Unicode
အစားထိုးခံ အမျိုးသမီး အတွင်းရေးမှူး
အပိုင်း ၂
အသံ၊ ရုပ်ထွက်ပစ္စည်းကောင်းမွန်သော ဗီလာကြီးထဲတွင် စူးထောင်တစ်ယောက် အသင့်စားခေါက်ဆွဲတစ်ပန်းကန်ကို တရှုပ်ရှုပ်သောက်လိုက်ပြီး ကျေနပ်စွာဖြင့် နှုတ်ခမ်းသပ်လိုက်သည်။
သူမက ချက်ပြုတ်ခြင်းကို မကြိုက်သောသူဖြစ်ပြီး ရှဲ့ကျင်အတွက် မနက်စာလုပ်ပေးသည်မှလွဲ၍ မီးဖိုချောင်ကိုဝင်ခဲ၏။ ညဘက်တွင် အသင့်စားခေါက်ဆွဲတစ်အိုးကိုတည်လိုက်ပြီး ပျော်ရွင်စွာနှင့် ခေါက်ဆွဲပြုတ်များကို တရှုပ်ရှုပ် စားလေသည်။
ရှဲ့ကျင်သည် များသောအားဖြင့် သူမအား ဒီလိုအသင့်စား အစားအစာကို စားခွင့်မပြုသောကြောင့် အပေါ်ယံတွင် နာခံဟန်ဆောင်ကာ သူ မရှိသည်နှင့် တိတ်တဆိတ်စားတော့သည်။
သူမ၏ဖုန်းသည် တင်းတင်းမြည်သွားပြီး ထိုအရာက ရှဲ့ကျင်ထံမှ ဗီဒီယိုဖိုင် တစ်ခုပင်။ နှိပ်လိုက်သည်နှင့် သူ့မျက်နှာကိုထိမိသွားသည်။
မပြောမဖြစ်ပြောရရင် ကြည့်ကောင်းခြင်းဆိုတာခေါင်းမာခြင်းတစ်မျိုးပင်။ ဘယ်လိုပင် ရုပ်ဆိုးသည့်ရှုထောင့်ကနေ ကြည့်ကြည့် ကြည့်ကောင်းနေရမည်။
ဗီဒီရိုရဲ့နောက်ခံက သူမကို တစ်ကြိမ်တစ်ခါမျှ ခေါ်မသွားဖူးသည့် သီးသန့်ကလပ်ဖြစ်ပုံရ၏။ သူ့သူငယ်ချင်းတွေဟာ စူးထောင်ရှိနေသည်ကို သိသော်ငြား သူမကိုမမြင်ဖူးကြချေ။
အတိတ်တုန်းက စူးထောင်သည် မလုံခြုံသလို ခံစားခဲ့ရသောကြောင့် သူမ မပါသည့်တွေ့ဆုံပွဲများကို သူသွားသည့်အခါတိုင်း သူမသက်သောင့်သက်သာဖြစ်စေရန် ဗီဒီယိုဖိုင်များ အမြဲတမ်းလိုလို ပေးပို့လာသည်။
ဗီဒီယိုက လူအများ၏မျက်နှာ တဝိုက်အလျင်အမြန်ဖြတ်ကျော်သွားသဖြင့် သူမ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရချေ။ သို့သော်ငြား မျက်တော်တစ်ခတ်စာတွင် ပန်းနုရောင်ပုံသဏ္ဍာန်ကို တစေ့တစောင်း ဖမ်းမိလိုက်၏။
ဗီဒီယိုဖိုင် ပြီးသွားသည့်အခါ စူးထောင်ရဲ့အံ့အားသင့်သွားသည့်မျက်နှာက ဖုန်းစခရင်ပေါ်တွင် ပေါ်လာသည်။အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ရင်း အမှတ်တမဲ့ မျက်ခုံးပင့်လိုက်ကာ နဂိုအေးစက်စက် အမူအရာပြန်ဖြစ်သွားသည်။
သူမဖုန်းသည် နောက်တစ်ကြိမ်မြည်သွားပြီး ဒီတစ်ခါတွင် တက္ကသိုလ်က စီနီယာဖြစ်သော ကျန်းချီကွမ်းထံမှ စာဖြစ်နေသည်။
[ကျန်းချီကွမ်း - "စူးထောင်ထောင် အခုဘာလုပ်နေလဲ။"]
ကျန်းချီကွမ်းသည် စကားပြောရည်မွန်ပြီး မိန်းကလေးများအား ပရော်ပရည်လုပ်ရတာကို သဘောကျသောသူပင်။ သူသည် အမှန်တကယ်မကောင်းတဲ့ကောင်ဖြစ်သော်ငြား ကတိတည်သောသူဖြစ်သည်။ ကျန်းချီကွမ်းသည် သူမထက်နှစ်နှစ်ကြီးပြီး သူမရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်သော ကျန်းရှောင်ရူ၏ အကိုလည်းဖြစ်၏။ သူဟာ သူမကို ညီမလေးတစ်ယောက်ပမာ ဆက်ဆံသည်။
ဘွဲ့ရပြီးနောက် သူကကိုယ်ပိုင်ဖျော်ဖြေရေးကုမ္ပဏီ တည်ထောင်လိုက်ပြီး တစ်နှစ်အတွင်းသိသိသာသာ တိုးတက်လာ၏ ။
[စူးထောင် - အခုပဲညစာ စားပြီးသွားတာ။ ဘယ်လိုလုပ်ပြီး ညီမကို သတိရသွားတာလဲ စီနီယာအကိုကျန်း။"
[ကျန်းချီကွမ်း - "ဘယ်သူက မင်းလိုနှလုံးသားမဲ့နိုင်ပါ့မလဲ။ ဘွဲ့လည်းရပြီးရော အဆက်အသွယ်မလုပ်တော့ဘူး။ မင်းတို့အိမ်က အဲဒီရှာလကာရည်အိုးကြီးကြောင့် မဟုတ်လား။"]
ကျန်းချီကွမ်း တစ်ယောက်ထဲကသာ ရှဲ့ကျင်ကို 'ရှာလကာရည်အိုးကြီး'ဟု သတ်မှတ်ရဲသည်။
ထိုသည်မှာလည်း ကျောင်းတက်စဥ်အချိန်တုန်းက စူးထောင်ကို ဝန်ခံဖွင့်ပြောသော ကောင်လေးတစ်ယောက်အား ရှဲ့ကျင်တိုက်ခိုက်လိုက်သည်ကို တွေ့သွားခဲ့သောကြောင့်ပင်။ ထိုကောင်လေးသည် ဖျောက်ဖျက်မရသော စိတ်ဒဏ်ရာရသွားကာ နောက်ဆက်တွဲအနေဖြင့် သူမကိုမြင်သည်နှင့် ရှောင်ထွက်သွား၏။
[စူးထောင် - "မဟုတ်ရပါဘူးနော်..."]
