နတ်ဆိုးဘုရင်ကဇာတ်ညွှန်းအတိုင်...
By keodilan
11.3K 796 53
Short Title:DLOFS Alternate Title:魔尊只想走剧情 Status:Completed Author:Jimo Yao Genre:Adventure, Comedy, Drama, Fa... More
Read First
Description
အပိုင်း(အပိုင်း၁.၁) Unicode
အပိုင်း(အပိုင်း၁.၂) Unicode
အပိုင်း(အပိုင်း၁.၁)Zawgyi
အပိုင်း(အပိုင်း၁.၂)Zawgyi
အပိုင်း(၂.၁) Unicode
အပိုင်း(၂.၂) Unicode
အပိုင်း(၂.၁)Zawgyi
အပိုင်း(၂.၂) Zawgyi
အပိုင်း(၃.၁) Unicode
အပိုင်း(၃.၂) Unicode
အပိုင်း(၃.၁)Zawgyi
အပိုင်း(၃.၂)Zawgyi
အပိုင်း(၄.၁)Unicode
အပိုင်း(၄.၂) unicode
အပိုင်း(၄.၁)zawgyi
အပိုင်း(၄.၂)zawgyi
အပိုငျး(၅)Unicode
အပိုင်း(၅)Zawgyi
အပိုငျး(၆) Unicode
အပိုင်း(၆)Zawgyi
အပိုငျး(၇) Unicode
အပိုင်း(၇)zawgyi
အပိုင်း(၈.၁) Unicode
အပိုင်း(၈.၂) Unicode
အပိုင်း(၈.၁) zawgyi
အပိုင်း(၈.၂) zawgyi
အပိုင်း(၉.၂)/ အပိုငျး(၉.၂)
အပိုငျး(၁၀) Unicode
အပိုင်း(၁၀)zawgyi
အပိုင်း(၉.၁)/အပိုင်း(၉.၁)
166 20 0
By keodilan
အပိုင်း(၉.၁)
သေတ္တာထဲမှာ ဒွါရခုနှစ်ပေါက်ကနေ သွေးတွေယိုစီးနေပြီး ပြူးကျယ်နေတဲ့ မျက်လုံးတွေနဲ့ ဦးခေါင်းတစ်လုံးရှိတယ်။
တုမိန်က အလျင်အမြန်ပဲ သူ့နှလုံးသားထဲမှာ ဖြစ်နေတဲ့ ဝရုန်းသုန်းကားအခြေအနေတွေကို တည်ငြိမ်အောင် လုပ်လိုက်ပြီး မျက်မှောင်ကျုံ့ကာ ဖန်းလိကို ကြည့်လိုက်တယ်။ “အရှင် ဘာကို ဆိုလိုတာလဲ?”
ဒီအချိန်မှာ ခန်းမတစ်ခုလုံးက လုံးဝတိတ်ဆိတ်သွားတာက အပ်ကျသံကိုပင်ကြားနိုင်တယ်။
ဖန်းလိရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို အရှေ့သို့ အနည်းငယ်ညွှတ်လိုက်ပြီး ဂရုဏာသပ်ဟန်နဲ့ တုမိန်ကို ငုံ့ကြည့်လိုက်တယ်။ သူ့ရဲ့ ပုံမှန်ရယ်နေကျအသံက ခန်းမထဲမှာ ရှင်းရှင်းလင်းလင်းကို ပဲ့တင်ထပ်နေခဲ့တယ်။ “ဒီလူက ငါကိုယ်တော်ကို မတိုင်ခင် အဆိပ်ခတ်လုပ်ကြံခဲ့တယ်။ သူဖော်ထုတ်ခံလိုက်ရတဲ့ အချိန်မှာ နောက်ကွယ်က လူက ညာလက်ရုံးတော်ကြီးလို့ မဟုတ်မမှန်စွပ်စွဲခဲ့တယ်လေ။ ဒါကြောင့် ဒီအရှင်က သူ့ကို သတ်ပစ်လိုက်တယ်။”
