"ဘာလာလုပ်တာတုန်း"
"လာမှတော့ ကိစ္စရှိလို့ပေါ့"
"ငါမအားဘူး"
"မင်း မညစ်ပတ်နဲ့"
"နေစမ်းပါအုံးငဘုန်းရာ မင်းမလဲ အကူညီတောင်းဖို့လာလို့သာပဲ"
"မကူညီနိုင်ဘူး"
"ရွှေကျီး"
"မင်းဘယ်လိုဖြစ်နေတာတုန်းငဘုန်း"
သူကြီးသားနှင့်ရွှေကျီးကြား ငထွေးခေါင်းကိုက်နေရပြီ။သူကိုကလျှာရှည်ပြီး လိုက်လာမိတာ။ဒီနေ့ကြီးမြက ကိုသဝဏ်ကိုခေါ်ထုတ်သွားသည်။ငပွေးကအဖေနှင့်ယာထဲလိုက်သွားပြီး စာကလေးကသံချောင်းတို့နှင့် ချောင်းထဲလိုက်သွားသည်။
ဤသို့ဖြင့် အလုပ်မရှိသော သူကြီးသားကသူ့အားဆွဲခေါ်လာကာ တောင်ရွာသို့ထွက်လာခြင်း။တွေ့ချင်သူကိုတွေ့တော့လည်း စကားအပြောကမတတ်။ဟိုကလည်း အရင်တုန်းကရန်ငြိုးနဲ့ သိပ်မကြည်။အဲ့တုန်းကလည်း ဘာမပြောညာမပြောနဲ့ သူကအရင်ဆွဲထိုးတာ။
"ကဲပါရွှေကျီးရယ် သူ့စကားကိုဗွေမယူပါနဲ့ကွာ ရွာနီးချင်းတွေပဲဟာ ပြီးတော့ဒီကိစ္စကမင်းပဲကူညီနိုင်မှာမလို့ပါ"
"ငါသူ့ကိုမကျေနပ်သေးဘူး"
"ငါကလည်းမေးချင်နေတာ အဲ့ဒီတုန်းကမင်းငါ့ကိုအရင်ထိုးတာ ငါကဘာလုပ်ထားလို့တုန်း"
"မင်းလုပ်ထားတာမင်းသိလေ"
"ငါမသိလို့မေးနေတာလေ"
"မင်း "
ရွှေကျီးကပြောမထွက်သလို စကားကိုခဏရပ်သည်။
"မင်းလှိုင်ဦးရှေ့ ပုဆိုးလှန်ပြီးအပေါ့သွားတယ်လေ"
"ဘာ"
ငဘုန်း ရုတ်တရတ်ကြောင်တောင်တောင်ဖြစ်သွားလေသည်။
"ငါပြောနေတာ အခုငါယူထားတဲ့ငါ့ယောကျ်ားရှေ့ မင်းပုဆိုးလှန်တယ်လို့ "
"ဟုတ်လို့လား"
"မင်း မူးရူးနေပြီးတော့ အခုမှမသိသလိုလာလုပ်မနေနဲ့"
"ဟ သေးပေါက်တာ ပုဆိုးမလှန်လို့ ဘယ်လိုပေါက်ရမှာလဲ"
"မင်းနေ့ခင်းကြောင်တောင် လမ်းလယ်ခေါင်ကြီးလှန်တာလည်း ထည့်ပြောအုံးလေ"
"တမင်လှန်ပြတာမှမဟုတ်တာ မူးနေတာလေ ငါ့ဘာသာငါတောင်မသိဘူး အခုမင်းပြောမှသိတာ"
"တော်ကြပါတော့ကွာ ဖြစ်ပြီးသားကိစ္စတွေကို အစပြန်ဖော်မနေကြနဲ့တော့ ရွှေကျီးရာ မင်းကလည်းစိတ်လျှော့ပါနော် ငဘုန်းတမင်လုပ်တာမှမဟုတ်တာ မင်းလည်းသိပါတယ် သူကမရိုင်းတတ်ပါဘူးကွာ ဆိုးတယ်မိုက်တယ်ဆိုတာကလည်း တစ်ဖက်ကစလို့တစ်ဖက်ကပါသွားရင်း လက်လွန်သွားတာမျိုးပါကွာ"
ငထွေးစကားကို ရွှေကျီးကနှာတစ်ချက်မှုတ်ပေမယ့် ပြန်တော့မပြော
"ပြီးတော့ ခုကိစ္စကမင်းကူညီမှရမှာ အချစ်ရေးဆိုတာ ကူညီကောင်းပါတယ်ကွာ"
ရွှေကျီးက မယုံသလိုလှည့်ကြည့်လာလေသည်။
"အချစ်ရေး"
"ဟုတ်တယ်အချစ်ရေး ငဘုန်းရည်းစားမထားဖူးတာ မင်းသိပါတယ်ကွာ အဲ့တာအခု အချစ်ရေးအတွက် မင်းဆီကအကူအညီတောင်းမလို့"
"အဲ့တာကို ကျုပ်ကဘာလုပ်ပေးရမှာတုန်း ကျုပ်အသိထဲကမို့လို့ ပြောပေးရအောင်လည်း မိန်းမတွေနဲ့မရင်းနှီးဘူး"
"အေးအဲ့တာက အဓိကပဲ"
ငထွေးကပြောရင်း ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်သည်။ပြီးတော့ ရွှေကျီးကို ရှေ့တိုးခဲ့ဖို့ အချက်ပြသည်။
"သူကြိုက်နေတာ ယောကျ်ားလေးကွ"
"ဘာကြီး"
"တိုးတိုးလုပ်ပါကွ"
"တကယ်ကြီးလား"
"အေးပါဆိုကွာ"
ရွှေကျီးကဋီကာ့မျက်နှာအား လှမ်းကြည့်တော့ ဟိုကတောင်ကြည့်မြောက်ကြည့်။ပြီးမှ
"ဟုတ်တယ် ငါကြိုက်နေတာယောကျ်ားလေး"
"ဘယ်သူတုန်း"
"မင်းက ဘာလုပ်မလို့တုန်း"
အမေးကို အမေးနှင့်တုန့်ပြန်သံအဆုံး ရွှေကျီးကတခုခုကိုသတိရသွားသလို
"ငါသိပြီ မင်းအိမ်ရောက်နေတဲ့ မြို့သား ကျောင်းဆရာ ချောချောလေးမလား"
