ကျန့်ကျန့်က ရိပေါ်ရဲ့ခန္ဓာကိုယ်ကို အပင်တစ်ခုရဲ့ပင်စည်မှာ မှီစေလိုက်သည်။ ရိပေါ်ကတော့ အခုထိသတိမရသေးပေ။
တလွင့်လွင့်နဲ့ ပွင့်ဖပ်တွေဟာ အနားမှာ ကြွေကျနေတာမို့ မော့ကြည့်လိုက်တော့ သစ်တော်ပင်နဲ့ဖွေးလှုပ်နေတဲ့သစ်တော်ပန်းတွေကိုမြင်လိုက်ရသည်။
အခုရောက်နေတာဟာ ဘယ်နေရာမှန်းဘာမှန်း ကျန့်ကျန့်မသိတာမို့ ပတ်ဝန်းကျင်ကို သေချာအကဲခတ်လိုက်သည်။
ညနေခင်းရောက်နေပြီမို့ နေဟာတောင်စွယ်မှာပျောက်ကွယ်နေပြီမို့ ကျန့်ကျန့်က အနီးနားက ထင်းရှူးကိုင်းခက်အခြောက်တွေကို လိုက်လံကောက်ယူရင်း မီးဖိုဖို့အတွက် ပြင်ဆင်ရသည်။
ရိပေါ်ရဲ့ခန္ဓာကိုယ်ဟာ ရေခဲငွေ့တွေရိုက်ကာ အေးစက်နေတာမို့ ကျန့်ကျန့်ရဲ့ စစ်ဝတ်တန်ဆာတွေနဲ့ခြုံပေးထားရသည်။
မီးလေးဟာတလက်လက်နဲ့အရှိန်ရစွာတောက်လာခဲ့ပြီဖြစ်ကာ ကျန့်ကျန့်ကလည်း ခန္ဓာကိုယ်က သွေးပေသောနေရာများနဲ့ဒဏ်ရာမျကို အနီးက မြစ်ရေနဲ့ ဆေးကြောလိုက်သည်။
ထို့နောက် ချမ်းတုန်နေသော ရိပေါ်ကို ပွေ့ဖက်ကာ မီးဖိုဘေးမှာ ထိုင်နေလိုက်သည်။
" ရိပေါ်.. ငါ..ကိုကိုကလေ ရိပေါ်ကို သိပ်ချစ်တာမို့ ရိပေါ် ဘာမှမဖြစ်ရဘူးနော်''
"......''
" ရိပေါ်..မိုးပေါ်မှာ ကြယ်တွေအများကြီးရှိတယ်၊ ကိုကိုက သီချင်းလည်းမဆိုတတ်ဘူး၊ ကဗျာလည်းမစပ်တတ်ဘူး၊ စာလည်းမရေးတတ်ဘူး ''
" .....''
" ကိုကိုက ဓားကိုင်ဖို့လူသတ်ဖို့ကလွဲရင် ဘာမှမသိဘူး ၊ အခု ကိုကိုတစ်ခုသိပြီ ၊ ကိုကိုလေ ရိပေါ်ကို ချစ်တယ်''
".....''
ကျန့်ကျန့်က ရိပေါ်ကို ပွေ့ဖက်ထားရင်း စကားတွေတတွတ်ပြောကာ အိပ်ပျော်ဖို့လည်းမဖြစ်နိုင်အောင်မျက်ဝန်းတွေကြောင်စီနေခဲ့သည်။
တစ်ရက်..
နှစ်ရက်...
