ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၅၄)
ဒီနှစ် ချန်ဒူမြို့တွင် မေလ၏ ရာသီဥတုက ပူနွေးသည်ဟု မယူဆနိုင်ပေ။ ယွမ်ကျိုးက စားသောက်ဆိုင်များရှိသော ဈေးတန်းလမ်းသို့ လမ်းလျှောက်ထွက်လာသည်။
သာမန်တီရှပ်၊ ကာကီရောင်ဘောင်းဘီကို ဝတ်ဆင်ထားသော ယွမ်ကျိုး၏စတိုင်က ယခင်နှင့် ခြားနားမှု မရှိပေ။ တစ်ခုတည်းသော ခြားနားချက်က သူ့အဝတ်အစား၏အရောင် ဖြစ်သည်။ ယခင်ကဆိုလျှင် သူက အရောင်ပါသော အဝတ်အစားများ ဝတ်လေ့ သိပ်မရှိသော်လည်း ယခုတော့ အဝတ်အစားအရောင်များကို ဂရုစိုက်စရာ မလိုအပ်ပေ။
ဤအစားအသောက်ဈေးတန်းလမ်းက ချန်ဒူမြို့ရှိ အကြီးမားဆုံး ဈေးတန်းလမ်း ဖြစ်သည်။ စားသောက်ဆိုင်များကို အစီအစဉ်တကျ လမ်းတစ်လျှောက် တန်းစီထားသည်။
ပထမဆုံးအလွှာတွင် သာမန်လူတန်းစားများအတွက် သင့်လျော်သော အစားအသောက်များကို ရောင်းချသည်။ ယခုအချိန်က နေ့လည်စာ စားချိန်ဖြစ်သောကြောင့် စားသုံးသူဖောက်သည် အစုအဝေးက စီးပွားရေးကောင်းမွန်သော သရုပ်ကို ဖော်ပြနေသည်။
ယွမ်ကျိုးက အစားအသောက်
ဂျီးများသူ မဟုတ်ပေ။ ထို့ကြောင့် အစားအသောက် မွှေးရနံ့အပေါ် မူတည်ပြီး လတ်ဆတ်သော အစားအသောက် ရောင်းချသည်ဟု ယူဆကာ စားသောက်ဆိုင်ကို ရွေးချယ်လိုက်သည်။ ထို့နောက် ဆိုင်အနီးအနား လမ်းလျှောက်သွားသည်။
"မြို့ဟောင်းပေါက်စီအိမ်တော်" ယွမ်ကျိုးက စားသောက်ဆိုင်ထဲ မဝင်ရောက်ခင် အရင်ဆုံး ကြည့်လိုက်သည်။
ဘာစားရမလဲက ပြဿနာမရှိပေ။ အသုံးပြုထားသော ပစ္စည်းများ လတ်ဆတ်မှုရှိရန် က ပို၍အရေးကြီးဆုံး ဖြစ်သည်။
ဆိုင်ထဲတွင် ဖောက်သည် အတော်အတန်ရှိသည်။ အများစုက ပေါက်စီ နှင့် စွပ်ပြုတ်ကို မှာယူကြပြီး ဆိုင်၏အစားအသောက်များကို နှစ်သက်ပုံပေါက်သည်။
"သူဌေး၊ ကျွန်တော်ကို အရွက်ပေါက်စီ၊ စွပ်ပြုတ်တစ်ပွဲ နဲ့ မှိုဟင်းချိုတစ်ခွက် ပေးပါ"
ယွမ်ကျိုးက မီနူးစာရွက်ကို ကြည့်ကာ ဟင်းပွဲ အော်ဒါတင်သည်။
"ဟင်းပွဲအားလုံး ခဏနေရင် ရပါမယ်။ ခဏစောင့်ပေးပါ"
