ရန်သူမှကြင်ယာတော်သို့ { Compl...

By nayyihlawin

22.4K 2.7K 543

အချစ်ကြီး၍အမျက်ကြီးခဲ့သူနှင့် နှလုံးသားနှင့်ရင်းကာချစ်ခဲ့ပြီးအသက်ဖြင့်ရင်းကာမုန်းတီးခဲ့သူ More

1(uni+Zg)
2(uni+Zg)
3(uni+Zg)
4(uni+Zg)
5(uni+Zg)
6(uni+Zg)
7(uni+Zg)
8(uni+Zg)
9(uni+Zg)
10(uni+Zg)
11(uni+Zg)
12(uni+Zg)
13(uni+Zg)
14(uni+Zg)
15(uni+Zg)
16(uni+Zg)
17(uni+Zg)
18(uni+Zg)

Final - 19(uni+Zg)

1.6K 162 39
By nayyihlawin

အချစ်ကြီးလို့အမျက်ကြီးတယ်ဆိုတဲ့အတိုင်း အနောက်ဒေသ၏သခင်လေးJungkookက သူ၏ကြင်ယာတော် သခင်လေးJiminအပေါ် အချစ်လွန်၍နည်းလမ်းမှားကာ ချစ်မိခဲ့သည်။မတရားသောနည်းတို့ဖြင့် ကြင်ယာတော်ကိုအနားတွင်ခေါ်ထားနိုင်ခဲ့သော်လည်း အသက်ရှုနေသည်မှလွဲ၍ ကျန်သည့်လှုပ်ရှားမှုများမရှိတော့သော ကြင်ယာတော်က လူသေတစ်ကောင်ကဲ့သို့ပင်။

အိပ်​ပျော်လျှင်အိပ်မက်ဆိုးတွေမက်တတ်ပြီးကယောင်ကတမ်းဖြစ်တတ်သည့်ကြင်ယာတော်က အ​မြဲတမ်း ငူငူငိုင်ငိုင်ဖြင့်သာ...........။
အိပ်မက်ဆ်ိုးတွေ၏နှောင့်ယှက်မှုကြောင့် မအိပ်စက်ရဲသောကြင်ယာတော်သည် အမြဲတစေအိမ်၏ပြတင်းပေါက်အနားတွင်ထိုင်ကာအပြင်ဘက်သို့ခံစားချက်မဲ့စွာငေးကြည့်လျက်ရှိသည်။

နက်မှောင်ရှည်လျားလှသည့်ဆံနွယ်တို့ကိုလည်းဖြီးသင်ခြင်းမရှိတော့ပဲ အမြဲတစေဖားလျားချထားပြီးဝတ်ရုံတို့ကိုလည်းပြီးစလွယ်သာဝတ်ဆင်ထားတတ်သည်။ လက်ထဲတွင်တော့ကျောက်စိမ်းရောင်ဆံထိုးကို မလွှတ်တမ်းကိုင်ထားတတ်သည်။

အချစ်ကြီးလွန်းသောသခင်လေးကလည်း သူ၏ကြင်ယာတော်စိတ်ပျော်စေရန်မျိုးစုံကြိုးစားသော်လည်း သူကိုယ်တိုင် သူ၏ကြင်ယာတော်စိတ်ကိုသတ်ထားခဲ့သည့်အတွက် ကြိုးစားမှုကအရာမထင်လာပေ။

အထိကရုဏ်းဖြစ်ပြီး ရက်သတ္တပတ်ကျော်အကြာမှာ ဂျိုဆွန်းပြည်၏ဘုရင်မင်းမြတ်ထံမှဆင့်ခေါ်စာရောက်လာသဖြင့် ကြင်ယာတော်အားသူ၏ညီမဖြစ်သူ Byeol နှင့်စောင့်ကြည့်စေကာခရီးနှင်ခဲ့သည်။

========================

"ကျုပ် Jeon Jungkook.... ဘုရင်မင်းမြတ်ထံအခစားဝင်ပါတယ်"

အရိုအသေပြု၍ဝပ်တွားကာနှုတ်ခွန်းဆက်လိုက်တော့ ဘုရင်မင်းမြတ်က သူ့အားနေရာတွင်ထိုင်စေသည်။

"အခုလိုခေါ်တွေ့ရတယ့်အကြောင်းအရင်းကို အသင်သိမှာပါ.......အသင့်လုပ်ခဲ့တဲ့လုပ်ရက်တွေက ကျွန်ုပ်နဲ့ဂျိုဆွန်းပြည်ကိုမထီမဲ့မြင်ပြုလိုက်သလ်ိုပဲ"

"အဲ့သလိုဖြစ်ဖို့ရည်ရွယ်ချက်မရှိပါဘူး....ကျုပ်လုပ်ခဲ့သမျှကကျုပ်ရဲ့ကြင်ယာတော်ကိုပြန်လိုချင်ရုံပါပဲ ဘုရင်မင်းမြတ်.....စိုးရွံ့မိပါတယ်"

လွှဲမှားနေသောယူဆချက်အား မှန်ကန်သည်ဟုထင်မှတ်နေသောအနောက်ဒေသ၏သခင်လေးကြောင့် ဘုရင်မင်းမြတ်က ခေါင်းခါ၍

"အသင်လမ်းမှားနေပြီ.......ထားပါလေ လိုရင်းကိုပဲပြောပါမယ်.......အသင်ကအရှေ့ဒေသရဲ့အကြီးအကဲကိုသတ်ဖြတ်ပြီးဒေသကိုကြီးစိုးထားတယ်ဆိုတာမတရားသောနည်းလမ်းပဲ ဒါကိုအရှေ့ဒေသကပြည်သူတွေကလည်းဒေါသထွက်နေကြတယ် အိုးမဲ့အိမ်မဲ့ဖြစ်နေကြရတယ်......ရေရှည်မှာအပြန်အလှန်ကလဲ့စားချေတယ့်စစ်ပွဲတွေဖြစ်လာနိုင်တာကြောင့် ဟန်နိုင်ငံဧကရာဇ်နှင့်ကျွန်ုပ်တိုင်ပင်ပြီး ဒီလိုဆုံးဖြတ်ချက်ချလိုက်တယ်........"

ဘုရင်မင်းမြတ်၏စကားကို Jungkook က သေချာအာရုံစိုက်ကာနားထောင်နေသည်။

"အလဲအထပ်လုပ်ပါ.......Park သခင်လေးနဲ့ ဒေသနှစ်ခုကို အလဲအထပ်လုပ်ပါ"

ဘုရင်မင်းမြတ်၏စကားကြောင့် Jungkook၏ မျက်ဆံတို့လှုပ်ခတ်သွားပြီး အတွေးရှုပ်သွားရသည်။

"နောင်အခါမှာဘယ်လိုစစ်ပွဲမှမဖြစ်တော့ဖို့အတွက် အခုလိုဆုံးဖြတ်လိုက်ရခြင်းပဲ......အသင်ရဲဲ့ဒေသနဲ့ အရှေ့ဒေသကိုဂျိုဆွန်းပြည်လက်အောက်ထဲ ပေါင်းစည်းစေပြီး အသင်ကသခင်မျိုးရိုးကနေ သာမန်ပြည်သူအနေနဲ့ရှေ့ဆက်ရမယ်........အသင့်ရဲ့ကြင်ယာတော်နဲ့အတူပေါ့........တကယ်လို့လက်မခံဖူးဆိုရင်တော့ကျွန်ုပ်ကိုမထီမဲ့မြင်ပြုတာဖြစ်တယ်လို့ သတ်မှတ်ပြီး အသင်မတရားနည်းနဲ့သိမ်းပိုက်ထားတယ့်ဒေသရယ် Park သခင်မျိုးရိုးရယ်ကိုကျွန်ုပ်ဘက်ကပြန်အရယူရလိမ့်မယ်.......Park မျိုးရိုးကနန်းတွင်းအတွက် အကူအညီအများကြီးဖြစ်စေခဲ့တာကြောင့် Parkမျိုးရိုးရဲ့ဂုဏ်သိက္ခာအတွက်အခုလိုလုပ်ရခြင်းပဲ........"

"အကယ်၍ ကျုပ်ကသဘောတူရင်ရောကျုပ်ကြင်ယာကိုမထိဘူးမဟုတ်လား....."

Jungkook၏ အလျင်စလိုမေးလာသည့်မေးခွန်းကြောင့် ဘုရင်မင်းမြတ်အံ့အားသင့်သွားရသည်။

"ကောင်းပါပြီ..... ဒါဆို ကျုပ်ရဲ့ဒေသနဲ့ကျုပ်ရဲ့ဂုဏ်ပုဒ်ကို စွန့်လွှတ်မယ်.......အဲ့ဒီအစားကြင်ယာတော်ကိုသာ ပြန်မခေါ်သွားကြပါနဲ့~~~"

Jungkook အခုလိုဆုံးဖြတ်လိုက်ရခြင်းအကြောင်းအရင်းမှာ ဂျိုဆွန်းပြည်သည်တိုင်းပြည်ကြီးဖြစ်တာကြောင့် စစ်ချီမည်ဆ်ိုလျှင်ရှုံးမည်မှာအသေအချာပင်ဖြစ်သည်။ ဒီလိုဆိုလျှင်ကြင်ယာတော်ကိုလက်လွှတ်လိုက်ရမည်မှာလည်း ရာခိုင်နှုန်းအပြည့်ဖြစ်သည်။

တောင်းပန်ပါတယ် အဖေ.......ကျုပ်အတွက်Jiminကိုလိုအပ်တယ်။

"အသင့်ကတိစကားကိုအတည်ပြုမယ်ဆိုရင် ဒီမှာတံဆိပ်တုံးကိုအမှတ်အသားပြုလိုက်ပါ"

Jungkookသည် ဘုရင်မင်းမြတ်ကမ်းပေးသောမှင်အိုးနှင့် သဘောတူညီချက်များရေးထိုးထားသောပေစာလိပ်က်ိုယူကာ မှင်အိုးထဲသို့လက်မကိုထိရုံသာနှစ်၍ ပေစာလိပ်ပေါ်တွင်အမှတ်အသားပြုလိုက်သည်။ ထိုအခါ ဘုရင်မင်းမြတ်ကသက်ပြင်းချ၍

"လူမကျန်းမာရင်ပြန်လည်ကုသလို့ရပင်မယ့်စိတ်မကျန်းမာရင်တော့ ကုသဖို့ခက်ခဲတယ်........အသင်မှတ်ထားပါ.......စိတ်သေရင်လူသေတာထက် ပိုပြီးပူဆွေးရတတ်တယ်"

ဘုရင်မင်းမြတ်၏သတိ​ပေးစကားကြောင့် Jungkookသည် မစားမသောက်၊မအိပ်စက်၊ စကားအပြောအဆ်ိုမရှိ ယုတ်အဆွဆုံးခေါင်းညိတ်ခေါင်းခါပင်မရှိတော့သောသူ၏ကြင်ယာတော်ကိုပြန်၍မြင်ယောင်လာပြီး ထိုင်နေရာမှအလျင်စလိုထရပ်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ဘုရင်မင်းမြတ်......ကျုပ်ခရီးနှင်ရမှာမို့ဒီလောက်နဲ့ပဲ သွားခွင့်ပြုပါ"

"ဒိီမနက်မှရောက်လာတယ်မဟုတ်လား တစ်ညတော့အနားယူသွားလိုက်ပါ"

"ကျေးဇူးတော်ကြီးမားလှပါတယ်.....ဒါပင်မယ့် အဖေ့အတွက်ပူဇော်ပွဲလုပ်ပေးရမှာမို့လို့ ပါ......."

"............."