သုံးရက်....။
ရက်တွေကြာခဲ့ပေမယ့်ရိပေါ်က သတိမရလာတော့ပြီမို့ ကျန့်ကျန့်ရဲ့မျက်ရည်တွေက တစ်ဖန်ကျဆင်းရပြန်သည်။
" ဟင့်အင်း...ရိပေါ်...ရိပေါ် ''
ရုတ်တရက်ထိုနေရာမှာ ကျန့်ကျန့်ရဲ့ငိုသံတွေဆူညံသွားခဲ့သည်။ အချိန်ကြာကြီးငိုနေခဲ့တဲ့ကျန့်ကျန့်ဟာ မျက်လုံးတွေ ဖောင်းအစ်နေခဲ့ပြီဖြစ်သည်။
" အချစ်ရူးလေးပဲ''
" ဘယ်သူလဲ''
ကျန့်ကျန့်က အသံကြားလိုက်ရတဲ့အတွက် ပတ်ဝန်းကျင်ကို စူးရဲစွာ ကြည့်လိုက်ပေမယ့် ဘယ်သူမှရှိမနေပေ။
အနားကိုလှစ်ခနဲရောက်လာတဲ့လက်ကို ရိုက်ချပြီး ကျန့်ကျန့်က ဓားဆွဲထုတ်ကာတစ်ဖက်လူကို ချိန်လိုက်သည်။
ကျန့်ကျန့်ရဲ့လုပ်ဆောင်ချက်တွေသည် သြချရောက်မလောက်ကို လျင်မြန်ဖျတ်လတ်ကာ အနုစိတ်သည်။
ရိပေါ်က ဘေးမှာငြိမ်သက်စွာလဲလျောင်းနေပြီး ကျန့်ကျန့်နဲ့ ထိုသူစိမ်းဟာ မျက်နှာချင်ဆိုင်းမတ်တပ်ရပ်နေသည်။
ထိုသူစိမ်း၏ တစ်ဖက်လက်ထဲမှာ ခေါက်ယပ်တောင်တစ်ခုရှိပြီး ကျန်လက်တစ်ဖက်ကို နောက်မှာ ဟန်ကျပန်ကျထားထားသည်။
ကျန့်ကျန့်ကို ထိုသူစိမ်းက သေချာစိုက်ကြည့်ပြီး နူတ်ခမ်းတွန့်ကာ ပြုံးလိုက်သည်။ မျက်နှာဖုံးနဲ့ဆိုပေမယ့် အလွန်တရာချောမောမည့် လူဆိုတာ ကျန့်ကျန့်ခန့်မှန်းမိသည်။
" သူ့ကို ငါခေါ်သွားမယ် ''
" ကျွန်တော့်ကို အရင်သတ်လိုက်လေ''
" ဟမ့် ''
တဖက်လူက ပြုံးသည်။တကယ့်ကို့အချစ်ရူးလေးပဲဆိုတဲ့အတွေးများတွေးနေမလားဆိုတာ ကျန့်ကျန့်မပြောတတ်ပါ။
" မင်းက ဒီကောင်လေးကိုအသက်မရှင်စေချင်ဘူးလား''
"ရှင်စေချင်တယ်''
ကျန့်ကျန့်က မဆိုင်းမတွဘဲ ထိုသူစိမ်းကိုအဖြေပြန်ပေးလိုက်မိသည်။
" ဒါဆိုရင် ငါ့ကိုပေးလိုက်''
" ဟင့်အင်း..ကျွန်တော်မပေးနိုင်ဘူး၊ တကယ်လို့ခေါ်သွားမယ်ဆိုရင် ကျွန်တော့်ကိုပါခေါ်သွား''
အစွာလေးကြောင့် တောင်သခင်ကျန်းဟိုင်လျန့်က ပြုံးလိုက်မိသည်။
ရိပေါ်က လက်စသတ်တော့ ဒါလေးကို သဘောကျနေတာကိုး ။
သူ့မှာတော့ မင်ဟွားဆိုတဲ့ ဆောင်ကြာမြိုင်က ကောင်လေးထင်ပြီး တားဆီးလိုက်ရတာအမော။
ကောင်လေးက သာမန်မဟုတ်တဲ့အရှိန်အဝါတွေရှိနေတာမို့ ကျန်းဟိုင်လျန့်က သေချာစစ်ကြည့်လိုက်ပြီး မှင်သက်သွားရသည်။
နေမင်းဇာတာ!!။
ငါဘာလို့ နေကိုမေ့လျော့မိတာပါလိမ့်။
" တစ်နှစ်စောင့်..ငါ သူ့ကိုရအောင်ကုပေးပြီး မင်းဆီကိုပြန်ပို့ပေးမယ်''
" ကျွန်တော်မယုံဘူး''
" ဒါဆို ..သူ့ကို သေခိုင်းလိုက်တော့ ''
" ခင်ဗျား!...ကောင်းပြီလေ၊ ခေါ်သွားပါ ခင်ဗျားကို ကျွန်တော်ယုံကြည်ပါတယ်..တစ်လလုံးလုံးဒီမှာပဲစောင့်မယ်''
စကားကို ချည်နှောင်ပြောတတ်တဲ့ကောင်လေးကြောင့် တောင်သခင်က ဟက်ခနဲရယ်ချလိုက်ပြီး ပြန်ပြောလာခဲ့သည်။
" မင်းစိတ်ချပါ..ငါက ငါ့တပည့်ကိုသတ်မပစ်ပါဘူး..မင်းဆီကို သေချာပေါက်ပြန်ပို့ပေးမယ်''
".....''
