သူကြီးသားကဆိုးလိုက်တာ(Complet...

By HyacinthNyein

90.8K 3K 31

တစ်ချို့လူတွေက ချစ်တဲ့သူပျော်ရွှင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ချစ်သူကိုစွန့်လွှတ်တတ်ကြတယ်တဲ့ ကျွန်တော်ကတော့... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀🚨🔞🚨
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
ဇာတ်သိမ်းပိုင်း
ABO New Story

အခန်း ၉

3.3K 132 0
By HyacinthNyein

နေကျချိန်ဖြစ်သောကြောင့် အပူချိန်မှာသိပ်မပြင်းတော့။ဘုရားရိပ်မို့ ပို၍အေးချမ်းနေခြင်းဖြစ်နိုင်သည်။ဆည်းလည်းသံတစ်ချွင်ချွင် နှင့် တောပန်းရနံ့ခပ်သင်းသင်းက လေပြည်၏ ဆော့ကစားမှုကြား ရွှင်မြူးနေသည့်အလား။
သဝဏ်၏ ကြောက်စိတ်တို့ အနည်းငယ်တော့ပြေလျော့လာသလိုပင်။

ဟုတ်သည် ယခုရွာဦးကျောင်းနောက်ဘက် ရှေးဟောင်းဘုရားများကြားရောက်နေခြင်း။ဖြစ်ပုံကတော့ ကြီးကြီးမြတို့ပြန်မလာခင် လူဆိုး၏ခေါ်ဆောင်မှုဖြင့် ရွာဦးကျောင်းသို့လိုက်ခဲ့ရသည်။အမေးမမည်သော "ရွာဦးကျောင်းလိုက်ပို့မယ် သွားမှာမလား"ဟူသောစကားအဆုံး ကြောက်ကြောက်နှင့်လိုက်ခဲ့ရခြင်း။ ငါးယောက်လုံးသွားကြရာတွင် သူကသဝဏ့်ဘေးနားကပ်လျှောက်နေပြီး ဟိုသုံးယောက်က နောက်ကလိုက်လာသည်။

ဘာစကားမှမပြောဖြစ်ကြပေမယ့် ကြောက်စိတ်ကြောင့် ရင်တထိတ်ထိတ်။ရွာအပြင်ဘက် လူရိပ်လည်းမမြင်ရ ။မတော်လို့များ လက်သီးနဲ့ထိုးရင်တောင် တစ်ချက်ထိုးရုံနဲ့ ခွေကနဲလဲမယ့် ခန္တာကိုယ်မို့။ရန်မဖြစ်ဖူးသူမို့ အသားနာမှာတော့ကြောက်ပါသည်။ထို့ကြောင့် ဘာပြောပြော တိတ်တိတ်လေးနေနေဖို့လည်း တွေးထားပြီးသား။

သို့သော် ဘုရားပေါ်မို့လားမသိ။ဘာမှလည်းမပြောလာသလို အရိပ်တကြည့်ကြည့်လည်းရှိသလိုပဲ။သူဘုရားရှိခိုးလျှင် ငြိမ်ငြိမ်လေးရပ်စောင့်ပေးတတ်သလို သူသွားချင်သည့်နေရာသို့လည်း စိတ်ရှည်လက်ရှည်လိုက်ပို့တတ်သေးသည်။ထို့ကြောင့် ယခုအချိန်တွင်စိတ်လက်ပေါ့ပါးကာ သိပ်မကြောက်တော့ခြင်းပင်။

"ဥဥ"

သူ့ခေါ်သံနောက် မော့ကြည့်လာသည်မှာ အူတူတူလေး

"အစ်ကို့ကိုခေါ်နေတာ"

"ဟမ် အဲ့တာကိုယ့်နံမည်မှမဟုတ်တာ"

"ဘာလို့မဟုတ်ရမှာလဲ အစ်ကို့ငယ်နံမည်က ပိုးဥဆိုတာ ကျွန်တော်သိပြီးသား"

"မဟုတ်ပါဘူးနော် ငါ့နံမည်ရှိပြီးသား အဲ့လိုခေါ်လို့မရဘူး"

အံမယ် ရန်တွေ့တတ်တယ်ဗျား။နေ့လည်ကနဲ့တခြားဆီ။သူပေးတဲ့နံမည်ကို တော်တော်မကြိုက်တဲ့ပုံပဲ။ဒါပေမယ့် သူကလဲအဲ့လိုပဲ ခေါ်ချင်နေတာကခက်တယ်။

"ဘာလို့မရရမှာလဲ ဘာလဲမနက်ကပြောသလို ကိုကိုချစ်လို့ခေါ်ရမှာလား"

"အဲ့လိုလည်းမခေါ်နဲ့ သူများတွေလို.. "

"သူများတွေခေါ်တာနဲ့ မတူအောင်ခေါ်ပါတယ်ဆို မခေါ်ချင်ဘူး နှစ်ခုထဲကတစ်ခုရွေး"

"တစ်ခုမှ မကြိုက်ဘူးလို့ပါဆို သူများကြားရင်ရီလိမ့်မယ်"

"သူများတွေရှေ့မခေါ်ဘူး ကတိပေးတယ်"

"မရဘူး မကြိုက်ဘူး "

"မရလို့မရဘူး ဥလည်း ကျုပ်ကိုနီနီလို့ခေါ်တာပဲလေ"

"နောက်မခေါ်တော့ဘူး တကယ်မခေါ်တော့ဘူး"

"မရဘူး ကျုပ်ကတော့ ဥမှဥပဲ ကျုပ်ကိုလည်းနီနီလို့ခေါ်ခွင့်ပေးမယ် ဘာမှလာမငြင်းနဲ့ ဒါအတည်"

သူခပ်မာမာ​ပြောလိုက်တော့ ထပ်မငြင်းလာတော့။မျက်လွှာချကာ ခေါင်းငုံ့သွားလေသည်။နောက်ကသုံးယောက်ကတော့ ခေါင်းကိုက်နေပြီ။ဘယ့်နှယ့် ကိုယ်သဘောကျပါတယ်ဆိုတဲ့လူကို စကားပြောပုံကလည်း ပြန်ကြိုက်ချင်စရာ။မဖြစ်တော့ပါဘူး ရွှေကျီးဆီ မြန်မြန်သွားမှပါ။

