"တောင်းပန်ပါတယ်။ ကိုယ်စိတ်လောသွားတယ်။ "
"ဟုတ်ကဲ့။"
"မရဘူး။ ကိုယ်လုပ်ပေးချင်တာ။"
ရိပေါ် ရှောင်းကျန့်ရဲ့ဆံပင်ကို သေချာလေးအဆုံးသတ်ပြီး ချည်နှောင်၍အဝတ်မပါတဲ့ခန္တာကိုယ်ပေါ် ဝတ်ရုံအင်္ကျီရှည်ကိုခြုံကာ ဓားရှည်ဆွဲပြီး ရွာထဲကိုခြေလှမ်းကျဲကြီးနဲ့ ပြေးသွားတယ်။
____________
"လာစမ်း"
"အီး ဟီး နာတယ်။နာတယ်။"
"အကြွေးလာတောင်းတာ။"
"ဘာအကြွေးလဲ။ ဘယ်လောက်လဲ။"
ထိုအခါအဖိုးကြီးက
"ဟုတ်...ဟုတ်ကဲ့။"
"အား..."
"ဟင်!"
"ဟယ်"
"ဟာ..."
"သွားမယ်။"
"ကျေးဇူးတင်ပါတယ်။ရွာလူ ကြီး"
"အချစ်"
"ဘာကိုလဲ အချစ်။"
"စိတ်မချဘူး။"
"ဟုတ်ဖိုးဖိုး။"
Uni
"ရွာလူကြီး ရွာလူကြီး ရွာထဲမှာရန်ဖြစ်နေကြလို့။"
"ဘာ....ဘယ်သူရန်ဖြစ်ရဲတာလဲ။"
တပည့်ဖြစ်သူ ပြောစကားကြောင့် ချစ်ဇနီးလေးရဲ့ ဆံပင်ကို ဖြီးရင်း ရင်းရိပေါ် ဒေါသထွက်ပြီးထအော်လိုက်တယ်။
"လန့်လိုက်တာ ယောက်ျားကလဲ။"
"တောင်းပန်ပါတယ်။ ကိုယ်စိတ်လောသွားတယ်။ "
"ကြည့်ရတာ တတစ်ခြားမြို့ကထင်တယ်။ ဒါကြောင့် ဒီလိုလုပ်ရဲတာ။"
"ငါ့အကြောင်းပြရသေးတာပေါ့။ သွား..ပွဲကိုခနထိန်းထား ငါ့မိန်းမကို ဆံပင်ဖြီးပြီးရင်လာခဲ့မယ်။"
"ဟုတ်ကဲ့။"
"ရပါတယ် လောင်ကုန်းရာယ်။"
"မရဘူး။ ကိုယ်လုပ်ပေးချင်တာ။"
ရိပေါ် ရှောင်းကျန့်ရဲ့ဆံပင်ကို သေချာလေးအဆုံးသတ်ပြီး ချည်နှောင်၍အဝတ်မပါတဲ့ခန္တာကိုယ်ပေါ် ဝတ်ရုံအကျႌရှည်ကိုခြုံကာ ဓားရှည်ဆွဲပြီး ရွာထဲကိုခြေလှမ်းကျဲကြီးနဲ့ ပြေးသွားတယ်။
____________
"မင်းတို့ငါ့ဆီကချေးတာ လွန်ခဲ့တဲ့ဆယ်ခြောက်နှစ် ကတည်းကချေးတာ အဲ့တုန်းတည်းကမင်းရဲ့သမီးကိုပေးလိုက်ရင် အတိုးကခုလောက်တတ်စရာမလိုဘူး။ အခုမင်းရဲ့သမီးက သေပြီး မင်းရဲ့မြေးတောင် အပျိုဖြစ်နေပြီ။ မင်းရဲ့အတိုးဘယ်လောက်တောင်လဲ မင်းသိလား။"
"သူ သူငယ်ချင်းရာ ငါတောင်းပန်ပါတယ်။ ငါ့အိမ်နဲ့နွားတွေ လယ်တွေကိုသိမ်းသွားပါ။"
"အဲ့တာတွေ ရောင်းတာနဲ့မင်းရဲ့ အကြွေးတွေကကျေပြီလို့ထင်တာလား။"
"ငါမင်းဆီကချေးခဲ့တာ ငွေစတစ်ရာတည်းပါ။ အဲ့ငွေစတစ်ရာနဲ့ ငါ့သမီးကိုလဲဖို့ကမဖြစ်နိုင်ဘူးမဟုတ်လား။ အခုတော့ငါစုဆောင်းထားတာလေးတွေလည်း ရှိနေပြီဆိုတော့ မင်းအကုန်ယူသွားပါ။ ငါ့မိသားစုကိုပြသနာမရှာပါနဲ့။"
"မင်းရဲ့အကြွေးတွေအတွက်မင်းရဲ့ နွားတွေရော မင်းရဲ့မြေးလေးကိုပါခေါ်သွားရလိမ့်မယ်။"
"ဟင့်အင်း ဖိုးဖိုး....ကြောက်တယ်။"
မြေးမလေးကအဖိုးဖြစ်သူရင်ခွင်ထဲ ပြေးဝင်လာတယ်။
"လာစမ်း"
"အီး ဟီး နာတယ်။နာတယ်။"
ခုချက်ချင်းအဲ့လက်ကိုလွှတ်လိုက်.....
