ဋီကာ အိပ်ယာကနိုးတော့ နေမြင့်နေပြီ ဖြစ်သည်။ခုံပေါ်ကနာရီကိုယူကြည့်မိတော့ ရှစ်နာရီတိတိ။ခါတိုင်းဒီအချိန်ဆို ရွာတစ်ပတ်ပတ်ပြီးပြီ။မနေ့ညက အတွေးပေါင်းစုံဖြင့် ဟိုလှည့်ဒီလှည့်နှင် ညဥ့်နက်သွားလေသည်။ထို့ကြောင့်ယနေ့မနက် မနိုးခြင်း။
အိပ်ရေးပျက်ရသည့် အကြောင်းရင်းအားတွေးမိတော့ လူကဆတ်ကနဲအိပ်ယာမှ ထထိုင်မိသည်။ထို့နောက် မြန်မြန်ဆန်ဆန်အိပ်ယာသိမ်းကာ အဝတ်အစားတို့အား ပြန့်နေအောင် သပ်ချမိ၏။အခန်းပြင်ရောက်တော့ မျက်နှာချင်းဆိုင်အခန်းတံခါးက ပိတ်ထားလေသည်။ဒီအချိန်တော့အိပ်ယာထလောက်ပါပြီ။
အပြေးအလွှားအောက်ဆင်းမိတော့ အိမ်ရှေ့ဆီမှဆူညံသံတွေကြားရ၏။ထို့ကြောင့်အိမ်နောက်ဖေးဆီသို့ တိုက်ရိုက်ထွက်ကာ မျက်နှာသစ် ခြေလက်ဆေးသည်။အားလုံးပြီးမှ အိမ်ရှေ့ထွက်တော့ လူစုံတက်စုံဗျာ။
ဦးကိုကိုချစ်တို့လင်မယားအပြင် ကြီးတော်စိန်တင်တို့တစ်အိမ်လုံး စာကလေးပါပါတယ်။ဘာလို့အဲ့လောက်လူစုံနေကြတာတုန်း။မကျေမနပ်တွေးရင်း စားပွဲဆီခြေလှမ်းမိသည်။
"အဲ့တာဆို ကိုသဝဏ်က ကျောင်းဖွင့်တာနဲ့ပြန်မှာပေါ့"
အံမယ် ငပွေးအသံက မသိလျှင်ငယ်ပေါင်းကြီးဖော်တွေလို။ခေါ်ပုံကိုက ကိုသဝဏ်ဆိုပဲ ဟမ့်။မနေ့ကပြောတော့ဖြင့် ပညာပြမယ်လေးဘာလေးနဲ့။ဟိုကောင် စာကလေးဆို မြို့သားဆီကအကြည့်ကိုမလွှဲဘူး။
"ဘာလို့လူစုံနေတာတုန်း"
သူ့စကားအဆုံး အားလုံးလှည့်ကြည့်လာလေသည်။ထိုအကြည့်တွေထဲ မျက်ဝန်းနက်လေးတစ်စုံလည်း အပါအဝင်။ယနေ့ နေကပဲတောက်ပလွန်းတာလား မျက်ဝန်းလေးတွေကြောင့်ပဲလားမသိစွာ ပတ်ဝန်းကျင်တစ်ခုလုံးက အရောင်သွေးစုံနေသလို။
"ဟယ် အမေ့သား လာထိုင် အံမယ် သားကဒီ
ဆံပင်ကေနဲ့လည်းလိုက်သားပဲ"
အမေကဋီကာထိုင်ဖို့ ဟိုဘက်တိုးပေးရင်းမှ ခေါင်းမှ ဆံပင်အားကြည့်ကာ သဘောတကျဆိုလေသည်။
"ဘာမှမလိုက်ဘူး ဘုန်းကြီးလူထွက်ကေနဲ့
ရုပ်ကလူမိုက်ရုပ် "
သူကြီးကသားဖြစ်သူအား အငေါ်တူးရင်း စားပွဲပေါ်မှ ပဲပြုတ်ပန်းကန်အားလည်း သားဖြစ်သူရှေ့ချပေးလေသည်။ဋီကာက ပဲပြုတ်ကြိုက်သည်ကိုး။ပန်းကန်အားယူကာတစ်ဇွန်းခပ်စားရင်း မြို့သားရှေ့ဘာရှိလဲဟူ၍လည်း မျက်လုံးထောင့်မှ ခိုးကြည့်မိသေးသည်။
"အံမယ် ဒီနေ့ ငမွှေထိုးကောင် ငြိမ်နေပါ့လား"
ကြီးတော်စိန်တင်၏ ထူးဆန်းဟန်အပြောကြောင့် လူကလိပ်ပြာမလုံချင်။ခါတိုင်းတစ်ခွန်းမကျန် ပြန်ပက်နေကျသူက အာရုံများပြီး သူကြီးစကားအား မတုံ့ပြန်နိုင်သေး။
"ကျုပ်က ဘာဖြစ်နေလို့တုန်း"
"ဘာဖြစ်ရမှာလဲ ခါတိုင်းသူကြီးကို ကတ်ကတ်လန်ပြန်ပြောနေကျလေ အာစရိရဲ့"
"မင်း တော်တန်တိတ် စောစောစီးစီး သူများအိမ်ကိုဘာကိစ္စနဲ့ ရောက်လာရတာတုန်း"
"အံမလေး ကုလားမနိုင် ရခိုင်မဲမနေနဲ့ ဘာမှမစောတော့ဘူး နေဖင်ထိုးနေပြီ ဒီနေ့မင်း ဘယ်မှသွားဖို့ စိတ်ကူးမနေနဲ့ အိမ်စောင့်ကျတယ်"
"ဦးကိုကိုချစ်တို့ကဘယ်သွားမလို့တုန်း"
"ငါကရွာဦးကျောင်းသွားမှာ မင်းအမေက ကလေးကို ရွာထဲအိမ်လည်ခေါ်သွားပြီး ရွာကလူတွေနဲ့ မိတ်ဆက်ပေးမလို့တဲ့ အဲ့တော့မင်းတစ်ရက်တစ်လေအိမ်နေဖူးတယ်ရှိရှိ နေကြည့်လိုက် ဟိုသုံးကောင်ရောအတူတူပဲ အိမ်ပြန်ရင်ပြန် ဒီမှာနေရင်နေသဘောပဲ ထန်းတောထဲရောက်လို့ကတော့ ထိပ်တုံး သုံးညပဲ"