"အာစရိ ပြန်ကျတော့မလား နေလည်းဝင်တော့မှာ နောက်နေ့မှအေးအေးဆေးဆေး ထပ်လာကြရအောင်"

"ဥ ပြန်ချင်နေပြီလား နေချင်သေးရင်လည်းရတယ်နော်"

"ပြန်ကြတာပေါ့ ကြီးကြီးစိတ်ပူနေလိမ့်မယ်"

ပြန်ပြောသံကသိပ်စိတ်မပါ။သူမကြိုက်တဲ့နံမည်ခေါ်လို့မှန်းသိသာစွာ ။သူပြုံးမိသွားသည် ။

"ဒါနဲ့ ဥမှာချစ်သူရှိလား"

မေးလိုက်ရသော်ငြား အသည်းတထိတ်ထိတ်။ခြေလှမ်းတွေမမှန်ချင်သလို အသက်ရှူသံတွေ အမှားမှားအယွင်းယွင်း။

"ချစ်သူတော့မရှိပါဘူး ဒါပေမယ့်.."

"မရှိဘူးဆိုပြီးပြီပေါ့ နောက်ဆက်တွဲတွေ လိုနေရအောင် ရထားတွဲမှမဟုတ်တာ"

အဖြေအဆုံး ရင်တစ်ခုလုံးပေါ့ပါးသွားတာငှက်မွေးလေးလို။နှုတ်ခမ်းထောင့်က အပြုံးတွေကိုလည်း မဖုံးကွယ်နိုင်တော့ အိပ်တန်းပြန်ငှက်တစ်ချို့က မျက်စောင်းထိုးသည်။သိပ်ပိုတာပဲတဲ့။

"ဒါပေမယ့်.."

"အယ် မြို့သားလေးကတအားချောတာပဲတော်"

အသံကြားရာလှည့်ကြည့်မိတော့ အပျိုကြီးအဖွဲ့။

" မနက်က ဇင်မင်းပြောတုန်းကမယုံဘူး အပိုတွေထင်နေတာ တကယ်ကိုချောချက်ကမှုန်နေတာပဲတော့"

"ဟုတ်ပဟယ် မိန်းကလေးတွေတောင် သူလောက်မလှဘူး နုဖတ်အုအက်နေတာတော် ကိုင်လိုက်ရင်ပဲ့သွားမလားမသိဘူး အသဲယားတယ်တော့"

"ခင်ဗျားတို့မိန်းကလေးတွေဖြစ်ပြီး အိန္ဒြေကိုမရှိဘူး အဲ့တာကြောင့် ယောကျ်ားမရတာ"

"အံမယ် ငဟိန်းနင်ကများငါတို့ကိုပြောရတယ်ရှိသေးတယ် ငါတို့ကဘာလုပ်နေလို့တုန်း"

အပျိုခေါင်းဆောင် ပိတောက်မေက ဋီကာ့ကိုမကြောက် တွေ့တဲ့နေရာပြန်အော်သည်။ဋီကာက ဆိုးသွမ်းသည်ဆိုသော်ငြား မိန်းကလေးတွေကိုတော့ လေးစားသည်။ပါးစပ်ကရန်တွေ့သည်တိုင် ကိုယ်ထိလက်ရောက်မပြောနဲ့ ရိုင်းရိုင်းစိုင်းစိုင်းပင်မပြောဖူးပေ။ထို့ကြောင့်လည်း မျက်နှာကြောကြည့်ပြီး ကြောက်တဲ့မိန်းကလေးတွေကလွဲရင် ကျန်တဲ့လူတိုင်းက ပြန်ရန်တွေ့ရဲကြလေသည်။

"ဟ ယောကျ်ားလေးတစ်ယောက်လုံးရှေ့ အာ့လောက်အမွှန်းတင်နေမှတော့ ရှက်တာပေါ့ဗျ
ပြီးတော့ တိုးတိုးတိတ်တိတ်လည်းမဟုတ်ဘူး"

"ဟဲ့ ချောလို့ချောတယ်ပြောတာပဲ "

"ဘာမှလာမပြောနဲ့ သူကကျုပ်အိမ်ကလူ ကျုပ်လူ အဲ့တော့ကျုပ်ကမ​ပြောနဲ့ဆို မပြောနဲ့ပေါ့"

"အံမလေးတော် ခဏလေးလာလည်တဲ့လူကို တွန့်တိုချက်ဆိုတာ မောင်လေးအဲ့ကောင်အိမ်မနေနဲ့ အဲ့​ကောင်ကနံမည်ကြီးလူဆိုး မမအိမ်ဆင်းလာခဲ့ ခြေမွေးမီးမလောင် လက်မွေးမီးမလောင်ထားမှာ"

"ဟာ ဒီအပျိုကြီး ဘာစကားတွေ​ပြောနေတာတုန်း ရုပ်ကြမ်းကြီးနဲ့ မလိုက်မဖက်တွေမှန်းပြန်ပြီ"

"ဟဲ့မသာ ဘာတွေလျှောက်တွေးနေတာတုန်း ငါပြောတာ မောင်လေးလိုဟဲ့ "

"ခင်ဗျား ဘုန်းကြီးကျောင်းထဲလည်း ဆဲတာပဲ ဘယ်လိုလုပ်ကုသိုလ်ရမှာလဲ"

"အဲ ကန်တော့ ကန်တော့ အဲ့တာနင်အရင်လာစတာလေ"

"ကျုပ်က "

"တော်ကြပါတော့ဟယ် ဒီနေ့ဘုရားပန်းလဲတဲ့ဆီကော သွားရအုံးမှာလား ငဘုန်းနင်ကလည်းယောကျ်ားကြီးတန်မဲ့ ကတ်ကတ်လန်နေတာပဲ ရုပ်ကြမ်းကြီးနဲ့မှမလိုက် ဘာလဲလက်ပါရတာပျင်းသွားလို့ ပါးစပ်နဲ့ပြောင်းပြီးရန်ဖြစ်နေတာလား"

"အဟမ်း"

မအေးမာ ဝင်ပြောလိုက်မှပဲ အကုန်လုံးငြိမ်သွားတော့သည်။မြို့သားလေးကတော့ ပြုံးစိစိလေးဖြစ်နေလေသည်။ဋီကာ့ကိုလည်း သိပ်မကြောက်တော့သလိုပင်။သူ့အတွက်နှင့်မိန်းကလေးတွေကိုရန်တွေ့နေပုံက လူဆိုးဟုထင်ရက်စရာမရှိ။

