အပိုင်း (၁)
ရွာထဲကိုဓားပြဝင်ပေမယ့် ရွာကလူတွေမှာတုန်လှုပ်မှုမရှိ။
မြင်းခွာသံတွေမြေပေါ်ဆူညံနေပေမယ့် သူတို့အတွက်ကရိုးသွားတဲ့သံစဥ်တွေလို။ပုံမှန်အတိုင်း နေထိုင်သွားလာနေတာ ဓားပြတွေကိုမြင်ပါများတော့ရိုးသွားသလို။ အမှန်က ရိုးသွားတာမဟုတ်သလို အလေးအနက်မထားတာလည်းမဟုတ်။
ဓားပြတွေလား?မကြောက်ဘဲနေမလား။ သေနတ်တွေဓားတွေနဲ့ လူ့အသက်တွေကိုပုရွတ်ဆိတ်သတ်သလိုသတ်တဲ့လူကြမ်းတွေလေ။ မော်လို့တောင်မကြည့်ရဲအောင်
အသည်းထဲထိကြောက်ရမှာ။
ဒါပေမဲ့ မဟာမြိုင်တောအုပ်ကြီးအနီးနားကရွာတွေကတော့ တောအုပ်ထဲစခန်းချထားတဲ့လူကြမ်းတွေကို သူတို့ရဲ့အစောင့်အရှောက်လို့သတ်မှတ်ထားသည်။
ဒါ သူတို့အပြစ်လို့ပြောလို့မရပင်။ ဆင်းရဲတဲ့ရွာတွေ
အရာရာမှာတိမ်မြှုပ်နေတဲ့ရွာတွေမို့ ဒီဓားပြတွေကိုသာ
သူတို့မကိုးကွယ်ရင် ဒီမြေပေါ်မှာသူတို့ရဲ့ရွာဆိုတာမရှိတော့။ အကုန်လုံးကိုအထက်တန်းလူတန်းစားတွေက
အပိုင်စီးကုန်မှာ။
ဓားပြတွေဆိုပေမယ့် တရားမျှတမှုကိုရှာပေးတယ်။
ဓားပြဗိုလ်ကြီးဘုန်းဗညားဆိုတာ ဓားသာကိုင်ပေမယ့်
ပန်းတွေလည်းပျိုးတတ်သေးတာ။ လူချမ်းသာတွေ
အောက်ခြေလူတန်းစားတွေကိုလက်ဝါးကြီးအုပ်ဖိနှိပ်နေတဲ့ လူတွေဆီကခိုးပြီး ဆင်းရဲသားတွေကိုပြန်မျှဝေပေးနေ
သည်မှာ နှစ်ပေါင်းဆယ်နဲ့ချီနေပြီ။
ကြင်နာပြီးတရားမျှတတ်မှုရှိတဲ့လူမို့လို့လည်း ဓားပြအင်အားက ကြာလေကြာလေ ပိုတိုးလာနေတာ။
ယခုမဟာမြိုင်မှာ ဓားပြအင်အားက ရာကျော်လို့
ထောင်ဂဏန်းတောင်ရှိနေလောက်ပြီပေါ့။
အမြဲလိုလိုမျက်နှာအုပ်ထား မျက်လုံးနှစ်လုံးသာပေးပေါ်တတ်တဲ့ ဓားပြဗိုလ်ဟာ ဒီနှစ်မှာတော့ အတော်လေး
ပြောင်းလဲလာပါပြီ။ ရွာက သူကြီးသား နေရီလေးကို
မေတ္တာသက်ဝင်နေခဲ့လို့တဲ့။ သူအမြဲတမ်းဖွက်ထားတဲ့
သူ့ရဲ့ ပျိုတိုင်းကြိုက်မျက်နှာကို သူကိုယ်တိုင်ထုတ်ပြလာပြီ။ ရီလိုက်ရင် ပါးချိုင်းကလေး ခွက်နေတတ်တာကို
နေရီလေး ကျေးဇူးကြောင့်သာ အားလုံးကသိခွင့်ရခဲ့တာ။
နေရီလေးကအပျိုမဟုတ်တဲ့လူပျိုဆိုတာဓားပြကြီး
မသိခဲ့လေသလားလို့မေးရင် ဓားပြကြီးက ရယ်လိမ့်မည်။
အမြဲလိုလိုသူကြီးအိမ်ကိုဝင်ထွက်နေတာ သေချာပေါက်
နေရီလေးကြောင့်ပေါ့။ သူကြီးရဲ့သမီးတွေကိုမှမမြင် သားကိုမှမြင်တယ်ဆိုတာကလည်း ဘဝတစ်ကွေ့ရဲ့
ဆန်းကြယ်ခြင်းတွေပါပဲ။
''နေရီရေ ဗိုလ်ကြီးလာတွေ့တယ်''