"ငါ့အိမ်ကလူအကြောင်း မင်းကဘယ်လိုသိတာတုန်း"
"ဟေ့ကောင် မင်းအိမ်ဧည့်သည်ရောက်နေတာ တစ်ရွာလုံးသိတယ် သာမန်ဧည့်သည်မှမဟုတ်တာ"
ရွှေကျီးပြန်ဖြေသံက မထူးဆန်းသည့်ဟန်။
"ရောက်တာ လေးရက်ပဲရှိသေးတာကို"
ဟုတ်သည် လေးရက်လေးပဲရှိသေးတာ။ဒီအတောအတွင်း သူ့မှာနည်းမျိုးစုံသုံးကာ လိုက်ကပ်နေသောကြောင့် ရွာထဲသို့ပင်မရောက်ဖြစ်သေး။ရွာချောင်းသို့လည်းလိုက်ပို့သည်၊ဘုရားသို့လည်းလိုက်ပို့သည် ဘယ်သူမှမြင်စေချင်လို့ လူသူမရှိတဲ့နေရာအကုန်လိုက်ပို့ပြီးပြီ။ထို့ကြောင့် အမေကစိတ်ဆိုးကာ အခုမနက်ခင်း ခေါ်ထုတ်သွားခြင်းပင်။
"အဲ့တော့ တကယ်ကြီး သူ့ကိုကြိုက်နေတာလား"
"ဟုတ်တယ်"
စကားအဆုံး တန်းပြန်ဖြေလာတာကြောင့် ရွှေကျီး ခဏတော့တိတ်ဆိတ်သွားသည်။တစ်သက်လုံး ထန်းရည်နှင့်သာလက်ထပ်တော့မလို မိန်းမတွေအားလှည့်ပင်မကြည့်ဖူးသော သူကြီးသားသည် ယခုကဲ့သို့ယောကျ်ားတစ်ယောက်အား အတည်တကျဖြစ်ပြနေသောအခါ သူလည်းလေးနက်သွားသည်။
"ငါကတော့ သေချာစဥ်းစားစေချင်တယ်
မင်းစိတ်ကစားတာဖြစ်နေရင် တစ်ဖက်လူအတွက် အနှောင့်ယှက်ဖြစ်တယ်"
"စိတ်ကစားတာမဟုတ်ဘူး သေချာတယ် "
"မင်း မသေချာပါဘူး သူ့ရဲ့ချောမောမှုမှာ အထူးအဆန်း ဖြစ်သွားရုံပဲလို့ ငါထင်တယ်"
"မျက်နှာမမြင်ခင်ကတည်းက သဘောကျတာကွာ ယုံတာမယုံတာမင်းအပိုင်း"
စိတ်မရှည်ဟန်စွက်နေသောအသံက အလေးအနက်။
"ငါယုံပါတယ် ရွာမှာအချောအလှတွေ ဒီလောက်ပေါနေတာတောင်လှည့်မကြည့်ပဲနဲ့၊ ရောက်လာတာ ရက်ပိုင်းပဲရှိသေးတဲ့ ယောကျ်ားတစ်ယောက်အတွက် မင်းနဲ့ရန်စရှိဖူးတဲ့ ငါ့ဆီ တကူးတကရောက်လာကတည်းက မင်းတော်တော်ဖြစ်နေလို့ပေါ့"
"အဲ့တော့ကူညီမှာမလား"
လေသံကိုက
"ငါကဘာကိုကူညီရမှာတုန်း"
"ငါသူ့ကိုလိုက်ဖို့နည်းလမ်းပေးလေ မင်းယောကျ်ားတောင်ရအောင်ယူထားတာပဲ အရမ်းကျွမ်းကျင်နေလို့မဟုတ်လား"
"အံဩပါ့ကွာ ယောကျာ်းလိုက်ဖို့နည်းလမ်းရှိတယ်လို့မင်းကိုဘယ်သူပြောလိုက်တာတုံး"
"ဟိုလိုဟိုလိုတောင် နည်းလမ်းရှိတာပဲ"
"ဟိုလိုဟိုလိုက ဘာတုန်း"
"ကျွတ် မင်းဟိုလိုဟိုလို စာအုပ်တွေဖတ်တယ်ဆိုတာငါသိတယ်နော် လာလိမ်ချင်မနေနဲ့"
"ဘာ ဟိုလို.... ဟာဟိတ်ကောင်"
သူနားမလည်၍ ပြန်မေးမည်အပြု ရုတ်တရတ်သတိရလိုက်မိတာ တစ်ခုကြောင့် မျက်လုံးပါပြူးတယ်။
"မင်းဘယ်ကကြားလာတာတုန်း"
"စိတ်မပူပါနဲ့ လောလောဆယ်ရွာထဲကဘယ်သူမှမသိသေးပါဘူး မင်းနည်းလမ်းမပြောရင်တာ့ ငါလော်နဲ့အော်ပစ်မှာ အဟွန့်"
"မင်း...မင်း"
သူဘာပြန်ပြောရမှန်းမသိတော့ပေ။ထို့နောက် အသက်ပြင်းပြင်းရှူလိုက်ကာ စိတ်အေးအေးထားလိုက်ပြီး
"ငါပြောပြမယ် လူတစ်ယောက်ကိုလိုက်ဖို့ဆိုတာ အထူးနည်းလမ်းတွေမလိုဘူး မရှိဘူးမဟုတ်ဘူးရှိတယ်ကွာ ဥပမာကွာ မိန်းကလေးတွေကိုဆိုရင် သူတို့ကြိုက်တဲ့ပန်းလေးပေးမယ် သူတို့အိမ်ရှေ့လျှောက်ပြန်သံပေးလုပ်မယ် အိမ်ရှေ့မှာသီချင်းသွားဆိုမယ် မထိတထိလိုက်စမယ်
လက်ကလေးကိုင်မယ် သူတို့ကိုဂရုစိုက်ပေးမယ်အဲ့လိုတွေရှိတယ်"
သူစကားကိုခဏရပ်လိုက်တော့ သူကြီးသားက အလေးအနက်နားထောင်နေဟန်ဖြင့် ဘာမှပြန်မပြောလာ။ထို့နောက်သူ့စကားကိုပြန်ဆက်သည်
"ယောကျ်ားလေးတွေကျတော့မတူဘူးကွ
