ချောက်ချားဖွယ်ရာဘော့စ်ကြီးကို...

Swae_Nyoe द्वारा

101K 14.1K 162

ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို... अधिक

Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
တယ်လီဂရုလေး ရရှိပါကြောင်း..
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
တယ်လီပေးဂရုပြီး‌ဆုံးပါကြောင်း...
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 74
Part 75
Part 76
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Telegram ကို လာခဲ့နော်
Part 96
Part 97
Completed in Telegram

Part 73

257 31 0
Swae_Nyoe द्वारा

73 01

အပိုင်း (73)

မြူထုအဖွဲ့က ရောက်လာသောအခါ တိုက်ပွဲက အဆုံးသတ်သွားပြီဖြစ်သည်။

လီရွှင်ဖုန်းက မြင်ကွင်းကို ကြည့်ပြီးနောက် ကျန်းကျိရင်ကို တစ်ဖန်ပြန်ကြည့်ပြီးမှသာ သူ၏ လူများနှင့်အတူ ထွက်ခွာသွားသည်။ မြူထုအဖွဲ့က ဒီညတာဝန်ရှိသည်။ ထို့ကြောင့် သူတို့က ဒီနေရာတွင် ဆက်နေရန်အကြောင်းပြချက် မရှိချေ။

လူတိုင်းကလည်း အခြေအနေကို ကြားကြပြီး ချက်ချင်းလိုလို လာကြည့်ကြသောအခါ ခေါင်းဆောင်ကျန်း၏ ဒဏ္ဍာရီလာကြောင်က အကျိုးပြုမှုအကြီးကြီး လုပ်လိုက်ကြောင်း သိလိုက်ရသည်။

ယင်ညန်က ရှက်နေပြီး ကျန်းကျိရင်၏ အိတ်ကပ်ထဲသို့ ပြန်လည် တိုးဝင်သွားသည်။ ထိုသို့ဖြင့် ခပ်တိုးတိုးသာ အော်နေတော့သည်။ အသင်းများမှ အမျိုးသမီးအများစုနှင့် ကောင်ငယ်လေးများကမူ တအံ့တသြ အော်ကြသည်။

"ချစ်စရာကောင်းလိုက်တာ"

"ခေါင်းဆောင်သူ့ကို ဒီလောက်အလိုလိုက်တာ အံ့သြစရာ မရှိတော့ပါဘူး၊ သူက တကယ် အင်အားကြီးတာကိုး"

"သူဘယ်သူလဲဆိုတာကို မင်းတို့သိရင် ဒီလိုတွေးတော့မယ် မထင်ဘူး"

ကျန်းကျိရင်က လျှို့ဝှက်စွာတွေးနေသည်။

သို့သော် သူကိုယ်တိုင်ကလည်း ကြောင်တစ်ကောင်အတွက် ထိုသို့လုပ်နိုင်ခြင်းက ပုံမှန်မဟုတ်ဟု ခံစားရသည်။ ထို့ကြောင့် အကြောင်းပြချက်တစ်ခု ရှာလိုက်သည်။

"သူက တစ်လမှ တစ်ကြိမ်လောက်ပဲ စွမ်းအားသုံးနိုင်တာ၊ ငါ့ရဲ့ လျှို့ဝှက်လက်နက်ပေါ့"

"ငါတို့ရဲ့ ဌာနမှာတုန်းက တာ့ရှန်းကို ဘာလို့မမြင်ရတာလဲ"

သူနှင့်အတူရှိခဲ့သည်မှာ ကြာပြီဖြစ်သည့် အဖွဲ့ဝင်ဟောင်းများထဲမှ တစ်ယောက်က အချိန်တန်ကြာသည့်အခါ သည်းမခံနိုင်ဘဲ မေးလာသည်။

ကျန်းကျိရင်က ဖျော့တော့စွာ ပြောသည်။

"အင်း ယင်ညန်က သူထွက်မသွားခင် လွန်ခဲ့တဲ့နှစ်ရက်လောက်ကမှ ငါ့ကို ပေးခဲ့တာလေ"

