ကုတင််ပေါ်မှာ ဖျော့တော့စွာ လှဲလျောင်းနေသော မိုရာ့ကိုကြည့်ပြီး ခါရူးခုထိ စိုးရိမ်ပူပန်နေရတုန်းဖြစ်သည်။ပြီးတော့ ဆုံးဖြတ်ချက်တစ်ခုကိုလဲ သေချာစွာ ဆုံးဖြတ်ပြီးပြီ ဖြစ်သည်။ ထိုအရာကတော့ မိုရာ့ကို ဘယ်နည်းနဲ့မှ အဆုံးရှုံးမခံနိုင်ဘူးဆိုတာပင် ဖြစ်သည်။ခုနက မိုရာ လဲကျသွားတော့ ခါရူး ပြာယာခတ်သွားတာ အမှန်ပင်။.အချိန်မှီ ထိန်းလိုက်နိုင်ပေမဲ့ရင်ခွင်ထဲကို ပျော့ခွေစွာကျလာတဲ့ကိုယ်လုံးသေးသေးလေးကို ပွေ့ချီပြီး အပေါ်ကိုသာ အမြန်ပြေးတတ်သွားလိုက်သည်။ဆေးဆရာ မလာမချင်းလဲ ရတတ်မအေးနိုင်။အတွေးထဲ မိုရာသာ တစ်ခုခု ဖြစ်ခဲ့ရင်ဆိုတဲ့အတွေးကသာကြီးစိုးနေခဲ့သည်။
ဆေးဆရာ ရောက်လာလို့ စမ်းသပ်ပြီးပြောတဲ့စကားကိုကြားရတော့လဲ ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျရတဲ့အထိ။ အစာမစားရသေးလို့အားနည်းပြီး ဖြစ်တာဆိုတော့ ကိုယ့်ဘာသာ ဒေါသထွက်ရသေးသည်။ နောက်ဆို ဒီခန္ဓာကိုယ်သေးသေးလေးကို အားရှိအောင်တစ်နေ့တစ်မျိူး မရိုးကျွေးရမည်။ ဆေးဆရာ ပြန်သွားတော့ ဘေးနားမှာဘီဘီရော ကီကီရှိနေတော့ သိချင်တာကိုမေးဖို့ဟန်ပြင်လိုက်သည်။.ချန်ကတော့ ဆေးဆရာကို ပြန်လိုက်ပို့နေလို့ မရှိပေ။
"ဘီဘီ နဲ့ ကီကီ ''
"ဟုတ်ကဲ့...ရှိပါတယ် သခင်''
"ငါမေးစရာရှိတယ် မျိုးနွယ်စု သခင်တစ်ယောက်က မေးတာ မို့လို မထိန်ချန်ပဲ အကုန်ပြောပြရမယ်''
ခါရူးလဲ ပြောလိုက်ရော နှစ်ယောက်လုံး တစ်ယောက်တစ်ပြန်ပြန် ကြည့်ပြီး နည်းနည်တော့ထိတ်လန့်သွားသည်။.အဲ့လိုမှ မမေးရင်လဲ ဖြေမှာမဟုတ်တာ.သိနေသည်။.သူတို့သခင်မ အပေါ် ဘယ်လောက်သစ္စာရှိပြီးဘယ်လောက် နှုတ်လုံ လဲဆိုတာ ခါရူး အသိဆုံးဖြစ်သည်။ မျိုးနွယ်ရဲ့သခင်က မေးတယ်ဆိုရင်လိမ်ညာဖြေလို့မရ လိမ်ရင် အပြစ်ဒဏ်ပေးခံရမှာဆိုတာသိနေတော့ လိမ်ရဲမှာမဟုတ်ပေ။
"ဟုတ်.... ဟုတ်ကဲ့ မေးပါ သခင် အမှန်တိူင်းဖြေပါ့မယ်''
"နေ့လည်က မိုရာ ငါ့ဆီ ကို လာတယ်မလား''
