The Legend Of The Phoenix:Bor...

Від herennaykyar

264K 9.5K 1.7K

ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့... Більше

✨ဦးဆွေးဆံမြည့် နိဒါန်း✨
✨ပြန်လည်မွေးဖွားခြင်း✨
✨ဦးဆွေးဆံမြည့်-၁✨
✨ဦးဆွေးဆံမြည့်-၂✨
✨ဦးဆွေးဆံမြည့်-၃✨
✨ဦးဆွေးဆံမြည့်-၄✨
✨ဦးဆွေးဆံမြည့်-၅✨
✨ဦးဆွေးဆံမြည့်-၆✨
✨ဦးဆွေးဆံမြည့်-၇✨
✨ဦးဆွေးဆံမြည့်-၈✨
✨ဦးဆွေးဆံမြည့်-၉✨
🔥နတ်စစ်သည်ကိုမွေးဖွားခြင်း(၅)နှစ်ပြည့်🔥
✨ဦးဆွေးဆံမြည့်-၁၀✨
✨ဦးဆွေးဆံမြည့်-၁၁✨
✨ဦးဆွေးဆံမြည့်-၁၂✨
✨ဦးဆွေးဆံမြည့်-၁၃✨
✨ဦးဆွေးဆံမြည့်-၁၄✨
✨ဦးဆွေးဆံမြည့်-၁၅✨
✨ဦးဆွေးဆံမြည့်-၁၆✨
✨ဦးဆွေးဆံမြည့်-၁၇✨
✨ဦးဆွေးဆံမြည့်-၁၈✨
✨ဦးဆွေးဆံမြည့်-၁၉✨
✨ဦးဆွေးဆံမြည့်-၂၁✨
✨ဦးဆွေးဆံမြည့်-၂၂✨
✨ဦးဆွေးဆံမြည့်-၂၃✨
✨ဦးဆွေးဆံမြည့်-၂၄✨
✨ဦးဆွေးဆံမြည့်-၂၅✨
✨ဦးဆွေးဆံမြည့်-၂၆✨
✨ဦးဆွေးဆံမြည့်-၂၇✨
✨ဦးဆွေးဆံမြည့်-၂၈✨
✨ဦးဆွေးဆံမြည့်-၂၉✨
✨ဦးဆွေးဆံမြည့်-၃၀✨
✨ဦးဆွေးဆံမြည့်-၃၁✨
✨ဦးဆွေးဆံမြည့်-၃၂✨
✨ဦးဆွေးဆံမြည့်-၃၃✨
✨ဦးဆွေးဆံမြည့်-၃၄✨
✨ဦးဆွေးဆံမြည့်-၃၅✨
✨ဦးဆွေးဆံမြည့်-၃၆✨
✨ဦးဆွေးဆံမြည့်-၃၇✨

✨ဦးဆွေးဆံမြည့်-၂၀✨

4.4K 286 91
Від herennaykyar

'All time to be you..'

ဖုန်းက တုန်ခါ၍မြည်နေသဖြင့် ကိကိ ဟိုစမ်းဒီစမ်းနှင့် လက်လှမ်းယူသည်။

'ဟဲလို...'

အိပ်ချင်မူးတူးနှင့် ယောင်ယမ်း၍ ဟဲလိုဟုပြောပြီးမှ Alarmမြည်နေမှန်းသိကာ alarmပိတ်လိုက်သည်။ မနက်(၆)နာရီခွဲထဖို့ ကိုယ့်ဘာသာ alarmပေးထားသည့်အဖြစ်ကိုမေ့ကာ ပြန်အိပ်ဖို့ဟန်ပြင်လိုက်ပေမဲ့ သူ့အိမ်ဆိုတာကိုသတိရမှ မျက်လုံးကျယ်သွား၏။ မျက်ခွံတွေကိုပွတ်သပ်၍ အိပ်ရာမှထလိုက်ပြီး ပြတင်းပေါက်တွေလိုက်ဖွင့်သည်။ ဆောင်းမနက်ခင်းမို့ ပြတင်းပြင်မှာ နှင်းကျနေဆဲဖြစ်ကာ ကဲကဲကတော့ စားပွဲအောက်က အခင်းလေးထဲမှာ ကွေးလို့ကောင်းတုန်း။

ခါတိုင်းရက်တွေမှာ ချမ်းလွန်း၍အိပ်ရာထဲကွေးနေတတ်သော်လည်း မနေ့ညကတည်းက အခုချိန်ထိ သိပ်မအေးဘဲ နွေးနေသည်ကိုသတိပြုမိ၏။ သူ့အိမ်မှာ အနွေးဓာတ်တွေများ လွှတ်ထားသလား။

ဒီအိမ်က အပြင်ပန်းမှာ သစ်လုံးတွေကာရံထားပြီး အတွင်းမှာတော့ decorationအကုန် အဆန်းတကြယ်ပြင်ဆင်ထားကာ luxuryဆန်လွန်းသည်။ ကိုယ့်အိမ်ထက်တောင် ပိုခမ်းနားနေသဖြင့် မနာလိုစိတ်အသေးစားလေး ဝင်မိသေး၏။

သူမအခန်းက အတော်ကျယ်ဝန်းကာ နံရံတွေက သခွားရောင်နှင့်ခရမ်းရောင်အဖျော့ ရောနှောထားသည့် သက်တံရောင်ပြေးပုံစံမို့ decorationက အတော်လှသည်။ ခန်းဆီးတွေကအစ မွေ့ရာ၊ ခေါင်းအုံးအဆုံး ထိုအရောင်တွေဖြစ်ကာ မျက်နှာကြက်မီးပန်းဆိုင်းကြီးနှင့် ဆက်တီတွေကတော့ ကျွန်းညိုရောင်ဖြစ်သည်။ ဒီအခန်းကို သူမအတွက် သီးသန့်ပြင်ပေးထားသည့်သူ့စိတ်ကူးကိုလည်း သဘောကျလို့မဆုံး။ သူမနေဖို့အတွက်များ တကူးတကကြိုတင်ပြင်ဆင်ခဲ့သလားဟုပင် လိုရာဆွဲတွေးမိသေးသည်။ သူ့အိမ်ကို စရောက်သည့်ပထမဆုံးနေ့ဟာ သာယာလှပလိုက်ပါဘိ။

မျက်နှာသစ်၊ သွားတိုက်၊ ခြေလက်ဆေး၍ ခေါင်းကိုသေချာဖြီးသင်ပြီးနောက် အခန်းထဲမှထွက်ခဲ့သည်။ ဒီအချိန်ဆို သူမနိုးသေးဘူးထင်သည်။ သူ့အိမ်ဘုရားကျောင်းဆောင်ခန်းမှာ အရင်သန့်ရှင်းရေးလုပ်ပေးဦးမည်ဟု တွေး၍ ဘုရားကျောင်းဆောင်ခန်းထဲဝင်လာတော့ သူက အရင်ကြိုရောက်နေကာ ရှောစောင်ကြီးကိုလွှမ်းခြုံ၍ တရားထိုင်နေ၏။

ကိကိ ဘုရားခန်းထဲဝင်လာပြီးမှ ပန်းအိုးပဲယူရနိုးနိုး၊ဒီတိုင်းပဲ ပြန်လှည့်သွားရနိုးနိုးနှင့် ချီတုံချတုံဖြစ်သွားကာ မထူးတော့သည့်အဆုံး သူ့ဘေးခပ်ခွာခွာအနေအထားမှာ တိတ်ဆိတ်စွာဝင်ထိုင်၍ ဘုရားရှိခိုးလိုက်ရသည်။ ထို့နောက် ခြေသံလုံလုံနှင့်ပြန်ထွက်လာခဲ့ပြီး မီးဖိုခန်းထဲဝင်၍ ထမင်းပေါင်းအိုးတည်လိုက်၏။ ထမင်းမကျက်သေးခင် မီးဖိုခန်းမှအစပြု၍ အိမ်တွင်းအိမ်ပြင်အကုန် သန့်ရှင်းရေးလုပ်လိုက်ဦးမည်ဟုတွေးမိသည်။

ကိုယ့်အိမ်မှာဆို စောစောထဖို့လည်း သတိရမည်မဟုတ်၊ သန့်ရှင်းရေးလုပ်ဖို့နေနေသာသာ တံမြက်စည်းတောင် မကိုင်ခဲ့ဖူး။ ထမင်းဟင်းချက်ဖို့ဆို ပို၍ပင်ဝေးစွ။ သန့်ရှင်းရေးကိုအားကြိုးမာန်တက်လုပ်ဖို့ဟန်ပြင်လိုက်ပေမဲ့ ဖုန်တစ်စက်တောင်မတွေ့ရသဖြင့် မီးဖိုခန်းထဲပဲ ပြေးဝင်ခဲ့သည်။ သူ့အတွက် မနက်စာကို ပိုပိုသာသာ Sandwishနှင့်ကော်ဖီစီစဥ်ပေးလိုက်ဦးမည်ဟုတွေးကာ ပေါင်မုန့်တွေကို jamနှင့်သုတ်၍ လှလှပပပြင်ဆင်လိုက်၏။ သူမလှုပ်ရှားမှုမှန်သမျှကို တံခါးဝမှာ လက်ပိုက်ရပ်ကြည့်နေသူက ပြုံးတုံ့တုံ့။

'ကိန္နရီ..'

'ဟင် ဦးနတ်... တရားထိုင်ပြီးပြီလား...'

ကိကိ သူ့ကိုမြင်တော့ အလုပ်လက်စသတ်ကာ ထမင်းပေါင်းအိုးပလပ်ဖြုတ်၍ထွက်လာသည်။

'ညက အိပ်ပျော်ရဲ့လား..'

သူ့အမေးကြောင့် ကိကိ သူ့ကိုတစ်ချက်ကြည့်ပြီး ခေါင်းညိတ်သည်။

'အိပ်ပျော်ပါတယ်..သမီးက အိပ်ရာပြောင်းရင် မအိပ်တတ်ပေမဲ့ ညကတော့ အစောကြီးအိပ်ပျော်သွားတယ်..သောက်တာများသွားလို့လည်း ပါတာပေါ့ ဟီးဟီး...'

'မင်း ဒီနေ့ ကိုယ်ခံပညာစသင်ရမယ်.. လေ့ကျင့်ရမယ်.. အဲဒီ့အတွက်လည်း အချိန်မရွေး readyဖြစ်နေရမယ်...'

'အာ...readyပါပဲ..အခုသင်ပေးတော့မှာလား...'

'အင်း..သင့်တော်မယ့်အဝတ်အစားလဲပြီး အိမ်အနောက်ဘက်လိုက်ခဲ့...'

'ဟုတ်...'

ကိုယ့်ပုံစံက ညဝတ်ဖဲဂါဝန်နှင့်မို့ အခန်းထဲဝင်၍ အဝတ်အစားလဲရသေးသည်။ နီနီထည့်ပေးလိုက်သည့်အဝတ်တွေထဲမှာ အားကစားဝတ်စုံတောင်မပါသဖြင့် သင့်တော်သည့်ဂျင်းဘောင်းဘီနှင့် ဟူဒီအင်္ကျီကို လဲဝတ်လိုက်သည်။ အဝတ်အစားလဲပြီးနောက် သူပြောသည့်အိမ်အနောက်ဘက်သို့မှန်းဆ၍ လျှောက်လာခဲ့၏။ သူ့အိမ်ကိုခဏခဏရောက်ပေမဲ့ အိမ်ပတ်ဝန်းကျင်ကို တစ်ခါမှနှံ့နှံ့စပ်စပ်မကြည့်ခဲ့ဖူးသေး။ နှစ်ချို့ကျွန်းပင်ကြီးတွေပတ်လည်ဝိုင်းထားသည့် အိမ်အနောက်ဘက်ကွင်းပြင်ထိရောက်ဖို့တောင် တစ်မျှော်တစ်ခေါ်ဝေးနေ၏။ ကျွန်းပွင့်တွေ တဖွဲဖွဲကြွေကျနေသည့် အဖြူရောင်စင်္ကြန်လမ်းလေးအတိုင်း လျှောက်ခဲ့ပြီး ကျွန်းပင်ကြီးတွေအလယ်မှာ ဘားတန်းပုံစံအနိမ့်အမြင့်စီထားသည့် သစ်လုံးတန်းကြီးတွေကို မြင်လိုက်ရသည်။ သူက ကျွန်းပင်ကြီးကိုမှီ၍ လက်ပိုက်ရပ်စောင့်နေ၏။

'အမလေး...လျှောက်လိုက်ရတာဦးနတ်ရယ်..အဝေးကြီးပဲ..'