အားခုန်း၊ ရှောင်ကျင်းနှင့် အခြားသောလူများက တစ်ယောက်ကိုယ်တစ်ယောက်ကြည့်လိုက်ကြပြီး ဆိုလိုရာကို နားလည်သွားသလို ပြုမူကြသည်။ အင်္ကျီအိတ်ကပ်ထဲတွင် ပုန်းနေသော ယင်ညန်ကမူ အိတ်ကပ်လေးကိုသာ ပွတ်နေသည်။ ကျန်းကျိရင်က အိတ်ကပ်ထဲကတစ်ဆင့် သူ၏ ခေါင်းလေးကို အသာ လှမ်းတို့လိုက်သည်။

"လိမ်လိမ်မာမာနေ"

တစ်ဖွဲ့လုံးက ထိုမြင်ကွင်းကို ဆက်မကြည့်နိုင်ကြတော့ချေ။

"ခေါင်းဆောင်က ဒီကြောင်လေးအပေါ် အရမ်းကောင်းတာပဲ"

"ကြောင်တစ်ကောင်အတွက် ဒီလိုကပ်ပြီး သစ္စာရှိ နာခံတတ်ပြီး အင်အားကြီးဖို့က တအားရှားတယ်"

ကျန်းကျိရင်က အများထင်မြင်ချက်များကိုသာ လက်ခံနေရလေပြီး ယင်ညန်ကို အိတ်ကပ်ထဲမှ ဆွဲထုတ်လိုက်ရသည်။ ထို့နောက် အမွှေးများကို ပွတ်သပ်ပေးကာ ပြောသည်။

"လိမ္မာတယ်"

ယင်ညန်က ပျော်ရွှင်စွာဖြင့် ကျန်းကျိရင်၏ လက်ကောက်ဝတ်ကို သူ၏ ခေါင်းလေးဖြင့် ပွတ်ပြီး လူတိုင်းထံမှ ချီးကျူးမှုများကို လက်ခံသည်။

ကျူးကျော်သူများ၏ ခြုံခိုတိုက်ခိုက်ခံခဲ့ရသည့် နံပါတ်၃ကို ဌာနချုပ်မှ ကုသသူများက စစ်ဆေးနေသည်။ သူ၏ ခန္ဓာကိုယ်က မည်သည့်နေရာကမှ မှားယွင်းခြင်းမရှိကြောင်း ပြသလာခဲ့ပြီး ဒီအတိုင်း အသေးစားဒဏ်ရာများသာ ရှိလေသည်။ သို့သော် သူက ရှူထုတ်လိုက်သည့် အငွေ့တစ်မျိုးက လူတစ်ယောက်ကို အားနည်းပြီး စိတ်မိန်းမောသွားစေနိုင်လေသည်။ ထိုတစ်ခဏတွင် နံပါတ်၃က အသိပြန်ဝင်နေပြီဖြစ်သည်။

ကျန်းကျိရင်က စီမံမှုများ ပြုလုပ်ပြီးနောက် သာ့တောင့်ကို ပြောကာ လူအများကို စုစည်းလျက် တိုက်ပွဲပြီးနောက် ကိစ္စများကို ဆက်လက် ကိုင်တွယ်ခိုင်းလိုက်သည်။ သူကမူ ရှောင်ကျင်း၊ အားခုန် ၊ လူအိုကြီးကျူးနှင့် အားမူတို့ကို ဌာနချုပ်၏ ဆေးရုံသို့ ခေါ်သွားလိုက်ပြီး နံပါတ်၃ဆီ သွားလည်သည်။ သူတို့ အားလုံးက ပိုင်ရန်ဌာန နံပါတ်၇တွင် အတွေ့ကြုံရခဲ့ဖူးသည့် လူဟောင်းများ ဖြစ်ကြသည့်အတွက် သဲလွန်စများကို ပိုရှာနိုင်ကြသည်။

ကျန်းကျိရင်က နံပါတ်၃ကို ထိုအချိန်က အဖြစ်အပျက်ကို အသေးစိတ်ကျကျ ပြန်လည် တွေးတောခိုင်းသည်။ နံပါတ်၃ကလည်း ခေါင်းကို အသာမော့ပြီးနောက် ဂရုတစိုက် ပြန်ပြောပြသည်။

