Unicode >>
ဇာမဏီကြီးဟာ ကလေးငယ်ကို ခေါ်ဆောင်၍ မိုးမြင့်ယံထက်၌ ပျံသန်းနေပြီး အတော်ကြာမှ မြေပြင်ပေါ် သက်ဆင်းလာပေးသည်။
"ပျော်စရာကောင်းလား"
ကျန်းရန်က ရယ်ရွှင်စွာ မေးလိုက်သည်။
ကလေးက ခေါင်းညိတ်သည်။ လက်ဖြင့် ဇာမဏီ၏ အမွေးအတောင်များကို ပွတ်သပ်နေရင်း မျက်နှာကလေးက စိတ်လှုပ်ရှားလွန်းလို့ နီရဲနေ၏။
"မင်းက တမင်တကာ တောင်ပေါ်တက်ပြီး ငါတို့ကို ရှာဖို့ စိတ်ကူးထားခဲ့တာလား?"
ကျန်းရန်က သူ့ကို ပျားမက်မွန်တစ်လုံးပေးကာ မေးလိုက်သည်။
"အွန်း"
ကလေးသည် ဇာမဏီကြီးပေါ်ကနေ ဆင်းလာပြီး ဘေးနားက ကျောက်သားထိုင်ခုံငယ်ထက်တွင် ထိုင်ကာ ပျားမက်မွန်ကို စားတော့သည်။
"ဂိုဏ်းချုပ်ချင် အဆိပ်မိသွားတာကို ကျွန်တော်သိတယ်၊ ကျွန်တော် သူ့ကို ကယ်ချင်လို့"
"မင်းမှာ ဘယ်လိုလုပ် အဆိပ်ရှိနေရတာလဲ"
ကျန်းရန်က မေးသည်။
ကလေးက အနည်းငယ် တွေဝေလျက် ကျန်းရန်ကို တစ်ချက်မော့ကြည့်သည်။
"ဒါမှမဟုတ်၊ မင်းက ဘာလို့ ရှောက်ယွီကို ကယ်ချင်ရတာလဲ"
သူ စကားမပြောသဖြင့် ကျန်းရန်က မေးခွန်းတစ်ခု ပြောင်းမေးလိုက်သည်။
"ဘာလို့လဲဆိုတော့ ဂိုဏ်းချုပ်ချင်က လူကောင်းမို့လေ"
ဒီတစ်ခါတော့ ကလေးက အလွန် လျင်မြန်စွာ ဖြေလေသည်။
"မင်း ဘယ်လိုလုပ်သိလဲ"
ကျန်းရန်က ရယ်သည်။
"သူ မင်းကို ကူညီဖူးလို့လား"
"မဟုတ်ဘူး"
ကလေးက ခေါင်းခါသည်။
"သူများ ပြောတာ ကြားဖူးတာပါ"
"အဲ့တာဆို မင်းအရင်က ဘယ်နေရာမှာ နေရတာလဲ"
ကျန်းရန်က ထပ်မေးသည်။ ကလေးက အကြည့်များ ရှောင်ဖယ်သွားလျက် -
"ဘုရားကျောင်းအဟောင်း၊ မြင်းတင်းကုပ်အစုတ်၊ အိမ်ဟောင်းတံစက်မြိတ်အောက်... ဘယ်မှာမဆို အိပ်ဖူးတယ်"
"မင်း တကယ်လို့ အမှန်အတိုင်း မပြောရင် မင်းက လာပြီး မွှေတာ ဟုတ်မဟုတ် ငါတို့က ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ?"
ကျန်းရန်က သူ့ခေါင်းကို ပွတ်သပ်ပေးကာ -
"မင်း ယူလာတဲ့ဆေးဆို ပိုလို့တောင် သုံးလို့မဖြစ်တော့ဘူးပေါ့"
"ကျွန်တော် မကောင်းတဲ့လူ မဟုတ်ဘူး"
ကလေးက ထိုစကားကြားသည်နှင့် လောကြီးစွာ ပြောသည်။
"မင်း မကောင်းတဲ့လူ မဟုတ်မှန်း ငါ သိတာပေါ့"
ကျန်းရန်က ဆိုသည်။
"ဒါပေမဲ့ ခုနက သစ်ရွက်ကလေးနဲ့ ချန်းဖုန်းကလည်း မကောင်းတဲ့လူ မဟုတ်ဘူးလေ၊ ဒါပေမဲ့ မင်းလည်း သူတို့ကို မယုံခဲ့ဘူးမလား"
ကလေးသည် ထိုစကားကြားသော် တိတ်ဆိတ်သွားလျက် အတော်လေးကြာမှ သတ္တိမွေးကာ -
"ကျွန်တော်က မိစ္ဆာဂိုဏ်းကနေ ထွက်ပြေးလာတာပါ!"
ကျန်းရန်က ခေါင်းညိတ်လျက် မျက်နှာထက်က အမူအရာကလည်း သိပ်အံ့သြဟန် မပြပေ။ တကယ်လို့ မိစ္ဆာဂိုဏ်းနဲ့သာ မပတ်သတ်တဲ့လူဆို ဘယ်လိုလုပ်ပြီး ဒီအဆိပ်ကို ရနိုင်မှာလဲ။
"ဒါပေမဲ့ ကျွန်တော်က မကောင်းတဲ့လူ မဟုတ်ဘူးနော်"
ကလေးက အလေးအနက်ပင် ထပ်မံ အသိပေးလာသည်။
"အဲ့တာဆို မင်း အခုပြောပြနိုင်မလား၊ မင်းက ဘယ်သူလဲ၊ ဘာလို့အဆိပ်ကို ယူလာနိုင်တာလဲ?"
ကျန်းရန်က မေးသည်။
"ကျီ!"
ဇာမဏီလေးက ခုန်ပေါက်ကာ ဝင်လာပြီး ပါးစပ်ကလည်း တစ်ခုခု ဝါးနေသေးသည်။ ကလေးက စိတ်ဝင်စားလျက် သူ့ထံ လက်လှမ်းလိုက်တော့ အမွေးလုံးက ချက်ချင်း ယိုင်တိယိုင်တိုင်နှင့် အနားတိုးကပ်ကာ လည်ပင်းကို ဆန့်လျက် ခေါင်းဖြင့် ပွတ်သပ်လာသည်။
အလွန်ပင် ချစ်စရာကောင်း၏!
ကျန်းရန်က ဇာမဏီလေးကို ပွေ့မကာ ကလေး၏ ရင်ခွင်ထဲ ထည့်ပေးလိုက်သည်။
အမွေးလုံးက အတောင်ပံဖြန့်ကားလျက် ကျီကျီ နှစ်ချက်အော်မြည်ကာ ခင်မင်သော သဘောထားကို ပြသလေသည်။
ကလေးက အမွေးလုံးကို ပွတ်သပ်ပေးရင်း ကျန်းရန်ကို မော့ကြည့်ကာ လေးလေးနက်နက် ပြောသည်။
"ကျွန်တော့်မှာ နာမည်မရှိဘူး၊ အဖေအမေလည်း မရှိဘူး"
"ဘယ်သူက မင်းကို မိစ္ဆာဂိုဏ်းကို ခေါ်သွားတာလဲ?"
ကျန်းရန်က မေးသည်။
"ဟုန်ကူး(ဒေါ်လေးဟုန်)"
ကလေးက ဖြေသည်။
"ဒါပေမဲ့ သူ(မ)ရဲ့ ဒေါသက အရမ်းကြီးတယ်၊ သာမန်ချိန်ဆို ကျွန်တော့်ကို သူ(မ)နဲ့ စကားပြောခွင့်မပြုဘူး၊ ကျွန်တော်က အချိန်တော်တော်များများ အလုပ်သမားဆောင်မှာပဲ နေရတာ"
ကျန်းရန် - "သူ(မ)က မင်းကို မကြာမကြာ ရိုက်သလား?"
အင်္ကျီက ကြီးလွန်းနေသဖြင့် ကလေးငယ်၏ ရင်ဘတ်က ဒဏ်ရာအမာရွတ်များကို မြင်ရလေသည်။
"အင်း၊ သူက ခဏခဏပဲ ဘာလို့မှန်း မသိဘဲ ဒေါသထွက်တယ်၊ ဒေါသထွက်ပြီဆိုတာနဲ့ ကျွန်တော့်ကို ရိုက်တယ်၊ ပြီးရင် ကျွန်တော့်ကို အဖေနဲ့အတူ သွားသေခိုင်းတယ်"
ကလေးက နှုတ်ခမ်းလေးမဲ့ကာ -
"ဒါပေမဲ့ တော်ပါသေးတယ်၊ ကျွန်တော်က ပုံမှန်လည်း သူ(မ)ကို သိပ်တွေ့ခွင့်မရှိဘူးလေ"
"ဒီတစ်ကြိမ်ကရော ဘယ်လိုထွက်ပြေးလာတာလဲ"
ကျန်းရန်က မေးသည်။
"အဲ့နေ့က ချန်းဝုရွှေကျိုက် စခန်းကို ဝိုင်းရံပြီး တိုက်ခိုက်တဲ့အချိန်မှာ သူ(မ)လည်း ဒဏ်ရာတွေ ရသွားတယ်၊ အဲ့တာနဲ့ ကျွန်တော့်ကို ခေါ်ပြီး ဘေးပေါက်ကနေ ထွက်ပြေးပြီး မြို့ထဲက အိမ်အလွတ်ကြီးတစ်ခုမှာ ခိုနေတာ"
ကလေးက ဖြေသည်။
"နောက်တော့ အိမ်အပြင်ဘက်ကနေ တိုက်ခိုက်နေတဲ့အသံတွေလည်း ကြားရတယ်၊ တော်တော်လေးကြာမှ ရပ်သွားတာ။ ညဘက်ရောက်တော့ သူ(မ)လည်း ဘယ်ကနေ အလောင်းတစ်လောင်း ယူလာတာလည်း မသိဘူး၊ အခန်းထဲမှာ တော်တော်လေး ကြာတယ်၊ အဲ့နောက်ကျ အလောင်းအတွက် အင်္ကျီအဝတ်အစား ရှာပေးရမယ် ပြောတယ်"
"အဲ့တော့ မင်းက ထွက်ပြေးလာရောလား"
ကျန်းရန်က ခန့်မှန်းသည်။
"သူ(မ) အပြင်ထွက်တဲ့အချိန်ဆို ကျွန်တော့်ကို ကြိုးတုပ်ထားတာပါနော်၊ ပြေးလို့မရပါဘူး"
ကလေးက နှာရှုံ့သည်။
"သူ(မ) ဘာနည်းလမ်းကို သုံးလိုက်တာလဲ မသိဘူး၊ ဒုတိယနေ့ကျ အဲ့အလောင်းကြီးက သူ့ဘာသာ ထပြီး လမ်းတွေလျှောက်နိုင်နေပြီ၊ ပြီးတော့ သူ(မ)နဲ့ အတူ အပြင်လိုက်ထွက်သွားတယ်။ သူ(မ)လည်း ပြန်လာရော ဂိုဏ်းချုပ်ချင်က သူ(မ)ရဲ့ အဆိပ်ကို မိသွားတဲ့အကြောင်း ပြောတယ်၊ ပြီးတော့ ကျွန်တော့်အဖေ မသေတာ နှမြောစရာပဲလို့ ပြောသေးတယ်"
ကျန်းရန်က ခေါင်းညိတ်ကာ သူ့ကို သစ်တော်သီး ကမ်းပေးလျက် -
"ဖြည်းဖြည်းပြော"
"အရင် အလုပ်သမားအဆောင်မှာ နေတုန်းက လူကြီးတွေက ခဏခဏ ပြောတယ်လေ၊ ဂိုဏ်းချုပ်ချင်က လူကောင်းတဲ့။၊ နေ့တိုင်းပဲ သူ မြန်မြန် မိစ္ဆာဂိုဏ်းကို တိုက်ခိုက်သိမ်းယူပြီး ကျွန်တော်တို့ကို လွှတ်ပေးနိုင်ဖို့ မျှော်လင့်နေကြတာ"
ကလေးကဆိုသည်။
"အဲ့တာကြောင့် ကျွန်တော် ဂိုဏ်းချုပ်ချင် အဆိပ်မိသွားတာ သိပြီး သူ့အတွက် အမြဲတမ်း ဖြေဆေးရှာပေးချင်နေတာ၊ ဒါပေမဲ့ ဟုန်ကူးကိုယ်ပေါ်မှာ ဒီပုလင်းတစ်ခုပဲ ရှိတယ်။ ပြီးတော့ ကျွန်တော် မှတ်မိတယ်၊ ဒါက ဟိုတစ်ရက်က အလောင်းပေါ်ကို ဖြူးနေတဲ့ အဆိပ်တွေ"
"အဲ့တာဆို မင်း ဘယ်လိုထွက်ပြေးလာတာလဲ"
ကျန်းရန်က မေးလိုက်သည်။
"ဟုန်ကူးက အတွင်းအားနဲ့ ဒဏ်ရာကုသနေတဲ့အချိန် သွေးအန်ပြီး သတိလစ်နေတုန်း ကိုယ့်ဘာသာ ထွက်ပြေးလာတာ"
ကလေးက အနည်းငယ် ဂုဏ်ယူနေဟန်။
"စျေးထဲက လူတွေက ဂိုဏ်းချုပ်ချင်က ဇာမဏီတောင်ပေါ်မှာလို့ ပြောကြတယ်လေ၊ ကံကောင်းလို့ ဘုန်းတော်ကြီးတွေက တောင်ခြေမှာ ဂိုဏ်းချုပ်ချင်အတွက် ဆုတောင်းမေတ္တာပို့နေကြတာနဲ့ ကျွန်တော့်ကို တောင်ပေါ်ခေါ်လာပေးဖို့ သူတို့ကို တောင်းပန်လိုက်တာ။ အဲ့နောက် ဇာမဏီကြီးက တောင်ပေါ်ကို ချီလာတာပဲ!"
