Mahar Myaing ( မဟာမြိုင်)

By Aroundtheheart

2.3K 230 30

မြန်မာသိုင်းရာဇဝင် စိတ်ကူးယဥ်သက်သက်သာ More

အပိုင်း ( ၁ )
အပိုင်း ( ၂)
အပိုင်း ( ၃)
အပိုင်း ( ၄)
အပိုင်း ( ၅)
အပိုင်း ( ၆)
အပိုင်း ( ၇)
အပိုင်း( ၉)
အပိုင်း(၁၀)
အပိုင်း( ၁၁ )
အပိုင်း ( ၁၂ )
အပိုင်း ( ၁၃)
အပိုင်း ( ၁၄)

အပိုင်း ( ၈)

121 18 1
By Aroundtheheart

အပိုင်း ( ၈)

ကိုယ်ရံတော်အဖွဲ့ရဲ့ခေါင်းဆောင် ရာဇ မဟာအိမ်တော်ကို
ပြန်လာချိန်တွင် နေပျောက်လို့လထွက်နေပြီ။ သို့သော်
မဟာ၏အငယ်ဆုံးသခင်လေး မဟာရာဇဝင်ကတော့
လရောင်အောက်မှာအေးစက်စက်ကြီး။မဟာသည်
မကြာသေးခင်ကမှရောက်လာတဲ့သေနတ်တွေထဲက
တစ်လက်ကိုယူပြီး စမ်းသပ်နေသည်။

မနက်မိုးလင်းရင် မင်္ဂလာပွဲဆင်နွှဲရမှာမလို့ အခုကတည်းက မင်္ဂလာရှိရှိနဲ့နေရမှာဆိုပေမယ့် မဟာကတော့
အမင်္ဂလာတွေချည်းဖန်တီးနေသည်။ မဟာက သစ်တိုင်တွင်ချည်ထားသော ကောက်ရိုးအရုပ်တွေကို တန်းစီပြီး
ပစ်ခတ်နေသဖြင့် အကုန်ပျက်စီးသွားချေသည်။

ဒါတင်မက ဓားပါထုတ်ပြီး ဓားသိုင်းလေ့ကျင့်နေသည်။
အားလုံးရဲ့အသိစိတ်တွေထဲမှာ မဟာသခင်လေးဟာ
အရက်စက်ဆုံးနဲ့ အသည်းနှလုံးအမဲ့ဆုံး။ ဘယ်ကိစ္စမှဝင်မပါတိတ်ဆိတ်နေပြီး လာထိတာနဲ့ထိတဲ့လူကိုအသက်ပျောက်စေလို့ အားလုံးကမဟာကို အဆိပ်ပြင်းတဲ့မြွေ
လို့တောင် တင်စားကြသေးသည်။

မဟာရဲ့ဓားလေ့ကျင့်ပုံတွေကြောင့် အိမ်စေတွေမှာ
မဟာအိမ်တော်၏ကွင်းပြင်နားတစ်ယောက်မှမဖြတ်ရဲကြ။ အတော်ဆုံးဖြစ်တဲ့ ကိုယ်ရံတော်တွေကလည်း
အဝေးကပဲအခြေနေရပ်ကြည့်နေလေသည်။

ထိုအထဲတွင် ရာဇမပါ။ ရာဇက မဟာရှေ့ခုန်ဝင်ပြီး
အခုတ်ဘက်ကိုလာတဲ့မဟာ၏ဓားကို သူ့ဓားနဲ့ကာလေသည်။ ချက်ချင်းပါပဲ မဟာရဲ့ဓားသွားလိုထက်တဲ့
အကြည့်တွေဟာ ရာဇထံတန်းရောက်လာသည်။

''သခင်လေးရဲ့ကျောက်စိမ်းလက်ကောက် ပျောက်နေတာများရှိလားခင်ဗျား''

မဟာ၏အေးစက်နေတဲ့မျက်ဝန်းတစ်စုံဟာ ချက်ချင်းအသက်ပြန်ဝင်လာသည်။

''မင်းဘယ်မှာတွေ့ခဲ့တာလဲ''

''မြင်းနက်တည်းခိုခန်းမှာပါ အလုပ်သမားတစ်ယောက်က
ဧည့်သည်အခန်းထဲဝင်ပြီးအစားအသောက်ပို့တဲ့အချိန်
တွေ့တာပါ ကျွန်တော့်ကိုလာတိုင်သွားလို့ သခင်လေးလက်ကောက်ဟုတ်မဟုတ် ကျွန်တော်လည်းပြန်တင်ပြရတာပါ''

''ချက်ချင်းသွားမယ်''

မဟာသည်ဓားမြှောင်ကိုဓားအိမ်ထဲပြန်ထိုးထည့်ပြီး
ဓားရောသေနတ်ပါယူကာ မြင်းပေါ်ကိုတက်လေသည်။
အချမ်းသာဆုံးအိမ်တော်မို့ ကားတွေရှိနေသော်လည်း
မဟာကတော့လူတွေကြားထဲကားနဲ့သွားရတာနှေးတယ်ဆိုပြီး မြင်းပဲအမြဲစီးသည်။

ကိုယ်ရံတော်တပ်ဖွဲ့အယောက်နှစ်ဆယ်ကျော်သည်လည်း
အသီးသီးမြင်းပေါ်တက်ကာ မဟာသွားရာနောက်ကို
အမြန်လိုက်သည်။မဟာစိတ်ဆောင်နေပြီဆိုရင်
မဟာအိမ်တော်နှင့်ဆက်နွယ်သမျှလူတွေအားလုံးဟာ
အသက်ကိုဖက်နဲ့ထုပ်ပြီးအမှားမလုပ်မိအောင် သတိကြီးရပါသည်။

''ကြိုဆိုပါတယ် သခင်လေး ၃''

မဟာကိုယ်တိုင်ရောက်ချလာသဖြင့်တည်းခိုခန်းကလုပ်သားအားလုံးဟာ အပြေးအလွှားနဲ့တန်းစီပြီး ဦးညွှတ်ကြလေသည်။ လူတွေကြားသွားခဲလာခဲတဲ့သခင်လေးက
သူတို့တည်းခိုခန်းကိုတပ်အလိုက်နဲ့ရောက်လာနေတဲ့အခါ
တည်းခိုခန်းကလူတွေဟာ ခေါင်းတောင်မမော့ရဲကြပါ။

''ရာဇ''

မဟာက အသံပေးတာနဲ့ ရာဇဟာ သူ့ကိုတိုင်ခဲ့သော
အလုပ်သမားကို မဟာရှေ့ထွက်ခိုင်းစေသည်။ထိုအလုပ်သမားကလည်းတုန်တုန်ရီရီနဲ့ထွက်လာသည်။

''မင်းလက်ကောက်တွေ့ခဲ့တဲ့အခန်းကိုလိုက်ပြစမ်း''

''ဟုတ် ဟုတ်ကဲ့ သခင်လေး ၃''

အလုပ်သမားက မပြေးရုံတမယ် အရှေ့ကလမ်းပြသည်။
မဟာ စိတ်လှုပ်ရှားလွန်းသဖြင့်အတော်လောနေသည်။
ရာဇနှင့် ကိုယ်ရံတော် ငါး​ယောက်က မဟာနောက် ထက်ကြပ်မကွာလိုက်ပြီး ကျန်လူတွေက တည်းခိုခန်းအရှေ့နှင့်မြေညီထပ်တို့တွင် လုံခြုံရေးယူပေးနေသည်။

