နတ်ဆိုးဘုရင်ကဇာတ်ညွှန်းအတိုင်...

Von keodilan

11.3K 796 53

Short Title:DLOFS Alternate Title:魔尊只想走剧情 Status:Completed Author:Jimo Yao Genre:Adventure, Comedy, Drama, Fa... Mehr

Read First
Description
အပိုင်း(အပိုင်း၁.၁) Unicode
အပိုင်း(အပိုင်း၁.၂) Unicode
အပိုင္း(အပိုင္း၁.၁)Zawgyi
အပိုင္း(အပိုင္း၁.၂)Zawgyi
အပိုင်း(၂.၁) Unicode
အပိုင်း(၂.၂) Unicode
အပိုင္း(၂.၁)Zawgyi
အပိုင္း(၂.၂) Zawgyi
အပိုင်း(၃.၁) Unicode
အပိုင်း(၃.၂) Unicode
အပိုင္း(၃.၁)Zawgyi
အပိုင္း(၃.၂)Zawgyi
အပိုင်း(၄.၁)Unicode
အပိုင်း(၄.၂) unicode
အပိုင္း(၄.၁)zawgyi
အပိုင္း(၄.၂)zawgyi
အပိုင်း(၅)Unicode
အပိုင္း(၅)Zawgyi
အပိုင်း(၆) Unicode
အပိုင္း(၆)Zawgyi
အပိုင်း(၇) Unicode
အပိုင္း(၇)zawgyi
အပိုင်း(၈.၁) Unicode
အပိုင်း(၈.၂) Unicode
အပိုင္း(၈.၁) zawgyi
အပိုင္း(၈.၂) zawgyi
အပိုင္း(၉.၁)/အပိုင်း(၉.၁)
အပိုင်း(၁၀) Unicode
အပိုင္း(၁၀)zawgyi

အပိုင္း(၉.၂)/ အပိုင်း(၉.၂)

227 32 3
Von keodilan

Unicode



အပိုင်း(၉.၂)

အေးစက်တဲ့အလင်းဖျော့ဖျော့လေးက သူ့မျက်ဝန်းထဲဖြတ်ပြေးသွားတယ်။ ဖန်းလိရဲ့ မကွဲပြားတဲ့ ပျင်းရိရိ ပုံစံကို ကြည့်လိုက်တယ်။ သူက သူ့ရဲ့ လက်အောက်ငယ်သားကို သူကိုယ်တိုင် ဖြေရှင်းစေချင်တဲ့ပုံပဲ။ သူသရော်လိုက်ပြီးနောက် လက်တစ်ချက်တည်းနဲ့ ပိုင်လိရဲ့ ခေါင်းကိုချေမွပစ်လိုက်တယ်။ ပိုင်လိရဲ့ အသက်မရှိတဲ့ ခန္ဓာကိုယ်က မြေပြင်ပေါ် ပျော့ခွေကျသွားတယ်။

သူ့ရဲ့ လက်ချောင်းထိပ်လေးတွေမှာ သွေးတွေက တစ်စက်စက် စီးကျနေတယ်။

တုမိန်က ရုတ်တရက် ရှေ့ကို ခြေလှမ်းလိုက်ပြီး ဖန်းလိကို ငုံ့ကာ ကြည့်လိုက်တယ်။ သူ့ကို ကြည့်ရတာ ရပ်နေတဲ့ ကြမ်းကြုတ်တဲ့ သတ္တဝါကြီးလိုပဲ။ သူ့ရဲ့ အသံအနေအထား တိုးပြီး နှေးကွေးနေတယ်။ “ ဒါဆို  အရှင် ကျေနပ်ပါရဲ့လား”
ဖန်းလိက တုမိန် သူ့အနား ရုတ်တရက် တိုးကပ်လာတာကို မကြိုက်ဘူး။ သူက အနည်းငယ် လန့်သွားပေမဲ့ ဒါပေမဲ့ သိပ်မကြာလိုက်ပါဘူး။ သူပြန်တည်ငြိမ်သွားတယ်။ တုမိန်ကို ကြည့်ရတာ ရက်စက်ပုံပေါ်ပေမဲ့ သူရဲ့ အသေးစိတ် အချက်အလက်ကို မရှာခင်မှာ သူက ကမူးရှူးထိုး မလုပ်တတ်ဘူး။ သူက သူ့ရဲ့ အရှိန်ကို လျှော့ဖို့ မလိုဘူး။ တကယ်လို့ မင်းကြောက်နေမယ်ဆိုရင် သေဖို့ အချိန်ပဲ။
ဖန်းလိက ဖျော့တော့တော့လေးထရပ်လိုက်တယ်။ ရှောင်တိမ်းခြင်းမရှိဘဲ သူ့ကို တည့်တိုးကြည့်လိုက်ပြီး ပြုံးပြလိုက်ကာ “ ဒါက အတော်လေးကို ကျေနပ်စရာပဲ။”
တုမိန်က မျက်စိမှေးပြီး ကြည့်လိုက်တယ်။ ဒီလူကြီးပြုံးလိုက်တဲ့အခါ သူ့မျက်လုံးတွေက အနည်းငယ် ကွေးနေပြီး တားမရအောင် တည်ငြိမ်ပြီး တောက်ပလွန်းနေတယ်။ သူ့နှလုံးသားထဲမှာ တွဲညှိနေတဲ့ ချိတ်တစ်ခုပဲ။

သူ့ရဲ့ နှလုံးသားထဲက ဆန္ဒတွေကို ဖိနှိပ်ထားလိုက်ပြီး သူ့မျက်လုံးတွေက အနည်းငယ် ငုံ့လိုက်တယ်။ ပြီးတော့ တဖက်လူရဲ့လည်ပင်းမှာ ကပ်ထားတဲ့ အနက်ရောင်ဝတ်ရုံအထဲမှာ အပြာရောင်သွေးကြောလေးက ဝိုးတိုးဝါးတားပေါ်နေတယ်။ ဒါပေမဲ့ အဲ့ ဝတ်ရုံတွေရဲ့ အောက်မှာ ဘယ်လို ဖြစ်နေမလဲဆိုတာ သူမသိဘူး။


ဖန်းလိခံစားရတာက သူ့ရဲ့ အမုန်းတွေကို ဖြေလျှော့ဖို့ တွေးနေတဲ့ တုမိန်ရဲ့ မျက်လုံးတွေက ထုတ်ဖော်ပြသနေတယ်။  သူရဲ့ လူယုံတော်ကို ကိုယ်ရေးကိုယ်တာအရ ဒီနေ့ သတ်ဖို့ တွန်းအားပေးခံရတယ်။ သူက သူ့ကို တစ်စစီ စုတ်ဖြဲဖို့ စိတ်ဆန္ဒ ပြင်းပြနေလောက်ပြီ။

သနားစရာပဲ။ မင်း ငါ့ကို သတ်ဖို့ အချိန်မဟုတ်သေးဘူး။

ဒါက အသက်တစ်ခုပဲလေ။ ဒါကို ရှဲ့ဟိုင်နဲ့ ထားခဲ့လိုက်ရမယ်။

တုမိန်က သူသေဆုံးထိတိုင်အောင် လက်မလွှတ်မှာကို စဉ်းစားကြည့်လိုက်ရင် တိကျသေချာတဲ့ အမြင်ကနေပြောရမယ်ဆိုရင် သူရှဲ့ဟိုင်လက်ထဲမှာ သေဆုံးသွားခဲ့ရင်တောင် သူတို့က နစ်နာသူတွေအဖြစ် သတ်မှတ်ခံရမှာ။

ဖန်းလိက သူ့ရဲ့ မျက်လုံးတွေ နူးညံ့သွားတာကိုတော့ မတတ်နိုင်ခဲ့ဘူး။ သူ့လက်ကို ဝေ့ယမ်းပြီး ပြောလိုက်တယ်။ “ ကိစ္စက ပြီးသွားပြီ။ မင်း ပြန်လို့ရပြီ။”

တုမိန်က သူ့ကို စိုက်ကြည့်လိုက်ပြီး နည်းနည်းလေးတောင်မလှုပ်ဘူး။ ပြီးတော့ နောက်ပြန်လှည့်ပြီး ခြေလှမ်းကျဲကျဲနဲ့ ထွက်သွားတယ်။

ဖန်းလိက တုမိန်ကို ပြန်ခိုင်းလိုက်တယ်။ သူရှဲ့ဟိုင်ရဲ့ အဆောင်ကို မရောက်တာ အတော်ကြာနေပြီ။ တုမိန် သူ့ဆီ ရောက်လာခြင်းက သူရှဲ့ဟိုင်ကို အများကြီး လျစ်လျူမရှုသင့်ကြောင်း သတိရသွားစေတယ်။
တုမိန်ကို သံသယဝင်နေရာမှ နိုးထလာတယ်။

ဒါကြောင့်ပဲ သူက လွယ်လင့်တကူထကာ ဘေးခန်းမဆောင်ဆီ လျှောက်သွားလိုက်တယ်။

သူရောက်သွားရုံပဲ ရှိသေးတယ်။ အထဲမှာ ရှဲ့ဟိုင်က ရှိမနေဘူး။ ဟမ်? သူ့ကို အာရုံလွှဲတာလား?