သူ့ဘေးနားရောက်မှ ရှုံ့မဲ့ညည်းညူမိသည်။ သူက လက်ပတ်နာရီကိုမြှောက်ကြည့်၍..

'ဒီထိလျှောက်လာရတာလောက်တောင် ညည်းညူနေရင် သင်ပေးလို့မရဘူးနော်...'

'ဟင့်အင်း မညည်းပါဘူး..မညည်းတော့ဘူး..'

ကိကိ ပျာပျာသလဲ လက်ကာ၍ ခေါင်းခါပြသည်။

'ဟိုနေ့က မင်းရဲ့ဂျာနယ်တိုက်ကနေ ဒီအထိ မိုင်သုံးဆယ်အကွာအဝေးလောက်ကို စကိတ်စီးလာတယ်ဆိုတော့ မင်း ဘယ်လောက်မြန်သလဲ အမောခံနိုင်သလဲ စမ်းကြည့်ချင်တယ်.. ဒီလမ်းရဲ့အဆုံးမှာ အင်ကြင်းပင်တစ်ပင်ရှိတယ်.. အဲဒီ့အပင်ပေါ်မှာ ကိုယ့်ရှောစောင်တင်ထားတယ်.. မင်း သွားယူလာရမယ်.. အချိန် ၁၅မိနစ်ပဲပေးမယ်.. အခု ၇နာရီ၄၅မိနစ် ၊ မင်း ၈နာရီအရောက်ပြန်ခဲ့...'

'ဟင်..'

ကိကိ မျက်လုံးပြူးသွားသော်လည်း သူက အချိန်စမှတ်နေပြီဖြစ်ကာ..

'ကဲ...Three Two One...'

One ဟုပြောသံအဆုံး၌ ကိကိ ကျွန်းပွင့်တွေစီနေသည့်လမ်းကြားလေးအတိုင်း တစ်ရှိန်ထိုးပြေးတော့သည်။ အကွာအဝေးသတ်မှတ်မထားသည့်အပြေးလမ်းမှာ ကျွန်းပွင့်တွေသာ အမှတ်အသားသဖွယ် ​စီရီနေကာ ​ကီလိုမီတာပေါင်းများစွာအထိ လမ်းမဆုံးသေး။ သူပြောသည့်အင်ကြင်းပင်ကိုမတွေ့မချင်း ဆက်ပြေးခဲ့ပြီး သူဂျင်းထည့်လိုက်တာများလားဟုပင် တွေးမိသေး၏။ လမ်းပျောက်သွားမှာကိုစိုးရိမ်မိသော်လည်း သူ့ကိုယုံကြည်စိတ်က ရှိနေပြန်ရာ ကိကိ မရပ်မနားပြေးလွှားရင်း အင်ကြင်းပင်အိုကြီးတစ်ပင်ပေါ်မှာ တလူလူလွင့်နေသည့်ရှောစောင်ကြီးကို မြင်လိုက်ရသဖြင့် အပင်ပေါ်မြန်ဆန်စွာတက်၍ လှမ်းယူရသည်။

ရှောစောင်ကြီးကိုပိုက်၍ အပင်ပေါ်မှပြန်ဆင်းလာခဲ့ချိန်တွင် သူမလာရာလမ်းမှာ စည်းမျဥ်းသဖွယ်မှတ်သားထားသည့် ကျွန်းပွင့်တွေကိုမတွေ့ရတော့ပေ။ သူ စည်းဖျက်လိုက်တာများလားဟု တွေးရင်း ဟိုကြည့်ဒီကြည့်ဖြစ်သွားပြီးမှ အချိန်နည်းနည်းပဲကျန်တော့တာကိုသတိရကာ ဒရောသောပါးပြန်ပြေးခဲ့ရပြန်သည်။ ဦးနှောက်က လာရာလမ်းကိုမှတ်မိနေ၍သာ တော်သေးသည်။ မဟုတ်လျှင် သူမ လမ်းရှာမရဘဲ ဒီတောထဲမှာ တစ်မနက်လုံးအချိန်ကုန်သွားလိမ့်မည်။
ကိကိ အပြန်လမ်းသို့ အမြန်ဆုံးအလျင်နှင့်ပြေးလာခဲ့ပြီး ခပ်လှမ်းလှမ်းမှာရပ်နေသည့်သူ့ကိုမြင်တော့မှ ရှောစောင်ကြီးကိုမြှောက်၍ ပြေးရှိန်ပိုမြှင့်သည်။

'ဦးနတ်ရေ...ဒီမှာ ပါလာပြီ...'

အသံစာစာနှင့်အော်ဟစ်၍ သူ့ရှေ့လျှောက်လာကာ သူ့လည်ပင်းကိုပန်းဝင်ကြိုးဆွဲသလို ခုန်ဖက်၍တွဲလဲခိုပစ်သည်။ သူ ကိကိကို ခါးလေးမှချီမြှောက်ထားရင်း လက်မလွှတ်မိသေး။

'ဦးနတ်က လမ်းအမှတ်အသားတွေအကုန်ဖျက်ပစ်လည်း ဒီက master brainပါနော်.. ရအောင်ယူလာနိုင်ခဲ့တယ်.. သမီး တော်တယ်မို့လား..'

သူမက မောဟိုက်နေသည့်တိုင် အသက်ပုံမှန်ရှူ၍ ရွှင်မြူးစွာ မေးနေသေးသည်။

'အင်း..တော်တယ်..'

သူက ချီးမွမ်း၍ သူမကိုမြေပေါ်ပြန်ချပေးပြီး ရှောစောင်ကိုဆွဲယူလိုက်သည်။

'မင်း အသွားအပြန် ၁၂မိုင်ကို ၁၅မိနစ်နဲ့ပြေးနိုင်တယ်ဆိုတော့ ပထမအဆင့်စသင်မယ်.. ဟိုသစ်လုံးတန်းတွေကိုမြင်လား...'

သူက ဆယ်ပေအကွာစီ အနိမ့်စဥ်အမြင့်လိုက်ခြားထားသည့် သစ်လုံးတန်းတွေကိုမေးဆတ်ပြကာ..

'အဲဒါတွေကို ပေါ့ပေါ့ပါးပါးခုန်ပျံကျော်လွှားနိုင်တဲ့အထိ လေ့ကျင့်ရမယ်.. ကိုယ်က sampleအနေနဲ့ တစ်ကြိမ်လုပ်ပြမယ်...'

သူ ရှောစောင်ကြီးကို အနီးရှိ ခုံတန်းလေးပေါ်တင်လိုက်ပြီး ထိုသစ်လုံးတန်းတွေဆီသို့ ပြေးသွား၏။ အနိမ့်ဆုံးအတန်းမှစ၍ တစ်တန်းပြီးတစ်တန်း ခုန်ပျံကျော်လွှားသွားပုံက ကျားသစ်တစ်ကောင်လို ဖျတ်လတ်လွန်းသည်မို့ ကိကိ မျက်တောင်ခတ်ဖို့ပင် သတိမရဘဲ ငေးကြည့်နေသည်။ ၂၁ပေအမြင့်ဆုံး သစ်လုံးတန်းထိ လွှားခနဲခုန်တက်၍ ထိုသစ်လုံးတန်းတွေပေါ်မှ တစ်ဆင့်ပြီးတစ်ဆင့်ပြေးလွှားကာ သူမဆီပြန်ရောက်လာသည်အထိ ကြာချိန်တစ်မိနစ်ပင် ပြည့်ရဲ့လားမသိ။
ကိကိ ရင်သပ်ရှုမော ငေးရင်း သူ အနားရောက်လာမှ မျက်တောင်တဖျပ်ဖျပ်ခတ်သည်။

'သမီးက အဲလိုခုန်ကျော်ရမှာလား...'

'အင်း... ဒီနေ့ ၉ပေအမြင့်ထိခုန်နိုင်ရမယ်..'

'Oh God...impossible...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. အဲလောက်ကြီးမစွမ်းဘူးလေ...'

'powerတွေက ဒီလိုလေ့ကျင့်တဲ့နေရာမှာ အမောခံနိုင်ဖို့အတွက်ပဲအသုံးဝင်တယ်.. ဘယ်သူမှ မသင်ဘဲ၊ မလေ့ကျင့်ဘဲ မတတ်မြောက်နိုင်ဘူး.. မင်း သင်ရမယ်..လေ့ကျင့်ရမယ်..'

ကိကိ ခဏငြိမ်သွားတော့ သူက စိုက်ကြည့်လာ၏။

'ဘာကိုတွေဝေနေတာလဲ..မသင်ချင်တော့ဘူးဆိုရင်...'

'အဲလိုမပြောမိပါဘူး..သင်ပါ့မယ် သင်ပါ့မယ်..'

ကိကိက သူ့စကားမဆုံးသေးခင် လက်ကာပြ၍ သစ်လုံးတန်းတွေဆီလျှောက်သွားသည်။ ၃ပေအမြင့်မှစ၍ ၂၁ပေအမြင့်ထိ သစ်လုံးတန်း ၇တန်းတည်ဆောက်ထားပုံက စနစ်ကျသေသပ်လှသည်။ သူကတော့ ဒီပညာတွေကို အသုံးမဝင်ဘဲ သင်ပေးလိမ့်မည်မဟုတ်တန်ရာ။ ကိကိ ၃ပေအမြင့်နားမှာ ရပ်၍ တစ်ချက်ငြိမ်နေ၏။ ဒီအမြင့်လောက်ကိုတော့ သူမ အလွယ်တကူခုန်နိုင်သည်ဟုတွေးကာ ၃ပေအမြင့်ကို လွှားခနဲခုန်သည်။ အောက်သို့ပေါ့ပါးစွာ ပြန်ကျလာပြီး ၅ပေအမြင့်ဆီ ဆက်ခုန်၏။ သူမဦးခေါင်းနှင့်တန်းတူဖြစ်နေသည့်အမြင့်ကို တစ်ခါခုန်လည်းမရ၊ နှစ်ခါခုန်လည်း မမီသေးဘဲ သုံးခါမြောက်မှ ကျော်နိုင်သည်။

'ဦးနတ်... နှစ်တန်းခုန်နိုင်ပြီ တွေ့လား...'

သူမက လက်မြှောက်၍ ခပ်ကြွားကြွားလေးအော်သည်။ စစ်သည်က ခုံတန်းပေါ်ခြေချိတ်ထိုင်၍ လက်ပိုက်ကြည့်နေ၏။
ကိကိ ၇ပေအမြင့်ရောက်မှ တိုင်ပတ်သွားကာ ကြိုးစားပမ်းစား ခုန်တက်လိုက်သော်လည်း တန်းပေါ်မရောက်ဘဲ အောက်သို့ ဖုတ်ခနဲ ပြုတ်ကျလာ၏။ သဲပွမြေဖြစ်သောကြောင့် နာကျင်မှုမရှိသော်လည်း သူမခေါင်းမှာ သဲတွေချည်းစင်ကုန်သည်။ ဆံပင်တွေကိုခါချ၍ နောက်တစ်ခါ ဆက်ခုန်လည်း ပြုတ်ကျလာစမြဲဖြစ်ကာ ဟူဒီအင်္ကျီခေါင်းစွပ်ထဲမှာ သဲတွေကော်ထည့်ထားသည့်အတိုင်း များလာ၏။

'ဟာကွာ... ဒီသဲတွေ နားပေါက်ထဲထိဝင်ကုန်ပြီ..'