''ဒီအခန်းပါသခင်လေး ၃''

ရာဇ အံ့သြသွားလေသည်။အခန်းက သခင်လေး၁ ရဲ့
သီးသန့်အခန်းဖြစ်နေလို့ပင်။ ရာဇ အလုပ်သမားကို
အစောကတည်းကအခန်းမမေးလိုက်မိတဲ့အတွက်
ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိသည်။ သခင်လေးတို့
ညီအစ်ကိုနှစ်ယောက်တိုက်ကြလို့မဖြစ်ပါ။

ကျွီးး

မဟာကအသံမပေးပါဘဲတံခါးကိုလက်နှစ်ဖက်နဲ့ဆောင့်
ဖွင့်သည်။ တံခါးဖွင့်တာနဲ့ အခန်းထဲက ဘုန်းဗညားဟာ
ဓားကိုဆွဲထုတ်လျှက်သား။ ပင်ပင်ပန်းပန်းနဲ့အိပ်ပျော်ခဲ့တာမို့ ​ခြေသံတွေကို သူမကြားလိုက်။ ဓားကိုဆွဲထုတ်ပြီးမှ မြင်လိုက်ရသူမှာ ဒီနယ်ပယ်မှာအားလုံးကဘုရင်လို
ကိုးကွယ်နေတဲ့သူဖြစ်နေတဲ့အခါ ဘုန်းဗညားဓားကိုပြန်
ထည့်လိုက်ရသည်။

''ရိုင်းပျမိသွားရင် ခွင့်လွှတ်ပါ သခင်လေး''

ဘုန်းဗညားသည် မဟာသခင်လေးကိုဝန်ချတောင်းပန်လေသည်။ မဟာက မျက်နှာသေနဲ့ ဘုန်းဗညားကို
တစ်ချက်ကြည့်ပြီး စောင်အောက်မြှုပ်နေတဲ့ ကုတင်ပေါ်ကလူဆီဦးတည်လေသည်။

ဘုန်းဗညားသည် မဟာရှေ့လျင်မြန်သောအရှိန်နဲ့ဝင်လာပြီး မဟာကုတင်နားသွားလို့မရအောင် ပိတ်ရပ်နေသည်။

''ဒါ ဘာလုပ်တာလဲ! ''

အစ်ကိုဖြစ်နေလို့ဆိုပြီး အလျှော့ပေးတတ်တဲ့လူတွေအတွက် မဟာ မပါ။မဟာ၏အသံဟာ ရန်အငွေ့အသက်အောင်းနေပြီးအကြည့်တွေကဓားသွားလိုထက်နေသည်။

''ဖယ်''

မဟာက ဖယ်စေပေမယ့် ဘုန်းဗညားကမဖယ်။ အကြောတင်းကာမဟာရှေ့ရပ်နေဆဲဖြစ်သည်။

''မနက်နေထွက်ရင်မယ်သုဇနနဲ့လက်ထပ်ထိမ်းမြားမယ်ကြားတယ် မင်္ဂလာပွဲအတွက် ဂုဏ်ယူပါတယ်''

''ဂုဏ်ယူရင်မင်းယူလိုက်ရင် ဟိုမိန်းမကို''

မဟာကအေးစက်စက်ရယ်ပြောပြီး ဘုန်းဗညားကို
တွန်းဖယ်ပစ်သည်။ ထိုအချိန်မှာပဲ စောင်ဟာ မဟာဆွဲခွာစရာမလိုအောင်အောက်ကိုလျှောကျလာသည်။ နေရီ
လန့်သွားနိုးထထိုင်လာခြင်းဖြစ်သည်။

''ဘာဖြစ်ကြ..!''

နေရီစကားမဆုံးနိုင်။ မဟာကိုတွေ့လိုက်ရတာကြောင့်
မျက်လုံးပြူးသွားချေသည်။

''သည်းညှာ''

မဟာသည် အိပ်ရာပေါ်ငုတ်တုတ်မေ့နေတဲ့ နေရီလေးကို
တစ်ပွေ့တစ်ပိုက်ကြီးဖက်ထားနေသည်။ ရာဇနှင့်ကိုယ်ရံတော်ကို ကျောခိုင်းလိုက်ကြသော်လည်း
ဘုန်းဗညားကတော့ တောင့်တောင့်ကြီးရပ်ကြည့်နေသည်။

နေရီသည် မဟာကိုနောက်တစ်ခေါက်ထပ်ပြီးပျောက်ကွယ်သွားမှာစိုးသဖြင့် တင်းတင်းဖက်ကပ်ထားနေသည်။
နေရီက ရှိုက်ကြီးတငင်ငိုနေတာကြောင့် မဟာ၏ရင်ဘတ်တစ်ခုလုံးဟာ ရွှဲစိုနေလေပြီ။ မဟာသည် ချစ်တဲ့သူကို
အငိုရပ်ပြီးအသည်းအသန်ချော့နေသည်။

''ကိုယ်တောင်းပန်ပါတယ်သည်းညှာ ကိုယ်တကယ်တောင်းပန်ပါတယ် နောက်တစ်ခါထပ်မဖြစ်စေရဘူးလို့ကိုယ်ကတိပေးပါတယ် သစ္စာဆိုပါတယ်''

နေရီ ဘာစကားမှမပြောနိုင်ပင်။ မဟာကိုသာမြဲနေအောင်ဖက်ထားပြီးငိုလေသည်။ နေရီရဲ့နဖူးကအစမေးဖျားအဆုံးကို မဟာက ယုယုယယအနမ်းတွေ​​​ခြွေလေသည်။

''မနက်ဖြန်လက်ထပ်တော့မယ့်သူကအခုဘာလုပ်နေတာလဲ မဟာရာဇဝင် ''

ဘုန်းဗညားသည် အေးစက်စက်နှင့် မဟာနဲ့နေရီကြားက
လေထုကိုဖြိုခွင်းနေသည်။ ဘုန်းဗညားပြောလိုက်တဲ့စကားကြောင့် နေရီသည် မဟာရင်ခွင်က ခေါင်းထောင်ပြီး မဟာကိုကြောင်ကြည့်သည်။

''မင်းလက်ထပ်တော့မှာ! ဟုတ်လား မဟာ''

နေရီက မယုံနိုင်သလိုမဟာကိုငိုင်ကြည့်နေသည်။
မဟာ ချက်ချင်းပါ နေရီကိုခေါင်းယမ်းပြပါသည်။
ချစ်တဲ့သူအထင်လွှဲကုန်မှာစိုးရိမ်တာကြောင့်မဟာသည်
နေရီလက်ကလေးနှစ်ဖက်ကို ဆုပ်ကိုင်ထားလေသည်။

'' မဟုတ်ဘူး သည်းညှာ ကိုယ်လက်မထပ်ပါဘူး''

''လက်မထပ်ဘူး! အနောက်ရပ်တစ်ခုလုံးက မင်းမင်္ဂလာပွဲအတွက်ဂုဏ်ပြုပြီးပြင်ဆင်ပေးနေတာကို မင်းက
လက်မထပ်ဘူးဆိုတာသေချာလို့လား''

ချစ်တဲ့သူကိုချော့နေချိန်တောင်မစောင့်ကြားဝင်ဖြတ်ပြောသော ဘုန်းဗညားကို မဟာကိုအေးစက်စက်မော့ကြည့်နေသည်။

''ဘာဖြစ်ချင်တာလဲ မင်းက!''