"ဟုတ်ကဲ့ လာပါတယ်သခင်''
"အဲ့တာဆို ဘာလို့ လှည့်ပြန်သွားရတာလဲ ပြီးတော့ ငါ့ဆီလာတဲ့ကိစ္စ ငါက ဘာလို့ မသိရတာလဲ''
"ဟို...အဲ့တာက''
"အင်း... ဘာဖြစ်လဲ''
သခင်က ရုပ်တည်ကြီးနဲ့ မေးလာတော့ ဘီဘီမှာ လန့်နေရသည်။.သခင့်ကို အစထဲကရှိန်ပြီး ကြောက်ရတာမို့ အခုလိုမျိုးရုပ်တည်ကြီးနဲ့ဆိုတော့ပိုပြီး လန့်ရသည်။သခင် ရဲ့ ခုလို ရုပ်တည်နေတဲ့ပုံကို တစ်ခါမှ မမြင်ဘူးတော့ တံတွေးကို ခနခန မျိုချနေရသည်အထိ...ကီကီ့ကို လှမ်းကြည့်တော့သူ လဲမထူးမခြားနားပင်ဖြစ်သည်။အကူအညီရမှာလဲ မဟုတ်တော့ကို့ဘာသာအရဲစွန့်၍သာပြောရတော့မည်။
"သခင်မက သခင်ပြန်လာမယ်ဆိုတာ သိလို့ ကြိုပြီးချက်ပြုတ်ထားတာပါ သခင့်ကိုစောင့်နေပေမဲ့ ရောက်မလာလို့သခင့်ဆီလာခဲဲ့တာပါ''
"ဆက်ပြော''
"အပေါ်ကို တက်သွားပြီး သိပ်မကြာခင် ပြန်ဆင်းလာတာပါ ပြီးေတာ့မျက်နှာလဲ သိပ်မကောင်းဘူး''
"အဲ့တာနဲ့ပဲ ရိက္ခာရုံ မှာ အလုပ်တွေပဲ ဆက်တိုက်လုပ်နေတာပေါ့''
"ဟုတ့ပါတယ် ရိက္ခာရုံကို အသစ်ဝင်တဲ့အသားတွေကို သေချာ စာရင်းလုပ်ပြီး ခွဲနေတာပါ ပြီးတော့...''
"ပြီးတော့ ဘာဖြစ်လဲ.. ဆက်ပြောလေ''
"ပြီးတော့ သခင်မ.နာရာ ရဲ့ အဆောင်က နေ သခင့်အတွက် ဝိုင်နဲ့အသား လိုချင်တယ် ပြောလို့ ဝိုင်ကအဆင်သင့်မရှိတာမို့လို ဝိုင်လဲ ချက်ပါသေးတယ်''
"ဘယ်လို...''
နာရာက ခါရူးအတွက်ဝိုင်လာယူခိုင်းတယ်ပြောရအောင်နာရာ့ဆီမှာ ထမင်းမစားသလိုသူနေတဲ့အဆောင်ဖက်ကို ခုထိခြေဦးကို မလှည့်ရသေးတာဖြစ်သည်။အဲ့တာဆိုတမင်သက်သက် ဝိုင်မရှိတာသိလို့လုပ်ခိုင်းတာဖြစ်ရမည်။ခုလိုပုံစံနဲ့သာဆိုမိုရာ့အတွက်သီးသန့်သက်တော်စောင့်ထားမှ ပင်ဖြစ်တော့မည်။
"နေ့လည်စာရောစားလား''
"ဟိုနည်းနည်းတော့စားပါတယ်.. ပထမတော့မစားဘူးဆိုပြီးအလုပ်ဆက်လုပ်နေခဲ့တာပါ.. မျိုးနွယ်ထဲက... ကလေးလေး... တစ်ယောက်က သခင်မကို သွားခေါ်ပြီး ထမင်းစားဖို့ ပြောတာမို့လို့ စားပေမဲ့ နှစ်လုတ်လောက်စားပြီးရင်ထဲမကောင်းလို့ဆိုပြီး ဆက်မစားတော့တာပါ''