မိထွေးကအသံပေးသော် အိမ်နောက်ဖေးမှာပုပ်ပုပ်ကြီးထိုင်နေတဲ့နေရီက မျက်စောင်းနဲ့ဆတ်ခနဲလှည့်လာပြီး
ပြန်လှည့်သွားသည်။ အရိပ်လေးထွက်လာတာမမြင်ရတော့ ဓားပြကြီးကပဲ အိမ်နောက်ဖေးကို ဝင်လိုက်ရသည်။အိမ်နောက်ဖေးမှာ ကားကားထိုင်နေတဲ့နေရီလေးကား မျက်နှာပုပ်သးလို့။ မီးခိုရောင်ဆံပင်လေးက
နူးညံ့သလောက် မျက်တောင်ကောက်ကောက်နဲ့ရွှေသမင်မျက်လုံးလေးတွေက အရိုင်းဆန်သည်။
''ဘာလုပ်နေသလဲ နေရီ''
''အားယားလို့ပေါင်ကြားငုံ့ကြည့်နေတာ ဗိုလ်ကြီး''
စေ့ထားတဲ့နှုတ်ခမ်းပါးပါးလေးဆီက ရုပ်လေးနဲ့မလိုက်တဲ့စကား။
''ကိုယ်ဖြင့်လွမ်းလို့အပြေးလေးရောက်လာတာ
နေရီလေးရက်စက်ပါ့''
''လက်ခလယ်ယူ ဗိုလ်ကြီး''
လက်ခလယ်သွယ်သွယ်လေးကိုထောင်ပြလာသဖြင့်
ဓားပြကြီးပါးမှာ လခြမ်းကွေးကထင်းခနဲပေါ်လာသည်။
နေရီလေးက ကလေးဆန်ဆန် စိတ်ဆိုးနေတာ။
ဝါးကြမ်းပြင်ကိုဆွဲ ဆွဲခွာနေပြီး နှုတ်ခမ်းလေးက တဖြည်းဖြည်းနဲ့ ပိုထော်ထွက်လာနေသည်။
''အကြီးမြိုင်ကဘာလုပ်လိုက်သလဲ နေရီ
ကိုယ့်ကိုပြော ကိုယ်ကောင်းကောင်းဆုံးမပေးမယ်''
နေရီလေးက မိထွေးနဲ့မိထွေးရဲ့သမီးနှစ်ယောက်ကိုလုံးဝ
မကြည်။ အိမ်ပေါ်မိထွေးနဲ့သမီးတွေတက်လာလို့
အနိုင်ကျင့်ခံရမယ်မထင်နဲ့။ မိထွေးကအမေအရင်းလိုကောင်းပေးသလို သမီးနှစ်ယောက်ကလည်း နေရီလေးကို
မောင်အရင်းလိုချစ်ရှာတာ။ နေရီကသာ သူတို့ကိုမကြည်။ ရွာမှာ သူကြီးသားနေရီလေးဘယ်လောက်ကလေးဆန်ပြီး
ဘယ်လောက်အနိူင်ယူတတ်လဲဆိုတာမသိတဲ့လူမရှိ။
''ကိုယ်တစ်ပတ်နှစ်ပတ်လောက်ခရီးသွားမယ် နေရီ
ကောင်းကောင်းလေးနေခဲ့ တအားတွေစိတ်မဆိုးနဲ့
ဘယ်သူကအနိုင်ကျင့်ပြီးဘယ်သူကဘာပြောသလဲ
နေရီလေး ရေးချထားခဲ့ ကိုယ်ပြန်လာရင်ဆုံးမပေးမယ်''
လာရတဲ့အကြောင်းအရင်းပေါ့။ ဓားပြကြီးမှာ ကိစ္စက
လနဲ့ချီလောက်ပေမယ့် နောက်ဆံတင်းလို့ တစ်ပတ်နဲ့
အပြီးသတ်ဖို့တွေးထားတာ။ အပျိုတွေထက်ပိုလှလို့
ရင်ခုန်နေရတဲ့အလှလေးကိုမခွဲရသေးခင် တဝကြီး
ထိုင်ကြည့်နေမိသည်။
ရာဇဝင်တွင်မယ့်အလှလေးကတော့ မျက်တောင်တခတ်ခတ်ဖြင့် သူ့အကြည့်တွေကိုစိတ်ရှုပ်သလို မျက်မှောင်ကုတ်သည်။
''ပထွေးနဲ့တူလို့ ထိုင်ကြည့်နေသလား ဗိုလ်ကြီး''
ရန်လိုတတ်တဲ့နေရီလေးအနား သူမျက်နှာတိုးကပ်လိုက်
သည့်အခါ နေရီလေးနဲ့ခပ်စူးစူးမျက်ဝန်းလေးဟာ
လဝန်းလေးလိုဝိုင်းစက်သွားသည်။
''မေတ္တာရှိလို့ပေါ့ နေရီလေး စောင့်နေပေးနော်
ကိုယ်ပြန်လာတာနဲ့ နေရီလေးကို လာတောင်းမယ်''
''ဆုတောင်း!''