မဟာကအေးတိအေးစက်နဲ့ပြောသလိုဘုန်းဗညားသည်လည်းမဟာကို အေးစက်စက်နဲ့နှုတ်ခမ်းတစ်ဖက်တွန့်ကာ အသက်မပါသည့်အပြုံးပြုံးပြသည်။

''ဖြစ်ချင်တာက နေရီလေးကို မင်းနဲ့မပတ်သက်စေချင်တာ ''

''မင်းမှာဘာပြောပိုင်ခွင့်ရှိလို့လဲ''

''သိပ်ရှိတာပေါ့ ''

ဘုန်းဗညားသည်သူရဲ့လက်တစ်ဖက်ကို မဟာရှေ့ထောင်
ပြလေသည်။ လက်ရဲ့လက်သန်းကြွယ်တွင်ထင်းနေတဲ့
ရှေးဟောင်းကျောက်အနီပါလက်စွပ်တစ်ကွင်း။

''နေရီအဖေကိုယ်တိုင် နေရီကိုငါ့လက်ထဲအပ်ထားတာ
ဒီလောက်ဆိုမင်းသဘောပေါက်ပြီလား''

မဟာကဂရုမစိုက်ဟန် နှုတ်ခမ်းတစ်ချက်တွန့်ပြီး
နေရီလက်တစ်ဖက်ကိုဆွဲကိုင်ထားသည်။

''ဂရုကိုမစိုက်တာ''

''အင်း ငါလည်းဂရုမစိုက်ဘူး''

ဘုန်းဗညားသည် နေရီကို သူ့ဘက်ဆွဲယူလေသည်။
နေရီကိုယ်ကသေးတဲ့အခါ ဘုန်းဗညားရင်ခွင်ထဲ ရောက်လုမတတ်။ မဟာသည်လည်း နေရီကိုသူ့ဘက်ပြန်ဆွဲနေသည်။  နှစ်​ယောက်လုံးကနေရီရဲ့ကိုတစ်ယောက်တစ်ဖက်စီဆွဲထားကြသည့်အခါ နေရီမှာအလယ်တွင်
ကားကားကြီးဖြစ်နေသည်။

''ကျွန်တော်နဲ့စစ်ဖြစ်ဖို့အတည်ပဲရွေးချယ်လိုက်တာလား''

မဟာက တည်ငြိမ်နေတဲ့အသံနဲ့လေးလေးနက်နက်မေး
သည့်အခါ ဘုန်းဗညား သည်မဟာကိုစိုက်ကြည့်ပြီး
မျက်တောင်ခတ်သည်။ ဘုန်းဗညားသည် သူ့ခါးပေါ်ကဓားကိုတစ်ချက်ငုံ့ကြည့်ပြီး မဟာကိုငူငူကြီးပြန်ကြည့်သည်။

''ငါမလုပ်ရက်တာမင်းသိပါတယ်''

ဘုန်းဗညားဘက်ကအလျှော့ပေးသွားဟန် မျက်ဝန်းတွေကအစ အရောင်ဖျော့သွားပေမယ့် မဟာကတော့
ခက်ထန်နေဆဲပင်။

''စစ်မဖြစ်ချင်ရင် နေရီလက်ကိုလွှတ်လိုက်ပါ
ကျွန်တော့်အပိုင်ကိုထိတာကျွန်တော်မကြိုက်ပါဘူး''

ဘုန်းဗညားသည် သူဆွဲကိုင်ထားတဲ့နေရီလက်ကိုလွှတ်လိုက်လေသည်။

''ကိုယ်တိုင်ရွေးချယ်ပါ နေရီ ''

နေရီသည် သူ့လက်ကိုလွှတ်လိုက်တဲ့ ဘုန်းဗညားကို ခဏငေးကြည့်ပြီး ပြတင်းပေါက်အပြင်ကမီးပုံးတွေကို
အသက်မဲ့စွာလှည့်ပတ်ကြည့်နေသည်။

''ဒါမင်းမင်္ဂလာပွဲအတွက် မင်းပြည်သူတွေဂုဏ်ပြုပေးတာပေါ့ ငါ့ကိုလုံးဝလာမရှာတာကမင်္ဂလာပွဲပြင်ဆင်နေရလို့ပေါ့ ဟုတ်လား မဟာ''

''မဟုတ်ဘူး သည်းညှာ ''

''မဟုတ်ဘူးဆိုဘာဖြစ်လို့ငါ့ကိုလာမရှာလဲ လာရှာဖို့စိတ်ကူးလည်းမရှိဘူးမဟုတ်လား''

နေရီက ဒေါသနဲ့မျက်ရည်ရောနေပြီး မဟာကိုတွန်းထုတ်နေသည်။ မဟာကား လက်မခံ။နေရီကိုပခုံးနှစ်ဖက်မှဆွဲလှည့်ပြီး မျက်နှာချင်းဆိုင်စေချင်သည်။

''ကိုယ်ဝန်ခံတယ် သည်းညှာ ကိုယ်သည်းညှာကိုလာမရှာနိုင်တာက ပထမကမယ်မယ့်ရက်လည်ရှိလို့ အခုက''

''မင်္ဂလာပွဲရှိလို့မှတ်လား မပြောလည်းသိပါတယ်
ကြားရတဲ့သတင်းတွေအရတော့ မင်းနဲ့သူက အရမ်းကိုလိုက်ဖက်ပါတယ် ''

''သည်းညှာ ကိုယ့်ကိုမရွဲ့စမ်းနဲ့ ကိုယ်လက်ကောက်ပေးခဲ့တာ အဓိပ္ပာယ်ကိုသည်းညှာမသိလေသလား!''

မဟာလေသံမာသွားသဖြင့် နေရီ မဟာကို ခပ်တည်တည်ကြည့်ပြီးတွန်းထုတ်လေသည်။

''ငါ့ကိုမအော်နဲ့မဟာ ငါလည်းပျော်နေတယ်ထင်လို့လား
ငါချစ်တဲ့လူတခြားသူနဲ့လက်ထပ်တော့မှာကို ငါကဂုဏ်ပြုပေးရုံကလွှဲတခြားဘာလုပ်နိုင်တာရှိလို့လဲ''

''ဂုဏ်ပြုရအောင်ကိုယ့်ရဲ့လက်ကောက်က သည်းညှာဆီမှာနော် သူ့ဆီမှာမဟုတ်ဘူး''

''ငါပြန်ပေးတယ်''

နေရီက သူ့ရင်ဘက်မှာဝှက်ထားတဲ့ လက်ကောက်ကို
ထုတ်ပြီး မဟာလက်ကိုဆွဲကာကိုယ်တိုင်ထည့်ပေးသည်။
မဟာကလည်းနေရီလက်ကိုမလွှတ်ဘဲ ခပ်တင်းတင်းဆုပ်ကိုင်ပြီး နေရီကိုအေးစက်စက်ကြည့်လေသည်။