ဘာလို့တုန်းဆိုတော့ ငယ်ငယ်ကတည်းက ပုခုံးဖက်ပေါင်းလာတာ လက်ကိုင်တာ ပုခုံးဖက်တာကသာမန်ပဲ ပြီးတော့နုနုရွရွတွေလည်းမကြိုက်ဘူး သီချင်းသွားဆိုတာတွေဘာတွေကျတော့လည်း ပတ်ဝန်းကျင်မှာသူ့သိက္ခာကရှိသေးတယ် ပတ်ဝန်းကျင်ဆိုတာကသိတဲ့အတိုင်းပဲလေ ကိုယ်ကဂရုမစိုက်ပေမယ့် သူ့ဘက်ကိုလည်းတွေးပေးရသေးတာကိုး"
စကားဆုံးတော့ သူကြီးသားကသက်ပျင်းချသည်။
"မင်း တုန်းကကျတော့ရော"
"အဲ့တာကိုပြောချင်တာ လူတစ်ယောက်ကိုလိုက်ချင်ရင် ချစ်ပြလိုက်လေ အပိုတွေလုပ်နေစရာမလိုဘူး ရင်ထဲကလာတဲ့အတိုင်းပဲ ဆက်ဆံလိုက် လူတစ်ယောက်ကိုချစ်မိရင် အလိုလိုရင်ဖြစ်လာတဲ့ ဂရုစိုက်မှုတွေ အချစ် တွေကို ဖုံးဖိထားလို့မရတော့ဘူး မေတ္တာစစ်တွေဆိုတာရောင်ပြန်ဟပ်တာများပါတယ် ချွင်းချက်တွေရှိပေမယ့်လည်းပေါ့ကွာ ငါ့တုန်းကလည်းအဲ့လိုပဲ သူ့ကိုချစ်မိတော့ဂရုစိုက်ချင်တယ် အဲ့တော့ဂရုစိုက်ပေးလိုက်တယ် လုပ်ယူထားတာမရှိဘူး မင်းပြောသလိုနည်းလမ်းတွေတကယ်ကိုမရှိတာ"
"ဟိုစာအုပ်တွေကျတော့ရော"
"ကျွတ် အဲ့တာတွေကလိုတယ်လေကွာ ပုထုဇဥ်တွေပဲ ဘယ်လိုလုပ်တဏှာနဲ့ကင်းနိုင်မှာလဲ ပြီးတော့ ကိုယ်ချစ်တဲ့သူနဲ့အတူနေတာလေကွာ မင်းပြောသလို ဟိုလိုဟိုလိုမလုပ်ချင်တာကမှ ထူးဆန်းနေမှာမလား ဒါပေမယ့် ငါတို့တွေကသဘာဝမဟုတ်ဘူးလေ ပုံမှန်လင်မယားတွေလိုမှမဟုတ်တာ ရေရှည်ကျန်းမာရေးကိုလည်း ကြည့်ရသေးတယ်
အဲ့တော့ နည်းမှန်လမ်းမှန်မှအဆင်ပြေမှာပေါ့ "
"စာအုပ်တွေကဘယ်ကရတာတုန်း"
"မြို့တက်တုန်းကရှာဝယ်လာတာ ဒါနဲ့နေစမ်းပါအုံး အဲ့စာအုပ်အကြောင်းဘယ်ကသိလာတာတုန်း ငါသေသေချာချာကို သိမ်းထားတာပါ"
"အဟမ်း အဲ့တာကတော့မင်းသေချာဂရုမစိုက်လို့ပေါ့ တွေ့သမျှလူအိမ်ထဲအဝင်မခံနဲ့လေ ဒီနေ့အတွက်ကျေးဇူးပဲ သွားပြီဟျောင့်"
ပြောရင်းကေ့ာပတ်ကော့ပတ်နဲ့ ရှေ့ကထွက်သွားသူကြောင့် ငထွေးမှာရွှေကျီးကိုသေချာနှုတ်ဆက်လိုက်ရသည်။မသိရင်သူ့အတွက်လာတာကြနေတာပဲ။လိုချင်တာရတော့ မျက်နှာထားက ကောင်းကင်အားရန်စနေသလို ခပ်မော့မော့။
...................
ဒီနေ့တစ်နေကုန် ကြီးကြီးနှင့်ရွာထဲလိုက်နေရသဖြင့် ပျင်းနေလေပြီ။ရောက်သမျှအိမ်တိုင်း ကြီးကြီးကသာဒိုင်ခံစကားပြောပြီး သူကတော့မေးတစ်ခွန်းဖြေတစ်ခွန်း။ခါတိုင်း သူကြီးသားနှင့် ဟိုသွားဒီသွားလျှောက်သွားနေရသဖြင့် ပျင်းစရာမကောင်း။ရွာပတ်ဝန်းကျင်နေရာအနှံ့ စိတ်ရှည်လက်ရှည်လိုက်ပြပေးသော သူကြီးသားအားလည်း နည်းနည်းမှမကြောက်တော့။လူမှုရေးညံ့သောသူ့အတွက် သူကြီးသားနှင့်သူငယ်ချင်းများက အထူးတလှယ် စိတ်ပေါ့ပါးစေသည်။
ဒီနေ့မနက်ကတည်းက ကြီးကြီး၏ဆွဲခေါ်မှုကြောင့် သူကြီးသားနှင့်မတွေ့ရသေး။ရွာထဲမှပြန်လာချိန်တွင်လည်း အိမ်တွင်ရှိမနေ။ကြီးကြီးပြောသလို ထန်းတောများသွားသလားမသိ။သူရောက်ကတည်းက ထန်းတောဘက်ခြေဦးမလှည့်သောကြောင့် လူဆိုးအကြောင်း သူမေ့နေခြင်း။မိမိအဖေဖြစ်သူက အရက်သေစာမသောက်သောကြောင့် ထိုအနံ့များရရုံနှင့်မူးပါသည်။ထို့ကြောင့်သူမကြိုက်။သူကြီးသားအားလည်း မသောက်စေချင်။
သို့သော် ဟိုးအရင်ကတည်းကသောက်လာသော သူကြီးသားအား ပြောလို့ရမှာမဟုတ်။သူ့မိဘတွေတောင်ပြောလို့မရတာ သူကခုမှသိတဲ့လူ ဘယ်လိုလုပ်ပြီးနားထောင်မှာတဲ့လဲ။သူတို့ကသူစိမ်းတွေပဲဟာ။