[ကျန်းချီကွမ်း: "မဖြစ်နိုင်တာ။သူက ဒီလောက်ပိုင်ဆိုင်လိုစိတ်ကြီးလို့ မင်းဘွဲ့ရတဲ့အထိကို အကြာကြီးစောင့်လာတာ။ အခုဆိုရင် မင်းကိုသူ့ဘေးနားမှာ နေ့တိုင်းလိုလို သော့ခတ်ထားလောက်မှာ။"
[ကျန်းချီကွမ်း - "ဘဝတစ်သက်လုံး သူ့ဘေးနားမှာနေပြီး ထိန်းချုပ်တာကိုခံဖို့ ဆန္ဒရှိလား။"]
စူးထောင်ရဲ့လက်သည် တောင်းတင်းသွားပြီး ဖုန်းစခရင်ကိုကြည့်ကာ ဘယ်လိုဖြေရမှန်း မသိတော့ပေ။
လွန်ခဲ့တဲ့၃နှစ်အကြာက သူမသည် အရာအားလုံးကိုစွန့်လွှတ်ပြီး သူ့အနားမှာနေဖို့ ဆန္ဒရှိသည်ဟု ထင်ထားခဲ့သည်။ သိုသော်ငြား သူသည် သူမအား ရှေ့ဆက်လျှောက်ဖို့ရန် သတ္တိနှင့်ဆုံးဖြတ်ချက်ကို မပေးခဲ့ပေ။
[စူးထောင် - စီနီယာအကိုကျန်း ညီမကို တကယ်ဘာပြောချင်နေတာလဲ။"]
[ကျန်းချီကွမ်း - "ကျောင်းတုန်းက မင်းကငါတို့မီဒီယာဌာနရဲ့ ဂုဏ်ထူးဆောင်ပဲ။ မင်းရဲ့အရည်အချင်းနဲ့ ကျွမ်းကျင်မှုတွေကို အသုံးမချရင် ဖြုန်းတီးသလိုဖြစ်သွားလိမ့်မယ်။"]
[ကျန်းချီကွမ်း - "ငါတို့ကုမ္ပဏီကိုလာခဲ့။ ငါနဲ့အတူ အလုပ်တွဲလုပ်ပါ။ အဓိကရှယ်ယာရှင်၃ယောက်က မင်းအတွက်ရာထူးနေရာ ဖယ်ထားပေးတယ်။"]
စူးထောင်တစ်ယောက် ရပ်တန့်သွားပြီးနောက် စခရင်ပေါ်တွင် စာလုံးအနည်းငယ်ရိုက်ထည့်နေ၏။
[စူးထောင် - "ကုမ္ပဏီရဲ့ရှယ်ယာရှင်တွေက သတိမပြုမိဘူးလားဟင်။ လွန်ခဲ့တဲ့နှစ်ဝက်လောက်ကမှ ညီမဘွဲ့ရခဲ့တာလေ စီနီယာအကိုကျန်း။"]
[ကျန်းချီကွမ်း -"စူးထောင်ထောင် မင်းဘယ်လိုလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေတာလဲ။ အရင်တုန်းက မင်းက တောက်ပနေတဲ့ကြယ်တစ်ပွင့်လိုပဲ။ အခုတော့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေတာလား။"]
[ကျန်းချီကွမ်း - "ဒါမှမဟုတ် မင်းရဲ့ ရှာလကာရည်အိုးကြီးက မလွှတ်မှာစိုးလို့လား။ ငါ့အကူအညီလိုလား။"]
စူးထောင်သည် တခဏအကြာ အံ့အားသင့်သွားပြီး သူမရဲ့အကြည့်ကို လျော့ချလိုက်၏။
ဟုတ်သားပဲ။ သူမ ဘယ်အချိန်ကတည်းက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတတ်သွားတာလဲ။
စူးထောင်ထောင်ဆီမှ အချိန်အတော်ကြာ ပြန်စာမရသည့်နောက်တွင် ကျန်းချီကွမ်းက နောက်ထပ်စာတစ်စောင်ထပ်ပို့လာ၏။
[ကျန်းချီကွမ်း - မြန်မြန်မငြင်းနဲ့၊ ဒီအကြောင်းကိုစဥ်းစားဖို့ အချိန်ယူပါဦး။"]
စူးထောင်သည် တခဏကြာတုံ့ဆိုင်းသွားကာ ဆုံးဖြတ်ချက်ချလိုက်ပြီးပုံ ပေါ်သည်။ သူမ၏ လက်ချောင်းများက စခရင်ပေါ်တွင် စာလုံးနှစ်လုံး အလျင်အမြန် ရိုက်ထည့်လိုက်၏။
[စူးထောင် - "ညီမကိုစောင့်ပါ။"]
ဖန်သားပြင် မှိန်သွားပြီးနောက် အမဲရောင်ဖန်သားပြင်ပေါ်မှ ယုံကြည်မှုအပြည့် အပြုံးကြောင့် သူမအံ့အားသင့်သွားရသည်။
သူမ ခေါက်ဆွဲဘူးကိုကောက်ယူလိုက်ကာ သဲလွန်စကိုဖျောက်ဖျက်ဖို့ အပြင်ဘက်ရှိအမှိုက်ပုံးထဲသို့ပစ်ရန် ကြံရွယ်လိုက်သည်။
သို့သော်ငြား သူမရပ်တန့်သွားကာ ပြန်လှည့်လာပြီး ခေါက်ဆွဲဘူးကို နံဘေးနားရှိ မှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်ရင်း အပေါ်ထပ်သို့ ပြေးတက်သွား၏။ ၄နှစ်တာအကျင့်က ချိုးဖောက်ရန် အတော်ပင်ခက်ခဲလှသည်။
သူမတို့နှစ်ဦးချစ်သူဖြစ်သွားပြီးနောက် စူးထောင်သည် ရှဲ့ကျင်၏ဗီလာတွင်နေခဲ့သည်။ ရှဲ့ကျင်တစ်ယောက် သူမကိုနေ့တိုင်း တက္ကသိုလ်အကြိုအပို့လုပ်ပေးကာ တက္ကသိုလ်ကျောင်းသားဘဝမှ အထက်တန်းကျောင်းသားဘဝ ပြန်ရောက်သွားသကဲ့သို့ပင်။
သူမ အမှန်တကယ်ပင် အထက်တန်းကျကျနှင့် ခပ်မိုက်မိုက် ရှဲ့ကျင်၏ဗီလာကို သဘောကျသည်။ အထူးသဖြင့် အိပ်ခန်းကျယ်ကြီးထဲက နူးညံ့ညံ့အိပ်ရာကိုပင်။သူမတစ်ကြိမ်လဲလျောင်းမိလိုက်သည်နှင့် ပြန်မထချင်တော့ပေ။
တကယ်လည်းမထနိုင်တော့ဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည်။
အိမ်မက်ထဲမှာ သူမကမုန်လာထုပ်အဖြစ်ပြောင်းလဲသွား၏။
ရုတ်တရက်ကြီး အဖြူရောင်ဝက်ဝဝကြီးတစ်ကောင်ရောက်လာပြီး အမြစ်မှစတင်တူးတော့သည်။
စိတ်ထဲတွင် ငိုကြွေးမြည်တမ်းနေပြီး သူမကိုမစားရန်တောင်းပန်နေသော်လည်း အသုံးမဝင်ပေ။ ထိုဝက်ဝဝကြီးရဲ့ပါးစပ်က အရက်နံ့နှင့်အတူ သူမဆီသို့ တဖြည်းဖြည်းလာနေသည်။
အရက်နံ့လား?
စူးထောင်သည် ရုတ်တရက်လန့်နိုးလာသည်။ရှဲ့ကျင့်၏နက်ကတိုင်က လျော့ရဲနေပြီး အင်္ကျီကြယ်သီးများကလည်း တစ်လုံးနှစ်လုံးဖြုတ်ထားကာ သူ၏အရက်နံ့အပြည့် နှုတ်ခမ်းက သူမရဲ့နှုတ်ခမ်းပေါ်တွင်ရှိနေ၏။
သူ့ရင်ဘတ်ကိုတွန်းထုတ်လိုက်သော်ငြား နေရာမှားတွန်းမိသွားပြီး သူ၏သွယ်လျလျ လက်ချောင်းများက သူမခေါင်းနောက်ရှိဆံပင်ထဲသို့ တိုးဝင်လာကာ ခေါင်းကိုကိုင်ပြီး ပို၍ပင် ခပ်ပြင်းပြင်းနမ်းလာသည်။
စူးထောင် - "..."
