မြေရှင်ကြီးကျင့်နဲ့ သူ့ရဲ့ခင်...

Av UGLY_joker

22K 3.6K 118

MM Translation Unicode and Zawgyi are available. Update: 3 parts per week (Tue, thus, sat) Mer

Intro...
Introduction about Mr. Jing and Me
Chapter 1
Chapter 2
Chapter 3
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34

Chapter 4

629 96 1
Av UGLY_joker

အခန်း ၄ ဖူယန်မြို့

ဖူယန်မြို့က ချင်ကျိုးမြစ်တစ်လျှောက်တွင် တည်ထားခြင်းဖြစ်ကာ မြို့ရဲ့လှေဆိပ်ကနေ ချင်ကျိုးစီရင်စုကို ရောက်ဖို့ အနောက်ဘက်ကို လှေစီးရပြီး တော်ဝင်မြို့တော်ကို ရောက်ဖို့ တောင်ဘက်ကို သွားနိုင်တယ်လို့ ဆိုကြသည်။ နေ့စဉ်နှင့်အမျှ မရေမတွက်နိုင်သော လှေပိုင်ရှင်များ၊ ကုန်သည်များနှင့် အလုပ်သမားများက ဆိပ်ကမ်းတွင် စုဝေးနေကြပြီး စည်ကားသောမြင်ကွင်းကို ဖန်တီးပေးနေကာ ဖူယန်မြို့သို့ အခွင့်အလမ်းနှင့် အလားအလာများစွာကို ယူဆောင်လာပေးနေသည်။

ထို့ကြောင့် ဖူယန်မြို့တွင် ချမ်းသာပြီး သြဇာတိက္ကအလွန်ကြီးမားသော စီးပွားရေးသမားများ မရှိသော်လည်း ချင်းကျိုးမြစ်တစ်လျောက်မှ ချမ်းသာကြွယ်ဝသူများနှင့် အရွယ်စုံ ကုန်သည်ကြီးများကို ဆွဲဆောင်နိုင်သည်။ ကြွေထည်၊ ဆား၊ သံဆိုင်များမှစပြီး ငွေတိုးချေးစားသူများ၊ စားသောက်ဆိုင်များနှင့် အပေါင်ဆိုင်များအထိ၊ လုပ်ငန်းအမျိုးမျိုးရှိသည်။ တချို့ကုန်သည်တွေဆိုရင် သက်တော်စောင့်တွေတောင် ရှိနေတက်ပြီး မြို့ကလေးက သေးပေမယ့် လိုအပ်တာမှန်သမျှ အကုန်ရနိုင်သည်။

ကူးသန်းရောင်းဝယ်ရေးက အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်တာကြောင့် မြို့တွင်းမှ အိမ်ထောင်စု အများအပြားတွင် နေရာမျိုးစုံတွင် အလုပ်လုပ်သော မိသားစုဝင်များ ရှိကြသည်။ ထို့အပြင် မြို့ပြင်တွင် လယ်ကွင်းများရှိပြီး ကျေးလက်နေကျေးရွာများထက် ပိုမိုကောင်းမွန်သော လူနေမှုအဆင့်အတန်းကို ပိုင်ဆိုင်ကြသည်။

ကျင့်ယိက ယခင်က မြို့ကို အကြိမ်များစွာ လာရောက်ခဲ့ပြီး သူ လိုအပ်သော သို့မဟုတ် လိုအပ်မည်ထင်သော နေရာအများစုကို စူးစမ်းလေ့လာခဲ့သည်။ ယခုတော့ သူ သွားကြည့်ရန် လစ်လပ်နေသေးသောနေရာက ဆိပ်ကမ်းသာ ကျန်နေတော့သည်။

သို့သော်လည်း ဆိပ်ကမ်းနှင့် ဆိပ်ခံတံတားက လူအများနှင့် စည်ကားလွန်းနေသောကြောင့် သူ အားအင်မပြည့်သေးမီအချိန်တွင် စွန့်စားရန် မသင့်တော်ပေ။ သူက ထိုနေရာသို့ မသွားမီ သူ၏ခန္ဓာကိုယ်ပြန်လည်ကောင်းမွန်လာသည်အထိ စောင့်ဆိုင်းရန် စီစဉ်ထားသည်။ မည်သည့်အခြေအနေမျိုးကိုမဆို ကိုင်တွယ်ဖြေရှင်းနိုင်မျသာ ဒဏ်ရာကင်းစွာဖြင့် လွတ်မြောက်နိုင်ခြေ ပိုများမည် ဖြစ်သည်။

ထို့ကြောင့် မြို့သို့ ဤတစ်ခေါက်ရောက်ချိန်တွင်လည်း သူက "ကျိရှန်ကော*" ဟုခေါ်သော စားသောက်ဆိုင်သို့ တိုက်ရိုက်သွားခဲ့သည်။ (ဒီနေရာက ကော-ဆိုတာက နှစ်ထပ် သုံးထပ်အဆောက်အဦးတွေကို ခေါ်တာပါ၊ ပြောချင်တာက ကျိရှန်အဆောက်အဦးပေါ့)

သူ အရင်တစ်ခေါက် ဆေးဖက်ဝင်အပင်များ ရောင်းချရန် မြို့သို့ ရောက်ခဲ့စဉ်က ကျင့်ယိက ငယ်ရွယ်သော ဆေးပညာအလုပ်သင်ငယ်လေး အချို့နှင့် စကားစမြည်ပြောသည်ကို ကြားဖူးခဲ့သည်။ အသစ်ဖွင့်ထားသော ထိုစားသောက်ဆိုင်နောက်ကွယ်မှ ပိုင်ရှင်က သူ့၏ရက်ရောမှုနှင့် ကောင်းမွန်သော ကိုယ်ကျင့်တရားကြောင့် ထင်ရှားကျော်ကြားပြီး ချင်းကျိုးစီရင်စုမှ ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သူတို့က ပြောခဲ့ကြသည်။ ထိုကြောင့် ကျင့်ယိက သူ့ကံကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။

ရှေးခေတ်က ခေတ်မီစျေးကွက်ရှာဖွေရေး နည်းစနစ်များ မရှိဘဲ သတင်းအချက်အလက် ရယူနိုင်ရန် အများအားဖြင့် လူအများကြားမှ ပါးစပ်စကားများကိုသာ အားကိုးကြရသည်။

ကျင့်ယိက ထိုနေရာ၏တံခါးဝသို့ ချဉ်းကပ်သွားလိုက်ရာ ရှေးဟောင်းခတ်နှင့် အံဝင်ခွင်ကျရှိသော အသွင်အပြင်ရှိနှင့် သန့်စင်ပြီး ကျက်သရေရှိနေသည့် အဆောက်အဦးတစ်ခုကို တွေ့လိုက်ရသည်။ ၎င်း၏ တစ်ဖက်ခြမ်းရှိ "စွေ့ရှန်းလုံ" လောက် ကြီးကျယ်ခမ်းနားခြင်း မရှိသော်လည်း ၎င်းက ၎င်း၏ကိုယ်ပိုင်ထူးခြားသော ရသရှိပြီး စာသင်သားတို့၏အကြိုက်ဖြစ်နိုင်ဖွယ်ရှိသည်။ စီရင်စုမြို့တော်မှ ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး ဖွင့်လှစ်ထားသော စားသောက်ဆိုင်တစ်ဆိုင် အမှန်တကယ် ဖြစ်ထိုက်သည်။

သို့သော် ထိုခမ်းနားထည်ဝါသော အရှေ့တံခါးက ကျင့်ယိနှင့် မည်သို့မျှ သက်ဆိုင်မနေချေ။ သူက သူ့ရဲ့လက်ရှိအခြေအနေကို သိသော ဥာဏ်ရည်ထက်မြက်သူတစ်ယောက် ဖြစ်တာကြောင့် သတိလက်လွတ်ဖြစ်မနေဘဲ တောကြက်ကို ကိုင်ထားရင်း မီးဖိုချောင်တည်ရှိရာ အိမ်နောက်ဘက်တံခါးဆီသို့ ဦးတည်လိုက်သည်။

တိုက်ဆိုင်စွာပင် ဆိုင်ဝန်ထမ်းတစ်ဦးက အနီးနားကျေးရွာမှ တောထွက်စားစရာများဖြစ်သည့် မှိုခြောက်နှင့် နှင်းပန်းကဲ့သို့သော ကုန်ပစ္စည်းများကို သယ်ယူနေသည်။

ကျင့်ယိက အလုပ်သမား အလုပ်ပြီးတဲ့အထိ စိတ်ရှည်ရှည်နဲ့ စောင့်နေပြီးမှ "တခုလောက် မေးပါရစေ၊ ငါက တောကြက်တစ်ကောင် ဖမ်းမိခဲ့လို့ မင်းတို့ ဆီမှာ လက်ခံလားလို့ ငါ မေးချင်ပါတယ်"

ထိုဆိုင်အလုပ်သမားက သူ့ကို လှမ်းကြည့်လာသည်။ သူက ထိုအဖြစ်အပျက်များက မကြာခဏ မြင်ဖူးသည်။ လယ်သမားများက တောရိုင်းတိရိစ္ဆာန်များ သို့မဟုတ် အိမ်မွေးတိရစ္ဆာန်များကို ရောင်းချရန် နေ့တိုင်းနီးပါး ရောက်လာလေ့ရှိသည်။ ကျင့်ယိက သာမန်လူတစ်ယောက်လိုမဟုတ်ဘဲ သူ့၏ယဥ်ကျေးသော စိတ်နေစိတ်ထားက ပေါ်လွင်နေသော်လည်း သူ့အဝတ်အစားများက သူဆင်းရဲသားတစ်ဦးဖြစ်ကြောင်း ဖော်ပြနေသေးသည်။ ထို့ကြောင့် ဝန်ထမ်းက ရိုးရိုးရှင်းရှင်း ပြန်ပြောလိုက်သည်။

"ဒီမှာ ခဏစောင့်နေအုန်း"

