ချယ်ရီပင်အောက်က စာကြည့် ဇရပ်လေးမှာ ရှောင်းကျန့်စာရွက်တွေကို တစ်ရွက်ချင်းလှန်ပြီး စာကြည့်နေတယ်။ မလှမ်းမကမ်းမှာတော့ သူ့ကိုယ်ရံတော်ရိပေါ်က ကျုံ့ကျုံ့လေးထိုင်နေတယ်။ ရှောင်းကျန့်ရိပေါ်ကို စကားမပြောတာနှစ်ရက်ရှိပြီ။ ရိပေါ်ကတော့ ခုလိုပဲသူနဲ့မလှမ်းမကမ်းမှာ ကျုံ့ကျုံ့လေးထိုင်နေတယ်။ ဒီရက်ပိုင်းရှောင်းကျန့်စိတ်အခြေနေမကောင်းဘူး။ ရိပေါ်ရဲ့ခန့်ညားမှုက အိမ်တော်ထဲကမိန်းကလေးတွေရော အနီးနားပတ်ဝန်းကျင်ကမိန်းကလေးတွေရော အရသာခံပြောနေတာတွေကြားရတယ်။ အဲ့တာရိပေါ်ရဲ့အနေထိုင်မတတ်မှုကြောင့်လို့ရှောင်းကျန့်
မြင်နေတယ်။ ရိပေါ်ဖက်ကကြည့်ရင်တော့ သခင်ကြီးခိုင်းတာလုပ်ပေးတာရာယ်။ နန်းတွင်းထဲမှာ သိုင်းရေးလေ့ကျင်တာရာယ်။ ရှောင်းကျန့်နောက်ကို လိုက်တာရာယ်ကလွဲပြီး တစ်ခြားဘာမှလုပ်ခဲ့တာမရှိဘူး။ တစ်ခြားမြို့ကိုရောက်သွားတဲ့အမေဆီကိုတောင် သွားမလည်ရဲဘူး။ပြီးတော့ လပေါင်းများစွာ လင်မယားလိုနေလာခဲ့ပြီးမှ သူစိမ်းလိုနေ နေရတာရိပေါ်အတွက်တော်တော်အဆင်မပြေဘူး။ မြင်သာမြင်ရမကြင်ရဖြစ်နေတယ်။ အလှလေးကိုရှေ့မှာကြည့်ပြီး ဘာမှမလုပ်ရဘူး။
ရိပေါ် ဟိုကြည်ဒီကြည့်တစ်ချက်လုပ်ပြီး ရှောင်းကျန့်ရဲ့ဝတ်ရုံစလေးကို တို့ထိလိုက်တယ်။
"အချစ်..."
ရှောင်းကျန့်သူ့ကိုမျက်လုံးထောင့်ကပ်ပြီးကြည့်လာတယ်။
ပတ်ဝန်းကျင်ကတိတ်ဆိတ်နေတယ်။ အရှေ့ကချယ်ရီပင်က ပွင့်ဖက်တွေက ရှောင်းကျန့်စာအုက်ပေါ်တစ်ချက်တစ်ချက် လွင့်လာတယ်။ဒါကိုရိပေါ်က အမြန်ပဲဖယ်လိုက်တယ်။"ကျွန်တော်ဒီလိုမနေနိုင်ဘူး။ ကျွန်တော့်ကိုသနားပါဦး။"
"ငါ့အနားမှာနေရရင် ကျေနပ်ပြီဆို။"
"ရ ရမယ်လို့ထင်ထားတာ။"
"ယောက်ျားစကား တည်ရတယ်။"
"ကျွန်တော်က သည်းခံပြီးနေမယ်ထားပါဦး။အချစ်ကမေ့နိုင်လို့လား။"
ရှောင်းကျန့် ဘာလဲဆိုတဲ့အကြည့်နဲ့ကြည့်လာတော့
"ညတိုင်း အချစ်နဲ့ချစ်ခဲ့တာတွေ၊ဖက်အိပ်ခဲ့တာတွေ၊ အတူတူရယ်မောခဲ့တာတွေ။ကျွန်တော့် ခန္တာကိုယ်ကိုအချစ်စိတ်တိုင်းကျချယ်လှယ်ခဲ့တာတွေ ကျွန်တော်တွေးမိတိုင်းရူးတော့မယ်။