သူမ သူ့ကိုကန်ထည့်လိုက်၏။
သူကတိုးတိုးလေး ညည်းငြူရင်း နောက်ဆုံးတွင် သူမနှုတ်ခမ်းကိုလွှတ်လာပေးသည်။
ရှဲ့ကျင်သည် သူ၏ခန္ဓာကိုယ်အောက်ပိုင်းကိုဖုံးကာ နာကျင်နေသောအမူအရာဖြင့် အိပ်ယာပေါ်တွင် လှဲချလိုက်၏။
ကန်ချက်နည်းနည်းပြင်းထန်ပုံရတော့ စူးထောင် သူ့အတွက်စိတ်မကောင်းသလို ခံစားသွားရသည်။ "ကျွန်မလူဆိုးတွေနဲ့ တိုက်ခိုက်နေတယ်လို့ အခုလေးတင်အိမ်မက် မက်နေတာ။"
ရှဲ့ကျင်တစ်ယောက် အနည်းငယ်ပြေလျော့သွားပြီး သူရဲ့မျက်ဝန်းနက်နက်ကိုဖွင့်လိုက်ကာ အံကြိတ်ပြောလိုက်သည်။ " အကြောင်းပြချက်ကောင်းပဲ။ ရှောင်ထောင်လေးက သိပ်ရက်စက်တာပဲ။ အခုလို ခပ်ကြမ်းကြမ်းကန်လိုက်တာ ကလေးမလိုချင်တော့လို့လား။"
စူးထောင်ရဲ့မျက်နှာသည် တောင့်တင်းသွား၏။ သူ့အကြည့်ကိုရှောင်ကာ ထထိုင်လိုက်ပြီး အခန်းမှထွက်သွားရန် ပြင်နေသည်။"ကျွန်မဒီနေ့ဓမ္မတာ လာနေတာ။ဘေးအခန်းမှာပဲ ကျွန်မသွားအိပ်တော့မယ်။"
သူက သူမရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး အနောက်ပြန် ဆွဲယူလိုက်ရာ အတူတူလဲကျသွားပြီး သူမအားခပ်တင်းတင်းပွေ့ဖက်ထားတော့သည်။
"ကိုယ်မင်းကိုမထိဘူး။ အိပ်တော့။"
"ရှဲ့ကျင်" စူးထောင်က သူ့ကိုနူးနူးညံ့ညံ့ခေါ်လိုက်ပြီး " ကျွန်မ ရှင့်ကိုမေးစရာရှိတယ်။"
" အိပ်တော့၊ မနက်ဖြန်မှပဲပြော။"
စူးထောင် သူမပါးစပ်ကို ပိတ်လိုက်ရသည်။
သူက ပြောစကားကောင်းကောင်း နားထောင်ပေးတဲ့သူမဟုတ်သလို သူမ ဘာလိုချင်တယ်၊ ဘာပြောချင်တယ်ဆိုတာကိုလည်း ဂရုမစိုက်ဘူး။ ဘာမေးခွန်းတွေမှ မမေးဘဲ သူ့စကားအမြဲနားထောင်ပေးမယ့်သူကိုပဲ လိုချင်တာ။
ကျန်းထောင်၊ ဝမ်ထောင် ဒါမှမဟုတ် လီထောင်တို့တောင် အစားထိုးလိုက်နိုင်သည်ပင်။
သူမသဘာပေါက်သွားပြီးတဲ့နောက်တွင် သက်ပြင်းတစ်ချက်ချလိုက်မိ၏။ အရင်တုန်းက ထင်ထားခဲ့သလိုမျိုး သူကသူမအတွက် အရေးမကြီးတော့သလို လမ်းခွဲဖို့လည်း ပို၍လွယ်ကူသွားနိုင်သည်။
စူးထောင်သည် ပထမဆုံးသော မနက်ခင်းနေရောင်ခြည်အလင်းရောင်ကြောင့် အမြဲတမ်းနိုးလေ့ရှိပြီး တိတ်ဆိတ်သည့်မနက်ခင်းတွင် စောစောထရသည်ကို သဘောကျသည်။
အချိန်အများစုတွင် သူမသည် ဗီလာ၌နေကာ ပြတင်းပေါက်ဘောင်ပေါ်တွင် ခေါင်းအုံးတစ်လုံးနှင့်မှီရင်း စာအုပ်ဖတ်ရသည်ကို ကြိုက်၏။ အချိန်ရောက်လာတော့ မနက်စာလုပ်ဖို့ မီးဖိုချောင်ကို သွားလိုက်သည်။
သူမက မချက်ပြုတ်တတ်ချေ။ ကြက်ဥကြော်ခြင်း၊ပေါင်မုန့်မီးကင်ခြင်း၊ နွားနို့အပူပေးခြင်းလောက်ကိုသာ လုပ်တတ်၏။ သူမ ကျောင်းတက်တုန်းက တစ်ခါတရံ အရသာငြီးငွေ့ခြင်းမှ သက်သာစေရန်အပြင်ဘက်ခြမ်းမှ မနက်စာ သို့မဟုတ် သွားရည်စာများကို ဝယ်စားလေ့ရှိ၏။
သို့ရာတွင် ရှဲ့ကျင်မှာမူ ဘယ်တော့မှ ငြီးငွေ့သည်မရှိ၊မနက်စာကို စိတ်ကျေနပ်တဲ့အထိ နေ့တိုင်းစားသည်။ စူးထောင်ဟာ နွားနို့ပူပူကိုစားပွဲပေါ်တင်နေတုန်း သူက သူမ၏ခပ်နွေးနွေး ကိုယ်ခန္ဓာကို ပွေ့ဖက်လိုက်၏။ နေ့တိုင်း သူက စူးထောင်ကို လိုက်ရှာကာ သူမအား သူ့လက်ထဲတွင်ထွေးပွေ့ပြီးမှသာ သက်သောင့်သက်သာဖြစ်သလိုခံစားရသည်။
ရုတ်တရက် တစ်စုံတစ်ခုကိုသတိပြုမိသွားပြီး စားပွဲအောက်ရှိအမှိုက်ပုံးကို ဆွဲထုတ်ရန် ခြေထောက်ဆန့်လိုက်၏။ အသင့်စား ခေါက်ဆွဲခြောက်ဘူးက အထဲတွင်အခန့်သား ရှိနေသည်။
အန္တာရယ်ရှိသောအရှိန်အဝါဖြင့် မျက်လုံးစင်းကာ သူမကိုကြည့်လိုက်၏။သူ၏ အိပ်ရာထကာစ အသံခပ်အက်အက်ဖြင့် " ရှောင်ထောင်လေး အသင့်စားခေါက်ဆွဲတွေ ခိုးစားနေပြန်ပြီလား။"
စူးထောင်ရဲ့ကျောကုန်းက တောင့်တင်းသွားပေမယ့် ပြန်ပြေလျော့သွားသည်။
"အမ်း"
"အမ်း?" ရှဲ့ကျင်သည် သူမ မျက်နှာပြောင်တိုက်ကာသူ့မေးခွန်းကို လျစ်လျူရူမည်ဟု မမျှော်လင့်ထားချေ။ "'အမ်း' ဆိုတာ ဘာကိုဆိုလိုချင်တာလဲ။"
" 'အမ်း'ဆိုတာ ကျွန်မရှင့်ရဲ့မေးခွန်းကို ဖြေနေတာလေ။ကျွန်မအသင့်စားခေါက်ဆွဲကို စားထားတယ်။" သူ့ကိုတည့်တည့်ကြည့်ကာ စူးထောင်ပြန်ဖြေပေးလိုက်သည်။
ဗြောင်ကျကျ ရန်စနေတာပဲ! ဒီကလေးမလေးကို တစ်ရက်လောက်ဂရုမစိုက်မိရင် သူမက အိမ်ပေါ်ကနံရံတွေပါဖြိုချမှာ။
" ရှောင်ထောင်လေး......"
