Be my guitarist

By louis_nattawat

3.6K 364 47

"ကိုကို" SatangWinny fan fiction COMPLETED More

1
2
3
4
5
6
8
9
10
11
12
13
14(final)
New fic

7

204 27 3
By louis_nattawat

အရင်လို အထီးကျန်ဆန်စွာ ငါကျောင်းဝန်းထဲဝင်ခဲ့တယ်။စည်းကမ်းတင်းမကျပ်ပေနဲ့ စိတ်ဆိုးရင် ကြောက်ဖို့ကောင်းတဲ့ ငါ့အမေကြောင့် ငါ piano နဲ့အဆိုပိုင်းကိုလေ့လာခဲ့ရပြီး ကျောင်းရဲ့ဂီတကလပ်ထဲဝင်ခဲ့ရတယ်။

သူငယ်ချင်းဆိုလို့ ငါမွေးထားတဲ့ Jumu ဆိုတဲ့ကြောင်ပေါက်လေးဘဲရှိတယ်။ငါကိုယ်တိုင်ကလဲ သူငယ်ချင်းမထားချင်တဲ့လူမို့ မေမေ့ကိုခွင့်တောင်းကာ jumu ကိုလဲမွေးပြီးသူငယ်ချင်းတော်ထားလိုက်သည်။

ကျောင်းမှာလဲ ငါက စာတော်ပြီး ချမ်းသာတာကြောင့် သိပ်မပေါင်းကြဘူး။ငါကပေါင်းချင်ရင်တောင် ဖေဖေ့ကြောင့်ပင်။

ငါ သီချင်းစာသားတွေတွေးကာ တစ်ယောက်ထဲ လမ်းလျှောက်နေတုန်း လူတယောက်ငါနဲ့တိုက်မိကာ လှဲကျသွားသည်။

"အဆင်ပြေလားဗျ nong"

ငါ့ထက်အကောင်သေးတာကြောင့် ငါ့ထက်ငယ်မယ်လို့ထင်မိသွားလို့ပင်။

"ဟုတ် ဟုတ် တောင်းပန်ပါတယ်ဗျ"

လက်အုပ်လေးချီကာ တောင်းပန်ရင်း တိုက်မိတုန်းကထိမိသွားတဲ့ သူ့ခေါင်းလေးကိုပွတ်ရင်းအနောက်ကိုပြန်လှည့်သွားသည်။

ငါ မျက်တောင်မခပ်ဘဲ ကြည့်နေမိလေ၏။တော်တော်ချစ်ဖို့ကောင်းတဲ့ အကောင်ပေါက်လေးဘဲ။

Satang နားရောက်သွားကာ စကားနေကြတာမို့ အူတိုသွားသည်။ဒီကောင်ကဘာလို့ နေရာတကာပါနေတာလဲ!!

Satang က အကို အကိုနဲ့ဘယ်သူ့ကိုခေါ်နေမှန်းမသိပေမဲ့ ငါ့အကောင်ပေါက်လေးကလဲ သူ့အကိုဘဲဖြစ်ပါလိမ့်မယ်လို့ မှတ်ချက်ချလိုက်တယ်။

သူတို့အတန်းထဲဝင်သွားတာကြောင့် ဂီတကလပ်ထဲ ဝင်လာတဲ့ satang အနောက်ကို ငါလိုက်သွားလိုက်ကာ သူ့ဘေးနားဝင်ထိုင်လိုက်သည်။

စကားစပြောတော့ မအားဘူးဆိုကာ ထွက်သွားသည်လေ။ငါ မာနထိတာကြောင့် မလိုက်ဘူးလုပ်ပေမဲ့ အကောင်ပေါက်လေး ကိုရဖို့ satang ကငါ့ကိုကူညီနိုင်တာမို့ ငါလိုက်သွားလိုက်၏။

ငါ အဲ့ကောင်ကို အော်ခေါ်လိုက်တော့ အဲ့ကောင်က ရပ်သွားသည်။ငါ အဲ့ကောင်ရှေ့ပိတ်လိုက်ကာ စကားတွေခံမနေဘဲ ပြောလိုက်သည်။

"ငါမင်းအကို ကိုကြိုက်တယ်"

"ဘာ!!"

