္းလို႔"
"အဲ့လိုလား ကြၽန္ေတာ္က သူ႕တို႔အဖြဲ႕ ဆင္တူညွပ္ထားၾကတယ္ထင္ေနတာ "
"ဘယ္ကသာကြာ ဆိုးလြန္းလို႔ မွတ္ေလာက္ေအာင္ ပညာေပးထားတာ ေနာက္တစ္ခါဆို ေျပာင္ေနေအာင္တုံးေပးလိုက္မွာ"
"ဒါနဲ႕ ကိုသဝဏ္က ေက်ာင္းေတြဖြင့္ရင္ျပန္မွာလား"
ယမင္းအေမးမွာ ဖ်တ္ကနဲလွည့္ၾကည့္မိတာ အစ္ကို႔ မ်က္ႏွာ။သူ႕လူက ၿပဳံးၿမဲပါပဲ။ရင္ထဲကအပူကိုျမင္၍ထင္ ေတာင္ေလတစ္ခ်ိဳ႕က လာႏွစ္သိမ့္၏။
"ကြၽန္ေတာ္ ေျပာင္းေ႐ႊ႕စာတင္ဖို႔ စဥ္းစားေနတုန္းဗ်။ဘယ္ကိုေလွ်ာက္ရမလဲမသိေသးတာနဲ႕ အရင္႐ြာမွာပဲ ဆက္ေနမယ္ေတြးထားတာ"
"ဒီကိုေျပာင္းခဲ့ေလအစ္ကို"
ကြၽန္ေတာ့္အသံထြက္လာတာက ေမွ်ာ္လင့္ခ်က္ေတြ အားျပည့္သြားျခင္းေၾကာင့္ျဖစ္မည္။
"ငဘုန္းတို႔ ကေလးကို ကပ္ခ်က္ကေတာ့ ကေလးကတည္းကခုထိကို မေျပာင္းလဲဘူး"
"အေမကဘယ္လိုသိတုန္း"
ႀကီးစိန္အေျပာကို ငေထြးကအေမးဆင့္သည္။
"ဟဲ့ ကေလးကငယ္ငယ္ကတည္းက ႏြေေက်ာင္းပိတ္တိုင္း အလည္လာေနက် ေလးတန္းႏွစ္ေနာက္ပိုင္းမွသာ ၿမိဳ႕ကေဝးသြားလို႔မလာျဖစ္ေတာ့တာ အဲ့ဒီတုန္းကဆို ငဘုန္းတို႔မ်ား အိမ္ေတာင္ျပန္ေခၚလို႔မရဘူး"
"ဟုတ္ပါ့ က်ဳပ္မယ္ ညေနတိုင္းလိုက္ေခၚရတာ တစ္ခါတစ္ေလ ေခၚမရလို႔ အိမ္ထိလိုက္အိပ္ေပးရေသးတယ္"
ႀကီးစိန္အေျပာကို သူႀကီးကေတာ္ကေထာက္ခံေတာ့ သူႀကီးသားကစပ္ၿဖီးၿဖီး
"လသားအ႐ြယ္ကတည္းက ဘယ္သူေခၚေခၚမလိုက္တဲ့ေကာင္က သူ႕အစ္ကိုေတြ႕ရင္ တန္းလူေပၚတက္ေတာ့တာ သူ႕အစ္ကိုလည္ပင္းကို က်စ္ေနေအာင္ဖက္ထားၿပီး ဘယ္သူေခၚေခၚမရေတာ့ဘူးအဲ့တာ သူ႕အစ္ကိုကငယ္ငယ္ကတည္းက ျဖဴျဖဴလုံးလုံးေလးဆိုေတာ့ ကေလးတိုင္းကခ်စ္တယ္ေလ သူနဲ႕ေဆာ့ခ်င္ၾကလို႔ အိမ္လည္မ်ားလာရင္ ငဘုန္းတို႔က အိမ္ကေခြးနဲ႕ရႉးတိုက္လႊတ္တာ အက်င့္တစ္စက္ကေလးမွမေကာင္းဘူး"
ႀကီးစိန္ကေျပာရင္း မ်က္ေစာင္းထိုးသည္။
"ဟုတ္တယ္ စာကေလး ႏွဖူးကအမာ႐ြတ္လည္း သူ႕လက္ခ်က္ပဲ"
သူႀကီးဝင္ေျပာမွ ႀကီးစိန္ကသတိရဟန္
"ဟုတ္သားပဲ ခုမွမွတ္မိတယ္ေတာ္ အဲ့ဒီတုန္းက ကေလးက သနပ္ခါးေတြလိမ္းၿပီး အိမ္လည္လာတာေလ စာကေလးက ကေလးပါးကသနပ္ခါးကို အူယားတယ္ထင္ပါတယ္ ဖက္ကနဲ သြားနမ္းတာေလ ငဘုန္းတို႔နီးရာ သနပ္ခါးတုံးႀကီးဆြဲၿပီး ထုထည့္လိုက္တာဆြဲတဲ့သူေတာင္မမွီဘူး သူ႕အစ္ကိုကို တိုခ်က္ဆိုတာ"