73 02

"ကျွန်တော် တောင်းပန်ပါတယ် ခေါင်းဆောင်၊ အဲဒီအချိန်က နည်းနည်းလေး သတိလက်လွတ်ဖြစ်သွားတာ၊ အဲဒီနောက် တစ်ယောက်ယောက်က ရုတ်တရက် ကျွန်တော့်ကို ဖမ်းတာကို ခံလိုက်ရတာပဲ၊ ကျွန်တော်အော်ချင်တယ် ဒါပေမဲ့ ဘာသံမှ ထွက်မလာဘူး၊ အဲဒီနောက် ခေါင်းလှည့်ပြီး ဖမ်းထားတဲ့သူကို မြင်အောင် ကြိုးစားကြည့်လိုက်ပေမဲ့ သူ့ကို မမြင်ရပြန်ဘူး ၊ လေကိုပဲ မြင်ရတယ်၊ ဒါပေမဲ့ ကျွန်တော့်ကို တစ်ယောက်ယောက် ဖမ်းဆုပ်ထားတာက သိသာနေတာပါပဲ၊ အဲဒီနောက် ကျွန်တော် ခေါင်းကို ငုံ့ကြည့်လိုက်တော့မှ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကိုလည်း မမြင်ရတော့တာကို သိလိုက်ရတယ်"

"အဲဒီအချိန်မှာ ကျွန်တော် ကျွန်တော့်ဘက်ကို ကြည့်နေတဲ့အသင်းဖော်တွေကို တွေ့လိုက်ရတယ်၊ သူတို့ကလည်း တစ်ခုခုမှားတာကို သတိပြုမိတယ်၊ ဒါပေမဲ့ သူတို့ရဲ့ အမူအယာတွေက တူတူပဲ၊ သူတို့က ကျွန်တော့်ကို ကြည့်နေသလိုမျိုး ဖြစ်နေပေမဲ့ ကျွန်တော့်ကို မမြင်နိုင်ကြသလိုပဲ၊ ကျွန်တော် ခေါင်းဆောင်ရဲ့ သေနတ်သံကို ကြား​တော့ သတိမေ့သွားတာ"

"ကောင်းပြီ ငါနားလည်ပြီ၊ အေးအေးဆေးဆေး နားလိုက်တော့၊ မင်းကောင်းကောင်း လုပ်ခဲ့ပါတယ်၊ ကိုယ့်ကိုယ်ကိုယ်အရမ်း အပင်ပန်းမခံနဲ့"

ကျန်းကျိရင်က နံပါတ်၃ကို ရယ်ပြလိုက်ပြီး ခေါင်းကို ခပ်ကြမ်းကြမ်း ညိတ်ပြသည်။

လူနာခန်းမှ ထွက်လာပြီးနောက် သူက သာ့တောင့်၏အခန်းသို့ အတူသွားလိုက်သည်။ သာ့တောင့်က တိုက်ပွဲပြီးနောက် ကိစ္စများကို ပြင်ဆင်ပြီးလေပြီ။ ထို့ကြောင့် သူတို့ကို အသင့်​စောင့်နေ၏။

လမ်းတောက်လျှောက်တွင် ကျန်းကျိရင်က ထိုမတော်တဆမှုနှင့် ပတ်သက်ပြီး အကြောင်းရာ အားလုံးကို ပြန်လည် တွေးတောနေခဲ့သည်။ ထိုင်လိုက်ပြီးသည့်နောက်တွင် သူက ဦးဆောင်ကာ စမေးလိုက်သည်။

"မင်းတို့ ဘယ်လိုထင်လဲ၊ မင်းတို့ ဘာအသစ်တွေများ ရှာတွေ့ထားကြသေးလဲ၊ ငါ့ကို အားလုံးပြောပြ"

လူအိုကြီးကျူးက အရင်ဆုံးပြောလာသည်။

"ဒီကျူးကျော်သူတွေက တအားထူးဆန်းတယ်၊ သူတို့က ဘာစွမ်းရည်မှ မရှိသလိုမျိုး လျှို့ဝှက်ဆန်းကြယ်မှုတွေ မရှိနေ​ကြဘူး၊ ဒီတိုင်း အခြေခံအကျဆုံး သိုင်းတိုက်ကွက်တွေကိုပဲ ထုတ်သုံးကြတာ၊ သူတို့ရဲ့ အင်အားခုခံနိုင်စွမ်းက သာမန်ပဲ၊ ဒါပေမဲ့ သူတို့မှာ စွမ်းရည်တစ်မျိုးရှိတယ်၊ အဲဒီစွမ်းရည်က တအားထူးဆန်းတယ်"