နားတွေကိုပါ လက်နှင့်သပ်ခါချ၍ ဟူဒီအင်္ကျီချွတ်ကာ သစ်လုံးတန်းပေါ်တင်ထားလိုက်သည်။ croptopအဖြူပဲကျန်တော့သည့်ကိုယ်မှာ သဲပေလည်း မတတ်နိုင်။ ဆက်ခုန်ဖို့ပဲကြိုးစားရမည်မို့ ၃ပေကနေပြန်စ၍ ၇ပေအမြင့်ထိ ဆင့်ခုန်၏။ သို့သော် မီလုမီခင်မှာပဲ ပြန်ပြုတ်ကျသွားသဖြင့် ကိကိ မကျေမနပ်ခြေဆောင့်တော့သည်။ သဲပွမြေပေါ်ဖင်ထိုင်ချကာ ကလေးတွေလို ခြေနှစ်ဖက်စုံကန်ရင်း သူ့ဆီလှည့်ကြည့်တော့ သူက အေးဆေးစွာ စီးကရက်ရှိုက်နေသည်။
နောက်ထပ် သူချီးမွမ်းတာခံရဖို့ ၉ပေအမြင့်ထိခုန်နိုင်မှရမည်။ သူ့စကားတွေက ဈေးကြီးလိုက်ပါဘိ။
ကိကိ မာန်တင်း၍ပြန်ထကာ ထပ်မံကြိုးစားပြန်သည်။ ၇အဆင့်ထိကျော်နိုင်ဖို့ အခါနှစ်ဆယ်လောက်ပြုတ်ကျပြီး နောက်ဆုံးမှ ကတ်သီးလေး ခုန်နိုင်ခဲ့သည်။

'ဦးနတ်.. ခုနစ်ဆင့်ထိရပြီ...ဒီနေ့အတွက် တစ်ဆင့်ပဲကျန်တော့တယ်...'

သူက ဘာမှပြန်မပြောဘဲ လက်မသာထောင်ပြ၏။ လူတစ်ယောက်လုံး အထပ်ထပ်အခါခါပြုတ်ကျထားတာကိုခြေချိတ်ထိုင်ကြည့်နေသည့်ယောက်ျားက လက်မလေးပဲထောင်ပြတာတောင် သူမကိုယ်ထဲ အားအင်တွေဖြည့်ဆည်းလိုက်သကဲ့သို့ စိတ်တွေပြန်တက်ကြွလာကာ ၉ပေအမြင့်ကို စခုန်တော့သည်။
ရှေ့မှာ အကြိမ်ပေါင်းများစွာ ခုန်ခဲ့ပြီးပြီမို့ ဘယ်လိုနည်းလမ်းသုံးရမလဲဆိုတာကိုပါ နားလည်လာကာ စိတ်ကိုပေါ့ပါးစွာ လွှတ်ချထားလိုက်သည်။ ဆက်တိုက်ခုန်ရင်း ဆယ်ကြိမ်၊ ဆယ့်ငါးကြိမ်မှ အကြိမ်ရေတစ်ရာပါကျော်လာ၏။

သူ ကိကိဇွဲကောင်းပုံကိုထိုင်ကြည့်နေရာမှ ထရပ်၍ သူမခုန်နေသည့် ၉ပေအမြင့်တန်းဆီ လျှောက်လာခဲ့သည်။ ကိကိက ဇွဲမလျှော့ဘဲ ဆက်ခုန်ရင်း တစ်ရာ့ငါးကြိမ်မြောက်မှာ သစ်လုံးတန်းကိုကျော်၍ အရှိန်ဖြင့် ကျွမ်းပြန်စိုက်ကျလာသဖြင့် သူ ဖမ်းပွေ့လိုက်သည်။ ကိကိ မြေပေါ်မကျဘဲ သူ့ရင်ခွင်ထဲ ဖက်လျက်သားခွေကျ၍ တဒင်္ဂငြိမ်သက်လျက် အသက်ရှူပြင်းနေ၏။ အတန်ကြာမှ မျက်လုံးဖွင့်၍..

'သမီး လေးဆင့်ကျော်နိုင်သွားပြီဦးနတ်...တော်တယ်မို့လားဟင်...'

သူ့ထံမှ ချီးမွမ်းသံတစ်ချက်ကြားရဖို့ ဒီလောက်ကြိုးစားခဲ့ရကြောင်း သူသိပါစေ။

'အင်း... မင်းက အတော်ဆုံးပဲ...'

မျှော်လင့်နေသည့်စကားကို ကြားရပြီမို့ ကိကိသွားတွေပေါ်အောင်ပြုံးသည်။ သူ့လည်ပင်းကိုဖက်၍ ခေါင်းဝပ်အူမြူးနေပြီးမှ...

'မောတယ်..အရမ်း... အဲဒီ့ချီးမွမ်းစကားကြားရဖို့တောင် ဒီလောက်ခက်ခဲတာ.. ဦးနတ်ရဲ့အချစ်..'

သူက ငုံ့စိုက်ကြည့်နေသဖြင့် ကိကိ စကားမဆုံးသေးဘဲ မချိသွားဖြဲရယ်ကာ..

'ဘာမှမဟုတ်တော့ပါဘူး.. သမီးကိုအိမ်ထဲထိချီသွားပေးပါလား.. လမ်းမလျှောက်ချင်တော့လို့...'

သူ မြေပေါ်ပြန်ချလိုက်မှာစိုးကာ အတင်းဖက်တွယ်ထားရင်း မျက်လုံးတွေကိုပါမှိတ်ထားမိသည်။ သူက ရုတ်တရက် ခြေထောက်နှစ်ဖက်မှချီမြှောက်လိုက်သဖြင့် ရင်ထဲလှပ်ခနဲအေးသွားကာ မျက်လုံးပြန်ဖွင့်၏။ ကိကိ သူ့ခါးကိုခွလျက်အနေအထားဖြစ်သွားကာ သူနှင့်အကြည့်ချင်းဆုံမိလျှင် ချက်ချင်း မျက်လုံးပြန်မှိတ်၍ သူ့ပခုံးပေါ်ခေါင်းမှီလိုက်သည်။ သူ ကိကိကိုပွေ့ချီ၍ အိမ်ထဲထိခေါ်လာခဲ့ရပြီး ကဲကဲက သူတို့ကိုမြင်တော့ ပြေးလာသည်။

'ကဲကဲရေ.. လာ လာ...'

ကိကိ သူ့ပခုံးပေါ်မှကျော်၍ လက်ယပ်ခေါ်သည်။ စစ်သည် သူမကို ဆိုဖာဆက်တီပေါ်ညင်သာစွာ ချပေးပြီးနောက် သူမသောက်နေကျကုဒ်ဘူးကိုပါ ယူလာကာ အဖုံးဖွင့်၍ ကမ်းပေးသည်။

'မင်း မနက်စာမစားခင် ရေချိုးလိုက်လေ.. ကိုယ့်အခန်းထဲဝင်ချိုး...ရေနွေးစပ်ထားပေးမယ်..'

'ဟုတ်...'

ရေနွေးစပ်ထားပေးမည်ဆိုသည့်စကားကြောင့် မောနေတာတွေပင် ဘယ်ဆီရောက်ကုန်မှန်းမသိတော့ဘဲ ကဲကဲကိုပွေ့ထားရင်း ပြုံးမြမြလေးဖြစ်သွားသည်။ သူ အခန်းထဲဝင်သွားပြီး မကြာခင် ပြန်ထွက်လာတော့မှ ကိကိ သူ့အခန်းထဲဝင်၍ ရေချိုးရသည်။ ဟိုတစ်ညက အဖြစ်အပျက်ကြောင့် သူမ ရေပန်းနှင့်ချိုးရမှာ လန့်နေသည်။ ဒါကို သူကလည်း သိပုံရ၏။ Bathtubထဲမှာ ရေနွေးစပ်ပေးထားသဖြင့် ရေစိမ်ချိုးရင်း နာကျင်နေတာတွေကိုပြန်ကုစားရသည်။ သူက မထင်မှတ်ထားလောက်အောင် အညှာအတာမဲ့တတ်သေးသည်ပဲ။ သူမ ပင်ပန်းနေမလား ၊ နာကျင်နေသလား တစ်ခွန်းမှမမေး။ နားခွင့်လည်း မပေးခဲ့။ သို့သော် သူ့ဆီက ချီးမွမ်းစကားတစ်ခွန်းနှင့်ပင် သူမ ပညာကုန်သင်ဖို့ အားအင်အပြည့်ဖြစ်နေပြီ။

ကိကိ ရေချိုး၊ အဝတ်အစားလဲပြီးနောက် မီးဖိုခန်းထဲဝင်လာတော့ သူက ကဲကဲကို နွားနို့နှင့်ကိတ် ကျွေးနေသည်။

'ဦးနတ်.. သမီး မနက်စာအတွက် Sandwishလုပ်ထားတာရှိတယ်.. ထမင်းပဲစားမလား အဲဒါစားမလား..'

'ရတယ်.. ကော်ဖီနဲ့Sandwishပဲ..'

သူက ကော်ဖီကိုသူ့ဘာသာဖျော်ကာ သူမကိုလည်း ကော်ဖီကြိုက်လားဟု မမေး၊ ကော်ဖီခွက်ကိုသာ သူမရှေ့ချပေးသည်။

'ဦးနတ်.. ဟင်းချက်စရာတွေဝယ်ဖို့ဈေးသွားရင် ဘယ်ကိုသွားဝယ်ရလဲဟင်.. မြို့မဈေးထဲလား..တပ်ကုန်းဈေးလား.. သပြေကုန်းဈေးလား...'

'ဘယ်ဈေးမှမသွားဘူး.. မနက်တိုင်းလာပို့တဲ့deliသမားရှိတယ်...'

'ဟင်.. ဒီနေရာထိလာပို့တာလား...'

ကိကိ Sandwishကိုက်ဝါးရင်း မျက်လုံးပြူးနှင့်မေးသည်။

'ဒီနေရာကိုသမီးတစ်ယောက်ပဲလာတယ်ထင်တာ..လာတဲ့သူတွေအများကြီးပါလား.. ပျော်ဖို့မကောင်းတော့ဘူး..'

ပါးစပ်ထဲ ရောက်နေသည့်Sandwishပင် အရသာမတွေ့တော့ပါလား။ နှုတ်ခမ်းလေးဖိပိတ်ရင်း တသွပ်သွပ်စားနေပြီး မျက်ခုံးလေးပါတွန့်ကွေးနေသည်။ သူက ကော်ဖီသောက်ရင်း မျက်လုံးဝေ့ကြည့်ကာ..

'ဒီနေရာထိတော့ ဘယ်ဟုတ်မလဲ.. ကျွန်းတောအလွန်က ကညင်ပင်တန်းထိပဲ..'

'ဘာပဲဖြစ်ဖြစ် မကြိုက်ပါဘူး..'