''ဆုတောင်းလို့ပြည့်မယ်ဆိုရင် နေရီလေးဗိုက်ထဲမှာ
ကိုယ့်ရင်သွေးလေးရှိနေပြီပေါ့''
ဗိုက်သေးသေးကိုထိဖို့လုပ်တော့ နေရီလေးကသူ့ဗိုက်သူဖုံးပြီး အောက်နှုတ်ခမ်းကိုဖိကိုက်လိုက်သည်။
''ဗိုလ်ကြီးဖြစ်နေလို့နော် ''
မကျေနပ်တာကိုနှုတ်ခမ်းရွဲ့မျက်ခုံးကျုံ့ပြီး ပြနေသည်။
နေရီလေးကို ဓားပြကြီး စကြွေခဲ့တာ ရွာထဲကိုကိုယ်တိုင်
စဝင်ခဲ့တဲ့နေ့ကပေါ့။ဖအေနဲ့မိထွေးတို့ကိုရန်လို သောင်းကျန်းတာ ဘယ်သူကမှ မတားရဲ။ သူကြီး
ကလည်းသူ့သားကိုထိရင် ဓားမကြီးတန်းထုတ်ပြတာ။
သူကြီးတို့အိမ်ကဆူညံတာမို့ ရွာသားတွေက သူ့ကို
အကူအညီလာတောင်းခြင်း။ မျက်မှောင်ကြုတ်ထားပြီး
အရိုင်းဆန်တဲ့ မျက်ဝန်းလေးနဲ့သူ့ကိုလှည့်ကြည့်လာတဲ့
နေရီလေးကို မျက်စိတစ်မှိတ်အတွင်းမှာပဲသူချစ်မိသွားခဲ့သည်။
တကယ့်ကို မျက်စိတစ်မှိတ်အတွင်းတင်။
''ကိုယ်မရှိတုန်း နေရီလေးသုံးဖို့''
လက်နူးနူးညံ့ညံ့လေးထဲကို ဒင်္ဂါးပြားတစ်ထုပ်ထည့်ပေးလိုက်သည်။ နေရီလေးက ချက်ချင်းခါထုတ်ပြီး
ကလေးတစ်ယောက်လို သူ့လက်နှစ်ဖက်ကို ဘေးရွှေ့
ပြီးဖွက်နေသည်။
''မယူ မလို''
အငြင်းခံရတော့ ဓားပြကြီးမှာ ခပ်ရေးရေးပြုံးသည်။
နေရီလေးက ပြတ်သားတဲ့နေရာမှာ အရမ်းတော်တာ။
၁၆ ၁၇ သာသာရှိသေးပေမယ့် ရွာမှာ အသွက်လက်ဆုံး
စိတ်အားသန်မာဆုံးနဲ့ပြဿနာအရှာဆုံး။
သေးသလောက်အဆိပ်ပြင်းတာ နေရီလေးမှ နေရီလေးအစစ်။
~~~~
''နေရီ ဘယ်သွားမလို့တုန်း''
ပလိုင်ကိုလွယ် ဓားမကြီးဆွဲကိုင်ရင်း အိမ်အောက်ဆင်းသွားတဲ့နေရီလေးကြောင့် မိထွေးကြီး မြိုင်သူဇာမှာ
အလန့်အကြီးဖြစ်ရသည်။
ညနေ နေရီရီအချိန်ကလေးမှာမွေးတဲ့နေရီလေးက
ညနေဘက်တွေမှာငြိမ်နေသလောက် မနက်နေ့ခင်းကြောင်တောင်ချိန်ဆို တအားမွှေတာ။
မိထွေးအမေးကို မျက်စောင်းနဲ့ဆတ်ခနဲလှည့်လာပြီး စိတ်ကြီးကြီးနဲ့တုံ့ပြန်သည်။ ဖအေပြောတာတောင်
လက်မခံတဲ့သူက မိထွေးကိုဆိုဝေးရောပေါ့။
မေးတာကိုမဖြေဘဲ ထပ်သွားနေတော့ ဒေါ်မြိုင်သူဇာ
အိမ်ပေါ်ကအမြန်ပြေးဆင်းရသည်။ နေရီအဖေကလည်း
အလုပ်ကိစ္စနဲ့ခရီးထွက်နေတာ။
''နေရီ တောထဲကိုသွားမယ်လို့တော့စိတ်မကူးနဲ့
တောမှာသားရိုင်းတွေပေါတာမသိလေသလား''
''ကျုပ်ကိုင်ထားတာဓားမ မျက်လုံးကျယ်ကျယ်ပြူးပြီး