ရှဲ့ကျင်စကားပြောလို့မပြီးသေးခင်မှာပင် စူးထောင်က ခြေဖျားထောက်လိုက်ပြီး သူ့ကိုအနံ့ခံလိုက်ရာ မျက်မှောင်ကြုတ်သွားရ၏။"ရှင်မနေ့က ရေမချိုးလိုက်ရဘူးလား။"
ရှဲ့ကျင်သည် အံ့အားသင့်သွားပြီး ရုတ်တရက် ရေမချိုးလိုက်ရမှန်း မှတ်မိသွားသည်။ သူငြင်းပယ် ခံလိုက်ရတာလား။
သူ၏ဒေါသပေါက်ကွဲလာခါနီးတွင် စူးထောင်က သူမရဲ့အေးစက်စက်လက်လေးဖြင့် သူ့လက်ကိုဆုပ်ကိုင်ကာ အိပ်ခန်းမှသူ့ကိုဆွဲထုတ်ပြီး ရေချိုးရန် တိုက်တွန်းလိုက်၏။ ပိတ်ထားသော ရေချိုးခန်းထဲတွင် ရှဲ့ကျင်၏ဒေါသများ သိသိသာသာလျော့ကျသွားပြီး သက်ပြင်းချလိုက်ကာ ရွေးချယ်စရာမရှိဘဲ ရေပန်းကိုဖွင့်လိုက်ရသည်။
စူးထောင်သည် ပြန်လှည့်ပြီး အဝတ်ခန်းသို့သွားကာ သူဒီနေ့ဝတ်သွားမည့် အဝတ်အစားနှင့်လိုက်ဖက်မည့်နက်ကတိုင်ကို ရွေးနေ၏။ အဝတ်ခန်းက ရှဲ့ကျင်စိတ်တည်ငြိမ်စေရန် သူမအသုံးပြုလေ့ရှိသော စန္ဒကူးရနံ့များဖြင့် ဖုံးလွှမ်းနေသည်။ သို့သော်လည်း အကျိုးသက်ရောက်မှု နည်းပုံရ၏။
မည်သို့ပင်ဖြစ်စေကာမူ ရှဲ့ကျင်က ထိုရနံ့ကိုနှစ်သက်ပုံရပြီး အမြဲတမ်းလိုလို အသုံးပြုနေသည်။
သူ၏ဝတ်စုံကို ရွေးချယ်ပြီးနောက် စူးထောင်တစ်ယောက် သူမအတွက် ဒီနေ့ဝတ်မည့်ဝတ်စုံကို ဝတ်လိုက်၏။ အဝါနုရောင် အင်္ကျီ၊အဖြူရောင်ဘောင်းဘီရှည်အပြင် အရောင်ခပ်လင်းလင်း ဒေါက်ဖိနပ်နှင့် သူမက ပရော်ဖက်ရှင်နယ်ကျပြီး ပို၍ ရင့်ကျက်ပုံပေါ်သည်။
ရေချိုးခန်းထဲမှ ရှဲ့ကျင်ထွက်လာပြီး အဝတ်အစားလဲပြီးသွားသော စူးထောင်ကိုမြင်လိုက်ရ၏။ သူက အချိန်တစ်စက္ကန့်ကြာ တုံ့ဆိုင်းသွားပြီး အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။
"ဒီနေ့ ဘာလို့ ပန်းနုရောင်ဝတ်စုံ မဝတ်ရတာလဲ။"
စူးထောင်က သူ့ကို ရှပ်အင်္ကျီကိုပေးလိုက်ရင်း သူ့လည်ပင်းပေါ် နက်ကတိုင်တင်လိုက်ကာ "ကျွန်မ မကြိုက်လို့။"
"မင်းက အဲဒီအရောင်နဲ့ဆို ကြည့်ကောင်းတယ်။ မင်းပန်းနုရောင် ဝတ်တာကို ကိုယ်ကြိုက်တယ်။" ရှဲ့ကျင်ဟာ သူမကိုကြည့်ရင်း လေးလေးနက်နက်ပြောလိုက်သည်။
စူးထောင်က ရှဲ့ကျင်းဟာ ဘာလို့ သူမပန်းနုရောင်ဝတ်ထားရင် သဘောကျမှန်း မသိချေ။ သူမက ပန်းနုရောင်ကို မကြိုက်သော်လည်း သူကြိုက်ရင် သူ့သဘောအလျောက် သူမဝတ်ပေးလိုက်သည်ပင်။
ဘယ်လိုပဲဖြစ်ဖြစ် ချင်ရွယ်ရှီးလည်း ပန်းနုရောင်ကြိုက်သည် သိလိုက်ရပြီးနောက်တွင် သူမအရောင်နှင့်ပက်သက်ပြီး အတိုက်အခံလုပ်လာသည်။
တခြားသူတစ်ယောက်၏ အစားထိုးခံဖြစ်ဖို့ သူမသည်းမခံနိုင်ပေ။
ပထမဆုံးအကြိမ် ကုမ္ပဏီမှာ ကောလဟာလကိုကြားခဲ့တုန်းက သူ့အား ချင်ရွယ်ရှီးကို ကြိုက်နေတာမဟုတ်လား၊သူမက အစားထိုးခံသက်သက်ပဲမလား ဟုမေးခဲ့သည်။
ရှဲ့ကျင်က ရိုးရိုးရှင်းရှင်းပင် သူမအား သူ့စကားကိုသာ နားထောင်ရန်နှင့် တခြားသူများရဲ့အတင်းစကားကိုနားမယောင်မိစေရန်အပြင် တစ်နေ့လုံးတွေးမနေဖို့ပါ ပြောလာခဲ့၏။
သူ့ရဲ့ ဒီလိုတုံးတိတိ တုံ့ပြန်မှုက သူမ၏ သံသယစိတ်ကို သိသိသာသာ ပိုမိုအားကောင်းလာစေသည်။
နောက်ဆုံးတွင်မူ သူမဆက်မတွေးနိုင်လောက်အောင် ပင်ပန်းနေနှင့်ပြီ။
"ရှဲ့ကျင် ကျွန်မ ရှင့်ကိုမေးစရာရှိတယ်။" စူးထောင် မနေ့ညက သူမကိုပြောခွင့်မပြုထားတဲ့စကားကို အစချီလိုက်သည်။
"ဝတ်စုံ အရင်လဲလိုက်ပြီးမှ မေး။"
သူဒီစကားပြောလိုက်ပြီးသည်နှင့် တပြိုင်နက် စူးထောင်သည် နက်ကတိုင်ကို ခပ်တင်းတင်းချည်ပေးလိုက်ပြီး လည်ပင်းညစ်ပစ်လိုက်ချင်၏။
ပြစ်မှုကျူးလွန်မည့်အတွေးများကို ခပ်မြန်မြန်ဖယ်ထားလိုက်ပြီး ပန်းနုရောင်ဝတ်စုံကို ဝတ်ဆင်လိုက်သည်။ သူမတွင် ထိုကဲ့သို့ ပုံစံတူ ၆ထည်ရှိနေ၏။
ထို ဝတ်စုံများသည် ဈေးကြီးပြီး အကုန်လုံးကို ရှဲ့ကျင်က ဝယ်ထားပေးသည်။
ရှဲ့ကျင်၏ ဝတ်စုံပြည့်ဝတ်ထားသော ဖြောင့်တန်းနေသည့် ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် ရှည်ပြီး ထင်းထွက်နေသောအသွင်အပြင်က international catwalkတွေမှာ လမ်းတက်လျှောက်ရင်တောင် မှေးမှိန်သွားမည် မဟုတ်ချေ။
ရှဲ့ကျင်သည် ပန်းနုရောင် ဝတ်စုံနှင့် သူမကို စိတ်ကျေနပ်စွာကြည့်လိုက်ပြီး နောက်ဆုံးမှာမူ သူမအား မေးခွန်းမေးရန် အခွင့်အရေးပေးလိုက်၏။ "မေးလေ"
