" မသီဟာ အိမ္ကိုဧည့္သည္ေရာက္ေနတာလား "
ပံုမွန္မဟုတ္ေသာအေျခအေနေၾကာင့္ ဟန္ေနြႏြံစိတ္၌ သတိျပဳမိသလိုျဖစ္သြားသည္။ သူေမးလိုက္ေသာ သီဟာကြၽန္းသည္လည္း ေခါင္းသာတစ္ခ်က္ညိတ္ျပၿပီး သူ႔ေမးခြန္းကိုအေျဖမေရမရာႏွင့္ခ်န္ခဲ့သည္။
" ဟန္နီ ဘာေတြလုပ္ေနျပန္တာလဲ "
ပထမဆံုးေသာအျပစ္တင္စိတ္ပူသံဟာ ဟန္ေနြႏြံႏႈတ္ခမ္းကေနထြက္လာေလသည္။ လံုၿခံဳေရးေတြပိုတင္းက်ပ္ထားေသာ ၿခံအတြင္းအျပင္အေနအထားက သူ႔ကိုစိတ္မပူေစဘူးလို႔ေျပာရင္ လိမ္ညာရာက်လိမ့္မည္။ ေျခလွမ္းခပ္က်ဲက်ဲႏွင့္ ၿခံအဝင္ေနရာကေနၿပီး ရွည္လ်ားေသာလူသြားလမ္းကိုေလ်ွာက္ကာ စံအိမ္ထဲသို႔ဝင္လာခဲ့ေတာ့လည္း အနက္ေရာင္ႏွင့္လူမ်ားက ခပ္စိပ္စိပ္ေတြ့ရျပန္သည္။
" ဟန္နီ ! "
အိမ္ထဲကိုမ်က္လံုးေဝ့ဝဲၾကည့္ရင္း ေသြးေအးရက္စက္ေသာမ်က္ဝန္းႏွင့္ သူမကိုလွမ္းျမင္လိုက္ရသည္။ စတိုခန္းက်ယ္ရိွတဲ့ဘက္ကေန အေပၚထပ္သို႔တက္မည့္ေလွကားဆီကို သူမေလ်ွာက္လာတာကိုျမင္လိုက္ျခင္းျဖစ္သည္။ အနက္ေရာင္လယ္သာလက္အိတ္ကို ျဖည္းျဖည္းခ်င္းခြၽတ္ေနသည့္သူမက ေက်ာေပးထားေသာအေနအထားကေန ဟန္ေနြႏြံဘက္ကိုလွည့္ၾကည့္လို႔လာခဲ့သည္။
တစ္ခုခုကိုခပ္တိုးတိုးလွမ္းေျပာရင္း သူမလက္ေထာက္ကိုခိုင္းေစၿပီးမွ ဟန္ေနြႏြံဆီကိုေလ်ွာက္လာေနေသာ လကၤာသံု။ တပည့္တပန္းေတြက သူတို႔ေရ႔ွေလ်ွာက္လာသည့္ေခါင္းေဆာင္ျဖစ္သူကို တေလးတစားဦးၫြတ္ေနၾကေပမဲ့ ဟန္ေနြႏြံကေတာ့ ထိုလူေတြထဲတြင္မပါဝင္ခဲ့ေပ။
" ရွင္ဘာေတြလုပ္ေနတာလဲ ဟန္နီ "
ဟန္ေနြႏြံစကားကိုနားေထာင္ရင္း ေျခလွမ္းေတြကိုမ်က္ႏွာခ်င္းဆိုင္၌ရပ္ကာ လကၤာသံုခပ္ေဖ်ာ့ေဖ်ာ့ၿပံဳးလိုက္မိသည္။
" စိတ္ပူလို႔ေမးေနတာမဟုတ္ဘူး..... ရွင္ ေသခ်င္းဆိုးနဲ႔ေသရင္ ကလဲ့စားေခ်ရမယ့္လူမရိွမွာစိုးလို႔ "
လကၤာသံု ထိုစကားေတြေၾကာင့္ ထပ္ၿပံဳးမိခဲ့သည္။
" ရွင္မေျဖခ်င္လည္းမေျဖနဲ႔ အေရ႔ွကဖယ္ေပး ! "
" ကေလး "
" ဟင္ ရွင္ !! "
ခပ္စြာစြာရန္ေတြ့ေနရင္း မထင္မွတ္ထားေသာစကားလံုးေၾကာင့္ ဟန္ေနြႏြံႏွလံုးသားေလးလႈပ္ခတ္သြားသည္။
" မင္းက ကေလးလား "
ဘာစကားမျွပန္မေျပာႏိုင္ေသာ ဟန္ေနြႏြံမ်က္ႏွာေလးကို လကၤာသံုသေဘာတက်ၿပံဳးၾကည့္ေနသည္။
" ကိုယ့္အိမ္ကအက်ယ္ႀကီးပါ "
" ဘာ ဘာကိုလဲ "
" လူနားလည္ေအာင္ေျပာ "
" ကိုယ္ေျပာတာ အိမ္ကက်ယ္တယ္ "
" ႀကိဳက္တဲ့လမ္းကေန အေပၚထပ္ တက္လို႔ရတယ္ "
စကားတစ္လံုးခ်င္း မ်က္ႏွာၾကည့္ကာေျပာေနေသာ လကၤာသံုအၾကည့္ေတြထဲ ဟန္ေနြႏြံပိတ္မိေနသည္။ ပန္းေရာင္ႏႈတ္ခမ္းဖူးေလး လႈပ္ရွားလိုက္သမ်ွ ၾကည္လင္ေသာအသံခ်ိဳခ်ိဳဟာ ထြက္ေပၚလာၿပီး ဟန္ေနြႏြံႏွလံုးသားကိုလႈပ္ခတ္ေစခဲ့သည္။
က်စ္ ! ဒီအမ်ိဳးသမီး ဘာျဖစ္ခ်င္ေနတာလဲ.....