သူ့အားသနားစဖွယ်ကြည့်နေသောဘုရင်မင်းမြတ်၏အကြည့်တို့ကို လျစ်လျူရှုကာအရိုအသေပေး၍ နန်းဆောင်မှထွက်လာခဲ့သည်။နန်း​တော်ဂိတ်ဝမှ သူ၏မြင်းအနက်ကိုတဟုန်ထိုးမောင်းနှင်ကာ အနောက်ဒေသသို့အမြန်ရောက်ရန်ဆန္ဒစောနေတော့သည်။

======================

သခင်ကြီးJeonအတွက် ဝ်ိဥာဥ်ပူဇော်ပွဲရှိသဖြင့် ခြံဝိုင်းတစ်ခုလုံးအလုပ်ရှုပ်နေကြသည်။ ထို့ကြောင့်အားလပ်နေသော Byeolက Jiminအား ထမင်းကျွေးရန်တာဝန်ရသွားသည်။

Byeol သည် သစ်သားဇွန်းအားကိုင်ထားကာအဝေးသို့သာငေးနေသော အက်ိုဖြစ်သူ၏ကြင်ယာတော်ကိုကြည့်၍သက်ပြင်းချမိသည်မှာအကြိမ်ကြိမ်ပင်။ Jungkook ခရီးနှင်သွားသည့်နေ့ကတည်းက မှိုင်ကျနေသောမျက်နှာသည်ပို၍ပင်မှိုင်ကျသွားသည်ဟု သူမ၏စိတ်ထဲထင်နေမိသည်။ ဦးလေးဖြစ်သူ သခင်ကြီးJeonကြောင့် အိမ်ထဲမှအိမ်ပြင်မထွက်ပဲနေခဲ့သည့်သူမသည် တစ်နှစ်နေလို့မှတစ်ခေါက်သာရောက်လာတတ်သောသူမ၏အကိုဝမ်းကွဲက စစ်ချီ၍ပြန်လာပြီးနောက်တစ်နေ့တွင် ငိုယိုကာသူမထံသို့ရောက်လာပြီးကြင်ယာတော်နှင့်ပက်သတ်သည့် ခံစားချက်များကိုထုတ်ဖော်ပြောကြားလာခဲ့သည်။ နှစ်ဦးလုံး၏ကိုယ်စီခံစားချက်ကိုနားလည်တာကြောင့်ရှေ့ရေးကိုမျှော်တွေးရင်းသာ ရင်လေးရတော့သည်။

"ထမင်းလေးနည်းနည်းစားလိုက်ပါလား ကြင်ယာတော်......"

"................"

"ကြင်ယာတော်အခုလိုဖြစ်နေတာကို အကိုကစိတ်မကောင်းဖြစ်နေတာ"

စကားအဆုံး ခပ်ရေးရေးလေးပြုံးသွားသည့်Jiminကြောင့် Byeolက အနားသို့တိုးကပ်သွားပြီး

"အကိုကကြင်ယာတော်ကိုချစ်ပါတယ်......ဒါပင်မယ့်သူချစ်ပုံချစ်နည်းကမှားနေတယ်လေ........တချိန်ကြရင်သူနားလည်သွားမှာပါ ကြင်ယာတော့်အတွက်လည်းစိတ်မကောင်းဖြစ်မိပါတယ်......"

Jiminသည် ထိုင်နေရာမှထ၍ အိပ်ယာဘက်သို့လျှောက်သွားကာအိပ်ယာပေါ်တွင် လှဲချလိုက်သည်။ Byeolက အိပ်ယာအနားသို့လျှောက်လာပြီး Jiminအား စောင်ခြုံပေးရင်း

"ကျုပ် စားပွဲကိုပြန်သွားသိမ်းလိုက်ဦးမယ်နော်..... "

"............."

Byeolသည် တုံ့ပြန်မှုမရှ်ိသော Jiminကိုသေချာကြည့်၍ လက်ထဲတွင်ဆုပ်ကိုင်ထားသော ဆံထိုးကိုကြည့်ကာ

"ဆံထိုးကိုဘေးနားချထားလိုက်ပါလား......ထိခိုက်မိမှာစိုးလို့"

ထိုအခါ ဆံထိုးကိုဆုပ်ကိုင်ထားသောလက်အား ရင်ဘက်ပေါ်တင်၍မျက်လုံးများကိုမှိတ်လိုက်သည်။ Byeolက Jimin အားအတန်ကြာအောင်စိုက်ကြည့်ပြီးနောက် သက်ပြင်းချကာထမင်းစားပွဲဝိုင်းငယ်ကို မ သယ်ကာ Jiminကိုကြည့်၍

"ဒီနေ့ အကိုပြန်ရောက်လိမ့်မယ်နော်"

ဟု ပြောပြီး အိမ်အတွင်းမှထွက်သွားသည်။
Byeol ထွက်သွားသည့်အခါမှ Jiminသည် ဘေးဘက်သို့လှည့်အိပ်လိုက်၍ လက်ထဲတွင်ကိုင်ထားသောဆံထိုးကိုကြည့်ကာ နှုတ်မှခပ်တိုးတိုးရေရွတ်လိုက်သည်။

"Jungkook~~~~"

====================

အိမ်အပေါ်ထပ်မှ စားပွဲဝိုင်းကိုသယ်ကာဆင်းလာသော Byeol သည် လှေကားအဆုံးတွင်ရပ်စောင့်နေသော Han Mo ကို​တွေ့၍ မေးလိုက်သည်။

"အကို Han Mo..... ဘာကိစ္စရှိလို့လဲ"

"မမလေးByeolကို ရှင်နော်ကအခေါ်လွှတ်လိုက်လို့ပါ"

Han Mo ၏ စကားကြောင့် Byeolက မျက်မှောင်ကျုံ့သွားပြီး

"ကျုပ်ကိုရှင်နော်က.....ဘာကြောင့်တဲ့လဲ"

Han Mo သည် အိမ်အပေါ်ထပ်ကိုတစ်ချက်လှမ်းကြည့်ပြီးနောက်

"အဲ့ဒါတော့ကျုပ်လည်းမသိပါဘူး.......ရွာသားတစ်ယောက်နဲ့လမ်းကြုံပြောခိုင်းလိုက်တာပါ"

"ဟင်......ကောင်းပြီလေ ဒါဆိုလည်းကျုပ်သွားလိုက်မယ်......."

Byeolသည် Han Mo အရှေ့မှထွက်လာခဲ့ပြီးစားဖိုဆောင်တွင် ထမင်းဝိုင်းပြန်သိမ်းရန်အတွက်စားဖိုဆောင်ဘက်သို့လျှောက်သွားသည်။ Byeolခပ်ဝေးဝေးသို့ရောက်သည့်အခါ Han Mo ကပြုံးလိုက်ပြီးလူအရိပ်အခြေတစ်ချက်ကြည့်ကာ ကြင်ယာတော်ရှိရာအိမ်အပေါ်ထပ်သို့ ခြေသံခပ်ဖွဖွဖြင့်တက်လာခဲ့သည်။ အိမ်အပေါ်ထပ်သို့ရောက်သည့်အခါ ပိတ်ထားသောတံခါးကိုအသာဖွင့်၍ အိမ်ထဲသို့ဝင်လာပြီး အသက်ရှုသံညှင်းညှင်းဖြင့် အိပ်မောကျနေသူJimin အနားသို့ ​ခြေလှမ်းဖော့ကာလျှောက်လာခဲ့သည်။

'ကျုပ်တို့ မြင်းစီးရအောင်Jimin...'

အဆုံးမရှ်ိမစမရှိပြောလာသူ၏ရိသဲ့သဲ့စကားကြောင့် ရှက်သွေးဖြာတက်မိသည်။

'အသင့်မျက်နှာပန်းသီးလိုနီပြန်ပြီ'

'ဘယ်လိုဖြစ်နေတာလဲ!'

မျက်နှာအနားသို့တိုးကပ်ကာ ပြုံးစိစိဖြင့်ပြောနေသူ၏ရင်ဘက်ကိုလက်ဖြင့်တွန်းရင်း ဟန့်လိုက်တော့ သဘောကျစွာတဟားဟားအော်ရီသည့်သူ......။

'ချစ်ဖို့ကောင်းလိုက်တာ......ကျုပ်အသင့်ကိုမတရားတွေချစ်နေပြီJimin.......ကျုပ်ကိုရော'

ကြည်လင်စွာပြုံးရယ်ကာ မေးလာသူ၏မျက်နှာကိုလက်နှစ်ဖက်ဖြင့်ခဖွဖွအုပ်ကိုင်လိုက်၍ မျက်နှာချင်းထိလုမတတ်တိုးသွားကာ ပြောလ်ိုက်သည်။

'အရူးလေး!'

ထို့နောက် နှစ်ယောက်သားပြိုင်တူရယ်မောမိကြသည်။ တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ထားကြပြီး မည်သည့်အပူအပင်မှမရှိသလိုရယ်မောနေကြသည်။ ထိုသို့ရယ်မောနေရင်းမှ ကြားလိုက်ရသည့်ထိတ်လန့်စရာအော်ပြောသံကြောင့် ပြုံးနေရာမှရပ်တန့်မိသွားသည်။

'အမေတို့ကိုသတ်တယ့်သူနဲ့ သားကပျော်ရွှင်နေတယ်ပေါ့လေ!!!! '

အမေ......။

'သားဘယ်လိုစိတ်နဲ့များသူ့လိုလူနဲ့ပျော်နေန်ိုင်ရတာလဲ!!!!!! မမေ့နဲ့Jimin သူကသားရဲ့ဦးရီးတော်ကိုသတ်ပစ်ခဲ့တယ့်သူပဲ!!! '

ဘက်ပေါင်းစုံမှ မိခင်ဖြစ်သူ၏နာကျည်းသည့်စကားပြောသံကိုကြားနေရပြီးချက်ချင်းပင် အမှောင်ထုထဲသို့ရောက်သွားသည်။ ဘာမှမမြင်ရအောင် မှောင်ပိန်းနေသောအမှောင်ထုထဲတွင်သူတစ်ယောက်တည်းသာ ရှိနေသည်။

'အမေ......Jungkook.....အသင်ဘယ်မှာလဲ......Jungkook......'

မမြင်ရသောအရှေ့ဘက်ကိုသာစမ်းတဝါးဝါးဖြင့် သွားနေရင်း မျက်စိအရှေ့သို့ရောက်လာသည့် သွေးနီနီရဲရဲတို့ဖြင့် ပေကျံနေသောသူ၏ဦးရီးတော်ကြောင့် အလန့်တကြား အနောက်သို့ယောင်ယမ်းကာဆုတ်မိသွားသည်။

'ဦးရီးတော်.......'

'သတ်ပစ်လိုက်Jimin........သူတို့ကိုသတ်ပစ်လိုက်!!!! သတ်ပစ်လိုက်!!!!သတ်လိုက်Jimin!!!!!'

ပါးစပ်နှင့််မျက်လုံးတို့မှ သွေးများစီးကျလာသောသူ၏ဦးရီးတော်သည် ကျယ်လောင်စွာအော်ဟစ်ကာပြောနေသောကြောင့် သူ၏နားကိုပင်ပိတ်ထားရသည်အထိပင်။ လက်နှစ်ဖက်ဖြင့်နားကိုအုပ်ထား၍ မျက်လုံးတို့ကိုပိတ်ထားကာ ခေါင်းကိုဆက်တိုက်ခါနေမိသည်။

'သတ်လိုက်Jimin!!!!!သတ်လိုက်!!! သတ်လိုက်!!!!'

'ဟင့်အင်း~~~~'

'သတ်လိုက်!!!!!!!!'

နား အနားတွင် နီးကပ်စွာအော်ပြောလိုက်သည့်အသံကြောင့် မှိတ်ထားသောမျက်လုံးတို့ကိုအလန့်တကြားဖွင့်ကြည့်လိုက်သည့်အခါ သူ၏အိပ်မက်ဆိုးကမ္ဘာထဲမှ အပြင်သို့ပြန်ရောက်လာပြီဖြစ်သည်။

"Han Mo!!"

အိပ်ယာဘေးတွင် အပေါ်ပိုင်းအဝတ်ဗလာဖြစ်နေကာအောက်ပိုင်းကိုပါ ဝတ်ရုံချွတ်ရန်ပြင်နေသော Han Mo ကြောင့် အိပ်ယာထဲမှအလျင်စလိုထထိုင်လိုက်သည့်အခါ အားအင်မရှိသောခန္ဓာကိုယ်က မိုက်ကနဲခံစားလိုက်ရသည်။

"အားနည်းနေတာပဲ ကြင်ယာတော်.......ဒါဆိုခံနိုင်ရည်ရှိပါ့မလား......."

Jiminသည် လက်ထဲတွင်ကိုင်ထားသော ဆံထိုးကိုကျစ်နေအောင်ကိုင်ထားပြီး သူ့အားတဏှာစိတ်ဖုံးလွှမ်းနေသော အကြည့်ဖြင့်ကြည့်နေသောHan Mo ကို စိုက်ကြည့်ကာမေးလိုက်သည်။

"အသင်ဒီကိုဘာကိစ္စလဲ!....အခုထွက်သွားပါ Jungkook ပြန်ရောက်လာလို့ဒီကိစ္စကိုသိရင် အသင့်ကိုဒီတိုင်းလွှတ်ထားမယ်ထင်နေလား!!"

