အပိုင်း ( ၂)

165 17 2
                                    

အပိုင်း ( ၂ )

''နေရီ မကြီးလက်ကိုကိုင်ထား''

ဒီနေ့မှတိုက်တိုက်ဆိုင်ဆိုင်ရက်ကြီးခါကြီးဖြစ်နေတာ။
မဟာမြိုင်တောအုပ်ကြီးဟာလည်း နဂိုကမှ သစ်ပင်ကြီးတွေထူထပ်ပြီးနေပင်မတိုးနိုင်။ တောအုပ်ထဲရောက်သွားရင် အချိန်တွေကနေ့လားညလား သိပ်မသဲကွဲချေတော့။

ဝှီးး!

လေတိုးသံလိုလို အနားကိုတစ်ခုခုကပ်လာနေသလိုလို
သစ်ရွက်ခြောက်တွေက နေရီတို့​ရှိရာဘက်ကိုစုပုံပြီး
ရောက်လာနေသည်။ အနံ့အသက်တွေကလည်း
တဖြည်းဖြည်းနဲ့မကောင်းလာလေ။

အူဟူးးး!

ရုတ်တရက်ဝံပုလွေအူသံကြားလိုက်ရသဖြင့်
မောင်နှမနှစ်ယောက်လုံးမှာ ကိုယ်တွေဆတ်ခနဲ။

''လာ နေရီ''

အသက်သိပ်မကွာပေမယ့် ပပမြိုင်ဟာ အစ်မကြီးအမိရာလို နေရီလေးကအပြည့်အဝကာကွယ်ပေးနေသည်။
နေရီလေးကလည်းခါတိုင်းအချိန်တွေသာ အထိမခံ
ပေမယ့် အန္တရယ်ထဲရောက်ရှိတဲ့အချိန်မှာတော့ သူမကြည်လည်း ပပမြိုင်လက်ကိုမြဲနေအောင်ဆုပ်ကိုင်ထားသည်။

မောင်နှမနှစ်ယောက်ဟာ ခြေသံတိုးတိုးနဲ့ နေရောင်အနည်းငယ်ရတဲ့နေရာကိုရှာနေသည်။ အလာလမ်းကို
စိတ်ကမှတ်မိပေမယ့် လက်တွေ့က ဝင်္ကပါလိုဖြစ်နေသည်။ ဘယ်ပြေးပြေး ဘယ်သွားသွား နေရာတစ်ခုတည်းကိုပဲပြန်ရောက်နေသည်။

ဂေါင်းး!

မျက်စိတည့်ရာစမ်းချောင်းနားကိုကပ်သွားနေချိန်
ကြီးမားတဲ့ဝက်ဝံတစ်ကောင်ကို တွေ့လိုက်သဖြင့်
မောင်နှမနှစ်ယောက်မှာကျောက်ဆောင်တစ်ခုအောက်
အလျင်အမြန်ပုန်းနေလိုက်လေ။ ပပမြိုင်သည် မောင်
ဖြစ်သူ နေရီလေးကိုဖက်ထားရင်း ဘုရားစာကိုစိတ်ထဲက
အားကိုးတကြီး ရွတ်နေသည်။

ဘုရားကိုအာရုံပြုနေရင်း တစ်ခုခုကိုသတိရသွားသဖြင့်
သူမ မျက်လုံးပြူးသွားသည်။ ဘုရား ဘုရား ဒါ ဝက်ဝံတွေ သားပေါက်တဲ့အချိန်ပဲ။ ဝက်ဝံတွေက သားပေါက်တဲ့အချိန်ဆို သူတို့ကလေးကို ဖွက်ထားကြတာ။ သူတို့ကလေးအနားသွားဖိလို့ကတော့ အဲ့လူအသေပဲ။

Mahar Myaing ( မဟာမြိုင်)Unde poveștirile trăiesc. Descoperă acum