စိတ္ထဲကေနသာ မခ်င့္မရဲေမးလိုက္ၿပီး အသက္ရႈမဝျခင္းကို ႀကိဳးစားေျဖေလ်ာ့ေနရေသာ ဟန္ေနြႏြံ။ လကၤာသံု၏အၾကည့္ေတြကိုေရွာင္ဖယ္ရင္း စကားစျပတ္သြားေသာအေၾကာင္းအရာအား ျပန္လည္စကားစဆက္ရန္ႀကံရြယ္လိုက္သည္။
" ေဒၚလကၤာသံု ကြၽန္မသိခ်င္တာကိုေျဖေပး "
စကားပလႅင္ပင္မခံေတာ့ဘဲ တံုးတိတိေျပာလာေသာေၾကာင့္ လကၤာသံုအံ့ၾသရာမွၿပံဳးမိရသည္။ တဇြတ္ထိုးႏိုင္လွေသာအက်င့္က အတူရိွလာေသာငါးႏွစ္မွာ သိလာရေသာ ဟန္ေနြႏြံ၏အက်င့္ဆိုးေလးတစ္ခုဆိုတာ လကၤာသံုမေမ့ေလ်ာ့မိသင့္ေပ။
" ကိုယ္ လူတစ္ေယာက္ကိုဖမ္းထားတယ္ "
မဆိုင္းမတြပင္ျပန္ေျဖလိုက္ၿပီး ဟန္ေနြႏြံမ်က္ဝန္းကို အကဲခတ္သလိုၾကည့္ေနသည္။
" ဘာ ? ဘယ္သူ႔ကိုလဲ "
" ဌာနတစ္ခုကလူကို "
" ဌာန ? ဌာနတစ္ခုဆိုတာ..... "
စဥ္းစားေနေသာမ်က္ဝန္းေလးကို လကၤာသံုေငးၾကည့္ေနရင္း ဆတ္ကနဲခပ္စူးစူးၾကည့္လာေသာ အၾကည့္လွလွေလးေၾကာင့္ ေခါင္းညိတ္ျပလိုက္ခဲ့သည္။
" ကိုယ္ဘယ္လိုလူစားလဲဆိုတာ မင္းကိုျပမယ္ ကိုယ္နဲ႔လိုက္ခဲ့ "
အမိန္႔သံတစ္ခ်က္ႏွင့္ေက်ာခိုင္းလိုက္ၿပီး အေရ႔ွကေနဦးေဆာင္သြားေသာေနာက္ေက်ာေနာက္ ဟန္ေနြႏြံေယာင္နနျဖင့္လိုက္လာမိသည္။ သူမေျခလွမ္းေတြရပ္လိုက္ေသာေနရာက အေစာပိုင္းကသူမထြက္လာေသာ စတိုခန္းက်ယ္ျဖစ္ေနသည္။
" အဲဒီအခန္းထဲဝင္ရင္ စကားသံမထြက္နဲ႔ "
ေလသံခပ္တိုးတိုးနဲ႔ေျပာၿပီးသည္ႏွင့္ ဟန္ေနြႏြံဆီကတံု႔ျပန္သံကိုမေစာင့္ေတာ့ဘဲ စတိုခန္းတံခါးကိုဖြင့္လိုက္သည္။ အခန္းတံခါးပြင့္သြားေတာ့ ေမွာင္ေနေသာစတိုခန္းထဲမွာ အနက္ေရာင္လယ္သာကုတ္ဝတ္ထားသည့္ လူတစ္ေယာက္က ဒူးေထာက္လ်က္အေနအထားႏွင့္ ႀကိဳးတုပ္ခံထားရသည္။
အခန္းထဲေျခခ်လိုက္ခ်ိန္မွာ လက္ျပန္ႀကိဳးတုပ္ခံထားရၿပီး ေခါင္းစြပ္အုပ္ခံထားရေသာ ထိုလူဆီကေန ေလွာင္ရယ္သံထြက္ေပၚလာသည္။ ခပ္တိုးတိုးေလးဆိုေပမဲ့ ေသရမွာမေၾကာက္သည့္ဟန္ျဖင့္ ေလွာင္ရယ္လိုက္ပံုေထာက္ရင္ ထိုလူဟာေပါ့ေသးေသးမျဖစ္တန္ရာ။
" ငါ့ကိုဖမ္းႏိုင္တဲ့သူက ဘယ္သူလဲဆိုတာ "
ဟန္ေနြႏြံအၾကည့္က စကားရပ္လိုက္ေသာ လူတစ္ေယာက္၏လည္တိုင္ဆီေရာက္သြားႏွင့္သည္။ နီရဲေသာအရိႈးရာတစ္ခုက လည္တိုင္ကအသားျဖဴျဖဴေပၚထင္းေနသည္က က်ာပြတ္ရာမွန္းသိသာေလသည္။
" ငါသိလိုက္ၿပီ လကၤာသံု "
ေဖ်ာက္ ေဖ်ာက္ ေဖ်ာက္ !