ခဏအကြာတွင် မုတ်ဆိတ်ရှည်များရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ထွက်လာပြီး သူ့မျက်နှာက လိမ္မာပါးနပ်ပုံပေါ်နေကာ စိတ်အနှောက်အယှက် ဖြစ်နေပုံမပေါ်ပေ။ သူက ပြုံးပြနေပြီး "မင်္ဂလာပါ လူငယ်လေး၊ ငါက ဟွမ်မျိုးရိုး၊ ဒီကျိရှန်ကောနဲ့ သူ‌‌ဌေးဆိုလည်း ဟုတ်တယ်၊ တာဝန်ခံဆိုလည်း မှန်တယ်၊ မင်း ဖမ်းလာတာကို ငါ ကြည့်ပါရစေ"

ပိုင်ရှင်၏ဖော်ရွေသောသဘောကို မြင်လိုက်ရတာကြောင့် ကျင့်ယိက သူ နေရာမှန်သို့ ရောက်လာကြောင်း သိလိုက်ပြီး ယနေ့တွင် ဒီကိစ္စ အဆင်ပြေနိုင်သည်ဟု တွေးမိလိုက်သည်။

သူက ပုံမှန်အညိုရင့်ရောင်အဝတ်ကြမ်းကို ၀တ်ဆင်ထားပြီး မကြာသေးမီက သူ ရုတ်တရက် အရပ်ရှည်လာတာကြောင့် ခြေကျင်းဝတ်တဝိုက်တွင် နောက်ထပ်အထည်တစ်စကို ပိုးချုပ်ထားခဲ့သည်။ သူက သူ့လက်ထဲတွင် တောကြက်တစ်ကောင်သာ ထုတ်ပေးခဲ့ပြီး ထောင်းထဲမှ မာလန်ထုန်များကို လျစ်လျူရှုထားခဲ့သည်။ ဆိုင်ရှင်နှင့် သူ အကြိမ်ပေါင်းများစွာ အပြန်ပြန်အလှန်လှန် စျေးညှိုခဲ့ကြပြီး နောက်ဆုံးတွင် ဝမ်တစ်ရာဖြင့် ကျေနပ်ခဲ့ကြသည်။

(T/N: အခုမှ ဇာတ်လမ်းအစ ဆိုတော့ ငွေကြေးတွေက ဘာတွေလဲ သေသေချာချာ မသိသေးပါဘူး၊ လက်ရှိတော့ ကြေး၊ငွေ၊ရွှေ အဲ့လို သုံးမယ်ထင်တယ်၊ တခါတလေ ကြေးကို ဝမ်လို့ သုံးနေတာလဲ တွေ့တယ်၊ လောလောဆယ်တော့ E-Tran အတိုင်းပဲ လိုက်သုံးမယ်နော်)

ဆိုင်ရှင်က သူ့ခြင်းတောင်းအတွင်းမှ မာလန်ထုန်များက လတ်ဆတ်ပြီး နူးညံ့ပုံပေါ်ကာ ကျင်နှစ်ဆယ်ခန့် ရှိနေသည်ကို သတိပြုမိသွားသည်။ သူက ထိုအရာများကို ဝမ်လေးဆယ်ဝယ်ဖြင့် ဝယ်ရန် ကမ်းလှမ်းခဲ့သည်။

ပုံမှန်အားဖြင့် တောထွက်ဟင်းသီးဟင်းရွက်အရိုင်းများက ဈေးမကြီးဘဲ ကျင်တစ်လျှင် နှစ်ဝမ်စျေးနှုန်းက ကန့်သတ်ချက်ထက်သာလွန်နေပြီ ဖြစ်သည်။ ဤအသုတ် မာလန်ထုန်များက အရည်အသွေးကောင်းမွန်သောကြောင့် သူ ကံကောင်းခဲ့ခြင်းပင်။ နောက်ဆုံးတွင် ဆိုင်ရှင်က ကျင့်ယိက ထပ်ပြောလာခဲ့သည်။ "ညီငယ်လေး၊ နောင်မှာ တောင်ပေါ်အစားအစာတွေ ဒါမှမဟုတ် တောရိုင်းတိရစ္ဆာန်တွေ ရလာရင် ဒီဆိုင်ကို ယူလာလို့ ရတယ်၊ အရည်အသွေးကောင်းနေသရွေ့ ဈေးနှုန်းကို ညှိနှိုင်းနိုင်တယ်"

ဒီမြို့ကို ခရီးထွက်ရတာ အရမ်းတန်တယ်။ သူ တောကြက်နဲ့ မာလန်ထုန်တွေကို ရောင်းချနိုင်ခဲ့ရုံသာမက စျေးနှုန်းကလည်း အဆင်ပြေတယ်။ အရေးကြီးဆုံးက ပါဝင်ပစ္စည်း ကောင်းသရွေ့ စျေးမှန်မှန် ပေးဆောင်နိုင်တဲ့ နေရာတစ်ခုကို သူ ရှာတွေ့ခဲ့တယ်။

ခေတ်မီသူတစ်ယောက်ဖြစ်တဲ့ ကျင့်ယိက ဘာကိုမှ လွယ်လွယ်နဲ့ မကြောက်တတ်ဘဲ ရဲရင့်ပြီး စေ့စေ့စပ်စပ် ရှိကာ စကားပြောဆိုရာမှာတွင် ကောင်းမွန်သောကြောင့် ထိုသို့ လုပ်ဆောင်နိုင်ခြင်းပင်။ ဒီလိုမှ မဟုတ်ရင် သာမန်ကျေးလက်သားတစ်ယောက် အနေနဲ့ဆိုရင် ဒီလုပ်ငန်းက လွယ်လွယ်နဲ့ပြီးမြောက်မှာ မဟုတ်ပါဘူး။

နောက်ဆုံးတွင် ကျင့်ယိက စုစုပေါင်း ဝမ် ၂၄၀ ရရှိခဲ့သည်။ ဝမ် ၂၀၀ကို ငွေဒင်္ဂါးနှစ်ပြား၊ ကျန် ၄၀ကို ကြေးဒင်္ဂါး လေးဆယ်အဖြစ် ပေးချေခဲ့သည်။ ကျင့်ယိက ငွေဒင်္ဂါးပြားများကို သူ့အင်္ကျီအိတ်ကပ်ထဲထည့်ကာ ကြေးဒင်္ဂါးများအတွက် ပိုက်ဆံအိတ်ကို အသုံးပြုခဲ့သည်။ အိမ်တွင် ကြက်ဥကြော်စားရင်း စိတ်အားထက်သန်နေသော ညီငယ်ငယ်များကို ပြန်တွေးရင်း သူ့မိသားစုအတွက် အဆာပြေမုန့်တွေ ဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။

ရှေးခေတ် သရေစာများနှင့် ပတ်သက်ပြီး ကျင့်ယိက အနည်းငယ်သာ သိသေးသည်။ သူ သိသည့်တစ်ခုတည်းသောအရာမှာ ဝတ္ထုနှင့်ရုပ်ရှင်များတွင် တွေ့ရလေ့ရှိသည့် ထန်ဟုလူ ဖြစ်သည်။

အဲ့တာပဲ ဝယ်လိုက်ရင် ကောင်းမလား?

ကျိရှန်ကောက ကြီးကြီးမားမား အရောင်းအဝယ်များ ပြုလုပ်လေ့ရှိကြသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ထမင်းဆိုင်များ၊ အပေါင်ဆိုင်များနှင့် လက်ဝတ်ရတနာဆိုင်များ အများစုရှိရာ မြို့၏ အဓိကလမ်းပေါ်တွင် တည်ရှိသည်။ ထိုနေရာတွင် ရောင်းချသော အဆာပြေနှင့် အဖျော်ယမကာများက ရှားပါးပြီး စားသုံးမှုအဆင့်အတန်းမှာလည်း အလွန်မြင့်မားသောကြောင့် သူ့အတွက် မသင့်လျော်ပေ။

သူက လမ်းသွယ်နှစ်ခုကို ​ဖြတ်လျောက်လာခဲ့ပြီး မြို့အ​ရှေ့ဘက်​ရှိ ​ဈေးတစ်​ခုသို့ ​ရောက်လာခဲ့​သည်​။ ထိုနေရာတွင် လူအများနှင့် စည်ကားနေပြီး အော်သံများနှင့် ပြည့်နှက်ဆူညံနေသည်။ မူလက ကျင့်ယိက မာလန်ထုန်ကို ဤနေရာတွင် ရောင်းချရန် စီစဉ်ထားခဲ့သည်။

စျေးကို လှည့်ပတ်ပြီးနောက်၊ သူက ထန်ဟုလူနှစ်ချောင်းဝယ်ရန် ငွေခြောက်ဝမ် သုံးစွဲခဲ့ပြီး သစ်ကြားသီးကိတ်ကို ဆယ့်လေးဝမ်ဖြင့် ဝယ်ယူခဲ့သည်။ ကျင်တဝက်ခန့်သာ ရှိသော သစ်ကြားသီးကိတ်က သေးငယ်သော်လည်း မိသားစုအားလုံး မြည်းစမ်းရန် လုံလောက်သည်။

သူက မူလကိုယ်၏မှတ်ဥာဏ်များကို အခြေခံပြီး ကျေးလက်နေပြည်သူများအတွက် အချိုမုန့်နှင့်သကြားများက ရှားရှားပါးပါး ဝယ်ယူရသော ပစ္စည်းများဖြစ်ပြီး နှစ်သစ်ကူးကာလတွင်ပင် မတတ်သာ၍ ဝယ်ယူကြကြောင်း ကျင့်ယိ သိရှိခဲ့သည်။ ပွဲတော်အခါသမယများတွင် သရေစာသေတ္တာများ ဝေငှပေးနိုင်ကြသူများမှာ မြို့ပြနေသူများသာ ဖြစ်သည်။