လွှတ်ခနဲ ပြောမိလိုက်ပြီးမှ သူနှင့်ကိုယ် ဘာမှမဆိုင်သည့်အဖြစ်ကိုသတိရသွားသည်။ အခုမဆိုင်လည်း တစ်နေ့တော့ ဆိုင်လာရမည်ပဲ။ သူ ကော်ဖီကိုနှုတ်ခမ်းဖျားမှာတေ့၍ပြုံးယောင်သမ်းနေသည်။ ပေါင်မုန့်ကိုပါးစောင်လေးတွေဖောင်းကားနေသည်အထိငုံရင်း မကျေမနပ်နှုတ်ခမ်းစူနေသည့်ပုံစံလေးက အသည်းယားစဖွယ်ပင်။ သူဘာပဲပြောပြော အထွန့်မတက်ဘဲ နာခံတတ်သည့်အကျင့်ကလည်း ရှေးယခင်ကအတိုင်း မပြောင်းလဲ။

'မကြိုက်လည်း သမီးက ဘာပြောခွင့်ရှိမှာလဲ.. ဒီအိမ်က ဦးနတ်အိမ်ပဲကို..'

သူမဘာသာပြော၍ အစားအသောက်ကိုလက်စသတ်ကာ ဘေစင်ဆီထသွားလေသည်။ သူကလည်း လိုက်လာကာ ကော်ဖီခွက်ကိုဘေစင်ပေါ်တင်လိုက်ပြီး ကိကိကို ငုံ့ကြည့်၏။

'ဒီအိမ်ကို မင်းအိမ်လို့သဘောထားပြီး စိတ်တိုင်းကျနေနိုင်တယ်.. ဒါပေမဲ့ ကိုယ့်စကားကို အထွန့်မတက်ဘဲ နာခံရမယ်..'

သူ့စကားကြောင့် ကိကိပန်းကန်ဆေးနေရာမှ မော့ကြည့်လာသည်။ သူက ကဲကဲကိုခေါ်၍ ပြန်ထွက်သွားလျှင် ကိကိ သူကြားအောင် လှမ်းပြောလိုက်သေး၏။

'သမီးက ဦးနတ်စကားတစ်ခွန်းပဲ..အမြဲ ခေါင်းညိတ်နာခံပြီးသားပါလို့...'

သူကြားမကြားတော့မသိ၊ ထိုစကားကိုတော့ ယုံကြည်ထားစေချင်သည်။ ကိုယ်ဟာ သူ့အတွက်မွေးဖွားဖြစ်တည်လာသည်ဟု ခံယူထားပြီး သူ့စိတ်၊ သူ့သဘောနှင့်သူမကိုယ်သာဖြစ်ရစေမည်။ သူက ဒီအိမ်မှာ တစ်စက္ကန့်တောင် နေခွင့်မပြုနိုင်ဟုဆိုလာလျှင် ထွက်သွားဖို့လည်း အဆင်သင့်ဖြစ်၏။ ထိုမျှအထိ မြတ်နိုးရသောကြောင့် 'မချစ်ရဘူး'ဆိုသည့်အမိန့်တစ်ခုသာ ပေးလာခဲ့လျှင်တော့ ခေါင်းခါငြင်းဆန်ရလိမ့်မည်။
ကိကိ ပန်းကန်တွေဆေးကြောသိမ်းဆည်းပြီး မီးဖိုခန်းထဲမှ ထွက်လာတော့ သူ့ကိုမတွေ့ရသဖြင့် အိမ်ပြင်ဘက်သို့လှည့်ပတ်ရှာသည်။ ရေကန်ဘေး သစ္စာပန်းပင်တွေခြံရံထားသည့် မြက်ခင်းစိမ်းပေါ်က ကျောက်သားခုံလေးမှာ ထိုင်နေတာကိုမြင်မှ သူ့အနားသို့ပြေးလာ၏။ သူက ကြိုးတစ်ချောင်းကို ဘာလုပ်နေမှန်းမသိ သူ့အာရုံနှင့်သူရှိနေပြီး ကဲကဲက သူ့ဘေးမှာဝပ်နေသည်။ ကိကိ ကဲကဲကိုပင် သိပ်မနာလိုချင်တော့ပါ။ ကိုယ့်ခွေးလား သူ့ခွေးလား မသဲကွဲလောက်အောင် သူ့ဘေးမှာတကပ်ကပ်လုပ်နေသည်။

သူမ သူ့မျက်နှာချင်းဆိုင်မှာ လက်နှစ်ဖက်မေးထောက်ထိုင်၍ သူ ဘာလုပ်နေသလဲ စိတ်ဝင်စားစွာကြည့်သည်။ သူက အနက်ရောင်နှင့်ငွေရောင်ရောသည့်ကြိုးတစ်ချောင်းကို ကျစ်၍ ကနုတ်တွေကဲ့သို့ ခဲရာခဲဆစ်ပုံဖော်နေသည်။ ကြိုးက သူမ တစ်ခါမှမမြင်ဖူးသည့် ဆန်းဆန်းပြားပြားပုံဖြစ်ကာ အရောင်တွေပါ တောက်နေသည်။ သူက သူ့ဦးခေါင်းမှဆံပင်တစ်ချောင်းကိုဆွဲနုတ်ကာ ထိုကြိုးအတွင်းသို့မြှုပ်လျက် စွမ်းအားသုံး၍ ရစ်ပတ်နေပုံက ထူးဆန်းနေသည်။ ကြိုးမှာ မုန့်ကြိုးလိမ်သဏ္ဌာန်ရစ်ခွေနေသည့်အနက်ရောင်လိုင်းကြောင်းတွေက သူ့ဆံပင်တွေလား။

'ဦးနတ်... အဲဒီ့ကြိုးပုံစံက တစ်မျိုးပဲ.. ဒီအနက်ရောင်လိုင်းတွေက ဦးနတ်ဆံပင်တွေလား...'

'အင်း...'

'ဟင်.. ဒီဆံပင်တွေကိုကြိုးကျစ်လို့ရတယ်လား.. ဆန်းကြယ်လိုက်တာ...ဘယ်နှချောင်းလောက်သုံးရလဲဟင်..'

သူမမေးခွန်းက ကြောင်တောင်တောင်နိုင်သွားပြီထင်သည်။ သူက ထိုကြိုးကိုပဲ အာရုံစိုက်နေပြီး အတန်ကြာမှ ပြန်ဖြေသည်။

'၇၄၁၅ချောင်း..'

ကိကိ အံ့သြသွားလေ၏။ ဆံပင်အရေအတွက်ကိုတောင် သူ သေချာမှတ်ထားသည်ကိုး။

'တကယ်ထူးဆန်းတယ်... ဒီငွေရောင်တွေကရော...'

'ပလက်တီနမ်နဲ့စိန်..'

သူပြန်ဖြေတိုင်း သူမက ပါးစပ်အဟောင်းသားနှင့် နားထောင်နေကာ..

'အဲဒါ ဘာလုပ်ဖို့လဲဟင်..'

'မင်း နောက်တော့သိလာမှာပါ..'

သူ့စကားက အဓိပ္ပါယ်တွေအများကြီးပါဝင်နေသလိုမျိုး လျှို့ဝှက်နက်ရှိုင်းလွန်းသည်။ မျက်လုံးတွေကလည်း လေးနက်လွန်း၏။ သူ ထိုကြိုးလေးကို ငွေရောင်ကနုတ်ထွင်းသေတ္တာလေးထဲသို့ပြန်ထည့် သိမ်းဆည်းလိုက်ပြီး ကိကိဘက်လှည့်သည်။
မိတ်ကပ်၊ ခရင်မ် လူးမထားဘဲ ရှင်းပြောင်နေသည့်မျက်နှာလေးက အမြဲတစေ ကြည်လင်ရွှင်ပျနေတတ်ပြီး ဆံပင်ခွေခွေလေးတွေ ပခုံးကျော်ထိ ခပ်အုပ်အုပ်ကျနေပုံကြောင့် ကလေးဆန်နေသည်။ ကိကိကလည်း သူ့ကိုပဲ ငေးကြည့်နေကာ..

'ဦးနတ် မနက်အစောကြီးထလေ့ရှိတာလား...'

'အင်း..'

'ဦးနတ်က ဘုရားရှိခိုး တရားထိုင်တယ်ဆိုတော့ ဗုဒ္ဓဘာသာကိုးကွယ်တာပေါ့..'

'ဗုဒ္ဓဘာသာရယ်လို့မရှိဘူး.. ဗုဒ္ဓသာသနာပဲရှိတယ်...'

'သမီး စကားအသုံးအနှုန်းမှားသွားတာပါ ဘွာတေး ဘွာတေး...'

ကိကိ မချိသွားဖြဲရယ်၍ လက်ကာပြသည်။ သူက ကဲကဲခေါင်းလေးကိုပွတ်သပ်ရင်း ကိကိကို ခေါင်းငဲ့ကြည့်ကာ..

'မင်းကရော ဘုရားရှိခိုးတာလည်း မတွေ့မိဘူး.. ဘာကိုးကွယ်သလဲ...'

သူ့အမေးကြောင့် ကိကိ သူ့ရှေ့သို့တိုး၍ လက်ထောက်မေးတင်လိုက်ပြီး..

'သမီးက နတ်စစ်သည် ဆိုတဲ့ နတ်ဘုရားကိုပဲ ကိုးကွယ်တာ...'

သူနှင့်ကိကိ အကြည့်ချင်းဆုံသွားသည်။ သူ့နှုတ်ခမ်းထက်မှ ရှားပါးလှသည့်အပြုံးတစ်ချက်ကို ရုတ်တရက်မြင်လိုက်ရသဖြင့် ရင်ထဲသို့ အလင်းဖြတ်စီးသွားသလိုပင်။ သူ့ကို မျက်လုံးဝိုင်းလေးနှင့်ကြည့်နေဆဲမှာ သူက ကိကိနှာခေါင်းလေးကို ခပ်ဖွဖွဆွဲလိမ်ယမ်းခါလျက်..

'မင်းက သိပ်ရူးနှမ်းတဲ့ကလေးလေးပဲ...'

ပြောပြီး ခေါင်းလေးကိုဆွဲယူ၍ နဖူးချင်းတိုက်လိုက်သဖြင့် ကိကိ မထင်မှတ်ထားသည့်သူ့အပြုအမူကြောင့် ထိုနေရာမှာပဲကြောင်ငေးရင်း စက္ကန့်များစွာ အသက်ရှူရပ်သွားခဲ့သည်။ ဒီလောက်ဆို နင် သေလို့ရပြီ ကိန္နရီ...။

💥To be continued💥

ဟယ်ရန် ဒီရက်ပိုင်း စိတ်ရှုပ်စရာတွေများနေတာကြောင့်ရော၊ အလုပ်များနေတာကြောင့်ရော အပ်ဒိတ်ကြာသွားရင် နားလည်ပေးကြပါလို့ ။
ပြီးတော့ ဒီ Season2ကို သိပ်မကြိုက်ကြဘူးထင်တယ်နော်။ မှတ်ချက်တွေ သိပ်မတွေ့ရဘူး။ အားတောင်ငယ်သွားတယ်။ 😤
ကောင်းသည်ဆိုးသည် ထောက်ပြပြီး အပြုသဘောဆောင်ဝေဖန်မှတ်ချက်လေးတွေ ပေးသွားကြပါဦးလို့။

'All time to be you..'

ဖုန္းက တုန္ခါ၍ျမည္ေနသျဖင့္ ကိကိ ဟိုစမ္းဒီစမ္းႏွင့္ လက္လွမ္းယူသည္။

'ဟဲလို...'