တုမိန်က သူ့ရဲ့ မျက်လုံးတွေထဲမှာ သတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်ကို မြင်ခဲ့ရတယ်။ သူက ဖန်းလိကို အေးစက်စွာ စိုက်ကြည့်လိုက်တယ်။ အချိန်အတော်ကြာပြီးတဲ့နောက် သူ့ရဲ့ နှုတ်ခမ်းထောင့်တွေကို ပင့်တင်လိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်တယ်။ “အရှင့်ရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ် အရှင်”
ဖန်းလိက ခေါင်းငြိမ့်ပြီး ပြုံးပြလိုက်တယ်။ “ငါကိုယ်တော် ညာလက်ရုံးတော်ကြီးကို ယုံတယ်။ ဒီကိစ္စက သည်းခံနိုင်တဲ့ အခြေအနေမဟုတ်ဘူး။ ငါကိုယ်တော် မင်းကိုဒီကိစ္စရဲ့ နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ ရှာဖို့အပ်ထားလိုက်ပြီ”
တုမိန်က သရော်လိုက်ပြီး သူ့ရဲ့ စူးရှတဲ့ မျက်လုံးတွေက ဖန်းလိရဲ့ မျက်နှာပေါ်မှာကပ်နေတယ်။ ပြီးတော့ အသံတိုးတိုးလေးနဲ့ ပြောလိုက်တယ်။ “ ကျွန်တော်မျိုး အမှန်တရားကို ရှာဖွေပြီး အရှင့်ရဲ့ သင်ကြားပြသမှုကို လိုက်နာပါ့မယ်။”
ဖန်းလိက ကျေးနပ်တဲ့ အပြုံးကို ပြသလိုက်တယ်။ တုမိန်က ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ပဲ။ ပြီးတော့ သူက သူ့ကို ခုချိန်မှာ လာမထိသင့်ဘူးဆိုတာ သိတယ်လေ။ ဒါပေမဲ့ သူက လူတစ်ယောက်ကို အဆိပ်ခတ်ဖို့ လွှတ်ခဲ့တယ်။ သူက အဲ့ဒါကို ဘာလို့ မပြနိုင်ရမှာလဲ?။ ဒီမြေဇာပင်လေးကို သူ အလွယ်တကူ အရူးလုပ်လို့တော့မရနိုင်လောက်ဘူး။ သူခုချိန်မှာ သူဒေါသကို ဖြေသိမ့်ချင်တယ်ဆိုရင် သူ့ရဲ့ အပြစ်ကင်းမှုကို ပြသရလိမ့်မယ်။