ကျေးလက်နေပြည်သူများက ငွေရှိလျှင် အလုပ်အတွက် ခွန်အားတိုးစေရန်အတွက် အဆီများသောအသားဝယ်ကို ဝယ်ယူခြင်းက ပိုကောင်းသည်ဟု အမြဲထင်မြင်ကြသည်။ ဒါပေမယ့် ကျင့်ယိအတွက်ကတော့ အိမ်မှာ ချက်ပြုတ်ဖို့ စောင့်ဆိုင်းနေတဲ့ ယုန်တစ်ကောင်ရှိသေးတယ်လို့ တွေးခဲ့သည်။ ပြီးတော့ သူ့ရဲ့ခေတ်သစ်သီအိုရီတွေအရ အချိုပွဲတွေစားတာက လူတွေရဲ့စိတ်ခံစားချက်တွေကို ပိုမိုကောင်းမွန်စေတယ်လို့ ကျင့်ယိက ထင်နေခဲ့တယ်။ အဲ့ဒါကြောင့် ဒီသစ်ကြားသီးမုန့်တွေ ဝယ်တာက အရှုံး မရှိဘူး။

သူက ပစ္စည်းတွေဝယ်ပြီးတာနဲ့ နှောင့်နှေးမနေဘဲ အိမ်ကို တန်းပြန်လာခဲ့ပြီး အိမ်သို့ လမ်းလျှောက်ပြန်လာစဉ် ကျင့်ယိက သူ အလွန်ကံကောင်းသည်ဟု ခံစားနေရသည်။ တောရိုင်းထွက်ကုန်များ ရောင်းချသည့် သူ့၏ပထမဆုံးကြိုးစားမှုက တည်ငြိမ်ခဲ့ပြီး စျေးကောင်းပေးသည့် ဝယ်သူကို တွေ့ရှိခဲ့သည်။ ဝယ်သူက မြို့တော်မှဖြစ်သောကြောင့် သူက လျိုမိသားစုဘဏ္ဍာစိုးက နှောက်ယှက်မည်ကို စိတ်ပူနေစရာ မလိုတော့ပေ။

စဉ်းစားပြီးနောက်တွင် ကျင့်ယိက မြွေပါလေးကို ထိုဝယ်သူထံ ရောင်းလိုက်လျှင် ပိုကောင်းမည်ဟု တွေးလိုက်မိသည်။ ဝယ်သူ၏အပြောအဆိုကို ထည့်သွင်းစဉ်းစားပါက သူကပစ္စည်းမျိုးစုံကို စိတ်ဝင်စားပြီး ကန့်သတ်ထားပုံ မပေါ်ပေ။ ပြန်ရောင်းရန် သို့မဟုတ် သူ့သခင်ထံ ပို့ပေးရန် ဝယ်လျှင်ပင် ကောင်းသောကိစ္စ ဖြစ်ပေလိမ့်မည်။

ဤနည်းဖြင့် ကျင့်ယိက ထိုမြွေပါကို ရောင်းချရန် ခရိုင်မြို့သို့ သွားရန် မလိုအပ်တော့ပေ။ သူက ပိုမိုကျယ်ပြန့်သော မိုးကုပ်စက်ဝိုင်းကြီးကို စူးစမ်းချင်သော်လည်း ဤအဆင့်တွင် သူ့မိသားစု၏ အခြေခံလိုအပ်ချက်များကိုပင် အပြည့်အဝ မဖြည့်ဆည်းပေးနိုင်သေးသောကြောင့် ငွေကြေးများစွာကုန်ကျမည့် အစီအစဥ်များကို မလုပ်ဆောင်ခြင်းက ပိုကောင်းပေလိမ့်မည်။

လက်ရှိ အရေးကြီးဆုံးအလုပ်မှာ ဝင်ငွေရှာရန်၊ ဝင်ငွေရှာရန်၊ ဝင်ငွေရှာရန်သာ ဖြစ်ပြီး သူ့မိသားစုဘဝ ကောင်းမွန်စွာ နေထိုင်နိုင်စေရန် ဖြစ်သည်။ ဒါက အခုခေတ်မှာ သူ့ကိုယ်ပိုင်လုပ်ငန်းကို စတင်တာထက် ပိုပြီး တွန်းအားဖြစ်စေခဲ့သည်။

ကျင့်ယိ အိမ်ပြန်ရောက်ချိန်မှာတော့ သူ့အမေက ညစာပြင်ဆင်နေခဲ့သည်။

သူတို့၏ ညစာက အလွန်ရိုးရှင်းပြီး ဆန်လုံးညိုနှင့် ပြောင်းဆန်အရောအနှောဖြင့် ပြုလုပ်ထားသော ဂျုံကြမ်းယာဂုအိုး၊ ဂေါ်ဖီကြော်၊ ကြာက်သွန်ချဥ်အနည်းငယ်သာ ဖြစ်သည်။

တာ့ယွမ်မင်းဆက်က မကြာသေးမီ နှစ်များအတွင်း တည်ငြိမ်အေးချမ်းပြီး အခြေအနေကောင်းလာခဲ့သည် ဆိုသော်လည်း တောရွာရှိ မိသားစုများစွာက အားလပ်သောရာသီများတွင် တစ်နေ့လျှင် နှစ်ကြိမ်သာ စားသောက်နေကြဆဲဖြစ်သည်။ ကျင်းမိသားစုက အရင်က တစ်နေ့ကို ထမင်း သုံးနပ်စားလေ့ရှိတာပေမယ့် ညစာကတော့ အလွန်ရိုးရှင်းသည်။ အဓိကကတော့ အစာ အများကြီးစားဖို့ မဟုတ်ဘဲ သူတို့ရဲ့ဗိုက်တွေကို ဖြည့်ဖို့သာ ဖြစ်သည်

ကျင့်ယိက အိမ်ထဲသို့ဝင်လိုက်ပြီး မိသားစုဝင်များကို ပင်မအခန်းသို့ လှမ်းခေါ်လိုက်သည်။ ကလေးနှစ်ယောက်က စိတ်လှုပ်ရှားစွာ ပြေးဝင်လာကြသည်။ သူတို့၏အစ်ကိုအကြီးဆုံးက နေ့ခင်းပိုင်းတွင် ကုန်ပစ္စည်းရောင်းရန် မြို့သို့သွားသည်ကို သူတို့ သိကြပြီး တောကြက်နှင့် မာလန်ထုန်များကို ကူညီ ရှာဖွေခြင်းဖြင့် သူတို့၏ လုပ်အားကို မိသားစုအတွက် ပေးဆပ်ခဲ့ကြသည်။

သူတို့က အရမ်းပျော်ပြီး ဂုဏ်ယူနေကြတယ်။

"လာ၊ မင်းတို့ နှစ်ယောက် ဒီထန်ဟူလူခောင်းကို ယူပြီး မျှစားလိုက်ကြ။ ရှောင်အန်း၊ မင်းက ရှောင်ရှုနဲ့ မျှစားလိုက်၊ အဖေနဲ့အမေက ကျွန်တော်နဲ့အတူတူ မျှစားကြမယ်" ကျင့်ယိက ထန်ဟူလူတံတစ်ချောင်းကို ကျင့်အန်းအား လှမ်းပေးလိုက်သည်။

ကျင့်မိသားစုမှ ညီအစ်ကိုများကြား ဆက်ဆံရေးက အမြဲတမ်း ကောင်းမွန်ခဲ့ပြီး ကျင့်အန်းက မိသားစု၏ ကောငယ်လေးဖြစ်သော ကျင့်ရှုကို အထူးနှစ်သက်သည်။ သူက ကျင့်ရှုကို အနိုင်ကျင့်မှာကို စိတ်ပူစရာ မလိုပါဘူး။

"အမေ၊ အဖေ၊ ကျွန်တော်တို့လည်း စားကြရအောင်။ တွန့်ဆုတ် မနေပါနဲ့။ ဘယ် အရာမဆို စားတာက ခန္ဓာကိုယ်အတွက် ကောင်းတယ်။ အင်း၊ ပြီးတော့ ဒီသစ်ကြားသီးမုန့်ထုပ်ကို ညစာပြီးရင် စားကြမယ်"

သူတို့ ညစာစားပြီးနောက် ညဥ့်နက်သရေစာအဖြစ် သစ်ကြားသီးမုန့်အချို့ကို စားနိုင်သောကြောင့် ယနေ့ညတွင် ဗိုက်ဟောင်းလောင်းနှင့် အိပ်ရာဝင်ရန် မလိုတော့ပေ။

ကျင့်မိသားစုတွင် လူများစွာရှိကြပြီး ညစာအတွက် သူတို့စားခဲ့သော ဂျုံယာဂုက သူတို့ဗိုက်ကို အပြည့်အဝ မဖြည့်ဆည်းနိုင်ဘဲ လျင်မြန်စွာ ကြေညက်သွားမည်ဖြစ်သည်။

"ကျင့်ယိ၊ မင်းသုံးယောက်ပဲ ထန်ဟူလူကို မျှဝေစားလိုက်ပါ။ မင်းတို့အမေနဲ့ ငါက မကြိုက်ဘူး။ သစ်ကြာသီးမုန့်တွေလည်း အတူတူပါပဲ၊ နည်းနည်းလောက် ချန်ထားလိုက်ရင် ဧည့်သည်လာရင် ကျွေးလို့ရနိုင်တယ်"

အဖေကျင့်နဲ့ အမေကျင့်က အစားအသောက်နဲ့ ပတ်သက်ပြီး သားသမီးတွေနဲ့ ငြင်းခုံနေမှ မဟုတ်ပါဘူး။ သူတို့က စျေးမသက်တဲ့ သရေစာအတွက် ပိုက်ဆံသုံးစရာ မလိုဘူးလို့ပဲ တွေးနေသူများသာ ဖြစ်သည်။

"အမေ၊ အဖေ၊ ငြင်းမနေပါနဲ့။ အဖေရဲ့ခန္ဓာကိုယ်က အာဟာရလိုတယ်၊ အမေလည်း ပြီးခဲ့တဲ့ခြောက်လအတွင်း ကိုယ်အလေးချိန်ကျသွားတယ်၊ အားလုံး စားကြရအောင်။ ဧည့်သည်ကို ကျွေးတာပဲဖြစ်ဖြစ် မကျွေးတာပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ် အရင်ဆုံး ဂရုစိုက်ကြရအောင်"