"ကဲ ပြန်မယ်ငဘုန်းရာ အမေတို့မျှော်နေလောက်ပြီ ကိုသဝဏ်လည်းဗိုက်ဆာနေလောက်ရောပေါ့ ရေလည်းချိုးရအုံးမှာကို မိုးချုပ်နေပြီ"

"ဟုတ်သားပဲ သွားရအောင် ဟိုအပျိုကြီးတွေလည်းမြန်မြန်လုပ် စောစောပြန် မိန်းကလေးတွေဖြစ်ပြီး ကြောက်လည်းမ​ကြောက်တတ်ကြဘူး ခဏနေကျရင် သံလုံးတို့ကိုလာကြိုခိုင်းလိုက်မယ် "

"အမလေး ရပါတယ်တော် မွေးကတည်းကနေလာတဲ့ ရွာပါဟဲ့ သူကြီးသားရဲ့"

"ဘယ်လိုဖြစ်ဖြစ် လာမကြိုမချင်းပြန်မလာကြနဲ့ သွားပြီ "

ပြောရင်းလှည့်ထွက်ခဲ့လိုက်သည်။ သူ့လူလေးကတော့ အလိုက်တသိ သူ့နံဘေးနားကပ်ပါလာ​လေသည်။မျက်နှာကလေးက ခပ်ပြုံးပြုံး။သူ့အား သိပ်မကြောက်တော့သည့်ပုံမို့ ကျေနပ်ရပါသေးသည်။သူ့စိတ်တွေ တစ်ရက်အတွင်း ပြောင်းလဲသွားပုံများ နံဘေးကလူကြီးလေးကို ပြောမပြတတ်သည်အထိ နစ်ဝင်နေမိလေပြီ။

တမာရွက်တို့ခင်းသောလမ်းထက် ခြေလှမ်းတို့ကထပ်တူညီစွာ။မသိလျှင် နှစ်ယောက်တည်းတစ်ကမ္ဘာလို။နောက်ကသုံးယောက်ကတော့ အမေ့ခံထားရတာကြာလေပြီ။တိုးတိုးပြောလိုက် အမူယာပြလိုက်နှင့် သုံးယောက်သား ခပ်လှမ်းလှမ်းမှသာ လိုက်ပါလာခဲ့လေသည်။

"ဒါနဲ့လေ ဒီနေ့ထန်းတောထဲမသွားတော့ဘူးလား"

မော့မကြည့်ဘဲမေးလာသံက လေသံလေးနှင့်။

"ဘာလို့တုန်း လိုက်ချင်လို့လား "

"မဟုတ်ပါဘူး မေးကြည့်တာပါ ကြီးကြီးပြောတော့ နေ့တိုင်းထန်းတောထဲမှာပဲဆိုလို့"

မွေးမိခင်တို့ကတော့ ဘယ်လောက်တောင်ကြော်ငြာထားသည်မသိ။မသိလျှင် သူက ယမကာလုလင်လိုလို။

" အဲ့တာကဒီအတိုင်း လုပ်စရာမရှိလို့ ရောက်ရောက်သွားတာပါဗျာ ကျုပ်ကအဲ့လောက်လည်းမဆိုးပါဘူး အမေ့စကားတွေယုံမနေနဲ့ အမေတွေဆိုတာသိတဲ့အတိုင်းပဲ မိဘနှစ်မျိုးဘဲရှိတယ် သားသမီးမကောင်းကြောင်းလိုက်ကြော်ငြာနေတဲ့မိဘရယ် သားသမီးဘယ်လိုတော်ကြောင်း လိုက်ကြွားနေတဲ့မိဘရယ် အိမ်ကအမေကတော့ ပထမတစ်မျိူးဗျ"

"ရန်ဖြစ်ရတာလည်း အရမ်းကြိုက်တာဆို "

"ဟော မဟုတ်ပါဘူးဗျာ အဲ့တာကဒီအတိုင်း ပါးစပ်ကပြောရမှာပျင်းလို့ လက်ကအရင်ပါပါသွားတာ ကျုပ်ကတော့ ရန်မစတတ်ပါဘူးဗျာ တကယ်အတည်"

"ငါ့ကိုရော စိတ်ဆိုးရင်ထိုးမှာလား"

"ဒါပေ့ါ" *နှုတ်ခမ်းနဲ့ *

"ဟမ်"

ရုတ်တရတ် ခြေလှမ်းတွေရပ်ကာ မော့ကြည့်လာတဲ့ မျက်လုံးဝိုင်းတွေမြင်မှ ဘာပြောလိုက်လဲသတိရမိသည်။တော်သေးတယ် နောက်ကစကားလုံးပါ ပါးစပ်ကထွက်မသွားလို့

"တကယ်ထိုးမှာလား"

"အွန်း ဒီလိုထိုးမှာ"

ပြောရင်း လက်ညှိုးဖြင့်နှဖူးပြင်လေးအားထိုးလိုက်တော့ အံ့သြသလိုပါးစပ်ကလေးဟောင်းလောင်း

"မင်းမရိုမသေ အကြီးနှဖူးကို ထိုးစရာလား"

"ဟားဟားဟားဟားဟား "

ခပ်စူးစူးထွက်လာသော ရန်တွေ့သံလေးကြောင့် သူအားရပါးရရီမောမိသည်။ချစ်ဖို့ကောင်းအောင် စွာလိုက်တာဆိုတာ။အိပ်တန်းတက်နေတဲ့ငှက်တွေတောင် ထပျံပြေးကုန်ပြီ။

"အဲ့တော့ ဥဥကကျုပ်ကိုကြောက်နေတာ ကျုပ်လက်သီးကို​ကြောက်လို့ဆိုပါတော့"

"ဘယ်သူကမှ​ကြောက်မနေပါဘူး"

"ဟောဗျာ ဗြောင်ငြင်းတယ် မနက်ကလေးတင်ကြောက်လို့ ခင်ဗျခင်ဗျနဲ့ ပြောနေပြီးတော့ အခုလက်သီးမပါတော့မှန်းလည်းသိရော တန်းရန်တွေ့တော့တာပဲ မြို့သားတွေများညာတတ်လိုက်တာ အညာသားလေးညာဖို့ချန်ပါအုံးဗျ"