အရေးအကြီးဆုံးအရာက ရန်ရွှီရဲ့သေဆုံးခြင်းက မတော်တဆပဲ။ မူရင်းစာအုပ်မှာ ဘာမှမဖြစ်ခဲ့တဲ့ ဇာတ်ကွက်တစ်ခုပဲ။ လူသတ်သမားက သူ့အပြစ်ကို ကြောက်ပြီး သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်။ ပြီးတော့ သူအဆိပ်ခတ်ခဲ့လား မခတ်ခဲ့ဘူးလားဆိုတာကို သူခန့်မှန်းမိခဲ့ပုံပဲ။ ဒီလိုရက်ရောတဲ့ လက်ဆောင်ကို ပေးလိုက်တာက တုမိန်က မသင်္ကာစရာကောင်းတယ်လို့ ဆိုလိုလိုက်တာပဲ။
ဒါ့အပြင် တုမိန်က အမိန့်ကို မနာခံတာ အတော်လေး ကြာနေပြီ။ သူဒီလို ရိုက်ချခံလိုက်ရတဲ့ အတွက် လွယ်လွယ်ကူကူ သူယူဆသွားမှာတော့ မဟုတ်ဘူး။သူ့ရဲ့ အားနည်းချက်ဖြစ်တဲ့ ရှဲ့ဟိုင်ကိုလည်း မြင်သာအောင် ပြပြီးပြီ ဖြစ်တဲ့အတွက် သူရှဲ့ဟိုင်ကို အာရုံမစိုက်မှာကို ပူမနေတော့ဘူး။
ဒါဆို ဇာတ်ကွက်ပေါ် ပြန်ရောက်လာပြီမလား?။
သူလုပ်သင့်တဲ့ အရာတွေ အားလုံးကတော့ လုပ်ပြီးသွားပြီ။ ကျန်တာက ဘာဖြစ်မလဲဆိုတာကို စောင့်ကြည့်ရုံပဲ။ ဖန်းလိက ပျင်းရိစွာ မတ်တပ်ရပ်လိုက်တယ်။
တုမိန်တစ်ယောက်တည်းကသာလျှင် ဖန်းလိရဲ့ နောက်ကျောကို ကြည့်ရင်း ကျန်နေခဲ့တယ်။ သူရဲ့ မျက်လုံးတွေက အသူရာချောက်နက်လို အေးစက်နေခဲ့တယ်။
ဖန်းလိက သူ့ကို လုံလုံလောက်လောက်ကိ သံသယဖြစ်ပြီးသွားပြီ။ သူ့ရဲ့ခေါင်းကိုလည်း လူပုံအလယ်မှာ ထိုးပြခဲ့တယ်။ သူ့ကို တိုက်ချတယ်။ သူ့ကို ဖြတ်ချပစ်တယ်။
အရိုးချေပန်းကို လူတွေရဲ့ လတ်ဆက်တဲ့အသွေးနဲ့ အသားကို ကျွေးခဲ့တယ်။ လှပပြီး အပြစ်ကင်းတဲ့ ပုံပေါ်တဲ့ အသွင်အပြင်အောက်မှာ သေစေနိုင်လောက်တဲ့ အဆိပ်တွေပါဝင်နေတယ်။ စွဲမက်ဖွယ်ရာ အန္တရာယ်ကင်းတဲ့ မျက်နှာနဲ့ ဖြူဖျော့ပြီး နေမကောင်းတဲ့ လူက ဒီလို အညှာတာကင်းမဲ့တဲ့ နည်းလမ်းကို သုံးခဲ့တယ်။
ဒါပေမဲ့ အပျော်မစောလွန်ပါနဲ့ဦး။ မင်း ဒီနေ့ လုပ်ခဲ့တာတွေအတွက် အနာဂတ်မှာ အကြိမ်ရာမက ထောင်မက ပြန်ရယူပစ်မယ်။ အဲ့နေ့အထိ စောင့်လိုက်ပါ။ မင်း သတိလွတ်နေရင် အရမ်းကို မာနထောင်လွှားနေမလဲဆိုတာ ကြည့်နေမယ်။
...........................................
