Spring Romance

By Eun_Jee

33.5K 5.2K 787

jeon jungkook x kim taehyung side couple - binhao (zb1) Started Date ~ Jan 6 , 2024 Ended Date ~ More

๐Ÿƒ1๐Ÿƒ
๐Ÿƒ2๐Ÿƒ
๐Ÿƒ3๐Ÿƒ
๐Ÿƒ4๐Ÿƒ
๐Ÿƒ5๐Ÿƒ
๐Ÿƒ6๐Ÿƒ
๐Ÿƒ7๐Ÿƒ
๐Ÿƒ8๐Ÿƒ
๐Ÿƒ9๐Ÿƒ
๐Ÿƒ10๐Ÿƒ
๐Ÿƒ11๐Ÿƒ
๐Ÿƒ13๐Ÿƒ
๐Ÿƒ14๐Ÿƒ
๐Ÿƒ15๐Ÿƒ
๐Ÿƒ16๐Ÿƒ

๐Ÿƒ12๐Ÿƒ

1.6K 289 48
By Eun_Jee

(Unicode)

ယနေ့ ဂျောင်ဂုအိမ်ရှေ့သို့ ပုံမှန်ထက် တစ်နာရီခန့်စော၍ ‌ထယ်ယောင်းရောက်နေပြီဖြစ်သည်။

လေပြေအေးလေးကလည်း ခပ်ညင်းညင်းတိုက်ခတ်နေသဖြင့် ဘေးနားရှိ သစ်ပင်တွေမှ သစ်ရွက်ကလေးတွေ လှုပ်နေပုံကလည်း တစ်မျိုး ရင်ခုန်စရာကောင်းနေသယောင်။ ရင်ခုန်တတ်စ အရွယ်မို့ အခုလို ခံစားနေရတာများလား။

ထယ်ယောင်း စောင့်နေရင်းနဲ့ ညက ဂျောင်ဂုပေးခဲ့သော နာမည်ကတ်ကလေးကို ပြန်ထုတ်ကြည့်မိသည်။

ဂျောင်ဂုက ဘယ်လိုအဓိပ္ပါယ်နဲ့ ပေးခဲ့လဲမသိပေမယ့် ကိုယ်တိုင်လည်း ငယ်စဉ်က ကောင်လေးတစ်ယောက်ကို နာမည်ကတ်လေး ပေးခဲ့ဖူးတာကို ရေးတေးတေး သတိရလာမိ၏။

"ဂျောင်ဂု သူငယ်ချင်းလား"

ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ထယ်ယောင်း အလန့်တကြားဖြစ်သွားကာ ဂျောင်ဂုနာမည်ကတ်လေးကို အင်္ကျီအိတ်ကပ်ထဲ အမြန်ထည့်ရင်း အသံလာရာသို့ လှည့်ကြည့်လိုက်မိသည်။

ထယ်ယောင်းကို ခေါ်တဲ့သူက အမျိုးသမီးကြီး တစ်ဦးဖြစ်ပြီး ဂျောင်ဂုတို့ ခြံဝန်းတံခါးပေါက်ကနေမို့ ဂျောင်ဂုအမေဖြစ်ရမည်ဟု ထယ်ယောင်း ကောက်ချက်ချမိ၏။

"မင်္ဂလာပါ သူဌေးကတော်"

ထယ်ယောင်း၏ နှုတ်ဆက်မှုအပြီး ထိုအမျိုးသမီးက ခပ်ရေးရေးလေးပြုံးရင်း ထယ်ယောင်းကို ခေါင်းအစ ခြေအဆုံး ကြည့်ကာ ထယ်ယောင်းစက်ဘီးကိုလည်း အကဲခတ်နေလေသည်။

"အခုမှမြင်ဖူးတာပဲ၊ ဂျောင်ဂုနဲ့ အမြဲကျောင်းအသွားအပြန် လုပ်နေတယ်ဆိုတာ သားလား"

"ဟုတ်ကဲ့၊ ကျွန်တော်က ဂျောင်ဂုရဲ့ သူငယ်ချင်း ကင်ထယ်.."

"ဒီမှာ အမေက ဘာလုပ်နေတာလဲ"

ထယ်ယောင်းစကားမဆုံးသေး ခြံထဲကနေ ဂျောင်ဂုထွက်လာသဖြင့် ထယ်ယောင်းလည်း စကားစပြတ်သွားကာ ဂျောင်ဂုအမေဆိုတဲ့သူဟာလည်း ဂျောင်ဂုဘက်ကို လှည့်ကြည့်လေ၏။

"ဪ.. သားသူငယ်ချင်း တစ်ယောက်တည်းဖြစ်နေလို့ လာစကားပြောကြည့်တာ"

အမေဖြစ်သူစကားကို ဂျောင်ဂုက ဘာမှမတုန့်ပြန်ဘဲ ထယ်ယောင်းကိုသာ ကြည့်လာလေသည်။

ဘာလို့ အခြေအနေက အေးတိအေးစက်ကြီး ဖြစ်နေသလဲ ထယ်ယောင်းမသိ။ အိမ်မှာဆို မိမိအမေနဲ့က ဖက်လဲတကင်း နေနေတာကို ဂျောင်ဂုတို့လို လူချမ်းသာတွေကတော့ မတူဘူးပဲ။

"ညနေ စောစောပြန်လာနော် သားလေး၊ အိမ်မှာ လုပ်စရာရှိတာ သိတယ်မလား"

"အင်း"

"ဟန်ဘင်းနဲ့ ဂန်ဟိုကိုလည်း ခေါ်ခဲ့ဦး"

ဂျောင်ဂု ဘာမှပြန်မပြောတော့။ ထယ်ယောင်းဆီကိုပဲ ဦးတည်နေကာ ထယ်ယောင်းစက်ဘီးနောက်ခုံပေါ် အေးအေးလူလူပင် ခွတက်လိုက်လေသည်။

ခေါင်းအုံးအစုတ်လေးသာ ပတ်စည်းထားသော စက်ဘီးနောက်ခုံလေးပေါ် ထိုင်နေတဲ့ ဂျောင်ဂုအား အမေဖြစ်သူက သေချာကို စူးစူးရဲရဲ စိုက်ကြည့်နေ၏။ မကြိုက်တဲ့သဘောဆိုတာထက် အံ့အားသင့်နေသည့် အကြည့်ပင်။

ဂျောင်ဂုတော့ ဘယ်လိုနေလဲ မသိပေမယ့် ထယ်ယောင်းမှာတော့ စက်ဘီးနင်းဖို့ပင် အားတွေ မရှိတော့သလို ခံစားရသည်။ စက်ဘီးအစုတ်လေးနဲ့ ဒီလိုအိမ်ရှေ့ရပ်နေရတာ ရှက်စရာကောင်းတယ်မလား။

သို့ပေမဲ့ အခုလို တိတ်ဆိတ်နေမှုကြီးက ပို၍ပင် နေရခက်နေသည်မို့ ထယ်ယောင်းလည်း ခပ်မြန်မြန်ပင် စက်ဘီးလေးနင်းကာ ထိုနေရာမှ ထွက်လာခဲ့တော့၏။

လမ်းထဲမှ ကျော်၍ အိမ်နဲ့ ခပ်လှမ်းလှမ်းဝေးသည်နှင့် ဂျောင်ဂုလက်တွေက ရှေ့တွင်စက်ဘီးနင်းနေသော ထယ်ယောင်း ခါးတစ်ဝိုက်ကို ရစ်ပတ်ဖက်တွယ်လာလေသည်။

ဂျောင်ဂုအပြုအမူကြောင့် ထယ်ယောင်းတစ်ကိုယ်လုံး ကြက်သီးမွေးညင်းလေးများ ထသွားပြီး စက်ဘီးလက်ကိုင်ကို ကိုင်ထားသော လက်တွေမှာ ပျော့ခွေသွားသလို။

"ဂျောင်ဂု.. ဘာလို့လဲဟင်"

"ပြုတ်ကျမှာ ကြောက်လို့"

စက်ဘီးအရှိန်က ‌မြန်တောင်မမြန်၊ လက်လွှတ်စီးရင်တောင် ပြုတ်ကျမယ့်အရေးမမြင်သည်ကို ဂျွန်ဂျောင်ဂုက သိပ်ကို ပိုလွန်းနေတာမလား။

"စောသေးတယ်ဆိုတော့ မနေ့က မကြည့်လိုက်ရတဲ့ ချယ်ရီပန်းတွေ သွားကြည့်ရအောင်"

ဂျောင်ဂုက ပြောလည်းပြော ထယ်ယောင်းခါးလေးကိုလည်း ပိုတိုး၍ ဖက်လာသည်မို့ ထယ်ယောင်းမှာ အသက်ရှူနှုန်းတွေပင် မူမမှန်ချင်တော့။ အသိစိတ်ကို မနည်းကပ်အောင်လုပ်ပြီး စက်ဘီးခြေနင်းကို အာရုံစိုက်ထားရသည်။

"ငါ... ငါလည်း ချယ်ရီပန်းပွင့်တဲ့နေရာကိုပဲ သွားနေတာ"

ထယ်ယောင်းစကားအဆုံး ဂျောင်ဂုထံမှ ရယ်သံသဲ့သဲ့လေး ကြားလိုက်ရ၏။ သိပ်ကို နားထောင်လို့ကောင်းတာပဲ။

ထို့နောက် ဘာစကားမှ ထွေထွေထူးထူး မပြောဖြစ်ကြဘဲ ချယ်ရီပန်းပင်တွေ တန်းစီရှိသော လမ်းကလေးကို ရောက်လာခဲ့တော့သည်။ လူတစ်ယောက်စ နှစ်ယောက်စသာ ရှိသဖြင့် လမ်းကလေးက တိတ်ဆိတ်နေကာ လေပြေတစ်ချက်ဝေ့လိုက်တိုင်း ချယ်ရီပန်းနံ့လေးတွေက မွှေးကြိုင်နေကာ စိတ်ကို ပို၍ ကြည်လင်စေသည်။

"ငါတို့ လမ်းလျှောက်ကြမလား"

ထယ်ယောင်းဘက်က စတင်လာသော စကားသံ။ ပြောပြီးတာနဲ့ အနောက်မှာရှိတဲ့ ဂျောင်ဂုကို လှည့်ကြည့်လိုက်တော့ ဂျောင်ဂုကလည်း ခေါင်းလေး ငြိမ့်ပြရင်း စက်ဘီးပေါ်မှ ဆင်းလိုက်သည်။