ကျန်းဟိုင်လျန့်က ရိပေါ်ကိုပွေ့ပြီး အဖြူရောင်မြူတွေနဲ့ ခဏအတွင်းမှာပျောက်ကွယ်သွားခဲ့သည်။
ကျန့်ကျန့်မှာတော့ ပါးစပ်အဟောင်းသားနဲ့ ငိုင်ငိုင်ကြီးကျန်နေခဲ့တုန်း။
"ငါ့တပည့်..ငါ့တပည့်...ငါဘာလို့ မတွေးမိရတာလဲ၊ သူတို့မျက်နှာဖုံးက ဒီလောက်ဆင်တူတာကို''
ကျန့်ကျန့်က ထိုကဲ့သို့ ရေရွတ်ရင်း အချိန်တစ်ခုကြာသွားခဲ့သည်။
..................
ထူရှန်းမြို့တော်က အေးချမ်းသလောက် နန်းတော်ထဲက ဘုရင်ဖြစ်ရတဲ့ဘဝဒုက္ခက မအေးချမ်းပေ။
" ဝိမ်းချောင် ငါ့မြေးကို အခုရှာပေး''
ရှောင်းဖွားဖွားဟာ ဝိမ်းချောင်ကို နေ့တိုင်းဆန္ဒပြပြီးသောင်းကျန်းနေတာ အခုဆိုရင် ညဘက်တွေတောင်အငြိမ်မနေရပေ။
" အစ်မကြီးရှောင်း..ကျွန်တော်လည်းရှာနေတာပဲလေ၊ သူက မျက်နှာဖုံးနဲ့ကောင်လေးကို ကျောပိုးပြီး ဘယ်ထွက်သွားသလဲမှ မသိ...''
" ငါလိုချင်တာ ဆင်ခြေမဟုတ်ဘူး၊ ငါ့မြေးကိုလိုချင်တာ ''
ရှောင်းဖွားဖွားရဲ့စကားကို ဝိမ်းချောင်ဘယ်လိုတုန့်ပြန်ရမှန်းမသိတော့ပေ။တခြားအဖွားကြီးခြောက်ယောက်ကလည်း ရှောင်းအဖွားကြီးနဲ့အဖော်လိုက်ခဲ့ပေးတဲ့အပြင် အဖွဲ့အင်အားတောင့်အောင်မြေးတွေကိုခေါ်လာသေးသည်။
" ကြာနေပြီ..သည်းမခံနိုင်တော့ဘူး ၊ နင်ငါတို့ကိုမိဖုရားမြောက်''
ဘယ်ကနေမိဖုရားကိစ္စက ကပ်ပါလာရပြန်တာတုန်း။ ဝိမ်းချောင်မှာ ရှောင်းစွာတေးလေးကိစ္စကနေ ဒီဘက်ကိုမြားဦးလှည့်ပြန်တာမို့ ခေါင်းကိုသာ တဗျင်းဗျင်းကုတ်နေရသည်။
ဘုရင်က ဘုရင်နဲ့မတူအောင်ခေါင်းစုတ်ဖွားဖြစ်နေပြီ။
" တစ်လပြည့်ဖို့ တစ်ပတ်ပဲလိုတော့တယ် ၊ ငါတို့နဲ့အတူလိုက်ခဲ့ ၊ နန်မြစ်ကြောတစ်လျှောက် ငါ့မြေးကို သွားရှာမယ်''
ရှောင်းအဖွားကြီးက အမိန့်နဲ့ဦးဆောင်ကာ ဝိမ်းချောင်ကိုဆွဲထုတ်ခဲ့ပြီး ကျန်တဲ့အဖွားကြီးတွေရောမြေးတွေရော လှည်းကိုယ်စီနဲ့ထွက်လာခဲ့ကြသည်။