ရှဲ့ဟိုင်က ဖန်းလိနောက်ကနေ အတွေးပေါင်းများစွာနဲ့ လိုက်လာခဲ့တယ်။
ဒီနေ့ကတော့ ပြပွဲကောင်းတစ်ခု ဖြစ်ခဲ့တာပဲ။
နတ်ဆိုးနည်းနဲ့ ကမ္ဘာကို အုပ်ချုပ်ဖို့ ရန်ရွှီ မမွေးဖွားလာခင်မှာ ဂျီးတျဲန်ဂိုဏ်းက မြောက်ပိုင်းတိုက်ခြောက်တိုက်မှာ ထကြွသောင်းကျန်းနေခဲ့တယ်။  အားအကြီးဆုံးဂိုဏ်း ဖြစ်ခဲ့တယ်။ ပြီးတော့ အမတ မသေမျိုးတွေရဲ့ သတ္တိလည်းဖြစ်ခဲ့တယ်။ သို့သော်လည်း သူတို့တွေက ရည်မှန်းချက်ကြီးပြီး နတ်ဆိုးလမ်းစဉ်ကို လွှမ်းမိုးချင်တာကြာနေပြီ။ ဒါပေမဲ့ သူတို့က ရန်ရွှီရဲ့ လွှမ်းမိုးခြင်းကိုသာ ခံလိုက်ရတယ်။ နှစ်ပေါင်းများစွာ ငါကြိုးစားခဲ့တာတောင် သူများတွေအတွက်ဖြစ်နေခဲ့တယ်။
သူတို့တွေက ရန်ရွှီကို မကျေနပ်ကြဘူး။ ပြီးတော့ နတ်ဆိုးဂိုဏ်းမှာ ခွက်စောင်းခုတ်နေကြတာတွေကို ကြည့်ရတာ အမတဂိုဏ်းတွေက ပျော်နေကြတယ်ဆိုတာ လူတိုင်းသိကြတယ်၊၊ သူတို့ ပေါ်ပေါ်ထင်ထင် လူတွေကို အန္တရာယ်မပြုသရွေ့ သူတို့အချင်းချင်း သတ်နေတာက ကောင်းတဲ့အရာပဲလေ။ ခု ရန်ရွှီကို ကြည့်ရတာ ခေါင်းခံချင်တဲ့ ပုံမပေါ်ဘူး။ သူလုပ်ခဲ့တာက သူ့ကို လူပုံအလယ်မှာ အရှက်ခွဲတာကိုပဲ လုပ်ခဲ့တာ။ တကယ်လို့ သူသာ နတ်ဆိုးမှော်အတတ်ကို အပြည့်အဝချုပ်ကိုင်ချင်မယ်ဆိုရင် တုမိန်က သူ့ကို မရှေးမနှောင်း ဖယ်ရှားပစ်လိမ့်မယ်။
ဒါပေမဲ့ မင်းတုမိန်ကို အနိုင်ယူနိုင်တယ်ဆိုတာက သေချာလို့လား?။
သူတို့တွေက နတ်ဆိုးနည်းလမ်းကို ကျင့်သုံးလာတာ နှစ်ရာချီနေပြီ။ သူတို့နဲ့ သွားရှုပ်ဖို့ကတော့ မလွယ်တဲ့ ကိစ္စပဲ။
ဒါ့အပြင် သူတို့ထဲမှာ နတ်ဆိုးဆန္ဒတွေ  ပြည့်နှက်နေတဲ့မျက်လုံးတွေနဲ့ မင်းကို ကြည့်နေကြတယ်။ မင်းမသိတာ......
ရှဲ့ဟိုင်က မျက်မှောင်ကျုံ့လိုက်တယ်။
ဖန်းလိ ခန်းမကနေ ထွက်လာတဲ့ အချိန်မှာ လေက လတ်ဆတ်နေတာကို သူခံစားလိုက်ရတယ်။ သူက အဲ့လို အခါသမယမျိုးကို သိပ်မကြိုက်ဘူး။ ခု ထွက်လာလိုက်တဲ့အခါ ဘယ်လောက်တောင် လွတ်လပ်လဲဆိုတာ သူခံစားနေခဲ့တယ်။ ရှဲ့ဟိုင် သူ့နောက် လိုက်လာတာကို သူအံ့ဩနေတယ်။
နောက်ကိုပြန်ကြည့်လိုက်တဲ့အခါ ရှဲ့ဟိုင်က သူနဲ့ ခြေလှမ်းနည်းနည်းပဲ ကွာဝေးတာကို ငါ တွေ့လိုက်တယ်။ သူ့မျက်နှာက ရေခဲနဲ့ ဖုံးအုပ်ထားသလိုပဲ။ ပုံမှန်ထက် ဒီဂရီများစွာ ပိုအေးစက်နေတဲ့ပုံ ပေါ်နေတယ်။