အိပ္ခ်င္မူးတူးႏွင့္ ေယာင္ယမ္း၍ ဟဲလိုဟုေျပာၿပီးမွ Alarmျမည္ေနမွန္းသိကာ alarmပိတ္လိုက္သည္။ မနက္(၆)နာရီခြဲထဖို႔ ကိုယ့္ဘာသာ alarmေပးထားသည့္အျဖစ္ကိုေမ့ကာ ျပန္အိပ္ဖို႔ဟန္ျပင္လိုက္ေပမဲ့ သူ႔အိမ္ဆိုတာကိုသတိရမွ မ်က္လံုးက်ယ္သြား၏။ မ်က္ခြံေတြကိုပြတ္သပ္၍ အိပ္ရာမွထလိုက္ၿပီး ျပတင္းေပါက္ေတြလိုက္ဖြင့္သည္။ ေဆာင္းမနက္ခင္းမို႔ ျပတင္းျပင္မွာ ႏွင္းက်ေနဆဲျဖစ္ကာ ကဲကဲကေတာ့ စားပြဲေအာက္က အခင္းေလးထဲမွာ ေကြးလို႔ေကာင္းတုန္း။

ခါတိုင္းရက္ေတြမွာ ခ်မ္းလြန္း၍အိပ္ရာထဲေကြးေနတတ္ေသာ္လည္း မေန့ညကတည္းက အခုခ်ိန္ထိ သိပ္မေအးဘဲ ေနြးေနသည္ကိုသတိျပဳမိ၏။ သူ႔အိမ္မွာ အေနြးဓာတ္ေတြမ်ား လႊတ္ထားသလား။

ဒီအိမ္က အျပင္ပန္းမွာ သစ္လံုးေတြကာရံထားၿပီး အတြင္းမွာေတာ့ decorationအကုန္ အဆန္းတၾကယ္ျပင္ဆင္ထားကာ luxuryဆန္လြန္းသည္။ ကိုယ့္အိမ္ထက္ေတာင္ ပိုခမ္းနားေနသျဖင့္ မနာလိုစိတ္အေသးစားေလး ဝင္မိေသး၏။

သူမအခန္းက အေတာ္က်ယ္ဝန္းကာ နံရံေတြက သခြားေရာင္ႏွင့္ခရမ္းေရာင္အေဖ်ာ့ ေရာေနွာထားသည့္ သက္တံေရာင္ေျပးပံုစံမို႔ decorationက အေတာ္လွသည္။ ခန္းဆီးေတြကအစ ေမြ့ရာ၊ ေခါင္းအံုးအဆံုး ထိုအေရာင္ေတျြဖစ္ကာ မ်က္ႏွာၾကက္မီးပန္းဆိုင္းႀကီးႏွင့္ ဆက္တီေတြကေတာ့ ကြၽန္းညိုေရာင္ျဖစ္သည္။ ဒီအခန္းကို သူမအတြက္ သီးသန္႔ျပင္ေပးထားသည့္သူ႔စိတ္ကူးကိုလည္း သေဘာက်လို႔မဆံုး။ သူမေနဖို႔အတြက္မ်ား တကူးတကႀကိဳတင္ျပင္ဆင္ခဲ့သလားဟုပင္ လိုရာဆြဲေတြးမိေသးသည္။ သူ႔အိမ္ကို စေရာက္သည့္ပထမဆံုးေန့ဟာ သာယာလွပလိုက္ပါဘိ။

မ်က္ႏွာသစ္၊ သြားတိုက္၊ ေျခလက္ေဆး၍ ေခါင္းကိုေသခ်ာၿဖီးသင္ၿပီးေနာက္ အခန္းထဲမွထြက္ခဲ့သည္။ ဒီအခ်ိန္ဆို သူမႏိုးေသးဘူးထင္သည္။ သူ႔အိမ္ဘုရားေက်ာင္းေဆာင္ခန္းမွာ အရင္သန္႔ရွင္းေရးလုပ္ေပးၪီးမည္ဟု ေတြး၍ ဘုရားေက်ာင္းေဆာင္ခန္းထဲဝင္လာေတာ့ သူက အရင္ႀကိဳေရာက္ေနကာ ေရွာေစာင္ႀကီးကိုလႊမ္းၿခံဳ၍ တရားထိုင္ေန၏။

ကိကိ ဘုရားခန္းထဲဝင္လာၿပီးမွ ပန္းအိုးပဲယူရႏိုးႏိုး၊ဒီတိုင္းပဲ ျပန္လွည့္သြားရႏိုးႏိုးႏွင့္ ခ်ီတံုခ်တံုျဖစ္သြားကာ မထူးေတာ့သည့္အဆံုး သူ႔ေဘးခပ္ခြာခြာအေနအထားမွာ တိတ္ဆိတ္စြာဝင္ထိုင္၍ ဘုရားရိွခိုးလိုက္ရသည္။ ထို႔ေနာက္ ေျခသံလံုလံုႏွင့္ျပန္ထြက္လာခဲ့ၿပီး မီးဖိုခန္းထဲဝင္၍ ထမင္းေပါင္းအိုးတည္လိုက္၏။ ထမင္းမက်က္ေသးခင္ မီးဖိုခန္းမွအစျပဳ၍ အိမ္တြင္းအိမ္ျပင္အကုန္ သန္႔ရွင္းေရးလုပ္လိုက္ၪီးမည္ဟုေတြးမိသည္။

ကိုယ့္အိမ္မွာဆို ေစာေစာထဖို႔လည္း သတိရမည္မဟုတ္၊ သန္႔ရွင္းေရးလုပ္ဖို႔ေနေနသာသာ တံျမက္စည္းေတာင္ မကိုင္ခဲ့ဖူး။ ထမင္းဟင္းခ်က္ဖို႔ဆို ပို၍ပင္ေဝးစြ။ သန္႔ရွင္းေရးကိုအားႀကိဳးမာန္တက္လုပ္ဖို႔ဟန္ျပင္လိုက္ေပမဲ့ ဖုန္တစ္စက္ေတာင္မေတြ့ရသျဖင့္ မီးဖိုခန္းထဲပဲ ေျပးဝင္ခဲ့သည္။ သူ႔အတြက္ မနက္စာကို ပိုပိုသာသာ Sandwishႏွင့္ေကာ္ဖီစီစဥ္ေပးလိုက္ၪီးမည္ဟုေတြးကာ ေပါင္မုန္႔ေတြကို jamႏွင့္သုတ္၍ လွလွပပျပင္ဆင္လိုက္၏။ သူမလႈပ္ရွားမႈမွန္သမ်ွကို တံခါးဝမွာ လက္ပိုက္ရပ္ၾကည့္ေနသူက ၿပံဳးတံု႔တံု႔။

'ကိႏၷရီ..'

'ဟင္ ၪီးနတ္... တရားထိုင္ၿပီးၿပီလား...'

ကိကိ သူ႔ကိုျမင္ေတာ့ အလုပ္လက္စသတ္ကာ ထမင္းေပါင္းအိုးပလပ္ျဖဳတ္၍ထြက္လာသည္။

'ညက အိပ္ေပ်ာ္ရဲ့လား..'

သူ႔အေမးေၾကာင့္ ကိကိ သူ႔ကိုတစ္ခ်က္ၾကည့္ၿပီး ေခါင္းညိတ္သည္။

'အိပ္ေပ်ာ္ပါတယ္..သမီးက အိပ္ရာေျပာင္းရင္ မအိပ္တတ္ေပမဲ့ ညကေတာ့ အေစာႀကီးအိပ္ေပ်ာ္သြားတယ္..ေသာက္တာမ်ားသြားလို႔လည္း ပါတာေပါ့ ဟီးဟီး...'

'မင္း ဒီေန့ ကိုယ္ခံပညာစသင္ရမယ္.. ေလ့က်င့္ရမယ္.. အဲဒီ့အတြက္လည္း အခ်ိန္မေရြး readyျဖစ္ေနရမယ္...'

'အာ...readyပါပဲ..အခုသင္ေပးေတာ့မွာလား...'

'အင္း..သင့္ေတာ္မယ့္အဝတ္အစားလဲၿပီး အိမ္အေနာက္ဘက္လိုက္ခဲ့...'

'ဟုတ္...'

ကိုယ့္ပံုစံက ညဝတ္ဖဲဂါဝန္ႏွင့္မို႔ အခန္းထဲဝင္၍ အဝတ္အစားလဲရေသးသည္။ နီနီထည့္ေပးလိုက္သည့္အဝတ္ေတြထဲမွာ အားကစားဝတ္စံုေတာင္မပါသျဖင့္ သင့္ေတာ္သည့္ဂ်င္းေဘာင္းဘီႏွင့္ ဟူဒီအက်ႌကို လဲဝတ္လိုက္သည္။ အဝတ္အစားလဲၿပီးေနာက္ သူေျပာသည့္အိမ္အေနာက္ဘက္သို႔မွန္းဆ၍ ေလ်ွာက္လာခဲ့၏။ သူ႔အိမ္ကိုခဏခဏေရာက္ေပမဲ့ အိမ္ပတ္ဝန္းက်င္ကို တစ္ခါမွႏွံ႔ႏွံ့စပ္စပ္မၾကည့္ခဲ့ဖူးေသး။ ႏွစ္ခ်ိဳ႕ကြၽန္းပင္ႀကီးေတြပတ္လည္ဝိုင္းထားသည့္ အိမ္အေနာက္ဘက္ကြင္းျပင္ထိေရာက္ဖို႔ေတာင္ တစ္ေမ်ွာ္တစ္ေခၚေဝးေန၏။ ကြၽန္းပြင့္ေတြ တဖြဲဖြဲေႂကြက်ေနသည့္ အျဖဴေရာင္စႂကၤန္လမ္းေလးအတိုင္း ေလ်ွာက္ခဲ့ၿပီး ကြၽန္းပင္ႀကီးေတြအလယ္မွာ ဘားတန္းပံုစံအနိမ့္အျမင့္စီထားသည့္ သစ္လံုးတန္းႀကီးေတြကို ျမင္လိုက္ရသည္။ သူက ကြၽန္းပင္ႀကီးကိုမွီ၍ လက္ပိုက္ရပ္ေစာင့္ေန၏။

'အမေလး...ေလ်ွာက္လိုက္ရတာၪီးနတ္ရယ္..အေဝးႀကီးပဲ..'

သူ႔ေဘးနားေရာက္မွ ရႈံ႔မဲ့ညည္းၫူမိသည္။ သူက လက္ပတ္နာရီကိုေျမႇာက္ၾကည့္၍..

'ဒီထိေလ်ွာက္လာရတာေလာက္ေတာင္ ညည္းၫူေနရင္ သင္ေပးလို႔မရဘူးေနာ္...'

'ဟင့္အင္း မညည္းပါဘူး..မညည္းေတာ့ဘူး..'

ကိကိ ပ်ာပ်ာသလဲ လက္ကာ၍ ေခါင္းခါျပသည္။

'ဟိုေန့က မင္းရဲ့ဂ်ာနယ္တိုက္ကေန ဒီအထိ မိုင္သံုးဆယ္အကြာအေဝးေလာက္ကို စကိတ္စီးလာတယ္ဆိုေတာ့ မင္း ဘယ္ေလာက္ျမန္သလဲ အေမာခံႏိုင္သလဲ စမ္းၾကည့္ခ်င္တယ္.. ဒီလမ္းရဲ့အဆံုးမွာ အင္ၾကင္းပင္တစ္ပင္ရိွတယ္.. အဲဒီ့အပင္ေပၚမွာ ကိုယ့္ေရွာေစာင္တင္ထားတယ္.. မင္း သြားယူလာရမယ္.. အခ်ိန္ ၁၅မိနစ္ပဲေပးမယ္.. အခု ၇နာရီ၄၅မိနစ္ ၊ မင္း ၈နာရီအေရာက္ျပန္ခဲ့...'

'ဟင္..'

ကိကိ မ်က္လံုးျပဴးသြားေသာ္လည္း သူက အခ်ိန္စမွတ္ေနၿပီျဖစ္ကာ..

'ကဲ...Three Two One...'