#####
Zawgyi
က်န့္က်န့္က ရိေပၚရဲ႕ခႏၶာကိုယ္ကို အပင္တစ္ခုရဲ႕ပင္စည္မွာ မွီေစလိုက္သည္။ ရိေပၚကေတာ့ အခုထိသတိမရေသးေပ။
တလြင့္လြင့္နဲ႕ ပြင့္ဖပ္ေတြဟာ အနားမွာ ေႂကြက်ေနတာမို႔ ေမာ့ၾကည့္လိုက္ေတာ့ သစ္ေတာ္ပင္နဲ႕ေဖြးလႈပ္ေနတဲ့သစ္ေတာ္ပန္းေတြကိုျမင္လိုက္ရသည္။
အခုေရာက္ေနတာဟာ ဘယ္ေနရာမွန္းဘာမွန္း က်န့္က်န့္မသိတာမို႔ ပတ္ဝန္းက်င္ကို ေသခ်ာအကဲခတ္လိုက္သည္။
ညေနခင္းေရာက္ေနၿပီမို႔ ေနဟာေတာင္စြယ္မွာေပ်ာက္ကြယ္ေနၿပီမို႔ က်န့္က်န့္က အနီးနားက ထင္းရႉးကိုင္းခက္အေျခာက္ေတြကို လိုက္လံေကာက္ယူရင္း မီးဖိုဖို႔အတြက္ ျပင္ဆင္ရသည္။
ရိေပၚရဲ႕ခႏၶာကိုယ္ဟာ ေရခဲေငြ႕ေတြရိုက္ကာ ေအးစက္ေနတာမို႔ က်န့္က်န့္ရဲ႕ စစ္ဝတ္တန္ဆာေတြနဲ႕ၿခဳံေပးထားရသည္။
မီးေလးဟာတလက္လက္နဲ႕အရွိန္ရစြာေတာက္လာခဲ့ၿပီျဖစ္ကာ က်န့္က်န့္ကလည္း ခႏၶာကိုယ္က ေသြးေပေသာေနရာမ်ားနဲ႕ဒဏ္ရာမ်ကိဳ အနီးက ျမစ္ေရနဲ႕ ေဆးေၾကာလိုက္သည္။
ထို႔ေနာက္ ခ်မ္းတုန္ေနေသာ ရိေပၚကို ေပြ႕ဖက္ကာ မီးဖိုေဘးမွာ ထိုင္ေနလိုက္သည္။
" ရိေပၚ.. ငါ..ကိုကိုကေလ ရိေပၚကို သိပ္ခ်စ္တာမို႔ ရိေပၚ ဘာမွမျဖစ္ရဘူးေနာ္''
"......''
" ရိေပၚ..မိုးေပၚမွာ ၾကယ္ေတြအမ်ားႀကီးရွိတယ္၊ ကိုကိုက သီခ်င္းလည္းမဆိုတတ္ဘူး၊ ကဗ်ာလည္းမစပ္တတ္ဘူး၊ စာလည္းမေရးတတ္ဘူး ''
" .....''
" ကိုကိုက ဓားကိုင္ဖို႔လူသတ္ဖို႔ကလြဲရင္ ဘာမွမသိဘူး ၊ အခု ကိုကိုတစ္ခုသိၿပီ ၊ ကိုကိုေလ ရိေပၚကို ခ်စ္တယ္''
".....''
က်န့္က်န့္က ရိေပၚကို ေပြ႕ဖက္ထားရင္း စကားေတြတတြတ္ေျပာကာ အိပ္ေပ်ာ္ဖို႔လည္းမျဖစ္နိုင္ေအာင္မ်က္ဝန္းေတြေၾကာင္စီေနခဲ့သည္။
တစ္ရက္..
ႏွစ္ရက္...