ကြည့်စမ်းချေ''
ဓားမကိုထောင်ပြလာပြီး နေရီက သူ့ခြေလှမ်းကို ပေးမြန်လေသည်။ ဒေါ်မြိုင်သူဇာ နဖူးကိုရိုက်ရင်း ငိုမိတော့မတတ် ပင့်သက်ရှိုက်သည်။ နေရီလေးကသူမကိုမကြည်လို့သူမစကားနားမထောင်တာ သူမသိသည်။ ယခုလိုပြောနေတာကလည်း သူမစကားကိုနားထောင်စေချင်လို့မဟုတ်။ နေရီလေး လုံခြုံဖို့အတွက်သက်သက်သာ။
''အကြီးမ သမီး နေရီ နောက်လိုက်သွားချေ
တောထဲဘာခေါ်သံကြားကြားမထူးနဲ့ လမ်းပျောက်ရင်လည်း မအော်နဲ့ ကြားသလား''
''ကြားပါ့ မေမေ''
သမီးကြီးဖြစ်သူက အလျင်အမြန်ပါဘဲ ပုလိုင်းကိုကောက်လွယ် ဓားမ ကောက်ကိုင်ပြီး နေရီလေးနောက်ပြေးလိုက်သည်။ ဒေါ်မြိုင်သူဇာ တစ်ယောက် အပူမီးတွေခံစားနေရသဖြင့် အိမ်ပေါ်အမြန်တက်ပြီး ဘုရားစင်ပေါ်တွင်
ဖယောင်းတိုင် ၃ တိုင်ထွန်းပြီး တောထဲဝင်သွားတဲ့
သားနဲ့သမီးဖြစ်သူလုံခြုံဖို့ဆုတောင်းနေသည်။
မဟာမြိုင်တို့နာမည်ကြီးတဲ့ခေတ်ကာလဆိုတာ လူတွေမှာ
ဘက်စုံနေအောင်ကြောက်ရသည်။ တောထဲလမ်းပျောက်လို့အော်များခေါ်မိလျှင်အသံကိုတုပြီးအသံပေးလာတဲ့
စုန်းမိစ္ဆာတွေကခပ်ပေါပေါ။ နေဝင်မိုးချူပ်ပြီဆို
ကလေးတွေကိုဖမ်းစားဖို့ လာချောင်းနေတဲ့ဘီလူးတွေအန္တရာယ်ကလည်းရှိသေးသည်။တောဝက်ခုတ်လို့ ဝက်ဝံကိုက်လို့လည်းသေခဲ့ရတဲ့လူတွေမနည်းမ။ ညမိုးချုပ်ပြီဆိုတာနဲ့ ခွေးအူသံ ဝံပုလွေအူသံတွေက ခြောက်လှန့်ပြန်သည်။
ဒေါ်မြိုင်သူဇာ လက်အုပ်ချီကာ ဘုရားကိုအာရုံပြုရင်း
ထွန်းထားတဲ့ဖယောင်းတိုင် ၃ ချောင်းကိုလည်း
စောင့်ကြည့်နေသည်။ ဖယောင်းတိုင်တွေ မီးသေသွားပါက မကောင်းတဲ့နမိတ်မို့မီးမသေအောင် ဘုရားကိုအာရုံပြုပြီးဆုတောင်းရသည်။
ဘိုးခေတ်မှာ လူတွေဟာ
အန္တာရယ်ကိုဒီလိုပဲကာကွယ်ကြတာ။
ဒါကလည်း လူတချို့ရဲ့အယူတွေပါပဲ။
တချို့ကတော့ မယုံကြ။
<><><><><<><><><><<><<><<<<><<<<<<><><<><<
အပိုင္း (၁)
႐ြာထဲကိုဓားျပဝင္ေပမယ့္ ႐ြာကလူေတြမွာတုန္လႈပ္မႈမရွိ။
ျမင္းခြာသံေတြေျမေပၚဆူညံေနေပမယ့္ သူတို႔အတြက္ကရိုးသြားတဲ့သံစဥ္ေတြလို။ပုံမွန္အတိုင္း ေနထိုင္သြားလာေနတာ ဓားျပေတြကိုျမင္ပါမ်ားေတာ့ရိုးသြားသလို။ အမွန္က ရိုးသြားတာမဟုတ္သလို အေလးအနက္မထားတာလည္းမဟုတ္။