သူကြီး စကားအဆုံးလက်ထဲမှ ပဲပြုတ် ပန်းကန်အား စားပွဲထက်တင်လိုက်ရင်း
"သူ့ကိုဒီနေ့ ရွာထဲခေါ်သွားမလို့လား နေရောကောင်းပြီမို့လို့လား မနက်ဖြန်လောက်မှ လိုက်ပို့လိုက်လေဗျာ"
"အယ် ဟုတ်သားပဲ သားနေရောကောင်းပြီ လား"
သူ့အပြောကြောင့် မျက်လွှာချကာငြိမ်နေတဲ့ မြို့သားက မော့ကြည့်လာသလို
အမေ့အမေးကိုလည်း အူကြောင်ကြောင်လေး ပြန်ဖြေလေသည်။
"ကောင်းပါတယ် ခင်ဗျ"
"မနေ့ကလှည်းမူးနေတာဆို"
မြို့သားစကားအဆုံး ဋီကာ့ထံမှချက်ချင်းထွက်လာသောအမေးစကား။
"ပျောက်ပြီခင်ဗျ"
ရေနွေးခွက်အား လက်နှစ်ဖက်ဖြင့်ကိုင်ထားပြီး မဝံ့မရဲပြန်ဖြေပုံက အပြစ်လုပ်ထားသောတရားခံလေးလို
"ဘာကိုပျောက်တာလဲခင်ဗျား လူလေးကသေးသေးလေး မျက်နှာကလည်းဖြူလျော်နေတာပဲ မူးလဲနေဘယ်လိုလုပ်မတုန်း အမေကလည်းပွေ့နိုင်မှာမဟုတ်ဘူး ညနေမှသွား ကျုပ်ကိုယ်တိုင်လိုက်ပို့မယ်"
"ရပါတယ်ဗျ တကယ်ကိုနေကောင်းနေပါပြီဗျ"
အံမယ် လက်ကလေးတခါခါနဲ့တောင်
ငြင်းနေလိုက်သေးတယ် မသိရင် သူကဘဲ သရဲလိုလိုဘာလိုလို
"ဘာမှမရဘူး အညာနေကိုဘာထင်နေတာတုန်း ခင်ဗျားအသားကဖြူဖြူလေး နေပူဒဏ်ခံနိုင်မှာမဟုတ်ဘူး"
"ခံနိုင်ပါတယ်ဗျ ဟိုမှာသွားနေကျပါ"
"မရပါဘူးဆိုဗျာ နေ့ခင်းဆိုဖုန်တထောင်းထောင်းနဲ့ လေကလည်းတိုက်ရင် လေပူတွေ ပြီးတော့..."
ဦးချစ်ကို အငြိမ်မနေနိုင်တော့ ဘယ့်နှယ်ပြောနေပုံက သူမွေးထားတဲ့သားလို
"ဘုန်းဋီကာမောင် မင်းပါးစပ်ကို ကိုယ်တိုင်ပိတ်မလား ငါပိတ်ပေးရမလား ဘယ့်နှယ့်ကွာလျှာရှည်ချက်က ကာယကံရှင်ကရတယ်ဆိုရတယ်ပေါ့ ပြီးတော့ သဝဏ်လေးကမင်းထက် လေးနှစ်ကြီးတယ် ဘာကိုမလေးမစားလုပ်နေတာတုန်း"
"အဲ့တော့ဦးကိုကိုချစ်ကို အမေကခေါ်သလို သူ့ကိုရော ကိုကိုချစ်လို့ခေါ်ရမှာလား"
"ဘာကွ"
"ဟုတ်တယ်လေဗျာ သူ့နံမည်မှာလည်း ချစ်ပါတာပဲဥစ္စာ"
"ဟ တူမလားကွ မင်းအမေငါ့ကိုခေါ်တာက ငါကသူ့ယောကျ်ားမို့လို့လေ"
"သူကလည်း... သူကလည်း.. ကျွန်တော့်ထက် အကြီးမလို့လေဗျာ"
"မင်း စကားကိုကပ်သီးကပ်သပ်မပြောနဲ့"
"ကဲတော်ကြပါတော့ရှင် သားလည်းတော်တော့ ပြီးတော့ သားသဝဏ်ကသားထက်အကြီး အဲ့တော့အစ်ကို့လို့ခေါ်ခေါ် ငပွေးတို့ခေါ်သလို ကိုသဝဏ်လို့ခေါ်လည်းရတယ်
ဟုတ်ပြီလား သားသဝဏ်ကလည်း သားညီလေးစကားတွေ စိတ်ထဲထားမနေနဲ့ သူကအဲ့လိုပဲသူများကို ဆရာလုပ်တာအကျင့်ပါနေတာ"
"ဟုတ်ကဲ့ရပါတယ်ခင်ဗျ"
"ရပါတယ်ဆိုလည်းပြီးရော ခုအပြင်မထွက်သေးနဲ့ ညနေမှကျုပ်လိုက်ပို့မယ်"
"ဒီကောင်ကွာ ပြောလေကဲလေ ဘယ်လိုဖြစ်နေတာတုန်း"
"ဟာဗျာ ဧည့်သည်ကိုဂရုစိုက်နေတာလေ
ညနေကျမှ ကျုပ်ကိုယ်တိုင်လိုက်ပို့ပါမယ်ဆို
ဒီရွာအကြောင်း ကျုပ်ထက်ဘယ်သူမှပိုမသိဘူး"
"မင်းလို ရပ်ရွာအော့ကြောလန်နဲ့ စိတ်ချပြီးသွားခိုင်းစရာလား"
"ကျုပ်ကဘာဖြစ်နေလို့တုန်း ဦးကိုကိုချစ်ရဲ့"
"တစ်ရွာလုံးရဲ့ ချဥ်ဖတ်ဖြစ်နေတာလေ"
"အမေ့ အမေ့ကိုကိုချစ်ကိုပြောအုံးလေ ကျုပ်ကို မှိုချိုးမျှစ်ချိုးပြောနေတာ ရစရာကိုမကျန်တော့ဘူး သူ့သားမဟုတ်တဲ့အတိုင်းပဲ"
"ကဲတော်ကြပါတော့ ကာယကံရှင်ကိုလည်းမေးကြပါအုံးဟဲ့"
"အစ်ကို ကျုပ်နဲ့သွားမယ်မလား"
"အာ အဲ့ဒါက...."