"ဟက်! ဒါပေါ့ ဘယ်လွှတ်ထားမလဲ........Ae Suu ကိုတောင်သဝန်တိုပြီးသတ်လိုက်တာပဲ......သူတောင်မထိရသေးတဲ့ကြင်ယာတော်ကို ကျုပ်သိမ်းပိုက် လိုက်တာကိုသိရင်ဘယ်လိုတောင်ဖြစ်သွားမလဲတကယ်သိချင်မိတယ်"

Jimin သည် Ae Suu ၏ အကြောင်းကိုပြန်၍ တွေးမိသွားသဖြင့် အတွေးပျံ့သွားသည်။ Han Moကအခွင့်ကောင်းယူ၍အတွေးပျံ့ကာငိုင်နေသောJiminအား အိပ်ယာခင်းပေါ်သို့လှဲချလိုက်ပြီး Jimin၏ ပါးစပ်သို့လက်တစ်ဖက်ဖြင့်အုပ်ကာ ကျန်လက်တစ်ဖက်ကဝတ်ရုံတို့ကိုဖြည်ချရန်ကြိုးစားနေသည်။

Jiminက ရုန်းကန်နိုင်သလောက်ရုန်းကန်နေသည်။ Han Mo သည် ရမ္မက်စိတ်ကြိီးစိုးနေပြီး Jiminအား လုံးဝအလွတ်မပေးမည့်ပုံပင်။

Jiminသည် သူ၏လက်ထဲတွင်ကိုင်ထားသော ဆံထိုးကိုကျစ်နေအောင်ဆုတ်ကိုင်လိုက်ပြီး သူ့အပေါ်မှအုပ်မိုးထားသော Han Mo ၏ လည်ပင်းဘေးထိုးသွင်းလိုက်သည်။

"အားးး!!!!!!"

လည်ပင်းမှာနာကျင်မှုကြောင့် အုပ်မိုးထားရာမှ အနောက်သို့လန်ကျသွားသည့်Han Mo ကြောင့်Jiminသည်လည်း အမြန်ထကာ ထိုဆံထိုးဖြင့် သူထိုးသွင်းထားသည့်နေရာသို့ ဆက်တိုက်ထိုးသွင်းလိုက်သည့်အခါ အိပ်ယာခင်းနှင့်Jimin၏ ဝတ်ရုံတို့တွင် သွေးနီနီတို့ဟာ ဖြာစင်နေပြီး ကြမ်းခင်းပေါ်တွင်လည်းHan Mo ၏ လည်ပင်းသွေးကြောမှလျှံထွက်လာသော သွေးတို့ကြောင့်ရဲရဲတောက်သွားပြီး အိမ်ခန်းလေးအတွင်းသွေးညှီနံ့တို့ဖုံးလွှမ်းသွားသည်။

Jiminသည် သွေးရောင်ဖုံးလွှမ်းနေသော သူ၏လက်နှစ်ဖက်နှင့်ကျောက်စိမ်းရောင်ဆံထိုးကိုကြည့်ကာ တကိုယ်လုံးတုန်ရီလာသည်။

"တော်တယ် သားလေး......အခု အကုန်လုံးကိုသတ်လိုက်တော့....."

Han Mo ၏ အလောင်းဘေးတွင်ထိုင်ကာ သူ့အားပြုံး၍ပြောနေသော Park သခင်မ။

"အမေ~~~"

Park သခင်မသည် Jimin၏အနားသို့လျှောက်လာ၍ မျက်ရည်တွင်တွင်စီးကျနေသော Jimin၏ပါးပြင်တို့ကိုအုပ်ကိုင်ကာ

"သူတို့ကိုအကုန်သတ်ပြီး အမေတို့နဲ့လာနေလိုက်တော့နော်.....သားလေး"

"ဟင့်အင်း.........သားမသတ်ချင်ဘူး"

Jimin ၏ စကားကြောင့် Park သခင်မသည် ပြုံးနေရာမှ တည်တံ့သွားပြီး မျက်ဝန်းတို့မှသွေးများစီးကျလာကာ

"သတ်ပစ်!!!!အခုသတ်ပစ်!!!အခုသတ်!!!!"

Jiminသည် ခေါင်းကိုဆက်တိုက်ခါရမ်းကာ ယိုင်နဲ့နေသော ခြေလှမ်းတို့ဖြင့် သွေးအိုင်ထဲလဲကျနေသည့်Han Mo ၏အလောင်းကိုကျော်ခွကာ အိမ်အပေါ်မှပြေးဆင်းသွားသည်။ နားထဲဆက်တိုက်ကြားနေရသောသူ၏အမေ၊အဖေ၊ဦးရီးတော်တို့၏ သတ်လိုက် ဟူသည့် စကားသံတို့ကပတ်ပတ်လည်မှကြားနေရပြီး မျက်ရည်တို့ဖြင့်ပြည့်လျှံနေသည့်မျက်ဝန်းတို့က မြင်ကွင်းတွေကိုဝေဝါးလာစေသည်။

ဥိီးတည်ချက်ရေရေရာရာမသိပဲ ပြေးထွက်လာသဖြင့် ဘယ်ကိုရောက်လို့ရောက်နေမှန်းမသိတော့ပေ။

မြက်ခင်းပေါ် ​ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီးနောက် မွန်းကြပ်နေသည့်စိတ်တို့ကိုဖွင့်ထုတ်သည့်အနေဖြင့် စိတ်ထဲရှိသည့်အတိုင်းအော်ဟစ်ကာငိုကြွေးမိတော့သည်။ ရှုပ်ပွနေသောဆံနွယ်ရှည် အနီရောင်သွေးစတို့ဖြင့်ပေကျံနေသော ငွေမျှင်ရောင် ဝတ်ရုံ ဆောက်တည်ရာမရတော့သော စိတ်ဝိဥာဥ်......... အရာအားလုံးကိုအဆုံးသတ်လိုက်ချင်ပြီ။ လက်ထဲကျစ်နေအောင်ကိုင်ထားသော သွေးညှီနံ့ဖုံးလွှမ်းနေသည့် ကျောက်စိမ်းရောင်ဆံထိုးကိုခံစားချက်မဲ့စွာ လည်ပင်းထက်ဝယ်နေရာယူစေလိုက်သည်။

ရေစီးသံတသိမ့်သိမ့်က သူအနှစ်သက်ဆုံးစမ်းချောင်းနံဘေးသို့ရောက်နေမှန်းသတိထားမိသွားသည်။ အဝေးတွင်မြင်နေရသော တောင်တန်းတို့ကြားပုန်းကွယ်တော့မည့် နေလုံးကိုကြည့်၍Jimin ယဲ့ယဲ့လေးပြုံးလ်ိုက်မိသည်။

ထို့နောက်မျက်ဝန်းတို့ကိုမှိတ်၍ အသက်ကိုခပ်ပြင်းပြင်းရှုသွင်းလိုက်သည်။ ညနေအိပ်တန်းတက်တော့မည့်ကျေးငှက်တို့၏အသံ၊စမ်းချောင်းထဲမှရေတွင်တွင်စီးသံ၊ စမ်းချောင်းဖြစ်တည်ရာ သစ်ပင်ကြီးမှသစ်ရွက်တို့၏အချင်းချင်းပွတ်တိုက်သံ ၊ ခပ်ဝေးဝေးမှနေ၍ တဖြေးဖြေးနီးကပ်လာသောမြင်းခွာသံတစ်ခု..........အလျင်စလိုမောင်းနှင်နေတယ့်မြင်းခွာသံနှင့်အတူ မြည်ဟီးလိုက်သည့်မြင်း၏အသံကြောင့် Jiminသည် မျက်လုံးမှိတ်ထားလျက်မှ ပြုံးမိလ်ိုက်သည်။

"Jimin!!!!!"

ဟိန်းထွက်လာသည့်အော်သံနှင့်အတူ သူ၏တကိုယ်လုံးကနွေးထွေးသွားပြီး လက်ထဲမှဆံထိုးလေးကလည်းအားပြင်းတယ့် ရိုက်ပုတ်မှုကြောင့်အရှေ့မှစမ်းချောင်းလေးထဲသို့ ရေစီးရာလမ်းကြောင်းအတိုင်းစီးဆင်းထွက်ခွာသွားတော့သည်။

"မလုပ်ပါနဲ့ တောင်းပန်ပါတယ်~~~~~မလုပ်ပါနဲ့.........ကျုပ်တောင်းပန်ပါတယ်......"

"ကျုပ်ကိုပဲကလဲ့စားချေပါ.......ကျုပ်ကိုသတ်ချင်သတ်ပါ........"

"............"

"ကျုပ်မှားပါတယ် မှားတာမို့ခွင့်လွှတ်ပေးပါJiminရယ်~~~~ထွက်သွားမယ်လေ ကျုပ်တို့ထွက်သွားကြမယ်လေ ဘယ်သူမှမရှိတယ့်နေရာကိုထွက်သွားကြမယ် နော်......Jiminနော် ကျုပ်ချစ်တယ် Jimin.......ခွင့်လွှတ်ပေးပါ~~~"

Jungkookသည် ညနေနေမဝင်မီပြုလုပ်ရမည့်ပူဇော်ပွဲကြောင့် ခရီးတစ်ထောက်တောင်မနားပဲအနောက်ဒေသသို့အပြေးခရီးနှင်ခဲ့ပြီး ဒေသအတွင်းသို့ဝင်လာသည်အထိ အရာအားလုံးပုံမှန်ဖြစ်နေပြီး စျေးသို့ဖြတ်လာသည့်အချိန်တွင်တော့ ပုံမှန်မဟုတ်သည့်စကားတို့ကိုကြားရတော့သည်။

"ကြင်ယာတော်ကိုစမ်းချောင်းနားမှာတွေ့လိုက်တယ် သွေးတွေဗရပွနဲ့......"

"ဟုတ်လား မျိုးနွယ်စုတွေကလည်းလိုက်ရှာနေကြတယ်......ဘာတွေဖြစ်ကြတာလဲမသိဘူး"

Jungkookသည် ရွာသူရွာသားများအချင်းချင်းပြောနေသည့်စကားများကြောင့် စမ်းချောင်းရှိရာက်သို့တဟုန်ထိုး ထွက်လာခဲ့သည်။

လူမောစိတ်မောဖြင့်စမ်းချောင်းသို့ရောက်လာသည့်အခါ သေကြောင်းကြံရန်ပြင်နေသောသူ၏ကြင်ယာကြောင့် မြင်းပေါ်မှအလျင်စလိုခုန်ဆင်းလိုက်သဖြင့် ခြေကျင်းဝတ်လိမ်ကာ​ခြေခေါက်သွားသော်လည်း ဂရုမပြုပဲ Jiminရှိရာသို့အပြေးရောက်လာပြီး လက်ထဲမှ ဆံထိုးကိုပုတ်ထုတ်ကာ ဖရိုဖရဲဖြစ်နေသောခန္ဓာကိုယ်လေးအားထွေးပွေ့လိုက်တော့သည်။

နေမင်းသည်တဖြေးဖြေးတောင်တန်းများကြားသို့ပုန်းကွယ်သွားပြီး သူ၏ရင်ခွင်ထဲမှခန္ဓာကိုယ်လေးသည်လည်းနွေးရာမှ တဖြေးဖြေးအေးစက်လာသည်။ လက်တစ်ဖက်ကခါးကိုဖက်၍ကျန်လက်တစ်ဖက်ကလည်ပင်းသို့ဖိအုပ်ထားပြီးထိုနေရာမှစီးကြသည့်သွေးပျစ်ပျစ်တို့ကလည်း ခြောက်သွေ့သွားလေပြီ။ လှုပ်ရှားမှုမရှိတော့သော ခန္ဓာကိုယ်အားအနောက်မှသိုင်းကာပွေ့ဖက်ထားရင် ပခုံးပေါ်သို့မေးတင်ထားသောJungkookသည် နေဝင်၍မှောင်ရိပ်သန်းသည်အထိထိုအတိုင်းသာ နေနေသည်။

"အကို......ကြင်ယာတော်ကိုမြေမြှုပ်ရမယ်လေ~~~"

ငိုသံစွက်နေသော Byeol၏အသံကြောင့် Jungkookက မော့ကြည့်လာပြီး Jimin၏ ခန္ဓာကိုယ်ကိုပို၍တိုးဖက်လိုက်ကာ

"ခနအိပ်ပျော်သွားတာ......ကျုပ်ကြင်ယာကမသေဘူး သူကဒီနေရာလေးကိုသဘောကျလို့ဒီမှာခနအိပ်မောကျနေတာ......ကျုပ်အခုအိမ်ပြန်ခေါ်သွားမှာ မသေဘူးJiminက"

Jungkook ၏ ပုံမှန်လေသံဖြင့်ပြောနေသောစကားကြောင့် Byeolသည် မျက်ရည်ပိုးပိုးပေါက်ပေါက်ကျလာပြီးစိတ်မကောင်းဖြစ်ရသလို လာ၍ရပ်ကြည့်နေကြသောရွာသူရွာသားတို့သည်လည်းငိုသူကငို......စိတ်မကောင်းဖြစ်၍လှည့်ထွက်သွားသူကသွား ဖြစ်ကုန်ကြသည်။

"Byeol.....ရှင်နော်ကိုသွားခေါ်ပေး.....ဝိဥာဥ်ချုပ်ပွဲလုပ်မှာမို့ လိုအပ်တာတွေပြင်ဆင်ခဲ့လို့ပြောလိုက်"

"အကို!!!! သတိထားပါဦး!!!! ကြင်ယာတော်ကိုလွတ်လပ်ခွင့်ပေးလိုက်ပါတော့!!!!"