ဓားျပေတြလား?မေၾကာက္ဘဲေနမလား။ ေသနတ္ေတြဓားေတြနဲ႕ လူ႕အသက္ေတြကိုပု႐ြတ္ဆိတ္သတ္သလိုသတ္တဲ့လူၾကမ္းေတြေလ။ ေမာ္လို႔ေတာင္မၾကည့္ရဲေအာင္
အသည္းထဲထိေၾကာက္ရမွာ။
ဒါေပမဲ့ မဟာၿမိဳင္ေတာအုပ္ႀကီးအနီးနားက႐ြာေတြကေတာ့ ေတာအုပ္ထဲစခန္းခ်ထားတဲ့လူၾကမ္းေတြကို သူတို႔ရဲ႕အေစာင့္အေရွာက္လို႔သတ္မွတ္ထားသည္။
ဒါ သူတို႔အျပစ္လို႔ေျပာလို႔မရပင္။ ဆင္းရဲတဲ့႐ြာေတြ
အရာရာမွာတိမ္ျမႇုပ္ေနတဲ့႐ြာေတြမို႔ ဒီဓားျပေတြကိုသာ
သူတို႔မကိုးကြယ္ရင္ ဒီေျမေပၚမွာသူတို႔ရဲ႕႐ြာဆိုတာမရွိေတာ့။ အကုန္လုံးကိုအထက္တန္းလူတန္းစားေတြက
အပိုင္စီးကုန္မွာ။
ဓားျပေတြဆိုေပမယ့္ တရားမွ်တမႈကိုရွာေပးတယ္။
ဓားျပဗိုလ္ႀကီးဘုန္းဗညားဆိုတာ ဓားသာကိုင္ေပမယ့္
ပန္းေတြလည္းပ်ိဳးတတ္ေသးတာ။ လူခ်မ္းသာေတြ
ေအာက္ေျခလူတန္းစားေတြကိုလက္ဝါးႀကီးအုပ္ဖိႏွိပ္ေနတဲ့ လူေတြဆီကခိုးၿပီး ဆင္းရဲသားေတြကိုျပန္မွ်ေဝေပးေန
သည္မွာ ႏွစ္ေပါင္းဆယ္နဲ႕ခ်ီေနၿပီ။
ၾကင္နာၿပီးတရားမွ်တတ္မႈရွိတဲ့လူမို႔လို႔လည္း ဓားျပအင္အားက ၾကာေလၾကာေလ ပိုတိုးလာေနတာ။
ယခုမဟာၿမိဳင္မွာ ဓားျပအင္အားက ရာေက်ာ္လို႔
ေထာင္ဂဏန္းေတာင္ရွိေနေလာက္ၿပီေပါ့။
အၿမဲလိုလိုမ်က္ႏွာအုပ္ထား မ်က္လုံးႏွစ္လုံးသာေပးေပၚတတ္တဲ့ ဓားျပဗိုလ္ဟာ ဒီႏွစ္မွာေတာ့ အေတာ္ေလး
ေျပာင္းလဲလာပါၿပီ။ ႐ြာက သူႀကီးသား ေနရီေလးကို
ေမတၱာသက္ဝင္ေနခဲ့လို႔တဲ့။ သူအၿမဲတမ္းဖြက္ထားတဲ့
သူ႕ရဲ႕ ပ်ိဳတိုင္းႀကိဳက္မ်က္ႏွာကို သူကိုယ္တိုင္ထုတ္ျပလာၿပီ။ ရီလိုက္ရင္ ပါးခ်ိဳင္းကေလး ခြက္ေနတတ္တာကို
ေနရီေလး ေက်းဇူးေၾကာင့္သာ အားလုံးကသိခြင့္ရခဲ့တာ။
ေနရီေလးကအပ်ိဳမဟုတ္တဲ့လူပ်ိဳဆိုတာဓားျပႀကီး
မသိခဲ့ေလသလားလို႔ေမးရင္ ဓားျပႀကီးက ရယ္လိမ့္မည္။
အၿမဲလိုလိုသူႀကီးအိမ္ကိုဝင္ထြက္ေနတာ ေသခ်ာေပါက္
ေနရီေလးေၾကာင့္ေပါ့။ သူႀကီးရဲ႕သမီးေတြကိုမွမျမင္ သားကိုမွျမင္တယ္ဆိုတာကလည္း ဘဝတစ္ေကြ႕ရဲ႕
ဆန္းၾကယ္ျခင္းေတြပါပဲ။
''ေနရီေရ ဗိုလ္ႀကီးလာေတြ႕တယ္''
မိေထြးကအသံေပးေသာ္ အိမ္ေနာက္ေဖးမွာပုပ္ပုပ္ႀကီးထိုင္ေနတဲ့ေနရီက မ်က္ေစာင္းနဲ႕ဆတ္ခနဲလွည့္လာၿပီး
ျပန္လွည့္သြားသည္။ အရိပ္ေလးထြက္လာတာမျမင္ရေတာ့ ဓားျပႀကီးကပဲ အိမ္ေနာက္ေဖးကို ဝင္လိုက္ရသည္။အိမ္ေနာက္ေဖးမွာ ကားကားထိုင္ေနတဲ့ေနရီေလးကား မ်က္ႏွာပုပ္သးလို႔။ မီးခိုေရာင္ဆံပင္ေလးက