ရွာလူကြီးရဲ့ ဩရှဟိန်းထွက်နေတဲ့အသံကြောင့် အကုန်လုံးလှည့်ကြည့်လာကြတယ်။ အကျႌဝတ်ရုံရှည်ကို ကြိုးမချည်ပဲ ဝတ်ထားတာကြောင့် တောင့်တင်းတဲ့ဗိုက်ကြွက်သားတွေက အထင်းသားပေါ်လွင်နေတယ်။ ဇနီးလေးနဲ့ချစ်တင်းနှောပြီးသကာလမို့ဘောင်းဘီကြိုးကလည်း ခပ်လျှော့လျှော့ဖြစ်နေတယ်။ ဘယ်လိုကြည့်ကြည့် အရမ်းကိုဆွဲဆောင်မှုရှိတဲ့ယောက်ျားတစ်ယောက်အသွင်ဆောင်နေတယ်။ ရိပေါ်ကိုမြင်တော့ မြေးအဘိုးနှစ်ယောက်လည်းကြောက်သွားတယ်။ ရိပေါ်ကရှုတ်ရှုတ်ရှက်ရှက်တွေ မကြိုက်ဘူး။ ကြားဝင်ဖြန်ဖြေတာမျိုးလည်းမကြိုက်ဘူး။
ရန်ဖြစ်ရင် ဖြစ်တဲ့လူနှစ်ယောက်လုံးကို ထိုက်သင့်တဲ့အပြစ်ပေးတယ်။ မိန်းမယောက်ျားမညှာဘူး။ အကြောင်းက သူ့ဇနီးလေးကြောင့် ဖြစ်လာတာ။ မိန်းကလေးတွေကို ညှာလိုက်ရင် သူ့ဇနီးလေးမျက်နှာပျက်မှာကြောက်တယ်။ ဒါပေမယ့် သူ့ဇနီးလေးကနောက်ကွယ်မှာတော့ အပြစ်ပေးခံရတဲ့အမျိုးသမီးတွေကိုသေချာလေး နှစ်သိမ့်ပေးတယ်။ သူ့ယောက်ျားရဲ့ ချစ်ခြင်းမေတ္တာနဲ့ဂရုစိုက်မှု၊စာနာမှု၊နူးညံ့ပေးမှု တွေကိုသူပဲအပိုင်သိမ်းချင်တယ်။ ဒါကြောင့်အများမြင်မှာ ရိပေါ်ဟာသိပ်ကို ကြမ်းတမ်းလာတယ်။ အခုလည်း ရိပေါ်ကို လူစိမ်းနှစ်ယောက်ကလွဲပြီး အကုန်ကဖိန့်ဖိန့်တုန်အောင်ကြောက်နေကြတယ်။
"မင်းတို့ဘာပြသနာလာရှာတာလဲ။"
"အကြွေးလာတောင်းတာ။"
"ဘာအကြွေးလဲ။ ဘယ်လောက်လဲ။"
ထိုအခါအဖိုးကြီးက
"ငွေစ တစ်ရာတည်းပါ။ အချိန်က 16 နှစ်ကြာသွားပြီဆိုတော့ အတိုးတတ်တာပါ။ ကျွန်တော်ရအောင်ဖြေရှင်းပါ့မယ်။ ဆူပူအောင်မလုပ်ပါဘူးရွာလူကြီး။"
"ကောင်းပြီ။ ရွာထဲမှာ ရုတ်ရုတ်သဲသဲဖြစ်အောင်ထပ်မလုပ်နဲ့။ "
"ဟုတ်...ဟုတ်ကဲ့။"
ရိပေါ်လှည့်ထွက်တော့ အဖိုးကြီးကမြေးမလေးကို လူစိမ်းတွေလက်ထဲ ထည့်လိုက်တယ်။ မြေးမလေးကအသံတိတ်ငိုပြီး ထည့်မပေးဖို့လက်အုပ်ချီရင်း လူစိမ်းတွေဆွဲတဲ့နောက်ပါသွားတယ်။ အဲ့မြင်ကွင်းကို ရိပေါ်မျက်လုံးထောင့်ကနေမြင်လိုက်ရပြီး ပြန်လှည့်လာကာ လူစိမ်းလက်ကိုဓားရှည်နဲ့ခုတ်ချလိုက်တယ်။
"အား..."