"တကယ်လို့ ကျွန်မ နှုတ်ထွက်ချင်တယ်ဆိုရင် ဘယ်နှစ်ရက်လောက်ကြိုတင်ပြီး နှုတ်ထွက်စာတင်ရမလဲ။"
••••••••••
Zawgyi
အစားထိုးခံ အမ်ိဳးသမီး အတြင္းေရးမႉး
အပိုင္း ၂
အသံ၊ ႐ုပ္ထြက္ပစၥည္းေကာင္းမြန္ေသာ ဗီလာႀကီးထဲတြင္ စူးေထာင္တစ္ေယာက္ အသင့္စားေခါက္ဆြဲတစ္ပန္းကန္ကို တ႐ႈပ္႐ႈပ္ေသာက္လိုက္ၿပီး ေက်နပ္စြာျဖင့္ ႏႈတ္ခမ္းသပ္လိုက္သည္။
သူမက ခ်က္ျပဳတ္ျခင္းကို မႀကိဳက္ေသာသူျဖစ္ၿပီး ႐ွဲ႕က်င္အတြက္ မနက္စာလုပ္ေပးသည္မွလြဲ၍ မီးဖိုေခ်ာင္ကိုဝင္ခဲ၏။ ညဘက္တြင္ အသင့္စားေခါက္ဆြဲတစ္အိုးကိုတည္လိုက္ၿပီး ေပ်ာ္႐ြင္စြာႏွင့္ ေခါက္ဆြဲျပဳတ္မ်ားကို တ႐ႈပ္႐ႈပ္ စားေလသည္။
႐ွဲ႕က်င္သည္ မ်ားေသာအားျဖင့္ သူမအား ဒီလိုအသင့္စား အစားအစာကို စားခြင့္မျပဳေသာေၾကာင့္ အေပၚယံတြင္ နာခံဟန္ေဆာင္ကာ သူ မ႐ွိသည္ႏွင့္ တိတ္တဆိတ္စားေတာ့သည္။
သူမ၏ဖုန္းသည္ တင္းတင္းျမည္သြားၿပီး ထိုအရာက ႐ွဲ႕က်င္ထံမွ ဗီဒီယိုဖိုင္ တစ္ခုပင္။ ႏွိပ္လိုက္သည္ႏွင့္ သူ႕မ်က္ႏွာကိုထိမိသြားသည္။
မေျပာမျဖစ္ေျပာရရင္ ၾကည့္ေကာင္းျခင္းဆိုတာေခါင္းမာျခင္းတစ္မ်ိဳးပင္။ ဘယ္လိုပင္ ႐ုပ္ဆိုးသည့္႐ႈေထာင့္ကေန ၾကည့္ၾကည့္ ၾကည့္ေကာင္းေနရမည္။
ဗီဒီ႐ိုရဲ႕ေနာက္ခံက သူမကို တစ္ႀကိမ္တစ္ခါမွ် ေခၚမသြားဖူးသည့္ သီးသန္႔ကလပ္ျဖစ္ပုံရ၏။ သူ႕သူငယ္ခ်င္းေတြဟာ စူးေထာင္႐ွိေနသည္ကို သိေသာ္ျငား သူမကိုမျမင္ဖူးၾကေခ်။
အတိတ္တုန္းက စူးေထာင္သည္ မလုံျခဳံသလို ခံစားခဲ့ရေသာေၾကာင့္ သူမ မပါသည့္ေတြ႕ဆုံပြဲမ်ားကို သူသြားသည့္အခါတိုင္း သူမသက္ေသာင့္သက္သာျဖစ္ေစရန္ ဗီဒီယိုဖိုင္မ်ား အၿမဲတမ္းလိုလို ေပးပို႔လာသည္။
ဗီဒီယိုက လူအမ်ား၏မ်က္ႏွာ တဝိုက္အလ်င္အျမန္ျဖတ္ေက်ာ္သြားသျဖင့္ သူမ မည္သူတစ္ဦးတစ္ေယာက္ကိုမွ် ႐ွင္း႐ွင္းလင္းလင္း မျမင္လိုက္ရေခ်။ သို႔ေသာ္ျငား မ်က္ေတာ္တစ္ခတ္စာတြင္ ပန္းႏုေရာင္ပုံသ႑ာန္ကို တေစ့တေစာင္း ဖမ္းမိလိုက္၏။
ဗီဒီယိုဖိုင္ ၿပီးသြားသည့္အခါ စူးေထာင္ရဲ႕အံ့အားသင့္သြားသည့္မ်က္ႏွာက ဖုန္းစခရင္ေပၚတြင္ ေပၚလာသည္။အသက္ကို ခပ္ျပင္းျပင္း႐ႈလိုက္ရင္း အမွတ္တမဲ့ မ်က္ခုံးပင့္လိုက္ကာ နဂိုေအးစက္စက္ အမူအရာျပန္ျဖစ္သြားသည္။
သူမဖုန္းသည္ ေနာက္တစ္ႀကိမ္ျမည္သြားၿပီး ဒီတစ္ခါတြင္ တကၠသိုလ္က စီနီယာျဖစ္ေသာ က်န္းခ်ီကြမ္းထံမွ စာျဖစ္ေနသည္။
[က်န္းခ်ီကြမ္း - "စူးေထာင္ေထာင္ အခုဘာလုပ္ေနလဲ။"]
က်န္းခ်ီကြမ္းသည္ စကားေျပာရည္မြန္ၿပီး မိန္းကေလးမ်ားအား ပေရာ္ပရည္လုပ္ရတာကို သေဘာက်ေသာသူပင္။ သူသည္ အမွန္တကယ္မေကာင္းတဲ့ေကာင္ျဖစ္ေသာ္ျငား ကတိတည္ေသာသူျဖစ္သည္။ က်န္းခ်ီကြမ္းသည္ သူမထက္ႏွစ္ႏွစ္ႀကီးၿပီး သူမရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းျဖစ္ေသာ က်န္းေ႐ွာင္႐ူ၏ အကိုလည္းျဖစ္၏။ သူဟာ သူမကို ညီမေလးတစ္ေယာက္ပမာ ဆက္ဆံသည္။
ဘြဲ႕ရၿပီးေနာက္ သူကကိုယ္ပိုင္ေဖ်ာ္ေျဖေရးကုမၸဏီ တည္ေထာင္လိုက္ၿပီး တစ္ႏွစ္အတြင္းသိသိသာသာ တိုးတက္လာ၏ ။
[စူးေထာင္ - အခုပဲညစာ စားၿပီးသြားတာ။ ဘယ္လိုလုပ္ၿပီး ညီမကို သတိရသြားတာလဲ စီနီယာအကိုက်န္း။"
[က်န္းခ်ီကြမ္း - "ဘယ္သူက မင္းလိုႏွလုံးသားမဲ့ႏိုင္ပါ့မလဲ။ ဘြဲ႕လည္းရၿပီးေရာ အဆက္အသြယ္မလုပ္ေတာ့ဘူး။ မင္းတို႔အိမ္က အဲဒီ႐ွာလကာရည္အိုးႀကီးေၾကာင့္ မဟုတ္လား။"]
က်န္းခ်ီကြမ္း တစ္ေယာက္ထဲကသာ ႐ွဲ႕က်င္ကို '႐ွာလကာရည္အိုးႀကီး'ဟု သတ္မွတ္ရဲသည္။
ထိုသည္မွာလည္း ေက်ာင္းတက္စဥ္အခ်ိန္တုန္းက စူးေထာင္ကို ဝန္ခံဖြင့္ေျပာေသာ ေကာင္ေလးတစ္ေယာက္အား ႐ွဲ႕က်င္တိုက္ခိုက္လိုက္သည္ကို ေတြ႕သြားခဲ့ေသာေၾကာင့္ပင္။ ထိုေကာင္ေလးသည္ ေဖ်ာက္ဖ်က္မရေသာ စိတ္ဒဏ္ရာရသြားကာ ေနာက္ဆက္တြဲအေနျဖင့္ သူမကိုျမင္သည္ႏွင့္ ေ႐ွာင္ထြက္သြား၏။
[စူးေထာင္ - "မဟုတ္ရပါဘူးေနာ္..."]
[က်န္းခ်ီကြမ္း: "မျဖစ္ႏိုင္တာ။သူက ဒီေလာက္ပိုင္ဆိုင္လိုစိတ္ႀကီးလို႔ မင္းဘြဲ႕ရတဲ့အထိကို အၾကာႀကီးေစာင့္လာတာ။ အခုဆိုရင္ မင္းကိုသူ႕ေဘးနားမွာ ေန႔တိုင္းလိုလို ေသာ့ခတ္ထားေလာက္မွာ။"
[က်န္းခ်ီကြမ္း - "ဘဝတစ္သက္လုံး သူ႕ေဘးနားမွာေနၿပီး ထိန္းခ်ဳပ္တာကိုခံဖို႔ ဆႏၵ႐ွိလား။"]