သို့နှင့် ချယ်ရီပန်းများ ‌လှိုင်နေအောင် ပွင့်နေ‌သော လမ်းလေးတစ်လျှောက် နှစ်ယောက်သား ဘေးချင်းယှဉ်လျှောက်နေသော်လည်း ကြားထဲတွင်တော့ ထယ်ယောင်းတွန်းလာတဲ့ စက်ဘီးလေးက ခံနေသေး၏။

"အခုလို တစ်ခါမှ ချယ်ရီပင်တွေကြား လမ်းမလျှောက်ဖူးဘူး"

ထယ်ယောင်းဘက်ကပဲ ထပ်မံ စကားစလာပြန်သည်။

"မင်းကတော့ နှစ်တိုင်းလာကြည့်ဖူးတဲ့ပုံပဲ"

"ဘာလို့ အဲ့လိုထင်တာလဲ"

"မသိဘူးလေ၊ အခုလည်း ငါ့ကို မင်းဘက်က အရင်စခေါ်တာပဲ၊ အရင်နှစ်တွေကလည်း တစ်ယောက်ယောက်ကို မေးခဲ့မှာပဲမဟုတ်လား"

ထယ်ယောင်းအမေးကို ဂျောင်ဂုက ပြန်မဖြေ။ မျက်ခုံးတန်းတွေက အလိုမကျဟန် အတွင်းဘက်ကို စုကြုံ့နေကာ နှုတ်ခမ်းကလည်း တည်တင်းနေ၏။

ဘာလဲ ရည်းစားဟောင်းကို သတိရသွားတာလား။ မကောင်းတဲ့ကောင်.. လူကို ဘေးမှာထားပြီး။

"ခင်ဗျား လူကို ဘာကောင်ထင်နေတာလဲ"

အခေါ်အဝေါ်က အစ်ကိုဟူ၍ မဟုတ်တော့ဘဲ ခင်ဗျားဟု ခေါ်လိုက်ကတည်းက ဂျောင်ဂု စိတ်ဆိုးနေပြီမှန်း ထယ်ယောင်း သိလိုက်ပါပြီ။ အရာရာ သူ့စိတ်ချည်းပဲ။

"ဘာလို့လဲ"

"တော်လိုက်တော့.. ခင်ဗျားနဲ့ စကားပြောရတာ အဆင်ကို မပြေဘူး"

ဂျောင်ဂုစကားပြောသည့်ပုံစံကြောင့် ‌ထယ်ယောင်း ဒေါသအနည်းငယ်ထွက်သွားပြီး ဂျောင်ဂုနည်းတူ မျက်မှောင်ကြုတ်ကာ ဂျောင်ဂုဘက်ကို ဆတ်ခနဲလှည့်ကြည့်ရင်း

"မင်းဘာသာ မင်းရည်းစားဟောင်းကို သတိရတာ ငါ့ကိုဘာလို့ လာမဲနေတာလဲ"

"ကျုပ်မှာ ရည်းစားရှိခဲ့တယ်လို့ ခင်ဗျားကို ဘယ်သူ‌ပြောလဲ"

"မရှိဘူးလား"

ဂျောင်ဂုက ဆက်မပြောတော့။ သက်ပြင်းတစ်ချက်ချ၍သာ တစ်ဖက်ကို အကြည့်တွေ လွှဲသွားလေသည်။ ဒီသဘောက မရှိဘူးဆိုတဲ့သဘောလား။

"မထင်ရဘူးပဲ၊ မင်းကို ရည်းစားအယောက် ၅၀၀ လောက်ရှိမယ်ထင်တာ"

"ခင်ဗျား..."

"စတာပါ"

ဂျောင်ဂုထံမှ စကားကြမ်းကြမ်းတွေ မထွက်ခင် ထယ်ယောင်း အမြန်ဖြတ်ပြောလိုက်ပြီးမှ ဂျောင်ဂု ဒေါသပြေလိုပြေငြား သွားတန်းလေးတွေ ပေါ်သည်အထိ ရယ်ပြလိုက်မိသည်။

အကြံအောင်သွားသည့်ပုံပါပဲ၊ ဂျောင်ဂု မျက်နှာတည်တင်းနေတာတွေ ချက်ချင်းပျောက်သွားပြီး နှုတ်ခမ်းပါးပါးက ပြုံးယောင်လေးသမ်းသွားဟန်။

လမ်းလျှောက်နေရင်း ခဏနေတော့ ချယ်ရီပင်တွေကြားမှ ခုံတန်းလေးတွင် နှစ်ယောက်သား ဝင်ထိုင်ဖို့ ဆုံးဖြတ်ချက်ချရင်း စက်ဘီးလေးကို ခုံဘေးတွင် ဒေါက်ထောက်ကာ ခုံတန်းတွင် အတူတူဝင်ထိုင်လိုက်ကြ၏။

လမ်းလျှောက်နေတုန်းကလည်း တစ်မျိုးရင်ခုန်စရာကောင်းပေမယ့် အခုလို ငြိမ်ငြိမ်လေး ထိုင်နေရတော့ ပို၍ပင် ရင်ခုန်စရာကောင်းနေသေးသည်။

တိတ်ဆိတ်နေမှုနှင့် ချယ်ရီပွင့်များအောက်တွင် နှစ်ယောက်အတူ ဘေးချင်းကပ်လျက်ရှိနေသည်ဆိုသည့်အသိက အနည်းငယ်တော့ စိတ်လှုပ်ရှားစရာကောင်းသား။

တစ်ခုံတည်း ထိုင်နေပေမယ့် အတိအကျပြောရရင် ဘေးချင်းကပ်တော့ မဟုတ်ပါ။ ထိုင်ခုံ၏ အစွန်းတစ်ဖက်တစ်ချက်စီတွင် ထိုင်နေကြခြင်းသာ။

ဒီလိုအခြေအနေတွင် စကားမပြောရင် ထူးဆန်းနေမလား။

ထိုအတွေးနဲ့အတူ ထယ်ယောင်း သတ္တိမွေး၍ ဂျောင်ဂုဘက်ကို မရဲတရဲလေးလှည့်ကာ

"ဂျောင်ဂု.. မေးစရာရှိလို့"

ထယ်ယောင်းပြောလိုက်တော့ ဂျောင်ဂုဟာ ချယ်ရီပန်းတွေကို ငေးနေရာမှ ထယ်ယောင်းကို ကြည့်လာလေသည်။

"မနေ့ညက ငါ့ကို ဘာလို့ မင်းရဲ့ နာမည်ကတ်ပေးသွားတာလဲ"

"ဟမ်"

ဂျောင်ဂုပုံစံက အနည်းငယ်လန့်သွားဟန်နဲ့ အကြည့်တွေ ချက်ချင်းလွှဲသွားကာ တံတွေးတစ်ချက်မြိုချလိုက်၏။ ထင်ထားတာထက် ပြာယာခတ်သွားသည့်ပုံပါပဲ။ သို့ပေမဲ့ ဘာမှမထူးဆန်းသည့် မျက်နှာပေးနဲ့

"ဒီတိုင်းပဲ ဘာမှမဟုတ်ဘူး"

"ဒါပေမဲ့ အဲ့လိုပေးတာက ရုပ်ရှင်တွေထဲမှာ ကြည့်ဖူးတာတော့.."

"ဟားဟား.. ကျောင်းနောက်ကျနေပြီ သွားကြတော့မလား"

ထယ်ယောင်းစကားမဆုံးသေး ဖြတ်ပြောလာ‌သော ဂျောင်ဂုရယ်။ ဖြတ်ပြောရုံတင်မက သွားဖို့ပါ ဟန်တပြင်ပြင်နဲ့ မတ်တတ်ထရပ်သည်မို့ ဂျောင်ဂုပုံစံက ပို၍ပင် ထူးဆန်းလာသယောင်။

ထယ်ယောင်းကတော့ နည်းနည်းလေးမှ မထဘဲ လက်က လက်ပတ်နာရီကို ကြည့်လိုက်ကာ

"ဘာမှနောက်မကျသေးဘူး အစောကြီးရှိသေးတယ် ပြန်ထိုင်"

"ကျောင်းကို စောစောရောက်တာ မကောင်းဘူးလား"

စကားနားမထောင်သော ဂျောင်ဂုအား ထယ်ယောင်းမှာ စိတ်မရှည်စွာနဲ့ လက်ကိုကိုင်ကာ အားနဲ့ဆွဲလိုက်တော့ ဂျောင်ဂုမှာ ထိုအရှိန်ဖြင့် ထယ်ယောင်းဘေးတွင် ပြန်ဝင်ထိုင်လာလေသည်။

"ဖြေ‌.......လို့... မဖြေရင် ပေးမသွားဘူး"

နှုတ်ခမ်းလေးအနည်းငယ်စူလျက်၊ လက်ကိုလည်း လွှတ်မပေးဘဲ ကိုယ်လုံးလေးလှုပ်ကာ ပြောလာသော ထယ်ယောင်း။ ဂျောင်ဂုမှာ ထယ်ယောင်းကို ကြည့်ပြီး ထိန်းချုပ်၍ မရစွာ ပြုံးလိုက်မိ‌တော့သည်။

"ပွဲကြမ်းတော့မယ်ထင်တာ လူကို လာချွဲနေတာပဲ"

"ဘယ်.. ဘယ်သူက ‌ချွဲနေလို့လဲ"

"ကင်ထယ်ယောင်းလေ"

"မင်း အကြီးကို ဘယ်လိုဆက်ဆံနေတာလဲ"

ထယ်ယောင်းကြောင့် ဂျောင်ဂုမှာ အသံထွက်သည်အထိ ခပ်ဟဟရယ်ရင်း သူ့လက်ကို ဆွဲထားသော ထယ်ယောင်းလက်လေးပေါ်ကို အသာလေး ပြန်အုပ်ကိုင်လာလေသည်။

ဂျောင်ဂုအပြုအမူကြောင့် ထယ်ယောင်း ရင်ထဲ တုန်လှုပ်သွားကာ ခန္ဓာကိုယ်ထဲမှ သွေးများ စီးဆင်းမှု မတည်ငြိမ်တော့သယောင်။ သို့ပေမဲ့ မရုန်းမိ။ ဂျောင်ဂုလက်၏ အနွေးဓာတ်က လုံခြုံမှုကို အပြည့်အဝပေးစွမ်းနိုင်ပါသည်။