သူ့အော်သံကြောင့် ဘေးနားကလူတွေကွက်ကြည့် ကွက်ကြည့်လုပ်နေသည်။ငါ ထိုကောင့်ကိုအတင်းဆွဲခေါ်ကာ ကလပ်ရဲ့အခန်းထဲကိုခေါ်လာလိုက်သည်။

"မင်းက ကိုကို့ ကိုကြိုက်တယ်! ဟုတ်လား?"

"အင်း မင်းငါ့ကိုကူညီပါလား"

"မကူညီဘူး"

"လုပ်ပါကွာနော်"

"ဆက်ပြောနေရင် ငါမင်းကိုပိတ်ထိုးမှာ"

Satang ရဲ့စကားကြောင့် Gemini သူ့လက်နဲ့သူ့ပါးစပ်ကိုပိတ်လိုက်ပြီး အသနားခံတဲ့မျက်လုံးလေးတွေနဲ့ကြည့်နေလိုက်သည်။

"နေအုန်း"

Satang က ဖုန်းကနေတယောက်ကိုစာပို့လိုက်ရင်း စကားစလိုက်သည်။

"ဘာလဲ"

"ရတယ်လေ မင်းခနနေငါ့နောက်လိုက်ခဲ့"

"တကယ်လား ကျေးဇူးပါကွာ"

ခနအကြာ satang ခေါ်ရာနောက် Gemini လိုက်လာသည်။၁၂တန်းနှစ်တွေရဲ့ အခန်းရှေ့မှာ winny နဲ့ fourth ရပ်နေတာကိုတွေ့တော့ Gemini ပျော်သွားသည်။

"မင်းငါတို့ကိုခေါ်တာဘာလို့လဲ"

fourth ကစကားပြောလိုက်ပေမဲ့ satang ကဘာမှမပြောကာ winny ပုခုံးကိုဆွဲဖက်လိုက်သည်။

"အဲ့ဒါ ငါ့သူငယ်ချင်း Gemini တဲ့ ငါ ကိုကို့ ကိုအိမ်ပြန်လိုက်ပို့မလို့ မင်းသူနဲ့နေပေးလိုက်နော် တာ့တာ"

Satang တယောက် winny လက်ကိုဆွဲကာ ကျားမလိုက်ရုံတမယ်ပင် ပြေးသွားသည်။

"ဟို Gemini သွားကြမယ်လေ"

Fourth က gem ပုခုံးကိုလက်ညိုးနဲ့တို့ကာပြောလိုက်သည်။

"ဟုတ် ဘယ်ကိုသွားမှာလဲ phi"

ဒီလိုအကောင်ပေါက်စလေးက ငါ့ထက်အသက်ပိုကြီးတာတဲ့ကွာ။

"အာ အကိုကအိမ်ပြန်တော့မှာ မင်းပျင်းနေရင် လိုက်ခဲ့လို့ရတယ်နော်"

"တကယ်ရတာလား လိုက်မှာ phi လိုက်ခဲ့မှာ"

"ဟုတ်ပါပြီ လာလေ သွားမယ်"

"ဟုတ် phi"
__________________
ငါ ကိုကိုနဲ့အိမ်အတူပြန်ခဲ့သည်။ဒီလောက်ဆို Gemini ငါ့ကိုစိတ်တိုရင်တိုနေလောက်ပြီ။

"Satang ငါ fourth နဲ့ဂိမ်းဆော့ဖို့ပြောထားတာဟ"

"ကျတော်က ကိုကိုနဲ့အတူမပြန်ရတာကြာလို့ကို"