သုံးရက္....။
ရက္ေတြၾကာခဲ့ေပမယ့္ရိေပၚက သတိမရလာေတာ့ၿပီမို႔ က်န့္က်န့္ရဲ႕မ်က္ရည္ေတြက တစ္ဖန္က်ဆင္းရျပန္သည္။
" ဟင့္အင္း...ရိေပၚ...ရိေပၚ ''
႐ုတ္တရက္ထိုေနရာမွာ က်န့္က်န့္ရဲ႕ငိုသံေတြဆူညံသြားခဲ့သည္။ အခ်ိန္ၾကာႀကီးငိုေနခဲ့တဲ့က်န့္က်န့္ဟာ မ်က္လုံးေတြ ေဖာင္းအစ္ေနခဲ့ၿပီျဖစ္သည္။
" အခ်စ္႐ူးေလးပဲ''
" ဘယ္သူလဲ''
က်န့္က်န့္က အသံၾကားလိုက္ရတဲ့အတြက္ ပတ္ဝန္းက်င္ကို စူးရဲစြာ ၾကည့္လိုက္ေပမယ့္ ဘယ္သူမွရွိမေနေပ။
အနားကိုလွစ္ခနဲေရာက္လာတဲ့လက္ကို ရိုက္ခ်ၿပီး က်န့္က်န့္က ဓားဆြဲထုတ္ကာတစ္ဖက္လူကို ခ်ိန္လိုက္သည္။
က်န့္က်န့္ရဲ႕လုပ္ေဆာင္ခ်က္ေတြသည္ ၾသခ်ေရာက္မေလာက္ကို လ်င္ျမန္ဖ်တ္လတ္ကာ အႏုစိတ္သည္။
ရိေပၚက ေဘးမွာၿငိမ္သက္စြာလဲေလ်ာင္းေနၿပီး က်န့္က်န့္နဲ႕ ထိုသူစိမ္းဟာ မ်က္ႏွာခ်င္ဆိုင္းမတ္တပ္ရပ္ေနသည္။
ထိုသူစိမ္း၏ တစ္ဖက္လက္ထဲမွာ ေခါက္ယပ္ေတာင္တစ္ခုရွိၿပီး က်န္လက္တစ္ဖက္ကို ေနာက္မွာ ဟန္က်ပန္က်ထားထားသည္။
က်န့္က်န့္ကို ထိုသူစိမ္းက ေသခ်ာစိုက္ၾကည့္ၿပီး ႏူတ္ခမ္းတြန့္ကာ ၿပဳံးလိုက္သည္။ မ်က္ႏွာဖုံးနဲ႕ဆိုေပမယ့္ အလြန္တရာေခ်ာေမာမည့္ လူဆိုတာ က်န့္က်န့္ခန့္မွန္းမိသည္။
" သူ႕ကို ငါေခၚသြားမယ္ ''
" ကြၽန္ေတာ့္ကို အရင္သတ္လိုက္ေလ''
" ဟမ့္ ''
တဖက္လူက ၿပဳံးသည္။တကယ့္ကို႔အခ်စ္႐ူးေလးပဲဆိုတဲ့အေတြးမ်ားေတြးေနမလားဆိုတာ က်န့္က်န့္မေျပာတတ္ပါ။
" မင္းက ဒီေကာင္ေလးကိုအသက္မရွင္ေစခ်င္ဘူးလား''
"ရွင္ေစခ်င္တယ္''
က်န့္က်န့္က မဆိုင္းမတြဘဲ ထိုသူစိမ္းကိုအေျဖျပန္ေပးလိုက္မိသည္။
" ဒါဆိုရင္ ငါ့ကိုေပးလိုက္''
" ဟင့္အင္း..ကြၽန္ေတာ္မေပးနိုင္ဘူး၊ တကယ္လို႔ေခၚသြားမယ္ဆိုရင္ ကြၽန္ေတာ့္ကိုပါေခၚသြား''
အစြာေလးေၾကာင့္ ေတာင္သခင္က်န္းဟိုင္လ်န့္က ၿပဳံးလိုက္မိသည္။
ရိေပၚက လက္စသတ္ေတာ့ ဒါေလးကို သေဘာက်ေနတာကိုး ။
သူ႕မွာေတာ့ မင္ဟြားဆိုတဲ့ ေဆာင္ၾကာၿမိဳင္က ေကာင္ေလးထင္ၿပီး တားဆီးလိုက္ရတာအေမာ။
ေကာင္ေလးက သာမန္မဟုတ္တဲ့အရွိန္အဝါေတြရွိေနတာမို႔ က်န္းဟိုင္လ်န့္က ေသခ်ာစစ္ၾကည့္လိုက္ၿပီး မွင္သက္သြားရသည္။
ေနမင္းဇာတာ!!။
ငါဘာလို႔ ေနကိုေမ့ေလ်ာ့မိတာပါလိမ့္။
" တစ္ႏွစ္ေစာင့္..ငါ သူ႕ကိုရေအာင္ကုေပးၿပီး မင္းဆီကိုျပန္ပို႔ေပးမယ္''
" ကြၽန္ေတာ္မယုံဘူး''
" ဒါဆို ..သူ႕ကို ေသခိုင္းလိုက္ေတာ့ ''
" ခင္ဗ်ား!...ေကာင္းၿပီေလ၊ ေခၚသြားပါ ခင္ဗ်ားကို ကြၽန္ေတာ္ယုံၾကည္ပါတယ္..တစ္လလုံးလုံးဒီမွာပဲေစာင့္မယ္''
စကားကို ခ်ည္ႏွောင္ေျပာတတ္တဲ့ေကာင္ေလးေၾကာင့္ ေတာင္သခင္က ဟက္ခနဲရယ္ခ်လိဳက္ၿပီး ျပန္ေျပာလာခဲ့သည္။
" မင္းစိတ္ခ်ပါ..ငါက ငါ့တပည့္ကိုသတ္မပစ္ပါဘူး..မင္းဆီကို ေသခ်ာေပါက္ျပန္ပို႔ေပးမယ္''
".....''