ႏူးညံ့သေလာက္ မ်က္ေတာင္ေကာက္ေကာက္နဲ႕ေ႐ႊသမင္မ်က္လုံးေလးေတြက အရိုင္းဆန္သည္။
''ဘာလုပ္ေနသလဲ ေနရီ''
''အားယားလို႔ေပါင္ၾကားငုံ႕ၾကည့္ေနတာ ဗိုလ္ႀကီး''
ေစ့ထားတဲ့ႏႈတ္ခမ္းပါးပါးေလးဆီက ႐ုပ္ေလးနဲ႕မလိုက္တဲ့စကား။
''ကိုယ္ျဖင့္လြမ္းလို႔အေျပးေလးေရာက္လာတာ
ေနရီေလးရက္စက္ပါ့''
''လက္ခလယ္ယူ ဗိုလ္ႀကီး''
လက္ခလယ္သြယ္သြယ္ေလးကိုေထာင္ျပလာသျဖင့္
ဓားျပႀကီးပါးမွာ လျခမ္းေကြးကထင္းခနဲေပၚလာသည္။
ေနရီေလးက ကေလးဆန္ဆန္ စိတ္ဆိုးေနတာ။
ဝါးၾကမ္းျပင္ကိုဆြဲ ဆြဲခြာေနၿပီး ႏႈတ္ခမ္းေလးက တျဖည္းျဖည္းနဲ႕ ပိုေထာ္ထြက္လာေနသည္။
''အႀကီးၿမိဳင္ကဘာလုပ္လိုက္သလဲ ေနရီ
ကိုယ့္ကိုေျပာ ကိုယ္ေကာင္းေကာင္းဆုံးမေပးမယ္''
ေနရီေလးက မိေထြးနဲ႕မိေထြးရဲ႕သမီးႏွစ္ေယာက္ကိုလုံးဝ
မၾကည္။ အိမ္ေပၚမိေထြးနဲ႕သမီးေတြတက္လာလို႔
အနိုင္က်င့္ခံရမယ္မထင္နဲ႕။ မိေထြးကအေမအရင္းလိုေကာင္းေပးသလို သမီးႏွစ္ေယာက္ကလည္း ေနရီေလးကို
ေမာင္အရင္းလိုခ်စ္ရွာတာ။ ေနရီကသာ သူတို႔ကိုမၾကည္။ ႐ြာမွာ သူႀကီးသားေနရီေလးဘယ္ေလာက္ကေလးဆန္ၿပီး
ဘယ္ေလာက္အနိူင္ယူတတ္လဲဆိုတာမသိတဲ့လူမရွိ။
''ကိုယ္တစ္ပတ္ႏွစ္ပတ္ေလာက္ခရီးသြားမယ္ ေနရီ
ေကာင္းေကာင္းေလးေနခဲ့ တအားေတြစိတ္မဆိုးနဲ႕
ဘယ္သူကအနိုင္က်င့္ၿပီးဘယ္သူကဘာေျပာသလဲ
ေနရီေလး ေရးခ်ထားခဲ့ ကိုယ္ျပန္လာရင္ဆုံးမေပးမယ္''
လာရတဲ့အေၾကာင္းအရင္းေပါ့။ ဓားျပႀကီးမွာ ကိစၥက
လနဲ႕ခ်ီေလာက္ေပမယ့္ ေနာက္ဆံတင္းလို႔ တစ္ပတ္နဲ႕
အၿပီးသတ္ဖို႔ေတြးထားတာ။ အပ်ိဳေတြထက္ပိုလွလို႔
ရင္ခုန္ေနရတဲ့အလွေလးကိုမခြဲရေသးခင္ တဝႀကီး
ထိုင္ၾကည့္ေနမိသည္။
ရာဇဝင္တြင္မယ့္အလွေလးကေတာ့ မ်က္ေတာင္တခတ္ခတ္ျဖင့္ သူ႕အၾကည့္ေတြကိုစိတ္ရႈပ္သလို မ်က္ေမွာင္ကုတ္သည္။
''ပေထြးနဲ႕တူလို႔ ထိုင္ၾကည့္ေနသလား ဗိုလ္ႀကီး''
ရန္လိုတတ္တဲ့ေနရီေလးအနား သူမ်က္ႏွာတိုးကပ္လိုက္
သည့္အခါ ေနရီေလးနဲ႕ခပ္စူးစူးမ်က္ဝန္းေလးဟာ
လဝန္းေလးလိုဝိုင္းစက္သြားသည္။
''ေမတၱာရွိလို႔ေပါ့ ေနရီေလး ေစာင့္ေနေပးေနာ္
ကိုယ္ျပန္လာတာနဲ႕ ေနရီေလးကို လာေတာင္းမယ္''
''ဆုေတာင္း!''