"ဘယ်သူ ဘယ်သူကညာနေလို့လဲ"

"ဥဥ ဥဥကညာနေတာ"

"မင်းနော်"

"ကျုပ်နံမည််က ဘုန်းဋီကာမောင်တဲ့ခင်ဗျ သေချာမှတ်ထားအုံး မင်းနော်မဟုတ်ဘူး"

ရန်တွေ့နေရင်း နံမည်ကြားတော့ အံသြသလိုကြည့်လာလေသည်။

"ဒါဆို ကြီးကြီးကဘာလို့နီနီလို့ခေါ်တာတုန်း"

"သိချင် အာဘွားပေးလေ"

စသလိုနှင့် ခါးကိုင်းကာမျက်နှာထိုးပေးတော့လည်း အူလည်လည်လေးကြည့်လာပုံကအသည်းယားစရာ။

"စတာ စတာ အဲ့တာက ကျုပ်ငယ်ငယ်တုန်းကစကားမပီတော့ ကျုပ်နံမည်ကိုမပြောတတ်ဘူးလေ အဲ့တော့လွယ်လွယ် နီနီ နီနီ ဆိုပြီးသုံးရင်း အိမ်နံမည်ဖြစ်သွားတာ ကြီးလာတော့ နံမည်ကမိန်းကလေးဆန်မှန်းသိလာပြီလေ အဲ့တော့အမေကလွဲပီး တ​ခြားသူခေါ်ရင်မကြိုက်တော့ဘူး"

"အဲ့တာနဲ့ သူများကို ခေါင်းကွဲအောင်ရိုက်တယ်ပေါ့လေ"

အမေးကြောင့် မျက်ခုံးပင့်မိသွားသည်။အမေတို့ကတော့လေ

"အဲ့တာလည်းသိတာပဲလားဥဥရာ ဘာရယ်မဟုတ်ပါဘူးဗျာ ယောကျ်ားလေးတွေ ရန်ဖြစ်မှတော့ ထိမိခိုက်မိရှိမှာပေါ့ဗျ ပန်းနဲ့ပေါက်တိုင်း ဆော့နေတာမှမဟုတ်တာ "

"ဟွန့်"

နှာခေါင်းရှုံ့သံလေးကြောင့် ပြုံးမိသွားသည်။နေဝင်သွားပြီဖြစ်တာကြောင့် ပတ်ဝန်းကျင်က မှောင်ရိပ်သန်းချင်နေပေမယ့် နွေရာသီမို့ အလင်းရောင်တို့တော့ မကွယ်ပျောက်သေး။ဒါမှမဟုတ် ဘေးနားကအလင်းရောင်လေးကြောင့် ကျွန်တော့်ကမ္ဘာတစ်ခုတည်း တောက်ပနေတာလည်းဖြစ်နိုင်သည်။

"ငါခေါ်ရင်ကျတော့ရော ဘာလို့စိတ်မဆိုးတာလဲ"

"ချစ်ဖို့ကောင်းလို့လေ"

"ဟမ်"

"အမလေး ကလေးရယ် ကြီးကြီးကလိုက်ရှာတော့မလို့ ​မိုးတောင်ချုပ်နေပြီ ဘယ်တွေလျှောက်သွားနေတာတုန်း"

ဋီကာစကားသံတစ်ဝက်က အမေ့စကားသံအောက်ကွယ်ပျောက်သွားသည်။အမေကခြံရှေ့ထွက်စောင့်နေဟန်တူသည်။အိမ်နားအရောက် သူတို့ဆီသို့လှမ်းလာနေပြီ။

"ဘုရားသွားနေတာကြီးကြီး "

"ကျွန်တော်ပါပါတယ်အမေရာ ဘာတွေစိတ်ပူနေတာတုန်း"

"နင်ပါလို့ပိုစိတ်ပူတာပေါ့ တော်ကြာလမ်းမှာ ရန်တွေဘာတွေဖြစ်နေရင် ဘယ်လိုလုပ်မှာတုန်း ကိုစိတ်လက်တစ်ဆစ်ရဲ့"

"တွေ့လား အမေကကျုပ်ကိုဆို အကောင်းမမြင်ပါဘူးဆို"

ဘေးနားကပ်ကာ တိုးတိုးဆိုတော့ သဘောကျသလိုပြုံးလိုက်ပုံက ဝင်ခါစနေလုံးကြီးတောင် ပြန်လာချောင်းကြည့်တော့မတတ်။ခင်ဗျားမှမရှိရင် ကျွန်တော့်ဘဝအလင်းပျောက်တော့မှာ အသေအချာ.....

#########

ေနက်ခ်ိန္ျဖစ္ေသာေၾကာင့္ အပူခ်ိန္မွာသိပ္မျပင္းေတာ့။ဘုရားရိပ္မို႔ ပို၍ေအးခ်မ္းေနျခင္းျဖစ္နိုင္သည္။ဆည္းလည္းသံတစ္ခြၽင္ခြၽင္ ႏွင့္ ေတာပန္းရနံ႕ခပ္သင္းသင္းက ေလျပည္၏ ေဆာ့ကစားမႈၾကား ႐ႊင္ျမဴးေနသည့္အလား။
သဝဏ္၏ ေၾကာက္စိတ္တို႔ အနည္းငယ္ေတာ့ေျပေလ်ာ့လာသလိုပင္။

ဟုတ္သည္ ယခု႐ြာဦးေက်ာင္းေနာက္ဘက္ ေရွးေဟာင္းဘုရားမ်ားၾကားေရာက္ေနျခင္း။ျဖစ္ပုံကေတာ့ ႀကီးႀကီးျမတို႔ျပန္မလာခင္ လူဆိုး၏ေခၚေဆာင္မႈျဖင့္ ႐ြာဦးေက်ာင္းသို႔လိုက္ခဲ့ရသည္။အေမးမမည္ေသာ "႐ြာဦးေက်ာင္းလိုက္ပို႔မယ္ သြားမွာမလား"ဟူေသာစကားအဆုံး ေၾကာက္ေၾကာက္ႏွင့္လိုက္ခဲ့ရျခင္း။ ငါးေယာက္လုံးသြားၾကရာတြင္ သူကသဝဏ့္ေဘးနားကပ္ေလွ်ာက္ေနၿပီး ဟိုသုံးေယာက္က ေနာက္ကလိုက္လာသည္။