"ကောင်းပြီ၊ ငါတို့အားလုံး စားကြမယ်"

'အဖေတို့ မစားရင် ကျွန်တော်မစားဘူး' လို့ ပြောနေတဲ့ သားအကြီးဆုံးရဲ့ မျက်နှာက အမူအရာကို မြင်လိုက်တာကြောင့် အမေကျင့်က ထန်ဟူလူကို ကောက်ကိုင်လိုက်ပြီး ကျင့်ယိကို တစ်ခု အရင်ပေးကာ နောက်တစ်ခုကို အဖေကျင့်ကို ပေးလိုက်ပြီးမှ သူမအတွက် တစ်ခုယူလိုက်သည်။ သူမက သူမမျက်လုံးများ၏ထောင့်များမှ စိုစွတ်မှုကို ဖုံးကွယ်ရန် ခေါင်းငုံ့ထားလိုက်ပြီး သူမပါးစပ်ထဲမှ ထန်ဟုလူ၏ချိုမြိန်သော သကြားအလွှာက သူမ၏ နှလုံးသားထဲအထိ ချိုမြိန်မှုကို ခံစားရစေသည်။

ထန်ဟူလူ စားပြီးနောက် ကျင့်ယိက သူ့မိဘတွေအိပ်တဲ့ သီးခြားအခန်းကို သွားလိုက်ပြီး တောကြက်ရောင်းရငွေ ဝမ်၂၀၀ ကို ထုတ်ယူပြီး သူ့အမေကို ပေးလိုက်တယ်။

သူက သူ့မိဘများ စိတ်သက်သာရာ ရစေရန် ကျိရှန်ကော၏အခြေအနေကို မိဘများထံ ရှင်းပြလိုက်သည်။ "ဆေးပင်တွေ သွားရောင်းတုန်းက ဒီဆိုင်ပိုင်ရှင်အကြောင်း လူတွေ ပြောဖူးတာ ကြားဖူးခဲ့တယ်။ သူက မြို့တော်က စိတ်ကောင်းရှိတဲ့သူဖြစ်ပြီး ဆိုင်တာဝန်ခံကလည်း စိတ်ချရတယ်။ မနက်ဖြန် အဲ့မှာရောင်းဖို့ ဟိုမြွေပါကို ယူသွားဖို့ စီစဉ်ထားတယ်၊ သူတို့ ဝယ်ရင် ဈေးကောင်းရနိုင်တယ်"

"ကောင်းလိုက်တာ၊ အဲ့တာဆို မနက်ဖြန် သွားမေးကြည့်လေ။ အဲဒါက အဲ့ဒီမှာ ရောင်းနိုင်ရင် မင်း ခရိုင်မြို့ကို သွားရတဲ့ဒုက္ခကနေ သက်သာသွားလိမ့်မယ်" အဖေကျင့်က မြို့ထဲမှာ ပုံသေဝယ်သူရှိတယ်ဆိုတဲ့ စိတ်ကူးကို သဘောကျပြီး ထို စကားကို ပြောလိုက်သည်။ ထိုအရာက မသေချာမရေရာမှုနည်းပြီး သူတို့ကို လှည့်ပတ်ပြေးလွှားနေရခြင်းမှ သက်သာစေခြင်းဖြစ်သည်ဟု ဆိုလိုသည်။

ညက ပိုတိတ်ဆိတ်လာပြီး ပိုမှောင်လာကာ ကျင့်မိသားစုက ဆီမီးထွန်းညှိထားသော ပင်မခန်း၏စားပွဲပတ်လည်တွင် ထိုင်ကာ သစ်ကြားသီးမုန့်ကို ပျော်ရွှင်စွာ စားနေကြသည်။ ကျင့်အန်းနှင့် ကျင့်ရှုတို့က သူတို့အစ်ကိုကြီးနှင့် စကားပြောနေကြဆဲဖြစ်သည်။

နောက်ဆုံးတွင် အမေကျင့်က သန့်စင်ရန် ရေဇလုံတစ်ခုကို ယူလာပြီး လူတိုင်းက သန့်ရှင်းရေးလုပ်ကြပြီးနောက် အနားယူရန် သက်ဆိုင်ရာအခန်းများသို့ ပြန်သွားကြသည်။

ကျင့်မိသားစုရဲ့ အိမ်က မကြီးတာကြောင့် ကျင့်အန်းနှင့် သူ့အစ်ကိုကျင့်ယိတို့က အခန်းတစ်ခန်းတွင် နေကြပြီး ထိုအနောက်ဘက်ခန်းတွင် ကုတင်နှစ်လုံးပါရှိသည်။ ထိုကြောင့် ညဘက်တွင် အိပ်ရေးဝအောင်အိပ်နိုင်ပြီး ရန်ဖြစ်စရာ မလိုပေ။

ကျင့်ရှုက အဖေ၊အမေနှင့်အတူ အရှေ့ဘက်အခန်းတွင် အိပ်ရသည်။ အခန်းထဲတွင် ကျင့်ရှုအတွက် လုံလောက်သော ကုတင်သေးသေးလေးတစ်လုံး ရှိနေသည်။

သားသမီးများ အသက်ကြီးလာသည်နှင့်အမျှ မိဘများက အိမ်အသစ်များ ဆောက်လုပ်ရန် ကြိုးစားခဲ့ပြီး ပြီးခဲ့သည့်နှစ်ကတည်းက စတင်စီစဉ်နေခဲ့ကြသည်။ အဲဒီအတွက် သူတို့မှာ လုံလောက်တဲ့ငွေကို စုထားနိုင်ခဲ့သည်။ ကျင့်ယိက မကြာမီ ဆယ့်ခြောက်နှစ် ပြည့်တော့မည် ဖြစ်သောကြောင့် အိမ်သစ်ကို အမြန်ဆောက်ရန် လိုအပ်သည်။ ဒီလိုမှမဟုတ်ရင် ကြင်စဦးဇနီးမောင်နှံက ညီငယ်လေးနဲ့ တစ်ခန်းတည်းနေနိုင်မှာ မဟုတ်ဘူး။ အဲ့လိုနေရာရင်လည်း အဆင်မပြေနိုင်ပါဘူး။

ဒါပေမယ့် အစီအစဉ်များက အမြဲတမ်း ပြောင်းလဲမှုများနေနိုင်ပြီး ဆန္ဒများနှင့် မကိုက်ညီတက်ပေ။ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေက နေ့ချင်းညချင်း ဖြစ်သွားနိုင်သည်။

ကျင့်မိသားစုက တစ်ညတည်းတွင် အရာအားလုံးကို အစမှ စတင်ရတော့မည် ဖြစ်သည်။

ညဉ့်နက်လာသည်နှင့်အမျှ အိပ်ရန် အချိန်‌ရောက်လာပြီဖြစ်ကာ မနက်ဖြန်က မျှော်မှန်းထားသည့် နေ့တစ်နေ့ ဖြစ်လာပေလိမ့်မည်။

💜💜💜Thank you so much for your reading time, Votes , comments, and supports💜💜💜

အခန္း ၄ ဖူယန္ၿမိဳ႕

ဖူယန္ၿမိဳ႕က ခ်င္က်ိဳးျမစ္တစ္ေလွ်ာက္တြင္ တည္ထားျခင္းျဖစ္ကာ ၿမိဳ႕ရဲ႕ေလွဆိပ္ကေန ခ်င္က်ိဳးစီရင္စုကို ေရာက္ဖို႔ အေနာက္ဘက္ကို ေလွစီးရၿပီး ေတာ္ဝင္ၿမိဳ႕ေတာ္ကို ေရာက္ဖို႔ ေတာင္ဘက္ကို သြားႏိုင္တယ္လို႔ ဆိုၾကသည္။ ေန႔စဥ္ႏွင့္အမွ် မေရမတြက္ႏိုင္ေသာ ေလွပိုင္ရွင္မ်ား၊ ကုန္သည္မ်ားႏွင့္ အလုပ္သမားမ်ားက ဆိပ္ကမ္းတြင္ စုေဝးေနၾကၿပီး စည္ကားေသာျမင္ကြင္းကို ဖန္တီးေပးေနကာ ဖူယန္ၿမိဳ႕သို႔ အခြင့္အလမ္းႏွင့္ အလားအလာမ်ားစြာကို ယူေဆာင္လာေပးေနသည္။

ထို႔ေၾကာင့္ ဖူယန္ၿမိဳ႕တြင္ ခ်မ္းသာၿပီး ၾသဇာတိကၠအလြန္ႀကီးမားေသာ စီးပြားေရးသမားမ်ား မရွိေသာ္လည္း ခ်င္းက်ိဳးျမစ္တစ္ေလ်ာက္မွ ခ်မ္းသာႂကြယ္ဝသူမ်ားႏွင့္ အ႐ြယ္စုံ ကုန္သည္ႀကီးမ်ားကို ဆြဲေဆာင္ႏိုင္သည္။ ေႂကြထည္၊ ဆား၊ သံဆိုင္မ်ားမွစၿပီး ေငြတိုးေခ်းစားသူမ်ား၊ စားေသာက္ဆိုင္မ်ားႏွင့္ အေပါင္ဆိုင္မ်ားအထိ၊ လုပ္ငန္းအမ်ိဳးမ်ိဳးရွိသည္။ တခ်ိဳ႕ကုန္သည္ေတြဆိုရင္ သက္ေတာ္ေစာင့္ေတြေတာင္ ရွိေနတက္ၿပီး ၿမိဳ႕ကေလးက ေသးေပမယ့္ လိုအပ္တာမွန္သမွ် အကုန္ရႏိုင္သည္။