"ေၾသာ္ အဲ့ကတည္းက ဇနဲ႕လာတာပဲ အာစရိက"
စာကေလးကႏႈတ္ေခါင္းရႈံ႕ရင္း မေက်မနပ္လည္းေတြးလိုက္ေသးသည္။
*ခုမွေတြ႕ၿပီး ကဲသဲေနတယ္ထင္တာ ေမြးကတည္းက ကိုကိုမွကိုကို ျဖစ္ေနတာကိုး
ဘယ္လိုလုပ္ေဆးမွီေတာ့မွာတုန္း*
"ဟီးဟီး"
႐ုတ္တရတ္ ပယင္းတို႔ ညီအစ္မကထရီေတာ့ အားလုံးကလွည့္ၾကည့္လာေလသည္။သူတို႔ညီအစ္မ ၿငိမ္ေနတာအထူးအဆန္း။ခါတိုင္း သာလိကာလို ေလပဲေပါေနတာ။အခုက် ႏွစ္ေယာက္သား သူတို႔လိုက္ ကိုယ္တို႔လိုက္ျဖင့္ စပ္ၿဖီးၿဖီးျဖစ္ေနရာမွ ထရီလိုက္ျခင္း။
"အစ္မ ဘာျဖစ္တာတုန္း"
ငေထြးအေမးေၾကာင့္ ႏွစ္ေယာက္သားမ်က္ႏွာပိုးသတ္ကာ
"မေန႕ညကၾကည့္တဲ့ ဇာတ္ကားအေၾကာင္းေျပာေနတာပါ ဟာသကားမလို႔ ရီမိသြားတာ"
"ဟုတ္တယ္ ဟုတ္တယ္"
ပယင္းအေျပာကို ယမင္းကေထာက္ခံသည္။ႏွစ္ေယာက္သား သိပ္ေတာ့မရိုးသား။သို႔ေသာ္ မိန္းကေလးေတြမို႔ သိပ္ေတာ့မေမးျဖစ္လိုက္။သူတို႔အေၾကာင္းနဲ႕သူရွိမွာေပါ့ေလ။
"ေစာနကကိစၥ ဘယ္လိုလုပ္မွာလဲအစ္ကို"
"အာ အလုပ္ေျပာင္းဖို႔ကိစၥလား"
"ဟုတ္တယ္ ဒီမွာေနရတာလည္းအဆင္ေျပေနတာပဲ ေပ်ာ္လည္းေပ်ာ္ေနတဲ့ဥစၥာ ဒီကိုေျပာင္းလိုက္ေလ"
"ဟုတ္သားပဲကေလးရဲ႕ ဒီမွာဆိုႀကီးႀကီးတို႔လည္း မိသားစုေတြဘဲဟာ ေျပာင္းခဲ့လိုက္ပါ"
"ေျပာင္းဖို႔ကိစၥေတြ ဘာမွပူစရာမလိုဘူးေနာ္အစ္ကို ဦးကိုကိုခ်စ္တစ္ေယာက္လုံးရွိေနတာပဲ သူႀကီးရာထူးရထားတာဘာလုပ္ဖို႔လဲ အိမ္ကမိန္းမေတာင္မနိုင္ဘဲနဲ႕ ဒီလိုေနရာမွာ အသုံးခ်မွရမွာ"
"ဒီငါ...ဆဲလိုက္ရင္မေကာင္းရွိေတာ့မယ္"
"မဟုတ္တာက်ေနတာပဲ"
"ေနပါအုံးဟယ္ ဒီသားအဖေတြေတာ့ က်ဳပ္လည္းအဲ့တာေျပာမလို႔ ႐ြာေက်ာင္းကဆရာေလးကလည္း ဒီႏွစ္ၿမိဳ႕ကို ေျပာင္းမလို႔တဲ့ေတာ္ အေတာ္ပဲမဟုတ္ဘူးလား"
"တစ္ေယာက္တစ္ေပါက္နဲ႕ ကာယကံရွင္ကိုလည္းေမးၾကပါအုန္းဟဲ့"
ႀကီးလွစကားအဆုံး ေမွ်ာ္လင့္ခ်က္ျပည့္ဝေနတဲ့ မ်က္ဝန္းေတြက သူ႕ဆီဦးတည္သည္။
"အဲ့ အဲ့ဒါက ေျပာင္းလာတာကအဆင္ေျပပါတယ္ ဒါ..."