Byeolသည် Jungkook၏ စကားကြောင့် ရှုံးပွဲချကာငိုရင်းအော်ပြောလိုက်သည်။ ထိုအခါမျိုးနွယ်စုထဲမှ ယောကျာ်းသားသုံးဦးက Jimin၏ ခန္ဓာကိုယ်အား သယ်ရန်ပြင်ကြသည်။ Jungkookက ထိုလူတွေကိုတွန်းထုတ်၍

"မထိနဲ့!!!!! အိပ်ပျော်နေတာလို့ပြောနေတယ်မလား!!!! အိပ်ပျော်နေတာပါဆိုနေ!!!"

"ဟေ့ ရွာသားတွေသခင်လေးကိုလာချုပ်ထားကြစမ်း!"

ရွာသားသုံး လေးယောက်ကပြေးလာ၍ ရုန်းကန်နေသောJungkookအား ဝိုင်း၍ချုပ်ထားကြပြီး မျိုးနွယ်စုသုံးယောက်ကကြင်ယာတော်၏ခန္ဓာကိုယ်အား သယ်ယူသွားကြသည်။

"မခေါ်သွားပါနဲ့!!!!! Jimin!!!! ကျုပ်Jiminကအိပ်ပျော်နေတာပါ!!!!! ကျုပ်မှားပါတယ်Jiminရယ်......."

ရင်ခေါင်းထဲမှလှိုက်ကာ ရှိုက်ငိုနေသောသခင်လေး၏ မြင်ကွင်းကမြင်ရသူတို့အဖို့ မျက်ရည်ပေါက်ကြီးငယ်ကျစေသည်။ Jungkookသည် ရွာသားတို့လက်ထဲမှအတင်းရုန်းထွက်သည်။ ရွာသားတို့သည်လည်းစိတ်မကောင်းခြင်းများစွာဖြင့် သူတို့၏သခင်လေးအားကြည့်နေကြသည်။

Jungkookသည် သူ၏ကြင်ယာတော့်ခန္ဓာကိုယ်ကိုကြည့်ရင်း ရင်ဘက်ကိုထုကာထုကာရှိုက်ကြီးတငင်ငိုကြွေးနေသည်။ ကြင်ယာတော်၏ခန္ဓာကိုယ်ကိုသယ်ယူသွားသူတို့၏အနောက်သို့ ပြေးလိုက်ရန် ချုပ်ထားသူတို့၏လက်ထဲမှ ရုန်းကန်ကာမတ်တပ်ရပ်လိုက်စဥ်သူ၏နှလုံးနေရာမှပြောမပြတတ်အောင် စူးအောင့်သည့်နာကျင်မှုကြောင့် မြေပြင်ပေါ်သို့ပြန်၍ဒူးထောက်ကာပြန်ပြုတ်ကျပြီး ပါးစပ်ထဲမှသွေးတို့အန်ထွက်လာသည်။

သွေးများဆက်တိုက်အန်ထွက်နေသော သခင်လေးကြောင့် ရွာသားအချို့ကသမားတော်ကိုပြေးခေါ်ကြပြီးကျန်သူများကလည်းယောက်ယက်ခတ်နေသည်။ Byeolသည်လည်း သူ၏အကို ကို ထိန်းကိုင်ပေးထားရင်းဖြင့်

"အကို.....သတိထားပါဦး.....ခနလေးပဲနော်....သမားတော်သွားခေါ်နေကြတယ် ခနလေးတောင့်ခံထားပေးပါ......."

"Jimin~~~"

""""""သခင်လေး!!!!!!""""""

Byeolထိန်းကိုင်ထားသည့်ကြားကမှ မြေပြင်ပေါ်သို့ဘုန်းကနဲလဲကျသွားသည့် သခင်လေးကြောင့်ရွာသားတို့ကစိုးရိမ်တကြီးအော်ခေါ်လိုက်သည်။ သခင်လေးသည်စမ်းချောင်းဖြစ်တည်ရာသစ်ပင်အောက်သို့ကြည့်ကာ သွေးအန်နေသည့်ကြားမှ ပြုံးလိုက်ပြီး မျက်ရည်တို့တဖန်စီးကျလာပြန်သည်။ မကြာလိုက်ပါ သွေးအန်ခြင်းလည်းရပ်တန့်သွားပြီး သခင်လေး၏လှုပ်ရှားမှုတို့သည်လည်းရပ်တန့်သွားတော့သည်။ ပတ်ဝန်းကျင်တစ်ခွင်လုံးတိတ်ဆိတ်သွားပြီး ရွာသားများသည်တုတ်တုတ်မျှမလှုပ်တော့သော သခင်လေးကိုကြည့်ကာငြိမ်သက်နေကြသည်။

"မမလေး သမားတော်ရောက်လာပြီ!!!!!"

အသက်အရွယ်အားဖြင့်အိုစာနေပြီဖြစ်သောသမားတော်ကြီးသည် သခင်လေး၏ဘေးတွင်ထိုင်ချလိုက်ပြီး လက်ကောက်ဝတ်မှသွေးကြောကိုစမ်းသည်။ ထို့နောက်သူ၏ဆေးသေတ္တာဘူးထဲမှ အဝတ်ဖြူဖြင့်ပတ်ထားသော ဓားချွန်တစ်ခုကိုထုတ်၍ သခင်လေး၏ဝတ်ရုံကိုဖြည်လိုက်သည်။ ထို့နောက်ထိုဓားချွန်ဖြင့် သခင်လေး၏ဘယ်ဘက်ရင်အုံသို့ ခွဲလိုက်ပြီးဓားဖြင့်အသားကိုကလန့်ကာသေချာငုံ့ကြည့်လိုက်သည်။

စိတ်မကောင်းဟန်ဖြင့်သက်ပြင်းချကာ ရင်ဘက်ဝတ်ရုံကိုပြန်၍ဖုံးအုပ်ပေးနေသောသမားတော်ကြီးက သူ၏မျက်နှာကိုလက်ဖြင့်တစ်ချက်ပွတ်လိုက်ကာ မျက်လုံးပွင့်နေသောသခင်လေးကိုမျက်လုံးမှိတ်ပေးရင်းပြောလိုက်သည်။

"နှလုံးကွဲသွားတာ......ရင်ကွဲနာကျတယ်ဆိုတာပေါ့......."

သမားတော်ကြီး၏စကားအဆုံးတွင်ရွာသူတစ်ချို့ထံမှ ငိုသံတို့ထွက်ပေါ်လာပြီး Byeolသည်လည်း အသံပင်မထွက်နိုင်တော့သည်အထိ ရှိုက်ငိုမိတော့သည်။ စမ်းချောင်းလေးအနားတွင်ပူဆွေးသောကရောက်နေကြသူများကို ခပ်လှမ်းလှမ်းမှနေ၍ လှမ်းကြည့်နေသော ငွေမျှင်ရောင်ဝတ်စုံဖြင့်ရပ်ကြည့်နေသူသည် ခပ်ရေးရေးလေးပြုံးလိုက်ကာ အနောက်သို့လှည့်၍ နက်ဆွေးနေသောဝတ်ရုံကိုဝတ်ထားသည့်အမျိုးသားအားမေးလိုက်သည်။

"အခု ထွက်သွားကြတော့မလား........"

အနက်ရောင်ဝတ်ထားသည့်အမျိုးသားကနှစ်ခြိုက်စွာပြုံးပြ၍ ငွေမျှင်ရောင်ဝတ်စုံဖြင့်အမျိုးသား၏ ဆံနွယ်ထဲသို့ကျောက်စိမ်းရောင်ဆံထိုးအားထိုးကာပန်ဆင်ပေးလိုက်ပြီး

"သွားကြမယ်.......ဘယ်သူမှမရှိပဲ ကျုပ်တို့နှစ်ယောက်တည်း ကလဲ့စားတွေလက်တုံ့ပြန်မှုတွေဂုဏ်ပုဒ်တွေမရှိတယ့်နေရာကို သွားကြမယ်"

ငွေမျှင်ရောင်ဝတ်စုံဖြင့်အမျိုးသားက မျက်ဝန်းကျဥ်းများမှိတ်ကျသည်အထိပြုံးလိုက်ကာ

"ချစ်တယ်........"

ထို့နောက် တစ်ယောက်လက်ကိုတစ်ယောက်ဆုတ်ကိုင်၍ ငိုကြွေးသံတို့သောက အသံတို့နှင့်ဆန့်ကျင်ဘက်အရပ်သို့ တရွေ့ရွေ့ထွက်ခွာသွားကြတော့သည်။

// ဒါဟာငါ့ကံကြမ္မာဖြစ်နေတာကိုး....
Don't smile on me Light on me
မင်းရဲ့ဘေးနားမှာရပ်တည်နိုင်စွမ်းမရှိတော့ပါ
ငါခေါ်ဆိုဖို့ဒိီနာမည်လေးတောင်မရှိတော့ဘူး.......

You know that I can't
Show you me Give you me
စုတ်ခြာသိမ်ငယ်နေတယ်ပုံစံကိုမင်းကိုမပြနိုင်ဘူး
မျက်နှာဖုံးဝတ်ဆင်ပြီးမင်းကိုတွေ့ဖို့ထပ်လာခဲ့ပါ့မယ်........But I still want you.......//

The Truth Untold-Vocal line (BTS)

အတ္တကြီးလို့မုန်းတယ် ရန်ငြိုးတွေကြောင့်နာကျည်းတယ် ဒါပင်မယ့်Jungkookဖြစ်နေလို့ ချစ်နေမိသေးတယ်...........။

The End....

===================================

နားမလည်တယ့်နေရာလေးတွေရှိရင်မေးလို့ရပါတယ်နော် အစကနေအဆုံးအထိလိုက်ပါလာပေးတယ့်သူတစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ် review ပေးပေးတယ့်သူလေးတွေကိုလည်းကျေးဇူးတင်ပါတယ် 💗

===================================

အခ်စ္ႀကီးလို႔အမ်က္ႀကီးတယ္ဆိုတဲ့အတိုင္း အေနာက္ေဒသ၏သခင္ေလးJungkookက သူ၏ၾကင္ယာေတာ္ သခင္ေလးJiminအေပၚ အခ်စ္လြန္၍နည္းလမ္းမွားကာ ခ်စ္မိခဲ့သည္။မတရားေသာနည္းတို႔ျဖင့္ ၾကင္ယာေတာ္ကိုအနားတြင္ေခၚထားႏိုင္ခဲ့ေသာ္လည္း အသက္ရႈေနသည္မွလြဲ၍ က်န္သည့္လႈပ္ရွားမႈမ်ားမရွိေတာ့ေသာ ၾကင္ယာေတာ္က လူေသတစ္ေကာင္ကဲ့သို႔ပင္။

အိပ္​ေပ်ာ္လွ်င္အိပ္မက္ဆိုးေတြမက္တတ္ၿပီးကေယာင္ကတမ္းျဖစ္တတ္သည့္ၾကင္ယာေတာ္က အ​ၿမဲတမ္း ငူငူငိုင္ငိုင္ျဖင့္သာ...........။
အိပ္မက္ဆ္ိုးေတြ၏ေႏွာင့္ယွက္မႈေၾကာင့္ မအိပ္စက္ရဲေသာၾကင္ယာေတာ္သည္ အၿမဲတေစအိမ္၏ျပတင္းေပါက္အနားတြင္ထိုင္ကာအျပင္ဘက္သို႔ခံစားခ်က္မဲ့စြာေငးၾကည့္လ်က္ရွိသည္။

နက္ေမွာင္ရွည္လ်ားလွသည့္ဆံႏြယ္တို႔ကိုလည္းၿဖီးသင္ျခင္းမရွိေတာ့ပဲ အၿမဲတေစဖားလ်ားခ်ထားၿပီးဝတ္႐ုံတို႔ကိုလည္းၿပီးစလြယ္သာဝတ္ဆင္ထားတတ္သည္။ လက္ထဲတြင္ေတာ့ေက်ာက္စိမ္းေရာင္ဆံထိုးကို မလႊတ္တမ္းကိုင္ထားတတ္သည္။