"အစ်ကိုရော တစ်ယောက်ယောက်ကို နာမည်ကတ်ပေးဖူးတယ်မလား"

"ငါလား"

အတိတ်ကဖြစ်ရပ် တပိုင်းတစဟာ ထယ်ယောင်း ခေါင်းထဲ တိုးဝှေ့ဝင်လာ၏။

"အင်း.. ငယ်ငယ်တုန်းကတော့ ပေးဖူးတယ်၊ ကောင်လေးတစ်‌ယောက်ကို"

ထယ်ယောင်းစကားအဆုံး ဂျောင်ဂုမှာ ခပ်ရေးရေးလေးသာ ပြုံးရင်း သူ့အင်္ကျီအိတ်ကပ်ထဲကို နှိုက်ကာ တစ်စုံတစ်ခုကို ထုတ်ပေးလာလေသည်။

ထိုအရာလေးကတော့ ထယ်ယောင်း၏ နာမည်ထွင်းထုထားသော နာမည်ကတ်ပြားရင်ထိုးလေးပင်။

"မဟုတ်မှ.. အဲ့ကောင်လေးက ကျွန်တော်များလား"

ထယ်ယောင်း ကိုယ့်မျက်လုံးကိုယ်မယုံနိုင်။ အခု ဂျောင်ဂုလက်ဖဝါးထဲတွင် ရှိနေသည့် နာမည်ကတ်လေးက မိမိ မူလတန်းတုန်းက နာမည်ကတ်လေးမှန်း မြင်တာနဲ့တင် သိသည်။ ပြီးတော့ ဒီနာမည်ကတ်က ဂျောင်ဂုဆီမှာ။

"ဘာလို့.. ဒါက မင်းဆီရောက်.. ဒါဆို မင်းက"

"တကယ် အစ်ကိုဖြစ်နေတာပဲ"

အဲဒီနေ့က... ကျောင်းနောက်ဆုံးနေ့ တစ်နည်းအားဖြင့် စာမေးပွဲ နောက်ဆုံးနေ့။

"ဟိတ်ကောင်လေး"

ခေါ်သံကြားပြီးသည်နှင့် တစ်ပြိုင်နက် ဦးခေါင်းအနောက်ဘက်မှ ကျိန်းစပ်သွားရသည်။ တစ်ယောက်ယောက်က လက်ဖဝါးနဲ့ ခပ်ပြင်းပြင်းရိုက်လိုက်တာကြောင့်ပင်။

"ကိုကြီးတို့ကို တွေ့တာ‌ကို နှုတ်တောင်မ‌ဆက်တော့ဘူးလား ညီလေးဂျောင်ဂုရ.. ဟမ်၊ လာဦး လာနှုတ်ဆက်ဦး"

ရွယ်တူတွေဆိုပေမယ့် အုပ်စုအားကိုးနှင့် သူတို့ကိုယ်သူတို့ အကြီးလိုလိုလုပ်‌နေသည်က စိတ်ရှုပ်စရာကောင်းလှသည်။ ထို့ပြင် အမြဲ ဂျောင်ဂုကို လိုက်နှောင့်ယှက်နေကျ။

ဂျောင်ဂုပုံစံက ပျော့ညံ့နေလို့လည်းမဟုတ်၊ နုံချာနေလို့လည်းမဟုတ်။ ချမ်းသာမှန်းသိလို့ အလကားသက်သက် ငွေညှစ်ချင်ရုံသာ။

"ဒီနေ့ ရွေးချယ်စရာပေးမယ်၊ ဗိုက်ကို အထိုးခံမလား၊ ငါတို့ ငါးယောက်လုံးကို မုန့်ဝယ်ကျွေးမလား"

"မင်းတို့အိမ်မှာ အိမ်သာရှိလား"

ဂျောင်ဂုအမေးကို ထိုကောင်လေးတွေက နားမလည်သည့်ဟန် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကုန်ကြ၏။

"မင်းတို့ စားချင်ရင် အဲ့ထဲမှာ သွားစားလေ၊ မင်းတို့ အဲ့ဒါနဲ့ပဲတန်တာ"

ဂျောင်ဂုစကားအဆုံး ထိုကလေးအုပ်စုထဲမှ အထွားဆုံးကောင်လေးက ဂျောင်ဂုကော်လံကို လှမ်းဆွဲလာပြီး ထိုးတော့မည်အလုပ်။

"ဟေ့ ကလေးတွေ"

လှမ်းအော်လိုက်သည့်အသံကလည်း ကလေးသံလေးပါပဲ။ သို့ပေမဲ့ အားလုံးက လုပ်လက်စတွေ ရပ်တန့်သွားပြီး လှမ်းကြည့်လာလေသည်။

ကောင်လေးတစ်ယောက်၊ ဂျောင်ဂုအပါအဝင် ဒီမှာရှိတဲ့ ကလေးတွေထက်တော့ အရပ်အနည်းငယ်ရှည်သဖြင့် မိမိတို့ထက် အတန်းကြီးမှန်းတော့ သိသာပါသည်။

သူဟာ မျက်နှာကို အတတ်နိုင်ဆုံး တည်ထားဟန်နဲ့ အနားကို ဘုဆတ်ဆတ်လျှောက်လာရင်း

"ဘာလဲ.. အနိုင်ကျင့်နေကြတာလား၊ ကလေးတွေပဲရှိသေးတာကို အနိုင်ကျင့်တတ်နေပြီလား"

အနားကို ဟန်ပါပါလေး လာရပ်ကာ ဂျောင်ဂုကော်လံကို ဆွဲထားသော ကောင်လေး၏ လက်ကို ဖြုတ်ချလိုက်လေသည်။

"ဘယ်သူလဲကွ ရှုပ်ရှုပ်ယှက်ယှက် ဝင်ပါနေတာ"

"ငါလား.. ငါက မူလတန်းနောက်ဆုံးနှစ်က ကင်ထယ်ယောင်းပဲ၊ ‌အခု မင်းတို့ အနိုင်ကျင့်နေတာကို ရုံးခန်းကို သွားတိုင်လိုက်ရမလား"

ကလေးတွေပဲမို့ ဘာပြဿနာမှ ကြီးကြီးမားမားဆက်မဖြစ်ဘဲ ထိုကောင်လေးငါးယောက်က ထွက်ပြေးသွားလေတော့သည်။

"ဒီလိုပဲ ဖြစ်နေရမယ်၊ ကင်ထယ်ယောင်းရှေ့မှာ အားလုံးပြားပြားဝပ်နေရမယ်"

ခေါင်းမော့ရင်ကော့ကာ ဟန်ပါပါပြောနေသူအား ကြည့်ပြီး ဂျောင်ဂု ‌ခေါင်းတခါခါနဲ့ ထွက်သွားမည်အလုပ် ထယ်ယောင်းက ဂျောင်ဂုပုခုံးလေးကို အသာလှမ်းကိုင်လာလေရာ ဂျောင်ဂုကလည်း 'ဘာလဲ' ဆိုတဲ့သဘောနဲ့ ပြန်လှည့်ကြည့်၏။

"ဒဏ်ရာရတာတွေရှိလား၊ တစ်ခုခုဖြစ်သွားသေးလား"

"မဖြစ်ပါဘူး ရပါတယ်"

"နောက်တစ်ခါဆို အဲ့လိုကောင်တွေနဲ့ မပေါင်းနဲ့၊ အုပ်စုလိုက်ဆို ကိုယ်ပဲခံရမှာ၊ သိတယ်မလား"

ထယ်ယောင်းအမေးကို ဂျောင်ဂုက ဘာမှပြန်မဖြေဘဲ အိတ်ထဲရှိ ပိုက်ဆံရွက်အနည်းငယ်ကို ထုတ်ရင်း ထယ်ယောင်းလက်ထဲကို ထိုးထည့်ပေးလိုက်ကာ

"ရပြီမလား သွားတော့မယ်"

ပြောပြောဆိုဆိုနဲ့ လှည့်ထွက်သွားသော ဂျောင်ဂု။ ထယ်ယောင်းမှာ လက်ထဲပိုက်ဆံလေးများကိုင်၍ ကြောင်တောင်တောင်ရပ်နေမိပြီးမှ အသိစိတ်ပြန်ကပ်ကာ ဂျောင်ဂုနောက်ကို ပြန်ပြေးလိုက်လာသည်။

"ဘာလုပ်တာလဲ ဒါတွေက"

"‌ပေးတာ၊ ကူညီပေးလို့ ကျေးဇူးပါ"

"ဒီကောင်လေးကတော့.."

ထယ်ယောင်းက ပြောလည်းပြော၊ ဂျောင်ဂုကိုယ်လုံးကိုလည်း ဆွဲလှည့်လိုက်ရာ ဂျောင်ဂုမှာ စွေ့ခနဲ ထယ်ယောင်းနဲ့မျက်နှာချင်းဆိုင်ပြန်ဖြစ်သွားပြီး အံ့အားသင့်သွားဟန် မျက်လုံးလေးဝိုင်းစက်၍ ပြန်မော့ကြည့်လာ၏။

"ငါက ပိုက်ဆံလိုချင်လို့ လုပ်နေတယ်ထင်နေလား၊ ဒီတိုင်း ကူညီတာ၊ ရော့.. ပြန်ယူ"

ထယ်ယောင်းက ပြောပြီးတာနဲ့ ဂျောင်ဂုလက်ထဲပိုက်ဆံတွေ ပြန်ထည့်ပေးလိုက်လေသည်။

"ပြီးတော့.. လူတိုင်းကို ပိုက်ဆံနဲ့ကိုင်ပေါက်နေရအောင် မင်းက သူဌေးလား၊ လက်တောက်လောက်နဲ့"

"အင်း"

"အာ.. သူ.. သူဌေးဖြစ်နေတာလား၊ ဘာ.. ဘာပဲဖြစ်ဖြစ်.."