One ဟုေျပာသံအဆံုး၌ ကိကိ ကြၽန္းပြင့္ေတြစီေနသည့္လမ္းၾကားေလးအတိုင္း တစ္ရိွန္ထိုးေျပးေတာ့သည္။ အကြာအေဝးသတ္မွတ္မထားသည့္အေျပးလမ္းမွာ ကြၽန္းပြင့္ေတြသာ အမွတ္အသားသဖြယ္ ​စီရီေနကာ ​ကီလိုမီတာေပါင္းမ်ားစြာအထိ လမ္းမဆံုးေသး။ သူေျပာသည့္အင္ၾကင္းပင္ကိုမေတြ့မခ်င္း ဆက္ေျပးခဲ့ၿပီး သူဂ်င္းထည့္လိုက္တာမ်ားလားဟုပင္ ေတြးမိေသး၏။ လမ္းေပ်ာက္သြားမွာကိုစိုးရိမ္မိေသာ္လည္း သူ႔ကိုယံုၾကည္စိတ္က ရိွေနျပန္ရာ ကိကိ မရပ္မနားေျပးလႊားရင္း အင္ၾကင္းပင္အိုႀကီးတစ္ပင္ေပၚမွာ တလူလူလြင့္ေနသည့္ေရွာေစာင္ႀကီးကို ျမင္လိုက္ရသျဖင့္ အပင္ေပၚျမန္ဆန္စြာတက္၍ လွမ္းယူရသည္။

ေရွာေစာင္ႀကီးကိုပိုက္၍ အပင္ေပၚမျွပန္ဆင္းလာခဲ့ခ်ိန္တြင္ သူမလာရာလမ္းမွာ စည္းမ်ဥ္းသဖြယ္မွတ္သားထားသည့္ ကြၽန္းပြင့္ေတြကိုမေတြ့ရေတာ့ေပ။ သူ စည္းဖ်က္လိုက္တာမ်ားလားဟု ေတြးရင္း ဟိုၾကည့္ဒီၾကည့္ျဖစ္သြားၿပီးမွ အခ်ိန္နည္းနည္းပဲက်န္ေတာ့တာကိုသတိရကာ ဒေရာေသာပါးျပန္ေျပးခဲ့ရျပန္သည္။ ၪီးေနွာက္က လာရာလမ္းကိုမွတ္မိေန၍သာ ေတာ္ေသးသည္။ မဟုတ္လ်ွင္ သူမ လမ္းရွာမရဘဲ ဒီေတာထဲမွာ တစ္မနက္လံုးအခ်ိန္ကုန္သြားလိမ့္မည္။
ကိကိ အျပန္လမ္းသို႔ အျမန္ဆံုးအလ်င္ႏွင့္ေျပးလာခဲ့ၿပီး ခပ္လွမ္းလွမ္းမွာရပ္ေနသည့္သူ႔ကိုျမင္ေတာ့မွ ေရွာေစာင္ႀကီးကိုေျမႇာက္၍ ေျပးရိွန္ပိုျမႇင့္သည္။

'ၪီးနတ္ေရ...ဒီမွာ ပါလာၿပီ...'

အသံစာစာႏွင့္ေအာ္ဟစ္၍ သူ႔ေရ႔ွေလ်ွာက္လာကာ သူ႔လည္ပင္းကိုပန္းဝင္ႀကိဳးဆြဲသလို ခုန္ဖက္၍တြဲလဲခိုပစ္သည္။ သူ ကိကိကို ခါးေလးမွခ်ီေျမႇာက္ထားရင္း လက္မလႊတ္မိေသး။

'ၪီးနတ္က လမ္းအမွတ္အသားေတြအကုန္ဖ်က္ပစ္လည္း ဒီက master brainပါေနာ္.. ရေအာင္ယူလာႏိုင္ခဲ့တယ္.. သမီး ေတာ္တယ္မို႔လား..'

သူမက ေမာဟိုက္ေနသည့္တိုင္ အသက္ပံုမွန္ရႉ၍ ရႊင္ျမဴးစြာ ေမးေနေသးသည္။

'အင္း..ေတာ္တယ္..'

သူက ခ်ီးမြမ္း၍ သူမကိုေျမေပၚျပန္ခ်ေပးၿပီး ေရွာေစာင္ကိုဆြဲယူလိုက္သည္။

'မင္း အသြားအျပန္ ၁၂မိုင္ကို ၁၅မိနစ္နဲ႔ေျပးႏိုင္တယ္ဆိုေတာ့ ပထမအဆင့္စသင္မယ္.. ဟိုသစ္လံုးတန္းေတြကိုျမင္လား...'

သူက ဆယ္ေပအကြာစီ အနိမ့္စဥ္အျမင့္လိုက္ျခားထားသည့္ သစ္လံုးတန္းေတြကိုေမးဆတ္ျပကာ..

'အဲဒါေတြကို ေပါ့ေပါ့ပါးပါးခုန္ပ်ံေက်ာ္လႊားႏိုင္တဲ့အထိ ေလ့က်င့္ရမယ္.. ကိုယ္က sampleအေနနဲ႔ တစ္ႀကိမ္လုပ္ျပမယ္...'

သူ ေရွာေစာင္ႀကီးကို အနီးရိွ ခံုတန္းေလးေပၚတင္လိုက္ၿပီး ထိုသစ္လံုးတန္းေတြဆီသို႔ ေျပးသြား၏။ အနိမ့္ဆံုးအတန္းမွစ၍ တစ္တန္းၿပီးတစ္တန္း ခုန္ပ်ံေက်ာ္လႊားသြားပံုက က်ားသစ္တစ္ေကာင္လို ဖ်တ္လတ္လြန္းသည္မို႔ ကိကိ မ်က္ေတာင္ခတ္ဖို႔ပင္ သတိမရဘဲ ေငးၾကည့္ေနသည္။ ၂၁ေပအျမင့္ဆံုး သစ္လံုးတန္းထိ လႊားခနဲခုန္တက္၍ ထိုသစ္လံုးတန္းေတြေပၚမွ တစ္ဆင့္ၿပီးတစ္ဆင့္ေျပးလႊားကာ သူမဆီျပန္ေရာက္လာသည္အထိ ၾကာခ်ိန္တစ္မိနစ္ပင္ ျပည့္ရဲ့လားမသိ။
ကိကိ ရင္သပ္ရႈေမာ ေငးရင္း သူ အနားေရာက္လာမွ မ်က္ေတာင္တဖ်ပ္ဖ်ပ္ခတ္သည္။

'သမီးက အဲလိုခုန္ေက်ာ္ရမွာလား...'

'အင္း... ဒီေန့ ၉ေပအျမင့္ထိခုန္ႏိုင္ရမယ္..'

'Oh God...impossible...ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ.. အဲေလာက္ႀကီးမစြမ္းဘူးေလ...'

'powerေတြက ဒီလိုေလ့က်င့္တဲ့ေနရာမွာ အေမာခံႏိုင္ဖို႔အတြက္ပဲအသံုးဝင္တယ္.. ဘယ္သူမွ မသင္ဘဲ၊ မေလ့က်င့္ဘဲ မတတ္ေျမာက္ႏိုင္ဘူး.. မင္း သင္ရမယ္..ေလ့က်င့္ရမယ္..'

ကိကိ ခဏၿငိမ္သြားေတာ့ သူက စိုက္ၾကည့္လာ၏။

'ဘာကိုေတြေဝေနတာလဲ..မသင္ခ်င္ေတာ့ဘူးဆိုရင္...'

'အဲလိုမေျပာမိပါဘူး..သင္ပါ့မယ္ သင္ပါ့မယ္..'

ကိကိက သူ႔စကားမဆံုးေသးခင္ လက္ကာျပ၍ သစ္လံုးတန္းေတြဆီေလ်ွာက္သြားသည္။ ၃ေပအျမင့္မွစ၍ ၂၁ေပအျမင့္ထိ သစ္လံုးတန္း ၇တန္းတည္ေဆာက္ထားပံုက စနစ္က်ေသသပ္လွသည္။ သူကေတာ့ ဒီပညာေတြကို အသံုးမဝင္ဘဲ သင္ေပးလိမ့္မည္မဟုတ္တန္ရာ။ ကိကိ ၃ေပအျမင့္နားမွာ ရပ္၍ တစ္ခ်က္ၿငိမ္ေန၏။ ဒီအျမင့္ေလာက္ကိုေတာ့ သူမ အလြယ္တကူခုန္ႏိုင္သည္ဟုေတြးကာ ၃ေပအျမင့္ကို လႊားခနဲခုန္သည္။ ေအာက္သို႔ေပါ့ပါးစြာ ျပန္က်လာၿပီး ၅ေပအျမင့္ဆီ ဆက္ခုန္၏။ သူမၪီးေခါင္းႏွင့္တန္းတူျဖစ္ေနသည့္အျမင့္ကို တစ္ခါခုန္လည္းမရ၊ ႏွစ္ခါခုန္လည္း မမီေသးဘဲ သံုးခါေျမာက္မွ ေက်ာ္ႏိုင္သည္။

'ၪီးနတ္... ႏွစ္တန္းခုန္ႏိုင္ၿပီ ေတြ့လား...'

သူမက လက္ေျမႇာက္၍ ခပ္ႂကြားႂကြားေလးေအာ္သည္။ စစ္သည္က ခံုတန္းေပၚေျခခ်ိတ္ထိုင္၍ လက္ပိုက္ၾကည့္ေန၏။
ကိကိ ၇ေပအျမင့္ေရာက္မွ တိုင္ပတ္သြားကာ ႀကိဳးစားပမ္းစား ခုန္တက္လိုက္ေသာ္လည္း တန္းေပၚမေရာက္ဘဲ ေအာက္သို႔ ဖုတ္ခနဲ ျပဳတ္က်လာ၏။ သဲပြေျမျဖစ္ေသာေၾကာင့္ နာက်င္မႈမရိွေသာ္လည္း သူမေခါင္းမွာ သဲေတြခ်ည္းစင္ကုန္သည္။ ဆံပင္ေတြကိုခါခ်၍ ေနာက္တစ္ခါ ဆက္ခုန္လည္း ျပဳတ္က်လာစၿမဲျဖစ္ကာ ဟူဒီအက်ႌေခါင္းစြပ္ထဲမွာ သဲေတြေကာ္ထည့္ထားသည့္အတိုင္း မ်ားလာ၏။

'ဟာကြာ... ဒီသဲေတြ နားေပါက္ထဲထိဝင္ကုန္ၿပီ..'

နားေတြကိုပါ လက္ႏွင့္သပ္ခါခ်၍ ဟူဒီအက်ႌခြၽတ္ကာ သစ္လံုးတန္းေပၚတင္ထားလိုက္သည္။ croptopအျဖဴပဲက်န္ေတာ့သည့္ကိုယ္မွာ သဲေပလည္း မတတ္ႏိုင္။ ဆက္ခုန္ဖို႔ပဲႀကိဳးစားရမည္မို႔ ၃ေပကေနျပန္စ၍ ၇ေပအျမင့္ထိ ဆင့္ခုန္၏။ သို႔ေသာ္ မီလုမီခင္မွာပဲ ျပန္ျပဳတ္က်သြားသျဖင့္ ကိကိ မေက်မနပ္ေျခေဆာင့္ေတာ့သည္။ သဲပြေျမေပၚဖင္ထိုင္ခ်ကာ ကေလးေတြလို ေျခႏွစ္ဖက္စံုကန္ရင္း သူ႔ဆီလွည့္ၾကည့္ေတာ့ သူက ေအးေဆးစြာ စီးကရက္ရိႈက္ေနသည္။
ေနာက္ထပ္ သူခ်ီးမြမ္းတာခံရဖို႔ ၉ေပအျမင့္ထိခုန္ႏိုင္မွရမည္။ သူ႔စကားေတြက ေဈးႀကီးလိုက္ပါဘိ။
ကိကိ မာန္တင္း၍ျပန္ထကာ ထပ္မံႀကိဳးစားျပန္သည္။ ၇အဆင့္ထိေက်ာ္ႏိုင္ဖို႔ အခါႏွစ္ဆယ္ေလာက္ျပဳတ္က်ၿပီး ေနာက္ဆံုးမွ ကတ္သီးေလး ခုန္ႏိုင္ခဲ့သည္။

'ၪီးနတ္.. ခုနစ္ဆင့္ထိရၿပီ...ဒီေန့အတြက္ တစ္ဆင့္ပဲက်န္ေတာ့တယ္...'