''ကိုယ့်အချစ်က ကစားစရာမဟုတ်ဘူးနော် သည်းညှာ''

''အင်း ငါကလည်း တခြားသူနဲ့မျှဝေရမဲ့အချစ်မျိုးကို
မလိုချင်ဘူး''

''ကိုယ်သူ့ကိုလက်ထပ်မယ်ဆိုပြီးပြောမိလို့လား''

''ငြင်းနိုင်စွမ်းရောရှိလို့လား အင်အားကြီးတဲ့မျိုးနွယ်နှစ်ခုကြားက ချစ်ကြည်ရေးလေ ငါ့မျက်နှာကိုကြည့်မဟာ
ငါမပျော်ဘူးနော် ငါငိုနေတာ''

နှစ်ယောက်ကြားလေထုသည်ပြင်းထန်လာပြီးအေးစက်
သထက်အေးစက်လာသည်။

''ငါကလေအောက်ခြေလူတန်းစားသာဖြစ်တာ အရမ်းမာနကြီးတာ မဟာ ငါမှငါမဟုတ်ရင် တခြားလူနဲ့ပြိုင်လုမှဆိုရင် ငါမလိုဘူး ငါရင်ကွဲအောင်ခံစားနေရမယ်ဆိုရင်တောင်ငါခံမယ်''

ပါးပြင်နုနု​အပေါ်ကျလာသော မျက်ရည်စတွေကို နေရီကို
အသာလေးသုတ်လေသည်။ နေရီဟာ သွေးအေးတဲ့ဆုံးဖြတ်ချက်ကိုချလိုက်ချေသည်။ နာကျင်ရလည်း
အဆုံးရှုံးခံဖို့သူရွေးချယ်လိုက်ချေသည်။

''ကျွန်တော်တို့ပြန်ရအောင်''

နေရီသည် ကလေးလေးလို ဘုန်းဗညားအင်္ကျီစကိုဆွဲလှုပ်ပြီး မျက်ရည်ဝိုင်းတဲ့မျက်ဝန်းအဆိုနဲ့ဘုန်းဗညားကိုမော့ကြည့်သည်။ နေရီနဲ့ပတ်သက်ရင် ဘယ်တုန်းကမှ
မျက်နှာမငယ်စေသည့် ဘုန်းဗညားသည် နေရီပြောစရာ
မလိုအောင် သူ့လူနှစ်ယောက်ကိုပစ္စည်းသိမ်းစေသည်။

ထို့နောက် ဘုန်းဗညားသည်ကျောခိုင်းထားတဲ့မဟာကို
တစ်ချက်ကြည့်ပြီး နေရီလက်ကိုအသာလေးဆွဲကိုင်သည်။

''သွားရအောင် နေရီလေး''

ဘုန်းဗညားရဲ့အသံဟာ နူးညံ့ပြီးညင်သာနေလေသည်။
နေရီသည်မဟာကိုတစ်ချက်ခိုးကြည့်ပြီး မျက်ရည်ကိုခိုးသုတ်သည်။ ဘုန်းဗညားက ကရုဏာတွေသက်ဖွယ်ကောင်းတဲ့နေရီလေးကိုကြည့်ရင်းစိတ်မကောင်းဟန်
သက်ပြင်းချသည်။

အခန်းမှထွက်ပြီးအောက်ထပ်ကိုဆင်းသည့်တိုင်
မဟာ၏ကိုယ်ရံတော်တပ်တွေဟာ လှုပ်ရှားမှုမရှိကြချေ။
သေချာတာက မဟာဘာအမိန့်မှမပေးခြင်းပင်။
တည်းခိုခန်းအပြင်ဘက်အရောက်တွင် အပေါ်ကဝုန်းခနဲအသံနဲ့အတူ မဟာသည် ဘုန်းဗညားနဲ့နေရီရှေ့ကို
ရောက်လျက်သားဖြစ်နေသည်။

နေရီကလန့်ဖျပ်ပြီး ဘုန်းဗညားလက်ကိုပါဆွဲဆိတ်မိသွားသော်လည်း ဘုန်းဗညားကတော့ ခန့်တည်တည်ပင်။

မဟာနဲ့ဘုန်းဗညားအေးစက်စက်နဲ့အကြည့်ချင်းဆုံနေကြသည့်အခါ ကိုယ်ရံတော်တပ်မှူးရာဇခင်မျာ သွေးပျက်နေရသည်။ ဘုရားတနေရချိန် မဟာဦးတည်ချက်က
ဘုန်းဗညားဆီမဟုတ်မှသာ ရာဇ အသက်ရှူနိုင်သွားသည်။

''ဝအောင်ပျော်ထားနော် သည်းညှာ ကိုယ်ကိစ္စပြီးရင်
လာခေါ်မှာမလို့''

မဟာက မျက်လုံးအနည်းငယ်မှေးကာ မိစ္ဆာဆန်ဆန်ပြုံးသည်။ မဟာစကားဟာအတည်မှန်း အနောက်ရပ်က
လူမှန်ရင်သိသည်။ အနောက်ရပ်ကလူဖြစ်နေခဲ့သည်
ဘုန်းဗညားကတော့ လက်သီးကိုကျစ်ကျစ်ဆုပ်ပြီး
နေရီကိုခါးမှပွေ့လျှက်သားဖြင့်မြင်းပေါ်တက်ခွသည်။

နေရီတို့ထွက်ခွာပြီဆိုတာနှင့် မဟာသည်သူ့ခါးကဓားကိုဆွဲထုတ်ပြီး အထက်မီးပုံးတွေရှိရာဘက်ကို လွှဲခုတ်ပစ်သည်။ ဓားကတစ်ပတ်လှည့်ပြီးမဟာလက်ထဲပြန်ရောက်သည်နှင့် အနီးအနားကမီးပုံးအားလုံးဟာမြေပေါ်
ခကြွေရကုန်သည်။
.
.
.
အားလုံးကိုချစ်၏ 😘😘😘

<><><><><>><><><<><<><><><><><><>><><><><><

အပိုင္း ( ၈)

ကိုယ္ရံေတာ္အဖြဲ႕ရဲ႕ေခါင္းေဆာင္ ရာဇ မဟာအိမ္ေတာ္ကို
ျပန္လာခ်ိန္တြင္ ေနေပ်ာက္လို႔လထြက္ေနၿပီ။ သို႔ေသာ္
မဟာ၏အငယ္ဆုံးသခင္ေလး မဟာရာဇဝင္ကေတာ့
လေရာင္ေအာက္မွာေအးစက္စက္ႀကီး။မဟာသည္
မၾကာေသးခင္ကမွေရာက္လာတဲ့ေသနတ္ေတြထဲက
တစ္လက္ကိုယူၿပီး စမ္းသပ္ေနသည္။

မနက္မိုးလင္းရင္ မဂၤလာပြဲဆင္ႏႊဲရမွာမလို႔ အခုကတည္းက မဂၤလာရွိရွိနဲ႕ေနရမွာဆိုေပမယ့္ မဟာကေတာ့
အမဂၤလာေတြခ်ည္းဖန္တီးေနသည္။ မဟာက သစ္တိုင္တြင္ခ်ည္ထားေသာ ေကာက္ရိုးအ႐ုပ္ေတြကို တန္းစီၿပီး
ပစ္ခတ္ေနသျဖင့္ အကုန္ပ်က္စီးသြားေခ်သည္။