အခ်စ္ႀကီးလြန္းေသာသခင္ေလးကလည္း သူ၏ၾကင္ယာေတာ္စိတ္ေပ်ာ္ေစရန္မ်ိဳးစုံႀကိဳးစားေသာ္လည္း သူကိုယ္တိုင္ သူ၏ၾကင္ယာေတာ္စိတ္ကိုသတ္ထားခဲ့သည့္အတြက္ ႀကိဳးစားမႈကအရာမထင္လာေပ။

အထိက႐ုဏ္းျဖစ္ၿပီး ရက္သတၱပတ္ေက်ာ္အၾကာမွာ ဂ်ိဳဆြန္းျပည္၏ဘုရင္မင္းျမတ္ထံမွဆင့္ေခၚစာေရာက္လာသျဖင့္ ၾကင္ယာေတာ္အားသူ၏ညီမျဖစ္သူ Byeol ႏွင့္ေစာင့္ၾကည့္ေစကာခရီးႏွင္ခဲ့သည္။

========================

"က်ဳပ္ Jeon Jungkook.... ဘုရင္မင္းျမတ္ထံအခစားဝင္ပါတယ္"

အ႐ိုအေသျပဳ၍ဝပ္တြားကာႏႈတ္ခြန္းဆက္လိုက္ေတာ့ ဘုရင္မင္းျမတ္က သူ႔အားေနရာတြင္ထိုင္ေစသည္။

"အခုလိုေခၚေတြ႕ရတယ့္အေၾကာင္းအရင္းကို အသင္သိမွာပါ.......အသင့္လုပ္ခဲ့တဲ့လုပ္ရက္ေတြက ကြၽႏ္ုပ္နဲ႔ဂ်ိဳဆြန္းျပည္ကိုမထီမဲ့ျမင္ျပဳလိုက္သလ္ိုပဲ"

"အဲ့သလိုျဖစ္ဖို႔ရည္႐ြယ္ခ်က္မရွိပါဘူး....က်ဳပ္လုပ္ခဲ့သမွ်ကက်ဳပ္ရဲ႕ၾကင္ယာေတာ္ကိုျပန္လိုခ်င္႐ုံပါပဲ ဘုရင္မင္းျမတ္.....စိုး႐ြံ႕မိပါတယ္"

လႊဲမွားေနေသာယူဆခ်က္အား မွန္ကန္သည္ဟုထင္မွတ္ေနေသာအေနာက္ေဒသ၏သခင္ေလးေၾကာင့္ ဘုရင္မင္းျမတ္က ေခါင္းခါ၍

"အသင္လမ္းမွားေနၿပီ.......ထားပါေလ လိုရင္းကိုပဲေျပာပါမယ္.......အသင္ကအေရွ႕ေဒသရဲ႕အႀကီးအကဲကိုသတ္ျဖတ္ၿပီးေဒသကိုႀကီးစိုးထားတယ္ဆိုတာမတရားေသာနည္းလမ္းပဲ ဒါကိုအေရွ႕ေဒသကျပည္သူေတြကလည္းေဒါသထြက္ေနၾကတယ္ အိုးမဲ့အိမ္မဲ့ျဖစ္ေနၾကရတယ္......ေရရွည္မွာအျပန္အလွန္ကလဲ့စားေခ်တယ့္စစ္ပြဲေတြျဖစ္လာႏိုင္တာေၾကာင့္ ဟန္ႏိုင္ငံဧကရာဇ္ႏွင့္ကြၽႏ္ုပ္တိုင္ပင္ၿပီး ဒီလိုဆုံးျဖတ္ခ်က္ခ်လိုက္တယ္........"

ဘုရင္မင္းျမတ္၏စကားကို Jungkook က ေသခ်ာအာ႐ုံစိုက္ကာနားေထာင္ေနသည္။

"အလဲအထပ္လုပ္ပါ.......Park သခင္ေလးနဲ႔ ေဒသႏွစ္ခုကို အလဲအထပ္လုပ္ပါ"

ဘုရင္မင္းျမတ္၏စကားေၾကာင့္ Jungkook၏ မ်က္ဆံတို႔လႈပ္ခတ္သြားၿပီး အေတြးရႈပ္သြားရသည္။

"ေနာင္အခါမွာဘယ္လိုစစ္ပြဲမွမျဖစ္ေတာ့ဖို႔အတြက္ အခုလိုဆုံးျဖတ္လိုက္ရျခင္းပဲ......အသင္ရဲဲ့ေဒသနဲ႔ အေရွ႕ေဒသကိုဂ်ိဳဆြန္းျပည္လက္ေအာက္ထဲ ေပါင္းစည္းေစၿပီး အသင္ကသခင္မ်ိဳး႐ိုးကေန သာမန္ျပည္သူအေနနဲ႔ေရွ႕ဆက္ရမယ္........အသင့္ရဲ႕ၾကင္ယာေတာ္နဲ႔အတူေပါ့........တကယ္လို႔လက္မခံဖူးဆိုရင္ေတာ့ကြၽႏ္ုပ္ကိုမထီမဲ့ျမင္ျပဳတာျဖစ္တယ္လို႔ သတ္မွတ္ၿပီး အသင္မတရားနည္းနဲ႔သိမ္းပိုက္ထားတယ့္ေဒသရယ္ Park သခင္မ်ိဳး႐ိုးရယ္ကိုကြၽႏ္ုပ္ဘက္ကျပန္အရယူရလိမ့္မယ္.......Park မ်ိဳး႐ိုးကနန္းတြင္းအတြက္ အကူအညီအမ်ားႀကီးျဖစ္ေစခဲ့တာေၾကာင့္ Parkမ်ိဳး႐ိုးရဲ႕ဂုဏ္သိကၡာအတြက္အခုလိုလုပ္ရျခင္းပဲ........"

"အကယ္၍ က်ဳပ္ကသေဘာတူရင္ေရာက်ဳပ္ၾကင္ယာကိုမထိဘူးမဟုတ္လား....."

Jungkook၏ အလ်င္စလိုေမးလာသည့္ေမးခြန္းေၾကာင့္ ဘုရင္မင္းျမတ္အံ့အားသင့္သြားရသည္။

"ေကာင္းပါၿပီ..... ဒါဆို က်ဳပ္ရဲ႕ေဒသနဲ႔က်ဳပ္ရဲ႕ဂုဏ္ပုဒ္ကို စြန္႔လႊတ္မယ္.......အဲ့ဒီအစားၾကင္ယာေတာ္ကိုသာ ျပန္မေခၚသြားၾကပါနဲ႔~~~"

Jungkook အခုလိုဆုံးျဖတ္လိုက္ရျခင္းအေၾကာင္းအရင္းမွာ ဂ်ိဳဆြန္းျပည္သည္တိုင္းျပည္ႀကီးျဖစ္တာေၾကာင့္ စစ္ခ်ီမည္ဆ္ိုလွ်င္ရႈံးမည္မွာအေသအခ်ာပင္ျဖစ္သည္။ ဒီလိုဆိုလွ်င္ၾကင္ယာေတာ္ကိုလက္လႊတ္လိုက္ရမည္မွာလည္း ရာခိုင္ႏႈန္းအျပည့္ျဖစ္သည္။

ေတာင္းပန္ပါတယ္ အေဖ.......က်ဳပ္အတြက္Jiminကိုလိုအပ္တယ္။

"အသင့္ကတိစကားကိုအတည္ျပဳမယ္ဆိုရင္ ဒီမွာတံဆိပ္တုံးကိုအမွတ္အသားျပဳလိုက္ပါ"

Jungkookသည္ ဘုရင္မင္းျမတ္ကမ္းေပးေသာမွင္အိုးႏွင့္ သေဘာတူညီခ်က္မ်ားေရးထိုးထားေသာေပစာလိပ္က္ိုယူကာ မွင္အိုးထဲသို႔လက္မကိုထိ႐ုံသာႏွစ္၍ ေပစာလိပ္ေပၚတြင္အမွတ္အသားျပဳလိုက္သည္။ ထိုအခါ ဘုရင္မင္းျမတ္ကသက္ျပင္းခ်၍

"လူမက်န္းမာရင္ျပန္လည္ကုသလို႔ရပင္မယ့္စိတ္မက်န္းမာရင္ေတာ့ ကုသဖို႔ခက္ခဲတယ္........အသင္မွတ္ထားပါ.......စိတ္ေသရင္လူေသတာထက္ ပိုၿပီးပူေဆြးရတတ္တယ္"

ဘုရင္မင္းျမတ္၏သတိ​ေပးစကားေၾကာင့္ Jungkookသည္ မစားမေသာက္၊မအိပ္စက္၊ စကားအေျပာအဆ္ိုမရွိ ယုတ္အဆြဆုံးေခါင္းညိတ္ေခါင္းခါပင္မရွိေတာ့ေသာသူ၏ၾကင္ယာေတာ္ကိုျပန္၍ျမင္ေယာင္လာၿပီး ထိုင္ေနရာမွအလ်င္စလိုထရပ္လိုက္သည္။

"ေက်းဇူးတင္ပါတယ္ ဘုရင္မင္းျမတ္......က်ဳပ္ခရီးႏွင္ရမွာမို႔ဒီေလာက္နဲ႔ပဲ သြားခြင့္ျပဳပါ"

"ဒိီမနက္မွေရာက္လာတယ္မဟုတ္လား တစ္ညေတာ့အနားယူသြားလိုက္ပါ"

"ေက်းဇူးေတာ္ႀကီးမားလွပါတယ္.....ဒါပင္မယ့္ အေဖ့အတြက္ပူေဇာ္ပြဲလုပ္ေပးရမွာမို႔လို႔ ပါ......."

"............."

သူ႔အားသနားစဖြယ္ၾကည့္ေနေသာဘုရင္မင္းျမတ္၏အၾကည့္တို႔ကို လ်စ္လ်ဴရႈကာအ႐ိုအေသေပး၍ နန္းေဆာင္မွထြက္လာခဲ့သည္။နန္း​ေတာ္ဂိတ္ဝမွ သူ၏ျမင္းအနက္ကိုတဟုန္ထိုးေမာင္းႏွင္ကာ အေနာက္ေဒသသို႔အျမန္ေရာက္ရန္ဆႏၵေစာေနေတာ့သည္။

======================

သခင္ႀကီးJeonအတြက္ ဝ္ိဥာဥ္ပူေဇာ္ပြဲရွိသျဖင့္ ၿခံဝိုင္းတစ္ခုလုံးအလုပ္ရႈပ္ေနၾကသည္။ ထို႔ေၾကာင့္အားလပ္ေနေသာ Byeolက Jiminအား ထမင္းေကြၽးရန္တာဝန္ရသြားသည္။

Byeol သည္ သစ္သားဇြန္းအားကိုင္ထားကာအေဝးသို႔သာေငးေနေသာ အက္ိုျဖစ္သူ၏ၾကင္ယာေတာ္ကိုၾကည့္၍သက္ျပင္းခ်မိသည္မွာအႀကိမ္ႀကိမ္ပင္။ Jungkook ခရီးႏွင္သြားသည့္ေန႔ကတည္းက မႈိင္က်ေနေသာမ်က္ႏွာသည္ပို၍ပင္မႈိင္က်သြားသည္ဟု သူမ၏စိတ္ထဲထင္ေနမိသည္။ ဦးေလးျဖစ္သူ သခင္ႀကီးJeonေၾကာင့္ အိမ္ထဲမွအိမ္ျပင္မထြက္ပဲေနခဲ့သည့္သူမသည္ တစ္ႏွစ္ေနလို႔မွတစ္ေခါက္သာေရာက္လာတတ္ေသာသူမ၏အကိုဝမ္းကြဲက စစ္ခ်ီ၍ျပန္လာၿပီးေနာက္တစ္ေန႔တြင္ ငိုယိုကာသူမထံသို႔ေရာက္လာၿပီးၾကင္ယာေတာ္ႏွင့္ပက္သတ္သည့္ ခံစားခ်က္မ်ားကိုထုတ္ေဖာ္ေျပာၾကားလာခဲ့သည္။ ႏွစ္ဦးလုံး၏ကိုယ္စီခံစားခ်က္ကိုနားလည္တာေၾကာင့္ေရွ႕ေရးကိုေမွ်ာ္ေတြးရင္းသာ ရင္ေလးရေတာ့သည္။

"ထမင္းေလးနည္းနည္းစားလိုက္ပါလား ၾကင္ယာေတာ္......"

"................"

"ၾကင္ယာေတာ္အခုလိုျဖစ္ေနတာကို အကိုကစိတ္မေကာင္းျဖစ္ေနတာ"

စကားအဆုံး ခပ္ေရးေရးေလးၿပဳံးသြားသည့္Jiminေၾကာင့္ Byeolက အနားသို႔တိုးကပ္သြားၿပီး

"အကိုကၾကင္ယာေတာ္ကိုခ်စ္ပါတယ္......ဒါပင္မယ့္သူခ်စ္ပုံခ်စ္နည္းကမွားေနတယ္ေလ........တခ်ိန္ၾကရင္သူနားလည္သြားမွာပါ ၾကင္ယာေတာ့္အတြက္လည္းစိတ္မေကာင္းျဖစ္မိပါတယ္......"