ဖန်းလိက ပြုံးလိုက်တယ်။ ဒီနေ့ သူရှဲ့ဟိုင်ကို စိတ်အနှောင့်အယှက် အများကြီး ပေးခဲ့တယ်။ သူတို့ကို ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို ပစ်နိုင်ခဲ့တယ်လို့ ပြောရလောက်အောင် အောင်အောင်မြင်မြင် အရူးလုပ်နိုင်ခဲ့တယ်။
ဖန်းလိကပြောလိုက်တယ်။ “မင်းအခန်းမင်းပြန်လို့ရပြီ”
အဲ့ဒါပြောပြီးတဲ့နောက် သူက ရှဲ့ဟိုင်ကို လျစ်လျူရှုပြီး ထွက်သွားခဲ့တယ်။
ဖန်းလိ ထွက်သွားစလေးတင် ရှဲ့ဟိုင်က သူ့နှုတ်ခမ်းထောင့်ကို မဲ့ပြီး သရော်လိုက်တယ်။ ဖန်းလိ သိရင်လည်းသိလိမ့်မယ်။ တကယ်တော့ အလေးမထားတတ်တဲ့ နတ်ဆိုးကျင့်ကြံသူတစ်ယောက်အနေနဲ့ မင်းကန်းနေတာကတော့ အံ့ဩစရာမဟုတ်ပါဘူး။ ဒါပေမဲ့ မင်းကတော့ တခြား နတ်ဆိုးကျင့်ကြံသူတွေနဲ့ ကွဲပြားနေတဲ့ပုံပေါ်တယ်။  ဒါပေမဲ့ ငါ ထပ်ပြီး ရှုပ်ထွေးမနေသင့်ဘူးလေ။
ရှဲ့ဟိုင်ရဲ့ မျက်လုံးတွေက အနည်းငယ် နက်မှောင်သွားတယ်။ ဒီလိုမျိုးရွံစရာကောင်းတဲ့ နက်ရှိုင်းတဲ့ စိတ်နေစိတ်ထားရှိတဲ့ လူတစ်ယောက်က သူ့ရဲ့ ပုံရိပ်ကို ဒီလိုမျိုး ထိန်းထားနိုင်တယ်။ တုမိန်ကိုလည်း ယိမ်းယိုင်ခြင်းမရှိဘဲ သွားပတ်သက်ရဲတယ်။ သူသတ္တိတွေ အတော်ရှိပုံရတာပဲ။
ဒီကမ္ဘာမှာ စစ်မှန်တဲ့ အမတတာအိုဆိုတာ မရှိဘူး။ ဒါကြောင့် လျန်ရှုက ထိပ်ဆုံးဖြစ်နေတာပေါ့။ ဆရာသခင်က တစ်ခါပြောဖူးတယ်။ ရန်ရွှီက စစ်မှန်တဲ့ အမတ တာအို အထွတ်အထိပ်မှာ မဟုတ်သေးဘူးတဲ့။ ဒီလိုမှမဟုတ်ရင် သူလုံးဝကြောက်မှာ မဟုတ်ဘူးလေ။ သူက တာအို အစစ်မဖြစ်သေးဘူး။ ပြီးတော့ သူ့နည်းလမ်းတွေက ဆန်းကြယ်နေတယ်။ ငါစိုးရိမ်တာက အဲ့ဒါက တကယ့် အင်အားအစစ်ပေါ် မူတည်နေတာ မဟုတ်မှာကိုပဲ။ အမည်မသိ လူသတ်သမားလိုပေါ့။
သူတို့ရဲ့ ဘဝတွေမှာ သူတော်ကောင်းအကျင့်တွေက ဆန့်ကျင်နေသလို အဝေးကို သွားဖို့အားလုံး အသုံးချခံရတယ်ဆိုတဲ့ သဘောပဲ။ ပြီတော့ ဒီ မသေမျိူးဝိဉာဉ်လောကက ကျယ်ပြန့်ပြီး ပေါကြွယ်ဝတယ်။ ဒါကြောင့် စွန့်စားမှာတွေ ရှိတယ်ဆိုတာက ပုံမှန်ပါပဲ။
ဒါပေမဲ့ မင်းရဲ့ အဓိက ဖဲချပ်က ဘာလဲ?။
.....................................................