ထယ်ယောင်းမှာ အရှက်ပြေ‌လေး လူကြီးလေးလို ချောင်းလေး တဟန့်ဟန့်လုပ်လိုက်ပြီးမှ ဂျောင်ဂုကို ပြန်ကြည့်လာရင်း

"ငါ့နာမည် ကင်ထယ်ယောင်း၊ တကယ်လို့ ခုနက ကောင်တွေ မင်းကို အနိုင်ထပ်ကျင့်ရင် ငါ့နာမည်သာပြောလိုက် ဟုတ်ပြီလား"

ပြောပြောဆိုဆိုနဲ့ သူ့ရင်ဘတ်မှ နာမည်ကတ်လေးကို ဆွဲခွာလိုက်ကာ ဂျောင်ဂုဆီ ကမ်းပေးလိုက်ပြီး

"မေ့သွားမှာစိုးလို့ ယူထား၊ လုံးဝ မမေ့နဲ့နော်.. ကင်ထယ်ယောင်းဆိုတာကို"

ထယ်ယောင်းစကားအဆုံး ဂျောင်ဂုလည်း အလိုလိုလက်လေးများ လှမ်းမိပြီး ထယ်ယောင်းနာမည်ကတ်လေးကို လက်ဝါးလေးဖြန့်ကာ ယူလိုက်မိသည်။

အဲ့တော့မှ ထယ်ယောင်းမှာလည်း ကျေနပ်သွားဟန် သွားလေး‌များပေါ်သည်အထိ ပြုံးသွားပြီး ဂျောင်ဂုကို ကလေးလေးများနှယ် လက်နှစ်ဖက်ဝှေ့ယမ်းကာ တာ့တာပြ၍ ပြေးထွက်သွားလေတော့သည်။

ဂျောင်ဂုမှာတော့ လက်ထဲတွင် ထယ်ယောင်းနာမည်ကတ်လေးကို ကိုင်ထားလျက်၊ ပြေးထွက်သွားသော ကျောပြင်လေးကို အချိန်တစ်ခုကြာသည်အထိ ငေးကြည့်၍ ကျန်ခဲ့လေတော့၏။

"မှတ်မိသွားတဲ့ပုံပဲ"

ဂျောင်ဂုအသံကြားမှ ထယ်ယောင်းစိတ်တွေ ပစ္စုပ္ပန်ကို ပြန်လည်ရောက်ရှိလာကာ ဂျောင်ဂုမျက်နှာကို မော့ကြည့်မိသည်။

အဲ့တုန်းက တစ်ခါသာ တွေ့ခဲ့ဖူးတဲ့ ကလေးလေးက ဂျွန်ဂျောင်ဂုဖြစ်နေခဲ့တာလား။ မိမိထက် သေးတဲ့ ကလေးလေးက ဒီလိုအရွယ်ဖြစ်နေပြီလား။

အဖြစ်မှန်အား ရိပ်မိသွားသည့် အဓိပ္ပာယ်ဖြင့် မျက်လုံးလေးများ ဝိုင်းစက်၍ မော့ကြည့်နေသော ထယ်ယောင်းကြောင့် ဂျောင်ဂု အသဲယားစွာ ပြုံးလိုက်မိ၏။

ထိန်းချုပ်မထားနိုင်ဘဲ လက်တစ်ဖက်က ထယ်ယောင်းမျက်နှာနုနုလေးပေါ် အလိုလိုအုပ်ကိုင်လိုက်မိပြန်သည်။ ထယ်ယောင်းဟာလည်း ငြင်းဆန်ခြင်းမရှိ၊ ဂျောင်ဂု၏ အထိအတွေ့ကို လက်ခံသည်။

လေပြေလေးများ တိုက်ခတ်လာသဖြင့် နှစ်ယောက်လုံး၏ ဆံနွယ်လေးတွေက ယိမ်းတယိုင်ယိုင်။ လေအဝေ့နဲ့အတူ ချယ်ရီပန်းရနံ့ သင်းသင်းလေးက ခံစားချက်ကို တစ်မျိုးတစ်မည်ဖြစ်စေသည်။

ဂျောင်ဂုနဲ့ ထယ်ယောင်းဟာလည်း တစ်ယောက်နဲ့တစ်ယောက် အကြည့်များ မလွှဲမိကြ။

ထိုအခိုက်အတန့်မှာပဲ ဂျောင်ဂု၏ မျက်နှာက တဖြည်းဖြည်းနီးကပ်လာသယောင်။ ထင်ယောင်ထင်မှား မဟုတ်၊ တကယ်ပဲ နီးကပ်လာခြင်းသာ။ ဂျောင်ဂု အခု ဘာလုပ်ဖို့ ကြိုးစားနေသလဲ ထယ်ယောင်း အများကြီး မတွေးနိုင်ပေမယ့် တပ်အပ်တော့ ပြောလို့ရလောက်မည်။

ဂျောင်ဂု၏ နှုတ်ခမ်းတွေက မိမိနှုတ်ခမ်းနား တိုးကပ်လာသည်ကို အနီးကပ်မြင်နေရတာ သိပ်ကို ရင်ခုန်စရာကောင်းလှသည်။

ဒါပေမဲ့ ‌ဒီလိုလုပ်ဖို့ ဖြစ်သင့်ရဲ့လား။

ထယ်ယောင်း အသိစိတ်ပြန်ကပ်လာချိန်တွင် ခေါင်းကို အမြန်နောက်ဆုတ်ကာ မျက်နှာကို ဘေးသို့ လှည့်လိုက်တော့ ဂျောင်ဂုဟာလည်း ရှေ့ဆက်မတိုးတော့ဘဲ ချက်ချင်းရပ်တန့်သွားကာ ထယ်ယောင်းပါးပြင်လေးကို ကိုင်ထားသော လက်ကို ပြန်ရုတ်လိုက်ရသည်။

"ဟို.. ကျောင်းနောက်ကျနေတော့မယ်၊ သွားကြတော့မလား"

ထယ်ယောင်းစကားကြောင့် ဂျောင်ဂုမှာလည်း ငူငူငိုင်ငိုင်ဖြစ်နေရာမှ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားပြီး ခေါင်းတဆတ်ဆတ်ငြိမ့်ပြလာလေ၏။

"အင်း.. သွားကြမယ်"

သို့နှင့် ထယ်ယောင်းက အရင် ထိုင်ရာမှထကာ စက်ဘီးလေးပေါ် ခွတက်လိုက်မှ ဂျောင်ဂုသည်လည်း လည်ဂုတ်ကို အသာပွတ်ရင်း ထိုင်ရာမှ မထချင်ထချင် ထလာလေတော့သည်။

ကျောင်းကို သွားတဲ့ လမ်း‌တစ်လျှောက်လည်း တစ်ယောက်နဲ့တစ်ယောက် ဘာစကားမှ မပြောဖြစ်ကြဘဲ တိတ်ဆိတ်နေပေမယ့် အတွေးကိုယ်စီနဲ့ စိတ်ထဲတွင် ဆူညံနေကြလျက်။

.
.
.

to be continued









(Zawgyi)

ယေန႔ ေဂ်ာင္ဂုအိမ္ေရွ႕သို႔ ပုံမွန္ထက္ တစ္နာရီခန႔္ေစာ၍ ‌ထယ္ေယာင္းေရာက္ေနၿပီျဖစ္သည္။

ေလေျပေအးေလးကလည္း ခပ္ညင္းညင္းတိုက္ခတ္ေနသျဖင့္ ေဘးနားရွိ သစ္ပင္ေတြမွ သစ္႐ြက္ကေလးေတြ လႈပ္ေနပုံကလည္း တစ္မ်ိဳး ရင္ခုန္စရာေကာင္းေနသေယာင္။ ရင္ခုန္တတ္စ အ႐ြယ္မို႔ အခုလို ခံစားေနရတာမ်ားလား။

ထယ္ေယာင္း ေစာင့္ေနရင္းနဲ႔ ညက ေဂ်ာင္ဂုေပးခဲ့ေသာ နာမည္ကတ္ကေလးကို ျပန္ထုတ္ၾကည့္မိသည္။

ေဂ်ာင္ဂုက ဘယ္လိုအဓိပၸါယ္နဲ႔ ေပးခဲ့လဲမသိေပမယ့္ ကိုယ္တိုင္လည္း ငယ္စဥ္က ေကာင္ေလးတစ္ေယာက္ကို နာမည္ကတ္ေလး ေပးခဲ့ဖူးတာကို ေရးေတးေတး သတိရလာမိ၏။

"ေဂ်ာင္ဂု သူငယ္ခ်င္းလား"

႐ုတ္တရက္ ထြက္ေပၚလာေသာ အသံေၾကာင့္ ထယ္ေယာင္း အလန႔္တၾကားျဖစ္သြားကာ ေဂ်ာင္ဂုနာမည္ကတ္ေလးကို အက်ႌအိတ္ကပ္ထဲ အျမန္ထည့္ရင္း အသံလာရာသို႔ လွည့္ၾကည့္လိုက္မိသည္။

ထယ္ေယာင္းကို ေခၚတဲ့သူက အမ်ိဳးသမီးႀကီး တစ္ဦးျဖစ္ၿပီး ေဂ်ာင္ဂုတို႔ ၿခံဝန္းတံခါးေပါက္ကေနမို႔ ေဂ်ာင္ဂုအေမျဖစ္ရမည္ဟု ထယ္ေယာင္း ေကာက္ခ်က္ခ်မိ၏။

"မဂၤလာပါ သူေဌးကေတာ္"

ထယ္ေယာင္း၏ ႏႈတ္ဆက္မႈအၿပီး ထိုအမ်ိဳးသမီးက ခပ္ေရးေရးေလးၿပဳံးရင္း ထယ္ေယာင္းကို ေခါင္းအစ ေျခအဆုံး ၾကည့္ကာ ထယ္ေယာင္းစက္ဘီးကိုလည္း အကဲခတ္ေနေလသည္။

"အခုမွျမင္ဖူးတာပဲ၊ ေဂ်ာင္ဂုနဲ႔ အၿမဲေက်ာင္းအသြားအျပန္ လုပ္ေနတယ္ဆိုတာ သားလား"

"ဟုတ္ကဲ့၊ ကြၽန္ေတာ္က ေဂ်ာင္ဂုရဲ႕ သူငယ္ခ်င္း ကင္ထယ္.."