ကျန်းရန်က ရယ်လျက်သာ ခေါင်းခါနေတော့သည်။
"ကျွန်တော် ပြောတာ အကုန် အမှန်တွေပါ"
ကလေးက နားမလည်ဟန်ဖြင့်။
"ငါ သိတာပေါ့"
ကျန်းရန်က သူ့ကို ပွေ့ချီ၍ မတ်တပ်ထလိုက်ကာ -
"မင်းတော့ တောင်အောက်ပြန်ဆင်းလို့ မဖြစ်တော့ဘူးပဲ"
"ဘာကြောင့်လဲ"
ကလေးက နားမလည်ပေ။
"ငါ နောက်နေ့ကျမှ မင်းကို အကြောင်းအရင်း ပြောပြမယ်"
ကျန်းရန်က ဆိုသည်။
"ဒါပေမဲ့ ဒီနေ့ ဒီစကားတွေကို ဘယ်သူ့မှ မပြောပြနဲ့ဦး ၊ ဟုတ်ပလား"
"အွန်း"
ကလေးငယ်က လိမ္မာစွာ ခေါင်းညိတ်ပြီး ဘာမျှထပ်မမေးတော့ပေ။
တခြားသော ခြံဝန်းထဲတွင် ရှန်ချန်းဖုန်းက ယဲ့ကျင်ကို စောင့်ပေးနေသည်။ ကျန်းရန်က ကလေးကို ပွေ့ချီလျက် ဝင်လာသည်။
"လူကြီးမင်း"
ရှန်ချန်းဖုန်းက ထရပ်လိုက်သည်။
"သစ်ရွက်ကလေးရော?"
ကျန်းရန်က မေးသည်။
"အခန်းထဲမှာ အဆိပ်ကို လေ့လာနေတယ်"
ရှန်ချန်းဖုန်းက ဖြေသည်။
"လင်အာက ဟန်ယွိဂူကို သွားတယ်"
"ငါ သစ်ရွက်ကလေးကို သွားကြည့်ဦးမယ်"
ကျန်းရန်က ကလေးကို ရှန်ချန်းဖုန်း ရင်ခွင်ထဲ ထိုးထည့်ပေးလိုက်သည်။
"မင်း သူ့ကို အဖော်လုပ်ပြီး ဆော့ပေးလိုက်"
ရှန်ချန်းဖုန်းက တုံ့ကနဲ။
"ဆော့ပေးရမယ်?"
ကလေးကလည်း အကူအညီတောင်းခံနေသော အကြည့်ကလေးဖြင့် ကျန်းရန်ကို ကြည့်နေသည်----- တကယ်ပဲ မဆော့လို့မရဘူးလား?
"ညနေ တောင်အောက်ကို တစ်ချက်ဆင်းပြီး သူ့အတွက် အဝတ်အစားတချို့ ဝယ်လာခဲ့"
ကျန်းရန်က မှာသည်။
"ပြီးရင် သကြားလုံးနဲ့ သရေစာတွေ ဝယ်ခဲ့"
"လူကြီးမင်းက သူ့ကို ခေါ်ထားမလို့လား"
ရှန်ချန်းဖုန်းက အံ့သြလျက်။ ကျန်းရန်က ခေါင်းညိတ်သည်။
"အခုတလော အရင်ဆုံး တောင်ပေါ်မှာပဲ ထားလိုက်ဦး။ မင်း သူ့အတွက် နာမည်မှဲ့ပေးလိုက်"
"ကျွန်တော်က?"
ရှန်ချန်းဖုန်းက အံ့အားသင့်စွာဖြင့် မေးသည်။
"ကျွန်တော်က သူ့အဖေမှ မဟုတ်ဘဲနဲ့"
ကလေးကလည်း စိတ်ညစ်သွားကာ ခေါင်းကလေး ငုံ့ထားသည်။ တော်တော်စိတ်ဆင်းရဲသွားပုံပင်။
ရှန်ချန်းဖုန်း - ........
ကျန်းရန်က သူ့ကို ပြုံးတုံ့ပြုံးတုံ့နှင့် ကြည့်နေသည်။
"ဟုတ်ပါပြီ ဟုတ်ပြီ ဟုတ်ပြီ"
ရှန်ချန်းဖုန်းက မတတ်နိုင်စွာ လက်နက်ချလိုက်ပြီး ကလေးကို ပွေ့ကာ စားပွဲခုံပေါ် တင်လိုက်သည်။
"မင်းဘာသာမင်း မျိုးရိုးတစ်ခု အရင်ဆုံး ရွေးလိုက်"
"ချင်!"
ကလေးငယ်က မျက်လုံးလေးများ လက်လက်ထ၍ ပြောသည်။
(*ချင်ရှောက်ယွီရဲ့ 'ချင်' ပါ။)
ကျန်းရန်က ခေါင်းခါကာ -
"ရှန်"
ကလေးက စဉ်းစားလိုက်နေဟန်ပြုလျက် မကျေနပ်စွာ ထပ်မေးသည်။
"တကယ်ပဲ မျိုးရိုးကို 'ချင်' ယူလို့ မရနိုင်ဘူးလားဟင်?"
"မျိုးရိုး 'ရှန်' ဖြစ်နေတာက ဘာများ မကောင်းတာရှိတာကျလို့!"
ရှန်ချန်းဖုန်းက သူ့ခေါင်းကလေးကို ခေါက်၍ ပြောလိုက်သည်။
"ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ"
ကလေးမှာ တိတ်တိတ်ကလေး လက်ခံလျက် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်သည်.... ရှန်သခင်လေးနဲ့ မျိုးရိုး တစ်ခုတည်း ဖြစ်နေတာလည်း အရမ်းကောင်းတာပါပဲ!
"ရှန်ဘာလို့ ခေါ်ရင် ကောင်းမလဲ?"
ရှန်ချန်းဖုန်းက မတ်တပ်ရပ်ကာ မေးစေ့ကို ပွတ်ရင်း ပြောသည်။
"ရှန်ဖုကွေ့?"
(*ရှန်ချမ်းသာကြွယ်ဝ*)
"အဟွတ်အဟွတ်"
ကလေးငယ်ဟာ သူ့ဘာသာပင် ရေသီးကုန်ရသည်။
ရှန်ချန်းဖုန်းက သူ့ပါးကလေးကို ညှစ်ကာ -
"မင်းကို စ,တာ... ရှန်ဟန်... ဘယ်လိုလဲ?"
"ဘာအဓိပ္ပါယ်လဲ?"
ကလေးက မျက်တောင်လေး ပုတ်ခတ်သည်။
"ညတာက ကုန်လွန်သွားပြီး မနက်မိုးသောက်သို့ ရောက်ရှိတော့မည်"
ရှန်ချန်းဖုန်းက ပြောသည်။
"မင်းအရင်က ဖြတ်သန်းခဲ့ရတာ သိပ်မကောင်းလောက်ဘူး၊ ဒါပေမဲ့ သည့်နောက်ပိုင်း သေချာပေါက် ပိုကောင်းမွန်လာမှာ ဆိုတဲ့အဓိပ္ပါယ်"
"ဘယ်လိုရေးရတာလဲ?"
ကလေးက မေးသည်။
ရှန်ချန်းဖုန်းက သူ့လက်သေးသေးလေးကို ကိုင်ကာ စားပွဲပေါ်က လက်ဖက်ရည်ကြမ်း အရည် တို့ယူလျက် စားပွဲခုံပေါ်တွင် သေသေသပ်သပ်ဖြင့် 'ဟန် - 晗' ဟူသော စာလုံးကို ရေးပေးလိုက်သည်။
(*FYI - လုဟန်ရဲ့ ဟန်နဲ့ စာလုံးတူတူပဲ *-*)
"ဟုတ်"
ကလေးက လက်သီးဆုပ်ကလေး တန်းလျက် -
"ကျွန်တော့်ကို ရှန်ဟန်လို့ ခေါ်တယ်!"
ကျန်းရန်က မျက်ခုံးပင့်လျက် ရယ်ပြီး အခန်းထဲသို့ ဝင်သွားလေသည်။
"လူကြီးမင်း"
ယဲ့ကျင်က အခန်းထဲ၌ ဆေးပုလင်း တစ်ပုံကြီးကို သိမ်းဆည်းနေသည်။
"ဘယ်လိုလဲ?"
ကျန်းရန်က မေးလိုက်သည်။
"အဆိပ်က ပြဿနာမရှိဘူး၊ ချောချောမွေ့မွေ့သာ ရှိမယ်ဆို အဆိပ်ဖြေဆေးကို ၅ ရက်အတွင်း ဖော်နိုင်မယ်"
ယဲ့ကျင်က ဆိုလေသည်။
"ဒါပေမဲ့ အန္တရာယ်ကင်း စိတ်ချရအောင်တော့ ရှောက်ယွီကို မတိုက်ခင် ကျွန်တော် လေးငါးကြိမ် စမ်းသပ်ဦးမှာပါ"
ကျန်းရန်က ခေါင်းညိတ်လျက် -
"ပင်ပန်းသွားရပြီ"
"လူကြီးမင်းရဲ့ စကားက ပြင်းထန်နေပါပြီ၊ နဂိုကတည်းက ကျွန်တော်လုပ်ရမဲ့ကိစ္စပါဗျာ"
ယဲ့ကျင်က အပြင်ဘက်ကို တစ်ချက်ကြည့်ကာ -
"အဲ့ကလေးရော? ကျန်းရန် တစ်ခုခု သိရပြီလား"
"ကလေးမှာ ဘာပြဿနာမှ မရှိဘူးဆိုတာ ငါ သေချာသွားပြီ၊ ဒါပေမဲ့ သူ့ဇာစ်မြစ်ကို ယာယီလျှို့ဝှက်ထားဦးမယ်"
ကျန်းရန်က မုတ်ဆိတ်တို့ကို ပွတ်သပ်ကာ ဆိုသည်။
"မင်းလည်း ထပ်ပြီး မမေးနဲ့တော့"
"ဘာလို့လဲ"
ယဲ့ကျင်က နားမလည်။
ကျန်းရန်က ရယ်သာနေပြီး စကားမဆိုပေ။
"ဧကန္တ လူကြီးမင်းနဲ့များ ပတ်သတ်နေလို့လား?"