"ဟုတ်တယ် သူတို့ ငါနဲ့ ထိပ်တိုက်ရင်ဆိုင်နေတုန်းက သူတို့ရဲ့ အရှိန်နှုန်းကိုပဲ ခံစားမိတယ်၊ သူတို့က တအားမြန်တယ်"

အားခုန်းက ထပ်ဖြည့်ပြောသည်။

"သူတို့ လုပ်သွားတဲ့ ခြုံခိုတိုက်ခိုက်မှုက အရမ်းကို အခြေခံကျလွန်းတယ်၊ ဒါပေမဲ့ ဒီလူတွေက တအားသန်မာတယ်၊ မုန်တိုင်းအဖွဲ့က လူတွေရောက်လာတဲ့အချိန်မှာ သူတို့က ချက်ချင်း နောက်ဆုတ် သွားကြတာပဲ"

သာ့တောင့်က တင်ပြသည်။

ကျန်းကျိရင်က ခေါင်းညိတ်သည်။

"ပိုင်ရန် ဌာန နံပါတ်၇က အဖွဲ့တွေပဲ၊ သူတို့က Eဓာတ်ခွဲခန်းက လာကြတာ ၊ ငါယင်ညန်ဆီက ပစ္စည်းအသစ်ရထားပြီး လီရွှင်ဖုန်းကို ဆက်တိုက်စောင့်ကြည့်ဖို့ သုံးထားတာကလည်း ဒီမတော်တဆမှုကြောင့်ပဲ၊ အဲဒီနောက် သူတို့က အချင်းချင်း အဆက်စပ်ရှိတယ်ဆိုတာကို သိလိုက်ရတယ်"

သူက အမှန်ကို ပြောနေခြင်းမဟုတ်ချေ။ သူက လီရွှင်ဖုန်းကို စောင့်ကြည့်နေခဲ့သည်မှာ အဆင့်မြင့်အကြာအမြင် ရထားသော စွမ်းအားမျိုးနှင့်ဖြစ်ပြီး ယင်ညန်ထံမှ ရထားသော ပစ္စည်းကြောင့်မဟုတ်ချေ။

သူ၏ အပေါင်းဖော်များကမူ အံ့အားသင့်ကုန်ပြီး ချက်ချင်းလိုလို နားလည်သွားကြသည်။

အစစ်မှန်ယင်ညန်က အိတ်ကပ်ထဲမှ တွားသွားလျက် ထွက်လာသည်။ သူက ကျန်းကျိရင်၏ ပုခုံးပေါ် သူ၏ အမြှီးလေးကို ရမ်းခါလျက် တက်လာပြီးနောက် ထိုနေရာတွင် စောင့်ကြောင့်ထိုင်သည်။ ထို့နောက် ဂုဏ်ယူရသော ဘုရင်တစ်ပါးက ပိုင်နက်နယ်မြေကို စစ်ဆေးကြည့်ရှုသလို ကြည့်လေသည်။

ကျန်းကျိရင်က သူ့ကို လျစ်လျူ ရှုထားလိုက်ပြီး သူ၏ အကြံကို ဆက်ပြောသည်။

"သူတို့မှာ အခြားထူးခြားတဲ့ စွမ်းရည်အသစ်တွေ ရှိမယ်လို့တော့ မထင်ဘူး၊ သူတို့က ဒီအတိုင်း နည်းလမ်းအသစ်တွေသုံးပြီး သူတို့ရဲ့စွမ်းရည်ကို ထုတ်သုံးလာနိုင်တာဖြစ်လောက်မယ်၊ ဒီနေ့ လူ၁၁ယောက် ကျူးကျော်လာခဲ့တယ်၊ သူတို့က သာမန်အရှိန်နှုန်းစွမ်းအားသုံး အသုံးပြုသူတွေတောင် ဖြစ်လောက်တယ်"