ထိုမိန္းကေလးဆီကစကားသံဆံုးသည္ႏွင့္ လက္ခုပ္သံသံုးခ်က္ထြက္လာသျဖင့္ နံေဘးသို႔အၾကည့္ပို႔မိသည္။ မၿပံဳးေသာႏႈတ္ခမ္းေလးက ေသြးေအးစြာေကြးသြားသည္။ မ်က္ေတာင္မခတ္ေသာမ်က္ဝန္းက ေအးစက္တည္ၿငိမ္စြာၾကည့္ေနသည္။ မျမင္ေတြ့ဖူးေသာပံုစံတစ္ခုကို ဟန္ေနြႏြံျမင္ေနရသည္မို႔ စိတ္ထဲအရင္ဝင္လာေသာအေတြးက သူမကေၾကာင္ဆိုးေလးမဟုတ္ခဲ့ဘူးဆိုတာပင္။
" အမႈစစ္ေလး အေျဖမွန္တယ္ "
အနက္ေရာင္လယ္သာလက္အိတ္ကိုျပန္ဝတ္ၿပီး ဖမ္းဆီးခံထားရေသာမိန္းကေလးေရ႔ွကို တစ္လွမ္းခ်င္းေလ်ွာက္ကာသြားရပ္လိုက္သည္။
" မထူးဝင့္ဇာလြင္ သာမန္မိသားစုရဲ့အငယ္ဆံုးသမီး စစ္ေထာက္လွမ္းေရးကဗိုလ္မွဴးအဆင့္နဲ႔အနားယူထားတဲ့ အသြင္ေျပာင္းစံုေထာက္တစ္ေယာက္ "
" အစ္ကိုတစ္ေယာက္ရိွၿပီး ေဆးတပ္မွာတာဝန္ထမ္းေဆာင္ေနတယ္ "
" မင္း ငါ့အေၾကာင္းေတြ အေတာ္စိတ္ဝင္စားတာပဲ "
" မထူးဝင့္ဇာလြင္က အခြန္အျပည့္ေဆာင္ထားတဲ့ ေရႊခက္စိမ္းကိုလာထိလို႔မရတာ သိေစခ်င္ရံုသက္သက္ပါ "
" အခြန္တခ်ိဳ႕ေရွာင္ထားတဲ့ မထူးဝင့္ဇာလြင္ခ်စ္သူလို သမၼတေဟာင္းရဲ့သမီးကိုကပ္မေပါင္းထားဘူးဆိုတာ သိဖို႔ ! ေရႊခက္စိမ္းလုပ္ငန္းစုက ကိုယ္ပိုင္အရည္အခ်င္းနဲ႔ရပ္တည္လာတာ "
" ဟာဟား ဟား ရယ္စရာေတြမေျပာစမ္းနဲ႔ လကၤာသံု !! မင္းရဲ့လုပ္ငန္းေနာက္ကြယ္မွာ မသန္႔ရွင္းတဲ့ဝင္ေငြေတြရိွတယ္ "
" ဒုစရိုက္နဲ႔ရွင္သန္တာက ေျခသလံုးဖက္တဲ့အလုပ္ထက္ အရည္အေသြးပိုသာပါတယ္ မထူးဝင့္ဇာလြင္ "
လကၤာသံုႏွင့္ အမႈစစ္ဆိုသူ၏ေျပာစကားေတြေၾကာင့္ ဟန္ေနြႏြံအသက္မရႈမိခဲ့ေခ်။ သူတို႔ေျပာေနေသာစကားေတြထဲမွာ ႏိုင္ငံေရးအရႈပ္အေထြးပါ ေရာပါလာေနၿပီမဟုတ္လား။
ဟန္နီ ရွင္ကဘယ္အထိပတ္သက္ေနတာလဲ.....
" သမၼတေဟာင္းဦးဂုဏ္ထိန္ရဲ့သမီးက မထူးဝင့္ဇာလြင္ခ်စ္သူဖက္ထားတဲ့ ေျခသလံုးပဲ "
ေခါင္းတည့္တည့္မိုးႀကိဳးပစ္ခ်လိုက္သလို ဟန္ေနြႏြံတစ္ကိုယ္လံုးတုန္လႈပ္ေျခာက္ျခားသြားသည္။ ဒီႏိုင္ငံရဲ့တစ္ဆယ့္ရွစ္ေယာက္ေျမာက္သမၼတေဟာင္း ဦးဂုဏ္ထိန္ဆိုတာ လက္ရိွဝန္ႀကီးခ်ဳပ္ရဲ့ဖခင္မဟုတ္ဘူးလား။
" မင္း ! မဟုတ္တာေတြမေျပာနဲ႔ "
" အတိအက်မွန္သြားလို႔လား မထူးဝင့္ဇာလြင္ "
ဘယ္အခ်ိန္ကထုတ္လိုက္သည္မသိေသာ ခလုတ္ဓားတစ္လက္က ေခါင္းစြပ္အုပ္ခံထားရေသာအမႈစစ္၏ လည္တိုင္ထက္၌ေရာက္ရိွေနေလသည္။ လည္တိုင္သို႔မဟုတ္ဘဲ ရုတ္တရပ္ထိုးခ်လိုက္တာက ဘယ္ဘက္ေပါင္၌ျဖစ္ေနသည့္အခါ အသည္းခိုက္ေအာင္နာက်င္သြားတဲ့ အမႈစစ္တစ္ေယာက္၏ညည္းသံက လကၤာသံုကိုေပ်ာ္ရႊင္ေစသည္။
" ဒီဘက္ေလာကကို ေသြးတိုးစမ္းတဲ့သူေတြ ဘယ္ႏွေယာက္ေပ်ာက္ကြယ္သြားၿပီလဲ မထူးဝင့္ဇာလြင္ အရင္စံုစမ္းလာသင့္တယ္ "
" အား မင္း ငါ့ကိုသတ္လိုက္လည္း "
" မလြတ္ဘူးလို႔ေျပာခ်င္တာလား ဒီစကားက အိပ္ေနတဲ့သားရဲေတြကို ေခါင္းပုတ္ႏိႈးမိသူတိုင္း အသက္ရႈသံမရပ္ခင္ေျပာေနက် လက္သံုးစကားမ်ားလား အမႈစစ္ေလး "
ဓားေျမာင္ကို ေပါင္မွာစိုက္ထားသည့္အတိုင္း ျဖည္းျဖည္းခ်င္းထိုးခြဲလိုက္သည္။ ထိုသို႔ျပဳလုပ္ၿပီးမွ ဓားကိုျဖည္းျဖည္းခ်င္းႏုတ္ကာ ခံႏိုင္ရည္ရိွေနေသးေသာ အမႈစစ္၏လည္ပင္းအား မထိတထိဓားဖ်ားျဖင့္ကစားရင္း။
" ေကာင္းေသာညျဖစ္ပါေစ အမႈစစ္ေလး "
...............................................................