သဝဏ် ဘာပြန်ပြောရမှန်းမသိစွာ အကြပ်ရိုက်နေသည်။လူဆိုးပုံစံက မေးနေတာနဲ့မတူအမိန့်ပေးနေသလို။သူနှင့်သွားရမှာကြောက်သလို မသွားလျှင်လည်း ပြဿနာရှာခံရမည်ကိုကြောက်သည်။အခုမှ သူ့အခြေအနေက ဆုပ်လည်းဆူး စားလည်းရူးဆိုသလို။
"ဘာကိုမေးနေတာတုန်း ကလေးကနှင်းနဲ့ပဲရင်းနှီးတာလေ လူကြီးလည်းဖြစ်တော့ အဆင်ပြေတာပေါ့ အဲ့တော့နှင်းပဲခေါ်သွားလိုက် ဟိုအကောင် မင်းကဘာကိုလိုက်ပြချင်နေတာတုန်း လူမှုရေးတောင်ဘာမှန်းမသိဘဲနဲ့ ဘယ်လူကြီးသူမနဲ့များ မင်းကရင်းနှီးလို့တုန်း"
"ဟာဗျာ ကျုပ်တို့ကယောကျ်ားလေးအချင်းချင်းမို့ပိုအဆင်ပြေတာပေါ့ နောက်လည်းကျုပ်နဲ့ပဲနေမှာပဲဟာ"
"ဘာကိစ္စမင်းနဲ့နေရမှာတုန်း"
"ဦးကိုကိုချစ်မိန်းမက အမြဲတမ်းအားနေမှာမို့လို့လား ကျုပ်ကအမြဲတမ်းအားတယ် ဘာသိချင်လဲအကုန်မေးလို့ရတယ် ဘယ်သွားချင်လဲ လိုက်ပို့လို့ရတယ် နောက်ဆုံး ညသန်းခေါင်ကျော် အိပ်မရရင်တောင် စကားပြောဖော်ရတယ်ဗျ ယောကျ်ားလေးတွေကြားမှာ ပြောစရာစကားတွေမှ တစ်ပုံကြီး"
"မင်းနဲ့မို့လို့ကိုပိုစိတ်မချတာပဲ အားနေထန်းတောနဲ့ကြက်ပွဲပဲ ရောက်နေတဲ့ကောင် ရန်ကဖြစ်လိုက်သေးတယ် ကလေးကမင်းနဲ့တစ်လမ်းဆီ သူများသားသမီးက အရက်လည်းမသောက်သလို လောင်းကစားလည်းဝါသနာမပါဘူးကွ တစ်သက်နဲ့တစ်ကိုယ် ရန်ဖြစ်ဖူးတာတောင်မဟုတ်ဘူး မင်းအကြောင်း မင်းအသိဆုံးမလား ကဲဘယ်နားသွားပြီး ဘာအကြောင်းတွေများပြောချင်နေသေးတုန်း"
"ဘာပဲဖြစ်ဖြစ်လေဗျာ ယောကျ်ားလေးချင်းက အသင့်တော်ဆုံးပဲ သူလည်းဒီရွာမှာ သူငယ်ချင်းမရှိလို့မှမရတာ"
"ဟေ့ကောင် မင်းဒီလောက်အသည်းအသန်ဖြစ်နေတာ မဟုတ်မှလွဲရော"
သူကြီးကစကားအဆုံးတွေးတွေးစစဖြစ်သွားကာ အကြည့်စူးစူးက ဋီကာဆီ ဒိုင်းကနဲ။ဋီကာတံတွေး မျိုချမိသွားသည်။ဟုတ်ပါရဲ့ သူကကော ဒီနေ့မှဘာတွေဖြစ်ချင်နေတာတုန်း။သူကြီးစကားကို ရင်တထိတ်ထိတ်စောင့်နေတုန်း
"မင်း မဟုတ်မှလွဲရော...... ကလေးကိုအနိုင်ကျင့်ချင်နေတာမလား"
စကားအဆုံးမှ ရင်ထဲကအလုံးကြီးက ဝုန်းကနဲကျသွားသည်။
"ပေါက်ပေါက်ရှာရှာ ဘာကိစ္စအနိုင်ကျင့်ရမှာတုန်း"
"မင်းကကောဘယ်တုန်းက သဘောကောင်းတတ်သွားတာတုန်း"
"ကဲတော်ကြပါတော့ဟယ် ဒီလိုနဲ့နေကပူလာပြီ ချစ်ကိုလည်းသွားစရာရှိတာသွားတော့ နှင်းလည်းအိမ်မှာပဲနေလိုက်တော့ ဟိုလေးကောင်နင်တို့လည်းသွားစရာရှိတာသွားကြ ကလေးကိုငါပဲခေါ်သွားမယ် အိမ်ကလည်း သိပ်မှမဝေးတာ နေ့လည်စာအိမ်မှာစားခိုင်းလိုက်မယ် ညနေ နေလေးနည်းနည်း အေးမှပဲ ရွာထဲလိုက်ပြရအောင်နှင်းလိုက်လာခဲ့လိုက် "
နောက်ဆုံး ကြီးတော်စိန်တင် ဝင်ပြောမှပဲပွဲကပြတ်တော့သည်။
"အင်း အဲ့လိုပဲလုပ်လိုက်တော့မယ်"