လူအိုကြီး ကျူးရဲ့ပါးစပ်က အနည်းငယ် ပွင့်သွားသည်။

73 03

"ဘယ်လိုဖြစ်နိုင်မှာလဲ"

အဆင့်အရှိန်နှုန်း စွမ်းအားသုံး အသုံးပြုသူက မည်သို့ဖြစ်ကြောင်း ကောင်းကောင်း နားလည်ထားလေသည်။

"သူတို့က အရိပ်တွေကို သုံးသွားတာလို့ ငါသံသယ ရှိတယ်၊ ဒါက အရိပ်တွေနဲ့ ဆက်စပ်နေလောက်တယ်"

ကျန်းကျိရင်က စားပွဲပေါ်မှ ဘောပင်ကို ကောက်ကိုင်ပြီးနောက် စာရွက်ပေါ်တွင် ခန်းမ၏ ပုံစံတိုင်းကို ပုံကြမ်းဆွဲပြသည်။

"နံပါတ်၃က ဒီနေရာမှာရှိတယ်၊ သူတို့က ဒီအတိုင်းတာအတောတွင်းမှာ အရေအတွက်အများကြီး တောက်လျှောက် ပေါ်လာတာ၊ သူတို့ပေါ်လာတဲ့ နေရာနှစ်မျိုးက အလင်းနဲ့တောင် ရောင်ပြန်မဟပ်တဲ့ အရိပ်ဒေသပဲ"

ထိုအခြေအနေကလည်း သာ့တောင့်က အဆင့်မြင့်ပညာရေး အလုပ်သမားတစ်ယောက်ဖြစ်ကြောင်း ဖော်ပြနေသည်။ သူ၏ နေရာတွင် အမြဲတစေ စာရွက်နှင့် ဘောပင် ရှိနေတတ်ပြီး သူက ကမ္ဘာအဆုံးသတ်ကာလမတိုင်ခင် ရရှိခဲ့သော အလေ့အကျင့်အတိုင်း နေထိုင်နေတတ်သေးလေသည်။

ကျန်းကျိရင်က ပထမဦးဆုံး ထိုသို့ တွေးမိခဲ့သည်မှာ ဂိမ်း၏ ရှုထောင့်တစ်ခုမှ ကြည့်ခဲ့သောကြောင့် ဖြစ်သည်။ သူကိုယ်တိုင်ကလည်း ထိုဂိမ်းက အတော်လေး မျှခြေညီမည်ဟု ယုံကြည်ထားလေသည်။ မနက်ဖြန်ဂိမ်းက ပိုက်ဆံပေးလျှင် အနိုင်ရရှိနိုင်မည့် ပျော်စရာကောင်းသော ဂိမ်းဖြစ်ပြီး ကစားသမားများက မပေးလျှင်ပင် ပျော်စရာ ကောင်းနေဦးမည်။ သို့သော် သာမန်ဆင့်ကဲပြောင်းလဲထားသော စွမ်းအင်များက ထိုမျှအဆင့်ထိ မထိုးတက်သွားသင့်ချေ။ ထို့ကြောင့် ဂိမ်းကုမ္ပဏီများကလည်း ထိုဒီဇိုင်းသစ်များကို ရေးဆွဲထားမည်။ သို့မဟုတ် အမျိုးစား အတန်းစားအသစ်များကို ရေးဆွဲထားမည်ဟုလည်း မထင်ပေ။ မည်သို့ပင်ဆိုစေ ဒါက အသုံးမဝင်နိုင်ပေ။