ဖန်းလိရဲ့ လက်အဝေ့တစ်ချက်မှာ နတ်ဆိုး တံခါးမှာ စောင့်နေတဲ့ နတ်ဆိုးအစေခံတွေက ရောက်လာကြတယ်။

ဖန်းလိက မေးလိုက်တယ်။ “ ယုရီ ဘယ်မှာလဲ?”

နတ်ဆိုးအစေခံက တဆက်ဆက်တုန်ယင်စွာနဲ့ ပြောတယ်။ “ သခင်လေး ယုရီက သူအပန်းဖြေကို သွားချင်တယ်လို့ ပြောပါတယ်။ သူက ကျွန်တော်မျိုးတို့က မျက်စိဆံပင်မွှေးစူးစရာမလို့ မလိုက်ခိုင်းပါဘူး”

ဖန်းလိက သူ့ လက်အောက်ငယ်သားတွေကို အရှက်မရစေချင်ဘူး။ သူ့က ရှဲ့ဟိုင်ကို လျစ်လျူရှုတဲ့ သူမှန်သမျှ သနား ညှာတာခြင်းမရှိ သတ်ခံရမယ်လို့ သူအရင်ဆုံးပြောထားတာလေ။ ဒါကြောင့် ရှဲ့ဟိုင်မေးလာရင် သူတို့က မတားရဲကြဘူး။ ရှဲ့ဟိုင်ကို အခွင့်အရေးပေးထားတာ သူပဲလေ။ သူရဲ့ ဒေါသတွေကို သူ့လက်အောက်ငယ်သားတွေ အပေါ်မှာ ပုံချတာက မသင့်တော်ပါဘူးလေ။

ရှဲ့ဟိုင်က အရမ်းရိုင်းတယ်လို့ ဘာလို့ငါမထင်ခဲ့ပါလိမ့်။ သူက ဒီမှာ မနေရုံတင်မကဘူး။ အပြင်ကိုတောင် တစ်ယောက်တည်း အပန်းဖြေဖို့ ထွက်သွားလိုက်သေးတယ်။

ဖန်းလိက ပြုံးလိုက်တယ်။

သူရှဲ့ဟိုင်ထွက်ပြေးမှာကို မကြောက်ပါဘူး။ သူဒီနတ်ဆိုးနန်းတော်ထဲက မထွက်နိုင်ပါဘူး။ သူက ဒီနေရာမှာ လည်ပတ်ဖို့ပဲ ရမှာ။ ပြီးတော့ ဒီနေရာမှာ အသုံးဝင်တဲ့ လျှို့ဝှက်ချက်ဆိုတာလည်း မရှိဘူး။ ရှဲ့ဟိုင် အလိုရှိမယ်ဆိုရင် ဖတ်လို့လောက်ပဲရမယ်။ ရှဲ့ဟိုင်ကို ဘောင်ခတ်စရာ သိပ်မလိုပါဘူး။

သူက ဒီမှာ ရှိနေတဲ့အတွက် သူက ဘာမှလုပ်စရာမလိုဘူး။ ဒါကြောင့် သူက ရှဲ့ဟိုင်ဘယ်ကို တစ်ယောက်တည်းသွားလဲဆိုတာကို ရိုးရိုးလေးပဲမေးလိုက်တယ်။

ဒီနတ်ဆိုးနန်းတော် အရမ်းကြီးပြီ လူသိပ်မများဘူး။ ဟိုဟိုဒီဒီမှာ အစောင့်တွေနဲ့ နတ်ဆိုးအစေခံတွေ အနည်းငယ်သာရှိတယ်။ လျှောက်သွားကြည့်မယ်ဆိုရင် ပိုပိုပြီးခြာက်ကပ်လာတယ်။ တဖြည်းဖြည်းနဲ့သစ်သားနဲ့ ဆောက်ထားတဲ့ အဆောက်အအုံရှိရာ ခြံဝန်းလေးမတိုင်ခင်ထိ တဖြည်းဖြည်းနဲ့ အစောင့်တွေက နည်းပါးလာတယ်။

အဲ့မှာ အေးစက်နေတဲ့ အနက်ရောင်ကျောက် ကြမ်းပြင် ရှိမနေဘူး။ ရက်စက်ကြမ်းကြုတ်တဲ့ တံစက်မြိတ်လည်း မရှိဘူး။ ပတ်ဝန်းကျင်ဟာဆိုရင် တိတ်ဆိတ်ပြီးရင်းတိတ်ဆိတ်နေခဲ့တယ်။ ဝါးအဆောက်အဦးဟာဆိုရင် မြက်ပင်တွေနဲ့ ပြည့်နှက်နေတယ်။ အချိန်အတော်ကြာကြီး ဘယ်သူကမှ ဂရုစိုက်ခြင်းမရှိတာ သေချာနေတယ်။

အမေ့ခံနေရာလေးတစ်ခုလိုပဲ။

ဖန်းလိက ခဏလောက် ငေးကြည့်နေခဲ့တယ်။ နတ်ဆိုးနန်းတော်ရဲ့ အတွင်းဆုံးထဲမှာ ဒီလို နေရာမျိုး ရှိတာကို နောက်ဆုံးမှာ မှတ်မိသွားတယ်။ ဒီနေရာကို ဘယ်သူကိုမှ လာခွင့်မပေးထားဘူး။ ဒီနေရာကို  နတ်ဆိုးနန်းတော်ရဲ့ တားမြစ်နေရာအဖြစ်သတ်မှတ်ထားတယ်။

ရှဲ့ဟိုင်က ဒီနေရာကိုလာခဲ့တယ်။ ဒါက တိုက်ဆိုင်မှုလား။ ဒါမှမဟုတ် ရည်ရွယ်ချက်ရှိရှိလား?။

ဖန်းလိက ခဏရပ်ပြီး လမ်းလျှောက်သွားလိုက်တယ်။

ပေါ့ပါးတဲ့ ခြေလှမ်းနဲ့အတူ ဝါးတံခါးကိုဖွင့်လိုက်ချိန်မှာ ကျွီခနဲမြည်သွားတယ်။ ဖုန်မှုန့်တွေကလည်း ကျဆင်းလာခဲ့တယ်။
ဖန်းလိက သူ့လက်သီးဆုပ်ကို နှုတ်ခမ်းမှာ ဖိကပ်လိုက်ပြီးချောင်းဆိုးလိုက်တယ်။ ပရိဘောဂတွေ တစ်ခုတောင်မရှိဘဲနဲ့ ရိုးရှင်းလွန်းနေတယ်။ ဟာလာဟင်းလင်းကြီး ဖြစ်နေတယ်။ တစ်စုံတစ်ယောက်များ ရှိလေမလား။ သဘာဝက လုံးဝကို ရှင်းလင်းနေတယ်။
ရှဲ့ဟိုင် ဒီမှာ မရှိဘူး။

မင်း ဒီကို ရောက်ပြီးပြီးလား။ လျှို့ဝှက်ချက်တွေကို ရှာမတွေ့လို့ စောစောပြန်သွားတာလား?။