စူးေထာင္ရဲ႕လက္သည္ ေတာင္းတင္းသြားၿပီး ဖုန္းစခရင္ကိုၾကည့္ကာ ဘယ္လိုေျဖရမွန္း မသိေတာ့ေပ။
လြန္ခဲ့တဲ့၃ႏွစ္အၾကာက သူမသည္ အရာအားလုံးကိုစြန္႔လႊတ္ၿပီး သူ႕အနားမွာေနဖို႔ ဆႏၵ႐ွိသည္ဟု ထင္ထားခဲ့သည္။ သိုေသာ္ျငား သူသည္ သူမအား ေ႐ွ႕ဆက္ေလွ်ာက္ဖို႔ရန္ သတၱိႏွင့္ဆုံးျဖတ္ခ်က္ကို မေပးခဲ့ေပ။
[စူးေထာင္ - စီနီယာအကိုက်န္း ညီမကို တကယ္ဘာေျပာခ်င္ေနတာလဲ။"]
[က်န္းခ်ီကြမ္း - "ေက်ာင္းတုန္းက မင္းကငါတို႔မီဒီယာဌာနရဲ႕ ဂုဏ္ထူးေဆာင္ပဲ။ မင္းရဲ႕အရည္အခ်င္းနဲ႔ ကြၽမ္းက်င္မႈေတြကို အသုံးမခ်ရင္ ျဖဳန္းတီးသလိုျဖစ္သြားလိမ့္မယ္။"]
[က်န္းခ်ီကြမ္း - "ငါတို႔ကုမၸဏီကိုလာခဲ့။ ငါနဲ႔အတူ အလုပ္တြဲလုပ္ပါ။ အဓိက႐ွယ္ယာ႐ွင္၃ေယာက္က မင္းအတြက္ရာထူးေနရာ ဖယ္ထားေပးတယ္။"]
စူးေထာင္တစ္ေယာက္ ရပ္တန္႔သြားၿပီးေနာက္ စခရင္ေပၚတြင္ စာလုံးအနည္းငယ္႐ိုက္ထည့္ေန၏။
[စူးေထာင္ - "ကုမၸဏီရဲ႕႐ွယ္ယာ႐ွင္ေတြက သတိမျပဳမိဘူးလားဟင္။ လြန္ခဲ့တဲ့ႏွစ္ဝက္ေလာက္ကမွ ညီမဘြဲ႕ရခဲ့တာေလ စီနီယာအကိုက်န္း။"]
[က်န္းခ်ီကြမ္း -"စူးေထာင္ေထာင္ မင္းဘယ္လိုလုပ္ၿပီး ကိုယ့္ကိုယ္ကိုယ္ ႏွိမ့္ခ်ေနတာလဲ။ အရင္တုန္းက မင္းက ေတာက္ပေနတဲ့ၾကယ္တစ္ပြင့္လိုပဲ။ အခုေတာ့ ကိုယ့္ကိုယ္ကိုယ္ ႏွိမ့္ခ်ေနတာလား။"]
[က်န္းခ်ီကြမ္း - "ဒါမွမဟုတ္ မင္းရဲ႕ ႐ွာလကာရည္အိုးႀကီးက မလႊတ္မွာစိုးလို႔လား။ ငါ့အကူအညီလိုလား။"]
စူးေထာင္သည္ တခဏအၾကာ အံ့အားသင့္သြားၿပီး သူမရဲ႕အၾကည့္ကို ေလ်ာ့ခ်လိုက္၏။
ဟုတ္သားပဲ။ သူမ ဘယ္အခ်ိန္ကတည္းက ကိုယ့္ကိုယ္ကိုယ္ ႏွိမ့္ခ်တတ္သြားတာလဲ။
စူးေထာင္ေထာင္ဆီမွ အခ်ိန္အေတာ္ၾကာ ျပန္စာမရသည့္ေနာက္တြင္ က်န္းခ်ီကြမ္းက ေနာက္ထပ္စာတစ္ေစာင္ထပ္ပို႔လာ၏။
[က်န္းခ်ီကြမ္း - ျမန္ျမန္မျငင္းနဲ႔၊ ဒီအေၾကာင္းကိုစဥ္းစားဖို႔ အခ်ိန္ယူပါဦး။"]
စူးေထာင္သည္ တခဏၾကာတုံ႔ဆိုင္းသြားကာ ဆုံးျဖတ္ခ်က္ခ်လိုက္ၿပီးပုံ ေပၚသည္။ သူမ၏ လက္ေခ်ာင္းမ်ားက စခရင္ေပၚတြင္ စာလုံးႏွစ္လုံး အလ်င္အျမန္ ႐ိုက္ထည့္လိုက္၏။
[စူးေထာင္ - "ညီမကိုေစာင့္ပါ။"]
ဖန္သားျပင္ မွိန္သြားၿပီးေနာက္ အမဲေရာင္ဖန္သားျပင္ေပၚမွ ယုံၾကည္မႈအျပည့္ အျပဳံးေၾကာင့္ သူမအံ့အားသင့္သြားရသည္။
သူမ ေခါက္ဆြဲဘူးကိုေကာက္ယူလိုက္ကာ သဲလြန္စကိုေဖ်ာက္ဖ်က္ဖို႔ အျပင္ဘက္႐ွိအမိႈက္ပုံးထဲသို႔ပစ္ရန္ ၾကံ႐ြယ္လိုက္သည္။
သို႔ေသာ္ျငား သူမရပ္တန္႔သြားကာ ျပန္လွည့္လာၿပီး ေခါက္ဆြဲဘူးကို နံေဘးနား႐ွိ မိႈက္ပုံးထဲသို႔ ပစ္ထည့္လိုက္ရင္း အေပၚထပ္သို႔ ေျပးတက္သြား၏။ ၄ႏွစ္တာအက်င့္က ခ်ိဳးေဖာက္ရန္ အေတာ္ပင္ခက္ခဲလွသည္။
သူမတို႔ႏွစ္ဦးခ်စ္သူျဖစ္သြားၿပီးေနာက္ စူးေထာင္သည္ ႐ွဲ႕က်င္၏ဗီလာတြင္ေနခဲ့သည္။ ႐ွဲ႕က်င္တစ္ေယာက္ သူမကိုေန႔တိုင္း တကၠသိုလ္အႀကိဳအပို႔လုပ္ေပးကာ တကၠသိုလ္ေက်ာင္းသားဘဝမွ အထက္တန္းေက်ာင္းသားဘဝ ျပန္ေရာက္သြားသကဲ့သို႔ပင္။
သူမ အမွန္တကယ္ပင္ အထက္တန္းက်က်ႏွင့္ ခပ္မိုက္မိုက္ ႐ွဲ႕က်င္၏ဗီလာကို သေဘာက်သည္။ အထူးသျဖင့္ အိပ္ခန္းက်ယ္ႀကီးထဲက ႏူးညံ့ညံ့အိပ္ရာကိုပင္။သူမတစ္ႀကိမ္လဲေလ်ာင္းမိလိုက္သည္ႏွင့္ ျပန္မထခ်င္ေတာ့ေပ။
တကယ္လည္းမထႏိုင္ေတာ့ဘဲ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားသည္။
အိမ္မက္ထဲမွာ သူမကမုန္လာထုပ္အျဖစ္ေျပာင္းလဲသြား၏။
႐ုတ္တရက္ႀကီး အျဖဴေရာင္ဝက္ဝဝႀကီးတစ္ေကာင္ေရာက္လာၿပီး အျမစ္မွစတင္တူးေတာ့သည္။
စိတ္ထဲတြင္ ငိုေႂကြးျမည္တမ္းေနၿပီး သူမကိုမစားရန္ေတာင္းပန္ေနေသာ္လည္း အသုံးမဝင္ေပ။ ထိုဝက္ဝဝႀကီးရဲ႕ပါးစပ္က အရက္နံ႔ႏွင့္အတူ သူမဆီသို႔ တျဖည္းျဖည္းလာေနသည္။
အရက္နံ႔လား?
စူးေထာင္သည္ ႐ုတ္တရက္လန္႔ႏိုးလာသည္။႐ွဲ႕က်င့္၏နက္ကတိုင္က ေလ်ာ့ရဲေနၿပီး အက်ႌၾကယ္သီးမ်ားကလည္း တစ္လုံးႏွစ္လုံးျဖဳတ္ထားကာ သူ၏အရက္နံ႔အျပည့္ ႏႈတ္ခမ္းက သူမရဲ႕ႏႈတ္ခမ္းေပၚတြင္႐ွိေန၏။
သူ႕ရင္ဘတ္ကိုတြန္းထုတ္လိုက္ေသာ္ျငား ေနရာမွားတြန္းမိသြားၿပီး သူ၏သြယ္လ်လ် လက္ေခ်ာင္းမ်ားက သူမေခါင္းေနာက္႐ွိဆံပင္ထဲသို႔ တိုးဝင္လာကာ ေခါင္းကိုကိုင္ၿပီး ပို၍ပင္ ခပ္ျပင္းျပင္းနမ္းလာသည္။
စူးေထာင္ - "..."