ယဲ့ကျင်က ခန့်မှန်းသည်။
ကျန်းရန် - .......
ယဲ့ကျင်က သူ တိတ်တဆိတ် ဝန်ခံသည်ဟုသာ ယူဆလျက် လက်ထောင်၍ပင် အာမခံလိုက်သေးသည်။
"ကျွန်တော် သေချာပေါက် မမေးတော့ပါဘူး"
ညနေစောင်းသော် ကျန်းရန်က တောင်အောက်ဆင်း၍ ကိုယ်ရေးကိုယ်တာ ကိစ္စ လုပ်စရာရှိသည် ဆို၏။ ရှန်ချန်းဖုန်းကလည်း သူနှင့်အတူ လိုက်ဆင်းရန်ပြင်သော် အငြင်းခံရလေသည်။ သို့နှင့် သူ့ဘာသာသူပဲ သီးသန့်ဆင်းသွားပြီး တောင်ခြေမှ စျေးထဲက ကလေး အဝတ်အစားနှင့် အသုံးအဆောင်များ များပြားစွာ ဝယ်ယူလာသည်။ ထို့အပြင် အမွေးလုံးအတွက် ကပ်စေးနဲ တစ်ဘူးပါ ဝယ်လာလေ၏။
"ကျီ!"
အမွေးလုံးကတော့ သိသိသာသာကို ပျော်ရွှင်နေလေပြီ။ သူဟာ ဘူးကို တရွတ်ဆွဲ ယူသွားပြီး ထောင့်ကလေးမှာ နှုတ်သီးဖြင့် ဆိတ်ကာ စားနေတော့၏။
"သွားမယ်၊ ငါတို့ အင်္ကျီ အသစ် ဝတ်ကြမယ်"
ယဲ့ကျင်က ကလေးကို ခေါ်ပြီး အခန်းထဲသို့ ဝင်သွားပြီး ၊ ခဏကြာသော် ပြန်ထွက်လာပြီး ရှန်ချန်းဖုန်းကို ကြည့်သည်။
"အင်္ကျီ ၁၀ ထည်မှာ ၁ ထည်ပဲ အရွယ်အစား အနေတော် ဖြစ်တယ်၊ ဒါလည်း မင်းရဲ့ အစွမ်းအစပဲလား"
ရှန်သူရဲကောင်းကြီး - .......
"အား!"
ရှန်ချန်းလင်တစ်ယောက် ခြံထဲ ဝင်လာသည်နှင့် လန့်ဖျပ်သွားရသည်။
"ဘာဖြစ်လို့လဲ?"
ရှန်ချန်းဖုန်းသည် သူ့အကြည့်အတိုင်း နံရံထောင့်သို့ ကြည့်လိုက်ရာ ဇာမဏီငယ်လေး၏ တစ်ကိုယ်လုံးမှာ ကပ်စေးနဲ အမျှင်တွေသာ ဖြစ်သည်။ နှုတ်သီးတွေပင် ပူးကပ်နေပြီး အင်မတိ အင်မတန်ကို အလောကြီးစွာဖြင့် ခေါင်းကို ခါရမ်းထုတ်နေသော အလွန်ပင် ကြမ်းတမ်းရူးမိုက်သော မြင်ကွင်းမျိုး ဖြစ်ပေ၏။
ယဲ့ကျင်မှာတော့ တံခါးကို ကိုင်၍ ဗိုက်အောင့်သည်အထိ ရယ်နေရတော့လေသည်။
"ကိုကြီး သူ့ကို ဘာတွေကျွေးလိုက်တာလဲ!"
ရှန်ချန်းလင်သည် အလျင်အမြန် သားဖြစ်သူကို ပွေ့ချီလိုက်သည်။
အမွေးလုံး၏ ပဲစေ့နက် မျက်လုံးလေးများက ဒေါတသကြီး ဖြစ်နေဟန် အပြည့်ပင်------ကျီ လို့လည်း မရဘူး! လက်သည်း လက်သည်းလည်း စေးကပ်နေပြီ!
ရှန်ချန်းလင်သည် ရေတစ်ဇလုံ သယ်လာပြီး အတော်ကြီးကြာအောင် ဆေးကြောပေးမှသာ သန့်စင်သွားတော့လေသည်။ ထို့နောက် ရှန်ချန်းဖုန်းအား နောက်ထပ် အမွေးလုံးလေးအား အစာကျွေးမွေးခွင့်ကိုပါ အမိန့်ထုတ် ပိတ်ပင်သွားလေ၏။
ရှန်သူရဲကောင်းကြီးမှာလည်း အပြစ်ကင်းရှာပါ၏။
"ငါကလည်း စေတနာနဲ့ကို"
"ဒါပေမဲ့ မင်းကို ကြည့်ရတာ တကယ် ဘာပါရမီမှ မပါလာတဲ့ပုံဘဲနော်"
ယဲ့ကျင်ကလည်း အခန်းထဲကို မေးဆတ်၍ ပြောသည်။
"အရုပ်ဆိုးနေလည်း ထွက်လာရမှာပဲ၊ ညစာစားချိန်ရောက်နေပြီ"
ရှန်ချန်းဖုန်းက နားမလည်ပေ။
ရုပ်ဆိုးတယ်?
ကလေးက အိပဲ့အိပဲ့နှင့် အတော်ကြာမှ ထွက်လာပြီး တစ်ကိုယ်လုံးတွင် ရဲရဲတောက်နေသော အနီရောင် ချည်ထိုးပိုးသားထည်နှင့် ကြည့်ရုံဖြင့်တောင် အလွန်ကို မင်္ဂလာပွဲ အငွေ့အသက်ရနေသည့်အပြင် ဖိနပ်ကိုပါ အစိမ်းရောင်နှင့် တွဲဖက်ထားသေးပေ၏။
ရှန်ချန်းလင် - .....
အမွေးလုံးသည် ပါးစပ်လေးဟလျက် စားပွဲပေါ်တွင် ရပ်နေပြီး ဤသို့သော လောကကြီးကို တုန်လှုပ်စေလောက်မည့် မြင်ကွင်းကြောင့် အံ့အားသင့်နေဟန်ပါပင်။
ကလေးသည် အပြစ်တင်သော မျက်လုံးများဖြင့်သာ ရှန်ချန်းဖုန်းကို ကြည့်နေတော့၏။
ရှန်သူရဲကောင်းကြီး - .............
ခွီး။
ရယ်နေသေးတယ်!
ကလေးငယ်သည် အလွန်ပင် စိတ်ဆိုးလျက် ယဲ့ကျင်ကို ဖက်ထားတော့လေသည်။
"သူ့ကို အဖက်မလုပ်နဲ့"
ယဲ့ကျင်က ကလေးကို ပွေ့ချီကာ -
"သွားမယ်၊ ငါတို့ အရင် ထမင်းသွားစားကြမယ်"
ကလေးက ယဲ့ကျင်ပခုံးထက်တွင် လိမ္မာစွာ မှီထားပြီး အလွန်ပင် စကားနားထောင်သည်။
ရက်အနည်းငယ် ကြာသော် ယဲ့ကျင်ဟာ အမှန်တကယ်ပင် ဖြေဆေးကို ဖော်စပ်နိုင်ပြီး လုံးဝ ပြဿနာမရှိတာ သေချာအောင် စစ်ဆေးပြီးမှ ချင်ရှောက်ယွီအတွက် အသုံးပြုသည်။
ရှန်ချန်းလင်သည် ၎င်းကျောက်စိမ်းဂူ၏ အပြင်ဘက်၌ ထိုင်နေပြီး မျက်တောင်လေးပင် မခတ်ဘဲ ဂူအပေါက်ဝကို ကြည့်နေ၏။ အမွေးလုံးကလည်း သူ့ရင်ခွင်ထဲတွင် ထိုင်နေပြီး အကြည့်များပင် စူးရှလျက် ရှိသည်!
သို့အတူ ယွိဟန်ဂူထဲ၌ လူတစ်စုဟာ အသိစိတ် တင်းကျပ်စွာ ကပ်လျက် ချင်ရှောက်ယွီ၏ ပတ်ပတ်လည်တွင် ဝိုင်းရံနေကြသည်။ ရှောင်ရှန်ဟန်လေးသည် ခုတင်၏ အစွန်းတွင် မှောက်ကာ လူတစ်ကိုယ်လုံး စိတ်လှုပ်ရှားစွာ ကြည့်နေ၏။
"ဘာလို့ သတိမရလာသေးတာလဲ"
ရှန်ချန်းဖုန်းက မျက်မှောင်ကြုတ်ကာ ဆိုသည်။
"အချိန်နည်းနည်းတော့ လိုအပ်မှာပဲလေ၊ မဟုတ်တောင် သတိလစ်နေတာ သည်လောက်ကြာသွားပြီ"
ယဲ့ကျင်က သူ့သွေးခုန်နှုန်းကို စမ်းသပ်ကာ ပြောသည်။
"အရင်ရက်တွေကထက် သက်သာလာပါပြီ"
"ဘာမှမဖြစ်လောက်ပါဘူးနော်"
ရှန်ချန်းဖုန်းက မေးသည်။
"သေချာတာပေါ့"
ရှောင်ရှန်ဟန်က နှုတ်ခမ်းလေး ဆူလျက် ရေရွတ်သည်။
"ဖွဟဲ့ ဖွဟဲ့ ဖွ... လေနဲ့တိုက်ပါသွား!"
ရှန်ချန်းဖုန်း - ..........
ကျန်းရန်ကတော့ ပြုံးစိစိနှင့်သာ ဤကလေးတစ်ကောင် လူကြီးတစ်ယောက်အား စိတ်ဝင်တစား ကြည့်နေပေသည်။
"သတိရလာပြီ!"
ယဲ့ကျင်က အံ့သြဝမ်းသာလျက် ဆိုလာ၏။
ချင်ရှောက်ယွီ၏ မျက်လုံးများ ပွင့်လာပြီး အလင်းရောင်ကို အသားမကျသေးတာ အသိအသာပင်။
ရှောင်ရှန်ဟန်လေးသည် တစ်ဖက်ခြမ်းသို့ ပြေးသွားကာ ချင်ရှောက်ယွီအတွက် အလင်းကွယ်ပေးလိုက်သည်။
"မင်းနောက်ဆုံးတော့ သတိရလာပြီပေါ့"
ရှန်ချန်းဖုန်းမှာ အခုမှ အသက်ရှူချောင်သွားရသဖွယ်။
ချင်ရှောက်ယွီက လက်ထောက်လျက် ထ,ထိုင်ပြီး ရင်ဘတ်ဝက ဒဏ်ရာမှလာသော အပြင်းအထန် နာကျင်မှုကြောင့် အလိုလို မျက်မှောင်ကြုတ်သွားကာ -
"ငါ ဘာဖြစ်သွားတာလဲ"
"မင်း ဝိညာဉ်ခြွေသိုင်းလက်ဝါးကြောင့် ဒဏ်ရာရသွားတာ၊ ဒါပေမဲ့ ကံကောင်းလွန်းလို့ အသက်မသေတာကွ"
ယဲ့ကျင်က သူ့ကို တွဲထူသည်။
ချင်ရှောက်ယွီက မျက်လုံးမှိတ်ကာ ခဏ နားလိုက်ပြီးမှ ယခင်က အဖြစ်အပျက်များကို ပြန်လည်တွေးပေါ်လာကာ ချက်ချင်း မျက်လုံးပွင့်သွားပြီး -
"လင်အာ ဘယ်လိုလဲ"
"သူ ဘာမှမဖြစ်ဘူး၊ ဒါပေမဲ့ ဟန်ယွိဂူထဲတော့ ဝင်လို့မရဘူးမို့"
ယဲ့ကျင်က ဆိုသည်။
"ဘာပဲဖြစ်ဖြစ် မင်းထိခိုက်သွားပြီးနောက် ငါတို့ မင်းကို သည်ဇာမဏီတောင်ပေါ် ခေါ်လာခဲ့တာ၊ ဘယ်သူမှ ဘာမှမဖြစ်ဘူး၊ မင်း စိတ်မပူနဲ့"
"ဖုန့်ကျိုယဲ့ အခု ဘယ်လိုနေလဲ?"