"ဒီမွာ အေမက ဘာလုပ္ေနတာလဲ"

ထယ္ေယာင္းစကားမဆုံးေသး ၿခံထဲကေန ေဂ်ာင္ဂုထြက္လာသျဖင့္ ထယ္ေယာင္းလည္း စကားစျပတ္သြားကာ ေဂ်ာင္ဂုအေမဆိုတဲ့သူဟာလည္း ေဂ်ာင္ဂုဘက္ကို လွည့္ၾကည့္ေလ၏။

"ဪ.. သားသူငယ္ခ်င္း တစ္ေယာက္တည္းျဖစ္ေနလို႔ လာစကားေျပာၾကည့္တာ"

အေမျဖစ္သူစကားကို ေဂ်ာင္ဂုက ဘာမွမတုန႔္ျပန္ဘဲ ထယ္ေယာင္းကိုသာ ၾကည့္လာေလသည္။

ဘာလို႔ အေျခအေနက ေအးတိေအးစက္ႀကီး ျဖစ္ေနသလဲ ထယ္ေယာင္းမသိ။ အိမ္မွာဆို မိမိအေမနဲ႔က ဖက္လဲတကင္း ေနေနတာကို ေဂ်ာင္ဂုတို႔လို လူခ်မ္းသာေတြကေတာ့ မတူဘူးပဲ။

"ညေန ေစာေစာျပန္လာေနာ္ သားေလး၊ အိမ္မွာ လုပ္စရာရွိတာ သိတယ္မလား"

"အင္း"

"ဟန္ဘင္းနဲ႔ ဂန္ဟိုကိုလည္း ေခၚခဲ့ဦး"

ေဂ်ာင္ဂု ဘာမွျပန္မေျပာေတာ့။ ထယ္ေယာင္းဆီကိုပဲ ဦးတည္ေနကာ ထယ္ေယာင္းစက္ဘီးေနာက္ခုံေပၚ ေအးေအးလူလူပင္ ခြတက္လိုက္ေလသည္။

ေခါင္းအုံးအစုတ္ေလးသာ ပတ္စည္းထားေသာ စက္ဘီးေနာက္ခုံေလးေပၚ ထိုင္ေနတဲ့ ေဂ်ာင္ဂုအား အေမျဖစ္သူက ေသခ်ာကို စူးစူးရဲရဲ စိုက္ၾကည့္ေန၏။ မႀကိဳက္တဲ့သေဘာဆိုတာထက္ အံ့အားသင့္ေနသည့္ အၾကည့္ပင္။

ေဂ်ာင္ဂုေတာ့ ဘယ္လိုေနလဲ မသိေပမယ့္ ထယ္ေယာင္းမွာေတာ့ စက္ဘီးနင္းဖို႔ပင္ အားေတြ မရွိေတာ့သလို ခံစားရသည္။ စက္ဘီးအစုတ္ေလးနဲ႔ ဒီလိုအိမ္ေရွ႕ရပ္ေနရတာ ရွက္စရာေကာင္းတယ္မလား။

သို႔ေပမဲ့ အခုလို တိတ္ဆိတ္ေနမႈႀကီးက ပို၍ပင္ ေနရခက္ေနသည္မို႔ ထယ္ေယာင္းလည္း ခပ္ျမန္ျမန္ပင္ စက္ဘီးေလးနင္းကာ ထိုေနရာမွ ထြက္လာခဲ့ေတာ့၏။

လမ္းထဲမွ ေက်ာ္၍ အိမ္နဲ႔ ခပ္လွမ္းလွမ္းေဝးသည္ႏွင့္ ေဂ်ာင္ဂုလက္ေတြက ေရွ႕တြင္စက္ဘီးနင္းေနေသာ ထယ္ေယာင္း ခါးတစ္ဝိုက္ကို ရစ္ပတ္ဖက္တြယ္လာေလသည္။

ေဂ်ာင္ဂုအျပဳအမူေၾကာင့္ ထယ္ေယာင္းတစ္ကိုယ္လုံး ၾကက္သီးေမြးညင္းေလးမ်ား ထသြားၿပီး စက္ဘီးလက္ကိုင္ကို ကိုင္ထားေသာ လက္ေတြမွာ ေပ်ာ့ေခြသြားသလို။

"ေဂ်ာင္ဂု.. ဘာလို႔လဲဟင္"

"ျပဳတ္က်မွာ ေၾကာက္လို႔"

စက္ဘီးအရွိန္က ‌ျမန္ေတာင္မျမန္၊ လက္လႊတ္စီးရင္ေတာင္ ျပဳတ္က်မယ့္အေရးမျမင္သည္ကို ဂြၽန္ေဂ်ာင္ဂုက သိပ္ကို ပိုလြန္းေနတာမလား။

"ေစာေသးတယ္ဆိုေတာ့ မေန႔က မၾကည့္လိုက္ရတဲ့ ခ်ယ္ရီပန္းေတြ သြားၾကည့္ရေအာင္"

ေဂ်ာင္ဂုက ေျပာလည္းေျပာ ထယ္ေယာင္းခါးေလးကိုလည္း ပိုတိုး၍ ဖက္လာသည္မို႔ ထယ္ေယာင္းမွာ အသက္ရႉႏႈန္းေတြပင္ မူမမွန္ခ်င္ေတာ့။ အသိစိတ္ကို မနည္းကပ္ေအာင္လုပ္ၿပီး စက္ဘီးေျခနင္းကို အာ႐ုံစိုက္ထားရသည္။

"ငါ... ငါလည္း ခ်ယ္ရီပန္းပြင့္တဲ့ေနရာကိုပဲ သြားေနတာ"

ထယ္ေယာင္းစကားအဆုံး ေဂ်ာင္ဂုထံမွ ရယ္သံသဲ့သဲ့ေလး ၾကားလိုက္ရ၏။ သိပ္ကို နားေထာင္လို႔ေကာင္းတာပဲ။

ထို႔ေနာက္ ဘာစကားမွ ေထြေထြထူးထူး မေျပာျဖစ္ၾကဘဲ ခ်ယ္ရီပန္းပင္ေတြ တန္းစီရွိေသာ လမ္းကေလးကို ေရာက္လာခဲ့ေတာ့သည္။ လူတစ္ေယာက္စ ႏွစ္ေယာက္စသာ ရွိသျဖင့္ လမ္းကေလးက တိတ္ဆိတ္ေနကာ ေလေျပတစ္ခ်က္ေဝ့လိုက္တိုင္း ခ်ယ္ရီပန္းနံ႔ေလးေတြက ေမႊးႀကိဳင္ေနကာ စိတ္ကို ပို၍ ၾကည္လင္ေစသည္။

"ငါတို႔ လမ္းေလွ်ာက္ၾကမလား"

ထယ္ေယာင္းဘက္က စတင္လာေသာ စကားသံ။ ေျပာၿပီးတာနဲ႔ အေနာက္မွာရွိတဲ့ ေဂ်ာင္ဂုကို လွည့္ၾကည့္လိုက္ေတာ့ ေဂ်ာင္ဂုကလည္း ေခါင္းေလး ၿငိမ့္ျပရင္း စက္ဘီးေပၚမွ ဆင္းလိုက္သည္။

သို႔ႏွင့္ ခ်ယ္ရီပန္းမ်ား ‌လႈိင္ေနေအာင္ ပြင့္ေန‌ေသာ လမ္းေလးတစ္ေလွ်ာက္ ႏွစ္ေယာက္သား ေဘးခ်င္းယွဥ္ေလွ်ာက္ေနေသာ္လည္း ၾကားထဲတြင္ေတာ့ ထယ္ေယာင္းတြန္းလာတဲ့ စက္ဘီးေလးက ခံေနေသး၏။

"အခုလို တစ္ခါမွ ခ်ယ္ရီပင္ေတြၾကား လမ္းမေလွ်ာက္ဖူးဘူး"

ထယ္ေယာင္းဘက္ကပဲ ထပ္မံ စကားစလာျပန္သည္။

"မင္းကေတာ့ ႏွစ္တိုင္းလာၾကည့္ဖူးတဲ့ပုံပဲ"

"ဘာလို႔ အဲ့လိုထင္တာလဲ"

"မသိဘူးေလ၊ အခုလည္း ငါ့ကို မင္းဘက္က အရင္စေခၚတာပဲ၊ အရင္ႏွစ္ေတြကလည္း တစ္ေယာက္ေယာက္ကို ေမးခဲ့မွာပဲမဟုတ္လား"

ထယ္ေယာင္းအေမးကို ေဂ်ာင္ဂုက ျပန္မေျဖ။ မ်က္ခုံးတန္းေတြက အလိုမက်ဟန္ အတြင္းဘက္ကို စုႀကဳံ႕ေနကာ ႏႈတ္ခမ္းကလည္း တည္တင္းေန၏။

ဘာလဲ ရည္းစားေဟာင္းကို သတိရသြားတာလား။ မေကာင္းတဲ့ေကာင္.. လူကို ေဘးမွာထားၿပီး။

"ခင္ဗ်ား လူကို ဘာေကာင္ထင္ေနတာလဲ"

အေခၚအေဝၚက အစ္ကိုဟူ၍ မဟုတ္ေတာ့ဘဲ ခင္ဗ်ားဟု ေခၚလိုက္ကတည္းက ေဂ်ာင္ဂု စိတ္ဆိုးေနၿပီမွန္း ထယ္ေယာင္း သိလိုက္ပါၿပီ။ အရာရာ သူ႔စိတ္ခ်ည္းပဲ။

"ဘာလို႔လဲ"

"ေတာ္လိုက္ေတာ့.. ခင္ဗ်ားနဲ႔ စကားေျပာရတာ အဆင္ကို မေျပဘူး"

ေဂ်ာင္ဂုစကားေျပာသည့္ပုံစံေၾကာင့္ ‌ထယ္ေယာင္း ေဒါသအနည္းငယ္ထြက္သြားၿပီး ေဂ်ာင္ဂုနည္းတူ မ်က္ေမွာင္ၾကဳတ္ကာ ေဂ်ာင္ဂုဘက္ကို ဆတ္ခနဲလွည့္ၾကည့္ရင္း

"မင္းဘာသာ မင္းရည္းစားေဟာင္းကို သတိရတာ ငါ့ကိုဘာလို႔ လာမဲေနတာလဲ"

"က်ဳပ္မွာ ရည္းစားရွိခဲ့တယ္လို႔ ခင္ဗ်ားကို ဘယ္သူ‌ေျပာလဲ"

"မရွိဘူးလား"

ေဂ်ာင္ဂုက ဆက္မေျပာေတာ့။ သက္ျပင္းတစ္ခ်က္ခ်၍သာ တစ္ဖက္ကို အၾကည့္ေတြ လႊဲသြားေလသည္။ ဒီသေဘာက မရွိဘူးဆိုတဲ့သေဘာလား။

"မထင္ရဘူးပဲ၊ မင္းကို ရည္းစားအေယာက္ ၅၀၀ ေလာက္ရွိမယ္ထင္တာ"

"ခင္ဗ်ား..."