ညနေစောင်းအထိ ပြန်မရောက်သေးသူကြောင့် စိတ်ကဆိုးချင်နေသည်။ဟိုကအလိုလိုက်ထားလို့ သူကရောင့်တက်မိတာဖြစ်မည်။ရေချိုးရန်အတွက် အဝတ်တွေနှင့်ဆပ်ပြာခြင်းအားဆွဲကာ အိမ်ပေါ်မှဆင်းလာတော့ ခြံဝမှဝင်လာသောသူကိုတွေ့၏။မကျေနပ်စိတ်ကလေး အထဲပြန်ဝင်သွားတာက မူးလာသည့်ပုံမပေါ်သော မျက်နှာလေးကြောင့်။
"မင်း ဘယ်တွေသွားနေတာတုန်း"
အိမ်ပေါက်ဝမှဆီးကာမေးလာပုံက အပြင်သွားတဲ့ယောကျ်ားအား ပြန်လာတာနောက်ကျလို့ စိတ်ဆိုးနေသော အိမ်ရှင်ထီးလေးလို။အတွေးကြောင့် မျက်နှာကြီးဖြီးမိသွားတာ နွားပွဲစားပမာ။
"ကျုပ် တောင်ဘက်ရွာခဏသွားတာပါဥဥရဲ့ အပြန်ယာခင်းတွေဘက်ဝင်နေလို့မိုးချုပ်သွားတာ ဥဥရေချိုးတော့မလို့မို့လား လာကျုပ်ရေဆွဲပေးမယ် "
ပြောရင်း အိမ်နောက်ဖေးအုတ်ကန်ဆီသို့ ခြေဦးလှည့်မိတာ မြောက်ကြွမြောက်ကြွ။ ထို့နောက်အုတ်ကန်ထဲမှရေအား ရေချိုးမည့် စဥ့်အိုးထဲသို့ ဆွဲထည့်ပေးလိုက်သည်။၎င်းမှာ သူ၏နေ့စဥ်တာဝန်။သူ့လူ၏လက်ဖဝါးလေးများ ချွေးစို့မည်တောင်သူမလိုလားပါ။သူရေဆွဲနေတုန်း ခြင်းကလေးချကာရပ်ကြည့်နေသူအားလည်း လှည့်ပြီးဖြီးပြနေမိသေးသည်။
"ကိုင်း ချိုးလို့ရပြီဗျာ မလောက်ရင်ထပ်ဆွဲထည့်ပေးမယ် အေးနေအောင်ချိုးနော် နွေရာသီကအိုက်စပ်စပ်နဲ့ ညခင်းအိပ်လို့ကောင်းမှာမဟုတ်ဘူး"
"မင်းဒီနေ့အရမ်းပျော်နေသလိုပဲ ဘာတွေလုပ်လာတာလဲ ထန်းတောတော့မရောက်ခဲ့ဘူးမလား"
ရေမချိုးသေးပဲ မျက်နှာအားသေချာမော့ကြည့်ရင်း မျက်မှောင်ကျုံ့ကာမေးလာသူကြောင့် သဘောတကျပြုံးရသေးသည်။ကျုံ့နေသောမျက်ခုံးကွေးလေးအား အသာလှမ်းထိရင်း ဖြေရှင်းချက်လည်းပေးရသေးသည်။
"မျက်မှောင်မကျုံ့ပါနဲ့ဗျာ ကျုပ်တကယ်ကို ထန်းတောထဲမသွားခဲ့တာပါ။ပျော်နေတာကတော့ဥဥကိုတွေ့လို့ဖြစ်မှာပေါ့"
"ဘာမှလည်းမဆိုင်ဘူး"
ထိုတော့မှမျက်စောင်းတစ်ချက်ထိုးကာ ရေချိုးဖို့ အင်္ကျီအားချွတ်တော့သည်။သူမသိမသာတံတွေးမြိုချကာ အကြည့်လွှဲရ၏။
ရွှေကျီးကိုပြောခဲ့သမျှ ဝဋ်ကချက်ချင်းလည်တာပဲ။ဘယ်သူကများ ချစ်တဲ့သူကိုအလှကြည့်နေနိုင်မှာလဲ။ပန်းသေနေမှပဲရမယ်။
"ငါဒီနေ့ထန်းသီးစားလာတယ် စားလို့တအားကောင်းတာပဲ"
"ဥဥက ထန်းသီးကြိုက်လို့လား"
"အွန်း ငါတစ်ခါမှမစားဖူးဘူး ဒီနေ့စားကြည့်တာကြိုက်တယ်။မနက်ဖြန် ငါ့ကိုထန်းသီးသွားတောင်းပေးပါလား"
"မနက်ဖြန်ထန်းတောသွားကြမလား"
"တွားချင်ပါဝူး အဝူးတွားတွေရှိရယ်"
သွားတိုက်နေရင်းပြောလာသံက မပီမသ။တစ်မျိုးလေး အသည်းယားပြန်ရော။
"ပေါက်ပေါက်ရှာရှာဗျာ အမူးသမားတွေရှိတဲ့နေရာခေါ်သွားစရာလား ငထွေးတို့ထန်းတောထဲသွားမှာ အဲ့ဒီကထန်းသီးတွေကနုနုလေးတွေရှိသေးတယ် အရည်ရွှမ်းနေတာပဲ သွားမယ်မဟုတ်လား"
"တွားရယ် တွားရယ်"
အသဲယားလာတာကြောင့် တစ်ဖက်လှည့်ကာရီမိသည်။ကျောင်းမှာ တပည့်တွေကို ဘယ်လိုများထိန်းခဲ့တယ်မသိ။ကိုယ်တိုင်က ကလေးလေးနဲ့တူနေတဲ့ဟာကို။အတွေးနဲ့ပြုံးနေမိတာလည်း သုခတစ်မျိုးပါဘဲ။
"နီနီရေချိုးလို့မဝသေးဘူး"
အသံကြားမှ နောက်ပြန်လှည့်ကြည့်မိသည်။ရေခွက်လေးကိုင်ပြီး လှမ်းကြည့်နေပုံက ဘာမဆိုလိုက်လျောချင်စရာလေး။အဲ့တော့ ရေပုံးဆွဲပြီး သူ့လူရေမဝမချင်း ပြုံးပြုံးကြီးရေဆွဲပေးရတော့တာပေါ့။သိပ်ကုသိုလ်ကံကောင်းတဲ့ မြို့သားလေး။သူကြီးသားတောင် ခိုင်းစားနိုင်တဲ့ထိ...........