"ရပြီ... မင်းတိူ့ နှစ်ယောက်သွားတော့ မိုရာနိုးလာရင် စားရအောင်လို့ အသားနဲ့ ဆန်ပြုတ်လေး နည်းနည်း ကျိုထားလိုက်ဦး''
"ဟုတ်ကဲ့ပါ...သခင်''
ဘီဘီတို့ထွက်သွားမှ အိပ်ရာပေါ်က မျက်နှာနွမ်းနွမ်းလေးကိုပြန်ကြည့်ပြီး နဖူးပေါ်ဝဲကျနေတဲ့ဆံပင်လေးတွေကို သပ်တင်ပေးလိုက်သည်။ပြီးနောက် မျက်လုံးက သိပ်မသိသာသေးတဲ့ ဗိုက်ပြားချပ်ချပ်လေးပေါ်ကိုရောက်သွားပြီး စိတ်ထက် လက်ကအရင် ဗိုက်ကလေးကို ကိုင်မိရက်သားဖြစ်သွားသည်။ ဗိုက်ကလေးကို ကိုင်မိတဲ့တခန ပျော်ရွှင်ကြည်နူးမှုက ရင်ထဲမှာ လှိုက်တက်လာသည်။ထို့နောက်ဆေးဆရာပြောသောစကားတို့ကို ပြန်ကြားယောင်လာသည်။
မိုရာမူးလဲပြီး အိမ်ပေါ်ကိုသာချီခေါ်လာခဲ့ပြီး ဘီဘီတို့ အဆင်သင့်ပြင်ပေးထားတဲ ကုတင်ပေါ်အသာချပြီး လက်ကလေးဆုပ်ကိုင်မိလိုက်သည်။ အလိုက်သိတဲ့ ချန်ကတော့ မိုရာက မူးလဲထဲက ဆေးဆရာခေါ်ဖို့ အပြေးအလွှားသွားပြီဖြစ်သည်။နဖူးမှာချွေးစလေးတွေစိူ့နေပြီးလက်ဖျားခြေဖျားလေးတွေကအစ အေးစက်နေသည့် မိုရာ့ကို မြင်ပြီး ခါရူးရဲ့ရင်ထဲမှာ ကမ္ဘာပျက်မတတ်ပင်ဖြစ်ရသည်။ ဘဝမှာဘယ်တုန်းကမှ မခံစားဘူးတဲ့ခံစားမှုမျိုးကိုလဲ ခံစားရသည်။ဖခင်နဲ့ အမေနဲ့ဆုံးတုန်းကတော့ သဘာဝတရားကြောင့် ဖြစ်ရမဲ့အရာဆိူပြီးဖြေသိမ့်လို့ရပေမဲ့ခု မိုရာ့ကျမှ သောကတွေကြီးစိူးနေရသည်။ ဆေးဆရာရောက်လာတော့ခါရူးက ဘေးကို ဖယ်ပေးလိုက်သည်။
ထို့နောက်ဆေးဆရာက မိုရာ့ရဲ့သွေးခုန်နှုန်းကိုစမ်းသပ်ပြီးတော့ အမူအရာက တစ်မျိူး ဖြစ်သွားတာမို့လို့ ခါရူးလန့်သွားရသည်။
"ဆေးဆရာ သခင်မက ဘာဖြစ်တာလဲ''
"ဟို..သခင်''
ဆေးဆရာရဲ့ တုံတုံချိ့ချိ့ လုပ်နေပုံက စိုးရိမ်လွန်နေတဲ့ခါရူးကိုဒေါသစွပေးနေသလိုပင်။
"မြန်မြန် ပြောလေ ဘာကိစ္စ တုံချိ့တုံချိ့ ဖြစ်နေရတာလဲ''
"ဂုဏ်ယူပါတယ် သခင်...သခင်မကဆက်ခံသူ ကိုလွယ်ထားရပါတယ်''
"ဘယ်လို...''