ေလေတြတျဖဴးျဖဴးတိုက္ေနေသာ ေလသာေဆာင္၌ စကားမေျပာဘဲရပ္ေနမိၾကသည္။ တိတ္ဆိတ္ေနေသာညဥ့္ယံက သက္ျပင္းခ်သံတိုးတိုးကိုသာၾကားေစသည္။
" အေဖေျပာခဲ့ဖူးတယ္ လူတစ္ေယာက္ကိုအႏိုင္မယူရင္ အဲဒီလူရဲ့ေနာက္မွာ သတ္ဖို႔ေစာင့္ေနတဲ့လက္ေတြရိွတယ္ ဘယ္ေတာ့မွမေပ်ာ့ညံ့ရဘူးတဲ့ "
ၾကည္လင္ေသာစကားသံလာရာကို ဟန္ေနြႏြံလွည့္မၾကည့္ျဖစ္ေခ်။ သူမကိုယ္တိုင္ကလည္း အေဝးတစ္ေနရာကိုေငးရီေနခဲ့သည္။
" ရွင္ေျပာ ဒါရွင့္ရဲ့ပံုစံအမွန္လား "
" အင္း "
ဟန္ေနြႏြံရယ္လိုက္မိသည္။
" ရွင္ ကြၽန္မေၾကာက္ေအာင္လုပ္ရံုနဲ႔ ကလဲ့စားမေခ်ရဲေတာ့ဘူးထင္ေနတာလား "
" ကိုယ္တို႔ရပ္ေနတာ က်ည္ဆန္ေတြ ဓားသြားေတြထက္မွာ "
" အဲဒီေတာ့ ကြၽန္မကေၾကာက္ဒူးတုန္ျပရမွာလား "
" တစ္ေန့ အဲဒီအမႈစစ္ေနရာမွာ ကိုယ္လည္းျဖစ္သြားႏိုင္တယ္ "
ထိုစကားကို လကၤာသံုေျပာလိုက္ခ်ိန္မွာ ဟန္ေနြႏြံအၾကည့္ေတြႏွင့္အတူ လက္တစ္ဖက္ကပါလႈပ္ရွားသြားသည္။ ခြပ္ကနဲျမည္သြားေသာ လက္သီးခ်က္အေသးစားက လကၤာသံုရဲ့ဘယ္ဘက္ပါးေပၚကိုက်ေရာက္လာခဲ့သည္။
" ရွင္ ထပ္ေျပာရင္ ကြၽန္မထပ္လုပ္ရလိမ့္မယ္ "
မထင္မွတ္တဲ့အခ်ိန္မွာရလိုက္ေသာ ဘယ္ဘက္ပါးေစာင္ထက္က နာက်င္မႈခပ္ပါးပါးေလးေၾကာင့္ လကၤာသံုစိတ္လိုလက္ရၿပံဳးမိသည္။
" ဂိုဏ္းအခ်င္းခ်င္းလုပ္ႀကံမႈေတြ မင္းလည္းႀကံဳဖူးတာပဲ အႏၲရာယ္မ်ားတယ္ "
" ဂရုမစိုက္ဘူး ရွင္ကြၽန္မကိုႏွင္ဖို႔မႀကိဳးစားနဲ႔ "
" မ်က္ၾကည္လႊာေၾကာင့္လား "
" ရွင္ ! "
ေနာက္တစ္ႀကိမ္ထပ္ရြယ္လိုက္ေပမဲ့ ေလထဲမွာတင္ရပ္ေနေသာ လက္သီးဆုပ္ေလးက မဟုတ္မမွန္ေသာစကားကို နာက်င္ေစျခင္းျဖင့္မျငင္းလိုေနေလ။
" ရွင္ထင္ခ်င္သလိုထင္ ဟန္နီ "
လက္ကိုျပန္ရုပ္သိမ္းလိုက္ၿပီးေနာက္ လကၤာသံုမ်က္ႏွာကိုေစ့ေစ့ၾကည့္ကာ ဟန္ေနြႏြံေျပာလိုက္သည္။ ရုပ္ေလးလွသေလာက္ ေသြးေအးရက္စက္ေသာအမ်ိဳးသမီးကို ဟန္ေနြႏြံဘယ္လိုမ်ားခ်စ္မိခဲ့သည္မသိပါ။
" ကြၽန္မကေတာ့ ရွင့္အနားမွာပဲေနမယ္ "
" မင္းကေခါင္းမာတယ္ "
" ရွင္နဲ႔တူတာပါ "
ရွင္က ရင္ခုန္ေအာင္သိပ္လုပ္ႏိုင္တာပဲ ဟန္နီ။ ျပႆနာရွာတာလည္း သိပ္ေတာ္တယ္လို႔ ႏြံေတာ့ျမင္တယ္။ အသက္အပိုပါေနတဲ့သူလို ရွင္ရင္ဆိုင္ေနတဲ့ရန္သူေတြက အေကာင္လည္းမေသးပါလား။ နားလည္ရခက္တဲ့အမ်ိဳးသမီးကို ႏြံခ်စ္မိသြားတာလည္း ဝဋ္လည္ျခင္းတစ္မ်ိဳးပဲလား ေဒၚလကၤာသံု။
" ရွင္သိလား ကြၽန္မလူတစ္ေယာက္သတ္ထားတယ္..... အငွားလက္နဲ႔ပါ "
" ဆူးခက္ဟန္ "
စကားေျပာရင္း မ်က္ႏွာလႊဲထားရာကေန ဆတ္ကနဲျပန္လွည့္ၾကည့္မိေသာ ဟန္ေနြႏြံ။
" ရွင္ဘယ္လိုသိတာလဲ ! ေၾသာ္ ေမ့လို႔ "
" က်ားရိုင္းေခါင္းေဆာင္ႀကီး ေဒၚလကၤာသံုမသိတာမွ ထူးဆန္းေနရမွာ "
" အင္း "
" ရွင္သိပ္ေခ်ာတယ္ ဟန္နီ "
ညာလက္တစ္ဖက္က မ်က္ႏွာရဲ့ဘယ္ဘက္ျခမ္းရိွ အစိတ္အပိုင္းတစ္ခုစီကို ညင္သာစြာထိေတြ့ေနသည္။ ပါးျပင္ကိုလည္းပြတ္သပ္ရင္း ႏႈတ္ခမ္းဖူးဖူးဆီေရာက္လာေတာ့ လက္မနဲ႔မထိတထိတို႔ကစားလိုက္သည္။ ထိုသို႔က်ီစယ္ရတာကို ဟန္ေနြႏြံသေဘာက်ေနမိသည္။
" အတူေနၾကတိုင္း နမ္းခြင့္ရတဲ့ ဗိုက္ကႂကြက္သားေလးကအစ ၾကည့္ေကာင္းေနေတာ့တာပဲ "
" မင္း ! "
" ဟန္နီ ရွင္ရွက္ေနတာလား "
" မိုးလင္းေတာ့မယ္ အိပ္ေတာ့ "
" ရွင္နဲ႔အတူလား ဟန္နီ..... "
ရွက္လို႔အိမ္ထဲဝင္သြားတဲ့အမ်ိဳးသမီးေလးကို ဟန္ေနြႏြံလွမ္းစလိုက္ေတာ့ ေျခလွမ္းေတြတံု႔ကနဲရပ္သြားေလသည္။ မသိမသာေလးေခါင္းေစာင္းၾကည့္ၿပီး ရွက္ေနတာသူမဟုတ္သည့္အလား ေျခလွမ္းမွန္မွန္ႏွင့္ဆက္ေလ်ွာက္ေနခဲ့သည္။
ဟန္ေနြႏြံလည္း ေလသာေဆာင္မွာခဏရပ္ေနၿပီးေနာက္ ခဏျဖစ္ျဖစ္အိပ္စက္ဖို႔ အထဲဝင္လာခဲ့လိုက္သည္။ ေရာင္နီပင္ျဖာေနၿပီမို႔ ထိုအမ်ိဳးသမီးေလး မအိပ္ဘဲအလုပ္သြားေတာ့မွာလားေတြးမိရင္း ေျခလွမ္းေတြကဦးတည္ရာေျပာင္းသြားသည္။
..............................................................