ဒါတင္မက ဓားပါထုတ္ၿပီး ဓားသိုင္းေလ့က်င့္ေနသည္။
အားလုံးရဲ႕အသိစိတ္ေတြထဲမွာ မဟာသခင္ေလးဟာ
အရက္စက္ဆုံးနဲ႕ အသည္းႏွလုံးအမဲ့ဆုံး။ ဘယ္ကိစၥမွဝင္မပါတိတ္ဆိတ္ေနၿပီး လာထိတာနဲ႕ထိတဲ့လူကိုအသက္ေပ်ာက္ေစလို႔ အားလုံးကမဟာကို အဆိပ္ျပင္းတဲ့ေႁမြ
လို႔ေတာင္ တင္စားၾကေသးသည္။

မဟာရဲ႕ဓားေလ့က်င့္ပုံေတြေၾကာင့္ အိမ္ေစေတြမွာ
မဟာအိမ္ေတာ္၏ကြင္းျပင္နားတစ္ေယာက္မွမျဖတ္ရဲၾက။ အေတာ္ဆုံးျဖစ္တဲ့ ကိုယ္ရံေတာ္ေတြကလည္း
အေဝးကပဲအေျခေနရပ္ၾကည့္ေနေလသည္။

ထိုအထဲတြင္ ရာဇမပါ။ ရာဇက မဟာေရွ႕ခုန္ဝင္ၿပီး
အခုတ္ဘက္ကိုလာတဲ့မဟာ၏ဓားကို သူ႕ဓားနဲ႕ကာေလသည္။ ခ်က္ခ်င္းပါပဲ မဟာရဲ႕ဓားသြားလိုထက္တဲ့
အၾကည့္ေတြဟာ ရာဇထံတန္းေရာက္လာသည္။

''သခင္ေလးရဲ႕ေက်ာက္စိမ္းလက္ေကာက္ ေပ်ာက္ေနတာမ်ားရွိလားခင္ဗ်ား''

မဟာ၏ေအးစက္ေနတဲ့မ်က္ဝန္းတစ္စုံဟာ ခ်က္ခ်င္းအသက္ျပန္ဝင္လာသည္။

''မင္းဘယ္မွာေတြ႕ခဲ့တာလဲ''

''ျမင္းနက္တည္းခိုခန္းမွာပါ အလုပ္သမားတစ္ေယာက္က
ဧည့္သည္အခန္းထဲဝင္ၿပီးအစားအေသာက္ပို႔တဲ့အခ်ိန္
ေတြ႕တာပါ ကြၽန္ေတာ့္ကိုလာတိုင္သြားလို႔ သခင္ေလးလက္ေကာက္ဟုတ္မဟုတ္ ကြၽန္ေတာ္လည္းျပန္တင္ျပရတာပါ''

''ခ်က္ခ်င္းသြားမယ္''

မဟာသည္ဓားျမႇောင္ကိုဓားအိမ္ထဲျပန္ထိုးထည့္ၿပီး
ဓားေရာေသနတ္ပါယူကာ ျမင္းေပၚကိုတက္ေလသည္။
အခ်မ္းသာဆုံးအိမ္ေတာ္မို႔ ကားေတြရွိေနေသာ္လည္း
မဟာကေတာ့လူေတြၾကားထဲကားနဲ႕သြားရတာႏွေးတယ္ဆိုၿပီး ျမင္းပဲအၿမဲစီးသည္။

ကိုယ္ရံေတာ္တပ္ဖြဲ႕အေယာက္ႏွစ္ဆယ္ေက်ာ္သည္လည္း
အသီးသီးျမင္းေပၚတက္ကာ မဟာသြားရာေနာက္ကို
အျမန္လိုက္သည္။မဟာစိတ္ေဆာင္ေနၿပီဆိုရင္
မဟာအိမ္ေတာ္ႏွင့္ဆက္ႏြယ္သမွ်လူေတြအားလုံးဟာ
အသက္ကိုဖက္နဲ႕ထုပ္ၿပီးအမွားမလုပ္မိေအာင္ သတိႀကီးရပါသည္။

''ႀကိဳဆိုပါတယ္ သခင္ေလး ၃''

မဟာကိုယ္တိုင္ေရာက္ခ်လာသျဖင့္တည္းခိုခန္းကလုပ္သားအားလုံးဟာ အေျပးအလႊားနဲ႕တန္းစီၿပီး ဦးၫႊတ္ၾကေလသည္။ လူေတြၾကားသြားခဲလာခဲတဲ့သခင္ေလးက
သူတို႔တည္းခိုခန္းကိုတပ္အလိုက္နဲ႕ေရာက္လာေနတဲ့အခါ
တည္းခိုခန္းကလူေတြဟာ ေခါင္းေတာင္မေမာ့ရဲၾကပါ။

''ရာဇ''

မဟာက အသံေပးတာနဲ႕ ရာဇဟာ သူ႕ကိုတိုင္ခဲ့ေသာ
အလုပ္သမားကို မဟာေရွ႕ထြက္ခိုင္းေစသည္။ထိုအလုပ္သမားကလည္းတုန္တုန္ရီရီနဲ႕ထြက္လာသည္။

''မင္းလက္ေကာက္ေတြ႕ခဲ့တဲ့အခန္းကိုလိုက္ျပစမ္း''

''ဟုတ္ ဟုတ္ကဲ့ သခင္ေလး ၃''

အလုပ္သမားက မေျပး႐ုံတမယ္ အေရွ႕ကလမ္းျပသည္။
မဟာ စိတ္လႈပ္ရွားလြန္းသျဖင့္အေတာ္ေလာေနသည္။
ရာဇႏွင့္ ကိုယ္ရံေတာ္ ငါး​ေယာက္က မဟာေနာက္ ထက္ၾကပ္မကြာလိုက္ၿပီး က်န္လူေတြက တည္းခိုခန္းအေရွ႕ႏွင့္ေျမညီထပ္တို႔တြင္ လုံၿခဳံေရးယူေပးေနသည္။

''ဒီအခန္းပါသခင္ေလး ၃''

ရာဇ အံ့ၾသသြားေလသည္။အခန္းက သခင္ေလး၁ ရဲ႕
သီးသန့္အခန္းျဖစ္ေနလို႔ပင္။ ရာဇ အလုပ္သမားကို
အေစာကတည္းကအခန္းမေမးလိုက္မိတဲ့အတြက္
ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္ေနမိသည္။ သခင္ေလးတို႔
ညီအစ္ကိုႏွစ္ေယာက္တိုက္ၾကလို႔မျဖစ္ပါ။