ဖန်းလိက ခြုံငုံပြီး ကြည့်လိုက်တယ်။ ဒီမှာ ဓားတစ်ချောင်းကလွဲလို့ ဘာမှမရှိဘူး။

အစိမ်းရောင် ဝါးဓားပေါ်မှာ ပြောက်ကျားအမာရွတ်တွေ ရှိနေပြီး သူတစ်ခုတည်းကို ထောင်ထားတယ်။ အချိန် အတော်ကြာဒီကို ဘယ်သူမှာလာခဲ့ပုံ မပေါ်ဘူး။ သူ့အပေါ်မှာလည်း ဖုန်တွေက ရှိနေတယ်။ အဲ့ဒါက အချိန်တစ်ခုထိအောင် ဖုန်တက်နေတဲ့ပုံပဲ။ ဒီမှာ စွန်ပစ်ခံထားရတာ ဘယ်သူမှမသိကြဘူး။

မှတ်မိတဲ့ တစ်ဦးတည်းသောလူက သေဆုံးသွားပြီ။

ဖန်းလိမှာ ရန်ရွှီရဲ့ အတိတ်ကို ဖော်ထုတ်ဖို့ ဆန္ဒ မရှိဘူး။ ရန်ရွှီက သူ့မှတ်ဉာဏ်တွေထဲမှာ နစ်မြုပ်ထားတဲ့ အတိတ်တွေ အကြောင်းကို ဖန်းလိက ဘယ်တုန်းကမှ မစစ်ဆေးခဲ့ဘူး။

လူတိုင်းမှာ သူတို့တွေ မပြောပြနိုင်တဲ့ လျှို့ဝှက်ချက်တွေရှိကြတယ်။ အခြားသူတွေ မသိစေချင်တဲ့ သူတို့ရဲ့ နာကျင်မှုကို အလွယ်တကူ မထိလိုက်သင့်ဘူး။ ဒါကဆိုရင် ရန်ရွှီအပေါ်ထားတဲ့ ဖန်းလိရဲ့ လေးစားမှုပဲ။

ဖန်းလိက အချိန်ခဏကြာတိတ်ဆိတ်နေခဲ့တယ်။ သူ့ရဲ့အင်္ကျီလက်ကို ပင့်တင်လိုက်ကာ ဓားကိုယ်ထည်ပေါ်က ဖုန်မှုန့်တွေကို ညှင်ညှင်သာသာ သုတ်လိုက်တယ်။ နောက်ဖက်ကို လှည့်ပြီး ထွက်သွားခါနီးလေးမှာပဲ သူ့ရဲ့ လက်ချောင်းထိပ်လေးတွေက ဓားကိုယ်ထည်ကို အမှတ်တမဲ့ ပွတ်တိုက်မိသွားတယ်။ နွေးထွေးပြီး ကျောက်စိမ်းလို အထိအတွေ့က ဖန်းလိရဲ့ မသိစိတ်ကို စေ့ဆော်မိသွားတယ်။ အဲ့ဒီနောက် ငါ့ရဲ့ ဦးနှောက်ထဲမှာ စူးရှတဲ့ နာကျင်မှုတွေ ဖြစ်ပေါ်လာတယ်။ ပြီးတော့ ငါ့ရဲ့ အမြင်တွေက ဝေဝါးသွားတယ်။ ချက်ချင်းကို ငါ တခြားတစ်နေရာရောက်သွားသလိုပဲ။ မြူတွေပိတ်လှောင်ထားတဲ့ မှတ်ဉာဏ်တွေရဲ့ ချိပ်စည်းကို သွားထိမိပြီး သေတ္တာက ပွင့်သွားလေတယ်။ မှတ်ဉာဏ်တွေက သောင်းသောင်းဖြဖြကို အသိပေးခြင်းမရှိဘဲ ထွက်လာတယ်။

တစ်ခုခုမှားယွင်းနေတာကို သူခံစားခဲ့ရပြီး အဲ့ဒါတွေကို ဆွဲထုတ်ပစ်လိုက်ချင်တယ်။ ဒါပေမဲ့ နာကျင်မှုတွေက သူ့ရဲ့ အရိုးတွေထိအောင် ထိုးဖောက်ဝင်ရောက်လာခဲ့တာက သူ့ကို ထုံထိုင်းသွားစေတယ်။ သူက လှုပ်ရှားမှုမရှိတဲ့ ရုပ်သေးရုပ်အလား ကြောက်ခမန်းလိလိ သွေးပင်လယ်ထဲ နစ်မြုပ်သွားတယ်။

ထိတ်လန့်စက်စုပ်ဖွယ်ကောင်းတဲ့ အလောင်းကောင်တွေက မြေပြင်အနှံ့ပြန့်ကျဲနေတယ်။ နေရာတိုင်းမှာ ပျက်စီးပြီး နံရံတွေက ပြိုကျနေတယ်။ အလောင်းပုံကြီးနဲ့ သွေးပင်လယ်ကြားထဲမှာ သူက မတ်တပ်ရပ်နေခဲ့တယ်။ မရေမတွက်နိုင်အောင်များပြားတဲ့ လက်တွေက မြေပြင်ကနေ မရေမတွက်နိုင်အောင် တိုးထွက်နေတယ်။ သူရဲ့ လက်တွေနဲ့ ခြေတွေကို ဆုပ်ကိုင်ပြီးတော့ မြေကြီးထဲ နစ်မြှုပ်အောင် ဆွဲခေါ်နေတယ်။ သူ့အတွက် လွတ်မြောက်ဖို့ နေရာမရှိတဲ့အတွက် စိတ်ပျက်ခြင်းတွေက ဒုက္ခပေးနေတဲ့အခါ ဓားရဲ့ အလင်းတန်းက လေအဟုန်ကြားကနေ တိုးထွက်လာတယ်။

ကျန်းကွမ်းက အဲ့ဒီလက်တွေကို ဖြတ်တောက်ပစ်လိုက်တယ်။ သွေးတွေက သူ့မျက်နှာကို လာစင်ခဲ့တာက အနည်းငယ်တောင် နွေးနေခဲ့တယ်။ သူ့ရဲ့ ကယ်တင်ရှင်ကြီးကို တွေ့နေရသလို ငေးကြည့်နေမိခဲ့တယ်။

အဖြူရောင်ဝတ်ရုံနဲ့ ကြော့ရှင်းလှပပြီး နူးညံ့နေတဲ့ မျက်နှာနဲ့ လူက သူ့ရှေ့မှာ မတ်တပ်ရပ်နေခဲ့ပြီး သူ့ကို ပြုံးပြလိုက်တယ်။ “ အားရန် မကြောက်ပါနဲ့။ မင်းရဲ့ အကိုကြီးက ဒီမှာရှိနေတယ်။”

အဲ့ဒီလူကြီးက သူ့လက်ကို သူ့ဆီကို ဆန့်ထုတ်လိုက်ပြီး သူ့ကို ဆွဲဖို့ ကြိုးစားလိုက်တယ်။ သူက ပြင်းပြင်းထန်ထန်ကို ရုန်းကန်ကာ သူ့ကို ဖမ်းဖို့ ကြိုးစားလိုက်တယ်။ သူ့ကို ဖမ်းနိုင်သရွေ့ ဒီကနေလွတ်မြောက်နိုင်တယ်လို့ထင်တယ်။ ဒီအကိုကြီးက သူ့ကိုလုံးဝ ကာကွယ်လိမ့်မယ်။ အသေအချာကို….။ သူ့နှလုံးသားထဲမှာ နေရာပြောင်းလဲဖို့အတွက် မျှော်လင့်ချက်တွေ ဖြစ်ကေါ်လာတယ်။ ပြင်းပြင်းထန်ထန်ကို ဒီကနေ ထွက်သွားချင်နေပြီ။ သူ့အားအင်တွေလည်း ကုန်ခမ်းလုနီးပါး ပင်ပန်းနေပြီ။၊ နောက်ဆုံးမှာတော့ သူ့ရဲ့ လက်ချောင်းထိပ်တွေက တစ်ဖက်လူရဲ့ လက်ချောင်းတွေကို ထိမိသွားတယ်။