ကူးသန္းေရာင္းဝယ္ေရးက အလုပ္အကိုင္အခြင့္အလမ္းမ်ားစြာ ဖန္တီးေပးႏိုင္တာေၾကာင့္ ၿမိဳ႕တြင္းမွ အိမ္ေထာင္စု အမ်ားအျပားတြင္ ေနရာမ်ိဳးစုံတြင္ အလုပ္လုပ္ေသာ မိသားစုဝင္မ်ား ရွိၾကသည္။ ထို႔အျပင္ ၿမိဳ႕ျပင္တြင္ လယ္ကြင္းမ်ားရွိၿပီး ေက်းလက္ေနေက်း႐ြာမ်ားထက္ ပိုမိုေကာင္းမြန္ေသာ လူေနမႈအဆင့္အတန္းကို ပိုင္ဆိုင္ၾကသည္။

က်င့္ယိက ယခင္က ၿမိဳ႕ကို အႀကိမ္မ်ားစြာ လာေရာက္ခဲ့ၿပီး သူ လိုအပ္ေသာ သို႔မဟုတ္ လိုအပ္မည္ထင္ေသာ ေနရာအမ်ားစုကို စူးစမ္းေလ့လာခဲ့သည္။ ယခုေတာ့ သူ သြားၾကည့္ရန္ လစ္လပ္ေနေသးေသာေနရာက ဆိပ္ကမ္းသာ က်န္ေနေတာ့သည္။

သို႔ေသာ္လည္း ဆိပ္ကမ္းႏွင့္ ဆိပ္ခံတံတားက လူအမ်ားႏွင့္ စည္ကားလြန္းေနေသာေၾကာင့္ သူ အားအင္မျပည့္ေသးမီအခ်ိန္တြင္ စြန႔္စားရန္ မသင့္ေတာ္ေပ။ သူက ထိုေနရာသို႔ မသြားမီ သူ၏ခႏၶာကိုယ္ျပန္လည္ေကာင္းမြန္လာသည္အထိ ေစာင့္ဆိုင္းရန္ စီစဥ္ထားသည္။ မည္သည့္အေျခအေနမ်ိဳးကိုမဆို ကိုင္တြယ္ေျဖရွင္းႏိုင္မ်သာ ဒဏ္ရာကင္းစြာျဖင့္ လြတ္ေျမာက္ႏိုင္ေျခ ပိုမ်ားမည္ ျဖစ္သည္။

ထို႔ေၾကာင့္ ၿမိဳ႕သို႔ ဤတစ္ေခါက္ေရာက္ခ်ိန္တြင္လည္း သူက "က်ိရွန္ေကာ*" ဟုေခၚေသာ စားေသာက္ဆိုင္သို႔ တိုက္႐ိုက္သြားခဲ့သည္။ (ဒီေနရာက ေကာ-ဆိုတာက ႏွစ္ထပ္ သုံးထပ္အေဆာက္အဦးေတြကို ေခၚတာပါ၊ ေျပာခ်င္တာက က်ိရွန္အေဆာက္အဦးေပါ့)

သူ အရင္တစ္ေခါက္ ေဆးဖက္ဝင္အပင္မ်ား ေရာင္းခ်ရန္ ၿမိဳ႕သို႔ ေရာက္ခဲ့စဥ္က က်င့္ယိက ငယ္႐ြယ္ေသာ ေဆးပညာအလုပ္သင္ငယ္ေလး အခ်ိဳ႕ႏွင့္ စကားစျမည္ေျပာသည္ကို ၾကားဖူးခဲ့သည္။ အသစ္ဖြင့္ထားေသာ ထိုစားေသာက္ဆိုင္ေနာက္ကြယ္မွ ပိုင္ရွင္က သူ႔၏ရက္ေရာမႈႏွင့္ ေကာင္းမြန္ေသာ ကိုယ္က်င့္တရားေၾကာင့္ ထင္ရွားေက်ာ္ၾကားၿပီး ခ်င္းက်ိဳးစီရင္စုမွ ထင္ရွားတဲ့ ပုဂၢိဳလ္တစ္ဦးျဖစ္ေၾကာင္း သူတို႔က ေျပာခဲ့ၾကသည္။ ထိုေၾကာင့္ က်င့္ယိက သူ႔ကံကို စမ္းသပ္ရန္ ဆုံးျဖတ္လိုက္သည္။

ေရွးေခတ္က ေခတ္မီေစ်းကြက္ရွာေဖြေရး နည္းစနစ္မ်ား မရွိဘဲ သတင္းအခ်က္အလက္ ရယူႏိုင္ရန္ အမ်ားအားျဖင့္ လူအမ်ားၾကားမွ ပါးစပ္စကားမ်ားကိုသာ အားကိုးၾကရသည္။

က်င့္ယိက ထိုေနရာ၏တံခါးဝသို႔ ခ်ဥ္းကပ္သြားလိုက္ရာ ေရွးေဟာင္းခတ္ႏွင့္ အံဝင္ခြင္က်ရွိေသာ အသြင္အျပင္ရွိႏွင့္ သန႔္စင္ၿပီး က်က္သေရရွိေနသည့္ အေဆာက္အဦးတစ္ခုကို ေတြ႕လိုက္ရသည္။ ၎၏ တစ္ဖက္ျခမ္းရွိ "ေစြ႕ရွန္းလုံ" ေလာက္ ႀကီးက်ယ္ခမ္းနားျခင္း မရွိေသာ္လည္း ၎က ၎၏ကိုယ္ပိုင္ထူးျခားေသာ ရသရွိၿပီး စာသင္သားတို႔၏အႀကိဳက္ျဖစ္ႏိုင္ဖြယ္ရွိသည္။ စီရင္စုၿမိဳ႕ေတာ္မွ ထင္ရွားေသာ ပုဂၢိဳလ္တစ္ဦး ဖြင့္လွစ္ထားေသာ စားေသာက္ဆိုင္တစ္ဆိုင္ အမွန္တကယ္ ျဖစ္ထိုက္သည္။

သို႔ေသာ္ ထိုခမ္းနားထည္ဝါေသာ အေရွ႕တံခါးက က်င့္ယိႏွင့္ မည္သို႔မွ် သက္ဆိုင္မေနေခ်။ သူက သူ႔ရဲ႕လက္ရွိအေျခအေနကို သိေသာ ဥာဏ္ရည္ထက္ျမက္သူတစ္ေယာက္ ျဖစ္တာေၾကာင့္ သတိလက္လြတ္ျဖစ္မေနဘဲ ေတာၾကက္ကို ကိုင္ထားရင္း မီးဖိုေခ်ာင္တည္ရွိရာ အိမ္ေနာက္ဘက္တံခါးဆီသို႔ ဦးတည္လိုက္သည္။

တိုက္ဆိုင္စြာပင္ ဆိုင္ဝန္ထမ္းတစ္ဦးက အနီးနားေက်း႐ြာမွ ေတာထြက္စားစရာမ်ားျဖစ္သည့္ မႈိေျခာက္ႏွင့္ ႏွင္းပန္းကဲ့သို႔ေသာ ကုန္ပစၥည္းမ်ားကို သယ္ယူေနသည္။

က်င့္ယိက အလုပ္သမား အလုပ္ၿပီးတဲ့အထိ စိတ္ရွည္ရွည္နဲ႔ ေစာင့္ေနၿပီးမွ "တခုေလာက္ ေမးပါရေစ၊ ငါက ေတာၾကက္တစ္ေကာင္ ဖမ္းမိခဲ့လို႔ မင္းတို႔ ဆီမွာ လက္ခံလားလို႔ ငါ ေမးခ်င္ပါတယ္"

ထိုဆိုင္အလုပ္သမားက သူ႔ကို လွမ္းၾကည့္လာသည္။ သူက ထိုအျဖစ္အပ်က္မ်ားက မၾကာခဏ ျမင္ဖူးသည္။ လယ္သမားမ်ားက ေတာ႐ိုင္းတိရိစာၦန္မ်ား သို႔မဟုတ္ အိမ္ေမြးတိရစာၦန္မ်ားကို ေရာင္းခ်ရန္ ေန႔တိုင္းနီးပါး ေရာက္လာေလ့ရွိသည္။ က်င့္ယိက သာမန္လူတစ္ေယာက္လိုမဟုတ္ဘဲ သူ႔၏ယဥ္ေက်းေသာ စိတ္ေနစိတ္ထားက ေပၚလြင္ေနေသာ္လည္း သူ႔အဝတ္အစားမ်ားက သူဆင္းရဲသားတစ္ဦးျဖစ္ေၾကာင္း ေဖာ္ျပေနေသးသည္။ ထို႔ေၾကာင့္ ဝန္ထမ္းက ႐ိုး႐ိုးရွင္းရွင္း ျပန္ေျပာလိုက္သည္။

"ဒီမွာ ခဏေစာင့္ေနအုန္း"

ခဏအၾကာတြင္ မုတ္ဆိတ္ရွည္မ်ားရွိေသာ လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားတစ္ေယာက္ ထြက္လာၿပီး သူ႔မ်က္ႏွာက လိမၼာပါးနပ္ပုံေပၚေနကာ စိတ္အေႏွာက္အယွက္ ျဖစ္ေနပုံမေပၚေပ။ သူက ၿပဳံးျပေနၿပီး "မဂၤလာပါ လူငယ္ေလး၊ ငါက ဟြမ္မ်ိဳး႐ိုး၊ ဒီက်ိရွန္ေကာနဲ႔ သူ‌‌ေဌးဆိုလည္း ဟုတ္တယ္၊ တာဝန္ခံဆိုလည္း မွန္တယ္၊ မင္း ဖမ္းလာတာကို ငါ ၾကည့္ပါရေစ"

ပိုင္ရွင္၏ေဖာ္ေ႐ြေသာသေဘာကို ျမင္လိုက္ရတာေၾကာင့္ က်င့္ယိက သူ ေနရာမွန္သို႔ ေရာက္လာေၾကာင္း သိလိုက္ၿပီး ယေန႔တြင္ ဒီကိစၥ အဆင္ေျပႏိုင္သည္ဟု ေတြးမိလိုက္သည္။

