"ဆရာမလေးအခုလို ဘုန်းကြီးတို့ရွာမှာ ကျန်းမာ
ရေးအသိပညာပေး ဟောပြောပွဲလာလုပ်တာ
ဘုန်းကြီးကတော့ ကျေးဇူးတင်တယ်..
ဘုန်းကြီးတို့ရွာသားတွေက အသိခေါက်ခက်
အဝင်နက်တဲ့သူကခပ်များများရယ်...ဒီတစ်ခု
ကိုတော့ ကြိုတင်အသိပေးပါရစေ..."
"တင့်ပါ့ဘုရား..."
"ကဲ...မောင်ဘိတ်...ဆရာမလေးကို နေမမြင့်ခင်
ခေါ်သွားတော့...ပြီးတော့ မောင်ဘသာရဲ့သမီးကို
ထိပ်တုံးလွှတ်လိုက်တော့...မယ်စ ငါ့ကိုလာ
လျှောက်ပြီးပြီ...မင့်သားအမှားလဲပါတာပဲ...
မောင်ဘသာပြန်လာလို့ သူ့သမီးထိပ်တုံးခပ်ခံထား
တာသိရင် ပြဿနာတွေပိုကြီးမယ်...မင်းကလူကြီး
တစ်ယောက်ပီပီ မျှမျှတတဆုံးဖြတ်ရမယ်မဟုတ်
လား..."
ဆရာတော်၏အမိန့်ပေးချက်ကြောင့် သူကြီးမျက်
နှာပျက်သွားပေမယ့် လက်အုပ်ချီကာ
"တင်ပါ့ဘုရား...တပည့်တော် ဖြုတ်ပေးလိုက်ပါ့
မယ်..."
.........
"ထိုင်...ဆရာမလေး...ရေနွေးကြမ်းလေး
သောက်ပါဦး...ကျုပ်..ရွာသားတွေကိုစုထားပါ
တယ်..."
"ဟုတ်ကဲ့..."
စကားဖြူနှင့်သူနာပြုဆရာမလေးတစ်ယောက်
ထနောင်းစုရွာသို့ ဝမ်းရောဂါ ကာကွယ်ရေး
အသိပညာပေးဟောပြောဖို့ ရောက်နေခြင်းဖြစ်သည်။
ဒီမနက်ပဲ ကိုသာအောင်က သူမတို့ကိုလိုက်ပို့
ပေးခြင်းဖြစ်သည်။
ထနောင်းစုရွာသူကြီးက သူမတို့ကို ဧည့်ခံပြီးနောက်
သူ့အိမ်က အလုပ်သမားကို
"ဟိုကောင့်ကို ထိပ်တုံးဖြုတ်ပေးပြီး ပြန်ခိုင်းလိုက်
တော့..."
"ဗျာ...."
သူကြီးကို အလုပ်သမားက နားမလည်ဟန်နှင့်
ပြူးကြည့်နေတာကြောင့် သူကြီးက
"မင့်ကိုထိပ်တုံးဖြုတ်ခိုင်းနေတာ...သွား...
လူစကားနားမလည်ဘူးလား..."
ထိုအခါမှ ထိုမျက်လုံးပြူးပြူး အရပ်ရှည်ရှည်
ပိန်ပိန်နှင့်လူက အပြေးလေးထွက်သွားတော့သည်။
"ဟုတ်..ဟုတ်ကဲ့သူကြီး..."
သူကြီးခြံဝန်းအတွင်း ရွာသားလေးငါးဆယ်ယောက်
လောက်ရောက်နေပြီး တစ်ယောက်တစ်ပေါက်နှင့်
အထွန့်တက်နေကြသည်။
"ဟဲ့...နင်တို့ကဒီလောက်ပဲလား...ငါတစ်အိမ်
တစ်ယောက်လာခဲ့ဖို့ပြောထားတာ..."
"အမလေးတော်..ဒီလောက်ရောက်လာတာပဲ
ကျေးဇူးတင်...အကုန်လုံးအလုပ်နဲ့ အကိုင်နဲ့တော့
သူကြီးလို ဟိုလူ့လက်ညှိုးထိုးခိုင်း ဒီလူ့အမိန့်ပေး
ခိုင်းလို့ရတာမဟုတ်ဘူး...ကိုယ့်ဘာသာလုပ်ရတာ"
"ဟုတ်ပ....ဒီမလဲအလုပ်ကတစ်ဖက်..ကလေးက
တစ်ဖက်နဲ့...ဟင်းအိုးကမကျက်သေးဘူး..