"ဟင်!"
"ဟယ်"
"ဟာ..."
ရုတ်တရက် အပြုမူကြောင့် အကုန်လုံးကြောင်အတိတ်ဆိတ်သွားကြတယ်။ လူစိမ်းရဲ့လက်က ပြတ်မသွားပေမယ့် သွေးတွေအများကြီးကျလာတယ်။ လူစိမ်းလည်းအရမ်းလန့်သွားတယ်။
"မင်း....မင်းကိုတရားစွဲမယ်။"
"ကြိုက်သလိုလုပ်လို့ရတယ်။ မင်းအကြွေးက ငွေတစ်ရာမဟုတ်လား။ ဘာလို့ဒီကလေးမကို ခေါ်တာလဲ။"
"အတိုးတွေတတ်ပြီး သူကမပေးနိုင်တော့တာပါ။"
"ဘာ.....ခင်ဗျားကရော ကိုယ့်မြေးကို ဒီလူတွေနဲ့ထည့်ပေးမယ်ပေါ့။"
အဲ့လိုပြောတော့ အဖိုးကြီးက မြေးမလေးကိုဆွဲပြီး ရင်ခွင်ထဲထည့်ဖက်ထားတော့တယ်။
"ငွေစတစ်ရာပြန်ယူမလား။ ငါ့ရွာကသုသာန်မှာ မြေနေရာတစ်ယောက်တစ်နေရာ ယူမလား။"
"အဲ့လိုလုပ်ခွင့်ဘယ်မှာရှိလို့လဲ။ ငါတို့သွာတိုင်မှာ"
"ပြောလိုက် နယ်စပ်မှာကျူးကျော်နေတဲ့ သောင်းကျန်းသူတွေကို ရှင်းပစ်လိုက်တဲ့။ စစ်သူကြီးရာထူးနဲ့ရွာလူကြီးဝမ်ရိပေါ် လုပ်တာပါလို့။ ဟား ဟား ဟား...."
"သွားမယ်။"
ဒါဏ်ရာနဲ့တစ်ယောက်က သူ့အဖော်ကို လက်တို့ပြီးငွေစတစ်ရာတောင်မယူပဲ ပြေးသွားကြတယ်။
ရိပေါ်ကသောင်းကျန်းသူတွေကို ချေမှုန်းပေးခဲ့လို့ စစ်သူကြီးရာထူးကိုရပေမယ့် သူကဒီရွာမှာပဲ သူ့ဇနီးနဲ့အေးဆေးနေချင်တာမို့ စစ်သူကြီး ရွာလူကြီးရိပေါ်ဖြစ်လာတယ်။
ရွာသားတွေက သူတို့ရွာလူကြီးလုပ်ရပ်ကိုအံ့ဩနေတယ်။ ရွာလူကြီးကဘယ်တော့မှ ဘက်လိုက်ဖြေရှင်းပေးတာမရှိဘူး။ ကိုယ့်ရွာသားနဲ့ တစ်ခြားရွာသားရာယ်လို့ဘက်မလိုက်ဘူး။ ဒါကြောင့်ခုအခြေနေက သူတို့အတွက်ထူးခြားတယ်။
"ကျေးဇူးတင်ပါတယ်။ရွာလူ ကြီး"
သူ့ခြေဖမိုးကိုထိပြီး ရှိခိုးလာတဲ့ကလေးမကြောင့် ရိပေါ်နောက်ဆုတ်လိုက်တယ်။ ပြီးတော့ချက်ချင်းလှည့်ပြန်လာတယ်။
ရိပေါ် အိမ်ပြန်ရောက်တော့ ရေ နွေးကြမ်းကိုအရသာခံသောက်နေတဲ့ ရှောင်းကျန့်ကိုတွေ့လိုက်ရတယ်။ သူလာတာကိုမကြိုဆိုပဲရေ နွေးပဲသောက်နေတယ်။ ဒီတိတ်ဆိတ်မှုမျိုးက ရိပေါ်အတွက်ဖြေရှင်းချက်တစ်ခုလိုအပ်တယ်ဆိုတာမီးမောင်းထိုးပြနေတယ်။
"အချစ်"
"ဘယ်လိုလဲ။သူရဲကောင်းကြီး။ အရမ်းကိုဆွဲဆောင်မှုရှိနေပါလား။ မင်းရဲ့ခန္တာကိုယ့်ကြောင့် မိန်းမတွေရဲ့သွားရေက အဲ့နားမှာရေကန်တစ်ကန်ဖြစ်နေလောက်ပြီ။"