( Unicode )
" မသီဟာ အိမ်ကိုဧည့်သည်ရောက်နေတာလား "
ပုံမှန်မဟုတ်သောအခြေအနေကြောင့် ဟန်နွေနွံစိတ်၌ သတိပြုမိသလိုဖြစ်သွားသည်။ သူမေးလိုက်သော သီဟာကျွန်းသည်လည်း ခေါင်းသာတစ်ချက်ညိတ်ပြပြီး သူ့မေးခွန်းကိုအဖြေမရေမရာနှင့်ချန်ခဲ့သည်။
" ဟန်နီ ဘာတွေလုပ်နေပြန်တာလဲ "
ပထမဆုံးသောအပြစ်တင်စိတ်ပူသံဟာ ဟန်နွေနွံနှုတ်ခမ်းကနေထွက်လာလေသည်။ လုံခြုံရေးတွေပိုတင်းကျပ်ထားသော ခြံအတွင်းအပြင်အနေအထားက သူ့ကိုစိတ်မပူစေဘူးလို့ပြောရင် လိမ်ညာရာကျလိမ့်မည်။ ခြေလှမ်းခပ်ကျဲကျဲနှင့် ခြံအဝင်နေရာကနေပြီး ရှည်လျားသောလူသွားလမ်းကိုလျှောက်ကာ စံအိမ်ထဲသို့ဝင်လာခဲ့တော့လည်း အနက်ရောင်နှင့်လူများက ခပ်စိပ်စိပ်တွေ့ရပြန်သည်။
" ဟန်နီ ! "
အိမ်ထဲကိုမျက်လုံးဝေ့ဝဲကြည့်ရင်း သွေးအေးရက်စက်သောမျက်ဝန်းနှင့် သူမကိုလှမ်းမြင်လိုက်ရသည်။ စတိုခန်းကျယ်ရှိတဲ့ဘက်ကနေ အပေါ်ထပ်သို့တက်မည့်လှေကားဆီကို သူမလျှောက်လာတာကိုမြင်လိုက်ခြင်းဖြစ်သည်။ အနက်ရောင်လယ်သာလက်အိတ်ကို ဖြည်းဖြည်းချင်းချွတ်နေသည့်သူမက ကျောပေးထားသောအနေအထားကနေ ဟန်နွေနွံဘက်ကိုလှည့်ကြည့်လို့လာခဲ့သည်။
တစ်ခုခုကိုခပ်တိုးတိုးလှမ်းပြောရင်း သူမလက်ထောက်ကိုခိုင်းစေပြီးမှ ဟန်နွေနွံဆီကိုလျှောက်လာနေသော လင်္ကာသုံ။ တပည့်တပန်းတွေက သူတို့ရှေ့လျှောက်လာသည့်ခေါင်းဆောင်ဖြစ်သူကို တလေးတစားဦးညွတ်နေကြပေမဲ့ ဟန်နွေနွံကတော့ ထိုလူတွေထဲတွင်မပါဝင်ခဲ့ပေ။
" ရှင်ဘာတွေလုပ်နေတာလဲ ဟန်နီ "
ဟန်နွေနွံစကားကိုနားထောင်ရင်း ခြေလှမ်းတွေကိုမျက်နှာချင်းဆိုင်၌ရပ်ကာ လင်္ကာသုံခပ်ဖျော့ဖျော့ပြုံးလိုက်မိသည်။
" စိတ်ပူလို့မေးနေတာမဟုတ်ဘူး..... ရှင် သေချင်းဆိုးနဲ့သေရင် ကလဲ့စားချေရမယ့်လူမရှိမှာစိုးလို့ "
လင်္ကာသုံ ထိုစကားတွေကြောင့် ထပ်ပြုံးမိခဲ့သည်။
" ရှင်မဖြေချင်လည်းမဖြေနဲ့ အရှေ့ကဖယ်ပေး ! "
" ကလေး "
" ဟင် ရှင် !! "
ခပ်စွာစွာရန်တွေ့နေရင်း မထင်မှတ်ထားသောစကားလုံးကြောင့် ဟန်နွေနွံနှလုံးသားလေးလှုပ်ခတ်သွားသည်။
" မင်းက ကလေးလား "
ဘာစကားမှပြန်မပြောနိုင်သော ဟန်နွေနွံမျက်နှာလေးကို လင်္ကာသုံသဘောတကျပြုံးကြည့်နေသည်။
" ကိုယ့်အိမ်ကအကျယ်ကြီးပါ "
" ဘာ ဘာကိုလဲ "
" လူနားလည်အောင်ပြော "
" ကိုယ်ပြောတာ အိမ်ကကျယ်တယ် "
" ကြိုက်တဲ့လမ်းကနေ အပေါ်ထပ် တက်လို့ရတယ် "
စကားတစ်လုံးချင်း မျက်နှာကြည့်ကာပြောနေသော လင်္ကာသုံအကြည့်တွေထဲ ဟန်နွေနွံပိတ်မိနေသည်။ ပန်းရောင်နှုတ်ခမ်းဖူးလေး လှုပ်ရှားလိုက်သမျှ ကြည်လင်သောအသံချိုချိုဟာ ထွက်ပေါ်လာပြီး ဟန်နွေနွံနှလုံးသားကိုလှုပ်ခတ်စေခဲ့သည်။
ကျစ် ! ဒီအမျိုးသမီး ဘာဖြစ်ချင်နေတာလဲ.....