##################
"ဘာလာလုပ္တာတုန္း"
"လာမွေတာ့ ကိစၥရွိလို႔ေပါ့"
"ငါမအားဘူး"
"မင္း မညစ္ပတ္နဲ႕"
"ေနစမ္းပါအုံး ငဘုန္းရာ မင္းမလဲ အကူညီေတာင္းဖို႔ လာလို႔သာပဲ"
"မကူညီနိုင္ဘူး"
"ေ႐ႊက်ီး"
"မင္းဘယ္လိုျဖစ္ေနတာတုန္းငဘုန္း"
သူႀကီးသားႏွင့္ေ႐ႊက်ီးၾကား ငေထြးေခါင္းကိုက္ေနရၿပီ။သူကိုကလွ်ာရွည္ၿပီး လိုက္လာမိတာ။ဒီေန႕ ႀကီးျမက ကိုသဝဏ္ကိုေခၚထုတ္သြားသည္။ငေပြးက အေဖႏွင့္ယာထဲလိုက္သြားၿပီး စာကေလးကသံေခ်ာင္းတို႔ႏွင့္ ေခ်ာင္းထဲလိုက္သြားသည္။
ဤသို႔ျဖင့္ အလုပ္မရွိေသာ သူႀကီးသားကသူ႕အားဆြဲေခၚလာကာ ေတာင္႐ြာသို႔ထြက္လာျခင္း။ေတြ႕ခ်င္သူကိုေတြ႕ေတာ့လည္း စကားအေျပာကမတတ္။ဟိုကလည္း အရင္တုန္းကရန္ၿငိဳးနဲ႕ သိပ္မၾကည္။အဲ့တုန္းကလည္း ဘာမေျပာညာမေျပာနဲ႕ သူကအရင္ဆြဲထိုးတာ။
"ကဲပါေ႐ႊက်ီးရယ္ သူ႕စကားကိုေဗြမယူပါနဲ႕ကြာ ႐ြာနီးခ်င္းေတြပဲဟာ ၿပီးေတာ့ဒီကိစၥကမင္းပဲကူညီနိုင္မွာမလို႔ပါ"
"ငါသူ႕ကိုမေက်နပ္ေသးဘူး"
"ငါကလည္းေမးခ်င္ေနတာ အဲ့ဒီတုန္းကမင္းငါ့ကိုအရင္ထိုးတာ ငါကဘာလုပ္ထားလို႔တုန္း"
"မင္းလုပ္ထားတာမင္းသိေလ"
"ငါမသိလို႔ေမးေနတာေလ"
"မင္း "
ေ႐ႊက်ီးကေျပာမထြက္သလို စကားကိုခဏရပ္သည္။
"မင္း လွိုင္ဦးေရွ႕ ပုဆိုးလွန္ၿပီးအေပါ့သြားတယ္ေလ"
"ဘာ"
ငဘုန္း ႐ုတ္တရတ္ေၾကာင္ေတာင္ေတာင္ျဖစ္သြားေလသည္။
"ငါေျပာေနတာ အခုငါယူထားတဲ့ငါ့ေယာက်္ားေရွ႕ မင္းပုဆိုးလွန္တယ္လို႔ "
"ဟုတ္လို႔လား"
"မင္း မူး႐ူးေနၿပီးေတာ့ အခုမွ မသိသလိုလာလုပ္မေနနဲ႕"
"ဟ ေသးေပါက္တာ ပုဆိုးမလွန္လို႔ ဘယ္လိုေပါက္ရမွာလဲ"
"မင္းေန႕ခင္းေၾကာင္ေတာင္ လမ္းလယ္ေခါင္ႀကီးလွန္တာလည္း ထည့္ေျပာအုံးေလ"
"တမင္လွန္ျပတာမွ မဟုတ္တာ မူးေနတာေလ ငါ့ဘာသာငါေတာင္မသိဘူး အခုမင္းေျပာမွသိတာ"
"ေတာ္ၾကပါေတာ့ကြာ ျဖစ္ၿပီးသားကိစၥေတြကို အစျပန္ေဖာ္မေနၾကနဲ႕ေတာ့ ေ႐ႊက်ီးရာ မင္းကလည္း စိတ္ေလွ်ာ့ပါေနာ္ ငဘုန္းတမင္လုပ္တာမွ မဟုတ္တာ မင္းလည္းသိပါတယ္ သူကမရိုင္းတတ္ပါဘူးကြာ ဆိုးတယ္မိုက္တယ္ဆိုတာကလည္း တစ္ဖက္ကစလို႔တစ္ဖက္ကပါသြားရင္း လက္လြန္သြားတာမ်ိဳးပါကြာ"
ငေထြးစကားကို ေ႐ႊက်ီးကႏွာတစ္ခ်က္မႈတ္ေပမယ့္ ျပန္ေတာ့မေျပာ
"ၿပီးေတာ့ ခုကိစၥကမင္းကူညီမွရမွာ အခ်စ္ေရးဆိုတာ ကူညီေကာင္းပါတယ္ကြာ"
ေ႐ႊက်ီးက မယုံသလိုလွည့္ၾကည့္လာေလသည္။
"အခ်စ္ေရး"
"ဟုတ္တယ္အခ်စ္ေရး ငဘုန္းရည္းစားမထားဖူးတာ မင္းသိပါတယ္ကြာ အဲ့တာအခု အခ်စ္ေရးအတြက္ မင္းဆီကအကူအညီေတာင္းမလို႔"
"အဲ့တာကို က်ဳပ္ကဘာလုပ္ေပးရမွာတုန္း က်ဳပ္အသိထဲကမို႔လို႔ ေျပာေပးရေအာင္လည္း မိန္းမေတြနဲ႕ မရင္းႏွီးဘူး"
"ေအးအဲ့တာက အဓိကပဲ"
ငေထြးကေျပာရင္း ပတ္ဝန္းက်င္ကို တစ္ခ်က္ၾကည့္သည္။ၿပီးေတာ့ ေ႐ႊက်ီးကို ေရွ႕တိုးခဲ့ဖို႔ အခ်က္ျပသည္။
"သူႀကိဳက္ေနတာ ေယာက်္ားေလးကြ"
"ဘာႀကီး"
"တိုးတိုးလုပ္ပါကြ"
"တကယ္ႀကီးလား"
"ေအးပါဆိုကြာ"
ေ႐ႊက်ီးကဋီကာ့မ်က္ႏွာအား လွမ္းၾကည့္ေတာ့ ဟိုကေတာင္ၾကည့္ေျမာက္ၾကည့္။ၿပီးမွ
"ဟုတ္တယ္ ငါႀကိဳက္ေနတာ ေယာက်္ားေလး"
"ဘယ္သူတုန္း"
"မင္းက ဘာလုပ္မလို႔တုန္း"
အေမးကို အေမးႏွင့္တုန့္ျပန္သံအဆုံး ေ႐ႊက်ီးကတခုခုကို သတိရသြားသလို
"ငါသိၿပီ မင္းအိမ္ေရာက္ေနတဲ့ ၿမိဳ႕သား ေက်ာင္းဆရာ ေခ်ာေခ်ာေလးမလား"