ကြၽီးး

မဟာကအသံမေပးပါဘဲတံခါးကိုလက္ႏွစ္ဖက္နဲ႕ေဆာင့္
ဖြင့္သည္။ တံခါးဖြင့္တာနဲ႕ အခန္းထဲက ဘုန္းဗညားဟာ
ဓားကိုဆြဲထုတ္လွ်က္သား။ ပင္ပင္ပန္းပန္းနဲ႕အိပ္ေပ်ာ္ခဲ့တာမို႔ ​ေျခသံေတြကို သူမၾကားလိုက္။ ဓားကိုဆြဲထုတ္ၿပီးမွ ျမင္လိုက္ရသူမွာ ဒီနယ္ပယ္မွာအားလုံးကဘုရင္လို
ကိုးကြယ္ေနတဲ့သူျဖစ္ေနတဲ့အခါ ဘုန္းဗညားဓားကိုျပန္
ထည့္လိုက္ရသည္။

''ရိုင္းပ်မိသြားရင္ ခြင့္လႊတ္ပါ သခင္ေလး''

ဘုန္းဗညားသည္ မဟာသခင္ေလးကိုဝန္ခ်ေတာင္းပန္ေလသည္။ မဟာက မ်က္ႏွာေသနဲ႕ ဘုန္းဗညားကို
တစ္ခ်က္ၾကည့္ၿပီး ေစာင္ေအာက္ျမႇုပ္ေနတဲ့ ကုတင္ေပၚကလူဆီဦးတည္ေလသည္။

ဘုန္းဗညားသည္ မဟာေရွ႕လ်င္ျမန္ေသာအရွိန္နဲ႕ဝင္လာၿပီး မဟာကုတင္နားသြားလို႔မရေအာင္ ပိတ္ရပ္ေနသည္။

''ဒါ ဘာလုပ္တာလဲ! ''

အစ္ကိုျဖစ္ေနလို႔ဆိုၿပီး အေလွ်ာ့ေပးတတ္တဲ့လူေတြအတြက္ မဟာ မပါ။မဟာ၏အသံဟာ ရန္အေငြ႕အသက္ေအာင္းေနၿပီးအၾကည့္ေတြကဓားသြားလိုထက္ေနသည္။

''ဖယ္''

မဟာက ဖယ္ေစေပမယ့္ ဘုန္းဗညားကမဖယ္။ အေၾကာတင္းကာမဟာေရွ႕ရပ္ေနဆဲျဖစ္သည္။

''မနက္ေနထြက္ရင္မယ္သုဇနနဲ႕လက္ထပ္ထိမ္းျမားမယ္ၾကားတယ္ မဂၤလာပြဲအတြက္ ဂုဏ္ယူပါတယ္''

''ဂုဏ္ယူရင္မင္းယူလိုက္ရင္ ဟိုမိန္းမကို''

မဟာကေအးစက္စက္ရယ္ေျပာၿပီး ဘုန္းဗညားကို
တြန္းဖယ္ပစ္သည္။ ထိုအခ်ိန္မွာပဲ ေစာင္ဟာ မဟာဆြဲခြာစရာမလိုေအာင္ေအာက္ကိုေလွ်ာက်လာသည္။ ေနရီ
လန့္သြားနိုးထထိုင္လာျခင္းျဖစ္သည္။

''ဘာျဖစ္ၾက..!''

ေနရီစကားမဆုံးနိုင္။ မဟာကိုေတြ႕လိုက္ရတာေၾကာင့္
မ်က္လုံးျပဴးသြားေခ်သည္။

''သည္းညွာ''

မဟာသည္ အိပ္ရာေပၚငုတ္တုတ္ေမ့ေနတဲ့ ေနရီေလးကို
တစ္ေပြ႕တစ္ပိုက္ႀကီးဖက္ထားေနသည္။ ရာဇႏွင့္ကိုယ္ရံေတာ္ကို ေက်ာခိုင္းလိုက္ၾကေသာ္လည္း
ဘုန္းဗညားကေတာ့ ေတာင့္ေတာင့္ႀကီးရပ္ၾကည့္ေနသည္။

ေနရီသည္ မဟာကိုေနာက္တစ္ေခါက္ထပ္ၿပီးေပ်ာက္ကြယ္သြားမွာစိုးသျဖင့္ တင္းတင္းဖက္ကပ္ထားေနသည္။
ေနရီက ရွိုက္ႀကီးတငင္ငိုေနတာေၾကာင့္ မဟာ၏ရင္ဘတ္တစ္ခုလုံးဟာ ႐ႊဲစိုေနေလၿပီ။ မဟာသည္ ခ်စ္တဲ့သူကို
အငိုရပ္ၿပီးအသည္းအသန္ေခ်ာ့ေနသည္။

''ကိုယ္ေတာင္းပန္ပါတယ္သည္းညွာ ကိုယ္တကယ္ေတာင္းပန္ပါတယ္ ေနာက္တစ္ခါထပ္မျဖစ္ေစရဘူးလို႔ကိုယ္ကတိေပးပါတယ္ သစၥာဆိုပါတယ္''

ေနရီ ဘာစကားမွမေျပာနိုင္ပင္။ မဟာကိုသာၿမဲေနေအာင္ဖက္ထားၿပီးငိုေလသည္။ ေနရီရဲ႕နဖူးကအစေမးဖ်ားအဆုံးကို မဟာက ယုယုယယအနမ္းေတြ​​​ေႁခြေလသည္။

''မနက္ျဖန္လက္ထပ္ေတာ့မယ့္သူကအခုဘာလုပ္ေနတာလဲ မဟာရာဇဝင္ ''

ဘုန္းဗညားသည္ ေအးစက္စက္ႏွင့္ မဟာနဲ႕ေနရီၾကားက
ေလထုကိုၿဖိဳခြင္းေနသည္။ ဘုန္းဗညားေျပာလိုက္တဲ့စကားေၾကာင့္ ေနရီသည္ မဟာရင္ခြင္က ေခါင္းေထာင္ၿပီး မဟာကိုေၾကာင္ၾကည့္သည္။

''မင္းလက္ထပ္ေတာ့မွာ! ဟုတ္လား မဟာ''

ေနရီက မယုံနိုင္သလိုမဟာကိုငိုင္ၾကည့္ေနသည္။
မဟာ ခ်က္ခ်င္းပါ ေနရီကိုေခါင္းယမ္းျပပါသည္။
ခ်စ္တဲ့သူအထင္လႊဲကုန္မွာစိုးရိမ္တာေၾကာင့္မဟာသည္
ေနရီလက္ကေလးႏွစ္ဖက္ကို ဆုပ္ကိုင္ထားေလသည္။

'' မဟုတ္ဘူး သည္းညွာ ကိုယ္လက္မထပ္ပါဘူး''

''လက္မထပ္ဘူး! အေနာက္ရပ္တစ္ခုလုံးက မင္းမဂၤလာပြဲအတြက္ဂုဏ္ျပဳၿပီးျပင္ဆင္ေပးေနတာကို မင္းက
လက္မထပ္ဘူးဆိုတာေသခ်ာလို႔လား''

ခ်စ္တဲ့သူကိုေခ်ာ့ေနခ်ိန္ေတာင္မေစာင့္ၾကားဝင္ျဖတ္ေျပာေသာ ဘုန္းဗညားကို မဟာကိုေအးစက္စက္ေမာ့ၾကည့္ေနသည္။

''ဘာျဖစ္ခ်င္တာလဲ မင္းက!''