ချင်ရှောက်ယွီက မေးသည်။
"ဖုန့်ကျိုယဲ့က အဲ့နေ့က အမှန်တကယ်ပဲ မင်းသတ်လို့ သေသွားပြီးသား။ ဒါပေမဲ့ သူများက ကူပိုးကောင်ချပြီး သေရာကနေ ပြန်ရှင်လာတာ"
ရှန်ချန်းဖုန်းက ဆိုသည်။
"ဒါပေမဲ့ သူ အခု ပြာဖြစ်သွားအောင် မီးရှို့ခံရပြီးပြီ၊ ထပ်ထွက်လာပြီး ပြည်သူတွေကို ဒုက္ခပေးမှာ မဟုတ်တော့ဘူး"
"ကူပိုးကောင် ဘယ်သူချတာလဲ"
ချင်ရှောက်ယွီက မျက်မှောင်ကြုတ်လျက် မေးသည်။
"မသိဘူး"
ရှန်ချန်းဖုန်းက ခေါင်းခါလျက် -
"မင်းရဲ့ ဒဏ်ရာကလည်း သေလုမျောပါးဖြစ်နေတော့ အားလုံးလည်း လိုက်စစ်ဆေးဖို့တောင် စိတ်အခြေအနေ မရှိကြတော့ဘူးလေ၊ အခု ရုံးတော်ကပဲ ဟန်လုပ်ပန်လုပ်နဲ့ ရှာဖွေစစ်ဆေးနေတယ်၊ ကြည့်ရတာ ဘာမှလည်း မသိရလောက်သေးဘူး"
"သည်ကိစ္စက သိပ်အရေးကြီးတယ်... အမြန်ဆုံး ------"
"အဟမ်းအဟမ်း"
ကျန်းရန်က ချောင်းဟန့်၍ ဟန့်တားလိုက်သည်။
"လင်အာခမျာ နေ့နေ့ညည မနားတမ်း မအိပ်စက်တမ်း မျက်ရည်နဲ့ပဲ မျက်နှာသစ်နေရတာကို မင်း သတိရလာတာနဲ့ သူ့ကို သွားမကြည့်သေးဘူးလား"
ယဲ့ကျင်သည် အလွန်ပင် ရှုပ်ထွေးသော အကြည့်ဖြင့် ကျန်းရန်ကို ကြည့်လာ၏။
နေပါဦး ပြည်သူတွေကြားထဲက ဝတ္ထုဇာတ်လမ်းတွေကို ဘယ်လောက်တောင် ဖတ်ထားလို့ သည်လို ဖော်ကျူးရည်ညွှန်းတဲ့ စကားလုံးမျိုးကို လျောလျောရှူရှူ ပြောထွက်နိုင်ရတာလဲနော်!
ချင်ရှောက်ယွီက ရှန်ချန်ဖုန်းကို ပုတ်ကာ -
"မင်း ငါ့ကို မြန်မြန် တွဲပြီး ခေါ်သွားပေး"
ရှန်သူရဲကောင်းကြီးဟာ တကျွတ်ကျွတ်ဖြင့် -
"မိုးနတ်မင်းကြီးကို ကျေးဇူးတင်ရမယ်၊ မင်းမှာလည်း ဒီလိုနေ့မျိုး ရှိလာရတယ်လို့"
ရှောင်ရှန်ဟန်က နှုတ်ခမ်းဆူလျက် -
"သူများဒုက္ခရောက်နေတုန်း အခွင့်ကောင်းယူနေတယ်"
ရှန်ချန်းဖုန်း - .....
ချင်ရှောက်ယွီသည် ထိုမှသာ ခုတင်ဘေးက ကလေးငယ်ကို သတိထားမိသွားသည်။ အတော်ကို ချစ်စရာကောင်းသည်ဟု ယူဆမိလျက် လက်လှမ်းကာ ပါးကို ညှစ်ရင်း -
"ဘယ်က ကလေးလဲ?"
"ဇာမဏီကြီးက တောင်ပေါ်ကို ချီလာတာ"
ရှောင်ရှန်ဟန်သည် ကိုးကွယ်သော အကြည့်များဖြင့် သူ့ကို ကြည့်ကာ -
"ကျွန်တော့်နာမည် ရှန်ဟန်လို့ ခေါ်တယ်နော်၊ မနက်မိုးသောက် အလင်းရောက်တော့မယ်ဆိုတဲ့ အဓိပ္ပါယ်"
"ရှန်?"
ချင်ရှောက်ယွီက ရှန်ချန်းဖုန်းကို တစ်ချက်ကြည့်ကာ -
"မင်းရဲ့သား?"
ရှန်ချန်းဖုန်းက ဘာမှမပြောရသေးခင်ပင် ကလေးက ခိုင်မာပြတ်သားစွာ ခေါင်းခါလျက် -
"မဟုတ်ပါဘူးနော်!"
အဲ့လောက်ကြီး ငြိုငြင်တဲ့ အမူအရာလည်း မပြနဲ့ဦးလေ!
ရှန်သူရဲကောင်းကြီးဟာ သွားယားလာသည်။
"သူက မင်းရဲ့ အသက်သခင် ကျေးဇူးရှင်လို့ ပြောလို့ရတယ်၊ ဒါပေမဲ့ ဒီကိစ္စ နောက်မှပြောကြမယ်"
ယဲ့ကျင်က ကလေးကို ပွေ့ချီပြီး -
"မင်း လင်အာကိုပဲ မြန်မြန်လေး သွားတွေ့ချည်တော့၊ သူ ဒီရက်တွေမှာ မင်းကို တော်တော်လေး စိတ်ပူခဲ့ရတာ"
ချင်ရှောက်ယွီက ခေါင်းညိတ်ကာ ရှန်ချန်းဖုန်းက တွဲပေးလျက် ခုတင်ပေါ်ကနေ ဆင်းလိုက်သည်။
"ဒါမှမဟုတ် ငါ မင်းကို ပွေ့လိုက်ရမလား?"
ရှန်ချန်းဖုန်းက သူ လှုပ်ရ၊ ရှားရ အဆင်မပြေနေသဖြင့် စေတနာဖြင့် အကြံပေးလိုက်သည်။
သို့သော် ချင်ရှောက်ယွီကမူ ချက်ချင်း ရွံရှာသော အမူအရာ လုပ်ပြလာ၏။
"ဟေ့!"
ရှန်ချန်းဖုန်းက ဒေါသတကြီး ပြောတော့သည်။
"မင်း သေမလို ရှင်မလို ဖြစ်နေတုန်းကတော့ လောင်ဇီပဲ မင်းကို ဒီအထိ ပွေ့သယ်လာတာနော်!"
နည်းနည်းပါးပါး ကျေးဇူးသိတတ်ဦး!
"အဲ့တာဆို ငါလည်း ကျွဲကောသီးအရွက်နဲ့ ရေဆယ်ခါလောက် ချိုးပစ်မှ ရတော့မယ်"
ချင်ရှောက်ယွီက သူ့ပခုံးကိုသာ လက်တစ်ဖက်တည်းနှင့် တွဲထားပြီး စိတ်မရှည်စွာ ပြောလေသည်။
"ငါ့ကို မြန်မြန် ခေါ်သွားပေးစမ်းပါဟ!"
ရှန်ချန်းဖုန်းက အံ့ကြိတ်ကာ -
"လင်အာ အရမ်းစိုးရိမ်နေမှာ စိုးလို့သာ မဟုတ်ရင်လေ-------"
ချင်ရှောက်ယွီက ခပ်တည်တည် ဖြတ်ပြောသည်။
"ယောကျ်ားရင့်မာကြီး လုပ်ပြီး တစ်နေကုန် ပွစိပွစိနဲ့"
ရှန်ချန်းဖုန်းက အသက်ကို ဝ,ဝ ရှူလိုက်သည်။
တော်ကြာ.. အခုလေးတင် သတိရလာတဲ့လူကို ပြန်သတိလစ်သွားအောင်အထိ ရိုက်နှက်မိနေမှာစိုးလို့!
ကလေးငယ်သည် ယဲ့ကျင်ပခုံးတွင် ခေါင်းအပ်လျက် နှစ်ဦးသား ရန်ဖြစ်နေသည်ကို တက်တက်ကြွကြွ ငေးကြည့်နေ၏။
ဒဏ္ဍာရီပုံပြင်ဇာတ်လမ်းတွေထဲ ပျံ့နေတာနဲ့ သိပ်မတူပေမဲ့လည်း... ဒီကလူတွေ အကုန်လုံးက သိပ်ကောင်းကြတာပဲ..........
---
11-03-2024 (Mon)
လန် *-* အကြာကြီးစောင့်ရလို့ မီယားနယ်....
---
.
.
Zawgyi>>
အခန္း (၁၁၅) ဂိုဏ္းခ်ဳပ္ခ်င္ဟာကုသိုလ္ကံႀကီးၿပီးအသက္ျပင္းသူပင္!
ဇာမဏီႀကီးဟာ ကေလးငယ္ကို ေခၚေဆာင္၍ မိုးျမင့္ယံထက္၌ ပ်ံသန္းေနၿပီး အေတာ္ၾကာမွ ေျမျပင္ေပၚ သက္ဆင္းလာေပးသည္။
"ေပ်ာ္စရာေကာင္းလား"
က်န္းရန္က ရယ္႐ႊင္စြာ ေမးလိုက္သည္။
ကေလးက ေခါင္းညိတ္သည္။ လက္ျဖင့္ ဇာမဏီ၏ အေမြးအေတာင္မ်ားကို ပြတ္သပ္ေနရင္း မ်က္ႏွာကေလးက စိတ္လႈပ္ရွားလြန္းလို႔ နီရဲေန၏။
"မင္းက တမင္တကာ ေတာင္ေပၚတက္ၿပီး ငါတို႔ကို ရွာဖို႔ စိတ္ကူးထားခဲ့တာလား?"