သူ ဒီကနေ ထွက်သွားနေပြီ။

ဒါပေမဲ့ မျက်တောင်တစ်ခတ်အတွင်းမှာ သူ့မျက်နှာကို သွေးတွေ စင်သွားတယ်။

မရေမတွက်နိုင်အောင် များပြားတဲ့ ဓားသွားချွန်တွေက အဖြူရောင်ဝတ်စုံနဲ့ လူရဲ့ ရင်ဘတ်မှာ ထိုးစိုက်နေတယ်။ သူက သူ့ကိုပြုံးပြနေတုန်းပဲ။ ဒါပေမဲ့ သူ့ရဲ့ မျက်လုံး သူငယ်အိမ်တွေကတော့ ခဲရောင်အဖြစ်ပြောင်းလဲ သွားချေပြီ။ မျက်စိတစ်မှိတ်အတွင်းမှာ သူ့မျက်နှာကတော့ အသက်ပျောက်သွားချေပြီ။ အလျင်အမြန်ကို ပျက်စီးဆွေးမြေ့ပြီး ပုပ်သွားတယ်။ သူ့က ရှင်းရှင်းလင်းလင်းကို သေလူဖြစ်သွားပေမဲ့ သူ့လက်ထဲမှာ ဓားကို ဆုပ်ကိုင်ထားလျက် ဒူးထောက်နေဆဲ...။ သူ့ကို သူ့လက်မောင်းကြားမှာ တင်းကြပ်စွာ ဖက်ထားလျက် လဲကျသွားလေတယ်။

သူပြောသလိုဆိုဆိုရင် မကြောက်ပါနဲ့တဲ့။

သူ့နောက်မှာ ဘာတွေဖြစ်နေလဲဆိုတာ သူ တိတိကျကျ မသိနိုင်ပေမဲ့ ဟစ်ကြွေးသံတွေနဲ့အတူ တုန်လှုပ်နေခဲ့တယ်။ အလောင်းတွေက မြေပြင်တစ်လျှောက် တည်ရှိနေလျက်။ ရေခဲတမျှ အေးစက်နေသော လေတွေက သူ့ကို အနည်းငယ် တုန်လှုပ်သွားစေတယ်။

အဲ့ဓားရဲ့ ရောင်ပြန်ဟပ်မှုက မပါဝင်ချေ။

မြေအောက်က လက်တွေက နောက်တစ်ဖန် အလုအယက် ထွက်လာကြပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်တယ်။

ဒါပေမဲ့ သူ့မှာတော့ ရုန်းကန်ဖို့ အင်အားတောင် မရှိတော့ဘူး။

ဖန်းလိရဲ့ မျက်လုံးတွေ သွေးတမျှရဲရဲနီနေပြီး ရန်လိုကာ သူ့မျက်နှာထက်မှာလည်း နာကျင်မှုတွေက ယှဉ်တွဲလျက် သူ့ရဲ့ အပြုအမူတွေကလည်း ရက်စက်နေခဲ့တယ်။


မကောင်းတော့ဘူး။ သူရန်ရွှီရဲ့ မှတ်ဉာဏ်တွေကို သတိပေးခြင်းမရှိဘဲ နှိုးဆွမိလိုက်တယ်။ ရန်ရွှီရဲ့ အိပ်မက်ဆိုးတွေက သူ့ကို ဝင်ရောက်စီးနင်းကာ လွှမ်းမိုးသွားချေပြီ။ သူတကယ်လို့ ဒီနေရာကနေ ထွက်မသွားနိုင်ရင် သူဒီမှာပဲ ပိတ်မိနေပြီးတော့ သူ့ဝိဉာဉ်တွေ ကုန်ခမ်းသည်အထိ အဆုံးမရှိနာကျင်မှုတွေထဲ နစ်မြုပ်သွားတော့မှာ။ ဒါပေမဲ့ သူအကောင်းဆုံးကြိုးစားခဲ့ရင်တောင် သူ အဲ့ဒီလက်တွေကို ဖယ်ထုတ်ပစ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ မြေကြီးထဲကို နည်းနည်းစီ နစ်မြုပ်သွားတော့မှာ။ ပထမဆုံး သူ့ခြေထောက်၊ နောက်တော့ သူ့ရဲ့ ခန္ဓာကိုယ်တစ်ဝက်၊ ပြီးတော့ တဖြည်းဖြည်းနဲ့ အသက်ရှူရ ပိုပိုပြီး ခက်လာနေပြီ။

သူ့ရဲ့ အသိဉာဏ်က တဖြည်းဖြည်း ဝေဝါးသွားနေပြီ ။ အဲ့ဒီအချိန်မှာပဲ စူးရှပြီး ကြည်လင်တဲ့ အသံက သူ့နားထဲ ပြန်လည်ကြားလိုက်ရတယ်။

မရေမတွက်နိုင်အောင်များပြားတဲ့ လက်တွေက အဲ့အသံအောက်မှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားခဲ့တယ်။ အလွန်အမင်းကို ဝမ်းနည်းကြေကွဲလျက်။ မကောင်းဆိုးဝါးကြီးက သူ့လက်ထဲရောက်ခါနီး သားကောင်ကို လျစ်လျူရှုလျက် အလင်းရောင်ကြောင့် အမှောင်ထဲသို့ ဝမ်းနည်းကြေကွဲစွာ အော်ဟစ်လျက်ထွက်ပြေးသွားလေတယ်။

ဖန်းလိက နောက်ဆုံးမှာတော့ လှုပ်ရှားလို့ ရခဲ့ပြီ။ သူ့ရဲ့ နောက်ဆုံးလက်ကျန်အင်အားက တုန့်နှေးခြင်းမရှိ လျင်မြန်စွာ ကုန်ခမ်းသွားတယ်။ ရုတ်တရက် သူ့မျက်လုံးကို ဖွင့်လိုက်တယ်။ ရှေ့ကို ရုတ်တရက်ယိုင်ကျသွားတယ်။ ပြီးတော့ သွေးပင်လယ်ကနေ ပြေးထွက်လာခဲ့တယ်။

ငါ့ရှေ့မှာ ရှိနေတဲ့ အရာတွေအားလုံးက အိပ်မက်လို ပျောက်ကွယ်သွားတယ်။

ဗလာသပ်သပ်ဝါးအိမ်လေးနဲ့ အစွန်းအထင်းများရှိတဲ့ အစိမ်းရောင် ဝါးဓားလေးသာလျှင် သူ့ရှေ့မှာ ကျန်နေခဲ့တယ်။

ဖန်းလိက အသက်ကို ပြင်းစွာ ရှူလိုက်တယ်။ သူ့ရဲ့ အဝတ်တွေက ချွေးအေးတွေနဲ့ စိုရွှဲနေခဲ့တယ်။ သူက ရှက်ရှက်နဲ့ပဲ သူ့လက်ကို မြှောက်လိုက်တယ်။ ပြီးတော့ နှင်းလို အဖြူရောင်ဝတ်ရုံနဲ့ အေးစက်ပြီး ခါတိုင်းနဲ့ တူညီတဲ့ ရှဲ့ဟိုင်ကို တွေ့ခဲ့တယ်။ သူဟာဆိုရင် ဝါးအိမ်လေးရှေ့မှာ တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး သူ့ကို ကြည့်နေခဲ့တယ်။
..................