ယောကျ်ားကပြန်လာရင် ညူညူဆူဆူလုပ်ဦး
မယ်...ကျုပ်တို့လဲ...လင်ကြီးကြောက်ရ..လင်ငယ်
ကြောက်ရနဲ့တော်..."
"ဟဲ့...မိဖော...ညည်းစကားကဘယ်လိုကြီးလဲ..
နင်ပြောမှ..ငါကနင့်လင်ငယ်ဖြစ်နေပြီ..."
"သိဘူးတော်....ကျုပ်ကသဘောရိုးပြောတာ..
သူကြီးဘာသာ..အဆန်းတွေးသတော့်.."
"ကဲ..ကဲ...တော်ကြပါတော့..."
သူကြီးနှင့်သူ့ရွာသားတွေ တမန်တလည်ဖြစ်နေ
ကြတာကြောင့် သာအောင်ကပွဲကို ဝင်ထိန်းရ
တော့သည်။ဘယ်လိုဟာတွေမှန်းကိုမသိချေ။
ရွာသားတွေကလဲ သူကြီးကိုလေးစားမှုမရှိ။
သူကြီးကလဲ လေးစားခံရအောင်မနေချေ။
ရွာသားတွေလူစုခိုင်းထားတာလဲ ယောကျ်ားဟူ၍
လေးငါးယောက်သာပါသည်။
ဒါကလဲ လူငယ်လူရွယ်တွေမဟုတ်ကြ။
ခေါင်းမွှေးဖြူနေပြီး တုန်တုန်ရင်ရင်ဖြစ်နေပြီ
ဖြစ်သည့် အဖိုးကြီးတွေဖြစ်ပြီး ကျန်တာကတော့
မိန်းမတွေဖြစ်သည်။
ကလေးတို့လို့တွဲလောင်းတွေကလဲ ပါသေးသည်။
"ဟဲ့...ကုလားပု...နင့်အဖေနဲ့အမေမလာဘူးလား.."
သူကြီးကလူအုပ်ထဲ ငုတ်တုတ်ထိုင်နေသည့်
အသက်ငါးနှစ်ခန့်အရွယ် အသားမဲမဲနှင့်ကလေးကို
လှမ်းမေးသည်။
"အဘနဲ့အမေ တောတက်သွားလို့ ကျုပ်လာခဲ့တာ
ကျုပ်နားထောင်လဲ ဖြစ်တယ်သူကြီး..."
"အမလေးဟဲ့....လူကြီးလူကောင်းဆိုတော့..."
"အမေကပြောတယ်...သူကြီးကအရည်မရ
အဖက်မရတွေပြောမှာ အလုပ်ပျက်တယ်တဲ့...
စကားတစ်ခွန်းပြောရင် မပြီးတော့ဘူး...
ဒီနေရာမှပဲ ဝလချီးလည်နေတာတဲ့..."
ကောင်လေးစကားကြောင့် ရွာသားတွေ တသောသောဖြစ်သွားကြသည်။
သူကြီးမျက်နှာလဲ ခရမ်းချဥ်သီးပုတ်တစ်လုံးနှယ်
ဖြစ်နေချေပြီ။
စကားဖြူ မနေနိုင်တော့ ။ ထိုင်ရမှထကာ
"အားလုံးပဲ...ခဏလောက်နားထောင်ပေးကြပါ
ကျွန်မက ညောင်ပင်တန်းရွာက ဆေးရုံမှာ
တာဝန်ကျနေတဲ့ ဆရာဝန်တစ်ယောက်ပါ...
ညောင်ပင်တန်းရွာအုပ်စုအတွင်းက ရွာတွေကို
လိုက်ပြီး ဝမ်းရောဂါနဲ့ပက်သက်လို့ ဆောင်ရန်
ရှောင်ရန်တွေ ပြောကြားပေးနေတာပါ.."