သူက ပုံမွန္အညိဳရင့္ေရာင္အဝတ္ၾကမ္းကို ၀တ္ဆင္ထားၿပီး မၾကာေသးမီက သူ ႐ုတ္တရက္ အရပ္ရွည္လာတာေၾကာင့္ ေျခက်င္းဝတ္တဝိုက္တြင္ ေနာက္ထပ္အထည္တစ္စကို ပိုးခ်ဳပ္ထားခဲ့သည္။ သူက သူ႔လက္ထဲတြင္ ေတာၾကက္တစ္ေကာင္သာ ထုတ္ေပးခဲ့ၿပီး ေထာင္းထဲမွ မာလန္ထုန္မ်ားကို လ်စ္လ်ဴရႈထားခဲ့သည္။ ဆိုင္ရွင္ႏွင့္ သူ အႀကိမ္ေပါင္းမ်ားစြာ အျပန္ျပန္အလွန္လွန္ ေစ်းညႇိဳခဲ့ၾကၿပီး ေနာက္ဆုံးတြင္ ဝမ္တစ္ရာျဖင့္ ေက်နပ္ခဲ့ၾကသည္။

(T/N: အခုမွ ဇာတ္လမ္းအစ ဆိုေတာ့ ေငြေၾကးေတြက ဘာေတြလဲ ေသေသခ်ာခ်ာ မသိေသးပါဘူး၊ လက္ရွိေတာ့ ေၾကး၊ေငြ၊ေ႐ႊ အဲ့လို သုံးမယ္ထင္တယ္၊ တခါတေလ ေၾကးကို ဝမ္လို႔ သုံးေနတာလဲ ေတြ႕တယ္၊ ေလာေလာဆယ္ေတာ့ E-Tran အတိုင္းပဲ လိုက္သုံးမယ္ေနာ္)

ဆိုင္ရွင္က သူ႔ျခင္းေတာင္းအတြင္းမွ မာလန္ထုန္မ်ားက လတ္ဆတ္ၿပီး ႏူးညံ့ပုံေပၚကာ က်င္ႏွစ္ဆယ္ခန႔္ ရွိေနသည္ကို သတိျပဳမိသြားသည္။ သူက ထိုအရာမ်ားကို ဝမ္ေလးဆယ္ဝယ္ျဖင့္ ဝယ္ရန္ ကမ္းလွမ္းခဲ့သည္။

ပုံမွန္အားျဖင့္ ေတာထြက္ဟင္းသီးဟင္း႐ြက္အ႐ိုင္းမ်ားက ေဈးမႀကီးဘဲ က်င္တစ္လွ်င္ ႏွစ္ဝမ္ေစ်းႏႈန္းက ကန႔္သတ္ခ်က္ထက္သာလြန္ေနၿပီ ျဖစ္သည္။ ဤအသုတ္ မာလန္ထုန္မ်ားက အရည္အေသြးေကာင္းမြန္ေသာေၾကာင့္ သူ ကံေကာင္းခဲ့ျခင္းပင္။ ေနာက္ဆုံးတြင္ ဆိုင္ရွင္က က်င့္ယိက ထပ္ေျပာလာခဲ့သည္။ "ညီငယ္ေလး၊ ေနာင္မွာ ေတာင္ေပၚအစားအစာေတြ ဒါမွမဟုတ္ ေတာ႐ိုင္းတိရစာၦန္ေတြ ရလာရင္ ဒီဆိုင္ကို ယူလာလို႔ ရတယ္၊ အရည္အေသြးေကာင္းေနသေ႐ြ႕ ေဈးႏႈန္းကို ညႇိႏႈိင္းႏိုင္တယ္"

ဒီၿမိဳ႕ကို ခရီးထြက္ရတာ အရမ္းတန္တယ္။ သူ ေတာၾကက္နဲ႔ မာလန္ထုန္ေတြကို ေရာင္းခ်ႏိုင္ခဲ့႐ုံသာမက ေစ်းႏႈန္းကလည္း အဆင္ေျပတယ္။ အေရးႀကီးဆုံးက ပါဝင္ပစၥည္း ေကာင္းသေ႐ြ႕ ေစ်းမွန္မွန္ ေပးေဆာင္ႏိုင္တဲ့ ေနရာတစ္ခုကို သူ ရွာေတြ႕ခဲ့တယ္။

ေခတ္မီသူတစ္ေယာက္ျဖစ္တဲ့ က်င့္ယိက ဘာကိုမွ လြယ္လြယ္နဲ႔ မေၾကာက္တတ္ဘဲ ရဲရင့္ၿပီး ေစ့ေစ့စပ္စပ္ ရွိကာ စကားေျပာဆိုရာမွာတြင္ ေကာင္းမြန္ေသာေၾကာင့္ ထိုသို႔ လုပ္ေဆာင္ႏိုင္ျခင္းပင္။ ဒီလိုမွ မဟုတ္ရင္ သာမန္ေက်းလက္သားတစ္ေယာက္ အေနနဲ႔ဆိုရင္ ဒီလုပ္ငန္းက လြယ္လြယ္နဲ႔ၿပီးေျမာက္မွာ မဟုတ္ပါဘူး။

ေနာက္ဆုံးတြင္ က်င့္ယိက စုစုေပါင္း ဝမ္ ၂၄၀ ရရွိခဲ့သည္။ ဝမ္ ၂၀၀ကို ေငြဒဂၤါးႏွစ္ျပား၊ က်န္ ၄၀ကို ေၾကးဒဂၤါး ေလးဆယ္အျဖစ္ ေပးေခ်ခဲ့သည္။ က်င့္ယိက ေငြဒဂၤါးျပားမ်ားကို သူ႔အက်ႌအိတ္ကပ္ထဲထည့္ကာ ေၾကးဒဂၤါးမ်ားအတြက္ ပိုက္ဆံအိတ္ကို အသုံးျပဳခဲ့သည္။ အိမ္တြင္ ၾကက္ဥေၾကာ္စားရင္း စိတ္အားထက္သန္ေနေသာ ညီငယ္ငယ္မ်ားကို ျပန္ေတြးရင္း သူ႔မိသားစုအတြက္ အဆာေျပမုန႔္ေတြ ဝယ္ဖို႔ ဆုံးျဖတ္လိုက္သည္။

ေရွးေခတ္ သေရစာမ်ားႏွင့္ ပတ္သက္ၿပီး က်င့္ယိက အနည္းငယ္သာ သိေသးသည္။ သူ သိသည့္တစ္ခုတည္းေသာအရာမွာ ဝတၳဳႏွင့္႐ုပ္ရွင္မ်ားတြင္ ေတြ႕ရေလ့ရွိသည့္ ထန္ဟုလူ ျဖစ္သည္။

အဲ့တာပဲ ဝယ္လိုက္ရင္ ေကာင္းမလား?

က်ိရွန္ေကာက ႀကီးႀကီးမားမား အေရာင္းအဝယ္မ်ား ျပဳလုပ္ေလ့ရွိၾကေသာ စားေသာက္ဆိုင္မ်ား၊ လက္ဖက္ရည္ဆိုင္မ်ား၊ ထမင္းဆိုင္မ်ား၊ အေပါင္ဆိုင္မ်ားႏွင့္ လက္ဝတ္ရတနာဆိုင္မ်ား အမ်ားစုရွိရာ ၿမိဳ႕၏ အဓိကလမ္းေပၚတြင္ တည္ရွိသည္။ ထိုေနရာတြင္ ေရာင္းခ်ေသာ အဆာေျပႏွင့္ အေဖ်ာ္ယမကာမ်ားက ရွားပါးၿပီး စားသုံးမႈအဆင့္အတန္းမွာလည္း အလြန္ျမင့္မားေသာေၾကာင့္ သူ႔အတြက္ မသင့္ေလ်ာ္ေပ။

သူက လမ္းသြယ္ႏွစ္ခုကို ​ျဖတ္ေလ်ာက္လာခဲ့ၿပီး ၿမိဳ႕အ​ေရွ႕ဘက္​ရွိ ​ေဈးတစ္​ခုသို႔ ​ေရာက္လာခဲ့​သည္​။ ထိုေနရာတြင္ လူအမ်ားႏွင့္ စည္ကားေနၿပီး ေအာ္သံမ်ားႏွင့္ ျပည့္ႏွက္ဆူညံေနသည္။ မူလက က်င့္ယိက မာလန္ထုန္ကို ဤေနရာတြင္ ေရာင္းခ်ရန္ စီစဥ္ထားခဲ့သည္။

ေစ်းကို လွည့္ပတ္ၿပီးေနာက္၊ သူက ထန္ဟုလူႏွစ္ေခ်ာင္းဝယ္ရန္ ေငြေျခာက္ဝမ္ သုံးစြဲခဲ့ၿပီး သစ္ၾကားသီးကိတ္ကို ဆယ့္ေလးဝမ္ျဖင့္ ဝယ္ယူခဲ့သည္။ က်င္တဝက္ခန႔္သာ ရွိေသာ သစ္ၾကားသီးကိတ္က ေသးငယ္ေသာ္လည္း မိသားစုအားလုံး ျမည္းစမ္းရန္ လုံေလာက္သည္။

သူက မူလကိုယ္၏မွတ္ဥာဏ္မ်ားကို အေျခခံၿပီး ေက်းလက္ေနျပည္သူမ်ားအတြက္ အခ်ိဳမုန႔္ႏွင့္သၾကားမ်ားက ရွားရွားပါးပါး ဝယ္ယူရေသာ ပစၥည္းမ်ားျဖစ္ၿပီး ႏွစ္သစ္ကူးကာလတြင္ပင္ မတတ္သာ၍ ဝယ္ယူၾကေၾကာင္း က်င့္ယိ သိရွိခဲ့သည္။ ပြဲေတာ္အခါသမယမ်ားတြင္ သေရစာေသတၱာမ်ား ေဝငွေပးႏိုင္ၾကသူမ်ားမွာ ၿမိဳ႕ျပေနသူမ်ားသာ ျဖစ္သည္။