မဟာကေအးတိေအးစက္နဲ႕ေျပာသလိုဘုန္းဗညားသည္လည္းမဟာကို ေအးစက္စက္နဲ႕ႏႈတ္ခမ္းတစ္ဖက္တြန့္ကာ အသက္မပါသည့္အၿပဳံးၿပဳံးျပသည္။

''ျဖစ္ခ်င္တာက ေနရီေလးကို မင္းနဲ႕မပတ္သက္ေစခ်င္တာ ''

''မင္းမွာဘာေျပာပိုင္ခြင့္ရွိလို႔လဲ''

''သိပ္ရွိတာေပါ့ ''

ဘုန္းဗညားသည္သူရဲ႕လက္တစ္ဖက္ကို မဟာေရွ႕ေထာင္
ျပေလသည္။ လက္ရဲ႕လက္သန္းႂကြယ္တြင္ထင္းေနတဲ့
ေရွးေဟာင္းေက်ာက္အနီပါလက္စြပ္တစ္ကြင္း။

''ေနရီအေဖကိုယ္တိုင္ ေနရီကိုငါ့လက္ထဲအပ္ထားတာ
ဒီေလာက္ဆိုမင္းသေဘာေပါက္ၿပီလား''

မဟာကဂ႐ုမစိုက္ဟန္ ႏႈတ္ခမ္းတစ္ခ်က္တြန့္ၿပီး
ေနရီလက္တစ္ဖက္ကိုဆြဲကိုင္ထားသည္။

''ဂ႐ုကိုမစိုက္တာ''

''အင္း ငါလည္းဂ႐ုမစိုက္ဘူး''

ဘုန္းဗညားသည္ ေနရီကို သူ႕ဘက္ဆြဲယူေလသည္။
ေနရီကိုယ္ကေသးတဲ့အခါ ဘုန္းဗညားရင္ခြင္ထဲ ေရာက္လုမတတ္။ မဟာသည္လည္း ေနရီကိုသူ႕ဘက္ျပန္ဆြဲေနသည္။  ႏွစ္​ေယာက္လုံးကေနရီရဲ႕ကိုတစ္ေယာက္တစ္ဖက္စီဆြဲထားၾကသည့္အခါ ေနရီမွာအလယ္တြင္
ကားကားႀကီးျဖစ္ေနသည္။

''ကြၽန္ေတာ္နဲ႕စစ္ျဖစ္ဖို႔အတည္ပဲေ႐ြးခ်ယ္လိုက္တာလား''

မဟာက တည္ၿငိမ္ေနတဲ့အသံနဲ႕ေလးေလးနက္နက္ေမး
သည့္အခါ ဘုန္းဗညား သည္မဟာကိုစိုက္ၾကည့္ၿပီး
မ်က္ေတာင္ခတ္သည္။ ဘုန္းဗညားသည္ သူ႕ခါးေပၚကဓားကိုတစ္ခ်က္ငုံ႕ၾကည့္ၿပီး မဟာကိုငူငူႀကီးျပန္ၾကည့္သည္။

''ငါမလုပ္ရက္တာမင္းသိပါတယ္''

ဘုန္းဗညားဘက္ကအေလွ်ာ့ေပးသြားဟန္ မ်က္ဝန္းေတြကအစ အေရာင္ေဖ်ာ့သြားေပမယ့္ မဟာကေတာ့
ခက္ထန္ေနဆဲပင္။

''စစ္မျဖစ္ခ်င္ရင္ ေနရီလက္ကိုလႊတ္လိုက္ပါ
ကြၽန္ေတာ့္အပိုင္ကိုထိတာကြၽန္ေတာ္မႀကိဳက္ပါဘူး''

ဘုန္းဗညားသည္ သူဆြဲကိုင္ထားတဲ့ေနရီလက္ကိုလႊတ္လိုက္ေလသည္။

''ကိုယ္တိုင္ေ႐ြးခ်ယ္ပါ ေနရီ ''

ေနရီသည္ သူ႕လက္ကိုလႊတ္လိုက္တဲ့ ဘုန္းဗညားကို ခဏေငးၾကည့္ၿပီး ျပတင္းေပါက္အျပင္ကမီးပုံးေတြကို
အသက္မဲ့စြာလွည့္ပတ္ၾကည့္ေနသည္။

''ဒါမင္းမဂၤလာပြဲအတြက္ မင္းျပည္သူေတြဂုဏ္ျပဳေပးတာေပါ့ ငါ့ကိုလုံးဝလာမရွာတာကမဂၤလာပြဲျပင္ဆင္ေနရလို႔ေပါ့ ဟုတ္လား မဟာ''

''မဟုတ္ဘူး သည္းညွာ ''

''မဟုတ္ဘူးဆိုဘာျဖစ္လို႔ငါ့ကိုလာမရွာလဲ လာရွာဖို႔စိတ္ကူးလည္းမရွိဘူးမဟုတ္လား''

ေနရီက ေဒါသနဲ႕မ်က္ရည္ေရာေနၿပီး မဟာကိုတြန္းထုတ္ေနသည္။ မဟာကား လက္မခံ။ေနရီကိုပခုံးႏွစ္ဖက္မွဆြဲလွည့္ၿပီး မ်က္ႏွာခ်င္းဆိုင္ေစခ်င္သည္။

''ကိုယ္ဝန္ခံတယ္ သည္းညွာ ကိုယ္သည္းညွာကိုလာမရွာနိုင္တာက ပထမကမယ္မယ့္ရက္လည္ရွိလို႔ အခုက''

''မဂၤလာပြဲရွိလို႔မွတ္လား မေျပာလည္းသိပါတယ္
ၾကားရတဲ့သတင္းေတြအရေတာ့ မင္းနဲ႕သူက အရမ္းကိုလိုက္ဖက္ပါတယ္ ''

''သည္းညွာ ကိုယ့္ကိုမ႐ြဲ႕စမ္းနဲ႕ ကိုယ္လက္ေကာက္ေပးခဲ့တာ အဓိပၸာယ္ကိုသည္းညွာမသိေလသလား!''

မဟာေလသံမာသြားသျဖင့္ ေနရီ မဟာကို ခပ္တည္တည္ၾကည့္ၿပီးတြန္းထုတ္ေလသည္။

''ငါ့ကိုမေအာ္နဲ႕မဟာ ငါလည္းေပ်ာ္ေနတယ္ထင္လို႔လား
ငါခ်စ္တဲ့လူတျခားသူနဲ႕လက္ထပ္ေတာ့မွာကို ငါကဂုဏ္ျပဳေပး႐ုံကလႊဲတျခားဘာလုပ္နိုင္တာရွိလို႔လဲ''

''ဂုဏ္ျပဳရေအာင္ကိုယ့္ရဲ႕လက္ေကာက္က သည္းညွာဆီမွာေနာ္ သူ႕ဆီမွာမဟုတ္ဘူး''

''ငါျပန္ေပးတယ္''

ေနရီက သူ႕ရင္ဘက္မွာဝွက္ထားတဲ့ လက္ေကာက္ကို
ထုတ္ၿပီး မဟာလက္ကိုဆြဲကာကိုယ္တိုင္ထည့္ေပးသည္။
မဟာကလည္းေနရီလက္ကိုမလႊတ္ဘဲ ခပ္တင္းတင္းဆုပ္ကိုင္ၿပီး ေနရီကိုေအးစက္စက္ၾကည့္ေလသည္။