ထိပ်တုံးကလွတ်လာသည့်မိုက်မိုက် ထိုင်ရာမှ
ထကာ ပုဆိုးကိုပြင်ဝတ်လိုက်ပြီး ရှပ်အင်္ကျီထဲ
အမြဲအသင့်ဆောင်ထားတတ်သော ဘီးအသေး
လေးကိုထုတ်ကာ ဆံပင်တိုတိုတွေကို သေသပ်အောင်ဖြီးသင်လိုက်သည်။
အချုပ်ခန်းထဲက ထွက်လာခဲ့တော့ တံခါးနားမှ
ငပြူးကသူ့ကို သိပ်ကြည်ပုံမရ။
မိုက်မိုက် ငပြူးကို တစ်ချက်စွေကြည့်လိုက်တော့
ငပြူးမျက်လွှာချသွားသည်။
အိမ်ရှေ့ကိုထွက်လာခဲ့တော့ ခြံထဲမှာ ရွာသားတွေ
စုဝေးနေတာတွေ့ရပြီး သူ့နားထဲ တိုးဝင်လာသည့်
ကြည်လင်ပြီး သာယာနာပျော်ဖွယ်ကောင်းသည့်
ဂရုဏာသံလေးကြောင့် အသံလာရာသို့ အကြည့်
ရောက်သွားသည်။
"ဒါကြောင့်.. အိမ်တိုင်းမှာ ယင်လုံအိမ်သာ
မရှိမဖြစ် ဆောက်ကြရပါမယ်..."
"အိုတော်...ကျုပ်တို့က မွေးကတည်းက
အခုရွယ်ထိ တောတိုးလာကြတာပဲ...
ဘာမှထွေထွေထူးထူး ဖြစ်မနေပါဘူးတော်..."
သာယာကြည်လင်သည့် အသံချိုချိုလေးကို
ဖြတ်၍ ငှက်ဆိုးထိုးသံနှယ်ထွက်လာသည့်
အသံကြောင့် မျက်ခုံးတွေအောက်သို့စိုက်ကျသွား
ပြီး အသံလာရာသို့ ကြည့်လိုက်သည်။
"ဘာရောဂါကြီးကြီးမားမားမှလဲ မဖြစ်ဘူး..
တစ်ရွာလုံးဒီအတိုင်း..တိုင်း..."
"အာ....ဒီမိန်းမကြီးကတော့....ကိုယ့်ထက်သိလို့
တတ်လို့ ပြောပြနေတဲ့လူကို ပြန်ပြီး
အထွန့်တက်နေတာ...ငါရေအိုးနဲ့ကောက်ပေါက်
လိုက်ရ..."
ဘေးဘက်ကထွက်လာသည့် အသံသြသြကြောင့်
အကုန်လုံးခဏတိတ်ဆိတ်သွားပြီး အသံလာရာသို့
ကြည့်လိုက်ကြသည်။
ရေအိုးပြတ်တစ်လုံးကို ကိုင်ထားရင်းမှ မက်တပ်ရပ်
နေသည့်မိုက်မိုက်ကိုမြင်တော့ လူအုပ်ကြီးဟာ မီးကို
ရေနဲ့သတ်လိုက်သလို ငြိမ်ကျသွားသည်။
ဘာသံမှထွက်မလာတော့ချေ။
"ဆက်ပြောပါ..မိန်းကလေး...ဆက်ပြောပါ..."
မိုက်မိုက်က စကားဖြူကိုလှမ်း၍ ပြောသည်။
စကားဖြူ သူ့ကို ကြောင်ပြီးကြည့်နေမိရာမှ
ရွာသားတွေကို ဆက်လက်ဟောပြောသည်။
မိုက်မိုက်က အိမ်တိုင်တစ်ခုကို မှီ၍ရပ်ကာ
စကားဖြူ့ကိုမမှိတ်မသုန်ကြည့်နေလေသည်။
မြေပြင်ပေါ်ထိုင်နေကြသည့် လူတစ်စုရဲ့အကြည့်က
စကားဖြူ့ဆီမှာမရှိကြ။
မိုက်မိုက်လက်ထဲက ကိုင်ထားသည့် ရေအိုးအကွဲ
ဆီသို့ တကြည့်ကြည့်။
ထိုရေအိုးက ဘယ်သူဘယ်ဝါရွေးတာမဟုတ်။
သူကြီးခေါင်း ရွာသားခေါင်းဆိုပြီး မရွေး။
သူစိတ်မထင်လျှင် မထင်သလို အပေါက်ခံရနိုင်
သည်။
မိုက်မိုက်ကျေးဇူးနှင့် ဟောပြောပွဲ အေးအေးဆေးဆေးပြီးသွားသည်။
ရွာသားတွေ ကိုယ်စီကိုယ်စီပြန်သွားကြပေမယ့်
မိုက်မိုက်တစ်ယောက်ကတော့ အခုထိမပြန်နိုင်သေး။
သူကြီးက သူ့ကိုတစ်ချက်လှမ်းကြည့်ကာ..