"ၾကားလားဦးကိုကိုခ်စ္ အဆင္ေျပတယ္တဲ့ အခုေျပာင္းဖို႔ လုပ္ေပးေတာ့ အဲ့တာမွ ေက်ာင္းဖြင့္တာနဲ႕ ကြက္တိက်မွာ"
သဝဏ္စကားမဆုံးေသးခင္ သူကအေဖျဖစ္သူကိုအမိန့္ေပးေနၿပီ။ဟိုေလးေယာက္ကေတာ့ အျမင္ကိုကတ္တယ္ဟူေသာ မ်က္ႏွာေပးေတြျဖင့္
"မင္း ငါ့ကို မင္းထက္အငယ္မ်ားမွတ္ေနလား ေျပာပုံကိုကေစာက္ခ်ိဳးမေျပ "
"လုပ္ပါ အေဖရာ အေဖကအေတာ္ဆုံး"
မေခၚစဖူးေတြေခၚၿပီး မေျပာစဖူးအသံေတြပါ ခြၽဲကုန္တာေၾကာင့္ သူႀကီးက ႏွာေခါင္းပြတ္ကာ ခပ္ၿပဳံးၿပဳံး။
"သၾကၤန္ကိစၥတိုင္ပင္ၿပီးတာနဲ႕ ငါၿမိဳ႕တက္လိုက္မယ္"
"ဟုတ္သားပဲ ညေနအစည္းေဝးေတာင္နီးေနၿပီ သြားႏွင့္မလားသူႀကီး ႐ြာဦးေက်ာင္းကပဲေစာင့္တာေပါ့"
"ေကာင္းပါ့ သြားၾကရေအာင္"
"က်ဳပ္လည္း အိမ္ျပန္ၿပီးဟင္းခ်က္လိုက္အုံးမယ္ေတာ္"
"ေအး ေအး က်ဳပ္လည္းခ်က္ေတာ့မယ္ ကေလးက ငါးသလဲထိုးေလးစားခ်င္တယ္ဆိုလို႔ မနက္က ေအာင္မင္းကိုသြားလုပ္ခိုင္းထားတာ"
"ကဲ တို႔လည္းျပန္ၾကရေအာင္ "
"အစ္မ နင္တို႔ေရခပ္သြားေတာ့ မလို႔လား"
"ေအး ေစာေစာသြားမလို႔ ညေန မုန့္ေထာင္းသြားရမွာ သၾကၤန္က် မုန့္လုံးလုံးရေအာင္လို႔"
"အေဖာ္ပါလား"
"ငါတို႔ႏွစ္ေယာက္ပဲ လိုက္ခဲ့မလို႔လား"
"ေအး "
"ငါလည္း လိုက္ခ်င္တယ္"
ယမင္းတို႔ေမာင္ႏွမေတြ ေျပာေနတာၾကားၿပီး သူ႕လူကခပ္တိုးတိုးဆိုသည္။အိမ္ထဲမွာပဲ ေနတာၾကာေတာ့ ပ်င္းေနမွာေပါ့
"လိုက္ခ်င္လို႔လား"
"အြန္း"
" ေဟ့ေကာင္ေတြ ငါတို႔ပါလိုက္မယ္ "
"ကိုသဝဏ္ အျပင္ထြက္ခြင့္ရသြားၿပီေပါ့"
"ဟုတ္တယ္ အဟီး"
"သြားႏွင့္ မင္းတို႔ အိမ္ကေစာင့္ေန"
"ေအးပါ သြားၿပီ"
"ခဏေလးေနာ္ဥဥ ခေမာက္နဲ႕လက္ရွည္ဝင္ယူလိုက္အုံးမယ္"
"အြန္း ျမန္ျမန္လာ"
ခဏအၾကာျပန္ထြက္လာေတာ့ သူဝတ္ေနက် လက္ရွည္အနီကြက္ကေလးနဲ႕ ခေမာက္တစ္လုံး လက္ထဲပါလာသည္။
"ကေလး အျပင္သြားမို႔လား"
"ဟုတ္ကဲ့ႀကီးႀကီး ပယင္းတို႔နဲ႕ ေရခပ္လိုက္သြားခ်င္လို႔"
"ေအးေအး မေမွာင္ခင္ျပန္လာေနာ္ ေရခ်ိဳးမွာနဲ႕ဘာနဲ႕"