ဖန်းလိက ရှဲ့ဟိုင်ရဲ့ အဆောင်ကို ဒီရက်ပိုင်းတွေမှာ မသွားခဲ့ဘူး။
သူက ညပိုင်းတွေမှာ ရှဲ့ဟိုင်အဆောင်မှာ မနေပေမဲ့ သူ့ရဲ့ အချစ်ကို ဖော်ပြဖို့က မရှိမဖြစ်လိုအပ်တာပဲလေ။ ဖန်းလိက သူ့ရဲ့ စုဆောင်းထားတာတွေထဲက ရှဲ့ဟိုင်ဆီ ပို့ဖို့ကို နေ့တိုင်း ရွေးလေ့ရှိတယ်။ ဉပမာ ပင်လယလအေးကနေ ရလာတဲ့ နှစ်တစ်ထောင်ရေခဲသလင်းကျောက်၊ ကျောက်ဆောင်တွေမှာပေါက်တဲ့ လျှိုလိအသီးနဲ့ လုပ်ထားတဲ့ ကိတ်မုန့်၊ ငမန်းချည် ထောင်ပေါင်းများစွာနဲ့ ရက်လုပ်ထားတဲ့ ပိုးထည် ဝတ်စုံတွေရယ်..စသဖြင့်ပေါ့။
(T/N-လျှိုလီအသီးကလေ သဖန်းသီးနဲ့ ဆင်တူပါတယ်)
တကယ်တော့ ရန်ရွှီရဲ့ ပစ္စည်းတွေထဲမှာ ကျင့်ကြံခြင်းအတွက်သုံးတဲ့ ကောင်းကင်နဲ့ မြေကြီးကထွက်တဲ့ ပို အဖိုးတန်တဲ့ ရတနာတွေ ရှိတယ်။ ဒီလိုမျက်စိနောက်စရာ ပစ္စည်းတွေက များများစားစားမရှိဘူး။ အထူးသဖြင့် လေ့ကျင့်ရေးအတွက်ပဲရှိတာ။ တောက်ပြောင်လွန်းတဲ့ ပစ္စည်းတွေကို အရင်ကတည်းက တခြားသူတွေကို ပေးလိုက်ပြီ။ ဒါကြောင့် အဲ့ဒါတွေကို ဖြစ်သလို ထောင့်မှာ ပစ်ထားထားတာ။ ဒါပေမဲ့ ဖန်းလိကတော့ ရှဲ့ဟိုင်အတွက် ဒီထဲကမှ အကောင်းဆုံး အရာတွေကို ရှာပေးခဲ့တယ်။
အခြားသူတွေအတွက်ဆိုရင်တော့ ဒါတွေက တန်ဖိုးကြီးပြီး ကောင်းတဲ့ အရာတွေပဲ။ ဒါပေမဲ့ ရှဲ့ဟိုင်အတွက်ကျတော့ သူ့သိက္ခာအတွက် အစားပြန်ရတဲ့ အရာတွေကို လက်ခံနေရတာပဲ။ ဟုတ်တယ်မလား?။
တကယ်တော့ သူ့က ဓားလက်နက်ကို ကိုင်ဆောင်ပြီး ကမ္ဘာကြီးမှာ ဓားနတ်သားဖြစ်လာဖို့ မွေးဖွားလာတာ။ ခုလိုမျိုး တခြားသူတွေက ကျွေးမွေးထားရတဲ့ စာဝါငှက် ဖြစ်လာဖို့ မဟုတ်ဘူးလေ။
ဒီနေ့တော့ ဖန်းလိက ညောင်စောင်းမှာ လဲလျောင်းရင်း နေပူဆာလှုံနေတယ်။ ဒီနေ့ ရှဲ့ဟိုင်ကို ဘာပေးရမလဲ စဉ်းစားရင်းနဲ့။ သူ့ရဲ့ လက်အောက်ငယ်သားက သတင်းပို့လာတဲ့အခါမှာတော့ သူ့ကို တွေ့ခွင့်တောင်းခဲ့တယ်၊
အို...? ရိုးသားမှုအကြောင်းတွေးနေတာ အဲ့လောက်တောင် မြန်ရလား?