"နင်ကမပြန်သေးဘူးလား..."
"ပြန်မှာပါ...ဒီလိုကျက်သရေမရှိတဲ့နေရာမှ
နေချင်နေလွန်းလို့လို့ ထင်နေလား..."
"ဟေ့ရောင် မိုက်မိုက်..."
"ဒီက....မိန်းကလေးက...."
မိုက်မိုက်က သူကြီးကို တစ်ချက်မှမကြည့်ပဲ
စကားဖြူဆီသို့ဦးတည်လာကာ မေးသည်။
"ကျွန်မက ညောင်ပင်တန်းရွာက တိုက်နယ်ဆေးရုံ
လေးမှာ တာဝန်ကျနေတဲ့ ဆရာဝန်ပါ..စကားဖြူ
လို့ခေါ်ပါတယ်.."
"သြော်...ဆရာဝန်ပဲ...ကျုပ်နာမည်က မိုက်မိုက်..
ဒီရွာမှာတော့မသိတဲ့သူမရှိဘူး...ဆရာမလေးက
ဒီရွာမှာ ဘယ်နှစ်ရက်နေဦးမှာလဲ..."
"ကျွန်မ..ဒီနေ့ပဲပြန်မှာပါ..."
သာအောင် သူ့ရှေ့မှာရပ်နေသည့် ကိုလူချောကို
ငေးကြည့်နေမိသည်။
ရွာသားဆိုပေမယ့် အထာကတော့ ခပ်မိုက်မိုက်ပင်။
နာမည်နှင့်လူ လိုက်ဖက်ညီလေစွဟု တွေးနေမိသည်။
ကာလသမီးတွေ ကျလောက်သည့် ရုပ်ရည်နှင့်
အရပ်မောင်းကလဲ ရှိသေးသည်။
သို့သော် ထိုကိုလူချောက မိန်းကလေးတစ်ယောက်
ဖြစ်နေသည်ဆိုတာကိုလဲ သူ သိထားပြီးဖြစ်သည်။
မိန်းကလေးလိုသာနေလျှင် ဘယ်လိုများနေမလဲဟု
သူ့ရှေ့ရှိလူကို ဆံပင်ရှည်ရှည်၊ ရင်ဖုံးအင်္ကျီနှင့် ပွင့်ရိုက်လုံခြည်ဝတ်ပေးကာ စိတ်ကူးထဲ ပုံဖော်ကြည့်နေမိသည်။
စကားဖြူက မိုက်မိုက်ကို ခပ်တန်းတန်းပင် ဆက်
ဆံပြောဆိုသည်။
ချက်ချင်းပြန်မည်ဟူ၍ မိုက်မိုက် ဘာဆက်ပြောရ
မှန်းမသိဖြစ်ကာ ငြိမ်သွားသည်။
ထို့ပြင် စကားဖြူက သူ့ကိုသိပ်ပြီး သဘောတွေ့ဟန်
မပေါ်တာကြောင့် ခေါင်းညိတ်ကာ နှုတ်ဆက်၍
သူကြီးအိမ်က ပြန်လာခဲ့သည်။
မိုက်မိုက်ထွက်သွားသည်နှင့် သူကြီးက
"အားနာလိုက်တာ ဆရာမလေးရယ်..
ဒီကောင်က တဇွတ်ထိုးဆိုတော့...ရိုင်းကလဲရိုင်း
သေး..."
"ကိစ္စမရှိပါဘူး သူကြီး...
တကယ်ဆို သူ့ကိုကျေးဇူးတောင်တင်ရဦးမယ်..
သူ့ကြောင့် ကျွန်မရဲ့ ဟောပြောပွဲ အဆင်ပြေပြေ
နဲ့ ပြီးသွားခဲ့တာ...
ကျွန်မပြောခဲ့သလိုပဲ သူကြီးက ရွာသားတွေကို
လိုက်နာရမယ့်အချက်တွေ သေချာလုပ်ကြဖို့
တိုက်တွန်းပေးစေချင်ပါတယ်...
ရောဂါတစ်ခုကို မဖြစ်လာခင်ကတည်းက ကြို
တင်ကာကွယ်တာ အကောင်းဆုံးပါ..