"ကြီးတော်စိန်တင် ပယင်းတို့ကကော"
ဟုတ်တယ်လေ သမီးမိန်းကလေးတွေရှိရက်နဲ့ သူစိမ်းယောကျ်ားလေးကို အိမ်ခေါ်သွားစရာလား။ဘယ်လောက်ပဲ ရင်းနှီးတဲ့မိတ်ဆွေရဲ့သားဖြစ်ဖြစ် မသင့်တော်ဘူးလေ
"သူတို့နှစ်ယောက်က တောင်ဘက်ရွာအလှူလိုက်သွားတာလေ ညနေမှပြန်လာမှာ ကဲ လာ သားလေး ကြီးစိန်အိမ်ကနီးနီးလေးရယ် သိပ်မလျှောက်ရပါဘူး "
ကြီးတော်စိန်ကပြောရင်း မြို့သားကိုပါလက်ဆွဲခေါ်သည်။မသိရင် ငါးနှစ်သားကလေးလို
"နေအုံး "
"ဟာ ဒီကောင်ဘာဖြစ်ပြန်ပြီတုန်းကွ"
ကြာတော့ သူကြီးကစိတ်မရှည်တော့သလို စားပွဲအားလက်ဝါးနှင့်ပုတ်ကာ ဒေါနှင့်မောနှင့် ။ဒါလည်း ဟိုကောင်ကအဖက်မလုပ်
"ခဏနေအုံး မသွားသေးနဲ့နော်"
ပြောရင်းအိမ်ထဲပြေးဝင်သွားတဲ့သူ့ကြောင့် အားလုံးထနေရာမှ ခြေတစ်လှမ်းမှမရွှေ့နိုင်သေး။ငပွေးက ငထွေးအားမေးငေါ့ကာ ဘာဖြစ်နေတာတုန်း ဟုလှမ်းမေးသည်။ငထွေးကခေါင်းသာရမ်းပြမိသည်။သူလည်းမသိဘူး။စာကလေးကတော့ စကားနိုင်လုပွဲတစ်လျှောက် မြို့သားကိုသာကြည့်နေလေ သည်။တော်တော်ချောတဲ့မြို့သား။
မြို့သားလေးကတော့ ကြီးတော်စိန်လက်ဆွဲထားသည့်အတိုင်း အူတူတူလေး။သူကြီးကတော်ကတော့ နားထင်အားနှိပ်နေရလေပြီ။သားတစ်ယောက်နဲ့ သွေးတက်နေပြီ။တရားခံကတော့ သိပ်မကြာခင်ပြန်ထွက်လာလေသည်။လက်ထဲမှာလည်း အပေါ်ထပ်ရှပ်လက်ရှည်အညိုကွက်ကလေးနှင့် ခမောက်တစ်လုံး ထီးတစ်ချောင်း။
"ရော့ လက်ရှည်ထပ်ဝတ်နေပူတယ် ခမောက်ကောဆောင်း ခေါင်းကိုက်လိမ့်မယ် ထီးပါဆောင်းလိုက် နေကတော်တော်ပူနေပြီ"
ပြောလည်းပြော လက်ကလည်း ဇယ်ဆက်သလို ဇိုးဇိုးဇွက်ဇွက်နှင့်လုပ်ချသွားတာ ဘယ်သူမှဘာမှပြောချိန်မရလိုက်။
"ရပြီ သွားတော့"
ပြီးမှ သတိရမိသည်။ဗုဒ္ဓေါ သူဘာတွေလုပ်နေမိတာတုန်း။အားလုံးကပါးစပ်အဟောင်းသားနှင့် ကြည့်နေတာကြောင့် မိမိဘာလုပ်မိမှန်း သတိရတော့သည်။သို့သော်လက်ကလွန်သွားပြီ။ထို့ကြောင့် ဟန်ကိုယ့်ရင်း
"အဟမ်း သွားတော့လေနေပူနေပြီ ကျုပ်လည်းထမင်းစားတော့မယ် ဟိုသုံးကောင် လာခဲ့မင်းတို့ကောအတူလိုက်ခဲ့ ပြောစရာရှိတယ်"
ပြောရင်းမှ ဦးအောင်လှည့်ထွက်လာခဲ့သည်။ရှက်လိုက်တာ ဘာတွေလုပ်နေမိတာတုန်း တွေးရင်းနောက်ပြန်လှည့်ကြည့်မိတော့ အားလုံးက မလှုပ်မယှက်ငြိမ်ငြိမ်သက်သက်
"ဟိုကောင်တွေမလာသေးဘူးလား"
ထိုတော့မှ အားလုံးလှုပ်လှုပ်ရှားရှားဖြစ်ကုန်လေသည်။မြို့သားမျက်နှာလေးရဲနေတာ နေအပူရှိန်ကြောင့်ဖြစ်ဟန်တူပါသည်။
"လာပြီ လာပြီ"
"လာပြီ အာစရိ"
အားလုံကိုကျောခိုင်းကာ အိမ်ထဲရောက်တော့မှ လေပူတစ်ချက်မှုတ်ထုတ်မိသည်။ဗိုက်ဆာလွန်းလို့ထင်ပါရဲ့ ဘယ်ဘက်ရင်ဘတ်တစ်ခြမ်းလုံးက တဒုန်းဒုန်းနှင့်.....