''ဆုေတာင္းလို႔ျပည့္မယ္ဆိုရင္ ေနရီေလးဗိုက္ထဲမွာ
ကိုယ့္ရင္ေသြးေလးရွိေနၿပီေပါ့''
ဗိုက္ေသးေသးကိုထိဖို႔လုပ္ေတာ့ ေနရီေလးကသူ႕ဗိုက္သူဖုံးၿပီး ေအာက္ႏႈတ္ခမ္းကိုဖိကိုက္လိုက္သည္။
''ဗိုလ္ႀကီးျဖစ္ေနလို႔ေနာ္ ''
မေက်နပ္တာကိုႏႈတ္ခမ္း႐ြဲ႕မ်က္ခုံးက်ဳံ႕ၿပီး ျပေနသည္။
ေနရီေလးကို ဓားျပႀကီး စေႂကြခဲ့တာ ႐ြာထဲကိုကိုယ္တိုင္
စဝင္ခဲ့တဲ့ေန႕ကေပါ့။ဖေအနဲ႕မိေထြးတို႔ကိုရန္လို ေသာင္းက်န္းတာ ဘယ္သူကမွ မတားရဲ။ သူႀကီး
ကလည္းသူ႕သားကိုထိရင္ ဓားမႀကီးတန္းထုတ္ျပတာ။
သူႀကီးတို႔အိမ္ကဆူညံတာမို႔ ႐ြာသားေတြက သူ႕ကို
အကူအညီလာေတာင္းျခင္း။ မ်က္ေမွာင္ၾကဳတ္ထားၿပီး
အရိုင္းဆန္တဲ့ မ်က္ဝန္းေလးနဲ႕သူ႕ကိုလွည့္ၾကည့္လာတဲ့
ေနရီေလးကို မ်က္စိတစ္မွိတ္အတြင္းမွာပဲသူခ်စ္မိသြားခဲ့သည္။
တကယ့္ကို မ်က္စိတစ္မွိတ္အတြင္းတင္။
''ကိုယ္မရွိတုန္း ေနရီေလးသုံးဖို႔''
လက္ႏူးႏူးညံ့ညံ့ေလးထဲကို ဒဂၤါးျပားတစ္ထုပ္ထည့္ေပးလိုက္သည္။ ေနရီေလးက ခ်က္ခ်င္းခါထုတ္ၿပီး
ကေလးတစ္ေယာက္လို သူ႕လက္ႏွစ္ဖက္ကို ေဘးေ႐ႊ႕
ၿပီးဖြက္ေနသည္။
''မယူ မလို''
အျငင္းခံရေတာ့ ဓားျပႀကီးမွာ ခပ္ေရးေရးၿပဳံးသည္။
ေနရီေလးက ျပတ္သားတဲ့ေနရာမွာ အရမ္းေတာ္တာ။
၁၆ ၁၇ သာသာရွိေသးေပမယ့္ ႐ြာမွာ အသြက္လက္ဆုံး
စိတ္အားသန္မာဆုံးနဲ႕ျပႆနာအရွာဆုံး။
ေသးသေလာက္အဆိပ္ျပင္းတာ ေနရီေလးမွ ေနရီေလးအစစ္။
~~~~
''ေနရီ ဘယ္သြားမလို႔တုန္း''
ပလိုင္ကိုလြယ္ ဓားမႀကီးဆြဲကိုင္ရင္း အိမ္ေအာက္ဆင္းသြားတဲ့ေနရီေလးေၾကာင့္ မိေထြးႀကီး ၿမိဳင္သူဇာမွာ
အလန့္အႀကီးျဖစ္ရသည္။
ညေန ေနရီရီအခ်ိန္ကေလးမွာေမြးတဲ့ေနရီေလးက
ညေနဘက္ေတြမွာၿငိမ္ေနသေလာက္ မနက္ေန႕ခင္းေၾကာင္ေတာင္ခ်ိန္ဆို တအားေမႊတာ။
မိေထြးအေမးကို မ်က္ေစာင္းနဲ႕ဆတ္ခနဲလွည့္လာၿပီး စိတ္ႀကီးႀကီးနဲ႕တုံ႕ျပန္သည္။ ဖေအေျပာတာေတာင္
လက္မခံတဲ့သူက မိေထြးကိုဆိုေဝးေရာေပါ့။
ေမးတာကိုမေျဖဘဲ ထပ္သြားေနေတာ့ ေဒၚၿမိဳင္သူဇာ
အိမ္ေပၚကအျမန္ေျပးဆင္းရသည္။ ေနရီအေဖကလည္း