"ငါ့အိမ္ကလူအေၾကာင္း မင္းကဘယ္လို သိတာတုန္း"
"ေဟ့ေကာင္ မင္းအိမ္ဧည့္သည္ေရာက္ေနတာ တစ္႐ြာလုံးသိတယ္ သာမန္ဧည့္သည္မွမဟုတ္တာ"
ေ႐ႊက်ီးျပန္ေျဖသံက က မထူးဆန္းသည့္ဟန္။
"ေရာက္တာ ေလးရက္ပဲရွိေသးတာကို"
ဟုတ္သည္ ေလးရက္ေလးပဲရွိေသးတာ။ဒီအေတာအတြင္း သူ႕မွာ နည္းမ်ိဳးစုံသုံးကာ လိုက္ကပ္ေနေသာေၾကာင့္ ႐ြာထဲသို႔ပင္မေရာက္ျဖစ္ေသး။႐ြာေခ်ာင္းသို႔လည္းလိုက္ပို႔သည္၊ဘုရားသို႔လည္းလိုက္ပို႔သည္ ဘယ္သူမွျမင္ေစခ်င္လို႔ လူသူမရွိတဲ့ေနရာအကုန္လိုက္ပို႔ၿပီးၿပီ။ထို႔ေၾကာင့္ အေမကစိတ္ဆိုးကာ အခုမနက္ခင္း ေခၚထုတ္သြားျခင္းပင္။
"အဲ့ေတာ့ တကယ္ႀကီး သူ႕ကိုႀကိဳက္ေနတာလား"
"ဟုတ္တယ္"
စကားအဆုံး တန္းျပန္ေျဖလာတာေၾကာင့္ ေ႐ႊက်ီး ခဏေတာ့တိတ္ဆိတ္သြားသည္။တစ္သက္လုံး ထန္းရည္ႏွင့္သာ လက္ထပ္ေတာ့မလို မိန္းမေတြအားလွည့္ပင္မၾကည့္ဖူးေသာ သူႀကီးသားသည္ ယခုကဲ့သို႔ ေယာက်္ားတစ္ေယာက္အား အတည္တက်ျဖစ္ျပေနေသာအခါ သူလည္းေလးနက္သြားသည္။
"ငါကေတာ့ ေသခ်ာစဥ္းစားေစခ်င္တယ္
မင္းစိတ္ကစားတာျဖစ္ေနရင္ တစ္ဖက္လူအတြက္ အႏွောင့္ယွက္ျဖစ္တယ္"
"စိတ္ကစားတာမဟုတ္ဘူး ေသခ်ာတယ္ "
"မင္း မေသခ်ာပါဘူး သူ႕ရဲ႕ ေခ်ာေမာမႈမွာ အထူးအဆန္း ျဖစ္သြား႐ုံပဲလို႔ ငါထင္တယ္"
"မ်က္ႏွာမျမင္ခင္ကတည္းက သေဘာက်တာကြာ ယုံတာမယုံတာမင္းအပိုင္း"
စိတ္မရွည္ဟန္စြက္ေနေသာအသံက အေလးအနက္။
"ငါယုံပါတယ္ ႐ြာမွာအေခ်ာအလွေတြ ဒီေလာက္ေပါေနတာေတာင္လွည့္မၾကည့္ပဲနဲ႕၊ ေရာက္လာတာ ရက္ပိုင္းပဲရွိေသးတဲ့ ေယာက်္ားတစ္ေယာက္အတြက္ မင္းနဲ႕ရန္စရွိဖူးတဲ့ ငါ့ဆီ တကူးတကေရာက္လာကတည္းက မင္းေတာ္ေတာ္ျဖစ္ေနလို႔ေပါ့"
"အဲ့ေတာ့ကူညီမွာမလား"
ေလ သံကိုက
"ငါကဘာကိုကူညီရမွာတုန္း"
"ငါသူ႕ကိုလိုက္ဖို႔နည္းလမ္းေပးေလ မင္းေယာက်္ားေတာင္ရေအာင္ယူထားတာပဲ အရမ္းကြၽမ္းက်င္ေနလို႔မဟုတ္လား"
"အံဩပါ့ကြာ ေယာက်ာ္းလိုက္ဖို႔နည္းလမ္းရွိတယ္လို႔မင္းကိုဘယ္သူေျပာလိုက္တာတုံး"
"ဟိုလိုဟိုလိုေတာင္ နည္းလမ္းရွိတာပဲ"
"ဟိုလိုဟိုလိုက ဘာတုန္း"
"ကြၽတ္ မင္းဟိုလိုဟိုလို စာအုပ္ေတြဖတ္တယ္ဆိုတာငါသိတယ္ေနာ္ လာလိမ္ခ်င္မေနနဲ႕"
"ဘာ ဟိုလို.... ဟာဟိတ္ေကာင္"
သူနားမလည္၍ ျပန္ေမးမည္အျပဳ ႐ုတ္တရတ္သတိရလိုက္မိတာ တစ္ခုေၾကာင့္ မ်က္လုံးပါျပဴးတယ္။
"မင္းဘယ္ကၾကားလာတာတုန္း"
"စိတ္မပူပါနဲ႕ ေလာေလာဆယ္ ႐ြာထဲကဘယ္သူမွမသိေသးပါဘူး မင္းနည္းလမ္းမေျပာရင္တာ့ ငါေလာ္နဲ႕ေအာ္ပစ္မွာ အဟြန့္"
"မင္း...မင္း"
သူဘာျပန္ေျပာရမွန္းမသိေတာ့ေပ။ထို႔ေနာက္ အသက္ျပင္းျပင္းရႉလိုက္ကာ စိတ္ေအးေအးထားလိုက္ၿပီး
"ငါေျပာျပမယ္ လူတစ္ေယာက္ကို လိုက္ဖို႔ဆိုတာ အထူးနည္းလမ္းေတြမလိုဘူး မရွိဘူးမဟုတ္ဘူးရွိတယ္ကြာ ဥပမာကြာ မိန္းကေလးေတြကိုဆိုရင္ သူတို႔ႀကိဳက္တဲ့ပန္းေလးေပးမယ္ သူတို႔အိမ္ေရွ႕ေလွ်ာက္ျပန္သံေပးလုပ္မယ္ အိမ္ေရွ႕မွာသီခ်င္းသြားဆိုမယ္ မထိတထိလိုက္စမယ္
လက္ကေလးကိုင္မယ္ သူတို႔ကိုဂ႐ုစိုက္ေပးမယ္အဲ့လိုေတြရွိတယ္"
သူစကားကိုခဏရပ္လိုက္ေတာ့ သူႀကီးသားက အေလးအနက္နားေထာင္ေနဟန္ျဖင့္ ဘာမွျပန္မေျပာလာ။ထို႔ေနာက္သူ႕စကားကိုျပန္ဆက္သည္
"ေယာက်္ားေလးေတြက်ေတာ့မတူဘူးကြ