သူမ သူ႕ကိုကန္ထည့္လိုက္၏။
သူကတိုးတိုးေလး ညည္းျငဴရင္း ေနာက္ဆုံးတြင္ သူမႏႈတ္ခမ္းကိုလႊတ္လာေပးသည္။
႐ွဲ႕က်င္သည္ သူ၏ခႏၶာကိုယ္ေအာက္ပိုင္းကိုဖုံးကာ နာက်င္ေနေသာအမူအရာျဖင့္ အိပ္ယာေပၚတြင္ လွဲခ်လိုက္၏။
ကန္ခ်က္နည္းနည္းျပင္းထန္ပုံရေတာ့ စူးေထာင္ သူ႕အတြက္စိတ္မေကာင္းသလို ခံစားသြားရသည္။ "ကြၽန္မလူဆိုးေတြနဲ႔ တိုက္ခိုက္ေနတယ္လို႔ အခုေလးတင္အိမ္မက္ မက္ေနတာ။"
႐ွဲ႕က်င္တစ္ေယာက္ အနည္းငယ္ေျပေလ်ာ့သြားၿပီး သူရဲ႕မ်က္ဝန္းနက္နက္ကိုဖြင့္လိုက္ကာ အံႀကိတ္ေျပာလိုက္သည္။ " အေၾကာင္းျပခ်က္ေကာင္းပဲ။ ေ႐ွာင္ေထာင္ေလးက သိပ္ရက္စက္တာပဲ။ အခုလို ခပ္ၾကမ္းၾကမ္းကန္လိုက္တာ ကေလးမလိုခ်င္ေတာ့လို႔လား။"
စူးေထာင္ရဲ႕မ်က္ႏွာသည္ ေတာင့္တင္းသြား၏။ သူ႕အၾကည့္ကိုေ႐ွာင္ကာ ထထိုင္လိုက္ၿပီး အခန္းမွထြက္သြားရန္ ျပင္ေနသည္။"ကြၽန္မဒီေန႔ဓမၼတာ လာေနတာ။ေဘးအခန္းမွာပဲ ကြၽန္မသြားအိပ္ေတာ့မယ္။"
သူက သူမရဲ႕လက္ေကာက္ဝတ္ကို ဆုပ္ကိုင္ၿပီး အေနာက္ျပန္ ဆြဲယူလိုက္ရာ အတူတူလဲက်သြားၿပီး သူမအားခပ္တင္းတင္းေပြ႕ဖက္ထားေတာ့သည္။
"ကိုယ္မင္းကိုမထိဘူး။ အိပ္ေတာ့။"
"႐ွဲ႕က်င္" စူးေထာင္က သူ႕ကိုႏူးႏူးညံ့ညံ့ေခၚလိုက္ၿပီး " ကြၽန္မ ႐ွင့္ကိုေမးစရာ႐ွိတယ္။"
" အိပ္ေတာ့၊ မနက္ျဖန္မွပဲေျပာ။"
စူးေထာင္ သူမပါးစပ္ကို ပိတ္လိုက္ရသည္။
သူက ေျပာစကားေကာင္းေကာင္း နားေထာင္ေပးတဲ့သူမဟုတ္သလို သူမ ဘာလိုခ်င္တယ္၊ ဘာေျပာခ်င္တယ္ဆိုတာကိုလည္း ဂ႐ုမစိုက္ဘူး။ ဘာေမးခြန္းေတြမွ မေမးဘဲ သူ႕စကားအၿမဲနားေထာင္ေပးမယ့္သူကိုပဲ လိုခ်င္တာ။
က်န္းေထာင္၊ ဝမ္ေထာင္ ဒါမွမဟုတ္ လီေထာင္တို႔ေတာင္ အစားထိုးလိုက္ႏိုင္သည္ပင္။
သူမသဘာေပါက္သြားၿပီးတဲ့ေနာက္တြင္ သက္ျပင္းတစ္ခ်က္ခ်လိုက္မိ၏။ အရင္တုန္းက ထင္ထားခဲ့သလိုမ်ိဳး သူကသူမအတြက္ အေရးမႀကီးေတာ့သလို လမ္းခြဲဖို႔လည္း ပို၍လြယ္ကူသြားႏိုင္သည္။
စူးေထာင္သည္ ပထမဆုံးေသာ မနက္ခင္းေနေရာင္ျခည္အလင္းေရာင္ေၾကာင့္ အၿမဲတမ္းႏိုးေလ့႐ွိၿပီး တိတ္ဆိတ္သည့္မနက္ခင္းတြင္ ေစာေစာထရသည္ကို သေဘာက်သည္။
အခ်ိန္အမ်ားစုတြင္ သူမသည္ ဗီလာ၌ေနကာ ျပတင္းေပါက္ေဘာင္ေပၚတြင္ ေခါင္းအုံးတစ္လုံးႏွင့္မွီရင္း စာအုပ္ဖတ္ရသည္ကို ႀကိဳက္၏။ အခ်ိန္ေရာက္လာေတာ့ မနက္စာလုပ္ဖို႔ မီးဖိုေခ်ာင္ကို သြားလိုက္သည္။
သူမက မခ်က္ျပဳတ္တတ္ေခ်။ ၾကက္ဥေၾကာ္ျခင္း၊ေပါင္မုန္႔မီးကင္ျခင္း၊ ႏြားႏို႔အပူေပးျခင္းေလာက္ကိုသာ လုပ္တတ္၏။ သူမ ေက်ာင္းတက္တုန္းက တစ္ခါတရံ အရသာၿငီးေငြ႕ျခင္းမွ သက္သာေစရန္အျပင္ဘက္ျခမ္းမွ မနက္စာ သို႔မဟုတ္ သြားရည္စာမ်ားကို ဝယ္စားေလ့႐ွိ၏။
သို႔ရာတြင္ ႐ွဲ႕က်င္မွာမူ ဘယ္ေတာ့မွ ၿငီးေငြ႕သည္မ႐ွိ၊မနက္စာကို စိတ္ေက်နပ္တဲ့အထိ ေန႔တိုင္းစားသည္။ စူးေထာင္ဟာ ႏြားႏို႔ပူပူကိုစားပြဲေပၚတင္ေနတုန္း သူက သူမ၏ခပ္ေႏြးေႏြး ကိုယ္ခႏၶာကို ေပြ႕ဖက္လိုက္၏။ ေန႔တိုင္း သူက စူးေထာင္ကို လိုက္႐ွာကာ သူမအား သူ႕လက္ထဲတြင္ေထြးေပြ႕ၿပီးမွသာ သက္ေသာင့္သက္သာျဖစ္သလိုခံစားရသည္။
႐ုတ္တရက္ တစ္စုံတစ္ခုကိုသတိျပဳမိသြားၿပီး စားပြဲေအာက္႐ွိအမိႈက္ပုံးကို ဆြဲထုတ္ရန္ ေျခေထာက္ဆန္႔လိုက္၏။ အသင့္စား ေခါက္ဆြဲေျခာက္ဘူးက အထဲတြင္အခန္႔သား ႐ွိေနသည္။
အႏၲာရယ္႐ွိေသာအ႐ွိန္အဝါျဖင့္ မ်က္လုံးစင္းကာ သူမကိုၾကည့္လိုက္၏။သူ၏ အိပ္ရာထကာစ အသံခပ္အက္အက္ျဖင့္ " ေ႐ွာင္ေထာင္ေလး အသင့္စားေခါက္ဆြဲေတြ ခိုးစားေနျပန္ၿပီလား။"
စူးေထာင္ရဲ႕ေက်ာကုန္းက ေတာင့္တင္းသြားေပမယ့္ ျပန္ေျပေလ်ာ့သြားသည္။
"အမ္း"
"အမ္း?" ႐ွဲ႕က်င္သည္ သူမ မ်က္ႏွာေျပာင္တိုက္ကာသူ႕ေမးခြန္းကို လ်စ္လ်ဴ႐ူမည္ဟု မေမွ်ာ္လင့္ထားေခ်။ "'အမ္း' ဆိုတာ ဘာကိုဆိုလိုခ်င္တာလဲ။"
" 'အမ္း'ဆိုတာ ကြၽန္မ႐ွင့္ရဲ႕ေမးခြန္းကို ေျဖေနတာေလ။ကြၽန္မအသင့္စားေခါက္ဆြဲကို စားထားတယ္။" သူ႕ကိုတည့္တည့္ၾကည့္ကာ စူးေထာင္ျပန္ေျဖေပးလိုက္သည္။
ေျဗာင္က်က် ရန္စေနတာပဲ! ဒီကေလးမေလးကို တစ္ရက္ေလာက္ဂ႐ုမစိုက္မိရင္ သူမက အိမ္ေပၚကနံရံေတြပါၿဖိဳခ်မွာ။
" ေ႐ွာင္ေထာင္ေလး......"