စိတ်ထဲကနေသာ မချင့်မရဲမေးလိုက်ပြီး အသက်ရှုမဝခြင်းကို ကြိုးစားဖြေလျော့နေရသော ဟန်နွေနွံ။ လင်္ကာသုံ၏အကြည့်တွေကိုရှောင်ဖယ်ရင်း စကားစပြတ်သွားသောအကြောင်းအရာအား ပြန်လည်စကားစဆက်ရန်ကြံရွယ်လိုက်သည်။
" ဒေါ်လင်္ကာသုံ ကျွန်မသိချင်တာကိုဖြေပေး "
စကားပလ္လင်ပင်မခံတော့ဘဲ တုံးတိတိပြောလာသောကြောင့် လင်္ကာသုံအံ့သြရာမှပြုံးမိရသည်။ တဇွတ်ထိုးနိုင်လှသောအကျင့်က အတူရှိလာသောငါးနှစ်မှာ သိလာရသော ဟန်နွေနွံ၏အကျင့်ဆိုးလေးတစ်ခုဆိုတာ လင်္ကာသုံမမေ့လျော့မိသင့်ပေ။
" ကိုယ် လူတစ်ယောက်ကိုဖမ်းထားတယ် "
မဆိုင်းမတွပင်ပြန်ဖြေလိုက်ပြီး ဟန်နွေနွံမျက်ဝန်းကို အကဲခတ်သလိုကြည့်နေသည်။
" ဘာ ? ဘယ်သူ့ကိုလဲ "
" ဌာနတစ်ခုကလူကို "
" ဌာန ? ဌာနတစ်ခုဆိုတာ..... "
စဥ်းစားနေသောမျက်ဝန်းလေးကို လင်္ကာသုံငေးကြည့်နေရင်း ဆတ်ကနဲခပ်စူးစူးကြည့်လာသော အကြည့်လှလှလေးကြောင့် ခေါင်းညိတ်ပြလိုက်ခဲ့သည်။
" ကိုယ်ဘယ်လိုလူစားလဲဆိုတာ မင်းကိုပြမယ် ကိုယ်နဲ့လိုက်ခဲ့ "
အမိန့်သံတစ်ချက်နှင့်ကျောခိုင်းလိုက်ပြီး အရှေ့ကနေဦးဆောင်သွားသောနောက်ကျောနောက် ဟန်နွေနွံယောင်နနဖြင့်လိုက်လာမိသည်။ သူမခြေလှမ်းတွေရပ်လိုက်သောနေရာက အစောပိုင်းကသူမထွက်လာသော စတိုခန်းကျယ်ဖြစ်နေသည်။
" အဲဒီအခန်းထဲဝင်ရင် စကားသံမထွက်နဲ့ "
လေသံခပ်တိုးတိုးနဲ့ပြောပြီးသည်နှင့် ဟန်နွေနွံဆီကတုံ့ပြန်သံကိုမစောင့်တော့ဘဲ စတိုခန်းတံခါးကိုဖွင့်လိုက်သည်။ အခန်းတံခါးပွင့်သွားတော့ မှောင်နေသောစတိုခန်းထဲမှာ အနက်ရောင်လယ်သာကုတ်ဝတ်ထားသည့် လူတစ်ယောက်က ဒူးထောက်လျက်အနေအထားနှင့် ကြိုးတုပ်ခံထားရသည်။
အခန်းထဲခြေချလိုက်ချိန်မှာ လက်ပြန်ကြိုးတုပ်ခံထားရပြီး ခေါင်းစွပ်အုပ်ခံထားရသော ထိုလူဆီကနေ လှောင်ရယ်သံထွက်ပေါ်လာသည်။ ခပ်တိုးတိုးလေးဆိုပေမဲ့ သေရမှာမကြောက်သည့်ဟန်ဖြင့် လှောင်ရယ်လိုက်ပုံထောက်ရင် ထိုလူဟာပေါ့သေးသေးမဖြစ်တန်ရာ။
" ငါ့ကိုဖမ်းနိုင်တဲ့သူက ဘယ်သူလဲဆိုတာ "
ဟန်နွေနွံအကြည့်က စကားရပ်လိုက်သော လူတစ်ယောက်၏လည်တိုင်ဆီရောက်သွားနှင့်သည်။ နီရဲသောအရှိုးရာတစ်ခုက လည်တိုင်ကအသားဖြူဖြူပေါ်ထင်းနေသည်က ကျာပွတ်ရာမှန်းသိသာလေသည်။
" ငါသိလိုက်ပြီ လင်္ကာသုံ "
ဖျောက် ဖျောက် ဖျောက် !