#########
ဋီကာ အိပ္ယာကနိုးေတာ့ ေနျမင့္ေနၿပီ ျဖစ္သည္။ခုံေပၚကနာရီကိုယူၾကည့္မိေတာ့ ရွစ္နာရီတိတိ။ခါတိုင္းဒီအခ်ိန္ဆို ႐ြာတစ္ပတ္ပတ္ၿပီးၿပီ ။မေန႕ညက အေတြးေပါင္းစုံျဖင့္ ဟိုလွည့္ဒီလွည့္ႏွင္ ညဥ့္နက္သြားေလသည္။ထို႔ေၾကာင့္ယေန႕မနက္ မနိုးျခင္း။
အိပ္ေရးပ်က္ရသည့္ အေၾကာင္းရင္းအားေတြးမိေတာ့ လူကဆတ္ကနဲအိပ္ယာမွ ထထိုင္မိသည္။ထို႔ေနာက္ ျမန္ျမန္ဆန္ဆန္အိပ္ယာသိမ္းကာ အဝတ္အစားတို႔အား ျပန့္ေနေအာင္ သပ္ခ်မိ၏။အခန္းျပင္ေရာက္ေတာ့ မ်က္ႏွာခ်င္းဆိုင္အခန္းတံခါးက ပိတ္ထားေလသည္။ဒီအခ်ိန္ေတာ့အိပ္ယာထေလာက္ပါၿပီ။
အေျပးအလႊားေအာက္ဆင္းမိေတာ့ အိမ္ေရွ႕ဆီမွဆူညံသံေတြၾကားရ၏။ထို႔ေၾကာင့္အိမ္ေနာက္ေဖးဆီသို႔ တိုက္ရိုက္ထြက္ကာ မ်က္ႏွာသစ္ ေျခလက္ေဆးသည္။အားလုံးၿပီးမွ အိမ္ေရွ႕ထြက္ေတာ့ လူစုံတက္စုံဗ်ာ။
ဦးကိုကိုခ်စ္တို႔လင္မယားအျပင္ ႀကီးေတာ္စိန္တင္တို႔တစ္အိမ္လုံး စာကေလးပါပါတယ္။ဘာလို႔အဲ့ေလာက္လူစုံေနၾကတာတုန္း။မေက်မနပ္ေတြးရင္း စားပြဲဆီေျခလွမ္းမိသည္။
"အဲ့တာဆို ကိုသဝဏ္က ေက်ာင္းဖြင့္တာနဲ႕ျပန္မွာေပါ့"
အံမယ္ ငေပြးအသံက မသိလွ်င္ငယ္ေပါင္းႀကီးေဖာ္ေတြလို။ေခၚပုံကိုက ကိုသဝဏ္ဆိုပဲ ဟမ့္။မေန႕ကေျပာေတာ့ျဖင့္ ပညာျပမယ္ေလးဘာေလးနဲ႕။ဟိုေကာင္ စာကေလးဆို ၿမိဳ႕သားဆီက အၾကည့္ကိုမလႊဲဘူး။
"ဘာလို႔လူစုံေနတာတုန္း"
သူ႕စကားအဆုံး အားလုံးလွည့္ၾကည့္လာေလသည္။ထိုအၾကည့္ေတြထဲ မ်က္ဝန္းနက္ေလးတစ္စုံလည္း အပါအဝင္။ယေန႕ ေနကပဲေတာက္ပလြန္းတာလား မ်က္ဝန္းေလးေတြေၾကာင့္ပဲလားမသိစြာ ပတ္ဝန္းက်င္တစ္ခုလုံးက အေရာင္ေသြးစုံေနသလို။
"ဟယ္ အေမ့သား လာထိုင္ အံမယ္ သားကဒီ
ဆံပင္ေကနဲ႕လည္းလိုက္သားပဲ"
အေမကဋီကာထိုင္ဖို႔ ဟိုဘက္တိုးေပးရင္းမွ ေခါင္းမွ ဆံပင္အားၾကည့္ကာ သေဘာတက်ဆိဳေလသည္။
"ဘာမွမလိုက္ဘူး ဘုန္းႀကီးလူထြက္ေကနဲ႕
႐ုပ္ကလူမိုက္႐ုပ္ "
သူႀကီးကသားျဖစ္သူအား အေငၚတူးရင္း စားပြဲေပၚမွ ပဲျပဳတ္ပန္းကန္အားလည္း သားျဖစ္သူေရွ႕ခ်ေပးေလသည္။ဋီကာက ပဲျပဳတ္ႀကိဳက္သည္ကိုး။ပန္းကန္အားယူကာတစ္ဇြန္းခပ္စားရင္း ၿမိဳ႕သားေရွ႕ဘာရွိလဲဟူ၍လည္း မ်က္လုံးေထာင့္မွ ခိုးၾကည့္မိေသးသည္။
"အံမယ္ ဒီေန႕ ငေမႊထိုးေကာင္ ၿငိမ္ေနပါ့လား"
ႀကီးေတာ္စိန္တင္၏ ထူးဆန္းဟန္အေျပာေၾကာင့္ လူကလိပ္ျပာမလုံခ်င္။ခါတိုင္းတစ္ခြန္းမက်န္ ျပန္ပက္ေနက်သဴက အာ႐ုံမ်ားၿပီး သူႀကီးစကားအား မတုံ႕ျပန္နိုင္ေသး။
"က်ဳပ္က ဘာျဖစ္ေနလို႔တုန္း"
"ဘာျဖစ္ရမွာလဲ ခါတိုင္းသူႀကီးကို ကတ္ကတ္လန္ျပန္ေျပာေနက်ေလ အာစရိရဲ႕"
"မင္း ေတာ္တန္တိတ္ ေစာေစာစီးစီး သူမ်ားအိမ္ကိုဘာကိစၥနဲ႕ ေရာက္လာရတာတုန္း"
"အံမေလး ကုလားမနိုင္ ရခိုင္မဲမေနနဲ႕ ဘာမွမေစာေတာ့ဘူး ေနဖင္ထိုးေနၿပီ ဒီေန႕မင္း ဘယ္မွသြားဖို႔ စိတ္ကူးမေနနဲ႕ အိမ္ေစာင့္က်တယ္"
"ဦးကိုကိုခ်စ္တို႔ကဘယ္သြားမလို႔တုန္း"
"ငါက႐ြာဦးေက်ာင္းသြားမွာ မင္းအေမက ကေလးကို ႐ြာထဲအိမ္လည္ေခၚသြားၿပီး ႐ြာကလူေတြနဲ႕ မိတ္ဆက္ေပးမလို႔တဲ့ အဲ့ေတာ့မင္း တစ္ရက္တစ္ေလအိမ္ေနဖူးတယ္ရွိရွိ ေနၾကည့္လိုက္ ဟိုသုံးေကာင္ေရာအတူတူပဲ အိမ္ျပန္ရင္ျပန္ ဒီမွာေနရင္ေန သေဘာပဲ ထန္းေတာထဲေရာက္လို႔ကေတာ့ ထိပ္တုံး သုံးညပဲ"