ဖန်းလိက သူ့လက်အောက်ငယ်သားကို ဝင်ခွင့်ပေးလိုက်တယ်။
မကြာခင်မှာပဲ တုမိန် ဝင်လာခဲ့တယ်။ သူက အနက်ရောင် သံကျပ်ကာရယ် ရွှေဓားရဲ့ အသံတွေနဲ့ ဝင်လာခဲ့တယ်။ သူ့ရဲ့ ရှည်လျားတဲ့ ခန္ဓာကိုယ်က အရိပ်လိုပဲ ဖန်းလိရှေ့မှာ မတ်တပ်ရပ်နေခဲ့တယ်။ သူရဲ့ အနက်ရောင် မျက်ဝန်းတွေက ဖန်းလလိကို စိုက်ကြည့်နေခဲ့တယ်။ သူက သူ့မျက်ခုံးတွေကို ပင့်ပြီး “ ကံကောင်းစွာနဲ့ ကျွန်တော် နောက်ကွယ်က ကြိုးကိုင်သူကို ရှာတွေ့ခဲ့ပါတယ်။ ကျွန်တော် သူ့ကို ဒီကို ခေါ်လာခဲ့တယ်။ ကျွန်တော် သူ့ကို အရှင့်ဆီမှာ အပ်ခဲ့ပါရစေ”
လက်တစ်ဝေ့မှာ သူတို့ နှစ်ယောက်က နတ်ဆိုး ကျင့်ကြံသူနဲ့ လမ်းလျှောက်နေခဲ့တယ်။ ဒီနတ်ဆိုး ကျင့်ကြံသူမှာ မိန်းမလို လှပတဲ့ အသွင်အပြင်ရှိတယ်။ နူးညံ့တဲ့ မျက်နှာလေးရယ် ကြောက်ရွံ့မှုတွေ ပြည့်နှက်နေတဲ့ မျက်ဝန်းတစ်စုံရယ်နဲ့။ သူက ကဖိထားခံရလို့ ဒူးထောက်လျက်သားဖြစ်နေတယ်။
ဖန်းလိက အနည်းငယ်စဉ်းစားပြီးတဲ့နောက်မှာ  သူက ပိုင်လိလို့ နာမည်ရတဲ့ တုမိန်ရဲ့ လူယုံတော်တွေထဲက တစ်ယောက်ပဲ။ သူကလေးဘဝတုန်းက မတော်တဆ ဒဏ်ရာရသွားပြီး ယောက်ျားမဖြစ်နိုင်တော့ဘူး။ ဒါကြောင့် သူက အရာအားလုံးကို မုန်းတီးစွာ ဒီလိုယောက်ျားမကျ မိန်းမ မကျ အသွင်အပြင်နဲ့ ကျင့်ကြံခဲ့တယ်။ လှပတဲ့အရာတွေအားလုံးအတွက် ရက်စက်ပြီး ကြမ်းကြုတ်တဲ့ အရာတွေကို လုပ်ရတာအကြိုက်ဆုံးပဲ။ လူဘယ်လောက်တောင်များ အန္တရာယ် ကျရောက်ပြီးပြီလဲဆိုတာ ငါမသိဘူး။
ဒါကကောင်းတဲ့ ကိစ္စမဟုတ်သော်လည်း ဒါက တုမိန်ရဲ့ လူယုံတော်တွေထဲက တစ်ယော်ပဲလေ။ သူက တုမိန်အတွက် အများကြီးလုပ်ပေးခဲ့တယ်။ ပြီးတော့ သူက ဒီလိုမျိုး ပထုတ်မခံချင်ဘူးလေ။
တုမိန်က မြေပြင်ကလူကို ကွဲပြားခြားနားစွာ ကြည့်လိုက်ပြီး ဖန်းလိက ပြောလိုက်တယ်။ “လုဟန်အဆိပ်ကို ရှာတွေ့ခဲ့တာက သူပေါ့။ သူ့က နတ်ဆိုး အစေခံကိုပေးပြီး ဒီအရှင်ကို သတ်ဖို့ကြိုးစားခဲ့တယ်။ ငါ ဒီကိစ္စကို အပြစ်မပေးနိုင်ဘူး။ ကျေးဇူးပြုပြီး အပြစ်ဒဏ်ကိုစီရင်ပေးပါ။ အရှင်”