သူက ဘာမျွပန္မေျပာဘဲ လက္မသာေထာင္ျပ၏။ လူတစ္ေယာက္လံုး အထပ္ထပ္အခါခါျပဳတ္က်ထားတာကိုေျခခ်ိတ္ထိုင္ၾကည့္ေနသည့္ေယာက္်ားက လက္မေလးပဲေထာင္ျပတာေတာင္ သူမကိုယ္ထဲ အားအင္ေတျြဖည့္ဆည္းလိုက္သကဲ့သို႔ စိတ္ေတျြပန္တက္ႂကြလာကာ ၉ေပအျမင့္ကို စခုန္ေတာ့သည္။
ေရ႔ွမွာ အႀကိမ္ေပါင္းမ်ားစြာ ခုန္ခဲ့ၿပီးၿပီမို႔ ဘယ္လိုနည္းလမ္းသံုးရမလဲဆိုတာကိုပါ နားလည္လာကာ စိတ္ကိုေပါ့ပါးစြာ လႊတ္ခ်ထားလိုက္သည္။ ဆက္တိုက္ခုန္ရင္း ဆယ္ႀကိမ္၊ ဆယ့္ငါးႀကိမ္မွ အႀကိမ္ေရတစ္ရာပါေက်ာ္လာ၏။

သူ ကိကိဇြဲေကာင္းပံုကိုထိုင္ၾကည့္ေနရာမွ ထရပ္၍ သူမခုန္ေနသည့္ ၉ေပအျမင့္တန္းဆီ ေလ်ွာက္လာခဲ့သည္။ ကိကိက ဇြဲမေလ်ွာ့ဘဲ ဆက္ခုန္ရင္း တစ္ရာ့ငါးႀကိမ္ေျမာက္မွာ သစ္လံုးတန္းကိုေက်ာ္၍ အရိွန္ျဖင့္ ကြၽမ္းျပန္စိုက္က်လာသျဖင့္ သူ ဖမ္းေပြ့လိုက္သည္။ ကိကိ ေျမေပၚမက်ဘဲ သူ႔ရင္ခြင္ထဲ ဖက္လ်က္သားေခြက်၍ တဒဂၤၿငိမ္သက္လ်က္ အသက္ရႉျပင္းေန၏။ အတန္ၾကာမွ မ်က္လံုးဖြင့္၍..

'သမီး ေလးဆင့္ေက်ာ္ႏိုင္သြားၿပီၪီးနတ္...ေတာ္တယ္မို႔လားဟင္...'

သူ႔ထံမွ ခ်ီးမြမ္းသံတစ္ခ်က္ၾကားရဖို႔ ဒီေလာက္ႀကိဳးစားခဲ့ရေၾကာင္း သူသိပါေစ။

'အင္း... မင္းက အေတာ္ဆံုးပဲ...'

ေမ်ွာ္လင့္ေနသည့္စကားကို ၾကားရၿပီမို႔ ကိကိသြားေတြေပၚေအာင္ၿပံဳးသည္။ သူ႔လည္ပင္းကိုဖက္၍ ေခါင္းဝပ္အူျမဴးေနၿပီးမွ...

'ေမာတယ္..အရမ္း... အဲဒီ့ခ်ီးမြမ္းစကားၾကားရဖို႔ေတာင္ ဒီေလာက္ခက္ခဲတာ.. ၪီးနတ္ရဲ့အခ်စ္..'

သူက ငံု႔စိုက္ၾကည့္ေနသျဖင့္ ကိကိ စကားမဆံုးေသးဘဲ မခ်ိသြားၿဖဲရယ္ကာ..

'ဘာမွမဟုတ္ေတာ့ပါဘူး.. သမီးကိုအိမ္ထဲထိခ်ီသြားေပးပါလား.. လမ္းမေလ်ွာက္ခ်င္ေတာ့လို႔...'

သူ ေျမေပၚျပန္ခ်လိုက္မွာစိုးကာ အတင္းဖက္တြယ္ထားရင္း မ်က္လံုးေတြကိုပါမိွတ္ထားမိသည္။ သူက ရုတ္တရက္ ေျခေထာက္ႏွစ္ဖက္မွခ်ီေျမႇာက္လိုက္သျဖင့္ ရင္ထဲလွပ္ခနဲေအးသြားကာ မ်က္လံုးျပန္ဖြင့္၏။ ကိကိ သူ႔ခါးကိုခြလ်က္အေနအထားျဖစ္သြားကာ သူႏွင့္အၾကည့္ခ်င္းဆံုမိလ်ွင္ ခ်က္ခ်င္း မ်က္လံုးျပန္မိွတ္၍ သူ႔ပခံုးေပၚေခါင္းမွီလိုက္သည္။ သူ ကိကိကိုေပြ့ခ်ီ၍ အိမ္ထဲထိေခၚလာခဲ့ရၿပီး ကဲကဲက သူတို႔ကိုျမင္ေတာ့ ေျပးလာသည္။

'ကဲကဲေရ.. လာ လာ...'

ကိကိ သူ႔ပခံုးေပၚမွေက်ာ္၍ လက္ယပ္ေခၚသည္။ စစ္သည္ သူမကို ဆိုဖာဆက္တီေပၚညင္သာစြာ ခ်ေပးၿပီးေနာက္ သူမေသာက္ေနက်ကုဒ္ဘူးကိုပါ ယူလာကာ အဖံုးဖြင့္၍ ကမ္းေပးသည္။

'မင္း မနက္စာမစားခင္ ေရခ်ိဳးလိုက္ေလ.. ကိုယ့္အခန္းထဲဝင္ခ်ိဳး...ေရႏြေးစပ္ထားေပးမယ္..'

'ဟုတ္...'

ေရႏြေးစပ္ထားေပးမည္ဆိုသည့္စကားေၾကာင့္ ေမာေနတာေတြပင္ ဘယ္ဆီေရာက္ကုန္မွန္းမသိေတာ့ဘဲ ကဲကဲကိုေပြ့ထားရင္း ၿပံဳးျမျမေလးျဖစ္သြားသည္။ သူ အခန္းထဲဝင္သြားၿပီး မၾကာခင္ ျပန္ထြက္လာေတာ့မွ ကိကိ သူ႔အခန္းထဲဝင္၍ ေရခ်ိဳးရသည္။ ဟိုတစ္ညက အျဖစ္အပ်က္ေၾကာင့္ သူမ ေရပန္းႏွင့္ခ်ိဳးရမွာ လန္႔ေနသည္။ ဒါကို သူကလည္း သိပံုရ၏။ Bathtubထဲမွာ ေရႏြေးစပ္ေပးထားသျဖင့္ ေရစိမ္ခ်ိဳးရင္း နာက်င္ေနတာေတြကိုျပန္ကုစားရသည္။ သူက မထင္မွတ္ထားေလာက္ေအာင္ အၫွာအတာမဲ့တတ္ေသးသည္ပဲ။ သူမ ပင္ပန္းေနမလား ၊ နာက်င္ေနသလား တစ္ခြန္းမွမေမး။ နားခြင့္လည္း မေပးခဲ့။ သို႔ေသာ္ သူ႔ဆီက ခ်ီးမြမ္းစကားတစ္ခြန္းႏွင့္ပင္ သူမ ပညာကုန္သင္ဖို႔ အားအင္အျပည့္ျဖစ္ေနၿပီ။

ကိကိ ေရခ်ိဳး၊ အဝတ္အစားလဲၿပီးေနာက္ မီးဖိုခန္းထဲဝင္လာေတာ့ သူက ကဲကဲကို ႏြားႏို႔ႏွင့္ကိတ္ ေကြၽးေနသည္။

'ၪီးနတ္.. သမီး မနက္စာအတြက္ Sandwishလုပ္ထားတာရိွတယ္.. ထမင္းပဲစားမလား အဲဒါစားမလား..'

'ရတယ္.. ေကာ္ဖီနဲ႔Sandwishပဲ..'

သူက ေကာ္ဖီကိုသူ႔ဘာသာေဖ်ာ္ကာ သူမကိုလည္း ေကာ္ဖီႀကိဳက္လားဟု မေမး၊ ေကာ္ဖီခြက္ကိုသာ သူမေရ႔ွခ်ေပးသည္။

'ၪီးနတ္.. ဟင္းခ်က္စရာေတြဝယ္ဖို႔ေဈးသြားရင္ ဘယ္ကိုသြားဝယ္ရလဲဟင္.. ၿမိဳ႔မေဈးထဲလား..တပ္ကုန္းေဈးလား.. သေျပကုန္းေဈးလား...'

'ဘယ္ေဈးမွမသြားဘူး.. မနက္တိုင္းလာပို႔တဲ့deliသမားရိွတယ္...'

'ဟင္.. ဒီေနရာထိလာပို႔တာလား...'

ကိကိ Sandwishကိုက္ဝါးရင္း မ်က္လံုးျပဴးႏွင့္ေမးသည္။

'ဒီေနရာကိုသမီးတစ္ေယာက္ပဲလာတယ္ထင္တာ..လာတဲ့သူေတြအမ်ားႀကီးပါလား.. ေပ်ာ္ဖို႔မေကာင္းေတာ့ဘူး..'

ပါးစပ္ထဲ ေရာက္ေနသည့္Sandwishပင္ အရသာမေတြ့ေတာ့ပါလား။ ႏႈတ္ခမ္းေလးဖိပိတ္ရင္း တသြပ္သြပ္စားေနၿပီး မ်က္ခံုးေလးပါတြန္႔ေကြးေနသည္။ သူက ေကာ္ဖီေသာက္ရင္း မ်က္လံုးေဝ့ၾကည့္ကာ..

'ဒီေနရာထိေတာ့ ဘယ္ဟုတ္မလဲ.. ကြၽန္းေတာအလြန္က ကညင္ပင္တန္းထိပဲ..'

'ဘာပဲျဖစ္ျဖစ္ မႀကိဳက္ပါဘူး..'

လႊတ္ခနဲ ေျပာမိလိုက္ၿပီးမွ သူႏွင့္ကိုယ္ ဘာမွမဆိုင္သည့္အျဖစ္ကိုသတိရသြားသည္။ အခုမဆိုင္လည္း တစ္ေန့ေတာ့ ဆိုင္လာရမည္ပဲ။ သူ ေကာ္ဖီကိုႏႈတ္ခမ္းဖ်ားမွာေတ့၍ၿပံဳးေယာင္သမ္းေနသည္။ ေပါင္မုန္႔ကိုပါးေစာင္ေလးေတြေဖာင္းကားေနသည္အထိငံုရင္း မေက်မနပ္ႏႈတ္ခမ္းစူေနသည့္ပံုစံေလးက အသည္းယားစဖြယ္ပင္။ သူဘာပဲေျပာေျပာ အထြန္႔မတက္ဘဲ နာခံတတ္သည့္အက်င့္ကလည္း ေရွးယခင္ကအတိုင္း မေျပာင္းလဲ။

'မႀကိဳက္လည္း သမီးက ဘာေျပာခြင့္ရိွမွာလဲ.. ဒီအိမ္က ၪီးနတ္အိမ္ပဲကို..'