ဘာစကားမွမေျပာျဖစ္ၾကေပမယ့္ ေၾကာက္စိတ္ေၾကာင့္ ရင္တထိတ္ထိတ္။႐ြာအျပင္ဘက္ လူရိပ္လည္းမျမင္ရ ။မေတာ္လို႔မ်ား လက္သီးနဲ႕ထိုးရင္ေတာင္ တစ္ခ်က္ထိုး႐ုံနဲ႕ ေခြကနဲလဲမယ့္ ခႏၱာကိုယ္မို႔။ရန္မျဖစ္ဖူးသူမို႔ အသားနာမွာေတာ့ေၾကာက္ပါသည္။ထို႔ေၾကာင့္ ဘာေျပာေျပာ တိတ္တိတ္ေလးေနေနဖို႔လည္း ေတြးထားၿပီးသား။

သို႔ေသာ္ ဘုရားေပၚမို႔လားမသိ။ဘာမွလည္းမေျပာလာသလို အရိပ္တၾကည့္ၾကည့္လည္းရွိသလိုပဲ။သူဘုရားရွိခိုးလွ်င္ ၿငိမ္ၿငိမ္ေလးရပ္ေစာင့္ေပးတတ္သလို သူသြားခ်င္သည့္ေနရာသို႔လည္း စိတ္ရွည္လက္ရွည္လိုက္ပို႔တတ္ေသးသည္။ထို႔ေၾကာင့္ ယခုအခ်ိန္တြင္စိတ္လက္ေပါ့ပါးကာ သိပ္မေၾကာက္ေတာ့ျခင္းပင္။

"ဥဥ"

သူ႕ေခၚသံေနာက္ ေမာ့ၾကည့္လာသည္မွာ အူတူတူေလး

"အစ္ကို႔ကိုေခၚေနတာ"

"ဟမ္ အဲ့တာကိုယ့္နံမည္မွမဟုတ္တာ"

"ဘာလို႔မဟုတ္ရမွာလဲ အစ္ကို႔ငယ္နံမည္က ပိုးဥဆိုတာ ကြၽန္ေတာ္သိၿပီးသား"

"မဟုတ္ပါဘူးေနာ္ ငါ့နံမည္ရွိၿပီးသား အဲ့လိုေခၚလို႔မရဘူး"

အံမယ္ ရန္ေတြ႕တတ္တယ္ဗ်ား။ေန႕လည္ကနဲ႕တျခားဆီ။သူေပးတဲ့နံမည္ကို ေတာ္ေတာ္မႀကိဳက္တဲ့ပုံပဲ။ဒါေပမယ့္ သူကလဲအဲ့လိုပဲ ေခၚခ်င္ေနတာကခက္တယ္။

"ဘာလို႔မရရမွာလဲ ဘာလဲမနက္ကေျပာသလို ကိုကိုခ်စ္လို႔ေခၚရမွာလား"

"အဲ့လိုလည္းမေခၚနဲ႕ သူမ်ားေတြလို.. "

"သူမ်ားေတြေခၚတာနဲ႕ မတူေအာင္ေခၚပါတယ္ဆို မေခၚခ်င္ဘူး ႏွစ္ခုထဲကတစ္ခုေ႐ြး"

"တစ္ခုမွ မႀကိဳက္ဘူးလို႔ပါဆို သူမ်ားၾကားရင္ရီလိမ့္မယ္"

"သူမ်ားေတြေရွ႕မေခၚဘူး ကတိေပးတယ္"

"မရဘူး မႀကိဳက္ဘူး "

"မရလို႔မရဘူး ဥလည္း က်ဳပ္ကိုနီနီလို႔ေခၚတာပဲေလ"

"ေနာက္မေခၚေတာ့ဘူး တကယ္မေခၚေတာ့ဘူး"

"မရဘူး က်ဳပ္ကေတာ့ ဥမွဥပဲ က်ဳပ္ကိုလည္းနီနီလို႔ ေခၚခြင့္ေပးမယ္ ဘာမွလာမျငင္းနဲ႕ ဒါအတည္"

သူခပ္မာမာေျပာလိုက္ေတာ့ ထပ္မျငင္းလာေတာ့။မ်က္လႊခ်ကာ ေခါင္းငုံ႕သြားေလသည္။ေနာက္ကသုံးေယာက္ကေတာ့ ေခါင္းကိုက္ေနၿပီ။ဘယ့္ႏွယ့္ ကိုယ္သေဘာက်ပါတယ္ဆိုတဲ့လူကို စကားေျပာပုံကလည္း ျပန္ႀကိဳက္ခ်င္စရာ။မျဖစ္ေတာ့ပါဘူး ေ႐ႊက်ီးဆီ ျမန္ျမန္သြားမွပါ။

"အာစရိ ျပန္က်ေတာ့မလား ေနလည္းဝင္ေတာ့မွာ ေနာက္ေန႕မွေအးေအးေဆးေဆး ထပ္လာၾကရေအာင္"

"ဥ ျပန္ခ်င္ေနၿပီလား ေနခ်င္ေသးရင္လည္းရတယ္ေနာ္"

"ျပန္ၾကတာေပါ့ ႀကီးႀကီးစိတ္ပူေနလိမ့္မယ္"

ျပန္ေျပာသံကသိပ္စိတ္မပါ။သူမႀကိဳက္တဲ့နံမည္ေခၚလို႔မွန္းသိသာစြာ ။သူၿပဳံးမိသြားသည္ ။

"ဒါနဲ႕ ဥမွာခ်စ္သူရွိလား"

ေမးလိုက္ရေသာ္ျငား အသည္းတထိတ္ထိတ္။ေျခလွမ္းေတြမမွန္ခ်င္သလို အသက္ရႉသံေတြ အမွားမွားအယြင္းယြင္း။

"ခ်စ္သူေတာ့မရွိပါဘူး ဒါေပမယ့္.."