႐ွဲ႕က်င္စကားေျပာလို႔မၿပီးေသးခင္မွာပင္ စူးေထာင္က ေျခဖ်ားေထာက္လိုက္ၿပီး သူ႕ကိုအနံ႔ခံလိုက္ရာ မ်က္ေမွာင္ၾကဳတ္သြားရ၏။"႐ွင္မေန႔က ေရမခ်ိဳးလိုက္ရဘူးလား။"
႐ွဲ႕က်င္သည္ အံ့အားသင့္သြားၿပီး ႐ုတ္တရက္ ေရမခ်ိဳးလိုက္ရမွန္း မွတ္မိသြားသည္။ သူျငင္းပယ္ ခံလိုက္ရတာလား။
သူ၏ေဒါသေပါက္ကြဲလာခါနီးတြင္ စူးေထာင္က သူမရဲ႕ေအးစက္စက္လက္ေလးျဖင့္ သူ႕လက္ကိုဆုပ္ကိုင္ကာ အိပ္ခန္းမွသူ႕ကိုဆြဲထုတ္ၿပီး ေရခ်ိဳးရန္ တိုက္တြန္းလိုက္၏။ ပိတ္ထားေသာ ေရခ်ိဳးခန္းထဲတြင္ ႐ွဲ႕က်င္၏ေဒါသမ်ား သိသိသာသာေလ်ာ့က်သြားၿပီး သက္ျပင္းခ်လိုက္ကာ ေ႐ြးခ်ယ္စရာမ႐ွိဘဲ ေရပန္းကိုဖြင့္လိုက္ရသည္။
စူးေထာင္သည္ ျပန္လွည့္ၿပီး အဝတ္ခန္းသို႔သြားကာ သူဒီေန႔ဝတ္သြားမည့္ အဝတ္အစားႏွင့္လိုက္ဖက္မည့္နက္ကတိုင္ကို ေ႐ြးေန၏။ အဝတ္ခန္းက ႐ွဲ႕က်င္စိတ္တည္ၿငိမ္ေစရန္ သူမအသုံးျပဳေလ့႐ွိေသာ စႏၵကူးရနံ႔မ်ားျဖင့္ ဖုံးလႊမ္းေနသည္။ သို႔ေသာ္လည္း အက်ိဳးသက္ေရာက္မႈ နည္းပုံရ၏။
မည္သို႔ပင္ျဖစ္ေစကာမူ ႐ွဲ႕က်င္က ထိုရနံ႔ကိုႏွစ္သက္ပုံရၿပီး အၿမဲတမ္းလိုလို အသုံးျပဳေနသည္။
သူ၏ဝတ္စုံကို ေ႐ြးခ်ယ္ၿပီးေနာက္ စူးေထာင္တစ္ေယာက္ သူမအတြက္ ဒီေန႔ဝတ္မည့္ဝတ္စုံကို ဝတ္လိုက္၏။ အဝါႏုေရာင္ အက်ႌ၊အျဖဴေရာင္ေဘာင္းဘီ႐ွည္အျပင္ အေရာင္ခပ္လင္းလင္း ေဒါက္ဖိနပ္ႏွင့္ သူမက ပေရာ္ဖက္႐ွင္နယ္က်ၿပီး ပို၍ ရင့္က်က္ပုံေပၚသည္။
ေရခ်ိဳးခန္းထဲမွ ႐ွဲ႕က်င္ထြက္လာၿပီး အဝတ္အစားလဲၿပီးသြားေသာ စူးေထာင္ကိုျမင္လိုက္ရ၏။ သူက အခ်ိန္တစ္စကၠန္႔ၾကာ တုံ႔ဆိုင္းသြားၿပီး အနည္းငယ္မ်က္ေမွာင္ၾကဳတ္လိုက္သည္။
"ဒီေန႔ ဘာလို႔ ပန္းႏုေရာင္ဝတ္စုံ မဝတ္ရတာလဲ။"
စူးေထာင္က သူ႕ကို ႐ွပ္အက်ႌကိုေပးလိုက္ရင္း သူ႕လည္ပင္းေပၚ နက္ကတိုင္တင္လိုက္ကာ "ကြၽန္မ မႀကိဳက္လို႔။"
"မင္းက အဲဒီအေရာင္နဲ႔ဆို ၾကည့္ေကာင္းတယ္။ မင္းပန္းႏုေရာင္ ဝတ္တာကို ကိုယ္ႀကိဳက္တယ္။" ႐ွဲ႕က်င္ဟာ သူမကိုၾကည့္ရင္း ေလးေလးနက္နက္ေျပာလိုက္သည္။
စူးေထာင္က ႐ွဲ႕က်င္းဟာ ဘာလို႔ သူမပန္းႏုေရာင္ဝတ္ထားရင္ သေဘာက်မွန္း မသိေခ်။ သူမက ပန္းႏုေရာင္ကို မႀကိဳက္ေသာ္လည္း သူႀကိဳက္ရင္ သူ႕သေဘာအေလ်ာက္ သူမဝတ္ေပးလိုက္သည္ပင္။
ဘယ္လိုပဲျဖစ္ျဖစ္ ခ်င္႐ြယ္႐ွီးလည္း ပန္းႏုေရာင္ႀကိဳက္သည္ သိလိုက္ရၿပီးေနာက္တြင္ သူမအေရာင္ႏွင့္ပက္သက္ၿပီး အတိုက္အခံလုပ္လာသည္။
တျခားသူတစ္ေယာက္၏ အစားထိုးခံျဖစ္ဖို႔ သူမသည္းမခံႏိုင္ေပ။
ပထမဆုံးအႀကိမ္ ကုမၸဏီမွာ ေကာလဟာလကိုၾကားခဲ့တုန္းက သူ႕အား ခ်င္႐ြယ္႐ွီးကို ႀကိဳက္ေနတာမဟုတ္လား၊သူမက အစားထိုးခံသက္သက္ပဲမလား ဟုေမးခဲ့သည္။
႐ွဲ႕က်င္က ႐ိုး႐ိုး႐ွင္း႐ွင္းပင္ သူမအား သူ႕စကားကိုသာ နားေထာင္ရန္ႏွင့္ တျခားသူမ်ားရဲ႕အတင္းစကားကိုနားမေယာင္မိေစရန္အျပင္ တစ္ေန႔လုံးေတြးမေနဖို႔ပါ ေျပာလာခဲ့၏။
သူ႕ရဲ႕ ဒီလိုတုံးတိတိ တုံ႔ျပန္မႈက သူမ၏ သံသယစိတ္ကို သိသိသာသာ ပိုမိုအားေကာင္းလာေစသည္။
ေနာက္ဆုံးတြင္မူ သူမဆက္မေတြးႏိုင္ေလာက္ေအာင္ ပင္ပန္းေနႏွင့္ၿပီ။
"႐ွဲ႕က်င္ ကြၽန္မ ႐ွင့္ကိုေမးစရာ႐ွိတယ္။" စူးေထာင္ မေန႔ညက သူမကိုေျပာခြင့္မျပဳထားတဲ့စကားကို အစခ်ီလိုက္သည္။
"ဝတ္စုံ အရင္လဲလိုက္ၿပီးမွ ေမး။"
သူဒီစကားေျပာလိုက္ၿပီးသည္ႏွင့္ တၿပိဳင္နက္ စူးေထာင္သည္ နက္ကတိုင္ကို ခပ္တင္းတင္းခ်ည္ေပးလိုက္ၿပီး လည္ပင္းညစ္ပစ္လိုက္ခ်င္၏။
ျပစ္မႈက်ဴးလြန္မည့္အေတြးမ်ားကို ခပ္ျမန္ျမန္ဖယ္ထားလိုက္ၿပီး ပန္းႏုေရာင္ဝတ္စုံကို ဝတ္ဆင္လိုက္သည္။ သူမတြင္ ထိုကဲ့သို႔ ပုံစံတူ ၆ထည္႐ွိေန၏။
ထို ဝတ္စုံမ်ားသည္ ေဈးႀကီးၿပီး အကုန္လုံးကို ႐ွဲ႕က်င္က ဝယ္ထားေပးသည္။
႐ွဲ႕က်င္၏ ဝတ္စုံျပည့္ဝတ္ထားေသာ ေျဖာင့္တန္းေနသည့္ ခႏၶာကိုယ္အေပၚပိုင္းႏွင့္ ႐ွည္ၿပီး ထင္းထြက္ေနေသာအသြင္အျပင္က international catwalkေတြမွာ လမ္းတက္ေလွ်ာက္ရင္ေတာင္ ေမွးမွိန္သြားမည္ မဟုတ္ေခ်။
႐ွဲ႕က်င္သည္ ပန္းႏုေရာင္ ဝတ္စုံႏွင့္ သူမကို စိတ္ေက်နပ္စြာၾကည့္လိုက္ၿပီး ေနာက္ဆုံးမွာမူ သူမအား ေမးခြန္းေမးရန္ အခြင့္အေရးေပးလိုက္၏။ "ေမးေလ"
"တကယ္လို႔ ကြၽန္မ ႏႈတ္ထြက္ခ်င္တယ္ဆိုရင္ ဘယ္ႏွစ္ရက္ေလာက္ႀကိဳတင္ၿပီး ႏႈတ္ထြက္စာတင္ရမလဲ။"