ေက်းလက္ေနျပည္သူမ်ားက ေငြရွိလွ်င္ အလုပ္အတြက္ ခြန္အားတိုးေစရန္အတြက္ အဆီမ်ားေသာအသားဝယ္ကို ဝယ္ယူျခင္းက ပိုေကာင္းသည္ဟု အၿမဲထင္ျမင္ၾကသည္။ ဒါေပမယ့္ က်င့္ယိအတြက္ကေတာ့ အိမ္မွာ ခ်က္ျပဳတ္ဖို႔ ေစာင့္ဆိုင္းေနတဲ့ ယုန္တစ္ေကာင္ရွိေသးတယ္လို႔ ေတြးခဲ့သည္။ ၿပီးေတာ့ သူ႔ရဲ႕ေခတ္သစ္သီအိုရီေတြအရ အခ်ိဳပြဲေတြစားတာက လူေတြရဲ႕စိတ္ခံစားခ်က္ေတြကို ပိုမိုေကာင္းမြန္ေစတယ္လို႔ က်င့္ယိက ထင္ေနခဲ့တယ္။ အဲ့ဒါေၾကာင့္ ဒီသစ္ၾကားသီးမုန႔္ေတြ ဝယ္တာက အရႈံး မရွိဘူး။

သူက ပစၥည္းေတြဝယ္ၿပီးတာနဲ႔ ေႏွာင့္ေႏွးမေနဘဲ အိမ္ကို တန္းျပန္လာခဲ့ၿပီး အိမ္သို႔ လမ္းေလွ်ာက္ျပန္လာစဥ္ က်င့္ယိက သူ အလြန္ကံေကာင္းသည္ဟု ခံစားေနရသည္။ ေတာ႐ိုင္းထြက္ကုန္မ်ား ေရာင္းခ်သည့္ သူ႔၏ပထမဆုံးႀကိဳးစားမႈက တည္ၿငိမ္ခဲ့ၿပီး ေစ်းေကာင္းေပးသည့္ ဝယ္သူကို ေတြ႕ရွိခဲ့သည္။ ဝယ္သူက ၿမိဳ႕ေတာ္မွျဖစ္ေသာေၾကာင့္ သူက လ်ိဳမိသားစုဘ႑ာစိုးက ေႏွာက္ယွက္မည္ကို စိတ္ပူေနစရာ မလိုေတာ့ေပ။

စဥ္းစားၿပီးေနာက္တြင္ က်င့္ယိက ေႁမြပါေလးကို ထိုဝယ္သူထံ ေရာင္းလိုက္လွ်င္ ပိုေကာင္းမည္ဟု ေတြးလိုက္မိသည္။ ဝယ္သူ၏အေျပာအဆိုကို ထည့္သြင္းစဥ္းစားပါက သူကပစၥည္းမ်ိဳးစုံကို စိတ္ဝင္စားၿပီး ကန႔္သတ္ထားပုံ မေပၚေပ။ ျပန္ေရာင္းရန္ သို႔မဟုတ္ သူ႔သခင္ထံ ပို႔ေပးရန္ ဝယ္လွ်င္ပင္ ေကာင္းေသာကိစၥ ျဖစ္ေပလိမ့္မည္။

ဤနည္းျဖင့္ က်င့္ယိက ထိုေႁမြပါကို ေရာင္းခ်ရန္ ခ႐ိုင္ၿမိဳ႕သို႔ သြားရန္ မလိုအပ္ေတာ့ေပ။ သူက ပိုမိုက်ယ္ျပန႔္ေသာ မိုးကုပ္စက္ဝိုင္းႀကီးကို စူးစမ္းခ်င္ေသာ္လည္း ဤအဆင့္တြင္ သူ႔မိသားစု၏ အေျခခံလိုအပ္ခ်က္မ်ားကိုပင္ အျပည့္အဝ မျဖည့္ဆည္းေပးႏိုင္ေသးေသာေၾကာင့္ ေငြေၾကးမ်ားစြာကုန္က်မည့္ အစီအစဥ္မ်ားကို မလုပ္ေဆာင္ျခင္းက ပိုေကာင္းေပလိမ့္မည္။

လက္ရွိ အေရးႀကီးဆုံးအလုပ္မွာ ဝင္ေငြရွာရန္၊ ဝင္ေငြရွာရန္၊ ဝင္ေငြရွာရန္သာ ျဖစ္ၿပီး သူ႔မိသားစုဘဝ ေကာင္းမြန္စြာ ေနထိုင္ႏိုင္ေစရန္ ျဖစ္သည္။ ဒါက အခုေခတ္မွာ သူ႔ကိုယ္ပိုင္လုပ္ငန္းကို စတင္တာထက္ ပိုၿပီး တြန္းအားျဖစ္ေစခဲ့သည္။

က်င့္ယိ အိမ္ျပန္ေရာက္ခ်ိန္မွာေတာ့ သူ႔အေမက ညစာျပင္ဆင္ေနခဲ့သည္။

သူတို႔၏ ညစာက အလြန္႐ိုးရွင္းၿပီး ဆန္လုံးညိဳႏွင့္ ေျပာင္းဆန္အေရာအေႏွာျဖင့္ ျပဳလုပ္ထားေသာ ဂ်ဳံၾကမ္းယာဂုအိုး၊ ေဂၚဖီေၾကာ္၊ ၾကာက္သြန္ခ်ဥ္အနည္းငယ္သာ ျဖစ္သည္။

တာ့ယြမ္မင္းဆက္က မၾကာေသးမီ ႏွစ္မ်ားအတြင္း တည္ၿငိမ္ေအးခ်မ္းၿပီး အေျခအေနေကာင္းလာခဲ့သည္ ဆိုေသာ္လည္း ေတာ႐ြာရွိ မိသားစုမ်ားစြာက အားလပ္ေသာရာသီမ်ားတြင္ တစ္ေန႔လွ်င္ ႏွစ္ႀကိမ္သာ စားေသာက္ေနၾကဆဲျဖစ္သည္။ က်င္းမိသားစုက အရင္က တစ္ေန႔ကို ထမင္း သုံးနပ္စားေလ့ရွိတာေပမယ့္ ညစာကေတာ့ အလြန္႐ိုးရွင္းသည္။ အဓိကကေတာ့ အစာ အမ်ားႀကီးစားဖို႔ မဟုတ္ဘဲ သူတို႔ရဲ႕ဗိုက္ေတြကို ျဖည့္ဖို႔သာ ျဖစ္သည္

က်င့္ယိက အိမ္ထဲသို႔ဝင္လိုက္ၿပီး မိသားစုဝင္မ်ားကို ပင္မအခန္းသို႔ လွမ္းေခၚလိုက္သည္။ ကေလးႏွစ္ေယာက္က စိတ္လႈပ္ရွားစြာ ေျပးဝင္လာၾကသည္။ သူတို႔၏အစ္ကိုအႀကီးဆုံးက ေန႔ခင္းပိုင္းတြင္ ကုန္ပစၥည္းေရာင္းရန္ ၿမိဳ႕သို႔သြားသည္ကို သူတို႔ သိၾကၿပီး ေတာၾကက္ႏွင့္ မာလန္ထုန္မ်ားကို ကူညီ ရွာေဖြျခင္းျဖင့္ သူတို႔၏ လုပ္အားကို မိသားစုအတြက္ ေပးဆပ္ခဲ့ၾကသည္။

သူတို႔က အရမ္းေပ်ာ္ၿပီး ဂုဏ္ယူေနၾကတယ္။

"လာ၊ မင္းတို႔ ႏွစ္ေယာက္ ဒီထန္ဟူလူေခာင္းကို ယူၿပီး မွ်စားလိုက္ၾက။ ေရွာင္အန္း၊ မင္းက ေရွာင္ရႈနဲ႔ မွ်စားလိုက္၊ အေဖနဲ႔အေမက ကြၽန္ေတာ္နဲ႔အတူတူ မွ်စားၾကမယ္" က်င့္ယိက ထန္ဟူလူတံတစ္ေခ်ာင္းကို က်င့္အန္းအား လွမ္းေပးလိုက္သည္။

က်င့္မိသားစုမွ ညီအစ္ကိုမ်ားၾကား ဆက္ဆံေရးက အၿမဲတမ္း ေကာင္းမြန္ခဲ့ၿပီး က်င့္အန္းက မိသားစု၏ ေကာငယ္ေလးျဖစ္ေသာ က်င့္ရႈကို အထူးႏွစ္သက္သည္။ သူက က်င့္ရႈကို အႏိုင္က်င့္မွာကို စိတ္ပူစရာ မလိုပါဘူး။

"အေမ၊ အေဖ၊ ကြၽန္ေတာ္တို႔လည္း စားၾကရေအာင္။ တြန႔္ဆုတ္ မေနပါနဲ႔။ ဘယ္ အရာမဆို စားတာက ခႏၶာကိုယ္အတြက္ ေကာင္းတယ္။ အင္း၊ ၿပီးေတာ့ ဒီသစ္ၾကားသီးမုန႔္ထုပ္ကို ညစာၿပီးရင္ စားၾကမယ္"

သူတို႔ ညစာစားၿပီးေနာက္ ညဥ့္နက္သေရစာအျဖစ္ သစ္ၾကားသီးမုန႔္အခ်ိဳ႕ကို စားႏိုင္ေသာေၾကာင့္ ယေန႔ညတြင္ ဗိုက္ေဟာင္းေလာင္းႏွင့္ အိပ္ရာဝင္ရန္ မလိုေတာ့ေပ။

က်င့္မိသားစုတြင္ လူမ်ားစြာရွိၾကၿပီး ညစာအတြက္ သူတို႔စားခဲ့ေသာ ဂ်ဳံယာဂုက သူတို႔ဗိုက္ကို အျပည့္အဝ မျဖည့္ဆည္းႏိုင္ဘဲ လ်င္ျမန္စြာ ေၾကညက္သြားမည္ျဖစ္သည္။