ပိုင်လိကတော့ မြေပြင်ပေါ်မှာ ပစ်လဲကျသွားတယ်။ သေမလိုမျက်နှာမျိုးနဲ့ လဲကျသွားတယ်။ သနားညှာတာဖို့ သူတောင်းဆိုချင်ပေမဲ့ မလုပ်ရဲဘူး။
ဖန်းလိက စောင်းကြည့်လိုက်ပြီး  တူမိန်ကိုပြုံးပြလိုက်တယ်။  “ မင်းကိုယ်မင်း အပြစ်တင်စရာမလိုပါဘူး။ မင်းရဲ့ လက်အောက်မှာ လူတွေ အများကြီး ရှိသေးတာပဲ။ တခါတရံမှာ မင်းသူတို့ကို မစီမံနိုင်တာ ပုံမှန်ပါပဲ။”
တုမိန်က သူ့ရဲ့ မျက်ခုံးတွေကို ပင့်ပြီးပြောလိုက်တယ်။ “ဒီလူ့ကို ကျွန်တော်မျိုး အရှင် စီမံဖို့ ထားခဲ့ပါရစေ”
ဖန်းလိက နည်းနည်းလေးတောင် မလှုပ်ဘူး။ ဒါကြောင့် သူ့ကို ထိပြီး မနှောက်ယှက်ရဲဘူး။ သူက သူ့မေးစေ့ကို ထောက်ထားပြီး တစ်ခစ်ခစ် ရယ်နေတယ်။ “ တရားခံအစစ်ကိုလည်း ဖမ်းမိထားပြီဆိုတော့ ငါကိုယ်တော် ကြားဝင်မနှောင့်ယှက်တော့ပါဘူး။ ညာလက်ရုံးတော်ကြီးပဲ ဖြေရှင်းလိုက်ပါ။ ညာလက်ရုံးတော်ကြီး ကိုယ်တိုင် ကိုယ့်အိမ်ကို သန့်ရှင်းရေးလုပ်လိုက်ပါ”
..............
Zawgyi
အပိုင်း(၉.၁)
...........................................
.....................................................
Continue Reading
You'll Also Like
711 64 12
After Transmigrating Into An Idol Talent Show 穿进男团选秀后 Author 十六春令 All Credit to original author >< Episodes 241 + Fanwei 10Episodes (Completed) in Et...
4.8K 543 9
Title - there is an apocalyptic man in the village ~အကျဥ်းချုပ်~ ကမ္ဘာပျက်ကပ်မတိုင်ခင် နေ့ရက်များ၌ ပြန်လည် မွေးဖွားလာခဲ့ပြီးနောက် ဝူချင်းယွမ်သည် ကော...
848K 29.3K 104
When Grace returns home from college, it doesn't go like she thought it would. With her past still haunting her everyday choices, she discovers a sid...
95.3K 827 12
အသက်ရွယ်ကန့်သက်ချက်တွေ လွန်လွန်ကြူးကြူးပါဝင်လို့ ကိုယ့်ဟာကိုယ် ဆင်ခြင်ဖတ်ပါ။