Jiminသည္ ထိုင္ေနရာမွထ၍ အိပ္ယာဘက္သို႔ေလွ်ာက္သြားကာအိပ္ယာေပၚတြင္ လွဲခ်လိုက္သည္။ Byeolက အိပ္ယာအနားသို႔ေလွ်ာက္လာၿပီး Jiminအား ေစာင္ၿခဳံေပးရင္း

"က်ဳပ္ စားပြဲကိုျပန္သြားသိမ္းလိုက္ဦးမယ္ေနာ္..... "

"............."

Byeolသည္ တုံ႔ျပန္မႈမရွ္ိေသာ Jiminကိုေသခ်ာၾကည့္၍ လက္ထဲတြင္ဆုပ္ကိုင္ထားေသာ ဆံထိုးကိုၾကည့္ကာ

"ဆံထိုးကိုေဘးနားခ်ထားလိုက္ပါလား......ထိခိုက္မိမွာစိုးလို႔"

ထိုအခါ ဆံထိုးကိုဆုပ္ကိုင္ထားေသာလက္အား ရင္ဘက္ေပၚတင္၍မ်က္လုံးမ်ားကိုမွိတ္လိုက္သည္။ Byeolက Jimin အားအတန္ၾကာေအာင္စိုက္ၾကည့္ၿပီးေနာက္ သက္ျပင္းခ်ကာထမင္းစားပြဲဝိုင္းငယ္ကို မ သယ္ကာ Jiminကိုၾကည့္၍

"ဒီေန႔ အကိုျပန္ေရာက္လိမ့္မယ္ေနာ္"

ဟု ေျပာၿပီး အိမ္အတြင္းမွထြက္သြားသည္။
Byeol ထြက္သြားသည့္အခါမွ Jiminသည္ ေဘးဘက္သို႔လွည့္အိပ္လိုက္၍ လက္ထဲတြင္ကိုင္ထားေသာဆံထိုးကိုၾကည့္ကာ ႏႈတ္မွခပ္တိုးတိုးေရ႐ြတ္လိုက္သည္။

"Jungkook~~~~"

====================

အိမ္အေပၚထပ္မွ စားပြဲဝိုင္းကိုသယ္ကာဆင္းလာေသာ Byeol သည္ ေလွကားအဆုံးတြင္ရပ္ေစာင့္ေနေသာ Han Mo ကို​ေတြ႕၍ ေမးလိုက္သည္။

"အကို Han Mo..... ဘာကိစၥရွိလို႔လဲ"

"မမေလးByeolကို ရွင္ေနာ္ကအေခၚလႊတ္လိုက္လို႔ပါ"

Han Mo ၏ စကားေၾကာင့္ Byeolက မ်က္ေမွာင္က်ဳံ႕သြားၿပီး

"က်ဳပ္ကိုရွင္ေနာ္က.....ဘာေၾကာင့္တဲ့လဲ"

Han Mo သည္ အိမ္အေပၚထပ္ကိုတစ္ခ်က္လွမ္းၾကည့္ၿပီးေနာက္

"အဲ့ဒါေတာ့က်ဳပ္လည္းမသိပါဘူး.......႐ြာသားတစ္ေယာက္နဲ႔လမ္းႀကဳံေျပာခိုင္းလိုက္တာပါ"

"ဟင္......ေကာင္းၿပီေလ ဒါဆိုလည္းက်ဳပ္သြားလိုက္မယ္......."

Byeolသည္ Han Mo အေရွ႕မွထြက္လာခဲ့ၿပီးစားဖိုေဆာင္တြင္ ထမင္းဝိုင္းျပန္သိမ္းရန္အတြက္စားဖိုေဆာင္ဘက္သို႔ေလွ်ာက္သြားသည္။ Byeolခပ္ေဝးေဝးသို႔ေရာက္သည့္အခါ Han Mo ကၿပဳံးလိုက္ၿပီးလူအရိပ္အေျခတစ္ခ်က္ၾကည့္ကာ ၾကင္ယာေတာ္ရွိရာအိမ္အေပၚထပ္သို႔ ေျခသံခပ္ဖြဖြျဖင့္တက္လာခဲ့သည္။ အိမ္အေပၚထပ္သို႔ေရာက္သည့္အခါ ပိတ္ထားေသာတံခါးကိုအသာဖြင့္၍ အိမ္ထဲသို႔ဝင္လာၿပီး အသက္ရႈသံညႇင္းညႇင္းျဖင့္ အိပ္ေမာက်ေနသူJimin အနားသို႔ ​ေျခလွမ္းေဖာ့ကာေလွ်ာက္လာခဲ့သည္။

'က်ဳပ္တို႔ ျမင္းစီးရေအာင္Jimin...'

အဆုံးမရွ္ိမစမရွိေျပာလာသူ၏ရိသဲ့သဲ့စကားေၾကာင့္ ရွက္ေသြးျဖာတက္မိသည္။

'အသင့္မ်က္ႏွာပန္းသီးလိုနီျပန္ၿပီ'

'ဘယ္လိုျဖစ္ေနတာလဲ!'

မ်က္ႏွာအနားသို႔တိုးကပ္ကာ ၿပဳံးစိစိျဖင့္ေျပာေနသူ၏ရင္ဘက္ကိုလက္ျဖင့္တြန္းရင္း ဟန္႔လိုက္ေတာ့ သေဘာက်စြာတဟားဟားေအာ္ရီသည့္သူ......။

'ခ်စ္ဖို႔ေကာင္းလိုက္တာ......က်ဳပ္အသင့္ကိုမတရားေတြခ်စ္ေနၿပီJimin.......က်ဳပ္ကိုေရာ'

ၾကည္လင္စြာၿပဳံးရယ္ကာ ေမးလာသူ၏မ်က္ႏွာကိုလက္ႏွစ္ဖက္ျဖင့္ခဖြဖြအုပ္ကိုင္လိုက္၍ မ်က္ႏွာခ်င္းထိလုမတတ္တိုးသြားကာ ေျပာလ္ိုက္သည္။

'အ႐ူးေလး!'

ထို႔ေနာက္ ႏွစ္ေယာက္သားၿပိဳင္တူရယ္ေမာမိၾကသည္။ တစ္ေယာက္လက္ကိုတစ္ေယာက္ဆုပ္ကိုင္ထားၾကၿပီး မည္သည့္အပူအပင္မွမရွိသလိုရယ္ေမာေနၾကသည္။ ထိုသို႔ရယ္ေမာေနရင္းမွ ၾကားလိုက္ရသည့္ထိတ္လန္႔စရာေအာ္ေျပာသံေၾကာင့္ ၿပဳံးေနရာမွရပ္တန္႔မိသြားသည္။

'အေမတို႔ကိုသတ္တယ့္သူနဲ႔ သားကေပ်ာ္႐ႊင္ေနတယ္ေပါ့ေလ!!!! '

အေမ......။

'သားဘယ္လိုစိတ္နဲ႔မ်ားသူ႔လိုလူနဲ႔ေပ်ာ္ေနန္ိုင္ရတာလဲ!!!!!! မေမ့နဲ႔Jimin သူကသားရဲ႕ဦးရီးေတာ္ကိုသတ္ပစ္ခဲ့တယ့္သူပဲ!!! '

ဘက္ေပါင္းစုံမွ မိခင္ျဖစ္သူ၏နာက်ည္းသည့္စကားေျပာသံကိုၾကားေနရၿပီးခ်က္ခ်င္းပင္ အေမွာင္ထုထဲသို႔ေရာက္သြားသည္။ ဘာမွမျမင္ရေအာင္ ေမွာင္ပိန္းေနေသာအေမွာင္ထုထဲတြင္သူတစ္ေယာက္တည္းသာ ရွိေနသည္။

'အေမ......Jungkook.....အသင္ဘယ္မွာလဲ......Jungkook......'

မျမင္ရေသာအေရွ႕ဘက္ကိုသာစမ္းတဝါးဝါးျဖင့္ သြားေနရင္း မ်က္စိအေရွ႕သို႔ေရာက္လာသည့္ ေသြးနီနီရဲရဲတို႔ျဖင့္ ေပက်ံေနေသာသူ၏ဦးရီးေတာ္ေၾကာင့္ အလန္႔တၾကား အေနာက္သို႔ေယာင္ယမ္းကာဆုတ္မိသြားသည္။

'ဦးရီးေတာ္.......'

'သတ္ပစ္လိုက္Jimin........သူတို႔ကိုသတ္ပစ္လိုက္!!!! သတ္ပစ္လိုက္!!!!သတ္လိုက္Jimin!!!!!'

ပါးစပ္ႏွင့္္မ်က္လုံးတို႔မွ ေသြးမ်ားစီးက်လာေသာသူ၏ဦးရီးေတာ္သည္ က်ယ္ေလာင္စြာေအာ္ဟစ္ကာေျပာေနေသာေၾကာင့္ သူ၏နားကိုပင္ပိတ္ထားရသည္အထိပင္။ လက္ႏွစ္ဖက္ျဖင့္နားကိုအုပ္ထား၍ မ်က္လုံးတို႔ကိုပိတ္ထားကာ ေခါင္းကိုဆက္တိုက္ခါေနမိသည္။

'သတ္လိုက္Jimin!!!!!သတ္လိုက္!!! သတ္လိုက္!!!!'

'ဟင့္အင္း~~~~'

'သတ္လိုက္!!!!!!!!'

နား အနားတြင္ နီးကပ္စြာေအာ္ေျပာလိုက္သည့္အသံေၾကာင့္ မွိတ္ထားေသာမ်က္လုံးတို႔ကိုအလန္႔တၾကားဖြင့္ၾကည့္လိုက္သည့္အခါ သူ၏အိပ္မက္ဆိုးကမာၻထဲမွ အျပင္သို႔ျပန္ေရာက္လာၿပီျဖစ္သည္။

"Han Mo!!"

အိပ္ယာေဘးတြင္ အေပၚပိုင္းအဝတ္ဗလာျဖစ္ေနကာေအာက္ပိုင္းကိုပါ ဝတ္႐ုံခြၽတ္ရန္ျပင္ေနေသာ Han Mo ေၾကာင့္ အိပ္ယာထဲမွအလ်င္စလိုထထိုင္လိုက္သည့္အခါ အားအင္မရွိေသာခႏၶာကိုယ္က မိုက္ကနဲခံစားလိုက္ရသည္။

"အားနည္းေနတာပဲ ၾကင္ယာေတာ္.......ဒါဆိုခံႏိုင္ရည္ရွိပါ့မလား......."

Jiminသည္ လက္ထဲတြင္ကိုင္ထားေသာ ဆံထိုးကိုက်စ္ေနေအာင္ကိုင္ထားၿပီး သူ႔အားတဏွာစိတ္ဖုံးလႊမ္းေနေသာ အၾကည့္ျဖင့္ၾကည့္ေနေသာHan Mo ကို စိုက္ၾကည့္ကာေမးလိုက္သည္။

"အသင္ဒီကိုဘာကိစၥလဲ!....အခုထြက္သြားပါ Jungkook ျပန္ေရာက္လာလို႔ဒီကိစၥကိုသိရင္ အသင့္ကိုဒီတိုင္းလႊတ္ထားမယ္ထင္ေနလား!!"

"ဟက္! ဒါေပါ့ ဘယ္လႊတ္ထားမလဲ........Ae Suu ကိုေတာင္သဝန္တိုၿပီးသတ္လိုက္တာပဲ......သူေတာင္မထိရေသးတဲ့ၾကင္ယာေတာ္ကို က်ဳပ္သိမ္းပိုက္ လိုက္တာကိုသိရင္ဘယ္လိုေတာင္ျဖစ္သြားမလဲတကယ္သိခ်င္မိတယ္"

Jimin သည္ Ae Suu ၏ အေၾကာင္းကိုျပန္၍ ေတြးမိသြားသျဖင့္ အေတြးပ်ံ႕သြားသည္။ Han Moကအခြင့္ေကာင္းယူ၍အေတြးပ်ံ႕ကာငိုင္ေနေသာJiminအား အိပ္ယာခင္းေပၚသို႔လွဲခ်လိုက္ၿပီး Jimin၏ ပါးစပ္သို႔လက္တစ္ဖက္ျဖင့္အုပ္ကာ က်န္လက္တစ္ဖက္ကဝတ္႐ုံတို႔ကိုျဖည္ခ်ရန္ႀကိဳးစားေနသည္။

Jiminက ႐ုန္းကန္ႏိုင္သေလာက္႐ုန္းကန္ေနသည္။ Han Mo သည္ ရမၼက္စိတ္ႀကိီးစိုးေနၿပီး Jiminအား လုံးဝအလြတ္မေပးမည့္ပုံပင္။

Jiminသည္ သူ၏လက္ထဲတြင္ကိုင္ထားေသာ ဆံထိုးကိုက်စ္ေနေအာင္ဆုတ္ကိုင္လိုက္ၿပီး သူ႔အေပၚမွအုပ္မိုးထားေသာ Han Mo ၏ လည္ပင္းေဘးထိုးသြင္းလိုက္သည္။

"အားးး!!!!!!"