သူႀကီး စကားအဆုံးလက္ထဲမွ ပဲျပဳတ္ ပန္းကန္အား စားပြဲထက္တင္လိုက္ရင္း
"သူ႕ကိုဒီေန႕ ႐ြာထဲေခၚသြားမလို႔လား ေနေရာေကာင္းၿပီမို႔လို႔လား မနက္ျဖန္ေလာက္မွ လိုက္ပို႔လိုက္ေလဗ်ာ"
"အယ္ ဟုတ္သားပဲ သားေနေရာေကာင္းၿပီ လား"
သူ႕အေျပာေၾကာင့္ မ်က္လႊာခ်ကာၿငိမ္ေနတဲ့ ၿမိဳ႕သားက ေမာ့ၾကည့္လာသလို
အေမ့အေမးကိုလည္း အူေၾကာင္ေၾကာင္ေလး ျပန္ေျဖေလသည္။
"ေကာင္းပါတယ္ ခင္ဗ်"
"မေန႕ကလွည္းမူးေနတာဆို"
ၿမိဳ႕သားစကားအဆုံး ဋီကာ့ထံမွခ်က္ခ်င္းထြက္လာေသာအေမးစကား။
"ေပ်ာက္ၿပီခင္ဗ်"
ေရႏြေးခြက္အား လက္ႏွစ္ဖက္ျဖင့္ကိုင္ထားၿပီး မဝံ့မရဲျပန္ေျဖပုံက အျပစ္လုပ္ထားေသာတရားခံေလးလို
"ဘာကိုေပ်ာက္တာလဲခင္ဗ်ား လူေလးကေသးေသးေလး မ်က္ႏွာကလည္း ျဖဴေလ်ာ္ေနတာပဲ မူးလဲေနဘယ္လိုလုပ္မတုန္း အေမကလည္းေပြ႕နိုင္မွာမဟုတ္ဘူး ညေနမွသြား က်ဳပ္ကိုယ္တိုင္လိုက္ပို႔မယ္"
"ရပါတယ္ဗ် တကယ္ကိုေနေကာင္းေနပါၿပီဗ်"
အံမယ္ လက္ကေလးတခါခါနဲ႕ေတာင္
ျငင္းေနလိုက္ေသးတယ္ မသိရင္ သူကဘဲ သရဲလိုလိုဘာလိုလို
"ဘာမွမရဘူး အညာေနကို ဘာထင္ေနတာတုန္း ခင္ဗ်ားအသားကျဖဴျဖဴေလး ေနပူဒဏ္ခံနိုင္မွာမဟုတ္ဘူး"
"ခံနိုင္ပါတယ္ဗ် ဟိုမွာသြားေနက်ပါ"
"မရပါဘူးဆိုဗ်ာ ေန႕ခင္းဆိုဖုန္တေထာင္းေထာင္းနဲ႕ ေလကလည္းတိုက္ရင္ ေလပူေတြ ၿပီးေတာ့..."
ဦးခ်စ္ကို အၿငိမ္မေနနိုင္ေတာ့ ဘယ့္ႏွယ္ေျပာေနပုံက သူေမြးထားတဲ့သားလို
"ဘုန္းဋီကာေမာင္ မင္းပါးစပ္ကို ကိုယ္တိုင္ပိတ္မလား ငါပိတ္ေပးရမလား ဘယ့္ႏွယ့္ကြာ လွ်ာရွည္ခ်က္က ကာယကံရွင္က ရတယ္ဆိုရတယ္ေပါ့ ၿပီးေတာ့ သဝဏ္ေလးကမင္းထက္ ေလးႏွစ္ႀကီးတယ္ ဘာကိုမေလးမစားလုပ္ေနတာတုန္း"
"အဲ့ေတာ့ဦးကိုကိုခ်စ္ကို အေမကေခၚသလို သူ႕ကိုေရာ ကိုကိုခ်စ္လို႔ေခၚရမွာလား"
"ဘာကြ"
"ဟုတ္တယ္ေလဗ်ာ သူ႕နံမည္မွာလည္း ခ်စ္ပါတာပဲဥစၥာ"
"ဟ တူမလားကြ မင္းအေမ ငါ့ကိုေခၚတာက ငါကသူ႕ေယာက်္ားမို႔လို႔ေလ"
"သူကလည္း... သူကလည္း.. ကြၽန္ေတာ့္ထက္ အႀကီးမလို႔ေလဗ်ာ"
"မင္း စကားကိုကပ္သီးကပ္သပ္မေျပာနဲ႕"
"ကဲေတာ္ၾကပါေတာ့ရွင္ သားလည္းေတာ္ေတာ့ ၿပီးေတာ့ သားသဝဏ္က သားထက္အႀကီး အဲ့ေတာ့ အစ္ကို႔လို႔ေခၚေခၚ ငေပြးတို႔ေခၚသလို ကိုသဝဏ္လို႔ေခၚလည္းရတယ္
ဟုတ္ၿပီလား သားသဝဏ္ကလည္း သားညီေလးစကားေတြ စိတ္ထဲထားမေနနဲ႕ သူကအဲ့လိုပဲသူမ်ားကို ဆရာလုပ္တာအက်င့္ပါေနတာ"
"ဟုတ္ကဲ့ရပါတယ္ခင္ဗ်"
"ရပါတယ္ဆိုလည္းၿပီးေရာ ခုအျပင္မထြက္ေသးနဲ႕ ညေနမွက်ဳပ္လိုက္ပို႔မယ္"
"ဒီေကာင္ကြာ ေျပာေလကဲေလ ဘယ္လိုျဖစ္ေနတာတုန္း"
"ဟာဗ်ာ ဧည့္သည္ကိုဂ႐ုစိုက္ေနတာေလ
ညေနက်မွ က်ဳပ္ကိုယ္တိုင္လိုက္ပို႔ပါမယ္ဆို
ဒီ႐ြာအေၾကာင္း က်ဳပ္ထက္ဘယ္သူမွပိုမသိဘူး"
"မင္းလို ရပ္႐ြာေအာ့ေၾကာလန္နဲ႕ စိတ္ခ်ၿပီးသြားခိုင္းစရာလား"
"က်ဳပ္ကဘာျဖစ္ေနလို႔တုန္း ဦးကိုကိုခ်စ္ရဲ႕"
"တစ္႐ြာလုံးရဲ႕ ခ်ဥ္ဖတ္ျဖစ္ေနတာေလ"
"အေမ့ အေမ့ကိုကိုခ်စ္ကိုေျပာအုံးေလ က်ဳပ္ကို မွိုခ်ိဳးမွ်စ္ခ်ိဳးေျပာေနတာ ရစရာကိုမက်န္ေတာ့ဘူး သူ႕သားမဟုတ္တဲ့အတိုင္းပဲ"
"ကဲေတာ္ၾကပါေတာ့ ကာယကံရွင္ကိုလည္းေမးၾကပါအုံးဟဲ့"
"အစ္ကို က်ဳပ္နဲ႕သြားမယ္မလား"
"အာ အဲ့ဒါက...."