Zawgyi




အပိုင္း(၉.၂)

ေအးစက္တဲ့အလင္းေဖ်ာ့ေဖ်ာ့ေလးက သူ႔မ်က္ဝန္းထဲျဖတ္ေျပးသြားတယ္။ ဖန္းလိရဲ့ မကြဲျပားတဲ့ ပ်င္းရိရိ ပံုစံကို ၾကၫ့္လိုက္တယ္။ သူက သူ႔ရဲ့ လက္ေအာက္ငယ္သားကို သူကိုယ္တိုင္ ေျဖရွင္းေစခ်င္တဲ့ပံုပဲ။ သူသေရာ္လိုက္ၿပီးေနာက္ လက္တစ္ခ်က္တည္းနဲ႔ ပိုင္လိရဲ့ ေခါင္းကိုေခ်မြပစ္လိုက္တယ္။ ပိုင္လိရဲ့ အသက္မရိွတဲ့ ခႏၶာကိုယ္က ေျမျပင္ေပၚ ေပ်ာ့ေခြက်သြားတယ္။

သူ႔ရဲ့ လက္ေခ်ာင္းထိပ္ေလးေတြမွာ ေသြးေတြက တစ္စက္စက္ စီးက်ေနတယ္။

တုမိန္က ရုတ္တရက္ ေရ႔ွကို ေျခလွမ္းလိုက္ၿပီး ဖန္းလိကို ငံု႔ကာ ၾကၫ့္လိုက္တယ္။ သူ႔ကို ၾကၫ့္ရတာ ရပ္ေနတဲ့ ၾကမ္းၾကဳတ္တဲ့ သတၲဝါႀကီးလိုပဲ။ သူ႔ရဲ့ အသံအေနအထား တိုးၿပီး ေနွးေကြးေနတယ္။ “ ဒါဆို  အရွင္ ေက်နပ္ပါရဲ့လား”
ဖန္းလိက တုမိန္ သူ႔အနား ရုတ္တရက္ တိုးကပ္လာတာကို မႀကိဳက္ဘူး။ သူက အနည္းငယ္ လန႔္သြားေပမဲ့ ဒါေပမဲ့ သိပ္မၾကာလိုက္ပါဘူး။ သူျပန္တည္ၿငိမ္သြားတယ္။ တုမိန္ကို ၾကၫ့္ရတာ ရက္စက္ပံုေပၚေပမဲ့ သူရဲ့ အေသးစိတ္ အခ်က္အလက္ကို မရွာခင္မွာ သူက ကမူးရႉးထိုး မလုပ္တတ္ဘူး။ သူက သူ႔ရဲ့ အရိွန္ကို ေလ်ွာ့ဖို႔ မလိုဘူး။ တကယ္လို႔ မင္းေၾကာက္ေနမယ္ဆိုရင္ ေသဖို႔ အခ်ိန္ပဲ။
ဖန္းလိက ေဖ်ာ့ေတာ့ေတာ့ေလးထရပ္လိုက္တယ္။ ေရွာင္တိမ္းျခင္းမရိွဘဲ သူ႔ကို တၫ့္တိုးၾကၫ့္လိုက္ၿပီး ၿပံဳးျပလိုက္ကာ “ ဒါက အေတာ္ေလးကို ေက်နပ္စရာပဲ။”
တုမိန္က မ်က္စိေမွးၿပီး ၾကၫ့္လိုက္တယ္။ ဒီလူႀကီးၿပံဳးလိုက္တဲ့အခါ သူ႔မ်က္လံုးေတြက အနည္းငယ္ ေကြးေနၿပီး တားမရေအာင္ တည္ၿငိမ္ၿပီး ေတာက္ပလြန္းေနတယ္။ သူ႔ႏွလံုးသားထဲမွာ တြဲၫွိေနတဲ့ ခ်ိတ္တစ္ခုပဲ။

သူ႔ရဲ့ ႏွလံုးသားထဲက ဆႏၵေတြကို ဖိႏိွပ္ထားလိုက္ၿပီး သူ႔မ်က္လံုးေတြက အနည္းငယ္ ငံု႔လိုက္တယ္။ ၿပီးေတာ့ တဖက္လူရဲ့လည္ပင္းမွာ ကပ္ထားတဲ့ အနက္ေရာင္ဝတ္ရံုအထဲမွာ အျပာေရာင္ေသြးေၾကာေလးက ဝိုးတိုးဝါးတားေပၚေနတယ္။ ဒါေပမဲ့ အဲ့ ဝတ္ရံုေတြရဲ့ ေအာက္မွာ ဘယ္လို ျဖစ္ေနမလဲဆိုတာ သူမသိဘူး။


ဖန္းလိခံစားရတာက သူ႔ရဲ့ အမုန္းေတြကို ေျဖေလ်ွာ့ဖို႔ ေတြးေနတဲ့ တုမိန္ရဲ့ မ်က္လံုးေတြက ထုတ္ေဖာ္ျပသေနတယ္။  သူရဲ့ လူယံုေတာ္ကို ကိုယ္ေရးကိုယ္တာအရ ဒီေန့ သတ္ဖို႔ တြန္းအားေပးခံရတယ္။ သူက သူ႔ကို တစ္စစီ စုတ္ၿဖဲဖို႔ စိတ္ဆႏၵ ျပင္းျပေနေလာက္ၿပီ။

သနားစရာပဲ။ မင္း ငါ့ကို သတ္ဖို႔ အခ်ိန္မဟုတ္ေသးဘူး။

ဒါက အသက္တစ္ခုပဲေလ။ ဒါကို ရွဲ႔ဟိုင္နဲ႔ ထားခဲ့လိုက္ရမယ္။

တုမိန္က သူေသဆံုးထိတိုင္ေအာင္ လက္မလႊတ္မွာကို စဉ္းစားၾကၫ့္လိုက္ရင္ တိက်ေသခ်ာတဲ့ အျမင္ကေနေျပာရမယ္ဆိုရင္ သူရွဲ႔ဟိုင္လက္ထဲမွာ ေသဆံုးသြားခဲ့ရင္ေတာင္ သူတို႔က နစ္နာသူေတြအျဖစ္ သတ္မွတ္ခံရမွာ။

ဖန္းလိက သူ႔ရဲ့ မ်က္လံုးေတြ ႏူးညံ့သြားတာကိုေတာ့ မတတ္ႏိုင္ခဲ့ဘူး။ သူ႔လက္ကို ေဝ့ယမ္းၿပီး ေျပာလိုက္တယ္။ “ ကိစၥက ၿပီးသြားၿပီ။ မင္း ျပန္လို႔ရၿပီ။”

တုမိန္က သူ႔ကို စိုက္ၾကၫ့္လိုက္ၿပီး နည္းနည္းေလးေတာင္မလႈပ္ဘူး။ ၿပီးေတာ့ ေနာက္ျပန္လွၫ့္ၿပီး ေျခလွမ္းက်ဲက်ဲနဲ႔ ထြက္သြားတယ္။

ဖန္းလိက တုမိန္ကို ျပန္ခိုင္းလိုက္တယ္။ သူရွဲ႔ဟိုင္ရဲ့ အေဆာင္ကို မေရာက္တာ အေတာ္ၾကာေနၿပီ။ တုမိန္ သူ႔ဆီ ေရာက္လာျခင္းက သူရွဲ႔ဟိုင္ကို အမ်ားႀကီး လ်စ္လ်ူမရႈသင့္ေၾကာင္း သတိရသြားေစတယ္။
တုမိန္ကို သံသယဝင္ေနရာမွ ႏိုးထလာတယ္။

ဒါေၾကာင့္ပဲ သူက လြယ္လင့္တကူထကာ ေဘးခန္းမေဆာင္ဆီ ေလ်ွာက္သြားလိုက္တယ္။

သူေရာက္သြားရံုပဲ ရိွေသးတယ္။ အထဲမွာ ရွဲ႔ဟိုင္က ရိွမေနဘူး။ ဟမ္? သူ႔ကို အာရံုလႊဲတာလား?

ဖန္းလိရဲ့ လက္အေဝ့တစ္ခ်က္မွာ နတ္ဆိုး တံခါးမွာ ေစာင့္ေနတဲ့ နတ္ဆိုးအေစခံေတြက ေရာက္လာၾကတယ္။

ဖန္းလိက ေမးလိုက္တယ္။ “ ယုရီ ဘယ္မွာလဲ?”