ယခင်ကလည်း အလားတူ ဥပမာပေါင်းများစွာ ရှိခဲ့လေသည်။ ဆက်တိုက်အတင့်မြှင့်တင်မှုနှင့် ဒေသများကို ထိန်းညှိမှု မြေပုံ၏ ချိန်ဆမှုတို့ကြောင့် မူလက ထူးခြားသော အမျိုးအစားများက ဖိနှိပ်ခံရနိုင်ပြီး မူလက လျစ်လျူရှုထားသော ကိစ္စများက အဆင့်မြင့်မားလာနိုင်လေသည်။ ခွန်အား ၊ ခုခံမှု၊ အရှိန်နှုန်းနှင့် တိကျမှုတို့က စစ်သည်တော်သူရဲကောင်း လုပ်ကြံသတ်ဖြတ်သူနှင့် လေးသည်တော်တို့အတွက် အထူးချွန်ဆုံး စွမ်းရည်များဖြစ်သည်။ ဒါက RPG ဂိမ်းတိုင်းတွင် ပါဝင်တတ်သည့် ဂန္နဝင် ရိုးရာဒီဇိုင်းဖြစ်သည်။ အမျိုးမျိုးသော ဂိမ်းများတွင် အမျိုးမျိုးသော ကျွမ်းကျင်မှု နယ်ပယ်အရ အမျိုးမျိုးသော ကွာခြားမှုများ ရှိတတ်သော်လည်း အခြေခံအမြုတေအနေနှင့် တူညီနေဦးမည်ဖြစ်သည်။ သူတို့တွင်လည်း သူတို့၏ ကိုယ်ပိုင်အင်အား ရှိနေလျှင် တစ်ယောက်နှင့်တစ်ယောက် ကောင်းကောင်းပူးပေါင်းပြီး အခြားသူကို ဖိနှိပ်နိုင်ပေလိမ့်မည်။

"ကိုယ်ယောင်ဖျောက်"၊ အရိပ်ရှောင်ရှားမှု"၊ "ထောင်ချောက်" သို့မဟုတ် အခြားသော အလားတူ skillများကို လုပ်ကြံသတ်ဖြတ်သူ၏ skillထဲတွင် ထပ်ပေါင်း ထည့်သင့်သည်။ ထို့ကြောင့် ဂိမ်း၏ရှုထောင့်ဘက်တစ်ခုမှ ကြည့်လျှင် အရှိန်နှုန်းစွမ်းရည်သုံး အသုံးပြုသူများက ထိုskillများကို ထုတ်သုံးနိုင်သည့်အခါလအံ့သြစရာ မကောင်းတော့ချေ။

ကျန်းကျိရင်၏ စကားလုံးများက သူတို့၏ အတွေးကို ဖွင့်လိုက်သလို ဖြစ်သွားသည်။ သူတို့၏ အတွေးများကလည်း စတင်ကာ စီးဆင်းလာသည်နှင့်အမျှ ဖြစ်နိုင်ချေပေါင်း များစွာကို တွေးမိသွားကြသည်။ အားခုန်းက ထိုအခြေအနေများကို အနှစ်ချုပ်ရသော တာဝန်ယူသူ ဖြစ်သည့်အလျောက် အကြောင်းရာ အားလုံးကို စုစည်းပြီး report တင်ပေးမည်ဖြစ်သည်။ ခန့်မှန်းချက်များအားလုံးကသာ မှန်ကန်နေခဲ့လျှင် သူတို့က အနာဂတ်တွင် Eဓာတ်ခွဲခန်းထံမှ တိုက်ခိုက်မှုများကို ကာကွယ်ရန် သက်ရောက်မှုရှိအောင် လုပ်နိုင်ရုံသာမကသေးလေပဲ ဥပမာအနေနဲ့သုံးပြီး ဆက်လက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် သူတို့၏ တိုက်ပွဲဝင်စွမ်းအားကို မြှင့်တင်နိုင်အောင် ကြိုးစားလာမည်လည်း ဖြစ်သည်။

မထွက်ခွာခင် သာ့တောင့်က ကျန်းကျိရင်ကို မေးသွားသည်။

"ခေါင်းဆောင်၊ ခေါင်းဆောင် လီရွှင်ဖုန်းကို ဘယ်လိုကိုင်တွယ်မှာလဲ၊ ဒီအစည်းအဝေးပွဲက သူ့ရဲ့အကြောင်းကို ဖေည်ထုတ်နိုင်မဲ့ အကောင်းဆုံး အခွင့်ရေးပဲ"

ကျန်းကျိရင်က ပြောသည်။

"ငါလည်း အချိန်ကျပြီလို့ ထင်တယ်"

တိုက်ခိုက်ကာ ညှိနှိုင်းပြီးသွားသော တစ်ညတာ ကုန်လွန်သွားပြီးနောက် ကျန်းကျိရင်က သူ၏ အိမ်သို့ မနက်၇နာရီခန့်တွင် ပြန်သွားခဲ့သည်။ နေရောင်က တောက်ပနေပြီဖြစ်သည်။