ဤစားသောက်ဆိုင်ကို လင်မယားနှစ်ယောက် ဦးဆောင် ဖွင့်လှစ်ထားသည်။ ယောက်ျားဖြစ်သူ၏ ရုပ်ရည်က ရိုးရှင်းပြီး ရိုးသားပွင့်လင်းပုံပေါက်သည်။ သူ့လက်မောင်းများက သန်မာကြံ့ခိုင်သည်။ သူ့မျက်နှာက မုန့်ညှက် နယ်ရသော အရှိန်ကြောင့် နီရဲနေသည်။ ဇနီးသည်က စမတ်ကျကျ ဝတ်စားဆင်ယင်ထားသည်။ သူမက ဆံပင်ကို လှိုင်းတွန့်ပုံစံကောက်ထားပြီး မိတ်ကပ်ခပ်ပါးပါး လိမ်းခြယ်ထားသည်။ သူမ၏ရုပ်ရည်က ဆွဲဆောင်မှု ရှိပြီး သက်ဝင်လှုပ်ရှားနေသည်။
သူမက သင်္ချာကျွမ်းကျင်ပုံပေါက်ပြီး ငွေများကို လက်ခံကာ ဟင်းပွဲများကို နေရာချထားပေးသည်။
တစ်ပြိုင်နက်တည်း လုပ်ဆောင်သော်လည်း အလုပ်နှောင့်နှေးမှု မရှိပေ။
"ဒီမှာ ရှင်မှာထားတဲ့ ပေါက်စီနဲ့ စွပ်ပြုတ်ပါ။ မှိုဟင်းချိုက ဟိုဘက်အိုးမှာပါ။ မင်းဘာသာမင်း ခပ်ထည့်ပါ"
၎င်းအမျိုးသမီးက ပေါက်စီ၄လုံးကို သူ့ဆီ သယ်လာသည်။ ပူပူနွေးနွေးပေါက်စီဖြစ်သောကြောင့် ဂျုံသားမှ မွှေးကြိုင်သောရနံ့များ ထုတ်လွှင့်နေသည်။
ခွက်ကို ယူလိုက်ပြီးနောက် စွပ်ပြုတ်အပူချိန်က ချက်ချင်း သောက်ရန် သင့်လျော်မှန်း သဘောပေါက်လိုက်သည်။ ရေညှိပန်းကန်ပြားလေးကိုလည်း ဗန်းပေါ် တင်ပေးထားပြီး အလကားပေးထားသည်။
ယွမ်ကျိုးက လည်ချောင်းရှင်းအောင် စွပ်ပြုတ် တစ်ငုံ့သောက်ပြီးမှ ပူပူနွေးနွေးပေါက်စီ အရသာကို မြည်းစမ်းကြည့်ရန် ပြင်ဆင်သည်။
ပေါက်စီမှ လတ်ဆတ်သော ရနံ့များ ထွက်ပေါ်နေပြီး ဂျုံသား၏ရနံ့များလည်း သင်းကြိုင်နေသည်။ တစ်ကိုက်စားကြည့်ရုံဖြင့် ဟင်းသီးဟင်းရွက်များ၏ နူးညံ့သော ရနံ့က သူ့လည်ချောင်းထဲ ဆင်းသက်သွားသည်။ ထိုစဉ်အခိုက်အတန့် ယွမ်ကျိုး မျက်မှောင်ကြုတ်လိုက်သည်။
သူ့အာရုံငါးပါး ခွန်အားတိုးတက်လာတည်းက ယွမ်ကျိုး၏လျှာဖျား နှင့် နှာခေါင်းက နည်းနည်းလေးကိုပင် အာရုံခံနိုင်သည်။ ဂျုံ၏မွှေးကြိုင်သောရနံ့ နှင့် အသီးအရွက်၏ကြွပ်ဆတ်မှုမှ လွဲ၍ ကြောက်ခမန်းလိလိ ငုပ်လျှိုးနေသော အနံ့အသက်က ဖုံးကွယ်မရပေ။
သိပ်ထားသောအစာ အနေဖြင့် အသုံးပြုထားသော ဟင်းသီးဟင်းရွက်များပင် အဆီဓာတ် မပါဝင်သော်လည်း အရသာပိုကောင်းမွန်အောင် စားဆီရောနှောထားသည်။ အသုံးပြုထားသောဆီက အရည်အသွေးနိမ့်၍ ယွမ်ကျိုး အရသာခံကြည့်ရန် ခက်ခဲနေသည်။ ပေါက်စီ အပေါ်ယံအသားကို ထိုးသွပ်ထည့်လိုက်သောအခါ ဂျုံသားကလည်း တကယ်တမ်း လတ်ဆတ်မှု မရှိပေ။
"စနစ်ရေ၊ ဒီလိုဟင်းပွဲမျိုးက မျိုချဖို့တောင် တော်တော် ခက်ခဲတယ်" ယွမ်ကျိုးက