"ဟုတ်ပါတယ်... သခင်..သခင်မ မှာ သခင့်ရဲ့ရင်သွေးလေးရှိနေပါပြီ''
"ဂုဏ်ယူပါတယ်.. သခင်''
အကုန်လုံး က ဂုဏ်ယူကြောင်းပြောပေမဲ့ ခါရူးက ခုချိန်ထိကြောင်အနေဆဲ ဖြစ်သည်။မိုရာ့မှာ ရင်သွေးလေး ရှိနေပြီတဲ့။အဲ့အသိက တစ်လောကလုံးကို မေ့လောက်တဲ့အထိစွမ်းဆောင်နိုင်လေသည်။ ကလေးလေးကိုလိုချင်ပေမဲ့လဲ မိုရာ့ကို အားနာတာရော နာရာ့ကြောင့်ပါငြိမ်နေခဲ့တာဖြစ်သည်။အခုတော့လုံးဝကိုထင်မှတ်မထားတဲ့အချိန်မှာ ကလေးလေးကိုရလာတော့ အံသြဝမ်းသာမှုက ပြောမပြတတ်လောက်အောင်ပင်ဖြစ်သည်။
"ဒါပေမဲ့....''
ခါရူးရဲ့ပျော်နေတဲ့အပျော်က ဆေးဆရာရဲ့ဆက်ပြောလိုက်တဲ့စကားမှာ စိုးရိမ်မှုတွေဝင်ရောက်လာရသည်။ အရင်ကတော့မိုရာ့ကိုပဲစိုးရိမ်ရပေမဲ့အခုတော့ကလေးလေးကပါထပ်တိုးလာပြီ ဖြစ်သည်။.မိုရာနဲ့ကလေးလေး တစ်ခုခုဖြစ်မှာကိုစိူးရိမ်နေရသည်။
"ဒါပေမဲ့ ဘာဖြစ်လဲ ဆက်ပြောလေ''
"ဟုတ်ကဲ့...ဟို လေ....သခင်မက အားနည်းနေပါတယ် သခင် ကလေးလဲ ရှိနေတော့ အစားကိူပုံမှန်စားပြီး အိပ်ရေးဝအောင်လဲ အိပ်ရပါမယ် သခင်မပုံကိုကြည့်ရတာ ခုရက်ထဲ အိပ်ရေးပျက်ထားတဲ့ပုံပါပဲ အဲ့တာကြောင့် အားနည်းပြီး မူးလဲတာပါ ''
ဆေးဆရာလဲ ပြောရောခါရူးက ဘီဘီနဲ့ကီကီ့ကိုလှမ်းကြည့်လိုက်တော့ ဟိုနှစ်ယောက် က ခေါင်းကို ချက်ချင်းအောက်ငုံ့သွားသည်။တကယ်ဆို သူတို့ အမှား လဲမဟုတ်ပေ။.အတူတူ အိပ်ရတာမဟုတ်တော့ မိုရာ အိပ်မအိပ် မသိနိူင်ပေ။.ခါရူးသာ အမဲလိုက် မထွက်ပဲ ကျန်ခဲ့ရင်ခုလို ဖြစ်မှာ မဟုတ်။
" အင်း သိပြီ မင်းပြန်လို့ရပြီ... ချန်.''
"ဟုတ်ကဲ့..သခင်''
"ဆေးဆရာကိုလိုက်ပို့လိုက်ပါ..''