"စတာပါ"

ေဂ်ာင္ဂုထံမွ စကားၾကမ္းၾကမ္းေတြ မထြက္ခင္ ထယ္ေယာင္း အျမန္ျဖတ္ေျပာလိုက္ၿပီးမွ ေဂ်ာင္ဂု ေဒါသေျပလိုေျပျငား သြားတန္းေလးေတြ ေပၚသည္အထိ ရယ္ျပလိုက္မိသည္။

အႀကံေအာင္သြားသည့္ပုံပါပဲ၊ ေဂ်ာင္ဂု မ်က္ႏွာတည္တင္းေနတာေတြ ခ်က္ခ်င္းေပ်ာက္သြားၿပီး ႏႈတ္ခမ္းပါးပါးက ၿပဳံးေယာင္ေလးသမ္းသြားဟန္။

လမ္းေလွ်ာက္ေနရင္း ခဏေနေတာ့ ခ်ယ္ရီပင္ေတြၾကားမွ ခုံတန္းေလးတြင္ ႏွစ္ေယာက္သား ဝင္ထိုင္ဖို႔ ဆုံးျဖတ္ခ်က္ခ်ရင္း စက္ဘီးေလးကို ခုံေဘးတြင္ ေဒါက္ေထာက္ကာ ခုံတန္းတြင္ အတူတူဝင္ထိုင္လိုက္ၾက၏။

လမ္းေလွ်ာက္ေနတုန္းကလည္း တစ္မ်ိဳးရင္ခုန္စရာေကာင္းေပမယ့္ အခုလို ၿငိမ္ၿငိမ္ေလး ထိုင္ေနရေတာ့ ပို၍ပင္ ရင္ခုန္စရာေကာင္းေနေသးသည္။

တိတ္ဆိတ္ေနမႈႏွင့္ ခ်ယ္ရီပြင့္မ်ားေအာက္တြင္ ႏွစ္ေယာက္အတူ ေဘးခ်င္းကပ္လ်က္ရွိေနသည္ဆိုသည့္အသိက အနည္းငယ္ေတာ့ စိတ္လႈပ္ရွားစရာေကာင္းသား။

တစ္ခုံတည္း ထိုင္ေနေပမယ့္ အတိအက်ေျပာရရင္ ေဘးခ်င္းကပ္ေတာ့ မဟုတ္ပါ။ ထိုင္ခုံ၏ အစြန္းတစ္ဖက္တစ္ခ်က္စီတြင္ ထိုင္ေနၾကျခင္းသာ။

ဒီလိုအေျခအေနတြင္ စကားမေျပာရင္ ထူးဆန္းေနမလား။

ထိုအေတြးနဲ႔အတူ ထယ္ေယာင္း သတၱိေမြး၍ ေဂ်ာင္ဂုဘက္ကို မရဲတရဲေလးလွည့္ကာ

"ေဂ်ာင္ဂု.. ေမးစရာရွိလို႔"

ထယ္ေယာင္းေျပာလိုက္ေတာ့ ေဂ်ာင္ဂုဟာ ခ်ယ္ရီပန္းေတြကို ေငးေနရာမွ ထယ္ေယာင္းကို ၾကည့္လာေလသည္။

"မေန႔ညက ငါ့ကို ဘာလို႔ မင္းရဲ႕ နာမည္ကတ္ေပးသြားတာလဲ"

"ဟမ္"

ေဂ်ာင္ဂုပုံစံက အနည္းငယ္လန႔္သြားဟန္နဲ႔ အၾကည့္ေတြ ခ်က္ခ်င္းလႊဲသြားကာ တံေတြးတစ္ခ်က္ၿမိဳခ်လိုက္၏။ ထင္ထားတာထက္ ျပာယာခတ္သြားသည့္ပုံပါပဲ။ သို႔ေပမဲ့ ဘာမွမထူးဆန္းသည့္ မ်က္ႏွာေပးနဲ႔

"ဒီတိုင္းပဲ ဘာမွမဟုတ္ဘူး"

"ဒါေပမဲ့ အဲ့လိုေပးတာက ႐ုပ္ရွင္ေတြထဲမွာ ၾကည့္ဖူးတာေတာ့.."

"ဟားဟား.. ေက်ာင္းေနာက္က်ေနၿပီ သြားၾကေတာ့မလား"

ထယ္ေယာင္းစကားမဆုံးေသး ျဖတ္ေျပာလာ‌ေသာ ေဂ်ာင္ဂုရယ္။ ျဖတ္ေျပာ႐ုံတင္မက သြားဖို႔ပါ ဟန္တျပင္ျပင္နဲ႔ မတ္တတ္ထရပ္သည္မို႔ ေဂ်ာင္ဂုပုံစံက ပို၍ပင္ ထူးဆန္းလာသေယာင္။

ထယ္ေယာင္းကေတာ့ နည္းနည္းေလးမွ မထဘဲ လက္က လက္ပတ္နာရီကို ၾကည့္လိုက္ကာ

"ဘာမွေနာက္မက်ေသးဘူး အေစာႀကီးရွိေသးတယ္ ျပန္ထိုင္"

"ေက်ာင္းကို ေစာေစာေရာက္တာ မေကာင္းဘူးလား"

စကားနားမေထာင္ေသာ ေဂ်ာင္ဂုအား ထယ္ေယာင္းမွာ စိတ္မရွည္စြာနဲ႔ လက္ကိုကိုင္ကာ အားနဲ႔ဆြဲလိုက္ေတာ့ ေဂ်ာင္ဂုမွာ ထိုအရွိန္ျဖင့္ ထယ္ေယာင္းေဘးတြင္ ျပန္ဝင္ထိုင္လာေလသည္။

"ေျဖ‌.......လို႔... မေျဖရင္ ေပးမသြားဘူး"

ႏႈတ္ခမ္းေလးအနည္းငယ္စူလ်က္၊ လက္ကိုလည္း လႊတ္မေပးဘဲ ကိုယ္လုံးေလးလႈပ္ကာ ေျပာလာေသာ ထယ္ေယာင္း။ ေဂ်ာင္ဂုမွာ ထယ္ေယာင္းကို ၾကည့္ၿပီး ထိန္းခ်ဳပ္၍ မရစြာ ၿပဳံးလိုက္မိ‌ေတာ့သည္။

"ပြဲၾကမ္းေတာ့မယ္ထင္တာ လူကို လာခြၽဲေနတာပဲ"

"ဘယ္.. ဘယ္သူက ‌ခြၽဲေနလို႔လဲ"

"ကင္ထယ္ေယာင္းေလ"

"မင္း အႀကီးကို ဘယ္လိုဆက္ဆံေနတာလဲ"

ထယ္ေယာင္းေၾကာင့္ ေဂ်ာင္ဂုမွာ အသံထြက္သည္အထိ ခပ္ဟဟရယ္ရင္း သူ႔လက္ကို ဆြဲထားေသာ ထယ္ေယာင္းလက္ေလးေပၚကို အသာေလး ျပန္အုပ္ကိုင္လာေလသည္။

ေဂ်ာင္ဂုအျပဳအမူေၾကာင့္ ထယ္ေယာင္း ရင္ထဲ တုန္လႈပ္သြားကာ ခႏၶာကိုယ္ထဲမွ ေသြးမ်ား စီးဆင္းမႈ မတည္ၿငိမ္ေတာ့သေယာင္။ သို႔ေပမဲ့ မ႐ုန္းမိ။ ေဂ်ာင္ဂုလက္၏ အေႏြးဓာတ္က လုံၿခဳံမႈကို အျပည့္အဝေပးစြမ္းႏိုင္ပါသည္။

"အစ္ကိုေရာ တစ္ေယာက္ေယာက္ကို နာမည္ကတ္ေပးဖူးတယ္မလား"

"ငါလား"

အတိတ္ကျဖစ္ရပ္ တပိုင္းတစဟာ ထယ္ေယာင္း ေခါင္းထဲ တိုးေဝွ႔ဝင္လာ၏။

"အင္း.. ငယ္ငယ္တုန္းကေတာ့ ေပးဖူးတယ္၊ ေကာင္ေလးတစ္‌ေယာက္ကို"

ထယ္ေယာင္းစကားအဆုံး ေဂ်ာင္ဂုမွာ ခပ္ေရးေရးေလးသာ ၿပဳံးရင္း သူ႔အက်ႌအိတ္ကပ္ထဲကို ႏႈိက္ကာ တစ္စုံတစ္ခုကို ထုတ္ေပးလာေလသည္။

ထိုအရာေလးကေတာ့ ထယ္ေယာင္း၏ နာမည္ထြင္းထုထားေသာ နာမည္ကတ္ျပားရင္ထိုးေလးပင္။

"မဟုတ္မွ.. အဲ့ေကာင္ေလးက ကြၽန္ေတာ္မ်ားလား"

ထယ္ေယာင္း ကိုယ့္မ်က္လုံးကိုယ္မယုံႏိုင္။ အခု ေဂ်ာင္ဂုလက္ဖဝါးထဲတြင္ ရွိေနသည့္ နာမည္ကတ္ေလးက မိမိ မူလတန္းတုန္းက နာမည္ကတ္ေလးမွန္း ျမင္တာနဲ႔တင္ သိသည္။ ၿပီးေတာ့ ဒီနာမည္ကတ္က ေဂ်ာင္ဂုဆီမွာ။

"ဘာလို႔.. ဒါက မင္းဆီေရာက္.. ဒါဆို မင္းက"

"တကယ္ အစ္ကိုျဖစ္ေနတာပဲ"

အဲဒီေန႔က... ေက်ာင္းေနာက္ဆုံးေန႔ တစ္နည္းအားျဖင့္ စာေမးပြဲ ေနာက္ဆုံးေန႔။

"ဟိတ္ေကာင္ေလး"

ေခၚသံၾကားၿပီးသည္ႏွင့္ တစ္ၿပိဳင္နက္ ဦးေခါင္းအေနာက္ဘက္မွ က်ိန္းစပ္သြားရသည္။ တစ္ေယာက္ေယာက္က လက္ဖဝါးနဲ႔ ခပ္ျပင္းျပင္း႐ိုက္လိုက္တာေၾကာင့္ပင္။

"ကိုႀကီးတို႔ကို ေတြ႕တာ‌ကို ႏႈတ္ေတာင္မ‌ဆက္ေတာ့ဘူးလား ညီေလးေဂ်ာင္ဂုရ.. ဟမ္၊ လာဦး လာႏႈတ္ဆက္ဦး"