သဝဏ္ ဘာျပန္ေျပာရမွန္းမသိစြာ အၾကပ္ရိုက္ေနသည္။လူဆိုးပုံစံက ေမးေနတာနဲ႕မတူအမိန႔္ေပးေနသလို။သူႏွင့္သြားရမွာေၾကာက္သလို မသြားလွ်င္လည္း ျပႆနာရွာခံရမည္ကိုေၾကာက္သည္။အခုမွ သူ႕အေျခအေနက ဆုပ္လည္းဆူး စားလည္း႐ူးဆိုသလို။
"ဘာကိုေမးေနတာတုန္း ကေလးကႏွင္းနဲ႕ပဲရင္းႏွီးတာေလ လူႀကီးလည္းျဖစ္ေတာ့ အဆင္ေျပတာေပါ့ အဲ့ေတာ့ႏွင္းပဲေခၚသြားလိုက္ ဟိုအေကာင္ မင္းကဘာကိုလိုက္ျပခ်င္ေနတာတုန္း လူမႈေရးေတာင္ဘာမွန္းမသိဘဲနဲ႕ ဘယ္လူႀကီးသူမနဲ႕မ်ား မင္းကရင္းႏွီးလို႔တုန္း"
"ဟာဗ်ာ က်ဳပ္တို႔ကေယာက်္ားေလးအခ်င္းခ်င္းမို႔ ပိုအဆင္ေျပတာေပါ့ ေနာက္လည္း က်ဳပ္နဲ႕ပဲေနမွာပဲဟာ"
"ဘာကိစၥမင္းနဲ႕ေနရမွာတုန္း"
"ဦးကိုကိုခ်စ္မိန္းမက အၿမဲတမ္းအားေနမွာမို႔လို႔လား က်ဳပ္ကအၿမဲတမ္းအားတယ္ ဘာသိခ်င္လဲအကုန္ေမးလို႔ရတယ္ ဘယ္သြားခ်င္လဲ လိုက္ပို႔လို႔ရတယ္ ေနာက္ဆုံး ညသန္းေခါင္ေက်ာ္ အိပ္မရရင္ေတာင္ စကားေျပာေဖာ္ရတယ္ဗ် ေယာက်္ားေလးေတြၾကားမွာ ေျပာစရာစကားေတြမွ တစ္ပုံႀကီး"
"မင္းနဲ႕မို႔လို႔ကို ပိုစိတ္မခ်တာပဲ အားေန ထန္းေတာနဲ႕ၾကက္ပြဲပဲ ေရာက္ေနတဲ့ေကာင္ ရန္ကျဖစ္လိုက္ေသးတယ္ ကေလးကမင္းနဲ႕တစ္လမ္းဆီ သူမ်ားသားသမီးက အရက္လည္းမေသာက္သလို ေလာင္းကစားလည္းဝါသနာမပါဘူးကြ တစ္သက္နဲ႕တစ္ကိုယ္ ရန္ျဖစ္ဖူးတာေတာင္မဟုတ္ဘူး မင္းအေၾကာင္း မင္းအသိဆုံးမလား ကဲဘယ္နားသြားၿပီး ဘာအေၾကာင္းေတြမ်ားေျပာခ်င္ေနေသးတုန္း"
"ဘာပဲျဖစ္ျဖစ္ေလဗ်ာ ေယာက်္ားေလးခ်င္းက အသင့္ေတာ္ဆုံးပဲ သူလည္းဒီ႐ြာမွာ သူငယ္ခ်င္းမရွိလို႔မွမရတာ"
"ေဟ့ေကာင္ မင္းဒီေလာက္အသည္းအသန္ျဖစ္ေနတာ မဟုတ္မွလြဲေရာ"
သူႀကီးက စကားအဆုံးေတြးေတြးစစျဖစ္သြားကာ အၾကည့္စူးစူးက ဋီကာဆီ ဒိုင္းကနဲ။ဋီကာတံေတြး မ်ိဳခ်မိသြားသည္။ဟုတ္ပါရဲ႕ သူကေကာ ဒီေန႕မွ ဘာေတြျဖစ္ခ်င္ေနတာတုန္း။သူႀကီးစကားကို ရင္တထိတ္ထိတ္ေစာင့္ေနတုန္း
"မင္း မဟုတ္မွလြဲေရာ ကေလးကိုအနိုင္က်င့္ခ်င္ေနတာမလား"
စကားအဆုံးမွ ရင္ထဲကအလုံးႀကီးက ဝုန္းကနဲက်သြားသည္။
"ေပါက္ေပါက္ရွာရွာ ဘာကိစၥအနိုင္က်င့္ရမွာတုန္း"
"မင္းကေကာဘယ္တုန္းက သေဘာေကာင္းတတ္သြားတာတုန္း"
"ကဲေတာ္ၾကပါေတာ့ဟယ္ ဒီလိုနဲ႕ေနကပူလာၿပီ ခ်စ္ကိုလည္းသြားစရာရွိတာသြားေတာ့ ႏွင္းလည္းအိမ္မွာပဲေနလိုက္ေတာ့ ဟိုေလးေကာင္နင္တို႔လည္းသြားစရာရွိတာသြားၾက ကေလးကိုငါပဲေခၚသြားမယ္ အိမ္ကလည္း သိပ္မွမေဝးတာ ေန႕လည္စာအိမ္မွာစားခိုင္းလိုက္မယ္ ညေန ေနေလးနည္းနည္း ေအးမွပဲ ႐ြာထဲလိုက္ျပရေအာင္ႏွင္းလိုက္လာခဲ့လိုက္ "
ေနာက္ဆုံး ႀကီးေတာ္စိန္တင္ ဝင္ေျပာမွပဲပြဲကျပတ္ေတာ့သည္။
"အင္း အဲ့လိုပဲလုပ္လိုက္ေတာ့မယ္"