"ဟုတ်ကဲ့ပါ သခင်''
ဆေးဆရာ လှည့်ပြန်ခါနီးမှ ခါရူးတစ်ခုခုကိုသတိရမိတာကြောင့် တားလိုက်သည်။
"ခနနေဦး...ဆေးဆရာဒီကိစ္စကို ဘယ်သူမှ မသိပါစေနဲ့ ဒီမှာရှိတဲ့လူကလွဲလို့တစ်ခြားတစ်ယောက်ယောက်သိသွားခဲ့ရင် မင်းအပြစ်ပေးခံရမယ်''
"ဟုတ်ကဲ့ပါ သခင် ဘယ်သူမှ မသိစေရပါဘူး''
"အင်း... ပြီးတော့သခင်မ အတွက်အားဆေး စီစဥ်ပေးပါ...မင်းကိုယ်တိုင်လုပ်ပေးပါ.တစ်ခြားဘယ်သူ လုပ်ပေးတာမှ မလိုချင်ဘူး တစ်ခုခု ဖြစ်ခဲ့ရင် မင်းတာဝန်ပဲ''
"ဟုတ်ကဲ့ပါ သခင်''
ဆေးဆရာ ပြန်သွားတော့ ဘီဘီတို့ကိုလဲအလုပ်ခိုင်းလိုက်တာ မို့လို့ ဘယ်သူမှ မကျန်တော့ပေ။ အဲ့အချိန်ထဲက မိုရာ့ဘေးမှာထိုင်စောင့်နေတာ အခုထိပင်ဖြစ်သည်။ ချွေးလေးတွေစိူ့လာရင် သုတ်ပေးလိုက် ဆံပင်လေးကိုသပ်တင်ပေးလိုက် လက်ကလေးကို ဆုပ်ကိုင်လိုက်နဲ့ အလုပ်များနေသည်။ ထို့အပြင် ကလေးလေးကိုဘယ်လို ပြုစုပျိူးထောင်မယ် ကလေးလေးကြီးလာရင်ဘယ်သူနဲ့တူမလဲ စတဲ့အတွေးတွေကိုသာတွေးနေမိသည်။
"အင်းးးး''
အတွေးလွန်နေတုန်း မိုရာ့ဆီက ညည်းသံကြားတာမို့လို့ ကြည့်မိတော့ မျက်မှောင်လေးကြုံပြီး မျက်ခုံးလေးတွေ လှုပ်လာတာမို့ မိုရာ့ကိုခေါ်ကြည့်လိုက်သည်။
"မိုရာ....ရာရာ..နိုးပြီး လား.ဘယ်လို နေသေးလဲဟင် ခေါင်းမူးနေသေးလား''
မိုရာ နိုးနိုးချင်း ကြည့်မိတော့ မိုရာ့ရဲ့အိပ်ခန်းထဲကို ရောက်နေသည်။ခေါင်းကနည်းနည်းနောက်နေသေးပေမဲ့အရမ်းကြီးတော့ မဟုတ်ပေ။မိုရာနောက်ဆုံးသိလိုက်တာ အဆောင်ရှေ့ရောက်တော့မူးလဲသွားတာဖြစ်သည်။မူးမလဲခင် ခါရူး ရဲ့အော်သံကိုတော့ကြားလိုက်ရသေးသည်။ဘေးကိုကြည့်မိတော့ စိုးရိမ်တကြီးကြည့်နေတဲ့ခါရူးကို တွေ့ရသည်။အာ့တာဆိုခုထိ ခါရူးက မိုရာ့ဆီမှာပဲရှိနေတာပေါ့။.ပြီးတော့အရမ်းတွေစိတ်ပူနေသလိုပင် မိုရာက အစားမစားမိတာရယ်အိပ်ရေးပျက်တာများလို့ရယ်ကြောင့် မူးလဲတာပါ ။ အခုလောလောဆယ်တော့ ရေဆာနေတေ့ဘာမှ မပြောနိုင် ရေပဲ တောင်းသောက်လိုက်သည်။
"ရေ...ရေသောက်ချင်တယ်''
"ဟင်..ရေသောက်ချင်တာလား တိုက်မယ်နော် ခနလေး ကိုယ်ထူပေးမယ်''
ခါရူးက ပြောလဲ ပြောမိုရာ့ကိုယ်လေးကိုအသာထူပေးပြီး ရေကိုဖြည်းဖြည်းချင်းတိုက်လေသည်။ မိုရာတစ်ယောက်ကတော့ခါရူးရဲ့ ထူးဆန်းနေတဲ့ ပုံစံကို ကြည့်ပြီး အံသြပြီးရင်အံ့သြရသည်။ရေသောက်ပြီးတော့လူက နည်းနည်းအဆင်ပြေသွားသလို စကားပြောရတာလဲ အဆင်ပြေသွားသည်။