"မရွိဘူးဆို ၿပီးၿပီေပါ့ ေနာက္ဆက္တြဲေတြ လိုေနရေအာင္ ရထားတြဲမွမဟုတ္တာ"

အေျဖအဆုံး ရင္တစ္ခုလုံးေပါ့ပါးသြားတာငွက္ေမြးေလးလို။ႏႈတ္ခမ္းေထာင့္က အၿပဳံးေတြကိုလည္း မဖုံးကြယ္နိုင္ေတာ့ အိပ္တန္းျပန္ငွက္တစ္ခ်ိဳ႕က မ်က္ေစာင္းထိုးသည္။သိပ္ပိုတာပဲတဲ့။

"ဒါေပမယ့္.."

"အယ္ ၿမိဳ႕သားေလးကတအားေခ်ာတာပဲေတာ္"

အသံၾကားရာလွည့္ၾကည့္မိေတာ့ အပ်ိဳႀကီးအဖြဲ႕။

" မနက္က ဇင္မင္းေျပာတုန္းကမယုံဘူး အပိုေတြထင္ေနတာ တကယ္ကိုေခ်ာခ်က္ကမႈန္ေနတာပဲေတာ့"

"ဟုတ္ပဟယ္ မိန္းကေလးေတြေတာင္ သူေလာက္မလွဘူး ႏုဖတ္အုအက္ေနတာေတာ္ ကိုင္လိုက္ရင္ပဲ့သြားမလားမသိဘူး အသဲယားတယ္ေတာ့"

"ခင္ဗ်ားတို႔မိန္းကေလးေတြျဖစ္ၿပီး အိႏၵျေကိုမရွိဘူး အဲ့တာေၾကာင့္ ေယာက်္ားမရတာ"

"အံမယ္ ငဟိန္းနင္ကမ်ားငါတို႔ကိုေျပာရတယ္ရွိေသးတယ္ ငါတို႔ကဘာလုပ္ေနလို႔တုန္း"

အပ်ိဳေခါင္းေဆာင္ ပိေတာက္ေမက ဋီကာ့ကိုမေၾကာက္ ေတြ႕တဲ့ေနရာျပန္ေအာ္သည္။ဋီကာက ဆိုးသြမ္းသည္ဆိုေသာ္ျငား မိန္းကေလးေတြကိုေတာ့ ေလးစားသည္။ပါးစပ္ကရန္ေတြ႕သည္တိုင္ ကိုယ္ထိလက္ေရာက္မေျပာနဲ႕ ရိုင္းရိုင္းစိုင္းစိုင္းပင္မေျပာဖူးေပ။ထို႔ေၾကာင့္လည္း မ်က္ႏွာေၾကာၾကည့္ၿပီး ေၾကာက္တဲ့မိန္းကေလးေတြကလြဲရင္ က်န္တဲ့လူတိုင္းက ျပန္ရန္ေတြ႕ရဲၾကေလသည္။

"ဟ ေယာက်္ားေလးတစ္ေယာက္လုံးေရွ႕ အာ့ေလာက္အမႊန္းတင္ေနမွေတာ့ ရွက္တာေပါ့ဗ်
ၿပီးေတာ့ တိုးတိုးတိတ္တိတ္လည္းမဟုတ္ဘူး"

"ဟဲ့ ေခ်ာလို႔ေခ်ာတယ္ေျပာတာပဲ "

"ဘာမွလာမေျပာနဲ႕ သူကက်ဳပ္အိမ္ကလူ က်ဳပ္လူ အဲ့ေတာ့က်ဳပ္ကမေျပာနဲ႕ဆို မေျပာနဲ႕ေပါ့"

"အံမေလးေတာ္ ခဏေလးလာလည္တဲ့လူကို တြန့္တိုခ်က္ဆိုတာ ေမာင္ေလးအဲ့ေကာင္အိမ္မေနနဲ႕ အဲ့ေကာင္ကနံမည္ႀကီးလူဆိုး မမအိမ္ဆင္းလာခဲ့ ျခေမြးမီးမေလာင္ လက္ေမြးမီးမေလာင္ထားမွာ"

"ဟာ ဒီအပ်ိဳႀကီး ဘာစကားေတြေျပာေနတာတုန္း ႐ုပ္ၾကမ္းႀကီးနဲ႕ မလိုက္မဖက္ေတြမွန္းျပန္ၿပီ"

"ဟဲ့မသာ ဘာေတြေလွ်ာက္ေတြးေနတာတုန္း ငါေျပာတာ ေမာင္ေလးလိုဟဲ့ "

"ခင္ဗ်ား ဘုန္းႀကီးေက်ာင္းထဲလည္း ဆဲတာပဲ ဘယ္လိုလုပ္ကုသိုလ္ရမွာလဲ"

"အဲ ကန္ေတာ့ ကန္ေတာ့ အဲ့တာနင္အရင္လာစတာေလ"

"က်ဳပ္က "

"ေတာ္ၾကပါေတာ့ဟယ္ ဒီေန႕ဘုရားပန္းလဲတဲ့ဆီေကာ သြားရအုံးမွာလား ငဘုန္းနင္ကလည္းေယာက်္ားႀကီးတန္မဲ့ ကတ္ကတ္လန္ေနတာပဲ ႐ုပ္ၾကမ္းႀကီးနဲ႕မွမလိုက္ ဘာလဲလက္ပါရတာပ်င္းသြားလို႔ ပါးစပ္နဲ႕ ေျပာင္းၿပီးရန္ျဖစ္ေနတာလား"

"အဟမ္း"

မေအးမာ ဝင္ေျပာလိုက္မွပဲ အကုန္လုံးၿငိမ္သြားေတာ့သည္။ၿမိဳ႕သားေလးကေတာ့ ၿပဳံးစိစိေလးျဖစ္ေနေလသည္။ဋီကာ့ကိုလည္း သိပ္မေၾကာက္ေတာ့သလိုပင္။သူ႕အတြက္ႏွင့္မိန္းကေလးေတြကိုရန္ေတြ႕ေနပုံက လူဆိုးဟုထင္ရက္စရာမရွိ။

"ကဲ ျပန္မယ္ငဘုန္းရာ အေမတို႔ေမွ်ာ္ေနေလာက္ၿပီ ကိုသဝဏ္လည္းဗိုက္ဆာေနေလာက္ေရာေပါ့ ေရလည္းခ်ိဳးရအုံးမွာကို မိုးခ်ဳပ္ေနၿပီ"