ပြီးတော့ ဝမ်းရောဂါဆိုတာ ကူးဆက်မြန်ရောဂါ
ဖြစ်တာမလို့ မပေါ့စသင့်ပါဘူး..."
"ဟုတ်ကဲ့ဆရာမလေး...ကျုပ် ရွာသားတွေကို
တိုက်တွန်းပေးပါ့မယ်.."
ထိုနေ့က ညောင်ပင်တန်းသို့အပြန် လမ်း၌
"ဆရာမလေးက သူကြီးကိုမှာခဲ့ရမှာမဟုတ်ဘူး..
မိုက်မိုက်ဆိုတဲ့တစ်ယောက်ကိုသာ တာဝန်ခံ
အနေနဲ့ ခန့်လိုက်ရင် သူကြီးပြောတာထက်တောင်
မြန်ဦးမယ်...တစ်ရွာလုံး အခုချက်ချင်းတောင်
ထပြီး ယင်လုံအိမ်သာတွေ ဆောက်ကြမလား
မသိဘူး...."
သာအောင့်ရဲ့စကားကြောင့် စကားဖြူနှင့်သူနာပြု
ဆရာမလေး ရယ်လိုက်ကြသည်။
"ဟုတ်တယ် မမရဲ့
သူကြီးပြောတုန်းကကျ တစ်ယောက်တစ်ပေါက်နဲ့
ထပြောနေကြတဲ့သူတွေက မိုက်မိုက်ဆိုတဲ့လူ
ရောက်လာတော့ အပ်ကျသံတောင်မကြားရဘူး
ကလေးငိုသံကအစ တိတ်သွားတာ.."
"ရွာဇော်ဆိုတဲ့ဂုဏ်နဲ့တော့ညီပဟာ..."
"ကိုကြီးသာအောင်...အဲ့ဒါ ခေါင်းရိုက်ခံရလို့
ဆေးရုံကိုရောက်လာတဲ့ သူကြီးသားကို ရိုက်
လိုက်တဲ့သူမဟုတ်လား..."
"ဟုတ်ပ...ဟုတ်ပ...."
"သမီးက သူ့ကို တကယ့် ယောကျ်ားလို့ထင်နေ
တာ..."
"မဟုတ်..မဟုတ်...ယောကျ်ားစစ်စစ်တွေထက်
တောင်ပိုစစ်သေးတယ်...
အဲ့ရွာမှာ သူ့ကို သူကြီးလုပ်ခိုင်းရမှာ.."
သာအောင်နှင့်သူနာပြုဆရာမလေးပြောနေသည့်
စကားတွေကို စကားဖြူ နားထောင်၍
တည်ကြည်ခန့်ညားသည့် မျက်နှာတစ်ခု
သူမအတွေးထဲ ပြန်ပေါ်လာသည်။
စူးရှတဲ့မျက်ဝန်းတွေနှင့် ခပ်ရဲရဲအကြည့်ကြောင့်
ထိုလူ့ကို စကားဖြူ ခပ်တန်းတန်းဆက်ဆံခဲ့သည်။
တကယ်ဆို သူ့ကို ကျေးဇူးတင်စကားပြောသင့်သည်
ဆိုပေမယ့် မပြောဖြစ်ခဲ့။
ဘာကြောင့်ရယ်လို့တော့ သူမ မသိပါ။
သူမစိတ်ထဲအရှိကိုအရှိတိုင်း ဆက်ဆံခဲ့တာပဲ
ဖြစ်ပါလိမ့်မည်။
.........
"မြလေး...."
"အင်း...."
"ငါ့ကိုဘယ်တော့အဖြေပြန်ပေးမှာလဲ..."
"ဟောတော်..."
အ သုံးလုံးသင်တန်းပြီးလို့ မြလေးကို ငယ်ထွေး
အိမ်ပြန်ပို့ပေးသည့် လမ်း၌ ငယ်ထွေး အဖြေ
တောင်းနေခြင်းဖြစ်သည်။
ရွာလယ်လမ်းမထက်၌ သူတို့နှစ်ယောက်သာရှိပြီး
အလင်းရောင်ဟူ၍ ငယ်ထွေးလက်ထဲက ဓာတ်မီး
၏ အလင်းနှင့် သစ်ပင်ကြိုကြား ကြားမှကျရောက်
နေသည့် လရောင်သာရှိသည်။
ညဆယ်နာရီရှိပြီဖြစ်သောကြောင့် ရွာသားတွေ
မီးမှိတ် အိပ်နေကြချေပြီ။
သင်တန်းကရှစ်နာရီခွဲကတည်းကဖြုတ်တာဖြစ်ပြီး
မြလေး သူကြီးနှင့် ကျောင်းကိစ္စ ဆွေးနွေးနေ၍
အခုမှ ပြန်ရခြင်းဖြစ်သည်။
ငယ်ထွေးက သွားနေရာမှ ရပ်လိုက်ပြီး
မြလေးရှေ့ ပိတ်ရပ်သည်။
"အထွေး..."