"သခင်...ခုထိ မပြန်ရသေးဘူးလား''
"ကိုယ့်ရဲ့ ဇနီးတစ်ယောက်လုံး ခုလို ဖြစ်နေတာကို ကိုယ်က ဘယ်စိတ်နဲ့ပြန်ရမှာလဲ''
ခါရူးက လေသံမာမာနဲ့ ပြောလိုက် တော့ ခေါင်းကိုငုံ့ပြီးလက်နှစ်ဖက်ကလဲ စောင်စကိုလုံးချေနေသည်။
"ဟို...သခင်က ဒီနေ့ နာရာနဲ့ ပဲ အတူတူ နေမယ်ထင်လို့ပါ''
"ဘာလို့ အဲ့လို ထင်ရတာလဲ''
"နေ့ခင်းက... ''
"အင်း ကိုယ်လဲအဲ့တာပြောမလို့ နေ့ခင်းကရောက်လာပြီး ဘာလို့ ပြန်သွားတာလဲ''
"နာရာ နဲ့အတူတူရှိနေတော့ မသင့်တော်လို့ပါ''
"ဘာကိုမသင့်တော်ရမှာလဲ မင်းကရောကိုယ့်ဇနီး မဟုဘူးလား''
ခါရူးကတစ်ခါမှ လေသံမာမာနဲ့ မပြောဘူးတော့ အခုလို အပြောခံရချိန်ဝမ်းနည်းလာသည်။ ငိုလဲ ငိုချင်လာသလိုပင်။ မိုရာက ဒွိလိင်မို့လို့စိတ်ကနူးညံ့ပေမဲ့ အရင်ကအဲ့လိုမဟုတ်ပေ။.ကိိုယ့်စိတ်ကိုလဲနားမလည်နိုင်တော့ပါ။
ခါရူးပြောနေရင်းနဲ့ မိုရာ့ကိုကြည့်မိတော့ မျက်ရည်လေးတွေဝဲနေပြီး ငိုချတော့မဲ့ပုံဖြစ်နေသည်။ ပြိုတော့မဲ့မိုးလို ဖြစ်နေတဲ့မိုရာ့ကိုကြည့်ပြီး ခါရူး ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်သွားရသည်။မိုရာရဲ့ဘေးကိုဝင်ထိုင်ပြီး ခန္ဓာကိုယ်သေးသေးလေးကိုပွေ့ထားလိုက်သည်။ပြီးနောက် ပါးပြင်ပေါ်က မျက်ရည်လေး တွေကိုလဲ ဖွဖွလေးသုတ်ပေးမိသည်။
"မငိုရဘူးလေကိုယ်က ဆူနေတာမဟုဘူးမိုရာ့ကိုပြောပြနေတာလေ''
ချော့တဲ့ကလေး ပိုငို ဆိုသလိုပင် မိုရာလဲခါရူးက ချော့ပြောခါမှ ပိုလို့တောင်ငိုချင်လာမိတာမို့ င်ိုချလိုက်ပြီးကာမှ ခါရူးပြောလာတဲ့စကားကြောင့် မျက်ရည်ကျနေတာတောင်ဘယ်ရှာရမှန်းမသိတော့ပေ။
"မငိုရဘူးလို့ မိုရာက တအားငိုနေရင် ဗိုက်ထဲက ကလေးလေးကပါဝမ်းနည်းနေမှာပေါ့''
"ဟင်...က..ကလေး ဗိုက်ထဲမှာ''
"အင်း ဟုတ်တယ်မိုရာ့ရဲ့ဗိုက်ထဲမှာ ကိုယ်တို့ရဲ့ကလေးလေး ရှိနေပြီ အာ့တာကြောင့် ခုကစပြီး ကျန်းမာရေးဂရုစိုက်ရမယ်နော် အရင်လိုအလုပ်တွေဖိလုပ်လို့မရတော့ဘူး အစားလဲ ပုံမှန်စားရမယ်''