မကျေမနပ် ညည်းညူ ပြောဆိုသည်။
စနစ် "ဆိုင်ရှင်၊ ခင်ဗျားက တခြားစားဖိုမှူးတွေရဲ့ ဟင်းချက်တဲ့အခါ စိတ်အားထက်သန်တဲ့ အပြုအမူကို လေ့လာရမှာပါ။ မင်းရဲ့အစားအသောက်တွေကို တိုးတက်အောင် ဒီစွန့်စားခန်းခရီးစဥ်မှာ ပိုကြိုးစားပေးပါ"
"ငါက နှလုံးသားနဲ့ ရင်းနှီးပြီး လေ့လာနေချိန်မှာ စွန့်စားတယ်ဆိုတဲ့ စကားလုံးကို မသုံးလို့ ရမလား" ယွမ်ကျိုးက စနစ်၏အသုံးအနှုန်းကို မကျေနပ်၍ ချက်ချင်း ပြန်ပြောသည်။
ထို့နောက် ယွမ်ကျိုးက အရသာမြည်းစမ်းရန် နောက်ထပ်ဆိုင်တစ်ဆိုင်သွားသည်။
ပထမတစ်ရက်မှာပင် ယွမ်ကျိုးက ဟင်းပွဲ အရသာများကို မြည်းစမ်းရန် ငွေဖြုန်းရသည်။
"ကလင် ကလင် ကလင်"
ယွမ်ကျိုးက သူ့ဖုန်းနှိုးစက်သံကြောင့် မနက်ခင်းတွင် အိပ်ရာစောစောထသည်။ သူ ယခုလို နှိုးစက်ပေးထားရသည့် အကြောင်းအရင်း တစ်ခုတည်းသာ ရှိသည်။
သူ ကြိုတင်ပြင်ဆင်ထားသော A4စာရွက်ကို ကောက်ယူကာ အောက်ထပ်ပြေးဆင်းပြီး အရှေ့တံခါးမှာ ကပ်လိုက်သည်။
ထို့နောက် သူ အိမ်ထဲပြန်ဝင်လိုက်ပြီး အချိန်ကြာကြာ ဆက်အိပ်ခွင့်ရရန် မျှော်လင့်သည်။
ယွမ်ကျိုး အခန်းထဲ ပြန်ရောက်ရောက်ချင်း အိပ်ရာပေါ်မှာ မလှဲခင် အပြင်ဘက်မှ ဆူဆူညံညံအသံများကို ရုတ်တရက်ကြားလိုက်ရသည်။
သေချာနားစွင့်ကြည့်လိုက်လျှင် စားသောက်ဆိုင်ဝင်ပေါက်နားမှ အော်သံများ ဖြစ်နေသည်။ ခဏစဉ်းစားပြီးနောက် သူ ရေမိုးချိုးပြီး စားသောက်ဆိုင် အပြင်ဘက် ထွက်လာသည်။
.........
တခြားတစ်ဖက်တွင်မူ
ဒုဌာနမှူးလီက အခွန်ရုံးသို့ သွားသည်။ သူက ယွမ်ကျိုး၏စားသောက်ဆိုင်ကို စစ်ဆေးရေးဝင်ရန် ကြံရွယ်ထားသည်။
တကယ်တမ်း သူ့ကို ပေးအပ်သော တာဝန်ကို ငြင်းပယ်ပစ်ချင်သည်။ သံသယဝင်ခံရသော စားသောက်ဆိုင်ကို စုံစမ်းစစ်ဆေးရေး ဝင်ရောက်ရန် ကုန်သွယ်ရေး နှင့် စက်မှုလုပ်ငန်း အစိုးရဌာနသို့ သတင်းပေးလိုက်လျှင် အဆင်ပြေသည်။ ဌာနမှူးချုပ်က သူ့ကို ကိုယ်တိုင် သွားရောက် စစ်ဆေးခိုင်းလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
သူ့အထက်လူကြီးက စေခိုင်းသော အမိန့်ဖြစ်သည့်တိုင် အလုပ်နေရာသို့ အရင်ဆုံးသွားပြီးမှ စုံစမ်းစစ်ဆေးရေးကို ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။