''ကိုယ့္အခ်စ္က ကစားစရာမဟုတ္ဘူးေနာ္ သည္းညွာ''

''အင္း ငါကလည္း တျခားသူနဲ႕မွ်ေဝရမဲ့အခ်စ္မ်ိဳးကို
မလိုခ်င္ဘူး''

''ကိုယ္သူ႕ကိုလက္ထပ္မယ္ဆိုၿပီးေျပာမိလို႔လား''

''ျငင္းနိုင္စြမ္းေရာရွိလို႔လား အင္အားႀကီးတဲ့မ်ိဳးႏြယ္ႏွစ္ခုၾကားက ခ်စ္ၾကည္ေရးေလ ငါ့မ်က္ႏွာကိုၾကည့္မဟာ
ငါမေပ်ာ္ဘူးေနာ္ ငါငိုေနတာ''

ႏွစ္ေယာက္ၾကားေလထုသည္ျပင္းထန္လာၿပီးေအးစက္
သထက္ေအးစက္လာသည္။

''ငါကေလေအာက္ေျခလူတန္းစားသာျဖစ္တာ အရမ္းမာနႀကီးတာ မဟာ ငါမွငါမဟုတ္ရင္ တျခားလူနဲ႕ၿပိဳင္လုမွဆိုရင္ ငါမလိုဘူး ငါရင္ကြဲေအာင္ခံစားေနရမယ္ဆိုရင္ေတာင္ငါခံမယ္''

ပါးျပင္ႏုႏု​အေပၚက်လာေသာ မ်က္ရည္စေတြကို ေနရီကို
အသာေလးသုတ္ေလသည္။ ေနရီဟာ ေသြးေအးတဲ့ဆုံးျဖတ္ခ်က္ကိုခ်လိဳက္ေခ်သည္။ နာက်င္ရလည္း
အဆုံးရႈံးခံဖို႔သူေ႐ြးခ်ယ္လိုက္ေခ်သည္။

''ကြၽန္ေတာ္တို႔ျပန္ရေအာင္''

ေနရီသည္ ကေလးေလးလို ဘုန္းဗညားအကၤ်ီစကိုဆြဲလႈပ္ၿပီး မ်က္ရည္ဝိုင္းတဲ့မ်က္ဝန္းအဆိုနဲ႕ဘုန္းဗညားကိုေမာ့ၾကည့္သည္။ ေနရီနဲ႕ပတ္သက္ရင္ ဘယ္တုန္းကမွ
မ်က္ႏွာမငယ္ေစသည့္ ဘုန္းဗညားသည္ ေနရီေျပာစရာ
မလိုေအာင္ သူ႕လူႏွစ္ေယာက္ကိုပစၥည္းသိမ္းေစသည္။

ထို႔ေနာက္ ဘုန္းဗညားသည္ေက်ာခိုင္းထားတဲ့မဟာကို
တစ္ခ်က္ၾကည့္ၿပီး ေနရီလက္ကိုအသာေလးဆြဲကိုင္သည္။

''သြားရေအာင္ ေနရီေလး''

ဘုန္းဗညားရဲ႕အသံဟာ ႏူးညံ့ၿပီးညင္သာေနေလသည္။
ေနရီသည္မဟာကိုတစ္ခ်က္ခိုးၾကည့္ၿပီး မ်က္ရည္ကိုခိုးသုတ္သည္။ ဘုန္းဗညားက က႐ုဏာေတြသက္ဖြယ္ေကာင္းတဲ့ေနရီေလးကိုၾကည့္ရင္းစိတ္မေကာင္းဟန္
သက္ျပင္းခ်သည္။

အခန္းမွထြက္ၿပီးေအာက္ထပ္ကိုဆင္းသည့္တိုင္
မဟာ၏ကိုယ္ရံေတာ္တပ္ေတြဟာ လႈပ္ရွားမႈမရွိၾကေခ်။
ေသခ်ာတာက မဟာဘာအမိန့္မွမေပးျခင္းပင္။
တည္းခိုခန္းအျပင္ဘက္အေရာက္တြင္ အေပၚကဝုန္းခနဲအသံနဲ႕အတူ မဟာသည္ ဘုန္းဗညားနဲ႕ေနရီေရွ႕ကို
ေရာက္လ်က္သားျဖစ္ေနသည္။

ေနရီကလန့္ဖ်ပ္ၿပီး ဘုန္းဗညားလက္ကိုပါဆြဲဆိတ္မိသြားေသာ္လည္း ဘုန္းဗညားကေတာ့ ခန့္တည္တည္ပင္။

မဟာနဲ႕ဘုန္းဗညားေအးစက္စက္နဲ႕အၾကည့္ခ်င္းဆုံေနၾကသည့္အခါ ကိုယ္ရံေတာ္တပ္မႉးရာဇခင္မ်ာ ေသြးပ်က္ေနရသည္။ ဘုရားတေနရခ်ိန္ မဟာဦးတည္ခ်က္က
ဘုန္းဗညားဆီမဟုတ္မွသာ ရာဇ အသက္ရႉနိုင္သြားသည္။

''ဝေအာင္ေပ်ာ္ထားေနာ္ သည္းညွာ ကိုယ္ကိစၥၿပီးရင္
လာေခၚမွာမလို႔''

မဟာက မ်က္လုံးအနည္းငယ္ေမွးကာ မိစ္ဆာဆန္ဆန္ၿပဳံးသည္။ မဟာစကားဟာအတည္မွန္း အေနာက္ရပ္က
လူမွန္ရင္သိသည္။ အေနာက္ရပ္ကလူျဖစ္ေနခဲ့သည္
ဘုန္းဗညားကေတာ့ လက္သီးကိုက်စ္က်စ္ဆုပ္ၿပီး
ေနရီကိုခါးမွေပြ႕လွ်က္သားျဖင့္ျမင္းေပၚတက္ခြသည္။

ေနရီတို႔ထြက္ခြာၿပီဆိုတာႏွင့္ မဟာသည္သူ႕ခါးကဓားကိုဆြဲထုတ္ၿပီး အထက္မီးပုံးေတြရွိရာဘက္ကို လႊဲခုတ္ပစ္သည္။ ဓားကတစ္ပတ္လွည့္ၿပီးမဟာလက္ထဲျပန္ေရာက္သည္ႏွင့္ အနီးအနားကမီးပုံးအားလုံးဟာေျမေပၚ
ခေႂကြရကုန္သည္။
.
.
.
အားလုံးကိုခ်စ္၏ 😘😘😘

Continue Reading

You'll Also Like

158K 2.5K 18
မြို့အုပ်မင်းရဲ့ဇနီးလောင်းက သူမကြောင့် သေသွားတာကြောင့် သူမကိုလက်ထပ်ပြီး ပြန်ပေးဆပ်ခိုင်းမဲ့ ဇေယျမင်းမောင်
45.8K 6.7K 64
စာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း
56.6K 5.5K 55
" The darkness closed in around him, like a shroud of silence. Veeranshu's eyes fluttered open, and he was met with an unfamiliar ceiling. Groggily...
6M 393K 74
Losing this war means captured by the enemy empire and considered as their prostitutes and servants. Dreaming that situation made my heart race even...