"ႀကီးေတာ္စိန္တင္ ပယင္းတို႔ကေကာ"
ဟုတ္တယ္ေလ သမီးမိန္းကေလးေတြရွိရက္နဲ႕ သူစိမ္းေယာက်္ားေလးကို အိမ္ေခၚသြားစရာလား။ဘယ္ေလာက္ပဲ ရင္းႏွီးတဲ့မိတ္ေဆြရဲ႕ သားျဖစ္ျဖစ္ မသင့္ေတာ္ဘူးေလ
"သူတို႔ႏွစ္ေယာက္က ေတာင္ဘက္႐ြာ အလႉလိုက္သြားတာေလ ညေနမွျပန္လာမွာ ကဲ လာ သားေလး ႀကီးစိန္ အိမ္ကနီးနီးေလးရယ္ သိပ္မေလွ်ာက္ရပါဘူး "
ႀကီးေတာ္စိန္ကေျပာရင္း ၿမိဳ႕သားကိုပါ လက္ဆြဲေခၚသည္။မသိရင္ ငါးႏွစ္သားကေလးလို
"ေနအုံး "
"ဟာ ဒီေကာင္ဘာျဖစ္ျပန္ၿပီတုန္းကြ"
ၾကာေတာ့ သူႀကီးကစိတ္မရွည္ေတာ့သလို စားပြဲအား လက္ဝါးႏွင့္ပုတ္ကာ ေဒါႏွင့္ေမာႏွင့္ ။ဒါလည္း ဟိုေကာင္က အဖက္မလုပ္
"ခဏေနအုံး မသြားေသးနဲ႕ေနာ္"
ေျပာရင္းအိမ္ထဲေျပးဝင္သြားတဲ့သူ႕ေၾကာင့္ အားလုံးထေနရာမွ ေျခတစ္လွမ္းမွမေ႐ႊ႕နိုင္ေသး။ငေပြးက ငေထြးအားေမးေငါ့ကာ ဘာျဖစ္ေနတာတုန္း ဟုလွမ္းေမးသည္။ငေထြးကေခါင္းသာရမ္းျပမိသည္။သူလည္းမသိဘူး။စာကေလးကေတာ့ စကားနိုင္လုပြဲတစ္ေလွ်ာက္ ၿမိဳ႕သားကိုသာၾကည့္ေနေလ သည္။ေတာ္ေတာ္ေခ်ာတဲ့ၿမိဳ႕သား။
ၿမိဳ႕သားေလးကေတာ့ ႀကီးေတာ္စိန္လက္ဆြဲထားသည့္အတိုင္း အူတူတူေလး။သူႀကီးကေတာ္ကေတာ့ နားထင္အား ႏွိပ္ေနရေလၿပီ။သားတစ္ေယာက္နဲ႕ ေသြးတက္ေနၿပီ။တရားခံကေတာ့ သိပ္မၾကာခင္ ျပန္ထြက္လာေလသည္။လက္ထဲမွာလည္း အေပၚထပ္ ရွပ္လက္ရွည္အညိုကြက္ကေလးႏွင့္ ခေမာက္တစ္လုံး ထီးတစ္ေခ်ာင္း။
"ေရာ့ လက္ရွည္ထပ္ဝတ္ေနပူတယ္ ခေမာက္ေကာေဆာင္း ေခါင္းကိုက္လိမ့္မယ္ ထီးပါေဆာင္းလိုက္ ေနကေတာ္ေတာ္ပူေနၿပီ"
ေျပာလည္းေျပာ လက္ကလည္း ဇယ္ဆက္သလို ဇိုးဇိုး ဇြက္ဇြက္ႏွင့္လုပ္ခ်သြားတာ ဘယ္သူမွဘာမွေျပာခ်ိန္မရလိုက္။
"ရၿပီ သြားေတာ့"
ၿပီးမွ သတိရမိသည္။ဗုေဒၶါ သူဘာေတြလုပ္ေနမိတာတုန္း။အားလုံးကပါးစပ္အေဟာင္းသားႏွင့္ ၾကည့္ေနတာေၾကာင့္ မိမိဘာလုပ္မိမွန္း သတိရေတာ့သည္။သို႔ေသာ္လက္ကလြန္သြားၿပီ။ထို႔ေၾကာင့္ ဟန္ကိုယ့္ရင္း
"အဟမ္း သြားေတာ့ေလ ေနပူေနၿပီ က်ဳပ္လည္းထမင္းစားေတာ့မယ္ ဟိုသုံးေကာင္ လာခဲ့မင္းတို႔ေကာအတူလိုက္ခဲ့ ေျပာစရာရွိတယ္"
ေျပာရင္းမွ ဦးေအာင္လွည့္ထြက္လာခဲ့သည္။ရွက္လိုက္တာ ဘာေတြလုပ္ေနမိတာတုန္း ေတြးရင္းေနာက္ျပန္လွည့္ၾကည့္မိေတာ့ အားလုံးက မလႈပ္မယွက္ၿငိမ္ၿငိမ္သက္သက္
"ဟိုေကာင္ေတြမလာေသးဘူးလား"
ထိုေတာ့မွ အားလုံးလႈပ္လႈပ္ရွားရွားျဖစ္ကုန္ေလသည္။ၿမိဳ႕သားမ်က္ႏွာေလးရဲေနတာ ေနအပူရွိန္ေၾကာင့္ျဖစ္ဟန္တူပါသည္။
"လာၿပီ လာၿပီ"
"လာၿပီ အာစရိ"
အားလုံကိုေက်ာခိုင္းကာ အိမ္ထဲေရာက္ေတာ့မွ ေလပူတစ္ခ်က္ မႈတ္ထုတ္မိသည္။ဗိုက္ဆာလြန္းလို႔ထင္ပါရဲ႕ ဘယ္ဘက္ရင္ဘတ္တစ္ျခမ္းလုံးက တဒုန္းဒုန္းႏွင့္.....
#########