အဲ့လိုပြောတော့ သူ့ရဲ့ဟနေတဲ့ ဝတ်ရုံကို ရိပေါ်သတိထားမိပြီး ဆွဲပိတ်လိုက်တယ်။
"ကိုယ်စိတ်လောသွားလို့။ ဘယ်ကမှန်းမသိတဲ့လူတွေက ကိုယ့်ရွာသားတွေကို မတရားလုပ်နေလို့။"
"ဒါပေါ့ ဒါပေါ့ ကာကွယ်ပေးရမှာပေါ့။ အားနွဲ့ပြီးငယ်ရွယ်တဲ့အမျိုးသမီးလေးတွေက လှလည်းလှတယ်။ အပါခံလို့မဖြစ်ဘူး။"
"အချစ်ရာယ်။ ဘယ်လိုပြောလိုက်တာလဲ။ ကိုယ်တစ်ခါမှ ဝင်မပါဖူးဘူး။ ဒါပေမယ့် အချစ်ကိုဟိုလူတွေလက်ကခေါ်ထုတ်လာတဲ့အချိန်ကို သတိရပြီးစိတ်တိုသွားတာပါ။ အဲ့မိန်းကလေးနေရာမှာ အချစ်ကို ပြေးမြင်မိသွားတာ ယုံပါနော်။"
ရိပေါ် ရှောင်းကျန့်မျက်နှာလေးကိုဆွဲလှည့် ပြီးပါးလေးကိုရွှတ်ကနဲ နမ်းလိုက်တယ်။ မဟုတ်ရင် ရှောင်းကျန့်လည်း အဲ့ပွဲကိုဝင်ပါတော့မလို့ပါပဲ။ ရိပေါ် ဝင်ပါလို့သူငြိမ်နေလိုက်တာ။
"မင်းကအရမ်းကြည့်ကောင်းတယ်။"
"ဘာကိုလဲ အချစ်။"
"မင်းရဲ့ အဝတ်စားဖရိုဖရဲ မလုံတစ်လုံနဲ့ အဲ့မြေးအဖိုးရှေ့မှာ မားမားမက်မက်ရပ်နေတာ ဘယ်လောက်ခန့်ညားလဲ။ လုံးဝကိုအရိုင်းဆန်ပြီးကြောက်စရာကောင်းတယ်။"
"ဟား.....ကိုယ်ကအမြဲကြည့်ကောင်းနေတာ ကိုယ်ဘယ်လိုလုပ်ရမလဲ။"
"စိတ်မချဘူး။"
"ကိုယ် အချစ်ကိုပဲ ချစ်တယ်ဆိုတာ ဘယ်လိုသက်သေပြရမှာလဲကွာ။"
ရိပေါ်ရှောင်းကျန့်ကို နောက်ကနေသိုင်းဖက်ပြီး လည်တိုင်ကိုမြတ်မြတ်နိုးနိုးနမ်းလိုက်တယ်။ ရှောင်းကျန့်က နောက်ကိုပြန်လှည့်ကာ ရိပေါ်ရဲ့နှုတ်ခမ်းတွေကိုနမ်းလိုက်တယ်။ အနမ်းတွေက အချိန်တစ်ခုထိရှည်သွားပြီး သူတို့ကိုကျေးဇူးတင်ဖို့ လက်ဆောင်ပစ္စည်းလေးတွေကိုင်ပြီး ရောက်လာတဲ့မြေးအဖိုး ပြန်ထွက်သွားတာတောင်သူတို့မသိလိုက်ဘူး။ ကျေးဇူးတင်လွန်းလို့ မြေးအဖိုးက ခြံရှေ့မှာတစ်နေကုန်ထိုင်စောင့်တာတောင် ရွာလူကြီးဇနီးမောင်နှံက မိုးချုပ်တဲ့အထိထွက်မလာခဲ့ဘူး။
" ရွာလူကြီးက တစ်နေကုန် ခြံထဲတောင်မဆင်းဘူးနော်ဖိုးဖိုး။"
"အစေခံကောင်မလေးပြောတာတော့ တစ်နေကုန်အိပ်ခန်းထဲမှာပဲတဲ့။"
"ရွာလူကြီးကအရမ်းပင်ပန်းလို့ အနားယူနေတယ်ထင်တယ်။"
"အင်း...မနက်မှထပ်လာရအောင်"
"ဟုတ်ဖိုးဖိုး။"
မြေးမလေးက သူ့အဖိုးရဲ့လက်ကိုဆွဲပြီး ရွာလူကြီးအိမ်ရှေ့ကနေပြန်သွားတော့တယ်။