လည္ပင္းမွာနာက်င္မႈေၾကာင့္ အုပ္မိုးထားရာမွ အေနာက္သို႔လန္က်သြားသည့္Han Mo ေၾကာင့္Jiminသည္လည္း အျမန္ထကာ ထိုဆံထိုးျဖင့္ သူထိုးသြင္းထားသည့္ေနရာသို႔ ဆက္တိုက္ထိုးသြင္းလိုက္သည့္အခါ အိပ္ယာခင္းႏွင့္Jimin၏ ဝတ္႐ုံတို႔တြင္ ေသြးနီနီတို႔ဟာ ျဖာစင္ေနၿပီး ၾကမ္းခင္းေပၚတြင္လည္းHan Mo ၏ လည္ပင္းေသြးေၾကာမွလွ်ံထြက္လာေသာ ေသြးတို႔ေၾကာင့္ရဲရဲေတာက္သြားၿပီး အိမ္ခန္းေလးအတြင္းေသြးညႇီနံ႔တို႔ဖုံးလႊမ္းသြားသည္။

Jiminသည္ ေသြးေရာင္ဖုံးလႊမ္းေနေသာ သူ၏လက္ႏွစ္ဖက္ႏွင့္ေက်ာက္စိမ္းေရာင္ဆံထိုးကိုၾကည့္ကာ တကိုယ္လုံးတုန္ရီလာသည္။

"ေတာ္တယ္ သားေလး......အခု အကုန္လုံးကိုသတ္လိုက္ေတာ့....."

Han Mo ၏ အေလာင္းေဘးတြင္ထိုင္ကာ သူ႔အားၿပဳံး၍ေျပာေနေသာ Park သခင္မ။

"အေမ~~~"

Park သခင္မသည္ Jimin၏အနားသို႔ေလွ်ာက္လာ၍ မ်က္ရည္တြင္တြင္စီးက်ေနေသာ Jimin၏ပါးျပင္တို႔ကိုအုပ္ကိုင္ကာ

"သူတို႔ကိုအကုန္သတ္ၿပီး အေမတို႔နဲ႔လာေနလိုက္ေတာ့ေနာ္.....သားေလး"

"ဟင့္အင္း.........သားမသတ္ခ်င္ဘူး"

Jimin ၏ စကားေၾကာင့္ Park သခင္မသည္ ၿပဳံးေနရာမွ တည္တံ့သြားၿပီး မ်က္ဝန္းတို႔မွေသြးမ်ားစီးက်လာကာ

"သတ္ပစ္!!!!အခုသတ္ပစ္!!!အခုသတ္!!!!"

Jiminသည္ ေခါင္းကိုဆက္တိုက္ခါရမ္းကာ ယိုင္နဲ႔ေနေသာ ေျခလွမ္းတို႔ျဖင့္ ေသြးအိုင္ထဲလဲက်ေနသည့္Han Mo ၏အေလာင္းကိုေက်ာ္ခြကာ အိမ္အေပၚမွေျပးဆင္းသြားသည္။ နားထဲဆက္တိုက္ၾကားေနရေသာသူ၏အေမ၊အေဖ၊ဦးရီးေတာ္တို႔၏ သတ္လိုက္ ဟူသည့္ စကားသံတို႔ကပတ္ပတ္လည္မွၾကားေနရၿပီး မ်က္ရည္တို႔ျဖင့္ျပည့္လွ်ံေနသည့္မ်က္ဝန္းတို႔က ျမင္ကြင္းေတြကိုေဝဝါးလာေစသည္။

ဥိီးတည္ခ်က္ေရေရရာရာမသိပဲ ေျပးထြက္လာသျဖင့္ ဘယ္ကိုေရာက္လို႔ေရာက္ေနမွန္းမသိေတာ့ေပ။

ျမက္ခင္းေပၚ ​ေျခပစ္လက္ပစ္ထိုင္ခ်လိုက္ၿပီးေနာက္ မြန္းၾကပ္ေနသည့္စိတ္တို႔ကိုဖြင့္ထုတ္သည့္အေနျဖင့္ စိတ္ထဲရွိသည့္အတိုင္းေအာ္ဟစ္ကာငိုေႂကြးမိေတာ့သည္။ ရႈပ္ပြေနေသာဆံႏြယ္ရွည္ အနီေရာင္ေသြးစတို႔ျဖင့္ေပက်ံေနေသာ ေငြမွ်င္ေရာင္ ဝတ္႐ုံ ေဆာက္တည္ရာမရေတာ့ေသာ စိတ္ဝိဥာဥ္......... အရာအားလုံးကိုအဆုံးသတ္လိုက္ခ်င္ၿပီ။ လက္ထဲက်စ္ေနေအာင္ကိုင္ထားေသာ ေသြးညႇီနံ႔ဖုံးလႊမ္းေနသည့္ ေက်ာက္စိမ္းေရာင္ဆံထိုးကိုခံစားခ်က္မဲ့စြာ လည္ပင္းထက္ဝယ္ေနရာယူေစလိုက္သည္။

ေရစီးသံတသိမ့္သိမ့္က သူအႏွစ္သက္ဆုံးစမ္းေခ်ာင္းနံေဘးသို႔ေရာက္ေနမွန္းသတိထားမိသြားသည္။ အေဝးတြင္ျမင္ေနရေသာ ေတာင္တန္းတို႔ၾကားပုန္းကြယ္ေတာ့မည့္ ေနလုံးကိုၾကည့္၍Jimin ယဲ့ယဲ့ေလးၿပဳံးလ္ိုက္မိသည္။

ထို႔ေနာက္မ်က္ဝန္းတို႔ကိုမွိတ္၍ အသက္ကိုခပ္ျပင္းျပင္းရႈသြင္းလိုက္သည္။ ညေနအိပ္တန္းတက္ေတာ့မည့္ေက်းငွက္တို႔၏အသံ၊စမ္းေခ်ာင္းထဲမွေရတြင္တြင္စီးသံ၊ စမ္းေခ်ာင္းျဖစ္တည္ရာ သစ္ပင္ႀကီးမွသစ္႐ြက္တို႔၏အခ်င္းခ်င္းပြတ္တိုက္သံ ၊ ခပ္ေဝးေဝးမွေန၍ တေျဖးေျဖးနီးကပ္လာေသာျမင္းခြာသံတစ္ခု..........အလ်င္စလိုေမာင္းႏွင္ေနတယ့္ျမင္းခြာသံႏွင့္အတူ ျမည္ဟီးလိုက္သည့္ျမင္း၏အသံေၾကာင့္ Jiminသည္ မ်က္လုံးမွိတ္ထားလ်က္မွ ၿပဳံးမိလ္ိုက္သည္။

"Jimin!!!!!"

ဟိန္းထြက္လာသည့္ေအာ္သံႏွင့္အတူ သူ၏တကိုယ္လုံးကေႏြးေထြးသြားၿပီး လက္ထဲမွဆံထိုးေလးကလည္းအားျပင္းတယ့္ ႐ိုက္ပုတ္မႈေၾကာင့္အေရွ႕မွစမ္းေခ်ာင္းေလးထဲသို႔ ေရစီးရာလမ္းေၾကာင္းအတိုင္းစီးဆင္းထြက္ခြာသြားေတာ့သည္။

"မလုပ္ပါနဲ႔ ေတာင္းပန္ပါတယ္~~~~~မလုပ္ပါနဲ႔.........က်ဳပ္ေတာင္းပန္ပါတယ္......"

"က်ဳပ္ကိုပဲကလဲ့စားေခ်ပါ.......က်ဳပ္ကိုသတ္ခ်င္သတ္ပါ........"

"............"

"က်ဳပ္မွားပါတယ္ မွားတာမို႔ခြင့္လႊတ္ေပးပါJiminရယ္~~~~ထြက္သြားမယ္ေလ က်ဳပ္တို႔ထြက္သြားၾကမယ္ေလ ဘယ္သူမွမရွိတယ့္ေနရာကိုထြက္သြားၾကမယ္ ေနာ္......Jiminေနာ္ က်ဳပ္ခ်စ္တယ္ Jimin.......ခြင့္လႊတ္ေပးပါ~~~"

Jungkookသည္ ညေနေနမဝင္မီျပဳလုပ္ရမည့္ပူေဇာ္ပြဲေၾကာင့္ ခရီးတစ္ေထာက္ေတာင္မနားပဲအေနာက္ေဒသသို႔အေျပးခရီးႏွင္ခဲ့ၿပီး ေဒသအတြင္းသို႔ဝင္လာသည္အထိ အရာအားလုံးပုံမွန္ျဖစ္ေနၿပီး ေစ်းသို႔ျဖတ္လာသည့္အခ်ိန္တြင္ေတာ့ ပုံမွန္မဟုတ္သည့္စကားတို႔ကိုၾကားရေတာ့သည္။

"ၾကင္ယာေတာ္ကိုစမ္းေခ်ာင္းနားမွာေတြ႕လိုက္တယ္ ေသြးေတြဗရပြနဲ႔......"

"ဟုတ္လား မ်ိဳးႏြယ္စုေတြကလည္းလိုက္ရွာေနၾကတယ္......ဘာေတြျဖစ္ၾကတာလဲမသိဘူး"

Jungkookသည္ ႐ြာသူ႐ြာသားမ်ားအခ်င္းခ်င္းေျပာေနသည့္စကားမ်ားေၾကာင့္ စမ္းေခ်ာင္းရွိရာက္သို႔တဟုန္ထိုး ထြက္လာခဲ့သည္။

လူေမာစိတ္ေမာျဖင့္စမ္းေခ်ာင္းသို႔ေရာက္လာသည့္အခါ ေသေၾကာင္းႀကံရန္ျပင္ေနေသာသူ၏ၾကင္ယာေၾကာင့္ ျမင္းေပၚမွအလ်င္စလိုခုန္ဆင္းလိုက္သျဖင့္ ေျခက်င္းဝတ္လိမ္ကာ​ေျခေခါက္သြားေသာ္လည္း ဂ႐ုမျပဳပဲ Jiminရွိရာသို႔အေျပးေရာက္လာၿပီး လက္ထဲမွ ဆံထိုးကိုပုတ္ထုတ္ကာ ဖ႐ိုဖရဲျဖစ္ေနေသာခႏၶာကိုယ္ေလးအားေထြးေပြ႕လိုက္ေတာ့သည္။

ေနမင္းသည္တေျဖးေျဖးေတာင္တန္းမ်ားၾကားသို႔ပုန္းကြယ္သြားၿပီး သူ၏ရင္ခြင္ထဲမွခႏၶာကိုယ္ေလးသည္လည္းေႏြးရာမွ တေျဖးေျဖးေအးစက္လာသည္။ လက္တစ္ဖက္ကခါးကိုဖက္၍က်န္လက္တစ္ဖက္ကလည္ပင္းသို႔ဖိအုပ္ထားၿပီးထိုေနရာမွစီးၾကသည့္ေသြးပ်စ္ပ်စ္တို႔ကလည္း ေျခာက္ေသြ႕သြားေလၿပီ။ လႈပ္ရွားမႈမရွိေတာ့ေသာ ခႏၶာကိုယ္အားအေနာက္မွသိုင္းကာေပြ႕ဖက္ထားရင္ ပခုံးေပၚသို႔ေမးတင္ထားေသာJungkookသည္ ေနဝင္၍ေမွာင္ရိပ္သန္းသည္အထိထိုအတိုင္းသာ ေနေနသည္။

"အကို......ၾကင္ယာေတာ္ကိုေျမျမႇဳပ္ရမယ္ေလ~~~"

ငိုသံစြက္ေနေသာ Byeol၏အသံေၾကာင့္ Jungkookက ေမာ့ၾကည့္လာၿပီး Jimin၏ ခႏၶာကိုယ္ကိုပို၍တိုးဖက္လိုက္ကာ

"ခနအိပ္ေပ်ာ္သြားတာ......က်ဳပ္ၾကင္ယာကမေသဘူး သူကဒီေနရာေလးကိုသေဘာက်လို႔ဒီမွာခနအိပ္ေမာက်ေနတာ......က်ဳပ္အခုအိမ္ျပန္ေခၚသြားမွာ မေသဘူးJiminက"

Jungkook ၏ ပုံမွန္ေလသံျဖင့္ေျပာေနေသာစကားေၾကာင့္ Byeolသည္ မ်က္ရည္ပိုးပိုးေပါက္ေပါက္က်လာၿပီးစိတ္မေကာင္းျဖစ္ရသလို လာ၍ရပ္ၾကည့္ေနၾကေသာ႐ြာသူ႐ြာသားတို႔သည္လည္းငိုသူကငို......စိတ္မေကာင္းျဖစ္၍လွည့္ထြက္သြားသူကသြား ျဖစ္ကုန္ၾကသည္။

"Byeol.....ရွင္ေနာ္ကိုသြားေခၚေပး.....ဝိဥာဥ္ခ်ဳပ္ပြဲလုပ္မွာမို႔ လိုအပ္တာေတြျပင္ဆင္ခဲ့လို႔ေျပာလိုက္"

"အကို!!!! သတိထားပါဦး!!!! ၾကင္ယာေတာ္ကိုလြတ္လပ္ခြင့္ေပးလိုက္ပါေတာ့!!!!"