"ဘယ်သွားမလို့လဲ ဌာနမှူးလီ"
လုပ်ငန်းစဉ်အားလုံး ပြီးစီး၍ အလုပ်မှ ထွက်လာခါနီး တခြားဌာနမှ ဌာနမှူးဝမ်နှင့် အမှတ်တမဲ့ တွေ့သည်။
"အိုး ... ဝမ်၊ ဌာနမှူးချုပ်ပေးတဲ့တာဝန်ကို သွားထမ်းဆောင်မလို့ပါ။ မင်းရော"
သူက ရပ်တန့်လိုက်ပြီး ပြန်ဖြေသည်။
"ကောင်းတာပေါ့၊ ဒုဌာနမှူးလီ။ ငါတို့အထက်လူကြီးက မင်းကို တောက်ပခွင့်ပေးပြီပေါ့ ဟုတ်လား" ဌာနမှူးဝမ်က ဟန်ဆောင်ပြုံးဖြင့် ဟန်ကိုယ့်ပြောဆိုသွားသည်။
ဒုဌာနမှူးလီက ဒွိဟဖြစ်သွားသော်လည်း သူ့ အထက်လူကြီး ပေးအပ်ထားသော တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည်။သူ့ဗိုက်ပူပူကို ပွတ်သပ်ပြီးနောက် ယွမ်ကျိုး၏စားသောက်ဆိုင်သို့ ထွက်လာခဲ့သည်။ နဖူးပြောင်ပြောင်နှင့်အမျိုးသားက ဂရုတစိုက်ကားမောင်း၍ မိနစ်၂၀အတွင်း သွားလိုရာ နေရာသို့ ရောက်သွားသည်။
ယွမ်ကျိုး၏စားသောက်ဆိုင် ဝင်ပေါက်မှာ အံ့ဩဖွယ်ကောင်းသော ရှိုးလ်ပွဲက ဒုဌာနမှူးလီကို စောင့်မျှော်နေသည်။
"ဂီးလ်... ဒေါသထွက်လိုက်တာနော်။သူဌေးယွမ် ဘယ်ရောက်သွားပြန်တာလဲ"
တစ်စုံတစ်ယောက်က အသံကျယ်ကျယ်ဖြင့် ထအော်သည်။
"ဘုရားသခင်ပဲ သိလိမ့်မယ်။ စားသောက်ဆိုင်ကို ပိတ်ထားတာ ၂ရက်ရှိပြီ" တခြားတစ်ယောက်က ချက်ချင်း မကျေမနပ် ပြောဆိုသည်။
"ဒီလို ထူးဆန်းတဲ့ အကြောင်းပြချက်တွေက တကယ့်ကို အံ့ဩစရာပဲ။ စားသောက်ဆိုင်ဖွင့်ပြီး ပုံမှန်စီးပွားရေးအလုပ် မလုပ်တော့ဘူးလား မသိဘူး" တစ်ယောက်ပြီးတစ်ယောက် မကျေမနပ် ပြောဆိုကြသည်။
ထိုစဉ် အခိုက်အတန့် အားနည်းသောအမျိုးသမီး၏အသံ ထွက်ပေါ်လာသည်။ "ငါ စစ်ဆေးကြည့်ပြီးပြီ။ မနေ့တုန်းက အပြည်ပြည်ဆိုင်ရာ ဆံပင်မြတ်နိုးသူများနေ့ဆိုတာက ဟုတ်ရော ဟုတ်ရဲ့လား"
“ဘာလဲ တကယ်လား" သူမ၏စကားသံကြောင့် တခြားသူများက ချက်ချင်း ခွန်းတုံ့ပြန်သည်။
"အခုပြောနေတာက အဓိကအချက် ဟုတ်လို့လား။ အရေးကြီးဆုံးက ငါတို့စားချင်တဲ့ ဟင်းပွဲတွေကို စားရဖို့ပဲ မဟုတ်ဘူးလား" တိုးလျသောအသံက ညံနေသော အသံကို ချက်ချင်း ဖုံးလွှမ်းသွားပြီး လူအုပ်စုကြီးက ပြဿနာအသစ်ကို စတင်ဆွေးနွေးသည်။ ဒုဌာနမှူးလီက ဆိုင်နား ရောက်လာလာချင်း ဤမြင်ကွင်းကို ပထမဆုံးအကြိမ် မြင်တွေ့ရသည်။
“ဒီလူအုပ်စုက ဘာလို့ဒေါကန်နေတာလဲ။ ဘာဖြစ်တာလဲ"