႐ြယ္တူေတြဆိုေပမယ့္ အုပ္စုအားကိုးႏွင့္ သူတို႔ကိုယ္သူတို႔ အႀကီးလိုလိုလုပ္‌ေနသည္က စိတ္ရႈပ္စရာေကာင္းလွသည္။ ထို႔ျပင္ အၿမဲ ေဂ်ာင္ဂုကို လိုက္ေႏွာင့္ယွက္ေနက်။

ေဂ်ာင္ဂုပုံစံက ေပ်ာ့ညံ့ေနလို႔လည္းမဟုတ္၊ ႏုံခ်ာေနလို႔လည္းမဟုတ္။ ခ်မ္းသာမွန္းသိလို႔ အလကားသက္သက္ ေငြညႇစ္ခ်င္႐ုံသာ။

"ဒီေန႔ ေ႐ြးခ်ယ္စရာေပးမယ္၊ ဗိုက္ကို အထိုးခံမလား၊ ငါတို႔ ငါးေယာက္လုံးကို မုန႔္ဝယ္ေကြၽးမလား"

"မင္းတို႔အိမ္မွာ အိမ္သာရွိလား"

ေဂ်ာင္ဂုအေမးကို ထိုေကာင္ေလးေတြက နားမလည္သည့္ဟန္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကုန္ၾက၏။

"မင္းတို႔ စားခ်င္ရင္ အဲ့ထဲမွာ သြားစားေလ၊ မင္းတို႔ အဲ့ဒါနဲ႔ပဲတန္တာ"

ေဂ်ာင္ဂုစကားအဆုံး ထိုကေလးအုပ္စုထဲမွ အထြားဆုံးေကာင္ေလးက ေဂ်ာင္ဂုေကာ္လံကို လွမ္းဆြဲလာၿပီး ထိုးေတာ့မည္အလုပ္။

"ေဟ့ ကေလးေတြ"

လွမ္းေအာ္လိုက္သည့္အသံကလည္း ကေလးသံေလးပါပဲ။ သို႔ေပမဲ့ အားလုံးက လုပ္လက္စေတြ ရပ္တန႔္သြားၿပီး လွမ္းၾကည့္လာေလသည္။

ေကာင္ေလးတစ္ေယာက္၊ ေဂ်ာင္ဂုအပါအဝင္ ဒီမွာရွိတဲ့ ကေလးေတြထက္ေတာ့ အရပ္အနည္းငယ္ရွည္သျဖင့္ မိမိတို႔ထက္ အတန္းႀကီးမွန္းေတာ့ သိသာပါသည္။

သူဟာ မ်က္ႏွာကို အတတ္ႏိုင္ဆုံး တည္ထားဟန္နဲ႔ အနားကို ဘုဆတ္ဆတ္ေလွ်ာက္လာရင္း

"ဘာလဲ.. အႏိုင္က်င့္ေနၾကတာလား၊ ကေလးေတြပဲရွိေသးတာကို အႏိုင္က်င့္တတ္ေနၿပီလား"

အနားကို ဟန္ပါပါေလး လာရပ္ကာ ေဂ်ာင္ဂုေကာ္လံကို ဆြဲထားေသာ ေကာင္ေလး၏ လက္ကို ျဖဳတ္ခ်လိုက္ေလသည္။

"ဘယ္သူလဲကြ ရႈပ္ရႈပ္ယွက္ယွက္ ဝင္ပါေနတာ"

"ငါလား.. ငါက မူလတန္းေနာက္ဆုံးႏွစ္က ကင္ထယ္ေယာင္းပဲ၊ ‌အခု မင္းတို႔ အႏိုင္က်င့္ေနတာကို ႐ုံးခန္းကို သြားတိုင္လိုက္ရမလား"

ကေလးေတြပဲမို႔ ဘာျပႆနာမွ ႀကီးႀကီးမားမားဆက္မျဖစ္ဘဲ ထိုေကာင္ေလးငါးေယာက္က ထြက္ေျပးသြားေလေတာ့သည္။

"ဒီလိုပဲ ျဖစ္ေနရမယ္၊ ကင္ထယ္ေယာင္းေရွ႕မွာ အားလုံးျပားျပားဝပ္ေနရမယ္"

ေခါင္းေမာ့ရင္ေကာ့ကာ ဟန္ပါပါေျပာေနသူအား ၾကည့္ၿပီး ေဂ်ာင္ဂု ‌ေခါင္းတခါခါနဲ႔ ထြက္သြားမည္အလုပ္ ထယ္ေယာင္းက ေဂ်ာင္ဂုပုခုံးေလးကို အသာလွမ္းကိုင္လာေလရာ ေဂ်ာင္ဂုကလည္း 'ဘာလဲ' ဆိုတဲ့သေဘာနဲ႔ ျပန္လွည့္ၾကည့္၏။

"ဒဏ္ရာရတာေတြရွိလား၊ တစ္ခုခုျဖစ္သြားေသးလား"

"မျဖစ္ပါဘူး ရပါတယ္"

"ေနာက္တစ္ခါဆို အဲ့လိုေကာင္ေတြနဲ႔ မေပါင္းနဲ႔၊ အုပ္စုလိုက္ဆို ကိုယ္ပဲခံရမွာ၊ သိတယ္မလား"

ထယ္ေယာင္းအေမးကို ေဂ်ာင္ဂုက ဘာမွျပန္မေျဖဘဲ အိတ္ထဲရွိ ပိုက္ဆံ႐ြက္အနည္းငယ္ကို ထုတ္ရင္း ထယ္ေယာင္းလက္ထဲကို ထိုးထည့္ေပးလိုက္ကာ

"ရၿပီမလား သြားေတာ့မယ္"

ေျပာေျပာဆိုဆိုနဲ႔ လွည့္ထြက္သြားေသာ ေဂ်ာင္ဂု။ ထယ္ေယာင္းမွာ လက္ထဲပိုက္ဆံေလးမ်ားကိုင္၍ ေၾကာင္ေတာင္ေတာင္ရပ္ေနမိၿပီးမွ အသိစိတ္ျပန္ကပ္ကာ ေဂ်ာင္ဂုေနာက္ကို ျပန္ေျပးလိုက္လာသည္။

"ဘာလုပ္တာလဲ ဒါေတြက"

"‌ေပးတာ၊ ကူညီေပးလို႔ ေက်းဇူးပါ"

"ဒီေကာင္ေလးကေတာ့.."

ထယ္ေယာင္းက ေျပာလည္းေျပာ၊ ေဂ်ာင္ဂုကိုယ္လုံးကိုလည္း ဆြဲလွည့္လိုက္ရာ ေဂ်ာင္ဂုမွာ ေစြ႕ခနဲ ထယ္ေယာင္းနဲ႔မ်က္ႏွာခ်င္းဆိုင္ျပန္ျဖစ္သြားၿပီး အံ့အားသင့္သြားဟန္ မ်က္လုံးေလးဝိုင္းစက္၍ ျပန္ေမာ့ၾကည့္လာ၏။

"ငါက ပိုက္ဆံလိုခ်င္လို႔ လုပ္ေနတယ္ထင္ေနလား၊ ဒီတိုင္း ကူညီတာ၊ ေရာ့.. ျပန္ယူ"

ထယ္ေယာင္းက ေျပာၿပီးတာနဲ႔ ေဂ်ာင္ဂုလက္ထဲပိုက္ဆံေတြ ျပန္ထည့္ေပးလိုက္ေလသည္။

"ၿပီးေတာ့.. လူတိုင္းကို ပိုက္ဆံနဲ႔ကိုင္ေပါက္ေနရေအာင္ မင္းက သူေဌးလား၊ လက္ေတာက္ေလာက္နဲ႔"

"အင္း"

"အာ.. သူ.. သူေဌးျဖစ္ေနတာလား၊ ဘာ.. ဘာပဲျဖစ္ျဖစ္.."

ထယ္ေယာင္းမွာ အရွက္ေျပ‌ေလး လူႀကီးေလးလို ေခ်ာင္းေလး တဟန႔္ဟန႔္လုပ္လိုက္ၿပီးမွ ေဂ်ာင္ဂုကို ျပန္ၾကည့္လာရင္း

"ငါ့နာမည္ ကင္ထယ္ေယာင္း၊ တကယ္လို႔ ခုနက ေကာင္ေတြ မင္းကို အႏိုင္ထပ္က်င့္ရင္ ငါ့နာမည္သာေျပာလိုက္ ဟုတ္ၿပီလား"

ေျပာေျပာဆိုဆိုနဲ႔ သူ႔ရင္ဘတ္မွ နာမည္ကတ္ေလးကို ဆြဲခြာလိုက္ကာ ေဂ်ာင္ဂုဆီ ကမ္းေပးလိုက္ၿပီး

"ေမ့သြားမွာစိုးလို႔ ယူထား၊ လုံးဝ မေမ့နဲ႔ေနာ္.. ကင္ထယ္ေယာင္းဆိုတာကို"

ထယ္ေယာင္းစကားအဆုံး ေဂ်ာင္ဂုလည္း အလိုလိုလက္ေလးမ်ား လွမ္းမိၿပီး ထယ္ေယာင္းနာမည္ကတ္ေလးကို လက္ဝါးေလးျဖန႔္ကာ ယူလိုက္မိသည္။

အဲ့ေတာ့မွ ထယ္ေယာင္းမွာလည္း ေက်နပ္သြားဟန္ သြားေလး‌မ်ားေပၚသည္အထိ ၿပဳံးသြားၿပီး ေဂ်ာင္ဂုကို ကေလးေလးမ်ားႏွယ္ လက္ႏွစ္ဖက္ေဝွ႔ယမ္းကာ တာ့တာျပ၍ ေျပးထြက္သြားေလေတာ့သည္။

ေဂ်ာင္ဂုမွာေတာ့ လက္ထဲတြင္ ထယ္ေယာင္းနာမည္ကတ္ေလးကို ကိုင္ထားလ်က္၊ ေျပးထြက္သြားေသာ ေက်ာျပင္ေလးကို အခ်ိန္တစ္ခုၾကာသည္အထိ ေငးၾကည့္၍ က်န္ခဲ့ေလေတာ့၏။

"မွတ္မိသြားတဲ့ပုံပဲ"

ေဂ်ာင္ဂုအသံၾကားမွ ထယ္ေယာင္းစိတ္ေတြ ပစၥဳပၸန္ကို ျပန္လည္ေရာက္ရွိလာကာ ေဂ်ာင္ဂုမ်က္ႏွာကို ေမာ့ၾကည့္မိသည္။