နတ္ဆိုးအေစခံက တဆက္ဆက္တုန္ယင္စြာနဲ႔ ေျပာတယ္။ “ သခင္ေလး ယုရီက သူအပန္းေျဖကို သြားခ်င္တယ္လို႔ ေျပာပါတယ္။ သူက ကြၽန္ေတာ္မ်ိဳးတို႔က မ်က္စိဆံပင္ေမႊးစူးစရာမလို႔ မလိုက္ခိုင္းပါဘူး”

ဖန္းလိက သူ႔ လက္ေအာက္ငယ္သားေတြကို အရွက္မရေစခ်င္ဘူး။ သူ႔က ရွဲ႔ဟိုင္ကို လ်စ္လ်ူရႈတဲ့ သူမွန္သမ်ွ သနား ၫွာတာျခင္းမရိွ သတ္ခံရမယ္လို႔ သူအရင္ဆံုးေျပာထားတာေလ။ ဒါေၾကာင့္ ရွဲ႔ဟိုင္ေမးလာရင္ သူတို႔က မတားရဲၾကဘူး။ ရွဲ႔ဟိုင္ကို အခြင့္အေရးေပးထားတာ သူပဲေလ။ သူရဲ့ ေဒါသေတြကို သူ႔လက္ေအာက္ငယ္သားေတြ အေပၚမွာ ပံုခ်တာက မသင့္ေတာ္ပါဘူးေလ။

ရွဲ႔ဟိုင္က အရမ္းရိုင္းတယ္လို႔ ဘာလို႔ငါမထင္ခဲ့ပါလိမ့္။ သူက ဒီမွာ မေနရံုတင္မကဘူး။ အျပင္ကိုေတာင္ တစ္ေယာက္တည္း အပန္းေျဖဖို႔ ထြက္သြားလိုက္ေသးတယ္။

ဖန္းလိက ၿပံဳးလိုက္တယ္။

သူရွဲ႔ဟိုင္ထြက္ေျပးမွာကို မေၾကာက္ပါဘူး။ သူဒီနတ္ဆိုးနန္းေတာ္ထဲက မထြက္ႏိုင္ပါဘူး။ သူက ဒီေနရာမွာ လည္ပတ္ဖို႔ပဲ ရမွာ။ ၿပီးေတာ့ ဒီေနရာမွာ အသံုးဝင္တဲ့ လ်ိႈ႔ဝွက္ခ်က္ဆိုတာလည္း မရိွဘူး။ ရွဲ႔ဟိုင္ အလိုရိွမယ္ဆိုရင္ ဖတ္လို႔ေလာက္ပဲရမယ္။ ရွဲ႔ဟိုင္ကို ေဘာင္ခတ္စရာ သိပ္မလိုပါဘူး။

သူက ဒီမွာ ရိွေနတဲ့အတြက္ သူက ဘာမွလုပ္စရာမလိုဘူး။ ဒါေၾကာင့္ သူက ရွဲ႔ဟိုင္ဘယ္ကို တစ္ေယာက္တည္းသြားလဲဆိုတာကို ရိုးရိုးေလးပဲေမးလိုက္တယ္။

ဒီနတ္ဆိုးနန္းေတာ္ အရမ္းႀကီးၿပီ လူသိပ္မမ်ားဘူး။ ဟိုဟိုဒီဒီမွာ အေစာင့္ေတြနဲ႔ နတ္ဆိုးအေစခံေတြ အနည္းငယ္သာရိွတယ္။ ေလ်ွာက္သြားၾကၫ့္မယ္ဆိုရင္ ပိုပိုၿပီးျခာက္ကပ္လာတယ္။ တျဖည္းျဖည္းနဲ႔သစ္သားနဲ႔ ေဆာက္ထားတဲ့ အေဆာက္အအံုရိွရာ ၿခံဝန္းေလးမတိုင္ခင္ထိ တျဖည္းျဖည္းနဲ႔ အေစာင့္ေတြက နည္းပါးလာတယ္။

အဲ့မွာ ေအးစက္ေနတဲ့ အနက္ေရာင္ေက်ာက္ ၾကမ္းျပင္ ရိွမေနဘူး။ ရက္စက္ၾကမ္းၾကဳတ္တဲ့ တံစက္ၿမိတ္လည္း မရိွဘူး။ ပတ္ဝန္းက်င္ဟာဆိုရင္ တိတ္ဆိတ္ၿပီးရင္းတိတ္ဆိတ္ေနခဲ့တယ္။ ဝါးအေဆာက္အဦးဟာဆိုရင္ ျမက္ပင္ေတြနဲ႔ ျပၫ့္ႏွက္ေနတယ္။ အခ်ိန္အေတာ္ၾကာႀကီး ဘယ္သူကမွ ဂရုစိုက္ျခင္းမရိွတာ ေသခ်ာေနတယ္။

အေမ့ခံေနရာေလးတစ္ခုလိုပဲ။

ဖန္းလိက ခဏေလာက္ ေငးၾကၫ့္ေနခဲ့တယ္။ နတ္ဆိုးနန္းေတာ္ရဲ့ အတြင္းဆံုးထဲမွာ ဒီလို ေနရာမ်ိဳး ရိွတာကို ေနာက္ဆံုးမွာ မွတ္မိသြားတယ္။ ဒီေနရာကို ဘယ္သူကိုမွ လာခြင့္မေပးထားဘူး။ ဒီေနရာကို  နတ္ဆိုးနန္းေတာ္ရဲ့ တားျမစ္ေနရာအျဖစ္သတ္မွတ္ထားတယ္။

ရွဲ႔ဟိုင္က ဒီေနရာကိုလာခဲ့တယ္။ ဒါက တိုက္ဆိုင္မႈလား။ ဒါမွမဟုတ္ ရည္ရြယ္ခ်က္ရိွရိွလား?။

ဖန္းလိက ခဏရပ္ၿပီး လမ္းေလ်ွာက္သြားလိုက္တယ္။

ေပါ့ပါးတဲ့ ေျခလွမ္းနဲ႔အတူ ဝါးတံခါးကိုဖြင့္လိုက္ခ်ိန္မွာ ကြၽီခနဲျမည္သြားတယ္။ ဖုန္မႈန႔္ေတြကလည္း က်ဆင္းလာခဲ့တယ္။
ဖန္းလိက သူ႔လက္သီးဆုပ္ကို ႏႈတ္ခမ္းမွာ ဖိကပ္လိုက္ၿပီးေခ်ာင္းဆိုးလိုက္တယ္။ ပရိေဘာဂေတြ တစ္ခုေတာင္မရိွဘဲနဲ႔ ရိုးရွင္းလြန္းေနတယ္။ ဟာလာဟင္းလင္းႀကီး ျဖစ္ေနတယ္။ တစ္စံုတစ္ေယာက္မ်ား ရိွေလမလား။ သဘာဝက လံုးဝကို ရွင္းလင္းေနတယ္။
ရွဲ႔ဟိုင္ ဒီမွာ မရိွဘူး။

မင္း ဒီကို ေရာက္ၿပီးၿပီးလား။ လ်ိႈ႔ဝွက္ခ်က္ေတြကို ရွာမေတြ့လို႔ ေစာေစာျပန္သြားတာလား?။

ဖန္းလိက ၿခံဳငံုၿပီး ၾကၫ့္လိုက္တယ္။ ဒီမွာ ဓားတစ္ေခ်ာင္းကလြဲလို႔ ဘာမွမရိွဘူး။

အစိမ္းေရာင္ ဝါးဓားေပၚမွာ ေျပာက္က်ားအမာရြတ္ေတြ ရိွေနၿပီး သူတစ္ခုတည္းကို ေထာင္ထားတယ္။ အခ်ိန္ အေတာ္ၾကာဒီကို ဘယ္သူမွာလာခဲ့ပံု မေပၚဘူး။ သူ႔အေပၚမွာလည္း ဖုန္ေတြက ရိွေနတယ္။ အဲ့ဒါက အခ်ိန္တစ္ခုထိေအာင္ ဖုန္တက္ေနတဲ့ပံုပဲ။ ဒီမွာ စြန္ပစ္ခံထားရတာ ဘယ္သူမွမသိၾကဘူး။

မွတ္မိတဲ့ တစ္ဦးတည္းေသာလူက ေသဆံုးသြားၿပီ။

ဖန္းလိမွာ ရန္ရႊီရဲ့ အတိတ္ကို ေဖာ္ထုတ္ဖို႔ ဆႏၵ မရိွဘူး။ ရန္ရႊီက သူ႔မွတ္ဉာဏ္ေတြထဲမွာ နစ္ျမဳပ္ထားတဲ့ အတိတ္ေတြ အေၾကာင္းကို ဖန္းလိက ဘယ္တုန္းကမွ မစစ္ေဆးခဲ့ဘူး။