က်န္းရန္က သူ႕ကို ပ်ားမက္မြန္တစ္လုံးေပးကာ ေမးလိုက္သည္။
"အြန္း"
ကေလးသည္ ဇာမဏီႀကီးေပၚကေန ဆင္းလာၿပီး ေဘးနားက ေက်ာက္သားထိုင္ခုံငယ္ထက္တြင္ ထိုင္ကာ ပ်ားမက္မြန္ကို စားေတာ့သည္။
"ဂိုဏ္းခ်ဳပ္ခ်င္ အဆိပ္မိသြားတာကို ကြၽန္ေတာ္သိတယ္၊ ကြၽန္ေတာ္ သူ႕ကို ကယ္ခ်င္လို႔"
"မင္းမွာ ဘယ္လိုလုပ္ အဆိပ္ရွိေနရတာလဲ"
က်န္းရန္က ေမးသည္။
ကေလးက အနည္းငယ္ ေတြေဝလ်က္ က်န္းရန္ကို တစ္ခ်က္ေမာ့ၾကည့္သည္။
"ဒါမွမဟုတ္၊ မင္းက ဘာလို႔ ေရွာက္ယြီကို ကယ္ခ်င္ရတာလဲ"
သူ စကားမေျပာသျဖင့္ က်န္းရန္က ေမးခြန္းတစ္ခု ေျပာင္းေမးလိုက္သည္။
"ဘာလို႔လဲဆိုေတာ့ ဂိုဏ္းခ်ဳပ္ခ်င္က လူေကာင္းမို႔ေလ"
ဒီတစ္ခါေတာ့ ကေလးက အလြန္ လ်င္ျမန္စြာ ေျဖေလသည္။
"မင္း ဘယ္လိုလုပ္သိလဲ"
က်န္းရန္က ရယ္သည္။
"သူ မင္းကို ကူညီဖူးလို႔လား"
"မဟုတ္ဘူး"
ကေလးက ေခါင္းခါသည္။
"သူမ်ား ေျပာတာ ၾကားဖူးတာပါ"
"အဲ့တာဆို မင္းအရင္က ဘယ္ေနရာမွာ ေနရတာလဲ"
က်န္းရန္က ထပ္ေမးသည္။ ကေလးက အၾကည့္မ်ား ေရွာင္ဖယ္သြားလ်က္ -
"ဘုရားေက်ာင္းအေဟာင္း၊ ျမင္းတင္းကုပ္အစုတ္၊ အိမ္ေဟာင္းတံစက္ၿမိတ္ေအာက္... ဘယ္မွာမဆို အိပ္ဖူးတယ္"
"မင္း တကယ္လို႔ အမွန္အတိုင္း မေျပာရင္ မင္းက လာၿပီး ေမႊတာ ဟုတ္မဟုတ္ ငါတို႔က ဘယ္လိုလုပ္ၿပီး သိနိုင္မွာလဲ?"
က်န္းရန္က သူ႕ေခါင္းကို ပြတ္သပ္ေပးကာ -
"မင္း ယူလာတဲ့ေဆးဆို ပိုလို႔ေတာင္ သုံးလို႔မျဖစ္ေတာ့ဘူးေပါ့"
"ကြၽန္ေတာ္ မေကာင္းတဲ့လူ မဟုတ္ဘူး"
ကေလးက ထိုစကားၾကားသည္ႏွင့္ ေလာႀကီးစြာ ေျပာသည္။
"မင္း မေကာင္းတဲ့လူ မဟုတ္မွန္း ငါ သိတာေပါ့"
က်န္းရန္က ဆိုသည္။
"ဒါေပမဲ့ ခုနက သစ္႐ြက္ကေလးနဲ႕ ခ်န္းဖုန္းကလည္း မေကာင္းတဲ့လူ မဟုတ္ဘူးေလ၊ ဒါေပမဲ့ မင္းလည္း သူတို႔ကို မယုံခဲ့ဘူးမလား"
ကေလးသည္ ထိုစကားၾကားေသာ္ တိတ္ဆိတ္သြားလ်က္ အေတာ္ေလးၾကာမွ သတၱိေမြးကာ -
"ကြၽန္ေတာ္က မိစာၦဂိုဏ္းကေန ထြက္ေျပးလာတာပါ!"
က်န္းရန္က ေခါင္းညိတ္လ်က္ မ်က္ႏွာထက္က အမူအရာကလည္း သိပ္အံ့ၾသဟန္ မျပေပ။ တကယ္လို႔ မိစာၦဂိုဏ္းနဲ႕သာ မပတ္သတ္တဲ့လူဆို ဘယ္လိုလုပ္ၿပီး ဒီအဆိပ္ကို ရနိုင္မွာလဲ။
"ဒါေပမဲ့ ကြၽန္ေတာ္က မေကာင္းတဲ့လူ မဟုတ္ဘူးေနာ္"
ကေလးက အေလးအနက္ပင္ ထပ္မံ အသိေပးလာသည္။
"အဲ့တာဆို မင္း အခုေျပာျပနိုင္မလား၊ မင္းက ဘယ္သူလဲ၊ ဘာလို႔အဆိပ္ကို ယူလာနိုင္တာလဲ?"
က်န္းရန္က ေမးသည္။
"က်ီ!"
ဇာမဏီေလးက ခုန္ေပါက္ကာ ဝင္လာၿပီး ပါးစပ္ကလည္း တစ္ခုခု ဝါးေနေသးသည္။ ကေလးက စိတ္ဝင္စားလ်က္ သူ႕ထံ လက္လွမ္းလိုက္ေတာ့ အေမြးလုံးက ခ်က္ခ်င္း ယိုင္တိယိုင္တိုင္ႏွင့္ အနားတိုးကပ္ကာ လည္ပင္းကို ဆန႔္လ်က္ ေခါင္းျဖင့္ ပြတ္သပ္လာသည္။
အလြန္ပင္ ခ်စ္စရာေကာင္း၏!
က်န္းရန္က ဇာမဏီေလးကို ေပြ႕မကာ ကေလး၏ ရင္ခြင္ထဲ ထည့္ေပးလိုက္သည္။
အေမြးလုံးက အေတာင္ပံျဖန႔္ကားလ်က္ က်ီက်ီ ႏွစ္ခ်က္ေအာ္ျမည္ကာ ခင္မင္ေသာ သေဘာထားကို ျပသေလသည္။
ကေလးက အေမြးလုံးကို ပြတ္သပ္ေပးရင္း က်န္းရန္ကို ေမာ့ၾကည့္ကာ ေလးေလးနက္နက္ ေျပာသည္။
"ကြၽန္ေတာ့္မွာ နာမည္မရွိဘူး၊ အေဖအေမလည္း မရွိဘူး"
"ဘယ္သူက မင္းကို မိစာၦဂိုဏ္းကို ေခၚသြားတာလဲ?"
က်န္းရန္က ေမးသည္။
"ဟုန္ကူး(ေဒၚေလးဟုန္)"
ကေလးက ေျဖသည္။
"ဒါေပမဲ့ သူ(မ)ရဲ႕ ေဒါသက အရမ္းႀကီးတယ္၊ သာမန္ခ်ိန္ဆို ကြၽန္ေတာ့္ကို သူ(မ)နဲ႕ စကားေျပာခြင့္မျပဳဘူး၊ ကြၽန္ေတာ္က အခ်ိန္ေတာ္ေတာ္မ်ားမ်ား အလုပ္သမားေဆာင္မွာပဲ ေနရတာ"
က်န္းရန္ - "သူ(မ)က မင္းကို မၾကာမၾကာ ရိုက္သလား?"
အကၤ်ီက ႀကီးလြန္းေနသျဖင့္ ကေလးငယ္၏ ရင္ဘတ္က ဒဏ္ရာအမာ႐ြတ္မ်ားကို ျမင္ရေလသည္။
"အင္း၊ သူက ခဏခဏပဲ ဘာလို႔မွန္း မသိဘဲ ေဒါသထြက္တယ္၊ ေဒါသထြက္ၿပီဆိုတာနဲ႕ ကြၽန္ေတာ့္ကို ရိုက္တယ္၊ ၿပီးရင္ ကြၽန္ေတာ့္ကို အေဖနဲ႕အတူ သြားေသခိုင္းတယ္"
ကေလးက ႏႈတ္ခမ္းေလးမဲ့ကာ -
"ဒါေပမဲ့ ေတာ္ပါေသးတယ္၊ ကြၽန္ေတာ္က ပုံမွန္လည္း သူ(မ)ကို သိပ္ေတြ႕ခြင့္မရွိဘူးေလ"
"ဒီတစ္ႀကိမ္ကေရာ ဘယ္လိုထြက္ေျပးလာတာလဲ"
က်န္းရန္က ေမးသည္။
"အဲ့ေန႕က ခ်န္းဝုေ႐ႊက်ိဳက္ စခန္းကို ဝိုင္းရံၿပီး တိုက္ခိုက္တဲ့အခ်ိန္မွာ သူ(မ)လည္း ဒဏ္ရာေတြ ရသြားတယ္၊ အဲ့တာနဲ႕ ကြၽန္ေတာ့္ကို ေခၚၿပီး ေဘးေပါက္ကေန ထြက္ေျပးၿပီး ၿမိဳ႕ထဲက အိမ္အလြတ္ႀကီးတစ္ခုမွာ ခိုေနတာ"
ကေလးက ေျဖသည္။
"ေနာက္ေတာ့ အိမ္အျပင္ဘက္ကေန တိုက္ခိုက္ေနတဲ့အသံေတြလည္း ၾကားရတယ္၊ ေတာ္ေတာ္ေလးၾကာမွ ရပ္သြားတာ။ ညဘက္ေရာက္ေတာ့ သူ(မ)လည္း ဘယ္ကေန အေလာင္းတစ္ေလာင္း ယူလာတာလည္း မသိဘူး၊ အခန္းထဲမွာ ေတာ္ေတာ္ေလး ၾကာတယ္၊ အဲ့ေနာက္က် အေလာင္းအတြက္ အကၤ်ီအဝတ္အစား ရွာေပးရမယ္ ေျပာတယ္"
"အဲ့ေတာ့ မင္းက ထြက္ေျပးလာေရာလား"
က်န္းရန္က ခန႔္မွန္းသည္။
"သူ(မ) အျပင္ထြက္တဲ့အခ်ိန္ဆို ကြၽန္ေတာ့္ကို ႀကိဳးတုပ္ထားတာပါေနာ္၊ ေျပးလို႔မရပါဘူး"
ကေလးက ႏွာရႈံ႕သည္။
"သူ(မ) ဘာနည္းလမ္းကို သုံးလိုက္တာလဲ မသိဘူး၊ ဒုတိယေန႕က် အဲ့အေလာင္းႀကီးက သူ႕ဘာသာ ထၿပီး လမ္းေတြေလွ်ာက္နိုင္ေနၿပီ၊ ၿပီးေတာ့ သူ(မ)နဲ႕ အတူ အျပင္လိုက္ထြက္သြားတယ္။ သူ(မ)လည္း ျပန္လာေရာ ဂိုဏ္းခ်ဳပ္ခ်င္က သူ(မ)ရဲ႕ အဆိပ္ကို မိသြားတဲ့အေၾကာင္း ေျပာတယ္၊ ၿပီးေတာ့ ကြၽန္ေတာ့္အေဖ မေသတာ ႏွေျမာစရာပဲလို႔ ေျပာေသးတယ္"
က်န္းရန္က ေခါင္းညိတ္ကာ သူ႕ကို သစ္ေတာ္သီး ကမ္းေပးလ်က္ -
"ျဖည္းျဖည္းေျပာ"
"အရင္ အလုပ္သမားအေဆာင္မွာ ေနတုန္းက လူႀကီးေတြက ခဏခဏ ေျပာတယ္ေလ၊ ဂိုဏ္းခ်ဳပ္ခ်င္က လူေကာင္းတဲ့။၊ ေန႕တိုင္းပဲ သူ ျမန္ျမန္ မိစာၦဂိုဏ္းကို တိုက္ခိုက္သိမ္းယူၿပီး ကြၽန္ေတာ္တို႔ကို လႊတ္ေပးနိုင္ဖို႔ ေမွ်ာ္လင့္ေနၾကတာ"
ကေလးကဆိုသည္။
"အဲ့တာေၾကာင့္ ကြၽန္ေတာ္ ဂိုဏ္းခ်ဳပ္ခ်င္ အဆိပ္မိသြားတာ သိၿပီး သူ႕အတြက္ အၿမဲတမ္း ေျဖေဆးရွာေပးခ်င္ေနတာ၊ ဒါေပမဲ့ ဟုန္ကူးကိုယ္ေပၚမွာ ဒီပုလင္းတစ္ခုပဲ ရွိတယ္။ ၿပီးေတာ့ ကြၽန္ေတာ္ မွတ္မိတယ္၊ ဒါက ဟိုတစ္ရက္က အေလာင္းေပၚကို ျဖဴးေနတဲ့ အဆိပ္ေတြ"
"အဲ့တာဆို မင္း ဘယ္လိုထြက္ေျပးလာတာလဲ"
က်န္းရန္က ေမးလိုက္သည္။
"ဟုန္ကူးက အတြင္းအားနဲ႕ ဒဏ္ရာကုသေနတဲ့အခ်ိန္ ေသြးအန္ၿပီး သတိလစ္ေနတုန္း ကိုယ့္ဘာသာ ထြက္ေျပးလာတာ"
ကေလးက အနည္းငယ္ ဂုဏ္ယူေနဟန္။
"ေစ်းထဲက လူေတြက ဂိုဏ္းခ်ဳပ္ခ်င္က ဇာမဏီေတာင္ေပၚမွာလို႔ ေျပာၾကတယ္ေလ၊ ကံေကာင္းလို႔ ဘုန္းေတာ္ႀကီးေတြက ေတာင္ေျခမွာ ဂိုဏ္းခ်ဳပ္ခ်င္အတြက္ ဆုေတာင္းေမတၱာပို႔ေနၾကတာနဲ႕ ကြၽန္ေတာ့္ကို ေတာင္ေပၚေခၚလာေပးဖို႔ သူတို႔ကို ေတာင္းပန္လိုက္တာ။ အဲ့ေနာက္ ဇာမဏီႀကီးက ေတာင္ေပၚကို ခ်ီလာတာပဲ!"