သူမဘာသာေျပာ၍ အစားအေသာက္ကိုလက္စသတ္ကာ ေဘစင္ဆီထသြားေလသည္။ သူကလည္း လိုက္လာကာ ေကာ္ဖီခြက္ကိုေဘစင္ေပၚတင္လိုက္ၿပီး ကိကိကို ငံု႔ၾကည့္၏။

'ဒီအိမ္ကို မင္းအိမ္လို႔သေဘာထားၿပီး စိတ္တိုင္းက်ေနႏိုင္တယ္.. ဒါေပမဲ့ ကိုယ့္စကားကို အထြန္႔မတက္ဘဲ နာခံရမယ္..'

သူ႔စကားေၾကာင့္ ကိကိပန္းကန္ေဆးေနရာမွ ေမာ့ၾကည့္လာသည္။ သူက ကဲကဲကိုေခၚ၍ ျပန္ထြက္သြားလ်ွင္ ကိကိ သူၾကားေအာင္ လွမ္းေျပာလိုက္ေသး၏။

'သမီးက ၪီးနတ္စကားတစ္ခြန္းပဲ..အၿမဲ ေခါင္းညိတ္နာခံၿပီးသားပါလို႔...'

သူၾကားမၾကားေတာ့မသိ၊ ထိုစကားကိုေတာ့ ယံုၾကည္ထားေစခ်င္သည္။ ကိုယ္ဟာ သူ႔အတြက္ေမြးဖြားျဖစ္တည္လာသည္ဟု ခံယူထားၿပီး သူ႔စိတ္၊ သူ႔သေဘာႏွင့္သူမကိုယ္သာျဖစ္ရေစမည္။ သူက ဒီအိမ္မွာ တစ္စကၠန္႔ေတာင္ ေနခြင့္မျပဳႏိုင္ဟုဆိုလာလ်ွင္ ထြက္သြားဖို႔လည္း အဆင္သင့္ျဖစ္၏။ ထိုမ်ွအထိ ျမတ္ႏိုးရေသာေၾကာင့္ 'မခ်စ္ရဘူး'ဆိုသည့္အမိန္႔တစ္ခုသာ ေပးလာခဲ့လ်ွင္ေတာ့ ေခါင္းခါျငင္းဆန္ရလိမ့္မည္။
ကိကိ ပန္းကန္ေတြေဆးေၾကာသိမ္းဆည္းၿပီး မီးဖိုခန္းထဲမွ ထြက္လာေတာ့ သူ႔ကိုမေတြ့ရသျဖင့္ အိမ္ျပင္ဘက္သို႔လွည့္ပတ္ရွာသည္။ ေရကန္ေဘး သစၥာပန္းေတြၿခံရံထားသည့္ ျမက္ခင္းစိမ္းေပၚက ေက်ာက္သားခံုေလးမွာ ထိုင္ေနတာကိုျမင္မွ သူ႔အနားသို႔ေျပးလာ၏။ သူက ႀကိဳးတစ္ေခ်ာင္းကို ဘာလုပ္ေနမွန္းမသိ သူ႔အာရံုႏွင့္သူရိွေနၿပီး ကဲကဲက သူ႔ေဘးမွာဝပ္ေနသည္။ ကိကိ ကဲကဲကိုပင္ သိပ္မနာလိုခ်င္ေတာ့ပါ။ ကိုယ့္ေခြးလား သူ႔ေခြးလား မသဲကြဲေလာက္ေအာင္ သူ႔ေဘးမွာတကပ္ကပ္လုပ္ေနသည္။

သူမ သူ႔မ်က္ႏွာခ်င္းဆိုင္မွာ လက္ႏွစ္ဖက္ေမးေထာက္ထိုင္၍ သူ ဘာလုပ္ေနသလဲ စိတ္ဝင္စားစြာၾကည့္သည္။ သူက အနက္ေရာင္ႏွင့္ေငြေရာင္ေရာသည့္ႀကိဳးတစ္ေခ်ာင္းကို က်စ္၍ ကႏုတ္ေတြကဲ့သို႔ ခဲရာခဲဆစ္ပံုေဖာ္ေနသည္။ ႀကိဳးက သူမ တစ္ခါမွမျမင္ဖူးသည့္ ဆန္းဆန္းျပားျပားပံုျဖစ္ကာ အေရာင္ေတြပါ ေတာက္ေနသည္။ သူက သူ႔ၪီးေခါင္းမွဆံပင္တစ္ေခ်ာင္းကိုဆြဲႏုတ္ကာ ထိုႀကိဳးအတြင္းသို႔ျမႇဳပ္လ်က္ စြမ္းအားသံုး၍ ရစ္ပတ္ေနပံုက ထူးဆန္းေနသည္။ ႀကိဳးမွာ မုန္႔ႀကိဳးလိမ္သဏၭာန္ရစ္ေခြေနသည့္အနက္ေရာင္လိုင္းေၾကာင္းေတြက သူ႔ဆံပင္ေတြလား။

'ၪီးနတ္... အဲဒီ့ႀကိဳးပံုစံက တစ္မ်ိဳးပဲ.. ဒီအနက္ေရာင္လိုင္းေတြက ၪီးနတ္ဆံပင္ေတြလား...'

'အင္း...'

'ဟင္.. ဒီဆံပင္ေတြကိုႀကိဳးက်စ္လို႔ရတယ္လား.. ဆန္းၾကယ္လိုက္တာ...ဘယ္ႏွေခ်ာင္းေလာက္သံုးရလဲဟင္..'

သူမေမးခြန္းက ေၾကာင္ေတာင္ေတာင္ႏိုင္သြားၿပီထင္သည္။ သူက ထိုႀကိဳးကိုပဲ အာရံုစိုက္ေနၿပီး အတန္ၾကာမွ ျပန္ေျဖသည္။

'၇၄၁၅ေခ်ာင္း..'

ကိကိ အံ့ၾသသြားေလ၏။ ဆံပင္အေရအတြက္ကိုေတာင္ သူ ေသခ်ာမွတ္ထားသည္ကိုး။

'တကယ္ထူးဆန္းတယ္... ဒီေငြေရာင္ေတြကေရာ...'

'ပလက္တီနမ္နဲ႔စိန္..'

သူျပန္ေျဖတိုင္း သူမက ပါးစပ္အေဟာင္းသားႏွင့္ နားေထာင္ေနကာ..

'အဲဒါ ဘာလုပ္ဖို႔လဲဟင္..'

'မင္း ေနာက္ေတာ့သိလာမွာပါ..'

သူ႔စကားက အဓိပၸါယ္ေတြအမ်ားႀကီးပါဝင္ေနသလိုမ်ိဳး လ်ိႈ႔ဝွက္နက္ရိႈင္းလြန္းသည္။ မ်က္လံုးေတြကလည္း ေလးနက္လြန္း၏။ သူ ထိုႀကိဳးေလးကို ေငြေရာင္ကႏုတ္ထြင္းေသတၲာေလးထဲသို႔ျပန္ထည့္ သိမ္းဆည္းလိုက္ၿပီး ကိကိဘက္လွည့္သည္။
မိတ္ကပ္၊ ခရင္မ္ လူးမထားဘဲ ရွင္းေျပာင္ေနသည့္မ်က္ႏွာေလးက အၿမဲတေစ ၾကည္လင္ရႊင္ပ်ေနတတ္ၿပီး ဆံပင္ေခြေခြေလးေတြ ပခံုးေက်ာ္ထိ ခပ္အုပ္အုပ္က်ေနပံုေၾကာင့္ ကေလးဆန္ေနသည္။ ကိကိကလည္း သူ႔ကိုပဲ ေငးၾကည့္ေနကာ..

'ၪီးနတ္ မနက္အေစာႀကီးထေလ့ရိွတာလား...'

'အင္း..'

'ၪီးနတ္က ဘုရားရိွခိုး တရားထိုင္တယ္ဆိုေတာ့ ဗုဒၶဘာသာကိုးကြယ္တာေပါ့..'

'ဗုဒၶဘာသာရယ္လို႔မရိွဘူး.. ဗုဒၶသာသနာပဲရိွတယ္...'

'သမီး စကားအသံုးအႏႈန္းမွားသြားတာပါ ဘြာေတး ဘြာေတး...'

ကိကိ မခ်ိသြားၿဖဲရယ္၍ လက္ကာျပသည္။ သူက ကဲကဲေခါင္းေလးကိုပြတ္သပ္ရင္း ကိကိကို ေခါင္းငဲ့ၾကည့္ကာ..

'မင္းကေရာ ဘုရားရိွခိုးတာလည္း မေတြ့မိဘူး.. ဘာကိုးကြယ္သလဲ...'

သူ႔အေမးေၾကာင့္ ကိကိ သူ႔ေရ႔ွသို႔တိုး၍ လက္ေထာက္ေမးတင္လိုက္ၿပီး..

'သမီးက နတ္စစ္သည္ ဆိုတဲ့ နတ္ဘုရားကိုပဲ ကိုးကြယ္တာ...'

သူႏွင့္ကိကိ အၾကည့္ခ်င္းဆံုသြားသည္။ သူ႔ႏႈတ္ခမ္းထက္မွ ရွားပါးလွသည့္အၿပံဳးတစ္ခ်က္ကို ရုတ္တရက္ျမင္လိုက္ရသျဖင့္ ရင္ထဲသို႔ အလင္းျဖတ္စီးသြားသလိုပင္။ သူ႔ကို မ်က္လံုးဝိုင္းေလးႏွင့္ၾကည့္ေနဆဲမွာ သူက ကိကိႏွာေခါင္းေလးကို ခပ္ဖြဖြဆြဲလိမ္ယမ္းခါလ်က္..

'မင္းက သိပ္ရူးႏွမ္းတဲ့ကေလးေလးပဲ...'

ေျပာၿပီး ေခါင္းေလးကိုဆြဲယူ၍ နဖူးခ်င္းတိုက္လိုက္သျဖင့္ ကိကိ မထင္မွတ္ထားသည့္သူ႔အျပဳအမူေၾကာင့္ ထိုေနရာမွာပဲေၾကာင္ေငးရင္း စကၠန္႔မ်ားစြာ အသက္ရႉရပ္သြားခဲ့သည္။ ဒီေလာက္ဆို နင္ ေသလို႔ရၿပီ ကိႏၷရီ...။

💥To be continued💥

ဟယ္ရန္ ဒီရက္ပိုင္း စိတ္ရႈပ္စရာေတြမ်ားေနတာေၾကာင့္ေရာ၊ အလုပ္မ်ားေနတာေၾကာင့္ေရာ အပ္ဒိတ္ၾကာသြားရင္ နားလည္ေပးၾကပါလို႔ ။
ၿပီးေတာ့ ဒီ Season2ကို သိပ္မႀကိဳက္ၾကဘူးထင္တယ္ေနာ္။ မွတ္ခ်က္ေတြ သိပ္မေတြ့ရဘူး။ အားေတာင္ငယ္သြားတယ္။ 😤
ေကာင္းသည္ဆိုးသည္ ေထာက္ျပၿပီး အျပဳသေဘာေဆာင္ေဝဖန္မွတ္ခ်က္ေလးေတြ ေပးသြားၾကပါၪီးလို႔။

Продовжити читання

Вам також сподобається

73.3K 2.8K 65
တချိန်ကမင်းကိုယ်တိုင်နင်းချေခဲ့တဲ့သူကို အခုမှချစ်တယ်လို့ပြောလာတာကို ငါကဘယ်လိုယုံကြည်မူ့မျိုးနဲ့ပြန်ချစ်ရမှာလဲ ငါအမှောင်ကိုကြောက်တယ် တခ်ိန္ကမင္းကိုယ္တ...
1.1M 25.6K 71
အချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်
264K 6.4K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
634K 60.4K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...