ဘာလို႔တုန္းဆိုေတာ့ ငယ္ငယ္ကတည္းက ပုခုံးဖက္ေပါင္းလာတာ လက္ကိုင္တာ ပုခုံးဖက္တာကသာမန္ပဲ ၿပီးေတာ့ႏုႏု႐ြ႐ြေတြလည္းမႀကိဳက္ဘူး သီခ်င္းသြားဆိုတာေတြဘာေတြက်ေတာ့လည္း ပတ္ဝန္းက်င္မွာသူ႕သိကၡာကရွိေသးတယ္ ပတ္ဝန္းက်င္ဆိုတာကသိတဲ့အတိုင္းပဲေလ ကိုယ္ကဂ႐ုမစိုက္ေပမယ့္ သူ႕ဘက္ကိုလည္းေတြးေပးရေသးတာကိုး"
စကားဆုံးေတာ့ သူႀကီးသားကသက္ပ်င္းခ်သည္။
"မင္း တုန္းကက်ေတာ့ေရာ"
"အဲ့တာကိုေျပာခ်င္တာ လူတစ္ေယာက္ကိုလိုက္ခ်င္ရင္ ခ်စ္ျပလိုက္ေလ အပိုေတြလုပ္ေနစရာမလိုဘူး ရင္ထဲကလာတဲ့အတိုင္းပဲ ဆက္ဆံလိုက္ လူတစ္ေယာက္ကိုခ်စ္မိရင္ အလိုလိုရင္ျဖစ္လာတဲ့ ဂ႐ုစိုက္မႈေတြ အခ်စ္ ေတြကို ဖုံးဖိထားလို႔မရေတာ့ဘူး ေမတၱာစစ္ေတြဆိုတာေရာင္ျပန္ဟပ္တာမ်ားပါတယ္ ခြၽင္းခ်က္ေတြရွိေပမယ့္လည္းေပါ့ကြာ ငါ့တုန္းကလည္းအဲ့လိုပဲ သူ႕ကိုခ်စ္မိေတာ့ဂ႐ုစိုက္ခ်င္တယ္ အဲ့ေတာ့ဂ႐ုစိုက္ေပးလိုက္တယ္ လုပ္ယူထားတာမရွိဘူး မင္းေျပာသလိုနည္းလမ္းေတြတကယ္ကိုမရွိတာ"
"ဟိုစာအုပ္ေတြက်ေတာ့ေရာ"
"ကြၽတ္ အဲ့တာေတြကလိုတယ္ေလကြာ ပုထုဇဥ္ေတြပဲ ဘယ္လိုလုပ္တဏွာနဲ႕ကင္းနိုင္မွာလဲ ၿပီးေတာ့ ကိုယ္ခ်စ္တဲ့သူနဲ႕အတူေနတာေလကြာ မင္းေျပာသလို ဟိုလိုဟိုလိုမလုပ္ခ်င္တာကမွ ထူးဆန္းေနမွာမလား ဒါေပမယ့္ ငါတို႔ေတြကသဘာဝမဟုတ္ဘူးေလ ပုံမွန္လင္မယားေတြလိုမွမဟုတ္တာ ေရရွည္က်န္းမာေရးကိုလည္း ၾကည့္ရေသးတယ္
အဲ့ေတာ့ နည္းမွန္လမ္းမွန္မွအဆင္ေျပမွာေပါ့ "
"စာအုပ္ေတြကဘယ္ကရတာတုန္း"
"ၿမိဳ႕တက္တုန္းကရွာဝယ္လာတာ ဒါနဲ႕ေနစမ္းပါအုံး အဲ့စာအုပ္အေၾကာင္း ဘယ္ကသိလာတာတုန္း ငါေသေသခ်ာခ်ာကို သိမ္းထားတာပါ"
"အဟမ္း အဲ့တာကေတာ့မင္းေသခ်ာဂ႐ုမစိုက္လို႔ေပါ့ ေတြ႕သမွ်လူ အိမ္ထဲအဝင္မခံနဲ႕ေလ ဒီေန႕အတြက္ေက်းဇူးပဲ သြားၿပီေဟ်ာင့္"
ေျပာရင္းေက့ာပတ္ေကာ့ပတ္နဲ႕ ေရွ႕ကထြက္သြားသူေၾကာင့္ ငေထြးမွာေ႐ႊက်ီးကိုေသခ်ာႏႈတ္ဆက္လိုက္ရသည္။မသိရင္သူ႕အတြက္လာတာၾကေနတာပဲ။လိုခ်င္တာရေတာ့ မ်က္ႏွာထားက ေကာင္းကင္အားရန္စေနသလို ခပ္ေမာ့ေမာ့။
...................
ဒီေန႕တစ္ေနကုန္ ႀကီးႀကီးႏွင့္႐ြာထဲလိုက္ေနရသျဖင့္ ပ်င္းေနေလၿပီ။ေရာက္သမွ်အိမ္တိုင္း ႀကီးႀကီးကသာဒိုင္ခံစကားေျပာၿပီး သူကေတာ့ေမးတစ္ခြန္းေျဖတစ္ခြန္း။ခါတိုင္း သူႀကီးသားႏွင့္ ဟိုသြားဒီသြားေလွ်ာက္သြားေနရသျဖင့္ ပ်င္းစရာမေကာင္း။႐ြာပတ္ဝန္းက်င္ေနရာအႏွံ႕ စိတ္ရွည္လက္ရွည္လိုက္ျပေပးေသာ သူႀကီးသားအားလည္း နည္းနည္းမွမေၾကာက္ေတာ့။လူမႈေရးညံ့ေသာသူ႕အတြက္ သူႀကီးသားႏွင့္သူငယ္ခ်င္းမ်ားက အထူးတလွယ္ စိတ္ေပါ့ပါးေစသည္။
ဒီေန႕မနက္ကတည္းက ႀကီးႀကီး၏ဆြဲေခၚမႈေၾကာင့္ သူႀကီးသားႏွင့္မေတြ႕ရေသး။႐ြာထဲမွျပန္လာခ်ိန္တြင္လည္း အိမ္တြင္ရွိမေန။ႀကီးႀကီးေျပာသလို ထန္းေတာမ်ားသြားသလားမသိ။သူေရာက္ကတည္းက ထန္းေတာဘက္ေျခဦးမလွည့္ေသာေၾကာင့္ လူဆိုးအေၾကာင္း သူေမ့ေနျခင္း။မိမိအေဖျဖစ္သူက အရက္ေသစာမေသာက္ေသာေၾကာင့္ ထိုအနံ႕မ်ားရ႐ုံႏွင့္မူးပါသည္။ထို႔ေၾကာင့္သူမႀကိဳက္။သူႀကီးသားအားလည္း မေသာက္ေစခ်င္။
သို႔ေသာ္ ဟိုးအရင္ကတည္းကေသာက္လာေသာ သူႀကီးသားအား ေျပာလို႔ရမွာမဟုတ္။သူ႕မိဘေတြေတာင္ ေျပာလို႔မရတာ သူကခုမွသိတဲ့လူ ဘယ္လိုလုပ္ၿပီးနားေထာင္မွာတဲ့လဲ။သူတို႔ကသူစိမ္းေတြပဲဟာ။