Byeolသည္ Jungkook၏ စကားေၾကာင့္ ရႈံးပြဲခ်ကာငိုရင္းေအာ္ေျပာလိုက္သည္။ ထိုအခါမ်ိဳးႏြယ္စုထဲမွ ေယာက်ာ္းသားသုံးဦးက Jimin၏ ခႏၶာကိုယ္အား သယ္ရန္ျပင္ၾကသည္။ Jungkookက ထိုလူေတြကိုတြန္းထုတ္၍

"မထိနဲ႔!!!!! အိပ္ေပ်ာ္ေနတာလို႔ေျပာေနတယ္မလား!!!! အိပ္ေပ်ာ္ေနတာပါဆိုေန!!!"

"ေဟ့ ႐ြာသားေတြသခင္ေလးကိုလာခ်ဳပ္ထားၾကစမ္း!"

႐ြာသားသုံး ေလးေယာက္ကေျပးလာ၍ ႐ုန္းကန္ေနေသာJungkookအား ဝိုင္း၍ခ်ဳပ္ထားၾကၿပီး မ်ိဳးႏြယ္စုသုံးေယာက္ကၾကင္ယာေတာ္၏ခႏၶာကိုယ္အား သယ္ယူသြားၾကသည္။

"မေခၚသြားပါနဲ႔!!!!! Jimin!!!! က်ဳပ္Jiminကအိပ္ေပ်ာ္ေနတာပါ!!!!! က်ဳပ္မွားပါတယ္Jiminရယ္......."

ရင္ေခါင္းထဲမွလႈိက္ကာ ရႈိက္ငိုေနေသာသခင္ေလး၏ ျမင္ကြင္းကျမင္ရသူတို႔အဖို႔ မ်က္ရည္ေပါက္ႀကီးငယ္က်ေစသည္။ Jungkookသည္ ႐ြာသားတို႔လက္ထဲမွအတင္း႐ုန္းထြက္သည္။ ႐ြာသားတို႔သည္လည္းစိတ္မေကာင္းျခင္းမ်ားစြာျဖင့္ သူတို႔၏သခင္ေလးအားၾကည့္ေနၾကသည္။

Jungkookသည္ သူ၏ၾကင္ယာေတာ့္ခႏၶာကိုယ္ကိုၾကည့္ရင္း ရင္ဘက္ကိုထုကာထုကာရႈိက္ႀကီးတငင္ငိုေႂကြးေနသည္။ ၾကင္ယာေတာ္၏ခႏၶာကိုယ္ကိုသယ္ယူသြားသူတို႔၏အေနာက္သို႔ ေျပးလိုက္ရန္ ခ်ဳပ္ထားသူတို႔၏လက္ထဲမွ ႐ုန္းကန္ကာမတ္တပ္ရပ္လိုက္စဥ္သူ၏ႏွလုံးေနရာမွေျပာမျပတတ္ေအာင္ စူးေအာင့္သည့္နာက်င္မႈေၾကာင့္ ေျမျပင္ေပၚသို႔ျပန္၍ဒူးေထာက္ကာျပန္ျပဳတ္က်ၿပီး ပါးစပ္ထဲမွေသြးတို႔အန္ထြက္လာသည္။

ေသြးမ်ားဆက္တိုက္အန္ထြက္ေနေသာ သခင္ေလးေၾကာင့္ ႐ြာသားအခ်ိဳ႕ကသမားေတာ္ကိုေျပးေခၚၾကၿပီးက်န္သူမ်ားကလည္းေယာက္ယက္ခတ္ေနသည္။ Byeolသည္လည္း သူ၏အကို ကို ထိန္းကိုင္ေပးထားရင္းျဖင့္

"အကို.....သတိထားပါဦး.....ခနေလးပဲေနာ္....သမားေတာ္သြားေခၚေနၾကတယ္ ခနေလးေတာင့္ခံထားေပးပါ......."

"Jimin~~~"

""""""သခင္ေလး!!!!!!""""""

Byeolထိန္းကိုင္ထားသည့္ၾကားကမွ ေျမျပင္ေပၚသို႔ဘုန္းကနဲလဲက်သြားသည့္ သခင္ေလးေၾကာင့္႐ြာသားတို႔ကစိုးရိမ္တႀကီးေအာ္ေခၚလိုက္သည္။ သခင္ေလးသည္စမ္းေခ်ာင္းျဖစ္တည္ရာသစ္ပင္ေအာက္သို႔ၾကည့္ကာ ေသြးအန္ေနသည့္ၾကားမွ ၿပဳံးလိုက္ၿပီး မ်က္ရည္တို႔တဖန္စီးက်လာျပန္သည္။ မၾကာလိုက္ပါ ေသြးအန္ျခင္းလည္းရပ္တန္႔သြားၿပီး သခင္ေလး၏လႈပ္ရွားမႈတို႔သည္လည္းရပ္တန္႔သြားေတာ့သည္။ ပတ္ဝန္းက်င္တစ္ခြင္လုံးတိတ္ဆိတ္သြားၿပီး ႐ြာသားမ်ားသည္တုတ္တုတ္မွ်မလႈပ္ေတာ့ေသာ သခင္ေလးကိုၾကည့္ကာၿငိမ္သက္ေနၾကသည္။

"မမေလး သမားေတာ္ေရာက္လာၿပီ!!!!!"

အသက္အ႐ြယ္အားျဖင့္အိုစာေနၿပီျဖစ္ေသာသမားေတာ္ႀကီးသည္ သခင္ေလး၏ေဘးတြင္ထိုင္ခ်လိုက္ၿပီး လက္ေကာက္ဝတ္မွေသြးေၾကာကိုစမ္းသည္။ ထို႔ေနာက္သူ၏ေဆးေသတၱာဘူးထဲမွ အဝတ္ျဖဴျဖင့္ပတ္ထားေသာ ဓားခြၽန္တစ္ခုကိုထုတ္၍ သခင္ေလး၏ဝတ္႐ုံကိုျဖည္လိုက္သည္။ ထို႔ေနာက္ထိုဓားခြၽန္ျဖင့္ သခင္ေလး၏ဘယ္ဘက္ရင္အုံသို႔ ခြဲလိုက္ၿပီးဓားျဖင့္အသားကိုကလန္႔ကာေသခ်ာငုံ႔ၾကည့္လိုက္သည္။

စိတ္မေကာင္းဟန္ျဖင့္သက္ျပင္းခ်ကာ ရင္ဘက္ဝတ္႐ုံကိုျပန္၍ဖုံးအုပ္ေပးေနေသာသမားေတာ္ႀကီးက သူ၏မ်က္ႏွာကိုလက္ျဖင့္တစ္ခ်က္ပြတ္လိုက္ကာ မ်က္လုံးပြင့္ေနေသာသခင္ေလးကိုမ်က္လုံးမွိတ္ေပးရင္းေျပာလိုက္သည္။

"ႏွလုံးကြဲသြားတာ......ရင္ကြဲနာက်တယ္ဆိုတာေပါ့......."

သမားေတာ္ႀကီး၏စကားအဆုံးတြင္႐ြာသူတစ္ခ်ိဳ႕ထံမွ ငိုသံတို႔ထြက္ေပၚလာၿပီး Byeolသည္လည္း အသံပင္မထြက္ႏိုင္ေတာ့သည္အထိ ရႈိက္ငိုမိေတာ့သည္။ စမ္းေခ်ာင္းေလးအနားတြင္ပူေဆြးေသာကေရာက္ေနၾကသူမ်ားကို ခပ္လွမ္းလွမ္းမွေန၍ လွမ္းၾကည့္ေနေသာ ေငြမွ်င္ေရာင္ဝတ္စုံျဖင့္ရပ္ၾကည့္ေနသူသည္ ခပ္ေရးေရးေလးၿပဳံးလိုက္ကာ အေနာက္သို႔လွည့္၍ နက္ေဆြးေနေသာဝတ္႐ုံကိုဝတ္ထားသည့္အမ်ိဳးသားအားေမးလိုက္သည္။

"အခု ထြက္သြားၾကေတာ့မလား........"

အနက္ေရာင္ဝတ္ထားသည့္အမ်ိဳးသားကႏွစ္ၿခိဳက္စြာၿပဳံးျပ၍ ေငြမွ်င္ေရာင္ဝတ္စုံျဖင့္အမ်ိဳးသား၏ ဆံႏြယ္ထဲသို႔ေက်ာက္စိမ္းေရာင္ဆံထိုးအားထိုးကာပန္ဆင္ေပးလိုက္ၿပီး

"သြားၾကမယ္.......ဘယ္သူမွမရွိပဲ က်ဳပ္တို႔ႏွစ္ေယာက္တည္း ကလဲ့စားေတြလက္တုံ႔ျပန္မႈေတြဂုဏ္ပုဒ္ေတြမရွိတယ့္ေနရာကို သြားၾကမယ္"

ေငြမွ်င္ေရာင္ဝတ္စုံျဖင့္အမ်ိဳးသားက မ်က္ဝန္းက်ဥ္းမ်ားမွိတ္က်သည္အထိၿပဳံးလိုက္ကာ

"ခ်စ္တယ္........"

ထို႔ေနာက္ တစ္ေယာက္လက္ကိုတစ္ေယာက္ဆုတ္ကိုင္၍ ငိုေႂကြးသံတို႔ေသာက အသံတို႔ႏွင့္ဆန္႔က်င္ဘက္အရပ္သို႔ တေ႐ြ႕ေ႐ြ႕ထြက္ခြာသြားၾကေတာ့သည္။

// ဒါဟာငါ့ကံၾကမၼာျဖစ္ေနတာကိုး....
Don't smile on me Light on me
မင္းရဲ႕ေဘးနားမွာရပ္တည္ႏိုင္စြမ္းမရွိေတာ့ပါ
ငါေခၚဆိုဖို႔ဒိီနာမည္ေလးေတာင္မရွိေတာ့ဘူး.......

You know that I can't
Show you me Give you me
စုတ္ျခာသိမ္ငယ္ေနတယ္ပုံစံကိုမင္းကိုမျပႏိုင္ဘူး
မ်က္ႏွာဖုံးဝတ္ဆင္ၿပီးမင္းကိုေတြ႕ဖို႔ထပ္လာခဲ့ပါ့မယ္........But I still want you.......//

The Truth Untold-Vocal line (BTS)

အတၱႀကီးလို႔မုန္းတယ္ ရန္ၿငိဳးေတြေၾကာင့္နာက်ည္းတယ္ ဒါပင္မယ့္Jungkookျဖစ္ေနလို႔ ခ်စ္ေနမိေသးတယ္...........။

The End....

===================================

နားမလည္တယ့္ေနရာေလးေတြရွိရင္ေမးလို႔ရပါတယ္ေနာ္ အစကေနအဆုံးအထိလိုက္ပါလာေပးတယ့္သူတစ္ေယာက္ခ်င္းစီကိုေက်းဇူးတင္ပါတယ္ review ေပးေပးတယ့္သူေလးေတြကိုလည္းေက်းဇူးတင္ပါတယ္ 💗

===================================

Continue Reading

You'll Also Like

147K 5.4K 26
AVYAANSH SINGH RATHORE :- King of Rajasthan, Cold, handsome, dashing, fearless, egoistic, rude, heartless, short- tempered, Maybe he is heartless but...
217K 1.1K 199
Mature content
54K 682 40
˚ · . "Welcome to FPE Oneshots!, feel free to make requests." ╰┈➤ ✎ 𝙍𝙚𝙦𝙪𝙚𝙨𝙩𝙨 𝙖𝙧𝙚 𝙘𝙡𝙤𝙨...