"ဟုတ္သားပဲ သြားရေအာင္ ဟိုအပ်ိဳႀကီးေတြလည္း ျမန္ျမန္လုပ္ ေစာေစာျပန္ မိန္းကေလးေတြျဖစ္ၿပီး ေၾကာက္လည္းမေၾကာက္တတ္ၾကဘူး ခဏေနက်ရင္ သံလုံးတို႔ကို လာႀကိဳခိုင္းလိုက္မယ္ "

"အမေလး ရပါတယ္ေတာ္ ေမြးကတည္းကေနလာတဲ့ ႐ြာပါဟဲ့ သူႀကီးသားရဲ႕"

"ဘယ္လိုျဖစ္ျဖစ္ လာမႀကိဳမခ်င္းျပန္မလာၾကနဲ႕ သြားၿပီ "

ေျပာရင္းလွည့္ထြက္ခဲ့လိုက္သည္။ သူ႕လူေလးကေတာ့ အလိုက္တသိ သူ႕နံေဘးနားကပ္ပါလာေလ သည္။မ်က္ႏွာကေလးက ခပ္ၿပဳံးၿပဳံး။သူ႕အား သိပ္မေၾကာက္ေတာ့သည့္ပုံမို႔ ေက်နပ္ရပါေသးသည္။သူ႕စိတ္ေတြ တစ္ရက္အတြင္း ေျပာင္းလဲသြားပုံမ်ား နံေဘးကလူႀကီးေလးကို ေျပာမျပတတ္သည္အထိ နစ္ဝင္ေနမိေလၿပီ။

တမာ႐ြက္တို႔ခင္းေသာလမ္းထက္ ေျခလွမ္းတို႔ကထပ္တူညီစြာ။မသိလွ်င္ ႏွစ္ေယာက္တည္းတစ္ကမၻာလို။ေနာက္ကသုံးေယာက္ကေတာ့ အေမ့ခံထားရတာၾကာေလၿပီ။တိုးတိုးေျပာလိုက္ အမူယာျပလိုက္ႏွင့္ သုံးေယာက္သား ခပ္လွမ္းလွမ္းမွသာ လိုက္ပါလာခဲ့ေလသည္။

"ဒါနဲ႕ေလ ဒီေန႕ထန္းေတာထဲမသြားေတာ့ဘူးလား"

ေမာ့မၾကည့္ဘဲေမးလာသံက ေလသံေလးႏွင့္။

"ဘာလို႔တုန္း လိုက္ခ်င္လို႔လား "

"မဟုတ္ပါဘူး ေမးၾကည့္တာပါ ႀကီးႀကီးေျပာေတာ့ ေန႕တိုင္းထန္းေတာထဲမွာပဲဆိုလို႔"

ေမြးမိခင္တို႔ကေတာ့ ဘယ္ေလာက္ေတာင္ေၾကာ္ျငာထားသည္မသိ။မသိလွ်င္ သူက ယမကာလုလင္လိုလို။

" အဲ့တာက ဒီအတိုင္းလုပ္စရာမရွိလို႔ ေရာက္ေရာက္သြားတာပါဗ်ာ က်ဳပ္ကအဲ့ေလာက္လည္းမဆိုးပါဘူး အေမ့စကားေတြယုံမေနနဲ႕ အေမေတြဆိုတာ သိတဲ့အတိုင္းပဲ မိဘႏွစ္မ်ိဳးဘဲရွိတယ္ သားသမီးမေကာင္းေၾကာင္းလိုက္ေၾကာ္ျငာေနတဲ့မိဘရယ္ သားသမီးဘယ္လိုေတာ္ေၾကာင္း လိုက္ႂကြားေနတဲ့မိဘရယ္ အိမ္ကအေမကေတာ့ ပထမတစ္မ်ိဴးဗ်"

"ရန္ျဖစ္ရတာလည္း အရမ္းႀကိဳက္တာဆို "

"ေဟာ မဟုတ္ပါဘူးဗ်ာ အဲ့တာက ဒီအတိုင္း ပါးစပ္ကေျပာရမွာ ပ်င္းလို႔ လက္ကအရင္ပါပါသြားတာ က်ဳပ္ကေတာ့ ရန္မစတတ္ပါဘူးဗ်ာ တကယ္အတည္"

"ငါ့ကိုေရာ စိတ္ဆိုးရင္ထိုးမွာလား"

"ဒါေပ့ါ" *ႏႈတ္ခမ္းနဲ႕ *

"ဟမ္"

႐ုတ္တရတ္ ေျခလွမ္းေတြရပ္ကာ ေမာ့ၾကည့္လာတဲ့ မ်က္လုံးဝိုင္းေတြျမင္မွ ဘာေျပာလိုက္လဲသတိရမိသည္။ေတာ္ေသးတယ္ ေနာက္ကစကားလုံးပါ ပါးစပ္ကထြက္မသြားလို႔

"တကယ္ထိုးမွာလား"

"အြန္း ဒီလိုထိုးမွာ"

ေျပာရင္း လက္ညွိုးျဖင့္ ႏွဖူးျပင္ေလးအားထိုးလိုက္ေတာ့ အံ့ၾသသလို ပါးစပ္ကေလးေဟာင္းေလာင္း

"မင္းမရိုမေသ အႀကီးႏွဖူးကို ထိုးစရာလား"

"ဟားဟားဟားဟားဟား "

ခပ္စူးစူးထြက္လာေသာ ရန္ေတြ႕သံေလးေၾကာင့္ သူအားရပါးရရီေမာမိသည္။ခ်စ္ဖို႔ေကာင္းေအာင္ စြာလိုက္တာဆိုတာ။အိပ္တန္းတက္ေနတဲ့ငွက္ေတြေတာင္ ထပ်ံေျပးကုန္ၿပီ။

"အဲ့ေတာ့ ဥဥကက်ဳပ္ကိုေၾကာက္ေနတာ က်ဳပ္လက္သီးကိုေၾကာက္လို႔ဆိုပါေတာ့"

"ဘယ္သူကမွေၾကာက္မေနပါဘူး"