"က်င့္ယိ၊ မင္းသုံးေယာက္ပဲ ထန္ဟူလူကို မွ်ေဝစားလိုက္ပါ။ မင္းတို႔အေမနဲ႔ ငါက မႀကိဳက္ဘူး။ သစ္ၾကာသီးမုန႔္ေတြလည္း အတူတူပါပဲ၊ နည္းနည္းေလာက္ ခ်န္ထားလိုက္ရင္ ဧည့္သည္လာရင္ ေကြၽးလို႔ရႏိုင္တယ္"

အေဖက်င့္နဲ႔ အေမက်င့္က အစားအေသာက္နဲ႔ ပတ္သက္ၿပီး သားသမီးေတြနဲ႔ ျငင္းခုံေနမွ မဟုတ္ပါဘူး။ သူတို႔က ေစ်းမသက္တဲ့ သေရစာအတြက္ ပိုက္ဆံသုံးစရာ မလိုဘူးလို႔ပဲ ေတြးေနသူမ်ားသာ ျဖစ္သည္။

"အေမ၊ အေဖ၊ ျငင္းမေနပါနဲ႔။ အေဖရဲ႕ခႏၶာကိုယ္က အာဟာရလိုတယ္၊ အေမလည္း ၿပီးခဲ့တဲ့ေျခာက္လအတြင္း ကိုယ္အေလးခ်ိန္က်သြားတယ္၊ အားလုံး စားၾကရေအာင္။ ဧည့္သည္ကို ေကြၽးတာပဲျဖစ္ျဖစ္ မေကြၽးတာပဲျဖစ္ျဖစ္ ကိုယ့္ကိုကိုယ္ အရင္ဆုံး ဂ႐ုစိုက္ၾကရေအာင္"

"ေကာင္းၿပီ၊ ငါတို႔အားလုံး စားၾကမယ္"

'အေဖတို႔ မစားရင္ ကြၽန္ေတာ္မစားဘူး' လို႔ ေျပာေနတဲ့ သားအႀကီးဆုံးရဲ႕ မ်က္ႏွာက အမူအရာကို ျမင္လိုက္တာေၾကာင့္ အေမက်င့္က ထန္ဟူလူကို ေကာက္ကိုင္လိုက္ၿပီး က်င့္ယိကို တစ္ခု အရင္ေပးကာ ေနာက္တစ္ခုကို အေဖက်င့္ကို ေပးလိုက္ၿပီးမွ သူမအတြက္ တစ္ခုယူလိုက္သည္။ သူမက သူမမ်က္လုံးမ်ား၏ေထာင့္မ်ားမွ စိုစြတ္မႈကို ဖုံးကြယ္ရန္ ေခါင္းငုံ႔ထားလိုက္ၿပီး သူမပါးစပ္ထဲမွ ထန္ဟုလူ၏ခ်ိဳၿမိန္ေသာ သၾကားအလႊာက သူမ၏ ႏွလုံးသားထဲအထိ ခ်ိဳၿမိန္မႈကို ခံစားရေစသည္။

ထန္ဟူလူ စားၿပီးေနာက္ က်င့္ယိက သူ႔မိဘေတြအိပ္တဲ့ သီးျခားအခန္းကို သြားလိုက္ၿပီး ေတာၾကက္ေရာင္းရေငြ ဝမ္၂၀၀ ကို ထုတ္ယူၿပီး သူ႔အေမကို ေပးလိုက္တယ္။

သူက သူ႔မိဘမ်ား စိတ္သက္သာရာ ရေစရန္ က်ိရွန္ေကာ၏အေျခအေနကို မိဘမ်ားထံ ရွင္းျပလိုက္သည္။ "ေဆးပင္ေတြ သြားေရာင္းတုန္းက ဒီဆိုင္ပိုင္ရွင္အေၾကာင္း လူေတြ ေျပာဖူးတာ ၾကားဖူးခဲ့တယ္။ သူက ၿမိဳ႕ေတာ္က စိတ္ေကာင္းရွိတဲ့သူျဖစ္ၿပီး ဆိုင္တာဝန္ခံကလည္း စိတ္ခ်ရတယ္။ မနက္ျဖန္ အဲ့မွာေရာင္းဖို႔ ဟိုေႁမြပါကို ယူသြားဖို႔ စီစဥ္ထားတယ္၊ သူတို႔ ဝယ္ရင္ ေဈးေကာင္းရႏိုင္တယ္"

"ေကာင္းလိုက္တာ၊ အဲ့တာဆို မနက္ျဖန္ သြားေမးၾကည့္ေလ။ အဲဒါက အဲ့ဒီမွာ ေရာင္းႏိုင္ရင္ မင္း ခ႐ိုင္ၿမိဳ႕ကို သြားရတဲ့ဒုကၡကေန သက္သာသြားလိမ့္မယ္" အေဖက်င့္က ၿမိဳ႕ထဲမွာ ပုံေသဝယ္သူရွိတယ္ဆိုတဲ့ စိတ္ကူးကို သေဘာက်ၿပီး ထို စကားကို ေျပာလိုက္သည္။ ထိုအရာက မေသခ်ာမေရရာမႈနည္းၿပီး သူတို႔ကို လွည့္ပတ္ေျပးလႊားေနရျခင္းမွ သက္သာေစျခင္းျဖစ္သည္ဟု ဆိုလိုသည္။

ညက ပိုတိတ္ဆိတ္လာၿပီး ပိုေမွာင္လာကာ က်င့္မိသားစုက ဆီမီးထြန္းညႇိထားေသာ ပင္မခန္း၏စားပြဲပတ္လည္တြင္ ထိုင္ကာ သစ္ၾကားသီးမုန႔္ကို ေပ်ာ္႐ႊင္စြာ စားေနၾကသည္။ က်င့္အန္းႏွင့္ က်င့္ရႈတို႔က သူတို႔အစ္ကိုႀကီးႏွင့္ စကားေျပာေနၾကဆဲျဖစ္သည္။

ေနာက္ဆုံးတြင္ အေမက်င့္က သန႔္စင္ရန္ ေရဇလုံတစ္ခုကို ယူလာၿပီး လူတိုင္းက သန႔္ရွင္းေရးလုပ္ၾကၿပီးေနာက္ အနားယူရန္ သက္ဆိုင္ရာအခန္းမ်ားသို႔ ျပန္သြားၾကသည္။

က်င့္မိသားစုရဲ႕ အိမ္က မႀကီးတာေၾကာင့္ က်င့္အန္းႏွင့္ သူ႔အစ္ကိုက်င့္ယိတို႔က အခန္းတစ္ခန္းတြင္ ေနၾကၿပီး ထိုအေနာက္ဘက္ခန္းတြင္ ကုတင္ႏွစ္လုံးပါရွိသည္။ ထိုေၾကာင့္ ညဘက္တြင္ အိပ္ေရးဝေအာင္အိပ္ႏိုင္ၿပီး ရန္ျဖစ္စရာ မလိုေပ။

က်င့္ရႈက အေဖ၊အေမႏွင့္အတူ အေရွ႕ဘက္အခန္းတြင္ အိပ္ရသည္။ အခန္းထဲတြင္ က်င့္ရႈအတြက္ လုံေလာက္ေသာ ကုတင္ေသးေသးေလးတစ္လုံး ရွိေနသည္။

သားသမီးမ်ား အသက္ႀကီးလာသည္ႏွင့္အမွ် မိဘမ်ားက အိမ္အသစ္မ်ား ေဆာက္လုပ္ရန္ ႀကိဳးစားခဲ့ၿပီး ၿပီးခဲ့သည့္ႏွစ္ကတည္းက စတင္စီစဥ္ေနခဲ့ၾကသည္။ အဲဒီအတြက္ သူတို႔မွာ လုံေလာက္တဲ့ေငြကို စုထားႏိုင္ခဲ့သည္။ က်င့္ယိက မၾကာမီ ဆယ့္ေျခာက္ႏွစ္ ျပည့္ေတာ့မည္ ျဖစ္ေသာေၾကာင့္ အိမ္သစ္ကို အျမန္ေဆာက္ရန္ လိုအပ္သည္။ ဒီလိုမွမဟုတ္ရင္ ၾကင္စဦးဇနီးေမာင္ႏွံက ညီငယ္ေလးနဲ႔ တစ္ခန္းတည္းေနႏိုင္မွာ မဟုတ္ဘူး။ အဲ့လိုေနရာရင္လည္း အဆင္မေျပႏိုင္ပါဘူး။

ဒါေပမယ့္ အစီအစဥ္မ်ားက အၿမဲတမ္း ေျပာင္းလဲမႈမ်ားေနႏိုင္ၿပီး ဆႏၵမ်ားႏွင့္ မကိုက္ညီတက္ေပ။ မေမွ်ာ္လင့္ထားတဲ့ အျဖစ္အပ်က္ေတြက ေန႔ခ်င္းညခ်င္း ျဖစ္သြားႏိုင္သည္။

က်င့္မိသားစုက တစ္ညတည္းတြင္ အရာအားလုံးကို အစမွ စတင္ရေတာ့မည္ ျဖစ္သည္။

ညဥ့္နက္လာသည္ႏွင့္အမွ် အိပ္ရန္ အခ်ိန္‌ေရာက္လာၿပီျဖစ္ကာ မနက္ျဖန္က ေမွ်ာ္မွန္းထားသည့္ ေန႔တစ္ေန႔ ျဖစ္လာေပလိမ့္မည္။

💜💜💜Thank you so much for your reading time, Votes , comments, and supports💜💜💜

Fortsätt läs

Du kommer också att gilla

29.8K 461 14
DELULU & GUILT PLEASURE
201K 7.9K 30
""SIT THERE AND TAKE IT LIKE A GOOD GIRL"" YOU,DIRTY,DIRTY GIRL ,I WAS TALKING ABOUT THE BOOK🌝🌚
55K 2K 20
"You can defeat my personal space, I never liked it anyways."
167K 3.5K 35
"best friends can kiss, right?" "totally!" IN WHICH... mikey howard doesn't seem to understand why she gets so happy when he talks to her. (SHARK...