လူတိုင္းမွာ သူတို႔ေတြ မေျပာျပႏိုင္တဲ့ လ်ိႈ႔ဝွက္ခ်က္ေတြရိွၾကတယ္။ အျခားသူေတြ မသိေစခ်င္တဲ့ သူတို႔ရဲ့ နာက်င္မႈကို အလြယ္တကူ မထိလိုက္သင့္ဘူး။ ဒါကဆိုရင္ ရန္ရႊီအေပၚထားတဲ့ ဖန္းလိရဲ့ ေလးစားမႈပဲ။

ဖန္းလိက အခ်ိန္ခဏၾကာတိတ္ဆိတ္ေနခဲ့တယ္။ သူ႔ရဲ့အက်ႌလက္ကို ပင့္တင္လိုက္ကာ ဓားကိုယ္ထည္ေပၚက ဖုန္မႈန႔္ေတြကို ၫွင္ၫွင္သာသာ သုတ္လိုက္တယ္။ ေနာက္ဖက္ကို လွၫ့္ၿပီး ထြက္သြားခါနီးေလးမွာပဲ သူ႔ရဲ့ လက္ေခ်ာင္းထိပ္ေလးေတြက ဓားကိုယ္ထည္ကို အမွတ္တမဲ့ ပြတ္တိုက္မိသြားတယ္။ ေနြးေထြးၿပီး ေက်ာက္စိမ္းလို အထိအေတြ့က ဖန္းလိရဲ့ မသိစိတ္ကို ေစ့ေဆာ္မိသြားတယ္။ အဲ့ဒီေနာက္ ငါ့ရဲ့ ဦးေနွာက္ထဲမွာ စူးရွတဲ့ နာက်င္မႈေတြ ျဖစ္ေပၚလာတယ္။ ၿပီးေတာ့ ငါ့ရဲ့ အျမင္ေတြက ေဝဝါးသြားတယ္။ ခ်က္ခ်င္းကို ငါ တျခားတစ္ေနရာေရာက္သြားသလိုပဲ။ ျမဴေတြပိတ္ေလွာင္ထားတဲ့ မွတ္ဉာဏ္ေတြရဲ့ ခ်ိပ္စည္းကို သြားထိမိၿပီး ေသတၲာက ပြင့္သြားေလတယ္။ မွတ္ဉာဏ္ေတြက ေသာင္းေသာင္းျဖျဖကို အသိေပးျခင္းမရိွဘဲ ထြက္လာတယ္။

တစ္ခုခုမွားယြင္းေနတာကို သူခံစားခဲ့ရၿပီး အဲ့ဒါေတြကို ဆြဲထုတ္ပစ္လိုက္ခ်င္တယ္။ ဒါေပမဲ့ နာက်င္မႈေတြက သူ႔ရဲ့ အရိုးေတြထိေအာင္ ထိုးေဖာက္ဝင္ေရာက္လာခဲ့တာက သူ႔ကို ထံုထိုင္းသြားေစတယ္။ သူက လႈပ္ရွားမႈမရိွတဲ့ ရုပ္ေသးရုပ္အလား ေၾကာက္ခမန္းလိလိ ေသြးပင္လယ္ထဲ နစ္ျမဳပ္သြားတယ္။

ထိတ္လန႔္စက္စုပ္ဖြယ္ေကာင္းတဲ့ အေလာင္းေကာင္ေတြက ေျမျပင္အႏွံ႔ျပန႔္က်ဲေနတယ္။ ေနရာတိုင္းမွာ ပ်က္စီးၿပီး နံရံေတြက ၿပိဳက်ေနတယ္။ အေလာင္းပံုႀကီးနဲ႔ ေသြးပင္လယ္ၾကားထဲမွာ သူက မတ္တပ္ရပ္ေနခဲ့တယ္။ မေရမတြက္ႏိုင္ေအာင္မ်ားျပားတဲ့ လက္ေတြက ေျမျပင္ကေန မေရမတြက္ႏိုင္ေအာင္ တိုးထြက္ေနတယ္။ သူရဲ့ လက္ေတြနဲ႔ ေျခေတြကို ဆုပ္ကိုင္ၿပီးေတာ့ ေျမၾကီးထဲ နစ္ျမႇဳပ္ေအာင္ ဆြဲေခၚေနတယ္။ သူ႔အတြက္ လြတ္ေျမာက္ဖို႔ ေနရာမရိွတဲ့အတြက္ စိတ္ပ်က္ျခင္းေတြက ဒုကၡေပးေနတဲ့အခါ ဓားရဲ့ အလင္းတန္းက ေလအဟုန္ၾကားကေန တိုးထြက္လာတယ္။

က်န္းကြမ္းက အဲ့ဒီလက္ေတြကို ျဖတ္ေတာက္ပစ္လိုက္တယ္။ ေသြးေတြက သူ႔မ်က္ႏွာကို လာစင္ခဲ့တာက အနည္းငယ္ေတာင္ ေနြးေနခဲ့တယ္။ သူ႔ရဲ့ ကယ္တင္ရွင္ႀကီးကို ေတြ့ေနရသလို ေငးၾကၫ့္ေနမိခဲ့တယ္။

အျဖဴေရာင္ဝတ္ရံုနဲ႔ ေၾကာ့ရွင္းလွပၿပီး ႏူးညံ့ေနတဲ့ မ်က္ႏွာနဲ႔ လူက သူ႔ေရ႔ွမွာ မတ္တပ္ရပ္ေနခဲ့ၿပီး သူ႔ကို ၿပံဳးျပလိုက္တယ္။ “ အားရန္ မေၾကာက္ပါနဲ႔။ မင္းရဲ့ အကိုႀကီးက ဒီမွာရိွေနတယ္။”

အဲ့ဒီလူႀကီးက သူ႔လက္ကို သူ႔ဆီကို ဆန႔္ထုတ္လိုက္ၿပီး သူ႔ကို ဆြဲဖို႔ ႀကိဳးစားလိုက္တယ္။ သူက ျပင္းျပင္းထန္ထန္ကို ရုန္းကန္ကာ သူ႔ကို ဖမ္းဖို႔ ႀကိဳးစားလိုက္တယ္။ သူ႔ကို ဖမ္းႏိုင္သေရြ့ ဒီကေနလြတ္ေျမာက္ႏိုင္တယ္လို႔ထင္တယ္။ ဒီအကိုႀကီးက သူ႔ကိုလံုးဝ ကာကြယ္လိမ့္မယ္။ အေသအခ်ာကို….။ သူ႔ႏွလံုးသားထဲမွာ ေနရာေျပာင္းလဲဖို႔အတြက္ ေမ်ွာ္လင့္ခ်က္ေတြ ျဖစ္ေကၚလာတယ္။ ျပင္းျပင္းထန္ထန္ကို ဒီကေန ထြက္သြားခ်င္ေနၿပီ။ သူ႔အားအင္ေတြလည္း ကုန္ခမ္းလုနီးပါး ပင္ပန္းေနၿပီ။၊ ေနာက္ဆံုးမွာေတာ့ သူ႔ရဲ့ လက္ေခ်ာင္းထိပ္ေတြက တစ္ဖက္လူရဲ့ လက္ေခ်ာင္းေတြကို ထိမိသြားတယ္။

သူ ဒီကေန ထြက္သြားေနၿပီ။

ဒါေပမဲ့ မ်က္ေတာင္တစ္ခတ္အတြင္းမွာ သူ႔မ်က္ႏွာကို ေသြးေတြ စင္သြားတယ္။

မေရမတြက္ႏိုင္ေအာင္ မ်ားျပားတဲ့ ဓားသြားခြၽန္ေတြက အျဖဴေရာင္ဝတ္စံုနဲ႔ လူရဲ့ ရင္ဘတ္မွာ ထိုးစိုက္ေနတယ္။ သူက သူ႔ကိုၿပံဳးျပေနတုန္းပဲ။ ဒါေပမဲ့ သူ႔ရဲ့ မ်က္လံုး သူငယ္အိမ္ေတြကေတာ့ ခဲေရာင္အျဖစ္ေျပာင္းလဲ သြားေခ်ၿပီ။ မ်က္စိတစ္မိွတ္အတြင္းမွာ သူ႔မ်က္ႏွာကေတာ့ အသက္ေပ်ာက္သြားေခ်ၿပီ။ အလ်င္အျမန္ကို ပ်က္စီးေဆြးေျမ့ၿပီး ပုပ္သြားတယ္။ သူ႔က ရွင္းရွင္းလင္းလင္းကို ေသလူျဖစ္သြားေပမဲ့ သူ႔လက္ထဲမွာ ဓားကို ဆုပ္ကိုင္ထားလ်က္ ဒူးေထာက္ေနဆဲ...။ သူ႔ကို သူ႔လက္ေမာင္းၾကားမွာ တင္းၾကပ္စြာ ဖက္ထားလ်က္ လဲက်သြားေလတယ္။