အဲ့တုန္းက တစ္ခါသာ ေတြ႕ခဲ့ဖူးတဲ့ ကေလးေလးက ဂြၽန္ေဂ်ာင္ဂုျဖစ္ေနခဲ့တာလား။ မိမိထက္ ေသးတဲ့ ကေလးေလးက ဒီလိုအ႐ြယ္ျဖစ္ေနၿပီလား။

အျဖစ္မွန္အား ရိပ္မိသြားသည့္ အဓိပၸာယ္ျဖင့္ မ်က္လုံးေလးမ်ား ဝိုင္းစက္၍ ေမာ့ၾကည့္ေနေသာ ထယ္ေယာင္းေၾကာင့္ ေဂ်ာင္ဂု အသဲယားစြာ ၿပဳံးလိုက္မိ၏။

ထိန္းခ်ဳပ္မထားႏိုင္ဘဲ လက္တစ္ဖက္က ထယ္ေယာင္းမ်က္ႏွာႏုႏုေလးေပၚ အလိုလိုအုပ္ကိုင္လိုက္မိျပန္သည္။ ထယ္ေယာင္းဟာလည္း ျငင္းဆန္ျခင္းမရွိ၊ ေဂ်ာင္ဂု၏ အထိအေတြ႕ကို လက္ခံသည္။

ေလေျပေလးမ်ား တိုက္ခတ္လာသျဖင့္ ႏွစ္ေယာက္လုံး၏ ဆံႏြယ္ေလးေတြက ယိမ္းတယိုင္ယိုင္။ ေလအေဝ့နဲ႔အတူ ခ်ယ္ရီပန္းရနံ႔ သင္းသင္းေလးက ခံစားခ်က္ကို တစ္မ်ိဳးတစ္မည္ျဖစ္ေစသည္။

ေဂ်ာင္ဂုနဲ႔ ထယ္ေယာင္းဟာလည္း တစ္ေယာက္နဲ႔တစ္ေယာက္ အၾကည့္မ်ား မလႊဲမိၾက။

ထိုအခိုက္အတန႔္မွာပဲ ေဂ်ာင္ဂု၏ မ်က္ႏွာက တျဖည္းျဖည္းနီးကပ္လာသေယာင္။ ထင္ေယာင္ထင္မွား မဟုတ္၊ တကယ္ပဲ နီးကပ္လာျခင္းသာ။ ေဂ်ာင္ဂု အခု ဘာလုပ္ဖို႔ ႀကိဳးစားေနသလဲ ထယ္ေယာင္း အမ်ားႀကီး မေတြးႏိုင္ေပမယ့္ တပ္အပ္ေတာ့ ေျပာလို႔ရေလာက္မည္။

ေဂ်ာင္ဂု၏ ႏႈတ္ခမ္းေတြက မိမိႏႈတ္ခမ္းနား တိုးကပ္လာသည္ကို အနီးကပ္ျမင္ေနရတာ သိပ္ကို ရင္ခုန္စရာေကာင္းလွသည္။

ဒါေပမဲ့ ‌ဒီလိုလုပ္ဖို႔ ျဖစ္သင့္ရဲ႕လား။

ထယ္ေယာင္း အသိစိတ္ျပန္ကပ္လာခ်ိန္တြင္ ေခါင္းကို အျမန္ေနာက္ဆုတ္ကာ မ်က္ႏွာကို ေဘးသို႔ လွည့္လိုက္ေတာ့ ေဂ်ာင္ဂုဟာလည္း ေရွ႕ဆက္မတိုးေတာ့ဘဲ ခ်က္ခ်င္းရပ္တန႔္သြားကာ ထယ္ေယာင္းပါးျပင္ေလးကို ကိုင္ထားေသာ လက္ကို ျပန္႐ုတ္လိုက္ရသည္။

"ဟို.. ေက်ာင္းေနာက္က်ေနေတာ့မယ္၊ သြားၾကေတာ့မလား"

ထယ္ေယာင္းစကားေၾကာင့္ ေဂ်ာင္ဂုမွာလည္း ငူငူငိုင္ငိုင္ျဖစ္ေနရာမွ မ်က္ေတာင္ေလး ပုတ္ခတ္ပုတ္ခတ္ျဖစ္သြားၿပီး ေခါင္းတဆတ္ဆတ္ၿငိမ့္ျပလာေလ၏။

"အင္း.. သြားၾကမယ္"

သို႔ႏွင့္ ထယ္ေယာင္းက အရင္ ထိုင္ရာမွထကာ စက္ဘီးေလးေပၚ ခြတက္လိုက္မွ ေဂ်ာင္ဂုသည္လည္း လည္ဂုတ္ကို အသာပြတ္ရင္း ထိုင္ရာမွ မထခ်င္ထခ်င္ ထလာေလေတာ့သည္။

ေက်ာင္းကို သြားတဲ့ လမ္း‌တစ္ေလွ်ာက္လည္း တစ္ေယာက္နဲ႔တစ္ေယာက္ ဘာစကားမွ မေျပာျဖစ္ၾကဘဲ တိတ္ဆိတ္ေနေပမယ့္ အေတြးကိုယ္စီနဲ႔ စိတ္ထဲတြင္ ဆူညံေနၾကလ်က္။

.
.
.

to be continued

Continue Reading

You'll Also Like

110K 18.7K 58
โ ๏น เถธเถง เถธเทšเถš เถšเท’เถบเถฑเทŠเถฑเถšเท เถ…เถœเทŠโ€เถป..เถถเท’เถบเท”เถงเท’ เถ‡เถฑเทŠเถฉเทŠ เถฏ เถถเท“เทƒเทŠเถงเทŠ เถ‘เถšเทš เถšเท”เถธเทเถปเถบเท เทเทเถดเถบเถšเทŠ เถฑเท’เทƒเท เถ‘เถ เทŠเถ เถป เถšเทเถญ เถปเทเถšเทŠโ€เท‚เถบเท™เถšเทŠ เท€เท”เถฑเทš เถฑเทเถญเทŠเถญเถธเทŠ เถถเท™เถฝเทŠ เท€เถœเทš เถฏเท”เถดเทŠเถดเถญเทŠ เถšเท™เถฝเทŠเถฝเท™เถšเทŠ เถฏเท’เท„เท เถ…เถฉเท”เถธ เถญเถปเถธเท™ เถถ...
178K 16.7K 91
๐Ÿ“๐ŸŽ๐Ÿ’๐Ÿ‘ แ€˜แ€šแ€บแ€›แ€Šแ€บแ€ธแ€…แ€ฌแ€ธแ€€แ€ญแ€ฏแ€กแ€แ€ปแ€…แ€บแ€†แ€ฏแ€ถแ€ธแ€œแ€ฒ๐Ÿ“๐ŸŽ๐Ÿ’๐Ÿ‘ ๐Ÿ“ฃ๐Ÿ“ฃ๐Ÿ“ฃแ€›แ€พแ€ฑแ€ฌแ€„แ€บแ€ธแ€€แ€ปแ€”แ€บแ€ท...แ€›แ€ฒแ€›แ€ฒ แ€€แ€ผแ€ฎแ€ธแ€–แ€ผแ€ฑแ€œแ€ญแ€ฏแ€€แ€บแ€…แ€™แ€บแ€ธแ€•แ€ซ...แ€˜แ€šแ€บแ€›แ€Šแ€บแ€ธแ€…แ€ฌแ€ธแ€€แ€ญแ€ฏ แ€กแ€แ€ปแ€…แ€บแ€†แ€ฏแ€ถแ€ธ แ€œแ€ฒแ€†แ€ญแ€ฏแ€แ€ฌ...โœจโœจโœจ ๐Ÿ“๐ŸŽ๐Ÿ’๐Ÿ‘ แ€˜แ€šแ€นแ€›แ€Šแ€นแ€ธแ€…แ€ฌแ€ธแ€€แ€ญแ€ฏ...
99.8K 5.7K 46
แž แŸแžแžปแžขแžธแž…แž€แŸ’แžšแžœแžถแž›แž“แŸแŸ‡แžแž˜แŸ’แžšแžผแžœแžฒแŸ’แž™แž˜แž“แžปแžŸแŸ’แžŸแžŠแŸ‚แž›แž˜แžทแž“แž‚แžฝแžšแž‡แžฝแž”แž‚แŸ’แž“แžถแžŸแŸ„แŸ‡ แž”แžถแž“แž†แŸ’แž›แž„แžŸแž˜แŸแž™แž€แžถแž›แž˜แž€แž‡แžฝแž”แž“แžทแž„แžŸแŸ’แžšแž›แžถแž‰แŸ‹แž‚แŸ’แž“แžถ แž แžพแž™แž…แžปแž„แž€แŸ’แžšแŸ„แž™แž€แŸแž”แž‰แŸ’แž…แž”แŸ‹แžŠแŸ„แž™แž˜แŸ’แž“แžถแž€แŸ‹แžแŸ’แžšแžผแžœแž…แžถแž€แž…แŸแž‰ แž“แžทแž„แž˜แŸ’แž“แžถแž€แŸ‹แž‘แŸ€แžแž…แŸ†แžŽแžถแž™แž–แŸแž›แž˜แžฝแž™แž‡...
49.4K 2.7K 42
แž€แžถแž›แž–แžธแž€แž“แŸ’แž›แž„แž˜แž€แž‚แŸแž…แžถแžแŸ‹แž‘แžปแž€แž™แžพแž„แžแŸ’แžšแžนแž˜แžแŸ‚แž‡แžถแž”แŸ’แžขแžผแž“แž”แŸ’แžšแžปแžŸแž˜แŸ’แž“แžถแž€แŸ‹แž”แŸ‰แžปแžŽแŸ’แžŽแŸ„แŸ‡ แž‡แžปแž„แž แŸ’แž‚แžปแž€ แž…แž“แžขแŸแž“แžกแžถแž€แŸ‹แžŠแŸ‚แž›แž‡แžถแž€แžผแž“แž”แŸ’แžšแžปแžŸแž‘แŸ„แž›แžแŸ‚แž˜แŸ’แž“แžถแž€แŸ‹แž“แŸ…แž€แŸ’แž“แžปแž„แžœแž„แŸ’แžŸแžแŸ’แžšแž€แžผแž›แž…แž“ แž“แžถแž™แžŸแž„แŸ’แž แžถแž˜แŸ’แž“แžถแž€แŸ‹แž“แŸแŸ‡แž‚แŸ’แž˜แžถแž“แž…แžทแžแŸ’แžแž”แŸ’...