ထိုမိန်းကလေးဆီကစကားသံဆုံးသည်နှင့် လက်ခုပ်သံသုံးချက်ထွက်လာသဖြင့် နံဘေးသို့အကြည့်ပို့မိသည်။ မပြုံးသောနှုတ်ခမ်းလေးက သွေးအေးစွာကွေးသွားသည်။ မျက်တောင်မခတ်သောမျက်ဝန်းက အေးစက်တည်ငြိမ်စွာကြည့်နေသည်။ မမြင်တွေ့ဖူးသောပုံစံတစ်ခုကို ဟန်နွေနွံမြင်နေရသည်မို့ စိတ်ထဲအရင်ဝင်လာသောအတွေးက သူမကကြောင်ဆိုးလေးမဟုတ်ခဲ့ဘူးဆိုတာပင်။
" အမှုစစ်လေး အဖြေမှန်တယ် "
အနက်ရောင်လယ်သာလက်အိတ်ကိုပြန်ဝတ်ပြီး ဖမ်းဆီးခံထားရသောမိန်းကလေးရှေ့ကို တစ်လှမ်းချင်းလျှောက်ကာသွားရပ်လိုက်သည်။
" မထူးဝင့်ဇာလွင် သာမန်မိသားစုရဲ့အငယ်ဆုံးသမီး စစ်ထောက်လှမ်းရေးကဗိုလ်မှူးအဆင့်နဲ့အနားယူထားတဲ့ အသွင်ပြောင်းစုံထောက်တစ်ယောက် "
" အစ်ကိုတစ်ယောက်ရှိပြီး ဆေးတပ်မှာတာဝန်ထမ်းဆောင်နေတယ် "
" မင်း ငါ့အကြောင်းတွေ အတော်စိတ်ဝင်စားတာပဲ "
" မထူးဝင့်ဇာလွင်က အခွန်အပြည့်ဆောင်ထားတဲ့ ရွှေခက်စိမ်းကိုလာထိလို့မရတာ သိစေချင်ရုံသက်သက်ပါ "
" အခွန်တချို့ရှောင်ထားတဲ့ မထူးဝင့်ဇာလွင်ချစ်သူလို သမ္မတဟောင်းရဲ့သမီးကိုကပ်မပေါင်းထားဘူးဆိုတာ သိဖို့ ! ရွှေခက်စိမ်းလုပ်ငန်းစုက ကိုယ်ပိုင်အရည်အချင်းနဲ့ရပ်တည်လာတာ "
" ဟာဟား ဟား ရယ်စရာတွေမပြောစမ်းနဲ့ လင်္ကာသုံ !! မင်းရဲ့လုပ်ငန်းနောက်ကွယ်မှာ မသန့်ရှင်းတဲ့ဝင်ငွေတွေရှိတယ် "
" ဒုစရိုက်နဲ့ရှင်သန်တာက ခြေသလုံးဖက်တဲ့အလုပ်ထက် အရည်အသွေးပိုသာပါတယ် မထူးဝင့်ဇာလွင် "
လင်္ကာသုံနှင့် အမှုစစ်ဆိုသူ၏ပြောစကားတွေကြောင့် ဟန်နွေနွံအသက်မရှုမိခဲ့ချေ။ သူတို့ပြောနေသောစကားတွေထဲမှာ နိုင်ငံရေးအရှုပ်အထွေးပါ ရောပါလာနေပြီမဟုတ်လား။
ဟန်နီ ရှင်ကဘယ်အထိပတ်သက်နေတာလဲ.....
" သမ္မတဟောင်းဦးဂုဏ်ထိန်ရဲ့သမီးက မထူးဝင့်ဇာလွင်ချစ်သူဖက်ထားတဲ့ ခြေသလုံးပဲ "
ခေါင်းတည့်တည့်မိုးကြိုးပစ်ချလိုက်သလို ဟန်နွေနွံတစ်ကိုယ်လုံးတုန်လှုပ်ခြောက်ခြားသွားသည်။ ဒီနိုင်ငံရဲ့တစ်ဆယ့်ရှစ်ယောက်မြောက်သမ္မတဟောင်း ဦးဂုဏ်ထိန်ဆိုတာ လက်ရှိဝန်ကြီးချုပ်ရဲ့ဖခင်မဟုတ်ဘူးလား။
" မင်း ! မဟုတ်တာတွေမပြောနဲ့ "
" အတိအကျမှန်သွားလို့လား မထူးဝင့်ဇာလွင် "
ဘယ်အချိန်ကထုတ်လိုက်သည်မသိသော ခလုတ်ဓားတစ်လက်က ခေါင်းစွပ်အုပ်ခံထားရသောအမှုစစ်၏ လည်တိုင်ထက်၌ရောက်ရှိနေလေသည်။ လည်တိုင်သို့မဟုတ်ဘဲ ရုတ်တရပ်ထိုးချလိုက်တာက ဘယ်ဘက်ပေါင်၌ဖြစ်နေသည့်အခါ အသည်းခိုက်အောင်နာကျင်သွားတဲ့ အမှုစစ်တစ်ယောက်၏ညည်းသံက လင်္ကာသုံကိုပျော်ရွှင်စေသည်။
" ဒီဘက်လောကကို သွေးတိုးစမ်းတဲ့သူတွေ ဘယ်နှယောက်ပျောက်ကွယ်သွားပြီလဲ မထူးဝင့်ဇာလွင် အရင်စုံစမ်းလာသင့်တယ် "
" အား မင်း ငါ့ကိုသတ်လိုက်လည်း "
" မလွတ်ဘူးလို့ပြောချင်တာလား ဒီစကားက အိပ်နေတဲ့သားရဲတွေကို ခေါင်းပုတ်နှိုးမိသူတိုင်း အသက်ရှုသံမရပ်ခင်ပြောနေကျ လက်သုံးစကားများလား အမှုစစ်လေး "
ဓားမြောင်ကို ပေါင်မှာစိုက်ထားသည့်အတိုင်း ဖြည်းဖြည်းချင်းထိုးခွဲလိုက်သည်။ ထိုသို့ပြုလုပ်ပြီးမှ ဓားကိုဖြည်းဖြည်းချင်းနုတ်ကာ ခံနိုင်ရည်ရှိနေသေးသော အမှုစစ်၏လည်ပင်းအား မထိတထိဓားဖျားဖြင့်ကစားရင်း။
" ကောင်းသောညဖြစ်ပါစေ အမှုစစ်လေး "
...............................................................