က်န္းရန္က ရယ္လ်က္သာ ေခါင္းခါေနေတာ့သည္။
"ကြၽန္ေတာ္ ေျပာတာ အကုန္ အမွန္ေတြပါ"
ကေလးက နားမလည္ဟန္ျဖင့္။
"ငါ သိတာေပါ့"
က်န္းရန္က သူ႕ကို ေပြ႕ခ်ီ၍ မတ္တပ္ထလိုက္ကာ -
"မင္းေတာ့ ေတာင္ေအာက္ျပန္ဆင္းလို႔ မျဖစ္ေတာ့ဘူးပဲ"
"ဘာေၾကာင့္လဲ"
ကေလးက နားမလည္ေပ။
"ငါ ေနာက္ေန႕က်မွ မင္းကို အေၾကာင္းအရင္း ေျပာျပမယ္"
က်န္းရန္က ဆိုသည္။
"ဒါေပမဲ့ ဒီေန႕ ဒီစကားေတြကို ဘယ္သူ႕မွ မေျပာျပနဲ႕ဦး ၊ ဟုတ္ပလား"
"အြန္း"
ကေလးငယ္က လိမၼာစြာ ေခါင္းညိတ္ၿပီး ဘာမွ်ထပ္မေမးေတာ့ေပ။
တျခားေသာ ၿခံဝန္းထဲတြင္ ရွန္ခ်န္းဖုန္းက ယဲ့က်င္ကို ေစာင့္ေပးေနသည္။ က်န္းရန္က ကေလးကို ေပြ႕ခ်ီလ်က္ ဝင္လာသည္။
"လူႀကီးမင္း"
ရွန္ခ်န္းဖုန္းက ထရပ္လိုက္သည္။
"သစ္႐ြက္ကေလးေရာ?"
က်န္းရန္က ေမးသည္။
"အခန္းထဲမွာ အဆိပ္ကို ေလ့လာေနတယ္"
ရွန္ခ်န္းဖုန္းက ေျဖသည္။
"လင္အာက ဟန္ယြိဂူကို သြားတယ္"
"ငါ သစ္႐ြက္ကေလးကို သြားၾကည့္ဦးမယ္"
က်န္းရန္က ကေလးကို ရွန္ခ်န္းဖုန္း ရင္ခြင္ထဲ ထိုးထည့္ေပးလိုက္သည္။
"မင္း သူ႕ကို အေဖာ္လုပ္ၿပီး ေဆာ့ေပးလိုက္"
ရွန္ခ်န္းဖုန္းက တုံ႕ကနဲ။
"ေဆာ့ေပးရမယ္?"
ကေလးကလည္း အကူအညီေတာင္းခံေနေသာ အၾကည့္ကေလးျဖင့္ က်န္းရန္ကို ၾကည့္ေနသည္----- တကယ္ပဲ မေဆာ့လို႔မရဘူးလား?
"ညေန ေတာင္ေအာက္ကို တစ္ခ်က္ဆင္းၿပီး သူ႕အတြက္ အဝတ္အစားတခ်ိဳ႕ ဝယ္လာခဲ့"
က်န္းရန္က မွာသည္။
"ၿပီးရင္ သၾကားလုံးနဲ႕ သေရစာေတြ ဝယ္ခဲ့"
"လူႀကီးမင္းက သူ႕ကို ေခၚထားမလို႔လား"
ရွန္ခ်န္းဖုန္းက အံ့ၾသလ်က္။ က်န္းရန္က ေခါင္းညိတ္သည္။
"အခုတေလာ အရင္ဆုံး ေတာင္ေပၚမွာပဲ ထားလိုက္ဦး။ မင္း သူ႕အတြက္ နာမည္မွဲ႕ေပးလိုက္"
"ကြၽန္ေတာ္က?"
ရွန္ခ်န္းဖုန္းက အံ့အားသင့္စြာျဖင့္ ေမးသည္။
"ကြၽန္ေတာ္က သူ႕အေဖမွ မဟုတ္ဘဲနဲ႕"
ကေလးကလည္း စိတ္ညစ္သြားကာ ေခါင္းကေလး ငုံ႕ထားသည္။ ေတာ္ေတာ္စိတ္ဆင္းရဲသြားပုံပင္။
ရွန္ခ်န္းဖုန္း - ........
က်န္းရန္က သူ႕ကို ၿပဳံးတုံ႕ၿပဳံးတုံ႕ႏွင့္ ၾကည့္ေနသည္။
"ဟုတ္ပါၿပီ ဟုတ္ၿပီ ဟုတ္ၿပီ"
ရွန္ခ်န္းဖုန္းက မတတ္နိုင္စြာ လက္နက္ခ်လိဳက္ၿပီး ကေလးကို ေပြ႕ကာ စားပြဲခုံေပၚ တင္လိုက္သည္။
"မင္းဘာသာမင္း မ်ိဳးရိုးတစ္ခု အရင္ဆုံး ေ႐ြးလိုက္"
"ခ်င္!"
ကေလးငယ္က မ်က္လုံးေလးမ်ား လက္လက္ထ၍ ေျပာသည္။
(*ခ်င္ေရွာက္ယြီရဲ႕ 'ခ်င္' ပါ။)
က်န္းရန္က ေခါင္းခါကာ -
"ရွန္"
ကေလးက စဥ္းစားလိုက္ေနဟန္ျပဳလ်က္ မေက်နပ္စြာ ထပ္ေမးသည္။
"တကယ္ပဲ မ်ိဳးရိုးကို 'ခ်င္' ယူလို႔ မရနိုင္ဘူးလားဟင္?"
"မ်ိဳးရိုး 'ရွန္' ျဖစ္ေနတာက ဘာမ်ား မေကာင္းတာရွိတာက်လိဳ႕!"
ရွန္ခ်န္းဖုန္းက သူ႕ေခါင္းကေလးကို ေခါက္၍ ေျပာလိုက္သည္။
"ဒီလိုပဲ ဆုံးျဖတ္လိုက္ၿပီ"
ကေလးမွာ တိတ္တိတ္ကေလး လက္ခံလ်က္ ကိုယ့္ကိုယ္ကိုယ္ ႏွစ္သိမ့္သည္.... ရွန္သခင္ေလးနဲ႕ မ်ိဳးရိုး တစ္ခုတည္း ျဖစ္ေနတာလည္း အရမ္းေကာင္းတာပါပဲ!
"ရွန္ဘာလို႔ ေခၚရင္ ေကာင္းမလဲ?"
ရွန္ခ်န္းဖုန္းက မတ္တပ္ရပ္ကာ ေမးေစ့ကို ပြတ္ရင္း ေျပာသည္။
"ရွန္ဖုေကြ႕?"
(*ရွန္ခ်မ္းသာႂကြယ္ဝ*)
"အဟြတ္အဟြတ္"
ကေလးငယ္ဟာ သူ႕ဘာသာပင္ ေရသီးကုန္ရသည္။
ရွန္ခ်န္းဖုန္းက သူ႕ပါးကေလးကို ညွစ္ကာ -
"မင္းကို စ,တာ... ရွန္ဟန္... ဘယ္လိုလဲ?"
"ဘာအဓိပၸါယ္လဲ?"
ကေလးက မ်က္ေတာင္ေလး ပုတ္ခတ္သည္။
"ညတာက ကုန္လြန္သြားၿပီး မနက္မိုးေသာက္သို႔ ေရာက္ရွိေတာ့မည္"
ရွန္ခ်န္းဖုန္းက ေျပာသည္။
"မင္းအရင္က ျဖတ္သန္းခဲ့ရတာ သိပ္မေကာင္းေလာက္ဘူး၊ ဒါေပမဲ့ သည့္ေနာက္ပိုင္း ေသခ်ာေပါက္ ပိုေကာင္းမြန္လာမွာ ဆိုတဲ့အဓိပၸါယ္"
"ဘယ္လိုေရးရတာလဲ?"
ကေလးက ေမးသည္။
ရွန္ခ်န္းဖုန္းက သူ႕လက္ေသးေသးေလးကို ကိုင္ကာ စားပြဲေပၚက လက္ဖက္ရည္ၾကမ္း အရည္ တို႔ယူလ်က္ စားပြဲခုံေပၚတြင္ ေသေသသပ္သပ္ျဖင့္ 'ဟန္ - 晗' ဟူေသာ စာလုံးကို ေရးေပးလိုက္သည္။
(*FYI - လုဟန္ရဲ႕ ဟန္နဲ႕ စာလုံးတူတူပဲ *-*)
"ဟုတ္"
ကေလးက လက္သီးဆုပ္ကေလး တန္းလ်က္ -
"ကြၽန္ေတာ့္ကို ရွန္ဟန္လို႔ ေခၚတယ္!"
က်န္းရန္က မ်က္ခုံးပင့္လ်က္ ရယ္ၿပီး အခန္းထဲသို႔ ဝင္သြားေလသည္။
"လူႀကီးမင္း"
ယဲ့က်င္က အခန္းထဲ၌ ေဆးပုလင္း တစ္ပုံႀကီးကို သိမ္းဆည္းေနသည္။
"ဘယ္လိုလဲ?"
က်န္းရန္က ေမးလိုက္သည္။
"အဆိပ္က ျပႆနာမရွိဘူး၊ ေခ်ာေခ်ာေမြ႕ေမြ႕သာ ရွိမယ္ဆို အဆိပ္ေျဖေဆးကို ၅ ရက္အတြင္း ေဖာ္နိုင္မယ္"
ယဲ့က်င္က ဆိုေလသည္။
"ဒါေပမဲ့ အႏၲရာယ္ကင္း စိတ္ခ်ရေအာင္ေတာ့ ေရွာက္ယြီကို မတိုက္ခင္ ကြၽန္ေတာ္ ေလးငါးႀကိမ္ စမ္းသပ္ဦးမွာပါ"
က်န္းရန္က ေခါင္းညိတ္လ်က္ -
"ပင္ပန္းသြားရၿပီ"
"လူႀကီးမင္းရဲ႕ စကားက ျပင္းထန္ေနပါၿပီ၊ နဂိုကတည္းက ကြၽန္ေတာ္လုပ္ရမဲ့ကိစၥပါဗ်ာ"
ယဲ့က်င္က အျပင္ဘက္ကို တစ္ခ်က္ၾကည့္ကာ -
"အဲ့ကေလးေရာ? က်န္းရန္ တစ္ခုခု သိရၿပီလား"
"ကေလးမွာ ဘာျပႆနာမွ မရွိဘူးဆိုတာ ငါ ေသခ်ာသြားၿပီ၊ ဒါေပမဲ့ သူ႕ဇာစ္ျမစ္ကို ယာယီလွ်ို႔ဝွက္ထားဦးမယ္"
က်န္းရန္က မုတ္ဆိတ္တို႔ကို ပြတ္သပ္ကာ ဆိုသည္။
"မင္းလည္း ထပ္ၿပီး မေမးနဲ႕ေတာ့"
"ဘာလို႔လဲ"
ယဲ့က်င္က နားမလည္။
က်န္းရန္က ရယ္သာေနၿပီး စကားမဆိုေပ။
"ဧကႏၲ လူႀကီးမင္းနဲ႕မ်ား ပတ္သတ္ေနလို႔လား?"