အလုပ္ကိစၥနဲ႕ခရီးထြက္ေနတာ။
''ေနရီ ေတာထဲကိုသြားမယ္လို႔ေတာ့စိတ္မကူးနဲ႕
ေတာမွာသားရိုင္းေတြေပါတာမသိေလသလား''
''က်ဳပ္ကိုင္ထားတာဓားမ မ်က္လုံးက်ယ္က်ယ္ျပဴးၿပီး
ၾကည့္စမ္းေခ်''
ဓားမကိုေထာင္ျပလာၿပီး ေနရီက သူ႕ေျခလွမ္းကို ေပးျမန္ေလသည္။ ေဒၚၿမိဳင္သူဇာ နဖူးကိုရိုက္ရင္း ငိုမိေတာ့မတတ္ ပင့္သက္ရွိုက္သည္။ ေနရီေလးကသူမကိုမၾကည္လို႔သူမစကားနားမေထာင္တာ သူမသိသည္။ ယခုလိုေျပာေနတာကလည္း သူမစကားကိုနားေထာင္ေစခ်င္လို႔မဟုတ္။ ေနရီေလး လုံၿခဳံဖို႔အတြက္သက္သက္သာ။
''အႀကီးမ သမီး ေနရီ ေနာက္လိုက္သြားေခ်
ေတာထဲဘာေခၚသံၾကားၾကားမထူးနဲ႕ လမ္းေပ်ာက္ရင္လည္း မေအာ္နဲ႕ ၾကားသလား''
''ၾကားပါ့ ေမေမ''
သမီးႀကီးျဖစ္သူက အလ်င္အျမန္ပါဘဲ ပုလိုင္းကိုေကာက္လြယ္ ဓားမ ေကာက္ကိုင္ၿပီး ေနရီေလးေနာက္ေျပးလိုက္သည္။ ေဒၚၿမိဳင္သူဇာ တစ္ေယာက္ အပူမီးေတြခံစားေနရသျဖင့္ အိမ္ေပၚအျမန္တက္ၿပီး ဘုရားစင္ေပၚတြင္
ဖေယာင္းတိုင္ ၃ တိုင္ထြန္းၿပီး ေတာထဲဝင္သြားတဲ့
သားနဲ႕သမီးျဖစ္သူလုံၿခဳံဖို႔ဆုေတာင္းေနသည္။
မဟာၿမိဳင္တို႔နာမည္ႀကီးတဲ့ေခတ္ကာလဆိုတာ လူေတြမွာ
ဘက္စုံေနေအာင္ေၾကာက္ရသည္။ ေတာထဲလမ္းေပ်ာက္လို႔ေအာ္မ်ားေခၚမိလွ်င္အသံကိုတုၿပီးအသံေပးလာတဲ့
စုန္းမိစ္ဆာေတြကခပ္ေပါေပါ။ ေနဝင္မိုးခ်ဴပ္ၿပီဆို
ကေလးေတြကိုဖမ္းစားဖို႔ လာေခ်ာင္းေနတဲ့ဘီလူးေတြအႏၱရာယ္ကလည္းရွိေသးသည္။ေတာဝက္ခုတ္လို႔ ဝက္ဝံကိုက္လို႔လည္းေသခဲ့ရတဲ့လူေတြမနည္းမ။ ညမိုးခ်ဳပ္ၿပီဆိုတာနဲ႕ ေခြးအူသံ ဝံပုေလြအူသံေတြက ေျခာက္လွန့္ျပန္သည္။
ေဒၚၿမိဳင္သူဇာ လက္အုပ္ခ်ီကာ ဘုရားကိုအာ႐ုံျပဳရင္း
ထြန္းထားတဲ့ဖေယာင္းတိုင္ ၃ ေခ်ာင္းကိုလည္း
ေစာင့္ၾကည့္ေနသည္။ ဖေယာင္းတိုင္ေတြ မီးေသသြားပါက မေကာင္းတဲ့နမိတ္မို႔မီးမေသေအာင္ ဘုရားကိုအာ႐ုံျပဳၿပီးဆုေတာင္းရသည္။
ဘိုးေခတ္မွာ လူေတြဟာ
အႏၱာရယ္ကိုဒီလိုပဲကာကြယ္ၾကတာ။
ဒါကလည္း လူတခ်ိဳ႕ရဲ႕အယူေတြပါပဲ။
တခ်ိဳ႕ကေတာ့ မယုံၾက။