ခါရူးက ဗိုက်လေးကို ဖွဖွကိုင်ပြီး ပြောတော့ ဝမ်းသာမျက်ရည်က ထပ်ကျလာပြန်သည်။.ကလေးလေးရှိနေပြီတဲ့။မိုရာသိပ်လိုချင်နေတဲ့ကလေးလေးက ရှိနေပြီတဲ့လေ။ လိုချင်ပေမဲ့လဲ တအားကြီး မျှော်လင့်မထားတဲ့ကလေးလေးက ခုတော့ အမှတ်မထင်ပဲရလာတော့ ပျော်ရွှင်မှုတွေ ဝမ်းသာမှုတွေနဲ့ ဘာပြောလို့ ပြောရမှန်းကိုမသိတော့ပေ။
"အဟင့်.....ဟင့်''
"ဟော... ကြည့်မငိုရဘူးလို့ပြောနေတာကို''
"ဝမ်းသာလို့ပါ...သခင်ရောဝမ်းမသာဘူးလားဟင်''
ခါရူဆီကအဖြေကိုမိုရာသိပ်ကိုသိချင်ပါသည်။ခါရူးသာ ကလေးလေးကို မလိုချင်ရင်ဆိုတဲ့အတွေးက ဝင်လာတော့ ပျော်နေတဲ့အပျော်တွေက ပျက်သွားရသည်။
"ဝမ်းသာတာပေါ့ ကိုယ်ပြောမပြတတ်အောင်ကိုဝမ်းသာတာ''
"သခင်..ညစာစားပြီးပြီလား''
"ဟင့်အင်.မစားရသေးဘူး''
"ဟင်ခုထိ မစားရသေးတာလား အဲ့တာ ဆိုပြင်ပေးမယ်လေ''
မိုရာက ပြောလဲပြော ကုတင်ပေါ်က ဆင်းမယ်လုပ်နေလို့မနည်းတားလိုက်ရသည်။.အဲ့ဟာလေးက ခုထိ သူ့ကိုယ်သူ.အရင်လိုပဲထင်နေတာလားမသိ။
"နေပါဦး ကိုယ်ပြောထားတယ် အစေခံတွေ ပြင်ပြီး လာပို့ လိမ့်မယ် ဂရုစိုက်ပါဆိုတာကို''
"ဟီး....မေ့သွားလို့ ''
"ကိုယ် မိုရာ့ကိုပြောစရာရှိတယ်''
"အင်း ပြောလေ''
"မိုရာ မေ့လဲ သွားတုန်းက ကိုယ်ရူးမတတ်ပဲမိုရာသာ တစ်ခုခု ဖြစ်သွားရင် ဆိုတဲ့အတွေးက ကိုယ့်ကို အသေသတ်နေသလိုပဲ''
"မိုရာ အခု ဘာမှမဖြစ်ဘူးလေ အရမ်းကြီး မစိုးရိမ်ပါနဲ့''
"ပြီးတော့ ခရီးသွားရတဲ့တစ်လျှောက်လုံး မိုရာ့ကို အမြဲလွမ်းနေမိတာ...မိုရာ ရောလွမ်းလား''
ခါရူးက လွမ်းတယ် ပြောတော့မိုရာ ပျော်သွားရသည်။ တကယ် ဆိုမိုရာ လဲလွမ်းနေတာပဲလေ အမြဲသတိရနေလို့ အိပ်ရေးတွေပျက်ပြီးအစားတွေမစားနိုင်ဖြစ်ခဲ့ရသည်။ဒါပေမဲ့အခုလိုကြီးမေးလာတော့လဲ ရှက်မိသည်။ ခုချိန် မိုရာ့ရဲ့ ပါးလေးတွေနီနေမှာ အသေအချာပင်ဖြစ်သည်။
"မိုရာလဲ..လွမ်း...လွမ်းပါတယ် ''
"တကယ်.. တကယ် ပြောတာလား''
"အင်း..တကယ် ပြောတာ''
"ကိုယ်ဝမ်းသာလိုက်တာကွာ ပြီးတော့လေ ကိုယ် မိုရာ့ကို ချစ်တယ်..ချစ်တယ်ဆိုတာထက် မြတ်နိုးတာ''
"ဟင်..''
ခါရူးရဲ့ရင်ခွင်ထဲကနေမိုရာအလန့်တကြားမော့ကြည့်မိလိုက်သည်။ ခါရူးကိုကြည့်ပြန်တော့လဲ သေချာအလေးအနက်ကို ပြောနေတာဖြစ်သည်။မိုရာ့ကို ချစ်တယ်တဲ့လေ။ မိုရာ.မယုံကြည်နိုင်ဖြစ်ပြီး ခါရူးကိုငေးသာကြည့်နေမိတော့သည်။
.................................................
Yoon