ယဲ့က်င္က ခန႔္မွန္းသည္။
က်န္းရန္ - .......
ယဲ့က်င္က သူ တိတ္တဆိတ္ ဝန္ခံသည္ဟုသာ ယူဆလ်က္ လက္ေထာင္၍ပင္ အာမခံလိုက္ေသးသည္။
"ကြၽန္ေတာ္ ေသခ်ာေပါက္ မေမးေတာ့ပါဘူး"
ညေနေစာင္းေသာ္ က်န္းရန္က ေတာင္ေအာက္ဆင္း၍ ကိုယ္ေရးကိုယ္တာ ကိစၥ လုပ္စရာရွိသည္ ဆို၏။ ရွန္ခ်န္းဖုန္းကလည္း သူႏွင့္အတူ လိုက္ဆင္းရန္ျပင္ေသာ္ အျငင္းခံရေလသည္။ သို႔ႏွင့္ သူ႕ဘာသာသူပဲ သီးသန႔္ဆင္းသြားၿပီး ေတာင္ေျခမွ ေစ်းထဲက ကေလး အဝတ္အစားႏွင့္ အသုံးအေဆာင္မ်ား မ်ားျပားစြာ ဝယ္ယူလာသည္။ ထို႔အျပင္ အေမြးလုံးအတြက္ ကပ္ေစးနဲ တစ္ဘူးပါ ဝယ္လာေလ၏။
"က်ီ!"
အေမြးလုံးကေတာ့ သိသိသာသာကို ေပ်ာ္႐ႊင္ေနေလၿပီ။ သူဟာ ဘူးကို တ႐ြတ္ဆြဲ ယူသြားၿပီး ေထာင့္ကေလးမွာ ႏႈတ္သီးျဖင့္ ဆိတ္ကာ စားေနေတာ့၏။
"သြားမယ္၊ ငါတို႔ အကၤ်ီ အသစ္ ဝတ္ၾကမယ္"
ယဲ့က်င္က ကေလးကို ေခၚၿပီး အခန္းထဲသို႔ ဝင္သြားၿပီး ၊ ခဏၾကာေသာ္ ျပန္ထြက္လာၿပီး ရွန္ခ်န္းဖုန္းကို ၾကည့္သည္။
"အကၤ်ီ ၁၀ ထည္မွာ ၁ ထည္ပဲ အ႐ြယ္အစား အေနေတာ္ ျဖစ္တယ္၊ ဒါလည္း မင္းရဲ႕ အစြမ္းအစပဲလား"
ရွန္သူရဲေကာင္းႀကီး - .......
"အား!"
ရွန္ခ်န္းလင္တစ္ေယာက္ ၿခံထဲ ဝင္လာသည္ႏွင့္ လန႔္ဖ်ပ္သြားရသည္။
"ဘာျဖစ္လို႔လဲ?"
ရွန္ခ်န္းဖုန္းသည္ သူ႕အၾကည့္အတိုင္း နံရံေထာင့္သို႔ ၾကည့္လိုက္ရာ ဇာမဏီငယ္ေလး၏ တစ္ကိုယ္လုံးမွာ ကပ္ေစးနဲ အမွ်င္ေတြသာ ျဖစ္သည္။ ႏႈတ္သီးေတြပင္ ပူးကပ္ေနၿပီး အင္မတိ အင္မတန္ကို အေလာႀကီးစြာျဖင့္ ေခါင္းကို ခါရမ္းထုတ္ေနေသာ အလြန္ပင္ ၾကမ္းတမ္း႐ူးမိုက္ေသာ ျမင္ကြင္းမ်ိဳး ျဖစ္ေပ၏။
ယဲ့က်င္မွာေတာ့ တံခါးကို ကိုင္၍ ဗိုက္ေအာင့္သည္အထိ ရယ္ေနရေတာ့ေလသည္။
"ကိုႀကီး သူ႕ကို ဘာေတြေကြၽးလိုက္တာလဲ!"
ရွန္ခ်န္းလင္သည္ အလ်င္အျမန္ သားျဖစ္သူကို ေပြ႕ခ်ီလိုက္သည္။
အေမြးလုံး၏ ပဲေစ့နက္ မ်က္လုံးေလးမ်ားက ေဒါတသႀကီး ျဖစ္ေနဟန္ အျပည့္ပင္------က်ီ လို႔လည္း မရဘူး! လက္သည္း လက္သည္းလည္း ေစးကပ္ေနၿပီ!
ရွန္ခ်န္းလင္သည္ ေရတစ္ဇလုံ သယ္လာၿပီး အေတာ္ႀကီးၾကာေအာင္ ေဆးေၾကာေပးမွသာ သန႔္စင္သြားေတာ့ေလသည္။ ထို႔ေနာက္ ရွန္ခ်န္းဖုန္းအား ေနာက္ထပ္ အေမြးလုံးေလးအား အစာေကြၽးေမြးခြင့္ကိုပါ အမိန႔္ထုတ္ ပိတ္ပင္သြားေလ၏။
ရွန္သူရဲေကာင္းႀကီးမွာလည္း အျပစ္ကင္းရွာပါ၏။
"ငါကလည္း ေစတနာနဲ႕ကို"
"ဒါေပမဲ့ မင္းကို ၾကည့္ရတာ တကယ္ ဘာပါရမီမွ မပါလာတဲ့ပုံဘဲေနာ္"
ယဲ့က်င္ကလည္း အခန္းထဲကို ေမးဆတ္၍ ေျပာသည္။
"အ႐ုပ္ဆိုးေနလည္း ထြက္လာရမွာပဲ၊ ညစာစားခ်ိန္ေရာက္ေနၿပီ"
ရွန္ခ်န္းဖုန္းက နားမလည္ေပ။
႐ုပ္ဆိုးတယ္?
ကေလးက အိပဲ့အိပဲ့ႏွင့္ အေတာ္ၾကာမွ ထြက္လာၿပီး တစ္ကိုယ္လုံးတြင္ ရဲရဲေတာက္ေနေသာ အနီေရာင္ ခ်ည္ထိုးပိုးသားထည္ႏွင့္ ၾကည့္႐ုံျဖင့္ေတာင္ အလြန္ကို မဂၤလာပြဲ အေငြ႕အသက္ရေနသည့္အျပင္ ဖိနပ္ကိုပါ အစိမ္းေရာင္ႏွင့္ တြဲဖက္ထားေသးေပ၏။
ရွန္ခ်န္းလင္ - .....
အေမြးလုံးသည္ ပါးစပ္ေလးဟလ်က္ စားပြဲေပၚတြင္ ရပ္ေနၿပီး ဤသို႔ေသာ ေလာကႀကီးကို တုန္လႈပ္ေစေလာက္မည့္ ျမင္ကြင္းေၾကာင့္ အံ့အားသင့္ေနဟန္ပါပင္။
ကေလးသည္ အျပစ္တင္ေသာ မ်က္လုံးမ်ားျဖင့္သာ ရွန္ခ်န္းဖုန္းကို ၾကည့္ေနေတာ့၏။
ရွန္သူရဲေကာင္းႀကီး - .............
ခြီး။
ရယ္ေနေသးတယ္!
ကေလးငယ္သည္ အလြန္ပင္ စိတ္ဆိုးလ်က္ ယဲ့က်င္ကို ဖက္ထားေတာ့ေလသည္။
"သူ႕ကို အဖက္မလုပ္နဲ႕"
ယဲ့က်င္က ကေလးကို ေပြ႕ခ်ီကာ -
"သြားမယ္၊ ငါတို႔ အရင္ ထမင္းသြားစားၾကမယ္"
ကေလးက ယဲ့က်င္ပခုံးထက္တြင္ လိမၼာစြာ မွီထားၿပီး အလြန္ပင္ စကားနားေထာင္သည္။
ရက္အနည္းငယ္ ၾကာေသာ္ ယဲ့က်င္ဟာ အမွန္တကယ္ပင္ ေျဖေဆးကို ေဖာ္စပ္နိုင္ၿပီး လုံးဝ ျပႆနာမရွိတာ ေသခ်ာေအာင္ စစ္ေဆးၿပီးမွ ခ်င္ေရွာက္ယြီအတြက္ အသုံးျပဳသည္။
ရွန္ခ်န္းလင္သည္ ၎ေက်ာက္စိမ္းဂူ၏ အျပင္ဘက္၌ ထိုင္ေနၿပီး မ်က္ေတာင္ေလးပင္ မခတ္ဘဲ ဂူအေပါက္ဝကို ၾကည့္ေန၏။ အေမြးလုံးကလည္း သူ႕ရင္ခြင္ထဲတြင္ ထိုင္ေနၿပီး အၾကည့္မ်ားပင္ စူးရွလ်က္ ရွိသည္!
သို႔အတူ ယြိဟန္ဂူထဲ၌ လူတစ္စုဟာ အသိစိတ္ တင္းက်ပ္စြာ ကပ္လ်က္ ခ်င္ေရွာက္ယြီ၏ ပတ္ပတ္လည္တြင္ ဝိုင္းရံေနၾကသည္။ ေရွာင္ရွန္ဟန္ေလးသည္ ခုတင္၏ အစြန္းတြင္ ေမွာက္ကာ လူတစ္ကိုယ္လုံး စိတ္လႈပ္ရွားစြာ ၾကည့္ေန၏။
"ဘာလို႔ သတိမရလာေသးတာလဲ"
ရွန္ခ်န္းဖုန္းက မ်က္ေမွာင္ၾကဳတ္ကာ ဆိုသည္။
"အခ်ိန္နည္းနည္းေတာ့ လိုအပ္မွာပဲေလ၊ မဟုတ္ေတာင္ သတိလစ္ေနတာ သည္ေလာက္ၾကာသြားၿပီ"
ယဲ့က်င္က သူ႕ေသြးခုန္ႏႈန္းကို စမ္းသပ္ကာ ေျပာသည္။
"အရင္ရက္ေတြကထက္ သက္သာလာပါၿပီ"
"ဘာမွမျဖစ္ေလာက္ပါဘူးေနာ္"
ရွန္ခ်န္းဖုန္းက ေမးသည္။
"ေသခ်ာတာေပါ့"
ေရွာင္ရွန္ဟန္က ႏႈတ္ခမ္းေလး ဆူလ်က္ ေရ႐ြတ္သည္။
"ဖြဟဲ့ ဖြဟဲ့ ဖြ... ေလနဲ႕တိုက္ပါသြား!"
ရွန္ခ်န္းဖုန္း - ..........
က်န္းရန္ကေတာ့ ၿပဳံးစိစိႏွင့္သာ ဤကေလးတစ္ေကာင္ လူႀကီးတစ္ေယာက္အား စိတ္ဝင္တစား ၾကည့္ေနေပသည္။
"သတိရလာၿပီ!"