သူေျပာသလိုဆိုဆိုရင္ မေၾကာက္ပါနဲ႔တဲ့။

သူ႔ေနာက္မွာ ဘာေတျြဖစ္ေနလဲဆိုတာ သူ တိတိက်က် မသိႏိုင္ေပမဲ့ ဟစ္ေႂကြးသံေတြနဲ႔အတူ တုန္လႈပ္ေနခဲ့တယ္။ အေလာင္းေတြက ေျမျပင္တစ္ေလ်ွာက္ တည္ရိွေနလ်က္။ ေရခဲတမ်ွ ေအးစက္ေနေသာ ေလေတြက သူ႔ကို အနည္းငယ္ တုန္လႈပ္သြားေစတယ္။

အဲ့ဓားရဲ့ ေရာင္ျပန္ဟပ္မႈက မပါဝင္ေခ်။

ေျမေအာက္က လက္ေတြက ေနာက္တစ္ဖန္ အလုအယက္ ထြက္လာၾကၿပီးေတာ့ သူ႔ရဲ့ ခႏၶာကိုယ္ကို တင္းၾကပ္စြာ ဆုပ္ကိုင္လိုက္တယ္။

ဒါေပမဲ့ သူ႔မွာေတာ့ ရုန္းကန္ဖို႔ အင္အားေတာင္ မရိွေတာ့ဘူး။

ဖန္းလိရဲ့ မ်က္လံုးေတြ ေသြးတမ်ွရဲရဲနီေနၿပီး ရန္လိုကာ သူ႔မ်က္ႏွာထက္မွာလည္း နာက်င္မႈေတြက ယွဉ္တြဲလ်က္ သူ႔ရဲ့ အျပဳအမူေတြကလည္း ရက္စက္ေနခဲ့တယ္။


မေကာင္းေတာ့ဘူး။ သူရန္ရႊီရဲ့ မွတ္ဉာဏ္ေတြကို သတိေပးျခင္းမရိွဘဲ ႏိႈးဆြမိလိုက္တယ္။ ရန္ရႊီရဲ့ အိပ္မက္ဆိုးေတြက သူ႔ကို ဝင္ေရာက္စီးနင္းကာ လႊမ္းမိုးသြားေခ်ၿပီ။ သူတကယ္လို႔ ဒီေနရာကေန ထြက္မသြားႏိုင္ရင္ သူဒီမွာပဲ ပိတ္မိေနၿပီးေတာ့ သူ႔ဝိဉာဉ္ေတြ ကုန္ခမ္းသည္အထိ အဆံုးမရိွနာက်င္မႈေတြထဲ နစ္ျမဳပ္သြားေတာ့မွာ။ ဒါေပမဲ့ သူအေကာင္းဆံုးႀကိဳးစားခဲ့ရင္ေတာင္ သူ အဲ့ဒီလက္ေတြကို ဖယ္ထုတ္ပစ္ႏိုင္မွာ မဟုတ္ဘူး။ ၿပီးေတာ့ ေျမၾကီးထဲကို နည္းနည္းစီ နစ္ျမဳပ္သြားေတာ့မွာ။ ပထမဆံုး သူ႔ေျခေထာက္၊ ေနာက္ေတာ့ သူ႔ရဲ့ ခႏၶာကိုယ္တစ္ဝက္၊ ၿပီးေတာ့ တျဖည္းျဖည္းနဲ႔ အသက္ရႉရ ပိုပိုၿပီး ခက္လာေနၿပီ။

သူ႔ရဲ့ အသိဉာဏ္က တျဖည္းျဖည္း ေဝဝါးသြားေနၿပီ ။ အဲ့ဒီအခ်ိန္မွာပဲ စူးရွၿပီး ၾကည္လင္တဲ့ အသံက သူ႔နားထဲ ျပန္လည္ၾကားလိုက္ရတယ္။

မေရမတြက္ႏိုင္ေအာင္မ်ားျပားတဲ့ လက္ေတြက အဲ့အသံေအာက္မွာ အစိတ္စိတ္အမႊာမႊာ ကြဲထြက္သြားခဲ့တယ္။ အလြန္အမင္းကို ဝမ္းနည္းေၾကကြဲလ်က္။ မေကာင္းဆိုးဝါးႀကီးက သူ႔လက္ထဲေရာက္ခါနီး သားေကာင္ကို လ်စ္လ်ူရႈလ်က္ အလင္းေရာင္ေၾကာင့္ အေမွာင္ထဲသို႔ ဝမ္းနည္းေၾကကြဲစြာ ေအာ္ဟစ္လ်က္ထြက္ေျပးသြားေလတယ္။

ဖန္းလိက ေနာက္ဆံုးမွာေတာ့ လႈပ္ရွားလို႔ ရခဲ့ၿပီ။ သူ႔ရဲ့ ေနာက္ဆံုးလက္က်န္အင္အားက တုန႔္ေနွးျခင္းမရိွ လ်င္ျမန္စြာ ကုန္ခမ္းသြားတယ္။ ရုတ္တရက္ သူ႔မ်က္လံုးကို ဖြင့္လိုက္တယ္။ ေရ႔ွကို ရုတ္တရက္ယိုင္က်သြားတယ္။ ၿပီးေတာ့ ေသြးပင္လယ္ကေန ေျပးထြက္လာခဲ့တယ္။

ငါ့ေရ႔ွမွာ ရိွေနတဲ့ အရာေတြအားလံုးက အိပ္မက္လို ေပ်ာက္ကြယ္သြားတယ္။

ဗလာသပ္သပ္ဝါးအိမ္ေလးနဲ႔ အစြန္းအထင္းမ်ားရိွတဲ့ အစိမ္းေရာင္ ဝါးဓားေလးသာလ်ွင္ သူ႔ေရ႔ွမွာ က်န္ေနခဲ့တယ္။

ဖန္းလိက အသက္ကို ျပင္းစြာ ရႉလိုက္တယ္။ သူ႔ရဲ့ အဝတ္ေတြက ေခြၽးေအးေတြနဲ႔ စိုရႊဲေနခဲ့တယ္။ သူက ရွက္ရွက္နဲ႔ပဲ သူ႔လက္ကို ေျမႇာက္လိုက္တယ္။ ၿပီးေတာ့ ႏွင္းလို အျဖဴေရာင္ဝတ္ရံုနဲ႔ ေအးစက္ၿပီး ခါတိုင္းနဲ႔ တူညီတဲ့ ရွဲ႔ဟိုင္ကို ေတြ့ခဲ့တယ္။ သူဟာဆိုရင္ ဝါးအိမ္ေလးေရ႔ွမွာ တိတ္ဆိတ္စြာ ရပ္ေနခဲ့ၿပီး သူ႔ကို ၾကၫ့္ေနခဲ့တယ္။

Weiterlesen

Das wird dir gefallen

848K 29.3K 104
When Grace returns home from college, it doesn't go like she thought it would. With her past still haunting her everyday choices, she discovers a sid...
2K 413 48
🔸အမျိုးအစား : Manhwa 🔸 အဆင့်သတ်မှတ်ချက် : N/A 🔸 အခြေအနေ : ongoing 🔸အမျိုးအစား- အက်ရှင်၊ စွန့်စားခန်း၊ ဒရာမာ၊ စိတ်ကူးယဉ် Synopsis : တစ်နေ့တွင် လျ...
18.2K 320 16
Warning ⚠️ This book is not suitable for people under 13, so please read at your own risk! -FLICKER-- There was a guy named Austin who was at the sho...
2.5K 244 7
ENGLISH NOVEL NAME - Crossdressing To Survive An Apocalypse [BL] AUTHOR NAME - Lullabybao TRANSLATOR NAME - VEL Credit to original author Start Date...