"ငါ့ကိုချစ်လား...မချစ်ဘူးလား..."
"နင်ကလဲဟာ..."
"ဖြေဟာ..."
လက်ထဲကဓာတ်မီးကို မီးပိတ်လိုက်တော့
သူတို့နှစ်ယောက်ပေါ် သစ်ကိုင်းကြားမှ ဖြာကျ
နေသည့် လရောင်အလင်းသဲ့သဲ့ကြား မြလေးရဲ့
အေးချမ်းသည့် မျက်နှာလေးကို ငယ်ထွေး
မမှတ်မသုန်ငေးကြည့်နေမိသည်။
ငယ်ထွေး မြလေးပခုံးနှစ်ဖက်ကို ခပ်ဖွဖွကိုင်ကာ
"ဖြေလေဟာ..."
မြလေးက ခေါင်းကိုငုံ့သွားပြီး လက်နှစ်ဖက်ကို
ယှက်ထားရင်းမှ
"ငါ....နင့်ကို...မချစ်ရင်...နင်နမ်းတာ
ဘာလို့ခံမှာလဲ...ငတုံး"
"ဟင်...ဒါဆို..."
"အင်း...ချစ်...ချစ်တယ်..."
မြလေး ရှက်လွန်း၍ မျက်နှာကို လက်နှစ်ဖက်နှင့်
အုပ်လိုက်သည်။
ငယ်ထွေးက ဓာတ်မီးကို ခါးကြားထိုးကာ
မြလေးကို တင်းကြပ်စွာ ဖက်လိုက်သည်။
"နင်...နင်တကယ်ပြောတာနော်..."
"အင်း..."
"ဒါဆို..ငါတို့..အတည်ချစ်သူဖြစ်သွားပြီနော်.."
"အင်း..."
"ပျော်လိုက်တာဟာ...ပျော်လိုက်တာ...
ငါဒီညအိမ်မပြန်တော့ဘူး...."
"ဟယ်...ဘာလို့လဲ..."
"မိုးချုပ်နေပြီ...နင့်အိမ်မှာပဲအိပ်လိုက်တော့မယ်.."
"သူကြီးစိတ်ပူ...."
"ရှူး...ငခွေးကိုပြောခဲ့တယ်...ငါပြန်မလာရင်
မြလေးအိမ်မှာပဲ အိပ်မယ်လို့ အဘတို့ကို
ပြောခိုင်းထားတယ်..."
"ကြည့်စမ်း...နင်..လူလည်..."
မြလေးက ငယ်ထွေးရဲ့ဗိုက်ကြောကိုလိမ်ဆွဲလိုက်
တော့ ငယ်ထွေးအော်၍ ပါးစပ်ကို လက်ဖြင့်
အမြန်အုပ်လိုက်ရသည်။
"အား...အု..."
"ဘာလို့အော်တာလဲ...သူများတွေကြားသွားမယ်"
"နင်ကလုပ်တာကိုး..."
'ရွှတ်...'
ပြောလဲပြော ငယ်ထွေးက မြလေးရဲ့ ပါးတစ်ဖက်ကို
ဖက်နမ်းလိုက်ကြောင့်
မြလေး သူ့ပခုံးကိုတစ်ချက်ရိုက်လိုက်တော့
ငယ်ထွေးက အရူးတစ်ယောက်လို ရယ်နေသည်။
"သွားရအောင်...ယောက္ခထီးကြီး စိတ်ပူနေတော့
မယ်..."
"နင်နော်..မျက်နှာပိုးအခုသတ်.."
"မရတော့ဘူး...အရမ်းတွေပျော်နေပြီ...
ဟီးဟီးဟီး..."
"ဟင်း...တတ်လဲတတ်နိုင်လွန်းတယ်..."
.......................
8 Mar 2024