73 04

တခြားသော ဝန်ထမ်းကလည်း အစည်းဝေးပွဲအတွက် စီစဥ်မှုများကိုပင် ချက်ချင်းလုပ်ဆောင်ရန် ထွက်သွားကြပြီ ဖြစ်သည်။ ကျန်းကျိရင်က တံခါးကို ဖွင့်ပြီး ဝင်လိုက်သောအခါ တံခါးဝတွင် ထိုးထည့်ထားသည့် စာလုံးတစ်လုံးကို တွေ့လိုက်ရသည်။

"ညနက်ပိုင်း ၈နာရီ ၊ ပုံမှန်နေရာပဲ၊ မောင်အောင်း"

ကျန်းကျိရင်က စာကို ကြည့်လိုက်ပြီးနောက် သူ၏ အိတ်ကပ်ထဲမှ ကြောင်လေးက ခုန်ထွက်သွားကာ ခပ်မြန်မြန်ပင် လူအဖြစ်ပြောင်းသွားကြောင်း တွေ့လိုက်ရသည်။

ယင်ညန်က သူ၏ လည်ပင်းကို တိုက်ခိုက်လာပြီးနောက် တံခါးဝတွင် ဖိကပ်လိုက်ကာ မျက်နှာကို လည်တိုင်နား နီးကပ်လျက် ခပ်တိုးတိုးပြောသည်။

"ကျိရင် ၊ မနေ့ညက ငါမင်းကို ဖက်ပြီး မအိပ်ခဲ့ရဘူး၊ ဒါကြောင့် မပျော်မရွှင်ဖြစ်နေရတယ်၊ ဒါကြောင့် ငါ လျှော်ကြေးလိုချင်တယ်"

ထို့နောက် သူဌေးက ခေါင်းကို မော့လာသည်။ သူ၏ မျက်လုံးများက မည်းနက်နေပြီး မျက်နှာကလည်း အေးစက်နေသည်။ သူက ယခုလေးတွင် ပြုမူနေခဲ့သော အလိုလိုက်ခံရသည့် အပြုမူနှင့် ယှဥ်လျှင် အခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားသည်။ သို့သော် ကျန်းကျိရင်ကမူ သူ၏ ပြောင်းလဲတတ်သည့် အပြုမူများနှင့် ပတ်သက်ပြီး ကျင့်သားရနေပြီဖြစ်သည်။

သူက ကြင်နာစွာဖြင့် ကျန်းကျိရင်၏ မျက်နှာကို အုပ်ကိုင်ကာ နှောင့်ယှက်လိုက်ပြီးနောက် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"ကျိရင် လျှော်ကြေးအနေနဲ့ ငါ့ကို ပြန်နမ်းရင် ဘယ်လိုလဲ"

.......

ည၈နာရီတွင် ယင်ညန်က အစည်းအဝေးပွဲသို့ ပိုင်မန်အဖွဲ့အစည်းမှ ဒေါက်တာယင်အနေဖြင့် အစည်းအဝေးတက်လိုက်သည်။ ကျန်းကျိရင်ကမူ အခန်းထဲတွင် မူးဝေစွာဖြင့် ထိုင်နေပြီး တစ်စုံတစ်ရာကို မေ့နေသလို ခံစားနေရသည်။ ထို့နောက်သူက ရုတ်တရက် ယင်ညန်ကို ထိုနေ့တွင် မည်သည့်အတွက်ကြောင့် သူက ယဲ့ရှောင်းရှန်းဖြစ်လာပြီး ကိုယ့်ကိုယ်ကိုယ် လှည့်သားခဲ့ကြောင်း မေးရန် မေ့သွားခဲ့ခြင်းဖြစ်ကြောင်း သတိရသွားလေသည်။

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

3/3/2024 ကနေ 6/3/2024အထိ ပိုရိုမိုးရှင်း ရှိပါတယ်။

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

599K 108K 102
Original Novel - 论以貌取人的下场 English Title - The Consequence of Judging Others by Appearance Author - Yue Xia Die Ying / 月下蝶影 Status in COO - 164 Chapte...
230K 26.4K 76
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
2.9M 190K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022