"ဟုတ္ကဲ့ သြားၿပီႀကီးႀကီး"
တစ္ေယာက္ကိုတစ္ေယာက္ႏႈတ္ဆက္ေနတာၾကည့္ၿပီး သူ႕မွာသေဘာတက်။ေယာကၡမနဲ႕ သမက္ေလးက်ေနေရာ။
"ဥဥ ဒီဘက္တိုးေလွ်ာက္ ဖုန္ေတြေပကုန္ၿပီ"
လမ္းတစ္ေလွ်ာက္လည္း သူ႕မွာအရိပ္တၾကည့္ၾကည့္။ေရကန္က ႐ြာအေနာက္ဘက္မွာ ရွိတာေၾကာင့္ ႐ြာလယ္လမ္းကို ျဖတ္သြားရ၏။ထို႔ေၾကာင့္ ဆိတ္ေက်ာင္း ၊သိုးေက်ာင္း သူတို႔ႏွင့္ တစ္လမ္းလုံးကျပည့္ေနေလသည္။
ဖုန္တလုံးလုံးေၾကာင့္ သူ႕လူေလးကို လူတစ္ကိုယ္လုံးနဲ႕ကာလိုက္ ရင္ခြင္ထဲဆြဲထည့္လိုက္ႏွင့္ ေနာက္ကေလးေယာက္က တဟြန့္ဟြန့္။
"ဝါးးေရကၾကည္ေနတာပဲ ေန႕တိုင္းဒီမွာလာခပ္တာေပါ့ ဟုတ္လား"
"ဟုတ္ပါ့ေတာ္ ေန႕တိုင္းလာခပ္ေနက် ခဏေနရင္ တစ္႐ြာလုံးကလူေတြျပည့္ေတာ့မွာ ဒီေန႕ကနည္းနည္းေစာေနလို႔ လူမရွိေသးတာ"
ေရကန္ပတ္လည္ ဆူးကိုင္းတို႔ကာရံထားျခင္းေၾကာင့္ တိရိစ္ဆာန္ တို႔မဝင္နိုင္။ကန္ေဘးပတ္လည္ ထန္းပင္တို႔ရွိျခင္းေၾကာင့္ ကန္ထဲကေရက ေအးျမေနမွာ အေသခ်ာ။
အျပန္လမ္းမွာေတာ့ သူတို႔ႏွစ္ေယာက္ ေနာက္ဆုံးမွလိုက္ျဖစ္ခဲ့သည္။
"ငါ ငါးဖမ္းၾကည့္ခ်င္တယ္"
"ငါးစားခ်င္လို႔လား"
"မဟုတ္ဘူး ဖမ္းၾကည့္ခ်င္တာ"
"ေနာက္ေန႕ ေခၚသြားေပးမယ္"
"ငေပြးတို႔ေရာ ပါမွာမလား"
"အင္းေပါ့ အဲ့တာမွဥဥ မပ်င္းမွာ"
"မင္းငါ့ကို သီခ်င္းလည္း မဆိုျပရေသးဘူး"
"သၾကၤန္က်ရင္ စင္ေပၚမွာ ဆိုျပမယ္"
"တကယ္ေနာ္"
"က်ဳပ္ ဥဥ ကိုမညာပါဘူး"
"အဲ့ က်ဳပ္ က်ဳပ္ ဆိုတာႀကီးကိုမႀကိဳက္ဘူး မေျပာနဲ႕ "
"ဘယ္လိုေျပာရမွာလဲ"
"ကြၽန္ေတာ္လို႔ေျပာ"
"အြန္း ကြၽန္ေတာ္ ဥဥစကားနားေထာင္မယ္"
"လိမၼာလိုက္တာ လာေခါင္းေလးပြတ္ေပးမယ္"
လက္ကေလးလွမ္းေတာ့ ေခါင္းငုံ႕ေပးလိုက္သည္။ညင္သာတဲ့အထိအေတြ႕က ဦးေခါင္းမွ ႏွလုံးသားသို႔ ပ်ံ့ႏွံ႕ကာစီးဝင္သည္။သူ႕လူေလးက သြားစြယ္ေလးေပၚေအာင္ထိ သေဘာတက်ၿပဳံးလို႔။အၿပဳံးတစ္ခ်က္မွာ ဒူးေထာက္လိုက္ခ်င္စိတ္က သိပ္ျမတ္နိုးလြန္းလို႔.........
#############