ညေနေစာင္းအထိ ျပန္မေရာက္ေသးသူေၾကာင့္ စိတ္ကဆိုးခ်င္ေနသည္။ဟိုကအလိုလိုက္ထားလို႔ သူကေရာင့္တက္မိတာျဖစ္မည္။ေရခ်ိဳးရန္အတြက္ အဝတ္ေတြႏွင့္ဆပ္ျပာျခင္းအားဆြဲကာ အိမ္ေပၚမွဆင္းလာေတာ့ ၿခံဝမွဝင္လာေသာသူကိုေတြ႕၏။မေက်နပ္စိတ္ကေလး အထဲျပန္ဝင္သြားတာက မူးလာသည့္ပုံမေပၚေသာ မ်က္ႏွာေလးေၾကာင့္။
"မင္း ဘယ္ေတြသြားေနတာတုန္း"
အိမ္ေပါက္ဝမွဆီးကာေမးလာပုံက အျပင္သြားတဲ့ေယာက်္ားအား ျပန္လာတာေနာက္က်လိဳ႕ စိတ္ဆိုးေနေသာ အိမ္ရွင္ထီးေလးလို။အေတြးေၾကာင့္ မ်က္ႏွာႀကီးၿဖီးမိသြားတာ ႏြားပြဲစားပမာ။
"က်ဳပ္ ေတာင္ဘက္႐ြာခဏသြားတာပါဥဥရဲ႕ အျပန္ ယာခင္းေတြဘက္ဝင္ေနလို႔ မိုးခ်ဳပ္သြားတာ ဥဥေရခ်ိဳးေတာ့မလို႔မို႔လား လာက်ဳပ္ေရဆြဲေပးမယ္ "
ေျပာရင္း အိမ္ေနာက္ေဖးအုတ္ကန္ဆီသို႔ ေျခဦးလွည့္မိတာ ေျမာက္ႂကြေျမာက္ႂကြ ထို႔ေနာက္အုတ္ကန္ထဲမွေရအား ေရခ်ိဳးမည့္ စဥ့္အိုးထဲသို႔ ဆြဲထည့္ေပးလိုက္သည္။၎မွာ သူ၏ေန႕စဥ္တာဝန္။သူ႕လူ၏ လက္ဖဝါးေလးမ်ား ေခြၽးစို႔မည္ေတာင္ သူမလိုလားပါ။သူေရဆြဲေနတုန္း ျခင္းကေလးခ်ကာ ရပ္ၾကည့္ေနသူအားလည္း လွည့္ၿပီးၿဖီးျပေနမိေသးသည္။
"ကိုင္း ခ်ိဳးလို႔ရၿပီဗ်ာ မေလာက္ရင္ထပ္ဆြဲထည့္ေပးမယ္ ေအးေနေအာင္ခ်ိဳးေနာ္ ႏြေရာသီကအိုက္စပ္စပ္နဲ႕ ညခင္းအိပ္လို႔ေကာင္းမွာမဟုတ္ဘူး"
"မင္း ဒီေန႕အရမ္းေပ်ာ္ေနသလိုပဲ ဘာေတြလုပ္လာတာလဲ ထန္းေတာေတာ့မေရာက္ခဲ့ဘူးမလား"
ေရမခ်ိဳးေသးပဲ မ်က္ႏွာအားေသခ်ာေမာ့ၾကည့္ရင္း မ်က္ေမွာင္က်ဳံ႕ကာ ေမးလာသူေၾကာင့္ သေဘာတက်ၿပဳံးရေသးသည္။က်ဳံ႕ေနေသာမ်က္ခုံးေကြးေလးအား အသာလွမ္းထိရင္း ေျဖရွင္းခ်က္လည္းေပးရေသးသည္။
"မ်က္ေမွာင္မက်ဳံ႕ပါနဲ႕ဗ်ာ က်ဳပ္တကယ္ကို ထန္းေတာထဲမသြားခဲ့တာပါ။ေပ်ာ္ေနတာကေတာ့ဥဥကိုေတြ႕လို႔ျဖစ္မွာေပါ့"
"ဘာမွလည္းမဆိုင္ဘူး"
ထိုေတာ့မွ မ်က္ေစာင္းတစ္ခ်က္ထိုးကာ ေရခ်ိဳးဖို႔ အကၤ်ီအားခြၽတ္ေတာ့သည္။သူမသိမသာ တံေတြးၿမိဳခ်ကာ အၾကည့္လႊဲရ၏။
ေ႐ႊက်ီးကိုေျပာခဲ့သမွ် ဝဋ္ကခ်က္ခ်င္းလည္တာပဲ။ဘယ္သူကမ်ား ခ်စ္တဲ့သူကို အလွၾကည့္ေနနိုင္မွာလဲ။ပန္းေသေနမွပဲရမယ္။
"ငါဒီေန႕ ထန္းသီးစားလာတယ္ စားလို႔တအားေကာင္းတာပဲ"
"ဥဥက ထန္းသီးႀကိဳက္လို႔လား"
"အြန္း ငါတစ္ခါမွ မစားဖူးဘူး ဒီေန႕စားၾကည့္တာ ႀကိဳက္တယ္။မနက္ျဖန္ငါ့ကို ထန္းသီးသြားေတာင္းေပးပါလား"
"မနက္ျဖန္ထန္းေတာသြားၾကမလား"
"တြားခ်င္ပါဝူး အဝူးတြားေတြရွိရယ္"
သြားတိုက္ေနရင္းေျပာလာသံက မပီမသ။တစ္မ်ိဳးေလး အသည္းယားျပန္ေရာ။
"ေပါက္ေပါက္ရွာရွာဗ်ာ အမူးသမားေတြရွိတဲ့ေနရာေခၚသြားစရာလား ငေထြးတို႔ထန္းေတာထဲသြားမွာ အဲ့ဒီကထန္းသီးေတြကႏုႏုေလးေတြရွိေသးတယ္ အရည္႐ႊမ္းေနတာပဲ သြားမယ္မဟုတ္လား"
"တြားရယ္ တြားရယ္"
အသဲယားလာတာေၾကာင့္ တစ္ဖက္လွည့္ကာရီမိသည္။ေက်ာင္းမွာ တပည့္ေတြကို ဘယ္လိုမ်ားထိန္းခဲ့တယ္မသိ။ကိုယ္တိုင္က ကေလးေလးနဲ႕တူေနတဲ့ဟာကို။အေတြးနဲ႕ၿပဳံးေနမိတာလည္း သုခတစ္မ်ိဳးပါဘဲ။
"နီနီေရခ်ိဳးလို႔မဝေသးဘူး"
အသံၾကားမွ ေနာက္ျပန္လွည့္ၾကည့္မိသည္။ေရခြက္ေလးကိုင္ၿပီး လွမ္းၾကည့္ေနပုံက ဘာမဆိုလိုက္ေလ်ာခ်င္စရာေလး။အဲ့ေတာ့ ေရပုံးဆြဲၿပီး သူ႕လူေရမဝမခ်င္း ၿပဳံးၿပဳံးႀကီးေရဆြဲေပးရေတာ့တာေပါ့။သိပ္ကုသိုလ္ကံေကာင္းတဲ့ ၿမိဳ႕သားေလး။သူႀကီးသားေတာင္ ခိုင္းစားနိုင္တဲ့ထိ...........
##################