ယဲ့က်င္က အံ့ၾသဝမ္းသာလ်က္ ဆိုလာ၏။
ခ်င္ေရွာက္ယြီ၏ မ်က္လုံးမ်ား ပြင့္လာၿပီး အလင္းေရာင္ကို အသားမက်ေသးတာ အသိအသာပင္။
ေရွာင္ရွန္ဟန္ေလးသည္ တစ္ဖက္ျခမ္းသို႔ ေျပးသြားကာ ခ်င္ေရွာက္ယြီအတြက္ အလင္းကြယ္ေပးလိုက္သည္။
"မင္းေနာက္ဆုံးေတာ့ သတိရလာၿပီေပါ့"
ရွန္ခ်န္းဖုန္းမွာ အခုမွ အသက္ရႉေခ်ာင္သြားရသဖြယ္။
ခ်င္ေရွာက္ယြီက လက္ေထာက္လ်က္ ထ,ထိုင္ၿပီး ရင္ဘတ္ဝက ဒဏ္ရာမွလာေသာ အျပင္းအထန္ နာက်င္မႈေၾကာင့္ အလိုလို မ်က္ေမွာင္ၾကဳတ္သြားကာ -
"ငါ ဘာျဖစ္သြားတာလဲ"
"မင္း ဝိညာဥ္ေႁခြသိုင္းလက္ဝါးေၾကာင့္ ဒဏ္ရာရသြားတာ၊ ဒါေပမဲ့ ကံေကာင္းလြန္းလို႔ အသက္မေသတာကြ"
ယဲ့က်င္က သူ႕ကို တြဲထူသည္။
ခ်င္ေရွာက္ယြီက မ်က္လုံးမွိတ္ကာ ခဏ နားလိုက္ၿပီးမွ ယခင္က အျဖစ္အပ်က္မ်ားကို ျပန္လည္ေတြးေပၚလာကာ ခ်က္ခ်င္း မ်က္လုံးပြင့္သြားၿပီး -
"လင္အာ ဘယ္လိုလဲ"
"သူ ဘာမွမျဖစ္ဘူး၊ ဒါေပမဲ့ ဟန္ယြိဂူထဲေတာ့ ဝင္လို႔မရဘူးမို႔"
ယဲ့က်င္က ဆိုသည္။
"ဘာပဲျဖစ္ျဖစ္ မင္းထိခိုက္သြားၿပီးေနာက္ ငါတို႔ မင္းကို သည္ဇာမဏီေတာင္ေပၚ ေခၚလာခဲ့တာ၊ ဘယ္သူမွ ဘာမွမျဖစ္ဘူး၊ မင္း စိတ္မပူနဲ႕"
"ဖုန႔္က်ိဳယဲ့ အခု ဘယ္လိုေနလဲ?"
ခ်င္ေရွာက္ယြီက ေမးသည္။
"ဖုန႔္က်ိဳယဲ့က အဲ့ေန႕က အမွန္တကယ္ပဲ မင္းသတ္လို႔ ေသသြားၿပီးသား။ ဒါေပမဲ့ သူမ်ားက ကူပိုးေကာင္ခ်ၿပီး ေသရာကေန ျပန္ရွင္လာတာ"
ရွန္ခ်န္းဖုန္းက ဆိုသည္။
"ဒါေပမဲ့ သူ အခု ျပာျဖစ္သြားေအာင္ မီးရွို႔ခံရၿပီးၿပီ၊ ထပ္ထြက္လာၿပီး ျပည္သူေတြကို ဒုကၡေပးမွာ မဟုတ္ေတာ့ဘူး"
"ကူပိုးေကာင္ ဘယ္သူခ်တာလဲ"
ခ်င္ေရွာက္ယြီက မ်က္ေမွာင္ၾကဳတ္လ်က္ ေမးသည္။
"မသိဘူး"
ရွန္ခ်န္းဖုန္းက ေခါင္းခါလ်က္ -
"မင္းရဲ႕ ဒဏ္ရာကလည္း ေသလုေမ်ာပါးျဖစ္ေနေတာ့ အားလုံးလည္း လိုက္စစ္ေဆးဖို႔ေတာင္ စိတ္အေျခအေန မရွိၾကေတာ့ဘူးေလ၊ အခု ႐ုံးေတာ္ကပဲ ဟန္လုပ္ပန္လုပ္နဲ႕ ရွာေဖြစစ္ေဆးေနတယ္၊ ၾကည့္ရတာ ဘာမွလည္း မသိရေလာက္ေသးဘူး"
"သည္ကိစၥက သိပ္အေရးႀကီးတယ္... အျမန္ဆုံး ------"
"အဟမ္းအဟမ္း"
က်န္းရန္က ေခ်ာင္းဟန႔္၍ ဟန႔္တားလိုက္သည္။
"လင္အာခမ်ာ ေန႕ေန႕ညည မနားတမ္း မအိပ္စက္တမ္း မ်က္ရည္နဲ႕ပဲ မ်က္ႏွာသစ္ေနရတာကို မင္း သတိရလာတာနဲ႕ သူ႕ကို သြားမၾကည့္ေသးဘူးလား"
ယဲ့က်င္သည္ အလြန္ပင္ ရႈပ္ေထြးေသာ အၾကည့္ျဖင့္ က်န္းရန္ကို ၾကည့္လာ၏။
ေနပါဦး ျပည္သူေတြၾကားထဲက ဝတၳဳဇာတ္လမ္းေတြကို ဘယ္ေလာက္ေတာင္ ဖတ္ထားလို႔ သည္လို ေဖာ္က်ဴးရည္ၫႊန္းတဲ့ စကားလုံးမ်ိဳးကို ေလ်ာေလ်ာရႉရႉ ေျပာထြက္နိုင္ရတာလဲေနာ္!
ခ်င္ေရွာက္ယြီက ရွန္ခ်န္ဖုန္းကို ပုတ္ကာ -
"မင္း ငါ့ကို ျမန္ျမန္ တြဲၿပီး ေခၚသြားေပး"
ရွန္သူရဲေကာင္းႀကီးဟာ တကြၽတ္ကြၽတ္ျဖင့္ -
"မိုးနတ္မင္းႀကီးကို ေက်းဇူးတင္ရမယ္၊ မင္းမွာလည္း ဒီလိုေန႕မ်ိဳး ရွိလာရတယ္လို႔"
ေရွာင္ရွန္ဟန္က ႏႈတ္ခမ္းဆူလ်က္ -
"သူမ်ားဒုကၡေရာက္ေနတုန္း အခြင့္ေကာင္းယူေနတယ္"
ရွန္ခ်န္းဖုန္း - .....
ခ်င္ေရွာက္ယြီသည္ ထိုမွသာ ခုတင္ေဘးက ကေလးငယ္ကို သတိထားမိသြားသည္။ အေတာ္ကို ခ်စ္စရာေကာင္းသည္ဟု ယူဆမိလ်က္ လက္လွမ္းကာ ပါးကို ညွစ္ရင္း -
"ဘယ္က ကေလးလဲ?"
"ဇာမဏီႀကီးက ေတာင္ေပၚကို ခ်ီလာတာ"
ေရွာင္ရွန္ဟန္သည္ ကိုးကြယ္ေသာ အၾကည့္မ်ားျဖင့္ သူ႕ကို ၾကည့္ကာ -
"ကြၽန္ေတာ့္နာမည္ ရွန္ဟန္လို႔ ေခၚတယ္ေနာ္၊ မနက္မိုးေသာက္ အလင္းေရာက္ေတာ့မယ္ဆိုတဲ့ အဓိပၸါယ္"
"ရွန္?"
ခ်င္ေရွာက္ယြီက ရွန္ခ်န္းဖုန္းကို တစ္ခ်က္ၾကည့္ကာ -
"မင္းရဲ႕သား?"
ရွန္ခ်န္းဖုန္းက ဘာမွမေျပာရေသးခင္ပင္ ကေလးက ခိုင္မာျပတ္သားစြာ ေခါင္းခါလ်က္ -
"မဟုတ္ပါဘူးေနာ္!"
အဲ့ေလာက္ႀကီး ၿငိဳျငင္တဲ့ အမူအရာလည္း မျပနဲ႕ဦးေလ!
ရွန္သူရဲေကာင္းႀကီးဟာ သြားယားလာသည္။
"သူက မင္းရဲ႕ အသက္သခင္ ေက်းဇူးရွင္လို႔ ေျပာလို႔ရတယ္၊ ဒါေပမဲ့ ဒီကိစၥ ေနာက္မွေျပာၾကမယ္"
ယဲ့က်င္က ကေလးကို ေပြ႕ခ်ီၿပီး -
"မင္း လင္အာကိုပဲ ျမန္ျမန္ေလး သြားေတြ႕ခ်ည္ေတာ့၊ သူ ဒီရက္ေတြမွာ မင္းကို ေတာ္ေတာ္ေလး စိတ္ပူခဲ့ရတာ"
ခ်င္ေရွာက္ယြီက ေခါင္းညိတ္ကာ ရွန္ခ်န္းဖုန္းက တြဲေပးလ်က္ ခုတင္ေပၚကေန ဆင္းလိုက္သည္။
"ဒါမွမဟုတ္ ငါ မင္းကို ေပြ႕လိုက္ရမလား?"
ရွန္ခ်န္းဖုန္းက သူ လႈပ္ရ၊ ရွားရ အဆင္မေျပေနသျဖင့္ ေစတနာျဖင့္ အႀကံေပးလိုက္သည္။
သို႔ေသာ္ ခ်င္ေရွာက္ယြီကမူ ခ်က္ခ်င္း ႐ြံရွာေသာ အမူအရာ လုပ္ျပလာ၏။
"ေဟ့!"
ရွန္ခ်န္းဖုန္းက ေဒါသတႀကီး ေျပာေတာ့သည္။
"မင္း ေသမလို ရွင္မလို ျဖစ္ေနတုန္းကေတာ့ ေလာင္ဇီပဲ မင္းကို ဒီအထိ ေပြ႕သယ္လာတာေနာ္!"
နည္းနည္းပါးပါး ေက်းဇူးသိတတ္ဦး!
"အဲ့တာဆို ငါလည္း ကြၽဲေကာသီးအ႐ြက္နဲ႕ ေရဆယ္ခါေလာက္ ခ်ိဳးပစ္မွ ရေတာ့မယ္"
ခ်င္ေရွာက္ယြီက သူ႕ပခုံးကိုသာ လက္တစ္ဖက္တည္းႏွင့္ တြဲထားၿပီး စိတ္မရွည္စြာ ေျပာေလသည္။
"ငါ့ကို ျမန္ျမန္ ေခၚသြားေပးစမ္းပါဟ!"
ရွန္ခ်န္းဖုန္းက အံ့ႀကိတ္ကာ -
"လင္အာ အရမ္းစိုးရိမ္ေနမွာ စိုးလို႔သာ မဟုတ္ရင္ေလ-------"
ခ်င္ေရွာက္ယြီက ခပ္တည္တည္ ျဖတ္ေျပာသည္။
"ေယာက်္ားရင့္မာႀကီး လုပ္ၿပီး တစ္ေနကုန္ ပြစိပြစိနဲ႕"
ရွန္ခ်န္းဖုန္းက အသက္ကို ဝ,ဝ ရႉလိုက္သည္။
ေတာ္ၾကာ.. အခုေလးတင္ သတိရလာတဲ့လူကို ျပန္သတိလစ္သြားေအာင္အထိ ရိုက္ႏွက္မိေနမွာစိုးလို႔!
ကေလးငယ္သည္ ယဲ့က်င္ပခုံးတြင္ ေခါင္းအပ္လ်က္ ႏွစ္ဦးသား ရန္ျဖစ္ေနသည္ကို တက္တက္ႂကြႂကြ ေငးၾကည့္ေန၏။
ဒ႑ာရီပုံျပင္ဇာတ္လမ္းေတြထဲ ပ်ံ့ေနတာနဲ႕ သိပ္မတူေပမဲ့လည္း... ဒီကလူေတြ အကုန္လုံးက သိပ္ေကာင္းၾကတာပဲ..........
---
11-03-2024 (Mon)
လန္ *-* အၾကာႀကီးေစာင့္ရလို႔ မီယားနယ္....
---