"မင်းဘဲ ပြိုင်ပွဲအတွက်လေ့ကျင့်ရမှာဆို"

"ကိုကိုကလဲဗျာ"

"တော်စမ်းပါ မင်းဒီနေ့မလေ့ကျင့်ဘူးလား"

"လေ့ကျင့်မှာလေ ခနနေသွားတော့မှာ ပြိုင်ပွဲကျ လာမှာမလား"

"လာရမှာပေါ့ကွ အခုသေချာလေ့ကျင့် သွားတော့"

"ဟုတ် ကိုကို တာ့တာဗျ"

ကိုကို့ ကိုနှုတ်ဆက်ကာ ငါ ကျောင်းထဲပြန်လာတုန်း Gemini ဆိုတဲ့ကောင်က စောက်ခွက်ကြီးဖြီးပြီး ငါ့ကိုလာဖက်သည်။

"ကျေးဇူးပါ satang ငါမင်းကိုအရမ်းချစ်တယ်!!"

ဘာလား!! ဒီကောင်ရူးသွားတာလားဟ??

"ဘာ ဘာလုပ်တာလဲ ဖယ်!! လူတွေကြည့်နေပြီ"

"မင်းကူညီလို့ အကိုပေါက်စအိမ်ရောက်ဖူးသွားပြီ"

"ဟမ် ဘာ? မင်းက fourth ကိုကြိုက်တာလား"

"အင်းလေ"

"ဘာ!!"

"ဘာလဲကွ ဘာလို့အော်နေတာလဲ"

"အာ..ဘာမှမဟုတ်ပါဘူး"

"လာ ငါတို့လေ့ကျင့်တော့မှာမလား"

ငါ့ပုခုံးကိုဖက်ပြီး ကလပ်ကိုခေါ်သွားတဲ့ကောင်။
ကိုကို့ ကိုကြိုက်နေတယ်ထင်ပြီး fourth နဲ့ထားခဲ့တာကို ဒီကောင်က fourth ကိုကြိုက်နေတာတဲ့

"မင်းက fourth ကိုကြိုက်တာလား"

"ဟုတ်တယ်လို့"

"အဲ့တာဆို ငါ့တာဝန်ထားလိုက် ငါလုပ်ပေးမယ်"

"တကယ်လား satang"

ငါ့ရှေ့မှာ အပျော်ကြီးပျော်နေတဲ့ကောင်ကိုငါခေါင်းညိတ်ပြလိုက်သည်။ငါနဲ့ကိုကို့ ကြားဝင်ဝင်ရှုပ်တဲ့ကောင်ကို မင်းဘဲခေါ်သွားတော့ Gemini
___________________
ဘာတွေရေးမိလဲတော့မသိဘူး။သီးခံဖတ်ပေးကြပါအုန်းဗျာ

Zawgyi





"အဆင်ပြေလားဗျ nong"











"ဘာ!!"




"မကူညီဘူး"

"လုပ်ပါကွာနော်"



"နေအုန်း"


"ဘာလဲ"


"တကယ်လား ကျေးဇူးပါကွာ"













"ဟုတ် phi"
__________________




"ကိုကိုကလဲဗျာ"




"ဟုတ် ကိုကို တာ့တာဗျ"







"အင်းလေ"

"ဘာ!!"


"အာ..ဘာမှမဟုတ်ပါဘူး"




"ဟုတ်တယ်လို့"


"တကယ်လား satang"

___________________

Continue Reading

You'll Also Like

644K 32.4K 60
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
8.3K 598 15
ပထမဆုံးfic လေးဖြစ်တဲ့အတွက် အမှားပါရင် ခွင်လြွှတ်ကြပါ (geminifourth) ficလေးပါဗျ အားပေးကြပါအုံး
95.6K 685 15
Jaune's transcripts were revealed and everyone even his family abandoned him. All except ruby rose, Nora valkarie and team crdl. When he was expelled...