လေတွေတဖြူးဖြူးတိုက်နေသော လေသာဆောင်၌ စကားမပြောဘဲရပ်နေမိကြသည်။ တိတ်ဆိတ်နေသောညဥ့်ယံက သက်ပြင်းချသံတိုးတိုးကိုသာကြားစေသည်။
" အဖေပြောခဲ့ဖူးတယ် လူတစ်ယောက်ကိုအနိုင်မယူရင် အဲဒီလူရဲ့နောက်မှာ သတ်ဖို့စောင့်နေတဲ့လက်တွေရှိတယ် ဘယ်တော့မှမပျော့ညံ့ရဘူးတဲ့ "
ကြည်လင်သောစကားသံလာရာကို ဟန်နွေနွံလှည့်မကြည့်ဖြစ်ချေ။ သူမကိုယ်တိုင်ကလည်း အဝေးတစ်နေရာကိုငေးရီနေခဲ့သည်။
" ရှင်ပြော ဒါရှင့်ရဲ့ပုံစံအမှန်လား "
" အင်း "
ဟန်နွေနွံရယ်လိုက်မိသည်။
" ရှင် ကျွန်မကြောက်အောင်လုပ်ရုံနဲ့ ကလဲ့စားမချေရဲတော့ဘူးထင်နေတာလား "
" ကိုယ်တို့ရပ်နေတာ ကျည်ဆန်တွေ ဓားသွားတွေထက်မှာ "
" အဲဒီတော့ ကျွန်မကကြောက်ဒူးတုန်ပြရမှာလား "
" တစ်နေ့ အဲဒီအမှုစစ်နေရာမှာ ကိုယ်လည်းဖြစ်သွားနိုင်တယ် "
ထိုစကားကို လင်္ကာသုံပြောလိုက်ချိန်မှာ ဟန်နွေနွံအကြည့်တွေနှင့်အတူ လက်တစ်ဖက်ကပါလှုပ်ရှားသွားသည်။ ခွပ်ကနဲမြည်သွားသော လက်သီးချက်အသေးစားက လင်္ကာသုံရဲ့ဘယ်ဘက်ပါးပေါ်ကိုကျရောက်လာခဲ့သည်။
" ရှင် ထပ်ပြောရင် ကျွန်မထပ်လုပ်ရလိမ့်မယ် "
မထင်မှတ်တဲ့အချိန်မှာရလိုက်သော ဘယ်ဘက်ပါးစောင်ထက်က နာကျင်မှုခပ်ပါးပါးလေးကြောင့် လင်္ကာသုံစိတ်လိုလက်ရပြုံးမိသည်။
" ဂိုဏ်းအချင်းချင်းလုပ်ကြံမှုတွေ မင်းလည်းကြုံဖူးတာပဲ အန္တရာယ်များတယ် "
" ဂရုမစိုက်ဘူး ရှင်ကျွန်မကိုနှင်ဖို့မကြိုးစားနဲ့ "
" မျက်ကြည်လွှာကြောင့်လား "
" ရှင် ! "
နောက်တစ်ကြိမ်ထပ်ရွယ်လိုက်ပေမဲ့ လေထဲမှာတင်ရပ်နေသော လက်သီးဆုပ်လေးက မဟုတ်မမှန်သောစကားကို နာကျင်စေခြင်းဖြင့်မငြင်းလိုနေလေ။
" ရှင်ထင်ချင်သလိုထင် ဟန်နီ "
လက်ကိုပြန်ရုပ်သိမ်းလိုက်ပြီးနောက် လင်္ကာသုံမျက်နှာကိုစေ့စေ့ကြည့်ကာ ဟန်နွေနွံပြောလိုက်သည်။ ရုပ်လေးလှသလောက် သွေးအေးရက်စက်သောအမျိုးသမီးကို ဟန်နွေနွံဘယ်လိုများချစ်မိခဲ့သည်မသိပါ။
" ကျွန်မကတော့ ရှင့်အနားမှာပဲနေမယ် "
" မင်းကခေါင်းမာတယ် "
" ရှင်နဲ့တူတာပါ "
ရှင်က ရင်ခုန်အောင်သိပ်လုပ်နိုင်တာပဲ ဟန်နီ။ ပြဿနာရှာတာလည်း သိပ်တော်တယ်လို့ နွံတော့မြင်တယ်။ အသက်အပိုပါနေတဲ့သူလို ရှင်ရင်ဆိုင်နေတဲ့ရန်သူတွေက အကောင်လည်းမသေးပါလား။ နားလည်ရခက်တဲ့အမျိုးသမီးကို နွံချစ်မိသွားတာလည်း ဝဋ်လည်ခြင်းတစ်မျိုးပဲလား ဒေါ်လင်္ကာသုံ။
" ရှင်သိလား ကျွန်မလူတစ်ယောက်သတ်ထားတယ်..... အငှားလက်နဲ့ပါ "
" ဆူးခက်ဟန် "
စကားပြောရင်း မျက်နှာလွှဲထားရာကနေ ဆတ်ကနဲပြန်လှည့်ကြည့်မိသော ဟန်နွေနွံ။
" ရှင်ဘယ်လိုသိတာလဲ ! သြော် မေ့လို့ "
" ကျားရိုင်းခေါင်းဆောင်ကြီး ဒေါ်လင်္ကာသုံမသိတာမှ ထူးဆန်းနေရမှာ "
" အင်း "
" ရှင်သိပ်ချောတယ် ဟန်နီ "
ညာလက်တစ်ဖက်က မျက်နှာရဲ့ဘယ်ဘက်ခြမ်းရှိ အစိတ်အပိုင်းတစ်ခုစီကို ညင်သာစွာထိတွေ့နေသည်။ ပါးပြင်ကိုလည်းပွတ်သပ်ရင်း နှုတ်ခမ်းဖူးဖူးဆီရောက်လာတော့ လက်မနဲ့မထိတထိတို့ကစားလိုက်သည်။ ထိုသို့ကျီစယ်ရတာကို ဟန်နွေနွံသဘောကျနေမိသည်။
" အတူနေကြတိုင်း နမ်းခွင့်ရတဲ့ ဗိုက်ကကြွက်သားလေးကအစ ကြည့်ကောင်းနေတော့တာပဲ "
" မင်း ! "
" ဟန်နီ ရှင်ရှက်နေတာလား "
" မိုးလင်းတော့မယ် အိပ်တော့ "
" ရှင်နဲ့အတူလား ဟန်နီ..... "
ရှက်လို့အိမ်ထဲဝင်သွားတဲ့အမျိုးသမီးလေးကို ဟန်နွေနွံလှမ်းစလိုက်တော့ ခြေလှမ်းတွေတုံ့ကနဲရပ်သွားလေသည်။ မသိမသာလေးခေါင်းစောင်းကြည့်ပြီး ရှက်နေတာသူမဟုတ်သည့်အလား ခြေလှမ်းမှန်မှန်နှင့်ဆက်လျှောက်နေခဲ့သည်။
ဟန်နွေနွံလည်း လေသာဆောင်မှာခဏရပ်နေပြီးနောက် ခဏဖြစ်ဖြစ်အိပ်စက်ဖို့ အထဲဝင်လာခဲ့လိုက်သည်။ ရောင်နီပင်ဖြာနေပြီမို့ ထိုအမျိုးသမီးလေး မအိပ်ဘဲအလုပ်သွားတော့မှာလားတွေးမိရင်း ခြေလှမ်းတွေကဦးတည်ရာပြောင်းသွားသည်။
..............................................................