"ေဟာဗ်ာ ေျဗာင္ျငင္းတယ္ မနက္ကေလးတင္ ေၾကာက္လို႔ ခင္ဗ်ခင္ဗ်နဲ႕ ေျပာေနၿပီးေတာ့ အခုလက္သီးမပါေတာ့မွန္းလည္းသိေရာ တန္းရန္ေတြ႕ေတာ့တာပဲ ၿမိဳ႕သားေတြမ်ား ညာတတ္လိုက္တာ အညာသားေလးညာဖို႔ခ်န္ပါအုံးဗ်"

"ဘယ္သူ ဘယ္သူကညာေနလို႔လဲ"

"ဥဥ ဥဥ ကညာေနတာ"

"မင္းေနာ္"

"က်ဳပ္နံမည္္က ဘုန္းဋီကာေမာင္တဲ့ခင္ဗ် ေသခ်ာမွတ္ထားအုံး မင္းေနာ္မဟုတ္ဘူး"

ရန္ေတြ႕ေနရင္း နံမည္ၾကားေတာ့ အံၾသသလိုၾကည့္လာေလသည္။

"ဒါဆို ႀကီးႀကီးကဘာလို႔နီနီလို႔ေခၚတာတုန္း"

"သိခ်င္ အာဘြားေပးေလ"

စသလိုႏွင့္ ခါးကိုင္းကာ မ်က္ႏွာထိုးေပးေတာ့လည္း အူလည္လည္ေလးၾကည့္လာပုံကအသည္းယားစရာ။

"စတာ စတာ အဲ့တာက က်ဳပ္ငယ္ငယ္တုန္းက စကားမပီေတာ့ က်ဳပ္နံမည္ကို မေျပာတတ္ဘူးေလ အဲ့ေတာ့လြယ္လြယ္ နီနီ နီနီ ဆိုၿပီးသုံးရင္း အိမ္နံမည္ျဖစ္သြားတာ ႀကီးလာေတာ့ နံမည္က မိန္းကေလးဆန္မွန္းသိလာၿပီေလ အဲ့ေတာ့အေမကလြဲပီး တျခားသူေခၚရင္မႀကိဳက္ေတာ့ဘူး"

"အဲ့တာနဲ႕ သူမ်ားကို ေခါင္းကြဲေအာင္ရိုက္တယ္ေပါ့ေလ"

အေမးေၾကာင့္ မ်က္ခုံးပင့္မိသြားသည္။အေမတို႔ကေတာ့ေလ

"အဲ့တာလည္းသိတာပဲလားဥဥရာ ဘာရယ္မဟုတ္ပါဘူးဗ်ာ ေယာက်္ားေလးေတြ ရန္ျဖစ္မွေတာ့ ထိမိခိုက္မိရွိမွာေပါ့ဗ် ပန္းနဲ႕ေပါက္တိုင္း ေဆာ့ေနတာမွမဟုတ္တာ "

"ဟြန့္"

ႏွာေခါင္းရႈံ႕သံေလးေၾကာင့္ ၿပဳံးမိသြားသည္။ေနဝင္သြားၿပီျဖစ္တာေၾကာင့္ ပတ္ဝန္းက်င္က ေမွာင္ရိပ္သန္းခ်င္ေနေပမယ့္ ႏြေရာသီမို႔ အလင္းေရာင္တို႔ေတာ့ မကြယ္ေပ်ာက္ေသး။ဒါမွမဟုတ္ ေဘးနားက အလင္းေရာင္ေလးေၾကာင့္ ကြၽန္ေတာ့္ကမၻာတစ္ခုတည္း ေတာက္ပေနတာလည္းျဖစ္နိုင္သည္။

"ငါေခၚရင္က်ေတာ့ေရာ ဘာလို႔စိတ္မဆိုးတာလဲ"

"ခ်စ္ဖို႔ေကာင္းလို႔ေလ"

"ဟမ္"

"အမေလး ကေလးရယ္ ႀကီးႀကီးကလိုက္ရွာေတာ့မလို႔ မိုးေတာင္ခ်ဳပ္ေနၿပီ ဘယ္ေတြေလွ်ာက္သြားေနတာတုန္း"

ဋီကာစကားသံတစ္ဝက္က အေမ့စကားသံေအာက္ကြယ္ေပ်ာက္သြားသည္။အေမကၿခံေရွ႕ထြက္ေစာင့္ေနဟန္တူသည္။အိမ္နားအေရာက္ သူတို႔ဆီသို႔လွမ္းလာေနၿပီ။

"ဘုရားသြားေနတာႀကီးႀကီး "

"ကြၽန္ေတာ္ပါပါတယ္အေမရာ ဘာေတြစိတ္ပူေနတာတုန္း"

"နင္ပါလို႔ပိုစိတ္ပူတာေပါ့ ေတာ္ၾကာလမ္းမွာ ရန္ေတြဘာေတြျဖစ္ေနရင္ ဘယ္လိုလုပ္မွာတုန္း ကိုစိတ္လက္တစ္ဆစ္ရဲ႕"

"ေတြ႕လား အေမကက်ဳပ္ကိုဆို အေကာင္းမျမင္ပါဘူးဆို"

ေဘးနားကပ္ကာ တိုးတိုးဆိုေတာ့ သေဘာက်သလိုၿပဳံးလိုက္ပုံက ဝင္ခါစေနလုံးႀကီးေတာင္ ျပန္လာေခ်ာင္းၾကည့္ေတာ့မတတ္။ခင္ဗ်ားမွမရွိရင္ ကြၽန္ေတာ့္ဘဝအလင္းေပ်ာက္ေတာ့မွာ အေသအခ်ာ.....

#########

Continue Reading

You'll Also Like

23.8K 639 36
ကျနော် ပထမဆုံးရေးတဲ့၀တ္ထုလေးမို့ အမှားပါခဲ့ရင် ခွင့်လွှတ်ပေးပါ။ possessive ဆန်တဲ့ဟာတွေကို ကြိုက်မှဖတ်ပါ။ လိုအပ်တာတွေရှိရင်လည်း အားနာမတမ်းပြောနိုင်ပါ...
1.1M 84.9K 39
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
1.2M 112K 42
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
54.3K 1.6K 33
ဤဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးယဥ် ပုံဖော်မှုသာဖြစ်သည် chaများ ၏nameဖြစ်စေဇာတ်လမ်းပါအကြောင်းအရာတစ်စုံတစ်ခုဖြစ်စေတိုက်ဆိုင်မှုရှိပါကလာရော...