ခဏတုံ့ဆိုင်းပြီးနောက် ဒုဌာနမှူးလီက အခြေအနေကို စုံစမ်းကြည့်ရန် ဆုံးဖြတ်ခဲ့သည်။
"ဟေ့ ညီအစ်ကိုတို့ရေ ဘာတွေဖြစ်နေတာလဲ။ သူဌေးက ငွေလိမ်ပြီး ထွက်ပြေးသွားလို့လား" ယွမ်ကျိုး၏ ကြေညာထားသော အခွန်နှုန်းကို တွေးမိ၍ ဒုဌာနမှူးလီ လေးနက်စွာ မေးမြန်းသည်။
"ခင်ဗျားက ဒီဆိုင်ကို အခုမှရောက်ဖူးတာလား။ ခင်ဗျား ပြောသလို မဟုတ်ပါဘူး။ ငါတို့အားလုံးက ဒီ စားသောက်ဆိုင်မှာ အစားအသောက် လာစားတာပါ"
"ဟုတ်လား။ သူ့ဆီကနေ အစားအသောက် ဝယ်စားရဖို့ အရေး တန်းစီစောင့်နေတာလား။ ဒါကြောင့်မို့ ဒီနေရာမှာ လူစုနေတာလား" ဒုဌာနမှူးလီက တွေဝေသွားသည်။ သူတို့အားလုံး စုဝေးနေသည်မှာ မိနစ်၂၀ကြာနေသည့်တိုင် ဇွဲမလျော့ဘဲ ပိတ်ထားသော စားသောက်ဆိုင် အရှေ့မှာ စောင့်ဆိုင်းနေသည်။
"ခင်ဗျားက လူသစ်ဆိုတော့ ဒီလိုအပြုအမူတွေကို နားလည်ရခက်နေမှာပဲ။ ခင်ဗျားလည်း လှည့်ဖြား မခံရတာ ကံကောင်းတယ်" ၎င်းအမျိုးသားက မနှစ်မြို့ဖွယ်ကောင်းအောင် ပြုံးနေ၍ ဒုဌာနမှူးလီ ကျောချမ်းသွားသည်။
"ကောင်းပြီလေ။ အရှေ့ကိုသွားပြီး ငါကိုယ်တိုင် စုံစမ်းစစ်ဆေးကြည့်မယ်"
ဒုဌာနမှူးလီက စားသောက်ဆိုင်ဝင်ပေါက် အရှေ့သို့ ရောက်အောင် ဖြည်းဖြည်းချင်း တိုးသွားသည်။
အသိပေးစာ "ယနေ့က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးကာကွယ်စောင့်ရှောက်သူများနေ့ပါ။ ဆိုင်ကို တစ်ရက်နားဖို့ ကြေညာပါတယ်"
ဒုဌာနမှူးလီက သူ့ကိုယ်သူ စာမှားဖတ်မိသည်ဟုပင် ခံစားမိသည်။ အစိုးရဝန်ထမ်းဖြစ်သောကြောင့် အစိုးရအလုပ်ပိတ်ရက်များကို သေချာသိသည်။ သို့တိုင် ယခုလို အပြည်ပြည်ဆိုင်ရာ နေ့ထူးနေ့မြတ်ကို တစ်ခါမှ မမြင်တွေ့ဖူးပေ။
ကောင်မလေး တစ်ယောက်က ဖုန်းဖွင့်လိုက်ပြီး အင်တာနက်ပေါ်တွင် ယင်းနေ့ထူးနေ့မြတ် ရှိ/မရှိ စစ်ဆေးကြည့်သည်။ "ငါ ရှာကြည့်ပြီးပြီ။ အဲဒီပိတ်ရက် တကယ်ရှိတယ်"
"ဘယ်လို" အကြီးအကျယ်တုပ်လှုပ်သွားသူက ဒုဌာနမှူးလီ ဖြစ်ပြီး အရှေ့ဘက် အတင်းတိုးပြီး မိုဘိုင်းဖုန်း၏
ဖန်သားပြင်ကို ကြည့်သည်။
စာဖတ်ကြည့်ပြီးနောက် ဤပိတ်ရက် တကယ်ရှိမှန်း နားလည်သွား၍ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
အပိုင်း(၅၄)
ပြီးပါပြီ။