က်န္းဟိုင္လ်န့္က ရိေပၚကိုေပြ႕ၿပီး အျဖဴေရာင္ျမဴေတြနဲ႕ ခဏအတြင္းမွာေပ်ာက္ကြယ္သြားခဲ့သည္။
က်န့္က်န့္မွာေတာ့ ပါးစပ္အေဟာင္းသားနဲ႕ ငိုင္ငိုင္ႀကီးက်န္ေနခဲ့တုန္း။
"ငါ့တပည့္..ငါ့တပည့္...ငါဘာလို႔ မေတြးမိရတာလဲ၊ သူတို႔မ်က္ႏွာဖုံးက ဒီေလာက္ဆင္တူတာကို''
က်န့္က်န့္က ထိုကဲ့သို႔ ေရ႐ြတ္ရင္း အခ်ိန္တစ္ခုၾကာသြားခဲ့သည္။
..................
ထူရွန္းၿမိဳ႕ေတာ္က ေအးခ်မ္းသေလာက္ နန္းေတာ္ထဲက ဘုရင္ျဖစ္ရတဲ့ဘဝဒုကၡက မေအးခ်မ္းေပ။
" ဝိမ္းေခ်ာင္ ငါ့ေျမးကို အခုရွာေပး''
ေရွာင္းဖြားဖြားဟာ ဝိမ္းေခ်ာင္ကို ေန႕တိုင္းဆႏၵျပၿပီးေသာင္းက်န္းေနတာ အခုဆိုရင္ ညဘက္ေတြေတာင္အၿငိမ္မေနရေပ။
" အစ္မႀကီးေရွာင္း..ကြၽန္ေတာ္လည္းရွာေနတာပဲေလ၊ သူက မ်က္ႏွာဖုံးနဲ႕ေကာင္ေလးကို ေက်ာပိုးၿပီး ဘယ္ထြက္သြားသလဲမွ မသိ...''
" ငါလိုခ်င္တာ ဆင္ေျခမဟုတ္ဘူး၊ ငါ့ေျမးကိုလိုခ်င္တာ ''
ေရွာင္းဖြားဖြားရဲ႕စကားကို ဝိမ္းေခ်ာင္ဘယ္လိုတုန့္ျပန္ရမွန္းမသိေတာ့ေပ။တျခားအဖြားႀကီးေျခာက္ေယာက္ကလည္း ေရွာင္းအဖြားႀကီးနဲ႕အေဖာ္လိုက္ခဲ့ေပးတဲ့အျပင္ အဖြဲ႕အင္အားေတာင့္ေအာင္ေျမးေတြကိုေခၚလာေသးသည္။
" ၾကာေနၿပီ..သည္းမခံနိုင္ေတာ့ဘူး ၊ နင္ငါတို႔ကိုမိဖုရားေျမာက္''
ဘယ္ကေနမိဖုရားကိစၥက ကပ္ပါလာရျပန္တာတုန္း။ ဝိမ္းေခ်ာင္မွာ ေရွာင္းစြာေတးေလးကိစၥကေန ဒီဘက္ကိုျမားဦးလွည့္ျပန္တာမို႔ ေခါင္းကိုသာ တဗ်င္းဗ်င္းကုတ္ေနရသည္။
ဘုရင္က ဘုရင္နဲ႕မတူေအာင္ေခါင္းစုတ္ဖြားျဖစ္ေနၿပီ။
" တစ္လျပည့္ဖို႔ တစ္ပတ္ပဲလိုေတာ့တယ္ ၊ ငါတို႔နဲ႕အတူလိုက္ခဲ့ ၊ နန္ျမစ္ေၾကာတစ္ေလွ်ာက္ ငါ့ေျမးကို သြားရွာမယ္''
ေရွာင္းအဖြားႀကီးက အမိန့္နဲ႕ဦးေဆာင္ကာ ဝိမ္းေခ်ာင္ကိုဆြဲထုတ္ခဲ့ၿပီး က်န္တဲ့အဖြားႀကီးေတြေရာေျမးေတြေရာ လွည္းကိုယ္စီနဲ႕ထြက္လာခဲ့ၾကသည္။
#####